Pages

Saturday, January 17, 2015

သောက်သုံးရန်မသင့်သော ရေသန့်တံဆိပ်များ ရက်ပိုင်းအတွင်း ထုတ်ပြန်မည်


RangonNewsDaily:: January . 17 .2015
သောက်သုံးရန် မသင့်သော ရေသန့်အမျိုးအစားများကို ကုမ္ပဏီတံဆိပ်နှင့်တကွ ရက်ပိုင်းအတွင်း ထုတ်ပြန်သွားမည်ဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန(FDA)မှ သတင်းရရှိသည်။

ကလေးငယ် တစ်ဦးအား သတ်ဖြတ်သည့် မြန်မာအမျိုးသမီး ဟုဆိုသူအား ဆော်ဒီတွင် သေဒဏ်ပေး


RangonNewsDaily:: January . 17 .2015
ကလေးငယ် တစ်ဦးကို သတ် ဖြတ်သူ မြန်မာ အမျိုးသမီးတစ်ဦး အား ဆော်ဒီတွင် ခေါင်းဖြတ်ကွပ် မျက်လိုက်ကြောင်း အေအက်ဖ်ပီ သတင်း တစ်ပုဒ်အရ သိရသည်။

IS အကြမ်းဖက်အဖွဲ့၏ အလံအမှတ်တံဆိပ်နှင့် ဆင်တူသည်ဟု ယူဆရသည့် စာတန်းကပ်ယာဉ်အား စစ်ဆေးရာ ဘာသာရေးစာသားကို သက်ဝင်ယုံကြည်၍ ကပ်ထားခြင်းဖြစ်ကြောင်း ကနဦးစစ်ဆေးချက်ထွက်ပေါ်

RangonNewsDaily:: January . 17 .2015
တာမွေမြို့နယ်တွင်း IS အဖွဲ့၏ အလံအမှတ်တံဆိပ်နှင့် ဆင်တူသည်ဟုယူဆသည့် စာတန်းကပ်ထားသောယာဉ်အား ဖမ်းဆီးစစ်ဆေးရာ ဘာသာရေးစာသားကို သက်ဝင်ယုံကြည်၍ ကပ်ထားခြင်းဖြစ်ပြီး အခြားရည်ရွယ်ချက်မရှိဟု ကနဦးစစ်ဆေးချက် ထွက်ပေါ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဇန်နဝါရီ ၁၅ ရက်တွင် စုံစမ်းသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ခန္တီးမြို့နယ်တွင် သားက အဖေကို သတ်မှုဖြစ်ပွား

RangonNewsDaily:: January . 17 .2015
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ခန္တီးမြို့နယ်ရှိ နန်စီပွန်ကျေးရွာတွင် ဖခင်ဖြစ်သူကို သားက ဓားဖြင့်ခုတ်သတ်မှုတစ်ခု ဇန်န၀ါရီ ၁၃ ရက် ညနေက ဖြစ်ပွားခဲ့ကြောင်း ခန္တီးမြို့နယ် ရဲစခန်းမှ သတင်းရရှိသည်။

ထွက်ပြေးတိမ်းရှောင်နေတဲ့ တော်ဝင်နှင်းဆီ ဆေးရုံပိုင်ရှင်နဲ့ တရုတ်နိုင်ငံသားတွေရဲ့ တရားခံပြေး ပုံစံတွေ ပေးပို့

RangonNewsDaily:: January . 17 .2015
မန္တလေး ချမ်းအေးသာစံ မြို့နယ်မှာရှိတဲ့ တော်ဝင်နှင်းဆီဆေးရုံမှာ မြန်မာနိုင်ငံ ဆေးကောင်စီက အသိအမှတ် မပြုထားသူတွေ ဆေးကုသနေမှုနဲ့ ပတ်သက်ပြီး တရားစွဲဆိုခံထားရတဲ့ တော်ဝင်နှင်းဆီ ဆေးရုံပိုင်ရှင်နဲ့ တရုတ်နိုင်ငံသားတို့ ထွက်ပြေး တိမ်းရှောင်နေတာကြောင့် စစ်ကိုင်းနဲ့ မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့တွေထံသို့ တရားခံပြေးပုံစံတွေ ပေးပို့ထားတယ်လို့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ရုံးထံမှ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နေအိမ် ခဲပေါက်ခံရ


RangonNewsDaily:: January . 17 .2015
မြန်မာနိုင်ငံ၏ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေထိုင်သော ဗဟန်းမြို့နယ် ရွှေတောင်ကြား (၁) ရပ်ကွက်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်ကို စိတ်ဝေဒနာရှင် အမျိုးသားတစ်ဦးက ခဲဖြင့် ပစ်ပေါက်မှုတစ်ခု ဇန်နဝါရီလ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ဝန်းကျင်က ဖြစ်ပွားခဲ့ကြောင်း ဗဟန်းမြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

