Pages

Monday, May 5, 2014

ယူကရိန်း စစ်ဘက်က Mariupol နှင့် Konstantinovka မြို့ များကို ဝင်ရောက် စီးနင်း


RangonNewsDaily: May . 5 .2014
ယူကရိန်းစစ်ဘက်သည် နိုင်ငံအရှေ့တောင်ပိုင်းရှိ Mariupol နှင့် Konstantinovka မြို့များရှိ ရုရှားလိုလားသူ ခွဲထွက်ရေး သမားများ
အား နှိမ်နင်းမှု စစ်ဆင်ရေးကို စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တိုယိုတာ ကုမ္ပဏီမှ မြန်မာတွင် မော်တော်ကားစက်ရုံ တည်ဆောက်မည်


RangonNewsDaily: May . 5 .2014
ဂျပန်နိုင်ငံ အခြေဆိုက် ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် တိုယိုတာ ကားထုတ်လုပ်ရေး ကုမ္ပဏီမှ မြန်မာနိုင်ငံတွင်း ပထမဆုံး စက်ရုံဖွင့်
လှစ်ကာ ရင်းနှီး မြှုပ်နှံ တော့မည် ဖြစ်သည်။

ကိုဥက္ကာကျော်ကို လူလွတ်တစ်ယောက်ဖြစ်ကြောင်း လက်ခံနိုင်လောက်တဲ့ သက်သေနဲ့ယုံကြည်အောင်ရှင်းပြထားနိုင်လို့ စေ့စပ်ခဲ့တာပါဟု ဆုပန်ထွာ ရှင်းလင်း

RangonNewsDaily: May . 5 .2014
ယခုတစ်ပတ်အတွင်း ပရိသတ်စိတ် ဝင်စားလျက်ရှိသော ထိပ်တန်းကိစ္စရပ်များထဲတွင် သရုပ် ဆောင်မင်းသမီးဆုပန်ထွာ၏ အိမ်
ထောင်ရေးကိစ္စလည်း တစ်ခုအပါအဝင် ဖြစ်ခဲ့သည်။တစ်ဖက်ကာယကံရှင် များက နိုင်ငံပိုင်သတင်းစာများတွင် အပြန်အလှန်ကြေ ညာခဲ့ပြီးနောက်ပိုင်း မင်းသမီးဆုပန်ထွာအနေဖြင့် မည်သို့ တုံ့ပြန်ပြောဆိုမည်ဆိုခြင်းကို နောက်ဆက်တွဲ သိချင် ဆန္ဒပြင်းပြနေကြ
လျက်ရှိသည်။ ထို့ကြောင့် ယနေ့ မွန်းလွဲပိုင်းက မြရိပ်ညိုဟိုတယ်အနီးရှိ Vape City ဆိုင် သို့သွားရောက်ကာ မင်းသမီးဆုပန်ထွာနှင့် တွေ့ဆုံခဲ့ ပါသည်။

အဝေးပြေးလမ်း မတော်တဆမှု များလာသောကြောင့် ခရီးသည်တင်ယာဉ်များ အလုံးစုံ အာမခံထားသင့်ဟုဆို


RangonNewsDaily: May . 5 .2014
အဝေးပြေးလမ်းတွင် မတော်တဆမှု များလာသောကြောင့် ယာဉ်လိုင်းပေါင်းစုံမှ ခရီးသည် တင်ယာဉ်အားလုံး မော်တော်ယာဉ် အလုံးစုံ အာမခံထားသင့်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။

မိုဘိုင်းဖုန်း ဆက်သွယ်ခေါ်ဆိုမရမှု မြို့ကြီးများအပြင် နယ်မြို့များ၌ ကြုံတွေ့နေရ

RangonNewsDaily: May . 5 .2014
မိုဘိုင်းဖုန်းများလိုင်းကျပ်ခေါ်ဆို မှု မရရှိခြင်းသည် သုံးစွဲမှုများသည့် မြို့ ကြီးများအပြင် နယ်မြို့အချို့၌ပါ ဖြစ် ပေါ်နေသည်ဟု ဖုန်းသုံးစွဲသူများမှ သိရသည်။အဆိုပါအခြေ အနေသည် ဖုန်းသုံးစွဲမှုများသည့် ရန်ကုန်၊ မန္တလေးမြို့များတွင် မကြာခဏ ဖြစ်ပေါ်နေသော်လည်း နယ်မြို့အချို့၌ ယခုလမှစ၍ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း သုံးစွဲ သူ များ၏ ပြောပြချက်အရ သိရသည်။

