Pages

Wednesday, November 20, 2013

"သက်မွန်မြင့် ပြောသည့် ဘဝလက်တွဲဖော် အကြောင်း"

Photo: "သက်မွန်မြင့် ပြောသည့် ဘဝလက်တွဲဖော် အကြောင်း"
Wednesday, November 20, 2013

ဒါရိုက်တာ အောင်ဇော်လင်း ရိုက် ကူးနေသည့် 'သစ္စာတရား ရဲ့သံတမန်' ဇာတ်ကားကို နေတိုးနှင့် အတူ ပါဝင် သရုပ်ဆောင်နေသူ သက်မွန်မြင့်က သူ ၏ဘဝလက်တွဲဖော် ကိုစစ်နိုင်နှင့် အတူ မင်္ဂလာပွဲကိစ္စ စီစဉ်နေမှု အကြောင်း၊ ချစ်သူကို တစ်သက်တာ လက်တွဲဖော် အဖြစ် လက်ထပ်ဖို့ရွေးချယ် ဆုံးဖြတ်ခဲ့ခြင်း အကြောင်းတို့ကို 

''အမှန်ကတော့ သက် မွန်က မင်္ဂလာ သတင်းကို မပြောချင် သေးပါဘူး။ ဒါပေမဲ့ ဟိုလူက တစ်မျိုး ပြောလိုက်၊ ဒီလူက တစ်မျိုးပြောလိုက်၊ အမျိုးမျိုး အပြောခံနေရတာကို သက်မွန် သဘောမကျဘူး။ အမှန်ကတော့ သက်မွန် က နီးတဲ့အခါကျမှ သေသေချာချာ လေးစီစဉ်ပြီး ပြောပြမယ် စီစဉ်ထားတာ။ ဒါပေမဲ့ ပရိသတ်က ကိုယ့်ကိုအထင်လွဲ မှာ စိုးရိမ်လို့ ထုတ်ပြောလိုက်တာပါ။ ပြီး တော့ သက်မွန်ပြောတာကိုပဲ ပရိသတ် ကို သိစေချင်တယ်။ 

အဓိက ကတော့ အချစ် တစ်ခုကို အဓိကထားပြီး သူ့ကို ရွေးချယ်ဖြစ်တယ်။ သဘောထားလည်း တိုက်ဆိုင်တယ်။ သူက သက်မွန်ကို နားလည်မှု ပေး တယ်။ ကိုယ်ရွေးချယ်တဲ့ ယောက်ျားတစ်ယောက်က အိမ်ထောင် တစ်ခုကို လည်း ဦးစီးနိုင်ရမယ်။ အဲဒီလို မျိုး စဉ်းစားပြီးတော့ သူ့ကို ရွေးချယ်ဖြစ် သွားတာပါ။ သက်မွန်တို့ရဲ့ ချစ်သူသက် တမ်းက နှစ်နှစ်လောက်ရှိသွားပြီ။ တစ် ယောက်ကိုတစ်ယောက် နားလည်မှု လည်း ရှိတယ်။ ကိုယ့်ကိုယ်ကိုယ် ကံ ကောင်းတယ်လို့ပဲ ပြောရမှာပဲ။ ကိုယ့်ကို အစစအရာရာ သည်း ခံပေးနိုင်တယ်။ မေတ္တာလည်းရှိတယ်။ အဲဒီအတွက် လည်း စိတ်ချမ်းသာ ရပါတယ်။ သက်မွန် တို့ အခုကစပြီးတော့ မင်္ဂလာကိစ္စတွေကို စီစဉ်ဖြစ်နေပါပြီ''ဟု ပရိသတ် အချစ် တော် အကယ်ဒမီ သက်မွန်မြင့်က ပေါ်ပြူလာသို့ ထုတ်ဖော်ပြောကြားပါ သည်။

လွင်လွင်ထွန်း
Popular Journal

RangonNewsDaily:: November . 20 .2013
ဒါရိုက်တာ အောင်ဇော်လင်း ရိုက် ကူးနေသည့် 'သစ္စာတရား ရဲ့သံတမန်' ဇာတ်ကားကို နေတိုးနှင့် အတူ ပါ
ဝင် သရုပ်ဆောင်နေသူ သက်မွန်မြင့်က သူ ၏ဘဝလက်တွဲဖော် ကိုစစ်နိုင်နှင့် အတူ မင်္ဂလာပွဲကိစ္စ စီစဉ်နေ
မှု အကြောင်း၊ ချစ်သူကို တစ်သက်တာ လက်တွဲဖော် အဖြစ် လက်ထပ်ဖို့ရွေးချယ် ဆုံးဖြတ်ခဲ့ခြင်း အကြောင်း
တို့ကို

ချင်းမိုင် တန်ဆောင်တိုင် မီးပုံးပျံပွဲ

Photo: ချင်းမိုင် တန်ဆောင်တိုင် မီးပုံးပျံပွဲ
Wednesday, November 20, 2013

မြန်မာနိုင်ငံမှာလိုပဲ ထေရဝါဒ ဗုဒ္ဓဘာသာ ထွန်းကားတဲ့ ထိုင်းမှာလည်း ယဉ်ကျေးမှု ပွဲတော်များ ကျင်းပပါတယ်။ ပုံမှာ မြင်တွေ့ရတာကတော့ ချင်းမိုင် တိုင်ဆောင်တိုင် မီးပုံးပျံပွဲ ဖြစ်ပါတယ်။ 

မီးအိမ်ငယ်များကို ကောင်းကင်ယံလွတ်တင်နေတဲ့ လှပတဲ့ ပုံရိပ်ကို Justinning Photography မှ ရိုက်ကူးဖော်ပြထားတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ၊ အနောက်မြောက်ပိုင်း ချင်းမိုင်မြို့ မှာ ဖြစ်ပြီး ယင်းပွဲတော်ကို Yi Peng Festival လို့အမည်ပေးထားပါတယ်။ မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် တောင်ကြီးမြို့ ကလိုပဲ ချင်းမိုင်မှာလည်း တန်ဆောင်တိုင် လဆန်းကနေ လပြည့်နေ့အထိ ကျင်းပခြင်း ဖြစ်ပါတယ်။ 

ပွဲတော်တွင်း မီးပုံးပျံလွတ်တင်ခြင်း အပြင် ရေထဲသို့ ငှက်ပျော၊ ပန်း၊ ဆီးမီး ခွက်ငယ်များ မျောပါတယ်။ ဆီမီး တစ်ထောင်ကဲ့သို့ ပွဲများလည်း ကျင်းပ ပါတယ်။ လာအိုနိုင်ငံမှာလည်း ထိုနည်းတူစွာ ကျင်းပပါတယ်။ 

ချင်းမိုင်က ဘုန်းကြီး၊ ဦးဇင်းများ တရားတော် ရွတ်ဖတ်ပူဇော်စဉ် မီးပုံးပျံများ ပျက်တက်သွားစဉ် ရိုက်ကူးထားတဲ့ အလှဓာတ်ပုံကို ယခုကဲ့သို့ မြင်တွေ့ ရပါ တယ်။ 

Ref:wiki
အောင်ခမ်း ( ရိုးရာလေး )

RangonNewsDaily:: November . 20 .2013
မြန်မာနိုင်ငံမှာလိုပဲ ထေရဝါဒ ဗုဒ္ဓဘာသာ ထွန်းကားတဲ့ ထိုင်းမှာလည်း ယဉ်ကျေးမှု ပွဲတော်များ ကျင်းပပါတယ်။ ပုံမှာ မြင်တွေ့ရတာကတော့ ချင်းမိုင် တိုင်ဆောင်တိုင် မီးပုံးပျံပွဲ ဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် ၏အမျိုးသမီးကိုယ်ရံတော် ဒုရဲအုပ်ဒေါ်ဇာဇာအောင်

Photo: သမ္မတ၏အမျိုးသမီးကိုယ်ရံတော်
Wednesday, November 20, 2013

ခန်းမကြီးအပြည့် အစီအရီထိုင်နေသော လူထုပရိသတ်အလယ်တွင် မီးခိုးရင့်ရောင်ဝတ်စုံဖြင့် ပိန်ပိန်ပါးပါး၊ အရပ်ခပ်မြင့်မြင့်နှင့် အမျိုးသမီးသည် နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ၁၂ ပေခန့်အကွာတွင် တစ်ဦးတည်း မတ်တတ်ရပ်နေသည်။ သူ့မျက်လုံးများက ပတ်ဝန်းကျင်ကို မျည်ခြည်မပြတ်အကဲခတ်နေသည်။ လက်မောင်းတစ်ဖက်စီတွင် မြန်မာနိုင်ငံအလံနှင့် အထူးတပ်ဖွဲ့၏အတိုကောက် (STF)တံဆိပ်တို့ တပ်ဆင်ထားပြီး ၄င်းကိုစေ့စေ့စပ်စပ်လေ့လာကြည့်လျှင် ခါးနောက်ဘက်တွင်ထိုးထားသည့် ပစ္စတို တစ်လက်ကို တွေ့နိုင်သည်။ ထိုမြင်ကွင်းမှာ သမ္မတဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ဝန်ကြီးအချို့ တက်ရောက်နေသော နိုင်ငံတကာဆွေးနွေးပွဲတစ်ခုတွင်ဖြစ်သည်။
ထိုအမျိုးသမီးကို အနီးကပ်လေ့လာကြည့်လျှင် မြန်မာနိုင်ငံ၏ အမြင့်ဆုံးပုဂ္ဂိုလ်ဖြစ် သည့် နိုင်ငံတော် သမ္မတအနီး လက်နက်ကိုင်ဆောင်ထားသည့် အထူးတပ်ဖွဲ့ဝင်မှာ သက်လတ်ပိုင်းအရွယ် အမျိုးသမီး တစ်ဦးဖြစ်နေခြင်းပင်။

နိုင်ငံတကာတွင် အမျိုးသမီးကိုယ်ရံတော်ထားရှိခြင်းမှာ မဆန်းသော်လည်း မြန်မာအစိုးရခေါင်းဆောင်များ အစဉ်အဆက် အမျိုးသမီးများကို အနီးကပ်လုံခြုံရေးအဖြစ် ထားခြင်းမှာ ရှားပါးလွန်းပါသည်။

ထို့ကြောင့် အရပ်သားအစိုးရ သမ္မတဦးသိန်းစိန်အနီး အမျိုးသမီးလုံခြုံရေးအရာရှိများကို မြင်တွေ့ရခြင်းကပင် အသစ်အဆန်းဖြစ်နေသည်။

အထူးတပ်ဖွဲ့ဝင် ၂၀၀ ထဲက ဆန်ခါတင်ရွေးချယ်ထားသည့် သမ္မတလုံခြုံရေးအရာရှိများအနက် အမျိုးသမီးလေးဦးထဲတွင် တစ်ဦးဖြစ်သည့် ဒုရဲအုပ်ဒေါ်ဇာဇာအောင်မှာ သမ္မတဦးသိန်းစိန်၏ လုံခြုံရေး အရာရှိအဖြစ် သုံးနှစ်ကြာတာဝန်ထမ်းဆောင်ခဲ့ပြီးဖြစ်သည်။

သမ္မတ၏ ပြည်တွင်း၊ ပြည်ပ ခရီးစဉ်တိုင်း ထိုအမျိုးသမီးလေးဦး အလှည့်ကျလိုက်ပါရလေ့ရှိပြီး အထက်မြက်ဆုံးနှင့် အထူးတပ်ဖွဲ့ခေါင်းဆောင်ကိုယ်တိုင် ချီးကျူးရသည့် အရည်အချင်းများကြောင့် ဦးသိန်းစိန်၏ခရီးစဉ်တိုင်းလိုလို ဒေါ်ဇာဇာအောင် လိုက်ပါရလေ့ရှိသည်။

ပိန်ပိန်သွယ်သွယ်၊ အသားခပ်လတ်လတ်နှင့် ဒေါ်ဇာဇာအောင်သည် နိုင်ငံခြားဇာတ်ကားများထဲမှ ကိုယ်ရံတော်များလို ကိုယ်လုံးကိုယ်ထည် ခပ်တောင့်တောင့်မဟုတ်သဖြင့် ရုတ်တရက်ဆိုလျှင် သာမန်အရပ်သူတစ်ဦးအဖြစ်သာ ထင်မြင်မိမည်ဖြစ်သည်။ သို့သော် ယောက်ျားကြီးလေးငါးယောက်လောက် ကို တစ်ပြိုင်တည်း တိုက်ခိုက်လှဲသတ်နိုင်ပြီး အထိုးအနှက်၊ အသတ်အပုတ်ကျွမ်းကျင်ကာ မီတာ ၃၀ အတွင်းက ပစ်မှတ်ကို သေနတ်ဖြင့် နောက်ပြန်ထိမှန်အောင်ပစ်နိုင် သည့် ဒေါ်ဇာဇာအောင်၏ အရည်အချင်းကို အကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့ဝင် အချင်းချင်းကပင် လေးစားသမှုရှိကြသည်။

