Pages

Sunday, November 17, 2013

အိုအိုင်စီ ဆန္ဒပြပွဲမှ အစ္စလာမ်ကို စော်ကားသည့် အသုံးအနှုန်း မလေးရှား အစ္စလာမ့် အဖွဲ့အစည်းဆိုင်ရာ အတိုင်ပင်ခံကောင်စီ ရှုံ့ချ

အိုအိုင်စီ ဆန္ဒပြပွဲမှ အစ္စလာမ်ကို စော်ကားသည့် အသုံးအနှုန်း မလေးရှား အစ္စလာမ့် အဖွဲ့အစည်းဆိုင်ရာ အတိုင်ပင်ခံကောင်စီ ရှုံ့ချ
===============================
အောက်တိုဘာ- ၁၇၊ ၂၀၁၃
M-Media

ပြီးခဲ့ရက်ပိုင်းများအတွင်း မြန်မာနိုင်ငံရှိ အကြမ်းဖက်ခံ မွတ်စလင်မ်များ၏ အခြေအနေကို လာရောက်လေ့လာရန် မြန်မာအစိုးရ၏ ဖိတ်ကြားချက်အရ တရားဝင် ခရီးရောက်ရှိနေသော အိုအိုင်စီ ကိုယ်စားလှယ် အဖွဲ့ကိုဆန်ကျင့်သောအားဖြင့် ပြည်တွင်းမှ သံဃာတော်များ ဦးဆောင်ပြိး ဆန္ဒပြပွဲများ ရန်ကုန်၊ စစ်တွေနှင့် အခြားမြို့ကြိးများတွင် ပြုလုပ်ခဲ့ကြသည်။ 

အချို့နေရာများမှ ဆန္ဒပြပွဲတွင် အိုအိုင်စီ ကိုယ်စားလှယ်အဖွဲ့ကို ဆန့်ကျင်ဆန္ဒပြခြင်းကို အကြောင်းပြုပြီး အစ္စလာမ်သာသနာကို စော်ကားသည့် အသုံးအနှုန်းများဖြင့် ကြေညာချက်များနှင့် အပြုအမှုများ ပြုလုပ်ခဲ့ကြသည်။ ဤကဲ့သို့ အစ္စလာမ်ကို စော်ကားသည့် အသုံးအနှုန်းများ အသုံးပြုမှုကို ရှုံ့ချသောအားဖြင့် မလေးရှားနိုင်ငံ အစ္စလာမ့်အဖွဲ့အစည်းဆိုင်ရာ အတိုင်ပင်ခံကောင်စီ (မလေးရှား) - Malaysian Consultative Council for Islamic Organization (MAPIM) မှ ရှုံချသည့် ကြေညာချက် တစောင်ထုတ်ပြန်ခဲ့ပြီး ကြေညာချက်ကို  မြန်မာနိုင်ငံနှင့် သံအဆက်အသွယ်ပြုလုပ်ထားသော အိုင်အိုင်စီ အဖွဲ့ဝင်နိုင်ငံများမှ မြန်မာသံရုံးများကို အကြောင်းကြား သတိပေးရန် ထည့်သွင်းရေးသားထားသည်။ ကြေညာချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

အစ္စလာမ့်အဖွဲ့အစည်းဆိုင်ရာ အတိုင်ပင်ခံကောင်စီ (မလေးရှား) - Malaysian Consultative Council for Islamic Organization (MAPIM) မှ ထုတ်ပြန်စာ

၂၀၁၃ ခုနှစ်၊ နိုဝင်ဘာ ၁၆ ရက်

အိုအိုင်စီအဖွဲ့ဝင်နိုင်ငံများမှ မြန်မာသံရုံးအားလုံးထံ အကြောင်းကြား အသိပေးရန် ထုတ်ပြန်ချက်
==========================================

ဤရက်ပိုင်းအတွင်း အိုအိုင်စီအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများ မြန်မာနိုင်ငံသို့လာရောက်မှုအပေါ် မနှစ်မြို့ခြင်းကို အကြောင်းပြုပြီး မြန်မာနိုင်ငံမြို့ကြီးများတွင် ရဟန်းသံဃာများမှ အစ္စလာမ်သာသနာအား စော်ကားပြုမူချက်နှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့သည် ထိခိုက်ခံစားရပါသောကြောင့် ပြင်းထန်စွာ ရှုံ့ချလိုက်ပါသည်။

အစ္စလာမ်သာသနာအား တိရစ္ဆာန်ဝါဒနှင့်နှိုင်းယှဉ်ဖော်ပြလိုက်ခြင်းမှာ စော်ကားမှုလုပ်ရပ်သာမက၊ အစ္စလာမ်သာသနာအပေါ် အငြိုးတကြီး စစ်ကြေငြာလိုက်ရာ ရောက်နေပါသည်။

မွတ်စ်လင်မ်များနှင့်အစ္စလာမ်သာသနာအား နက်ရှိုင်းစွာမုန်းတီးနေမှုကို မြန်မာအစိုးရအာဏာပိုင်များကိုယ်တိုင်က ရည်ရွယ်ချက်ရှိရှိ ဖော်ထုတ်တင်ပြခြင်းဖြစ်သည်ဟု ကျွန်ုပ်တို့ သုံးသပ်ပါသည်။

အစ္စလာမ်သာသနာကိုစော်ကားထားသော - အစ္စလာမ်သာသနာအား တိရစ္ဆာန်လမ်းစဉ်နှင့်နှိုင်းယှဉ်ထားသော စာတန်းများကိုကိုင်ဆောင်ပြသခဲ့သည့် ရဟန်းသံဃာတို့၏ လုပ်ရပ်နှင့်သဘောထားအပေါ် ကျွန်ုပ်တို့မှ ရွံရှာစက်ဆုပ်မိပါသည်။

ဤအလည်အပတ်ခရီးစဉ်ကို ဗုဒ္ဓဘာသာဝင်များမှကန့်ကွက် ဆန္ဒပြရေးအတွက် မြို့ပြကြီးများရှိအာဏာပိုင်များမှ ခွင့်ပြုချက်ပေးခဲ့သည်ဟု သိရသဖြင့် ကျွန်ုပ်တို့မှ အံ့သြတုန်လှုပ်ရပေသည်။ အိုအိုင်စီခရီးစဉ်အပေါ် ဆန္ဒပြခြင်း၌ ၀န်ကြီးအဆင့်ပုဂ္ဂိုလ်တစ်ဦးသည်ပင် အင်တိုက် အားတိုက်ပါဝင်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

ကမ္ဘာ့မွတ်စ်လင်မ်ထု၏သည်းခံမှုကို သွေးတိုးစမ်းနေသည့် ဤသို့သောလုပ်ရပ်ဆိုးများ ဆက်လက်ဖြစ်ပွားလာအောင် မြန်မာအစိုးရမှခွင့်ပြုချက်မပေးပါရန် ကျွန်ုပ်တို့မှ တောင်းဆိုပါသည်။

မလေးရှားကဲ့သို့သော မွတ်စ်လင်မ်တိုင်းပြည် နိုင်ငံတစ်ခုသည် ဗုဒ္ဓဘာသာဝင်များအပါအ၀င် မွတ်စ်လင်မ်မဟုတ်သူအပေါင်းနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုကို အောင်မြင်စွာ ဖန်တီးထားကြောင်း ထိုသူတို့အား ကျွန်ုပ်တို့မှ သိစေအပ်ပါသည်။ ဘာသာသာသနာ အားလုံးကို ဥပဒေအားဖြင့် အကာအကွယ်ပေးထားပါသည်။ မလေးရှားနိုင်ငံတွင် မွတ်စ်လင်မ်တို့နှင့် အခြားဘာသာဝင်များမှာ အများအားဖြင့် ငြိမ်းချမ်းစွာ ရှိနေကြပါသည်။

ယဉ်ကျေးမှုမြင့်မားနေပြီဖြစ်သည့် ယခုလိုကာလမျိုးတွင် ယင်းသို့သော သည်းမခံနိုင်ဖွယ်ရာနှင့်အမုန်းတရားများကို မြန်မာအစိုးရနှင့်ရဟန်းသံဃာတို့သည် အဘယ်ကြောင့် ပြုမူဆောင်ရွက်ရပါသနည်း ?

OIC လာရောက်ခြင်း၌ မြန်မာနိုင်ငံအတွက် မည်သည့်အန္တရာယ်ရှိပါသနည်း ? အကယ်၍ မြန်မာအစိုးရသည် အစွန်းရောက်ဗုဒ္ဓဘာသာဝင်များကို အသုံးပြုလျက် အကြမ်းဖက်မှုဖြစ်ပွားစေသောမူဝါဒကို ကိုင်စွဲမထားပါလျှင် (မည်သည့် ပြဿနာမျှ ဖြစ်ပွားစရာ အကြောင်းမရှိပါ)။

လက်ခံ၍မရနိုင်သော ဤရဟန်းသံဃာများ၏လုပ်ဆောင်ချက်ကို ကန့်ကွက်ရှုံ့ချကြရန်၊ ဘာသာရေးလူမျိုးရေးဆိုင်ရာအမုန်းတရားထိုးဆွနေသည့် အစွန်းရောက်ဗုဒ္ဓဘာသာဝင်များလက်အောက်၌ မရပ်တည်ရေးအတွက် မြန်မာအစိုးရကို ဖိအားပေးကြပါရန် ကျွန်ုပ်တို့မှ အာဆီယံအဖွဲ့ဝင်နိုင်ငံအပေါင်းသို့ နှိုးဆော်ပန်ကြားပါသည်။ 

အစ္စလာမ်ကိုဆန့်ကျင်သည့် ဤသို့အကျည်းတန်လှုံ့ဆော်ဆောင်ရွက်ချက်အား ခွင့်ပြုနေသည့်အပေါ် ပြတ်သားရှင်လင်းသော အဖြေတစ်ရပ်မပေးနိုင်ပါလျှင် (ကမ္ဘာ့)မွတ်စ်လင်မ်များမှာ ဆိတ်ဆိတ်နေ၍ ဘေးထိုင်ရပ်ကြည့်နေတော့မည်မဟုတ်ပါကြောင်း အစွန်းရောက်ရဟန်းသံဃာတို့ကို ကျွန်ုပ်တို့မှ သတိပေးလိုက်ပါသည်။
 