အင်အားအသင့်အတင့်ရှိ မြေငလျင်လှုပ်ခတ်

RangonNewsDaily: May . 5 .2014
၂၀၁၄ ခုနှစ် မေလ (၅) ရက်နေ့ မြန်မာစံတော်ချိန် (၁၇) နာရီ (၄၁) မိနစ်၊ (၂၈) စက္ကန့် အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ အရှေ့တောင်ဘက် (၂၉၀) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်ပ ထိုင်းနိုင်ငံ (Thailand) ကို ဗဟိုပြု၍ အင်အားရစ်(ခ်ျ) တာစကေး (၅.၈) အဆင့်ရှိ အင်အား အသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွားရရှိပါသည်။

အာဖဂန် မြေပြိုမှု လူ (၂၅၀၀) နီးပါး သေဆုံး နိုင်သည်ဟုခန့်မှန်းထား၊ကယ်ဆယ်ရေး များ လက်လျှော့ ရပ်ဆိုင်း


RangonNewsDaily: May . 5 .2014
အာဖဂန်နစ္စတန်နိုင်ငံ အရှေ့မြောက်ပိုင်း ပြည်နယ် ဘာဒက်ရှန်တွင် သောကြာနေ့ က မြေပြိုမှု ဖြစ်ပွား ခဲ့ရာ ရွာလုံးကျွတ် နီးပါး ရွှံ့မြေ များအောက် ပိမိသဖြင့် လူပေါင်း (၂၅၀၀) နီးပါး သေဆုံး နိုင်ကြောင်း သက်ဆိုင်ရာ က ခန့်မှန်းထားသည်။

ပြည်လုံးကျွတ် မွတ်စလင် ညီလာခံ ကျင်းပမည်


RangonNewsDaily: May . 5 .2014
ပြည်ထောင်စု တိုင်းရင်းသား မွတ်စလင်များ ပြည်လုံးကျွတ် ညီလာခံကို လာမယ့် စက်တင်ဘာလအတွင်း ကျင်းပသွားမှာဖြစ်ကြောင်း ဒီနေ့ ရန်ကုန်မြို့တော်ဝင်နှင်းဆီခန်းမမှာကျင်းပတဲ့ ညီလာခံကျင်းပရေးကော်မတီရဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်လိုက်ပါ
တယ်။

ထိုင်းနိုင်ငံမြောက်ပိုင်းကို ဗဟိုပြု၍ ရစ်ချက်စတာစကေး၆.၀ ရှိသည့် ငလျင်တစ်ခု ယနေ့ညနေ ၅နာရီ ၃၈မိနစ် ၄၃စက္ကန့်တွင် လှုပ်ခတ်


RangonNewsDaily: May . 5 .2014
ထိုင်းနိုင်ငံမြောက်ပိုင်းကို ဗဟိုပြု၍ ရစ်ချက်စတာစကေး၆.၀ ရှိသည့် ငလျင်တစ်ခုယနေ့ညနေ ၅နာရီ ၃၈မိနစ် ၄၃စက္ကန့်တွင် လှုပ်ခတ်သွားကြောင်းမိုးလေ၀သနှင့်ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်ကပြောသည်။

မေလ ၅ရက် မနက် ပိုင်းက ဂျပန်တိုကျိုတွင် magnitude အဆင့် ၆ ရှိ ငလျင် ကြောင့် လူ ၁၇ ဦး ထိခိုက် ဒဏ်ရာရရှိ


RangonNewsDaily: May . 5 .2014
ပြင်းအား magnitude အဆင့် ၆ ရှိ ငလျင်တခု ဂျပန်နိုင်ငံ တိုကျိုမြို့တော်မှာ မေလ ၅ရက် မနက် ၅နာရီ ၁၈မိနစ်က လှုပ်ခတ်ခဲ့ ပြီး လူ ၁၇ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။

