Pages

Tuesday, January 14, 2014

ထိုင်းနိုင်ငံတွင် ၀န်ကြီးချုပ်ကို ဖြုတ်ချရန် အတိုက်အခံ ဆန္ဒပြသူများက ဘန်ကောက်မြို့ကို အလုံးစုံပိတ်ဆို့ရေး စတင်ပြုလုပ်

Photo: ထိုင်းနိုင်ငံတွင် ၀န်ကြီးချုပ်ကို ဖြုတ်ချရန် အတိုက်အခံ ဆန္ဒပြသူများက ဘန်ကောက်မြို့ကို အလုံးစုံပိတ်ဆို့ရေး စတင်ပြုလုပ်
Tuesday, January 14, 2014

ထိုင်းဝန်ကြီးချုပ် ယင်လက်ရှင်နာဝပ်ကို ဖြုတ်ချရန်အတွက် အရှိန်မြှင့်နေသည့် သောင်းနှင့်ချီသော အတိုက်အခံ ဆန္ဒပြသူများသည် ဘန်ကောက်မြို့ကို အလုံးစုံပိတ်ဆို့ရေး စတင်ပြုလုပ်ရန် ကြိုးပမ်းသည့် အနေဖြင့် ဇန်န၀ါရီ ၁၃ ရက်တွင် ဘန်ကောက်မြို့ အလယ်ပိုင်းရှိ အဓိကလမ်းများကို ပိတ်ဆို့ထားခဲ့ကြောင်း သိရသည်။

ဆန္ဒပြသူများသည် ရွေးကောက်တင်မြှောက်စရာ မလိုသည့် ပြည်သူ့ကောင်စီ တစ်ရပ်ဖြင့် အစားထိုးရန်အတွက် ၀န်ကြီးချုပ် နုတ်ထွက်ပေးရန် လိုလားနေခြင်း ဖြစ်သည်။ ယင်းပြည်သူ့ကောင်စီက ယင်လက်၏ ဘီလျံနာ မိသားစု နိုင်ငံရေးအပေါ် သြဇာလွှမ်းမိုးနေမှုကို ဖြတ်တောက်ရန်နှင့် ငွေကြေးလွှမ်းမိုးသည့် နိုင်ငံရေး အစဉ်အလာ ပိုမိုကျယ်ပြန့် လာမှုကို ကိုင်တွယ်ရန်အတွက် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရေးကို ဆောင်ရွက်မည်ဟု ဆိုသည်။

အလံများ ကိုင်ဆောင်ဝှေ့ယမ်းနေသည့် ထောင်ပေါင်းများစွာသော ဆန္ဒပြသူများသည် မြို့၏အဓိက လမ်းဆုံများတွင် စုဝေးနေရာ ယူထားပြီး စကားပြောစင်မြင့်များ၊ အိပ်စက်ရန် ယာယီတဲများနှင့် အခမဲ့ အစားအစာများ ဝေငှရန် နေရာများ တည်ဆောက် ထားကြကြောင်း သိရသည်။
ကောင်းစွာ စုစည်းထားသော ဆန္ဒပြသည့် လှုပ်ရှားမှုက ယင်လက်နုတ်ထွက် ပေးသည်အထိ ဘန်ကောက်မြို့၏ အစိတ်အပိုင်းများကို သိမ်းပိုက်ထားရန် ကတိသစ္စာ ပြုထားပြီး ရှင်နာဝပ်မိသားစုသာ အာဏာပြန်ရလိမ့်မည်ဟု စိုးရိမ်ရသော ဖေဖော်ဝါရီ ရွေးကောက်ပွဲ မကျင်းပနိုင်အောင် ပြုလုပ်သွားမည်ဟု ခြိမ်းခြောက်ထားသည်။ ဆန္ဒပြခေါင်းဆောင် ဆူသက်သောင်ဆူဘန်က “ဒါဟာ ပြည်သူ့တော်လှန်ရေး တစ်ရပ်ပါ။ ဆန္ဒပြသူတွေရဲ့ မျက်လုံးထဲမှာ ယင်လက်ဟာ ၀န်ကြီးချုပ် မဟုတ်တော့ပါဘူး” ဟု ပြောကြားခဲ့သည်။

ဆူသက်သည် အင်အားကြီး အတိုက်အခံပါတီ၏ သြဇာအကြီးဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်က ဒုတိယ ၀န်ကြီးချုပ်အဖြစ် တာဝန်ယူစဉ် ဆန္ဒပြသူများကို နှိမ်နင်းခဲ့မှုအတွက် လူသတ်မှုများဖြင့် တရားစွဲဆို ခံခဲ့ရဖူးသည်။ ဆန္ဒပြသူများက ရက်အနည်းငယ်အတွင်း ယင်လက် နုတ်မထွက်ပေးပါက စတော့အိတ်ချိန်းနှင့် လေကြောင်းထိန်းချုပ်ရေး ဌာနများကိုပါ သိမ်းပိုက်မည်ဟု ခြိမ်းခြောက်ထားသည်။

ဆန္ဒပြသူများ၏ တောင်းဆိုမှုကို အစိုးရက လိုက်လျောဖွယ် မရှိသော်လည်း ဖေဖော်ဝါရီ ၂ ရက် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းရန် ရွေးကောက်ပွဲ ကော်မရှင်၏ အဆိုပြုချက်ကို ဆွေးနွေးရန်အတွက် ဇန်န၀ါရီ ၁၅ ရက်တွင် ဆွေးနွေးမှုများ ပြုလုပ်ရန် ဘက်ပေါင်းစုံကို ဖိတ်ခေါ်ထားကြောင်း ပြောကြားခဲ့သည်။

