Pages

Thursday, November 7, 2013

၁၀၅ မိုင် ကုန်သွယ်ရေးစခန်းအနီး လုံခြုံရေးအဖွဲ့ ပစ်ခတ်သဖြင့် တစ်ဦးသေ၊ လေးဦး ဒဏ်ရာရ

RangonNewsDaily:: November . 7 .2013
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်း အနီးတွင် လုံခြုံရေးအရ ကိုယ်ပိုင်ယာဉ် တစ်စီးကို စစ်ဆေးရန် တားဆီးစဉ် ရပ်နားပေးခြင်း မရှိဘဲ ဖြတ်မောင်းသွားသဖြင့် လုံခြုံရေးအဖွဲ့က သေနတ် ဖြင့်ပစ်ခတ်ရာ အကောက်ခွန်ဝန်ထမ်း လေးဦး ဒဏ်ရာရ၍ ယာဉ်မောင်း သေဆုံးခဲ့ကြောင်း အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်း သိရှိရသည်။

တန်ပေါင်းများစွာလေးသည့် ကွန်တိန်နာသေတ္တာကြီး AUDI ကားပေါ် ပိခဲ့သော်လည်း ကားပေါ်ပါလာသည့် ချစ်သူစုံတွဲ ဒဏ်ရာအနည်းငယ်သာ ရရှိ

Photo: တန်ပေါင်းများစွာလေးသည့် ကွန်တိန်နာသေတ္တာကြီး
AUDI ကားပေါ် ပိခဲ့သော်လည်း ကားပေါ်ပါလာသည့် ချစ်သူစုံတွဲ
ဒဏ်ရာအနည်းငယ်သာ ရရှိ
Thursday, November 7, 2013

တရုတ်နိုင်ငံ၊ Quanzhou မြို့မှ ချစ်သူစုံတွဲသည် အနက်ရောင် Audi ကားဖြင့် ထွက်ခွာလာစဉ် တန်ပေါင်းများစွာလေးသည့် ကွန်တိန်နာသေတ္တာကြီးမှာ ကားအပေါ် ပိကျခဲ့သော်လည်း ကံကောင်းထောက်မလွန်း၍ ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ချစ်သူစုံတွဲသည် ပထမဆုံးအကြိမ် ချိန်းတွေ့သည့်နေ့တွင် အဖြစ်ဆိုးနှင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်ပြီး အပြိုင်မောင်းနှင်လာသော ကွန်တိန်နာယာဉ် နှစ်စီးကြောင့် ယခုဖြစ်ရပ်ဆိုး ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

ကွန်တိန်နာယာဉ်တစ်စီးမှ ပစ္စည်းတင် သေတ္တာကြီးမှာ Audi အမျိုးအစား ကားတစ်စီးလုံးအပေါ်သို့ ပိကျခဲ့ခြင်း ဖြစ်ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်များ ရောက်လာချိန်တွင် ကားပေါ်ပါလာသူအားလုံး သေဆုံးမည်ဟု ထင်မှတ်ခဲ့သော်လည်း ကရိန်းကား တစ်စီး၏ အကူအညီဖြင့် သေတ္တာကြီးအား ဖယ်ရှားလိုက်သောအခါ နှစ်ဦးစလုံး အသက်ရှင်နေသည်ကို အံ့အားသင့်စွာ တွေ့ရှိခဲ့ရခြင်းဖြစ်သည်။ 

ကားပေါ်ပါ အမျိုးသမီးမှာ ကိုယ်တိုင် ထွက်လာနိုင်သော်လည်း သူ၏ ချစ်သူ စီးပွားရေးလုပ်ငန်းရှင် အမျိုးသားမှာမူ ထိုင်ခုံများကြား ညပ်နေ၍ ကယ်ဆယ်ရေးသမားများက ဆွဲထုတ်ပေးခဲ့ရသည်။ ၎င်းတို့စုံတွဲကို နီးစပ်ရာ ဆေးရုံ တစ်ရုံသို့ ပို့ဆောင်ကာ ဆေးစစ်မှု ခံယူခဲ့ပြီး နှစ်ဦးစလုံးမှာ ပြင်းထန်သည့် ဒဏ်ရာများ မရရှိဘဲ အသေးစား ဒဏ်ရာများသာ ရရှိခဲ့သည်။

မျက်မြင်သက်သေတစ်ဦးက ကုန်တင်ကားကြီးနှစ်စီးအပြိုင် ဘရိတ်အုပ်လိုက်စဉ် တစ်စီး၏ ကုန်သေတ္တာမှာ ကားငယ်ပေါ်သို့ ပိကျသွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။


Automobile Journal

RangonNewsDaily:: November . 7 .2013
တရုတ်နိုင်ငံ၊ Quanzhou မြို့မှ ချစ်သူစုံတွဲသည် အနက်ရောင် Audi ကားဖြင့် ထွက်ခွာလာစဉ် တန်ပေါင်းများစွာလေးသည့် ကွန်တိန်နာသေတ္တာကြီးမှာ ကားအပေါ် ပိကျခဲ့သော်လည်း ကံကောင်းထောက်မလွန်း၍ ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့ကြောင်း သိရသည်။

အိမ့်ချစ် ရဲ့ "အချစ်ရေး" အမည်ရှိတေးစီးရီးမိတ်ဆက်ပွဲ

Photo

RangonNewsDaily:: November . 7 .2013
တေးသံရှင် အိမ့်ချစ်ရဲ့ ဒုတိယမြောက်တစ်ကိုယ်တော်ခွေ "အချစ်ရေး" လို့အမည်ပေးထားတဲ့ တေးစီးရီးစာနယ်ဇင်းမိတ်ဆက်ပွဲကို ယနေ့ နိုဝင်ဘာလ ၇ ရက် နေ့လည် ၁ နာရီက ဗိုလ်ချုပ်လမ်းရှိ စင်ထရယ်ဟိုတယ်တွင် ပြုလုပ်ခဲ့ပါတယ်။

တစ်ကိုယ်တည်းဘဝကို ကျေနပ်နေသည့် ဆယ်လီနာဂိုမက်ဇ်

Photo: တစ်ကိုယ်တည်းဘဝကို ကျေနပ်နေသည့် ဆယ်လီနာဂိုမက်ဇ်
Thursday, November 7, 2013

Popဂီတ အဆိုတော်မလေးသည် ကနေဒါ လူငယ်အဆိုတော် ဂျက်စတင်ဘီဘာနှင့် ယခုနှစ် အစောပိုင်းက လမ်းခွဲဖြစ်ခဲ့သည်။ ယင်းတို့နှစ်ဦးသည် (၂)နှစ်ကျော် အတူတွဲခဲ့ပြီးမှ လမ်းခွဲဖြစ်ခဲ့ကြ
Posted on Nov 07 13 - 05:32 PM | Hits : 12
တစ်ကိုယ်တည်းဘဝကို ကျေနပ်နေသည့် ဆယ်လီနာဂိုမက်ဇ်

သူမအနေဖြင့် တစ်ကိုယ်တည်း ဘဝကို ကျေနပ်ပျော်ရွှင်စွာ ဖြတ်သန်းနေကြောင်း ဆယ်လီနာဂိုမက်ဇ်က ထုတ်ဖော် ပြောကြားလိုက်သည်။ Popဂီတ အဆိုတော်မလေးသည် ကနေဒါ လူငယ်အဆိုတော် ဂျက်စတင်ဘီဘာနှင့် ယခုနှစ် အစောပိုင်းက လမ်းခွဲဖြစ်ခဲ့သည်။ ယင်းတို့နှစ်ဦးသည် (၂)နှစ်ကျော် အတူတွဲခဲ့ပြီးမှ လမ်းခွဲဖြစ်ခဲ့ကြသည်။ ဆယ်လီနာက ယခုအခါ တစ်ကိုယ်တည်း ဘဝတွင် မိသားစုများ၊ သူငယ်ချင်းများအတွက် ပိုမို၍ အချိန်ပေး ဖြတ်သန်းလာနိုင်ပြီး ယင်းအတွက် ပျော်ရွှင် အားရမိကြောင်း ဖွင့်ဟခဲ့သည်။ အသက်(၂၁)နှစ်ရှိ ဆယ်လီနာက ရိုင်ယန်ဆေးခရက်စ်နှင့် တွေ့ဆုံရာတွင် သူမအနေဖြင့် ချစ်သူရည်းစား မရှိသော ဘဝတွင် ကောင်းကွက်များကို တွေ့ရှိသိမြင်နေပြီဟု အတည်ပြုခဲ့သည်။

"ကျွန်မအတွက် တကယ်ဆိုရင် တစ်ကိုယ်တည်း နေရတာက ပိုတောင်ကောင်းပါသေးတယ်။ ကိုယ်ပိုင်အချိန်ကို ကိုယ်တိုင်အသုံးချခွင့်ရှိတယ်။ ကျွန်မမိဘတွေနဲ့ အပြင်ထွက်လည်လို့လည်း ရတယ်လေ။ တစ်ယောက်တည်း ဘဝမှာ ကျွန်မကိုယ်ကျွန်မ ပိုပြီး ပိုင်ဆိုင်လာတယ်။ ဒီခံစားချက်က ခမ်းနားလွန်းပါတယ်"ဟု ဆယ်လီနာက ဖွင့်ဟခဲ့သည်။ KIIS-FM၏ အစီအစဉ်တွင် ပါဝင်ခဲ့ရာ၌ ဆယ်လီနာက သူမသည် အချစ်ရေးတွင် အတန်ငယ် ရှေးရိုးဆန်သော ပုံစံမျိုးရှိကြောင်းလည်း ဖွင့်ဟခဲ့သည်။

Spring Breakersစတား မင်းသမီးက "ကျွန်မက မင်းသမီးတစ်ယောက်၊ အဆိုတော်တစ်ယောက် ဖြစ်နေလို့တော့ အရမ်းကြီး အမြင်ဆန်းသစ်နေတယ် မထင်ပါနဲ့။ ကျွန်မက နည်းနည်း ရှေးရိုးဆန်တယ်။ ကျွန်မကို အပြင်ထွက် လည်ဖို့ ချဉ်းကပ်ရဲတဲ့ ယောက်ျားလေး တစ်ယောက်ယောက် ရှိလာမှပဲ ကျွန်မစဉ်းစားမိမှာပဲ။ ကျွန်မကို ချဉ်းကပ်ရဲတဲ့ ယောက်ျားလေးတွေကိုတော့ သဘောကျလေ့ရှိပါတယ်"ဟုလည်း မှတ်ချက်ပြုသွားသည်။

Planet Myanmar Network

RangonNewsDaily:: November . 7 .2013
သူမအနေဖြင့် တစ်ကိုယ်တည်း ဘဝကို ကျေနပ်ပျော်ရွှင်စွာ ဖြတ်သန်းနေကြောင်း ဆယ်လီနာဂိုမက်ဇ်က ထုတ်ဖော် ပြောကြားလိုက်သည်။ Popဂီတ အဆိုတော်မလေးသည် ကနေဒါ လူငယ်အဆိုတော် ဂျက်စတင်ဘီဘာနှင့် ယခုနှစ် အစောပိုင်းက လမ်းခွဲဖြစ်ခဲ့သည်။

လျှပ်စစ်မီတာခတိုးကောက်မှုနှင့်ပတ်သက်၍ ဒုတိယအကြိမ်ဆန္ဒထုတ်ဖော်

Photo

RangonNewsDaily:: November . 7 .2013
လျှပ်စစ်မီတာခတိုးကောက်မှုနှင့်ပတ်သက်၍ ရန်ကုန်မြို့ မြေနီကုန်းလောက နတ်ရှေ့မှစတင်ကာ အလုံ လျှပ်
စစ်ဝန်ကြီးဌာန ရုံးရှေ့ အထိယနေ့ ညနေ ၆နာရီတွင် ဒုတိယအကြိမ် ကန့်ကွက်လမ်းလျောက်ဆန္ဒဖော်ထုတ်
ကြောင်းသိရသည်။

အီတူး၏ ပါးနပ်မှုကို ချီးကျူးလိုက်သည့် မော်ရင်ဟို

Photo: အီတူး၏ ပါးနပ်မှုကို ချီးကျူးလိုက်သည့် မော်ရင်ဟို
Thursday, November 7, 2013

ချယ်လ်ဆီးအသင်းအတွက် ပထမဆုံးအကြိမ်အဖြစ် တစ်ပွဲတည်းတွင် (၂)ဂိုးသွင်းနိုင်ခဲ့သည့်နောက် တိုက်စစ်မှူး ဆမ်မြူရယ်လ် အီတူးကို အသင်းမန်နေဂျာ ဟိုဆေးမော်ရင်ဟိုက ချီးကျူးစကား ပြောဆိုလိုက်သည်။

ချန်ပီယံလိဂ် ပွဲစဉ်အဖြစ် ချယ်လ်ဆီးက ရှော်လ်ကေးကို (၃-၀)ဖြင့် အနိုင်ရခဲ့ရာတွင် ကင်မရွန်း လက်ရွေးစင် အီတူးက (၂)ဂိုးသွင်းနိုင်ခဲ့ခြင်း ဖြစ်သည်။ အီတူးသည် ပွဲချိန် (၃၁)မိနစ်တွင် ရှော်လ်ကေးဂိုးသမား တီမို ဟယ်လ်ဒါဘရန်းက ဘောလုံးကို မြေပေါ်ချထားချိန်၌ အလစ်ဝင် ပိတ်ဆို့ကာ ဦးဆောင်ဂိုး ရယူခဲ့သည်။ အဆိုပါ ဂိုးသည် ရှော်လ်ကေးအတွက် မျှော်လင့်ချက်များကို ရိုက်ချိုးလိုက်သည့် စိတ်ဓာတ်စစ်ဆင်ရေး ထိုးနှက်ချက်သဖွယ် ဖြစ်လာခဲ့သည်။ ပေါ်တူဂီသား မန်နေဂျာက ယင်းဂိုးတွင် အီတူးသည် အလွန်ပါးနပ်စွာ လှုပ်ရှားခဲ့ကြောင်း မှတ်ချက်ပြုခဲ့သည်။

