Pages

Monday, January 20, 2014

ကမ္ဘာ့ဆီစားအသက်သာဆုံး မော်တော်ကား

Photo

RangonNewsDaily:: January . 19 .2014
XL1သည် တည်ဆောက်မှုဆိုင်ရာ နည်းပညာသစ်များကို သုံးစွဲထားပြီး မိုင်ပေါင်း(၃၀၀)ကျော် မောင်းနှင်ပြီးပါမှ ဆီ(၁)ဂါလံမျှသာ အသုံးပြုရသည်အထိ ဆီစားသက်သာသည့် ဖန်တီးမှုလည်း ဖြစ်လာသည်။

ဘန်ကောက် ဆန္ဒပြပွဲတွင် ပေါက်ကွဲမှု ထပ်မံဖြစ်ပွား လူ ၂၈ ဦး ဒဏ်ရာရရှိ

Photo: ဘန်ကောက် ဆန္ဒပြပွဲတွင် ပေါက်ကွဲမှု ထပ်မံဖြစ်ပွား လူ ၂၈ ဦး ဒဏ်ရာရရှိ
Monday, January 20, 2014

ထိုင်းနိုင်ငံတွင် အိမ်စောင့်အစိုးရ ဖြုတ်ချရေးအတွက် ဘန်ကောက် ရပ်ဆိုင်းရေးဟူသည့် ခေါင်းစဉ်ဖြင့် တစ်ပတ်နီးပါးကြာမျှ ပြုလုပ်လာသော ဆန္ဒပြပွဲကြီး၏ သတ္တမမြောက်နေ့တွင် ပေါက်ကွဲမှုတစ်ရပ် ထပ်မံဖြစ်ပွားခဲ့ရာ လူပေါင်း ၂၈ ဦးကျော် ဒဏ်ရာရရှိသွားကြောင်း CNN သတင်းဌာနက ရေးသား ဖော်ပြသည်။ 

မြို့တော် ဘန်ကောက်ရပ်ဆိုင်းရေး ဆန္ဒပြပွဲအား အတိုက်အခံ အင်အားစုများက အရှိန်မြှင့်တင် လုပ်ဆောင်နေစဉ် ပြီးခဲ့သည့် သောကြာနေ့က ဆန္ဒပြခေါင်းဆောင် ဆူတက်တာဆူဘန်ရှိရာ အနီးတစ်ဝိုက်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် တနင်္ဂနွေနေ့တွင် ထပ်မံဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ 

ယခုထပ်မံဖြစ်ပွားသော ပေါက်ကွဲမှုမှာ အတိုက်အခံ အင်အားစုများ၏ ဆန္ဒပြ သပိတ်စခန်း တည်ရှိရာ နေရာတစ်ခုတွင် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပြီး ဒဏ်ရာ ရရှိသွားသူများတွင် ဂျာနယ်လစ်တစ်ဦးလည်း ပါဝင်ကြောင်း အမျိုးသားလုံခြုံရေး အကြီးအကဲက ပြောကြားသည်။ 

ဘန်ကောက် မြို့တော်တွင် ပြီးခဲ့သည့် နိုဝင်ဘာလမှ စတင်ကာ ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ် ဦးဆောင်သော အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့သည့် အချိန်မှစ၍ လူပေါင်းရှစ်ဦး သေဆုံးခဲ့ပြီဖြစ် ပြီး ၄၅၀ ကျော် ဒဏ်ရာ ရရှိခဲ့ကြောင်း ထိုင်းအာဏာပိုင်တို့၏ အဆိုအရ သိရသည်။ 

ယခုနောက်ဆုံးဖြစ်ရပ်တွင် တိုက်ခိုက်သူများက အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများရှိရာ နေရာသို့ ဖောက်ခွဲရေး ပစ္စည်းများဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ပစ်ခတ်သူများကို လိုက်လံ ဖမ်းဆီးသော်လည်း လွတ်မြောက်သွားကြောင်း ဆန္ဒပြ အင်အားစုများက ပြောကြားသည်။ 

