Pages

Sunday, December 8, 2013

ကိန်းကြီးခန်းကြီး နိုင်လွန်းလှသည့် Lamborghini ကားသစ်မိတ်ဆက်ပွဲ

Photo: ကိန်းကြီးခန်းကြီး နိုင်လွန်းလှသည့် Lamborghini ကားသစ်မိတ်ဆက်ပွဲ
Sunday, December 8,2013

Lamborghini အနေဖြင့် ရေနံကြောင့် ကြွယ်ဝချမ်းသာပြီး စူပါကား အမြောက်အမြား ရောင်းချနေရသည့် UAEနိုင်ငံကို Veneno Roadster၏ ပွဲဦးထွက်ရန် ဘူမိနက်သန်အဖြစ် ရွေးချယ်ခဲ့သည်။

အီတလီ နာမည်ကျော် ပြိုင်ကားကုမ္ပဏီ Lamborghiniသည် ၎င်းတို့၏ နောက်ဆုံးပေါ် အဆန်းတကျယ် ဖန်တီးမှု လက်ရာကို ထူးထူးခြားခြား အစီအစဉ်ဖြင့် မိတ်ဆက်ပြသခဲ့သည်။ ဒီဇင်ဘာလ (၁)ရက်နေ့က Lamborghiniသည် UAEနိုင်ငံ၊ အဘူဒါဘီရှိ ဆိပ်ကမ်းတစ်ခုတွင် Veneno Roadstar အမျိုးအစား စူပါကားကို စတင်ပွဲထုတ် ပြသခဲ့သည်။ သို့သော်လည်း လူအများရှေ့ ခန်းမတစ်ခု၊ ရင်ပြင်ကျယ်တစ်ခုတွင် မိတ်ဆက်ခြင်း မဟုတ်ဘဲ အီတလီရေတပ်မှ လေယာဉ်တင် သင်္ဘောကြီး Cavourပေါ်တွင် ခမ်းနားစွာ ပြသလာခြင်း ဖြစ်သည်။ Lamborghini အနေဖြင့် ရေနံကြောင့် ကြွယ်ဝချမ်းသာပြီး စူပါကား အမြောက်အမြား ရောင်းချနေရသည့် UAEနိုင်ငံကို Veneno Roadster၏ ပွဲဦးထွက်ရန် ဘူမိနက်သန်အဖြစ် ရွေးချယ်ခဲ့သည်။

Lamborghini၏ ကားသစ်မိတ်ဆက်ပွဲကို ကျိကျိတက် ချမ်းသာသည့် လူ့မလိုင် အသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ပြီး အကျွေးအမွေးအတွက် အီတလီဟိုတယ် Splendidoမှ စားဖိုမှူးကို ငှားရမ်းခဲ့သည်။ ထို့အပြင် နာမည်ကြီး ဒီဇိုင်နာ ဂီယာဒါကာတီ၏ ဖက်ရှင်လက်ရာများကို ဝတ်ဆင်ထားသည့် မော်ဒယ်လ်များက ဧည့်ခံကြိုဆိုရေး တာဝန်ကို ယူထားခဲ့သည်။ UAEနိုင်ငံဆိုင်ရာ အီတလီ သံအမတ်ကြီး ဂျော်ဂျီအို စတာရေ့စ်၊ အီတလီရေတပ် သေနာပတိ ပါအိုလိုထရီယူနှင့် အီတလီ လက်ရွေးစင် ဘောလုံး အသင်းခေါင်းဆောင်ဟောင်း ဖေဘီယို ကင်နဗာရိုးတို့သည်လည်း အဆိုပါ အခမ်းအနားတွင် ဂုဏ်ထူးဆောင် ဧည့်သည်တော်များအဖြစ် တက်ရောက်လာကြသည်။

Lamborghiniသည် Veneno Roadsterကို စုစုပေါင်း (၉)စင်းသာ ထုတ်လုပ်မည်ဟု ကြေညာထားသည်။ အဆိုပါ မော်တော်ကားတွင် 6.5-litre V12 အင်ဂျင်ကို တပ်ဆင်ထားပြီး မြင်းကောင်ရေ (၇၃၉)ကောင်အား စွမ်းအင်ကို ထုတ်ပေးနိုင်မည် ဖြစ်သည်။ အလေးချိန် (၃၂၇၈)ပေါင်သာရှိသည့် မော်တော်ကားသည် ရပ်နားထားရာမှ တစ်နာရီ မိုင်(၆၀)မြန်နှုန်းထိကို (၂.၉)စက္ကန့်အတွင်း အရှိန်တင်နိုင်သည်။ ထို့အပြင် အမြင့်ဆုံးမြန်နှုန်း တစ်နာရီလျှင် (၂၂၁)မိုင်ထိ အရှိန်မြှင့်နိုင်မည် ဖြစ်သည်။ အဆိုပါ မော်တော်ကားကို ဝယ်သူဘက်မှ အခွန်အခ မပေးဆောင်ရသေးသည့် အချိန်တွင်ပင် တန်ကြေး ဒေါ်လာ (၄.၅)သန်း သတ်မှတ်ထားသည်။ Lamborghiniသည် ယခုနှစ်အတွင်း Veneno Roadsterအပြင် Egoista အမျိုးအစား မော်ဒယ်လ်ကိုလည်း ထုတ်လုပ်ထားကြောင်း သိရသည်။

Planet Myanmar Network

RangonNewsDaily:: December . 8 .2013
Lamborghini အနေဖြင့် ရေနံကြောင့် ကြွယ်ဝချမ်းသာပြီး စူပါကား အမြောက်အမြား ရောင်းချနေရသည့် UAEနိုင်ငံကို Veneno Roadster၏ ပွဲဦးထွက်ရန် ဘူမိနက်သန်အဖြစ် ရွေးချယ်ခဲ့သည်။

