Pages

Sunday, June 28, 2015

မိုးကောင်း၍ တိုင်းနှင့်ပြည်နယ် ခြောက်ခု ရေဘေးကြုံနေပြီး ကရင်နှင့် ရခိုင်တွင် ကယ်ဆယ်ရေးစခန်းလေးခုဖွင့်ထား

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ရှိ ကျေးရွာတစ်ရွာ ရေလွှမ်းနေစဉ် (ဓာတ်ပုံ − Tun Tun Naing (ကျောက်ဖြူ))
RangonNewsDaily:: June . 27 .2015
မိုးကောင်းနေသော ကြောင့် တိုင်းဒေသကြီးနှင့် ပြည် နယ် ခြောက်ခုတွင် ရေဘေးအန္တ ရာယ်ရင်ဆိုင်နေရပြီး ကရင်နှင့် ရခိုင်ပြည်နယ်၌ ကယ်ဆယ်ရေး စခန်းလေးခု ဖွင့်လှစ်ထားကြောင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဦးစီးဌာနမှ သတင်း ရရှိသည်။

မြန်မာနိုင်ငံတွင်လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက် ဆိုးရွားနေဆဲဖြစ်ကြောင်း အမေရိကန်အစိုးရ အစီရင်ခံစာထုတ်ပြန်

အစီရင်ခံစာကို အဓိကပြုစုခဲ့သည့် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး တွမ်မာလီနောစကီး
RangonNewsDaily:: June . 27 .2015
မြန်မာနိုင်ငံတွင် ပဋိပ က္ခဖြစ်ပွားသည့် ဒေသများ၌ နိုင်ငံသားများအား အကာအကွယ်ပေးရန် ပျက်ကွက်ခြင်း၊ တရားဥပဒေစိုးမိုးမှု အားနည်းခြင်းတို့ကြောင့် အကျင့်ပျက်ခြစားမှုများ ဖြစ်ပေါ်နေပြီး သတင်းထောက်များကို ဖမ်းဆီးထောင်ချခြင်းနှင့် မီဒီယာ လွတ်လပ်ခွင့် ကန့်သတ်ခံရခြင်းများ အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ဆိုးရွားနေဆဲဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အစီရင်ခံစာ ထုတ်ပြန်လိုက်သည်။

ကျော်ဇင်လွင် နဲ့ကြမ်းတမ်းလွန်းသော နေ့ရက်တွေ


RangonNewsDaily:: June . 27 .2015
ကျွန်တော်အရင်ဆုံးပရိတ်သတ် ညီအကိုမောင်နှမတွေ အားလုံးကို တောင်းပန် ချင်ပါတယ် ကျွန်တော်စကားပြန်မပြောနိုင်တဲ့အခါ ဖုန်းဆက်လို့ မရတဲ့အခါ မာနကြီးတယ်လို့ ထင်ကြတယ် အမှန်ကျွန်တော့မှာ အဲ့လို စိတ်မျိုး ဒကယ် မရှိပါဘူး။

ရသေ့တောင် ကျောင်းတိုက်မှ ကျောင်းနေ သံဃာတော်များကို မဟနအဖွဲ့ ညွန်ကြားစာ ထုတ်၍နှင်


RangonNewsDaily:: June . 27 .2015
မြို့နယ် သံဃာ့နာယက အဖွဲ့မှ အသိအမှတ် ပြုထားသော ရသေ့တောင် ကျောင်းတိုက်မှ ကျောင်းနေ သံဃာတော်များကို ဇွန်လ(၂၈) ရက်နေ့ ဖယ်ရှားပေးရန် နိုင်ငံတော် သံဃာ့ မဟာနာယက အဖွဲ့ ညွန်ကြားစာ ထုတ်၍ နှင်ထုတ်ထားကြောင်း ရသေ့တောင် ကျောင်းတိုက် သံဃာတော် များထံမှ သိရသည်။

နိုင်ငံတော် သမ္မတ ဓာတ်ပုံအား ဆရာ၊ ဆရာမများ အိမ်သာတွင် ကျောင်းအုပ် ဆရာကြီးမှ ချိတ်ဆွဲမှုဖြစ်