“(ဘန်ကောက်က) အောင်မြင်မှု ကျောက်တိုင်မှာရှိတဲ့ သပိတ်စခန်းကို တိုက်ခိုက်တဲ့သူတွေက ဖောက်ခွဲရေး ပစ္စည်းတွေနဲ့ ပစ်ခတ်သွားကြတာပါ။ ဖမ်းလို့ မရသေးပါဘူး” ဟု ဆန္ဒပြခေါင်းဆောင် တစ်ဦးက ပြောကြားသည်။ 

ပြီးခဲ့သည့် သောကြာနေ့က ဖြစ်ပွားသော ဗုံးပေါက်ကွဲမှုတွင် လူပေါင်း ၃၆ ဦး ဒဏ်ရာရရှိခဲ့ပြီး ထိုအနက်မှ လူတစ်ဦးမှာ ယင်းဒဏ်ရာကြောင့် စနေနေ့တွင် သေဆုံးသွားသည်။ 

အဆိုပါ ပေါက်ကွဲမှုများကြောင့် ဆန္ဒပြမှုများမှာ ပိုမို အရှိန်မြင့်တက်လာဖွယ် ရှိပြီး ဆူပူအကြမ်းဖက်မှုများနှင့် ရုန်းရင်းဆန်ခတ်မှုများအထိ ပေါ်ပေါက်လာမည်ကို လေ့လာစောင့်ကြည့်သူများက စိုးရိမ်ပူပန်လျက်ရှိသည်။ 

ထိုင်းနိုင်ငံ၏ လတ်တလော နိုင်ငံရေး တင်းမာမှုများ ပြေလျှော့ရန် ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်က ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ရွေးကောက်ပွဲ ကျင်းပပြုလုပ်မည်ဟု ကြေညာထားသော်လည်း အတိုက်အခံ ဒီမိုကရက်ပါတီ အပါအဝင် ဆန္ဒပြအင်အားစုများက ယင်းရွေးကောက်ပွဲကို သပိတ်မှောက်မည် ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုထားသည်။

The Voice Weekly

RangonNewsDaily:: January . 19 .2014
ထိုင်းနိုင်ငံတွင် အိမ်စောင့်အစိုးရ ဖြုတ်ချရေးအတွက် ဘန်ကောက် ရပ်ဆိုင်းရေးဟူသည့် ခေါင်းစဉ်ဖြင့် တစ်ပတ်နီးပါးကြာမျှ ပြုလုပ်လာသော ဆန္ဒပြပွဲကြီး၏ သတ္တမမြောက်နေ့တွင် ပေါက်ကွဲမှုတစ်ရပ် ထပ်မံဖြစ်ပွားခဲ့ရာ လူပေါင်း ၂၈ ဦးကျော် ဒဏ်ရာရရှိသွားကြောင်း CNN သတင်းဌာနက ရေးသား ဖော်ပြသည်။

ပုဒ်မ ၃ ခုပြင်ဆင်ရေး တောင်ငူမှာဆန္ဒပြ

RangonNewsDaily:: January . 19 .2014
ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ သမ္မတဖြစ်ခွင့် အရည်အချင်း ကန့်သတ်ထားတဲ့ ပုဒ်မ ၅၉(စ) (ဃ) အပါအ၀င် ပုဒ်မ ၃ ခုကို ပြင်ဆင်ဖျက်သိမ်းပေးဖို့ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့မှာ ဒေသခံပြည်သူ နှစ်ရာလောက်က ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ဒီမိုကရေစီနဲ့ မကိုက်ညီတဲ့ ဥပဒေပြဌာန်းချက်တွေကို ကန့်ကွက်ဆန္ဒပြရတာလို့ တောင်ငူမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမြင့်က ပြောပါတယ်။

မူးယစ်မှောင်ခိုများနှင့် ထိုင်း စစ်တပ် တာချီလိတ်အနီး ပစ်ခတ်မှု ဖြစ်ပွား

Photo: မူးယစ်မှောင်ခိုများနှင့် ထိုင်း စစ်တပ် တာချီလိတ်အနီး ပစ်ခတ်မှု ဖြစ်ပွား
Monday, January 20, 2014

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ အနီး၌ မြန်မာနိုင်ငံဘက်မှ မူးယစ်ဆေး သယ်ဆောင် လာသည်ဟု ယူဆရသည့် အဖွဲ့နှင့် ထိုင်း နယ်ခြားစောင့် စစ်တပ်တို့ ယမန်နေ့ နံနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားပြီး ၄ ဦး အသေ ဖမ်းမိကြောင်း သတင်းရသည်။

