Pages

Tuesday, December 30, 2014

သရုပ်ဆောင်မင်းအုပ်စိုးထိုးနှက်သဖြင့် သေဆုံးသွားခဲ့သည့် မနုနုယဉ်သေဆုံးမှု အမှုမှန်ပေါ်ပေါက်စေလိုကြောင်း မိသားစုတောင်းဆို

သေဆုံးသူ မနုနုယဉ်၏ မိသားစု ရှင်းလင်းပြောကြားနေစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
RangonNewsDaily:: December . 30 .2014
မှုခင်းဆရာဝန်၏ ဆေး စစ်ချက်အဖြေများအရ သရုပ်ဆောင်မင်းအုပ်စိုးထိုးနှက်သဖြင့် သေဆုံးသွားခဲ့သည့် မနုနုယဉ်ရရှိ ခဲ့သော ဒဏ်ရာများမှာ ထိုးကြိတ် ရုံဖြင့် ရရှိနိုင်သည့် ဒဏ်ရာများ မဟုတ်ခြင်းကြောင့် အမှုကိုအမှန် အတိုင်းဖြစ်စေလိုကြောင်း မနုနု ယဉ်၏ မိသားစုဝင်များက သတင်း ထောက်များအား ပြောကြား သည်။

တိုက်ရိုက်ထုတ်လွှင့်မှု ပြီးသွားပြီထင်ပြီး လက်ထဲက မိုက်ကိုမေ့ကာ စနောက်မိခဲ့ခြင်းဖြစ်ကြောင်း လူမင်းရှင်း


RangonNewsDaily:: December . 30 .2014
အကယ်ဒမီပေးပွဲပြီးချိန် တွင် တိုက်ရိုက်ထုတ်လွှင့်မှု ပြီး သွားပြီဟုထင်ကာ လက်ထဲမှ မိုက်ကိုလည်း သတိမထားမိဘဲ စိတ်လွတ်လက်လွတ်နှင့် ပျော် စေပြက်စေသဘောဖြင့် ပြေတီဦး ကို စနောက်ခဲ့ခြင်းသာဖြစ် ကြောင်း လူမင်းက အကယ်ဒမီ ညတွင် တိုက်ရိုက်ရုပ်သံထုတ် လွှင့်မှုမှတစ်ဆင့် ဆဲဆိုသံ ပရိသတ်များ ကြားခဲ့ရခြင်းကို ပြန်လည် ရှင်းလင်းသည်။

အကယ်ဒမီနဲ့ လွဲခဲ့လို့ မကျေနပ်တဲ့ သီင်္ဂီထွန်း ရှင်းမည်


RangonNewsDaily:: December . 30 .2014
မြန်မာနိုင်ငံရုပ်ရှင်အ စည်းအရုံးက ပထမဆုံးကျင်းပခဲ့ သည့် ၂၀၁၃အတွက် အကယ်ဒမီ ဆုပေးပွဲတွင် ဇာတ်ပို့ဆုနှင့်လွဲ ချော်ခဲ့သည်ကို မကျေနပ်၍ သရုပ်ဆောင်သီင်္ဂီထွန်းက သတင်းစာရှင်းလင်းပွဲပြုလုပ်မည် ဖြစ်ကြောင်း ပြောသည်။

ကိုယ့်ထက်ငယ်တဲ့ချစ်သူကို ပိုင်ဆိုင်ရခြင်းအတွက် ရရှိလာတဲ့ခံစားချက်


RangonNewsDaily:: December . 30 .2014

ကိုယ့်ထက်ငယ်တဲ့သူနဲ့ ချစ်သူရည်းစားဖြစ်နေတဲ့ မမတွေဟာ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းရဲ့ ပြောဆိုဝေဖန်ခြင်းတွေကို ခံရစမြဲပါ။ အမှန်တော့ ကိုယ်တွဲနေတဲ့သူက ဘယ်လိုလူမျိုးလဲ၊ စိတ်ချယုံကြည်ရတဲ့သူ ဟုတ်မဟုတ်ဆိုတာ ကိုယ်သာ အသိဆုံးပါ။

