Pages

Tuesday, July 7, 2015

7 July အထိမ်းအမှတ် သမဂ္ဂမြက်ခင်းပြင်ရှေ့တွင်ပြုလုပ်


RangonNewsDaily:: July . 7 .2015
၅၃ နှစ်မြောက် 7July နေ့ အထိမ်းအမှတ်အဖြစ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂမှ လွမ်းသူပန်းခွေချခြင်း၊ ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် အလေးပြုခြင်းများကို ရန်ကုန်တက္ကသိုလ်ဝန်းအတွင်းရှိ သမဂ္ဂမြက်ခင်းပြင်အရှေ့ဘက်တွင် ဇူလိုင်လ ၇ ရက် နံနက် ၈ နာရီက ကျောင်းသား ၂၀ ခန့်ဖြင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။
တော်လှန်ရေး ကောင်စီအစိုးရ (ဗိုလ်ချုပ်နေ၀င်းအစိုးရ) သည် ၁၉၆၂ ခုနှစ် ဇွန်လတွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားများအား ချုပ်ချယ်ထားသော ကျောင်းဆောင်စည်းကမ်း ၂၂ ချက်ကို ထုတ်ပြန်ခဲ့သောကြောင့် ကျောင်းသားများ၏ ဆန္ဒပြတောင်းဆိုမှုကို အစိုးရက လိုက်လျောမပေးဘဲ ဇူလိုင် ၈ ရက် နံနက် ၃ နာရီအချိန်၌ ကျောင်းသားသမဂ္ဂ အဆောက်အအုံကိုပါ ဗုံးခွဲဖျက်ဆီးခဲ့ပြီး ကျောင်းသားများ သေဆုံးခဲ့ရသည်။








သမဂ္ဂအဆောက်ဦးရှေ့မှာ ၀င်ရောက်ဆုတောင်းဖို့အတွက် ကျောင်းပေါက်ဝမှာ လုံခြုံရေးတင်းကျပ်ထားပေမယ့်ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် ကိုကျောင်းသားတွေက၀င်ရောက်ခွင့်တောင်းတဲ့အခါ အချိန်နဲ့သူတို့လုပ်ဆောင်မယ့်အရာတွေညှိနိုင်းပြီး ခွင့်ပြုခဲ့ပါတယ်။
::
ညနေမှာလာမယ့်အဖွဲ့နဲ့လဲ ညှိနိုင်းလို့်အဆင်ပြေရင် ၀င်ရောက်ခွင့်ပြုမယ်။သူတို့ကိုခြံစည်းရိုးကျော်တက်ပြီးဝင်တာမျိုးမဖြစ်စေချင်ဘူးလို့ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်သူကပြောပါတယ်။
ကျောင်းသားတွေကတော့လူစုခွဲသွားပေမယ့် လုံခြုံရေးတွေကတော့ရှိနေတုန်းပဲဖြစ်ပါတယ်။
တာဝန်ကျရဲတွေက ပါချုပ်နဲ့ ညှိနိုင်းပြောဆိုနေတာကိုတွေ့ရပါတယ်။

EMG , 
Kumudra ::--KOLATT(PBDN)
RangonNewsDaily






0 comments:

Post a Comment