ဒဏ်ရာရသူ ၁ ဦး နှင့် မူးယစ်ဆေးဝါးများကိုလည်း ထိုင်း အာဏာပိုင်များက ဖမ်းဆီးရမိကြောင်း သိရသည်။

အိတ် ၂၅ အိတ်ဖြင့် ထည့်ထားသည့် မက်သာအဖက်တမင်း စိတ်ကြွဆေးပြား ၅ သောင်း၊ ဘိန်းဖြူ ၂ ကီလို ဂရမ် ပါဝင်သော အထုပ် ၁၃ ထုပ်၊ အေကေ ၄၇ အမျိုးအစား မောင်းပြန်ရိုင်ဖယ် တလက်၊ သေနတ် အတို တလက်၊ တရုတ်နိုင်ငံလုပ် လက်ပစ် ဗုံး တလုံးတို့ကို ထိုင်းနယ်ခြားစောင့် စစ်တပ်က သိမ်းဆီးရမိသည်ဟု ယနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြ ထား သည်။

ထိုင်းနယ်ခြားစောင့် တပ်မဟာ ၃၁ လက်အောက်ခံ တပ်စုအမှတ် ၃၁၀၈ နှင့် ၃၁၀၉ မှ ဒုဗိုလ်မှူးကြီး ယင်းဆေး ဦးစီးသော ၀ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်(UWSA) တပ်ဖွဲ့မှ မူးယစ်ဆေး သယ်ဆောင်လာမည့် အဖွဲ့တဖွဲ့သည် ထိုင်းနိုင်ငံ ချင်းရိုင် ဒေသ၊ မယ်ကျန်ခရိုင် အတွင်းရှိ လွိုင်ဆမ်စပ် နယ်အနီးရှိ နယ်စပ်ကို ဖြတ်ကျော်လာမည်ဟု သတင်းအရ ထိုင်းစစ်တပ်က စောင့်ဆိုင်းနေရာ လက်နက်ကိုင် ၈ ဦးပါ အဖွဲ့အား စစ်ဆေးရန် ရပ်တန့်စေရာတွင် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု ဘန်ကောက်ပို့စ် သတင်းက ဆိုသည်။

တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် မူးယစ်မှောင်ခို အဖွဲ့သည် နယ်စပ် ချောင်းကို ဖြတ်ကူး၍ ထွက်ပြေးသွားကြောင်း၊ ထွက်ပြေးသွားသူများနောက်သို့ ရဟတ်ယာဉ် အသုံးပြု၍ လိုက်လံဖမ်းဆီးရာတွင် ခြေထောက်တွင် ဒဏ်ရာရနေသော လူတဦးကို ဖမ်းမိခဲ့ပြီး ကျန်လူများမှာ လွတ်မြောက်သွားကြောင်း သတင်းတွင် ဆက်လက် ဖော်ပြထားသည်။

တိုက်ပွဲဖြစ်ပွားရာ နေရာတွင် အလောင်း ၄ လောင်း၊ မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းတချို့ကို တွေ့ရှိရကြောင်း နှင့် ချင်းရိုင်ခရိုင် ရဲဋ္ဌာန၏ ရဲမှူးချုပ် ၀န်ချိုင်း ဆုဝန်သီရိခက်နှင့် ဖမုန် အထူးစစ်တပ်မှ ဗိုလ်မှူးကြီး ယုံဂျီယွသ် လောင်ခက်ခန်တို့က အခင်းဖြစ်ပွားရာသို့ သွားရောက်စစ်ဆေးခဲ့သည်ဟုလည်း အဆိုပါသတင်းတွင် ဖော်ပြပါရှိသည်။

ယခု ဖြစ်စဉ်နှင့်ပတ်သက်ပြီး UWSA သို့ မေးမြန်းရန် ဧရာဝတီ က ဆက်သွယ်သော်လည်း မရရှိပေ။

UWSA မှ ဦးယင်းဆေးအား ထိုင်းနိုင်ငံက မူးယစ်ဆေးဝါး ကုန်သွယ်မှုအတွက် အလိုရှိနေသော တရားခံတဦးအဖြစ် သတ်မှတ် ကြေညာထားကြောင်း ထိုင်း သတင်းများတွင် ဖော်ပြထားသည်။

