Pages

Friday, December 20, 2013

ထိုင်း အမျိုးသမီးဘောလုံးအသင်းရွှေရရှိသွားပြီ

RangonNewsDaily:: December . 20 .2013
အမျိုးသမီးဘောလုံးပွဲထိုင်းအသင်းနှင့်ဗီယက်နမ်အသင်းတို့ဗိုလ်လုပွဲကိုမန္တလေးမြို့မန္တလာသီရိ ဘောလုံးကွင်း
တွင် ဒီဇင်ဘာလ၂၀ရက်ညကယှဉ်ပြိုင်လျှက်ရှိရာ ထိုင်းအသင်းက ဗီယက်နမ်အသင်းကို ၂ဂိုး၊ဂိုးမရှိဖြင့်အနိုင်
ကစားကာ ရွှေတံဆိပ်ရရှိသွားပြီဖြစ်သည်။

ထိုင်း ဝန်ကြီးချုပ် ပြုတ်ကျရေး ဆန္ဒပြပွဲ ပြန်စ

Photo: ထိုင်း ဝန်ကြီးချုပ် ပြုတ်ကျရေး ဆန္ဒပြပွဲ ပြန်စ
Friday, 20 December 2013

ထိုင်းဝန်ကြီးချုပ် ရင်လတ် ရှင်နာဝပ်(Yingluck Shinawatra) ကိုဖြုတ်ချဖို့ ထပ်ပြီးကြိုးပမ်းတဲ့အနေနဲ့ အတိုက်အခံတွေဟာ ကြာသပတေးနေ့က ဘန်ကောက်မြို့တော်တလွှားမှာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသူက ၂၅၀၀ ဝန်းကျင်လောက်ရှိပါတယ်။ အရင်တုန်းက လွှတ်တော်ကို ဖျက်သိမ်းပေးဖို့ နဲ့ ရွေးကောက်ပွဲ အသစ်ကျင်းပပေးပြီး နိုင်ငံရေးပြဿနာပြေလည်အောင် လုပ်ပေးဖို့ တောင်းဆိုကြတဲ့ လူအုပ်လောက် မများလှပါဘူး။

အစိုးရဘက်က လိုက်လျောလုပ်ဆောင်မှုတွေဟာ မလုံလောက်သေးဘူးလို့ အတိုက်အခံတွေကပြောပါတယ်။ တချို့ကလည်း လက်ရှိအစိုးရဟာ တရားမဝင်ဘူးလို့ ရှုမြင်ကြတဲ့အတွက် ပြည်သူ့ကောင်စီကို အာဏာလွှဲပြောင်းပေးဖို့ တောင်းဆိုကြပါတယ်။

ရင်လတ်အစိုးရအနေနဲ့ သူ့ရဲ့ အကိုတော်သူ ဖြုတ်အချခံခဲ့ရတဲ့ အရင်ဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra ရဲ့ ရုပ်သေးရုပ်ဖြစ်နေပြီး အဂတိလိုက်စားမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် ထိုင်းနိုင်ငံသား ၂ သိန်းလောက် ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တာဖြစ်ပြီး တချို့က ဝန်ကြီးဌာနတွေနဲ့ တခြားအစိုးရအဆောက်အဦး တွေကို သိမ်းပိုက်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

ဆန္ဒပြပွဲတွေဟာ အောက်တိုဘာလကုန်လောက်မှာ စတင်ခဲ့တာဖြစ်ပြီး အဲဒီအချိန်က ရင်လတ်အစိုးရက မစ္စတာ Thaksin ကို သူ့ရဲ့ အဂတိလိုက်စားမှုအတွက် ပြစ်ဒဏ်မခံစေရဘဲ ပြည်တော်ပြန်ဖို့ ခွင့်ပြုတဲ့ ဥပဒေတရပ်ကို ပြဌာန်းဖို့ ကြိုးစားတာကို မကျေနပ်ကြတဲ့အတွက် ဆန္ဒပြကြတာဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

RangonNewsDaily:: December . 20 .2013
ထိုင်းဝန်ကြီးချုပ် ရင်လတ် ရှင်နာဝပ်(Yingluck Shinawatra) ကိုဖြုတ်ချဖို့ ထပ်ပြီးကြိုးပမ်းတဲ့အနေနဲ့ အတိုက်
အခံတွေဟာ ကြာသပတေးနေ့က ဘန်ကောက်မြို့တော်တလွှားမှာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ထိုင်း ဝန်ကြီးချုပ် ပြုတ်ကျရေး ဆန္ဒပြပွဲ ပြန်စ

Photo: ထိုင်း ဝန်ကြီးချုပ် ပြုတ်ကျရေး ဆန္ဒပြပွဲ ပြန်စ
Friday, 20 December 2013

ထိုင်းဝန်ကြီးချုပ် ရင်လတ် ရှင်နာဝပ်(Yingluck Shinawatra) ကိုဖြုတ်ချဖို့ ထပ်ပြီးကြိုးပမ်းတဲ့အနေနဲ့ အတိုက်အခံတွေဟာ ကြာသပတေးနေ့က ဘန်ကောက်မြို့တော်တလွှားမှာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသူက ၂၅၀၀ ဝန်းကျင်လောက်ရှိပါတယ်။ အရင်တုန်းက လွှတ်တော်ကို ဖျက်သိမ်းပေးဖို့ နဲ့ ရွေးကောက်ပွဲ အသစ်ကျင်းပပေးပြီး နိုင်ငံရေးပြဿနာပြေလည်အောင် လုပ်ပေးဖို့ တောင်းဆိုကြတဲ့ လူအုပ်လောက် မများလှပါဘူး။

