Pages
Sunday, November 24, 2013
ကွယ်လွန်သူ တေးရေး၊ တေးဆို ခင်မောင်တိုး၏ အသုံးအဆောင်များကိုရောင်း၍ ကချင်စစ်ဘေးရှောင် ဒုက္ခသည်များအတွက် လှူဒါန်းမည်
Photo: **ခင်မောင်တိုး အသုံးအဆောင်များကိုရောင်း၍ ကချင်စစ်ဘေးရှောင် ဒုက္ခသည်များအတွက် လှူဒါန်းမည်**
Sunday, November 24, 2013
အစိုးရနှင့်ကေအိုင်အေတပ်များ တိုက်ပွဲဖြစ်ပွားခဲ့သည့် ကချင်ပြည်နယ် မန်စီမြို့အနီးနမ့်လင်းပါရွာမှ စစ်ဘေးရှောင် ပြည်သူများအတွက် ကွယ်လွန်သူ တေးရေး၊ တေးဆို ခင်မောင်တိုး၏ အသုံးအဆောင်ပစ္စည်းများကို ရောင်းချ၍ ရန်ပုံငွေရှာဖွေသွားမည်ဟု အဖြူရောင်တွဲလက်များအဖွဲ့မှ သိရသည်။
အဆိုပါ ရန်ပုံငွေပွဲကို နိုဝင်ဘာလ ၂၉ ရက်နေ့ ရွှေရှမ်းကန်စားသောက်ဆိုင်၌ ညနေ ၄ နာရီမှ ၆ နာရီအထိ ကျင်းပ သွားမည် ဖြစ်ပြီး Wheel Band နှင့်အတူ အဆိုတော် ခိုင်ထူး၊ ရင်ဂို၊ ဂျေမောင်မောင်၊ ကိုနေ၀င်း၊ ကိုရဲလွင်၊ ရိမ်းမိုး၊ ကော်နီ အစရှိသူတို့က သီဆိုဖျော်ဖြေသွားမည်ဖြစ်ကြောင်းသိရှိရသည်။
"မန်ဝိုင်းကြီးကမ့်မှာရှိနေတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် ကိုခင်မောင်တိုးရဲ့မိန်းမနဲ့ ကျွန်တော်တို့ တိုင်ပင်ပြီး သူ့ရဲ့တစ်နှစ်ပြည့်မှာ ဒီရန်ပုံငွေပွဲလေးလုပ်တာပါ" ဟု အဖြူရောင်တွဲ လက်များအဖွဲ့မှ ကိုဘိုဘိုက ပြောသည်။
ကချင်ပြည်နယ် မန်စီမြို့ နမ့်လင်းပါရွာ၌ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသူ နှစ်ထောင်ခန့်မှာ မန်ဝိုင်းကြီး ဒုက္ခသည်စခန်းသို့ သွားရောက်ခိုလှုံနေရပြီး ယခုအခါ မန်ဝိုင်းကြီးဒေသရှိ ဒုက္ခသည်စခန်း ၂ ခု၌ လာ ရောက်ခိုလှုံသူ စုစုပေါင်းငါးထောင်ဝန်းကျင်ခန့်ရှိနေသည်ဟု သိရှိရသည်။
တိုက်ပွဲကြောင့် ထွက်ပြေးလာသည့် စစ်ဘေးရှောင်သူများသည် အ၀တ်အစားနှင့်အစားအသောက်များ လိုအပ်နေ ကြောင်း အဆိုပါဒုက္ခသည်စခန်းမှ သိရသည်။
"မိဘနဲ့ကွဲပြီး ကလေးတွေပဲ ရောက်လာတာတွေလည်း ရှိတယ်။ အားလုံးက အ၀တ်တစ်ထည် ကိုယ်တစ်ခုနဲ့ ပြေးလာ ကြတာ။ အ၀တ်အစားနဲ့ စားစရာတွေလိုအပ်နေပြီး နောက်ဆက်တွဲအနေနဲ့ ဆေးဝါးတွေပါ လိုအပ်လိမ့်မယ်" ဟု မန်ဝိုင်းကြီးဒေသ စစ်ဘေးရှောင် စခန်းသို့ သွားရောက်ကူညီပေးနေသူ တစ်ဦးကပြောသည်။
အစိုရတပ်များနှင့်ကေအိုင်အေတို့ နိုဝင်ဘာလဆန်းပိုင်းက ငြိမ်းချမ်းရေးဆွေး နွေးပွဲများပြုလုပ်ခဲ့ပြီး နှစ်ပတ်အတွင်း အဆိုပါ ဒေသ၌ တိုက်ပွဲများထပ်မံဖြစ်ပွားကာ ဗန်းမော်နှင့် မန်ဝိုင်းကြီးဒေသရှိ ဒုက္ခသည်စခန်းများသို့ စစ်ဘေးရှောင် နေရခြင်း ဖြစ်သည်။
မြစ်မခ
RangonNewsDaily:: November . 24 .2013
အစိုးရနှင့်ကေအိုင်အေတပ်များ တိုက်ပွဲဖြစ်ပွားခဲ့သည့် ကချင်ပြည်နယ် မန်စီမြို့အနီးနမ့်လင်းပါရွာမှ စစ်ဘေးရှောင် ပြည်သူများအတွက် ကွယ်လွန်သူ တေးရေး၊ တေးဆို ခင်မောင်တိုး၏ အသုံးအဆောင်ပစ္စည်းများကို ရောင်းချ၍ ရန်ပုံငွေရှာဖွေသွားမည်ဟု အဖြူရောင်တွဲလက်များအဖွဲ့မှ သိရသည်။
ဘုရင့်နောင် နှစ်ထပ် ခုံးကျော်တံတား ယနေ့ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် စတင်ဖွင့်လှစ်
RangonNewsDaily:: November . 24 .2013
မရမ်းကုန်းမြို့ နယ် (၁)ရပ်ကွက်ရှိ ဘုရင့်နောင် နှစ်ထပ် ခုံးကျော်တံတားကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလ
(၂၄)ရက်နေ့က စတင်ဖြတ်သန်းခွင့်ပြုပြီး ကားများ စတင်သွားလာဖြတ်သန်းခဲ့ကြသည်။
ထိုင်းနိုင်ငံသားနှစ်ဦးကို DKBA ဖမ်းဆီးထား
Photo: ထိုင်းနိုင်ငံသားနှစ်ဦးကို DKBA ဖမ်းဆီးထား
Sunday, November 24, 2013
ကလို့ထူးဘော DKBA အဖွဲ့ကနေ သူတို့ရဲ့အဓိပတိဖြစ်တဲ့ ဗိုလ်ချုပ်ကြီးစောလားပွယ်ကို ဂုဏ်သိက္ခာကျဆင်းအောင်ပြုလုပ်နေတယ် ဆိုတဲ့ ထိုင်းနိုင်ငံသားနှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်းနေပါတယ်။  
DKBA အဓိပတိ ဗိုလ်ချုပ်ကြီးစောလားပွယ် (ဓာတ်ပုံ-မန်းမျိုးမြင့်)
ထိုင်းနိုင်ငံသားနှစ်ဦးဖြစ်တဲ့ နိုင်ချနကော်စီလီ(၇၃)နှစ်၊ နိုင်ကျလန်းစော်စင်(၆၄)နှစ်တို့ကို ပြီးခဲ့တဲ့သောကြာနေ့က DKBA ဌာနချုပ်တည်ရှိရာ ဆုံဆည်းမြိုင်ကျေးရွာမှာ ထိန်းသိမ်းလိုက်တာဖြစ်ပါတယ်။
အဖွဲ့ရဲ့ထိပ်တန်းတပ်မှူးကြီးတဦးပြောတာက ”သူတို့ကိုထိန်းသိမ်းထားတာက ကျနော်တို့ခေါင်းဆောင်ကို ဂုဏ်သိက္ခာကျဆင်းစေမဲ့ လုပ်ရပ်တွေကိုအကြိမ်ကြိမ် လုပ်နေအတွက် မေးမြန်းနေတာပါ။ ကျနော်တို့ခေါင်းဆောင်ရဲ့ နာမည်ကိုလည်း ထိုင်းနိုင်ငံအတွင်းမှာ အလွှဲသုံးစားလုပ်နေတဲ့ကိစ္စတွေကို သူတို့နဲ့ပတ် သက်သူတွေကို၊ဒီနေ့လာရောက်ဖြေရှင်းဘို့ ဆင့်ခေါ်ထားပါတယ်။ ဖြေရှင်းပြီးရင်တော့ သူတို့ကိုပြန်လွှတ်ပေးမှာဖြစ်ပါတယ်” ဆိုတဲ့အကြောင်း ဒီနေ့မွန်းပိုင်းမှာပြောပါတယ်။
စပြီးဖမ်းတဲ့နေ့က သုံးယောက်ဖြစ်ပြီး တယောက်ကိုတော့ ဒီကိစ္စမှာပါဝင်ပတ်နေတဲ့လူတွေကို အဆက်အသွယ် လုပ်ဘို့အတွက် တယောက်ကိုပြန်လွှတ်ပေးလိုက်တယ်လို့လည်းသိရပါတယ်။
ဖြစ်စဉ်အသေးစိတ်နဲ့ပတ်သက်ပြီး DKBA ဘက်က ထုတ်ဖေါ်ပြောဆိုခြင်းမရှိသေးပါဘူး။
ဒီကိစ္စနဲ့ ပတ်သက်ပြီး DKBA နဲ့ဖက်စပ်စီးပွားရေး လုပ်ကိုင်နေတဲ့ ထိုင်းလုပ်ငန်းရှင်တဦးပြောတာကတော့ ဒီအဖွဲ့က လူတွေဟာ မရိုးသားတဲ့လူတွေဖြစ်တယ်။ ထိုင်းဘက်ကလူတွေကို DKBA ခေါင်းဆောင်ဆီမှာ ထိုင်းဘတ်ငွေသန်း ၄၅၀၀ ရှိတယ် ဆိုပြီးလိုက်ပြောတယ်၊ အခုလည်းစောလားပွယ်ကိုလည်း ယုံကြည်လောက်တဲ့ မက်လုံးတွေ သုံးပြီး ထိုင်းဘတ်ငွေသန်း ၁၀၀ သွားတောင်ရာကနေ အဖမ်းခံရတာဖြစ်တယ်လို့ ဆိုပါတယ်။
အဖမ်းခံထားရတဲ့ ထိုင်းနှစ်ယောက်နဲ့ပတ်သက်ပြီး ထိုင်းအာဏာပိုင်တွေဘက်ကတော့ တရားဝင် ဆက်သွယ်လာတာ မရှိသေးဘူးလို့ သိရပါတယ်။
ထိုင်းဒေသခံတဦးပြောတာကတော့ ကိုယ့်နဲ့ အပြန်အလှန် ရေရှည်ဆက်ဆံရမဲ့လူတွေကို အဲဒီလို တချီကောင်း သွားလုပ်တော့ ကောင်းရောင်းကောင်းဝယ် လုပ်ကိုင်နေကြတဲ့လူတွေပါ ဂယက်ရိုက်ခတ်မှုတွေဖြစ်စေတယ်လို့ ဆိုပါတယ်။
ထိုင်းဖက်ခြမ်းကဒေသခံတွေဟာ ကလို့ထူးဘော DKBA အဖွဲ့ အခြေစိုက်ရာ နယ်စပ်တလျှောက်မှာ စိုက်ပျိုးရေး လုပ်ငန်းတွေကို စိုက်ဧကထောင်နဲ့ချီပြီး သွားရောက်လုပ်ကိုင်ကြတာဖြစ်ပြီး ထွက်ရှိလာတဲ့ကောက်ပဲသီးနှံတွေကို ထိုင်းဘက်ပြန်တင်သွင်းကြတာပါ။
စိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီး DKBA ကို သတ်မှတ်အခွန်ငွေပေးဆောင်ကြရပါတယ်။