ခိုင်သင်းကြည်က 'ပစ္စည်းသိင်္ခါရ လူသိင်္ခါရပါတဲ့'


RangonNewsDaily:: December . 30 .2014
၂၀၁၃ ခုနှစ်အတွက် အကယ်ဒမီ ထူးချွန်ဆုပေးပွဲကြီးမှာ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုရရှိခဲ့တဲ့ ခိုင်သင်း ကြည်က အကယ်ဒမီပေးပွဲမှာ လက်ကောက်ပျောက်သွားခဲ့တာနဲ့ပတ်သက်ပြီး မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရ အနုပညာရှင်များအား ဂုဏ်ပြုညစာစားပွဲ အခမ်းအနားမှာ မေးမြန်းခဲ့ပါတယ်။

MRTV ရုပ်သံလိုင်းသစ်မှ ပရီမီယားလိဂ်ပွဲများ အခမဲ့ ထုတ်လွှင့်နိုင်ရန် စီစဉ်နေ


RangonNewsDaily:: December . 30 .2014
၂၀၁၅ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့ကစတင်၍ MRTV News နဲ့ MRTV Entertainment ရုပ်သံလိုင်း ၂ လိုင်း တိုးချဲ့ထုတ်လွှင့်ပါ့မည်ဖြစ်ရာ ဖျော်ဖြေရေးလိုင်းမှ အင်္ဂလိပ်ပရီးမီယားလိဂ်ဘောလုံးပွဲစဉ်များ အခမဲ့ထုတ်လွှင့်နိုင်ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

ထပ်ဆင့်အကယ်ဒမီများရှင် ဒေါ်မြင့်မြင့်ခင်နှင့်တွေ့ဆုံခြင်း


RangonNewsDaily:: December . 30 .2014
မြန်မာ့ရုပ်ရှင်လောက အမျိုးသမီး သရုပ်ဆောင်များတွင် ပထမဆုံး အကယ်ဒမီဆု ငါးဆုရရှိခဲ့သူ အသက် ၈၁ နှစ်အရွယ်ထပ်ဆင့်အကယ်ဒမီဒေါ်မြင့်မြင့်ခင်နှင့် တွေ့ဆုံမေးမြန်း ခဲ့ပုံများကို ဖော်ပြလိုက်ပါသည်။

အကယ်ဒမီပေးသည့် ညတွင် ကိုယ့်ကိုယ်ကိုယ် ညံ့မှန်းသိခဲ့ဟု ပန်းချီစိုးမိုး ပြောကြား


RangonNewsDaily:: December . 30 .2014
အကယ်ဒမီနှစ်ဆု ရရှိခဲ့ ဖူးသော်လည်း “ကြယ်စင်မော်ကွန်း” ရုပ်ရှင် ဇာတ်ကားတွင် ဒါရိုက်တာ ဆုနှင့် လွဲခဲ့ သည့် ပန်းချီစိုးမိုးက မိမိတွင် အရည် အချင်း လိုအပ်နေသေး သည့်အပြင် ဒါရိုက်တာ သက်တမ်း ၄၈ နှစ် ကာလ အတွင်း၌ ကိုယ့် ကိုယ်ကိုယ် ညံ့မှန်း အကယ်ဒမီ ဆုပေးသည့် ည၌ပင် သိခဲ့ရ သည်ဟု ၎င်းကမဇ္ဈိမကို ပြောသည်။

အာဖဂန်စစ်ပွဲ ကန်နဲ့နေတိုး အဆုံးသတ်

RangonNewsDaily:: December . 30 .2014
အမေရိကန်ပြည်ထောင်စုနဲ့ နေတိုးအဖွဲ့တို့ဟာ အာဖဂန်နစ္စတန်နိုင်ငံမှာ ဆင်နွှဲနေတဲ့ သူတို့ရဲ့စစ်ပွဲကို တနင်္ဂနွေနေ့မှာ တရားဝင် အဆုံးသတ်လိုက်ပါပြီ။ ဒါပေမယ့် သူတို့ ၁၃ နှစ်ကြာတိုက်ခိုက်ခဲ့တဲ့ တာလီဘန်အဖွဲ့ဟာ အာဖဂန်နစ္စတန်အစိုးရအတွက်တော့ ရက်စက်ကြမ်းကြုတ်တဲ့ရန်သူအဖြစ် ဆက်လက် ရှိနေဆဲဖြစ်ပါတယ်။