အစိုးရဘက်က လိုက်လျောလုပ်ဆောင်မှုတွေဟာ မလုံလောက်သေးဘူးလို့ အတိုက်အခံတွေကပြောပါတယ်။ တချို့ကလည်း လက်ရှိအစိုးရဟာ တရားမဝင်ဘူးလို့ ရှုမြင်ကြတဲ့အတွက် ပြည်သူ့ကောင်စီကို အာဏာလွှဲပြောင်းပေးဖို့ တောင်းဆိုကြပါတယ်။

ရင်လတ်အစိုးရအနေနဲ့ သူ့ရဲ့ အကိုတော်သူ ဖြုတ်အချခံခဲ့ရတဲ့ အရင်ဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra ရဲ့ ရုပ်သေးရုပ်ဖြစ်နေပြီး အဂတိလိုက်စားမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် ထိုင်းနိုင်ငံသား ၂ သိန်းလောက် ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တာဖြစ်ပြီး တချို့က ဝန်ကြီးဌာနတွေနဲ့ တခြားအစိုးရအဆောက်အဦး တွေကို သိမ်းပိုက်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

ဆန္ဒပြပွဲတွေဟာ အောက်တိုဘာလကုန်လောက်မှာ စတင်ခဲ့တာဖြစ်ပြီး အဲဒီအချိန်က ရင်လတ်အစိုးရက မစ္စတာ Thaksin ကို သူ့ရဲ့ အဂတိလိုက်စားမှုအတွက် ပြစ်ဒဏ်မခံစေရဘဲ ပြည်တော်ပြန်ဖို့ ခွင့်ပြုတဲ့ ဥပဒေတရပ်ကို ပြဌာန်းဖို့ ကြိုးစားတာကို မကျေနပ်ကြတဲ့အတွက် ဆန္ဒပြကြတာဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

RangonNewsDaily:: December . 20 .2013
ထိုင်းဝန်ကြီးချုပ် ရင်လတ် ရှင်နာဝပ်(Yingluck Shinawatra) ကိုဖြုတ်ချဖို့ ထပ်ပြီးကြိုးပမ်းတဲ့အနေနဲ့ အတိုက်
အခံတွေဟာ ကြာသပတေးနေ့က ဘန်ကောက်မြို့တော်တလွှားမှာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

လန်ဒန်ပြဇတ်ရုံ မျက်နှာကြက် ပြိုကျ ၈၈ ဦး ဒဏ်ရာရ

Photo: လန်ဒန်ပြဇတ်ရုံ မျက်နှာကြက် ပြိုကျ ၈၈ ဦး ဒဏ်ရာရ 
Friday, December 20, 2013

လန်ဒန်မြို့က ပြဇာတ်ရုံတခုရဲ့ မျက်နှာကြက် အစိတ်အပိုင်းတချို့ ပြိုကျခဲ့တာမှာ လူပေါင်း၈၈ ယောက် ထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး ဒီအထဲမှာ ၅ ယောက်က ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိခဲ့ပါတယ်။ Apollo ကဇာတ်ရုံမှာ ကြာသပတေးနေ့ ညနေခင်းက The Curious Incident of the Dog in the Night-Time ဆိုတဲ့ ပြဇာတ် ကနေချိန်မှာ အခုလို ပြိုကျခဲ့တာပါ။

ထိုင်ခုံပေါင်း ၇၇၅ ခုံရှိတဲ့ ဒီပြဇာတ်ရုံ ပြိုကျချိန်မှာ ပိတ်မိနေသူအားလုံးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ပြိုကျပျက်စီးတဲ့နေရာမှာ ရှိနေတဲ့ ကယ်ဆယ်ရေး ၀န်ထမ်းတွေက ပြောပါတယ်။ ပြဇာတ်ကနေချိန်မှာ မျက်နှာကြက် အစိတ်အပိုင်းတချို့ ပြုတ်ကျလာချိန်မှာ၊ ဒါဟာ ပြဇာတ်ထဲမှာ ပါတဲ့အရာ မဟုတ်ဘူးလို့ သိလိုက်တာနဲ့ ဇာတ်ရုံထဲက လူတွေ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ခဲ့ရတယ်လို့ မျက်မြင်တွေ့ခဲ့သူတွေက ပြောပါတယ်။

ဘာကြောင့် ခုလို ပြိုကျရလဲဆိုတာ သေချာမသိရသေးပေမဲ့၊ ဒါဟာ တမင်တကာ တိုက်ခိုက်မှုတခုခုကြောင့် ဖြစ်တာမျိုးတော့ မတွေ့ရသေးဘူးလို့ ရဲက ပြောပါတယ်။ 

VOA

RangonNewsDaily:: December . 20 .2013
လန်ဒန်မြို့က ပြဇာတ်ရုံတခုရဲ့ မျက်နှာကြက် အစိတ်အပိုင်းတချို့ ပြိုကျခဲ့တာမှာ လူပေါင်း၈၈ ယောက် ထက်
မနည်း ဒဏ်ရာရရှိခဲ့ပြီး ဒီအထဲမှာ ၅ ယောက်က ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိခဲ့ပါတယ်။

