Pages

Monday, November 18, 2013

အစ္စလာမ်သာသနာကို တိရိစ္ဆာန်ဝါဒဟု စော်ကားသည့် ကိစ္စ အစ္စလာမ်အဖွဲ့ကြီးမှ သမ္မတထံ တိုင် စာပို့

RangonNewsDaily:: November . 18 .2013
မြန်မာအစိုးရ၏ ဖိတ်ကြားချက်ဖြင့် တရားဝင်လာရောက်ခဲ့သော အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ေ၇းအဖွဲ့( အိုအိုင်စိ) အား ကန့်ကွက် ဆန္ဒပြသူ အချို့မှ ဆန္ဒပြခြင်းကို အကြောင်းပြုပြီး အစ္စလာမ်သာသနာကို မဟုတ်မမှန် စွပ်စွဲပုတ်ခတ်ကာ စော်ကားရေးသား ပြောဆို ထုတ်ဖော်မှုများပြုခဲ့ကြသည့် အပေါ် တည်ဆဲ တရားဥပဒေများအရ အမြန်ဆုံးအရေးယူပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှာ နိုင်ငံတော် သမ္မတ သို့ လိပ်မူပြီး တိုင်ကြားစာ ပေးပို့ထားကြောင်း သတင်းရရှိသည်။

"ကျောက်ဖြူမြို့ ဗလီအား ဘုန်းကြီးများ ဦးဆောင်၍ ဖျက်ဆီးနေ"

BREAKING NEWS  ရခိုင်သား(နိုဝင်ဘာ|၁၈ရက်)ည ၁၁:၂၀

"ကျောက်ဖြူမြို့ ဗလီအား ဘုန်းကြီးများ ဦးဆောင်၍ ဖျက်ဆီးနေ"


kolatt(PBDN): November . 18 .2013

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှ သန်ပန်ချောင်းရပ်ကွက်ဗလီ နှင့်လူနေအိမ်များအား နိုဝင်ဘာလ ၁၈ ည ၁၀နာရီခန့်တွင် ဘုန်းကြီးများမှ ဦးဆောင်၍ ရခိုင်အကြမ်းသမားနှင့် ပူးပေါင်းဖျက်ဆီးနေကြောင်း သတင်းရရှိပါတယ်။
::
ကျောက်ဖြူမြို့ရှိ မွတ်စ်လင်မ်အများစုမှာ ဇူလှိုင်လလောက်ကတည်းက ဆင်တက်မော် ဒုက္ခသည်စခန်းသို့ ရောက်ရှိနေကြပြီး|လူနည်းစုသာ ကျန်ရှိနေတယ်လို့ပြောပါတယ်။
::
ယခုလက်ရှိအခြေအနေမှာ ကျောက်ဖြူမြို့ရှိ ဖုန်းလိုင်းများအား ဖြတ်တောက်ထားပြီး|ဗလီနှင့် လူနေအိမ်များ ဖျက်ဆီးမီးရှို့နေမှုအား အာဏာပိုင်တွေမှ လုံးဝ အကာအကွယ် မပေးခဲ့ကြောင်းကြားသိရပါတယ်။

Mahar Heroking's::--

BREAKING NEWS ရခိုင်သား(နိုဝင်ဘာ|၁၈ရက်)ည ၁၁:၂၀ RangonNewsDaily:: November . 18 .2013
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှ သန်ပန်ချောင်းရပ်ကွက်ဗလီ နှင့်လူနေအိမ်များအား နိုဝင်ဘာလ ၁၈ ည ၁၀နာရီခန့်တွင် ဘုန်းကြီးများမှ ဦးဆောင်၍ ရခိုင်အကြမ်းသမားနှင့် ပူးပေါင်းဖျက်ဆီးနေကြောင်း သတင်းရရှိပါတယ်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှ သန်ပန်ချောင်းရပ်ကွက်ဗလီ ဖျက်ဆီးခံနေရပြီ

RangonNewsDaily:: November . 18 .2013
နိုဝင်ဘာလ ၁၈ ည ၉း ၃၀ နာရီ
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ သန်ပန်ချောင်းရပ်ကွက်၊ ကမ်းနားလမ်းရှိ ဂျာမေဗလီအား OIC အဖွဲ့လာရောက်သော ကိစ္စကို မကျေနပ်၍ဟု အကြောင်းပြကာ ယခု ည ၈ နာရီခန့်မှ စတင်ကာ ရခိုင်အကြမ်းဖက်များမှ ၀ိုင်းဝန်းဖြိုဖျက်နေကြောင်း၊ ၄င်းအကြမ်းဖက်သမားလူအုပ်မှာ OIC အား ဆန္ဒပြရန် အကြောင်းပြကာ တောဖက်မှမော်တော်ဘုတ်ဖြင့် တက်လာသော အဖွဲ့များဟု သိရကာ ယနေ့ညတွင် သန်ပန်ချောင်းဂျာမေဗလီအား ဖျက်ဆီးကြခြင်းဟု တိုက်ရိုက် ဖုံးသတင်း ရရှိနေပါသည်။

အီလန်မြန်မာ အထည်ချုပ်အလုပ်သမားများ လစာညှိနှိုင်းရာမှ အလုပ်သမားခေါင်းဆောင်များ အလုပ်ထုတ်ခံရ