ထိုင်းနိုင်ငံမြောက်ပိုင်း နခွမ်ဆ၀မ် တွင် မြန်မာအလုပ်သမားများ ကားတိမ်းမှောက်၊ ၁၇ ဦး ဒဏ်ရာရ


RangonNewsDaily: May . 5 .2014
ထိုင်းနိုင်ငံမြောက်ပိုင်း နခွမ်ဆ၀မ်မြို့နယ်ထဲမှာ မဲဆောက်ကနေ စမွတ်စခွန် ကို သွားမယ့် မြန်မာအလုပ်သမားတွေ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားပြီး ၁၇ ဦး ဒဏ်ရာ အနည်းငယ်ရပြီး ၄ ဦး ဒဏ်ရာပြင်းထန်တယ်လို့ ထိုင်းရဲစခန်းတာဝန်ရှိသူတွေက ဒီဗွီဘီကို ပြောပါတယ်။

အမေရိကန် ပြည်ထောင်စုတွင် မြေအောက် မီးရထား တစ်စင်း လမ်းချော် ၁၉ ဦး ဒဏ်ရာရရှိ


RangonNewsDaily: May . 5 .2014
အမေရိကန် ပြည်ထောင်စုတွင် မေ ၂ ရက် နံနက်ပိုင်းက နယူးယောက်မြို့မှ မန်ဟက်တန်သို့ ဦးတည် မောင်းနှင် လာသော မြေအောက် မီးရထား တစ်စင်းသည် Queen အရပ်ရှိ ဥမင်လိုဏ်ခေါင်း တစ်ခုအတွင်း ဖြတ်သန်း သွားလာနေစဉ် လမ်းချော်မှု ဖြစ်ပွားခဲ့ရာ ခရီးသည် ၁၉ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း မီးသတ် တပ်ဖွဲ့မှ တာဝန်ရှိသူ တို့က ပြောကြားခဲ့သည်။

မြစ်ဆုံဆည်စီမံကိန်း ဖျက်သိမ်းရန် ဧရာဝတီမြစ်ကို ဖြတ်ကူးဆန္ဒပြ


RangonNewsDaily: May . 5 .2014
မြစ်ဆုံစီမံကိန်းကြောင့် ပျက်စီးတော့မည့် ဧရာဝတီမြစ်အား ကာကွယ်ပေးလိုသည်ဟုဆိုကာ ပဲခူးတိုင်း၊ ပြည်မြို့ခံ ၁၄ ဦးသည် ဧရာဝတီမြစ် အရှေ့ဘက်ခြမ်းမှ အနောက်ဘက်ခြမ်းသို့ လက်ပစ်ကူး ဖြတ်ကာ မေလ ၁ ရက်တွင် စုပေါင်း ဆန္ဒထုတ်ဖော်လိုက်
သည်။

တောင်ဥက္ကလာပမြို့နယ်တွင် မီးနီဖြတ်မောင်းသည့်ယာဉ်ကြောင့် ယာဉ်တိုက် မှုဖြစ်ကာ (၁)ဦးသေဆုံး၊(၃)ဦးဒဏ်ရာရ

RangonNewsDaily: May . 5 .2014
၂.၅.၂၀၁၄ရက်နေ့ ၂၃၃၀အချိန် တောင်ဥက္ကလာပမြို့နယ်၊ရတနာလမ်းအတိုင်းအရှေ့မှအနောက်သို့ ယာဉ်မောင်း(စုံစမ်း
ဆဲ)မောင်းနှင်လာသော5G---တိုရိုတာဟိုင်းလတ်ဘွန်ဂိုအဖြူရောင်ယာဉ်သည် ဝေဇယန္တာလမ်းနှင့် ရတနာလမ်းဆုံမီးပွိုင့်အရောက် မီးနီအားဖြတ်မောင်းစဉ် ဝေဇယန္တာလမ်းအတိုင်းမြောက်မှတောင်သို့ယာဉ်မောင်းဦးဂုဏ်တင်မင်း မောင်းနှင်လာသော၎င/---- 
နစ်ဆန်းဝက်ဂွန်အဖြူရောင်ယာဉ်ကိုဝင်ရောက်တိုက်မိခဲ့ရာ ၄င/---ယာဉ်မှာအတိုက်ခံရသည့်အရှိန်ကြောင့်၎င်း၏ရှေ့ရှိကိုဇေယျာ
ထက်မောင်းနှင်နေသော 6G---ဆူဇူကီးပစ်ကပ်အဖြူရောင်ယာဉ်အား ဆက်လက်တိုက်မိခဲ့ပြီး 5G---ယာဉ်မောင်းမှာ အခင်းဖြစ်နေ
ရာတွင် ယာဉ်ကိုထားကာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါသည်။