လန်ဒန်ပြဇတ်ရုံ မျက်နှာကြက် ပြိုကျ ၈၈ ဦး ဒဏ်ရာရ

Photo: လန်ဒန်ပြဇတ်ရုံ မျက်နှာကြက် ပြိုကျ ၈၈ ဦး ဒဏ်ရာရ 
Friday, December 20, 2013

လန်ဒန်မြို့က ပြဇာတ်ရုံတခုရဲ့ မျက်နှာကြက် အစိတ်အပိုင်းတချို့ ပြိုကျခဲ့တာမှာ လူပေါင်း၈၈ ယောက် ထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး ဒီအထဲမှာ ၅ ယောက်က ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိခဲ့ပါတယ်။ Apollo ကဇာတ်ရုံမှာ ကြာသပတေးနေ့ ညနေခင်းက The Curious Incident of the Dog in the Night-Time ဆိုတဲ့ ပြဇာတ် ကနေချိန်မှာ အခုလို ပြိုကျခဲ့တာပါ။

ထိုင်ခုံပေါင်း ၇၇၅ ခုံရှိတဲ့ ဒီပြဇာတ်ရုံ ပြိုကျချိန်မှာ ပိတ်မိနေသူအားလုံးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ပြိုကျပျက်စီးတဲ့နေရာမှာ ရှိနေတဲ့ ကယ်ဆယ်ရေး ၀န်ထမ်းတွေက ပြောပါတယ်။ ပြဇာတ်ကနေချိန်မှာ မျက်နှာကြက် အစိတ်အပိုင်းတချို့ ပြုတ်ကျလာချိန်မှာ၊ ဒါဟာ ပြဇာတ်ထဲမှာ ပါတဲ့အရာ မဟုတ်ဘူးလို့ သိလိုက်တာနဲ့ ဇာတ်ရုံထဲက လူတွေ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ခဲ့ရတယ်လို့ မျက်မြင်တွေ့ခဲ့သူတွေက ပြောပါတယ်။

ဘာကြောင့် ခုလို ပြိုကျရလဲဆိုတာ သေချာမသိရသေးပေမဲ့၊ ဒါဟာ တမင်တကာ တိုက်ခိုက်မှုတခုခုကြောင့် ဖြစ်တာမျိုးတော့ မတွေ့ရသေးဘူးလို့ ရဲက ပြောပါတယ်။ 

VOA

RangonNewsDaily:: December . 20 .2013
လန်ဒန်မြို့က ပြဇာတ်ရုံတခုရဲ့ မျက်နှာကြက် အစိတ်အပိုင်းတချို့ ပြိုကျခဲ့တာမှာ လူပေါင်း၈၈ ယောက် ထက်
မနည်း ဒဏ်ရာရရှိခဲ့ပြီး ဒီအထဲမှာ ၅ ယောက်က ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိခဲ့ပါတယ်။ Apollo ကဇာတ်ရုံ
မှာ ကြာသပတေးနေ့ ညနေခင်းက The Curious Incident of the Dog in the Night-Time ဆိုတဲ့ ပြဇာတ် က
နေချိန်မှာ အခုလို ပြိုကျခဲ့တာပါ။

မန္တလေးမြို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်အောက် ကျဆင်းပြီး အအေးဒဏ် သိသိသာသာ ခံစားနေရ

Photo: မန္တလေးမြို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်အောက် ကျဆင်းပြီး အအေးဒဏ် သိသိသာသာ ခံစားနေရ
Friday, December 20, 2013

မန္တလေးမြို့၏ အပူချိန်မှာ ဒီဇင်ဘာလ ပျမ်းမျှအပူချိန်အောက်သို့ ရောက်ရှိနေပြီး အအေးဒဏ်ကို သိသိသာသာခံစားနေရကြောင်း သိရသည်။

မန္တလေးမြို့၏ အပူချိန်များသည် ဒီဇင်ဘာ ၁၆ ရက်မှစတင်ကာ ရုတ်တရက်သိသာစွာကျဆင်းခဲ့ပြီး ဒီဇင်ဘာ ၁၈ ရက်တွင် ၁၀ ဒဿမ ၅ ဒီဂရီစင်တီဂရိတ်အထိ ကျဆင်းခဲ့ရာ ဒီဇင်ဘာလ၏ပျမ်းမျှအပူချိန်ဖြစ်သော ၁၄ ဒဿမ ၉
ဒီဂရီစင်တီဂရိတ်အောက်ရောက်ရှိနေပြီဖြစ်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန(အထက်မြန်မာပြည်) မှတ်တမ်းများအရ သိရသည်။

" ဒီဇင်ဘာ ၁၅ ရက်က ၁၇ ဒဿမ ၅ ဒီဂရီစင်တီဂရိတ်ကနေ ၁၆ ရက်မှာ ၁၃ ဒီဂရီ စင်တီဂရိတ်အထိ ရုတ်တရက်ကျသွားတယ်။ အဲဒီကနေ ဆက်တိုက်ကျလာပြီး ဒီဇင်ဘာ ၁၈ ရက်မှာ ၁၀ ဒဿမ ၅ ဒီဂရီစင်တီဂရိတ် အထိကျဆင်းသွားတယ်။ ဒီနေ့အပူချိန်အနည်းငယ်ပြန်တက်လာပေမယ့် မန္တလေးမြို့ ဒီဇင်ဘာလရဲ့ပျမ်းမျှအပူချိန်အောက်မှာပဲ ရှိနေပါသေးတယ်။ အနိမ့်ဆုံးစံချိန်တင်ထားတဲ့အပူချိန်ထိတော့ မရောက်သေးပါဘူး " ဟု မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (အထက်မြန်မာပြည်)မှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။