RangonNewsDaily:: November . 18 .2013
ရွှေပြည်သာမြို့နယ်၊ အီလန်မြန်မာ အထည်ချုပ်စက်ရုံ အခြေခံလစာတိုးမြှင့်ရန် နိုဝင်ဘာလ ၁၈ ရက်တွင် အလုပ်ရှင်နှင့် ညှိနှိုင်းရာတွင် ညှိနှိုင်းမှုမရရှိဘဲ အလုပ်သမား ၆ ဦးကို အလုပ်ထုတ်ခဲ့ကြောင်း စက်ရုံ အလုပ်

သမားသမဂ္ဂ ဥက္ကဌ ဦးမျိုးမင်းမင်းကမဇ္ဈိမကို ပြောကြားသည်။အီလန်မြန်မာ အထည်ချုပ်စက်ရုံ အခြေခံလစာ
တိုးမြှင့်ရန်အတွက် အလုပ်သမား ၇၀၀ ခန့် နိုဝင်ဘာ ၁၂ ရက် နံနက်ပိုင်းက ဆန္ဒပြခဲ့ပြီးနောက် နိုဝင်ဘာလ ၁၈ရက်တွင် ညှိနှိုင်းပေးမည်ဟု ကတိပေးခဲ့သည့်အတွက် အလုပ်သမားများဖက်မှ ဆန္ဒပြခြင်းကို ရပ်ဆိုင်းခဲ့
သည်။

အိန္ဒိယရေတပ်ဂုဏ်ဆောင် ဖြစ်လာမည့် လေယာဉ်တင် သင်္ဘောကြီးကို ရုရှားလွှဲအပ်

အိန္ဒိယရေတပ်ဂုဏ်ဆောင် ဖြစ်လာမည့် လေယာဉ်တင် သင်္ဘောကြီးကို ရုရှားလွှဲအပ်


kolatt(PBDN): November . 18 .2013

အဆင့်မြင့် လက်နက်စနစ်များ မွမ်းမံဖြည့်တင်းထားပြီး တန်ချိန် (၄၄၅၀၀) အလေးချိန်ရှိသော Vikramaditya သင်္ဘောကြီးကို ရုရှားနိုင်ငံ၊ဆီဗီရော့ဗစ့်ခ်ရှိ သင်္ဘောကျင်းတွင် အိန္ဒိယ ရေတပ်မတော်က လက်လွှဲယူခဲ့သည်။
::
အိန္ဒိယ ရေတပ်မတော်အတွက် ဂုဏ်ဆောင်သင်္ဘောကြီး ဖြစ်လာမည့် လေယာဉ်တင် သင်္ဘောကြီးကို ရုရှားနိုင်ငံက လွှဲအပ်ပေးလိုက်ပြီ ဖြစ်သည်။ အဆင့်မြင့် လက်နက်စနစ်များ မွမ်းမံဖြည့်တင်းထားပြီး တန်ချိန် (၄၄၅၀၀) အလေးချိန်ရှိသော Vikramaditya သင်္ဘောကြီးကို ရုရှားနိုင်ငံ၊ ဆီဗီရော့ဗစ့်ခ်ရှိ သင်္ဘောကျင်းတွင် အိန္ဒိယ ရေတပ်မတော်က လက်လွှဲယူခဲ့သည်။ 

အဆိုပါ သင်္ဘောကြီးကို မွမ်းမံအဆင့်မြှင့်မှုများ ပြုလုပ်ရန် အိန္ဒိယ ရေတပ်က ဒေါ်လာ (၂.၃)ဘီလျံထိ အကုန်အကျခံခဲ့သည်။ 
::
ယခင် ဆိုဗီယက် ရေတပ်၏ Kievအဆင့် သတ်မှတ်သော သင်္ဘောကြီးကို ပြင်ဆင်ထိန်းသိမ်းမှုစရိတ် များပြားလွန်းခြင်းကြောင့် (၁၉၉၆)ခုနှစ်တွင် တာဝန်မှ ရပ်စဲခဲ့သည်။ ယင်းကို အိန္ဒိယ ရေတပ်က နှစ်ပေါင်းအတန်ကြာ ဈေးနှုန်းညှိနှိုင်းပြီးနောက် အပြီးသတ် ဝယ်ယူဖြစ်ခဲ့သည်။

မွမ်းမံအဆင့်မြှင့်မှုများ ပြုလုပ်ပြီးနောက် နိုဝင်ဘာလ (၁၆)ရက်နေ့တွင်မူ အိန္ဒိယ ရေတပ်အတွက် တာဝန်ထမ်းရွက်ရန် အဆင်သင့် အခြေအနေ ဖြစ်လာသည်။ 
::
Vikramadityaပေါ်တွင် လေကြောင်းချီ စစ်ရေးလေ့ကျင့်မှုများကို စက်တင်ဘာလ ကတည်းက အိန္ဒိယက စမ်းသပ်လုပ်ဆောင်ထားခဲ့သည်။ 

Vikramdityaကို ရရှိလာခြင်းကြောင့် အိန္ဒိယ၏ ရေတပ်စုဖွဲ့မှုသည် ဒေသတွင်း ပြိုင်ဘက်များပေါ် သိသိသာသာ အသာစီးရယူလာနိုင်သည့် သဘောမျိုး ဖြစ်လာခဲ့သည်။ ယခုသင်္ဘောကြီးကို ဆိုဗီယက် ရေတပ်တွင် Bakuဟု အမည်ပေးခဲ့သည်။ 
::
Vikramadityaမှာမူ နေမင်းကဲ့သို့ ရဲရင့်ခြင်းဟု အဓိပ္ပါယ်ရကြောင်း သိရသည်။ ယင်းသည် ဘီစီ(၁)ရာစုက အိန္ဒိယဘုရင်တစ်ပါး၏ အမည်လည်းဖြစ်သည်။ ထိုသင်္ဘောကြီးသည် MiG-29 တိုက်လေယာဉ် (၁၆)စင်းနှင့် Ka-27၊ Ka-31 အမျိုးအစား ရဟတ်ယာဉ် (၁၀)စင်းထိ တင်ဆောင်နိုင်မည်ဟု ဆိုသည်။ 