မော်ရင်ဟိုက "ပေါ်တူဂီနဲ့ စပိန်တို့မှာလည်း ဂိုးသမားတွေကို နောက်ပြန်ပေး ကစားလေ့ရှိတယ်။ ရှော်လ်ကေးကလည်း နောက်တန်းလူတွေဟာ ဂိုးသမားနဲ့ ပြန်ချိတ်တာမျိုး လုပ်တတ်ကြောင်း ကျွန်တော် အီတူးကို ပြောပြခဲ့ပါတယ်။ ဒါကြောင့် သူကလည်း အလစ်ဖမ်း လှုပ်ရှားခဲ့တာပါ။ သူ့ရဲ့ ရွေ့လျားပုံက သပ်ရပ်ပြီး ဂိုးသမား ကန်တင်ချိန်မှာ ပိတ်လိုက်တာ အံဝင်ခွင်ကျ ဖြစ်သွားပါတယ်။ ဒါဟာ သူတော်လို့ ရလာတဲ့ဂိုးပါ"ဟု ပြောဆိုခဲ့သည်။ မော်ရင်ဟိုက ဂိုးသမား ပီတာဆက်ခ်ျကိုလည်း ချီးကျူးစကား ပြောဆိုခဲ့သေးသည်။

"ပီတာဆက်ခ်ျ အကောင်းဆုံး ကာကွယ်မှုတစ်ခု လုပ်ခဲ့ပြီး (၁)ဂိုးစီသရေ ဖြစ်နိုင်တဲ့ အခြေအနေကို ရှောင်လွှဲနိုင်ခဲ့တာ ကျွန်တော် အသိအမှတ် ပြုရပါမယ်။ ဘာပဲဖြစ်ဖြစ် တစ်သင်းလုံး စုဖွဲ့မှုကောင်းကောင်းနဲ့ ကြိုးစား ကစားခဲ့ကြတယ်။ ကျွန်တော်တို့ တောင်ပံလူတွေက သူတို့ခံစစ်ကို ကောင်းကောင်းကြီး ဒုက္ခပေးနိုင်ခဲ့ပါတယ်"ဟုလည်း မော်ရင်ဟိုက မှတ်ချက်ပြုသွားသည်။  

Ref:goal
ှSoccer Myanmar

RangonNewsDaily:: November . 7 .2013
ချယ်လ်ဆီးအသင်းအတွက် ပထမဆုံးအကြိမ်အဖြစ် တစ်ပွဲတည်းတွင် (၂)ဂိုးသွင်းနိုင်ခဲ့သည့်နောက် တိုက်
စစ်မှူး ဆမ်မြူရယ်လ် အီတူးကို အသင်းမန်နေဂျာ ဟိုဆေးမော်ရင်ဟိုက ချီးကျူးစကား ပြောဆိုလိုက်သည်။

ပြေးစရာမြေမရှိ သေခဲ့သူ နယ်သာလန် အင်ဂျင်နီယာ ၂ ဦး

Photo: ပြေးစရာမြေမရှိ သေခဲ့သူ နယ်သာလန် အင်ဂျင်နီယာ ၂ ဦး
Thursday, November 7, 2013

ပုံကို ကြည့်ရတဲ့ တိုက်တန်းနစ်က ပြေးစရာမဲ့တဲ့ ချစ်သူ ၂ ဦးလိုပါပဲ။ သို့ပေမယ့် လေအားလျှပ်စစ် တာဘိုင်ပေါ်မှာ ရပ်နေတာ အင်ဂျင်နီယာ 
၂ ဦး ဖြစ်ပါတယ်။

နယ်သာလန်နိုင်ငံက လယ်ကွင်းတစ်ခုမှာ လေအားလျှပ်စစ် တာဘိုင်၊
ပန်ကာများ တပ်ဆင်ထားပြီး တာဝန်ကျ အင်ဂျင်နီယာများက တစ်တိုင်ပေါ်
တက်၊ တစ်တိုင်ပေါ်ဆင်း စစ်ဆေးမှု၊ မောင်းနှင်မှု တို့ ပြုလုပ် ပေးရပါတယ်။ လက်ရှိ ပုံမှာ မြင်တွေ့နေရတဲ့ အင်ဂျင်နီယာ ၂ ဦးကတော့ ကံဆိုးတာပါပဲ။ သူတို့ရှေ့ က တာဝန်ကျသူ ၂ ဦး ဘာမှမဖြစ်ပဲ အောက်တိုဘာလ ၂၉ ရက်နေ့ တာဝန်ကျတဲ့ သူတို့ကျမှ ကွက်ပြီးတော့ ဖြစ်ရပါတယ်။ အကြောင်းက တာဘိုင်တွင်း လျှပ်စစ်ဆား ကစ် လောင်ကျွမ်းမှုတော့ ဖြစ်တယ်လို့ အကြမ်းခင်း ခန့်မှန်းထားပါ တယ်။ ပြေးစရာမရှိလို့ ၅၉ မီတာ မြင့်တဲ့ အပေါ်ကနေ ဟိုမျှော်၊ ဒီမျှော်ကြည့်နေကြတဲ့ သူတို့ ၂ ဦးကို ယခုလို မြင်တွေ့ ရပါတယ်။

တစ်ယောက် မီးလောင်မှာ ကြောက်ပြီး ခုန်ချလိုက်တာ အောက်မှာ ပုံပျက်၊ ပန်းပျက်သေပါတယ်။ တစ်ယောက်ကတော့ ဆင်းဖို့ လှေကားရှာ ကြိုးစား ရင်း အပေါ်မှာပဲ မီးလောင်ကျွမ်း သေပါတယ်။ မီးလောင်တာက အပေါ်မှာ တင် မဟုတ်ပဲ သူတို့ တက်လာတဲ့ လမ်းတောက်လျှောက် လှေကား မှာကော လောင်ကျွမ်းနေလို့ ပြေးစရာ မြေမရှိရခြင်း ဖြစ်ပါတယ်။ ဒီတော့ ပုံဟာ သူတို့ ၂ ဦး နောက်ဆုံး အသက်ရှင်လျက် မြင်ရတဲ့ ပုံပါပဲ။ မီးသတ်နဲ့ ကယ်ဆယ်ရေးတို့ အချိန်မှီရောက်ပေမယ့် ၅၉ ပေ အမြင့်ရှိတဲ့ မီးကိုငြိမ်းပြီး လူကိုကယ်ဖို့ဆိုတာကို မစွမ်းသာပါဘူး။ အချိန်မှီ ရဟတ်ယာဉ်လည်း မလွတ်နိုင်လိုက်ပါဘူး မီးလောင်နှုန်းမြန်ဒါကြောင့်မို့ နာရီပိုင်း အတွင်း သေ ဆုံး ကုန်ကြ ပါတယ်။

ယင်းမီးလောင်မှု ပြီးနောက်နယ်သာလန်က လျှပ်စစ်ဓာတ်အားနှင့် ဆက်စပ် လုပ်ငန်းများ အပေါ် လုံခြုံရေး၊ ကာကွယ်ရေး စည်းကမ်းများ ပိုမို တင်းကြပ် လာကြောင်း သိရပါတယ်။
.
Ref: nieuws
အောင်ခမ်း ( ရိုးရာလေး )

RangonNewsDaily:: November . 7 .2013
ပုံကို ကြည့်ရတဲ့တိုက်တန်းနစ်က ပြေးစရာမဲ့တဲ့ချစ်သူ ၂ ဦးလိုပါပဲ။ သို့ပေမယ့် လေအားလျှပ်စစ် တာဘိုင်ပေါ်
မှာ ရပ်နေတာ အင်ဂျင်နီယာ ၂ ဦး ဖြစ်ပါတယ်။

လေဒီဂါဂါ ကမ္ဘာ့အပြင်တွင် သီဆိုဖျော်ဖြေမည်

Photo: လေဒီဂါဂါ ကမ္ဘာ့အပြင်တွင် သီဆိုဖျော်ဖြေမည်
Thursday, November 7, 2013

တကယ်ပါ။ ကမ္ဘာ့အပြင်မှာ လေဒဂီဂါဂါ သီဆိုဖျော်ဖြေဖို့ အတည်ပြု ပြီး သွားပါပြီ။ ၂၀၁၅ ခုနှစ်မှာ သွားမယ့် အာကာသ လည်ပတ်ခရီးစဉ် မှာ လေဒီဂါဂါ ပါဝင်ပြီး ကမ္ဘာ့ အပြင် ရောက်နေချိန် သီဆို ဖျော်ဖြေပြီး အမေရိကန်မှာလည်း သူ့ရဲ့ သီဆို ဖျော်ဖြေမှုကို တီဗီချယ်နယ်အချို့ နဲ့ ပွဲတွေမှာ တိုက်ရိုက် ထုတ်လွင့်ပြသမှာ ဖြစ်ပါတယ်။

Virgin Galactic လို့ အာကာသ ခရီးသွားလာရေး လုပ်ငန်းဟာ ၂၀၁၅ ခုနှစ်မှာ ပထမဆုံး ခရီးစဉ် စတင်မှာ ဖြစ်ပြီး လေဒီဂါဂါက ကြိုတင် ဘိုကင် ယူပြီးထားသူ ဖြစ်ပါတယ်။ သူမရဲ့  ဘိုကင်က ခရီးသည် အနေနဲ့တင် မဟုတ် တာ့ပဲ သီဆိုဖျော်ဖြေမယ့် သူတစ်ဦးလည်း ဖြစ်လာမှာပါ။ ဆွဲအား သုည အမှတ်မှာပဲ ရှိတဲ့ ကမ္ဘာ့အပြင်မှာ ကိုးရို့ ကားရားနဲ့ Performance ပြ မယ့် လေဒီဂါဂါရဲ့  ပုံစံကို အားလုံးပဲ ခန့်မှန်းလို့ တွေးရင် ရင်ခုန်နေကြမှာ အမှန်ပါပဲ။ သူမလိုပဲ နောက်ထပ် ဘယ် Celebrity တွေများ သွားဆိုအုံးမလဲ ဆိုတာ စောင့်ဆိုင်း နားစွင့်လျက် ရှိကြပါတယ်။

ခရီးသွားစရိတ်လည်း မသေးပါဘူး။ ဒီတော့ လေဒီဂါဂါက အာကာသမှာ သီချင်းဆိုတဲ့ ကမ္ဘာ့ ပထမဆုံး အနုပညာရှင် တစ်ဦး အဖြစ် စံချိန်တင် သွားမှာ ဖြစ် ပါတယ်။ ခရီးစဉ်အတွက် ကြိုတင် ဘိုကင်ပေး လိုက်ချင် သူများ အောက်ပါလခ့်မှာ ဝင်ရောက် လေ့လာ နိုင်ပါတယ်။

www.virgingalactic.com

အောင်ခမ်း ( ရိုးရာလေး )

RangonNewsDaily:: November . 7 .2013
တကယ်ပါ။ ကမ္ဘာ့အပြင်မှာ လေဒဂီဂါဂါ သီဆိုဖျော်ဖြေဖို့ အတည်ပြု ပြီး သွားပါပြီ။ ၂၀၁၅ ခုနှစ်မှာ သွားမယ့် အာကာသ လည်ပတ်ခရီးစဉ် မှာ လေဒီဂါဂါ ပါဝင်ပြီး ကမ္ဘာ့ အပြင် ရောက်နေချိန် သီဆို ဖျော်ဖြေပြီး အမေရိကန်မှာလည်း သူ့ရဲ့ သီဆို ဖျော်ဖြေမှုကို တီဗီချယ်နယ်အချို့ နဲ့ ပွဲတွေမှာ တိုက်ရိုက် ထုတ်လွင့်ပြသမှာ ဖြစ်ပါတယ်။

သင်္ဃန်းကျွန်းမြို့နယ် ဇ၀နရပ်ကွက်က အမွေဆိုင်အိမ်အမှုရုံးသဖြင့် အင်အားသုံးဖယ်ရှားမှုဖြစ်ပွားနေ

Photo: အမွေဆိုင်အိမ်အမှုရုံးသဖြင့် အင်အားသုံးဖယ်ရှား
Thursday, November 7, 2013

သင်္ဃန်းကျွန်းမြို့နယ် ဇ၀နရပ်ကွက် ဒေါ်နီလမ်းရှိ ဒေါ်နီခြံတွင်နေထိုင်သူများ တရားရုံးတွင် အမှုရုံးနိမ့်သဖြင့် နိုဝင်ဘာ ၇ရက်နေ့တွင် အဆိုပါ မြေမှ အင်အားသုံးပြီး ဖယ်ရှားခိုင်းမှုဖြစ်ပွားနေကြောင်း People Powerသတင်းထောက်က သတင်းပေးပို့ထားသည်။

အဆိုပါ မြေဧက၃ဧကအကျယ်ရှိ ဒေါ်နီခြံတွင် နေထိုင်သော အမျိုးများအချင်းချင်း အမှုဖြစ်ပွားပြီး ယင်းအမှုကို အနိုင်ရရှိသူသည် ပိုင်ဆိုင်ကြောင်း စာရွက်စာတန်းအတုများအသုံးချပြီး ယခုအမှုကို အနိုင်ရခဲ့ပြီး မြေပေါ်တွင်နေထိုင်သူများကို အင်အားသုံးဖယ်ရှားခိုင်းနေကြောင်း ဒေါ်နီခြံတွင် နေထိုင်သူ တစ်ဦးကပြောကြားသည်။

လက်ရှိတွင် ဒေါ်နီခြံအတွင်း နေထိုင်သူလူဦးရေ ၁၀၀၀နီးပါးရှိပြီး ချက်ချင်းဖယ်ရှားမပေးလိုသဖြင့် သတ်ဆိုင်ရာ အာဏာပိုင်များဖြင့် အခြေအတင်ဖြစ်ပွားလျှက်ရှိကြောင်း ၎င်းက ဆိုသည်။

" တရားရုံးမှာ အမှုရုံးပြီးသားဖြစ်တဲ့အတွက် ဥပဒေအရ ဖယ်ပေးရမှာပါပဲ၊ မြေတိုင်းဖို့ လာတာ၊ လက်မခံရင် ဥပဒေအရ အင်အားသုံးဖယ်ရှားမှုတွေရှိလာနိုင်တယ်" ဟု လာရောက်ဖယ်ရှားသော သတ်ဆိုင်ရာ အာဏာပိုင်တစ်ဦးက ပြောကြားသည်။

