Pages

Wednesday, October 29, 2014

ကိုပါကြီးကိစ္စ ရန်ကုန်မြို့တော်ခမ်းမရှေ့ဆန္ဒပြသူတွေကို အမှုဖွင့်ပြီ


RangonNewsDaily:: October . 28 .2014
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ညနေပိုင်းက ကိုပါကြီး သေဆုံးမှု အမှုမှန်ပေါ်ပေါက်ရေးအတွက် ရန်ကုန်မြို့ မြို့တော် ခမ်းမ ရှေ့ ဆန္ဒပြပွဲနဲ့ပတ်သက်လို့ အမှုဖွင့်ပြီလို့ သိရပါတယ်။ 

ဆယ်စုနှစ်တစ်ခုအတွင်း အကောင်အထည်ပေါ်လာတော့မယ် ပြတင်းပေါက် လုံးဝမပါတဲ့ ခရီးသည်လေယာဉ်


RangonNewsDaily:: October . 28 .2014
ပြတင်းပေါက်မပါတဲ့ လေယာဉ်အသစ် အစမ်းတစ်မျိုးကို တီထွင်မယ့်စိတ်ကူးတစ်ခု စတင်ဆောင်ရွက်ဖို့ရှိနေပြီး ဆယ်စုနှစ်တစ်ခုအတွင်းမှာပဲ အကောင်အထည်ပေါ်လာမှာဖြစ်ပါတယ်။ မကြာခင်မှာ ခရီးသည်တွေအနေနဲ့ ခရီးသွားနေစဉ် လေယာဉ်ပေါ်မှတဆင့် အင်တာနက်အသုံးပြုနိုင်၊ အီးမေးလ်စစ်ဆေးနိုင်ပြီး အပြင်ဘက် ဝေဟင်ယံကို ကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။

၁၆လက်မသာရှိတဲ့ ခါးဆိုက်ဒ်ရရှိဖို့အတွက် ကျပ်လွန်းတဲ့ ကိုယ်လုံးလှအတွင်းခံဘောင်းဘီကို ၇နှစ်ဝတ်ဆင်ခဲ့တဲ့ မော်ဒယ်


RangonNewsDaily:: October . 28 .2014
အသက် (၂၇)နှစ်အရွယ် မော်ဒယ်တစ်ဦးဖြစ်သလို ဒီဇိုင်နာတစ်ဦးလည်း ဖြစ်တဲ့ Kelly Lee Dekay ဟာ သူမလိုချင်တဲ့ ခါးဆိုက်ဒ်အရွယ်ရရှိဖို့အတွက် သေးလွန်းတဲ့အပြင်၊ ကျပ်လွန်းတဲ့ ကိုယ်လုံးလှအတွင်းခံဘောင်းဘီကို ၀တ်ဖို့ စိတ်ဆန္ဒပြင်းပြနေခဲ့ပါတယ်။ သူမကြိုက်နှစ်သက်တဲ့ ကာတွန်းကာရိုက်တာ Jessica Rabbit နဲ့ အမျိုးသမီးစွမ်းအားရှင်တွေလို ခါးသေးရင်ချီပုံစံမျိုး လိုချင်နေခဲ့တာပါ။

မန္တလေးမြို့မှ ရွှေဘိုမြို့သို့ ထွက်ခွာလာသည့် ခရီးသည် တင်မှန်လုံယာဉ် ၀င်တိုက် သဖြင့် ကားစောင့် နေသည့် ခရီးသည် (၄) ဦးသေ၊ (၅) ဦး ဒဏ်ရာရ

RangonNewsDaily:: October . 28 .2014
ဝက်လက်မြို့နယ်၊ ရွာသာကြီး ကျေးရွာအနီး ရွှေဘို-မန္တလေး ကားလမ်းမကြီး ပေါ်၌ ယခုလ (၂၆) ရက်နေ့၊ နံနက် (၇း၁၅) နာရီ အချိန်က မန္တလေးမြို့မှ ရွှေဘိုမြို့သို့ ထွက်ခွာလာသည့် ခရီးသည် တင်ကားမှာ မိုင်တိုင် အမှတ် (၅၀/၂) နှင့် (၅၀/၃) အကြားတွင် ကားစောင့် နေသည့် ခရီးသည် များအား ၀င်ရောက် တိုက်မိခဲ့ သဖြင့် ခရီးသည် လေးဦး သေဆုံးခဲ့ပြီး ငါးဦးမှာ ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည့် အတွက် ရွှေဘိုမြို့ ဆေးရုံကြီးတွင် အရေး ပေါ် ကုသပေးနေ ရကြောင်း ရွှေဘို မြို့မ ရဲစခန်းမှ သိရသည်။