တစ်ပတ်ပေါင်(၂)သိန်းရမယ့် လီဗာပူးလ်ရဲ့ စာချုပ်သစ်ကို စိတ်မ၀င်စားတဲ့ ဆွာရက်ဇ်

Photo: တစ်ပတ်ပေါင်(၂)သိန်းရမယ့် လီဗာပူးလ်ရဲ့ စာချုပ်သစ်ကို စိတ်မ၀င်စားတဲ့ ဆွာရက်ဇ် 
Sunday, December 8,2013

လီဗာပူးလ် တိုက်စစ်မှုး လူးဝစ်ဆွာရက်ဇ်သည် လီဗာပူးလ်အသင်းမှ ကမ်းလှမ်းထားသော စာချုပ်သစ်ကို ဆွေးနွေးရန် ငြင်းဆန်သွားခဲ့သည်။ ဆွာရက်ဇ်အနေဖြင့် လီဗာပူးလ်တွင် ပျော်ရွှင်နေကြောင်း ထုတ်ဖော်ပြောကြား သွားခဲ့သော်လည်း၊ စာချုပ်သစ် ဆွေးနွေးရေးကို စဉ်းစားသွားအုံးမည် မဟုတ်ကြောင်း ပြောကြားလိုက်သည်။ 

Mail on Sunday ၏အဆို အရ လီဗာပူးလ် အသင်းသည် ဆွာရက်ဇ်၏ တန်ကြေးအား ပေါင်သန်း (၁၀၀)အထိ သတ်မှတ်ထားကြောင်း သိရသည်။ ထို့ကြောင့် စာချုပ်သစ်တွင် လုပ်ခလစာ အနေဖြင့် တစ်ပတ်ပေါင်(၂)သိန်း ပေးချေသွားမည် ဖြစ်ပြီး၊ စာချုပ်လျော်ကြေးအဖြစ် ပေါင်သန်း(၁၀၀) အထိ ပေးချေရမည့် အချက်ကို ထည့်သွင်းထားသည်။ 

ရီးရဲလ်မက်ဒရစ် အသင်းသည် ဆွာရက်ဇ်အား ၎င်းတို့၏ နံပါတ်(၁) ပစ်မှတ်အဖြစ် သတ်မှတ်လာပြီး နောက်ပိုင်း၊ လီဗာပူးလ် အသင်းက ယခုကဲ့သို့ စာချုပ်သစ်ကိစ္စရပ်များ စိုင်းပြင်းလုပ်ဆောင်လာသည်။

Written by အောင်ဇော်လတ်(မိုးနဲ)
Football Café

RangonNewsDaily:: December . 8 .2013
လီဗာပူးလ် တိုက်စစ်မှုး လူးဝစ်ဆွာရက်ဇ်သည် လီဗာပူးလ်အသင်းမှ ကမ်းလှမ်းထားသော စာချုပ်သစ်ကို
ဆွေးနွေးရန် ငြင်းဆန်သွားခဲ့သည်။

SEA Games အကြို CB Bank ၏ နိုင်ငံခြား ငွေသုံးမျိုးသုံး Easi Travel Visa Card ပြုလုပ်သူ များပြား လျက်ရှိ

Photo: SEA Games အကြို CB Bank ၏ နိုင်ငံခြား ငွေသုံးမျိုးသုံး Easi Travel Visa Card ပြုလုပ်သူ များပြား လျက်ရှိ
Sunday, December 8,2013

မြန်မာနိုင်ငံ၌ကျင်းပမည့် SEA Games ပွဲတော်ကြီးကို လာရောက်ကြမည့် နိုင်ငံခြားသား ခရီး သွားဧည့်သည်များ၊ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ပြည်တွင်း၊ ပြည်ပ ခရီးသွား လုပ်ငန်းရှင်များနှင့် အများပြည်သူ များအတွက် အမေရိကန် နိုင်ငံ၏ အကြီးမားဆုံး ငွေပေးချေမှု ကွန်ရက် Visa နှင့် CB Bank တို့ ပူးပေါင်းကာ နိုင်ငံခြားငွေ သုံးမျိုးသုံးကို ငွေပေးချေနိုင်သည့် Easi Travel Visa Card ကို ဒီဇင်ဘာ ၅ ရက်မှ စတင်၍ ပထမဆုံး ထုတ်ဝေခဲ့ရာ သက်ဆိုင်ရာCB Bank များ၌ လာရောက် ပြုလုပ်သူ များပြား လျက်ရှိကြောင်း သိရသည်။

အဆိုပါ Card အသုံးပြုသူများသည် နီးစပ်ရာ CB Bank များတွင် လျှောက်လွှာ ပုံစံဖြည့်စွက်ပြီးEasi Travel Visa Card ထဲသို့ အနည်းဆုံး အမေရိကန် ဒေါ်လာ၅ဝ မှ အများဆုံး အမေရိကန်ဒေါ်လာ ၅ဝဝဝ အထိ ဖြည့်သွင်းမည်ဆိုလျှင် ချက်ချင်း USD (30) တန်ဖိုးရှိ ခရီးဆောင် အိတ် တစ်လုံး လက်ဆောင် ရရှိမည်ဖြစ်ပြီး ထိုကတ်ဖြင့် ကမ္ဘာတစ်ဝန်းရှိ ငွေပေး ချေမှုများကို နိုင်ငံပေါင်း ၂ဝဝကျော်ရှိ Visa Card လက်ခံသော POS သန်းပေါင်း များစွာတွင် ငွေပေး ချေနိုင် ပြီး ATM ပေါင်း နှစ်သန်းကျော်တွင် ငွေသား ထုတ်ယူမှု စနစ်များ ပြုလုပ် နိုင်သည့်အပြင် အွန်လိုင်း မှလည်း ဈေးဝယ် နိုင်ကြောင်း သိရသည်။