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့မှ ဆိုင်ကယ်ဖြင့် နာရီဝက်ခန့် ထပ်မံသွားရောက်ရသည့် အိမ်ခြေနည်းပါးလွန်းလှသောနားပတ်ကြီးကျေးရွာသူတစ်ဦးဖြစ်သည့် ဒေါ်ဇာဇာအောင်မှာ တောင်သူလုပ်ငန်းလုပ်ကိုင်နေသော မိဘများက ဆင်းသက်လာသော်လည်း ငယ်စဉ်ကတည်းက နုနုရွရွနှင့် မိန်းမဆန်သည့်အလုပ်ကို စိတ်မ၀င်စား။ စွန့်စွန့်စားစားနှင့် ရဲအလုပ်ကိုမှ ၀ါသနာပါသည်။ မိဘများက မပြည့်စုံသော်လည်း သူတို့မောင်နှမခုနစ်ယောက်လုံးကို ပညာကြိုးစားသင်ယူစေသည်။ ၂၀၀၃ ခုနှစ်တွင် မုံရွာတက္ကသိုလ်မှ သမိုင်းအဓိကဖြင့် ဘွဲ့ရချိန် နှစ်အတန်ကြာရပ်နားထားခဲ့သည့် အမျိုးသမီးရဲတပ်သားများ ပြန်လည်ခေါ်ယူ သည့်အခါ ၀င်လျှောက်ဖြစ်သည်။

ဝါသနာနှင့်အလုပ် တစ်ထပ်တည်းကျသည့်အတွက် သင်တန်းတိုင်းတွင် ထူးချွန်စွာအောင်မြင်သည်။ တပ်ဖွဲ့ဝင်တိုင်းရဖို့ခက်သည့် အကောင်းဆုံးသင်တန်းသားနှင့် အကောင်းဆုံးသေနတ်ပစ်ဆုနှစ်ခုလုံးကို ၄င်းတစ်ဦးတည်းကရရှိခဲ့ပြီး အကောင်းဆုံးသေနတ်သမားဆုတို့ကို ရရှိသည်။ မီတာသုံးရာ (ပေတစ်ထောင်ပတ်လည်အတွင်း)ရွေ့လျားနေသောပစ်မှတ်ကိုပင် ထိမှန်အောင်ပစ်ချနိုင်ပြီး ပေနှစ်ဆယ်၊ အစိတ်အတွင်း ပစ်မှတ်ကတော့ လုံးဝပြေးမလွတ်ဟု ဒေါ်ဇာဇာအောင်တို့၏ တပ်ဖွဲ့ခေါင်းဆောင်ဖြစ်သူ ဗိုလ်မှူးကြီးအောင်ထွန်းလွင်က ချီးမွမ်းပြောဆိုသည်။

ရဲတပ်သားမှ အကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့ဝင်ဖြစ်လာချိန် ၂၀၀၉ ခုနှစ်တွင် ၄င်းအပါအ၀င် တပ်ကြပ်အမျိုးသမီး ၁၈ ဦးကို အရာရှိကြီးအချို့က လူတွေ့မေးမြန်းမှုပြုလုပ်သည်။ အသက်ပေး၍ တာဝန်ထမ်းဆောင်နိုင်ပါသလားဟု မေးလာချိန်တွင် လက်တွေ့ကျပြီး ရိုးရှင်းလွန်းသော ၎င်း၏စကားတစ်ခွန်းကြောင့် သမ္မတ၏လုံခြုံရေးအရာရှိ ဖြစ်လာစေခဲ့သည်ဟု ၄င်းကယုံကြည်သည်။

“မသေသင့်တဲ့နေရာတော့ ဘယ်သူကမှ သေချင်မှာမဟုတ်ဘူး။ ဒါပေမဲ့ တာဝန်ပေးလာ ရင်တော့ သေဖို့ အဆင်သင့်ပဲ”ဟု ဒေါ်ဇာဇာအောင်ကပြောခဲ့သည်။

နေပြည်တော်တွင် ပထမအကြိမ် လွှတ်တော်အစည်းအဝေးများအပြီး ၂၀၁၀ ဧပြီတွင် သမ္မတအိမ်တော်တွင် စတင်တာဝန်ထမ်းဆောင်ရန်အမိန့်ကို မျှော်လင့်မထားဘဲ လက်ခံရရှိခဲ့သည်။ ဒုရဲအုပ်အဆင့်ဖြင့် အိမ်တော်သို့ စတင်ရောက်ရှိချိန်က စိုးရိမ်စိတ်များရှိခဲ့ကြောင်း ဒေါ်ဇာဇာအောင်က၀န်ခံသည်။

“နည်းနည်းတော့ စိုးရိမ်စိတ်ဖြစ်မိတယ်။ အတွေ့အကြုံကလည်းမရှိတော့ စိတ်လှုပ်ရှားတယ်။ ကိုယ်ကာကွယ် ရမယ့်လူက မြန်မာနိုင်ငံမှာ အကြီးဆုံးဆိုတော့လေ”

ရဲတပ်သားဘ၀က လူဆိုးဖမ်းသည့်အတွေ့အကြုံများကလည်း ဒေါ်ဇာဇာအောင်အတွက် လုံခြုံရေးအရာရှိဖြစ် လာစေသည့် အထောက်အပံ့ကောင်းများ ဖြစ်လာခဲ့သည်။

“သာကေတက ဘောလုံးပွဲဒိုင်ကြီးကို ပထမဆုံးစဖမ်းတာ။ ၀င်းထဲမှာ ယောက်ျားတွေချည်းပဲ ၁၀၀ ကျော်လောက်ရှိတယ်။ အဲဒီအချိန် ဒိုင်ကမီးဖြတ်လိုက်ရော။ ဘယ်သူမှမမြင်ရဘူး။ မည်းမည်းမြင်ရာ အသားကုန်ချပဲ။ ကျွန်မက လည်ပင်းတက်နင်းပြီး ဖမ်းထားတာ။ မီးပြန်လာလို့ ကိုယ့်ကိုမိန်းကလေးမှန်း လည်းသိရော ဟာမိန်းမတွေဆို ပြန်လုပ်တာပေါ့တဲ့၊ ပြောကုန်ရော။ ကိုယ်ကပြန်ပြောရမလားဆိုပြီး နားပန်တွေကျင်းပစ်လိုက်တာ”ဟု ပြောသည်။

အိမ်တော်သို့ရောက်ပြီးနောက် ပထမဆုံးကိုယ်ရံတော်အတွေ့အကြုံအဖြစ် သမ္မတ၏ အိန္ဒိယနိုင်ငံခရီးစဉ်တွင် အသက်အန္တရာယ်ထိခိုက်လောက်သော ဖြစ်ရပ်မဟုတ်သော်လည်း လုံခြုံရေးစည်းအတွင်း ၀င်ရောက် လာသော သတင်းထောက်တစ်ဦးအကြောင်းနှင့် အဖြစ်အပျက်ကို မှတ်မှတ်ရရဖြစ်နေကြောင်း ၎င်းကပြောသည်။

“ဘကြီးက ကားပေါ်အတက် ကျွန်မက ကားနားမှာ အသင့်နေရာယူထားတုန်း မိုက်ကိုင်ထားတဲ့ သတင်းထောက်တစ်ယောက်က အတင်းပြေးဝင်လာပြီး ဘကြီးကိုမေးတော့တာ။ တော်တော်လေး ရုန်းရင်း ဆန်ခတ်ဖြစ်သွားပြီး သတင်းထောက်ကို တွန်းထုတ်ရတာတွေ၊ ဘာတွေလုပ်ခဲ့ဖူးတယ်။ ကျန်တာကြီးကြီး မားမား အသက်အန္တရာယ်ဘေး နီးကပ်တာမျိုးမရှိခဲ့ဖူးဘူး”ဟု ဆိုသည်။

မြန်မာနိုင်ငံ၏အနေအထားအရ သမ္မတဖြစ်သူသည်အနီးကပ်အန္တရာယ်ပြုမည့် သူများ ပေါ်ပေါက်နိုင်ခြေ နည်းသော်လည်း မိမိအပေါ် ယုံကြည်ခန့်အပ်ခြင်းခံထားရ၍ စက္ကန့်မလပ် သတိထားပြီး ၎င်းကမပေါ့ဆရဲပေ။

“မသင်္ကာစရာဆိုလည်း ကိုယ်က ချက်ချင်းသိနေသလိုပဲ။ လုံခြုံရေးလိုက်တာနဲ့ တောင်ကြည့်မြောက်ကြည့် တစ်ချိန်လုံးကြည့်နေတာ။ ကိုယ်တိုင်ကြုံမှပဲသိမှာ။ ခုချိန်မှာပြောရင် အပြောပဲဖြစ်မှာ။ ဖြစ်လာတာနဲ့ ကိုယ်ဘယ်လိုတုံ့ ပြန်မလဲ၊ အဆင်သင့်ပြင်ထားပြီးသားပဲ”ဟု ၎င်းက ယုံကြည်မှုအပြည့်ဖြင့် ပြောသည်။

ယခင်အစိုးရလက်ထက်တွင် အကြီးအကဲများအိမ်တွင် တာဝန်ထမ်းဆောင်ရသော တပ်ဖွဲ့ဝင်များမှာ အလုပ်နှင့်မဆိုင်သည့် ကိုယ်ရေးကိုယ်တာအလုပ်များကို သိမ်းကျုံးလုပ်ကိုင်ပေးရလေ့ရှိသော်လည်း သမ္မတဦးသိန်းစိန်နှင့် ဇနီးဒေါ်ခင်ခင်ဝင်းတို့သည် တာဝန်မှလွဲ၍ ကိုယ်ရေးကိုယ်တာကိစ္စများ လုံးဝခိုင်းစေခြင်းမရှိပေ။ အိမ်တော်ဝန်ထမ်းများကို မိဘနှင့် သားသမီးသဖွယ် နွေးထွေးစွာ ဆက်ဆံခံ ရခြင်းကြောင့် မည်မျှအလုပ်လုပ်ရသည်ဖြစ်စေ ပင်ပန်းသည်ဟု မခံစားရဟု ဒေါ်ဇာဇာအောင်ကပြောသည်။

လုံခြုံရေးအရ ဘယ်တော့မှ ကြိုတင်သိရလေ့မရှိသည့် သမ္မတလမ်းကြောင်းများအတွက် ခေါ်သည့်အချိန် ချက်ချင်းထလိုက်သွားရန် အမြဲပြင်ဆင်ထားလေ့ရှိပြီး မိခင်တပ်ဖွဲ့တွင်လည်း နည်းပြအဖြစ် ပြန်လည် လုပ်ကိုင်နေခြင်းကြောင့် ကိုယ်ပိုင်အားလပ်ချိန် ရှားပါးလွန်းပါးသည်။ သို့သော် မိသားစုအတွက် တစ်ဖက်တစ်လမ်းက ပြန်လည်ထောက်ပံ့နိုင်သည့် ၎င်း၏တစ်လစာ တစ်သိန်းတစ်သောင်း ရှစ်ထောင်ကျပ်အတွက် အလွန်ကျေနပ်နေဟန်ရှိနေပါသည်။

“သမ္မတကြီးက ကျွန်မတို့ကို မုန့်ဖိုးအဖြစ် သုံးသောင်းပေးတယ်။ အဲဒါကိုသုံးပြီး လစာကို အိမ်ကိုအမြဲလွှဲပေးတယ်။ မောင်လေးတွေ ကျောင်းစရိတ်ရှိတယ်လေ။ ကျွန်မက သိပ်မသုံးတော့မကုန်ဘူး။ ဘယ်မှလည်းမသွားရတော့ အ၀တ်အစားလည်းမ၀ယ်ဖြစ်ဘူး”ဟု နားရွက်အောက်နားအတိညှပ်ထားသော ဆံပင်ကိုသပ်တင်ရင်း ရယ်ရယ်မောမောဖြင့် ပြောသည်။

လုပ်ငန်းသဘောအရ ဒေါင်းတင်မောင်းတင်နေထိုင်ရသော်လည်း အရွယ်ရောက်သူတစ်ဦးပီပီ ခံစားတတ် တဲ့နှလုံးသား ၎င်းတွင်ရှိပါသည်။ အချစ်ရေးအကြောင်းစကားစသည့်အခါ စကားဝိုင်းတစ်လျှောက်လုံး တက်ကြွရဲရင့်နေသည့် မျက်နှာထားက မဆိုသလောက် ပျော့ပျောင်းသွားပါသည်။ စကားသံခေတ္တတိတ်သွားပြီးနောက် အသေးစိတ်ဖြေကြားရန်ငြင်းဆိုခဲ့ပြီး “ကံပါသလောက်ပေါ့။ ကြိုတော့မတွေးထားပါဘူး”ဟု ဆိုလေသည်။

လုံခြုံရေးအရာရှိအပြင် နေ့စဉ် မနက် ၅ နာရီမှ ည ၈ နာရီခွဲအထိ ပြင်းထန်သောလေ့ကျင့်ခန်းများဖြင့် သင်ကြားလေ့ကျင့်ပေးရသူ အကြမ်းဖက်နှိမ်နင်းရေးသင်တန်းနည်းပြအဖြစ် ရပ်တည်နေပြီး ၀န်ထမ်းဖြစ်သည့် အတွက် ပျော်ရာမှာမနေရ တော်ရာမှာနေရမည်ဆိုသည့်မူကိုလည်း ၎င်းကလက်ကိုင် ထားသည်။

အမျိုးသားနှင့်အမျိုးသမီး တန်းတူအခွင့်အရေးရမှု မညီမမျှဖြစ်နေဆဲ မြန်မာနိုင်ငံတွင် ၎င်းသင်ကြားလေ့ကျင့်ပေးလိုက်သည့် အမျိုးသားတပ်ဖွဲ့ဝင်အချို့သည်ပင် ယခုအခါ ၄င်းထက် ရာထူးအဆင့်မြင့်မားသွားပြီဖြစ်သည်။
သို့သော် ဒေါ်ဇာဇာအောင်ကိုမူ လေးစားမှုဖြင့် နေရာပေးဆက်ဆံမြဲဖြစ်သည်။ သို့သော် ရာထူးဌာနန္တရများကို ၎င်းမမက်မောပါ။ ၎င်းရှေ့က စီနီယာရဲဘော်အစ်မများမှာလည်း ဒေသအသီးသီးတွင် တာဝန်ကိုယ်စီဖြင့် ထမ်းဆောင်နေကြပြီး ၎င်းကတော့ အထူးတပ်ဖွဲ့ဝင်အဖြစ်ကိုသာ ကျေနပ်နှစ်သက်ပါသည်။