လူမျိုးရေး၊ ဘာသာရေးဖြင့် မဲဆွယ်မှု များကို ကြိုတင် တားမြစ်ပေးရန် ကော်မရှင်သို့ တင်ပြမည်

RangonNewsDaily:: October . 28 .2014
၂၀၁၅ ရွေးကောက်ပွဲတွင် လူမျိုးရေး၊ ဘာသာရေးဖြင့် မဲဆွယ် စည်းရုံးမှု များကို ကြိုတင် တားမြစ်ပေးရန် မွတ်စလင် ငြိမ်းချမ်းရေး ကွန်ရက်မှ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြ တောင်းဆို သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

ဆူဇူကီးပြိုင်ပွဲဝင်မည့် မြန်မာ့လက်ရွေးစင်အသင်း ကာတာနိုင်ငံတွင် နှစ်ပတ်ကြာ လေ့ကျင့်မည်


RangonNewsDaily:: October . 28 .2014
အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲ ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်းသည် ကာတာနိုင်ငံ ဒိုဟာမြို့တွင် နှစ်ပတ်ကြာ စခန်းသွင်း လေ့ကျင့်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်လိုက်သည်။

မန္တလေးမြို့တွင် ရွှေနှင့်ရတနာ ပစ္စည်းမျိုးစုံ တန်ဖိုး ၃၈၆ သိန်းကျော် ခိုးယူသူများဖမ်းမိ

RangonNewsDaily:: October . 28 .2014
မန္တလေးမြို့တွင် ရွှေနှင့်ရတနာ ပစ္စည်းမျိုးစုံ တန်ဖိုး ၃၈၆ သိန်းကျော် နှင့် အရေးကြီး စာရွက်စာတမ်းများ ထည့်သွင်း သိမ်းဆည်း ထားသည့် မီးခံ သေတ္တာနှင့် အခြားပစ္စည်းများ ခိုးယူ ခံရမှုကို မန္တလေးခရိုင် မှုခင်းနှိမ်နင်း ရေးဌာနစိတ်မှ ဖော်ထုတ် ဖမ်းဆီးခဲ့ ကြောင်း သိရသည်။

အလွတ်သတင်းထောက် ကိုပါကြီးသေဆုံးမှု မန္တလေး ဆန္ဒပြသူအချို့ကို ရဲစခန်းခေါ်ယူ

RangonNewsDaily:: October . 28 .2014
အလွတ်သတင်းထောက် ကိုပါကြီး (ခေါ်) ကိုအောင်ကျော်နိုင် အသတ်ခံရတဲ့အပေါ် မန္တလေးမှာ ဆန္ဒဖော်ထုတ်ရာမှာ ပါဝင်တဲ့ ကိုသိန်းအောင်မြင့်ကို ရဲစခန်းက လာရောက်ဖို့ ဖုန်းဆက်အကြောင်းကြားခဲ့တယ်လို့ သူက ပြောပါတယ်။
အောင်မြေသာဇံမြို့နယ် ရဲစခန်းကဆိုပြီး နေလယ် ၁၂ နာရီလောက်က ဖုန်းနဲ့ ဆက်သွယ် အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်တွင် အခြေစိုက်၍ ကျပ်တစ်သောင်းတန်အတုထုတ်လုပ်မှု မြန်မာသုံးဦးကိုစစ်ဆေးနေ

RangonNewsDaily:: October . 28 .2014
တရုတ်နိုင်ငံတွင် အခြေ စိုက်၍ မြန်မာငွေတစ်သောင်း တန်အတုများထုတ်နေသူအချို့ ကို မြန်မာနှင့် တရုတ်ရဲတပ်ဖွဲ့ ပူးပေါင်းဖမ်းဆီးကာ ယင်းအမှုနှင့် ပတ်သက်နေသော မြန်မာနိုင်ငံ သားသုံးဦးကို စစ်ဆေးနေကြောင်း နေပြည်တော် ငွေကြေးစုံစမ်း ထောက်လှမ်းရေးအဖွဲ့မှ သတင်း ရရှိသည်။