''ကျွန်မသားကြီးက စင်ကာပူမှာကျောင်းတက်နေပါတယ်။ CB Bank ကနေပြီး ဒီစနစ်နဲ့ မြန်မာငွေပို့လိုက်တာ ဟိုမှာ စင်ကာပူ ဒေါ်လာ ပြန်ထုတ်ယူ နိုင်တဲ့အတွက် ငွေလွှဲစရာ မလိုဘဲ အဆင်ပြေပါတယ်။ နောက်ပြီး ကလေးအနေနဲ့ ပိုက်ဆံကို လက်ဝယ်ကိုင်စရာမလိုဘဲ ဈေးဝယ် တာတွေ၊ ကျောင်းလခတွေနဲ့ တခြား အသုံးစရိတ်တွေကိုလည်း ဒီကတ်တစ်ခုတည်းနဲ့ အသုံးပြု နိုင်တဲ့အတွက် အဆင်ပြေပြီး ငွေလိုအပ်ရင်လည်း ဒီကနေ လှမ်းထည့် ပေးလို့ရတဲ့အတွက် အဆင်ပြေ ပါတယ်'' ဟု မင်္ဂလာတောင်ညွန့်မြို့နယ်နေ ဒေါ်ဌေးဌေးက ပြောကြားခဲ့သည်။ 

ထိုကတ်ဖြင့် ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ဈေးဝယ် စင်တာများတွင် ငွေပေး ချေနိုင် သည့် အပြင်လုံခြုံမှု အနေဖြင့် နိုင်ငံခြားငွေ လဲလှယ်ရာတွင် ပေါ်ပေါက်လျက်ရှိသော ဆုံးရှုံးမှု များကို ကာကွယ်နိုင်ပြီး Chip နှင့် Pin စနစ်များကို အသုံးပြု ထားသောကြောင့် လုံခြုံ စိတ်ချစွာ အသုံးပြုနိုင်သည့် အီလက်ထရွန်နစ် ငွေပေးချေမှု စီးပွားရေးစနစ် တစ်ခုဖြစ်ကြောင်း သိရသည်။

မြ၀တီ

RangonNewsDaily:: December . 8 .2013
မြန်မာနိုင်ငံ၌ကျင်းပမည့် SEA Games ပွဲတော်ကြီးကို လာရောက်ကြမည့် နိုင်ငံခြားသား ခရီး သွားဧည့်သည်
များ၊ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ပြည်တွင်း၊ ပြည်ပ ခရီးသွား လုပ်ငန်းရှင်များနှင့် အများပြည်သူ များအတွက် အမေ
ရိကန် နိုင်ငံ၏ အကြီးမားဆုံး ငွေပေးချေမှု ကွန်ရက် Visa နှင့် CB Bank တို့

နာမည်ကျော်သွားတဲ့ သမ္မတ အိုဘားမားရဲ့ ဦးလေး

Photo: နာမည်ကျော်သွားတဲ့ သမ္မတ အိုဘားမားရဲ့ ဦးလေး
Saturday, December 07, 2013

အမေရိကန် ပြည်ထောင်စုရဲ့ ပထမဆုံး လူမည်းသမ္မတ မစ္စတာ ဘားရက် အိုဘားမားရဲ့ ဦးလေး တော်စပ် သူ ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့ကတော့ တိုင်းပြည်က နှင်ထုတ်မှုဆိုင်ရာ Deportation Hearing ကြားနာပွဲကို 
ရောက် ခဲ့ရပါတယ်။ ဒီသတင်းကြောင့် ချက်ချင်းဆိုသလို သူဟာ နာမည်ကျော်ကြားသူ တဦးဖြစ်လာခဲ့ ပါတယ်။

အိုဘားမားရဲ့ ဦးလေး အွန်ညန်ဂို အိုဘားမားဟာ အမေရိကန်ပြည်ထောင်စုမှာ နှစ်ပေါင်း ၅၀ လောက် 
နေလာခဲ့ ပေ မယ့် နိုင်ငံသား အဖြစ်မရသေးပါဘူး။  

အမေရိကန်ပြည်ထောင်စု Bostonglobe အွန်လိုင်းသတင်းတပုဒ် ဖြစ်တဲ့ Judge says Obama’s uncle can stay in US မှာ သမ္မတ အိုဘားမားရဲ့ ဦးလေး တော် စပ်သူ ကင်ညာနိုင်ငံသား မစ္စတာ Onyango “Omar” Obama ကို ဘော့စတွန် လဝက တရားရုံးမှာ တရားသူကြီးက လတ်တလော Green Card တော့ ရနိုင်တယ်လို့ ပြောပြီး ၅ နှစ်ကာလမှာတော့ နိုင်ငံ သား လျှောက်ထားနိုင် တယ်လို့ ဆိုပါတယ်။ 

ဒါပေမယ့် အမိမြေလုံခြုံရေး ဌာနကိုတော့ ဒီကိစ္စကို ရက် ၃၀ အတွင်း အသနားခံစာတင်ရ မှာဖြစ်ပါတယ် တဲ့။ 

အိုဘားမားရဲ့ ဦးလေးဟာ အမေရိကားမှာ နှစ်ပေါင်း ၅၀ လောက် နေလာခဲ့တာဟာ တရားမဝင်နေထိုင်မှု ပဲ ဖြစ်တယ်လို့ ဆိုပြီး အခုလို Deportation Hearing ကို တက်ရောက်ကြားနာရတာ ဖြစ်ပါတယ်။ 

ဒါကြောင့် အိုးဘားမားရဲ့ ဦးလေးဟာ တရားသူကြီးကို လျှောက်ထားရာမှာတော့ သူဟာ အသက် ၁၉ နှစ် သား ကတည်းက အမေရိကားကို ရောက်ခဲ့တာဖြစ်ပြီး ကင်ညာဆိုတာလည်း မသိတော့ကြောင်း၊ ကင်ညာ ကို ပြန်လို့ ဘယ်လိုမှ မဖြစ်တော့ဘူး ဆိုတာ တောင်းပန်လျှောက်ထားခဲ့ပါတယ်။ 

“အမေရိကားဟာ အခွင့်အရေးတို့ရဲ့ မြေ၊ အခွင့်အလမ်းတို့ရဲ့ မြေ” လို့လည်း သူက တရားသူကြီး ကို ပြော ခဲ့ပါတယ်။ 

