Pages

Saturday, October 11, 2014

တရုတ်နိုင်ငံ အနောက်မြောက်ဒေသ ရှန်းဇီ ပြည်နယ်တွင် ရထားလမ်းလုပ်ငန်းခွင် မြေပြို၊ ၁၉ ဦး သေဆုံး


RangonNewsDaily:: October . 11 .2014
တရုတ်နိုင်ငံ အနောက်မြောက်ဒေသ ရှန်းဇီ ပြည်နယ်မှာ အောက်တိုဘာ ၁၀ ရက်နေ့ ညနေပိုင်းက ရထားလမ်း ဆောက်လုပ်ရေးလုပ်ငန်းအတွင်း မြေပြိုမှုဖြစ်ပြီး လူအနည်းဆုံး ၁၉ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရသွားပါတယ်။

ကော့ကရိတ်-မြဝတီလမ်း အလယ်ဗိုလ်တဲတွင် လက်နက်ကြီးကျ နှစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

RangonNewsDaily:: October . 11 .2014
ကရင်ပြည်နယ်၊ ကော့ကရိတ်မှ မြဝတီသို့ သွားသည့် လမ်းမကြီးပေါ် အလယ်ဗိုလ်တဲဟု ခေါ်သည့်နေရာတွင် အောက်တိုဘာ ၁၁ရက် နေ့လည်ပိုင်းက လက်နက်ကြီး ကျခဲ့၍ လူနှစ်ဦး သေဆုံးခဲ့ပြီး ၁ဦး ဒဏ်ရာရခဲ့သည်ဟု ကော့ဂရိတ် ဆေးရုံကြီးရှိ ဆရာဝန်တစ်ဦးက မဇ္ဈိမကို ပြောသည်။

သေဆုံးသွားသောမြန်မာ လေယာဉ်မှူး၏ ကျန်ရစ်သူမိသားစုကို တစ်သက်တာထောက်ပံ့

RangonNewsDaily:: October . 11 .2014
 သေဆုံးသွားသော မြန်မာလေယာဉ်မှူး၏ ကျန်ရစ်သူမိသားစုများကို ထူးဖောင်ဒေးရှင်းက တစ်သက်တာ ထောက်ပံ့ကြေး ပေးအပ်မည်ဖြစ်သည်။

ရန်ကုန်မြို့တစ်ဖက်ကမ်း ဒလမြို့တွင် ရေဝေးသုသာန်ကဲ့သို့ သုသာန်ကြီးတစ်ခု စတင်တည်ဆောက်မည်

RangonNewsDaily:: October . 11 .2014
ရန်ကုန်တစ်ဖက်ကမ်း ဒလမြို့၏ လူဦးရေတိုးတက်မှုနှင့် ဖွံ့ဖြိုးလာမည့် အခြေအနေများကိုမျှော်မှန်း၍ ရေဝေးသုသာန်ကဲ့သို့ သုသာန်ကြီးတစ်ခုကို ယခုဘဏ္ဍာနှစ်မှ စတင်တည်ဆောက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ သိရသည်။

စိတ်ချမ်းသာရင်ချမ်းသာသလို၊ စိတ်ဆင်းရဲရင်ဆင်းရဲသလို တစ်ယောက်တည်းနေတတ်အောင် နေတော့မယ့် ခင်ရူပ


RangonNewsDaily:: October . 11 .2014
ခုနောက်ပိုင်း အနုပညာလောကမှာ မနားတမ်းလျှောက်လှမ်းလာခဲ့တဲ့ ခင်ရူပ ဆိုတဲ့ ကောင်မလေးဟာ ပရိသတ်လက်ခံအားပေးမှုကြောင့် ခုဆိုရင် သရုပ်ဆောင်လောကမှာ နေရာတစ်နေရာ ရလာခဲ့ပါပြီ။ ဇာတ်ကားတွေထဲမှာထက် အပြင်မှာ ပိုလှတယ်လို့ ပြောကြတဲ့ ခင်ရူပက အဲ့ဒီအကြောင်းကို “အဲဒါ အသားမကျသေးတာလည်း ပါမယ် ထင်တယ်။