နိုင်ငံတကာ ရဲတပ်ဖွဲ့ အင်တာပိုလ် (Interpol) နှင့် ပူးတွဲလုပ်ဆောင်နေသော ထိုင်း နိုင်ငံ၏ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဘုတ် အဖွဲ့ရုံးက UWSA မှ ဦးယင်းဆေးသည် ထိုင်းနိုင်ငံ အတွင်းသို့ မူးယစ်ဆေးများ တင်သွင်းသူ၊ မူးယစ်ဆေးဝါးများကို နိုင်ငံ တကာသို့ ထိုင်းနိုင်ငံမှ တဆင့် ဖြန့်ချိသည့် အထောက်အထားများ အခိုင်အမာ ရှိသည်ဟု ထိုင်း ရဲဗိုလ်ချုပ် Pongsapat က ထုတ်ဖော်ပြောဆိုပြီး ၎င်းအား ထိုင်း ဘတ်ငွေ ၅ သန်းဖြင့် အလိုရှိသူအဖြစ် သတ်မှတ် ကြေညာခဲ့သည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများနှင့် အတူ တွေ့ရသော ထိုင်းစစ်တပ် အာဏာပိုင်များ(ဓာတ်ပုံ – ဘန်ကောက်ပို့စ်)
တိုက်ပွဲဖြစ်ပွားပြီးနောက် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများနှင့် အတူ တွေ့ရသော ထိုင်းစစ်တပ် အာဏာပိုင်များ(ဓာတ်ပုံ – ဘန်ကောက်ပို့စ်)
RangonNewsDaily:: January . 19 .2014
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ အနီး၌ မြန်မာနိုင်ငံဘက်မှ မူးယစ်ဆေး သယ်ဆောင် လာသည်ဟု ယူဆရသည့် အဖွဲ့နှင့် ထိုင်း နယ်ခြားစောင့် စစ်တပ်တို့ ယမန်နေ့ နံနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားပြီး ၄ ဦး အသေ ဖမ်းမိကြောင်း သတင်းရသည်။

ခေါင်းကိုက်ဝေဒနာ ဖြစ်စေရန် လှုံ့ဆော်နိုင်သော အရာများ

Photo: ခေါင်းကိုက်ဝေဒနာ ဖြစ်စေရန် လှုံ့ဆော်နိုင်သော အရာများ
Monday, January 20, 2014

သင် ခေါင်းကိုက်တာက အိပ်ရေးမဝတာကြောင့်လား၊ ဒါမှမဟုတ် အစားမှားတာကြောင့်လား၊ ဒါမှမဟုတ် ဘာကြောင့် ခေါင်းကိုက်ရသလဲ ဆိုတာကို သိရှိနိုင်အောင် ဖော်ပြ ပေးလိုက်ပါတယ်။

၁။ ခန္ဓာကိုယ်အလေးချိန်

မကြာခင်က လေ့လာမှုတွေအရ အသင့်အတင့် ဝသူတွေ (BMI 30 ခန့်) ဟာ BMI နည်းသူတွေထက် ခေါင်းကိုက်နိုင်ခြေ ၃၅ ရာခိုင်နှုန်း ပိုများကြောင်း သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။ အဝလွန်သူတွေ (BMI 40) မှာမူ ခေါင်းကိုက်နိုင်ခြေ ၈၀ ရာခိုင်နှုန်းထိ မြင့်တက်နိုင်ပါတယ်လို့ ဆိုပါတယ်။

၂။ ကိုယ်ရည်ကိုယ်သွေး

သီးသန့်နေတတ်တာ၊ အစွဲအလမ်းကြီးတာ ဒါမှမဟုတ် စည်းကမ်းတင်းကျပ်စွာ နေတတ်တာလိုမျိုး အပါအဝင် ထူးခြားတဲ့ သွင်ပြင်လက္ခဏာ ရှိသူတွေဟာ ခေါင်းကိုက်တာ ပိုမို ဖြစ်ပွားတတ်ပါတယ်။ ဒီလိုလူမျိုးတွေဟာ စိတ်ဖြေလျှော့မှု လေ့ကျင့်ခန်းတွေ ပြုလုပ်ဖို့ လိုပါတယ်။