အခုသတင်းရေးနေတဲ့အချိန်ထိတော့ အဖမ်းခံထားရတဲ့ထိုင်းတွေ လွှတ်မြောက်လာခြင်း မရှိသေးပါဘူး။
ဒီလိုပြဿနာမျိုးဖြစ်ရင် နှစ်နိုင်ငံအာဏာပိုင်တွေဟာ  မဲဆောက်-မြ၀တီ မြို့နယ်အဆင့်နယ်ခြားကော်မတီ (TBC) ကနေတဆင့် အကြောင်းကြားဖြေရှင်းလေ့ရှိပေမဲ့၊ အခုဖြစ်နေတဲ့ပြဿနာကတော့ (TBC) အဆင့်ကို မရောက်ရှိသေးဘူးလို့ သိရပါတယ်။
ဧရာဝတီ
DKBA အဓိပတိ ဗိုလ်ချုပ်ကြီးစောလားပွယ် (ဓာတ်ပုံ-မန်းမျိုးမြင့်)
RangonNewsDaily:: November . 24 .2013
ကလို့ထူးဘော DKBA အဖွဲ့ကနေ သူတို့ရဲ့အဓိပတိဖြစ်တဲ့ ဗိုလ်ချုပ်ကြီးစောလားပွယ်ကို ဂုဏ်သိက္ခာကျဆင်းအောင်ပြုလုပ်နေတယ် ဆိုတဲ့ ထိုင်းနိုင်ငံသားနှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်းနေပါတယ်။
တရားလိုမှ တရားခံပြန်ဖြစ်တတ်သည်ဟု ဦးမိုးဟိန်း သတိပေး
RangonNewsDaily:: November . 24 .2013
သူရိယနေ၀န်းဂျာနယ်တွင် ရေးသားခဲ့သည့် ဦးတေဇနှင့် ပတ်သက်သည့်ရေးသားချက်များအပေါ် တရားစွဲဆိုမည်ဟုကြေညာထားချက်များ အား ရင်ဆိုင်ရန် အသင့်ရှိပြီး တရား စွဲဆိုရန်စီစဉ်သူသည် တစ်ခါတလေ တရားခံအဖြစ်သို့ ပြန်လည်ရောက်ရှိနိုင်ကြောင်း သူရိယနေ၀န်း ဂျာနယ်
အယ်ဒီတာချုပ် ဦးမိုးဟိန်းက People Power သတင်းစာသို့ ပြောကြားသည်။
သန်လျင်တွင် ၁၀၀၀ တန် အတုများ မိ
RangonNewsDaily:: November . 24 .2013
သန် လျင် ဆိုင်ကယ်ကယ်ရီသမားထံ မှတစ်ထောင်တန်ငွေစက္ကူအတုများတွေ့ရှိခဲ့သည့်အမှုကို စီ အိုင်ဒီမှ ကိုင်တွယ်စစ်ဆေးနေ ကြောင်း သိရသည်။ ဆိုင်ကယ်ကယ်ရီမောင်း သူ သန်လျင်မြို့နယ် ဘုရားကုန်း ကျေးရွာ တွင် နေထိုင်သည့် ဦးလှကျော်သည် ဆိုင်ကယ်ငှားသူတစ် ဦးထံမှ တစ်ထောင်တန်ရှစ်ရွက် ရရှိပြီးနောက် အဆိုပါတစ်ထောင် တန်တချို့ကိုကြည့်ရှုရာ နံပါတ် အက္ခရာတချို့မှာ တူညီနေကြောင်း တွေ့ရသဖြင့်
“မျှတမှု”
RangonNewsDaily:: November . 24 .2013
တစ်ခါတစ်လေ
လိုချင်တာကိုပဲ တောင့်တနေတတ်ပြီး
လိုအပ်နေတာကိုတော့ မေ့နေတတ်တယ်။
::
တစ်ခါတစ်လေ
တန်ဖိုးထားသင့်တဲ့သူကို မေ့နေတတ်ပြီး
မေ့ပစ်သင့်တဲ့သူကိုတော့ လွမ်းနေတတ်တယ်။
မျက်လုံးကိုအ၀တ်နဲ့ စည်းပြီး လူဆယ်ယောက်ကို တစ်ပြိုင်နက် အနိုင်ယူခဲ့တဲ့ စစ်တုရင်ကစားသမား
Photo: မျက်လုံးကိုအ၀တ်နဲ့ စည်းပြီး လူဆယ်ယောက်ကို တစ်ပြိုင်နက် အနိုင်ယူခဲ့တဲ့ စစ်တုရင်ကစားသမား
Saturday, November 23, 2013
“ ကျွန်တော့်သူ့ ကို အနိုင်ကစားနိုင်မယ်ဆိုတာ သိတယ်၊ ကျွန်တော်ကခြောက်တန်းထဲက စစ်တုရင်ထိုးလာတာဗျ၊ဘယ်နှယ့် မျက်လုံးမှိတ်ပြီးကစားရတယ်လို့ ၊ကြည့်နေ ကျွန်တော်သူ့ ကို အနိုင်ယူပြမယ်လို့ ” ထောင်မှူးကို  လှမ်းပြော လိုက်ပါတယ် ။ သူ့ ထင်သလိုဖြစ်မလာခဲ့ပါဘူး ၊ Timur ကလွယ်လွယ်ကူကူပဲ ဆယ်ယောက်လုံးကိုအနိုင်ယူပြသွားပါတယ်။ ဘယ်လိုကစားခဲ့တာလဲလို့  Timur ကိုမေးကြည့်တော့
ဒီလုပ်ရပ်ဟာ စတန့် ထွင်ပြီးလုပ်တဲ့ လုပ်ရပ်မဟုတ်သလို အလကားသက်သက်အကျိုးမရှိတဲ့ လုပ်ရပ်လည်းမဟုတ်ပါဘူး။ Timur က သူဒီလို ထောင်သားတွေနဲ့ စစ်တုရင်လာကစားတဲ့အဓိကရည်ရွယ်ချက်ကို အခု လိုပြော သွားပါ တယ်။
၂၀၁၃၊မေလ ကတင် Timur Gareev ဟာ စိန့် လူးဝစ်စ် မြို့ မှာ မျက်လုံးကိုအ၀တ်နဲ့ စည်းပြီး လူ ၃၃ ယောက်ကို တစ်ပြိုင်တည်း စစ်တုရင်ကစားပြခဲ့ရာ ၂၉ ယောက်ကို အနိုင်ရရှိပြီး ၄ ယောက်ကိုသရေကျသွားခဲ့ပါတယ် ။ အခု သူဟာ ကမ္ဘာ့ စံချိန်တင်ဖို့ အတွက် လူငါးဆယ်နဲ့ တစ်ပြိုင်တည်း  စစ်တုရင်ထိုးဖို့ လေ့ကျင့်နေပါတယ်တဲ့ ။
ွှTrend Myanmar
RangonNewsDaily:: November . 24 .2013
အသက်၂၅ နှစ်အရွယ်သာရှိသေးတဲ့TimurGareevဟာအီလီနွိုက်စ်ပြည်နယ်ကွတ်ခ်ကောင်တီအကျဉ်းထောင်
မှာ အကျဉ်းသားဆယ်ယောက်နဲ့ ချက်စ်ပွဲ (၁၀)ပွဲကို တစ်ပြိုင်တည်း ကစားခဲ့ပါတယ်ဦးနှောက်ရယ်အမြင်အာ
ရုံရယ် အဓိကကျတဲ့ဒီကစားနည်းမှာ Timur က အမြင်အာရုံကိုဖယ်ရှားပစ်ပြီး သူ့ ဦးနှောက်မှတ်ဥာဏ်တစ်ခု
တည်းနဲ့ ဆယ်ပွဲလုံးကို အနိုင်ကစားပြသွားပါတယ်။
ဘုရင့်နောင် ခုံးကျော်တံတား အပေါ်ဆုံးအလွှာကို နိုဝင်ဘာ ၂၄ ရက်တွင် စတင်ဖြတ်သန်းခွင့်ပြုမည်
Photo: ဘုရင့်နောင် ခုံးကျော်တံတား အပေါ်ဆုံးအလွှာကို နိုဝင်ဘာ ၂၄ ရက်တွင် စတင်ဖြတ်သန်းခွင့်ပြုမည်
Saturday, November 23, 2013
ရန်ကုန်တိုင်း ဒေသကြီးအတွင်း တည်ဆောက်လျက် ရှိနေသည့် ခုံးကျော်တံတား တစ်ခုဖြစ်သည့် ဘုရင့်နောင် ခုံးကျော်တံတား အပေါ်ဆုံး အလွှာကို ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၂၄ ရက် နံနက်ပိုင်းမှစ၍ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာခွင့် ပြုသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လမ်းတံတားဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ ဘုရင့်နောင်ခုံးကျော် တံတားကို ၂၀၁၂ ခုနှစ် စက်တင်ဘာလ အတွင်းက စတင်တည်ဆောက်ခဲ့ပြီး တံတားအလယ်ပိုင်းအလွှာ လမ်းကြောင်းကို အောက်တိုဘာ ၃၁ ရက် နံနက်ပိုင်းတွင် စတင်ဖြတ်သန်းခွင့် ပြုခဲ့ကြောင်း သိရသည်။
ထို့ပြင်ကျန်ရှိနေသည့် အပေါ်ဆုံးအလွှာ ခုံးကျော်တံတား လမ်းကြောင်းကို ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၂၄ ရက်တွင် စတင်အသုံးပြု ဖြတ်သန်းနိုင်မည် ဖြစ်ကြောင်း လမ်း/ တံတားဌာနမှ ဒုတိယဌာနမှူး ဦးမျိုးလွင်က နိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်းက ပြောကြားခဲ့သည်။
ဘုရင့်နောင် ခုံးကျော်တံတားကို FMI Co.Ltd မှ တာဝန်ယူ တည်ဆောက်နေပြီး ကျပ် ၂၆ ဘီလျံခန့် ကုန်ကျနိုင်သည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးလှမြင့်က ဇွန်လ အတွင်းက The Daily Eleven သတင်းစာနှင့် သီးသန့်တွေ့ဆုံ အင်တာဗျူးတွင် ဖြေကြားထားခဲ့သည်။
ထို့ပြင် ရွှေဂုံတိုင် ခုံးကျော်တံတားကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှ စတင်၍ အသုံးပြုနိုင်မည် ဖြစ်ကြောင်း Capital Development Co.ltd မှ စီမံကိန်း ဒါရိုက်တာ၏ ပြောကြားချက်အရ သိရသည်။
ယင်းရွှေဂုံတိုင် ခုံးကျော်တံတား တည်ဆောက်ရာတွင် ကျပ် ၁၇ ဘီလျံ ကုန်ကျနိုင်သည်ဟုလည်း မြို့တော်ဝန်၏ ပြောကြားချက်အရ သိရသည်။