၁၆ နှစ်အောက်မဖတ်ရ - ---------

RangonNewsDaily:: January . 17 .2015
ပန်းခြံထဲ အတွဲတွေက
လှည်းတန်းမှာ ကြေငြာစာရွက်ဝေနေသလိုပဲ
ရန်ကုန်မှာ လူခြောက်သန်းကျော်အတွက်
ခုံတန်းတွေက နည်းလွန်းနေတယ်
( တကယ် . . . ! )

ရာဇာမင်းကား ဓားပြတိုက်သူ ငါးဦးအား သေဒဏ်ချမှတ်ပြီး တစ်ဦးကို တစ်ကျွန်းချ

RangonNewsDaily:: January . 17 .2015
လူနှစ်ဦးသေဆုံးမှုဖြစ်ပွားခဲ့သော ရာဇာမင်းကားကို ဓားပြတိုက် ခဲ့သည့် တရားခံခြောက်ဦးအနက် သထုံမြို့နယ်တရားရုံးက ငါးဦးအား သေဒဏ်ချမှတ်လိုက်ပြီး တစ်ဦးကို ထောင်တစ်သက်တစ်ကျွန်းချမှတ် လိုက်သည်။‘‘ငါးယောက်က သေဒဏ်၊ တစ်ယောက်က တစ်သက်တစ် ကျွန်းချတာဟုတ်ပါတယ်။ သူတို့ အမှုက ၂၀၁၃ခုနှစ်က ဖြစ်တဲ့အမှု ပါ’’ဟု သထုံမြို့ရဲတပ်ဖွဲ့စခန်း မှူးဒုရဲမှူးသန်းနိုင်ကပြောသည်။

လူ့အခွင့်အရေးဆိုင်ရာအခြေအနေ စိုးရိမ်ပူပန်စရာအဆင့်ရှိနေကြောင်း ရန်ဟီးလီပြောကြား


RangonNewsDaily:: January . 17 .2015
မျိုးစောင့်ဥပဒေအပါ အ၀င် ဥပဒေကြမ်းအချို့၊ ကချင် ပြည်နယ်မှ တိုက်ခိုက်မှုများ၊ လက်ပံတောင်းတောင်စီမံကိန်းအပါအ ၀င် မြေယာဆိုင်ရာပြဿနာများ၊ မီဒီယာလွတ်လပ်ခွင့်၊ ရခိုင်ပြည် နယ်ရှိ အသိုက်အ၀န်းနှစ်ခုကြား ပဋိပက္ခ၊ နိုင်ငံရေးအကျဉ်းသား ဆိုင်ရာစသည်တို့အပါအ၀င် မြန် မာနိုင်ငံရှိ လူ့အခွင့်အရေးဆိုင်ရာ အခြေအနေများမှာ စိုးရိမ်ပူပန် စရာအဆင့်၌ ရှိနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂလူ့ အခွင့်အရေး အထူးကိုယ်စား လှယ် မစ္စရန်ဟီးလီကပြောကြားသည်။

တမန်တော်မိုဟာမက်ပုံပါကာတွန်း ချာလီဟပ်ဘဒိုမဂ္ဂဇင်း ထပ်မံဖော်ပြမှု အယ်လ်ဂျီးရီးယားတွင် ဆန္ဒပြ


RangonNewsDaily:: January . 17 .2015
ပြင်သစ်အခြေစိုက် ချာလီဟပ်ဘဒို မဂ္ဂဇင်း ကာတွန်းကို အယ်ဂျီရီးယား နိုင်ငံမှာ မနေ့က ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

နှစ်ဖက်အငြင်းပွားနေသော်လည်း ရိုဟင်ဂျာဟုသာ ကုလသို့ အစီရင်ခံမည်ဟု လူ့အခွင့်အရေး ကိုယ်စားလှယ် ပြောကြား


RangonNewsDaily:: January . 17 .2015
ရခိုင်ပြည်နယ်ရှိ နှစ်ဖက်လူ့အဖွဲ့အစည်းများကြား ဘင်္ဂါလီနှင့် ရိုဟင်ဂျာဟူ၍ အသုံးအနှုန်း အငြင်းပွားနေသော်လည်း ကုလသမဂ္ဂသို့ အစီရင်ခံစာ တင်သွင်းရာတွင် ရိုဟင်ဂျာဟုသာ သုံးစွဲတင်ပြမည် ဖြစ်ကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms.Yanghee Lee က ပြောကြားသည်။

သေသွားတဲ့အခါ ဘယ်လိုနာမည် ကျန်ချင်လဲ ဆိုတဲ့အပေါ်ပဲ မူတည်ပြီး အသက်ရှင်နေပါတယ်


RangonNewsDaily:: January . 17 .2015
နာမည်ကျော်တေးသံရှင် ဖြူဖြူကျော်သိန်းက သင်္ကြန် မတိုင်ခင်မှာ သူမရဲ့ ကိုယ်ပိုင်သံစဉ်တေးသီချင်းခွေဖြစ် တဲ့ ''နာမည်ကျန်နေရစ် မယ်''ဆိုတဲ့ သီချင်းခွေလေးကို ထွက်ရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။