Pages

Thursday, October 9, 2014

သီတင်းကျွတ် လပြည့်နေ့


RangonNewsDaily:: October . 8 .2014
ထေရ၀ါဒ ဗုဒ္ဓဘာသာ၏ အထွဋ်အမြတ် နေ့ဖြစ်သော သီတင်းကျွတ် လပြည့်နေ့ တွင် ရွှေတိဂုံ စေတီတော်တွင် ဘုရားဖူး လာကြသော ပြည်သူများနှင့် စည်ကားနေ သည်ကို ဧရာဝတီ သတင်းထောက် သော်ဟိန်းထက်က မှတ်တမ်း တင်ထား ပါသည်။

သန္ဓေတားဆေး အဖြစ် အာလူးကို အသုံးပြုခဲ့ရာမှ လိင်အင်္ဂါတွင် အာလူးပင်ပေါက်


RangonNewsDaily:: October . 8 .2014
ကိုလံဘီယာ နိုင်ငံက အသက် (၂၂)နှစ်အရွယ် အမျိုးသမီး တစ်ဦးဟာ မိခင်ဖြစ်သူရဲ့ အကြံပေး မှုကြောင့် အာလူးကို သန္ဓေတားဆေး အဖြစ် အသုံးပြုခဲ့ တာမို့ ဒုက္ခတွေ့ခဲ့ ရတယ်လို့ သိရပါတယ်။ ဒီလို အသုံးပြုခြင်းကြောင့် အဲဒီအမျိုးသမီးဟာ ဗိုက်အောင့် ဝေဒနာကို ပြင်းထန်စွာ ခံစားခဲ့ ရပါ တယ်။ ဒီ အမျိုးသမီးဟာ ဗိုက်အောင့် ဝေဒနာကြောင့် ဆေးရုံကို ရောက်ရှိလာ ပြီးနောက် အာလူးကို သန္ဓေတားဆေး အဖြစ် အသုံးပြု တာကို သိရှိခဲ့ရ ခြင်းဖြစ်ပါတယ်။

တစ်နာရီ မိုင်ခြောက်ဆယ်နှုန်းကို 3-စက္ကန့်သာလိုတဲ့ Corvette Z06


RangonNewsDaily:: October . 8 .2014
Chevrolet ရဲ့လှပပြီး စွမ်းအားမြင့် ပြိုင်ကား 2015 မော်ဒယ်သစ် Corvette Z06 ဟာ
တစ်နာရီ မိုင်ခြောက်ဆယ် နှုန်းကို 3 စက္ကန့်ထက် မပိုတဲ့အချိန်တွင်းတင်နိုင်တယ်လို့တရား
ဝင် ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။

ဝေးလ်စ်တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆု ဂါရတ်ဘေးလ် လေးကြိမ်မြောက် စံချိန်တင်ရရှိ


RangonNewsDaily:: October . 8 .2014
ရီးရဲလ်မက်ဒရစ်၏ တောင်ပံကစားသမား ဝေးလ်စ် လက်ရွေးစင် ဂါရတ်ဘေးလ်သည် ကစားသမားဘဝတွင် လေးကြိမ် မြောက်အဖြစ် ဝေးလ်စ်တစ်နှစ် တာ အကောင်းဆုံးဘောလုံးသ မားဆုကို ဆွတ်ခူးခဲ့သလို ပရိ သတ်များ ရွေးချယ်သည့် တစ်နှစ် တာ အကောင်းဆုံးဘောလုံးသ မားဆုကိုလည်း ရရှိခဲ့သည်။

မင်္ဂလာဆောင်ပြီး မိနစ်ပိုင်းမှာပင် သတို့သမီးကို သတို့သားက သတ်ပစ်


RangonNewsDaily:: October . 8 .2014
အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ်တွင် ကျင်းပနေသည့် မင်္ဂလာဆောင်အခမ်းအနားတွင် သတို့ သားဖြစ်သူ မေ့ဆေးဆရာဝန်ဂျော့စကော့ဆမ်ဆွန်နှင့်သတို့ သမီး သူနာပြု ဖြစ်သူ ကယ်ရီအက်ကာ တို့နှစ်ဦး စကားခွန်းကြီးခွန်း ငယ်များကြ၍ ဧည့်ပရိသတ်များ ထွက်ခွာ သွားကြပြီး မကြာမီ အချိန် ပိုင်းလေးမှာပင် သတို့သား စကော့က သတိုးသမီးကယ်ရီကို သေနတ်ဖြင့် ပစ်သတ်ကာ ကိုယ်ကိုကိုလည်း အဆုံးစီရင်သွားသည်။