တက္ကသိုလ်အင်ဂျင်နီယာ ပညာရေး နှစ်(၉၀) နှင့် ရန်ကုန်နည်းပညာတက္ကသိုလ် နှစ်(၅၀)ပြည့် အခမ်းအနားကျင်းပ


RangonNewsDaily:: December . 30 .2014
မြန်မာနိုင်ငံ တက္ကသိုလ် အင်ဂျင်နီယာ ပညာရေးနှစ်(၉၀)ပြည့်နှင့် ရန်ကုန်နည်းပညာတက္ကသိုလ်နှစ် (၅၀)ပြည့် ရွှေရတုအခမ်းအနားကို ဒီဇင်ဘာ ၂၇ ရက်တွင် ရန်ကုန် နည်းပညာတက္ကသိုလ်၌ ကျင်းပပြုလုပ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူဟောင်း တစ်ထောင်ကျော် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

မိတ္ထီလာ အရေးအခင်းမှ ဒုက္ခသည်များကို ကယ်ဆယ်သူ ဆရာတော်အား လောကပါလဆု ချီးမြှင့်မည်

RangonNewsDaily:: December . 30 .2014
လူမှုကူညီရေးအသင်း ငါးဖွဲ့ ပူးပေါင်းကာ ကျင်းပမည့် သင့်မြတ်ခြင်းနှင့် ငြိမ်းချမ်းရေးပွဲတော်တွင် မိတ္ထီလာ အရေးအခင်း ဖြစ်စဉ်အတွင်း ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်သူ ဆရာတော် ဦးဝိသုဒ္ဓအား ငြိမ်းချမ်းရေး ဆောင်ရွက်မှုအဖြစ် လောကပါလဆု ချီးမြှင့်မည်ဖြစ်ကြောင်း စိမ်းလန်းပြင်ဦးလွင်အဖွဲ့ ဥက္ကဋ္ဌ ဦးလေးမြင့်အောင်က ပြောကြားသည်။

မိုက်ခွက်များကို တုတ်အဖြစ်သုံးခဲ့ကြသည့် ဂျော်ဂျီယာလွှတ်တော်တွင်း ရန်ပွဲ


RangonNewsDaily:: December . 30 .2014
ဂျော်ဂျီယာနိုင်ငံလွှတ်တော်အတွင်း နိုင်ငံရေးသမားတွေကြား ဒီဇင်ဘာလ ၂၆ ရက်နေ့က နိုင်ငံတကာ အဖွဲ့အစည်းတွေအတွက် နိုင်ငံ့ကိုယ်စားလှယ်ရွေးချယ်ရေး အစီအစဉ်အပေါ် ဒုဝန်ကြီးတွေ ရန်ပွဲဖြစ်ကြတာ ဖြစ်ပါတယ်။

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ် ခရီးသည်တင်ယာဉ်တိမ်းမှောက်


RangonNewsDaily:: December . 30 .2014
ရန်ကုန်-မန္တလေး အမြန်လမ်း ၆၆ မိုင် သုံးဖာလုံတွင် မြို့ မ - ဒဂုံပိုင်ရတနာ(၁)အမည် ရှိ ခရီးသည် တင်ယာဉ် ဒီဇင်ဘာ ၂၉ရက် နံနက် ၆း၃၀က တိမ်းမှောက် ခဲ့ပြီး မည်သူ တစ်ဦးမျှ ထိခိုက်ဒဏ်ရာ
ရခြင်း မရှိကြောင်း၊ ယာဉ်မောင်းကိုမူမဆင်မခြင် မောင်းနှင် မှုဖြင့်အမြန်လမ်း ပြည်သူ့ ရဲတပ်ဖွဲ့ ကအရေးယူထားကြောင်းသိရသည်။