" ဆီးဂိမ်းဘောလုံးကွင်းမှာ တာဝန်ကျတဲ့ ရဲဝန်ထမ်းတစ်ယောက် ညဂျူတီအပြီး မနက်ရောက်တော့ လေဖြတ်သလိုမျိုးအကြောတွေကပ်သွားတယ်။ ရာသီဥတုကအရမ်းအေးတာကြောင့် တစ်ညလုံးဂျူတီစောင့်ရပြီး ခုလိုဖြစ်ရတာပါ။ အအေးဓာတ်က တော်တော်လေးသိသာတယ် " ဟု တိုင်းရဲတပ်ဖွဲ့ရုံး မှ ဒုတိယရဲမှူးကြီးဇော်မင်းဦးက ဆိုသည်။

ယခုကဲ့သို့ အပူချိန်များလျော့ကျ၍  အအေးပိုခြင်းမှာ တစ်နိုင်ငံလုံးတွင်ဖြစ်ပေါ်လျက်ရှိပြီး ခန့်မှန်းချက်အရ နောက်ထပ်သုံးရက်ခန့်အထိ အပူချိန်ကျဆင်းနိုင်ကြောင်း သိရသည်။ မန္တလေးမြို့တွင် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်း၌ အနိမ့်ဆုံးဖြစ်ပေါ်ခဲ့သော အပူချိန်မှာ ၁၃ ဒဿ မ ၇ ဒီဂရီစင်တီဂရိတ် ဖြစ်သောကြောင့် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါကအအေးပိုကြောင်း၊ မန္တလေးမြို့၏ စံချိန်တင်အနိမ့်ဆုံး အပူချိန်မှာ ၆ ဒဿမ ၇ ဒီဂရီ စင်တီဂရိတ်ဖြစ်ပြီး ၁၉၃၅ ခုနှစ်၊ ဒီဇင်ဘာ  ၃၀ ရက်က ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မန္တလေးအနီးဝန်းကျင်ဒေသများတွင်လည်း အပူချိန်များ သိသာစွာကျဆင်း၍ အအေးဒဏ်ကိုသိသာစွာခံစားရလျက်ရှိပြီး ပြင်ဦးလွင်တွင် ဒီဇင်ဘာလ ၁၈ ရက်က ၀ ဒဿမ ၅ ဒီဂရီစင်တီဂရိတ်အထိကျဆင်းခဲ့ကြောင်း သိရသည်။

Eleven Media Group 

ဒီဇင်ဘာ ၁၈ ရက် နံနက်အစောပိုင်းက မန္တလေးမြို့မြင်ကွင်းကို မန္တလေးတောင်ပေါ်မှ မြင်တွေ့ရစဉ်
ဒီဇင်ဘာ ၁၈ ရက် နံနက်အစောပိုင်းက မန္တလေးမြို့မြင်ကွင်းကို မန္တလေးတောင်ပေါ်မှ မြင်တွေ့ရစဉ်
RangonNewsDaily:: December . 20 .2013
မန္တလေးမြို့၏အပူချိန်မှာဒီဇင်ဘာလပျမ်းမျှအပူချိန်အောက်သို့ ရောက်ရှိနေပြီးအအေးဒဏ်ကိုသိသိသာသာခံစား
နေရကြောင်း သိရသည်။

ထောင်ဒဏ်ချမှတ် ခံခဲ့ရသော နယ်သတင်းထောက် မခိုင်၏ မိသားစုဝင်များကို အားပေးရန်နှင့် ဥပဒေကြောင်းအရ ဆက်လက်ဆောင်ရွက်ရန် Eleven Media Group အယ်ဒီတာချုပ် ဦးဝေဖြိုး လွိုင်ကော်သို့ သွားရောက်

RangonNewsDaily:: December . 20 .2013
သတင်းရယူမှု ဖြစ်စဉ်အတွက်တရားစွဲဆို ခံခဲ့ရပြီး ထောင်ဒဏ်သုံးလ ချမှတ်ခံခဲ့ရသည့် Eleven Media Group

၏နယ်သတင်းထောက်မခိုင်၏မိသားစုဝင်များကိုအားပေးရန်နှင့်ဥပဒေကြောင်းအရဆက်လက်စီစဉ် ဆောင်
ရွက်ရန် Eleven Media Group ၏ အယ်ဒီတာချုပ် ဦးဝေဖြိုးနှင့် အဖွဲ့သည် ဒီဇင်ဘာ ၁၉ ရက်တွင် လွိုင်ကော်မြို့
သို့ ထွက်ခွာသွားကြောင်း သိရသည်။

အားမလျော့သေးတဲ့ မြန်မာ အမျိုးသမီး ဘောလုံးမယ်များ

Photo: အားမလျော့သေးတဲ့ မြန်မာ အမျိုးသမီး ဘောလုံးမယ်များ
Thursday, December 20, 2013

မြန်မာ-ထိုင်း အမျိုးသမီး ဘောလုံးပွဲစဉ်တွင် ပယ်နယ်တီ အဆုံးအဖြတ်ကြောင့် မြန်မာအသင်း ရှုံးနိမ့်ခဲ့ရသော်လည်း ကွင်းလယ်ဒိုင်၏ ဆုံးဖြတ်ချက်များ မျှတခဲ့မည် ဆိုပါက မြန်မာအသင်းက နိုင်ချေ ပိုများနိုင်ကြောင်း ဝေဖန် ပြောဆိုမှုများ ရှိနေသည်။