(နိုဝင်ဘာ ၂၂ ရက်က ဘုရင့်နောင် ခုံးကျော်တံတား အပေါ်ဆုံးအလွှာ တည်ဆောက်ပြီးစီး နေမှုကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်))
Eleven Media Group
(နိုဝင်ဘာ ၂၂ ရက်က ဘုရင့်နောင် ခုံးကျော်တံတား အပေါ်ဆုံးအလွှာ တည်ဆောက်ပြီးစီး နေမှုကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်))
RangonNewsDaily:: November . 24 .2013
ရန်ကုန်တိုင်း ဒေသကြီးအတွင်း တည်ဆောက်လျက် ရှိနေသည့် ခုံးကျော်တံတား တစ်ခုဖြစ်သည့် ဘုရင့်နောင် ခုံးကျော်တံတား အပေါ်ဆုံး အလွှာကို ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၂၄ ရက် နံနက်ပိုင်းမှစ၍ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာခွင့် ပြုသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လမ်းတံတားဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
အ၀င်လွယ်ပြီး အထွက်ခက်နေသည့် အာဖဂန်ရှိ အမေရိကန်စစ်သည်များ
Photo: အ၀င်လွယ်ပြီး အထွက်ခက်နေသည့် အာဖဂန်ရှိ အမေရိကန်စစ်သည်များ
Friday, November 22, 2013
အာဖဂန်နစ္စတန်ရှိ အမေရိ ကန်တပ်ဖွဲ့ဝင် ၁၅၀၀၀ ခန့်ကို ၂၀၁၄ အကုန်ထိဆက်လက်ထား ရှိခွင့်ပြုရေး၊ အမေရိကန်ပြည် ထောင်စုနှင့် အာဖရန်နစ်္စတန် အစိုးရတို့ ဆွေးနွေးလျက်ရှိသည်။ အဆိုပါဆွေးနွေးပွဲတွင် အာဖရန် နစ္စတန်သမ္မတ ကာဇိုင်းအနေဖြင့် မူအရသဘောတူညီကြောင်း သိ ရသော်လည်းအပြီးသတ်ဆုံးဖြတ် ချက်ချနိုင်ရန်အတွက် အာဖဂန် နစ္စတန်တိုင်းရင်းသားခေါင်းဆောင် များ ညီလာခံသို့တင်ပြကာအဆုံး အဖြတ်ယူရမည်ဖြစ်သည်။
အမေရိကန်နိုင်ငံခြားရေး ဂျွန်ကယ်ရီက ယင်းကိစ္စအတွက် သမ္မတဟာမစ်ကာဇိုင်းနှင့် တယ် လီဖုန်းဖြင့် အကြိမ်ကြိမ် ဆွေးနွေး ခဲ့ကြောင်းနှင့် နိုဝင်ဘာ ၂၀ ရက် တွင် သဘောတူညီမှုအချို့ရရှိခဲ့ သည်ဟုဆိုသည်။ သဘောတူညီ မှုအချို့တွင် အာဖဂန်ရှိ နေတိုး တပ်ဖွဲ့ဝင်များ ၂၀၁၄ အကုန်တွင် ထွက်ခွာအပြီး၊ အမေရိကန်စစ် သည်အချို့ ဆက်လက်ထားရှိရန် နှင့် အာဖဂန်စစ်တပ်ကို လိုအပ် သည့် စစ်သင်တန်းများ ပေးရေး ကိစ္စ၊ အမေရိကန်စစ်သည်များ ပြစ်မှုကျူးလွန်က အာဖဂန်ဥပဒေ အရ တရားစီရင်ခွင့်မပြုဘဲ အမေ ရိကန်စစ်စည်းကမ်းဥပဒေနှင့်အညီ အမေရိကန်စစ်ဘက်ကသာ စစ် ဆေးစီရင်ခွင့်ပြုရန်အချက်များ ပါဝင်ကြောင်း သိရသည်။ သို့ သော် အမေရိကန်စစ်သည်အရေ အတွက်မည်၍မည်မျှကို ဆက် လက်ထားရှိခွင့်ပြုရေး အတည် မပြုနိုင်သေးသော်လည်း အမေရိ ကန်စစ်သား ၁၀၀၀၀ မှ ၁၅၀၀၀ အတွင်းထားရှိရေးဆွေးနွေးလျက် ရှိသည်ဟုဆိုသည်။
သမ္မတအိုဘားမားကအဆိုပါ ကိစ္စကို ၂၀၁၃ ဒီဇင်ဘာလမကုန် မီ လက်မှတ်ရေးထိုးနိုင်ရေးသမ္မတ ကာဇိုင်းကို တွန်းအားပေးလျက်ရှိ ကြောင်း သိရသည်။
ကျော်စိန်
ကိုးကား - ရိုက်တာ
Hot News
RangonNewsDaily:: November . 24 .2013
အာဖဂန်နစ္စတန်ရှိ အမေရိ ကန်တပ်ဖွဲ့ဝင် ၁၅၀၀၀ ခန့်ကို ၂၀၁၄ အကုန်ထိဆက်လက်ထား ရှိခွင့်ပြုရေး၊ အမေရိကန်ပြည် ထောင်စုနှင့် အာဖရန်နစ်္စတန် အစိုးရတို့ ဆွေးနွေးလျက်ရှိသည်။
ဒေါ်အောင်ဆန်းစုကြည်ပုံပါ ၂၀၁၄ ပြက္ခဒိန်များ အရောင်းသွက်
Photo: ဒေါ်အောင်ဆန်းစုကြည်ပုံပါ ၂၀၁၄ ပြက္ခဒိန်များ အရောင်းသွက်
Friday, November 22, 2013
ပြည်တွင်းဈေးကွက်တွင် လာမည့် ၂၀၁၄ ခုနှစ်အတွက် ပြက္ခဒိန်များ ရောင်းချလျက်ရှိရာ မော်ဒယ်နှင့် အနုပညာရှင်များ သရုပ်ဆောင် ရိုက်ကူးထားသော ပြက္ခဒိန်များထက် ဒေါ်အောင်ဆန်းစုကြည်ပုံပါသော ပြက္ခဒိန် များ ၀ယ်ယူသူများပြား လျက် ရှိကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ၂၀၁၄ ခုနှစ် ပြက္ခဒိန်များ အမြောက်အမြား ဈေးကွက်တွင်း ၀င်ရောက်လာချိန်  ဒေါ်အောင်ဆန်းစုကြည်ပုံပါ ပြက္ခဒိန်များက ရောင်းအား အကောင်းဆုံး အဖြစ် နေရာယူထားပြီး၊ အနုပညာရှင် မင်းသား၊ မင်းသမီးပုံပါ ပြက္ခဒိန်များမှာမူ  ၀ယ်လိုအား ကျဆင်းမှုကြောင့် ဈေးကွက်တွင် ရောင်းချသူ လျော့ကျလျက်ရှိကြောင်း  ပြက္ခဒိန် ရောင်းချသူများထံမှ သိရှိရသည်။
“ဒေါ်အောင်ဆန်းစုကြည် ပြက္ခဒိန်ကဒီနှစ် ရောင်းအားအကောင်းဆုံးပဲ။ အခုနောက်ပိုင်း ပြက္ခဒိန်ဝယ်သူတွေက မင်းသား မင်းသမီးပုံတွေ သိပ်မ၀ယ်ကြတော့ အဒေါ်တို့ဆိုင်မှာမတင်ဖြစ်တော့ဘူး။ ဒေါ်စုပါတဲ့ပုံတွေပဲ တင် တော့ တာ”ဟု ဗိုလ်ချုပ်လမ်းတွင်  ပြက္ခဒိန်ရောင်းချသည့် အသက် ၅၀ အရွယ် ဒေါ်ကြူကြူစိန်က ဧရာဝတီသို့ ပြောသည်။
လတ်တလော ပြက္ခဒိန်ဈေးကွက်တွင် ပြည်တွင်း ၀ယ်လိုအားသာမက မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်များကပါ စိတ်ဝင်စား ၀ယ်ယူမှုများရှိနေကြောင်း သိရှိရသည်။
“ဒေါ်စုပြက္ခဒိန် ဈေးနှုန်းတွေ ကတော့ အစားစားပါပဲ။ ၃၀၀၀၊ ၃၅၀၀ ၊ ၄၀၀၀ အမျိုးမျိုး ရှိတယ်။ ဒီရက်ပိုင်းမှာတော့ ၃၅၀၀ တန် ပြက္ခဒိန်တွေ တော်တော်လေး ရောင်းရတယ်။ များသောအားဖြင့် တော့ လူကြီးပိုင်းတွေ လာဝယ်ကြတယ်။ နိုင်ငံခြားသား တွေလည်း စိတ်ဝင်တစားနဲ့ ၀ယ်ကြတယ်” ဟုပြောသည်။
၂၀၁၀ ခုနှစ် နှစ်ကုန်ပိုင်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် လွတ်မြောက် လာပြီးနောက်ပိုင်း ဒေါ်အောင်ဆန်း စုကြည်ပုံပါ ပိုစတာများ၊ တီရှပ်များ၊ ပြက္ခဒိန်များ ရောင်းဝယ်သည့်ဈေးကွက်တခုဖြစ်ပေါ်လာပြီး ပြည်သူများအကြား ဒေါ်အောင်ဆန်းစုကြည်နှင့် NLD တံဆိပ်ပါ အထိမ်းအမှတ် ပစ္စည်းများ ၀ယ်ယူမှု များပြားလာကြောင်း၊ မူလက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးများတွင် ဒေါ်အောင်ဆန်းစုကြည်ပုံပါ အထိမ်းအမှတ် ပစ္စည်းများကို ပါတီ ရန်ပုံငွေအဖြစ် ရောင်းဝယ် ဖောက်ကားခဲ့ရာမှ  အစိုးရ၏ ဖြေလျှော့မှုများကြောင့်၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ မတိုင်မီနှင့် ရွေးကောက်ပွဲ လွန်ကာလ နောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်ပုံပါ တီရှပ်၊ ပိုစတာနှင့် အထိမ်းအမှတ် ပစ္စည်းများ ရောင်းချသည့် စီးပွားရေးဈေးကွက်မှာ အလွန်ကြီးမားခိုင်မာလာကြောင်း ဈေးကွက်အတွင်းမှ စုံစမ်း သိရှိရသည်။
