Pages

Thursday, March 27, 2014

မြန်မာနိုင်ငံ၏ အရပ်အရှည်ဆုံး အမျိုးသားကို ဂျာမနီ ဖိနပ်ကုမ္ပဏီက ဖိနပ်ငါးရန် လှူဒါန်း


RangonNewsDaily: March . 27 .2014
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ထုံးပေါက်ချိုင် ကျေးရွာနေ အရပ် ၇ ပေ ၁၀ လက်မရှိ မြန်မာနိုင်ငံ၏ အရပ်အရှည်ဆုံး အမျိုးသား ကိုဝင်းဇော်ဦးအား ဂျာမနီ ဖိနပ်ကုမ္ပဏီက ဖိနပ်ငါးရန် လှူဒါန်းသည့် အခမ်းအနားကို ရန်ကုန်မြို့ M3 စားသောက်ဆိုင်၌ ၂၀၁၄ ခုနှစ် မတ်လ ၂၆ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

လူတိုင်းက စစ်ကားကို ကြိုက်ကြပေမယ့် စစ်ဖြစ်တာကို မကြိုက်ကြဘူးလို့ဆိုလာ သူဒါရိုတ်တာပန်းချီစိုးမိုး


RangonNewsDaily: March . 27 .2014
(၆၈) နှစ်၊ တပ်မတော်နေ့ မှာ ကြယ်စင်မော်ကွန်းရုပ်ရှင်ဇာတ်ကား ကို မြဝတီရုပ်မြင်သံကြားမှထုတ်လွှင့်ပြသခဲ့ပြီးနောက် ရှေ့ဆောင်ရုပ်ရှင်ရုံမှာ ရုံတင်ပြသခဲ့ပါတယ်။ ရုပ်ရှင်ရုံမှာ ပြသစဉ်ပရိသတ် တစ်ခဲနက် အားပေးခဲ့ကြပါတယ်။

အခြေခံဥပဒေ အခန်း (၁၂) ပြင်ဆင်ရေး မြို့ကြီး သုံးမြို့တွင် ဆန္ဒပြ


RangonNewsDaily: March . 27 .2014
ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း (၁၂) ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး ဆိုင်ရာ အခန်း၏ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ပေးရန် မွန်ပြည်နယ် မော်လမြိုင်မြို့၊ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နှင့် မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့တို့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင် ပါဝင်သူများက ပြောကြားသည်။ 

ဒေါ်လာ ၃ သိန်းကျော်တန်တဲ့ ရှေ့ဟောင်း ငွေစက္ကူ


RangonNewsDaily: March . 27 .2014
၁၉၇၁ ခုနှစ်အထိ ဗြိတိန်နိုင်ငံမှာ အသုံးပြုခဲ့တဲ့ သျှီလင်ငွေ ၁၀ တန် ငွေစက္ကူကို သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ လေလံတင်ရောင်းချခဲ့ရာမှာ ဒေါ်လာ ၃ သိန်း ၃ သောင်း ၄ ထောင် နဲ့ နောက်ဆုံး ဈေးဖြတ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီ သျှီလင်ငွေ ၁၀ တန် ငွေစက္ကူကို ၁၈၁၇ ခုနှစ် ဧပြီလ ၈ ရက်နေ့က ထုတ်ဝေခဲ့တာ ဖြစ်ပြီး အဲဒီအချိန်တုန်းက အရွက် ၁၀၀ သာ ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။

တရားမဝင်သစ်များ သယ်ဆောင်၍ မော်တော်ယာဉ် မောင်းနှင်ထွက်ပြေးသူ တရုတ် နိုင်ငံသားအား ဖမ်းဆီး အရေးယူ

RangonNewsDaily: March . 27 .2014
ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ခမ်းမြို့နယ် အောင်မေတ္တာ ရပ်ကွက် လမ်းဆုံ၌ ယမန်နေ့ နံနက် ၄ နာရီခွဲက တရားမဝင် သစ်ခွဲသားများ ဖမ်းဆီးမိခဲ့သည်။ ဖြစ်စဉ်မှာနမ့်ခမ်းမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ နမ့်ခမ်းမြို့ အောင်မေတ္တာ ရပ်ကွက် လမ်းဆုံတွင် ခြောက်ဘီးယာဉ် (နံပါတ်မပါ)ကို မသင်္ကာဖွယ် တွေ့ရှိရသဖြင့် စစ်ဆေးစဉ်