ပိတ်ဆို့မှုများ စတင်ပြုလုပ်ပြီးနောက် နာရီအနည်းငယ်အတွင်း ဆန္ဒပြသူများ၏ လှုပ်ရှားမှုများ ပျံ့နှံ့မှုများကြောင့် ဘန်ကောက်မြို့ရှိ အဓိကကျသော စီးပွားရေးဇုန်များနှင့် ဟိုတယ်ဇုန်များ ပိတ်ဆို့သွားခဲ့ကြောင်း သိရသည်။ ကျောင်းအများစုကို ပိတ်လိုက်ရသော်လည်း လူဦးရေ ၁၂ သန်းခန့် နေထိုင်သော ဘန်ကောက်မြို့သည် လွန်ခဲ့သည့် နှစ်ကတည်းက ကြီးမားသော ဆန္ဒပြပွဲများနှင့် ယဉ်ပါးနေသည် ဖြစ်သောကြောင့် မြို့တော်အနေဖြင့် လုံးဝရပ်ဆိုင်းသွားဖွယ် မရှိဟု ဆိုသည်။

Eleven Media Group 

(ထိုင်းဝန်ကြီးချုပ် ဖြုတ်ချရန် ဘန်ကောက်မြို့အား အလုံးစုံပိတ်ဆို့ရေး ပြုလုပ်နေသည့် အတိုက်အခံ ဆန္ဒပြသူများကို ဇန်န၀ါရီ ၁၃ ရက်က ဘန်ကောက်မြို့တွင်း တစ်နေရာတွင် တွေ့ရစဉ် (Photo: AFP))
(ထိုင်းဝန်ကြီးချုပ် ဖြုတ်ချရန် ဘန်ကောက်မြို့အား အလုံးစုံပိတ်ဆို့ရေး ပြုလုပ်နေသည့် အတိုက်အခံ ဆန္ဒပြသူများကို ဇန်န၀ါရီ ၁၃ ရက်က ဘန်ကောက်မြို့တွင်း တစ်နေရာတွင် တွေ့ရစဉ် (Photo: AFP))
RangonNewsDaily:: January . 14 .2014
ထိုင်းဝန်ကြီးချုပ် ယင်လက်ရှင်နာဝပ်ကို ဖြုတ်ချရန်အတွက် အရှိန်မြှင့်နေသည့် သောင်းနှင့်ချီသော အတိုက်အ
ခံ ဆန္ဒပြသူများသည် ဘန်ကောက်မြို့ကို အလုံးစုံပိတ်ဆို့ရေးစတင်ပြုလုပ်ရန် ကြိုးပမ်းသည့်အနေဖြင့်ဇန်န၀ါ
ရီ ၁၃ ရက်တွင် ဘန်ကောက်မြို့ အလယ်ပိုင်းရှိ အဓိကလမ်းများကို ပိတ်ဆို့ထားခဲ့ကြောင်း သိရသည်။

နေစရာမရှိသည့် ကျူးကျော်တဲတစ်သောင်းကျော် အင်အားသုံးဖယ်ရှားခံရ

Photo: နေစရာမရှိသည့် ကျူးကျော်တဲတစ်သောင်းကျော် အင်အားသုံးဖယ်ရှားခံရ
Tuesday, January 14, 2014

လှိုင်သာယာမြို့နယ် ပန်းလှိုင်တံတားအနီး တွံတေးမြို့နယ်သို့သွားသောလမ်းမကြီးဘေးရှိ ကျူးကျော်တဲ တစ်သောင်းကျော်ကို ဇန်နဝါရီ(၁၄)ရက်နံနက် လင်းအားကြီး အချိန်က တာဝန်ရှိသူများက အင်အားသုံးဖယ်ရှားခဲ့သည်ဟုဒေသခံတို့က ဆိုသည်။
 “မနက်လေးနာရီလောက်မှာ အကုန်ဖျက်ပစ်ဆိုပြီး လူအင်အားကလည်းအများကြီးနဲ့အတင်းဝိုင်းဖျက်ကြတာ အိမ်တွေ ဖျက်တော့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီးဖမ်းခံရတဲ့လူတွေလည်း ဖမ်းခံရတယ် ထွက်ပြေးကြတဲ့ လူတွေလည်းရှိတယ် ”ဟုအိမ်ဖျက်ခံရသူ ဦးကျင်အေးက ပြောသည်။

 အဆိုပါ ကျူးကျော်တဲတစ်သောင်းကျော်ကိုပန်းလှိုင်တံတားအနီးရှိကျေးရွာ(၄)ရွာမှ ရွာသားများ၊ စည်ပင်ဝန်ထမ်းများနှင့် မြို့နယ် အိုးအိမ်ဦးစီးဌာနမှဝန်ထမ်းများမှဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတို့က ဆိုသည်။

 “ခုအိမ်တွေကို ဖျက်လိုက်တော့ ကျွန်တော်တို့ နေစရာလည်း မရှိတော့ဘူးဇာတိကိုပြန်ဖို့ လမ်းစရိတ်လည်း မရှိစားဝတ်နေရေးအတွက် ကျွန်တော်တို့တော်တော်ဒုက္ခရောက်ကုန်ပြီ” ဟု မိသားစု(၈)ဦးနှင့် ကျူးကျော်နေထိုင်သူဦးအောင်ဝင်းက ပြောသည်။

ပန်းလှိုင်တံတားအနီးလမ်းမလေးရှိ ကျူးကျော်တဲများကို ဖယ်ရှာပေးရန်သက်ဆိုင်ရာက ကြိုတင်အကြောင်း ကြားခြင်း မရှိဘဲဝင်ရောက်ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်းကိုလည်း ၎င်းက ဆက်ပြောသည်။

အဆိုပါ ပြဿာနာဖြစ်ပွားနေသည့်နေရာသို့ မသွားရောက်နိုင်ရန်လှိုင်သာယာမြို့နယ် BOD အဝိုင်းထိပ်တွင် ရဲအင်အား (၅၀)ခန့်ဖြင့်စစ်ဆေးနေပြီး ၎င်းလမ်းမကြီးတစ်လျှောက်၌လည်း လုံခြုံရေးရယူထားသည်ဟု သိရသည်။