“အရင်အစိုးရ လက်ထက်တုန်းကဆိုရင် ဒေါ်အောင်ဆန်းစုကြည်ပုံမပြောနဲ့။ သူ့နာမည်ကိုတောင် ကျယ်ကျယ် မပြောရဲဘူးလေ။ အခုမှ လွတ်လွတ်လပ်လပ် ရောင်းရဲဝယ်ရဲတာ။ အခုက အင်တာနက်ပေါ်လာပြီးတဲ့နောက်မှာ မင်းသား၊ မင်းသမီးပုံနဲ့ ပြက္ခဒိန်တွေက အရင် ကလောက် ခေတ်မစား တော့ဘူး။ သူ့ဟာနဲ့သူတော့ ရောင်းရပါတယ်။ အဓိကကတော့ နယ်ဘက်ပရိသတ်တွေ အ၀ယ်များတယ်။ ဒါပေမယ့် အခုချိန်မှာ ရောင်းရ အကောင်းဆုံးကတော့ ဒေါ်စုပုံ တွေပါပဲ” ” ဟု သိမ်ကြီးဈေးအနီး ပြက္ခဒိန်ရောင်းချသူတစ်ဦးက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ပုံပါ ပြက္ခဒိန်ဝယ်ယူသူ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတဦးက “အန်တီစုပုံကို ၀ယ်တာ ကတော့ နှစ်သက်လို့၊ သဘောကျလို့၊ ချစ်လို့၊ လေးစားလို့ အမှတ်တရအနေနဲ့ အခန်းမှာ ချိတ် ထားဖို့ဆိုပြီး ၀ယ်တာပါ။ နိုင်ငံခြားသား တွေကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာက သိတဲ့ Icon တစ်ယောက် မို့လို့၊ Hero Lady တယောက် ဖြစ်တာ မို့လို့ စိတ်ဝင်စားပြီးဝယ်တာ’’ ဟု ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ဒေါ်အောင်ဆန်းစုကြည်ပုံပါ ပြက္ခဒိန်နှင့် အထိမ်းအမှတ် ပစ္စည်းများကို ပါတီရန်ပုံငွေအတွက် ထုတ်ဝေရောင်းချမှုများရှိကြောင်း သိရှိရသည်။
ဗိုလ်ချုပ်အောင်ဆန်းဈေးအနီး မီးပွိုင့်တွင် ပြက္ခဒိန်များ လက်ပွေ့ရောင်းချနေသည့် ပြက္ခဒိန်များ (ဓာတ်ပုံ – စိုင်းဇော် ) 
ဧရာဝတီ
ဗိုလ်ချုပ်အောင်ဆန်းဈေးအနီး မီးပွိုင့်တွင် ပြက္ခဒိန်များ လက်ပွေ့ရောင်းချနေသည့် ပြက္ခဒိန်များ (ဓာတ်ပုံ – စိုင်းဇော် )
RangonNewsDaily:: November . 24 .2013
ပြည်တွင်းဈေးကွက်တွင်လာမည့်၂၀၁၄ ခုနှစ်အတွက် ပြက္ခဒိန်များ ရောင်းချလျက်ရှိရာ မော်ဒယ်နှင့်အနုပညာ
ရှင်များသရုပ်ဆောင်ရိုက်ကူးထားသော ပြက္ခဒိန်များထက် ဒေါ်အောင်ဆန်းစုကြည်ပုံပါသော ပြက္ခဒိန်များဝယ်
ယူသူများပြား လျက် ရှိကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
အဆန်းထွင်မိသည့် ကြော်ငြာကြောင့် ရော်နယ်လ်ဒိုကို Pepsi ပြန်တောင်းပန်ရ
Photo: အဆန်းထွင်မိသည့် ကြော်ငြာကြောင့် ရော်နယ်လ်ဒိုကို Pepsi ပြန်တောင်းပန်ရ
Friday, November 22, 2013
အင်္ဂါနေ့ ညပိုင်းက Pepsiသည် ရော်နယ်လ်ဒိုကို ရည်စူးသည့် ပုံစံဖြင့် ပေါ်တူဂီ လက်ရွေးစင်အသင်း ဂျာစီကို ဝတ်ဆင်ထားသည့် ကျောနံပါတ်(၇) အရုပ်ကလေးကို စုန်းအတတ်ဖြင့် ပြုစားတိုက်ခိုက်ထားသည့် ပုံစံမျိုး ကြော်ငြာများ ထုတ်လွှင့်ခဲ့သည်။
အဆန်းထွင်မိသည့် ကြော်ငြာကြောင့် ရော်နယ်လ်ဒိုကို Pepsi ပြန်တောင်းပန်ရကမ္ဘာကျော် အဖျော်ရည် လုပ်ငန်းစုကြီး Pepsi ကုမ္ပဏီ၏ ဆွီဒင်ရုံးခွဲသည် ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ပုဂ္ဂိုလ်ရေး စော်ကားသည့် သဘောမျိုး အဆန်းထွင်ထားသည့် ကြော်ငြာများကြောင့် ပြန်လည် တောင်းပန်ခဲ့ရကြောင်း သိရှိရသည်။ အင်္ဂါနေ့ ညပိုင်းက Pepsiသည် ရော်နယ်လ်ဒိုကို ရည်စူးသည့် ပုံစံဖြင့် ပေါ်တူဂီ လက်ရွေးစင်အသင်း ဂျာစီကို ဝတ်ဆင်ထားသည့် ကျောနံပါတ်(၇) အရုပ်ကလေးကို စုန်းအတတ်ဖြင့် ပြုစားတိုက်ခိုက်ထားသည့် ပုံစံမျိုး ကြော်ငြာများ ထုတ်လွှင့်ခဲ့သည်။ အဆိုပါကြော်ငြာများသည် ကမ္ဘာ့ဖလား ဥရောပဇုန် နောက်ဆုံးအဆင့် ရှုံးထွက်ခြေစစ်ပွဲ၌ ဆွီဒင်နှင့် ပေါ်တူဂီတို့ ဒုတိယအကျော့ ကစားမည့် ပွဲစဉ်မတိုင်မီ ထွက်ပေါ်လာခြင်း ဖြစ်သည်။
ပထမအကျော့က ပေါ်တူဂီမြေတွင် ရော်နယ်လ်ဒို သွင်းယူသည့် တစ်လုံးတည်းသောဂိုးဖြင့် အိမ်ရှင်တို့ အနိုင်ရထားခဲ့သည်။ ယင်းဗီဒီယိုနှင့် ပတ်သက်ပြီး ပေါ်တူဂီ ပရိသတ် များစွာတို့က ဒေါသတကြီး ဝေဖန်ခဲ့ပြီး အခြားနိုင်ငံများမှ ရော်နယ်လ်ဒို ပရိသတ်များကပါ ဆန့်ကျင်ခဲ့ကြသည်။ Facebookပေါ်တွင် "Pepsi ဘယ်တော့မှ မသောက်တော့သူများ"ဆိုသည့် Groupတစ်ခုကို ထူထောင်ခဲ့ရာ နာရီပိုင်းအတွင်း ထောက်ခံသူ (၄၀၀၀၀)ကျော် ဖြစ်သွားခဲ့သည်။ အဆိုပါ Groupသည် Pepsi၏ လုပ်ရပ်ကို မနှစ်မြို့ကြောင်း ထုတ်ဖော်ပြသလာခြင်းလည်း ဖြစ်သည်။ ကြာသပတေးနေ့တွင်မူ Pepsiက မိမိတို့၏ အတတ်ဆန်းမှုအတွက် ပြန်လည် တောင်းပန်ခဲ့ရသည်။
"ပြိုင်ပွဲတစ်ရပ်မှာ ကျွန်တော်တို့ ယုတ်ညံ့တဲ့ စိတ်ဓာတ်နဲ့ ချဉ်းကပ်တာမျိုး ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ပါဘူး။ ကျွန်တော်တို့ရဲ့ ကြော်ငြာကြောင့် စော်ကားသလို သက်ရောက်သွားသူ အားလုံးကို ပြန်တောင်းပန်ချင်ပါတယ်"ဟု Pepsiက ကြေညာခဲ့သည်။ ၎င်းတို့ အနေဖြင့် ရော်နယ်လ်ဒိုကို ပြုစားသည့်ဟန် ကြော်ငြာမျိုး ပြုလုပ်ခဲ့သော်လည်း အမှန်တကယ်မူ မပြုစားနိုင်ဘဲ ပေါ်တူဂီက ဆွီဒင်မြေတွင် (၃-၂)ဖြင့် အနိုင်ကစားပြီး ကမ္ဘာ့ဖလားသို့ ရောက်ရှိသွားသည်။ ယင်းပွဲတွင် ရော်နယ်လ်ဒိုက တစ်ဦးတည်း (၃)ဂိုးသွင်းကာ Hat-Trickပိုင်ရှင် ဖြစ်လာသည်။ Pepsiသည် ပေါ်တူဂီတွင် လူကြိုက်အများဆုံး၊ အရောင်းရဆုံး အဖျော်ရည် အမှတ်တံဆိပ်အဖြစ် ရပ်တည်နေကြောင်းလည်း သိရှိရသည်။
Planet Myanmar Network
RangonNewsDaily:: November . 24 .2013
အင်္ဂါနေ့ ညပိုင်းက Pepsiသည် ရော်နယ်လ်ဒိုကို ရည်စူးသည့် ပုံစံဖြင့် ပေါ်တူဂီ လက်ရွေးစင်အသင်း ဂျာစီကို ဝတ်ဆင်ထားသည့် ကျောနံပါတ်(၇) အရုပ်ကလေးကို စုန်းအတတ်ဖြင့် ပြုစားတိုက်ခိုက်ထားသည့် ပုံစံမျိုး ကြော်ငြာများ ထုတ်လွှင့်ခဲ့သည်။
ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးဆင်းနင်းခံရ၍ သေဆုံး
RangonNewsDaily:: November . 24 .2013
ပဲခူးမြို့၊ အမှတ်(၃)နယ်မြေ ရဲစခန်းအပိုင်၊ အနောက်တောင်ဘက်(၇)မိုင်ခန့် အကွာ ၀ါးမရမ်းကျေးရွာအုပ်စု၊ ဆက်ချောင်းကျေးရွာတွင် (၂၂.၁၁.၂၀၁၃) နေ့ ည(၁၂း၃၀)အချိန်ခန့်တွင် ဆင်းနင်း၍ အမျိုးသမီးတစ်ဦးသေဆုံးမှုဖြစ် ပွားခဲ့သည်။ဖြစ်ပွားပုံမှာ(၂၂.၁၁.၂၀၁၃)နေ့ည (၁၂း၃၀ )အချိန်ခန့်၌ ဆက်ချောင်းကျေးရွာနေ ဒေါ်ကျင်မေ ရာဘာခြံတွင်နေပြီး အလုပ်လုပ်ကိုင် လျှက်ရှိသော အလုပ်သမား အောင်မြတ်(၂၀)နှစ်၊(ဘ)ဦးမျိုးတင့်၊ ဗမာ/ဗုဒ္ဓနှင့် ၄င်း၏ ဇနီးဖြစ်သူ မကေသီမြင့်(၂၀)နှစ်၊(ဘ)ဦးမင်းညွှန့်၊ဗမာ/ဗုဒ္ဓတို့(၂) ဦးသည် ရာဘာခြံထဲရှိ ၀ါးတဲတွင်အိပ်ပျော်နေစဉ်
သိန်း(၁၅၀၀)ဆုထီပေါက်သော်လည်း ထီလက်မှတ်ပျောက်နေ
RangonNewsDaily:: November . 24 .2013