မြန်မာနိုင်ငံနှင့်သံတမန်အဆက်အသွယ်ပြုလုပ်ထားသော အိုအိုင်စီအဖွဲ့ဝင်နိုင်ငံများရှိ မြန်မာသံရုံးအားလုံးထံသို့လည်း အကြောင်းကြားအသိပေးပါရန် ကျွန်တော်တို့မှ တောင်းဆိုပါသည်။

မြန်မာအစိုးရအပေါ် အင်တိုက်အားတိုက်ဖိအားပေးနိုင်ရေးအတွက် မွတ်စ်လင်မ်နိုင်ငံအားလုံးထံ တာဝန်ရှိပါသည်။ ဤသို့ ဖိအားပေးမှုနှင့်မလုံလောက်ပါက သံတမန်အဆက်အသွယ်ဖြတ်တောက်ခြင်းကိုသာ ရွေးချယ်ပါမည်။

မုဟမ္မဒ် အဇ်မီ အဗ်ဒုလ် ဟာမစ်ဒ်
MAPIM ဥက္ကဌ
ယှူရာ(အစ္စလာမ့်ရေးရာအတိုင်ပင်ခံအဖွဲ့) အတွင်းရေးမှူးချုပ်


RangonNewsDaily:: November . 17 .2013
ပြီးခဲ့ရက်ပိုင်းများအတွင်း မြန်မာနိုင်ငံရှိ အကြမ်းဖက်ခံ မွတ်စလင်မ်များ၏ အခြေအနေကို လာရောက်လေ့လာရန် မြန်မာအစိုးရ၏ ဖိတ်ကြားချက်အရ တရားဝင် ခရီးရောက်ရှိနေသော အိုအိုင်စီ ကိုယ်စားလှယ် အဖွဲ့ကိုဆန်ကျင့်သောအားဖြင့် ပြည်တွင်းမှ သံဃာတော်များ ဦးဆောင်ပြိး ဆန္ဒပြပွဲများ ရန်ကုန်၊ စစ်တွေနှင့် အခြားမြို့ကြိးများတွင် ပြုလုပ်ခဲ့ကြသည်။

သာကေတမြို့နယ်တွင် မယ်ဇလီဖူးတက်ခူးသူ လူငယ်(၂)ဦး ဓါတ်လိုက်သေဆုံး

RangonNewsDaily:: November . 17 .2013
၁၇.၁၁.၂၀၁၃ ရက်နေ့ ၁၀၂၀ အချိန် သာကေတမြို့နယ်၊ ၁၀/တောင်(၁၄)ရပ်ကွက်၊ တမာလမ်းနေ မျိုးမင်းသိန်း (ဘ)ဦးမောင်သိန်းသည်သာကေတမြို့နယ်၊ ၄/တောင်ရပ်ကွက်၊ ရှုခင်းသာမြို့ပတ် လမ်း
မကြီးဘေး မယ်ဇလီပင်ပေါ်သို့ မယ်ဇလီဖူးခူးရန်တက်ရောက်စဉ်

ရန်ကုန်မြစ်တစ်လျှောက် မွန်းကျပ်မှုတွေ ဖြေလျှော့မယ်

Photo: ရန်ကုန်မြစ်တစ်လျှောက် မွန်းကျပ်မှုတွေ ဖြေလျှော့မယ်
Sunday, November 17, 2013

အလုပ်များပြီး ကားကျပ်လူကျပ်နဲ့ ဆူညံနေတဲ့ မြို့ပြ အငွေ့အသက်ကနေ ခဏထွက်ပြီး အပန်းဖြေချင်နေတဲ့ လူတွေအတွက်၊ မြို့ပြ မွန်းကျပ်မှုတွေကနေ ခဏတာ ရုန်းထွက်ပြီး စိတ် အညောင်းအညာတွေ၊ စိတ်ဖိစီးမှုတွေကို ဖြေလျှော့ ကြည့်လိုသူတွေအတွက် ခရီးစဉ် အတိုလေးတစ်ခုကို ညွှန်ပေးလိုက်တယ်။ ရန်ကုန် မြစ်ကမ်းတစ်လျှောက် အပျော်စီး သင်္ဘောစီးပြီး နေဝင်ဆည်းဆာ ကြည့်နိုင်မယ့် အပြင် လေပြေလေညှင်းရဲ့ အငွေ့အသက်တွေနဲ့ စိတ်လန်းဆန်း သွားအောင် ပြုလုပ်နိုင်ပါလိမ့်မယ်။ ရန်ကုန် မြစ်ကမ်းတစ်လျှောက် Royal Green River သုံးထပ်ဇိမ်ခံ အပျော်စီးသင်္ဘော စီးပြီး နေဝင်ဆည်းဆာ အချိန်ကို သွားရောက် ကြည့်ရှုနိုင်မယ့် ခရီးစဉ်လေး ဖြစ်ပါတယ်။

ဒီအစီအစဉ်လေးကိုတော့ စနေ၊ တနင်္ဂနွေ ရက်တွေမှာ သွားရောက်နိုင်မှာ ဖြစ်ပြီး ဗိုလ်တထောင်ဆိပ်ခံ ဘောတံတားကနေ ညနေ ၄ နာရီခွဲမှာ စထွက်မှာ ဖြစ်ပြီး ကြာမြင့်ချိန်ကတော့ နှစ်နာရီမို့ ၆ နာရီခွဲလောက် ပြန်ရောက်မှာပါ။

ဗိုလ်တထောင် ဆိပ်ကမ်းကနေ ရန်ကုန်မြစ်ဝအထိ ပြေးဆွဲမှာ ဖြစ်ပါတယ်။
အဆိုပါ ခရီးစဉ်ကို လိုက်ပါလိုသူတွေ အနေနဲ့ တစ်ဦးကို ကျပ် ၂၀,၀၀၀ ကျသင့်မှာ ဖြစ်ပြီး သတ်မှတ်ထားတဲ့ စားသောက်ဖွယ်ရာ တွေကိုလည်း တည်ခင်း ပါသေးတယ်။ နေဝင်ဆည်းဆာ ကြည့်ရှုမည့် ခရီးစဉ်သာမကဘဲ မွေးနေ့ပါတီများ ကျင်းပခြင်း၊ စေ့စပ်လက်စွပ် လဲလှယ်ခြင်းများ၊ ကုမ္ပဏီများ သဘာတူစာချုပ် ရေးထိုးခြင်း ကိစ္စများကိုလည်း သင်္ဘောစီးရင်း မြစ်ကြောင်း တစ်လျှောက် ပြုလုပ်နိုင်မည် ဖြစ်ပြီး ခရီးရှည်၊ ခရီးတို အမျိုးအစား များကိုလည်း စင်းလုံးငှား စနစ်ဖြင့် ပြေးဆွဲပေးမှာ ဖြစ်တယ်လို့ ဆိုတယ်။ 

ဒီ Royal Green River သင်္ဘောမှာ Mini Bar၊ နှစ်ယောက်အိပ်ခန်း ရှစ်ခန်း၊ ရေချိုးခန်းတို့ ပါဝင်တာ ဖြစ်ပြီး TV, Wifi အခမဲ့ အသုံးပြုနိုင်ပါတယ်။

စင်းလုံးငှားမယ့် ဈေးနှုန်းတွေကိုတော့ ခရီးစဉ်နဲ့ လူဦးရေပေါ် မူတည်ပြီး ညှိနှိုင်း ဆောက်ရွက် ပေးသွားမှာ ဖြစ်တယ်လို့ ဆိုတယ်။ အသေးစိတ် သိရှိချင်တယ်ဆို Royal Green River ကုမ္ပဏီ ဖုန်း- ၀၁-၅၀၅၈၃၈၊ ၀၉-၃၃၃၅၇၅၂၅၊ ၀၉-၂၅၀၀၈၆၅၇၁ ကို ဆက်သွယ်ရမှာ ဖြစ်တယ်လို့ ဆိုတယ်။

The Voice Weekly

RangonNewsDaily:: November . 17 .2013
အလုပ်များပြီး ကားကျပ်လူကျပ်နဲ့ ဆူညံနေတဲ့ မြို့ပြ အငွေ့အသက်ကနေ ခဏထွက်ပြီး အပန်းဖြေချင်နေတဲ့ လူတွေအတွက်၊ မြို့ပြ မွန်းကျပ်မှုတွေကနေ ခဏတာ ရုန်းထွက်ပြီး စိတ် အညောင်းအညာတွေ၊ စိတ်ဖိစီးမှုတွေကို ဖြေလျှော့ ကြည့်လိုသူတွေအတွက် ခရီးစဉ် အတိုလေးတစ်ခုကို ညွှန်ပေးလိုက်တယ်။

ထူးဖောင်ဒေးရှင်းအစီစဉ်ဖြင့် KIA ဒုဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်နှင့်အဖွဲ့ဝင်(၇)ဦး ရန်ကုန်သို့သွားမည်

Photo: ထူးဖောင်ဒေးရှင်းအစီစဉ်ဖြင့် KIA ဒုဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်နှင့်အဖွဲ့ဝင်(၇)ဦး ရန်ကုန်သို့သွားမည်
Sunday, November 17, 2013

	ဦးတေဇ တည်ထောင်ထားသည့် ထူးဖောင်ဒေးရှင်းအစီအစဉ်ဖြင့် KIO အဖွဲ့မှ ဒုဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်ဦးဆောင်သော အဖွဲ့ဝင်(၇)ဦး သည် Myanmar Peace Center တွင် ငြိမ်းချမ်းရေးကိစ္စများ ဆွေးနွေးရန် အတွက် ယနေ့ (၁၇-၁၁-၂၀၁၃)ရက်နေ့  ညနေ ၄ နာရီခန့် တွင် Air Bagan လေကြောင်းလိုင်းဖြင့် မြစ်ကြီးနားမှ ရန်ကုန်မြို့သို့ ထွက်ခွာမည်ဖြစ်ကြောင်း သိရှိရပါသည်။ ၎င်းခရီးစဉ်သည် အစိုးရနှင့် KIA စစ်ရေးတင်းမာချိန်မှစ၍ ပထမဦးဆုံး KIA အဖွဲ့ခေါင်းဆောင်၏ပြည်တွင်းခရီးစဉ် ဖြစ်ပြီး ဗိုလ်ချုပ် ဂွန်မော်ဦးဆောင်သော အဖွဲ့ဝင်(၇)ဦး သည် ရန်ကုန်မြို့ Myanmar Peace Center တွင် ဦးအောင်မင်းနှင့်တွေ့ဆုံကာ မြန်မာနိုင်ငံလုံး ဆိုင်ရာ အပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်ပြီး ဆွေးနွေးဖွယ်ရှိကြောင်း သိရှိရသည်။ ၎င်းခရီးစဉ်နှင့် ပတ်သက်၍ ထူးဖောင်ဒေးရှင်းမှ စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ထို့ပြင် ယခင်ကလည်း အစိုးရနှင့် KIA ငြိမ်းချမ်းရေး ဆွေးနွေးပွဲကျင်းပသည့် မြစ်ကြီးနားမြို့မနောကွင်းရှိ မထွယ်ခန်းမအား ထူးဖောင်ဒေးရှင်းမှ သိန်း ၁၀၀၀ ကျော် အကုန်ကျခံ ပြင်ဆင်ပေးခဲ့ကြောင်း ထူးဖောင်ဒေးရှင်းမှတာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။ 