အမှုထမ်း အရေအတွက်မှာ (၁၆၀၀)ထိ ရှိမည်ဖြစ်သည်။ 
::
အိန္ဒိယ ရေတပ်တွင် လက်ရှိတာဝန်ထမ်းဆောင်နေသည့် Centaur အဆင့် အခြား လေယာဉ်တင်သင်္ဘော တစ်စင်းလည်း ရှိနေပြီး Viraatဟု အမည်ပေးထားကြောင်း သိရှိရသည်။

Planet Myanmar Network::--


See More News: (www.rangonnewsdaily.blogspot.com)

RangonNewsDaily:: November . 18 .2013 အဆင့်မြင့် လက်နက်စနစ်များ မွမ်းမံဖြည့်တင်းထားပြီး တန်ချိန် (၄၄၅၀၀) အလေးချိန်ရှိသော Vikramaditya သင်္ဘောကြီးကို ရုရှားနိုင်ငံ၊ဆီဗီရော့ဗစ့်ခ်ရှိ သင်္ဘောကျင်းတွင် အိန္ဒိယ ရေတပ်မတော်က လက်လွှဲယူခဲ့သည်။

မင်္ဂလာဒုံမြို့နယ်တွင် ဘုရားစင် မီးပှုဇော်ရာမှ မီးလောင်မှုဖြစ်

မင်္ဂလာဒုံမြို့နယ်တွင် ဘုရားစင် မီးပှုဇော်ရာမှ မီးလောင်မှုဖြစ်


kolatt(PBDN): November . 18 .2013

၁၈.၁၁.၂၀၁၃ရက်နေ့ ၀၉၀၅အချိန် မင်္ဂလာဒုံမြို့နယ်၊ ပလရရပ်ကွက်၊ရေကြည်အိုင်၊ သစ္စာ(၁)လမ်း
ရှိ တင်မောင်စိုး၏နေအိမ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပါသည်။ အဆိုပါမီးလောင်မှုအား သက်ဆိုင်ရာ
တာဝန်ရှိသူများမှ သွားရောက်စစ်ဆေးရာ

နေအိမ်ရှိဘုရားစင်တွင် မီးပူဇော်ထားသည့် မီးလုံးမှဝါယာရှော့ဖြစ်ကာ မီးလောင်ခဲ့ခြင်းဖြစ်ပြီး ပတ်
ဝန်ကျင်နေသူများမှဝိုင်းဝန်းငြိမ်းသတ်ခဲ့သဖြင့်၀၉၁၀အချိန်တွင်မီးငြိမ်းသွားခဲ့ကာ မီးလောင်မှုကြောင့်
တန်ဘိုးငွေကျပ်(၁၀၀၀၀)ခန့်ဆုံးရှုံးခဲ့၍ မီးကိုပေါ့ဆစွာ အသုံးပြုသူ တင်မောင်စိုးအား မင်္ဂလာဒုံမြို့မ
ရဲစခန်း(ပ)၇၂၂/၂၀၁၃၊ ပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်းသတင်းရရှိ
ပါသည်။

Yangon Police ::--


See More News: (www.rangonnewsdaily.blogspot.com)

RangonNewsDaily:: November . 18 .2013 ၁၈.၁၁.၂၀၁၃ရက်နေ့ ၀၉၀၅အချိန် မင်္ဂလာဒုံမြို့နယ်၊ ပလရရပ်ကွက်၊ရေကြည်အိုင်၊ သစ္စာ(၁)လမ်း
ရှိ တင်မောင်စိုး၏နေအိမ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပါသည်။ အဆိုပါမီးလောင်မှုအား သက်ဆိုင်ရာ
တာဝန်ရှိသူများမှ သွားရောက်စစ်ဆေးရာ

Anroid ရဲ့နောက်ဆုံးပေါ်မျိုးဆက်သစ် Kitkat မှာပါဝင်တဲ့ Themes Kitkat Metro Theme 6 in 1 v4 For Android

Photo: Kitkat Metro Theme 6 in 1 v4

==========================================

Go Launcher, Apex launcher + lockscreen,HD Themeေ တွေပါဝင်တဲ့ Kitkat Theme 6in1လေးပါ။
မိမိဖုန်းကို Styleအမျိုးမျိုးပြောင်းလဲအသုံးပြုချင်သူတွေအတွက် အောက်မှာဒေါင်းယူအသုံးပြုနိုင်ပါ
တယ်။အောက်ပါ Laucherတွေနဲ့တွဲဖက်အသုံးပြုနိုင်ပါတယ်။
Go Launcher EX
Nova Launcher
Apex Launcher
ADW Launcher Ex
ADWLauncher Free
Holo Launcher free
Hololauncher pro
Hololauncher HD
Nemus Launcher
Smart Launcher
Espier Launcher
Go Launcher HD tablet (only icons)
Launcher Pro
NEMUSLaunche