ပွဲစဉ် အချိန်အတွင်း အကြိတ်အနယ် ယှဉ်ပြိုင် ကစားခဲ့ပြီးနောက် ပယ်နယ်တီ အဆုံးအဖြတ်ကြောင့်သာ ရှုံးနိမ့်ခဲ့ရသည့် အမျိုးသမီး အသင်းအပေါ် ပရိသတ်များက အားပေးမှု အများအပြား ရှိခဲ့သလို စိတ်ဓာတ်နှင့် ကစားပုံက မိမိတို့ အသင်း နိုင်သည်ဟု ဆိုသူများလည်း ရှိကြသည်။

ဒီဇင်ဘာလ ၁၈ ရက် ညနေက မန္တလေးမြို့၊ မန္တလာသီရိ ဘောလုံးကွင်းတွင် ယှဉ်ပြိုင်ခဲ့သည့် အမျိုးသမီး ဘောလုံးပြိုင်ပွဲ အကြို ဗိုလ်လုပွဲတွင် ကွင်းလယ် ဒိုင်လူကြီးဖြစ်သည့် မာရီယာမာဘဲလို၏ ဆုံးဖြတ်ချက်များမှာ ဘက်လိုက်မှုရှိနေပြီး တဖက် အသင်းအပေါ် မျက်နှာသာပေးမှု များနေသည်ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ တာဝန်ရှိသူ တချို့နှင့် ပရိသတ် အများစုက ပြောဆိုကြသည်။

မြန်မာအမျိုးသမီး ဘောလုံးအသင်း၏ တာဝန်ရှိသူ တဦးဖြစ်သူ ကိုအိုကိုခြား က “အများ ပြည်သူရှေ့မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်ပါ၊ လူကျွံဘော အနေအထားကို ဂိုး အဖြစ် သတ်မှတ်ခဲ့တာ၊ မြန်မာအသင်း ဂိုးရနိုင်တာ ကို ဂိုး မပေးတာတွေကို ဗီဒီယိုဖိုင်တွေ ပြန်ကြည့်တော့လည်း တွေ့ရတယ်၊ ဒိုင်ရဲ့ အဆုံးအဖြတ်နဲ့ အပြုအမှုက ဘယ်လိုဆိုတာကို ပြောနေဖို့တောင် လိုမယ်မထင်တော့ဘူး၊ တနိုင်ငံလုံး သိကြတယ်”လို့ ဧရာဝတီသို့ ပြောသည်။

မြန်မာ အမျိုးသမီး အသင်းဘက်က ပထမပိုင်း ကစားချိန်တွင် အလွတ်တင် ဘောလုံးဖြင့် ဂိုးဝင်ခဲ့သည့် အချိန်နှင့် ထိုင်းအသင်း၏ လူကျွံသည်ဟု ယူဆရသည့် ဂိုး တို့တွင် ဆုံးဖြတ်ချက် ချခဲ့သည့် ကွင်းလယ်ဒိုင်သည် ဂိုးသွင်းချိန်များ အတွင်း အနီးကပ် ရှိမနေဘဲ ဂိုးဝင်မှသာ အနားသို့ ရောက်ရှိသွားခြင်း ဖြစ်ကြောင်း၊၎င်း ၏ မျက်မြင်ကိုသာ ဆုံးဖြတ်ချက် ချခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းသို့ ဆုံးဖြတ်ချက် ချခဲ့သည့်အပေါ် မြန်မာအသင်း တာဝန်ရှိသူများဘက်က ချက်ချင်း ဆိုသလို တုံ့ပြန် ပြောဆိုသော်လည်း လက်မခံခဲ့ကြောင်း သိရသည်။

“အားလုံးကို ပျော်ရွှင်မှု မပေးနိုင်တာကို ဝမ်းနည်းတယ်၊ အနူးအညွှတ်လည်း ကျနော်တို့တွေ တောင်းပန်ပါတယ်၊ ကစားသမား တွေလည်း မနေ့ကပွဲမှာ ရှုံးခဲ့ရပေမယ့် တတိယ နေရာလုပွဲအတွက် ပြင်ဆင် နေကြပြီ”ဟု မြန်မာ အမျိုးသမီး ဘောလုံးအသင်း တာဝန်ရှိသူ တဦးဖြစ်သည့် ကိုအိုကိုခြားက ပြောသည်။

ဘောလုံး ပွဲစဉ်များတွင် ဒိုင်၏ အဆုံးအဖြတ်သည် မှန်ကန်မှုမရှိဟု သုံးသပ်ပါက အကြောင်းအရာ၊ အချက်အလက်နှင့် တကွ အာရှ ဘောလုံး အဖွဲ့ချုပ်သို့ တိုင်ကြားနိုင်သည့် အခွင့်အရေး ရှိကြောင်း၊ ဒိုင်၏ ဆုံးဖြတ်ချက်များကို မကျေနပ် သည့်အတွက် မြန်မာ အမျိုးသမီးအသင်း နည်းပြ ဖြစ်သူက တိုင်ကြားရန် ဆုံးဖြတ် ထားသော်လည်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ အဆုံးအဖြတ်က စောင့်ကြည့်ရန် လိုအပ်သေးသည်ဟု ကိုအိုကိုခြားက ရှင်းပြသည်။