RangonNewsDaily:: June . 27 .2015
ကနီးမြို့နယ်၊ ဇီးပင်တွင်း ကျေးရွာ အုပ်စု၊ ညောင်ပင်သာ ကျေးရွာ (အမက) ကျောင်းတွင် ယခုလ( ၂၂) ရက်နေက ကျောင်းအုပ် ဆရာကြီး ရုံးခန်း အတွင်း ချိတ်ဆွဲထားသည့် နိုင်ငံတော် သမ္မတကြီး ဓာတ်ပုံအား ကျောင်းတွင်းရှိ ဆရာ၊ ဆရာမများ အသုံးပြုနေသည့် ယင်လုံ အိမ်သာအတွင်း ချိတ်ဆွဲထားမှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း တိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေး ၀န်ကြီးဌာနထံမှ သိရသည်။

(၄၈) ရှစ်နာရီ အတွင်း ဘင်္ဂလား ပင်လယ် မြောက်ပိုင်းတွင် လေဖိအားနည်း ရပ်ဝန်း ဖြစ်ပေါ်ကာ ကမ်းရိုတန်း ဒေသများတွင် ရေကြီးမည်

RangonNewsDaily:: June . 27 .2015
ဇွန်လ (၂၆) ရက်နေ့ ညနေမှ လေးဆယ့် ရှစ်နာရီ အတွင်း ဘင်္ဂလား ပင်လယ် မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း တစ်ခု ဖြစ်ပေါ်လာမည် ဖြစ်ပြီး မြန်မာ့ ကမ်းရိုးတန်း တစ်လျှောက် ရေကြီးမည် ဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

အမေရိကန်မှာ တရားဝင် လိင်တူခြင်း လက်ထပ်ခွင့်ပြုကြောင်း အမေရိကန် တရားလွှတ်တော်ချုပ်က ဆုံးဖြတ်


RangonNewsDaily:: June . 27 .2015
အမေရိကန်နိုင်ငံ တ၀ှမ်း လိင်တူခြင်း လက်ထပ်ခွင့်ပြုကြောင်း အမေရိကန် တရားလွှတ်တော်ချုပ်က ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။ လက်ထပ်ခွင့်ဟာ လူသားတွေရဲ့ အခြေခံရပိုင်ခွင့်ဖြစ်တဲ့အတွက် လိင်တူ စုံတွဲတွေကိုလည်း ဒီအခွင့်အရေးမပိတ်ပင်သင့်ဘူးလို့ တရားလွှတ်တော်က ဆုံးဖြတ်တာဖြစ်ပါတယ်။

မန္တလေးမြို့ ရတနာပုံတက္ကသိုလ်အနီးတွင် ခိုက်ရန်ဖြစ်ပွားနေသည့်လူငယ်များကို သွားရောက်ဖမ်းဆီးသည့် အုပ်ချုပ်ရေးမှူးနှင့် ရဲတစ်ဦးရိုက်နှက်ခံရ

RangonNewsDaily:: June . 27 .2015
မန္တလေးမြို့ ရတနာပုံ တက္ကသိုလ်အနီးတွင် လူငယ်တစ် စုခိုက်ရန်ဖြစ်ပွားနေသဖြင့် သွား ရောက်ဖမ်းဆီးသည့် ကျေးရွာအုပ် ချုပ်ရေးမှူး၊ ရာအိမ်မှူးနှင့် ရဲတစ် ဦးတို့ရိုက်နှက်ခံခဲ့ရကြောင်း သ တင်းရရှိသည်။

လိုင်ဇာဘော်ဒါကျောင်းအနီး လက်နက်ကြီးကျရောက်မှု ကုလသမဂ္ဂသို့ အကြောင်းကြားစာပို့

RangonNewsDaily:: June . 27 .2015
ကေအိုင်အိုထိန်းချုပ် နယ်မြေ လိုင်ဇာမြို့အနီးရှိ ကျောင်းသား ကိုးရာခန့်တက်ရောက်နေ သည့် အလဲန်ဘွမ်ဘော်ဒါကျောင်း အနီးသို့ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲခဲ့မှုနှင့် ပတ်သက်၍ ကုလသမဂ္ဂသို့ အကြောင်းကြား စာပေးပို့ထားကြောင်း သတင်းရရှိ သည်။