ဒေါ်နီခြံတွင်းနေထိုင်သူအချို့သည် တရားရုံးတွင်အမှုရူံးသော်လည်း အယူခံထပ်ဝင်ရန် ပြုလုပ်နေစဉ် အမှုနိုင်သူသည် ရဲများခေါ်ဆောင်လာပြီး မြေတိုင်းခြင်းနှင့် နေထိုင်သူများကို ဖယ်ရှားခိုင်းမှုပြုလုပ်နေကြောင်း ဒေါ်နီခြံတွင် နှစ်ပေါင်းများစွာ အိမ်ဌားနေထိုင်သူတစ်ဦးက ဆိုသည်။

People power

RangonNewsDaily:: November . 7 .2013
သင်္ဃန်းကျွန်းမြို့နယ် ဇ၀နရပ်ကွက် ဒေါ်နီလမ်းရှိ ဒေါ်နီခြံတွင်နေထိုင်သူများ တရားရုံးတွင် အမှုရုံးနိမ့်သဖြင့် နိုဝင်ဘာ ၇ရက်နေ့တွင် အဆိုပါ မြေမှ အင်အားသုံးပြီး ဖယ်ရှားခိုင်းမှုဖြစ်ပွားနေကြောင်း People Powerသတင်းထောက်က သတင်းပေးပို့ထားသည်။

ရန်ကုန်မြို့လယ် ပုဇွန်တောင်မြို့နယ်က သိန်းတစ်ထောင်ကျော်ဖိုး ဖောက်ထွင်းသူ လူငယ်သုံးဦးကို ဖမ်းမိ

RangonNewsDaily:: November . 7 .2013
ရန်ကုန်မြို့လယ် ပုဇွန်တောင်မြို့နယ် မဟာဗန္ဓုလလမ်း၊ အမှတ် (၇) ရပ်ကွက်တွင် နိုဝင်ဘာလ ၅ ရက် နံနက် ၃ နာရီခန့်က အငြိမ်းစား ဗိုလ်မှူးတစ်ဦး၏ အိမ်၌ လက်ဝတ်ရတနာများနှင့် ငွေများ အပါအဝင် ကျပ်သိန်း ၁၀၀၀ ကျော်ဖိုး ဖောက်ထွင်းခံရမှုနှင့် ပတ်သက်၍ ခိုးယူသူ လူငယ်သုံးဦးကို ဖမ်းမိခဲ့ကြောင်း ပုဇွန်တောင်မြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။

နာမည်ကျော် Call of Duty: Ghosts ဂိမ်း စရောင်းသည့်နေ့တွင် ဒေါ်လာ ၁ ဘီလျံကျော်ဖိုး ရောင်းရ

Photo: စရောင်းသည့်နေ့တွင် ဒေါ်လာ ၁ ဘီလျံကျော်ဖိုး ရောင်းထွက်ခဲ့သည့် Call of Duty: Ghosts
Thursday, November 7, 2013

နာမည်ကျော် Call of Duty ဂိမ်းစီးရီးများ၏ နောက်ဆုံးထုတ် Call of Duty: Ghostsကို အင်္ဂါနေ့က စတင်ရောင်းချရာ (၂၄)နာရီအတွင်း ဒေါ်လာ (၁)ဘီလျံဖိုးကျော်မျှ ရောင်းထွက်ခဲ့

စရောင်းသည့်နေ့တွင် ဒေါ်လာ ၁ ဘီလျံကျော်ဖိုး ရောင်းထွက်ခဲ့သည့် Call of Duty: Ghostsဗီဒီယိုဂိမ်းတစ်ခု စတင်ရောင်းချသည့် ပထမဆုံးနေ့ရက်တွင်ပင် ဒေါ်လာ (၁)ဘီလျံကျော်ဖိုး အရောင်းသွက်ခဲ့သည် ဆိုသည်မှာ စိတ်ကူးယဉ်ဆန်လွန်းသည့် အနေအထားမျိုး ဖြစ်နိုင်သည်။ သို့သော်လည်း Activision အနေဖြင့် အဆိုပါ စိတ်ကူးယဉ်မှုကို လက်တွေ့ဖြစ်လာအောင် စွမ်းဆောင်နိုင်ခဲ့သည်။ နာမည်ကျော် Call of Duty ဂိမ်းစီးရီးများ၏ နောက်ဆုံးထုတ် Call of Duty: Ghostsကို အင်္ဂါနေ့က စတင်ရောင်းချရာ (၂၄)နာရီအတွင်း ဒေါ်လာ (၁)ဘီလျံဖိုးကျော်မျှ ရောင်းထွက်ခဲ့ကြောင်း သိရသည်။ Activision၏ ဖြန့်ဝေရေးဌာန တာဝန်ခံ အကြီးအကဲ အဲရစ်ဟစ်ရှ်ဘာ့ဂ်က "ကျွန်တော်တို့အတွက်တော့ နောက်ထပ် ဂန္ထဝင်မြောက် စိတ်လှုပ်ရှားစရာ ဖြတ်သန်းမှု တစ်ခုပါပဲ။ ပြီးတော့ ဒီဂိမ်းက လူအများ ချိတ်ဆက် ကစားဖို့အတွက် ကျွန်တော်တို့ ထုတ်လုပ်ပေးသမျှထဲမှာ အကောင်းဆုံးလည်း ဖြစ်နေတယ်လေ"ဟု ပြောကြားခဲ့သည်။

Call of Duty ဂိမ်းစီးရီးများသည် ယခင် Modern Warfare၊ Black Ops အစရှိသည့် ဖန်တီးမှုများတွင်လည်း အရောင်းစံချိန်ကောင်းများ ရရှိခဲ့ဖူးသည်။ သို့သော်လည်း Ghostsကမူ ထူးထူးကဲကဲ အောင်မြင်ခဲ့ခြင်း ဖြစ်သည်။ စစ်သည်များ၏ စွန့်စားခန်းများကို စိတ်ကူးယဉ် ဖန်တီးထားသည့် တိုက်ခိုက်ရေးဂိမ်းသည် Grand Theft Auto V၏ အရောင်းစံချိန်ကို သာသာယာယာပင် ကျော်ဖြတ်ခဲ့သည်။ အဆိုပါဂိမ်းသည် စတင်ရောင်းချပြီး (၃)ရက်ပြည့်မှ ဒေါ်လာ(၁)ဘီလျံ ရရှိခဲ့သည်။

ကယ်လီဖိုးနီးယား အခြေစိုက် Activisionသည် Ghostsကို PS3၊ Xbox 360၊ Wiiနှင့် Windows အသုံးပြု ကွန်ပျူတာ စနစ်များအတွက် Platform အမျိုးမျိုးဖြင့် ထုတ်ဝေရောင်းချခဲ့ခြင်း ဖြစ်သည်။ ယခုဖြန့်ချီမှုတွင် Call of Duty အမည်ဖြင့် Appတစ်ခု ပါလာပြီး မိုဘိုင်းလ်ဖုန်းများ၊ Tabletများမှတစ်ဆင့် ဂိမ်းနှင့် ပတ်သက်၍ Multiplayer ကစားသည့် သတင်းအချက်အလက်များ ဝေမျှလာနိုင်သလို Facebookနှင့် Twitterကဲ့သို့ Social Mediaများနှင့်ပါ ချိတ်ဆက်လာနိုင်မည်ဟု သိရှိရသည်။

Planet Myanmar Network

RangonNewsDaily:: November . 7 .2013
စရောင်းသည့်နေ့တွင် ဒေါ်လာ ၁ ဘီလျံကျော်ဖိုး ရောင်းထွက်ခဲ့သည့် Call of Duty: Ghostsဗီဒီယိုဂိမ်းတစ်ခု စတင်ရောင်းချသည့် ပထမဆုံးနေ့ရက်တွင်ပင် ဒေါ်လာ (၁)ဘီလျံကျော်ဖိုး အရောင်းသွက်ခဲ့သည် ဆိုသည်မှာ စိတ်ကူးယဉ်ဆန်လွန်းသည့် အနေအထားမျိုး ဖြစ်နိုင်သည်။

မျက်မမြင်တွေကို မျက်မြင်စေမယ့် စူပါမျက်မှန်

Photo: မျက်မမြင်တွေကို မျက်မြင်စေမယ့် စူပါမျက်မှန် 
Thursday, November 7, 2013

မျက်မှန်ဆိုတာ အနီး၊အဝေး အမြင်မကြည်သူတွေ၊ နေရောင်ကာချင်သူတွေ အတွက်ပဲ ထုတ်တယ် ဆိုတဲ့ အယူအဆ မှားယွင်းကြောင်း အမေရိကန်က သုတေသနတို့ သက်သေပြလိုက်ပြီ ဖြစ်ပါတယ်။ 

မျက်စိ မမြင်သူများကို အမြင်ရအောင် University of Oxford မှာ သုတေသနပညာရှင်များဟာ မျက်မှန် တစ်မျိုးကို ဖန်တီးလိုက်ပါတယ်။ ယင်း မျက်မှန်က LED မျက်မှန် ဖြစ်ပါတယ်။ သူ့ကို OLED-Enhanced Super Glasses လို့ အမည်ပေးထား ပါတယ်။ LED စူပါ မျက်မှန်လို့ ဆိုတဲ့အတိုင်း သူ့မှာ ထူးခြားချက်တွေ က ဒီလို ရှိပါတယ်။

မျက်လုံးကန်းနေတယ်လို့ပဲပြောပြော ၇၅ ရာခိုင်နှုန်းသော မျက်မမြင်တို့က အလင်းရောင်ကိုတော့ မြင်နိုင်၊ သိနိုင်စွမ်းရှိတယ်လို့ ဆေးပညာ အရ သေချာ လေ့လာတွေ့ရှိထားပါတယ်။ ဒါကြောင့်မို့ ယင်း မြင်ရတဲ့ အလင်းရောင်ကိုပဲ ပုံစံအမျိုးမျိုးထွက်ရှိလာအောင် ဖန်တီးပေးနိုင်မယ့် နည်းပညာက LED နည်းပညာ ဖြစ်ပါတယ်။ အရောင်မျိုးစုံ မျက်မှန်မှာ ပေါ်ပေးမယ်။ မျက်လုံးဆီကို Direction ဦးတည်ပေးမယ် ဆိုရင် ဘာတွေ ပြနေတယ်ဆိုတာကို သေချာ သိခွင့်ရမှာ ဖြစ်ပါတယ်။ ဒီတော့ ပြုလုပ်မယ့် အဆင့်ဆင့်က အားလုံး ခန့်မှန်းမိထားသလိုပါပဲ။ 

အရည်အသွေးကောင် ကင်မရာ အသေးလေး တစ်လုံးပါမယ်။ ကင်မရာက ဖမ်းယူရတဲ့ ပုံရိပ်ကို LED မီးလုံးနဲ့ ပြန်ဖော်ပြရအောင် ကြားမှာ Process လုပ်ပေးမယ် Processor ပါမယ်။ GPS ပါမယ်။ သံလိုက်အိမ်မြောင်ပါမယ်။ gyroscope လည်း ပါပါအုံးမယ်။ ဒီတော့ ပြသမယ့် ပုံရိပ်က တိကျပြီး လွဲချော် ပါတယ် ဆိုရင်တောင် ၄ လက်မထက် မပိုကြောင်း အာမခံ ထားပါတယ်။ ဒီတော့ ဘတ်စ်ကား နံပါတ်ပြား ဖတ်တာက အစ မြင်ရပါမယ်။ လမ်းဖြတ်ကူနိုင်ပါမယ်။ သာမန် လူတစ်ယောက်လိုပဲ နေ့စဉ် လှုပ်ရှားသွားလာလို့ ရပါမယ်။ လုပ်ငန်းခွင် ဝင်လို့ ရပါမယ်။ 

ပစ္စည်းက တီထွင်အောင်မြင်နေပါပြီ။ ၂၀၁၄ နှစ်ကုန်ပိုင်းလောက် မှာ ဈေး အသက်ဆုံး ဗားရှင်း LED စူပါ မျက်မှန်ကို ရောင်းချသွားနိုင်အောင် ကြိုးပမ်းသွား မှာ ဖြစ်ကြောင်း သိရ ပါတယ်။

Ref: mashable
အောင်ခမ်း ( www.inewsmyanmar.com )

RangonNewsDaily:: November . 7 .2013
မျက်မှန်ဆိုတာ အနီး၊အဝေး အမြင်မကြည်သူတွေ၊ နေရောင်ကာချင်သူတွေ အတွက်ပဲ ထုတ်တယ် ဆိုတဲ့ အယူအဆ မှားယွင်းကြောင်း အမေရိကန်က သုတေသနတို့ သက်သေပြလိုက်ပြီ ဖြစ်ပါတယ်။

ပုဒ်မ ၁၈ ပယ်ဖျက်ရေး လှုပ်ရှားမှုများ ပြုလုပ်ရန် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (Generation Wave-GW) စီစဉ်

Photo: ပုဒ်မ ၁၈ ပယ်ဖျက်ရေး လှုပ်ရှားမှုများ ပြုလုပ်ရန် စီစဉ်
Thursday, November 7, 2013

ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ် သူများကို အဟန့်အတား ဖြစ်စေသော ပုဒ်မ ၁၈ ပယ်ဖျက်ရေး လှုပ်ရှားမှုများ ပြုလုပ်မည် ဖြစ်ကြောင်း မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (Generation Wave-GW) က ပြောကြားလိုက်သည်။

လူ့အခွင့်အရေး အဖွဲ့များ၊ ဥပဒေဆိုင်ရာ ကျွမ်းကျင်သူအဖွဲ့များ၊ ပုဒ်မ ၁၈ ဖြင့် တရားစွဲခံထားရသူ နှင့် ဖမ်းဆီး ခံထားရသူများ စုပေါင်း၍ ယမန်နေ့က ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ရုံးခန်း၌ ဆွေးနွေးညှိနှိုင်းပြီး လုပ်ငန်းစဉ် ၄ ရပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် သဘောတူခဲ့ခြင်း ဖြစ်ကြောင်း GW မှ ကိုမိုဃ်းသွေးက ပြောသည်။