အိမ်ဖြူတော်ကတော့ သမ္မတ အိုဘားမားဟာ သူ့ ဦးလေးနဲ့ ဘယ်တုန်းကမှ မတွေ့ခဲ့ဖူးခဲ့ဘူးလို့ ပြောပေမယ့် အစစ်ဆေးခံယူစဉ်မှာတော့ သမ္မတ အိုဘားမားဟာ ၁၉၈၀ ခုနှစ်တွေတုန်းက ဟားဗတ် ဥပဒေကျောင်း တက် စဉ် ကင်းဗရစ်ခ်ျက တိုက်ခန်းမှာ ဦးလေးဖြစ်သူနဲ့ ၃ ပတ်လောက်နေသွားခဲ့ဖူးတယ်လို့ ဆိုပါတယ်။ 

သူ့နာမည်ဟာ အွန်ညန်ဂို အိုဘားမား မဟုတ်ပဲ Obama Okech Onyango ဖြစ်တယ်လို့ သမ္မတ အိုဘားမား က ပြောတယ်ဆိုပြီး ရဲတပ်ဖွဲ့ကို ကိုးကားဖော်ပြထားပါတယ်။ 

ဘာပဲပြောပြော အခု သတင်းဖော်ပြချက်ထဲမှာ အိုးဘားမားရဲ့ ဦးလေးဟာ အိုဘားမားရဲ့ ဖခင်ရဲ့ ထောက်ပံ့ မှုနဲ့ တောင် ကောလိပ်တက်ခဲ့ပြီး ဘော့စတွန်တက္ကသိုလ်က ဘွဲ့ရခဲ့တယ်လို့ သူက ပြောတယ်လို့ ဆိုတယ်။ 

ဒါပေမယ့် သူဟာ အထက်တန်းတောင် မပြီးခဲ့ဘူးလို့လည်း သတင်းတွေက ဆိုပြန်တယ်။ ဘာပဲပြောပြော အခု တော့ အိုဘားမားရဲ့ ဦးလေးက ကမ္ဘာကျော်သွားတာအမှန်ပါဘဲ။ 

ကြားနာပွဲ လာစဉ် သမ္မတ အိုဘားမားရဲ့ ဦးလေး၊ ဓာတ်ပုံ- ဘော့စ်စတွန် ဂလုပ်ဘ်
အိမ့်သံစဉ် 
ဧရာဝတီ
ကြားနာပွဲ လာစဉ် သမ္မတ အိုဘားမားရဲ့ ဦးလေး၊ ဓာတ်ပုံ- ဘော့စ်စတွန် ဂလုပ်ဘ်
RangonNewsDaily:: December . 8 .2013
အမေရိကန် ပြည်ထောင်စုရဲ့ ပထမဆုံး လူမည်းသမ္မတ မစ္စတာ ဘားရက် အိုဘားမားရဲ့ ဦးလေး တော်စပ် သူဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့ကတော့တိုင်းပြည်က နှင်ထုတ်မှုဆိုင်ရာDeportation Hearing ကြားနာပွဲကို ရောက်
ခဲ့ရပါတယ်။ ဒီသတင်းကြောင့် ချက်ချင်းဆိုသလို သူဟာ နာမည်ကျော်ကြားသူ တဦးဖြစ်လာခဲ့ ပါတယ်။

မိကျောင်းကန် သပိတ်စခန်းအား ဒီဇင်ဘာ ၉ ရက် ညနေ ၆ နာရီ နောက်ဆုံးထား ရုပ်သိမ်းရန် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးနှင့် တပ်မြို့စည်ပင်က အသိပေးချက် ထုတ်ပြန်

Photo: မိကျောင်းကန် သပိတ်စခန်းအား ဒီဇင်ဘာ ၉ ရက် ညနေ ၆ နာရီ နောက်ဆုံးထား ရုပ်သိမ်းရန် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးနှင့် တပ်မြို့စည်ပင်က အသိပေးချက် ထုတ်ပြန်
Sunday, December 8,2013

မိကျောင်းကန် သပိတ်စခန်းအား ဒီဇင်ဘာ ၉ ရက် ညနေ ၆ နာရီ နောက်ဆုံးထား၍ ဖယ်ရှားရန် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးနှင့် တပ်မြို့စည်ပင်တို့က ဒီဇင်ဘာ ၇ ရက် ည ၁၀ နာရီခွဲ အမိန့်ထုတ်ပြန်ခဲ့သည်။
ယင်းအမိန့်အား သပိတ်စခန်း ဖွင့်လှစ်ရာအနီး ည ၁၀ နာရီခွဲခန့်တွင် လာရောက်ကပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါအမိန့်စာထဲ၌ "ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန် အပိုင်း(၁) ၊ ဝေဇယန္တာလမ်းရှိ မြစာရံအေး စေတီအနီးတွင် ခွင့်ပြုချက်မဲ့ ဆန္ဒထုတ်ဖော်ခြင်းသည် ရက်ကြာလာသည့်အတွက် ပတ်ဝန်းကျင်ရှိ အများပြည်သူတို့အား စိတ်အနှောင့်အယှက် ဖြစ်ပေါ်စေပြီး ဥပဒေနှင့် မညီညွတ်သော အစုအဝေးဖြစ်ကြောင်း သုံးသပ်ရရှိသဖြင့် ဒီဇင်ဘာ ၉ ရက် ညနေ ၆ နာရီ နောက်ဆုံးထား ဖယ်ရှားပေးရန်နှင့် လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေနှင့် ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း" ဖော်ပြပါရှိပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး၏ လက်မှတ်ပါရှိသည်။

