Pages

Friday, November 21, 2014

IPhone နဲ့ Android ဖုန်းတွေအတွက် Public Chat အသစ်ပါဝင်လာတဲ့ Viber version အသစ် 5.1.0.1274


RangonNewsDaily:: November . 20 .2014

၂၀၁၄ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ Viber က iPhone နဲ့ Android ဖုန်းတွေအတွက် Viber version အသစ် 5.1.0.1274 ကိုထပ်မံထုတ်ပေးလိုက်ပါတယ်။

ရင်သားကင်ဆာရှိမရှိ ချက်ချင်းစမ်းသပ် စစ်ဆေးကြည့်ဖို့လိုတယ်

RangonNewsDaily:: November . 20 .2014
မြန်မာနိုင်ငံက အမျိုးသမီးတွေမှာ အဖြစ်အများဆုံး ကင်ဆာရောဂါတွေထဲမှာ ရင်သားကင်ဆာဟာ ဒုတိယအဖြစ်အများဆုံးဖြစ်ပါတယ်။ ကျန်းမာရေး အသိအမြင်နည်းပါတဲ့ ဒေသတွေမှာ ဆေးကုသမှုမရဘဲ အသက်ဆုံးရှုံးမှုတွေပါ ဖြစ်နေကြတာမို့ ရင်သားမှာ အဖု၊ အကြိတ်ဖြစ်တာနဲ့ နာကျင်မှုခံစားရပြီဆိုရင်တော့ ချက်ချင်းပဲ စမ်းသပ် စစ်ဆေးဖို့ လိုနေပါပြီ။

မြန်မာငွေတန်ဖိုးကျမှု အခြေအနေဆိုးလာ၊ ပြည်ပပို့ကုန်ရငွေ (Earning) တစ်ဒေါ်လာလျှင် ကျပ် ၁၀၇၀ မှ ၁၀၇၅ အတွင်းသို့ ရောက်ရှိ

RangonNewsDaily:: November . 20 .2014 
သမ္မတဦးသိန်းစိန် အစိုးရသစ်လက်ထက် မြန်မာငွေတန်ဖိုး ကျဆင်းမှုမှာ အခြေအနေ ပိုမိုဆိုးလာခဲ့ပြီး ယခုအခါ ပြည်ပပို့ကုန်မှရငွေ Earning တန်ဖိုးမှာ ၂ဝ၁၄ ခုနှစ် နိုဝင်ဘာ ၁၈ ရက်က အမေရိကန်တစ်ဒေါ်လာ ကျပ် ၁ဝ၇ဝ မှ ကျပ် ၁ဝ၇၅ အတွင်း ရောက်ရှိလာခဲ့ကြောင်း ဈေးကွက်အတွင်းမှ သတင်းရရှိသည်။

စိုးပြည့်သဇင် အချစ်ကို ရှာဖွေတွေ့ရှိပြီ


RangonNewsDaily:: November . 20 .2014
အကယ်ဒမီ ရုပ်ရှင်မင်းသမီး စိုးပြည့်သဇင်က သူ့ရဲ့ ဒုတိယမြောက် သီချင်းအယ်လ်ဘမ်ဖြစ်တဲ့ အချစ်ကို ရှာဖွေတွေ့ရှိခြင်းကို နိုဝင်ဘာ ၁၇ရက်နေ့က စင်ထရယ်ဟိုတယ်မှာ မိတ်ဆက်ခဲ့ပါတယ်။ အချိန် ၇လယူပြီး ပြင်ဆင်ခဲ့တဲ့ စိုးပြည့်သဇင် အချစ်ကို ဘယ်လိုရှာဖွေတွေ့ခဲ့တာလဲ။

သက်ငယ်မုဒိန်းမှု ကျောက်တံတားမြို့နယ်တရားရုံး၌ နိုဝက်ဘာ ၁၉ ရက်တွင် အမိန့်ချမည်

RangonNewsDaily:: November . 20 .2014
လွန်ခဲ့သော တစ်နှစ်ကျော်က ကျောက်တံတားမြို့နယ် အမှတ် (၃)ရက်ကွက်အတွင်း ဖြစ်ပွားခဲ့သော သက်ငယ်မုဒိန်းမှုကို နိုဝင်ဘာ၁၉ရက်နေ့တွင် ရန်ကုန်အနောက်ပိုင်းခရိုင် ကျောက်တံတား မြို့နယ်တရားရုံး၌ စီရင်ချက်ချ တော့မည်ဖြစ်ရာ အမှုကို မှန်ကန်စွာဆုံးဖြတ် ပေးစေလိုကြောင်း မုဒိန်း ကျူးလွန်ခံရသူ အသက် ၆ နှစ် ခွဲကျော် ပထမတန်း ကျောင်းသူ၏ မိခင်က ပြောသည်။

အာရှဒေသရှိ လူ ၂၃ သန်း ကျော် ကျွန်ပြု ခိုင်းစေခံရလျက်ရှိ

RangonNewsDaily:: November . 20 .2014
အာရှဒေသရှိ လူ ၂၃ သန်းကျော်တို့သည် မျက်မှောက်ခေတ် ကျွန်စနစ်၏ သားကောင်များအဖြစ်သို့ ရောက်ရှိနေကြသည်ဟု နိုဝင်ဘာ ၁၇ ရက် ထုတ်ပြန်ချက် အသစ်တစ်ခုတွင် ဖော်ပြခဲ့သည်။

