Pages

Tuesday, February 18, 2014

မြန်မာ- ထိုင်း- မလေးရှားအကြား မိုဘိုင်းလ် ဖုန်းဖြင့် ငွေလွှဲနိုင်ရန် တယ်လီနော ဝန်ဆောင်မည်ဟုဆို

RangonNewsDaily: February . 18 .2014
နော်ဝေ ဆက်သွယ်ရေး ကုမ္ပဏီ တယ်လီနောက မိုဘိုင်းလ် ဆက်သွယ်ရေး ကွန်ရက် ရှိထားပြီး ဖြစ်သည့် ထိုင်း၊ မလေးရှား နိုင်ငံတို့နှင့် မိုဘိုင်းလ် ဖုန်းမှ တစ်ဆင့် အပြန်အလှန် ငွေကြေး လွှဲပြောင်းသည့် ဝန်ဆောင်မှု မြန်မာနိုင်ငံတွင် ဝန်ဆောင် ပေးနိုင်ရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း တယ်လီနော အာရှငွေကြေး ဝန်ဆောင်မှု ဌာန အကြီးအကဲ Roar Bjaerum က The Voice သို့ ပြောကြားသည်။

ဒလမြို့နယ် ကားကူးဇက်ဆိပ်တွင် ယာဉ်တစ်စီးချော်ကျတိမ်းမှောက်

Photo: ဒလမြို့နယ် ကားကူးဇက်ဆိပ်တွင် ယာဉ်တစ်စီးချော်ကျတိမ်းမှောက်

ဖေဖေါ်ဝါရီ ၁၈ ရက် ၂၀၁၄

၁၈.၂.၂၀၁၄ ရက်နေ့ ၀၇၁၅ အချိန် ဒလမြို့နယ်၊ ဒလ-ရန်ကုန် ကားကူး ဇက်ဆိပ်ကမ်း၌ ယာဉ်မောင်း ကိုစိန်မြင့် (ဘ)ဦးအောင်ခင်၊ ဒလမြို့နယ်
နေသူမောင်းနှင်လာသော ၆က/---- ကင်တာအဖြူရောင် ကုန်တင်ယာဉ် သည် ပုလင်းခွံများတင်ဆောင်ပြီး ဇက်သင်္ဘောပေါ်သို့တက်ရန်မောင်းနှင် လာစဉ် ကွန်ကရစ်ဆိပ်ခံနှင့်သစ်သား တံတားအခင်းအရောက်တွင် ၀ဲဘက်သို့ချော်ကျကာပက်လက်အနေအထားဖြင့် တိမ်းမှောက်သွားခဲ့
ပါသည်။

အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်၏ရှေ့လေကာမှန်ပျက်စီး၊ အမိုးပိန်ချိုင့်ခဲ့ကာ လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းသိရှိရပါသည်။

ယင်းကဲ့သို့ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့သည့်အတွက် ယာဉ်မောင်း ကိုစိန်မြင့်အား ဒလမြို့မရဲစခန်း ယာဉ်(ပ)၄/၂၀၁၄၊ ပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

RangonNewsDaily: February . 18 .2014
၁၈.၂.၂၀၁၄ ရက်နေ့ ၀၇၁၅ အချိန် ဒလမြို့နယ်၊ ဒလ-ရန်ကုန် ကားကူး ဇက်ဆိပ်ကမ်း၌ ယာဉ်မောင်း ကိုစိန်မြင့် (ဘ)ဦးအောင်
ခင်၊ ဒလမြို့နယ်နေသူမောင်းနှင်လာသော ၆က/---- ကင်တာအဖြူရောင် ကုန်တင်ယာဉ် သည် ပုလင်းခွံများတင်ဆောင်ပြီး ဇက်သ
င်္ဘောပေါ်သို့တက်ရန်မောင်းနှင် လာစဉ်ကွန်ကရစ်ဆိပ်ခံနှင့်သစ်သား တံတားအခင်းအရောက်တွင်ဝဲဘက်သို့ချော်ကျကာပက်လက်
အနေအထားဖြင့် တိမ်းမှောက်သွားခဲ့ပါသည်။