အလားတူ တပ်မြို့စည်ပင်သာယာရေး ကော်မတီကလည်း တပ်မတော်ပိုင် ခြံစည်းရိုးရှေ့ဘက်တွင် ဖွင့်လှစ်ထားသည့် သပိတ်စခန်းအား လုံခြုံရေးအရ ဆက်လက်ခွင့် မပြုနိုင်ပါကြောင်းနှင့် ဒီဇင်ဘာ ၉ ရက် ညနေ ၆ နာရီ နောက်ဆုံးထား ဖယ်ရှားပေးရန်နှင့် ဖယ်ရှားခြင်းမပြုပါက ဆန္ဒထုတ်ဖော်သူများအားလုံးကို တည်ဆဲဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အမိန့်စာ ထုတ်ပြန်ခဲ့ပြီး တပ်မြို့စည်ပင်သာယာရေး အဖွဲ့ရုံး(ရန်ကုန်)၏ အတွင်းရေးမှူးက လက်မှတ်ရေးထိုးထားသည်။

သပိတ်မှောက်သူများဘက်ကမူ ၎င်းတို့အနေဖြင့် ဆက်လက်ဆန္ဒပြသွားမည် ဖြစ်ကြောင်း ပြောကြားကြသည်။ မြေကွက်ပြန်လည်ရရှိရေး ဆန္ဒပြသူတစ်ဦးဖြစ်သည့် ဒေါ်မာချိုက "အန်တီတို့ဘက်ကတော့ နှစ်နဲ့လနဲ့ ချီရင်ချီသွားပါစေ။ ဒီနေရာက မထဘူး။ တကယ်လို့ သူတို့ဘက်က အကြမ်းဖက် ဖြိုခွင်းလာရင်လည်း အသက်အသေခံ တိုက်ပွဲဝင်သွားမယ်"ဟု ဒီဇင်ဘာ ၇ ရက် ည ၁၁ နာရီခန့်က ပြောကြားသည်။

အလားတူ ဆန္ဒပြသူတစ်ဦးဖြစ်သည့် ဒေါ်သောင်းခင်က "အဒေါ်တို့ကတော့ ကိုယ့် မြေပြန်မရမချင်း ဒီနေရာက လုံးဝမထနိုင်ပါဘူး။ သရဏဂုံလည်း တင်ပြီးပါပြီ။ အကြမ်းဖက် ဖြိုခွင်းလာရင်လည်း အသေခံသွားမယ်။ ဒီနေ့လည်း ခြံစည်းရိုးလာခတ်တဲ့သူတွေက တွန်းလို့ အဒေါ်လဲကျသွားပြီး လက်ကျိုးသွားတယ်။ ခုကျောက်ပတ်တီး ကိုင်ထားရတယ်။ မြေပြန် မရမချင်း မထပါဘူး"ဟု ပြောကြားခဲ့သည်။

မိကျောင်းကန် သပိတ်စခန်းကို နိုဝင်ဘာ ၂၆ ရက်က စတင်ဖွင့်လှစ်ဆန္ဒပြခဲ့ပြီး ၁၂ ရက်အကြာ ယခုကဲ့သို့ ဒီဇင်ဘာ ၉ ရက် နောက်ဆုံးထား ရုပ်သိမ်းရန် အမိန့်ထုတ်ခဲ့ခြင်း ဖြစ်သည်။

Eleven Media Group 

(ဒီဇင်ဘာ ၇ ရက် ည ၁၀ နာရီခွဲခန့်က မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တပ်မြို့စည်ပင်တို့၏ အသိပေး ထုတ်ပြန်ချက်များကို သပိတ်စခန်းအနီး ကပ်နေစဉ်)

(ဒီဇင်ဘာ ၇ ရက် ည ၁၀ နာရီခွဲခန့်က မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တပ်မြို့စည်ပင်တို့၏ အသိပေး ထုတ်ပြန်ချက်များကို သပိတ်စခန်းအနီး ကပ်နေစဉ်)
RangonNewsDaily:: December . 8 .2013
မိကျောင်းကန်သပိတ်စခန်းအား ဒီဇင်ဘာ ၉ ရက် ညနေ ၆ နာရီ နောက်ဆုံးထား၍ဖယ်ရှားရန်မြို့နယ်အထွေ
ထွေ အုပ်ချုပ်ရေးမှူးနှင့် တပ်မြို့စည်ပင်တို့က ဒီဇင်ဘာ ၇ ရက် ည ၁၀ နာရီခွဲ အမိန့်ထုတ်ပြန်ခဲ့သည်။

မိကျောင်းကန် သပိတ်စခန်း ရုန်းရင်းဆန်ခတ် ဖြစ်ရာမှ အမျိုးသမီး ၁၀ ဦးဒဏ်ရာရ

Photo: မိကျောင်းကန် သပိတ်စခန်း ရုန်းရင်းဆန်ခတ် ဖြစ်ရာမှ အမျိုးသမီး ၁၀ ဦးဒဏ်ရာရ
Sunday, December 8,2013

မိကျောင်းကန် သပိတ်စခန်း ၁၂ ရက်မြောက်နေ့တွင် သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် ရပ်ကွက် အပိုင်း ၁၊ ၂၊ ၃ မြေနေရာ အငြင်းပွားမှုဖြင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူများနှင့် အနက်ရောင် ဂျာကင်အင်္ကျီ ဝတ်ဆင်ထားသော လူအုပ်စု ရုန်းရင်းဆန်ခတ် ဖြစ်ပွားရာ ဆန္ဒထုတ်ဖော်သူ အမျိုးသမီး ၁၀ ဦး ဒဏ်ရာများ ရရှိခဲ့ပြီး သင်္ဃန်းကျွန်း စံပြဆေးရုံကြီးသို့ တင်ပို့ကုသ ခဲ့ရကြောင်း အဆိုပါ သပိတ်စခန်းရှိ ဆန္ဒထုတ်ဖော် နေသူများက ပြောကြားသည်။