Features တွေကတော့

New streep Folder!
Jellybean concept system icons!
Wallpaper HD pack included
ADW Theme support
Apex Theme support
Launcher Pro theme (only icons)
Support for Desktop Visualizer
Support for Folder Organizer


post by ::wai yan
လိုချင်သူများဒေါင်းလုတ်လုပ်နိုင်ပါပြီးး

http://www13.zippyshare.com/v/7633378/file.html

RangonNewsDaily:: November . 18 .2013
ကဲသူငယ်ချင်းတို့ရေ ကျွန်တော်တို့ Android နောက်ဆုံးပေါ် KitKat Version  လေးကို မသုံးနိုင်သေးလဲအား
ငယ်စရာမလိုပါ။KitKat Version မှာပါတဲ့ Themes လေးတွေနဲ့ လန်းအောင်ပြင်ကြတာပေါ့ဗျာ။

Google Play သုံးတဲ့အခါ… Loading ကြာနေပါတယ်ဆိုတဲ့ Gplay Apk For Anroid

Photo: Google Play  သုံးတဲ့အခါ… Loading ကြာနေရင် ဒီ APK လေးကိုသုံးကြည့်ပါ။

Internet Line ကလဲကျနေတဲ့အချိန်..Google Play ကိုဝင်တော့လဲ.. Loading ကနေဆက်မတက်…
အဲလိုအချိန်မျိုးမှာ.. အခုပေးမယ့်.. APK လေးကို..ကိုယ့်စက်ထဲမှာ..Install လုပ်ထားပြီး..Google Play.. အစားသုံးနိုင်တာပေါ့..APK size.. ကလည်း..သိပ်မရှိပါဘူး..  943.83KB  ပဲရှိတယ်။
ဒီ APK ကို  Install လုပ်ချင်ရင်တော့.. Android Version 2.1 နှင့်အထက်ဆိုသုံးလို့ရပါတယ်…

Screenshot လေးလဲတင်ပေးထားပါတယ်… သူ့ရဲ့ Interface ကလဲ..ရှုပ်ရှပ်ခက်မနေဘဲနဲ့..ရိုးရိုးရှင်းရှင်းလေးပါပဲ… Install လုပ်ပြီးသွားလို့..ဖွင့်ကြည့်လိုက်ရင်..
Google Play Store , Game & Application  နဲ့ Android Forum တို့ဆိုပြီးတော့..ပါပါတယ်..

Google Play Store ကိုဝင်လိုက်ရင်တော့..  Home Page ကိုတန်းရောက်သွားပြီးတော့
အလယ်က.. Game&Application ကိုဝင်ကြည့်ရင်တော့..  လူကြိုက်အများဆုံး.. Games နဲ့ Applications (၈)ခုစာရင်းကိုဖော်ပြပေးပါတယ်…
တစ်ခုချင်းစီ… ဝင်ကြည့်လို့ရပါတယ်.. ကဲဘော်ဒါတို့.. စမ်းသုံးကြည့်ချင်တယ်ဆိုရင်တော့..အောက်မှာယူသွားကြပါ။…  ကျေးဇူးအများကြီးတင်ပါတယ်း..  :D

Posted by: Aye Chan Lwin Htike

download here

http://www.mediafire.com/download/xmrdc22fjmebjr0/GplayEX%7BAUNGZAYLATT%7D.apk

RangonNewsDaily:: November . 18 .2013
Google Play သုံးတဲ့အခါ… Loading ကြာနေရင် ဒီ APK လေးကိုသုံးကြည့်ပါ။
Internet Line ကလဲကျနေတဲ့အချိန်..Google Play ကိုဝင်တော့လဲ.. Loading ကနေဆက်မတက်…
အဲလိုအချိန်မျိုးမှာ.. အခုပေးမယ့်.. APK လေးကို..ကိုယ့်စက်ထဲမှာ..Install လုပ်ထားပြီး..Google Play.. အစားသုံးနိုင်တာပေါ့..APK size.. ကလည်း..သိပ်မရှိပါဘူး.. 943.83KB ပဲရှိတယ်။

android phone တွေအတွက် screen shoot ရိုက်တဲ့ဆော့ဝဲ Screen Shot Apk For Android

android phone တွေအတွက် screen shoot ရိုက်တဲ့ဆော့ဝဲလေးပါ ဖုန်းကို shake လုပ်လိုက်တာနဲ့ ရိုက်ပေးမှာဖြစ်ပါတယ် root လုပ်ထားဖို့တော့လိုတယ်ဗျhttp://www.mediafire.com/download/bya0k1f2zt0e2uu/screenshot.apk

RangonNewsDaily:: November . 18 .2013
android phone တွေအတွက် screen shoot ရိုက်တဲ့ဆော့ဝဲလေးကိုမျှဝေပေးလိုက်ပါတယ်ခင်ဗျာ။

ရွှေမှုံရတီ ယခုနှစ်တက္ကသိုလ်ဝင်တန်းဖြေဆိုမည်

ရွှေမှုံရတီ ယခုနှစ်တက္ကသိုလ်ဝင်တန်းဖြေဆိုမည်
Monday, November 18, 2013

“မျက်လုံးလေး ကလယ်ကလယ်” ဇာတ်ကားဖြင့် ထင်ရှားခဲ့သူရွှေမှုံရတီသည် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်တန်းကို ၀င်ရောက်ဖြေဆိုမည်ဖြစ်သည်။ သူမသည် အ.ထ.က(၃) တာမွေတွင် ပညာသင်ကြားလျက်ရှိပြီး စီးပွားရေးဘာသာအဓိကယူထားသူဖြစ်သည်။