“ပုဒ်မ ၁၈ နဲ့ပတ်သက်ပြီး ပြည်သူတွေရဲ့ သဘောထား ကောက်ယူသွားဖို့၊ ဖမ်းဆီး၊ တရားစွဲ ခံထားရတဲ့ လူစာရင်းတွေ ကောက်ယူဖို့၊ ကျနော်တို့လိုပဲ ပုဒ်မ ၁၈ ကို ဖျက်သိမ်းရေး၊ ပြင်ဆင်ရေး လုပ်နေတဲ့ အခြားအင်အားစုတွေနဲ့ ဆက်သွယ် လုပ်ဆောင်ဖို့နဲ့ ရရှိတဲ့ အချက်အလက်တွေနဲ့ အစိုးရ၊ လွှတ်တော်တွေကို တင်ပြတောင်းဆို သွားဖို့ပါ”ဟု ကိုမိုဃ်းသွေးက ပြော ပြသည်။

ပုဒ်မ ၁၈ သည် မြန်မာနိုင်ငံတွင် မရှိသင့်သည့် ဥပဒေတခုဟု ရှုမြင်ကြောင်းလည်း သူက ပြောသည်။

“ဘာကြောင့်လဲ ဆိုတော့ ဒါက အခြေခံ ဥပဒေထဲမှာ နိုင်ငံသားတွေရဲ့ ရပိုင်ခွင့်ကို အာမခံထားပြီး ဖြစ်တယ် ဆိုတော့ ဒီလို နိုင်ငံသား ရပိုင်ခွင့်၊ နိုင်ငံသား အခွင့်အရေးကို အတိအလင်း ချိုးဖောက်နေတဲ့ ဒီလို ဥပဒေမျိုး မရှိသင့်ဘူးပေါ့”ဟု ပုဒ်မ ၁၈ ဖြင့် တရားရင်ဆိုင်နေရသူ တဦးလည်းဖြစ်သည့် ကိုမိုဃ်းသွေး က ပြောဆိုသည်။

အထက်ပါ ဆွေးနွေးပွဲမှ “လွတ်လပ်စွာ ထုတ်ဖော်ခွင့် ကွန်ရက်”ဟုအမည် ပေးထားသည့် ကွန်ရက်တခုလည်း ဖွဲ့စည်းပေါ်ထွက် ခဲ့ကြောင်း၊ ယင်းကွန်ရက်တွင် အဖွဲ့ပေါင်း ၂၀ ခန့် ပါဝင်ကြောင်းလည်း သိရသည်။

နိုဝင်ဘာ ၆ ရက် ညနေပိုင်းက အစိုးရ၏ လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံခြင်းကို ကန့်ကွက်သော ငြိမ်းချမ်းစွာ ဆန္ဒ ဖော် ထုတ်သည့် မျိုးဆက်သစ် လူငယ်များ (Generation Youth) အဖွဲ့မှ ကိုတင်ထွဋ်ပိုင်၊ ကုန်ဈေးနှုန်း ကျဆင်းရေး အဖွဲ့မှ ကိုသိန်းမြင့်အောင် အပါအ၀င် အနည်းဆုံး ၄ ဦး တို့ကို ကျောက်တံတားနှင့် ပန်းဘဲတန်း ရဲစခန်းက ပုဒ်မ ၁၈ ဖြင့် အရေး ယူရန်ရှိကြောင်း ရဲစခန်း တာဝန်ရှိသူ တဦးက ဧရာဝတီသို့ ပြောသည်။

ယခုအခါ ပုဒ်မ ၁၈ ဖြင့် တရားရင်ဆိုင်နေရသူ ၁၂၃ ဦး၊ ထောင်ဒဏ်ချခံရသူ ၅၂ ဦး၊ ပြန်လည် လွတ်မြောက်လာသူ ၁၇ ဦး နှင့် လက်ရှိအကျဉ်းထောင်တွင်း ၃၅ ဦး ကျန်ရှိနေသေးကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည် က ဧရာဝတီကိုပြောသည်။

ပုဒ်မ ၁၈ နှင့်ပတ်သက်၍ ခွင့်ပြုချက်တောင်းခံရခြင်းမျိုးမဟုတ်ဘဲ အသိပေး အကြောင်းကြားခြင်းမျိုးသာ ဖြစ်သင့်ကြောင်း လည်း သူက ဆက်ပြောသည်။

“ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ဖို့ ခွင့်ပြုမိန့် မလိုပါ။ ခွင့်ပြုမိန့် တောင်းခံခိုင်းခြင်းကို AAPP အနေနဲ့ ကန့်ကွက်ပါတယ်။ ပုံမှန် ဆန္ဒပြ ပွဲတွေအတွက် လုံခြုံရေး အစီအမံပြုလုပ်နိုင်ရန် ဆန္ဒပြသူများဘက်မှ ရက်အနည်းငယ် ကြိုတင်အသိပေးရန် လိုအပ်ပါတယ်” ဟု ဦးဘိုကြည်က ဆိုသည်။

ရုတ်တရက် ပေါ်ပေါက်လာသည့် အကြောင်းအရာကြောင့် ဖြစ်ပေါ်လာမည့် ငြိမ်းချမ်းစွာ ဆန္ဒပြမူတွေအတွက် ပုဒ်မ ၁၈ နှင့် ကင်းလွတ်ခွင့်ကို အစိုးရဘက်က သတ်မှတ်ပေးရန်လိုပြီး ဆန္ဒပြခွင့်ရှိသည့် နေရာကို အစိုးရဘက်က တိတိကျကျ သတ်မှတ် ပေးထားရန် လိုကြောင်းလည်း သူက ဆက်ပြောသည်။

သမ္မတရုံး ၀န်ကြီး အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ အရေး လှုပ်ရှားသည့် အဖွဲ့များ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ နှင့် နိုင်ငံရေးပါတီများ စသဖြင့် စုဖွဲ့ထားသည့် လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီ အစည်းအဝေးများ တွင် လည်း ပုဒ်မ ၁၈ နှင့်ပတ်သက်၍ ဆွေးနွေးမှုများပြုလုပ်ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးများတွင် ပုဒ်မ ၁၈ ဖြင့် အမှု ရင်ဆိုင်နေရခြင်းများကို အမြန်ဆုံး အဆုံးသတ်ရေး အတွက် အစိုးရဘက် ကို တိုက်တွန်းပြောဆိုနေကြောင်း၊ အချို့အမှုရင်ဆိုင်နေသည်မှာ နှစ်ချီ၍ပင်ကြာနေပြီဖြစ်ကြောင်း AAPP က တင်ပြဆွေးနွေး ခဲ့သည်ဟု ဆိုသည်။

“ဒါက အစိုးရဘက်က တက်ကြွ လူပ်ရှားနေသူတွေရဲ့ လွတ်လပ်စွာသွားလာခွင့်ကို ပုဒ်မ ၁၈ ကို အသုံးပြုပြီး ချုပ်ချယ်နေ တာပါ။ AAPP အနေနဲ့ လုံးဝ လက်ခံနိုင်ခြင်းမရှိပါ”ဟု ဦးဘိုကြည်က ဧရာဝတီကို ပြောဆိုသည်။

သမ္မတ ဦးသိန်းစိန် အစိုးရက “ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဆိုင်ရာ ဥပဒေ” ကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့က ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။

ယင်း ဥပဒေ ပုဒ်မ ၁၈ တွင် “မည်သူမဆို ခွင့်ပြုမိန် မရရှိဘဲ ငြိမ်းချမ်းစွာ စုဝေးခြင်း သို့မဟုတ် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်း ပြုကြောင်း ပြစ်မှု ထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ၁ နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၃ သောင်းထက် မပိုသော ငွေ ဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံး ဖြစ်စေ ချမှတ်ရမည်” ဟု ပါရှိသည်။

မုံရွာ လက်ပံတောင်း ကြေးနီ စီမံကိန်းနှင့် ပတ်သက်ပြီး ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒပြခဲ့သူ တဦး ဖမ်းဆီးခံရစဉ် 

(ဓာတ်ပုံ – တေဇလှိုင် / ဧရာဝတီ)

RangonNewsDaily:: November . 7 .2013
ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ် သူများကို အဟန့်အတား ဖြစ်စေသော ပုဒ်မ ၁၈ ပယ်ဖျက်ရေး လှုပ်ရှားမှုများ ပြုလုပ်မည် ဖြစ်ကြောင်း မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (Generation Wave-GW) က ပြောကြားလိုက်သည်။

Ooredoo က 900MHz နှင့် 1200MHz ဆက်သွယ်ရေး လှိုင်းတို့ဖြင့် 3G ကွန်ရက်ကို တည်ဆောက်မည်

Photo: Ooredoo က 900MHz နှင့် 1200MHz ဆက်သွယ်ရေး လှိုင်းတို့ဖြင့် 3G ကွန်ရက်ကို တည်ဆောက်မည်
Thursday, November 7, 2013

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ရန် တင်ဒါ အောင်မြင်ထားသော ကုမ္ပဏီနှစ်ခုအနက် တစ်ခုဖြစ်သည့် ကာတာနိုင်ငံအခြေစိုက် Ooredoo ဆက်သွယ်ရေး ကုမ္ပဏီက ဆက်သွယ်ရေးလှိုင်း 900MHz နှင့် 1200MHz လှိုင်းဖြင့် 3G ကွန်ရက်ကို ဖြန့်ကြက်သွားမည် ဖြစ်ကြောင်း နိုဝင်ဘာလ ၄ ရက်နေ့ ရက်စွဲဖြင့် Ooredoo က ထုတ်ပြန်လိုက်သည်။
“ဆက်သွယ်ရေးလှိုင်း နည်းရင် ဝေးဝေးရောက်တယ်၊ ဘက်ထရီ ပိုစားတယ်၊ လှိုင်းများရင် ဝေးဝေး မရောက်ဘူး၊ ဘက်ထရီ မစားဘူး၊ ဥပမာ- CDMA 450 MHz က CDMA 800 MHz ထက် လိုင်းပိုမိတယ်၊ ဝေးဝေးရောက်တယ်” ဟု ဆက်သွယ်ရေး လှိုင်းများနှင့် ပတ်သက်၍ ဆက်သွယ်ရေး အင်ဂျင်နီယာတစ်ဦးက ရှင်းပြသည်။

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး လုပ်ငန်းနှစ်နေရာကို လုပ်ကိုင်ခွင့်ရရန် ပြည်ပ ဆက်သွယ်ရေး ကုမ္ပဏီကြီးများက အပြိုင်အဆိုင် တင်ဒါ တင်သွင်း လျှောက်ထားခဲ့ရာ ယခုနှစ် ဇွန်လအတွင်း မြန်မာဆက်သွယ်ရေး လုပ်ငန်းက နော်ဝေနိုင်ငံ အခြေစိုက် Telenor နှင့် ကာတာနိုင်ငံ အခြေစိုက် Ooredoo ဆက်သွယ်ရေး ကုမ္ပဏီနှစ်ခုကို ရွေးချယ်ခဲ့သည်။

Ooredoo က ပြည်တွင်း ဆက်သွယ်ရေး လုပ်ငန်းအတွက် အမေရိ ကန်ဒေါ်လာ ၁၅ ဘီလီယံ ရင်းနှီးမြှုပ်နှံမည် ဖြစ်ပြီး လုပ်ငန်းလိုင်စင် ရရှိပြီး ငါးနှစ်အတွင်း မြန်မာတစ်နိုင်ငံလုံး ၅၀ ရာခိုင်နှုန်း 3G ကွန်ရက် လွှမ်းခြုံနိုင်ရန် တည်ဆောက်သွားမည် ဖြစ်ကာ လူဦးရေ၏ ၉၇ ရာခိုင်နှုန်းအတွက် ဆက်သွယ်ရေး ဝန်ဆောင်မှုများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သြဂုတ်လ အတွင်းက ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၊ Ooredoo ၏ မြန်မာနိုင်ငံဆိုင်ရာ အမှုဆောင်ချုပ်ဖြစ်သူ Mr. Ross Cormack က ပြောကြားထားသည်။

The Voice Weekly

RangonNewsDaily:: November . 7 .2013
မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ရန် တင်ဒါ အောင်မြင်ထားသော ကုမ္ပဏီနှစ်ခုအနက် တစ်ခုဖြစ်သည့် ကာတာနိုင်ငံအခြေစိုက် Ooredoo ဆက်သွယ်ရေး ကုမ္ပဏီက ဆက်သွယ်ရေးလှိုင်း 900MHz နှင့် 1200MHz လှိုင်းဖြင့် 3G ကွန်ရက်ကို ဖြန့်ကြက်သွားမည် ဖြစ်ကြောင်း နိုဝင်ဘာလ ၄ ရက်နေ့ ရက်စွဲဖြင့် Ooredoo က ထုတ်ပြန်လိုက်သည်။

မင်္ဂလာသတင်း သေချာသွားရင် ပရိသတ်ကို အသိပေးပါ့မယ်ဆိုသူ ချစ်သုဝေ

Photo: မင်္ဂလာသတင်း သေချာသွားရင် ပရိသတ်ကို အသိပေးပါ့မယ်ဆိုသူ ချစ်သုဝေ
Thursday, November 7, 2013

ချစ်သုဝေက လင်းလင်းရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ပရိသတ်တစ်ဦးအနေနဲ့ သွားရောက် အားပေးရင်းနဲ့ ပရိသတ်တွေရဲ့ တောင်းဆိုမှုကြောင့် ‘နားလည်မှု’ သီချင်းကို လင်းလင်းနဲ့ စုံတွဲသီဆိုခဲ့ပါတယ်။ သီဆိုခဲ့ရပုံကို ချစ်သုဝေက “ပွဲက ဖေဖေလည်း သွားတယ်ဆိုတော့ ထရီဇာလည်း လိုက်သွားတယ်။ ဖေဖေက ဒူးခွဲစိတ်ထားရ ပေမယ့် သူတအားကြည့်ချင်တော့ ထရီဇာတို့ ညီအစ်နှစ်ယောက်စလုံး လိုက် သွားတယ်။ ကြော်ငြာထားတာက Solo Show  ပွဲလေ။ ဆိုဖို့လည်း အစီ အစဉ်မရှိဘူး။