Bagan Online Media

RangonNewsDaily:: November . 17 .2013
ဦးတေဇ တည်ထောင်ထားသည့် ထူးဖောင်ဒေးရှင်းအစီအစဉ်ဖြင့် KIO အဖွဲ့မှ ဒုဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်ဦး
ဆောင်သော အဖွဲ့ဝင်(၇)ဦး သည် Myanmar Peace Center တွင်ငြိမ်းချမ်းရေးကိစ္စများ ဆွေးနွေးရန်အတွက်
ယနေ့ (၁၇-၁၁-၂၀၁၃)ရက်နေ့ညနေ၄ နာရီခန့်တွင်Air Baganလေကြောင်းလိုင်းဖြင့် မြစ်ကြီးနားရန်ကုန်မြို့
သို့ ထွက်ခွာမည်ဖြစ်ကြောင်း သိရှိရပါသည်။ 

ယနေ့ တန်ဆောင်မုန်းလပြည့်နေ့ မြန်မာနိုင်ငံတစ်ဝန်း စတုဒိသာများကျွေးမွေးလှူဒါန်းမှုများပြုလုပ်

Photo

RangonNewsDaily:: November . 17 .2013
ယနေ့ သည် တန်ဆောင်မုန်းလပြည့်နေ့ ဖြစ်သည့် အားလျှော်စွာ စေတီကျောင်းကန်များတွင် ဗုဒ္ဓဘာသာဝင်
တို့ မှ ဆီမီးများပူဇော်ခြင်း၊ ဘုရားကျောင်းကန်များသန့် ရှင်းဆေးကြောခြင်း၊

ဆေးပေါင်းခတဲ့ ည

Photo: ဆေးပေါင်းခတဲ့ ည
Sunday, November 17, 2013

ယနေ့သည် တန်ဆောင်မုန်း လပြည့်နေ့ ဖြစ်သည်။ တန်ဆောင်မုန်း လပြည့်နေ့ သည် ဗုဒ္ဓဘုရားရှင် လက်ထက် ကပင် ကြယ်တာရာ အစုံအညီ ထွန်းလင်း တောင်ပ သောကြောင့် နက္ခတ်ပွဲသဘင်များ ကျင်းပလေ့ ရှိပြီး ထို လပြည့်ည ၌ ဆေးပေါင်းခ သည်ဟု ယုံကြည် ကြကာ မဲဇလီဖူးကို သုပ်စားလေ့ ရှိကြသည်။ တန်ဆောင်မုန်း လပြည့် ည ၁၂ နာရီ တိတိ အချိန်ကို ဆေးပေါင်းခ သည့် ည၏ အမြင့်ဆုံး ၊ အစွမ်း အထက်ဆုံး အချိန်အဖြစ် သတ်မှတ်၍ မြန်မာ တိုင်းရင်းဆေး ဆရာကြီး များသည် ဆေးဝါး မျိုးစုံ ဖော်စပ်လေ့ ရှိကြသည်။

တန်ဆောင်မုန်း လပြည့်ည တွင် ဗုဒ္ဓမြတ်စွာ ဘုရားရှင် သည် အဇာတသတ် မင်းအား သာမညဖလ သုတ္တန် ဒေသနာတော် ( ရဟန်းပြုခြင်း အကျိုး ) ဟောကြား တော်မူ ခဲ့သည်။ ရာဇဂြိုဟ် ပြည့်ရှင် အဇာတသတ် မင်းသည် သာမညဖလ သုတ္တန် ဒေသနာတော် ကို ကြားနာပြီး အဆုံးတွင် ရတနာ သုံးပါးကို ကိုးကွယ် ဆည်းကပ်သည့် ဥပသကာ အဖြစ်သို့ ရောက်ခဲ့သည်။ ထိုအခါတွင် အဇာတသတ် မင်း၏ အိပ်မပျော်သည့် ရောဂါ ဝေဒနာ ငြိမ်းအေး သွားခြင်း ၊ ဗုဒ္ဓမြတ်စွာ ဘုရားရှင် ၏ သာသနာတော် ၌ အသက်ပေး ၍ ကြည်ညိုသူ ဖြစ်လာခြင်း ၊ မဟာ အ၀ီစိ ငရဲသို့ မကျရောက် တော့ဘဲ လောဟကုမ္ဘီ ငရဲ၌သာ ကျရောက်ခြင်း ၊ နောင်အခါ ဝိဇိတာဝီ အမည်ဖြင့် ပစ္စေကဗုဒ္ဓ ဖြစ်ပြီး နိဗ္ဗာန်ကို မျက်မှောက် ပြုရမည့် ပုဂ္ဂိုလ်ဖြစ်ခြင်း စသည့် အကျိုးတရား များကို ခံစားရသည် ကို အကြောင်း ပြု၍ တန်ဆောင်မုန်း လပြည့်နေ့ ကို သာမညဖလ အခါတော်နေ့ ဟု သတ်မှတ် ဖြစ်ပေါ် လာသည်။

တန်ဆောင်မုန်း လပြည့်ည တွင် ဗုဒ္ဓဘာသာဝင် မြန်မာပြည်သား တို့သည် တာဝတိံသာ နတ်ပြည်ရှိ စူဠာမဏိ စေတီတော်ကို အာရုံပြု၍ ဗုဒ္ဓါ နုဿတိ ပွားကာ ဆီမီးများဖြင့် ပူဇော် ကန်တော့ ကြ၏။ သာမညဖလ သုတ္တန်ကို ရွတ်ဖတ် ပူဇော်ကြ၏။ ဘုရားရှင်အား ရည်မှန်း၍ မသိုးသင်္ကန်း ရက်လုပ် ပူဇော် လှူဒါန်းကြ၏။ ကထိန် သင်္ကန်းများကို သံဃာတော် များအား လှူဒါန်း၍ ကထိန်ခင်း ကြ၏။ ကထိန် သင်္ကန်းသည် တစ်နှစ်တွင် တစ်လ ၊ တစ်လတွင် တစ်ကြိမ်သာ ပြုရသည့် ကာလဒါန ဖြစ်ပြီး ကထိန်သင်္ကန်း လှူဒါန်း နိုင်သော ကာလမှ သီတင်းကျွတ် လပြည့်ကျော် ၁ ရက်မှ တန်ဆောင်မုန်း လပြည့်နေ့ အထိသာ ဖြစ်သည်။

တန်ဆောင်မုန်း လပြည့်ည တွင် ပံ့သကူပစ်ပွဲ အလှူဒါန များကို အထူးပြု လုပ်ကြ၏။ ပံ့သကူ ဟူသည်မှာ ပါဠိဘာသာ ပံ့သကူလ မှ ဖြစ်ပေါ် လာသည့် ဝေါဟာရ စကား ဖြစ်သည်။ အဓိပ္ပာယ်မှာ ပိုင်ရှင်မဲ့ ပစ္စည်း ဖြစ်၍ တွေ့ရှိသူက အလိုရှိသလို အသုံးပြု နိုင်သည့် ပစ္စည်းဟူ၍ လွယ်လွယ် အဓိပ္ပာယ် ကောက်ယူ နိုင်သည်။ ပံ့သကူ ပစ်ခြင်းသည် အလိုရှိသူတို့ အတွက် ပြည့်စုံသူ တို့က ပုဂ္ဂိုလ်စွဲ မထားဘဲ သုံးစွဲနိုင် စေရန် ပစ်ထားသည်ကို ခေါ်သည်။

မြတ်သော တန်ဆောင်မုန်း လပြည့် အခါသမယ သည် သာယာ တင့်မောဖွယ် ရာသီဥတု အခြေအနေ၌ တည်ရှိပြီး သာသနာတော် ရောင်ဝါ ထွန်းလင်း တောက်ပ၍ မြတ်သော ဒါနအစုစု ပြုရာ ချစ်စရာ မြန်မာ့ရိုးရာ ဓလေ့ထုံးစံ တို့ဖြင့် ထုံမွမ်း ထားသည်။ ထိုသို့သော မြန်မာ့ ရာသီပွဲတော် တန်ဆောင်တိုင် ပွဲတော်တွင် ဗုဒ္ဓဘာသာ ၀င် မြန်မာ ပြည်သူများ အနေဖြင့် သီလ ၊ သမာဓိ ၊ ပညာ ၊ သိက္ခာ သုံးရပ်ဖြင့် ဒါနပြုကာ လောကီ ၊ လောကုတ္တရာ နှစ်ဖြာသော ချမ်းသာများ ရရှိနိုင်သည့် ဆေးစွမ်းအား ၊ ရိုးရာ အစဉ်အလာကို ဖော်ဆောင်၍ အမျိုးဂုဏ် ထိန်းသိမ်းသည့် ဆေးစွမ်းများ ခလျက် ရှိသည်။

သို့ဖြစ်ရာ တန်ဆောင်မုန်း လပြည့်ည သည် လောကီ ၊ လောကုတ္တရာ ဆေးပေါင်းခ သည့်ည ဖြစ်သည်။ ထိုသို့ ဆေးပေါင်းခ သည့်ညတွင် ဆေးအစွမ်း ကောင်းများ ရရှိစေရေး မျိုးဆက်သစ် လူငယ်များ သို့ မိဘ ဘိုးဘွား တို့က လက်ဆင့်ကမ်း ပေးနိုင် ကြစေရေး တိုက်တွန်း ရေးသား လိုက်ရပေသည်။ ။

Themyawadydaily

RangonNewsDaily:: November . 17 .2013
ယနေ့သည် တန်ဆောင်မုန်း လပြည့်နေ့ ဖြစ်သည်။ တန်ဆောင်မုန်း လပြည့်နေ့ သည် ဗုဒ္ဓဘုရားရှင် လက်ထက် ကပင် ကြယ်တာရာ အစုံအညီ ထွန်းလင်း တောင်ပ သောကြောင့် နက္ခတ်ပွဲသဘင်များ