“သမီးက ဒီနှစ်မှစဖြေမှာပါ။ ဆရာအိမ်ခေါ်သင်ထားပါတယ်။ စာကိုပဲ ဖိလုပ်လိုက်မယ်ဆိုရင်တော့ အောင်မယ်လို့ ထင်ပါတယ်။ ဂုဏ်ထူးလည်း ကံကောင်းရင်တော့ ပါမှာပေါ့နော်”ဟု ပြောသည်။

၎င်းသည်အနုပညာများကို ယခုနှစ်ဒီဇင်ဘာလအထိ လုပ်ဆောင်သွားမည်ဖြစ်သည်။လက်ရှိတွင် ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) ရိုက်ကူးသည့် ဇာတ်ကားတွင်မင်းသားနေမင်းနှင့် အတူပါဝင်ထားသည်။

Mizzima - News in Burmese

RangonNewsDaily:: November . 18 .2013 “မျက်လုံးလေး ကလယ်ကလယ်” ဇာတ်ကားဖြင့် ထင်ရှားခဲ့သူရွှေမှုံရတီသည် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်တန်းကို ၀င်ရောက်ဖြေဆိုမည်ဖြစ်သည်။ သူမသည် အ.ထ.က(၃) တာမွေတွင် ပညာသင်ကြားလျက်ရှိပြီး စီးပွားရေးဘာသာအဓိကယူထားသူဖြစ်သည်။

အာဏာရှင် ဦးနေ၀င်း ရဲ့  မြေး ကျော်နေ၀င်း တို့  ညီအကို နယ်စည်မခြား အမျိုး ၊ ဘာသာ ၊ သာသနာ စောင့်ရှောက် သူများ အဖွဲ့  ဖွဲ့  မည်

RangonNewsDaily:: November . 18 .2013
မကြာ သေးခင် က မှ အကျဉ်းထောင် က နေ ပြန် လွှတ်လာ တဲ့ အာဏာရှင် ဦးနေ၀င်း ရဲ့  မြေး တွေ က နည်း စည်း မခြား အမျိုး ဘာသာ သာသနာ စောင့် ရှောက် သူများ ဆို တဲ့ အဖွဲ့  ကို ဖွဲ့  စည်း ကာ မြန်မာ နိုင်ငံ တွင်း မှာ သာ မက ဒေသ တွင်း နဲ့  နိုင်ငံ တကာ ရောက် ဗုဒ္ဓ ဘာသာ ၀င် ကို ကာကွယ် စောင့်ရှောက် မှု လုပ် ငန်း တွေ ကို လုပ်မယ် လို့  FNG က သတင်း ရရှိ ပါတယ်။

ဒီချုပ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ လုထုဆန္ဒရယူပွဲ နေပြည်တော်တွင် ယနေ့မနက်ပိုင်းကကျင်းပပြုလုပ်

Photo

RangonNewsDaily:: November . 18 .2013
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး လုထုဆန္ဒရယူပွဲ အခမ်းအနားကို နံနက် ၈ နာရီ ၃၀ မိနစ်က နေပြည်တော်တွင်ကျင်းပရာ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်
သည်။

ရန်ကုန်လေဆိပ် ပြည်တွင်းခရီးသည် ဆိုက်ရောက်ထွက်ခွာဆောင် ဖြိုချ၍ အသစ်တည်ဆောက်နေစဉ် ဂုဏ်ပြုခန်းမဆောင်အား ပြည်တွင်းခရီးစဉ် နားနေဆောင်အဖြစ် အသုံးပြုမည်

RangonNewsDaily:: November . 18 .2013
ရန်ကုန်လေဆိပ် ပြည်တွင်းခရီးသည်ဆိုက်ရောက်ထွက်ခွာဆောင်ကို ဖြိုချ၍ အသစ်တည်ဆောက်နေစဉ် ရန်

ကုန်လေဆိပ်ဂုဏ်ပြုခန်းမဆောင်အား ပြည်တွင်းခရီးစဉ်နားနေဆောင်အဖြစ်အသုံးပြု သွားမည်ဖြစ်ကြောင်း
လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှသတင်းရရှိသည်။"ရန်ကုန်လေဆိပ် ပြည်တွင်းဘက် အခြမ်း
ကို ဖြိုချပြီးအသစ်ပြန်လည်တည်ဆောက်မှာ ဖြစ်တဲ့အတွက် ပြည်တွင်းခရီးစဉ်တွေမှာဝန်ဆောင်မှု ပေးနိုင်
အောင် ရန်ကုန်လေဆိပ် ဂုဏ်ပြုခန်းမဆောင်ကိုအသုံးပြု သွားမှာပါ"ဟု လေကြောင်းပို့ဆောင်ရေးညွှန်ကြား
မှု ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းကပာကြားသည်။

ရန်ကုန်မြို့ရှိ ဈေးအချို့၏ အပြင်ဘက်ပေ ၃၀၀ အတွင်း ရောင်းချသော လမ်းဘေးဈေးသည်များကို ဈေးအတွင်း နေရာပေး၍ အခမဲ့ ရောင်းချခွင့်ပြုမည်

Photo: ရန်ကုန်မြို့ရှိ ဈေးအချို့၏ အပြင်ဘက်ပေ ၃၀၀ အတွင်း ရောင်းချသော လမ်းဘေးဈေးသည်များကို ဈေးအတွင်း နေရာပေး၍ အခမဲ့ ရောင်းချခွင့်ပြုမည်
Monday, November 18, 2013