သမ္မတ၏လုံခြုံရေးအရာရှိအဖြစ် မည်သည့်အချိန်ထိ ဆက်လက်လုပ်ကိုင်သွားမည်ကိုမူ ၎င်းက ရိုးရိုးသားသားပင် ဖြေကြားပါသည်။

“သမ္မတကြီးခန့်သလောက်ပေါ့။ အနာဂတ်မှာ ကိုယ်ကတော့ ဘာမဆိုတာဝန်ကျေအောင်လုပ်သွားမယ်”

ဓာတ်ပုံ- အေးသူစံ

7Day News Journal

RangonNewsDaily:: November . 20 .2013
ခန်းမကြီးအပြည့် အစီအရီထိုင်နေသော လူထုပရိသတ်အလယ်တွင် မီးခိုးရင့်ရောင်ဝတ်စုံဖြင့် ပိန်ပိန်ပါးပါး၊ အရပ်ခပ်မြင့်မြင့်နှင့် အမျိုးသမီးသည် နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ၁၂ ပေခန့်အကွာတွင် တစ်ဦးတည်း မတ်တတ်ရပ်နေသည်။ သူ့မျက်လုံးများက ပတ်ဝန်းကျင်ကို မျည်ခြည်မပြတ်အကဲခတ်နေသည်။

ဆွီဒင်ဘက်သို့ ဟတ်ထရစ်သွင်းခဲ့ပြီးနောက် ပေါ်လက်တာ၏စံချိန်ကို စီရော်နယ်လ်ဒိုလိုက်မီသွားခဲ့ပြီ

Photo: ဆွီဒင်ဘက်သို့ ဟတ်ထရစ်သွင်းခဲ့ပြီးနောက် ပေါ်လက်တာ၏စံချိန်ကို စီရော်နယ်လ်ဒိုလိုက်မီသွားခဲ့ပြီ
Wednesday, November 20, 2013

ယနေ့နံနက် အစောပိုင်းက ကစားသွားခဲ့သော အဆုံးအဖြတ် Play-off ပွဲစဉ်ဒုတိယအကျော့ပွဲစဉ်များပြီးဆုံး သွားခဲ့ပြီဖြစ်ရာ ကမ္ဘာ့ဖလားနောက်ဆုံးအဆင့်သို့ ပါဝင်ယှဉ်ပြိုင်ခွင့်ရမည့်အသင်းများ ပေါ်ထွက်လာခဲ့ပြီဖြစ် သည်။ ထိုပွဲများအနက်မှ ပရိသတ်စိတ်ဝင်စားမှုအမြင့်မားဆုံးပွဲဖြစ်သော ဆွီဒင်နှင့် ပေါ်တူဂီတို့၏ပွဲမှာ တစ်ဖက်နှင့်တစ် ဖက် ဂိုးများအပြိုင်သွင်းခဲ့ကြရာ အလွန်ကြည့်ကောင်းသောပွဲတစ်ပွဲဖြစ်ခဲ့ပြီး ပေါ်တူဂီက ၂-၃ ဂိုးဖြင့် အဝေးကွင်းနိုင် ပွဲရရှိခဲ့သဖြင့် နှစ်ကျော့ပေါင်း ၄-၂ ဂိုးဖြင့် အနိုင်ရကာ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်သွားခဲ့ပြီဖြစ်သည်။ ထိုပွဲ တွင် ပထမအကျော့၏ တစ်လုံးတည်းသောအနိုင်ဂိုးရှင် စီရော်နယ်လ်ဒိုက မိနစ်(၅၀)တွင် ဂျာအိုမော်တင်ဟို၏ဖန် တီးပေးမှုမှတဆင့် အဖွင့်ဂိုးသွင်းခဲ့သော်လည်း အိမ်ရှင်ဆွီဒင်၏အကောင်းဆုံးကစားသမား ဇလေတန်အီဗရာဟီမို ဗစ်ခ်ျက (၆၈)၊ (၇၂)မိနစ်များတွင် နှစ်ဂိုးဆက်ပြန်သွင်းသဖြင့် အိမ်ရှင်က ပြန်လည်ဦးဆောင်နေခဲ့သည်။ သို့သော် လည်း စီရော်နယ်လ်ဒိုက ယုံနိုင်ဖွယ်ရာမရှိသော လျှင်မြန်မှု၊ တိကျသပ်ရပ်မှုများဖြင့် (၇၇)၊ (၇၉)မိနစ်များတွင် နှစ် ဂိုးဆက်တိုက်သွင်းယူကာ ဟတ်ထရစ်ရသွားခဲ့ပြီး ပွဲအပြီးတွင် ဧည့်သည်ပေါ်တူဂီအသင်းက (၂-၃)ဂိုးဖြင့်အနိုင်ရခဲ့ ခြင်းဖြစ်သည်။

ထိုပွဲတွင် (၃)ဂိုးသွင်းနိုင်ခဲ့သော စီရော်နယလ်ဒိုမှာ ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် သွင်းဂိုးစုစုပေါင်းမှာ (၄၇)ဂိုးပြည့်သွားခဲ့သဖြင့် နိုင်ငံလက်ရွေးစင်အသင်းအတွက် ထာဝရဂိုးသွင်းစံချိန်ရှင်အဖြစ် (၄၇)ဂိုးနှင့် မှတ် တမ်းရေးထိုးထားခဲ့သော ပေါ်လက်တာ၏စံချိန်ကို လိုက်မီသွားခဲ့ပြီဖြစ်သည်။ ပေါ်တူဂီအတွက် (၁၀၉)ပွဲကစား ပြီး (၄၇)ဂိုးသွင်းထားနိုင်သော စီရော်နယ်လ်ဒိုမှာ အူဆီဘီယို(၃၂)ဂိုး၊ ဖီဂို(၂၉)ဂိုး၊ နူနိုဂိုးမက်ဇ်(၂၇)ဂိုး၊ ရူအီကော်စ တာ(၂၆)ဂိုးအစရှိသည့်စံချိန်များကို အသီးသီးကျော်ဖြတ်ပြခဲ့ပြီးနောက် ယခုပေါ်လက်တာ၏(၄၇)ဂိုးစံချိန်ကိုမီ သွားခဲ့ပြီဖြစ်သည်။ ရော်နယ်လ်ဒိုအနေဖြင့် ပေါ်တူဂီလက်ရွေးစင်အသင်း၏ ထာဝရဂိုးသွင်းအများဆုံးဘောလုံး သမားဖြစ်လာရန် သေချာနေပြီဖြစ်သလို မိမိအသင်းအား ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်စေရန် စွမ်းဆောင် ပြခဲ့မှုများကြောင့် ၂၀၁၃ ဖီဖာရွှေဘောလုံးဆုကို ရယူရန်အတွက် အချက်ပေးခေါင်းလောင်းခေါက်လိုက်သလို ရှိနေပါတော့သည်။

Trend Myanmar

RangonNewsDaily:: November . 20 .2013
ယနေ့နံနက် အစောပိုင်းက ကစားသွားခဲ့သော အဆုံးအဖြတ် Play-off ပွဲစဉ်ဒုတိယအကျော့ပွဲစဉ်များပြီးဆုံး သွားခဲ့ပြီဖြစ်ရာ ကမ္ဘာ့ဖလားနောက်ဆုံးအဆင့်သို့ ပါဝင်ယှဉ်ပြိုင်ခွင့်ရမည့်အသင်းများ ပေါ်ထွက်လာခဲ့ပြီဖြစ် သည်။

တရုတ် ရဲဌာနများတွင် မျက်နှာကိုတိပ်ပတ်ပြီး ထွက်ဆိုချက်ပေးခိုင်းသည့် နည်းသစ် ကျင့်သုံးနေ

Photo: တရုတ် ရဲဌာနများတွင် မျက်နှာကိုတိပ်ပတ်ပြီး ထွက်ဆိုချက်ပေးခိုင်းသည့် နည်းသစ် ကျင့်သုံးနေ
Wednesday, November 20, 2013

တရုတ်နိုင်ငံ၏ ရဲစခန်းအများစုတွင် တရားခံများကို စစ်ဆေးသည့်အခါ မျက်နှာတစ်ခုလုံး တိပ်များဖြင့်ပတ်ကာ ဖြောင့်ချက်ပေးစေသည့် နည်းသစ်များ ကျင့်သုံးနေကြောင်း Sorthern Metropolis Daily သတင်းစာနှင့် People’s Daily သတင်း ၀က်ဘ်ဆိုက် တို့တွင် ဖော်ပြထားသည်။

ယင်းစစ်ဆေးနည်းသစ်ကို တီထွင်ခဲ့သော တရုတ်နိုင်ငံတောင်ပိုင်း Huizhou မှ ရဲအရာရှိများက တိပ်ပတ်စစ်ဆေးနည်းသည် ဖြောင့်ချက်ရရန် ရိုးရှင်းလွယ်ကူသည့်နည်းဟု ဆိုကြ၏။ လွန်ခဲ့သောတစ်ပတ်က ကွမ်ကျိုးပြည်နယ် Huizhou မှ ရဲစခန်းတွင် ဖောက်ထွင်းဂိုဏ်းတစ်ခုအတွက် သံသယရှိသူ ၂၃ဦးကို စစ်မေးစဉ်က အဖမ်းခံရသူအားလုံးကို ဤနည်းဖြင့် စစ်မေးခဲ့ကြောင်း ကိုယ်တိုင်ကြုံခဲ့သူတစ်ဦးက ဆိုသည်။

အစစ်ဆေးခံရသူများ၏ ပါးစပ်မှ အထက်ခေါင်းပိုင်တစ်ခုလုံး သတင်းစာစက္ကူနှင့်အုပ်ပြီး မျက်နှာတစ်ခုလုံး တိပ်ပတ် ထားသည့် ပုံများကို အွန်လိုင်းတွင် ဖော်ပြထားသည်။ တရုတ်မှ အွန်လိုင်းသုံးစွဲသူများက “၂” ဟု နံပါတ် ကပ်ထား သူတစ်ဦး၏ အဖြစ်ကိုကြည့်ပါ အသက်မှ ရှုလို့ရပါ့မလားဟု မေးခွန်းထုတ်လျက်ရှိသည်။

ရဲများကမူ သူတို့၏ လုပ်ရပ်သည် ဥပဒေဘောင်အတွင်း၌ ရှိကြောင်း ၊ ဆံပင်များ တိပ်ကပ်ခြင်းမှကင်းရန် သတင်းစာ စက္ကူဖြင့် အုပ်ခြင်းဖြစ်ကြောင်း ဆိုထားသည်။

Ref: People Daily
The Myanma Age

RangonNewsDaily:: November . 20 .2013
တရုတ်နိုင်ငံ၏ ရဲစခန်းအများစုတွင် တရားခံများကို စစ်ဆေးသည့်အခါ မျက်နှာတစ်ခုလုံး တိပ်များဖြင့်ပတ်ကာ ဖြောင့်ချက်ပေးစေသည့် နည်းသစ်များ ကျင့်သုံးနေကြောင်း Sorthern Metropolis Daily သတင်းစာနှင့် People’s Daily သတင်း ၀က်ဘ်ဆိုက် တို့တွင် ဖော်ပြထားသည်။

ဗိုလ်ချုပ်ဂွမ်မော်နှင့် အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ်တို့ တွေ့ဆုံ

Photo: ဗိုလ်ချုပ်ဂွမ်မော်နှင့် အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ်တို့ တွေ့ဆုံ
Wednesday, November 20, 2013

ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ သွားရောက်ရန် ရန်ကုန်မြို့တော်သို့ ရောက်ရှိနေသည့် ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်နှင့် အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ်တို့ နိုဝင်ဘာလ ၁၉ ရက်နေ့ တွင် ရန်ကုန်မြို့တော်ရှိ အမေရိကန်သံရုံး၌ တွေ့ဆုံခဲ့ကြောင်း ကေအိုင်အို အဖွဲ့ထံမှ သိရသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ၏ ဒုတိယခေါင်းဆောင်လည်း ဖြစ်သူ ဗိုလ်ချုပ်ဂွမ်မော်နှင့် ဒဲရစ်မစ်ချယ်တို့ ယနေ့နံနက်တွင် အမေရိကန်သံရုံး၌ တွေ့ဆုံသော်လည်း ဆွေးနွေးချက် အသေးစိတ်ကိုမူ ထုတ်ပြန်မည် မဟုတ်ကြောင်း ကချင် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) က ပြောကြားသည်။

“တွေ့တာတော့ မှန်ပါတယ်။ သံတမန်ကိစ္စ ဆိုတော့ နှစ်ဖက် သဘောတူချက် မရဘဲ ဆွေးနွေးချက်ကို ထုတ်ပြန်ဖို့ မရှိပါဘူး” ဟု ဗိုလ်ချုပ်ဂွမ်မော်က ဆိုသည်။
အမေရိကန် သံအမတ်ကြီးနှင့် ကေအိုင်အေ ဒုတိယ စစ်ဦးစီးချုပ်တို့ တွေ့ဆုံခြင်းမှာ ဒုတိယအကြိမ် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ထို့အတူ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီး ဦးဆောင်သည့် ခေါင်းဆောင်အချို့နှင့် ဗိုလ်ချုပ်ဂွမ်မော်တို့ ရန်ကုန်မြို့တော်ရှိ Business Alliance ဟိုတယ်၌ တွေ့ဆုံပြီး ငြိမ်းချမ်းရေး တည်ဆောက်မှုနှင့် ပတ်သက်၍ ဆွေးနွေးကြောင်း ဦးကိုကိုကြီးက ပြောကြားသည်။