အိုဘားမား၏ လုံခြုံရေးဝန်ထမ်း အရက်မူးနေ၍ အမေရိကပြန်ပို့ခံရ


RangonNewsDaily: March . 27 .2014
နျူကလီးယား လုံခြုံရေးထိပ်သီး ဆွေးနွေးပွဲ တက်ရောက်ရန် နယ်သာလန်နိုင်ငံသို့ ရောက်ရှိနေသော အမေရိကန်သမ္မတ အိုဘားမား၏ လုံခြုံရေး ဝန်ထမ်းများတွင် အရက်မူးနေသူ တစ်ဦးနှင့် အခြား ၂ ဦးကို စည်းကမ်းပိုင်းဆိုင်ရာ အကြောင်းပြချက်ဖြင့် အမေရိကသို့ ပြန်ပို့လိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ယာဉ်ထိန်းရဲများကို အရေးယူပေးရန် ပြည်မြို့တွင် တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်


RangonNewsDaily: March . 27 .2014
ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပြည်မြို့တွင် မတ်လ ၂၅ ရက်နေ့ နံနက် ၉ နာရီခန့်က ယာဉ်စည်းကမ်းကို အကြောင်းပြု၍ တရားဥပဒေမဲ့ CB ဘဏ်သို့ ငွေ ၅၀၀၀ ကျပ် သွင်းခိုင်းသော ယာဉ်ထိန်းရဲများကို တရားဥပဒေအရ အရေးယူပေးရန်ဟုဆိုကာ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သက်ဆိုင်ရာ နယ်မြေရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။

မြောက်ကိုရီးယားက တောင်ကိုရီးယားနှင့်ဂျပန်ကို ဒုံးကျည် စမ်းသပ်ပစ်လွှတ်


RangonNewsDaily: March . 27 .2014
မြောက်ကိုရီးယားနိုင်ငံက မတ် ၂၆ ရက် ဒီနေ့အစောပိုင်းမှာ တာလတ်ပစ် မစ်ဇိုင်း ဒုံးကျည် ၂ စင်းကို တောင်ကိုရီးယား အရှေ့ဘက်ကမ်းရိုတန်းနဲ့ ဂျပန်နိုင်ငံဘက်ကို ဦးတည် ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။

အင်္ဂလန်နည်းပြများ လာရောက် သင်ကြားမည့် ဘောလုံးနည်းပြသင်တန်း ပထမဆုံးအကြိမ် ဖွင့်မည်

RangonNewsDaily: March . 27 .2014
ဗြိတိသျှကောင်စီနှင့် အင်္ဂလန် ပရီးမီးယားလိဂ် ပြိုင်ပွဲကျင်းပရေး ကော်မတီတို့ ပူးပေါင်း ဖွင့်လှစ်မည့် Premier Skills သင်တန်းကို မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် ဖွင့်လှစ်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) က ပြောရေး ဆိုခွင့်ရှိသူ ဦးစိုးမိုးကျော်က ပြောကြားသည်။

ဆရာဝန်သုံး နားကျပ်များကလည်း ပိုးပျံ့နှံ့နိုင်


RangonNewsDaily: March . 27 .2014
ဆရာဝန်များက အသုံးပြုတဲ့ နားကျပ်များ stethoscope များဟာလည် လူနာပေါင်းများစွာကို စမ်းသပ်ပြီးနောက် ပိုးပျံ့နှံ့ကူး စက်နိုင်ချေ မြင့်တက်လာကြောင်းကို ဂျီနီဗာဆေး တက္ကသိုလ်မှ သုတေသီများက ဖော်ထုတ်နိုင်ခဲ့ပါတယ်။

MH 370 ပျက်ကျမှုဖြစ်စဉ် ရည်ညွှန်းကာ မလေးရှားသတင်းစာ မျက်နှာဖုံးများ အနက်ရောင်ဖြင့်ပုံနှိပ်