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲ မှ မီးပုံးပျံတစ်ခု ကောင်းကင်ယံတွင်ံမီးလောင်ပြီး ရဲကင်းပေါ် ပြုတ်ကျ

Photo: တောင်ကြီးမီးပုံးပျံတစ်ခု ကောင်းကင်ယံတွင်ံမီးလောင်ပြီး ရဲကင်းပေါ် ပြုတ်ကျ
Sunday, November 17, 2013

ယခုနှစ်တောင်ကြီးတန်ဆောင်တိုင်ပွဲတော်တွင်မီးပုံးပျံပြိုင်ပွဲကျင်းပနေစဉ်ယမ်းခွေလောင်ကျွမ်းခြင်း၊ယမ်းခွေအလေးချိန်မမျှ၍မီးပုံးပျံမတက်နိုင်ပဲကွင်းအတွင်းယမ်းပေါက်ကွဲခြင်းများဖြစ်ပေါ်ခဲ့သည်။နိုဝင်ဘာလ၁၅ရက်နေ့ညပြိုင်ပွဲဝင်မီးကြီးများအနက်ညောင်ရွှေဟော်ကုန်းရပ်ကွက်မှလူကဲမီးညမီးကြီးသည်လည်းလွှတ်တင်စဉ်ကောင်းကင်ယံအရောက်မီးပုံးပျံကိုယ်ထည်အားမီးကူးရာမှပွဲခင်းအတွင်းပြုတ်ကျလောင်ကျွမ်းသွားခဲ့သည်။
မီးလောင်ပြုတ်ကျလာသောမီးကြီးသည်အဝေရာကုန်းမြင့်သာပေါ်သို့ရောက်ရှိကာထိုနေရာရှိရဲတပ်ဖွဲ့ကင်းတဲနှင့်အခြားယာယီတဲတစ်ခုတို့လောင်ကျွမ်းကာတပ်ဖွဲ့ဝင်တစ်ဦးအနည်းငယ်ထိခိုက်ဒဏ်ရာရရှိသွားသည်ဟုတာဝန်ရှိသူတစ်ဦးကပြောကြားသည်။
ယခုနှစ်မီးပုံးပျံပြိုင်ပွဲသို့မီးပုံးပျံပေါင်း၃၈၆လုံးပြိုင်ပွဲဝင်ခဲ့ရာညမီးကျည်း၆၈လုံးပြိုင်ပွဲဝင်မည်ဖြစ်ပြီးယမန်နှစ်ထက်ပြိုင်ပွဲဝင်မီးပုံးပျံလျော့နည်းကြောင်းသိရသည်။ညမီးကြီးတစ်လုံးအတွက်ပျမ်းမျှကုန်ကျစရိတ်မှာ၂၅သိန်းမှသိန်း၄၀အထိရှိကြောင်းပြိုင်ပွဲဝင်မီးကြီးတစ်လုံးမှမီးဆရာတစ်ဦးကပြောပြသည်။

လူကဲမီးကဲ့သို့ပင်မီးပုံးပျံမီးလောင်ခြင်း၊ယမ်းခွေပွဲခင်းအတွင်းမီးကူးခြင်းဖြစ်ပွားမှုများညစဉ်လိုတွေ့ရှိရသည်ဟုပွဲကြည့်ပရိသတ်တစ်ဦးကပြောကြားသည်။ယမန်နှစ်ကပြိုင်ပွဲမစတင်မီကမီးပုံးပျံပြင်ဆင်နေစဉ်မတော်တဆဖြစ်မှုများဖြစ်ပွားခြင်း၊အသက်အန္တရာယ်ထိခိုက်ခြင်းများဖြစ်ပွားခဲ့သည်။ယခုနှစ်တွင်မူယမ်းစပ်နေစဉ်မီးလောင်မှုတစ်မှုသာဖြစ်ပွားခဲ့ပြီးပွဲတော်နေ့များအတွင်းမီးပုံးပျံမီးလောင်မှုများ၊သတ်မှတ်ပေမရောက်မီယမ်းခွေမီးကူးခြင်းများဖြစ်ပေါ်ခဲ့သည်။

Venus News Weekly

RangonNewsDaily:: November . 17 .2013
ယခုနှစ်တောင်ကြီးတန်ဆောင်တိုင်ပွဲတော်တွင်မီးပုံးပျံပြိုင်ပွဲကျင်းပနေစဉ်ယမ်းခွေလောင်ကျွမ်းခြင်း၊ယမ်းခွေ
အလေးချိန်မမျှ၍မီးပုံးပျံမတက်နိုင်ပဲကွင်းအတွင်းယမ်းပေါက်ကွဲခြင်းများဖြစ်ပေါ်ခဲ့သည်။

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲ မှ မီးပုံးပျံတစ်ခု ကောင်းကင်ယံတွင်ံမီးလောင်ပြီး ရဲကင်းပေါ် ပြုတ်ကျ

Photo: တောင်ကြီးမီးပုံးပျံတစ်ခု ကောင်းကင်ယံတွင်ံမီးလောင်ပြီး ရဲကင်းပေါ် ပြုတ်ကျ
Sunday, November 17, 2013

ယခုနှစ်တောင်ကြီးတန်ဆောင်တိုင်ပွဲတော်တွင်မီးပုံးပျံပြိုင်ပွဲကျင်းပနေစဉ်ယမ်းခွေလောင်ကျွမ်းခြင်း၊ယမ်းခွေအလေးချိန်မမျှ၍မီးပုံးပျံမတက်နိုင်ပဲကွင်းအတွင်းယမ်းပေါက်ကွဲခြင်းများဖြစ်ပေါ်ခဲ့သည်။နိုဝင်ဘာလ၁၅ရက်နေ့ညပြိုင်ပွဲဝင်မီးကြီးများအနက်ညောင်ရွှေဟော်ကုန်းရပ်ကွက်မှလူကဲမီးညမီးကြီးသည်လည်းလွှတ်တင်စဉ်ကောင်းကင်ယံအရောက်မီးပုံးပျံကိုယ်ထည်အားမီးကူးရာမှပွဲခင်းအတွင်းပြုတ်ကျလောင်ကျွမ်းသွားခဲ့သည်။
မီးလောင်ပြုတ်ကျလာသောမီးကြီးသည်အဝေရာကုန်းမြင့်သာပေါ်သို့ရောက်ရှိကာထိုနေရာရှိရဲတပ်ဖွဲ့ကင်းတဲနှင့်အခြားယာယီတဲတစ်ခုတို့လောင်ကျွမ်းကာတပ်ဖွဲ့ဝင်တစ်ဦးအနည်းငယ်ထိခိုက်ဒဏ်ရာရရှိသွားသည်ဟုတာဝန်ရှိသူတစ်ဦးကပြောကြားသည်။
ယခုနှစ်မီးပုံးပျံပြိုင်ပွဲသို့မီးပုံးပျံပေါင်း၃၈၆လုံးပြိုင်ပွဲဝင်ခဲ့ရာညမီးကျည်း၆၈လုံးပြိုင်ပွဲဝင်မည်ဖြစ်ပြီးယမန်နှစ်ထက်ပြိုင်ပွဲဝင်မီးပုံးပျံလျော့နည်းကြောင်းသိရသည်။ညမီးကြီးတစ်လုံးအတွက်ပျမ်းမျှကုန်ကျစရိတ်မှာ၂၅သိန်းမှသိန်း၄၀အထိရှိကြောင်းပြိုင်ပွဲဝင်မီးကြီးတစ်လုံးမှမီးဆရာတစ်ဦးကပြောပြသည်။

လူကဲမီးကဲ့သို့ပင်မီးပုံးပျံမီးလောင်ခြင်း၊ယမ်းခွေပွဲခင်းအတွင်းမီးကူးခြင်းဖြစ်ပွားမှုများညစဉ်လိုတွေ့ရှိရသည်ဟုပွဲကြည့်ပရိသတ်တစ်ဦးကပြောကြားသည်။ယမန်နှစ်ကပြိုင်ပွဲမစတင်မီကမီးပုံးပျံပြင်ဆင်နေစဉ်မတော်တဆဖြစ်မှုများဖြစ်ပွားခြင်း၊အသက်အန္တရာယ်ထိခိုက်ခြင်းများဖြစ်ပွားခဲ့သည်။ယခုနှစ်တွင်မူယမ်းစပ်နေစဉ်မီးလောင်မှုတစ်မှုသာဖြစ်ပွားခဲ့ပြီးပွဲတော်နေ့များအတွင်းမီးပုံးပျံမီးလောင်မှုများ၊သတ်မှတ်ပေမရောက်မီယမ်းခွေမီးကူးခြင်းများဖြစ်ပေါ်ခဲ့သည်။

Venus News Weekly

RangonNewsDaily:: November . 17 .2013
ယခုနှစ်တောင်ကြီးတန်ဆောင်တိုင်ပွဲတော်တွင်မီးပုံးပျံပြိုင်ပွဲကျင်းပနေစဉ်ယမ်းခွေလောင်ကျွမ်းခြင်း၊ယမ်းခွေ
အလေးချိန်မမျှ၍မီးပုံးပျံမတက်နိုင်ပဲကွင်းအတွင်းယမ်းပေါက်ကွဲခြင်းများဖြစ်ပေါ်ခဲ့သည်။

တစ်အိမ်ထောင် ကလေးတစ်ယောက် မူဝါဒ ဖြေလျှော့မည်ဟု တရုတ်အစိုးရပိုင် မီဒီယာ ထုတ်ပြန်

Photo: တစ်အိမ်ထောင် ကလေးတစ်ယောက် မူဝါဒ ဖြေလျှော့မည်ဟု တရုတ်အစိုးရပိုင် မီဒီယာ ထုတ်ပြန်
Sunday, November 17, 2013

တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၌ တစ်အိမ်ထောင် ကလေးတစ်ယောက် မူဝါဒ ချမှတ်ပြီး လူဦးရေ တိုးတက်မှု ထိန်းချုပ်ထားခြင်းကို ဖြေလျှော့ ပေးမည်ဟု အစိုးရပိုင် မီဒီယာတွင် ထုတ်ပြန် သွားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
မိဘနှစ်ဦးအနက် တစ်ဦးက တစ်ဦးတည်းသော သားသမီး ဖြစ်ပါက ကလေးနှစ်ယောက် ယူခွင့်ပြုမည်ဟု Xinhua သတင်းတွင် ဖော်ပြထားသည်။
ကွန်မြူနစ်ပါတီ ထိပ်တန်း ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးပြီးနောက် ယခုကဲ့သို့သော အဆိုပြုချက် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
အလုပ်စခန်းများသို့ ပေးပို့ခြင်းဖြင့် ပြန်လည် ပညာသင်ယူစေခြင်းကို ပယ်ဖျယ်ရန်နှင့် စီးပွားရေး နယ်ပယ်တွင် ပုဂ္ဂလိက နယ်ပယ်၏ အခန်းကဏ္ဍကို တိုးမြှင့်ပေးရန် တို့ကိုလည်း ကွန်မြူနစ်ပါတီ ထိပ်သီး အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်။

ယင်းကဲ့သို့သော ပြုပြင်ပြောင်းလဲမှု များကို တရုတ်နိုင်ငံ တစ်ဝန်းတွင် စမ်းသပ် စစ်ဆေးခဲ့ပြီး ဖြစ်ကြောင်း ဘေဂျင်းမြို့တော်ရှိ BBC သတင်းထောက် ဆယ်လီယာ ဟတ်တန်က ပြောကြားသည်။
တရုတ်လူဦးရေ တိုးတက်မှုတွင် ရေရှည်မျှတမှု ပေါ်ပေါက်လာရန် တစ်အိမ်ထောင် ကလေးတစ်ယောက် မူဝါဒကို တစ်ဆင့်ချင်း ပြုပြင် ပြောင်းလဲသွားမည်ဟု Xinhua သတင်းတွင် ဖော်ပြထားသည်။
လူဦးရေ တိုးတက်မှုနှုန်း လျင်မြန်နေခြင်းကို ထိန်းချုပ်နိုင်ရန် တစ်အိမ်ထောင် ကလေးတစ်ယောက် မူဝါဒကို ၁၉၇၀ ပြည့်လွန် နှစ်များတွင် စတင်ကျင့်သုံးခဲ့သည်။
သို့သော်လည်း ကလေးတစ်ယောက် မူဝါဒမှာ ပြည်သူများ ကြားတွင် ရေပန်းမစား ဖြစ်လာသလို အိုမင်းရင့်ရော်သည့် လူဦးရေ ပမာဏ တိုးပွားလာခြင်းကြောင့် အလုပ်သမား ရရှိမှု နည်းပါးပြီး သက်ကြီး ရွယ်အို စောင့်ရှောက်ရမူ ပိုမိုလာမည်ကို ထိပ်တန်း ခေါင်းဆောင်များက စိုးရိမ်လာသည်။

၂၀၅၀ ပြည့်နှစ်တွင် တရုတ် လူဦးရေ၏ လေးပုံတစ်ပုံမှာ အသက် ၆၅ နှစ်ကျော် အရွယ်များ ဖြစ်မည်ဟု ခန့်မှန်းထားသည်။
လူမျိုးစု ဒေသများတွင် တစ်အိမ်ထောင် ကလေးတစ်ယောက် မူဝါဒ ကျင့်သုံးခြင်း မရှိဘဲ တရုတ် ကျေးလက်ဒေသ များတွင်လည်း ပထမဆုံး ကလေးမှာ မိန်းကလေး ဖြစ်ပါက ဒုတိယကလေး ယူခွင့် ပြုထားသည်။
အစိုးရအဖွဲ့၏ ကလေးတစ်ယောက် မူဝါဒကို ဖောက်ဖျက်သည့် စုံတွဲများကို ဒဏ်ငွေပမာဏ ကြီးမားစွာ ပေးဆောင်စေခြင်း၊ ပိုင်ဆိုင်မှု သိမ်းခြင်း၊ အလုပ်ထုတ်ခြင်းများ ပြုလုပ်လေ့ ရှိသည်။

ယင်းကဲ့သို့သော မူဝါဒများ၊ ပြစ်ဒဏ်များ ချမှတ်ထားသဖြင့် အချို့သော အမျိုးသမီးများ အတင်းအကျပ် ကိုယ်ဝန်ဖျက်ချ နေရသည့်အပြင် တရုတ် ရိုးရာ အစဉ်အလာအရ ယောက်ျားလေးကို ဦးစား ပေးလိုသည့်အတွက် ကျား/မ မညီမျှမှုများ ပေါ်ပေါက် လာရသည်။
ကျား/မ အချိုးအစား မညီမျှမှု များကြောင့် တရုတ် အမျိုးသား ၂၄ သန်းကျော်မှာ ယခု ဆယ်စုနှစ်ကုန်ပိုင်းတွင် လက်ထပ်ရန် အမျိုးသမီး ရှာမရသည့် ပြဿနာဖြင့် ကြုံတွေ့နိုင်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

The Voice

RangonNewsDaily:: November . 17 .2013
တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၌ တစ်အိမ်ထောင် ကလေးတစ်ယောက် မူဝါဒ ချမှတ်ပြီး လူဦးရေ တိုးတက်မှု ထိန်းချုပ်ထားခြင်းကို ဖြေလျှော့ ပေးမည်ဟု အစိုးရပိုင် မီဒီယာတွင် ထုတ်ပြန် သွားကြောင်း BBC သတင်း
တွင် ဖော်ပြထားသည်။

ရန်ကုန်-မော်လမြိုင် ခရီးသည်တင် မှန်လုံယာဉ် မုဒုံတွင်လမ်းဘေးချောင်းထဲသို့ ထိုးကျတိမ်း မှောက်ခဲ့ပြီး ခရီးသည် ၂၂ ဦး ဒဏ်ရာရရှိ

ရန်ကုန်-မော်လမြိုင် ခရီးသည်တင် မှန်လုံယာဉ် မုဒုံတွင်လမ်းဘေးချောင်းထဲသို့ ထိုးကျတိမ်း
မှောက်ခဲ့ပြီး ခရီးသည် ၂၂ ဦး ဒဏ်ရာရရှိ

kolatt(PBDN): November . 17 .2013

မုဒုံမြို့နယ် ကမာဝက်တိုက်နယ် ဖောင်စိန်ကျေးရွာ ဖေါင်စိန်ချောင်းထဲသို့ ရန်ကုန်-မော်လမြိုင် ပြေးဆွဲနေသော အောင်သီဟ ယာဉ်လိုင်းမှ မှန်လုံကားတစ်စီး ထိုးကျတိမ်းမှောက်မှု နိုဝင်ဘာလ (၁၆) ရက် နံနက် ၄ နာရီ ၃၀ မိနစ်တွင် ဖြစ်ပွားခဲ့သည်။
::
ဖြစ်စဉ်မှာ အောင်သီဟ မှန်လုံယာဉ်လိုင်းမှ ဟီးနိုးအမျိုးအစား ယာဉ်အမှတ် ၄ခ။--- သည် ကမာဝက်တိုက်နယ် ဖေါင်စိန်ကျေးရွာအရောက် မောင်လမြိုင်-သံဖြူဇရပ်-ရေး လမ်းမိုင်တိုင်အမှတ် (၃၇။၃) တံတားအမှတ် ၃၈။၂ (သံဖြူဇရပ် မြို့အ၀င်) အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ တံတားပေါင်ကိုတိုက်ပြီး ဖေါင်စိန်ချောင်းထဲသို့ ထိုးကျတိမ်းမှောက် ခဲ့ခြင်းဖြစ်သည်။

 ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါလာသူ ၂၂ ဦးလုံး ထိခိုက်ဒဏ်ရာများ အသီးသီး ရရှိခဲ့ကာ သံဖြူဇရပ်မြို့ ပြည်သူ့ဆေးရုံသို့ တင်ပို့ဆေးကုသမှု ခံယူခဲ့သည်။
::
"ကျွန်တော်က လမ်းမှာအိပ်ပျော်လာတာ။ ကားနဲ့တံတားပေါင် တိုက်မိပြီး ချောင်းထဲကျတဲ့ အချိန်မှ နိုးလာတာ။ ဖြစ်ဖြစ်ချင်း မထနိုင်ဘူး။ ကားသမားတွေ အော်တော့မှ အတင်းထပြီး လမ်းပေါ်ပြန်တက်လာတာ" ဟု ယာဉ်ပေါ်ပါလာသူ ခရီးသည် တစ်ဦးက ပြောကြားသည်။

"ကားက အရှိန်များပြီး လမ်းရဲ့ ညာဘက်မှာရှိတဲ့ လမ်းဘေးက ပန်းခုံကို အရင်တိုက်တယ်။ နောက် တံတားရဲ့ ရယ်ဘက်တံတားပေါင်ကိုတိုက်ပြီး ချောင်းထဲကျသွားတယ်။ ချောင်းထဲမှာ ရေနည်းနေတဲ့ အချိန်ဖြစ်လို့ ခရီးသည်တွေ သက်သာတာ။
ါ်ါ်
 ချောင်းရေများနေရင် မလွယ်ဘူး" ဟု ကမာဝက် တိုက်နယ်ရဲစခန်းမှ တာဝန်မှူးက ပြောကြားသည်။

ထို့ကြောင့် အောင်သီဟ မှန်လုံကားမှ ယာဉ်မောင်း ဦးအေးကျော်အား ယာဉ် (ပ) ၁၁။ ၂၀၁၃ ပုဒ်မ ၃၃၇။၃၃၈ အရ ကမာဝက် တိုက်နယ်ရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

EMG ::--

RangonNewsDaily:: November . 17 .2013 မုဒုံမြို့နယ် ကမာဝက်တိုက်နယ် ဖောင်စိန်ကျေးရွာ ဖေါင်စိန်ချောင်းထဲသို့ ရန်ကုန်-မော်လမြိုင် ပြေးဆွဲနေသော အောင်သီဟ ယာဉ်လိုင်းမှ မှန်လုံကားတစ်စီး ထိုးကျတိမ်းမှောက်မှု နိုဝင်ဘာလ (၁၆) ရက် နံနက် ၄ နာရီ ၃၀ မိနစ်တွင် ဖြစ်ပွားခဲ့သည်။

အိန္ဒိယ နိုင်ငံမှ Lalit Ram ဆိုသူ၏ မျက်နှာမှ အသားပိုကြီး အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့

Photo: အသားပိုကြီး ပိုင်ရှင်ကို အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့
Sunday, November 17, 2013