၈၈ မျိုးဆက် ခေါင်းဆောင်များနှင့် ကေအိုင်အိုတို့ ယခု တွေ့ဆုံခြင်းမှာ တတိယအကြိမ် ဖြစ်ပြီး ယင်းမတိုင်မီ လိုင်ဇာမြို့၌ တွေ့ဆုံဖူးကြောင်း ၈၈ မျိုးဆက် ခေါင်းဆောင် ဦးမြအေးက ရှင်းပြသည်။

ယင်းနောက် ဗိုလ်ချုပ်ဂွမ်မော်နှင့် ရန်ကုန်ရောက် ကချင် တိုင်းရင်းသားများ စမ်းချောင်းမြို့နယ်ရှိ ကချင် Baptist ဘုရားကျောင်းတွင် နိုဝင်ဘာလ ၁၉ ရက်နေ့ ညနေ၌ တွေ့ဆုံပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များကို ရှင်းပြကြောင်း အဆိုပါ တွေ့ဆုံပွဲကို စီစဉ်သည့် ကချင်စာပေနှင့် ယဉ်ကျေးမှု အသင်းက ပြောဆိုသည်။

The Voice Weekly

RangonNewsDaily:: November . 20 .2013
ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ သွားရောက်ရန် ရန်ကုန်မြို့တော်သို့ ရောက်ရှိနေသည့် ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်နှင့် အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ်တို့ နိုဝင်ဘာလ ၁၉ ရက်နေ့ တွင် ရန်ကုန်မြို့တော်ရှိ အမေရိကန်သံရုံး၌ တွေ့ဆုံခဲ့ကြောင်း ကေအိုင်အို အဖွဲ့ထံမှ သိရသည်။

မန္တလေး စပါးနှံတာယာစက်ရုံ လုပ်သား ၃၀၀ ဆန္ဒပြ

Photo: မန္တလေး စပါးနှံတာယာစက်ရုံ လုပ်သား ၃၀၀ ဆန္ဒပြ
Wednesday, November 20, 2013

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ပန်းခြံလမ်းရှိ စပါးနှံတာယာစက်ရုံမှ အလုပ်သမား ၃၀၀ ခန့်သည် တနင်္ဂနွေနေ့ အလုပ်ပိတ်ပေးရန်နှင့် လစာငွေ နှစ်သောင်းတိုးပေးရန် ထိုစက်ရုံရှေ့၌ပင် သပိတ်စခန်းဖွင့် တောင်းဆိုလျှက်ရှိသည်။

နိုဝင်ဘာလ ၂၀ရက် နံနက်၈နာရီမှစတင်ကာ တောင်းဆိုဆန္ဒပြနေခြင်းဖြစ်ပြီး ယင်းကဲ့သို့ တောင်းဆိုခြင်းများကို အလုပ်ရှင်ဘက်မှ လိုက်လျောမှုမပေးမခြင်း သပိတ်စခန်းဖွင့် တောင်းဆိုသွားမည်ဟု ဦးဆောင်သူ ကိုဝင်းဇော်ဟိန်းက မဇ္ဈိမကိုပြောသည်။

"ကျွန်တော်တို့ တောင်းဆိုနေတာ အလုပ်ရှင်မနစ်နာပါဘူး။ ပေးနိုင်တဲ့တောင်းဆိုမှုပါ။တနင်္ဂနွေတစ်ရက် စက်ရုံပိတ်ပေးရန်နဲ့ လစာ၂သောင်း တိုးပေးရန်တောင်းဆိုတာပါ။ ဒီနှစ်ချက်မရမချင်း ဒီနေရာကမထပါဘူ။ဆက်လက် မရမချင်းတောင်းဆိုသွားမှာပါ။ အခုချိန်ထိတော့ အလုပ်ရှင်ဘက်က လာရောက်ညှိနှိုင်းမှုမျိုး မရှိသေးပါဘူး။"ဟု ဥက္ကဋ္ဌ ကိုဝင်းဇော်ဟိန်းက ပြောသည်။

ယင်းသို့ ဆန္ဒပြတောင်းဆိုခြင်း မပြုလုပ်မီ အလုပ်ရှင်ထံ စက်တင်ဘာလ ၁၅ရက်က တစ်ကြိမ်၊ ၂၀ရက်က တစ်ကြိမ်၊ ၂၃ရက်ကတစ်ကြိမ်နှင့် ၂၈ရက်ကတစ်ကြိမ် လေးကြိမ်တိုင်တိုင် အလုပ်ရှင်ထံ ညှိနှိုင်းတောင်းဆိုမှုများ ပြုလုပ်ခဲ့သည်ဟု ဆန္ဒပြဦးဆောင်သည့် အတွင်းရေးမှူး ကိုညီညီဇော်က မဇ္ဈိမကိုပြောသည်။

ယင်းသို့ ဆန္ဒဖော်ထုတ်ရန် ပြည်ကြီးတံခွန် မြို့နယ် အဆင့်မြင့်ရဲစခန်းတွင် တရားဝင်စာတင် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုသည်။

"ကျွန်တော်တို့ လစာတိုးပေးဖို့ HR က ဆွဲနေပါတယ်။ သြဂုတ်လကတည်းကပါ။နားလည်တတ်ကျွမ်းတဲ့သူတွေနဲ့ ရေးဆွဲနေတာပါ။ ၂၀၁၄ဇန်နဝါရီလောက်မှာ ဆွဲပြီးမယ်။ဖေဖော်ဝါရီလလောက်မှာတိုးပေးဖို့ လုပ်သွားမှပါ။ ဒီအတိုင်းကတော့တိုးမပေးနိုင်သေးပါဘူး"ဟု စပါးနှံတာယာစက်ရုံ အုပ်ချုပ်ရေးမှူး ဦးမောင်မောင်က မဇ္ဈိမကိုပြောသည်။

ယင်းသို့ လစာတိုးမြှင့်ပေးရန် စက်ရုံဘက်မှ အလုပ်သမားတွေများသိရှိရန် ကြော်ငြာကပ်ခြင်၊ အလုပ်သမားခေါင်းများအား ခေါ်ပြောခြင်းများ ပြုလုပ်ထားပြီးဖြစ်သော်လည်း တနင်္ဂနွေနေ့တွင် ရုံပိတ်ပေးရန်မှာမူ မဖြစ်နိုင်ဟု ဦးမောင်မောင်က ပြောသည်။

စပါးနှံတာယာစက်ရုံ တွင် အလုပ်သမား၄၂၀ရှိပြီး လက်ရှိတွင် အခြေခံ လစာငွေ ကိုးသောင်း ရရှိပြီး ဥပုသ်နေ့ကို အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ပေးထားသည်ဟု သိရသည်။

Mizzima - News in Burmese

RangonNewsDaily:: November . 20 .2013
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ပန်းခြံလမ်းရှိ စပါးနှံတာယာစက်ရုံမှ အလုပ်သမား ၃၀၀ ခန့်သည် တနင်္ဂနွေနေ့ အလုပ်ပိတ်ပေးရန်နှင့် လစာငွေ နှစ်သောင်းတိုးပေးရန် ထိုစက်ရုံရှေ့၌ပင် သပိတ်စခန်းဖွင့် တောင်းဆိုလျှက်ရှိသည်။

မလုံ့တလုံပုံတွေ ရောင်းစားခံလိုက်ရတဲ့ ကိုရီးယား အဆိုတော် မင်းသမီး Ailee

Photo: မလုံ့တလုံပုံတွေ ရောင်းစားခံလိုက်ရတဲ့ ကိုရီးယား အဆိုတော် မင်းသမီး Ailee
Wednesday, November 20, 2013

 Kpop အစည်းအရုံးရဲ့ vice-president ဖြစ်သူ Daniel Lee ဟာ မင်းသမီး Ailee ရဲ့ ဓါတ်ပုံတွေ ရောင်းချင်ပါတယ်လို့ ဖုန်းထဲကပြောလာသူရဲ့ အသံဟာ သူပါပဲလို့ အတည်ပြုလိုက် ပါတယ်။

          သူဆိုတာကတော့ Ailee ရဲ့ ယခင်ရည်းစားဟောင်းဖြစ်သူကို ပြောတာပါ။ ဖုန်းဆက်ပြီးတော့ သူ့လက်ဝယ်မှာ ရှိထားတဲ့အဲ့ဒီပုံတွေကို ရောင်းချရန် ဈေးစကား ပြောချင်တဲ့အတွက် Kpop  အမှုဆောင် အရာရှိဆီကို ကမ်းလှမ်းခဲ့ပါတယ်။

          ဒါပေမယ့် မီဒီယာအနေနဲ့ အဲဒီ ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်တဲ့အတွက် ဓါတ်ပုံတစ်ချို့ကို သူ့ဘာသာပဲ အများပြည်သူ သိအောင် သူ့ရဲ့websiteမှာ ထုတ်ဖော် ပြသမှုတွေ ပြုလုပ်လိုက်ပါတယ်။ Lee နဲ့ သက်ဆိုင်ရာတာဝန်ရှိသူ အားလုံးတို့ဟာ ဒီတပါတ် တနင်္ဂနွေနေ့က သူမရဲ့ ခွင့်ပြုချက်မပါဘဲနဲ့ တင်လိုက်တဲ့ အဲ့ဒီ အဖော်အချွတ်ပုံတွေနဲ့ပတ်သက်လို့ သူမရဲ့ fans တွေဆီက အရေးကြီး တုံ့ပြန်ချက်တွေ  အတော်လေးဖြေရှင်းနေရပါတယ်။

           ဗုဒ္ဓဟူးနေ့မှာတော့ သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ပြီး ဒီဖြစ်ရပ်ဟာ Ailee ကို အတော်လေးပဲ ရှော့ခ်ရိုက်စေခဲ့ကြောင်း ၊ သူမ အတော်လေးလည်း ခံစားရကြောင်း YMC သတင်းဌာနက ဖော်ပြပါတယ်။

           “ဒီလို စိတ်ဒဏ်ရာမျိုးရရှိထားနေချိန်မှာတောင် သူမဟာ သူမရဲ့ အိပ်မက်တွေဆီကို ဆက်လက် လျှောက်လှမ်းနေဆဲပါ။ ဒါကြောင့်လည်း ကျွန်တော်တို့က ဒီဓါတ်ပုံတွေဟာ သူမကို ထပ်ပြီး နာကျင်စေလိမ့် ဦးမှာလားလို့တောင် စိုးရိမ်နေကြပါတယ်” လို့ ထပ်ပြောသွားပါသေးတယ်။

Ref:kpopstarz
Trend Myanmar

RangonNewsDaily:: November . 20 .2013
Kpop အစည်းအရုံးရဲ့ vice-president ဖြစ်သူ Daniel Lee ဟာ မင်းသမီး Ailee ရဲ့ ဓါတ်ပုံတွေ ရောင်းချင်ပါတယ်လို့ ဖုန်းထဲကပြောလာသူရဲ့ အသံဟာ သူပါပဲလို့ အတည်ပြုလိုက် ပါတယ်။

ရုရှ-မြန်မာ စစ်ဘက် နည်းပညာ ပူးပေါင်းရေး တိုးမြှင့်မည်

Photo: ရုရှ-မြန်မာ စစ်ဘက် နည်းပညာ ပူးပေါင်းရေး တိုးမြှင့်မည်
Wednesday, November 20, 2013

ရုရှား- မြန်မာ နှစ်နိုင်ငံ စစ်တပ်အကြား စစ်ဘက် နည်းပညာများ ပိုမိုပူးပေါင်း ဆောင်ရွက်ဖို့နဲ့ ဆက်ဆံရေး ပိုမိုတိုးမြှင့်ဖို့ ရှိကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

မြန်မာတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ရုရှား- မြန်မာ စစ်ဘက်နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေး ပူးတွဲ ဥက္ကဋ္ဌ အလက်ဇန္ဒား ဗာစီလီဗစ်ခ်ျ ဖိုမင် တို့ဟာ စစ်ဘက်ဆက်ဆံရေး တိုးမြှင့်ဖို့  မနေ့က နေပြည်တော်မှာ  တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်ပါတယ်။

အခုလို  ရုရှား- မြန်မာ စစ်ဘက်နည်းပညာ ပိုမိုပူးပေါင်းဆောင်ရွက်ရေး လုပ်ဆောင်လာခြင်းဟာ ယခုနှစ် ဇွန်လက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်နောက်ပိုင်း ဖြစ်ပေါ်လာတဲ့ စစ်ဘက်ဆက်ဆံရေး ဖြစ်ပါတယ်။

အဲဒီ ရုရှားခရီးစဉ်အတွင်းမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ Lykh ovitsy MiG နာမည်ကျော် မစ် (MiG) တိုက် လေယာဉ်များ ထုတ်လုပ်ရာ စက်ရုံ၊ တင့်ကားဖျက် ဒုံးကျည်၊ လေကြောင်းရန် ကာကွယ်ရေးနဲ့ အမြှောက် စစ်လက်နက် ပစ္စည်းများ ထုတ်တဲ့ KBP Instrument Design Bureau, JSC Admiralty Shipyards သင်္ဘောကျင်းကိုလည်း သွားရောက် လေ့လာခဲ့ပါတယ်။