၃။ ရုံးပိတ်ရက်

စနေ၊ တနင်္ဂနွေလိုမျိုး ရုံးပိတ်ရက်တွေမှာ သင်နေ့စဉ် လုပ်နေကျ အချိန်ဇယားအတိုင်း မလုပ်တတ်ပါဘူး။ ဥပမာအားဖြင့် အိပ်ရာမှ စောစော မထတော့ဘဲ နေ့ခင်းပိုင်းထိ အိပ်နေတတ်တာကြောင့် ခေါင်းကိုက်တတ်ပါတယ်။ ရုံးပိတ်ရက်တွေမှာ သင်အိပ်ချိန်ကို ပုံမှန်အတိုင်း ဖြစ်ပါစေ။

၎။ အိမ်သုတ်ဆေး

အရောင်အသွေးမျိုးစုံ သုတ်ထားတဲ့ အိမ်သုတ် ဆေးတွေကြောင့် ခေါင်းကိုက်နိုင်ရုံမက အိမ်သုတ်ဆေးမှ ရရှိတဲ့ အနံ့တွေကြောင့်လည်း ခေါင်းကိုက်တတ်ပါတယ်။

၅။ ရေဓာတ်လျော့နည်းခြင်း

ရေဓာတ်အနည်းငယ် လျော့နည်းရင်လည်း ခေါင်းကိုက်တတ်ပါတယ်။ ရေဓာတ် လုံလုံလောက်လောက် ရရှိအောင် ရေဆာတိုင်း ရေသောက်ပေးပါ။

၆။ အဆာခံခြင်း

အလုပ်များလွန်းတာကြောင့် ဆာလောင်နေတာကို အစာမစားဘဲ အောင့်ထားရင် ခေါင်းကိုက်တတ်ပါတယ်။

၇။ ကော်ဖီအသောက်များခြင်း

ကော်ဖီ အနည်းငယ် သောက်တာဟာ ခေါင်းကိုက်တာကို သက်သာစေပေမယ့် ကော်ဖီအသောက် များလွန်းရင် ခေါင်းကိုက်တတ်ပါတယ်။

၈။ လှုပ်ရှားမှု မရှိခြင်း

ဆွီဒင်မှ မကြာခင်က ပြုလုပ်တဲ့ လေ့လာမှုအရ လှုပ်ရှားမှု မရှိသူတွေဟာ ခေါင်းကိုက်ဝေဒနာ ပိုမိုခံစားကြရတယ်လို့ သိရပါတယ်။ တစ်နေ့ကို မိနစ် ၂၀ မှ မိနစ် ၃၀ ထိနဲ့ တစ်ပတ်ငါးရက် လေ့ကျင့်ခန်း လုပ်ပေးပါ။ စိတ်ဖိစီးမှု လျော့သွားပြီး ဦးနှောက်တွင်း သွေးလှည့်ပတ်မှုတွေ ကောင်းမွန်ကာ စိတ်ခံစားမှု ကောင်းစေတဲ့ အင်ဒိုဖင် ဟော်မုန်းတွေလည်း ထွက်လာနိုင်ပါတယ်။

၉။ အိပ်ရေးမဝခြင်း

လေ့လာမှုအရ တစ်ညကို ပျမ်းမျှခြောက်နာရီ အိပ်သူတွေဟာ ဒါ့ထက်ပိုမိုပြီး အိပ်သူတွေထက် ပိုပြီး မကြာခဏ ခေါင်းကိုက်တတ်တယ်လို့ သိရပါတယ်။

၁၀။ လိင်ဆက်ဆံခြင်း

လေ့လာမှုကြီး တစ်ခုအရ ခေါင်းကိုက်ဝေဒနာ ရှိသူတွေရဲ့ ၄၆ ရာခိုင်နှုန်းဟာ လိင်ဆက်ဆံမှုကြောင့် ခေါင်းကိုက်တာကို လှုံ့ဆော်တယ်လို့ ပြောကြပါတယ်။ ဒီလိုမျိုး ခေါင်းကိုက်တတ်သူတွေဟာ များသောအားဖြင့် အန္တရာယ် မရှိတတ်ပေမယ့် တချို့ လူနာတွေမှာမူ ကင်ဆာ ဒါမှမဟုတ် Aneurysm ကြောင့်လည်း ဖြစ်တတ်ပါတယ်။