အိန္ဒိယ နိုင်ငံမှ Lalit Ram ဆိုသူတွင် မျက်နှာ၌ ကြီးမားသော အသားပိုကြီးကို တွေ့ရှိခဲ့ ရပါတယ်။ သူ၏ အသက်ကတော့ ၂၃ ဖြစ်ပြီး အိန္ဒိယနိုင်ငံရှိ မြို့နှင့် အလွန်ဝေးသော ဒေသတွင် နေတယ်လို့ ဆိုပါတယ်။ လယ်ယာ စိုက်ပျိုးခြင်းကို လုပ်ကိုင်ကာ အသက်မွေးတယ်လို့ ဆိုပါတယ်။

သူသည် ထိုအသားပိုကြီးကြောင့် အပေါင်းအသင်း မရှိသည့်အပြင် အစားစားရာတွင်လည်း အလွန်ပဲ အခက်အခဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ထိုသူသည် လွန်စွာပင် စိတ်ဓာတ်ကျခဲ့ တယ်လို့ ဆိုပါတယ်။ ကံကောင်းစွာပဲ သူ၏ အသားပိုကြီးကို ဆရာဝန်များ ဖယ်ရှားနိုင်ခဲ့ပါတယ်။
ထိုဒေသမှ ခရစ်ယာန် ဘုန်းတော်ကြီးတွေက " သူသည် အလွန်ပင် သနားစရာ ကောင်းသော သူတစ်ယောက် ဖြစ်ပါတယ်။ လူငယ်တစ်ယောက် ဖြစ်ပေမယ့် အသားပိုကြီးကြောင့် မည်သည့် သူကမျှ အပေါင်းအသင်း မလုပ်၊ ဘယ်အမျိုးသမီး ကမှ ပြန်မကြိုက် ခဲ့ပါဘူး"။
ယခုတော့ သူ၏ ဘဝဟာ လွန်စွာပင် လှပခဲ့ပါတယ်။ အသက်အန္တရာယ် မရှိစွာပဲ အသားပိုကြီးကို ကောင်းစွာပင် ဖယ်ရှားနိုင်ခဲ့ ပါတယ်။ ထို့ကြောင့် လာခြင်းမကောင်းသော ထိုသူအတွက် ဝမ်းသာစရာပင် ဖြစ်ပါတယ်။
Lalit Ram " ကျွန်တော် အလွန်ပဲ ဝမ်းသားပါတယ်။ အစကတော့ ကျွန်တော် လူများတဲ့ ဘယ်နေကိုမှ မသွားရဲဘူး။ ပိုက်ဆံလည်း ရအောင် မရှာနိုင်ဘူး။ ချစ်သူလည်း မရှာနိုင်ဘူး။ ဒီနေ့မှာတော့ ကျွန်တော် အရင်က စိတ်ကူးယဉ်တာတွေ အားလုံးကို လုပ်ပါ့မယ် " လို့ သူက ဝမ်းမြောက် ပျော်ရွှင်စွာ ပြောခဲ့ပါတယ်။

ကျော်လင်းနိုင် (ရိုးရာလေး)

RangonNewsDaily:: November . 17 .2013
အိန္ဒိယ နိုင်ငံမှ Lalit Ram ဆိုသူတွင် မျက်နှာ၌ ကြီးမားသော အသားပိုကြီးကို တွေ့ရှိခဲ့ ရပါတယ်။ သူ၏ အသက်ကတော့ ၂၃ ဖြစ်ပြီး အိန္ဒိယနိုင်ငံရှိ မြို့နှင့် အလွန်ဝေးသော ဒေသတွင် နေတယ်လို့ ဆိုပါတယ်။ လယ်ယာ စိုက်ပျိုးခြင်းကို လုပ်ကိုင်ကာ အသက်မွေးတယ်လို့ ဆိုပါတယ်။

အချိုရည်များ အလွန်အကျွံ သောက်ပါက ဦးနှောက်ကို ထိခိုက်စေနိုင်

Photo: အချိုရည်များ အလွန်အကျွံ သောက်ပါက ဦးနှောက်ကို ထိခိုက်စေနိုင်
Sunday, November 17, 2013

အချိုရည် အများအပြား နေ့စဉ်သောက်ပါက အဝလွန်ခြင်းကဲ့သို့ ခန္ဓာကိုယ် အပြောင်းအလဲ သက်ရောက်မှုများ ရှိနိုင်ကြောင်း သုတေသန ရလဒ်များက ဖော်ထုတ်ထားနိုင်ခဲ့သော်လည်း ယင်းထက်ကျယ်ပြန့်သော ဆိုးကျိုးမျိုး ရှိလာနိုင်သေးကြောင်း သိရသည်။

အချိုရည်များ အလွန်အကျွံ သောက်ပါက ဦးနှောက်ကို ထိခိုက်စေနိုင်
သကြားဓာတ် အများအပြား ပါဝင်သည့် အချိုရည်များ နေ့စဉ်ရက်ဆက် သောက်သုံးခြင်းသည် ဦးနှောက်ကို ထိခိုက်စေနိုင်ကြောင်း သုတေသီများက သတိပေးခဲ့သည်။ ယခင်က အချိုရည် အများအပြား နေ့စဉ်သောက်ပါက အဝလွန်ခြင်းကဲ့သို့ ခန္ဓာကိုယ် အပြောင်းအလဲ သက်ရောက်မှုများ ရှိနိုင်ကြောင်း သုတေသန ရလဒ်များက ဖော်ထုတ်ထားနိုင်ခဲ့သော်လည်း ယင်းထက်ကျယ်ပြန့်သော ဆိုးကျိုးမျိုး ရှိလာနိုင်သေးကြောင်း သိရသည်။ နေ့စဉ် အချိုရည် အများအပြား သောက်သုံးခြင်းသည် ရေရှည်တွင် ဦးနှောက်ကို ကြီးကြီးမားမား သိသိသာသာ ထိခိုက်စေနိုင်ပြီး အယ်လ်ဇိုင်းမား ရောဂါနှင့် သဏ္ဍန်တူသည့် သက်ရောက်မှုများ ဖြစ်လာစေတတ်ကြောင်း ပညာရှင်များက ပြောကြားခဲ့သည်။

ဩစတြေးလျမှ သုတေသီများသည် သကြားဓာတ်ပါသည့် အချိုရည်များ၏ ကျန်းမာရေးအပေါ် ထိခိုက်စေမှုကို လေ့လာရင်း ဦးနှောက်ကိုပါ သက်ရောက်နိုင်ကြောင်း ခြေရာခံလာမိခဲ့ကြသည်။ နေ့စဉ်ရက်ဆက် အချိုရည်များ သောက်နေခြင်းဖြင့် ဦးနှောက်ထဲရှိ သာမန် လုပ်ငန်းဆောင်တာများကို ထောက်ပံ့ပေးသည့် ပရိုတိန်းဓာတ် ရာပေါင်း အတော်များများကို အပြောင်းအလဲများ ဖြစ်လာစေကြောင်း ဆစ်ဒနီရှိ မက်ကူရေး တက္ကသိုလ်မှ ဒေါက်တာ ဂျိန်းဖရန်ကလင်က မှတ်ချက်ပြုခဲ့သည်။

"ဒီတွေ့ရှိချက်က ဖွံ့ဖြိုးလာတဲ့ လူ့အဖွဲ့အစည်းမှာ နေ့စဉ်ရက်ဆက် အချိုရည်တွေ အများကြီး သောက်နေတဲ့သူတွေ များပြားနေတဲ့အပေါ် စိုးရိမ်စရာ တပ်လှန့်မှု ဖြစ်လာပါတယ်"ဟု ဖရန်ကလင်က ဆိုသည်။ ၎င်းက "အထူးသဖြင့် သက်ကြီးပိုင်း အရွယ်တွေမှာ ဒီလိုအချိုရည်တွေ များများသောက်တာမျိုး နေ့စဉ်ရက်ဆက် ဖြစ်နေရင် ဦးနှောက်ကို သိသာတဲ့ ပြောင်းလဲမှုတွေ ဖြစ်လာနိုင်ပါတယ်။ အကြံပေးချင်တာကတော့ ရေငတ်လာရင် ရေသာသောက်ပါ။ အချိုရည်တွေကတော့ သင့်တင့်တဲ့ ပမာဏလောက်ထက် ပိုမသောက်သင့်ဘူး"ဟုလည်း မှတ်ချက်ပြုခဲ့သည်။ သုတေသန တွေ့ရှိချက်များက သကြားဓာတ် များပြားလွန်းခြင်းသည် ဦးနှောက်အတွင်း၌ ဓာတုဗေဒ ဖြစ်စဉ်များကို ပြောင်းလဲစေနိုင်ကြောင်း ညွှန်ပြလျှက် ရှိသည်။ ယခင်စစ်တမ်းများတွင်မူ နေ့စဉ်ရက်ဆက် အချိုရည်များ သောက်ခြင်းကြောင့် နှလုံးရောဂါ၊ ဆီးချို၊ အဝလွန်ခြင်း၊ အရိုးဆတ်ခြင်းနှင့် ဆီးကြိတ်ကင်ဆာများ ဖြစ်နိုင်ကြောင်း တွေ့ရှိချက်များကို ဖော်ထုတ်ထားနိုင်ခဲ့သည်။ 

Planet Myanmar Network

RangonNewsDaily:: November . 17 .2013
အချိုရည် အများအပြား နေ့စဉ်သောက်ပါက အဝလွန်ခြင်းကဲ့သို့ ခန္ဓာကိုယ် အပြောင်းအလဲ သက်ရောက်မှုများ ရှိနိုင်ကြောင်း သုတေသန ရလဒ်များက ဖော်ထုတ်ထားနိုင်ခဲ့သော်လည်း ယင်းထက်ကျယ်ပြန့်သော ဆိုးကျိုးမျိုး ရှိလာနိုင်သေးကြောင်း သိရသည်။

လှိုင်သာယာမြို့နယ်တွင် လိုင်းကား (၂)စီးတိုက်မိ၍ ခရီးသည် (၉)ဦး ဒဏ်ရာရ

RangonNewsDaily:: November . 17 .2013
၁၆.၁၁.၂၀၁၃ရက်နေ့ ၁၉၃၀အချိန်တွင် လှိုင်သာယာမြို့နယ်၊ရန်ကုန်- ပုသိမ်လမ်းအတိုင်း အနောက်မှအရှေ့သို့ ယာဉ်မောင်းမြ၀င်း(ဘ) ဦးလှဦး၊ (၂၀)ရပ်ကွက်၊ လှိုင်သာယာမြို့နယ်နေသူမောင်းနှင်လာသော ၃က/----၊ တိုယိုအေ့အပြာရောင်၊ အမှတ် (၁၁၀)အ၀ါလိုင်းယာဉ်သည် ဘုရင့်နောင်တံတားဖြတ်သန်းခကောက်ခံရေးဂိတ်အရောက်တွင် ၄င်းရှေ့မှ