“အိမ်ရှင် အသင်းဘက်က ကြည့်ရင် ဒိုင်ရဲ့ ဆုံးဖြတ်ချက်က မတရားဘူး၊ လူကျွံဘောလို့ ထင်ရတဲ့ အနေအထားကို အမြင်တခုတည်းနဲ့ ဆုံးဖြတ်ပေးလိုက်တယ်၊ မြန်မာ အသင်းသားတွေခမျာ ဒိုင်ရဲ့ မျက်နှာပေးမှုကို မရတာက ဆိုးလွန်းတယ်”ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ မီဒီယာတာဝန်ခံ ဦးစိုးမိုးက ပြောသည်။

ယမန်နေ့ည ပွဲစဉ်တွင် ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်နှင့် ထိုင်း ကစားသမားတချို့၏ ကစားကွက် ကြမ်းတမ်းမှုများ အပေါ် မခံမရပ် ဖြစ်လာကြသည့် ကွင်းအတွင်း ကြည့်ရှု့နေသည့် ပရိသတ်များမှ ရေသန့်ဗူး၊ ဖိနပ်စသည့် အရာဝတ္ထုများနှင့် ပစ်ပေါက်ခဲ့ကြသေးသည်။  ထို့ကြောင့် ကွင်းလယ်ဒိုင်က ချက်ချင်း ဆိုသလို ပွဲရပ်နား လိုက်ပြီး ကွင်းအတွင်းမှ ထွက်သွားခဲ့သည်ကို တွေ့ရသည်။

မြန်မာနိုင်ငံက အိမ်ရှင် အသင်းဖြစ်သည့် အတွက် ဒိုင်များ၏ မျက်နှာသာပေးမှု မရခြင်းလည်း ဖြစ်နိုင်ကြောင်း သုံးသပ် ပြောဆို ကြသည်။

မြန်မာအမျိုးသမီး ဘောလုံးအသင်း နည်းပြ အနေဖြင့် ဒိုင်၏ အဆုံးအဖြတ်ကို မကျေနပ်သည့် အတွက် အာရှ ဘောလုံး အဖွဲ့ချုပ်သို့ တိုင်ကြားရန် စီစဉ်မည်ဟု ယမန်နေ့ည သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သော်လည်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖြစ်သူ ဦး ဇော်ဇော်၏ ဆုံးဖြတ်ချက်ကိုသာ အတည်ပြုနိုင်မည်ဟု မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်၏ မီဒီယာ တာဝန်ခံ ဦးစိုးမိုးက ဧရာဝတီသို့ ပြောသည်။

ဒိုင်လူကြီး များကို အာရှ ဘောလုံး အဖွဲ့ချုပ်က သတ်မှတ် ပေးထားသည့် နေ့စားခ နှုန်းထားအတိုင်း မပေးသဖြင့် ဒိုင်လူကြီးများက ဘက်လိုက်သည့် သဘော ဖြစ်နေသည်ဟု ကောလဟလများလည်း ထွက်ပေါ်နေသည်။

ယင်းသို့ ပြောဆိုမှုများအပေါ် ဦးစိုးမိုးက“ကျနော် သိသလောက်တော့ ဒိုင်တွေကို တနေ့ အတွက် ဒေါ်လာ ၁၀၀ ထက် မနည်းပေးထားတယ်၊ အာရှ ဘောလုံး အဖွဲ့ချုပ် သတ်မှတ်ပေးတဲ့ နှုန်းအတိုင်းပေးတာ”ဟု ဆိုသည်။

ထိုင်း ကစားသမား အချို့က မြန်မာ ကစားသမား တချို့၏ မျက်နှာအပေါ် ဖြတ်ရိုက်မိသည့် အနေအထား၊ ခေါင်းဖြင့် တိုက်လိုက်သည့် အနေအထားများသည် ထိုင်း အသင်းဘက်က ပရိသတ်ဆူပူအောင် လှုံ့ဆော်ပေးနေပြီး ပွဲပျက်အောင် လုပ်နေသည့် သဘောမျိုး ဖြစ်နေကြောင်း၊ ထိုင်း ကစားသမားများ၏ ကစားကွက်များသည် ကောင်းလွန်းသော်လည်း စိတ်ဓာတ်ပိုင်း ညံ့ဖျင်းသည်ဟု လူမှုကွန်ရက် ဖေ့စ်ဘုတ် စာမျက်နှာများတွင် သုံးသပ် ပြောဆိုလျက် ရှိသည်။

ဝါရင့် အားကစား ဆောင်းပါးရှင် ဦးခင်မောင်ထွေးက မြန်မာ-ထိုင်း အမျိုးသမီး အသင်း ပွဲစဉ် အပေါ် “ကိုယ့်အသင်း ရှုံးလို့ ပြောတယ် ထင်မှာလည်း စိုးရိမ်တယ်၊ ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်က မြန်မာအသင်းကို တကယ်ကို နစ်နာ စေခဲ့တာပါ၊ မနေ့က ကစားပုံတွေမှာ ၂ သင်းစလုံး ကောင်းတယ် ဆိုပေမယ့် မြန်မာအသင်းက နိုင်ခဲ့သင့်တာ”ဟု သုံးသပ်သည်။