၁၁။ အစားအသောက်တချို့

အစားအသောက်တွေဟာ တချို့လူတွေကို ခေါင်းကိုက်တာဖြစ်အောင် လှုံ့ဆော်နိုင်ပေမယ့် တချို့အစားအသောက် အထူးသဖြင့် မဂ္ဂနီဆီယမ် ပေါကြွယ်ဝတဲ့ အစာဟာ ခေါင်းမကိုက်အောင် ကာကွယ်နိုင်တယ်လို့ သိရပါတယ်။

စားနိုင်သော အစာများ - ဟင်းနုနယ်၊ တို့ဟူး၊ အုတ်စပါး၊ ဘာလီ၊ ငါးအဆီ၊ သံလွင်ဆီ၊ နေကြာစေ့နဲ့ ဖရုံစေ့။

ရှောင်သ့င်သော အစာများ - ဝိုင်အနီ၊ ဘီယာ၊ အချိုမှုန့်၊ ချောကလက်၊ ချဉ်ဖတ်၊ ချိစ်၊ ပြုပြင်ထားသော အသားများ (ဥပမာ - ဝက်ပေါင်ခြောက်၊ ကြက်အူချောင်း၊ ဝက်အူချောင်း)။

ဒေါက်တာခင်မိုးမိုး

Goodhealth
မြ၀တီ

RangonNewsDaily:: January . 20 .2014
သင် ခေါင်းကိုက်တာက အိပ်ရေးမဝတာကြောင့်လား၊ ဒါမှမဟုတ် အစားမှားတာကြောင့်လား၊ ဒါမှမဟုတ် ဘာကြောင့် ခေါင်းကိုက်ရသလဲ ဆိုတာကို သိရှိနိုင်အောင် ဖော်ပြ ပေးလိုက်ပါတယ်။

7th ASEAN PARA GAMES ပိတ်ပွဲတွင် အစီအစဉ် တင်ဆက်သူ အဖြစ်ပါဝင်မည့် မိုးစက်ဝိုင်

Photo: 7th ASEAN PARA GAMES ပိတ်ပွဲတွင် အစီအစဉ် တင်ဆက်သူ အဖြစ်ပါဝင်မည့် မိုးစက်ဝိုင်
Monday, January 20, 2014

ဇန်နဝါရီ ၁၄ ရက်မှ ၂ဝ ရက် အထိ မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် ပထမဆုံး ကျင်းပသော 7th ASEAN PARA GAMES ပိတ်ပွဲတွင် Presenter အဖြစ် ပါဝင်ခွင့် ရခြင်းသည် မိမိ၏ ငယ်ဘဝကို ပြန်အမှတ်ရမိကြောင်း မိုးစက်ဝိုင် က ပြောကြားခဲ့သည်။

''မိုးစက်အနေနဲ့ ဒီအာဆီယံ မသန်စွမ်း အားကစားပိတ်ပွဲ အခမ်းအနားမှာ ဒီလို Presenter အဖြစ် ပါဝင်ခွင့်ရခြင်းဟာ မိုးစက် ကိုးတန်း ကျောင်းသူဘဝက အာစရိယပူဇော်ပွဲမှာ Presenter လုပ်ဖူးခဲ့တာကို သွားပြီး အမှတ်ရမိသလို ဂုဏ်လည်း ယူပါတယ်။ အခု မိုးစက် နေပြည်တော်ကို ရောက်နေပြီး ပိတ်ပွဲအတွက် လေ့ကျင့်မှုတွေကို အတူတူတွဲပြီး Presenter လုပ်မယ့် အစ်ကိုနဲ့အတူ လေ့ကျင့်နေပါတယ်။ မိုးစက်အနေနဲ့ အခု အခမ်းအနားမှာ ပါဝင်ရတာ ဟာ အသစ်အဆန်း အတွေ့အကြုံတစ်ခု ရရှိပါတယ်။ Presenter လုပ်တာက အရင်က အမှတ်တရတွေကို ပြန်ရစေပါတယ်။ ဟိုတစ်နေ့ကပဲ မိုးစက်ပြိုင်ပွဲ တစ်ခုမှာ ဒိုင်လည်း လုပ်ခဲ့ပြီးပြီ။ ပရိသတ်တွေကို မိုးစက်အနေနဲ့ ပိုပြီးကောင်းမွန်တဲ့ တင်ဆက်မှုတွေ ပြုလုပ်သွားပါ့မယ်လို့ ပြောချင်ပါတယ်'' ဟု ၎င်းကပြောကြားခဲ့သည်။