ထူးခြားတာက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အတူ စစ်အစိုးရလက်ထက် မြန်မာ့တပ်မတော်ကို ရုရှားလုပ် လက်နက် တပ်ဆင်ရေး၊ ရဟတ်ယာဉ်များ ၀ယ်ယူရေးမှာ အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့တယ်လို့ သတင်းထွက်ခဲ့သူ ဦးတေဇ အပါအ၀င် တခြား စီးပွားရေး လုပ်ငန်းရှင်တွေကြီးများကို ခေါ်ဆောင်သွားခြင်း ဖြစ်ပါတယ်။

ဦးတေဇဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၈ ရက်နေ့က MI 17 ရဟတ်ယာဉ်များ ထုတ်လုပ်ရာ ရုရှားနိုင်ငံ တာတာစတန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ MI 17 စက်ရုံကို သွားရောက်ခဲ့ပါသေးတယ်။

ဒါပေမယ့် အခုအခါမှာတော့ မြန်မာ့တပ်မတော်အတွက် ရုရှားလုပ် လက်နက်များ တပ်ဆင်ရေးမှာ ကြားခံ လက်နက် ၀ယ်ယူရေး ကုမ္ပဏီအဖြစ် ထူးကုမ္ပဏီအပြင် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ရင်းနှီးတဲ့ မန္တလေး အခြေစိုက် ဆောက်လုပ်ရေး ကုမ္ပဏီကြီး တခုကလည်း  ၀င်ရောက် လုပ်ကိုင်လာနိုင်တယ်လို့ နေပြည်တော် စစ်ဘက်အသိုင်းအ၀န်းနဲ့ နီးစပ်သူတွေ အဆိုအရ သိရပါတယ်။

အစိုးရသစ်လက်ထက် မြန်မာ့တပ်မတော်ဟာ အမေရိကန်၊ ဗြိတိန် စတဲ့ နိုင်ငံတွေနဲ့ စစ်ရေးဆက်ဆံမှုတွေ  စတင် လုပ်ဆောင်နေပေမယ့်၊ စစ်ပစ္စည်းလက်နက် အကူအညီကတော့ ရနိုင်ဖွယ် မရှိသေးပါဘူး။

ဒါကြောင့်လည်း စစ်ဘက်လေ့လာသူ တချို့ကတော့ ရုရှားနိုင်ငံကနေပြီး တိုက်လေယာဉ်နဲ့ ရေငုပ်သင်္ဘော တချို့ ၀ယ်ယူ ဖြည့်ဆည်းလာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။

ရုရှား နိုင်ငံ၊ ရေတပ်မတော်မှ စစ်ရေယာဉ် ASW Ship- Admiral Vinogradov နိုဝင်ဘာ ၁၃ ရက်နေ့က ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ ချစ်ကြည်ရေး ခရီးစဉ် ရောက်ရှိလာစဉ် 
(ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)
ရုရှား နိုင်ငံ၊ ရေတပ်မတော်မှ စစ်ရေယာဉ် ASW Ship- Admiral Vinogradov နိုဝင်ဘာ ၁၃ ရက်နေ့က ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ ချစ်ကြည်ရေး ခရီးစဉ် ရောက်ရှိလာစဉ်
RangonNewsDaily:: November . 20 .2013
ရုရှား- မြန်မာ နှစ်နိုင်ငံ စစ်တပ်အကြား စစ်ဘက် နည်းပညာများ ပိုမိုပူးပေါင်း ဆောင်ရွက်ဖို့နဲ့ ဆက်ဆံရေး ပိုမိုတိုးမြှင့်ဖို့ ရှိကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

NLD လူထု ဟောပြောပွဲ ခွင့်ပြုမှု နေပြည်တော် ကောင်စီ နှင့် ပြည်ထဲရေး ထိပ်တိုက်တွေ့

Photo: NLD လူထု ဟောပြောပွဲ ခွင့်ပြုမှု နေပြည်တော် ကောင်စီ နှင့် ပြည်ထဲရေး ထိပ်တိုက်တွေ့
Wednesday, November 20, 2013

နေပြည်တော်တွင် နိုဝင်ဘာလ ၁၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ လူထု ဟောပြောပွဲကို ပြည်ထဲရေးဝန်ကြီးဌာနက ခွင့်ပြုလိုက်မှုကြောင့် နေပြည်တော်ကောင်စီနှင့် ပြည်ထဲရေး ၀န်ကြီးဌာန အကြား  အာဏာ လွန်ဆွဲပွဲဖြစ်ပွားပြီး ထိပ်တိုက်တွေ့ဆုံမှု ဖြစ်ပွားလျက်ရှိကြောင်း သတင်း ရရှိသည်။

နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ လက်ပံခါးလှ ကျေးရွာတွင် NLD ပါတီက၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ လူထု  ဟောပြောပွဲ ကျင်းပရန် ပြည်ထဲရေး ၀န်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ  ခွင့်ပြုချက် တောင်းခံခဲ့ရာ နေပြည်တော် ကောင်စီက ကန့်ကွက် ခဲ့ကြောင်း၊ နေပြည်တော်ကောင်စီ၏ ကန့်ကွက်မှုကြောင့် လူထု ဟောပြောပွဲ ကျင်းပခွင့်ပေးရန် ရဲတပ်ဖွဲ့က ပထမပိုင်းတွင် အကြောင်း အမျိုးမျိုးပြ ငြင်းပယ်ခဲ့သော်လည်း နောက်ဆုံးတွင် နေပြည်တော် ခရိုင် ရဲတပ်ဖွဲ့မှူး ကိုယ်တိုင် ပြည်ထဲရေး ၀န်ကြီး ဌာန ၀န်ကြီးရုံးထံ ဆက်သွယ်ပြီး ဟောပြောပွဲ ကျင်းပခွင့်ပြုခဲ့ကြောင်း သိရှိရ သည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေပြည်တော် ဟောပြောပွဲကို ခွင့်မပြုရန် နေပြည်တော် ကောင်စီက တားမြစ်ခဲ့သော်လည်း ပြည်ထဲရေး ၀န်ကြီးဌာနက ခွင့်ပြုချက် ပေးခဲ့သည့် အတွက် နေပြည်တော်ကောင်စီနှင့် ပြည်ထဲရေး ၀န်ကြီးဌာန အားပြိုင်မှု ပုံစံ မျိုး ဖြစ်ပေါ်လာကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နေပြည်တော်ခရိုင် ဥက္ကဋ္ဌလည်းဖြစ်၊ ဥတ္တရသီရိမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သူ ဦးမင်းသူက ဧရာဝတီသို့ ပြောသည်။

“ကာကွယ်ရေး ၊  ပြည်ထဲရေး နဲ့ နယ်စပ်ရေးရာ ၀န်ကြီးတွေက ကာကွယ်ရေး ဦးစီးချုပ်က တိုက်ရိုက် ခန့်ထားတဲ့ ၀န်ကြီး တွေ။ ဒီဝန်ကြီး ဌာနတွေကို တပ်မတော်က မကိုင်တွယ်ဘူးဆိုရင် နေပြည်တော် ကောင်စီ ရဲ့ အမိန့်ကို လွှမ်းမိုးဖို့ မလွယ်ဘူး။ လူထု ဟောပြော ပွဲခွင့်ပြုမိန့်ကို တနည်းအားဖြင့် တပ်မတော်က ပေးလိုက် တယ် လို့ပဲ ပြောရမယ်။ ကျနော်တို့ ပွဲကို မြို့နယ်ရဲတပ်ဖွဲ့မှူးက ခွင့်ပြုပေမယ့် အတည်ပြု ထောက်ခံရမယ့် မြို့နယ် အုပ်ချုပ်ရေးမှူးက ချက်ချင်း ဖြေရှင်းချက် မပေးနိုင်ဘူး။ သူရဲ့အထက်က နေပြည်တော်ကောင်စီကို ကြောက်နေတဲ့ သဘော ရှိတယ်။ နေပြည်တော်မှ ထူးခြားတာက အုပ်ချုပ်ရေးမှာ နေပြည်တော်ကောင်စီကို ကျော်လုပ်လို့ မရတာပဲ´´ ဟု ဦးမင်းသူက ဆိုသည်။

နေပြည်တော်တွင် နိုဝင်ဘာလ ၁၈ ရက်နေ့ ကျင်းပခဲ့သော လူထုဟောပြောပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က NLD နှင့် တပ်မတော်အကြား စိတ်ဝမ်းကွဲစေရန် ရန်တိုက်ပေးနေသူများ ရှိနေသည်ဟု ပြောဆိုခဲ့ပြီး ယင်းပြောဆိုမှုသည်  NLD၏ လူထုဟောပြောပွဲ ခွင့်ပြုမိန့် ငြင်းပယ်ခံရပြီးမှ ပြန်လည်ရရှိခဲ့သည့် အခြေအနေ ကို ရည်ညွှန်းပြောဆိုခြင်းဖြစ်ကြောင်း ဦးမင်းသူက ရှင်းပြသည်။

“ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်လို့ဆိုရင် ကျမတို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ တပ်မတော် ကြားမှာ စိတ်ဝမ်းကွဲအောင် တိုက်ပေးနေတဲ့ ပုဂ္ဂိုလ်တွေ လည်းရှိပါတယ်။ အဲဒါတွေကို ကျမတို့ကနေပြီးတော့ ရှင်းရှင်း လင်းလင်း မြင်ရမယ်။  တပ်မတော်ရဲ့ အခွင့်အရေးတွေကို လျှော့ချချင်လို့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို  လုပ်နေတာမဟုတ်ပါဘူး။ ကျမတို့ရဲ့ တပ်မတော်ကို ဒီမိုကရေစီစနစ်နဲ့ ကိုက်ညီတဲ့ တပ်မတော်ကောင်းတခု၊ မျှမျှတတ တပ်မတော်ကောင်းတခု၊ ပြည်သူက လေးစားချစ်ခင်တဲ့ တပ်မတော်ကောင်းတခု ဖြစ်စေချင်လို့ ကျမတို့အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရမယ်  ဆိုပြီးတော့ တိုက်တွန်းနေတာပါ´´ ဟု ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော် လူထုဟောပြောပွဲတွင် ပြောဆိုခဲ့သည်။

နေပြည်တော် NLD ပါတီဟောပြောပွဲ ခွင့်ပြုချက်မပေးရန် ကန့်ကွက်ခဲ့သူမှာ  သမ္မတရုံးဝန်ကြီးလည်းဖြစ် နေပြည်တော် ကောင်စီ ဥက္ကဋ္ဌလည်း ဖြစ်သူ ဦးသိန်းညွှန့် ဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲကာလ NLD ပါတီကမဲဆွယ် စည်းရုံးရေး ဟောပြောပွဲများ နေရာတောင်းခံရာ အများစုကို နေပြည်တော်ကောင်စီက  ပယ်ချခဲ့ကြောင်း၊  မန္တလေးမြို့မှ နေပြည်တော်သို့ မဲဆွယ်စည်းရုံးရေးအတွက် သယ်ဆောင်လာသော ခွပ်ဒေါင်းရွှေရုပ်ထုကားကိုလည်း နေပြည်တော် ကောင်စီ အမိန့်ဖြင့် ရဲအထပ်ထပ်တား၍ တားဆီးပိတ်ပင်ခဲ့ဖူးကြောင်း NLD  အသိုင်းအ၀ိုင်းထံမှ သိရှိရသည်။

နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ ဦးသိန်းညွှန့်သည် တပ်မတော်တွင် ဗိုလ်မှူးကြီးအဆင့်အထိသာ တာဝန်ထမ်းဆောင်ခဲ့ပြီး အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေနှင့် အလွန်နီးစပ်သူ ဖြစ်ကြောင်း၊ ယခင် စစ်အစိုးရလက်ထက် နေပြည်တော် တည်ဆောက် ရေး စီမံကိန်းများတွင် အဓိက အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့သူဖြစ်ကြောင်း သိရှိရသည်။

ဧရာဝတီသတင်းဌာနက NLD ၏ လူထုဟောပြောပွဲ ခွင့်ပြုမိန့်မပေးရန် ကန့်ကွက်မှုနှင့် ပတ်သက်၍ နေပြည်တော် ကောင်စီရုံးသို့ ဆက်သွယ်မေးမြန်းရာ သီးခြားမှတ်ချက်မပေးနိုင်ဘဲ ကိုယ့်နည်း ကိုယ့်ဟန်ဖြင့်သာ စုံစမ်းစေလိုကြောင်း နေပြည်တော်ကောင်စီရုံးမှ တာဝန်ရှိသူတဦးက ပြောဆိုသည်။

နေပြည်တော် လူထုဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ် (ဓာတ်ပုံ – NLD)

ဧရာဝတီ

အီရန်၏ အကြီးမားဆုံး မောင်းသူမဲ့ လေယာဉ်သစ် ထုတ်ဖော်ပြသ

Photo: အီရန်၏ အကြီးမားဆုံး မောင်းသူမဲ့ လေယာဉ်သစ် ထုတ်ဖော်ပြသ
Wednesday, November 20, 2013

အီရန်အစိုးရက ယင်းလေယာဉ်အသစ်သည် နာရီ(၃၀)ကျော် မနားတမ်း ပျံသန်းနိုင်ပြီး ခရီးရှည် သွားလာနိုင်သည့် အမျိုးအစားဟုလည်း ညွှန်းဆိုထားသည်