ဒီမိုကရေစီတူဒေး သတင်းစာ ဖြန့်ချိရေးဝန်ထမ်း သုံးဦး ယာဉ်မတော်တဆမှုကြောင့် သေဆုံး

RangonNewsDaily:: October . 11 .2014
ဒီမိုကရေစီတူဒေး နေ့စဉ်ထုတ်သတင်းစာရဲ့ ဖြန့်ချိရေးဝန်ထမ်း သုံးဦးဟာ အောက်တိုဘာလ ၁၀ ရက် နံနက် ၄ နာရီခွဲအချိန်မှာ မြောက်ဥက္ကလာပမြို့နယ်မှာ ယာဉ်မတော်တဆဖြစ်လို့ သေဆုံးသွားတယ်လို့ ဝေဘာဂီ နယ်မြေ ရဲစခန်းဆီကနေ စုံစမ်း သိရှိရပါတယ်။

သီတင်းကျွတ် ဗျောက်အိုးခွဲ ဆော့ကစားရာမှ လူနေအိမ် မီးစက်ကူးလောင်

RangonNewsDaily:: October . 11 .2014
စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ မောက်တက်ကျေးရွာတွင် အောက်တိုဘာ ၉ ရက် နေ့လည် ၂ နာရီ ၄၀ မိနစ်အချိန်က သီးတင်းကျွတ် ဗျောက်အိုးဖောက် ဆော့ကစားရာမှ လူနေအိမ်တစ်လုံး မီးကူးစက် လောင်ကျွမ်းခဲ့သည်ဟု စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမင်းစမ်းအေးက ပြောသည်။

န၀ဒေး တံတား အနီးရွှေ့တောင် ခလရ ၁၄ မှ မိသားစုဝင် ဘုရားဖူးကား တိမ်းမှောက်



RangonNewsDaily:: October . 11 .2014
သီတင်းကျွတ်လပြည့်နေမနက်ပိုင်းကပြည်မြို့တစ်ဖက်ကမ်းရှိ ရွှေဘုံသာမုနိဘုရားအသွားလမ်း န၀ဒေး တံတား အနီး ဘုရားဖူးဒိုင်နာကားတစီး တိမ်းမှောက်မှုဖြစ်ပွားခဲ့လို့ ယာဉ်မောင်းအပါအ၀င် လူ(၂၀)ဦး ဒဏ်ရာရရှိသွားကြောင်းသိရသည်။ 

သုံးခွမြို့နယ်တွင် လေပြင်းတိုက်ခတ်သဖြင့် တဲအိမ်များပျက်စီး



RangonNewsDaily:: October . 11 .2014
၉.၁၀.၂၀၁၄ရက်နေ့ ၀၂၀၀ အချိန်မှ ၀၄၀၀အချိန်အထိ သုံးခွမြို့နယ်၊ သမစိတ္တ
ကျေးရွာအုပ်စု၊ ဆားတလင်းကျေးရွာတွင် လေပြင်းတိုက်ခတ်ခဲ့သဖြင့် အဆိုပါ
ကျေးရွာ၊ ပင်လယ်ကမ်းစပ်အနီးရှိ ရေလုပ်သားများနေထိုင်သောတဲအိမ်များပျက်စီး
သွားခဲ့ကြောင်း သိရှိရသည်။

တောင်ကြီးမြို့ပေါ်တွင် ချိန်ကိုက်ဗုံး ဆက်တိုက်ပေါက်ကွဲမှုကြောင့် တန်ဆောင်တိုင် မီးထွန်းပွဲတော် ၏ လုံခြုံရေးကို ယခင်နှစ်ထက် နှစ်ဆတိုးမြှင့်မည်

RangonNewsDaily:: October . 11 .2014
ရှမ်းပြည်နယ် တောင်ကြီးမြို့ပေါ်တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ချိန်ကိုက်ဗုံး သုံးလုံးဆက်တိုက် ပေါက်ကွဲမှုကြောင့် နှစ်စဉ်ကျင်းပသော အထင်ကရပွဲတော်တစ်ခုဖြစ်သည့် တောင်ကြီးတန်ဆောင်တိုင် မီးထွန်းပွဲတော်တွင် လုံခြုံရေးဆောင်ရွက်ချက်များကို ယခင်နှစ် ပွဲတော်ကာလထက် နှစ်ဆတိုးမြှင့်မည်ဖြစ်ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းထွန်းက ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်တွင် ရထားနှင့် ကားတိုက်မိ၊ နှစ်ဦးသေဆုံး