“ညက ကျွန်တော်က အိမ်မှာမရှိဘူး ကျွန်တော့်အိမ်လည်း အဖျက်ခံရလို့ ဒီမနက်မှဖုန်းဆက် အကြောင်းကြားတော့ လုံခြုံရေးအရဆိုပြီး ပေးမဝင်ဘူးဗျာ အထဲမှာကမိသားစုကလည်းရှိနေတယ် အခုအထဲကို ဝင်ဖို့စောင့်နေတဲ့သူတွေ အများကြီးပဲ”ဟုကိုဟန်ဝင်းကပြောသည်။

ကျူးကျော်တဲတွင် နေထိုင်သူများမှာ ၎င်းတို့နေထိုင်ရန်အတွက် မြေကွက်များကိုလယ်သမားများထံမှတစ်ဆင့် ပေ(၂၀)ပေ(၁၀၀) ရှိသည့်မြေကွက်ကိုကျပ်သုံးသောင်းဝန်းကျင်ဖြင့် ဝယ်ယူထားခြင်း ဖြစ်သည်ဟု အိမ်ဖျက်သိမ်းခံအချို့က ဆိုသည်။

လွန်ခဲ့သည့် တစ်နှစ်ခန့်က ထိုနေရာတွင် ကျူးကျော်တဲအနည်းငယ်သာရှိခဲ့သော်လည်း ၂၀၁၃ ဒီဇင်ဘာလမှစ၍ ကျူးကျော်တဲများ တစထက်တစများပြားလာခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။

အဆိုပါကိစ္စများနှင့်ပတ်သတ်၍ တွံတေးမြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းပိတ်ထားသည့် တုန့်ပြန်မှုသာရရှိခဲ့သည်။

Myit Ma Kha Media Group

RangonNewsDaily:: January . 14 .2014
လှိုင်သာယာမြို့နယ် ပန်းလှိုင်တံတားအနီး တွံတေးမြို့နယ်သို့သွားသောလမ်းမကြီးဘေးရှိ ကျူးကျော်တဲ တစ်သောင်းကျော်ကို ဇန်နဝါရီ(၁၄)ရက်နံနက် လင်းအားကြီး အချိန်က တာဝန်ရှိသူများက အင်အားသုံးဖယ်ရှားခဲ့သည်ဟုဒေသခံတို့က ဆိုသည်။

တောင်ကိုရီးယား- မြန်မာ ချစ်ကြည်ရေးအတွက် အာဇာနည်ဗိမာန်အတွင်း အထိမ်းအမှတ်ဆောက်မည်ဆိုပါက ဒေါ်အောင်ဆန်းစုကြည် သဘောမတူ

RangonNewsDaily:: January . 14 .2014
၁၉၈၃ခုနှစ်က တောင်ကိုရီးယား သမ္မတဟောင်း ချန်ဒူးဝမ် အာဇာနည်ဗိမာန်ကို အလေးပြုရန် သွားရောက်

သည့်ခရီးစဉ်အတွင်းဗုံးပေါက်ကွဲသဖြင့်အာဇာနည်ဗိမာန်တွင်အထိမ်းအမှတ်အဆောက်အအုံ တစ်ခု ဆောက်
လုပ်ရန် တောင်ကိုရီးယားဘက်က မြန်မာအစိုးရကို ကမ်းလှမ်းထားမှုကို ဗိမာန်ဝင်းအတွင်း ဆောက်မည်ဆို
ပါက သဘောမတူကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

မြတ်ဆရာပူဇော်ပွဲ၌ ဆိုင်ကယ်၊ကားများ အခွန်ကောက်ခံခြင်းအပေါ် ပွဲလာရောက်သူများ မကျေနပ်

Photo: မြတ်ဆရာပူဇော်ပွဲ၌ ဆိုင်ကယ်၊ကားများ အခွန်ကောက်ခံခြင်းအပေါ် ပွဲလာရောက်သူများ မကျေနပ်
Tuesday, January 14, 2014

လားရှိုးမြို့၊အ.ထ.က(၁)ကျောင်းနှစ်(၅၀)ပြည့် ရွှေရတုသဘင်နှင့် မြတ်ဆရာပူဇော်ပွဲ၌ ဆိုင်ကယ်၊ ကားများ အခွန်ကောက်ခံခြင်း အပေါ် စိတ်ကျေနပ်မှု မရှိဘဲ စိတ်မချမ်းသာဖြစ်ရကြောင်း အဆိုပါပွဲသို့ လာရောက်သူများထံမှ သိရသည်။

“သမီးကဒီကျောင်းမှာ အခုတက်နေတာပါ၊ သူတို့နှစ်(၅၀)ပြည့် လုပ်တာနဲ့ သမီးတို့က ဆရာကန်တော့ ပွဲကိုလာတာ၊ ဒီကျောင်းကဆရာ/ဆရာမတွေကို လာကန်တော့တဲ့ ဒီကျောင်းက ကျောင်းသား/သူတွေက ဆိုင်ကယ်အပ်ခ ပေးရမယ် ဆိုတာက မဖြစ်သင့်ဘူးလေ၊ ကိုယ့်ကျောင်းကိုကိုယ်လာတာတောင် ပိုက်ဆံပေးရမယ်ဆိုတော့ လက်မခံဘူး”ဟုလက်ရှိကျောင်းတက်နေသော ကျောင်းသူတစ်ဦးက ပြောသည်။

ယင်းပွဲသို့ လာရောက်သော ကျောင်းသားမိဘတစ်ဦးမှလဲ “ဟုတ်တယ်ဒီလိုပိုက်ဆံကောက်တာတော့ လွန်ပါတယ်ဗျာ၊ ကျောင်းရံပုံငွေလို့ပြောတယ်၊ သူတို့ကလေလံယူထားတာတဲ့၊ ဒီပွဲကကျောင်းရံပုံငွေပွဲလို့ ရေးထားတာ မတွေ့ပါဘူး နှစ်ငါးဆယ်ပြည့်နဲ့ မြတ်ဆရာပူဇော်ပွဲလို့ပဲ တွေ့ပါတယ်၊ ဦးရဲ့သမီးက ဒီကျောင်းတက်နေလို့ လာပို့တာပါ ဒီအတိုင်းဆိုနက်ဖြန် မလာတော့ဘူး”ဟု ကျောင်းသားမိဘတစ်ဦးက ပြောသည်။