အီရန်၏ အကြီးမားဆုံး မောင်းသူမဲ့ လေယာဉ်သစ် ထုတ်ဖော်ပြသ
အီရန်အစိုးရသည် တနင်္လာနေ့က ၎င်းတို့၏ အကြီးမားဆုံး မောင်းသူမဲ့ လေယာဉ်အမျိုးအစားသစ်ကို မိတ်ဆက် ပြသခဲ့ကြောင်း သိရှိရသည်။ အီရန်အစိုးရက ယင်းလေယာဉ်အသစ်သည် နာရီ(၃၀)ကျော် မနားတမ်း ပျံသန်းနိုင်ပြီး ခရီးရှည် သွားလာနိုင်သည့် အမျိုးအစားဟုလည်း ညွှန်းဆိုထားသည်။ အီရန် ကာကွယ်ရေးဝန်ကြီး ဟိုစိန်းဒါဂန်းက Fotrosဟု အမည်ပေးထားသည့် မောင်းသူမဲ့ လေယာဉ်သည် ထောက်လှမ်းရေး အတွက်ရော၊ တိုက်ခိုက်ရေး ကဏ္ဍတွင်ပါ အသုံးဝင်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါ လေယာဉ်သည် ကီလိုမီတာ (၂၀၀၀)ကျော်ထိ ခရီးပေါက်အောင် ပျံသန်းနိုင်မည်ဟုလည်း ဒါဂန်းက မှတ်ချက်ပြုသွားသည်။

အကယ်၍ ဒါဂန်းပြောဆိုသည့် အချက်အလက်များ အမှန်တကယ် ဖြစ်လာပါက အီရန်၏ မောင်းသူမဲ့ လေယာဉ်များသည် ရန်သူတော် အစ္စရေး အပါအဝင် အရှေ့အလယ်ပိုင်း ဒေသတလွှားတွင် စစ်ရေးလှုပ်ရှားမှုများ ဖြန့်ကျက်ထားနိုင်မည် ဖြစ်သည်။ "ဒီမောင်းသူမဲ့ လေယာဉ်ဟာ ထောက်လှမ်းရေး ကိရိယာတွေ တပ်ဆင်နိုင်သလို ဝေဟင်ကနေ မြေပြင်ကို ပစ်ခတ်မယ့် ဒုံးကျည်တွေလည်း ချိတ်ဆက်နိုင်ပါတယ်။ ဒီအတွက် စစ်ဆင်ရေး ကဏ္ဍတွေမှာပါ ကောင်းကောင်း အသုံးချနိုင်မှာပါ"ဟု ၎င်းက IRNAသို့ ပြောဆိုသွားသည်။

Planet Myanmar Network

RangonNewsDaily:: November . 20 .2013
အီရန်အစိုးရက ယင်းလေယာဉ်အသစ်သည် နာရီ(၃၀)ကျော် မနားတမ်း ပျံသန်းနိုင်ပြီး ခရီးရှည် သွားလာနိုင်သည့် အမျိုးအစားဟုလည်း ညွှန်းဆိုထားသည်

လူသားများသည် ကမ္ဘာမြေပေါ်တွင် စတင်ပေါက်ဖွားလာခြင်း မဟုတ်ဟုဆို

Photo: လူသားများသည် ကမ္ဘာမြေပေါ်တွင် စတင်ပေါက်ဖွားလာခြင်း မဟုတ်ဟုဆို
Wednesday, November 20, 2013

မကြာသေးမီ နှစ်အရေအတွက် ထောင်ဂဏန်း၊ သောင်းဂဏန်းခန့်တွင် ကမ္ဘာပေါ်သို့ လူသားများကို ဂြိုဟ်သားများက စတင်ပို့ဆောင်သွားပြီး ကမ္ဘာမြေကို အကျဉ်းစခန်းတစ်ခု အနေဖြင့် သတ်မှတ်ထားခြင်း ဖြစ်နိုင်ကြောင်းလည်း ဒေါက်တာအဲလစ်က ဆိုသည်

လူသားများသည် ကမ္ဘာမြေပေါ်တွင် စတင်ပေါက်ဖွားလာခြင်း မဟုတ်ဟုဆို
အမေရိကန်နိုင်ငံမှ ဂေဟဗေဒ သိပ္ပံပညာရှင် တစ်ဦးက လူသားများသည် ကမ္ဘာဂြိုဟ်တွင် စတင်ပေါ်ပေါက်လာသည့် သက်ရှိများ မဟုတ်ဟု အခိုင်အမာ သုံးသပ်ခဲ့သည်။ ၎င်းရေးသားခဲ့သည့် စာအုပ်အသစ်ထဲတွင် ဒေါက်တာ အဲလစ်ဆေးလ်ဗားက လူသားများသည် ကမ္ဘာပေါ်ရှိ အခြားသော သက်ရှိများကဲ့သို့ ကမ္ဘာ့ပတ်ဝန်းကျင်နှင့် စင်းလုံးချော သဟဇာတ မဖြစ်ကြောင်း ဖော်ပြထားသည်။ ၎င်းက အခြားကမ္ဘာမှ ဉာဏ်ရည် အဆင့်အတန်း မြင့်မားသော ဂြိုဟ်သားများက လူသားမျိုးနွယ် အစကို ကမ္ဘာပေါ် ပို့ဆောင်သွားခဲ့ခြင်းဟု ယုံကြည်လျှက်ရှိသည်။ မကြာသေးမီ နှစ်အရေအတွက် ထောင်ဂဏန်း၊ သောင်းဂဏန်းခန့်တွင် ကမ္ဘာပေါ်သို့ လူသားများကို ဂြိုဟ်သားများက စတင်ပို့ဆောင်သွားပြီး ကမ္ဘာမြေကို အကျဉ်းစခန်းတစ်ခု အနေဖြင့် သတ်မှတ်ထားခြင်း ဖြစ်နိုင်ကြောင်းလည်း ဒေါက်တာအဲလစ်က ဆိုသည်။

လူသားများသည် သဘာဝအရ ရန်လိုကြမ်းကြုတ်တတ်သည့် စိတ်သဘောရှိမှန်း မိမိတို့ဖာသာ သိရှိလာချိန်တွင် အဆိုပါ ကောက်ချက်ကို ပိုခိုင်မာစေကြောင်း ဒေါက်တာအဲလစ်က HUMANS ARE NOT FROM EARTH: A SCIENTIFIC EVALUATION OF THE EVIDENCE စာအုပ်တွင် ရေးသားထားသည်။ ရုပ်ဇီဝ ဖြစ်စဉ်များအရ လူသားများသည် ကမ္ဘာပေါ်ရှိ အခြားသက်ရှိများနှင့် ကွဲပြားသည့် အချို့အားနည်းချက်များကို ဒေါက်တာအဲလစ်က ကိုးကား ထောက်ပြခဲ့ပြီး ကမ္ဘာမြေ၏ သဘာဝ ပတ်ဝန်းကျင်သည် လူသားများနှင့် သဟဇာတ မဖြစ်သော အခြေအနေအချို့ ရှိနိုင်ကြောင်း ထောက်ပြခဲ့သည်။

"လူသားတွေဟာ ကမ္ဘာပေါ်မှာ ဖွံ့ဖြိုးမှုအမြန်ဆုံး သက်ရှိမျိုးနွယ်လို့ ယူဆနိုင်ပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာ အံ့ဩစရာ ဖြစ်နေတာက လူသားတွေရဲ့ ရုပ်ပိုင်းဖွဲ့စည်းမှု အခြေအနေတွေမှာ ကမ္ဘာ့ပတ်ဝန်းကျင်နဲ့ မကိုက်ညီတဲ့ အချက်တွေ ရှိနေတာပါပဲ။ နေရောင်ခြည်နဲ့ ရေရှည်ထိတွေ့တဲ့အခါ ဥပဒ်ဖြစ်တတ်တာမျိုး၊ သဘာဝ အစားအသောက် ရင်းမြစ်တွေကို နှစ်သက်မှု မရှိတာမျိုး၊ နာတာရှည်ရောဂါတွေ ခံစားရဖို့ ဖြစ်နိုင်ခြေက တခြားသက်ရှိတွေထက် သိသိသာသာ မြင့်တက်နေတာမျိုးတွေပေါ့။ နောက်ထပ် အချက်တော်တော်များများ ရှိသေးတယ်"ဟု ဒေါက်တာအဲလစ်က Yahooသို့ ပြောကြားသွားသည်။

၎င်းက လူအများ နောက်ကျော နာကျင်တတ်ခြင်းသည်လည်း အဆိုပါ ကောက်ချက်နှင့် စပ်လျဉ်းသည့် သဲလွန်စကောင်း တစ်ခုအဖြစ် မှတ်ချက်ပေးခဲ့သည်။ "ဒါဟာ ကမ္ဘာမြေ ဆွဲအားနဲ့ သဟဇာတ မဖြစ်တဲ့ အခြေအနေတစ်ခုပါ။ ပြောရရင် မြေဆွဲအား ဒီထက်နိမ့်ကျတဲ့ ဂြိုဟ်တစ်ခုမှာ ကျွန်တော်တို့ စပြီး ဖြစ်တည်လာတယ်လို့ ယူဆသင့်ပါတယ်"ဟု ဒေါက်တာအဲလစ်က ဆိုသည်။ အခြားသော ကမ္ဘာ့သက်ရှိများတွင် အလားတူ ပြဿနာမျိုး လုံးဝမရှိကြောင်းလည်း ဒေါက်တာအဲလစ်က ရှင်းပြခဲ့သည်။

ပုတ်သင်ညို တစ်ကောင်သည် နေပူထဲတွင် တစ်ပတ်၊ နှစ်ပတ်ကြာသည်အထိ ပြဿနာ မရှိဘဲ နေနိုင်သော်လည်း လူသားတစ်ဦးမှာမူ တစ်နေ့လုံး ကြာမြင့်သည်အထိ နေပူထဲ နေမိသည်နှင့် ပြဿနာများစွာ ကြုံလာမည် ဖြစ်သည်။ ဒေါက်တာ အဲလစ်က အိပ်စက်ချိန်တွင်ပင် လူ့ခန္ဓာကိုယ်က မရပ်မနား လှုပ်ရှားလည်ပတ်နေသဖြင့် လူသားများသည် မကြာခဏ နာမကျန်း ဖြစ်ရတတ်ကြောင်း ပြောကြားခဲ့သည်။ ယင်းအချက်ကို အိပ်စက်ခြင်းဆိုင်ရာ သုတေသီများက အတည်ပြုချက် ပေးထားပြီးဖြစ်သည်။ ထို့အပြင် ကမ္ဘာမြေကို မိမိ၏ အိမ်ရာအဖြစ် ခံစား၍မရသည့် လူအများအပြား ရှိနေသည်မှာလည်း စဉ်းစားစရာဟု ၎င်းက ထောက်ပြခဲ့သည်။

ဒေါက်တာ အဲလစ်က "အချက်အလက်တွေက လူတွေဟာ တခြားဂြိုဟ်တစ်ခုမှာ ဖြစ်ထွန်းခဲ့ပြီး တိုးတက်မှုနှုန်း မြန်ဆန်လွန်းတဲ့ သက်ရှိတွေအဖြစ် ညွှန်ပြနေပါတယ်။ ဒီအတွက် အကြောင်းရှာကြည့်တဲ့အခါ ကမ္ဘာဟာ အကျဉ်းထောင်ဂြိုဟ်တစ်ခု ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဟာ သဘာဝကိုက ရန်လို တိုက်ခိုက်တတ်တဲ့ မျိုးနွယ်တွေဖြစ်ပြီး ဒီအတွက် အကျဉ်းစခန်း တစ်ခုမှာ ထားရှိခံရသလိုမျိုး ဖြစ်ပါလိမ့်မယ်။ အဲဒါကို ကျွန်တော်တို့ကိုယ်တိုင် ခံစားသိရှိလာတဲ့ အချိန်တွေထိ ဆိုပါတော့"ဟုလည်း ကောက်ချက်ချသွားသည်။

Planet Myanmar Network

RangonNewsDaily:: November . 20 .2013
မကြာသေးမီ နှစ်အရေအတွက် ထောင်ဂဏန်း၊ သောင်းဂဏန်းခန့်တွင် ကမ္ဘာပေါ်သို့ လူသားများကို ဂြိုဟ်သားများက စတင်ပို့ဆောင်သွားပြီး ကမ္ဘာမြေကို အကျဉ်းစခန်းတစ်ခု အနေဖြင့် သတ်မှတ်ထားခြင်း ဖြစ်နိုင်ကြောင်းလည်း ဒေါက်တာအဲလစ်က ဆိုသည်

Screen နှစ်ခုပါသည့် YotaPhone ကို ဒီဇင်ဘာလတွင် ဖြန့်ချိ ဖွယ်ရှိ

Photo: Screen နှစ်ခုပါသည့် YotaPhone ကို ဒီဇင်ဘာလတွင် ဖြန့်ချိ ဖွယ်ရှိ
Wednesday, November 20, 2013

ရုရှားအခြေစိုက် Yota Device ကုမ္ပဏီက ဖုန်းတစ်ဖက်တစ်ချက်စီတွင် LCD Screen နှင့် eInk display ပါဝင်သည့် YotaPhone ကိုထုတ်လုပ်လျက်ရှိပြီး အဆိုပါဖုန်းကို ခရစ္စမတ်မတိုင်မီ မိတ်ဆက်ပေးဖွယ် ရှိကြောင်းသိရသည်။