မြန်မာပြည်ဖွား အမေရိကန်မော်ဒယ်Prudence Moe

မြန်မာပြည်ဖွား အမေရိကန်မော်ဒယ်Prudence Moe
Sunday, November 17, 2013

မွေးနေ့ - ၁၁၊ ၂၉၊ ၈၃

ရာသီခွင် - ဓနု

အရပ်အမြင့် - ၄ပေ၊ ၁၁လက်မ

ကိုယ်အလေးချိန် - ၁၁၀ပေါင်

လူမျိုး - ဗမာ

မွေးရပ် - ရန်ကုန်မြို့

နေထိုင်ရာအရပ် - လက်စ်ဗေးဂတ်စ်၊ နီဗားဒါး

အပြောစကား - အင်္ဂလိပ်၊ မြန်မာ

Prudence Moeဟာ မြန်မာနိုင်ငံမှာဖွားမြင်ခဲ့ပြီး အသက်(၇)နှစ်အရွယ်မှာပဲ အမေရိက ကိုသွားရောက်ခဲ့ပါတယ်။ သူ့ရဲ့မမေ့နိုင်စရာ အတွေ့အကြုံကတော့ နယ်သစ်တစ်ခုကိုအခြေချစမှာ ရင်းနှီးကျွမ်းဝင်မှုမဖြစ်ခဲ့တာတွေပါပဲ။ မြန်မာနိုင်ငံနဲ့ အမေရိက ဆိုတဲ့ နိုင်ငံ၂ခုရဲ့ မတူညီတဲ့ လူမှုရေးနောက်ခံအခြေအနေတွေပေါ်မှာ ဖြတ်သန်းလာခဲ့ရပါတယ်။ ဒီအချက်ကပဲ သူ့ကို သူမတူသူ တစ်ယောက်ဖြစ်လာစေခဲ့တာပါ။

Prudence Moeဟာ အမြဲ တက်တက်ကြွကြွနဲ့ပဲ ရှင်သန်ကြီးပြင်းလာခဲ့ပါတယ်။ အားကစားပြိုင်ပွဲတွေတော့ ၀င်ရောက်ယှဉ်ပြိုင်ခြင်း မရှိခဲ့ပေမယ့် ကျန်းမာရေးက သူ့အတွက်သိပ်အရေကြီးတယ်လို့ ခံယူထားခဲ့ပါတယ်။ အဲ့ဒီ့နောက်မှာတော့ သူဟာ ၂၀၀၆ခုနှစ်မှာ ကိုယ်ကာယလေ့ကျင့်ခန်းသင်တန်း တက်ရောက်ခဲ့ပြီး ၂၀၀၇ခုနှစ်မှာပဲ သူ့အတွက်ပထမဆုံးဖြစ်တဲ့ ကိုယ်ကာယအလှပြပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး သင်တန်းတစ်ခုလုံးကို အနိုင်ရရှိခဲ့ပါတယ်။ သူဟာ နောက်ထပ်ပြိုင်ပွဲအချို့ကိုဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ခုတော့ မော်ဒယ် ဘက်မှာ အာရုံစိုက်လုပ်ဆောင်နေပြီလို့ သိရပါတယ်။

Vitrix Model Teamမှာအလုပ်လုပ်ရတာ ကြိုက်တယ် လို့ Pridence Moeကပြောပါတယ်။ သူဟာ သူ့လို စိတ်အားထက်သန်တဲ့၊ သူ့လိုစိတ်မျိုးရှိတဲ့သူတွေနဲ့လည်းကြုံတွေ့ရသလို၊ လူတွေအများကြီးနဲ့လည်း ဆက်ဆံရပါတယ်။ Pridence Moeတို့လို Vitrix Modelတွေဟာ တက်ကြွတဲ့အတွက်၊ ဆွဲဆောင်ရှိတဲ့အတွက်၊ ယုံကြည်ချက်ရှိကြတဲ့အတွက် ပျော်ရွှင်မှုကိုရကြပါတယ်။

“ကျွန်မကိုယ်ကျွန်မဖော်ညွှန်းဖို့ လူသိများတဲ့ စကားစုကောင်းတစ်ခုရှိခဲ့မယ်ဆိုရင်ပေါ့၊ Go Big or go home (လုပ်နိုင်ရင်အကောင်းဆုံးလုပ်၊ မလုပ်ရင်လဲအိပ်ပြန်)လို့ပဲပြောချင်ပါတယ်။ အချိန်အများစုမှာ သိပ်ပြီးစဉ်းစားတွေးတောမနေဘဲ ဆုံးဖြတ်ချက်ချလိုက်တယ်ဆိုတော့ ဒါကျွန်မရဲ့ ဆောင်ပုဒ်ပါလို့  မပြောချင်ပါဘူး။ တစ်ခုခုကိုလုပ်တိုင်းလည်း စိတ်အားထက်ထက်သန်သန်ပဲ လုပ်ပါတယ်။ ကျွန်မအလုပ်ကြိုးစားတယ်၊ များများစားတယ်၊ အကျယ်ကြီးရယ်တယ်၊ နှစ်နှစ်ကာကာချစ်တယ်။ Yin-yang အတွေးအမြင်တွေကို ယုံကြည်တယ်။ ဒီပင်ကိုယ်လက္ခဏာတွေနဲ့ပတ်သက်ပြီး၊ တူညီတဲ့ဝိရောဓိတစ်ခုရှိနေတယ်။” လို့ Prudence Moe ကပြောထားပါတယ်။

မော်ဒယ် Prudence Moe ကို Facebookတို့ Twitterတို့မှာ သွားရောက်အားပေးနိုင်ပါတယ်။ 

သီဟနိုင် 
Trand Myanmar

RangonNewsDaily:: November . 17 .2013 Prudence Moeဟာ မြန်မာနိုင်ငံမှာဖွားမြင်ခဲ့ပြီး အသက်(၇)နှစ်အရွယ်မှာပဲ အမေရိက ကိုသွားရောက်ခဲ့ပါတယ်။ သူ့ရဲ့မမေ့နိုင်စရာ အတွေ့အကြုံကတော့ နယ်သစ်တစ်ခုကိုအခြေချစမှာ ရင်းနှီးကျွမ်းဝင်မှုမဖြစ်ခဲ့တာတွေပါပဲ။

OIC ဆန္ဒပြပွဲအမည်ခံကာ အစ္စလာမ်ဘာသာအား ဗုဒ္ဓသားတော်များ ရိုင်းဆိုင်းစော်ကားမှု အစ္စလာမ်ဘာသာရေးအဖွဲ့ ကြီးများရှုံ့ချ

OIC ဆန္ဒပြပွဲအမည်ခံကာ အစ္စလာမ်ဘာသာအား ဗုဒ္ဓသားတော်များ ရိုင်းဆိုင်းစော်ကားမှု အစ္စလာမ်ဘာသာရေးအဖွဲ့ ကြီးများရှုံ့ချ
=======================================================================

ပိာန်းအောင်၊ပန်းနုဝေ
နိုဝင်ဘာ ၁၆၊ ၂၀၁၃

OIC ဆန့်ကျင်ပွဲခေါင်းစဉ်ဖြင့် ဆန္ဒပြပွဲများတွင် အစ္စလာမ်ဘာသာအား စော်ကားသည့် ဗီနိုင်းစာသားကို ဗုဒ္ဓသားတော် သံဃာတော်များက ကိုင်ဆောင်ကြွချီခဲ့မှုကို ပြင်းထန်စွာရှုံ့ချကြောင်း
နိင်ငံတော် အသိအမှတ်ပြု အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးများက မြန်မာမွတ်စ်လင်မ်မီဒီယာမှ ဆက်သွယ်မေးမြန်းချက် များတွင်ဖြေကြားလိုက်သည်။

“ ပြင်းပြင်းထန်ထန်ကန့်ကွက်ပါတယ်၊ ဘာသာတစ်ခုကိုစော်ကား ထားတာဖြစ်တယ်၊ သူတို့ဘာသာ OIC ကိုပဲဆန္ဒပြပြ၊ ကုလသမဂ္ဂကိုပဲ ဆန္ဒပြပြ ကျွန်တော်တို့ဘာမှ ပြောစရာမရှိဘူး၊
အစ္စလာမ်ကို စော်ကားထားတာကတော့ အစ္စလာမ်ဘာသာတရားကို လေးစားမြတ်နိုးနေတဲ့ လူကောင်းသူကောင်းတွေ အားလုံးနဲ့ဆိုင်တယ်၊ ဒီကိစ္စနဲ့ပက်သက်ပြီးတော့ထိထိရောက်ရောက် တားမြစ်ဖို့ အဓိကတာဝန်ရှိဖို့ နိုင်ငံတော်သမ္မတနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့နဲ့ဒီဒေသခံအားလုံး အရေးမယူပဲလှစ်လှူရှုတာကို ကျွန်တော်တို့ ကန့်ကွက်ပါတယ်၊ ပြင်းပြင်းထန်ထန် ရှုံ့ချပါတယ်၊ အရေးမယူတဲ့သူကိုလည်း ရှုံ့ချတယ်၊ လုပ်တဲ့သူကိုလည်း ရှုံ့ချပါတယ်’’ဟုအစ္စလာမ်သာသနာရေးရာ ကောင်စီဌာနချုပ်၏ အတွင်းရေးမှူးချုပ် ကိုတင်မောင်သန်းက ဗုဒ္ဓသားတော်များ၏ အစ္စလာမ်ဘာသာအား စော်ကားသည့် လုပ်ရပ်နှင့်ပတ်သက်ပြီး သူ၏ သဘောထားကို မြန်မာမွတ်စလင်မ်မီဒီယာသို့ပြောသည်။

မြန်မာနိင်ငံအတွင်းရှိ ဗုဒ္ဓဘာသာအချို့က အိုအိုင်စီ ဆန့်ကျင်ပွဲများကို ယခုရက်ပိုင်းအတွင်း မြို့အနည်းငယ်တွင် ခွင့်ပြုချက်မဲ့ ပြုလုပ်ခဲ့ကြပြီး အိုအိုင်စီ အား ဆန့်ကျင်ကြောင်း ဆန္ဒပြပွဲနှင့် လုံးဝသက်ဆိုင်ခြင်းမရှိသည့် "သားဖောက်နှုန်းမြန် အစ္စလာမ်၊ တိရိစ္ဆာန်ဝါဒ ဆန့်ကျင်ကြ "ပာူသော အစ္စလာမ်ဘာသာအား စော်ကားသည့် ဗီနိင်းကို ဗုဒ္ဓသားတော် အချို့က ကိုင်ဆိုင်ကြွချီ ခဲ့ကြသည်။