အဆိုပါယာဉ်အခွန်ကောက်နေသောလမ်းနေရာကို နေ့စဉ်ဖြတ်သန်းသွားလာနေသောသူတစ်ဦးကလဲ အဆိုပါလမ်းသည်ပြည်သူပိုင်လမ်းဖြစ်ကြောင်း၊ အခုလဲ ပုံမှန်သွားနေတာဖြစ်ပြီး ၎င်းပွဲသို့ လာရောက်ချင်း မဟုတ်ကြောင်း ပြောသောလဲမရဘဲ “ဒါဆိုလဲ ငါးရာပေးခဲ့ရမယ်”ဟု လေလံယူသူကပြောပြီး ယင်းပွဲကို လာရောက်လုံခြုံရေးယူပေးသော တာဝန်ကြေ ၀န်ထံများ၏ ယာဉ်များကိုပင် ကောက်ခံကြောင်း ပြောသည်။

ယာဉ်အခွန်လေလံယူသူများမှလဲ “ကျွန်မတို့က လေလံယူထားတာ
ဆိုတော့ ကိုယ့်အတွက်ကျန်အောင် ယူရမှာပဲ၊ ဘယ်သူဆိုင်ကယ်၊ ကားဘဲဖြစ်ဖြစ် ကောက်ရမှာပဲ”ဟု ပြောသည်။

ကျောင်းရံပုံငွေအတွက်ဆိုလျှင်လက်ရှိကျောင်းတက်နေသော ကျောင်းသား/သူများအား အဖြူအစိမ်းများအား အဖြူအစိမ်းဝတ်စေပြီး သားတို့၊ သမီးတို့ ကျောင်းရံပုံငွေ အတွက်ပါ အလှူငွေများ ထည့်ဝင်ပေးကြပါဆိုလျှင် ဒီထက်မက အလှူငွေ ရရှိနိုင်ကြောင်း ကျောင်းသားမိဘများမှ အကြံပြုပြောပါချက်အရ သိရသည်။

စိုးမင်းနိုင်
ွှ့The Myanma Age

RangonNewsDaily:: January . 14 .2014
လားရှိုးမြို့၊အ.ထ.က(၁)ကျောင်းနှစ်(၅၀)ပြည့် ရွှေရတုသဘင်နှင့် မြတ်ဆရာပူဇော်ပွဲ၌ ဆိုင်ကယ်၊ ကားများ အခွန်ကောက်ခံခြင်း အပေါ် စိတ်ကျေနပ်မှု မရှိဘဲ စိတ်မချမ်းသာဖြစ်ရကြောင်း အဆိုပါပွဲသို့ လာရောက်သူများထံမှ သိရသည်။

MRTV ဒစ်ဂျစ်တယ်ရုပ်သံဖမ်းစက် အလုံးရေ သုံးသိန်းကျော် အခမဲ့ပေးမည်

Photo: MRTV ဒစ်ဂျစ်တယ်ရုပ်သံဖမ်းစက် အလုံးရေ သုံးသိန်းကျော် အခမဲ့ပေးမည်
Tuesday, January 14, 2014

မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) မှ ဒစ်ဂျစ်တယ်စနစ်ဖြင့် ပြောင်းလဲ ထုတ်လွှင့်ရာတွင် ဖမ်းယူကြည့်ရှုနိုင်မည့် DVBT2 Set Top Box ရုပ်သံဖမ်းစက် အလုံးရေ သုံးသိန်းကျော်ကို ယခုနှစ်အတွင်း မြို့နယ်အားလုံးသို့ အခမဲ့ ဖြန့်ဖြူးပေးမည် ဖြစ်ကြောင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူး ဦးဝင်းကြည်က ပြောကြားသည်။
မူလ အန်နာလော့ဂ် (Analogue) စနစ်မှ ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲရာတွင် DVBT2 Set Top Box များနှင့် ဖမ်းယူနိုင်ရန် အတွက် မြို့နယ်ပေါင်း ၂၂ မြို့နယ်တွင် စက်ရုံများ တည်ဆောက်နေပြီး အမေရိကန် ဒေါ်လာ ၅ ဒသမ ၅၉ သန်း အသုံးပြု ထားကြောင်း ၄င်းကဆိုသည်။
"စက်ရုံတွေ အားလုံးပြီးပြီ ဆိုတာနဲ့ ဖြန့်ဖြူးပေးမှာပါ" ဟု ၄င်းကဆိုသည်။

DVBT2 Set Top Box အလုံးရေ သုံးသိန်းကျော်ကို မည်သို့ဖြန့်ဖြူး ပေးဝေမည်ကို ပြန်ကြားရေး ဝန်ကြီးဌာန တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

အဆိုပါ ဒစ်ဂျစ်တယ်စနစ်ဖြင့် ပြောင်းလဲထုတ်လွှင့်မည် ရုပ်သံအစီအစဉ် များကို DVBT2 Set Top Box များအပြင် DVBT2 စနစ်ပါဝင်သော အင်တန်နာ များဖြင့်လည်း ဖမ်းယူကြည့်ရှုနိုင်မည် ဖြစ်ကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။

အဆိုပါ DVBT2 Set Top Box အလုံးရေ နှစ်သောင်းကျော်ကို SEA Games မကျင်းပမီ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့တွင် ချထားပေးပြီး စတင်စမ်းသပ် ထုတ်လွှင့်နေပြီ ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန တာဝန်ရှိသူများက ဆိုသည်။

အန်နာလော့ဂ်စနစ်မှ ဒစ်ဂျစ်တယ်စနစ် ပြောင်းလဲရေးအတွက် မြစ်ကြီးနား၊ လွိုင်ကော်၊ ဘားအံ၊ ဖလမ်း၊ မော်လမြိုင်၊ စစ်တွေ၊ တောင်ကြီး၊ ကျိုင်းတုံ၊ လားရှိုး၊ ထားဝယ်၊ ပြည်၊ တောင်ငူ၊ ညောင်လေးပင်၊ ပဲခူး၊ မင်းဘူး၊ ပုပ္ပါး၊ မိတ္ထီလာ၊ ကျောင်းကုန်း၊ ပုသိမ် စသည့် မြို့နယ်ပေါင်း ၂၂ မြို့နယ်တွင် စက်ရုံများ တည်ဆောက်နေပြီး ယခုနှစ်အတွင်း အပြီးသတ်မည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနထံမှ သိရသည်။