RangonNewsDaily:March . 27 .2014
အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းရေပြင်အတွင်း ပျက်ကျခဲ့ရသော မလေးရှားလေကြောင်းလိုင်းပိုင် ခရီးစဉ်အမှတ် အမ်အိတ်ခ်ျ 
၃၇၀ ဘိုးရင်းလေယာဉ်ပေါ် လိုက်ပါခဲ့ကြသည့် ခရီးသည်နှင့် လေယာဉ်အမှုထမ်းများအား ရည်စူး၍ မလေးရှားနိုင်ငံထုတ် 
သတင်းစာများသည် ၎င်းတို့၏ မတ် ၂၅ ရက်ထုတ် သတင်းစာများ ၏ မျက်နှာဖုံးစာမျက်နှာများအား အနက်ရောင်နောက်ခံဖြင့် 
ပုံနှိပ်ထုတ်ဝေခဲ့ကြကြောင်း သိရသည်။

ပျောက်ဆုံးလေယာဉ်ပေါ်တွင် ပါဝင်သွားသူများ၏မိသားစုများ မလေးရှားသံရုံးကို တိုက်ခိုက်ရန်ကြိုးပမ်းမှုဖြစ်ပွား


RangonNewsDaily: March . 27 .2014
မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်က ယမန်နေ့တွင် ယခုလ ၈ ရက်က ပျောက်ဆုံး သွားခဲ့သော မလေးရှားလေကြောင်းပိုင်
၏ လေယာဉ်သည် အိန္ဒိယသမုဒ္ဒရာတစ်နေရာ တွင် ပျက်ကျခဲ့သည်ဟုအတည်ပြုခဲ့ပြီးနောက် အဆိုပါလေယာဉ်ပေါ်၌ ပါရှိသွားသူများ၏ မိသားစုဝင်များသည် ပေကျင်းမြို့ရှိ မလေး ရှားသံရုံးကိုတိုက်ခိုက်ရန် ကြိုးပမ်းမှုပြုလုပ် ခဲ့ကြောင်း ဘီဘီစီသတင်းဌာနကယနေ့ဖော် ပြသည်။

ဘူးသီးတောင်မောင်တော ခွဲထွက်ရေး ရေးသားချက် လူထောင်ချီ ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့ ကန့်ကွက်ဆန္ဒပြ



RangonNewsDaily: March . 27 .2014
ဒါကာထရီဗျူးသတင်းစာ၏ ဘူးသီးတောင်မောင်တောခွဲထွက်ရေး ရေးသားချက်အား ကန့်ကွက်သည့်

အနေဖြင့် လူဦးရေ တစ်ထောင်ဝန်းကျင်ခန့်သည် ယနေ့နေ့လယ် ၁နာရီခန့်မှ စတင်ကာ ဘင်္ဂလာဒေံရှ်သံ

ရုံးရှေ့တွင် ကန့်ကွက် ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။ 

၈၈ မျိုးဆက်ခေါင်းဆောင်တချို့ ခေတ္တ ထိန်းသိမ်းခံလိုက်ရ


RangonNewsDaily: March . 27 .2014
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ ဖြစ်တဲ့ ကိုပြုံးချို၊ မမီးမီး၊ မနီလာသိန်း အပါအဝင် ဒေသခံ တချို့ဟာ ဒီကနေ့ ပခုက္ကူမြို့မှာ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆန္ဒဖော်ထုတ်ခဲ့ကြလို့ ခေတ္တ ထိန်းသိမ်းခံ လိုက်ကြရပါတယ်။ ဖြစ်ပုံကတော့ ဒီကနေ့ မတ်လ ၂၆ ရက်နေ့ နံက်ပိုင်းမှာ မကွေးတိုင်း ပခုက္ကူ မြို့မှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး စီတန်းလှည့်လည် ဟောပြောပြီး ဆန္ဒဖော်ထုတ်ပွဲ တခုကို ဒေသခံ ပြည်သူတွေ နဲ့ အတူ ၈၈ မျိုးဆက် ( ငြိမ်း/ပွင့်)က ခေါင်းဆောင်များလည်း အတူ လုပ်ဆောင်ခဲ့ကြပါတယ်။