လသာမြို့နယ် တွင် ဘရိတ်ပေါက်သည့် မထသ(၆၂)ယာဉ်မှ ယာဉ်(၃)စီးအားတိုက် မိပြီး အမျိုးသမီးတစ်ဦးကို ကြိတ်မိသဖြင့် သေဆုံး

RangonNewsDaily: May . 5 .2014
၃.၅.၂၀၁၄ ရက်နေ့ ၁၃၀၅ အချိန်တွင် လသာမြို့နယ်၊ အနော်ရထာလမ်း အတိုင်း ဆူးလေဘက်မှ လမ်းမတော်ဘက်သို့ ယာဉ်မောင်း စိုးထိုက်ဦး (ခ)မောင်ဝင်း၊ (၃၀)နှစ်၊ (ဘ)ဦးဝင်းဦး၊ ဒဂုံတောင်မြို့နယ်နေသူ မောင်းနှင် လာသော ၆ခ/---- ဖူဆိုအမျိုးအစား မထသ(၆၂)ယာဉ်လိုင်း ခရီးသည်တင် ယာဉ်သည် လသာ မှတ်တိုင်အနီးအရောက် ဘရိတ်ပေါက်ကာ ရှေ့၌
ခရီးသည်အတင်အချပြုလုပ်နေသော၂ဂ/---- ဖူဆိုအမျိုးအစား (၁၅၇)ယာဉ် လိုင်း ခရီးသည်တင်ယာဉ်၊ လမ်း၏ယာဘက်တွင် ရပ်ထားကြသည့် BB---- ပရိုဘောက်အငှားယာဉ်နှင့် 9D---- ပရိုဘောက်အငှားယာဉ်တို့အား ၀င်ရောက်တိုက်မိခဲ့ပြီး လမ်းဘေးတွင်ရပ်နေသူ ကြည့်မြင်တိုင်မြို့နယ်နေဒေါ်ခင်သန်း၊ (၅၁)နှစ်ကို ယာဉ်၏ရှေ့ယာဘက်ဘီးဖြင့် ဆက်လက်ကြိတ်မိ ခဲ့ပါသည်။

တရုတ်နိုင်ငံတွင် ဆောက်လက်စ တံတားပြိကျ၊ လူ ၁၁ ဦး သေဆုံး


RangonNewsDaily: May . 5 .2014
တရုတ်နိုင်ငံ ကွမ်တုံပြည်နယ် ကောင်းကျိုးမြို့ပြင်က တစိတ်တပိုင်း ပဲ ဆောက်လက်စ တံတားခုံးတခု မေလ ၃ ရက်နေ့က ပြိုကျခဲ့လို့လူ ၁၁ ယောက် သေဆုံးပြီး ၁၅ ယောက် ဒဏ်ရာရပါတယ်။

ရိုးရှင်း စတိုင်ကျတဲ့ Acer Iconia A1-830 Tablet


RangonNewsDaily: May . 5 .2014
စတိုင်ကျပါးလွှာပြီး အမှတ်မထင် အသုံးပြုနေစဉ်အတွင်းမှာတောင် ချောမွတ်စွာဖြင့် စွမ်းဆောင်နိင်တဲ့ ဒေါ်လာ ၁၇၉ တန် Tablet တစ်လုံး ဖြစ်ပါတယ်။ အနောက်ကအသားကလည်း ချေမွတ်တဲ့ အလူမီနီယံသားဖြစ်ပြီး ကိုင်ဆောင်ဖို့ သိပ်ကို အဆင်ပြေစေတဲ့ အနေအထား တစ်ခုကိုပေးပါတယ်။ 