အဆိုပါ အငြင်းပွား မြေနေရာရှိ ဝင်ထွက်ပေါက် လေးခုကို တပ်စည်ပင် တံဆိပ်ပါ အနက်ရောင် ဂျာကင်အင်္ကျီများ ဝတ်ဆင်ထားသော အဖွဲ့က လာရောက်ကာ ရှစ်ပေအမြင့်ခန့် ရှိသော သွပ်ပြားများဖြင့် ပိတ်စဉ် ဆန္ဒထုတ်ဖော်သူများက ဝင်းတံခါးများ မပိတ်နိုင်ရန် လူတံတိုင်းဖြင့် ကာရံ ထားရာမှ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း မိကျောင်းကန် ဆန္ဒထုတ်ဖော်သူများထံမှ သိရှိရသည်။

“ဒီမြေက တပ်မတော်နဲ့ ပြည်သူ ဘယ်သူ ပိုင်တယ်ဆိုပြီး အငြင်းပွားနေတဲ့ အချိန်၊ ကျွန်တော်တို့ လူထုဘက်က။ ဒီမြေပေါ်မှာ သစ်သား တစ်ချောင်းတောင် မစိုက်ခဲ့ဘူး။ သူတို့ဘက်က ပိုင်ဆိုင်ကြောင်း ဘာအထောက်အထားမှ မပြဘဲ လက်နက်ကိုင် အဖွဲ့အစည်းက အင်အားသုံးပြီး လက်နက်မဲ့ ပြည်သူတွေကို အနိုင်ကျင့် စော်ကားပြီး ဝင်းတံခါးတွေ လာပိတ်တာ” ဟု အဆိုပါ သပိတ်စခန်းမှ အဖွဲ့ခေါင်းဆောင် ကိုဇော်ထွန်းက ဆိုသည်။

မိကျောင်းကန် သပိတ်စခန်းသို့ ယင်းနေ့ နံနက် ၇ နာရီခန့်က ရန်ကုန်တိုင်း နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်း ရောက်ရှိခဲ့ပြီး ဆန္ဒထုတ်ဖော်သူများနှင့် တွေ့ဆုံကာ အုတ်တံတိုင်းများ ကာရံထားသော အငြင်းပွား မြေနေရာရှိ ဝင်ထွက်ပေါက် လေးခုကို အုတ်တံတိုင်း ပိတ်ရန် လာရောက် ဆွေးနွေးခဲ့ကြောင်း၊ ယင်းနောက် နံနက် ၁၁ နာရီခန့်တွင် တပ်စည်ပင် တံဆိပ်ပါ ဒိုင်နာယာဉ် သုံးစီးဖြင့် အနက်ရောင် ဂျာကင်အင်္ကျီ ဝတ်ဆင်ထားသော လူအင်အား တစ်ရာကျော်ခန့် ရောက်ရှိလာပြီး သွပ်ပြားများဖြင့် ဝင်းတံခါးများ ပိတ်ရာမှ ဆန္ဒထုတ်ဖော်သူများ လူတံတိုင်းဖြင့် ကာရံစဉ် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“သွပ်ပြားထောင်ပြီး တံခါးရိုက်လို့ မရအောင် သွပ်ပြားချပ်တွေကို ကိုယ်လုံးနဲ့ တောင့်ခံထားတဲ့ လူတွေက သွပ်ပြားကို တူတွေနဲ့ ရိုက်တဲ့ အရှိန်ကြောင့် ပွန်းပဲ့ ဒဏ်ရာတွေ ရကုန်တယ်” ဟု ရုန်းရင်း ဆန်ခတ် ဖြစ်ပြီး လဲကျရာမှ ဘယ်ဘက်လက် ကျိုးခဲ့သူ အသက် ၆၄ နှစ်အရွယ် ဒေါ်သောင်းခင်က ပြောကြားသည်။

အဆိုပါ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီးနောက် မွန်းလွဲ ၂ နာရီခန့်တွင် တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းနှင့် အလုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးခိုင်မောင်ရည်တို့ သပိတ်စခန်းသို့ ရောက်ရှိလာပြီး မြေယာ အငြင်းပွားနေသည့် ပြဿနာကို တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် လွှတ်တော်သို့ တင်ပြ ဆွေးနွေးပေးမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု မိကျောင်းကန် ဆန္ဒထုတ်ဖော်သူများထံမှ သိရှိရသည်။

အထက်ပါ ကိစ္စနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းနှင့် ဦးခိုင်မောင်ရည်တို့ ယင်းနေ့ မွန်းလွဲ ၁ နာရီခန့်က တွေ့ဆုံခဲ့ရာ မိကျောင်းကန် မြေသည် တပ်မတော်က လုပ်ထုံးလုပ်နည်းအရ သိမ်းဆည်းခဲ့ခြင်း ဖြစ်ပြီး ယင်းမြေကို တပ်ကပြန်ပေးရန် အစီအစဉ် ရှိမည် မဟုတ်ကြောင်းနှင့် မြေပိုင်ဆိုင်မှုနှင့် ပတ်သက်၍ ခိုင်လုံသည့် အထောက်အထား ရှိပါက ပြန်ပေးမည်ဟု ဝန်ကြီးချုပ်က ပြောကြောင်း ဦးခိုင်မောင်ရည်က The Voice သို့ ပြောကြားသည်။

“လုပ်ထုံးလုပ်နည်းနဲ့ အညီ သိမ်းထားတာလို့ ပြောရုံနဲ့ ပြဿနာက ပြီးမသွားဘူး။ အခု ဆန္ဒထုတ်ဖော်သူတွေ ဒီမိကျောင်းကန်မြေနဲ့ ပတ်သက်ပြီး စာရွက်စာတမ်းတွေ လာပေးထားတာ ပလတ်စတစ် ပုံးကြီး နှစ်ပုံးစာလောက် ရှိတယ်။ တပ်က စီမံကိန်း မလုပ်တဲ့ မြေတွေကို ပြန်ပေးမယ်လို့ ပြောထားတာ ရှိတယ်။ သမ္မတကလည်း ပြန်ပေးခိုင်းတယ်။ အဲတော့ အမှန်တကယ် နစ်နာသူတွေကို သေသေချာချာ စိစစ်ပြီး ပြန်ပေးရမယ်” ဟု ၎င်းကမှတ်ချက်ပြု ပြောဆိုသည်။