မိုးစက်ဝိုင်သည် PARA GAMES ပိတ်ပွဲတွင် အစီအစဉ် တင်ဆက်မည်ဖြစ်ပြီး လာမည့် ၂၂ ရက်တွင် ATMA GROUP မှ ကျင်းပသည့် အနုပညာရှင်များ ပါဝင်ကစားမည့် ဘောလုံးပြိုင်ပွဲ Beach Soccer ဘောလုံးပွဲ ဖွင့်ရာ၌ ဖွင့်ပွဲဆုဖလား သယ်ဆောင် ပေးရမည်ဖြစ်ကြောင်း သိရသည်။

မြ၀တီ

RangonNewsDaily:: January . 20 .2014
ဇန်နဝါရီ ၁၄ ရက်မှ ၂ဝ ရက် အထိ မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် ပထမဆုံးကျင်းပသော7th ASEANPARA
GAMESပိတ်ပွဲတွင်Presenter အဖြစ် ပါဝင်ခွင့် ရခြင်းသည် မိမိ၏ ငယ်ဘဝကို ပြန်အမှတ်ရမိကြောင်း မိုးစက်
ဝိုင် က ပြောကြားခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင်များညီလာခံ UWSA မတက်

RangonNewsDaily:: January . 20 .2014
ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေ လေးဝါးခေါ် လောခီးလာစခန်းတွင် ပြုလုပ်မည့် တိုင်းရင်း သားခေါင်းဆောင်များ၏ တစ်ပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲသို့ “၀” ပြည် သွေး စည်းညီညွတ်ရေးတပ်မတော်(UWSA) တက်ရောက်နိုင်တော့မည်မဟုတ်ဟု UWSA ၏ ပြောရေးဆိုခွင့် ရှိသူ ဦးအောင်မြင့်က ဇန်န၀ါရီလ ၁၉ ရက်တွင် ပြောသည်။

နိုင်ငံကူး လက်မှတ်အတုဖြင့် ၀င်လာသူ နှစ်ဦးကို လေဆိပ်တွင် ဖမ်းဆီး

RangonNewsDaily:: January . 20 .2014
မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံကူးလက်မှတ်အတုဖြင့် ၀င်ရောက်လာသည့် မြန်မာ နိုင်ငံသားနှစ်ဦးကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖမ်းဆီးလိုက်သည်ဟု ရန်ကုန်တိုင်း ရဲတပ် ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။ ဖြစ်စဉ်မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ Air Asia လေကြောင်းခရီးစဉ် အမှတ်AK 1424 ဖြင့် လိုက်ပါလာသူမှာ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် အောင်သစ္စာရပ်ကွက်၊ နယ်မြေ (၁၂)နေ ကိုဝင်းကျော် ထွေး (၂၇) ဆိုသူဖြစ်သည်ဟု ရဲတပ်ဖွဲ့က အတည်ပြုထားသည်။

ယာဉ် မတော် တဆ မှူကြောင့် လင်းဇာနည်ဇော်အသက်အန္တရာယ်မရှိ၊ရန်ကုန်SSCတွင်ဆက်လက်ဆေးကုသခံမည်

Photo

RangonNewsDaily:: January . 20 .2014
ပဲခူးမြို့ အနီးရန်ကုန်-မန္တလေးလမ်းဟောင်း တွင် သရုပ်ဆောင်လင်းဇာနည်ဇော် လိုက်ပါစီးနင်းလာသော
ယာဉ်နှင့် အခြားယာဉ်တစ်စီးတို့ တိုက် မိပြီးယာဉ် မတော် တဆ မှူကြောင့်အမျိုးသမီးတစ်ဦးအသက်ဆုံးပါး
သွားကြောင်းသတင်းရရှိသည်။