သီချင်းကလည်း Dream Lover တီးဝိုင်းနဲ့ တိုက်မ ထားဘူး။ အဲဒီနေ့မှာပရိသတ်က’နားလည်မှု’ ကို တအားတောင်းတယ်။ ချစ်သုဝေ နားလည်မှုဆိုပြီး ထရီဇာ နာမည်ကို တအားအော်တယ်။ အစ်ကိုက အစကတော့သူလည်း မကြားချင်ယောင်ဆောင်ပြီး ဆက်ဆိုနေတာပေါ့။ ဒါပေမဲ့ ကိုယ့်နာမည်လည်းအော်တယ်။ သီချင်း နာမည်လည်း   အော်ပြီး တောင်းတော့ အစ်ကိုက စင်ပေါ်ကခေါ်လိုက်တယ်။ထရီဇာကလည်းစင်ဘေးတင် ကပ် ကြည့်နေတာ။ စင်ပေါ်ကနေ ရုတ်တရက်ခေါ်တာ ဆိုတော့အောက်က ပရိသတ်တွေကလည်း အပြည့်ပဲ။

စိတ်ထဲမှာထူပူပြီးတက်သွားတာစလွယ်သိုင်း အိတ် ကြီးတောင်ပါသွားတယ်။ဒါလေးက အမှတ် တရဖြစ်သွားတာပေါ့” လို့ပြောပါတယ်။ ဝါကျွတ် အချိန်အခါမှာ ချစ်သူစုံ တွဲ တွေ အနေနဲ့ မင်္ဂလာ ပွဲဆင်နွှဲကြတာ ကြောင့်ချစ်သုဝေရဲ့ မင်္ဂလာ သတင်းကိုလည်းမေး တော့ “အားလုံးစီစဉ် ပြီးရင် ပရိသတ်တွေကို ပြောပြမှာပါ။  Personal  တွေ ကို ပြောပြလေ့ မရှိဘူး ဆိုတာက ဘာမှမဟုတ်ဘဲ ဂယက်တွေထတာ၊ အပြောများ တာတို့ဖြစ်မှာစိုးလို့။ ဒါပေမဲ့ သေသေချာချာ Plan တွေလုပ်၊ အကုန်လုံးတိတိကျကျဖြစ် သွား ရင် အရင်ဆုံးစပြီးပေးသိမယ့် သူကထရီဇာ့မိဘပြီးရင်ထရီဇာ့ ပရိသတ်တွေပါပဲ။ အမျိုးစုံ ပြော နေကြတာတော့ ထရီဇာ ပြန်ကြား ပါတယ်။ထရီဇာပရိသတ်တွေကို ကတိပေးနိုင်တာ တစ်ခုရှိတယ်။ ထရီဇာ့ပရိသတ်ဆိုတာထရီဇာ့ ကျေးဇူး ရှင်ပါပဲ။မိဘပြီးသွားရင်အသိပေးမယ့်သူကထရီဇာ့ပရိသတ်ပါပဲ။ ရက်စွဲ တိကျတဲ့အခါ၊နေရာတိကျ တဲ့အခါ၊လုပ် မယ့် ပုံစံတွေတိကျတဲ့အခါ အသိပေး ပါ့မယ်။ ထရီဇာက သိပ်ပြီး ကြိုတင် စီစဉ်ရတာကိုတော့မကြိုက်ဘူး။ ထရီဇာ လုပ်ရင်တော့ဝုန်းဒိုင်းကြီး ထလုပ် ဖြစ်မယ် ထင်ပါရဲ့” လို့ ပြောပါတယ်။

ခိုင်ဝေလွင်
Popular Journal

RangonNewsDaily:: November . 7 .2013
ချစ်သုဝေက လင်းလင်းရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ပရိသတ်တစ်ဦးအနေနဲ့ သွားရောက် အားပေးရင်းနဲ့ ပရိသတ်တွေရဲ့ တောင်းဆိုမှုကြောင့် ‘နားလည်မှု’ သီချင်းကို လင်းလင်းနဲ့ စုံတွဲသီဆိုခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ Miss Grand International ပြိုင်ပွဲကြီးမှာ အင်းဝခေတ် ၀တ်စုံဖြင့်ယှဉ်ပြိုင့်မယ့် ထားထက်ထက်

Photo

RangonNewsDaily:: November . 7 .2013
ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ Miss Grand International ပြိုင်ပွဲကြီးမှာ ၀င်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာနိုင်ငံကိုယ်
စားပြုအလှမယ် ထားထက်ထက် က နိုဝင်ဘာ ၆ ရက်နေ့က ထိုင်းနိုင်ငံရဲ့ အထင်ကရ နေရာများဖြစ်တဲ့ the Grand Palace ,Emerald Buddha နေရာများကို နိုင်ငံတကာအလှမယ်များနဲ့ အတူသွားရောက်လည်ပတ်လေ့
လာခဲ့ကြပါတယ်။

ပါလက်စတိုင်းခေါင်းဆောင် ရာဆာ အာရာဖတ် သေဆုံးခဲ့ခြင်း အဆိပ်သင့်မှုကြောင့်ဟု စစ်ဆေးတွေ့ရှိ

Photo: အာရာဖတ် သေဆုံးခဲ့ခြင်းမှာ အဆိပ်သင့်မှုကြောင့်ဟု စစ်ဆေးတွေ့ရှိ
Thursday, November 7, 2013

အာရာဖတ်၏ ရုပ်အလောင်းအား စစ်ဆေးမှုများအရ ၎င်း သေဆုံးရခြင်းမှာ ပိုလိုနီယမ်-၂၁၀ အဆိပ်သင့်မှုကြောင့် ဖြစ်နိုင်ကြောင်း ဆွစ်ဇာလန်သိပ္ပံပညာရှင်များ၏ ၁၀၈ မျက်နှာပါ စစ်ဆေးတွေ့ရှိမှု အစီရင်ခံစာတွင် ဖော်ပြ

အာရာဖတ် သေဆုံးခဲ့ခြင်းမှာ အဆိပ်သင့်မှုကြောင့်ဟု စစ်ဆေးတွေ့ရှိ

ပါလက်စတိုင်းခေါင်းဆောင် ရာဆာ အာရာဖတ် သေဆုံးခဲ့ခြင်းမှာ ပိုလိုနီယမ် (polonium) ဓာတုအဆိပ်သင့်မှုကြောင့် ဖြစ်နိုင်သည်ဟု ဆွစ်ဇာလန်သိပ္ပံပညာရှင်များက ကောက်ချက်ချခဲ့ကြောင်း Al-Jazeera သတင်းဌာနက ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။ အာရာဖတ်၏ ရုပ်အလောင်းအား စစ်ဆေးမှုများအရ ၎င်း သေဆုံးရခြင်းမှာ ပိုလိုနီယမ်-၂၁၀ အဆိပ်သင့်မှုကြောင့် ဖြစ်နိုင်ကြောင်း ဆွစ်ဇာလန်သိပ္ပံပညာရှင်များ၏ ၁၀၈ မျက်နှာပါ စစ်ဆေးတွေ့ရှိမှု အစီရင်ခံစာတွင် ဖော်ပြသည်။ ပါလက်စတိုင်းခေါင်းဆောင် အာရာဖတ်၏ ရုပ်အလောင်းအား ယမန်နှစ် နိုဝင်ဘာလအတွင်းက ပြန်လည်တူးဖော်၍ ဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်သည့် နမူနာများ ရယူခဲ့သည်။ ၂၀၀၆ ခုနှစ်က လန်ဒန်တွင် ရုရှားထောက်လှမ်းရေးဟောင်းနှင့် ကရင်မလင်အစိုးရကို ဝေဖန်လေ့ရှိသူ အလက်ဇန်ဒါ လစ်ဗီနင်ကို လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် အာရာဖတ် သေဆုံးမှုသည် အဆိပ်မိခြင်းကြောင့် ဖြစ်နိုင်ကြောင်း သံသယများ ပိုမိုမြင့်တက်လာခဲ့သည်။

အာရာဖတ်၏  ရုပ်အလောင်းကို အသေးစိတ် ဓာတ်ခွဲစစ်ဆေးရာတွင် မမျှော်လင့်ဘဲ ပိုလိုနီယမ်-၂၁၀ ဓာတုအဆိပ်သင့်မှု လက္ခဏာများကို တွေ့ရှိခဲ့ရကြောင်း အဖွဲ့ဝင် ၁၀ ဦးမှာ ဆွစ်ဇာလန် သိပ္ပံပညာရှင်များ၏ အစီရင်ခံစာကဆိုသည်။ အာရာဖတ်၏ အရိုးနှင့် အသားစများတွင် ပိုလိုနီယမ် ပမာဏမှာ အဆပေါင်း ၂၀ ခန့် မြင့်မားစွာရှိနေကြောင်း ၎င်းအစီရင်ခံစာက ဖော်ပြသည်။ ယခင် သတင်းများတွင်မူ အာရာဖတ်သည် စီးကရက် အလွန်အကျွံ သောက်ခြင်းကြောင့် ၎င်း၏ ခန္ဓာကိုယ်တွင် ပိုလိုနီယမ်ပမာဏ ရှိသင့်သည်ထက် ပိုမိုများပြားနေကြောင်း ရေးသားဖော်ပြခဲ့ကြသည်။ အာရာဖတ် အဆိပ်ခတ်ခံရခြင်းမှာ ကြီးမြတ်သည့် ခေါင်းဆောင်ကို လုပ်ကြံသတ်ဖြတ်ခြင်းနှင့် နိုင်ငံရေး ရာဇဝတ်မှုတစ်ခုပင်ဖြစ်ကြောင်း အာရာဖတ်၏ ဇနီးဖြစ်သူ ဆူဟာက Al-Jazeera နှင့် အင်တာဗျူးတွင် ပြောကြားလိုက်သည်။"ဒီသတင်းက ကျွန်မနဲ့ ကျွန်မရဲ့သမီးတို့အတွက် ဝမ်းနည်းစရာ ထိတ်လန့်စရာပါ၊ လူထုက ရွေးချယ်ထားတဲ့ ခေါင်းဆောင်ကို ဒီလို သူရဲဘောကြောင်တဲ့နည်းနဲ့ သတ်ဖြတ်ခဲ့ကြတာ အလွန်တုန်လှုပ်စရာပါပဲ၊ စစ်မြေပြင်မှာ သူ့ကို မသတ်နိုင်ခဲ့တဲ့သူတွေက ဒီလို လုပ်ခဲ့ကြတာပဲ"ဟု သူမက ဆက်လက် ပြောကြားသည်။ အာရာဖတ်နှင့် ဆူဟာတို့သည် ၁၉၈၀ ပြည့်နှစ်များအတွင်း ပဲရစ်မြိ့ရှိ Sorbonne တက္ကသိုလ်တွင် ဆူဟာ ကျောင်းတက်နေစဉ် တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။ ဆူဟာ၏ တောင်းဆိုမှုအရ အာရာဖတ်၏ ရုပ်အလောင်းမှ အရိုးနှင့် အသားစ အစိတ်အပိုင်း ၆၀ ခန့်ကို ယမန်နှစ် နိုဝင်ဘာလအတွင်း ပြန်လည်တူးဖော်ရယူခဲ့ပြီး ဆွစ်ဇာလန်၊ ရုရှားနှင့် ပြင်သစ် စုံစမ်းစစ်ဆေးရေးအဖွဲ့များက ခွဲဝေစစ်ဆေးခဲ့ကြခြင်း ဖြစ်သည်။

Planet Myanmar Network

RangonNewsDaily:: November . 7 .2013
ပါလက်စတိုင်းခေါင်းဆောင် ရာဆာ အာရာဖတ် သေဆုံးခဲ့ခြင်းမှာ ပိုလိုနီယမ် (polonium) ဓာတုအဆိပ်သင့်မှုကြောင့် ဖြစ်နိုင်သည်ဟု ဆွစ်ဇာလန်သိပ္ပံပညာရှင်များက ကောက်ချက်ချခဲ့ကြောင်း Al-Jazeera သတင်းဌာနက ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။

၅၈ နှစ်မြောက် ကရင်ပြည်နယ်နေ့ဖွင့်ပွဲကျင်းပ

Photo

RangonNewsDaily:: November . 7 .2013
၅၈ နှစ်မြောက် ကရင်ပြည်နယ်နေ့ ပြခန်းများနှင့် ပျော်ပွဲရွှင်ပွဲ၊ မုဒ်ဦးဖွင့်လှစ်ပွဲအခမ်းအနားကို နိုဝင်ဘာ ၇ ရက်၊ နံနက် ၈ နာရီက ဘားအံမြို့၊ သီရိကွင်း၌ကရင်ပြည်နယ်အစိုးရ ပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီ ဦးဇော်
မင်း၊ လွှတ်တော်ဥက္ကဌ ဦးစောအောင်ကျော်မင်း၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးချစ်လှိုင်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်
ခဲ့သည်။

စတုတ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲစနစ် အပြောင်းအလဲ ဒီဇင်ဘာတွင် ကြေညာမည်

RangonNewsDaily:: November . 7 .2013
လာမည့် ဖေဖော်ဝါရီလတွင် ကျင်းပတော့မည့် အခြေခံပညာ စတုတ္ထတန်းနှင့် အဋ္ဌမတန်းအဆင့် စာမေးပွဲများကို မြို့နယ်၊ ခရိုင်နှင့် တိုင်းဒေသကြီးအဆင့် ပြောင်းလဲရေး အတည်ပြု ဆုံးဖြတ်ချက်ကို ဒီဇင်ဘာလအတွင်း တရားဝင် ထုတ်ပြန် ကြေညာပေးသွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံ စာစစ်အဖွဲ့ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်က The Voice သို့ ပြောကြားသည်။

မိကျောင်းကန် မြေသိမ်းခံရသူများနဲ့ လွှတ်တော်အမတ်များ တွေ့ဆုံ

Photo: မိကျောင်းကန် မြေသိမ်းခံရသူများနဲ့ လွှတ်တော်အမတ်များ တွေ့ဆုံ
Thursday, November 7, 2013