ကသာခရိုင်၊ ၀န်းသိုမြို့နယ်၊ မယ်ဇလီကျေးရွာအုပ်စု၊ မယ်ဇလီကျေးရွာနေ ဒေါ်နှင်းနွယ်ဦးသည် (၂၉၈)ကြိမ်အောင်ဘာလေထီ သိန်း (၁၅၀၀)ဆုပေါက်သော်လည်း ထီလက်မှတ် ပျောက်ဆုံးနေကြောင်း သိရသည်။၂၀၁၃-ခုနှစ်၊ အောက်တိုဘာလ (၂၀)ရက် ၀န်းကျင်ခန့်က အသက်(၂၀)ခန့် လူငယ် (၂)ဦး မှ ဆိုက်တွဲ (နံပါတ်မသိ) ဖြင့် သီချင်းဆို၍ ရွာစဉ်လှည့်လည် ထီရောင်းချသူများထံမှ ဓ -၈၆၅၅၄၈ ဂဏန်းအပါအ၀င် (၅)စောင်တွဲထီအား တစ်စောင်လျှင် (၈၀၀ိ/-)ကျပ်နှုန်းဖြင့် (၄၀၀၀ိ/-)ကျပ်ဘိုးထီထိုးခဲ့သည်။
ကျွန်းစုမြို့နယ်ပိုင် ပထော်ကျွန်းရှေ့တွင် ကဏန်းတင် လှေတစ်စင်း ပေါက်ကွဲရာမှ လှေနစ်မြုပ်ပြီး လူလေးဦး ဒဏ်ရာရရှိ
Photo: ကျွန်းစုမြို့နယ်ပိုင် ပထော်ကျွန်းရှေ့တွင် ကဏန်းတင် လှေတစ်စင်း ပေါက်ကွဲရာမှ လှေနစ်မြုပ်ပြီး လူလေးဦး ဒဏ်ရာရရှိ
Sunday, November 24, 2013
မြိတ်ခရိုင် ကျွန်းစုမြို့နယ်ပိုင် မြိတ်မြို့နှင့် ပထော်ကျွန်းရှေ့ကြား ရေပြင်တွင် နိုဝင်ဘာ ၂၁ ရက် ညနေပိုင်းတွင် ကဏန်းတင် လှေတစ်စင်း ပေါက်ကွဲရာမှ လှေနစ်မြုပ်ပြီး လူလေးဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ကဏန်းလှေမှာ မြိတ်တွင်ကဏန်းများ လာရောက်ရောင်းချပြီး ပထော်ကျွန်းရှေ့ ရေပြင်ရှိ စက်သုံးဆီများ ရောင်းချရာ MT-189 ဆီဗောတွင် စက်သုံးဆီများ ၀ယ်ယူခဲ့ကြောင်း၊ စက်သုံးဆီ တင်ဆောင်ပြီးနောက် ပြန်လည်ထွက်ခွာရန် အင်ဂျင်စက်နှိုးရာမှ ရှော့ခ်ဖြစ်ကာ ပေါက်ကွဲခဲ့ကြောင်း သိရသည်။
"ပေါက်ကွဲသံကြီးက အရမ်းကို ကျယ်ပါတယ်။ မြိတ်မြို့ပေါ်က ရပ်ကွက်တော်တော်များများ ဒီပေါက်ကွဲသံကြီးကို ကြားပါတယ်။ ကမ်းနားလမ်းမှာရှိတဲ့ သူတွေကတော့ ဆီဗောကနေ မီးခိုးလုံး တက်လာတာ တွေ့ရပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားပြီး လှေလည်းနစ်မြုပ်သွားတာ တွေ့ရတယ်" လို့ မျက်မြင်တွေ့မြင်ခဲ့သူများက ပြောကြားခဲ့သည်။ အဆိုပါ ပေါက်ကွဲမှုကြောင့် လှေပေါ်တွင် ပါလာသူများ ရေထဲသို့ လွင့်စဉ်ထွက်သွားပြီး လှေသားငါးဦးအနက် လေးဦးမှာ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
"လှေပေါက်ကွဲ ထွက်သွားပြီး လူတွေရေထဲကို ကျသွားတာ တွေ့ရတယ်။ ရဲတပ်ဖွဲ့ဝင်တွေက လှေတွေနဲ့ လိုက်လာပြီး လူတွေကို ကယ်နေတာ တွေ့ခဲ့ရတယ်။ လှေကတော့ မီးလောင်ပြီး နစ်မြုပ်သွားတာ တွေ့ရတယ်" ဟု သမ္ဗန်မောင်းသူ တစ်ဦးက ပြောကြားသည်။
ကဏန်းလှေမှာ အလျားခုနစ်လံရှိပြီး ဓာတ်ဆီ ၁၄ ပီပါနှင့် ဒီဇယ်ဆီ ၁၀ ပီပါ တင်ဆောင်ထားကာ ရန်နိုင်ထွန်း ၂၃ နှစ်၊ သက်ထွေး ၁၉ နှစ်၊ အောင်သူ ၂၈ နှစ်တို့မှာ မီးလောင်ဒဏ်ရာ ရရှိခဲ့ပြီး သိန်းမောင်ဆိုသူမှာ ခြေထောက်ဒဏ်ရာ အနည်းငယ် ရရှိခဲ့ကြောင်း သိရသည်။ 
(ကဏန်းလှေ ပေါက်ကွဲမှု ဖြစ်ပွားပြီး နစ်မြုပ်သွားသည်ကို တွေ့ရစဉ်)
Eleven Media Group
(ကဏန်းလှေ ပေါက်ကွဲမှု ဖြစ်ပွားပြီး နစ်မြုပ်သွားသည်ကို တွေ့ရစဉ်)
RangonNewsDaily:: November . 24 .2013
မြိတ်ခရိုင် ကျွန်းစုမြို့နယ်ပိုင် မြိတ်မြို့နှင့် ပထော်ကျွန်းရှေ့ကြား ရေပြင်တွင် နိုဝင်ဘာ ၂၁ ရက် ညနေပိုင်းတွင် ကဏန်းတင် လှေတစ်စင်း ပေါက်ကွဲရာမှ လှေနစ်မြုပ်ပြီး လူလေးဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ဒေါ့မွန်ကို ဘိုင်ယန် ဂိုးပြတ်အနိုင်ရခဲ့တဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ်(၁၃)ရလဒ်များ
Photo: ဒေါ့မွန်ကို ဘိုင်ယန် ဂိုးပြတ်အနိုင်ရခဲ့တဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ်(၁၃)ရလဒ်များ
Sunday, November 24, 2013
ဘွန်ဒက်စ်လီဂါရဲ့ အယ်လ်ကလက်စီကို ပွဲစဉ်လို့ အမည်ပေးခဲ့ကြတဲ့ ဒေါ့မွန်နဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ ပွဲစဉ်မှာတော့ ဒုတိယပိုင်း သွင်းဂိုးတွေနဲ့အတူ ဘိုင်ယန်မြူးနစ်က (၃)ဂိုးပြတ် အနိုင်ရသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကာလမှာ ဒေါ့မွန်ကနေ ဘိုင်ယန်ကို ပြောင်းရွှေ့ခဲ့တဲ့ ကွင်းလယ်လူ ဂေါ့ဇီလည်း ဒီပွဲမှာ လူစားဝင် ကစားသွားခဲ့ပြီး ဘိုင်ယန်အတွက် အဖွင့်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ အခုပွဲစဉ်မှာ ဂွာဒီယိုလာက ဖိလစ်လမ်းကို (၄)ယောက်တန်း ခံစစ်ရဲ့ရှေ့မှာ ကစားစေခဲ့ပြီး (၄-၁-၄-၁)ပုံစံနဲ့ ပွဲထွက်လာခဲ့ပါတယ်။
ဒါပေမဲ့ ပထမပိုင်း ပွဲချိန်မှာ ဒေါ့မွန်ရဲ့ ကစားဟန်ကြောင့် ဘိုင်ယန်တို့ အခက်တွေ့ခဲ့ရပြီး နူအာ လက်စွမ်းပြနိုင်ခဲ့လို့ ပထမပိုင်းမှာ ဂိုးမပေးခဲ့ရတာပါ။ ဒုတိယပိုင်းမှာတော့ မန်ဇူကစ်နေရာ ဂေါ့ဇီ ၀င်ကစားသွားခဲ့ပြီး ဒေါ့မွန် ပရိသတ်တွေကတော့ သူတို့ရဲ့ကစားသမားဟောင်းကို
အော်ဟစ်လှောင်ပြောင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဂေါ့ဇီဟာ လူစားဝင်ပြီး (၁၀)မိနစ်အကြာမှာတော့ အဖွင့်ဂိုး စသွင်းပေးနိုင်ခဲ့ပါတယ်။ ညာတောင်ပံကနေ မူလာ ထိုးပေးလိုက်တဲ့ ဘောလုံးကို ဧရိယာထဲကနေ ဂေါ့ဇီက ခြေဦးနဲ့ ဝှေ့ဝိုက်ကန်သွင်းခဲ့တာပါ။
ဒီနောက်မှာ ဒေါ့မွန်အတွက် ချေပဂိုးပြန်ရမယ့် အခွင့်အရေး ရှိခဲ့ပေမယ့် အမ်ခီတာရန် လွဲချော်ခဲ့တာကြောင့် နစ်နာခဲ့ရပြီး ပွဲချိန် (၈၅)မိနစ် အရောက်မှာ အယ်လ်ကန်တာရာကန်တင်ပေးလိုက်တဲ့
ဘောလုံးကို ရော်ဘင် ဆွဲယူသွားပြီး ဂိုးသမား ၀ိုင်ဒန်ဖယ်လာနဲ့ နောက်ခံလူကြားထဲကနေ အသာအယာကျော်ချခဲ့တာကြောင့် ဘိုင်ယန် ဒုတိယဂိုး ရခဲ့ပါတယ်။ ဒါ့အပြင် နောက်(၂)မိနစ် အကြာမှာလည်း ရော်ဘင်၊ ဖိလစ်လမ်းတို့ရဲ့ တွဲလုံးကတစ်ဆင့် မူလာက ဂိုးထပ်သွင်းနိုင်ခဲ့တာကြောင့် ဘိုင်ယန်တို့ ဂိုးပြတ်အနိုင်ရခဲ့တာပါ။
ဘွန်ဒက်စ်လီဂါပွဲစဉ်(၁၃)ရလဒ်များ
ဒေါ့မွန် ၀-၃ ဘိုင်ယန်မြူးနစ်
နုရင်ဘတ် ၁-၁ ၀ုဖ်ဘတ်
ဟာသာဘာလင် ၀-၁ လေဗာကူဆင်
အော့စ်ဘတ် ၂-၀ ဟော့ဖန်ဟိမ်း
ဖရန့်ဖတ် ၃-၃ ရှော်လ်ကေး
ဘရွန်ရှဝစ်ခ်ျ ၀-၁ ဖရိုင်းဘတ်
ထူးခြားမှတ်တမ်း
ဘိုင်ယန်မှာ နောက်ဆုံးကစားခဲ့သည့် ဘွန်ဒက်စ်လီဂါပွဲစဉ်(၅၀)စလုံးတွင် ဂိုးမသွင်းယူနိုင်ခဲ့သည့်ပွဲမရှိခဲ့။
အဖွင့်ပွဲ(၁၃)ပွဲ ကစားပြီးချိန်တွင် ရမှတ်(၃၅)မှတ် ရရှိခဲ့သည့် ဘိုင်ယန်မှာ ဘွန်ဒက်စ်လီဂါ သမိုင်းတစ်လျှောက် အကောင်းဆုံးအသင်းဖြစ်နေ။
ဖရိုင်းဘတ်မှာ နောက်ဆုံးကစားခဲ့သည့် ဘွန်ဒက်စ်လီဂါ အဝေးကွင်းပွဲစဉ်(၃)စလုံးတွင် ပေးဂိုးမရှိခဲ့ဘဲ ယခင်စံချိန်ဟောင်းနှင့် တူညီသွားခဲ့။
မိုချင်ဂလာဘတ် ခံစစ်မှူး အော်စကာဝမ့်ဒ်မှာ ယခုရာသီတွင် လိဂ်သွင်းဂိုး(၃)ဂိုး သွင်းယူထားနိုင်ပြီး ဂိုးအများဆုံး သွင်းယူထားသည့် ဘွန်ဒက်စ်လီဂါ ခံစစ်မှူးဖြစ်နေ