The Voice Weekly

RangonNewsDaily:: January . 14 .2014
မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) မှ ဒစ်ဂျစ်တယ်စနစ်ဖြင့် ပြောင်းလဲ ထုတ်လွှင့်ရာတွင် ဖမ်းယူကြည့်
ရှုနိုင်မည့် DVBT2 Set Top Box ရုပ်သံဖမ်းစက် အလုံးရေ သုံးသိန်းကျော်ကို ယခုနှစ်အတွင်း မြို့နယ်အားလုံး
သို့အခမဲ့ ဖြန့်ဖြူးပေးမည် ဖြစ်ကြောင်း မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှညွှန်ကြားရေးမှူးဦးဝင်းကြည်က ပြော
ကြားသည်။

အငြင်းပွားနေသော ဂျပန် ကျွန်းစုရေပိုင်နက် အတွင်းသို့တရုတ် သင်္ဘောများဝင်

Photo: အငြင်းပွားနေသော ဂျပန် ကျွန်းစုရေပိုင်နက် အတွင်းသို့တရုတ် သင်္ဘောများဝင်
Monday, January 13, 2014

ဂျပန်ကာကွယ်ရေးဝန်ကြီးက နိုင်ငံ၏ ရေပိုင်နက်ကို ကာကွယ်ရန်အတွက် အရှေ့တရုတ်ပင်လယ်ပြင်မှ တိုကျို၏ ထိန်းချုပ် မှုအောက်တွင်ရှိသော ရေပိုင်နက်များအတွင်း တရုတ်အစိုးရ၏ သင်္ဘောများ ၀င်ရောက်မှုကို တာဆီးတော့မည်ဖြစ်ကြောင်း သန္နိဌာန်ချလိုက်ပြီဟု ဆိုသည်။

တရုတ်ကမ်းခြေစောင့်ရေယာဉ်များသည် တနင်္ဂနွေနေ့ ဒေသစံတော်ချိန် နံနက် ၈နာရီခွဲတွင် ဆန်ခါကုကျွန်းစုများအနက် တစ်ခု၏ အနီးသို့ ၀င်ရောက်ခဲ့ကြောင်းကို နှစ်ဘက်စလုံးက အတည်ပြုပြောကြားခဲ့သည်။ ဂျပန်ကာကွယ်ရေး ၀န်ကြီး အိဆုနိုရိအိုနိုဒီရာက နောက်တစ်ကြိမ်နိုင်ငံ၏ ရေပိုင်နက်အတွင်း ၀င်ရောက်ခြင်းကို ခွင့်ပြုတော့မည်မဟုတ်ကြောင်း၊ နိုင်ငံ၏ မြေ၊ ရေ နှစ်ရပ်စလုံးကို ကျူးကျော်မှုများ လက်မခံနိုင်တော့ဟု ဆိုသည်။

တမင်ကြံရွယ်ချက်ဖြင့် နယ်ကျော်ဝင်ရောက်လာသော သင်္ဘောများသည် နှစ်နာရီမရှိတရှိ အချိန်အတွင်း ဂျပန်ရေပိုင်နက် အတွင်း လှည့်လည်နေခဲ့ကြသည်။

တရုတ်သည် နိုင်ငံ၏ နယ်နိမိတ်နှင့်ပတ်သတ်ပြီး အငြင်းပွားခဲ့သော ကျွန်းစုများအနီးသို့ တစ်စစ နယ်ပယ်ချဲ့ထွင် လျှက်ရှိသည်။ အထူးသဖြင့် ၂၀၁၂ စက်တင်ဘာလက ကျွန်းအချို့သည် ဂျပန်၏ ပိုင်ဆိုင်မှုအောက် ရောက်သွားပြီး နောက်ပိုင်းတွင် သတ်မှတ်မှုများ ပိုမိုကြီးထွားလာခဲ့သည်။

ယနေ့ တရုတ်သင်္ဘောများ ၀င်ရောက်မှုသည် ဒီဇင်ဘာ ၂၉ရက်က တရုတ်ကမ်းခြေစောင့် ရေယာဉ်သုံးစီးက ဂျပန်တို့၏ ဇုံအတွင်းသို့ သုံးနာရီကျော် ၀င်ရောက်ခဲ့ပြီးနောက်ပိုင်း ပထမအကြိမ် ပြန်လည် ၀င်ရောက်လာခြင်း ဖြစ်သည်ဟု ဂျပန်အာဏာပိုင်များက ဆိုသည်။ ယခုဖြစ်ရပ်တွင် ဂျပန်ကမ်းခြေစောင့်ကင်းလှည့်ယာဉ်များက တရုတ်ရေယာဉ်များ အဝေးသို့ ရောက်အောင် နောက်မှလိုက်လံသည်အထိ ဖြစ်ခဲ့သည့်အတွက် နောင်တစ်ချိန်တွင် အပြန်အလှန် ပြစ်ခတ်မှုများမှ တစ်ဆင့် စစ်ပွဲမီးများ ဖြစ်လာနိုင်သည်ဟု နိုင်ငံတကာ အသိုင်းအ၀န်းက စိုးရိမ်နေကြသည်။

Ref: Al jazeera
The Myanma Age

RangonNewsDaily:: January . 14 .2014
ဂျပန်ကာကွယ်ရေးဝန်ကြီးက နိုင်ငံ၏ ရေပိုင်နက်ကို ကာကွယ်ရန်အတွက် အရှေ့တရုတ်ပင်လယ်ပြင်မှ တို
ကျို၏ ထိန်းချုပ် မှုအောက်တွင်ရှိသော ရေပိုင်နက်များအတွင်း တရုတ်အစိုးရ၏ သင်္ဘောများ ၀င်ရောက်မှုကို တာဆီးတော့မည်ဖြစ်ကြောင်း သန္နိဌာန်ချလိုက်ပြီဟု ဆိုသည်။