ရန်ကုန်မြို့ရှိ ဈေးအချို့၏ အပြင်ဘက် ပေ ၃၀၀ အတွင်း ရောင်းချနေသော လမ်းဘေးဈေးသည်များကို ဈေးအတွင်း နေရာပေး၍ အခမဲ့ ရောင်းချခွင့်ပြုရန် စီစဉ်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ဈေးများဌာနမှ သိရသည်။

"ဈေးအပြင်ဘက်က ပေ ၃၀၀ အတွင်းမှာ ရောင်းချတဲ့ လမ်းဘေးဈးသည်တွေကို စနစ်တကျ ဈေးထဲမှာ ရောင်းဖို့နေရာပေးမယ်။ ဈေးအချို့မှာ ရေ၀ပ်နေတဲ့ နေရာလွတ်တွေ ရှိတယ်။ အဲဒီနေရာတွေမှာ မြေဖို့ပြီး လုပ်ပေးမှာ။ လောလောဆယ် ကွန်ကရစ်ခင်းပေးပြီး သူတို့အမိုးတွေနဲ့ သူတို့ရောင်းရမှာ ဖြစ်ပါတယ်။ ဆိုင်ခွန် မကောက်ပါဘူး။ အခမဲ့ပါ။ ဒါပေမဲ့ မိုးတွင်းရောက်လာလို့ ဒီနေရာမှာ ဈေးရောင်းချတဲ့သူ ၅၀ ရာခိုင်နှုန်းလောက် ရှိရင်တော့ အမိုးလုပ်ပေးမယ်။ အဲဒီအတွက် အခွန်တော့ ကောက်မယ်" ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဈေးများဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ယင်းသို့ ရောင်းချခွင့်ရရန် ပြုလုပ်ပေးမည့် ဈေးများမှာ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်ရှိ ဒဂုံရွှေပြည်ဈေး၊ ရွာသာကြီး လေးထောင့်ကန်ဈေး၊ သာကေတ (၁) ဈေးနှင့် (၂)ဈေး စသည်တို့တွင် ပြုလုပ်ပေးမည်ဖြစ်ပြီး ရွှေပြည်သာမြို့နယ်ရှိ ယုဝတီ ပန်းခြံဈေးကိုလည်း ဈေးသည် ၁၀၀ ကျော်၏ တောင်းဆိုမှုဖြင့် ဈေးရုံဆောက်ပေးရန် စီစဉ်နေကြောင်း သိရသည်။

ယင်းသို့ ရောင်းချခွင့်ပေးရာတွင် ဈေးပြင်ပ ပေ ၃၀၀ အတွင်းရှိ လမ်းဘေးဈေးသည်များ စာရင်းကို ကောက်ယူ၍ နေရာပေးမည်ဖြစ်ကြောင်း၊ ဈေးရောင်းချခွင့်ပေးမည့် နေရာအား ဈေးသည်မှ ပိုင်ဆိုင်မည် မဟုတ်ဘဲ စည်ပင်ကသာ ပိုင်ဆိုင်မည်ဖြစ်ကြောင်း၊ ဈေးရောင်းချ နေရာမှ အကြောင်းကြောင်းကြောင့် ရောင်းချလိုခြင်း မရှိတော့ပါက အခြားသူတစ်ဦးအား ရောင်းချခွင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်ရှိ ဒဂုံရွှေပြည်ဈေးတွင် လမ်းဘေးဈေးသည်များအတွက် ဈေးရောင်းချခွင့် ပေးမည့်နေရာအား မြေဖို့ခြင်းများကို ယခုဘဏ္ဍာရေးနှစ်အတွင်း အပြီးပြုလုပ်ရန်သွားရန် လျာထားသည်ဟု သိရသည်။

Eleven Media Group 

ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်ရှိ ဒဂုံရွှေပြည်ဈေးအတွင်း လမ်းဘေးဈေးသည်များ ရောင်းချနိုင်ခွင့်ပေးမည့် နေရာအား မြေဖို့ခြင်း ပြုလုပ်နေမှုကို တွေ့ရစဉ်
ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်ရှိ ဒဂုံရွှေပြည်ဈေးအတွင်း လမ်းဘေးဈေးသည်များ ရောင်းချနိုင်ခွင့်ပေးမည့် နေရာအား မြေဖို့ခြင်း ပြုလုပ်နေမှုကို တွေ့ရစဉ်
RangonNewsDaily:: November . 18 .2013
ရန်ကုန်မြို့ရှိ ဈေးအချို့၏ အပြင်ဘက် ပေ ၃၀၀ အတွင်း ရောင်းချနေသော လမ်းဘေးဈေးသည်များကို ဈေးအတွင်း နေရာပေး၍ အခမဲ့ ရောင်းချခွင့်ပြုရန် စီစဉ်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ဈေးများဌာနမှ သိရသည်။

ပြည်တွင်းလေဆိပ်များကို ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့် ပြုတော့မည်

Photo: ပြည်တွင်းလေဆိပ်များကို ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့် ပြုတော့မည်
Monday, November 18, 2013