အပျိုစင် ရောင်းဝယ်ခြင်း လုပ်ငန်း

RangonNewsDaily:: November . 20 .2014
ကမ္ဘောဒီးယားနိုင်ငံ မှာတော့ အပျိုစင် တစ်ဦးဟာ ရွှေထက် တန်ဖိုးကြီးမားတယ်လို့ ဆိုထားကြ ပါတယ်။ မြို့တော် ဖနွမ်းပင်မှာ ချမ်းသာ ကြွယ်ဝ သူတွေဟာ အပျိုစင်တွေကို ငွေကြေး မြောက်မြားစွာ ပေးဝယ်လေ့ရှိကြ ပါတယ်။

ကြံခိုင်သွယ်လျသော ခန္ဓာကိုယ်ပိုင်ရှင် တင်းနစ်ချန်ပီယံ ရှာရာပိုဗာ၏ လျှို့ဝှက်ချက်


RangonNewsDaily:: November . 20 .2014
အားကစားသမား တစ်ဦးဖြစ်တဲ့ ရှာရာပိုဗာဟာ ပြိုင်ပွဲတွေမှာ မကစားခင် ကိုယ်ပိုင်လေ့ကျင့်နည်းတွေကို ယူလေ့ ရှိပါတယ်။ ဝင်ငွေအကောင်းဆုံး တင်းနစ်ချန်ပီယံ တစ်ဦးရဲ့ တာဝန်တွေက မလွယ်လှပါဘူးလို့ သူမက ဝန်ခံထားပါတယ်။

ရန်ကုန်မြို့တော်ရှိ လေလွင့်ခွေး တစ်သောင်းခုနစ်ထောင် သုတ်သင်ခံရ

RangonNewsDaily:: November . 20 .2014
ရန်ကုန်မြို့တော်အတွင်း လေ့လွင့်ခွေး ပေါက်ဖွားမှုနှင့် ခွေးကိုက်ခံရမှုများ လျော့နည်းစေရန် လေလွင့်ခွေး သုတ်သင်ရှင်းလင်းရေး လုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ဧပြီလကုန်ပိုင်းမှ အောက်တိုဘာလကုန်အထိ လေလွင့်ခွေး ၁၇၀၀၀ ကျော် သုတ်သင်ရှင်းလင်းခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများ ဌာနမှ အကြီးတန်း အရာရှိတစ်ဦး ပြောကြားသည်။

ခရိုင်အုပ်ချုပ်ရေးမှုးခြိမ်းခြောက်သဖြင့် ကန်ကြီးဗလီဖျက်ခွင့် လက်မှတ်ထိုးရပြီ


RangonNewsDaily:: November . 20 .2014
အကြောင်းမဲ့ပိတ်သိမ်းခံထားရသည့် ကန်ကြီးဗလီဝတ်ကျောင်းတော်အား ကန်ထရိုက်ပေးကာဖြိုဖျက်ရန်အတွက် အထွေထွေလုပ်ပိုင်ခွင့်(general power)လွဲအပ်ကြောင်းလက်မှတ်ကို ခရိုင်အုပ်ချုပ်ရေးမှူးရုံးတွင်ရေးထိုးပေးခဲ့ ရကြောင်း အမည်မဖေါ်လိုသည့်ဒေသခံအချို့က Myanmar Muslim Media သို့ပြောသည်။

တရားမ၀င်ရောက်ရှိနေသူများ မလေးရှားနိုင်ငံအတွင်းမှ ဒီဇင်ဘာ(၃၁) ရက်နေ့နောက်ဆုံးထား ထွက်ခွာ ရန်ကြော်ငြာလိုက်ပြီ (မလေးရှား သတင်း )

RangonNewsDaily:: November . 20 .2014
မလေးရှားနိုင်ငံပြည်ထဲရေးဝန်ကြီးဌာနနှင့် လဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနတို့မှလက်ရှိအသစ်စတင်အမှုထမ်းသောညွန်
ကြားရေးမှုးများမှ မနေ့က သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတွင်းရှိနေသာတရားမဝင်နေထိုင်သူများ ၊ Overstay နေထိုင်
သူများသည် မလေးရှားနိုင်ငံ၏ ပစ်မှုမှုခင်းများအတွက် ကိုင်တွယ်ရန်ခက်ခဲသကဲ့သို့ နိုင်ငံ၏ တရားစီရင်ရေးစရိတ်စက
အတွက် များစွာကုန်ကျနေသည့်အတွက် အဆိုပါညွန်ကြားရေးမှုးချုပ်လက်ထက်တွင် အထူးကိုင်တွယ် ရှင်းလင်းသွား
မည်ဖြစ်ကြောင်းကို မနေ့က နှင့် ယနေ့ထုတ်သတင်းစာများတွင် တရားဝင်ဖော်ပြသွားခဲ့သည်။

နည်းပညာတက္ကသိုလ်များ အောင်စာရင်းကိစ္စ သိပ္ပံနှင့်နည်းပညာဝန်ကြီးရှင်း

RangonNewsDaily:: November . 20 .2014
နည်းပညာတက္ကသိုလ် များ၏ စာမေးပွဲအောင်စာရင်းမှာ အတတ်နိုင်ဆုံး လျှော့ပေါ့စဉ်းစား ပြီး ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးကပြောသည်။

အင်ဂျင်နီယာ ဘီအီးဘွဲ့ ၆ နှစ်သင်တန်းများ စဖွင့်လှစ်တော့မည်

RangonNewsDaily:: November . 20 .2014
သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာနလက်အောက်မှာ ရှိတဲ့ နည်းပညာတက္ကသိုလ်တွေမှာ အခု ပညာသင်နှစ်ကစပြီး အင်ဂျင်နီယာဘွဲ့(ဘီအီး) ၆ နှစ်သင်တန်းတွေ စတင်သင်ကြားပေး တော့မယ်လို့ သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးက ပြောပါတယ်။