လွှတ်တော်လေ့လာရေးအဖွဲ့ စီးလာသော ကားမှောက် လူတစ်ဦးသေ၊ ၂၄ဦးဒဏ်ရာရ

RangonNewsDaily:: October . 28 .2014
နေပြည်တော်သို့ လွှတ် တော်လေ့လာရေးခရီးသွားသည့် ကရင်နီပြည်လူငယ်များသမဂ္ဂ (UKSY) အဖွဲ့ စီးနင်းလာသော ကားမှာ တပ်ကုန်းမြို့အ၀င်တွင် တိမ်းမှောက်၍ တစ်ဦးသေဆုံးပြီး ၂၄ ဦးဒဏ်ရာရခဲ့ကြောင်း သတင်း ရရှိသည်။

ဧရာဝတီတိုင်းဒေသကြီးမော်ကျွန်းတွင် ဓာတ်ကြိုးပြတ်ကျ၍ လေးဦးသေဆုံး

RangonNewsDaily:: October . 28 .2014
ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ် ကျွဲခြံကျုံလမုရွာတွင် အောက်တိုဘာလ ၂၅ ရက်နေ့က ရွာတွင်း ပေးဝေလျက်ရှိသော လျှပ်စစ်ဓာတ်ကြိုး ပြတ်ကျ၍ လူလေးဦး သေဆုံးကြောင်း အဆိုပါကျေးရွာနေ ဒေသခံများထံမှ သိရသည်။

ကိုပါကြီးသေဆုံးမှု မန္တလေးတွင်ဆန္ဒပြ


RangonNewsDaily:: October . 28 .2014
မန္တလေး အခြေစိုက် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ ၅၀ ကျော်က သတင်းထောက်ကိုပါကြီး
သေဆုံးမှု အမှုမှန် ဖော်ထုတ်ပေးရန် မန္တလေးမြို့ ၂၆ လမ်းနှင့်လမ်း ၈၀ ထောင့်တွင်
ယမန်နေ့ ညနေ ၆ နာရီခန့်က ဆန္ဒဖော်ထုတ်ကြကြောင်း မန္တလေးဧရာဝတီ သတင်းထောက်က သတင်းပေးပို့သည်။

သတင်းထောက်ကိုပါကြီးအသတ်ခံရမှုမန္တလေးတွင်ဆန္ဒပြ


RangonNewsDaily:: October . 28 .2014
မန္တလေး အခြေစိုက် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ ၅၀ ကျော်က သတင်းထောက်ကိုပါကြီး
သေဆုံးမှု အမှုမှန် ဖော်ထုတ်ပေးရန် မန္တလေးမြို့ ၂၆ လမ်းနှင့်လမ်း ၈၀ ထောင့်တွင် ယနေ့
ညနေ ၆ နာရီခန့်က ဆန္ဒဖော်ထုတ်ကြသည်။

ကိုပါကြီးသေဆုံးမှု အမှုဖွင့်ခွင့်ရပြီး မိသားစုမပါဘဲ အလောင်းဖော်ရန် ပြင်ဆင်


RangonNewsDaily:: October . 28 .2014
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် စစ်တပ်၏ ဖမ်းဆီးထိန်းသိမ်းခံနေရစဉ်ကာလအတွင်း သေဆုံးသွားသော သတင်း ထောက် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီးအမှုနှင့်ပတ်သက်၍ ဇနီးဖြစ်သူ ဒေါ်သန္တာ၏ တိုင်တန်းချက်ကို ကျိုက်မရော မြို့နယ်ရဲစခန်းက လက်ခံအမှုခွင့်ပေးလိုက်ပြီး မိသားစုမပါဘဲ အလောင်းဖော်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရှိရသည်။