မြန်မာနိုင်ငံတွင် ၀င်ထွက်အသုံးပြုလျက်ရှိသည့် ပြည်တွင်းလေဆိပ်များကို ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့် ပြုပေးသွားမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်း၏ ပြောကြားချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် ပြည်တွင်းလေဆိပ် စုစုပေါင်း ၆၉ ခုရှိပြီး ယင်းလေဆိပ်များတွင် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး မြို့တော်ဖြစ်သည့် နေပြည်တော်ရှိ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ မြန်မာနိုင်ငံသို့ လာရောက်သည့် နိုင်ငံတကာမှ ခရီးသွားများအတွက် အဓိက ၀င်ပေါက်ဖြစ်သည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဒုတိယမြောက် အဓိက ၀င်ပေါက်ဖြစ်သည့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့ အပါအ၀င် လက်ရှိခရီးသည်များ ၀င်ထွက်အသုံးပြုနေသည့် လေဆိပ်မှာ ၃၂ ခုခန့်သာ ရှိသည်ဟု သိရသည်။

ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့် ပြုသွားမည့် ပြည်တွင်းလေဆိပ်များမှာ လက်ရှိခရီးသည်များ ၀င်ထွက်အသုံးပြုနေသည့် လေဆိပ် ၃၂ ခုဖြစ်ကြောင်း သိရသည်။

"နိုင်ငံတကာ လေဆိပ်သစ် တည်ဆောက်ရာမှာ ပုဂ္ဂလိက အခန်းကဏ္ဍ ပါဝင်အောင် ဖိတ်ခေါ်တည်ဆောက် သွားသလိုမျိုးပဲ လက်ရှိပြည်တွင်းမှာ အသုံးပြုနေတဲ့ လေဆိပ်တွေကိုလည်း ပုဂ္ဂလိကကို လွှဲပြောင်းလုပ်ကိုင်ခွင့် ပေးသွားဖို့ ရှိပါတယ်။ အဓိကကတော့ Service ပိုင်းမှာ ပိုကောင်းလာပြီး ဈေးကွက်လိုအပ်ချက်ကို အဆင့်မီမီ ဖြည့်ဆည်းပေးနိုင်တဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်သွားမှာပါ။ မကြာခင် နိုင်ငံပိုင် သတင်းစာကနေ ကြေညာပြီး ဖိတ်ခေါ်သွားမှာပါ" ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြုလျက်ရှိသည့် ပြည်တွင်းလေဆိပ် ၃၂ ခုအနက် ဟဲဟိုးလေဆိပ်မှာ ပြည်တွင်းပြည်ပ ခရီးသည် ၀င်ထွက်မှု အများဆုံးဖြစ်ပြီး ဒုတိယ ပုဂံညောင်ဦး လေဆိပ်နှင့် တတိယမှာ တာချီလိတ် လေဆိပ်တို့ဖြစ်သည်။

ပြည်တွင်းပြည်ပ ခရီးသည် ၀င်ထွက်မှု အများဆုံးဖြစ်သည့် ဟဲဟိုးလေဆိပ်သည် ၂၀၁၂ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ခရီးသည် သုံးသိန်းခုနစ်သောင်းကျော် ၀င်ထွက်မှု ရှိခဲ့သည်။ လေကြောင်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှု ဦးစီးဌာန အနေဖြင့် ပြည်တွင်းလေဆိပ်များကို တိုးချဲ့တည်ဆောက်ခြင်း၊ အဆင့်မြှင့်တင် တည်ဆောက်ခြင်း လုပ်ငန်းများအား ပြည်တွင်းပြည်ပ ခရီးသည် ၀င်ရောက်မှုပေါ် မူတည်၍ ဦးစားပေး ရွေးချယ်လုပ်ကိုင်လျက် ရှိသည်။

လာမည့် ၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ညောင်ဦး၊ မြိတ်၊ တာချီလိတ်နှင့် မြစ်ကြီးနား လေဆိပ်များ၏ ခရီးသည် အဆောက်အအုံများကို တိုးချဲ့သွားမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

Eleven Media Group 

မြစ်ကြီးနားလေဆိပ်အား ၂၀၁၃ ခုနှစ် အောက်တိုဘာလ အတွင်းက တွေ့ရစဉ်
မြစ်ကြီးနားလေဆိပ်အား ၂၀၁၃ ခုနှစ် အောက်တိုဘာလ အတွင်းက တွေ့ရစဉ်
RangonNewsDaily:: November . 18 .2013
မြန်မာနိုင်ငံတွင် ၀င်ထွက်အသုံးပြုလျက်ရှိသည့် ပြည်တွင်းလေဆိပ်များကို ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့် ပြုပေးသွားမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်း၏ ပြောကြားချက်အရ သိရသည်။

Anemia (အနီးမီးယား) ခေါ် သွေးအားနည်းရောဂါအကြောင်းသိကောင်းစရာ

RangonNewsDaily:: November . 18 .2013
လူတိုင်း အသက်ရှူနေကြရတယ်။ ရှူသွင်းလိုက်သည့်လေထဲက အောက်စီဂျင်ကိုသုံးပြီး သွေးကို သန့်အောင် လုပ်ပေးဘို့ပါ။ သွေးထဲမှာ သွေးနီဥရှိတယ်။ သွေးနီဥမှာ အောက်စီဂျင်ကို အသုံးချနိုင်တဲ့ (ဟီမိုဂလိုဘင်) ဆိုတာမှာ သံဓါတ်ပါတယ်။ ဒါ့ကြောင့် သံဓါတ်နည်းတာကို သွေးအားနည်းတယ်လို့ ယေဘူယျခေါ်နိုင်