လယ်ယာမြေနဲ့ အခြားမြေများသိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်
မရှင်အဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေဟာ သင်္ဃန်း
ကျွန်းမြို့နယ် မိကျောင်းကန်ရပ်ကွက်က မြေသိမ်းခံရသူတွေကို ခေါ်
ယူတွေ့ဆုံပြီး လိုအပ်တဲ့အချက်အလက်တွေကို မေးမြန်းခဲ့တယ်လို့ သိရပါတယ်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရီ၊ ဦးအောင်သိန်းလင်း
တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ကြောင်း မိကျောင်းကန်ရပ်ကွက်သား
 မြေဆုံးရှုံးသူတစ်ဦးဖြစ်တဲ့ ဦးစိန်သန်းက ပြောပါတယ်။

“ကျနော်တို့ မိချောင်းကန်ကနေ တင်ပြထားတာရှိပါတယ်၊ မြေယာကော်
မတီအနေနဲ့ မြေသိမ်းဥပဒေနဲ့ မညီညွှတ်တဲ့ သိမ်းထားတဲ့မြေတွေကို လုပ်ငန်းဆောင်ရွက်တဲ့ကိစ္စတွေအပေါ်မှာ အစိုးရအဖွဲ့ကနေပြီးတော့ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုမရှိဘူးဆိုရင် လွှတ်တော်ကော်မတီနဲ့ ကျနော်တို့ မိချောင်းကန်ပြည်သူတွေပူးပေါင်းပြီး မိချောင်းကန်ပြည်သူတွေဘက်ကလည်း လုပ်ရမယ့်ကမ်ပိန်းတွေကိုလည်းလုပ်ပါမယ်၊ လွှတ်တော်ကော်မတီကလည်း အကောင်းဆုံးနည်းနဲ့ အစိုးရဘက်ကို ထိတွေ့ဆက်ဆံပြီးတော့၊ မြေယာတွေ
ကို မြေသိမ်းဥပဒေနဲ့အညီပြန်ပေးဖို့ တောင်းဆိုမှုတွေနဲ့ တင်ပြချက်တွေ
ကိုလည်း လုပ်သွားပါမယ်ဆိုတဲ့အကြောင်း ကျနော်တို့ကို ကတိပေးထား
ပါတယ်”

မိကျောင်းကန်ရပ်ကွက် အမှတ် ၁၊ ၂၊ ၃ တို့ကို လွန်ခဲ့တဲ့ ၁၉၉၁ ခုနှစ်လောက်
က တပ်မ ၂၂ က သိမ်းယူခဲ့ပြီး အဲဒီရပ်ကွက်ကဒေသခံတွေကို တခြားနေ
ရာတွေကို ရွှေ့ပြောင်းစေခဲ့တာပါ။

အခုဆိုရင် ရပ်ကွက် ၁ မှာ အဆောက်အဦးတွေရှိနေပြီး ရပ်ကွက် ၂ နဲ့ ၃ မှာလည်း ခြံစည်းရိုးခတ်တာတွေရှိနေတဲ့အတွက် အဲဒီလိုလုပ်ဆောင်နေ
တာကို ရပ်တန့်ပေးဖို့လည်း တင်ပြခဲ့တယ်လို့ ပြောပါတယ်။

မိကျောင်းကန်ရပ်ကွက်ကမြေတွေကို ပြန်ပေးဖို့အတွက် မိကျောင်းကန်
သားတွေဟာ သင်္ဃန်းကျွန်းမြို့နယ်နဲ့ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွေမှာ ၇ ကြိမ်တိုင်တိုင် ဆန္ဒပြတောင်းဆိုခဲ့သလို ပြီးခဲ့တဲ့ အောက်တိုဘာလက ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ၄ ရက်ကြာ သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့ကြပါတယ်။

RFA Burmese

RangonNewsDaily:: November . 7 .2013
လယ်ယာမြေနဲ့ အခြားမြေများသိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော် မရှင်အဖွဲ့ဝင် ပြည်သူ့လွှတ်တော် 
ကိုယ်စားလှယ်တွေဟာ သင်္ဃန်း ကျွန်းမြို့နယ် မိကျောင်းကန်ရပ်ကွက်က မြေသိမ်းခံရသူတွေကို ခေါ်ယူတွေ့
ဆုံပြီး လိုအပ်တဲ့အချက်အလက်တွေကို မေးမြန်းခဲ့တယ်လို့ သိရပါတယ်။

မဟာသန္တိသုခ ကျောင်းတိုက်ကြီး ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အငြင်းပွားလျက် ရှိရာ ပီနန်ဆရာတော်ကြီးက သံဃမဟာနာယကအဖွဲ့အား တရားစွဲမည် ဟုဆို

မဟာသန္တိသုခ ကျောင်းတိုက်ကြီး ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အငြင်းပွားလျက်
ရှိရာ ပီနန်ဆရာတော်ကြီးက သံဃမဟာနာယကအဖွဲ့အား တရားစွဲမည် ဟုဆို


kolatt(PBDN): November . 7 .2013

မဟာသန္တိသုခ ကျောင်းတိုက်ကြီး ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ သံဃမဟာနာယကအဖွဲ့နှင့် ပီနန်ဆရာ
တော်ကြီး တို့အကြား အငြင်းပွားလျက်ရှိရာ ပီနန်ဆရာတော်ကြီးက သံဃမဟာနာယကအဖွဲ့အား တရားဥပဒေကြောင်းအရ တရားစွဲဆို သွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၆ ရက်က မဟာသန္တိသုခ
ကျောင်းတိုက်တွင် ပြုလုပ်သည့် ပီနန်ဆရာတော်ကြီးမှ ကျောင်းတော်ကြီး ပိုင်ဆိုင်မှုနှင့် ပတ်သက်၍
 စာနယ်ဇင်း ရှင်းလင်းပွဲမှ သိရသည်။
::
"၂၀၀၂ ခုနှစ်က ဗိုလ်ချုပ်ခင်ညွန့် လှူထားတယ်ဆိုပြီး သံဃမဟာ နာယကအဖွဲ့ပြောတာက ၀ိနည်းဒေ
သနာနဲ့ မညီဘူး။နိုင်ငံတော် တည်ဆဲဥပဒေနဲ့လည်း ဆန့်ကျင်တယ်။ 
::
ဆရာတော့်မှာက ကျောင်းပိုင်ဆိုင်ကြောင်း အထောက်အထားတွေလည်း အကုန်ရှိပါတယ်။ ကျောင်း
တိုက်ကြီးကို အစိုးရက သိမ်းတာမဟုတ်ပါဘူး။ ဆရာတော်မရှိတဲ့အခါမှာ သံဃနာယကအဖွဲ့ကို ခဏ
လွှဲထားတာပါ။ 
::
ဆရာတော် ပြန်ကြွလာတဲ့အခါမှာ အရင်တိုင်းပဲ ရှိမှာပါဆိုပြီး ဗိုလ်ချုပ်ခင်ညွန့်ကလည်း ဆရာတော့်
ဆီကို စာရေးပြီး အကြောင်းကြားခဲ့တယ်။ ဒီကျောင်းတိုက် ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး သံဃမဟာ
နာယကအဖွဲ့ကို တရားစွဲဆို သွားဖို့ရှိပါတယ်" ဟု ပီနန် ဆရာတော် ဦးပညာဝံသက မိန့်ကြားသည်။
::
အဆိုပါ ကျောင်းတိုက်ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ ပီနန်ဆရာတော်ကြီးက မိန့်ကြားရာတွင် ဆရာတော်
ကြီး၏ ရည်မှန်းချက်များအတိုင်း အကောင်အထည် ဖော်နေစဉ်အတွင်း ၂၀၀၃ ခုနှစ်တွင် ဗိုလ်ချုပ်ခင်
ညွန့် ညွှန်ကြားချက် အရဟုဆိုကာ ကျောင်းဖွဲ့စည်းပုံ မရှိခြင်း၊ လုပ်ကိုင် ဆောင်ရွက်နေသည့် ပုဂ္ဂိုလ်
များကို ဆက်ထားလျှင် ကျောင်းကြီး ပျက်စီးဆုံးရှုံးနိုင်ခြင်း၊ ကျောင်းကြီးတွင် အကြွေးများ ကျန်ရှိခြင်း
စသော အကြောင်းပြ ချက်များဖြင့် သံဃမဟာ နာယကအဖွဲ့ထံသို့ ကျောင်းတော်ကြီးကို လွှဲအပ်
လိုက်သည်ဟူသည့် ညွှန်ကြားချက်ကို ထုတ်ပြန်ခဲ့ကြောင်း မိန့်ကြားခဲ့သည်။
::
"သံဃနာယကအဖွဲ့က သူပိုင်တယ်။ပီနန်ဆရာတော်ဘုရားကြီး မပိုင်ဘူးလို့ပြောတယ်။ ပီနန်
ဆရာတော်ဘုရားကြီးက သူပိုင်တယ် ပြောတယ်။ အဲဒါကြောင့် တရားရုံးမှာ ဆုံးဖြတ်ဖို့ ဖြစ်လာပြီ ။ 
::
အဲဒါကြောင့် မှန်တယ်ထင်ရင် ကိုယ်ပိုင်တယ်ထင်ရင် တရားရုံးမှာ တရားမကြောင်းအရ တရားစွဲလို့
ရပြီ။ နိုင်ငံတော်က ထိန်းသိမ်း စောင့်ရှောက်ထားတယ်ဆိုရင် ပိုင်ရှင်လက်ထဲ ပြန်ပေးလိုက်ရင် သံဃမဟာ နာယက အဖွဲ့ကို ပြန်ပေးခိုင်းလို့ရတယ်။ 
::
မပေးဘူးဆိုရင် တရားဥပဒေကြောင်းအရ ဆုံးဖြတ်မယ်။ ဥပဒေသဘောအရဆိုရင် ခုံသမာဓိ လူကြီး
ခန့်တယ်။ အဲဒီမှာ နှစ်ဖက်ကျေနပ်တဲ့ ဆရာတော်ဘုရားကြီးကို ခန့်စေချင်တယ်။ ကျွန်တော့်သဘော
အရ ဆိုရင်ပေါ့။ သံဃမဟာ နာယကအဖွဲ့က ငါပိုင်တယ်လို့ ဆုံးဖြတ်ပြီးသားဖြစ်တဲ့အတွက် နိုင်ငံ
တော်ကနေ ဖြေရှင်းပေးဖို့ တာဝန်ရှိတယ်"တရားလွှတ်တော် ရှေ့နေ ဦးထင်ဇော်က ဆိုသည်။
::
ယင်းကျောင်းတိုက်ကို ယဉ်ကျေးမှု သင်တန်း Training Center ဖွင့်လှစ်ရန် ပီနန်ဆရာတော်မှ ရည်
ရွယ်ထားပြီး သံဃနာယကအဖွဲ့မှ ကျောင်းတိုက်ကို ထိန်းသိမ်းထားသည့် ၁၀ နှစ်ကျော်အတွင်း ဘိုင်
စကုပ် ငှားခြင်း၊ မင်္ဂလာဆောင် ငှားရမ်းခြင်း၊ အကသင်တန်း၊ ဈေးပွဲတော်များ ပြုလုပ်ခဲ့မှုများကို
 အထောက်အထား၊ ဓာတ်ပုံများရှိကြောင်း ပီနန်ဆရာတော်ကြီးက မိန့်ကြားခဲ့သည်။
::
ယင်းကိစ္စနှင့်ပတ်သက်၍ သာသနာရေး ၀န်ကြီးဌာနမှ နိုဝင်ဘာ ၂ ရက်တွင်ကျောင်းတိုက်ကို ပီနန်
ဆရာတော် ပြန်လည်ရရှိသည်မှာ မမှန်ကန်ကြောင်းပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်နှင့် တာဝန်
ရှိသူများက ရှင်းလင်းခဲ့သည်။

eleven media ::--



See More News: (www.rangonnewsdaily.blogspot.com)

RangonNewsDaily:: November . 7 .2013
မဟာသန္တိသုခ ကျောင်းတိုက်ကြီး ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ သံဃမဟာနာယကအဖွဲ့နှင့် ပီနန်ဆရာ
တော်ကြီး တို့အကြား အငြင်းပွားလျက်ရှိရာ ပီနန်ဆရာတော်ကြီးက သံဃမဟာနာယကအဖွဲ့အား တရားဥပဒေကြောင်းအရ တရားစွဲဆို သွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၆ ရက်က မဟာသန္တိသုခ
ကျောင်းတိုက်တွင် ပြုလုပ်သည့် ပီနန်ဆရာတော်ကြီးမှ ကျောင်းတော်ကြီး ပိုင်ဆိုင်မှုနှင့် ပတ်သက်၍
စာနယ်ဇင်း ရှင်းလင်းပွဲမှ သိရသည်။

You Tube ဝက်ဘ်ဆိုက်၏ ဂီတဗီဒီယို ဆုကို ယခုနှစ်တွင် Girls Generation အဖွဲ့ရရှိ

Photo: You Tube ဝက်ဘ်ဆိုက်၏ ဂီတဗီဒီယို ဆုကို ယခုနှစ်တွင် Girls Generation အဖွဲ့ရရှိ
Thursday, November 7, 2013

နှစ်စဉ် ကျင်းပမြဲဖြစ်သော YouTube ဂီတဆုချီးမြှင့်ပွဲ အခမ်းအနားကို နယူးယောက်မြို့ရှိ Pier 36 ၌ နိုဝင်ဘာ ၄ ရက်က ကျင်းပခဲ့ရာ တောင်ကိုရီးယား အဆိုအဖွဲ့ဖြစ်သော Girls' Generation အဖွဲ့က ကမ္ဘာကျော် အဆိုတော်များ ဖြစ်ကြသည့် Psy၊ လေဒီဂါဂါ၊ ဂျက်စတင် ဘီဘာ၊ မိုင်လီဆိုင်းရပ်စ်၊ One Direction နှင့် အခြားနာမည်ကြီး အနုပညာ ရှင်များကို ကျော်လွန်၍ ယခုနှစ်၏ ဂီတဗီဒီယိုဆုကို ရရှိသွားခဲ့ကြောင်း သိရသည်။