yoyarlay.com/sport/football/38869-2013-11-23-21-06-24
ဇော်ထွန်း(ရိုးရာလေး)
RangonNewsDaily:: November . 24 .2013
ဘွန်ဒက်စ်လီဂါရဲ့ အယ်လ်ကလက်စီကို ပွဲစဉ်လို့ အမည်ပေးခဲ့ကြတဲ့ ဒေါ့မွန်နဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ ပွဲစဉ်မှာတော့ ဒုတိယပိုင်း သွင်းဂိုးတွေနဲ့အတူ ဘိုင်ယန်မြူးနစ်က (၃)ဂိုးပြတ် အနိုင်ရသွားခဲ့ပါတယ်။
ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ရလဒ်များနှင့် ထူးခြားမှတ်တမ်း
Photo: ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ရလဒ်များနှင့် ထူးခြားမှတ်တမ်း
Sunday, November 24, 2013
ပရီးမီးယားလိဂ် ပွဲစဉ်တွေရဲ့ ပထမပိုင်းရလဒ်ကိုပဲ တွက်ချက်မယ်ဆိုရင် အမှတ်ပေးဇယား ဒုတိယနေရာက အသင်းကို (၅)မှတ်ဖြတ်နိုင်မယ့် လီဗာပူးဟာ အဲဗာတန်နဲ့ ကစားခဲ့တဲ့ မာဆေးဆိုက်ဒ် ဒါဘီမှာလည်း ဒုတိယပိုင်း ပေးဂိုး(၂)ဂိုးကြောင့် အရေးနိမ့်မလို ဖြစ်ခဲ့ရပြီး လူစားဝင် ကစားသမား စတာရစ်ရဲ့နောက်ကျသွင်းဂိုးကြောင့် သရေတစ်မှတ်ရခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဂိုးသမား မစ်နိုလတ် လက်စွမ်းမပြနိုင်ခဲ့ဘူးဆိုရင်လည်း လီဗာပူးတို့ ရှုံးပွဲကြုံသွားရနိုင်တဲ့ အခြေအနေ ရှိခဲ့ပါတယ်။
အစောဆုံးပွဲမှာ လီဗာပူး သရေကျခဲ့ပေမယ့် ပရီးမီးယားလိဂ်ရဲ့ ခံစစ်အကောင်းဆုံးအသင်း (ပွဲစဉ် ၁၁)အပြီးထိ) ဖြစ်နေတဲ့ ဆောက်သမ်
တန်ကို (၂)ဂိုးသွင်းပြီး အိမ်ကွင်းနိုင်ပွဲရခဲ့တဲ့ အာဆင်နယ်ဟာ ရမှတ် (၂၈)မှတ်နဲ့ အမှတ်ပေးဇယားထိပ်မှာ ဆက်လက်ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် လမ်းပတ်ရဲ့ သွင်းဂိုးတွေနဲ့အတူ လန်ဒန်မြို့ခံပြိုင်ဘက် ၀က်စ်ဟမ်းကို ဂိုးပြတ်ချေမှုန်းခဲ့တဲ့ ချဲလ်ဆီးဟာ လီဗာပူးနဲ့ ရမှတ်တူ၊ ဂိုးကွာခြားချက်တူအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။
ပရီးမီးယားလိဂ်ပွဲစဉ်(၁၂)ရလဒ်များ
အဲဗာတန် ၃-၃ လီဗာပူး
အာဆင်နယ် ၂-၀ ဆောက်သမ်တန်
ဖူလ်ဟမ် ၁-၂ ဆွမ်ဆီး
နယူးကာဆယ် ၂-၁ နောဝစ်ခ်ျ
စတုတ်စီးတီး ၂-၀ ဆန်းဒါးလန်း
ဟူးလ်စီးတီး ၀-၁ ခရစ္စတယ်ပဲလေ့စ်
ဝက်စ်ဟမ်း ၀-၃ ချဲလ်ဆီး
ထူးခြားမှတ်တမ်း
မာဆေးဆိုဒ်ဒါဘီ သမိုင်းတစ်လျှောက် ပထမပိုင်း ပွဲချိန်(၁၀)မိနစ်အတွင်း နှစ်သင်းစလုံး ဂိုးသွင်းယူနိုင်ခဲ့သည့် ပထမဆုံး ပွဲစဉ်ဖြစ်လာ။
အဲဗာတန်တိုက်စစ်မှူး လူကာကူမှာ ကျန်ပရီးမီးယားလိဂ် အသင်းများထက် လီဗာပူးဘက်သို့ ပိုဂိုးသွင်းနိုင်ခဲ့ပြီး လီဗာပူးနှင့် နောက်ဆုံး ကစားခဲ့သည့်ပွဲစဉ်(၃)ပွဲဆက် ဂိုးသွင်းနိုင်သည့်အတွက် လီဗာပူးဘက်သို့ သွင်းယူခဲ့သည့်ဂိုး (၄)ဂိုးထိ ရှိနေ။
လီဗာပူးမှာ ကစားပြီးသမျှ လိဂ်ပွဲစဉ်(၁၂)ပွဲတွင် ပေးဂိုး (၁၃)ဂိုးရှိသည့်အနက် ဒုတိယပိုင်း ပေးဂိုး(၉)ဂိုးထိရှိခဲ့။ စက်တင်ဘာလ အစောပိုင်းမှစ၍ အမှတ်အများဆုံး ရရှိခဲ့သည့် ပရီးမီးယားလိဂ် အသင်းနှစ်သင်းမှာ အာဆင်နယ်(၂၂)မှတ်နှင့် ဆောက်သမ်တန်(၁၈)မှတ်တို့ဖြစ်။
ရီမီမှာ နယူးကာဆယ်အတွက် (၁၀)ပွဲ ကစားရာတွင် (၈)ဂိုးသွင်းယူပြီး (၂)ဂိုး ဖန်တီးပေးနိုင်ခဲ့။ ဆန်းဒါးလန်းမှာ (၂၀၁၃)ခုနှစ်အတွင်း အနီကတ်(၇)ကြိမ် ပြခံခဲ့ရပြီး ယခုနှစ်အတွင်း အနီကတ် အများဆုံး ပြခံထားရသည့် ပရီးမီးယားလိဂ် အသင်းဖြစ်နေ။
လမ်းပတ်မှာ အသင်းဟောင်း ၀က်စ်ဟမ်းနှင့် နောက်ဆုံးကစားခဲ့သည့်ပွဲစဉ်(၅)ပွဲတွင် (၅)ဂိုး သွင်းယူနိုင်ခဲ့သည့်အပြင် ယခုပွဲစဉ်တွင် ပင်နယ်တီမှတစ်ဆင့် ဂိုးသွင်းနိုင်ခဲ့ခြင်းကြောင့် နောက်ဆုံး ပရီးမီးယားလိဂ်(၁၀)ပွဲတွင် ပင်နယ်တီမှ ဂိုးမရခဲ့သည့် အခြေအနေကို ရပ်တန့်နိုင်ခဲ့။
http://yoyarlay.com/sport/football/38868-2013-11-23-20-00-45
ဇော်ထွန်း(ရိုးရာလေး)
RangonNewsDaily:: November . 24 .2013
ပရီးမီးယားလိဂ် ပွဲစဉ်တွေရဲ့ ပထမပိုင်းရလဒ်ကိုပဲ တွက်ချက်မယ်ဆိုရင် အမှတ်ပေးဇယား ဒုတိယနေရာက အသင်းကို (၅)မှတ်ဖြတ်နိုင်မယ့် လီဗာပူးဟာ အဲဗာတန်နဲ့ ကစားခဲ့တဲ့ မာဆေးဆိုက်ဒ် ဒါဘီမှာလည်း ဒုတိယပိုင်း ပေးဂိုး(၂)ဂိုးကြောင့် အရေးနိမ့်မလို ဖြစ်ခဲ့ရပြီး လူစားဝင် ကစားသမား စတာရစ်ရဲ့နောက်ကျသွင်းဂိုးကြောင့် သရေတစ်မှတ်ရခဲ့တာဖြစ်ပါတယ်။
မက္ကဆီကို မူးယစ်ဂိုဏ်းခေါင်းဆောင်၏ သား အမေရိကန်တွင် ဖမ်းမိ
မက္ကဆီကို မူးယစ်ဂိုဏ်းခေါင်းဆောင်၏ သား အမေရိကန်တွင် ဖမ်းမိ
နိုဝင်ဘာ ၂၄။
မက္ကဆီကို ဆင်နယ်လိုယာ မူးယစ်ဂိုဏ်းတစ်ဂိုဏ်းမှ ခေါင်ဆောင်၏ သားဖြစ်သူကို မူးယစ်မှောင်ခိုမှုဖြင့်  အမေရိကန်တွင် ဖမ်းဆီးရမိခဲ့ကြောင်း အစိုးရရှေ့နေများက နိုဝင်ဘာ ၂၂တွင် ပြောကြားခဲ့သည်။ 
ဆာရာဖင်ဇန် ဘာဒါအော်တစ်ဇ် အသက် ၂၃နှစ်ကို နိုဝင်ဘာ ၂၀ရက် အရီဇိုးနားပြည်နယ် နိုဂန့်စ်မြို့အနီး နယ်စပ်မှ အမေရိကန်နိုင်ငံ အတွင်း ဖြတ်ကျော် ၀င်ရောက်စဉ် ဖမ်ဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။
မာယိုဟု လူသိများသည့် ဇန်ဘာဒါသည် ဆင်နယ်လိုယာ မူးယစ်ဂိုဏ်းခေါင်းဆောင် အစ္စမေးဇန်ဘာဒါဂါစီယာ၏ သားဖြစ်သည်။ 
ဇန်ဘာဒါသည် စက်တင်ဘာလက ကိုကင်း ငါးကီလိုနှင့် မက်သာဖက်သမင်း ၅၀၀ဂရမ်ကို မူးယစ်ကုန် ကူးမှုဖြင့် စွဲချက်တင်ထားပြီးကြောင်း သူ၏ အမှုတွဲတွင် ဖော်ပြထားသည်။ 
သူ၏ ဇနီးကိုလည်း မူးယစ်ဆေးဝါး လက်ဝယ်ထားရှိမှုဖြင့် ဖမ်းခဲ့သော်လည်း ပြန်လွှတ်ပေးခဲ့သည်။
ဇန်ဘာဒါသည် ဆန်ဒီယာဂိုတွင် မွေးဖွားပြီး အမေရိကန် နိုင်ငံသားလည်း ခံယူထားသည်။ 
တောင်ကယ်လီဖိုးနီးယား ရှေ့နေများရုံးက သူ၏အမှုအတွက် အရီဇိုးနားမှ ဆန်ဒီယာဂိုသို့ လွှဲပြောင်းပေးရန် တောင်းဆိုထားသော်လည်း မည်သည့် ရက်တွေ ရွေ့ပြောင်းမည်ကို မသိရသေးပေ။
ဆင်နယ်လိုယာ မူးယစ်ဂိုဏ်းများအနက် အဓိက ဂိုဏ်းခေါင်းဆောင်မှာ Joaquin "El Chapo" Guzman ဆိုသူဖြစ်ပြီး ၂၀၁၁ခုနှစ်က မက္ကဆီကိုအကျဥ်းထောင်မှ ထောင်ဖောက် ထွက်ပြေးသွားခဲ့သည်။ 
သူသည် အမေရိကန်တို့၏ အလိုရှိဆုံး မူးယစ်ဆေးဝါးရောင်းဝယ်သူ ဖြစ်သည်။ 
ထိုနည်းတူ Forbes မဂ္ဂဇင်းကလည်း စွမ်းအားအကြီးဆုံး ရာဇ၀တ်ကောင် အဖြစ် သတ်မှတ်ထားသည်။