တယ်။ သွေးစစ်ရင် (Hb) (ဟီမိုဂလိုဘင်)နည်းနေသည်လို့ အဖြေထွက်မယ်။

မစ်ဆူဘီရှီ ဥက္ကဋ္ဌနှင့် ဂျပန်လုပ်ငန်းရှင် ၆၀ ခန့် မြန်မာနိုင်ငံ လာမည်

RangonNewsDaily:: November . 18 .2013
ဂျပန်နိုင်ငံ၏ ကမ္ဘာကျော် ကုမ္ပဏီကြီး ဖြစ်သည့် မစ်ဆူဘီရှီ ကော်ပိုရေးရှင်း ကုမ္ပဏီ ဥက္ကဋ္ဌ KOBAYASHI Ken နှင့် ဒိုင်ဝါ စတော့အိတ်ချိန်း ကုမ္ပဏီ၏ အမှုဆောင် အုပ်ချုပ်မှု ဒါရိုက်တာ အပါအဝင် ဂျပန်နိုင်ငံ၏ စီးပွားရေး လုပ်ငန်းရှင် ၆၀ ဦးခန့်သည် မြန်မာနိုင်ငံသို့ လာရောက်၍

မန္တလေးတွင် နိုဝင်ဘာ ၁၆ ရက်က မီးလောင်ကျွမ်းမှုနှစ်ခု ဖြစ်ပွား

မန္တလေးတွင် နိုဝင်ဘာ ၁၆ ရက်က မီးလောင်ကျွမ်းမှုနှစ်ခု ဖြစ်ပွား


kolatt(PBDN): November . 18 .2013

မန္တလေးတိုင်း ဒေသကြီးတွင် နိုဝင်ဘာ ၁၆ ရက်က မီးလောင်ကျွမ်းမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး မီးသတ်ဦးစီး ဌာနမှ သတင်းရရှိသည်။
::
ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၆ ရက်က အမရပူရမြို့နယ်၊ ပြာသာဒ်ကြီးရပ်၊ မင်းလမ်းရှိ အိမ်ရှင်ဒေါ်ငယ်၏ ထရံကာသွပ်မိုး နှစ်ထပ်အိမ်မှ ရေခဲသေတ္တာ ဆေ့ဂတ် အပူလွန်ကဲ ရာမှတဆင့် နံနက် ၁၁ နာရီ ၅၀ မိနစ် အချိန်ခန့်တွင် မီးစတင် လောင်ကျွမ်းခဲ့ကြောင်း သိရသည်။ 

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် လူနေအိမ် နှစ်လုံးနှင့် မီးဖိုဆောင်တစ်လုံး မီးလောင်ကျွမ်းခဲ့ပြီး မီးလောင်ရာသို့ အုပ်ချုပ်ရေးယာဉ် တစ်စီး၊ မီးသတ်ယာဉ်နှင့် ရေသယ်ယာဉ် ၂၅ စီး၊ သန္ဓေအင်အား ၃၅ ဦး၊ အရန်အင်အား ၈၅ ဦးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ကြပြီး ၁၂ နာရီ ၅ မိနစ်တွင် မီးထိန်းနိုင်ကာ ၁၂ နာရီ ၃၅ မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။ 
::
မီးလောင်ကျွမ်းမှု ဖြစ်စဉ်အား အမရပူရ မြို့မရဲစခန်းမှ (ပ)၄၆၈/၂၈၅/၂၀၁၃ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်နေကြောင်း သိရသည်။

ထို့ပြင် မန္တလေးမြို့၊ ချမ်းမြသာစည် မြို့နယ်အတွင်းရှိ ၇၈ လမ်းနှင့် စစ်ကိုင်း-မန္တလေး လမ်းခွဲအနီးတွင် မွန်းလွဲ ၁ နာရီ ၀၅ မိနစ်က လိုက်အေ့စ်အမျိုးအစား ယာဉ်တစ်စီးသည် ဘထ္ထရီ ၀ါယာရှော့မှတစ်ဆင့် မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
::
မီးလောင်ကျွမ်းမှုကြောင့် ကားကူရှင်များသာ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ပြီး မွန်းလွဲ ၁ နာရီ ၅ မိနစ် အချိန်က စတင်လောင်ကျွမ်းခဲ့ကာ ၁ နာရီ ၁၅ မိနစ် အချိန်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။ ယင်းမီးလောင်ရာသို့ မီးသတ်ယာဉ် ငါးစီး၊ သန္ဓေအင်အား ငါးဦး၊ အရန်အင်အား ၂၀ ဦးဖြင့် မီးငြိမ်းသတ်ခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းမှု ဖြစ်စဉ်အား ချမ်းမြသာစည်မြို့နယ် ရဲစခန်းမှ (ပ) ၅၅၈/၂၈၅/၂၀၁၃ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
::
Eleven Media ::--

ဓာတ်ပုံ ။    ။အမရပူရမြို့နယ် ပြာသာဒ်ကြီးရပ် မင်းလမ်းရှိ နေအိမ်၌ မီးလောင်ကျွမ်းမှုအား ငြှိမ်း
သတ်နေစဉ်


See More News: (www.rangonnewsdaily.blogspot.com)
ဓာတ်ပုံ ။ ။အမရပူရမြို့နယ် ပြာသာဒ်ကြီးရပ် မင်းလမ်းရှိ နေအိမ်၌ မီးလောင်ကျွမ်းမှုအား ငြှိမ်း
သတ်နေစဉ်
RangonNewsDaily:: November . 18 .2013 မန္တလေးတိုင်း ဒေသကြီးတွင် နိုဝင်ဘာ ၁၆ ရက်က မီးလောင်ကျွမ်းမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း မန္တလေး
တိုင်း ဒေသကြီး မီးသတ်ဦးစီး ဌာနမှ သတင်းရရှိသည်။