အမျိုးသမီး ၁၀ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး စံပြဆေးရုံသို့ တင်ပို့ ကုသခဲ့ရာမှ အမျိုးသမီး သုံးဦးမှာ အတွင်းဒဏ်ရာ များကြောင့် ဆေးရုံတွင် ဆက်လက်ကုသမှု ခံယူနေရကြောင်း၊ မိကျောင်းကန် ရပ်ကွက် အမှတ် ၁၊ ၂၊ ၃ ရှိ ဘိုးဘွားပိုင် မြေနေရာ ပြန်လည် ရရှိရေးအတွက် အသက်ပေးပြီး ဆက်လက် ဆန္ဒထုတ်ဖော်သွားမည် ဖြစ်ကြောင်း သပိတ်စခန်း အဖွဲ့ခေါင်းဆောင် ကိုဇော်ထွန်းက ဆိုသည်။

The Voice Weekly

RangonNewsDaily:: December . 8 .2013
မိကျောင်းကန် သပိတ်စခန်း ၁၂ ရက်မြောက်နေ့တွင် သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် ရပ်ကွက် အပိုင်း ၁၊ ၂၊ ၃ မြေနေရာအငြင်းပွားမှုဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သူများနှင့်အနက်ရောင်ဂျာကင်အင်္ကျီ ဝတ်ဆင်
ထားသော လူအုပ်စု ရုန်းရင်းဆန်ခတ် ဖြစ်ပွားရာ ဆန္ဒထုတ်ဖော်သူ အမျိုးသမီး ၁၀ ဦး ဒဏ်ရာများ ရရှိခဲ့ပြီး သင်္ဃန်းကျွန်း စံပြဆေးရုံကြီးသို့ တင်ပို့ကုသ ခဲ့ရကြောင်း အဆိုပါ သပိတ်စခန်းရှိ ဆန္ဒထုတ်ဖော် နေသူများ
က ပြောကြားသည်။

လမ်းပြောင်းပြန်မောင်းသည့် ကားတိုက်မှုတွင် မိုးဟေကို၏မောင်ဖြစ်သူသေဆုံး

Photo: လင်းယံရဲ့ ညီ၊မိုးဟေကိုရဲ့ မောင်လေးလင်းအိမ်သစ် (ခ) ဖုန်းမြင့်ကျော် အတွက်အလွမ်းစာ
Sunday, December 8,2013

“ကျွန်တော်တို့ရဲ့ အချစ်ဆုံးညီလေး၊ မိုးဟေကို ၏ အချစ်ဆုံးမောင်လေး ဖုန်းမြင့်ကျော် သည် ( ၆-၁၂-၂၀၁၃ )ရက်နေ့ နံက် ၃း၃၀ အချိန်တွင် 
၎င်း မောင်းနှင်သောကား အတိုက်ခံရပြီး ရန်ကုန်ဆေးရုံကြီးတွင်တင်
ထားစဉ် ( ၇-၁၂-၂၀၁၃ ) ရက်နေ့ နံက်၃း၄၀ အချိန် ကျွန်တော်မျက်စိ
ရှေ့တွင်ကွယ်လွန်သွားခဲ့ပြီး ( ၉-၁၂-၂၀၁၃ ) ရက်နေ့တွင် ရေဝေး
သုသာန်၌ သဂြိုလ်မည်ဖြစ်ပါသည်။ ”ဟုအဆိုတော်လင်းယံရဲ့ 
ဖေ့ဘုတ်စာမျက်နှာမှာဖေါ်ပြလာပါသည်။

“ကိုဖုန်း သည် `လင်းအိမ်သစ် ´အမည်ဖြင့် ကျွန်တော့် DVD တွင်
သီချင်း ၂ပုဒ် .. ဥာဏ်လင်းအောင် ၏VCDနှင့် သူငယ်ချင်း သော်ဒီ 
၏ `မလွမ်းတော့ဘူး ´ DVD တွင် ၁ ပုဒ်သရုပ်ဆောင်ပေးခဲ့ပါသည်။
ညီလေး ကိုဆုံးရှုံးသွားရတာဟာ ကျွန်တော်တို့မိသားစုအတွက် ကြီးမားသောဆုံးရှုံးမှုကြီးဖြစ်ပါသည်။

”ဟုလည်းကောင်း“အကို့ရဲ့ နှလုံးသားတွေကြေမွသွားသလိုများစွာခံစားရပါတယ် ညီလေးရယ် ..
ညီလေး ထွက်ခွာသွားတာအရမ်းစောလွန်းပါတယ် .. နောက်ဘဝ ဆက်တိုင်းလဲ အခုလိုအဖြစ်ဆိုးမျိုးနဲ့ ဘယ်တော့မှ မကြုံတွေ့ပါစေနဲ့ ညီလေးရေ ..ညီလေး အကိုတို့ကို အပြီးပိုင် နှုတ်ဆက်သွားပေမဲ့ အကိုတို့တစ်မိသားစုလုံးကတော့ တစ်သက်လုံး အမြဲသတိရနေမှာပါ ..အကိုအခု အရမ်းစိတ်ထိခိုက်ခံစားနေရတယ် အရမ်းလဲငိုနေရတယ် တရားသဘောကိုနားလည်ပေမဲ့ဘယ်လိုမှ ဖြေလို့မရဘူး ညီလေးရယ်.. ညီလေးအသက်ရှင်ဘို့အတွက် အကိုတို့အားလုံးအစွမ်းကုန်ကြိုးစားခဲ့တာ ညီလေးသိပါစေ ..စိတ်ထားအရမ်းကောင်းတဲ့ငါ့ညီလေး ကောင်းရာမွန်ရာရောက်ပါစေလို့ အကိုတို့အမြဲဆုတောင်းပေးနေပါတယ် ”“ညီလေးက ကျတော်ကို တက်တူးထိုးမှာလုံးဝမကြိုက်ဘူးလေ အမြဲတားနေတာ အခုတော့ ညီလေးခွင့်ပြုပေးပါ အကိုညီလေးရဲ့ နာမည်နဲ့ ညီလေးလူ့လောက ကနေထွက်သွားတဲ့နေ့လေးကို အကိုလက်မှာတက်တူး ထိုးပါရစေ ညီလေးရယ်နော် ..သူ သတိမမေ့ခင်နောက်ဆုံးပြောသွားခဲ့တယ် ဖေဖေ ,မေမေ , ကိုကို နဲ့ မမ သူကို့ခွင့်လွှတ်ပါတဲ့ .. ခွင့်လွှတ်ပါတယ် ညီလေးရေ အမြဲခွင့်လွှတ်ပါတယ် .. ထာဝရချစ်ဆုံး ညီလေး ”ဟုကြေကွဲဖွယ်ရေသားထားပါသည်။