Girls' Generation အဖွဲ့ သည် I Got a Boy တေးသီချင်းဖြင့် အဆိုပါ ဆုကို ရရှိခဲ့ခြင်း ဖြစ်ပြီး YouTube ဝက်ဘ်ဆိုက်၏ ဂီတဗီဒီယိုဆုကို ပထမဆုံး အကြိမ်အဖြစ် ရရှိခြင်း ဖြစ်ကြောင်း၊ YouTube ဝက်ဘ်ဆိုက်သည် ဂီတသမား အားလုံး၏ အကောင်းဆုံး မိတ်ဆွေဖြစ်ပြီး ယခုကဲ့သို့ ဆုရရှိခဲ့သည့် အတွက် မိမိတို့အဖွဲ့ဝင် အားလုံးက စိတ်လှုပ်ရှား ဂုဏ်ယူမိကြောင်း အဖွဲ့ဝင် အားလုံး၏ ကိုယ်စား တစ်ဖနီက ပြောကြားခဲ့သည်။

I Got a Boy တေးဂီတ ဗီဒီယိုသည် ဇန်နဝါရီလက ဖြန့်ချိခဲ့သည့် စတုတ္ထမြောက် စတူဒီယို အယ်လ်ဘမ်ဖြစ်ပြီး YouTube ဝက်ဘ်ဆိုက်တွင် ကြည့်ရှု အားပေးသူ ၇၄ သန်းကျော်ရှိပြီး Likes ၄၂၅ဝဝဝ ကျော် ရရှိထားသော တေးဂီတ ဗီဒီယိုဖြစ်သည်။

မြ၀တီ

RangonNewsDaily:: November . 7 .2013
နှစ်စဉ် ကျင်းပမြဲဖြစ်သော YouTube ဂီတဆုချီးမြှင့်ပွဲ အခမ်းအနားကို နယူးယောက်မြို့ရှိ Pier 36 ၌ နိုဝင်ဘာ ၄ ရက်က ကျင်းပခဲ့ရာ တောင်ကိုရီးယား အဆိုအဖွဲ့ဖြစ်သော Girls' Generation အဖွဲ့က ကမ္ဘာကျော် အဆိုတော်များ ဖြစ်ကြသည့် Psy၊ လေဒီဂါဂါ၊ ဂျက်စတင် ဘီဘာ၊ မိုင်လီဆိုင်းရပ်စ်၊ One Direction နှင့် အခြားနာမည်ကြီး အနုပညာ ရှင်များကို ကျော်လွန်၍ ယခုနှစ်၏ ဂီတဗီဒီယိုဆုကို ရရှိသွားခဲ့ကြောင်း သိရသည်။

အာဆီယံ ကြည်းတပ်မတော်များ သေနတ်ပစ်ပြိုင်ပွဲတွင် မြန်မာအသင်းနိုင်ပွဲရပြီ

Photo

RangonNewsDaily:: November . 7 .2013
ဒီနှစ်အတွက် အာဆီယံ ကြည်းတပ်မတော်များ သေနတ်ပစ်ပြိုင်ပွဲ (AARM) ကို ပြင်ဦးလွင်/မေမြို့မှာ ကျင်းပ
နေတာတပတ်ကြာပါပြီ။အစွမ်းပြနိုင်သူတွေကို ဆုပေးရာမှာ သက်ဆိုင်ရာ နိုင်ငံ အလံတွေ လွှင့်တင်ပါတယ်။

ဂျကာတာ မြန်မာသံရုံး တိုက်ခိုက်ဖို့ကြိုးပမ်းသူ ရုံးတင်စစ်

Photo: ဂျကာတာ မြန်မာသံရုံး တိုက်ခိုက်ဖို့ကြိုးပမ်းသူ ရုံးတင်စစ်
Thursday, November 7, 2013

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာရှိတဲ့ မြန်မာသံရုံးကို တိုက်ခိုက်ဖို့ ကြံစည်ခဲ့သူအဖြစ် စွပ်စွဲခံထားရသူ ၁ ဦးကို သေဒဏ်အထိ အပြစ်ပေး
ခံရနိုင်တဲ့ အကြမ်းဖက်တိုက်ခိုက်မှု အပါအ၀င် တခြားစွပ်စွဲချက်တွေနဲ့ ဒီကနေ့ပဲ ရုံးတင်စစ်ဆေးခဲ့ပါတယ်။
 
အသက် ၂၉ နှစ်အရွယ်ရှိ အင်ဒိုနီးရှား နိုင်ငံသား Separiano ဆိုသူနဲ့အတူ နောက်ထပ် ၄ ယောက်တို့ဟာ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မူဆလင်တွေ ဖိနှိပ်ခံနေရတာကို မကျေနပ်လို့ လက်တုံ့ပြန် တိုက်ခိုက်ဖို့ ကြိုးစားခဲ့ကြတာ ဖြစ်တဲ့အကြောင်း တရားလို ရှေ့နေတွေက ပြောဆို
ခဲ့ကြတာပါ။
 
ဖမ်းဆီးခံထားရတဲ့ နောက်ထပ် ၄ ယောက်ကိုလည်း ဒီတပတ်ထဲမှာပဲ ရုံးတင်စစ်ဆေးဖို့ စီစဉ်ထားပါတယ်။ အခုစတင် ရုံးထုတ်ခဲ့တဲ့သူနဲ့
 နောက်တယောက်တို့ဟာ ဂျကာတာမြို့တော်က မြန်မာသံရုံးကို ဦးတည်ပြီး မော်တော်ဆိုင်ကယ် တစင်းနဲ့ သွားနေတုန်း ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့ကပဲ အာဏာပိုင်တွေက ဖမ်းဆီးမိခဲ့တာ ဖြစ်တဲ့အကြောင်းလည်း ရဲတပ်ဖွဲ့က ပြောဆိုထားတာပါ။
 
ဖမ်းမိတဲ့ အချိန်မှာ ကျောပိုးအိပ်ထဲက လက်လုပ်ဗုံး ၅ လုံး တွေ့ရှိခဲ့ရ
သလို၊ နောက်ပိုင်း သူတို့ငှားထားတဲ့ ဂျကာတာမြို့က အိမ်မှာလည်း
 ဖောက်ခွဲရေး ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့က ဆက်နွယ်သူတွေကို ဆက်လက် စုံစမ်းရာမှာ အဓိက ကြိုးကိုင်စီစဉ်သူအဖြစ် စွပ်စွဲခံထားရသူတဦး အပါအ၀င် သံသယရှိသူ ၃ ယောက်ကိုလည်း ထပ်မံ ဖမ်းဆီးခဲ့တာပါ။

VOA

RangonNewsDaily:: November . 7 .2013
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာရှိတဲ့ မြန်မာသံရုံးကို တိုက်ခိုက်ဖို့ ကြံစည်ခဲ့သူအဖြစ် စွပ်စွဲခံထားရသူ ၁ ဦးကို သေဒဏ်အထိ အပြစ်ပေး ခံရနိုင်တဲ့ အကြမ်းဖက်တိုက်ခိုက်မှု အပါအ၀င် တခြားစွပ်စွဲချက်တွေနဲ့ ဒီ
ကနေ့ပဲ ရုံးတင်စစ်ဆေးခဲ့ပါတယ်။

ဂျကာတာ မြန်မာသံရုံး တိုက်ခိုက်ဖို့ကြိုးပမ်းသူ ရုံးတင်စစ်

Photo: ဂျကာတာ မြန်မာသံရုံး တိုက်ခိုက်ဖို့ကြိုးပမ်းသူ ရုံးတင်စစ်
Thursday, November 7, 2013

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာရှိတဲ့ မြန်မာသံရုံးကို တိုက်ခိုက်ဖို့ ကြံစည်ခဲ့သူအဖြစ် စွပ်စွဲခံထားရသူ ၁ ဦးကို သေဒဏ်အထိ အပြစ်ပေး
ခံရနိုင်တဲ့ အကြမ်းဖက်တိုက်ခိုက်မှု အပါအ၀င် တခြားစွပ်စွဲချက်တွေနဲ့ ဒီကနေ့ပဲ ရုံးတင်စစ်ဆေးခဲ့ပါတယ်။
 
အသက် ၂၉ နှစ်အရွယ်ရှိ အင်ဒိုနီးရှား နိုင်ငံသား Separiano ဆိုသူနဲ့အတူ နောက်ထပ် ၄ ယောက်တို့ဟာ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မူဆလင်တွေ ဖိနှိပ်ခံနေရတာကို မကျေနပ်လို့ လက်တုံ့ပြန် တိုက်ခိုက်ဖို့ ကြိုးစားခဲ့ကြတာ ဖြစ်တဲ့အကြောင်း တရားလို ရှေ့နေတွေက ပြောဆို
ခဲ့ကြတာပါ။
 
ဖမ်းဆီးခံထားရတဲ့ နောက်ထပ် ၄ ယောက်ကိုလည်း ဒီတပတ်ထဲမှာပဲ ရုံးတင်စစ်ဆေးဖို့ စီစဉ်ထားပါတယ်။ အခုစတင် ရုံးထုတ်ခဲ့တဲ့သူနဲ့
 နောက်တယောက်တို့ဟာ ဂျကာတာမြို့တော်က မြန်မာသံရုံးကို ဦးတည်ပြီး မော်တော်ဆိုင်ကယ် တစင်းနဲ့ သွားနေတုန်း ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့ကပဲ အာဏာပိုင်တွေက ဖမ်းဆီးမိခဲ့တာ ဖြစ်တဲ့အကြောင်းလည်း ရဲတပ်ဖွဲ့က ပြောဆိုထားတာပါ။
 
ဖမ်းမိတဲ့ အချိန်မှာ ကျောပိုးအိပ်ထဲက လက်လုပ်ဗုံး ၅ လုံး တွေ့ရှိခဲ့ရ
သလို၊ နောက်ပိုင်း သူတို့ငှားထားတဲ့ ဂျကာတာမြို့က အိမ်မှာလည်း
 ဖောက်ခွဲရေး ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့က ဆက်နွယ်သူတွေကို ဆက်လက် စုံစမ်းရာမှာ အဓိက ကြိုးကိုင်စီစဉ်သူအဖြစ် စွပ်စွဲခံထားရသူတဦး အပါအ၀င် သံသယရှိသူ ၃ ယောက်ကိုလည်း ထပ်မံ ဖမ်းဆီးခဲ့တာပါ။

VOA

RangonNewsDaily:: November . 7 .2013
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာရှိတဲ့ မြန်မာသံရုံးကို တိုက်ခိုက်ဖို့ ကြံစည်ခဲ့သူအဖြစ် စွပ်စွဲခံထားရသူ ၁ ဦးကို သေဒဏ်အထိ အပြစ်ပေး
ခံရနိုင်တဲ့ အကြမ်းဖက်တိုက်ခိုက်မှု အပါအ၀င် တခြားစွပ်စွဲချက်တွေနဲ့ ဒီကနေ့ပဲ ရုံးတင်စစ်ဆေးခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ ဗုံးပေါက်ကွဲ လူ ၁ ဦးသေ ၈ ဦးဒဏ်ရာရ

Photo: တရုတ်နိုင်ငံမှာ ဗုံးပေါက်ကွဲ လူ ၁ ဦးသေ ၈ ဦးဒဏ်ရာရ
Thursday, November 7, 2013

တရုတ်နိုင်ငံမှာ ဗုံးပေါက်ကွဲမှုတခုဖြစ်ပွားခဲ့တဲ့အတွက် လူတစ်ဦးသေဆုံး
ခဲ့ပြီး ၈ ဦးဒဏ်ရာရခဲ့ပါတယ်။

ဒီဗုံးပေါက်ကွဲမှုဟာ တရုတ်နိုင်ငံ တောင်ဖက်ပိုင်းမှာရှိတဲ့ Shanxi ပြည်နယ်
ထဲက ကွန်မြူနစ်ပါတီရဲ့ ဌာနချုပ်ရှိတဲ့နေရာမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ပန်းတွေကြားထဲကနေ ပေါက်ထွက်လာတဲ့ ဗုံးတွဲတတွဲကြောင့် အနီးပတ်
ဝန်ကျင်မှာရှိတဲ့ ကားတွေကို လည်းထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။

ဖြစ်ခဲ့တဲ့ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဘယ်သူကမှ သူတို့ရဲ့လက်ချက်ဖြစ်
တယ်လို့ ၀န်ခံထားခြင်းမရှိပေမယ့် တရုတ်အာဏာပိုင်တွေကတော့ ၀ိကာ (Uighur) မွတ်စလင် လူမျိုးတွေရဲ့ လက်ချက်ဖြစ်တယ်လို့ ပြောပါတယ်။

အခုဖြစ်ခဲ့တဲ့ဗုံးပေါက်ကွဲမှုဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ အရေးကြီးတဲ့ အစည်းအဝေး မကျင်းပခင် ရက်ပိုင်းအလိုမှာပဲ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ABC

RangonNewsDaily:: November . 7 .2013
တရုတ်နိုင်ငံမှာ ဗုံးပေါက်ကွဲမှုတခုဖြစ်ပွားခဲ့တဲ့အတွက် လူတစ်ဦးသေဆုံး ခဲ့ပြီး ၈ ဦးဒဏ်ရာရခဲ့ပါတယ်။

နယ်မြေမှူးက ပေငါးဆယ်လမ်းကို ပိတ်ဆို့ရောင်းစားသဖြင့် နယ်မြေခံများက အုပ်ချုပ်ရေးမှူးသို့ တိုင်ကြား

Photo: နယ်မြေမှူးက ပေငါးဆယ်လမ်းကို ပိတ်ဆို့ရောင်းစားသဖြင့် နယ်မြေခံများက အုပ်ချုပ်ရေးမှူးသို့ တိုင်ကြား
Thursday, November 7, 2013

လားရှိုးမြို့၊ ရပ်ကွက်(၁)၊နယ်မြေ(၈)၌ နယ်မြေမှူး ဆိုသူသည် မူလသတ်မှတ်ထားသော ပေ(၅၀)လမ်းကို ပိတ်၍ အခြားပုဂ္ဂိုလ်တစ်ဦးအား ရောင်းစားခဲ့ခြင်းကြောင့် ရပ်ကွက်လူထုက ကျေနပ်မှုမရှိ၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးရုံးသို့ တိုင်ကြားခဲ့ကြောင်း တိုင်ကြားသူများ၏ ပြောကြသည်။