“ ဘာသာတစ်ခုနဲ့တစ်ခုကိုအခုလိုတိရစ္ဆာန်နဲ့ ခိုင်းနှိုင်းပြီးတော့ ဘာသာတစ်ခုကို သက်သက်နှိမ့်ချစော်ကားထားတယ်၊ အစ္စလာမ်ဘာသာကို တိုက်ရိုက်စော်ကားတာနဲ့ ပက်သက်ပြီးတော့အစ္စလာမ် ဘာသာကြီး အဖွဲ့ကြီးမှာ ရှိတဲ့မ.မ.လဥက္ကဌ တစ်ယောက် အနေနဲ့ လုံးဝဒီအပေါ်မှာ ရှုံ့ချတယ်၊ ရှုံ့ချပြီးတဲ့အပြင်ကိုဒီဟာနဲ့ ပက်သက်ပြီးတော့ နိုင်ငံတော်ကနေ တာဝန်ယူဖြေရှင်းပေးဖို့ လိုအပ်တယ်၊နို င်ငံတော်က တာဝန်ယူ ဖြေရှင်းပေးဖို့ မရှိဘူးဆိုရင်ဒီဟာသက်သက် အစ္စလာမ်ဘာသာဝင်တွေကို သီးသန့်ပေါ့၊ သေချာစနစ်တကျ စီစဉ် ဆောင်ရွက် တယ်လို့ သဘောပေါက်တယ်၊ အဲ့လိုခံယူတယ်’’ပာု ဗုဒ္ဓသားတော်များ၏ အစ္စလာမ်ဘာသာအပေါ်
စော်ကားသည့် ဗီနိင်းကိုင်ဆောင် ဆန္ဒပြမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင်မ်လူငယ်များ(ဘာသာရေး)အဖွဲ့ ဥက္ကဌ ဟာဂျီဦးမြင့်ထွန်းက ၎င်း၏ သဘောထားကို မြန်မာမွတ်စလင်မ်မီဒီယာသို့ပြောသည်။

OIC ဆန္ဒပြပွဲအမည်ခံကာ အစ္စလာမ်ဘာသာအားစော်ကားမှုသည် ယခုနှစ်တွင် ပထမဆုံးအကြိမ်မပာုတ်ဘဲ “မူဆလင် ဘာသာဝင်တွေဟာ အစွန်းရောက်ပြီးတော့ မိမိတို့နိုင်ငံ(မြန်မာနိုင်ငံ)မှာနေပြီး၊ မိမိတို့လူမျိုးကိုလည်းစော်ကားတယ်။ မွေးလာတဲ့ သားသမီးများကိုလည်း သူတို့ရဲ့ . . . . . ”ဟု ရခိုင်ဗုဒ္ဓဘာသာ ဗုဒ္ဓသားတော်တစ်ပါးဖြစ်သည့် ဦးပါမောက္ခက ၂၀၁၂ ခုနှစ် တော်သလင်းလ အုံကြွမှုတစ်ရပ်အဖြစ် ယမန်နှစ် အောက်တိုဘာလ ၁၅ ရက်နေ့ တွင် ဖြစ်ပွားခဲ့သည့် OIC ဆန့်ကျင်ရေးပွဲတွင်လည်း အထက်ပါ အတိုင်းအစ္စလာမ်ဘာသာအား စော်ကားခဲ့ဖူးသည်။

“ ဒီလိုရေးသားထားတာနဲ့ပတ် သက်ပြီးတော့ ပြင်းပြင်းထန်ထန်ရှုံ့ချတယ် ဒါကတစ်အချက်၊ နှစ်အချက်က ဒီမိုကရေစီအနှစ်သာရအချက်က လွတ်လပ်စွာဆန္ဒပြ ပိုင်ခွင့်ရှိတယ်၊တစ်ဘာသာက တစ်ဘာသာကို ဒီလိုစော်စော်ကားကားဒီလိုစော်ကားခြင်းဟာဒီမိုကရေစီအနှစ်သာရမဟုတ်ဘူး၊ OICဆိုတာက ၅၇နိုင်ငံနဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့ပဲ၊ နိုင်ငံတော်အစိုးရနဲ့
သဘောတူညီချက်နဲ့လာတဲ့ကိစ္စ၊ အဲ့ဒါကိုကန့်ကွက်ချင်တယ်ဆိုရင် နိုင်ငံတော်ကကန့်ကွက်ရမှာပေါ့၊ အဲ့ဒါကို OIC ကိုကန့်ကွက်ပြီးတော့ အစ္စလာမ်ဆန့်ကျင်ရေးရေးတယ်ဆိုတာကတော့ ဒါလုံးဝ မသင့်တော်တဲ့ ကိစ္စလေ’’ ပာု ဗုဒ္ဓသားတော် ၃ ပါးက ကိုင်ဆောင်သည့် အစ္စလာမ်ဘာသာ အား စော်ကားသည့် စာသားပါနှင့် ပတ်သက်ပြီး မြန်မာမွတ်စလင်မ် အမျိုးသားရေးရာအဖွဲ့ ဌာနချုပ်၏အတွင်းရေးမှူး ဦးကျော်ခင်က
သူ၏ သုံးသပ်ချက်ကို မြန်မာမွတ်စလင်မ်မီဒီယာသို့ပြောသည်။

မြန်မာနိင်ငံသည် ထေရ၀ါဒ ဗုဒ္ဓဘာသာ ထွန်းကားသည့် နိင်ငံတစ်နိင်ငံဖြစ်ပြီး ယခုနှစ်အတွင်းဖြစ်ပွားခဲ့သည့် အစ္စလာမ်ဆန့်ကျင်ရေး လှုပ်ရှားမှုများ၊ အကြမ်းဖက် လူသတ်မီးရှို့မှုများတွင် မြန်မာနိင်ငံမှ ဗုဒ္ဓသားတော် ရပာန်းသံဃာ အချို့က အထက်ပါ အကြမ်းဖက်မှုများတွင် သင်္ကန်းဝတ်ဖြင့်ပင် ဦးဆောင်ပါဝင်ပေးခဲ့သည်။

“ ဒီကိစ္စနဲ့ပက်သက်လို့ ကျွန်တော်တို့အဖွဲ့(၅)ဖွဲ့ အစည်းအဝေးလုပ်နေတယ်၊ အဲဒါသက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ စကား ပြောဖို့လုပ်နေတယ်’’ ဟု အိုလမာ အစ္စလာမ်သာသနာ့ ပညာရှင်များအဖွဲ့ချုပ်၏ ဒုဥက္ကဌ မော်လဝီယူစွဖ်က ဗုဒ္ဓသားတော်များ အစ္စလာမ်ဘာသာအား စော်ကားမှုနှင့် ပတ်သက်ပြီး မြန်မာမွတ်စလင်မ်မီဒီယာမှ သဘောထားမှတ်ချက်ပေး ရန်မေးမြန်းမှုတွင် အထက်ပါအတိုင်းဖြေကြားသည်။

အစိုးရအသိအမှတ်ပြုအစ္စလာမ်ဘာသာရေးအဖွဲ့ကြီး ၅ ဖွဲ့တွင် တစ်ဖွဲ့ အပါအ၀င်ဖြစ်သည့် မော်လ၀ီ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးကျော်စိုးအား အထက်ပါကိစ္စရပ်နှင့်ပတ်သက်ပြီးမေးမြန်းရာတွင်မှု ဖြေကြားရန်ငြင်းဆန်သည်။

ပုံစာ-
မိတ္တီလာမြို့တွင် အစ္စလာမ်ဘာသာဝင်များအား အကြမ်းဖက်တိုက်ခိုက်မှုတွင်
ဗုဒ္ဓသားတော်တစ်ပါး ပှုးပေါင်းပါဝင်နေစဉ်

@[294925060557297:274:Myanmar Muslim Media]

မိတ္တီလာမြို့တွင် အစ္စလာမ်ဘာသာဝင်များအား အကြမ်းဖက်တိုက်ခိုက်မှုတွင်
ဗုဒ္ဓသားတော်တစ်ပါး ပှုးပေါင်းပါဝင်နေစဉ်
RangonNewsDaily:: November . 17 .2013
OIC ဆန့်ကျင်ပွဲခေါင်းစဉ်ဖြင့် ဆန္ဒပြပွဲများတွင် အစ္စလာမ်ဘာသာအား စော်ကားသည့် ဗီနိုင်းစာသားကို ဗုဒ္ဓ
သားတော် သံဃာတော်များက ကိုင်ဆောင်ကြွချီခဲ့မှုကို ပြင်းထန်စွာရှုံ့ချကြောင်းနိင်ငံတော် အသိအမှတ်ပြု 
အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးများက မြန်မာမွတ်စ်လင်မ်မီဒီယာမှ ဆက်သွယ်မေးမြန်းချက် များတွင်ဖြေ
ကြားလိုက်သည်။

စက်မှုဇုန် ညဆိုင်းဆင်း အမျိုးသမီးအလုပ်သမားများ လိင်ပိုင်းဆိုင်ရာ အန္တရယ်ကြုံတွေ့မည်ကို စိုးရိမ်နေကြ

RangonNewsDaily:: November . 17 .2013
စက်မှုဇုန်များရှိ ညဆိုင်းဆင်း အမျိုးသမီးအလုပ်သမားများသည် လိင်ပိုင်းဆိုင်ရာ မဖွယ်မရာကြုံတွေ့ရ မည့်ကို စိုးရိမ်နေကြသည်ဟု ရန်ကုန်စက်မှုဇုန်များရှိ အလုပ်သမားများအခြေအနေစစ်တမ်းကောက်ယူမှုရ သိရသည်ဟု Labour Right Clinic (L.R.C) မှ ကိုချစ်ဦးမောင်က မဇ္ဈိမကိုပြောသည်။ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန် ၁၂ ခုရှိ အလုပ်သမားပေါင်း ၄၀၀၀ ကို စစ်တမ်းကောက်ယူမှုများအရ အလုပ်သမား နှစ်ထောင်မှာ ယခုကဲ့သို့ဖြေကြားခဲ့ခြင်းဖြစ်သည်။