ကမ္ဘာကျော်ရုပ်ရှင်ထုတ်လုပ်သူ Lord Puttnan ဗြိတိသျှ ဝန်ကြီးချုပ်၏ Trade Envoy အဖြစ် မြန်မာနိုင်ငံလာမည်


RangonNewsDaily:: October . 8 .2014
ကမ္ဘာ ကျော်ရုပ်ရှင်ဇာတ်ကားများကို ထုတ် လုပ်ခဲ့သူ Lord Puttnan သည် ဗြိ တိသျှဝန်ကြီးချုပ်၏ Trade Envoy အဖြစ် မြန်မာနိုင်ငံသို့ လာရောက် မည်ဖြစ်ကြောင်း သိရသည်။

တယ်လီနောဆင်းမ်ကတ်များကို အောက်တိုဘာ ၁၃ရက် နောက်ပိုင်းမှသာ ရန်ကုန်တွင် စတင်ရောင်းမည်

RangonNewsDaily:: October . 8 .2014
တယ်လီ နောမှဆင်းမ်ကတ်များကို အောက်တို ဘာ ၁၃ရက်နေ့ နောက်ပိုင်းမှသာ ရန်ကုန်တွင် စတင်ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။

ကပ္ပလီ ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ Hud hud ဆိုင်ကလုန်း သတိပေးချက် ထုတ်ပြန်

RangonNewsDaily:: October . 8 .2014
မြန်မာနိုင်ငံ တောင်ဘက် ကပ္ပလီ ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ ပိုမို အားကောင်းလာပြီး ဆိုင်ကလုန်း မုန်တိုင်းအဖြစ် ဒီကနေ့ ဗုဒ္ဓဟူးနေ့ ညနေပိုင်းက ပြောင်းလဲသွားခဲ့ပါတယ်။

မီးရှူးမီးပန်းကြောင့် လသာမြို့နယ်ရှိ သံဈေးဆိုင်ခန်း မီးလောင်


RangonNewsDaily:: October . 8 .2014
မီးရှူးမီးပန်းဖောက်ရာမှ မီးပန်း ဆိုင်ထဲဝင်ကာ ရန်ကုန်မြို့ လသာမြို့နယ်ရှိ သံဈေး ပထမထပ်ရှိ ပန်းကန်ဆိုင် မီးလောင်မှု အောက်တိုဘာ ၈ရက် ည ၆နာရီ ၄၅မိနစ်က ဖြစ်ပွားခဲ့စဉ်။ 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်ရေကြည်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်နှင့် စာသင်ကျောင်းများပျက်စီး


RangonNewsDaily:: October . 8 .2014
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်ရေကြည်မြို့နယ်တွင် အောက်တိုဘာ ၆ ရက် နံနက် ၃ နာရီ ခန့်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၅၉ လုံး အမိုးလန်ပျက်စီးခဲ့ကာ စာသင်ကျောင်း နှစ်ကျောင်းလည်း ပျက်စီးသွားကြောင်းသိရသည်။

မန္တလေးခရိုင်၌ ကိုးလအတွင်း ယာဉ်တိုက်မှု ကြောင့် သေဆုံးသူ ၁၃၀ ကျော်ရှိ

Photo ::Mandalay-Motorcycle-Accident
မန္တလေးခရိုင်အတွင်း ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မှုအပြီး အပျက်အစီးများကို တွေ့ရစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ)

RangonNewsDaily:: October . 8 .2014
မန္တလေးခရိုင်၌ နေ့စဉ်ယာဉ်တိုက်မှုများ ဖြစ်ပွားခဲ့ပြီး အဆိုပါဖြစ်စဉ်များကြောင့် သေဆုံးသူ ၁၃၀ ကျော်ရှိခဲ့ကြောင်း အမှတ် (၁၁)၊ ယာဉ်ထိန်းရဲဒု-တပ်ဖွဲ့ခွဲမှူးရုံး၏ ၂၀၁၄ ဇန်နဝါရီမှ စက်တင်ဘာလ
အထိ လချုပ် ယာဉ်တိုက်မှုမှတ်တမ်းများတွင် ဖော်ပြထားသည်။

လာမည့်ပညာသင်နှစ်တွင် လက်ရှိသူငယ်တန်း သင်ကြားမှုစနစ်ဖျက်သိမ်းမည်

RangonNewsDaily:: October . 8 .2014
လာမည့် ပညာသင်နှစ်တွင် သူငယ်တန်းများ နေရာ၌ Kindergarten-KG တန်းကို အစားထိုး သင်ကြားသွားမည်ဖြစ်ပြီး တစ်နိုင်ငံလုံးတွင် ကလေး ၁ ဒသမ ၅ သန်းခန့်ဖြင့် စတင်သင်ကြားနိုင် ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။