RangonNewsDaily:: October . 11 .2014
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် မီးရထားသံလမ်းမိုင်တိုင် အမှတ် (၂၇၁/၁၅) နှင့် (၂၇၁/၁၆ )ကြား တံတားအမှတ် ပေ ၅၁ဝ အုတ်ပြွန် တံတားအနီး၌ အောက်တိုဘာ ၉ ရက် နံနက် ၁ဝ နာရီ ၃၅ မိနစ်က လက်ပံကုန်းရွာမှ ရမည်းသင်းမြို့ဘက်သို့လာသည့် လှည်းလမ်းကူးနေရာတွင် မန္တလေးမှ ရန်ကုန်သို့ထွက်ခွာလာသည့် စက်ခေါင်းအမှတ် (DF1317)အမှတ်(၁၂) အစုန်အမြန်ရထားနှင့် မိတ္ထီလာမြို့နေ ချစ်ကောင်း မောင်းနှင်သည့် ဒိုင်နာ အဖြူရောင်ယာဉ်မှာ ရထားသံလမ်းဖြတ်ကူးစဉ် တိုက်မှုဖြစ်ပွားခဲ့သည်။

၂၀၁၄ ခုနှစ်၊ နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို မာလာလာနှင့် ကိုင်လက်ရှ်တို့ ပူးတွဲဆွတ်ခူး


RangonNewsDaily:: October . 11 .2014
ယခုနှစ်၏ နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို မာလာလာ ယူဆွတ်ဖ်ဇိုင်နှင့် ကိုင်လက်ရှ် ဆတ်ယာသီတို့က ပူးတွဲ ဆွတ်ခူးသွားခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာလုပ်သားနှစ်ဦးကိစ္စ ရန်ကုန်မြို့ နှစ်နေရာတွင် ဆန္ဒပြ

RangonNewsDaily:: October . 11 .2014
ဗြိတိန်စုံတွဲအသတ်ခံရမှုဖြင့် တရားခံဟုစွပ်စွဲခံရသော မြန်မာလုပ်သားနှစ်ဦး ဖမ်းဆီးခံရခြင်းနှင့်ပတ်သက်၍ မြန်မာလူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်မှ ဦးနေမျိုးဇင်က ရန်ကုန်မြို့၌ လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ပြီး အချက်နှစ်ချက်တောင်းဆိုခဲ့သည်။

မန္တလေးတိုင်းအတွင်း လျှပ်စစ် ခိုးသုံးသူများကို စိစစ်ရေးအဖွဲ့ဖြင့် စစ်ဆေးမည်

RangonNewsDaily:: October . 11 .2014
မန္တလေးတိုင်းအတွင်းတွင် လျှပ်စစ်မီးများကို မီတာခပေးဆောင်ခြင်း မရှိဘဲ ခိုးယူသုံးစွဲသည့် အရေအတွက် လျော့ကျသွားစေရေးအတွက် စိစစ်ရေးအဖွဲ့ ဖွဲ့စည်း၍ စစ်ဆေးမှုများကို တိုးမြှင့်ပြုလုပ်သွားမည်ဖြစ် ကြောင်း၊ တိုင်းအစိုးရအဖွဲ့ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးကျော်မြင့်က မဇ္ဈိမကို ပြောသည်။

စာပေနိုဘယ်ဆုကို ပြင်သစ်စာရေးဆရာ ပက်ထရစ်မိုဒီယန်နို ဆွတ်ခူး


RangonNewsDaily:: October . 11 .2014
စတော့ဟုမ်းတွင် ဆွီဒင်အကယ်ဒမီက ကြေညာခဲ့ရာ၌ မစ္စတာ မိုဒီယန်နို၏ စာပေလက်ရာများတွင် လူသားတို့၏ ဖမ်းဆုပ်ရန် အခက်ခဲဆုံးသော ဘဝကံကြမ္မာများ ပေါ်လွင်လာအောင် ဖန်တီးရေးသားနိုင်စွမ်းကို ဖော်ပြခဲ့သည်။