credit-အဆိုတော်လင်းယံ၏ဖေ့ဘုတ်မှ
Popular Journal

RangonNewsDaily:: December . 8 .2013
ရန်ကုန်- ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနအနီးရှိ မီးပွိုင့်တွင် လမ်းပြောင်းပြန်မောင်းလာသည့် ကားတစ်
စီးနှင့် ၀က်သားတင်ဒိုင်နာတိုက်မိ၍ သေဆုံးသူနှစ်ဦးအနက် တစ်ဦးမှာ သရုပ်ဆောင်မိုးဟေကို မောင်ဖြစ်
ကြောင်း သတင်းရရှိသည်။

လုပ်ခလစာ လျော့ယူကာ မန်ယူနိုက်တက် အတွက် ကစားပေးချင်ကြောင်း စနိုက်ဒါဖွင့်ဟ

Photo: လုပ်ခလစာ လျော့ယူကာ မန်ယူနိုက်တက် အတွက် ကစားပေးချင်ကြောင်း စနိုက်ဒါဖွင့်ဟ 
Sunday, December 8,2013

ဂါလာတာစာရေး အသင်း၏ ဒက်ခ်ျ ကွင်းလယ်ကစားသမား စနိုက်ဒါသည် ပရီးမီးယားလိဂ် ကလပ် မန်ယူနိုက်တက် အတွက် ကစားပေးချင်ကြောင်း ထုတ်ဖော်ပြောကြား လိုက်သည်။ 

စနိုက်ဒါသည် နိုင်ငံ့ လက်ရွေးစင် အသင်းဖော် ဗန်ပါစီဖြင့် လက်တွဲကာ ပရီးမီးယားလိဂ်၏ အတွေ့အကြုံကို ရယူချင်နေကြောင်း Daily Mail ကဖော်ပြသွားခဲ့သည်။ လက်ရှိ ဂါလာစာရေးတွင် အပိုဆုကြေးငွေ အပါအ၀င် တစ်နှစ်လုပ်ခ ပေါင်(၆)သန်း ခံစားခွင့် ရနေသော စနိုက်ဒါက မန်ယူနိုက်တက် အသင်းသို့ ပြောင်းရွေ့ ဖြစ်ခဲ့ပါက၊ ပေါင်(၁)သန်း လျော့ယူပေးသွားမည် ဖြစ်ကြောင်း ပြောကြား သွားခဲ့သည်။ 

မန်ယူနိုက်တက် အသင်းသည် စနိုက်ဒါအား အင်တာမီလန်တွင် ရှိစဉ်က အကြိမ်ကြိမ် ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့ဖူး သော်လည်း၊ လုပ်ခလစာ အပြင် ပြောင်းရွေ့ကြေးကြောင့် အပြောင်းအရွေ့ အထမမြောက် ခဲ့ပေ။

Written by အောင်ဇော်လတ်(မိုးနဲ)
Football Café

RangonNewsDaily:: December . 8 .2013
ဂါလာတာစာရေး အသင်း၏ ဒက်ခ်ျ ကွင်းလယ်ကစားသမား စနိုက်ဒါသည်ပရီးမီးယားလိဂ်ကလပ်မန်ယူနိုက်
တက် အတွက် ကစားပေးချင်ကြောင်း ထုတ်ဖော်ပြောကြား လိုက်သည်။

တောင်ကိုရီးယားနှင့် ပိုက်နက် အငြင်းပွားရေပြင်အနီး မြောက်ကိုရီးယား တိုက်ခိုက်ရေး ရဟတ်ယာဉ်နှင့် ဒုံးကျည်များ တပ်ဖြန့်

RangonNewsDaily:: December . 8 .2013
တောင်နှင့် မြောက်ကိုရီးယားတို့၏ ပိုင်နက်အငြင်းပွားအနောက်ဘက်ပင်လယ်ပြင်အနီးသို့ မြောက်ကိုရီးယား

က တိုက်ခိုက်ရေး ရဟတ်ယာဉ်များနှင့် ဒုံးကျည်များကို တပ်ဖြန့် ပို့ဆောင်လိုက် ကြောင်း တောင်ကိုရီးယား
ထောက်လှမ်းရေးအကြီးအကဲ၏ ပြောကြားချက်ကိုNew York Timesသတင်းတွင် ဖော်ပြထားသည်။ မြောက်
ကိုရီးယားတွင် လွန်ခဲ့သောသီတင်းပတ်တွင်းက ခေါင်းဆောင်ကင်ဂျုံအန် ပြီးလျှင် ဒုတိယ အာဏာအရှိဆုံးဟု
ယူဆခံထားရသောကင်ဂျုံအန်၏ဦးလေးတော်သူဂျန်ဆောင်သိတ်ကို ရာထူးမှ ထုတ်ပယ်လိုက်ပြီးနောက် ပြည်
တွင်း နိုင်ငံရေး အာဏာ မတည်မငြိမ် ဖြစ်နေချိန်တွင် နိုင်ငံတကာက အာရုံလွှဲစေရန် ယခုကဲ့သို့ ရန်စမှုများ
ပြုလုပ်လေ့ရှိသည်။