ဧရာဝတီမြစ် ရေကြောင်း ကျပ်တည်းမှုကြောင့် အစုန်အဆန် လမ်းပြောင်းလဲ သတ်မှတ်

Photo: ဧရာဝတီမြစ် ရေကြောင်း ကျပ်တည်းမှုကြောင့် အစုန်အဆန် လမ်းပြောင်းလဲ သတ်မှတ်
Monday, January 13, 2014

ဧရာဝတီမြစ်ရေ ကျချိန်တွင် သောင်ဖြစ်ထွန်းမှု များပြားကာ ရေကြောင်း ကျပ်တည်းမှုကြောင့် အင်းဝတံတား (ဧရာဝတီ) အောက် ရေလယ်တိုင်အမှတ် ၁ နှင့် ၂ ကြားတွင် အစုန်အဆန်လမ်းအဖြစ် ဇန်နဝါရီလဆန်းမှ စတင်ကာပြောင်းလဲ သတ်မှတ်ထားကြောင်း မန္တလေးတိုင်းဒေသကြီး ရေ အရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခင်က ရေလယ်တိုင် အမှတ် ၁ နှင့် ၂ ကြားကို အဆန်လမ်းနှင့် ရေလယ်တိုင် ၃ နှင့် ၄ ကြားကို အစုန်လမ်းအဖြစ် သတ်မှတ်ထားခဲ့ရာမှ လက်ရှိတွင် ရေလယ်တိုင် အမှတ် ၁ နှင့် ၂ ကြားကို အစုန်အဆန်လမ်းအဖြစ် သင်္ဘောများ ဖြတ်သန်း သွားလာစဉ် သောင်မတင်စေရန်အတွက် ပြောင်းလဲ ဖွင့်လှစ်ကာ ရေလမ်း အချက်ပြမီးများလည်း အမြဲဖွင့်လှစ် အချက်ပြနေကြောင်း ၎င်းက ထပ်မံပြောကြားသည်။

“မြစ်ရေကလည်း ကျသွားတယ်။ ပြီးတော့ သဲသောင်တွေလည်း နည်းနည်း များလာတယ်။ သင်္ဘော မောင်းနှင်တဲ့အချိန် အရမ်းဂရုစိုက်ပြီး မောင်းနေရတယ်။ ဂရုမစိုက်ရင် သင်္ဘော သောင်တင်သွားနိုင်တယ်။ အဲဒီကျရင်တော်တော် ဒုက္ခရောက်မှာ” ဟု မန္တလေး ဂေါဝိန်ဆိပ်ကမ်း ကျောက်တင် သင်္ဘောတစ်စီးရှိ သင်္ဘောမောင်းနှင်သူ ဦးကောင်းက ဆိုသည်။

သောင်များ ပေါ်ထွန်းလာပြီး ရေကြောင်း ကျပ်တည်းမှုများ ဖြစ်ပေါ်လျက်ရှိသော ဗန်းမော်မှ ရန်ကုန်အထိ ဧရာဝတီ မြစ်ကြောင်းလမ်းရှိ သဲသောင်များနှင့် ရေကြောင်း ကျဉ်းမြောင်းနေသည့် ၄၆ နေရာကို သောင်တူးရေယာဉ် ၁၉ စင်းဖြင့် သဲစုပ်ခြင်းများ၊ သောင်တူးဖော်ခြင်းများ ပြုလုပ်သွားမည် ဖြစ်ပြီး လိုအပ်သော ယာဉ်များကိုလည်း တင်ဒါခေါ်ကာ ဝယ်ယူသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တာဝန်ရှိသူက ထပ်မံပြောကြားသည်။

The Voice Weekly

RangonNewsDaily:: January . 14 .2014
ဧရာဝတီမြစ်ရေ ကျချိန်တွင် သောင်ဖြစ်ထွန်းမှု များပြားကာ ရေကြောင်း ကျပ်တည်းမှုကြောင့် အင်းဝတံတား (ဧရာဝတီ) အောက် ရေလယ်တိုင်အမှတ် ၁ နှင့် ၂ ကြားတွင် အစုန်အဆန်လမ်းအဖြစ် ဇန်နဝါရီလဆန်းမှ စတင်ကာပြောင်းလဲ သတ်မှတ်ထားကြောင်း မန္တလေးတိုင်းဒေသကြီး ရေ အရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အာရပ်ကမ္ဘာကို တုန်လှုပ်စေခဲ့သူ အစ္စရေး စစ်ခေါင်းဆောင်ရှာရွန် ကွယ်လွန်

Photo: အာရပ်ကမ္ဘာကို တုန်လှုပ်စေခဲ့သူ အစ္စရေး စစ်ခေါင်းဆောင်ရှာရွန် ကွယ်လွန်
Monday, January 13, 2014

ရန်သူ အာရပ်များကို တုန်လှုပ် ထိတ်လန့်အောင် စွမ်းဆောင်နိုင်ခဲ့သည့် အစ္စရေး စစ်ခေါင်းဆောင်နှင့် ဝန်ကြီးချုပ်ဟောင်း တစ်ဦးဖြစ်သူ အေရီရယ်ရှာရွန်သည် ရှစ်နှစ်တာ ကိုမာဝေဒနာ ခံစားရပြီးနောက် အသက် ၈၅ ခုနှစ်တွင် ကွယ်လွန်သွားခြင်း ဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

အရှေ့အလယ်ပိုင်း ဒေသတစ်လျှောက် ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်ခြင်း၊ ပါလက်စတိုင် နိုင်ငံတော် တည်ထောင်ရန် ရည်ရွယ်ထားသည့် နယ်မြေများတွင် ဂျူး အခြေစိုက် အိမ်ရာများ တည်ထောင်ခြင်း၊ သိမ်းပိုက်ထားသည့် ဂါဇာ ကမ်းမြောင်ဒေသမှ ပြန်လည် ဆုတ်ခွာရန် ဆုံးဖြတ်ခဲ့ခြင်း စသည့် လုပ်ဆောင်ချက်များကို ပြုလုပ်ခဲ့သည့် အစ္စရေး စစ်သည်တော် နိုင်ငံပြုသမား တစ်ဦးဖြစ်သူ ရှာရွန် ကွယ်လွန်သွားပြီ ဖြစ်သည်။