YotaPhone ၏ရှေ့ပြေးပုံစံကို CES နှင့် MWC ကဲ့သို့သော ကုန်စည်ပြပွဲကြီးများတွင် အများပြည်သူထံ ပြီးခဲ့သည့်နှစ်ကတည်းက မိတ်ဆက်ပြသခဲ့ပြီး ဖြစ်သည်။ ထို့အပြင် အဆိုပါဖုန်းကို Hi-p ဟုခေါ်သည့် စင်ကာပူကုမ္ပဏီ တစ်ခု၏ အကူအညီဖြင့် စတင်ထုတ်လုပ်လျက်ရှိကြောင်း ရုရှားကုမ္ပဏီမှ ယခုနှစ်အစောပိုင်းက အတည်ပြုပြောကြားခဲ့သည်။ ခရစ္စမတ်မတိုင်မီ ထုတ်လုပ်ရောင်းချမည့် YotaPhone တွင် dual-core 1.7GHz chipset, 2GB RAM အပြင် ၄.၃ လက်မ 720p screen ပါဝင်ပြီး 1800mAh ဘက်ထရီကို အသုံးပြုထားကြောင်းနှင့် တန်ဖိုးမှာ ပေါင် ၅၀၀ ခန့်ကျသင့် မည်ဖြစ်ကြောင်း သိရသည်။

Internet Journal

RangonNewsDaily:: November . 20 .2013
ရုရှားအခြေစိုက် Yota Device ကုမ္ပဏီက ဖုန်းတစ်ဖက်တစ်ချက်စီတွင် LCD Screen နှင့် eInk display ပါဝင်
သည့် YotaPhone ကိုထုတ်လုပ်လျက်ရှိပြီး အဆိုပါဖုန်းကို ခရစ္စမတ်မတိုင်မီ မိတ်ဆက်ပေးဖွယ် ရှိကြောင်းသိ
ရသည်။

ကိုးကြိမ်မြောက် ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ကျင်းပပြီးစီး

Photo: ကိုးကြိမ်မြောက် ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ကျင်းပပြီးစီး
Wednesday, November 20, 2013

ကိုးကြိမ်မြောက် ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို နိုဝင်ဘာလ ၁၄ ရက်တွင် စတင်ကျင်းပြခဲ့ပြီး ၁၈ ရက်အထိ ငါးရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ယခုနှစ် မီးပုံးပျံပွဲတော်တွင် နေ့အရုပ် မီးပုံးပျံ ၄၇ လုံး၊ စိန်နားပန် မီးပုံးပျံ ၂၆ လုံးနှင့် ညမီးကျည် အမျိုးအစား မီးပုံးပျံ ၁၅ လုံး လွှတ်တင်ယှဉ်ပြိုင်ခဲ့ပြီး ညမီးကျည် မီးပုံးပျံတွင် ရှမ်းတောင်သူ အသင်းမှ ပထမ၊ ဒုတိယဆုကို မတ္တရာမြို့နယ် ရွှေဖျဉ်းညီနောင်၊ တတိယဆုကို တရုတ်ညီနောင်များ လွှတ်တင်သည့် နဂါးမီး အသင်းတို့က ရရှိခဲ့သည်။ နေ့အရုပ်အလှ ခြေနှစ်ချောင်း မီးပုံးပျံတွင် ပထမ ရွှေချိုးဖြူ၊ ဒုတိယ တက္ကစီမီး၊ တတိယဆုကို မောင်ဇင်းလင်းနှင့် ကလေးအဖွဲ့မှ လွှတ်တင်သည့် သားသားမီးတို့က ရရှိခဲ့ကြောင်း သိရသည်။

ခြေလေးချောင်း အရုပ်တွင် ပထမဆုကို မြခွာညိုထက်မီး၊ ဒုတိယဆုကို ရပ်ကွက်ကြီး (၁၀) နှင့် တတိယဆုကို ဆေး/သုမှ လွှတ်တင်သည့် ပန်ဒါဝက်ဝံတို့က ရရှိသွားခဲ့သည်။
စိန်နားပန် မီးကျည်အမျိုးအစားတွင် ပထမ သီရိပဒေသာမီး၊ ဒုတိယ ပြည်သာယာမီးနှင့် တတိယဆုကို ရွှေမြန်မာမီးတို့မှ ရရှိခဲ့သည်။

ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံ ပွဲတော်ကို ၂၀၀၅ ခုနှစ်မှ စတင်ကျင်းပ ခဲ့ခြင်းဖြစ်ပြီး တစ်နှစ်ထက်တစ်နှစ် ပါဝင်ယှဉ်လာသည့် မီးပုံးပျံ အရေအတွက် များလာကြောင်း ပွဲကျင်းပရေး ကော်မတီမှ ဦးကျော်ဌေးကိုက ပြောကြားသည်။ ထို့အတူ မီးပုံးပျံပွဲ လာရောက်ဆင်နွှဲသည့် ပရိသတ် ဦးရေမှာလည်း သိန်းနှင့်ချီရှိကာ ယခုနှစ်တွင် ပြင်ဦးလွင်-လားရှိုး လမ်းမတစ်လျှောက်တွင် အချိန်ကြာမြင့်စွာ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့သည်။

ပြင်ဦးလွင်မြို့တွင် တန်ဆောင်တိုင် မီးပုံပျံပွဲ ကျင်းပနေစဉ်
Eleven Media Group
ပြင်ဦးလွင်မြို့တွင် တန်ဆောင်တိုင် မီးပုံပျံပွဲ ကျင်းပနေစဉ်
RangonNewsDaily:: November . 20 .2013
ကိုးကြိမ်မြောက် ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို နိုဝင်ဘာလ ၁၄ ရက်တွင် စတင်ကျင်းပြခဲ့ပြီး ၁၈ ရက်အထိ ငါးရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘင်္ဂလားပင်လယ်အော်ထဲမှာ ၂၀၁၃ ခုနှစ်အတွက် စတုတ္ထမြောက်ဆိုင်ကလုန်း (04B) ဖြစ်ပါပြီ

Photo: ဘင်္ဂလားပင်လယ်အော်ထဲမှာ ၂၀၁၃ ခုနှစ်အတွက် စတုတ္ထမြောက်ဆိုင်ကလုန်း (04B) ဖြစ်ပါပြီ။ ဒေါက်တာထွန်းလွင်
Cyclone news update
20-11-2013
8:07 am

ဘင်္ဂလားပင်လယ်အော်မှာ တစ်နှစ်အနည်းဆုံးဖြစ်ပေါ်တဲ့ မုန်တိုင်းအရေအတွက် ကိုတော့ ပြည့်မီသွားခဲ့ပါပြီ။
(၂၀-၁၁-၂၀၁၃)ရက်နေ့ နံနက်(၆)နာရီခွဲအချိန်တိုင်းတာချက်များအရ ဆိုင်ကလုန်းမုန်တုင်း 04B2013 ဟာ အိန္ဒိယနိုင်ငံ Visakhapatnam မြို့ရဲ့အရှေ့ဖက် (၂၁၅)မိုင်အကွာ ပင်လယ်ပြင်ကိုဗဟိုပြုနေပါတယ်။

ဗဟိုချက်အနီး အများတုံးလေတိုက်နှုန်း တစ်နာရီ မိုင်(၅၀) နဲ့ တစ်ခါတစ်ရန် လေပြင်း တစ်နာရီ (၆၅)မိုင်နှုန်း တိုက်ခတ်နေပါတယ်။
အနောက်ဖက်ကို တစ်နာရီ (၁၀)မိုင်နှုန်းနဲ့ရွေ့နေပြီး (၂၁-၁၁-၂၀၁၃) ရက် (ကြာသပတေးနေ့)ညနေပိုင်းမှာ အိန္ဒိယနိုင်ငံအရှေ့ဖက်ကမ်းခြေကို Visakhapatnam မြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်သွားမယ်လို့ ခန့်မှန်းရပါတယ်။

မုန်တိုင်းရဲ့အရှိန်အဖြစ် မုန်တိုင်းအတွင်းကို တိုးဝင်လာနေတဲ့ တိမ်တန်းတွေ ခွဲဖြာထွက်လာတဲ့တိမ်တန်းတွေဟာ မြန်မာနိုင်ငံအပေါ်ဖြတ်သန်းသွားနေတာကြောင့် ဒေသအချို့(မြစ်ဝကျွန်းပေါ်ဒေသ၊ မြေလတ်ပိုင်းဒေသ၊ အရှေ့ပိုင်းဒေသ)တွေမှာ မိုးအနည်းငယ်ရွာနိုင်ပါတယ်။

ဒေါက်တာထွန်းလွင်
Popular Myanmar News Journal

RangonNewsDaily:: November . 20 .2013
ဘင်္ဂလားပင်လယ်အော်မှာ တစ်နှစ်အနည်းဆုံးဖြစ်ပေါ်တဲ့မုန်တိုင်းအရေအတွက်ကိုတော့ ပြည့်မီသွားခဲ့ပါပြီ။
(၂၀-၁၁-၂၀၁၃)ရက်နေ့ နံနက်(၆)နာရီခွဲအချိန်တိုင်းတာချက်များအရ ဆိုင်ကလုန်းမုန်တုင်း 04B2013 ဟာ အိန္ဒိယနိုင်ငံ Visakhapatnam မြို့ရဲ့အရှေ့ဖက် (၂၁၅)မိုင်အကွာ ပင်လယ်ပြင်ကိုဗဟိုပြုနေပါတယ်။

ပြင်သစ် နိုင်ငံ ပဲရစ် မြို့မှာ ပစ်ခတ်မှု ထပ်မံဖြစ်ပွား

RangonNewsDaily:: November . 20 .2013
ပြင်သစ် နိုင်ငံ ပဲရစ် မြို့မှာ သတင်း သမား တွေကို ၄ ရက် အတွင်း ဒုတိယ အကြိမ် သေနတ်နဲ့ ထပ်မံ တိုက်ခိုက်မှု တခု ဖြစ်ပွား ခဲ့တဲ့ နောက် လက်နက် ကိုင် ရဲတပ်ဖွဲ့တွေကို အဓိက သတင်းစာတိုက် တခု အပြင်မှာ ချထား လိုက်ပြီး ကမ္ဘာကျော် ရှမ်ဇီလေဇီ လမ်းမကြီး အပေါ်မှာ လုံခြုံရေး ရဟတ်ယာဉ် တွေလည်း ဝဲပျံနေပါတယ်။

ကေအိုင်အေဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ရန်ကုန်မြို့ ရှိ ကချင်တိုင်းရင်းသားများနှင့်တွေ့ဆုံ

Photo

RangonNewsDaily:: November . 20 .2013
ကေအိုင်အေဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ
ရန်ကုန်ကချင်ခရစ်ယာန်နှစ်ခြင်းအသင်းတော်တွင်ကချင်တိုင်းရင်းသားများနှင့် တွေ့ ဆုံပြီးငြိမ်းချမ်းရေးအတွက်ဝတ်ပြုဆုတောင်းပွဲကိုနိုဝင်ဘာလ(၁၉)ရက်နေ့ ညနေပိုင်းကကျင်းပပြုလုပ်ခဲ့သည်။

၁၉၉၀ ရွေးကောက်ပွဲဝင်ခဲ့သည့် ပအိုဝ်းပါတီတစ်ခု တရားဝင်မှတ်ပုံတင်ခွင့် ကျပြီ

RangonNewsDaily:: November . 20 .2013
တောင်ကြီး (မဇ္ဈိမ) ။ ။ ၁၉၉၀ ရွေးကောက်ပွဲ ၀င်ခဲ့သည့် ပအိုဝ်းတိုင်းရင်းသား ပါတီ တစ်ခုဖြစ်သော ပြည်ထောင်စု ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (ပ.အ.မ.ဖ) ပါတီ တည်ထောင်ရန် ခွင့်ပြုချက်ရရှိပြီ ဖြစ်ကြောင်း ယင်းပါတီမှ ပြောရေး ဆိုခွင့် ရှိသူ ကိုခွန်စိုးမြင့်က နိုဝင်ဘာ ၁၈ရက်တွင် မဇ္ဈိမကို အတည်ပြုပြောကြားသည်။

သတင်းထောက်တွေရဲ့ ဓာတ်ပုံ ဖျက်ဆီးပြီး ခြိမ်းခြောက်တဲ့အပေါ် ဂျာနယ်လစ်ကွန်ရက် ရှုတ်ချ

RangonNewsDaily:: November . 19 .2013
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် မိုးကြိုးပြင်ရွာတောင်ဘက်မှာ ဆန္ဒပြနေတဲ့ ဒေသခံ

ရွာသားနဲ့လုံထိန်းရဲတပ်ဖွဲ့တွေအကြား ဖြစ်ပွားခဲ့တဲ့ပစ်ခတ်မှုနဲ့ပတ်သက်ပြီးသတင်းသွားယူတဲ့သတင်းထောက်
တွေကို နယ်မြေခံရဲတွေက နိုင်ထက်စီးနင်း စစ်ဆေးပြီး သတင်းဓာတ်ပုံတွေကို ဖျက်ခိုင်းတဲ့အပေါ် မြန်မာ
ဂျာနယ်လစ်ကွန်ရက်အဖွဲ့က ပြစ်တင်ရှုတ်ချလိုက်ပြီး ဒီကိစ္စကို အရေးယူဆောင်ရွက်ပေးဖို့ တောင်းဆိုလိုက်ပါ
တယ်။

လွှတ်တော် ကိုယ်စားလှယ်များအတွက် ဝန်ထမ်းတစ်ဦးစီ ခန့်ခွင့် ဥပဒေကြမ်းတွင် ပါရှိဟုဆို

Photo: လွှတ်တော် ကိုယ်စားလှယ်များအတွက် ဝန်ထမ်းတစ်ဦးစီ ခန့်ခွင့် ဥပဒေကြမ်းတွင် ပါရှိဟုဆို
Tuesday, November 19, 2013