“ကျွန်တော်တို့ နယ်မြေထဲမှာရှိတဲ့ ပေ(၅၀)လမ်းဟာ လမ်းဟုသတ်မှတ်ထားပေမယ့် ခြုံနွယ်ပိတ်ပေါင်းနဲ့ ဖုံးနေတော့ လမ်းပျောက်နေသလို ဖြစ်နေတယ်။ ဒါကိုနယ်မြေမှူး ဆိုတဲ့သူက အခွင့်အကောင်းယူ မြေစာရင်းနဲ့ပေါင်းပြီး လမ်းကိုပိတ်ဆို့ ရောင်းစားနေတာကို တွေ့ရပါတယ်။ ဒီကိစ္စကို ရပ်ကွက်လူထုက မကျေနပ်လို့ ရပ်ကွက်အုပ်ချုပ်ရေးရုံးကို တိုင်ကြားပေမယ့် ဘာမှမထူးလာလို့ အခုဒုတိယအကြိမ်အဖြစ် လားရှိုးမြို့နယ် အုပ်ချုပ်ရေးရုံးကို တိုင်ထားပါတယ်။ ကျွန်တော်တို့နယ်မြေ လူနေအိမ်တွေဟာ ထွက်ပေါက်လမ်း မရှိကြုံနေရတယ်။ နဂိုမူလမြေပုံအတိုင်း လမ်းရှိစေချင်တယ်။ ဒီလိုမတရား လုပ်စားနေတဲ့ သူတွေကိုလည်း ဥပဒေအရ ထိရောက်စွာ အရေးယူုပေးစေချင်ပါတယ်”ဟု နယ်မြေခံ ဦးတင့်လွင်ဆိုသူက ပြောသည်။

၎င်းပေ(၅၀)လမ်းအနီးတွင် နေထိုင်သူ ကိုအောင်ကျော် က“ကျွန်တော်နေလာတာကြာပြီ။ ဒီပေ(၅၀)လမ်းဟာ မြေပုံအရ နဂိုကထဲကရှိနေပြီးသားပါ။ နယ်မြေမှုးဦးစောရွှေဝါနဲ့အတူ ပါလာတဲ့ မြေစာရင်းကလူတွေက လမ်းကိုပိတ်ဆို့ပြီး အကွက်ရိုက်ပေးနေတာ တွေ့ရတယ်။ အများပိုင်မြေကို မတရားလုပ်စားနေတာ မကျေနပ်လို့ သက်ဆိုင်ရာကို တိုင်တာပါ။ နယ်မြေခံတွေက ဒီပေ(၅၀)လမ်းကို သူ့နဂိုမူလအတိုင်းပဲ ရှိစေချင်တယ်”ဟု ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ လားရှိုးမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးညီညီအောင်က“ဒီကိစ္စနဲ့ပတ်သက်လို့ နယ်မြေမှူး ရောင်းစားတယ်/မရောင်းတယ် မသိပါဘူး။ ကျွန်တော်တို့ စစ်ဆေးချက်အရ လမ်းမြေပေါ်မှာ ကျုးကျော်နေတာတော့ အမှန်ပါ။ လက်ရှိပေ(၅၀)လမ်းပေါ်မှာ နေထိုင်တဲ့သူက လမ်းဖေါက်တဲ့အခါ ရွေ့ပြောင်းပေးဖို့ ကတိခံဝန်ထားပါတယ်။ တကယ်လည်း ပေ(၅၀)လမ်းပေါ် ကျူုးကျော်နေတာကို စစ်ဆေးတွေ့ရှိရပါတယ်။ တပတ်အတွင်း အကောင်အထည်ဖော် ဆုံးဖြတ်ပေးသွားမှာပါ”ဟု ၎င်းအုပ်ချုပ်ရေးမှုးက ပြောကြားသည်။

ယင်းအပြင်နယ်မြေခံ လူထုကကြားနာ စစ်ဆေးချက်အပေါ်တွင် လမ်းပေါ်တွင် ကျူးကျော်နေထိုင်သူကို လမ်းဖောက်မှ ဖယ်ရှားပေးမည် ဆိုသည်မှာ လမ်းမဖောက်က တစ်သက်လုံးနေထိုင်သွားမည်ဆိုသည့် သဘော သက်ရောက် နေသောကြောင့် လက်မခံနိုင်ကြောင်း ၎င်းနယ်မြေခံ လူထုက သုံးသပ်ပြောဆိုနေကြသည်။

အဆိုပါပေ(၅၀)လမ်းသည် လားရှိုးမြို့ရပ်ကွက်(၁)၊ နယ်မြေ(၈)အတွင်းရှိ မြေကွက်အမှတ်၁၇/၁၅၁၏ မြောက်ဖက်တွင် ကပ်လျက်ရှိကာ ၂၀၁၁ခုနှစ်မှစ၍ လမ်းမြေပေါ်တွင် ကျူးကျော်နေထိုင်လာခြင်းဖြစ်ကြောင်း၊ နယ်မြေခံရပ်ကွက်လူထုက ကျေနပ်မှုမရှိသောကြောင့် ယခုနှစ် စက်တင်ဘာလတွင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးရုံးသို့ ဒုတိယအကြိမ်မြောက် တိုင်ကြားခဲ့ကြောင်း ၎င်းအုပ်ချုပ်ရေးရုံးမှ သိရသည်။

ထွန်းထွန်း
မြန်မာ့ခေတ်

RangonNewsDaily:: November . 7 .2013
လားရှိုးမြို့၊ ရပ်ကွက်(၁)၊နယ်မြေ(၈)၌ နယ်မြေမှူး ဆိုသူသည် မူလသတ်မှတ်ထားသော ပေ(၅၀)လမ်းကို ပိတ်၍ အခြားပုဂ္ဂိုလ်တစ်ဦးအား ရောင်းစားခဲ့ခြင်းကြောင့် ရပ်ကွက်လူထုက ကျေနပ်မှုမရှိ၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးရုံးသို့ တိုင်ကြားခဲ့ကြောင်း တိုင်ကြားသူများ၏ ပြောကြသည်။

ရန်ကုန်တိုင်းအတွင်း တစ်ရက်အတွင်း ကလေးငယ် အဓမ္မကျင့်ခံရ၍ တိုင်တန်းမှု နှစ်ခုထိရှိ

RangonNewsDaily:: November . 7 .2013
ရန်ကုန်တိုင်းအတွင်း နိုဝင်ဘာ ၄ ရက် တစ်ရက်တည်းတွင် ကလေးငယ်များ အဓမ္မပြုကျင့်ခံရသဖြင့် တိုင်တန်းထားမှု နှစ်ခုထိရှိခဲ့သည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။
ပထမဖြစ်စဉ်တစ်ခုမှာ ရွှေပြည်သာမြို့နယ်တွင် နိုဝင်ဘာ ၁ ရက်ကဖြစ်ပွားထားပြီး ကာယကံရှင်၏ မိသားစုက နိုဝင်ဘာ ၄ ရက်တွင် အမှုဖွင့်တိုင်တန်းထားခြင်းဖြစ်သည်။

ဘာသာရေးပွဲတော်များအတွက် လုံခြုံရေးတိုးမြှင့်မပေးနိုင်ဟု ရန်ကုန် လုံခြုံရေးဝန်ကြီးပြော

RangonNewsDaily:: November . 7 .2013
စက်တင်ဘာ ၆ ရက်က ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းတွင် ကျင်းပသည့် အာဆီယံအမျိုးသမီးဘောလုံးပွဲတွင် လုံခြုံရေးယူနေသော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်။ ရဲဝန်ထမ်းအလုံအလောက်မရှိခြင်းကြောင့် ဘာသာရေးပွဲတော်များအတွက် လုံခြုံရေးယူပေး နိုင်မည်မဟုတ်ဟု ရန်ကုန်တိုင်း နယ်စပ်ရေးရာဝန်ကြီးက ဆိုသည်။

သို့ ချစ်သော အမေ (ဟာသ)

RangonNewsDaily:: November . 7 .2013
အမေ့သားကြီ စာရေးလိုက်တယ် ဖေတို့ မေတို့ အဆင်ပြေကြရဲ့လား ဟိုတလောတုန်းက မြို့ပေါ်က သူဌေးကြီးတစ်ယောက် လယ်သမားတွေ လယ်ထဲ ပင်ပန်းနေကြတာ မကြည့်ရက်လို့ လယ်တွေ အကုန်သိမ်းသွားတယ်လို့ကြားလို့ အမေတို့ အရင်လို ပင်ပင်ပန်းပန်း လုပ်စရာ မလိုတော့ဘူးဆိုပြီး သားဖြင့်ကျေးဇူးတွေတင်နေတာ သားလဲ အဆင်ပြေပါတယ်

ရန်ကုန်နှင့် မန္တလေးနိုင်ငံခြား ဘာသာတက္ကသိုလ်များအား အရည်အသွေး ဆိုင်ရာ စံနှုန်းမြှင့်တင်မည်

ရန်ကုန်နှင့် မန္တလေးနိုင်ငံခြား ဘာသာတက္ကသိုလ်များအား အရည်အသွေး
ဆိုင်ရာ စံနှုန်းမြှင့်တင်မည်
Thursday, November 7, 2013

နိုင်ငံခြား ဘာသာတက္ကသိုလ်များ နိုင်ငံတကာ အဆင့်မီ အရည်အသွေးပြည့်
ဝသည့် ဘာသာစကား တက္ကသိုလ်များအဖြစ် ရပ်တည်နိုင်ရန် ရန်ကုန်နှင့် မန္တလေးနိုင်ငံခြား ဘာသာတက္ကသိုလ်များတွင် နိုင်ငံတကာ အဆင့်မီ အရည်အသွေးဆိုင်ရာ စံနှုန်းများ မြှင့်တင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ နိုင်ငံခြားဘာသာ တက္ကသိုလ်များကို နိုင်ငံတကာ အဆင့်မီ အရည်အသွေး အကဲဖြတ်မှု လုပ်ငန်းစဉ်များကို လျာထား သတ်မှတ်နိုင်
ရန်၊ ကျောင်းသား ကျောင်းသူများ၏ ဘာသာစကား စွမ်းရည်နှင့် တတ်
ကျွမ်းနားလည်မှုကို အရည်အသွေး မှန်ကန်တိကျစွာ စစ်ဆေးတိုင်းတာနိုင်
မည့် နည်းစနစ်များကို ရှာဖွေ ဖော်ထုတ်သွားနိုင်ရန်၊ သုတေသနဆိုင်ရာ နည်းစနစ်များကို ဆရာ၊ ဆရာမများ အကျွမ်းဝင်စေရန်၊ သုတေသန လုပ်ဆောင်ခြင်းကို အထောက်အကူပြုမည့် စာအုပ်စာတမ်းများကို သိရှိလေ့လာ စုပေါင်းဆွေးနွေးခြင်းဖြင့် ပြည့်စုံကောင်းမွန်သော သင်ရိုးပေါ်ထွက်လာစေရန်၊ သက်ဆိုင်ရာ ဘာသာစကားတွင် ကျွမ်းကျင် တတ်မြောက်သည့် နိုင်ငံ့အကျိုးပြု လူငယ်များကို ပြုစုပျိုးထောင်ပေးရန် အစရှိသည့် ရည်ရွယ်ချက်များဖြင့် အလုပ်ရုံ ဆွေးနွေးပွဲများကို ကျင်းပပြုလုပ်ကာ အာဆီယံ တက္ကသိုလ်များ ကွန်ရက် (AUN) မှ သတ်မှတ်ထားသော အခြေခံစံနှုန်းများနှင့်အညီ နိုင်ငံခြားဘာသာ တက္ကသိုလ်များ၌ လက်တွေ့တွင် ထိရောက်စွာ အသုံးပြုနိုင်မည့် အရည်အသွေးဆိုင်ရာ စံနှုန်းများ သတ်မှတ်သွားမည် ဖြစ်သည်။

နိုင်ငံခြားဘာသာ တက္ကသိုလ်များ၏ ပညာရည် မြင့်မားရေးဆိုင်ရာ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်သည့် အလုပ်ရုံ ဆွေးနွေးပွဲကို
အောက်တိုဘာ ၂၇ ရက်နှင့် ၂၈ ရက်များတွင် ရန်ကုန် နိုင်ငံခြားဘာသာ
တက္ကသိုလ်၌ ကျင်းပခဲ့ပြီး အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ၌ မြန်မာနိုင်ငံရှိ
နိုင်ငံခြား ဘာသာတက္ကသိုလ်များနှင့် အာဆီယံ တက္ကသိုလ်များရှိ ဘာသာစကား သင်ရိုးညွှန်းတမ်းများအား နှိုင်းယှဉ် လေ့လာခဲ့ကြသည်။

eleven media group

RangonNewsDaily:: November . 7 .2013 နိုင်ငံခြား ဘာသာတက္ကသိုလ်များ နိုင်ငံတကာအဆင့်မီအရည်အသွေးပြည့်ဝသည့်ဘာသာစကား တက္ကသိုလ်
များအဖြစ် ရပ်တည်နိုင်ရန် ရန်ကုန်နှင့် မန္တလေးနိုင်ငံခြား ဘာသာတက္ကသိုလ်များတွင် နိုင်ငံတကာ အဆင့်မီ အရည်အသွေးဆိုင်ရာ စံနှုန်းများ မြှင့်တင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ခုတလော နံမည်ကြီးနေတဲ့ ရုပ်ပြောင်လုပ်တဲ့ Anroid APK

Photo: HighTalk

အခု တော်တော်လေးကိုခေတ်ထ နေတဲ့ Application လေးပါ
သိပ်ပီး မညွန်းတော့ဘူး ပုံကို ကြည့်တာနဲ့ သဘောပေါက်မယ်လို့ထင်ပါတယ်

Android သမားတွေ အတွက် http://adf.ly/YW10V 
iPhone သမားတွေ အတွက် http://adf.ly/YW2YG

RangonNewsDaily:: November . 6 .2013
အခု တော်တော်လေးကိုခေတ်ထ နေတဲ့ Application လေးပါ။