Pages

Sunday, July 27, 2014

NCCT အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး စတင်


RangonNewsDaily:: July . 26 .2014
တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT) အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး ပထမနေ့ကို ဇူလိုင် ၂၅ ရက်က ကချင်ပြည်နယ် လိုင်ဇာမြို့၌ စတင်ကျင်းပရာ NCCT အဖွဲ့ဝင် တိုင်းရင်းသားအဖွဲ့အစည်း ၁၆ ဖွဲ့မှ ကိုယ်စားလှယ်များနှင့် လေ့လာသူ စုစုပေါင်း တစ်ရာကျော် ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် မူကြမ်းအပေါ် အခန်းလိုက် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

ခုနစ်နှစ်သမီးကို အုပ်စုဖွဲ့ အဓမ္မကျင့် သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲခံရသူသုံးဦးကို ကျေးရွာက ဝိုင်းဝန်းတိုက်ခိုက်၊ တစ်ဦးသေ နှစ်ဦး ပြင်းပြင်းထန်ထန်ဒဏ်ရာရ

RangonNewsDaily:: July . 26 .2014
အိန္ဒိယနိုင်ငံတွင် အသက်ခုနစ် နှစ်အရွယ် မိန်းမငယ်တစ်ဦးအား အုပ်စုဖွဲ့ အဓမ္မကျင့်ကာ ကြိုးဆွဲချ သတ်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသော လူ သုံးဦးကို ရွာသားများက ဝိုင်း၍တိုက် ခိုက်ခဲ့ရာ တစ်ဦးသေဆုံးခဲ့ရပြီး ကျန် နှစ်ဦးမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

လွှတ်တော်အမတ် တစ်ဦးချင်းဆိုင်ရာ အချက်အလက်များကို ထည့်သွင်း တည်ဆောက်ထားသော Mobile App ထွက်ရှိ


RangonNewsDaily:: July . 26 .2014
တရားဝင်လွှတ်တော် အမတ်တစ်ဦးချင်းဆိုင်ရာ အချက်အလက်များကို ထည့်သွင်းတည်ဆောက်ထားသော Mobile App ထွက်ရှိလာကြောင်း သိရသည်။ အဆိုပါ Mobile App သည် Version 2 ဖြစ်ပြီး Version 1 ကို မေလ ၃၀ ရက်တွင် Google Play တွင် တင်ခဲ့ကြောင်း၊

ခရီးသည်တစ်ဦး သောင်းကျန်းမှုကြောင့် ကနေဒါ လေယာဉ်ကို တိုက်လေယာဉ်များ စောင့်ရှောက်ပျံသန်းခဲ့ရ


RangonNewsDaily:: July . 26 .2014
လေယာဉ်ပေါ် လိုက်ပါလာသည့် ခရီးသည် တစ်ဦး၏ ခြိမ်းခြောက် ရန်လိုမှုကြောင့် ကနေဒါ ခရီးသည်တင် လေယာဉ်တစ်စီးကို လေတပ် တိုက်လေယာဉ်များက ခြံရံစောင့်ရှောက်ခဲ့ရကြောင်း သိရှိရသည်။

MECTel 800 MHz ဖုန်းများ ထပ်တိုးဝန်ဆောင်မှုနှစ်ခုလျှောက်နိုင်

RangonNewsDaily:: July . 26 .2014
MECTel 800 MHz မိုဘိုင်းဖုန်းများအတွက် ထပ်တိုးဝန်ဆောင်မှုနှစ်ခုကို စတင်လျှောက်ထားအသုံးပြုနိုင်ပြီဖြစ်ရာ ဇူလိုင် ၂၅ ရက်မှ ၃၁ ရက် အထိ အခမဲ့သုံးစွဲနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရုရှားတီဗီမှ ဗြိတိသျှသတင်းထောက် ယူကရိန်းစစ်တပ်၏ ဖမ်းဆီးခြင်းခံရ

RangonNewsDaily:: July . 26 .2014
ရုရှားရုပ်မြင်သံကြား ချန်နယ် အတွက် လက်နက်ကိုင်ပဋိပက္ခ ဖြစ် နေသည့် ယူကရိန်းမှ သတင်းပေးပို့ နေ

သော ဗြိတိသျှသတင်းထောက်တစ် ဦးသည် ဇူလိုင် ၂၃ ရက်၌ ပျောက်ဆုံး နေကြောင်း၊သူနှင့် တခြားသတင်း
ထောက်တစ်ယောက်တို့သည် ယူက ရိန်းစစ်တပ်၏ ဖမ်းဆီးခြင်းခံရသည် ဟု ရုရှားက စွပ်စွဲလိုက်သည်။

အော်ရီဒူး(မြန်မာ)ဆက်သွယ်ရေးကွန်ရက်စမ်းသပ်မှုများပြုလုပ် သြဂုတ်၁ရက်မှစ၍ မြို့ကြီးသုံးမြို့၌ဆင်းမ်ကတ်များရောင်းချပေးမည်

RangonNewsDaily:: July . 26 .2014
အော်ရီဒူး(မြန်မာ)သည် ¤င်း၏ အရောင်းကိုယ်စားလှယ်များနှင့် မိုဘိုင်းလ်ဆက်သွယ်ရေးကွန်ရက် စမ်းသပ်ခေါ်ဆိုမှုများကို ယမန်နေ့ တွင် စတင်ပြုလုပ်လျက်ရှိပြီး သြဂုတ် ၁ ရက်မှစ၍ မြို့ကြီး သုံးမြို့ဖြစ်သော ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့၌ စတင်ရောင်းချ သွားမည်ဖြစ်ကြောင်း သတင်းထုတ် ပြန်ခဲ့သည်။