ရွှေမြန်မာနှင့် Tigerair ပူးပေါင်း၍ စင်ကာပူ- ရန်ကုန် လေကြောင်း လိုင်းသစ်ပြေးဆွဲ

RangonNewsDaily:: October . 28 .2014
ရွှေမြန်မာလေကြောင်းလိုင်း(Golden Myanmar Airline) နှင့် စင်ကာပူ အခြေစိုက် Tigerair ပူးပေါင်း၍ စင်ကာပူ- ရန်ကုန် တိုက်ရိုက်ပြေးဆွဲသည့်ခရီးစဉ်ကို ယမန်နေ့က စတင်လိုက်ကြောင်း သိရသည်။ 

ရန်ပုံငွေပွဲတွင် ခိုက်ရန် ဖြစ်ပွားသော သရုပ်ဆောင်နှင့် လူရွှင်တော်များကို ပရိသတ် ဝေဖန်

RangonNewsDaily:: October . 28 .2014
မြန်မာနိုင်ငံ မသန်စွမ်း အဖွဲ့ချုပ်ရန်ပုံငွေ ဘောလုံးပြိုင်ပွဲ ကို ပရဟိတပွဲအဖြစ် ကျင်းပခဲ့ သော်လည်း ဗိုလ်လုပွဲတွင် နှစ်ဖက် ကစားသမားများ အချေအတင် ဖြစ်ပွား၍ ပွဲကိုခေတ္တရပ်နားခဲ့ရ သောကြောင့် ကြည့်ရှုသည့် ပရိသတ်များက ဝေဖန်ခဲ့ကြသည်။
::
ဗိုလ်လုပွဲတွင် လူရွှင်တော်အသင်းနှင့် ဘိုင်စကုပ် အသင်းတို့ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်ပြီး ပွဲချိန် ၂၅ မိနစ်ခန့်တွင် နှစ်ဖက်ဘောလုံးသမား အချင်းချင်း ခိုက်ရန်ဖြစ်ပွားမှုများ ဖြစ်ပွားခဲ့၍ ဘောလုံးပွဲကို ဆယ်မိနစ်ခန့် ရပ်နားခဲ့ရခြင်းဖြစ်သည်။
ထို့အပြင် ဒုတိယပိုင်း ကစားချိန်တွင် လူရွှင်တော်အသင်းဘက်ကို ပြစ်ဒဏ်ဘော ပေးခဲ့သောကြောင့် အဆိုပါ အသင်း ဦးဆောင်သူအချို့ ကွင်းအတွင်းဝင်ရောက်မှုများရှိခဲ့သည်။
::
ပရဟိတ အလှူပွဲအနေဖြင့် ကျင်းပသော ပြိုင်ပွဲဖြစ်ပြီး ရုပ်သံ မှ တိုက်ရိုက်လွှင့်ပေးသော်လည်း အထက်ပါကဲ့သို့ ခိုက်ရန်ဖြစ်ပွားခဲ့၍ပရိသတ်များက ဝေဖန်ခဲ့ကြခြင်းဖြစ်သည်။

ပရဟိတပွဲဖြစ်သည့်အပြင် အနုပညာရှင်များသည် ပရိသတ်အထင်ကြီး အားကျရသူများဖြစ်သောကြောင့် ယခုကဲ့သို့ မဖြစ်သင့်ကြောင်း အသက် (၂၀) ကျော်အရွယ်ပရိသတ်တစ်ဦးက ပြောသည်။
::
‘‘တကယ်တမ်း ပြောရရင် ဒီပွဲက ရန်ဖြစ်ရလောက်အောင် ဘာမှ အရေးကြီးတဲ့ပွဲ မဟုတ်ပါ ဘူး။ ရန်ပုံငွေရှာရုံသက်သက်ပါ။ ကန်ကြတာကလည်း သူများတွေ မဟုတ်ဘူး။ အနုပညာ ညီအစ်ကို တွေပါ။ SKY NET ကလည်း တိုင်းပြည်ကို တိုက်ရိုက်ပြနေတာ။ ရန်ဖြစ်လိုက်ကြတာ ရွံဖို့တောင် ကောင်းတယ်။ အနိုင်မခံ အရှုံးမ ပေးစိတ်ဓာတ်ကို ကြိုက်ပါတယ်။
ဒီပွဲက အားကစားလို့ အမည်တပ် ထားပေမယ့် ဖျော်ဖြေပွဲတစ်ခုပါ။ ဒါကိုတောင် နားမလည်နိုင်ဘဲ ရူး တာ။ မရှက်ကြဘူးလားမသိဘူး။ သူတို့ကိုယ်သူတို့ ကမ္ဘာ့ဖလားကန် နေတာများ ထင်နေကြတာလား မသိဘူး။ မင်းသားတွေက ပိုနား လည်သင့်တာပေါ့။
::
ပရိသတ်က ရှုံးတာ၊ နိုင်တာ အဓိကထားကြည့် တာမှမဟုတ်ဘဲ။ ပျော်ချင်လို့၊ သူ တို့ ကြိုက်တဲ့ မင်းသားတွေကို ကြည့်ချင်လို့ ကြည့်တာဆိုတာ မ သိတာ အံ့ပါရဲ့။ အခုကန်တဲ့အ ထဲက တစ်ယောက်မှ လက်ရွေး စင်မရွေးဘူးဆိုတာ မသိတာ ရှက် ဖို့ကောင်းပါတယ်’’ ဟု တင့်ဆွေ အမည်ဖြင့် ဖေ့စ်ဘွတ်ခ်သုံးစွဲသူ တစ်ဦးက မှတ်ချက်ပေးသည်။