အဆိုပါ ပွဲစဉ်တွင်  ထိုင်း အသင်းသည် အသင်းလိုက် ကစားကွက် ကောင်းလွန်း သော်လည်း ကစားပုံ ကြမ်းတမ်း လွန်းကြောင်း၊ မြန်မာ ကစားသမား တဦးကို မျက်နှာ ဖြတ်ရိုက်မိသည့် အနေအထားသည် ဘောလုံး စည်းမျဉ်း အရ အနီကတ်ပြပြီး ထုတ်သင့်ခဲ့သော်လည်း ဒိုင်လူကြီးက မျက်ကွယ် ပြုခဲ့ကြောင်း ၎င်းက ဆိုသည်။

မြန်မာ အမျိုးသား အသင်းနှင့် အမျိုးသမီး  ဘောလုံး ပွဲစဉ်အချို့ အပေါ် အခြေခံ၍ အားကစား ဆောင်းပါးရှင် ဦးခင်မောင်ထွေးက “ဘောလုံး အားကစားမှာ မြန်မာတွေ အောင်မြင်သွားမှာကို သူတို့တွေ သိပ်ကြောက် ကြသလို စိုးရိမ်ကြတယ် ထင်တယ်၊ မြန်မာဆိုရင် နှိမ်ချင်တဲ့ သဘောမျိုး ဖြစ်နေတယ်”ဟု ပြောသည်။

မြန်မာ အမျိုးသမီး အသင်းသည် ပြိုင်ပွဲတွင် ရှုံးနိမ့်ခဲ့သော်လည်း ပြည်သူ၏ ချစ်ခြင်းကို ရရှိခဲ့ကြောင်း၊ အစွမ်းကုန် ကြိုးစားခဲ့ပြီး သည်းခံစိတ်ဖြင့် ယှဉ်ပြိုင်ခဲ့သည့်အတွက် မိမိတို့စိတ်ထဲတွင် ရှုံးနိမ့်သည်ဟု မသတ်မှတ်ကြကြောင်း ဘောလုံး ပရိသတ် တဦးဖြစ်သူ မပိုးအိထွေးက ဆိုသည်။

မြန်မာနိုင်ငံ ဘောလုံး  အဖွဲ့ချုပ်၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် အမျိုးသမီးအသင်း အပေါ် အားပေးမှု အများအပြား တွေ့ရသည်။ ရေကုန် ရေခန်းစိတ်ကို ဦးညွတ်ကြောင်း၊ ပယ်နယ်တီ ဘောလုံး လွဲချော်မှုမှာ ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမားများပင် ဖြစ်တတ်ကြောင်း၊ ပွဲတွင် အနိုင်မရသဖြင့် ဝမ်းနည်းသော်လည်း ကစားသမားများ၏ စိတ်ဓာတ်နှင့် ကြိုးစားမှုကို ဂုဏ်ယူကြကြောင်း စသည်ဖြင့် ပရိသတ်များ၏ ရေးသားထားမှုများကို တွေ့ရသည်။

ဆီးဂိမ်း အမျိုးသမီး ဘောလုံးပွဲစဉ် တတိယ နေရာလုပွဲ အဖြစ် မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်း သည် မလေးရှား ဘောလုံးအသင်းနှင့် ဒီဇင်ဘာ ၂၀ရက် ညနေ ၄း၀၀ နာရီတွင်လည်းကောင်း၊ ဗိုလ်လုပွဲအဖြစ် ထိုင်းနှင့် ဗီယက်နမ် အသင်းတို့သည် ယင်းနေ့ ည ၇း၃၀ နာရီတွင် လည်းကောင်း အသီးသီး ယှဉ်ပြိုင် ကစားကြမည် ဖြစ်သည်။

ဒီဇင်ဘာလ ၁၈ ရက် ညနေက မန္တလေးမြို့၊ မန္တလာသီရိ ဘောလုံးကွင်းတွင် ယှဉ်ပြိုင်ခဲ့သည့် အမျိုးသမီး ဘောလုံးပြိုင်ပွဲ အကြို ဗိုလ်လုပွဲ (ဓာတ်ပုံ – မန်းသားလေး / ဧရာဝတီ)
ဒီဇင်ဘာလ ၁၈ ရက် ညနေက မန္တလေးမြို့၊ မန္တလာသီရိဘာလုံးကွင်းတွင် ယှဉ်ပြိုင်ခဲ့သည့် အမျိုးသမီး ဘောလုံးပြိုင်ပွဲ အကြို ဗိုလ်လုပွဲ (ဓာတ်ပုံ – မန်းသားလေး / ဧရာဝတီ)
RangonNewsDaily:: December . 20 .2013
မြန်မာ-ထိုင်း အမျိုးသမီး ဘောလုံးပွဲစဉ်တွင်ပယ်နယ်တီအဆုံးအဖြတ်ကြောင့် မြန်မာအသင်ရှုံးနိမ့်ခဲ့ရသော်
လည်း ကွင်းလယ်ဒိုင်၏ ဆုံးဖြတ်ချက်များ မျှတခဲ့မည် ဆိုပါက မြန်မာအသင်းက နိုင်ချေ ပိုများနိုင်ကြောင်း ဝေ
ဖန် ပြောဆိုမှုများ ရှိနေသည်။

မြန်မာနိုင်ငံ၏ဒီမိုကရေစီဖော်ဆောင်မှု မည်သည့်အတွက် မှနောက်ပြန်မလှည့်ဟု သူရဦးရွှေမန်း အင်ဒိုနီးရှား၌ပြောကြား

Photo: မြန်မာနိုင်ငံ၏ဒီမိုကရေစီဖော်ဆောင်မှု မည်သည့်အတွက်
မှနောက်ပြန်မလှည့်ဟု သူရဦးရွှေမန်း အင်ဒိုနီးရှား၌ပြောကြား
Thursday, December 20, 2013

မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲမှု သည် မည်သည့်အခါမှ နောက်ပြန် မလှည့်ဘဲ ရှေ့သို့သာသွားရန်ရှိ ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံအနေ ဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အားပေး သည့်အတွက် အထူးကျေးဇူးတင်ရှိ ပါကြောင်းပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယမန်နေ့ဒေသ စံတော်ချိန် ၂နာရီတွင် အင်ဒိုနီးရှား နိုင်ငံသမ္မတရုံး ဧည့်ခန်းမဆောင်၌ အင်ဒိုနီးရှားနိုင်ငံ ဒုတိယသမ္မတ Dr.Boediono နှင့်တွေ့ဆုံစဉ် ပြော ကြားခဲ့သည်။ 

သူရဦးရွှေမန်းက အင်ဒိုနီးရှား နိုင်ငံ၏ဒီမိုကရေစီပြုပြင်ပြောင်းလဲ မှုကိုမိမိတို့နိုင်ငံက စံပြအဖြစ်ထားရုံ သာမက အာရှနှင့်ကမ္ဘာကပါသတ် မှတ်ပြောဆိုကြကြောင်း၊ မြန်မာ နိုင်ငံသည်လည်း အင်ဒိုနီးရှားနိုင်ငံ ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ကဲ့သို့ပြုလုပ်ရန် ဆန္ဒရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးတွင် စိန်ခေါ်မှုများ ရှိသော်လည်းအခက်အခဲများကို
ကျော်လွှားသွားရန်ပိုင်းဖြတ်ထားပြီး ဖြစ်ကြောင်း၊
မြန်မာလွှတ်တော်၌ ပါတီပေါင်း ၁၇ ပါတီမှ ကိုယ်စား 
လှယ်များပါဝင်၍ပါတီဝင်များအား ပါတီစွဲ၊ ဝါဒစွဲ၊ ဒေသစွဲ၊ လူမျိုးစွဲ၊ ကိုးကွယ်သည့်ဘာသာစွဲမထားဘဲ နိုင်ငံနှင့် နိုင်ငံသားများအတွက်
ပါဝင်ဆောင်ရွက်ရန် တိုက်တွန်း လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး တွင် တိုင်းရင်းသားစည်းလုံးညီ ညွတ်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး၊တရားဥပဒေစိုးမိုးရေး၊
ပြည်တွင်းငြိမ်းချမ်းရေးအတွက် ကြိုးစားဆောင်ရွက်သွားမည်ဖြစ် ပြီး ယင်းကဲ့သို့ဆောင်ရွက်ရန် လွှတ်တော်၌များစွာ တာဝန်ရှိပါ ကြောင်း၊ ယခုအခါ မြန်မာလွှတ် တော်တွင် ထိုက်သင့်သည့်အောင်
မြင်မှုများရရှိနေပြီဖြစ်ပြီး တစ်နိုင်ငံ လုံးပါဝင်လာကြရန် လွှတ်တော် ကိုယ်စားလှယ်များက ကြိုးစား ဆောင်ရွက်နေကြကြောင်း၊ အင်ဒို နီးရှားနိုင်ငံအနေဖြင့် အကြံပြုစေ လိုပါကြောင်း ပြောကြားသည်။
အင်ဒိုနီးရှား ဒုတိယသမ္မတက ဒီမိုကရေစီဖော်ဆောင်ရာတွင် လူ တိုင်းပါဝင်ဖို့ အရေးကြီးကြောင်း၊ နိုင်ငံတစ်နိုင်ငံတွင် ဒီမိုကရေစီ ထူထောင်ရာ၌ တရားဥပဒေစိုးမိုးမှု လိုအပ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ပြောင်းလဲမှုကို ကံကြမ္မာဟုပြော သော်လည်း ပြုပြင်ပြောင်းလဲမှုလုပ် ငန်းစဉ်ပေါ်၌မူတည်ကြောင်း၊ အခြား နိုင်ငံများ၏ ပြုပြင်ပြောင်းလဲမှုကို ဥပမာယူလျှင် မိမိနိုင်ငံအတွက် ဒီမို ကရေစီဖော်ဆောင်ရာ၌ များစွာ အကျိုးရှိမည်ဖြစ်ကြောင်း၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုနှင့်အတူ စီးပွား ရေး၊ လူမှုရေးတို့ပါပြောင်းလဲရန် လိုအပ်ပြီးပါတီများသက်သက်သာ မကဘဲ ပါတီ၊အစိုးရနှင့် Institution များ၊အသင်းအဖွဲ့(NGO၊CSO)များ ကပါ ဒီမိုကရေစီပြောင်းလဲရေး တွင် ဝိုင်းရံဖို့လိုကြောင်း၊ မြန်မာ နိုင်ငံအတွက် လိုအပ်ချက်များကို အင်ဒိုနီးရှားနိုင်ငံမှ ကူညီသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

The Union Daily

RangonNewsDaily:: December . 20 .2013
မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲမှု သည် မည်သည့်အခါမှ နောက်ပြန်မလှည့်ဘဲ ရှေ့သို့သာသွားရန်ရှိ ကြောင်း
အင်ဒိုနီးရှားနိုင်ငံအနေ ဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အားပေး သည့်အတွက် အထူး
ကျေးဇူးတင်ရှိ ပါကြောင်း