မက္ကဆီကိုတွင် လက်ရှိအချိန်၌ သမ္မတဟောင်းဖြစ်နေသော Felipe Calderon ၏ သမ္မတသက်တမ်းစတင်ချိန် ၂၀၀၆ခုနှစ်မှ စ၍ မူးယစ်ဂိုဏ်းများကို ရှာဖွေဖော်ထုတ် နှိမ်နင်းလျက်ရှိရာ ယခုအချိန်အထိ ဂိုဏ်းအချင်းချင်း တိုက်ခိုက်မှုများ၊ မူးယစ်လောကသားများနှင့် နှိမ်နှင်းသူများအကြား ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုများ၊ လုပ်ကြံမှုများကြောင့် သေဆုံးသူပေါင်း ၇၇၀၀၀ ကျော် ရှိနေပြီ ဖြစ်သည်။ 
Ref: AFP
RangonNewsDaily:: November . 24 .2013
မက္ကဆီကို ဆင်နယ်လိုယာ မူးယစ်ဂိုဏ်းတစ်ဂိုဏ်းမှ ခေါင်ဆောင်၏ သားဖြစ်သူကို မူးယစ်မှောင်ခိုမှုဖြင့် အမေရိကန်တွင် ဖမ်းဆီးရမိခဲ့ကြောင်း အစိုးရရှေ့နေများက နိုဝင်ဘာ ၂၂တွင် ပြောကြားခဲ့သည်။
STSAT-3 အမည်ရှိ ဂြိုဟ်တုတစ်စင်း တောင်ကိုရီးယား အောင်မြင်စွာ လွှတ်တင်
STSAT-3 အမည်ရှိ ဂြိုဟ်တုတစ်စင်း တောင်ကိုရီးယား အောင်မြင်စွာ လွှတ်တင်
စကြဝဠာကြီး၏ ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်နှင့် စပ်လျဉ်း၍ သဲလွန်စများကို ရှာဖွေရန် အတွက် အာကာသ အတွင်း နှစ်နှစ်ကြာလေ့လာ ဆန်းစစ်မှုများ ပြုလုပ်မည့် The Science and Technology Satellite-3 or STSAT-3 အမည်ရှိ ဂြိုဟ်တုတစ်စင်းကို တောင်ကိုရီးယား နိုင်ငံက အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်း ရုရှားအာကာသ စခန်းက ထုတ်ဖော်ပြောကြား ခဲ့သည်။
၁၇ဝ ကီလိုဂရမ် အလေးချိန်ရှိ အဆိုပါ ဂြိုဟ်တုကို အဆင့်သုံးဆင့်ပါ အရည်စွမ်းအင်သုံး Dnepr အမည်ရှိ ရုရှားနိုင်ငံလုပ် ဒုံးပျံဖြင့် ကာဇက်စတန် နိုင်ငံနှင့် နယ်နိမိတ် ထိစပ်လျက် ရှိသော ရုရှားနိုင်ငံ တောင်ပိုင်း ရက်စ်နီဒုံး လွှတ်တင်ရေး အခြေစိုက် စခန်းမှ နိုဝင်ဘာ ၂၁ ရက် ည ၁ နာရီ ၁ဝ မိနစ်တွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။
STSAT-3 ဂြိုဟ်တုသည် တောင်ကိုရီးယား နိုင်ငံက ပထမဆုံး အကြိမ် လွှတ်တင်သော ဂြိုဟ်တုဖြစ်ပြီး ၄င်းဂြိုဟ်တုကို ပင်လယ်ရေ မျက်နှာပြင် အထက် ၆ဝဝ ကီလိုမီတာ နီးပါးခန့် အကွာရှိ ပတ်လမ်း အတွင်းသို့ ၉၂၉ စက္ကန့်အတွင်း အောင်မြင်စွာ ပေးပို့နိုင်ခဲ့ကြောင်း ရုရှားနိုင်ငံက ထုတ်ဖော်ပြောကြား ခဲ့သည်။
အဆိုပါ ဂြိုဟ်တုသည် ဓာတ်ရောင်ခြည် ဖြာထွက်မှုများကို လေ့လာမှုများ ပြုလုပ်သွားမည် ဖြစ်ပြီး နက္ခတ္တဗေဒ ဆိုင်ရာ လေ့လာ ဆန်းစစ်မှုများ၊ နဂါးငွေ့တန်း၏ ပုံရိပ်များနှင့် အနီအောက် ရောင်ခြည် ပုံရိပ်များကို လေ့လာဆန်းစစ်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
သုတ
RangonNewsDaily:: November . 24 .2013
စကြဝဠာကြီး၏ ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်နှင့် စပ်လျဉ်း၍ သဲလွန်စများကို ရှာဖွေရန် အတွက် အာကာသ အတွင်း နှစ်နှစ်ကြာလေ့လာ ဆန်းစစ်မှုများ ပြုလုပ်မည့် The Science and Technology Satellite-3 or STSAT-3 အမည်ရှိ ဂြိုဟ်တုတစ်စင်းကို တောင်ကိုရီးယား နိုင်ငံက အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်း ရုရှားအာကာသ စခန်းက ထုတ်ဖော်ပြောကြား ခဲ့သည်။
ထားဝယ်စီမံကိန်းမှ အီတာလျံ-ထိုင်း ကုမ္ပဏီ၏ လုပ်ငန်းခွင်များ ရပ်ဆိုင်းခဲ့မှုကြောင့် မြန်မာလုပ်သားများ အခက်တွေ့နေ
ထားဝယ်စီမံကိန်းမှ အီတာလျံ-ထိုင်း ကုမ္ပဏီ၏ လုပ်ငန်းခွင်များ ရပ်ဆိုင်းခဲ့မှုကြောင့် မြန်မာလုပ်သားများ အခက်တွေ့နေ
ထားဝယ်အထူး စီးပွားရေးဇုန် စီမံကိန်းမှ စီမံကိန်း အဓိက တည်ဆောက်သူ အီတာလျံ-ထိုင်း ကုမ္ပဏီသည် နိုဝင်ဘာ ၂၁ ရက်တွင် စီမံကိန်း လုပ်ငန်းခွင်မှ နောက်ဆုံးထား ထွက်ခွာနေပြီး ထိုင်းလုပ်သား အများစုမှာ ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာနေပြီး ဆိုက်အတွင်းရှိ မြန်မာလုပ်သားများကိုမူ ကျန်ရှိသည့် အလုပ်ခွင်သို့ ရွှေ့ပြောင်းပေးရန် စီစဉ်နေကြောင်း သိရသည်။
နိုဝင်ဘာ ၂၁ ရက်တွင် လုပ်ငန်းခွင်အမှတ် J.1973 (Early Township တွင် လုပ်ကိုင်နေသော အလုပ်သမားများကို အလုပ်ခွင်မှ ရပ်ဆိုင်းလိုက်သဖြင့် အခြားဆိုက်သို့ ရွှေ့ပြောင်းပေးရမည် ဖြစ်သော်လည်း ရွှေ့ပြောင်းပေးခြင်း မရှိကြောင်း၊ ထို့ကြောင့် အလုပ်ရပ်ဆိုင်းခဲ့မှုအတွက် အလုပ်သမားများ ရရှိမည့် လုပ်ခကျန်ငွေနှင့် အလုပ်ရပ်ဆိုင်းသည့်အတွက် နစ်နာကြေး ရရှိလိုကြောင်း အလုပ်သမားများမှ လက်မှတ်ထိုး၍ ထားဝယ်အထူးစီးပွားရေးဇုန် အထောက်အကူပြု လုပ်ငန်းအဖွဲ့သို့ အသနားခံ တင်ပြခဲ့ကြောင်း သိရသည်။
"နိုဝင်ဘာ ၂၀ ရက်ကစပြီး ဦးတို့ကို အလုပ်ဖြုတ်ခဲ့တယ်။ ၁၃ နဲ့ ၁၆ ကီလိုမီတာဆိုက်က အလုပ်သမား ၁၂၀ ကိုပါ။ ၁၈ ရက်က ဦးတို့ကို ITD ဆိုက်က အလုပ်သမား တာဝန်ခံက အလုပ်ခွင် ရပ်နားတော့မယ်။ ဒါပေမဲ့ ဦးတို့ကို အခြားအလုပ်ဆိုက် ပြောင်းပေးမယ်ဆိုပြီး လာပြောပါတယ်။ ဦးတို့ကို ပြောင်းပေးမယ့် အလုပ်ဆိုက်က ဦးတို့ကို လက်ရှိနေထိုင်ရတဲ့ အခြေအနေအတိုင်း မလုပ်ပေးနိုင်ဘူး ပြောပါတယ်။ ဦးတို့ရစရာရှိတဲ့ ဒီလအတွက် လစာငွေကို ပေးဖို့ပြောတော့ နောက်လ ၆ ရက်နေ့မှ ပေးနိုင်မယ်လို့ ပြောတယ်။ ပြောင်းပေးမယ့် အလုပ်ဆိုက်မှာ အရင်လို ထောက်ပံ့မှုတွေ ပေးရင်တော့ ဆက်လုပ်မယ်။ မပေးရင်တော့ ဦးတို့အတွက် နစ်နာကြေးလို ချင်တယ်။ အခု လက်မှတ်ထိုးပြီး တောင်းဆိုထားတယ်" ဟု ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့မှ လာရောက်လုပ်ကိုင်နေသည့် အလုပ်သမား ဦးသိန်းစိုးက ပြောကြားခဲ့သည်။
အလုပ်သမားများ အလုပ်ခွင်မှ ရပ်နားမှုနှင့် ပတ်သက်၍ ထားဝယ်အထူးစီးပွားရေးဇုန် အထောက်အကူပြု လုပ်ငန်းအဖွဲ့ကို ဆက်သွယ်မေးမြန်းခဲ့ရာ "မြန်မာအလုပ်သမားများကို အလုပ်ဖြုတ်ခြင်း မရှိပါဘူး။ ညှိနှိုင်းနေဆဲပါ။ ရှေ့ဆက်သွားမယ့် အစီအစဉ်တွေ ရှိသေးတယ်။ လောလောဆယ်တော့ ကုမ္ပဏီက သုံးလပဲ နားမှာပါ" ဟု ထားဝယ်အထူးစီးပွားရေးဇုန် အထောက်အကူပြု လုပ်ငန်းအဖွဲ့မှ အတွင်းရေးမှူးက ပြောကြားခဲ့သည်။
(ထားဝယ်စီးပွားရေးဇုန် အတွင်းရှိ လုပ်ငန်းခွင် တစ်နေရာအား တွေ့ရစဉ်)
(ထားဝယ်စီးပွားရေးဇုန် အတွင်းရှိ လုပ်ငန်းခွင် တစ်နေရာအား တွေ့ရစဉ်)
RangonNewsDaily:: November . 24 .2013
ထားဝယ်အထူး စီးပွားရေးဇုန် စီမံကိန်းမှ စီမံကိန်း အဓိက တည်ဆောက်သူ အီတာလျံ-ထိုင်း ကုမ္ပဏီသည် နိုဝင်ဘာ ၂၁ ရက်တွင် စီမံကိန်း လုပ်ငန်းခွင်မှ နောက်ဆုံးထား ထွက်ခွာနေပြီး ထိုင်းလုပ်သား အများစုမှာ ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာနေပြီး ဆိုက်အတွင်းရှိ မြန်မာလုပ်သားများကိုမူ ကျန်ရှိသည့် အလုပ်ခွင်သို့ ရွှေ့ပြောင်းပေးရန် စီစဉ်နေကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ် တွင် ဟီးနိုးကား လမ်းဘေးထိုးကျပြီး တိုက်မိသဖြင့် ဈေးဆိုင်အဆောက်အအုံ ပျက်စီး