တဲအဘစ် မြို့တော်အနီးရှိ ရှီဘာ ကျန်းမာရေးဌာနတွင် ရှာရွန် ကွယ်လွန်သွားခြင်း ဖြစ်ပြီး၂၀၀၆ ခုနှစ်တွင် ဝန်ကြီးချုပ် တာဝန် ထမ်းဆောင်နေစဉ် ဦးနှောက်တွင်းရှိ သွေးကြောများ ပိတ်ဆို့သွားရာမှတစ်ဆင့် ကိုမာဝေဒနာ စတင်ခံစားခဲ့ရကာ ပြီးခဲ့သည့် ရက်သတ္တတစ်ပတ်မှစ၍ ကျန်းမာရေး အခြေအနေ ဆိုးရွားလာခဲ့သည်။

“အေရီက ရဲစွမ်းသတ္တိရှိတဲ့ စစ်သားပါ။ ရဲရင့်တဲ့ နိုင်ငံပြုပုဂ္ဂိုလ် တစ်ဦးလည်း ဖြစ်ပါတယ်။ အစ္စရေး နိုင်ငံတော် တည်ဆောက်ရေးနဲ့ လုံခြုံရေးအတွက် အများကြီး လုပ်ဆောင် ပေးတဲ့သူပါ” ဟု အစ္စရေးနိုင်ငံ စတင်တည်ထောင်ခဲ့သူများတွင် တစ်ဦးအပါအဝင် ဖြစ်သည့် သမ္မတ ရှီမွန်ပဲရက်စ်က ပြောကြားလိုက်သည်။

ရှာရွန်အပေါ် အောက်မေ့ သတိရသည့် အခမ်းအနားကို တနင်္လာနေ့တွင် ကျင်းပမည် ဖြစ်ပြီး အစ္စရေး နိုင်ငံတောင်ပိုင်းရှိ ရှာရွန် နေထိုင်ရာ အရပ်အနီးရှိ ဆိုင်ကာ မိုးလယ်တော အနီးတွင် အသုဘ အခမ်းအနား ကျင်းပသွားမည် ဖြစ်သည်။

အစ္စရေးတို့၏ ရန်သူတော် ပါလက်စတိုင်းတို့က ရှာရွန် သေဆုံးသည့် သတင်းကြောင့် ဝမ်းသာ ပျော်ရွင်လျက်ရှိပြီး ဂါဇာဒေသရှိ ပါလက်စတိုင်းများက ပျော်ရွင်ခြင်း အထိမ်းအမှတ် အစီအစဉ်များ လုပ်ဆောင်လျက်ရှိသည်။

“ဒီလို အာဏာရှင် ဆိုးယုတ်သူ တစ်ဦး ထွက်ခွာ သွားတာကြောင့် အောင်ပွဲရမယ်လို့ ကျွန်တော်တို့ ပိုမို ယုံကြည်လာပါတယ်” ဟု ပါလက်စတိုင်း ဟားမတ်အုပ်စု ပြောရေးဆိုခွင့်ရှိသူ အဘူဇူရီက ပြောကြားသည်။

ဂါဇာ ကမ်းမြောင်ဒေသမှ အစ္စရေးများ တစ်ဖက်သတ် တပ်ရုပ်သွားရေးကို 
အစ္စရေး ဝန်ကြီးချုပ် ရှာရွန်က၂၀၀၆ခုနှစ် မတိုင်ခင်တွင် ညွှန်ကြားခဲ့ပြီး ပါလက်စတိုင်းများနှင့် အစ္စရေးများကြား တင်းမာမှု လျော့ပါးစေရန် လုပ်ဆောင် ပေးခဲ့သည်။ အနောက်ဘက်ကမ်း ဒေသရှိ 
ပါလက်စတိုင်းနိုင်ငံနှင့် အစ္စရေးနိုင်ငံကြား ဆက်ဆံရေးကို ရှာရွန်က အခြားသော အစ္စရေး နိုင်ငံရေးသမားများထက် ပိုမို ပုံဖော်ပေးခဲ့ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

အစ္စရေးနိုင်ငံ တည်ထောင်ရေး ၁၉၄၈ ခုနှစ် စစ်ပွဲ၊ ၁၉၅၆ ခုနှစ် ဆိုင်းနိုင်း ထိုးစစ်တို့တွင် ရှာရွန် ပါဝင်ခဲ့ပြီး ၁၉၆၇ ခုနှစ် အရှေ့အလယ်ပိုင်း စစ်ပွဲတွင် သံချပ်ကာ တပ်မတစ်ခုကို ကွပ်ကဲခဲ့ကာ ၁၉၇၃ ခုနှစ်တွင် စူးအက် တူးမြောင်းကို ဖြတ်ကျော်ပြီး အာရပ် တပ်မတော်များကို တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်ခြင်းဖြင့် အီဂျစ်အမှတ် (၃) တပ်မတော်ကို ဝန်းရံ ပိတ်ဆို့ခဲ့သည်။

သို့သော်လည်း ၁၉၈၂ ခုနှစ် လက်ဘနွန် ထိုးစစ်တွင် ဘေရွတ်မြို့တော် ဒုက္ခသည် စခန်းများရှိ ပါလက်စတိုင်း ဒုက္ခသည် ရာပေါင်းများစွာကို ခရစ်ယာန် ပြည်သူ့စစ်အုပ်များက ရက်ရက်စက်စက် သတ်ဖြတ်မှု ပေါ်ပေါက်လာခဲ့ပြီး ယင်းဖြစ်ရပ်တွင် ရှာရွန်၏ တာဝန် မကင်းကြောင်း အစ္စရေး စုံစမ်းရေး အဖွဲ့က ထုတ်ပြန်ခဲ့သည်။