ပျောက်ဆုံး အဲအေးရှား လေယာဉ် အပိုင်းအစဟု ယူဆရသည့် အစိတ်အပိုင်း ဂျာဗား ပင်လယ်တွင် တွေ့ရှိရ


RangonNewsDaily:: December . 30 .2014
အင်ဒိုနီးရှားနိုင်ငံမှ စင်ကာပူ နိုင်ငံသို့ ဒီဇင်ဘာလ ၂၈ ရက် နံနက်ပိုင်းက ပျံသန်းနေစဉ် ပျောက်ဆုံးသွားသော အဲအေးရှား (Air Asia- QZ 8501) လေယာဉ်၏ အပိုင်းအစဟု ယူဆရသော ပစ္စည်းတခုကို သြစတြေးလျ လေယာဉ်တစီးက ယနေ့တွင် ဂျာဗား ပင်လယ်ပြင်တွင် တွေ့ရှိခဲ့ပြီး အင်ဒိုနီးရှား အာဏာပိုင်များက စုံစမ်းမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

သုံးခွဘက်မှသန်လျင်ဘက်သွား မော်တော်ယာဉ်နှင့် ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့သဖြင့် (၁)ဦးသေဆုံး

RangonNewsDaily:: December . 30 .2014
၂၈.၁၂.၂၀၁၄ ရက်နေ့ ၁၃၅၀ အချိန်တွင် သန်လျင်မြို့နယ်၊ သုံးခွ-သန်လျင်လမ်းအတိုင်း သုံးခွ
ဘက်မှသန်လျင်ဘက်သို့ ရွှေပြည်သာမြို့နယ်နေ ယာဉ်မောင်း ကိုကျော်ဇင်လင်း၊ (၃၉)နှစ်မောင်းနှင်
လာသော ၂က/---- နစ်ဆန်း ဆာဖာရီကိုယ်ပိုင်ယာဉ်နှင့် မျက်နှာချင်းဆိုင်မှ သန်လျင်မြို့နယ်နေ ကိုတင်လင်းအောင်၊ (၃၅)နှစ်စီးနင်းမောင်းနှင်လာသော ၂၁ယ/---- ကန်ဘို-125 ဆိုင်ကယ်တို့မှာ သန်လျင်မြို့နယ်၊ ဘုရားကုန်းလမ်းဆုံအနီးကုန်းတက်တွင် ပွတ်တိုက်မိခဲ့ကြသည်။

တရုတ်သံရုံး တည်ရှိရာ ပြည်ထောင်စုရိပ်သာလမ်း အနီးရှိ ဆန္ဒပြပွဲ ပြီးဆုံး


RangonNewsDaily:: December . 30 .2014
လက်ပံတောင်း အကြမ်းဖက်မှုကို ကန့်ကွက်ဆန့်ကျင်သည့်အနေဖြင့် ရန်ကုန်မြို့ တရုတ်သံရုံးရှေ့
သို့ လမ်းလျှောက် ဆန္ဒပြသည့် ကန့်ကွက် ဆန္ဒပြပွဲသည် ရဲတပ်ဖွဲ့ဝင်များနှင့် တင်းမာမှု တချို့ ဖြစ်ပွားခဲ့သော်လည်း နောက်ဆုံးတွင် အေးချမ်းစွာဖြင့် ပြီးဆုံးသွားကြောင်း သတင်းရရှိသည်။

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၃၂၁/ ၂ အနီး ပါဂျဲရိုးယာဉ် တိမ်းမှောက်၊ လေးဦး သေဆုံး


Tuesday :- 30 : December :- 2014
ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၃၂၁/ ၂ အနီးမှာ ဒီကနေ့မနက်ပိုင်းက ပါဂျဲရိုးယာဉ်
တစ်စီး တိမ်းမှောက်ခဲ့ပြီး ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးနှစ်ဦး သေဆုံးပြီးခြောက်ဦး အပြင်းအထန် ဒဏ်ရာရတယ်လို့ အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရပါတယ်။