RangonNewsDaily:: November . 24 .2013
ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ် မြောက်ဘက်သုံးမိုင်အကွာရှိ ၀က်စာပိုးကျေးရွာအုပ်စု ညောင်ဇင်ရွာထိပ် ရန်ကုန် - ပြည် ကားလမ်း မိုင်တိုင်အမှတ် (၁၃၂/၅) နှင့် (၁၃၂/၆) အကြားတွင် နိုဝင်ဘာ ၂၂ ရက် ညနေ ၅ နာရီ ၄၅ မိနစ်က ပြည်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း ရဲမြင့် (၂၈ နှစ်) သရက်တောလမ်း နတ်တလင်းမြို့နေသူ မောင်းနှင်လာသော ၂ဂ/... ဟီးနိုးမော်တော်ယာဉ်သည်
ကျောင်းဆရာမနှင့်စာရေးမအား ပြည်သူ့စစ်ခေါင်းဆောင်က ရိုက်နှက်
RangonNewsDaily:: November . 24 .2013
ရှမ်းပြည်နယ်၊ နမ်းစန်မြို့တိုင်းကောင်းလွယ်ယင်ကျေးရွာတွင် နိုဝင်ဘာ ၂၁ရက်ညနေ ၃နာရီက ကျောင်း
ဆရာမနှင့် စာရေးမနှစ်ဦးအား ပြည်သူ့စစ်ခေါင်းဆောင်က သေနက်ဖြင့် ရိုက်နှက်မှုဖြစ်ပွားကြောင်း ဒေသခံ
များထံမှ သိရသည်။
Facebook / Viber တွေလို Social App အလန်းစား Cubie Apk For Android
*** Cubie သုံးပြီး ဆက်သွယ်ကြစို့ ***
Social App အလန်းစားလေးတစ်ခု တွေ့ခဲ့ပါတယ်။ ပေါ်နေတာတော့ ကြာပါပြီ။ ကျွန်တော် အခုမှပဲ သေချာ စမ်းဖူးပါတယ်။ စမ်းပြီးပြီးချင်း သဘောကျလွန်းလို့ တင်ပေးလိုက်ပါတယ်။ logo လေးက ဇီးကွက်ပုံလေးနဲ့ ချစ်စရာကောင်းပြီး နာမည်လေးက Cubie တဲ့ခင်ဗျ။ 
Cubie ကို လေ့လာကြည့်တော့ facebook & viber ပေါင်းစပ်ထားသလို ခံစားလိုက်ရပါတယ်။ ဘာလို့လဲဆိုတော့ facebook အကောင့် ရှိရင် Cubie ကို သုံးနိုင်ပြီး လုပ်ဆောင်ချက်တွေကတော့ Viber လိုဖြစ်နေပါတယ်။ Viber ထက် ပိုပြီး function စုံလင်တယ်လို့ ပြောချင်ပါတယ်။ facebook မှ သူငယ်ချင်းများကို invite လုပ်ခြင်းဖြင့် Cubie မှာ ဆက်သွယ်နိုင်ပါတယ်။ Cubie ID များဖြင့်လဲ ရှာဖွေကာ ဆက်သွယ်နိုင်ပါတယ်။ Cubie မှာ ဘာတွေ လုပ်နိုင်လဲဆိုတော့ ...
VOIP Call - အင်တာနက်သုံးပြီး ဖုန်းပြောဆိုနိုင်ပါတယ်။
Chat - Chatting လုပ်လို့ရပါတယ်။ (မြန်မာစာ အဆင်ပြေတယ်)
Photo & Video - ဓါတ်ပုံ နှင့် ဗီဒီယိုများ အပြန်အလှန် ပို့ဆောင်နိုင်တယ်။
Photo editor ပါတဲ့အတွက် ပုံများကို တစ်ခါတည်း edit လုပ်ပြီး ပို့နိုင်တယ်ဗျာ။
Hold & Talk - Viber အသစ်မှာပါတဲ့ Voice Message မျိုးလဲ အသုံးပြုနိုင်တယ်။
Youtube - မိမိ နှစ်သက်သော Youtube မှ video များလဲ ပို့နိုင်ပါတယ်။
Location - မိမိ ရောက်ရှိနေသော အရပ်ဒေသကို မြေပုံနှင့်တကွ ပို့နိုင်ပါတယ်။
Song - သီချင်းများလဲ အပြန်အလှန် ပို့နိုင်ပါတယ်။
Drawing - ကိုယ်တိုင် မှန်ပြင်ပေါ် ပုံဆွဲပြီး ပို့နိုင်ပါတယ်။
Emoji & Sticker - များပြားလှတဲ့ Emoji ရုပ်ပြောင်ပုံများ နှင့် Sticker များစွာကိုလဲ အသုံးပြုနိုင်ပါတယ်။ Sticker များကို Sticker Store တွင် download ဆွဲနိုင်မှာဖြစ်ပြီး free ပေးတာတွေ တော်တော်များပါတယ်။ ပိုလန်းတာက animation တွေနဲ့ပါ။ ရှယ်ပါပဲ။
Timer message - ထူးထူးခြားခြားပါပဲ။ Chatting လုပ်တဲ့အခါ ခဏပဲ ပေါ်စေချင်တဲ့ အရာများကို timer ပေးပြီး ပို့လို့ရပါတယ်။ ပို့လိုက်သော စာသား၊ ဓါတ်ပုံ .. အစရှိသည်များမှာ (၁၀)စက္ကန့်ပြည့်တာနဲ့ ပျက်သွားမှာဖြစ်ပါတယ်။ chat history အနေဖြင့် မကျန်ခဲ့တော့ပါဘူး။
ဒါကတော့ cubie ရဲ့ ထူးခြားတဲ့ function တစ်ခုပါ။ 
facebook က သူငယ်ချင်းများ၊ သီးသန့်ပြောလိုသော ချစ်သူစုံတွဲများ၊ Viber မှာ အနှောင့်ယှက်များနေလို့ စိတ်ညစ်နေသူများ Cubie ကို သုံးကြည့်ပါလို့ အကြံပေးပါရစေ။ မြန်မာနိုင်ငံက အင်တာနက်လိုင်းနဲ့လဲ အဆင်ပြေပါတယ်။ Viber ကဲ့သို့ ပေါ့ပေါ့ပါးပါး အသုံးပြုနိုင်ပါတယ်။ ကဲ .. လန်းမလန်း သိချင်ရင် အခုပဲ စမ်းကြည့်တော့။ Android 2.3 နှင့်အထက်တွင် သုံးနိုင်ပါတယ်။
မှတ်ချက် - မိမိ ဖုန်းနံပါတ်နဲ့လဲ သုံးနိုင်ပါတယ်။ ဒါပေမဲ့ facebook အကောင့်နဲ့သုံးတာက ပိုအဆင်ပြေပါတယ်။ ပထမဆုံး cubie ကိုဖွင့်တဲ့အခါ ဖုန်းနံပါတ်နဲ့ သုံးခိုင်းတဲ့နေရာမှာ skip လုပ်ပြီး facebook အကောင့်နဲ့သာ သုံးပါ။
ိdownload - (17MB)
dropbox - https://www.dropbox.com/s/3la3k0yyp3gk1ew/Mr.AD%20-%20Cubie.apk
pcloud - https://my.pcloud.com/#page=publink&code=XZRUSZndMjHLMuXiVVM7g2TkhKLhsjVY07
zippyshare - http://www12.zippyshare.com/v/39727912/file.html
ပျော်ရွှင်ပါစေ။
Mr.AD
RangonNewsDaily:: November . 24 .2013
Social App အလန်းစားလေးတစ်ခု တွေ့ခဲ့ပါတယ်။ ပေါ်နေတာတော့ ကြာပါပြီ။ ကျွန်တော် အခုမှပဲ သေချာ စမ်းဖူးပါတယ်။ စမ်းပြီးပြီးချင်း သဘောကျလွန်းလို့ တင်ပေးလိုက်ပါတယ်။ logo လေးက ဇီးကွက်ပုံလေးနဲ့ ချစ်စရာကောင်းပြီး နာမည်လေးက Cubie တဲ့ခင်ဗျ။
ရခိုင်ပြည်နယ် မောင်တော စည်ပင်သာယာမြို့မဈေးဆိုင်ခန်းများ မီးလောင်မှုနှင့် ဗလီမီးရှို့မှုဖြစ်
RangonNewsDaily:: November . 24 .2013
ယနေ့ နိုဝင်ဘာ(၂၃)ရက်နေ့ ညပိုင်းက ရခိုင်ပြည်နယ် မောင်းတောမြို့ရှိ စည်ပင်သာယာဈေးကြီးတွင် မီးကျွမ်းလောင်မှုတစ်ခုဖြစ်ပွားခဲ့ပြီး၊ မီးလောင်မှုကြောင့် ဆိုင်ခန်း(၇)ခန်းခန့် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ အလင်းမျက်ဝန်းမှ စုံစမ်းသိရှိရပါတယ်။ အဆိုပါ မီးကျွမ်းလောင်မှု စတင်ရသည့် အကြောင်းအရာကို ကွဲကွဲပြားပြား မသိရှိရသေးသော်လည်း မီးလောင်ပျက်စီးခဲ့သည့် ဆိုင်ခန်းများမှာ အစ္စလာမ်ဘာသာဝင်မျာပိုင် ဆိုင်ခန်းများသာဖြစ်နေသောကြောင့် သာမန်သွေးရိုးသားရိုး ဖြစ်စဉ် မဟုတ်နိုင်ဘူးလို့လည်း ဒေသခံများကဆိုပါတယ်။
Breaking news: Ethnic Cleansings to Rohingya
RangonNewsDaily:: November . 23 .2013
Maungdaw Municipal Market was set ablaze at around 7PM today (i.e. 23rd November 2013) and is still burning. Most of the shops at the market are owned by Muslims, whereas only three to four are owned by Rakhines.