လေပြင်းနှင့် မိုးရွာသွန်းမှုများကြောင့် ပင်လည်ဘူးမြို့နယ်တွင် စာသင်ကျောင်း များ ပြိုကျ ပျက်စီး


RangonNewsDaily: May . 5 .2014
စစ်ကိုင်းတိုင်းဒေစကြီး၊ ပင်လည်ဘူးမြို့နယ်တွင် မေလ(၂)ရက်နေ့ ညနေ (၅း၃၀)နာရီ အချိန်က လေပြင်းနှင့် မိုးများ တိုက်ခတ် ရွာသွန်းမှုကြောင့် စာသင်ကျောင်းများ ပြိုကျခြင်း၊ အမိုးများ လေလန် ပျက်စီးခြင်း၊ လျှပ်စစ်မီးတိုင်များ ကျိုးကျခြင်းများ ဖြစ်ပေါ်ခဲ့သည်။

ညအိပ်တည်းခိုသူ အမျိုးသား(၂)ဦးမှ အိမ်ရှင်ဝတ်ဆင်ထားသော ရွှေဆွဲကြိုးကိုလုယူထွက်ပြေး

RangonNewsDaily: May . 5 .2014
၂.၅.၂၀၁၄ရက်နေ့ ၂၃၀၀အချိန် သာကေတမြို့နယ်နေ ကို----မှ ၎င်းသည်နေအိမ်တွင်ရှိနေစဉ် ယခင်က ခင်မင်ရင်းနှီးခဲ့သူ ဒဂုံမြို့
သစ်(တောင်ပိုင်း)မြို့နယ်နေသူများဖြစ်သောရဲရဲနှင့် ကျော်ကြီး ဆိုသူတို့(၂)ဦး ရောက်ရှိလာပြီး DJ တီးနည်းသင်ကြားရန်အတွက် နေအိမ်တွင်ညအိပ်ခဲ့ကြကြောင်း၊

ကိုယ်အရမ်းချစ်တဲ့သူအတွက်သာ (ကဗျာ)


RangonNewsDaily: May . 5 .2014

ကိုယ့်မာနတွေကို ချိုးနှိမ်ထားရင်း သူ ပျော်ရွှင်ဖို့ဆိုတဲ့

စိတ်တစ်ခုတည်းနဲ့သာ ပေးဆပ်နေမိတတ်ကြတာပါ

အာဆင်နယ်ကို ရှုံးနိမ့်ခဲ့သောကြောင့် တန်းမဆင်းရရေး အတွက် ရုန်းကန်ရဦးမည့် ဝက်စ်ဘရွန်း

RangonNewsDaily: May . 5 .2014
ပရီးမီးယားလိဂ် ပွဲစဉ် (၃၇) အာဆင်နယ်နှင့် ဝက်စ်ဘရွန်း ပွဲစဉ်တွင် အိမ်ရှင်အသင်းက ၁-၀ ဂိုးဖြင့် အနိုင်ရရှိသွားခဲ့သည်။အာဆင်
နယ်တွင် ဆက်ဇနီ၊ ဆက်ဂ်ညာ၊ မာတီဆက်ကာ၊ ကိုစီရယ်နီ၊ မွန်ရီရယ်၊ ဖလာမီနီ၊ အာတီတာ၊ ကာဇိုလာ၊ အိုဇေးလ်၊ ပိုဒေါစကီး
၊ ဂီးရော့ဒ်တို့ ပွဲထွက်ကစားခဲ့သည်။

"ခန္ဓာကိုယ် အပူချိန်မှ စွမ်းအင်ထုတ်လုပ်ရန် တောင်ကိုရီးယား သုတေသီများ စမ်းသပ်"


RangonNewsDaily: May . 5 .2014
ယနေ့ခေတ်တွင် ခန္ဓာကိုယ်၌ ဝတ်ဆင်ရသော လက်ပတ်နာရီ၊ လက်စွပ်နှင့် မျက်မှန်ကဲ့သို့ စမတ်ကိရိယာများ၌ အဓိက ပြဿနာ တစ်ရပ်မှာ စွမ်းအင်ထုတ်လုပ်သည့် အစိတ်အပိုင်းအတွက် တည်ဆောက်မှု ကြီးကြီးမားမား နေရာပေးရခြင်း ဖြစ်သည်။