သို့သော်လည်း ရှာရွန်က ပါလက်စတိုင်းများဖြင့် စေ့စပ်ဆွေးနွေးရန် ကြိုးပမ်းခဲ့သဖြင့်လည်း ၎င်းကို ငြိမ်းချမ်းရေး စွမ်းဆောင်သူတစ်ဦး ဖြစ်သည်ဟု အမေရိကန်ပြည်ထောင်စုနှင့် နိုင်ငံခြား အင်အားကြီး နိုင်ငံများက သတ်မှတ်ထားသည်။

The Voice Weekly

RangonNewsDaily:: January . 14 .2014
ရန်သူ အာရပ်များကိုတုန်လှုပ်ထိတ်လန့်အောင် စွမ်းဆောင်နိုင်ခဲ့သည့် အစ္စရေး စစ်ခေါင်းဆောင်နှင့် ဝန်ကြီး
ချုပ်ဟောင်း တစ်ဦးဖြစ်သူ အေရီရယ်ရှာရွန်သည် ရှစ်နှစ်တာ ကိုမာဝေဒနာ ခံစားရပြီးနောက် အသက် ၈၅ ခုနှစ်တွင် ကွယ်လွန်သွားခြင်း ဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ အမှိုက်ပုံးမှ သေနတ်ကျည်ဆန်များကောက်ရ

Photo: ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ အမှိုက်ပုံးမှ သေနတ်ကျည်ဆန်များကောက်ရ
Monday, January 13, 2014

ကြည့်မြင်တိုင်မြို့နယ်အတွင်း ရထားသံလမ်းအနီး အမှိုက်ပုံးမှ ပစ္စည်းဟောင်းများ ရှာဖွေကောက်ယူသူ အမျိုးသမီးတစ်ဦးသည် ဇန်န၀ါရီ ၉ ရက် နံနက် ၁၀ နာရီခန့်က ကျည်ဆန်များကောက်ယူရရှိခဲ့သည်။

လှိုင်သာယာမြို့နယ် အမှတ် (၁၈) ရက်ကွက် အနော်မာလမ်းနေ မမျိုးပပစမ်း အသက် (၂၈)နှစ်သည် မီးရထားသံလမ်းတစ်လျှောက် ပစ္စည်းဟောင်းများရှာဖွေကောက်ယူခဲ့ရာ ကြည့်မြင်တိုင် မီးရထားဝန်းအနီးရှိ အမှိုက်ပုံးမှ ပလတ်စတစ်ဆေးဘူးဟောင်း အဖြူရောင်အတွင်းမှ သေနတ်ကျည်ဆန်များကို ကောက်ယူရရှိခဲ့သည်။

မမျိုးပပစမ်းက ကျည်ဆန်များကို စမ်းချောင်းမြို့နယ် ဟုမ်လမ်းဘူတာရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်အပ်နှံခဲ့သည်။

၎င်းကောက်ယူရရှိသည့်နေရာမှာ ကြည်မြင်တိုင်မြို့နယ် ရဲစခန်းအပိုင်းနယ်မြေဖြစ်၍ ကြည့်မြင်တိုင်မြို့မရဲစခန်းမှ ဒုတိယရဲအုပ် မိုးကျော်နှင့်အတူရပ်ကွက်မှ တာဝန်ရှိသူများက ပြန်လည်သိမ်းဆည်းခဲ့သည်။

ကောက်ယူရရှိသည့် ကျည်ဆန်များမှာ ၃၈ ခြောက်လုံးပြူးသေနတ်ကျည်ဆန်ခုနှစ်တောင့်၊ စတင်းဂန်းသေနတ်ကျည်ဆန်နှစ်တောင့်ဖြစ်ကြောင်းသိရသည်။

ကောက်ယူသူ မမျိုးပပစမ်းအား တွေ့ရှိသည့်နေရာသို့ လိုက်လံပြသခိုင်းပြီး ထပ်မံရှာဖွေခဲ့ရာ နောက်ထပ်တွေ့ရှိခြင်းမရှိဟုသိရသည်။ တွေ့ရှိထားသောသေနတ်ကျည်ဆန်များနှင့်အတူ မမျိုးပပစမ်းအား ဒုတိယရဲအုပ် မိုးကျော်နှင့်အဖွဲ့က မြို့နယ်ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။

The Mirror Daily

RangonNewsDaily:: January . 14 .2014
ကြည့်မြင်တိုင်မြို့နယ်အတွင်း ရထားသံလမ်းအနီး အမှိုက်ပုံးမှ ပစ္စည်းဟောင်းများ ရှာဖွေကောက်ယူသူ အမျိုး
သမီးတစ်ဦးသည် ဇန်န၀ါရီ ၉ ရက် နံနက် ၁၀ နာရီခန့်က ကျည်ဆန်များကောက်ယူရရှိခဲ့သည်။

ဒလမြို့အခြေအနေ လက်ရှိတည်ငြိမ်နေဆဲ

RangonNewsDaily:: January . 14 .2014
အွန်လိုင်းစာမျက်တွင် တွင် ပျံ့နှံ့နေသည့် ဒလအခြေအနေစိုးရိမ်ဖွယ်ရှိသည့် သတင်းအား ဒလဒေသခံအချို့ ကို မြန်မာမွတ်စလင်မ်မီဒီယာ က ယနေ့ မနက်(၁၂)နာရီအချိန်တွင် ဆက် သွယ်မေးမြန်းခဲ့ပါတယ်။
“ သတင်းတွေကတော့ အွန်လိုင်းပေါ်မှာတက်တဲ့အတိုင်းပဲ ထွက်နေတာ၊ ယခုလက်ရှိအခြေအနေအရတော့ အားလုံးအေးဆေးပါပဲ၊ ဒါပေ မယ့် စောင့်တော့ ကြည့်ရမှာပေါ့ '' ဟု ဒလဒေသခံတစ်ဦး က မြန်မာမွတ် စလင်မ်မီဒီယာ သို့ပြောပါတယ်။