အိုဟောင်းယာဉ်စလစ် ကျပ် ၁၀၅ သိန်းခန့်ရှိ

RangonNewsDaily: February . 18 .2014
ကားဈေးကွက်အတွင်း “အ” အက္ခရာ အိုဟောင်းယာဉ်များလျော့နည်းလာခြင်းကြောင့် အိုဟောင်းယာဉ် အပ်နှံမှုစလစ်ဈေးကျပ်သိန်း ၁၀၅ သိန်းဝန်းကျင်ရှိလာပြီး ထပ်မံမြင့်တက်လာဖွယ်ရှိသည်ဟု ကားဝယ်ရောင်း လုပ်ငန်းကျွမ်းကျင်သူများက ဇန်န၀ါရီ ၁၇ ရက်တွင် ပြောသည်။

ဟင်္သတ နည်းပညာတက္ကသိုလ် ကျောင်းသားနှစ်ဦး ချစ်သူများနေ့ ပန်းစည်းချရာမှ အဆောင်ရှင်ကို ရိုက်နှက်

RangonNewsDaily: February . 18 .2014
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် ကွမ်းခြံကုန်း ကျေးရွာအုပ်စုကွမ်းခြံကုန်း(မူလွန်) ကျောင်းမှ ဆရာမတစ်ဦး ဖွင့်လှစ်ထား
သည့် အမျိုးသမီး ကျောင်းသူ ဘော်ဒါဆောင်ပိုင်ရှင် အလယ်တန်းပြဆရာမမှာ ဟင်္သာတ နည်းပညာတက္ကသိုလ် ကျောင်းသားနှစ်ဦး ရိုက်နှက်မှုကြောင့် ဦးခေါင်းကွဲဒဏ်ရာ ရရှိခဲ့၍ ဟင်္သာတ ပြည်သူ့ဆေးရုံကြီး၌ တက်ရောက် ကုသခံနေရကြောင်း အရိုက်ခံရသူ ကျောင်းဆရာမ၏ ခင်ပွန်း ဦးနိုင်ရဲဝင်းက ပြောကြားသည်။

စည်ပင်ပိုင် ဧရာဝတီမြစ် ကမ်းနားလမ်းမြေနေရာများ ပုဂ္ဂလိကသို့ ငှားရမ်းမည်

RangonNewsDaily: February . 18 .2014
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ (MCDC) ပိုင် မြေနေရာများ ဖြစ်သည့် ဧရာဝတီမြစ် ကမ်းနားလမ်းရှိ မြေနေရာ
များကို ပုဂ္ဂလိက လုပ်ငန်းရှင်များ အနေနှင့် ငှားရမ်း လုပ်ကိုင်လိုပါက ကမ်းလှမ်းချက်အပေါ် မူတည်ကာ BOT (Build, Operate, Transfer) စနစ်ဖြင့် ငှားရမ်း ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း အဆိုပါ ကော်မတီ အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားသည်။
မန္တလေးမြို့သစ် တွင်လည်း စည်ပင်ပိုင်မြေများ ရှိပြီး စည်ပင်ပိုင်မြေ အများစုမှာ ဧရာဝတီမြစ် ကမ်းနားလမ်းတွင် အများဆုံး ရှိသည့်
အတွက် အဆိုပါ နေရာများတွင် လုပ်ငန်း လုပ်ကိုင်လိုပါက ကမ်းလှမ်းချက် အပေါ်မူတည်ကာ ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ၄င်းက ထပ်မံပြောကြားသည်။

အလုပ်ရမည်ဟု စည်းရုံးပြီး ပြည့်တန်ဆာအဖြစ် ခိုင်းစေသူ နှစ်ဦးကို အမှုဖွင့်ထား

RangonNewsDaily: February . 18 .2014
ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ၁၇ နှစ်ရွယ် အမျိုးသမီးတစ်ဦးကို စက်ရုံအလုပ်ရမည်ဟု စည်းရုံးခေါ်ဆောင် ပြီး တိုက်ခန်းတစ်ခုတွင် ပိတ်
လှောင်၍ ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေခဲ့သူ နှစ်ဦးကို ဖေဖော်ဝါရီ ၁၈ ရက်တွင် အမှုဖွင့် ဆောင်ရွက်နေသည်ဟု ရန်ကုန်တိုင်းရဲ
တပ်ဖွဲ့မှူးရုံးကထုတ်ပြန်ထားသည်။အဆိုပါအမှုကိုဒဂုံဆိပ်ကမ်းမြို့နယ် (၇၈)ရပ်ကွက်၊ ကျူးကျော်တဲတစ်ခုတွင် နေထိုင်သည့် အသက်
၎ဝ နှစ်ရှိ မိန်းကလေး၏ မိခင်ဖြစ်သူက အမှုဖွင့် တိုင်တန်းထားခြင်းဖြစ်သည်။