ဗီဇပြောင်းလဲမှု အဆင့် ၁၄ ရှိ ဆေးမတိုးသည့် HIV ပိုးသစ်ကို မြန်မာလူမျိုး ထရပ်ကားမောင်းသူထံတွင် စစ်ဆေးတွေ့ရှိ

RangonNewsDaily:: June . 27 .2015
အရှုပ်ထွေးဆုံးနှင့် အန္တရာယ်အပေးနိုင်ဆုံး HIV ဗိုင်းရပ်စ်ပိုးတစ်မျိုးကို တရုတ်- မြန်မာနယ်စပ်ဒေသတွင် ပုံမှန်သွားလာနေသည့် ထရပ်ကား ယာဉ်မောင်းတစ်ဦး၏ ခန္ဓာကိုယ်အတွင်း တွေ့ရှိခဲ့ရသည်ဟု တရုတ်သိပ္ပံ ပညာရှင်များ၏ သုတေသနတွင် ဖော်ပြသည်။ ထိုတွေ့ရှိခဲ့သည့် HIV ပိုး၏ မျိုးဗီဇတွင် ပြောင်းလဲမှုအမှတ် ၁၄ ခုရှိခဲ့ပြီး လက်ရှိ တွေ့ရှိဖူးသမျှတွင် အများဆုံးဖြစ်သည်ဟု AIDS သုတေသနဆေးပညာဂျာနယ်တွင်ဖော်ပြသည်။

ရန်ကုန်၊ မွန်ပြည်နယ်တို့မှ ကိုးတန်းနှင့် ဆယ်တန်း ကျောင်းသား၊ ကျောင်းသူ ၂၀၀ ဦးအတွက် SCG Sharing the Dream အစီစဉ်အရ ပညာသင်ထောက်ပံ့ကြေးပေး


RangonNewsDaily:: June . 27 .2015
ရန်ကုန်နှင့်မွန်ပြည်နယ်မှ ကျောင်း သား၊ ကျောင်းသူ ၂၀၀ ဦးအတွက် SCG Sharing the Dream အစီစဉ်အရ ပညာသင်နှစ် တစ်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေး ၂ သိန်းကျော် ထောက်ပံ့သွားရန်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

မန္တလေးတွင် အသေးစားလက်နက် ထုတ်လုပ်သည့် စက်များတွေ့ရှိသည်ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း ကာယကံရှင်မှ ငြင်းဆို

RangonNewsDaily:: June . 27 .2015
မန္တလေးမြို့ ၂၉-လမ်းနှင့် ၈၂-လမ်း၊ အောင်စတိုးတွင်
အသေးစားလက်နက်ထုတ်စက်များ တွေ့ရှိခြင်းနှင့် လက်နက် ဓါတ်ပုံများမှာ
လူမှုကွန်ယက်တွင် တင်ပြထားသကဲ့သို့ မဟုတ်မှန်ကြောင်း ကာယကံရှင်
မိသားစုဝင်တဦးက News Watch သို့ ပြောကြားသည်။

ရန်ကုန်တိုင်း လွှတ်တော်ကို ကိုင်လှုပ်တဲ့ အမျိုးသမီးအမတ်

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ် ဒေါက်တာညိုညိုသင်း (ဂျေပိုင်/ ဧရာဝတီ)
RangonNewsDaily:: June . 27 .2015
ပြည်သူဖွံ့ဖြိုးရေးထက် အစိုးရ အရာရှိ တချို့နှင့် ဆက်နွှယ်သည့် ခရိုနီများ၏ အမြတ်အစွန်းများ ပိုမိုရနိုင်သည့် စီမံကိန်းများနှင့် ပတ်သက်သည့် အဆိုများ၊ အစိုးရ ဘက်တော်သား လွှတ်တော် ကိုယ်စားလှယ်များ လက်ရှောင် ကြသည့် ပြည်သူ့ဝေဖန်မှုများစွာ ဖြစ်နေသော စီမံကိန်းများနှင့် ပတ်သက်သည့် အဆိုများ စသည့် အဆိုများစွာကို ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ဒိုင်ခံ တင်သွင်းသူ၊ အသံ အမြည်ဟိန်းဆုံး အမတ်ကို ပြပါဟု ဆိုလာလျှင် တသီးပုဂ္ဂလ လွှတ်တော်အမတ် ဒေါက်တာ ညိုညိုသင်းကို ညွှန်းဆိုရမည် ဖြစ်သည်။