လွှတ်တော် ကိုယ်စားလှယ်များအတွက် ဝန်ထမ်းတစ်ဦးစီ ခန့်အပ်ခွင့်ပြုရန် လွှတ်တော် ကိုယ်စားလှယ်များ ဆိုင်ရာ အခွင့်အရေး ဥပဒေကြမ်းတွင် ထည့်သွင်း ရေးဆွဲထားကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

လွှတ်တော်အတွင်း ဆွေးနွေး မေးမြန်းရာတွင် လိုအပ်သော အထောက်အထားများ ဖြစ်သည့် ဥပဒေများ၊ အစိုးရဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့် အချက်အလက်များကို ရှာဖွေ ရေးသားခြင်း၊ စာစီခြင်း၊ မိတ္တူကူးခြင်းတို့ကို ကိုယ်တိုင် ပြုလုပ်ရသဖြင့် လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်အနေနှင့် ထိထိရောက်ရောက် လုပ်ဆောင်နိုင်ရန် အခက်အခဲ ရှိကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ရှင်းပြသည်။
“တစ်ခုကို အာရုံစိုက်လုပ်နေရင် တခြားဟာတွေမှာ ဝင်ဆွေးနွေးချင်ပေမယ့် မဆွေးနွေးနိုင်ဘူး” ဟု ၎င်းကဆိုသည်။

ဝန်ထမ်း ရွေးချယ် ခန့်အပ်ရာတွင် လွှတ်တော် ကိုယ်စားလှယ်ကိုယ်တိုင် အဆင်သင့်သလို ခန့်အပ်ခွင့် ပြုသင့်ပြီး ဝန်ထမ်းဆိုင်ရာ ပညာအရည်အချင်း သတ်မှတ်ချက်များကို လိုအပ်မှသာ ဥပဒေဖြင့် သတ်မှတ်ပြဋ္ဌာန်း သင့်ကြောင်း ဦးရဲထွန်းက အကြံပြုသည်။

အမေရိကန် ပြည်ထောင်စုတွင်မူ လွှတ်တော် အမတ်တစ်ဦးအတွက် ဝန်ထမ်း ၁၄ ဦးအထိ ခန့်ထားသည်ကို တွေ့ရှိခဲ့ရကြောင်း၊ အချို့ဝန်ထမ်းများကို ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့် လွှတ်တော် ကိုယ်စားလှယ်ဟောင်းများက ရွေးချယ် ခန့်ထားတတ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ရီက ရှင်းပြသည်။

ယင်းလွှတ်တော် ကိုယ်စားလှယ်များဆိုင်ရာ အခွင့်အရေး ဥပဒေကြမ်းကို နောက်ထပ် ခေါ်ယူမည့် လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးမည် ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ဖြည့်စွက် ပြောကြားသည်။

The Voice Weekly

RangonNewsDaily:: November . 19 .2013
လွှတ်တော် ကိုယ်စားလှယ်များအတွက် ဝန်ထမ်းတစ်ဦးစီ ခန့်အပ်ခွင့်ပြုရန် လွှတ်တော် ကိုယ်စားလှယ်များ ဆိုင်ရာ အခွင့်အရေး ဥပဒေကြမ်းတွင် ထည့်သွင်း ရေးဆွဲထားကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လျှက်ရှိသည့် မုန်တိုင်း 04B နှင့် 91W လက်ရှိအခြေအနေ

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လျှက်ရှိသည့် မုန်တိုင်း 04B နှင့်  91W  လက်ရှိအခြေအနေ

kolatt(PBDN): November . 19 .2013

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လျှက်ရှိသည့် မုန်တိုင်း 04B အိန္ဒိယနိုင်ငံ ကမ်းခြေအား ကျော်
ဖြတ်ဝင်ရောက်ပြီးသည့် အချိန်တွင် တောင်တရုတ်ပင်လယ် တောင်ပိုင်းမှ INVEST 91B သည် မလေးရှားနိုင်ငံအား ဖြတ်ကျော်ပြီး ကပ္ပလီပင်လယ်တောင်ပိုင်းသို့ ရောက်ရှိကာ

နိုဝင်ဘာလ ၂၂ ရက်နေ့ ညပိုင်းတွင် မုန်တိုင်းအဆင့်သို့ ရောက်ရှိနိုင်ကြောင်း GFS ကွန်ပျူတာ
မော်ဒယ်ခန့်မှန်းချက်များတွင် တွေ့ရှိရကြောင်း တင်ပြခဲ့ပြီး ဖြစ်ပါသည်။

91W သည် ကပ္ပလီပင်လယ်သို့ ရောက်ရှိပြီးနောက် ပိုမိုအင်အားကောင်းလာကာ ဆိုင်ကလုန်းမုန်
တိုင်းအဆင့်သို့ ရောက်ရှိလာနိုင်ဘွယ်ရှိပြီး၊ ထိုင်းပင်လယ်ကွေ့နှင့် မြန်မာနိုင်ငံ တနင်္သာရီတိုင်း
တောင်ပိုင်းတို့တွင် မိုးသက်လေပြင်းကျရောက်နိုင်ကြောင်း ကွန်ပျူတာခန့်မှန်းချက်(WUND image
)တွင် တွေ့ရှိရပါသဖြင့် မြိတ်ကျွန်းစု၊ ဘုတ်ပြင်းနှင့် ကော့သောင်းဒေသများတွင် ကြိုတင် သတိပြုပြင်
ဆင်နိုင်ကြရန် ကြိုတင် အသိပေးတင်ပြအပ်ပါသည်။

ဆက်လက်စောင့်ကြည့် တင်ပြပေးသွားပါမည်။

MM Weather ::---

RangonNewsDaily:: November . 19 .2013 ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လျှက်ရှိသည့်မုန်တိုင်း04Bအိန္ဒိယနိုင်ငံကမ်းခြေအား ကျော်ဖြတ်ဝင်ရောက်
ပြီးသည့် အချိန်တွင် တောင်တရုတ်ပင်လယ် တောင်ပိုင်းမှ INVEST 91B သည် မလေးရှားနိုင်ငံအား ဖြတ်
ကျော်ပြီး ကပ္ပလီပင်လယ်တောင်ပိုင်းသို့ ရောက်ရှိကာ

"ဆေးလောက အမြင်ကို ပြောပြတဲ့ အဆိုတော် ဖြူဖြူကျော်သိန်း"

Photo: "ဆေးလောက အမြင်ကို ပြောပြတဲ့ အဆိုတော် ဖြူဖြူကျော်သိန်း"
Tuesday, November 19, 2013

တေးသံရှင် ဖြူဖြူကျော်သိန်း က လတ်တလောမှာ တော့ ရှိုးပွဲတွေ များနေ ပါတယ်။ ဆရာဝန် တစ်ဦး လည်းဖြစ်တဲ့ ဖြူုဖြူကျော်သိန်း ကို လက်ရှိ ဆေးလောက အပေါ် အမြင် တချို့ကိုမေးတော့

"အရင်တုန်း ကတော့ ဖြူဖြူ တို့လည်း စဉ်းစားတာပေါ့နော်။ ကိုယ် ခုနစ်နှစ် လောက်တောင် ကျောင်းတက် ပြီးတော့ ဆ/မ မယူခဲ့ရဘူးပေါ့။ ဒါပေမဲ့ အခုဆို ရင့်ကျက်မှု အတိုင်း အတာအရ ပြန် စဉ်းစားမိတာက တခြား နယ်ပယ်မှာ ပရော်ဖက်ရှင်နယ် တစ်ယောက် ၊အနုပညာရှင် အနေနဲ့ ရပ် တည်နေသူ တစ်ယောက် အနေနဲ့ ဆေးခန်းဖွင့် ဖို့ဆိုတာ မလွယ်ကူဘူး ဆိုတာ သိလာတယ်။ တချို့ကျ တော့ လည်း ကိုယ့်ကို အနုပညာအရ အားပေးပြီး ဆေးခန်းကို လာကြတာမျိုး လည်း ဖြစ်နိုင်ရင် တကယ် ကျန်းမာရေး လိုအပ်ချက် ရှိသူတွေအတွက် မလိုလား အပ် တာတွေ ဖြစ်နိုင် တယ်။ အဲဒီတော့ ဖြူဖြူကျော်သိန်း ဆ/မ ရှိတယ် ၊မရှိ ဘူး၊ ဖြူဖြူကျော်သိန်းဆေး ကု ၊မကု ဆိုတာထက် မြန်မာပြည်မှာ သန်း ၆ဝသော ပြည်သူ ပရိသတ်တွေ လူတန်းစေ့ ကျန်းမာရေး စောင့်ရှောက် မှုရနေလား၊ မရနေလား ဆိုတာက အရေးကြီးတယ်။ 

ကျန်းမာရေး ဘတ်ဂျက် က တကယ် အဓိပ္ပာယ်ရှိတဲ့ ရာခိုင်နှုန်း ကို ရောက်နေ လား၊ မရောက်နေလား ဆိုတာ အရေးကြီးတယ်။ အဲဒါတွေ ကို သိလာပြီး နောက် မှာ ဒါတွေ အတွက်ကိုပဲ တစ်ထောင့် တစ်နေရာကနေ လှုံ့ဆော်ပေးတဲ့ ၊ဆော်သြပေးတဲ့၊ မျှဝေပေးတဲ့ သူတစ်ယောက် အနေနဲ့ ပဲ ရပ်တည်ချင်တော့ တယ် ။

ဖြူဖြူ တစ်ယောက်တည်း နဲ့ ပြောင်းလဲသွားမယ် လို့ပြောတာ မဟုတ် ဘူး။ ဖြူဖြူ ထက်ဥာဏ်ကြီးတဲ့၊ နိုင်ငံကို ဦးဆောင်နေကြတဲ့ ၊တရား မျှတစွာနဲ့ ကိုယ်ရဲ့ တိုင်းပြည် ကို ပြောင်းလဲလိုတဲ့ ဆန္ဒ ရှိ တဲ့ ခေါင်းဆောင်တွေ က တွေ့သွား ၊ကြားသွားပြီး မှန်ကန်စွာ ပြုပြင်ပြောင်း လဲပေး လို့ရှိရင် မိဘပြည်သူ ပရိသတ် အတွက် အင်မ တန် ကောင်းတဲ့ အဖြစ်အပျက်တွေ ဖြစ်လာမယ်လို့ ယုံကြည်တယ်။ ဘယ်လိုပဲ တော်တဲ့ သူဖြစ်ဖြစ်လို အပ် တဲ့အထောက်အကူတွေ မရဘူး ဆိုရင် လုပ်နိုင် သလောက် လုပ်ပေးလို့ မရဘူး။ အဲဒီ အခါကျတော့ ဖြူဖြူတို့ ဆီမှာ ရှိကြတဲ့၊ အင်မတန် တော်တဲ့ ဆရာ သမားတွေရဲ့ တော်ခြင်း၊ တတ်ခြင်း ကလည်း ကန့်သတ်ချက် ရှိတယ်။ လူတစ်ယောက် က ဘယ် လောက်တော်နေ တော်နေ သင့်တော်တဲ့ ပတ်ဝန်း ကျင်လည်း ရှိရမယ်။ ဒီမှာ လူတော်တွေ အများကြီး ရှိတယ်။ ဒါပေမဲ့ ပြောရ ရင်တော့ ရေမြင့် မှ ကြာတင့်မယ့် သဘောပါ။ 

အဲဒီတော့ စနစ်ကြီး တစ်ခုလုံး ပြောင်းလဲဖို့ ဆိုတာက မျှတစွာ တကယ့် အပြောင်းအလဲကို လိုအပ်ပြီး လုပ်ပေးနိုင်မယ့် သူတွေ အများကြီး လိုအပ်တယ်။

ဖြူဖြူ တို့ ဆီမှာ လူသန်း ၆ဝ ရှိ တာကိုမှ တကယ်ရှိတဲ့ ဆရာဝန် အရေ အတွက် နဲ့ဆို လူငါးသောင်းကို ဆရာဝန် တစ်ယောက် နှုန်းပဲ ရှိ တယ်။ နိုင် ငံရေးပြစ် ချက်မရှိဘဲ ၊ သူတို့ကြောင့် လူမသေဖူးဘဲ ၊လူနာ တစ်စုံ တစ်ရာ ဒုက္ခမရောက်ဖူးဘဲ Black List ဖြစ်နေတဲ့ ဆရာဝန်တွေ အများကြီး ရှိနေသေး တယ်။ ဟိုနေ့က လွှတ် လိုက်တဲ့ Black List တွေက အကုန် မဟုတ်သေး ဘူး။ အများကြီး ရှိသေးတယ်။ သူတို့ဟာ ပြည်သူ့ ဆေးရုံမှာ အလုပ် လုပ်မနေဘူး ဆိုရင်တော့ ရပ်ကွက်ထဲမှာ ပဲ ဆေးခန်း ဖွင့်ပြီး ထိုင်တာမျိုး၊ လိုက်လံ ဆေးကုသပေးတာ မျိုး အများကြီး လုပ်ပေးလို့ရတယ်။ ဒါပေမဲ့ အဲဒီ ဆ/မ အသိမ်းခံရတယ်၊ Black List အထည့် ခံရတယ် ဆိုတဲ့ အဖြစ် အပျက်တွေ ကြောင့် ပြည်သူတွေဟာ တအား နစ်နာ နေရတယ်။ အဲဒီတော့ ခုလို ပွင့်လင်းမြင်သာတဲ့ ခေတ်မှာ အဲဒါလေးတွေက အစပြောင်း လဲလို့ ရပါပြီ။ ပြောင်းလဲဖို့ သင့်ပါပြီ" လို့ ဆေးလောကနဲ့ ပတ်သက်ပြီး သူ့အမြင် ကိုပြောပါတယ်။

ရဲရဲ