‘‘မဖြစ်သင့်ပါဘူး။ နောက် နေ့ပြန်တွေ့ရင် ဘယ်လိုမျက်နှာ နဲ့တွေ့မှာလဲ’’ ဟု ပရိသတ်တစ်ဦးက မှတ်ချက်ပြုသည်။
::
ယင်းကဲ့သို့ ဖြစ်ပွားရခြင်းမှာ လူရွှင်တော်အသင်းဘက်၌ လူရွှင် တော်မဟုတ်သည့် ကစားသမား များပါဝင်ခဲ့သောကြောင့် မပြေ လည်မှုများ စတင်ခဲ့ခြင်းဖြစ်သည် ဟု ဘိုင်စကုပ်အသင်းသားအချို့ က ဆိုသည်။
သို့သော် ဘောလုံးပွဲကို ပွဲ ပြီးသည်အထိ ကျင်းပနိုင်ခဲ့ပြီး လူ ရွှင်တော်အသင်းက ဘိုင်စကုပ်အ သင်းကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင် ရရှိခဲ့သည်။
::
လာရောက်ကြည့်ရှုသည့် ပရိသတ်အများစုက လူရွှင်တော် အသင်းကို အားပေးခဲ့ကြပြီး ဘိုင် စကုပ်အသင်းဘက်မှ ကစားသ မားများကို နာမည်တပ်၍ ဆဲဆို မှုများလည်း ရှိခဲ့သည်။

သို့သော်လည်း ဘိုင်စကုပ် အသင်းဘက်မှ ဂိုးသမား နာသွား ၍ လူစားဝင်ကစားခဲ့သည့် နေတိုးကိုမူ လာရောက်ကြည့်ရှုသည့် ပရိသတ်များက နေတိုး၏အမည်ကို သံပြိုင်အော်၍ အားပေးခဲ့ကြသည်။ အဆိုပါ ပြိုင်ပွဲတွင် အသင်း လေးသင်း ပါဝင်ကစားခဲ့ပြီး တတိ ယနေရာလုပွဲကို အောက်တိုဘာ ၂၆ ရက်က ပထမပွဲစဉ်အနေဖြင့် ကစားခဲ့ရာ မော်ဒယ်အသင်းက ဂီတအသင်းကို ငါးဂိုးတစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

7 Day ::--KOLATT(PBDN)
RangonNewsDaily


အင်းစိန်မြို့နယ်အတွင်း ၂၄ နာရီဖွင့်သော ဈေးဆိုင်ကို အမျိုးသားသုံးဦး ဓားထောက်လုယက်

RangonNewsDaily:: October . 28 .2014
အင်းစိန်မြို့နယ်အတွင်း ၂၄ နာရီဖွင့်လှစ်သော အိမ်ဆိုင် အတွင်းသို့ အမျိုးသားသုံးဦး ၀င်ရောက်ကာ ပိုင်ရှင်ကိုဓားထောက်ပြီး ခြိမ်းခြောက်လုယက်မှု အောက်တိုဘာ ၂၄ ရက်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။