Pages

Sunday, September 22, 2013

မုန်တိုင်းကယ်ဆယ်ရေး ရဲရဟတ်ယာဉ် ပျောက်ဆုံးနေ

Photo: မုန်တိုင်းကယ်ဆယ်ရေး ရဲရဟတ်ယာဉ် ပျောက်ဆုံးနေ
Sunday, September 22, 2013

မြေပြို၍ ထိခိုက်မှုခံနေရ သော ကျေးရွာတစ်ခုအားကယ် ဆယ်ရန်သွားခဲ့သည့် ပြည်ထောင် စုရဲတပ်ဖွဲ့၏ ဘလက်ဟော့ရဟတ် ယာဉ်မှာ အဆက်အသွယ်ပြတ် သွားခဲ့ကြောင်း မက္ကဆီကိုအာဏာ ပိုင်များက ကြာသပတေးနေ့၌ ပြောကြားခဲ့သည်။

ရဟတ်ယာဉ်မှာ မက္ကဆီကို အနောက်တောင်ပိုင်းတောင်ထူ ထပ်သောဒေသ လာပင်တာဒါ ကျေးရွာမှ လူတစ်စုကိုကယ်ဆယ် ၍ တခြားဒေသတစ်ခုသို့ သွား စဉ် ဆက်သွယ်ရေးပြတ်တောက် သွားခဲ့ကြောင်း အမျိုးသားလူထု လုံခြုံရေးအကြီးအကဲမန်နျူရယ် မွန်ဒရာဂိုနီက လက်ဘ်၏ပြော ကြားချက်အား ရုပ်မြင်သံကြား မှ ဖော်ပြခဲ့သည်။

အသံလွှင်သူက ရဟတ် ယာဉ်တွင် ပိုင်းလော့၊ အကူပိုင်း လော့နှင့်စက်ပြင်သုံးဦးသာပါ သည်ဟု သမ္မတရုံးအချက်အ လက်များကို ကိုးကား၍ပြောခဲ့ သည်။ ရဟတ်ယာဉ်မှာ ရာသီ ဥတုဆိုးရွား၍ ဆင်းသက်ခဲ့ပြီး ရေဒီယိုအဆက်အသွယ်မရခြင်း ဖြစ်နိုင်သည်ဟု အယ်လ်ယူနီဗာ ဆယ်သတင်းစာက ဆိုသည်။ အစိုးရပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် က မှတ်ချက်ပေးရန်ငြင်းဆိုခဲ့ သည်။

မြေပေါ်ရှိကယ်ဆယ်ရေး လုပ်သားများမှာလည်း လာပင် တာဒါမှ မြေကြီးအောက်မြုပ် နေသည့် အလောင်းနှစ်လောင်း ကို ဖော်ယူခဲ့ကြသည်ဟုဆိုသည်။ ထိုနေရာ၌ တခြားလူ ၆၈ဦး လည်း ပျောက်ဆုံးနေကြောင်း၊ ဤကျေးရွာမှာ ယခုအပတ်ဝင် ရောက်တိုက်ခိုက်ခဲ့သည့် မုန် တိုင်းနှစ်ခုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရသည်။ဤကျေးရွာမှ လူ ၃၃၀ အား ရဟတ်ယာဉ်များဖြင့်ကယ် ဆယ်ခဲ့ရသည်။ ၎င်းတို့အားအ နီးအနားရှိ ဂူအာရေရိုပြည်နယ် ပစိဖိတ်အပန်းဖြေစခန်း အကာ ပူလ်ကိုသို့ ပို့ပေးခဲ့သည်။

Yangon Media Group

RangonNewsDaily:: September 22, 2013

မြေပြို၍ ထိခိုက်မှုခံနေရ သော ကျေးရွာတစ်ခုအားကယ် ဆယ်ရန်သွားခဲ့သည့် ပြည်ထောင် စုရဲတပ်ဖွဲ့၏ ဘလက်ဟော့ရဟတ် ယာဉ်မှာ အဆက်အသွယ်ပြတ် သွားခဲ့ကြောင်း မက္ကဆီကိုအာဏာ ပိုင်များက ကြာသပတေးနေ့၌ ပြောကြားခဲ့သည်။

ချင်းတွင်းမြစ် ရေတိုက်စား၍ ရေစကြိုတွင် အိမ်ခြေ ၄၀ ခန့် ထပ်မံပြောင်းရွှေ့

Photo: ချင်းတွင်းမြစ် ရေတိုက်စား၍ ရေစကြိုတွင် အိမ်ခြေ ၄၀ ခန့် ထပ်မံပြောင်းရွှေ့
Sunday, September 22, 2013

မကွေးတိုင်းဒေသကြီး ရေစကြို မြို့နယ် ချင်းတွင်း မြစ်ကမ်းနံဘေးမှ ရှစ်အိမ်တန်း ကျေးရွာတွင် ချင်းတွင်းမြစ်ရေ တိုက်စားခံခဲ့ရမှုကြောင့် ယခုနှစ် ဇွန်လမှ စက်တင်ဘာလအထိ လူနေအိမ် ၄၀ ခန့် ထပ်မံရွှေ့ပြောင်း နေထိုင်နေရကြောင်း ယင်းကျေးရွာတွင် နေထိုင်သည့် ရွာခံများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောကြားသည်။

မြစ်ရေ တိုက်စားခံခဲ့ရမှုကြောင့် အဆောက်အအုံ ဆောက်လုပ် နေထိုင်ခဲ့သည့် ရွာမြေများ၊ စိုက်ပျိုးမြေများ ဆုံးရှုံးခဲ့ကာ လက်ရှိအချိန်တွင် ကမ်းနှင့်ဝေးသည့် နေရာများတွင် ယာယီတဲများထိုး၍ နေထိုင်နေရပြီး ငွေကြေးတတ်နိုင်သည့် ရွာခံအချို့မှာ ကမ်းပါးနှင့်ဝေးသည့် လယ်မြေကွက်များတွင် တစ်နှစ်လျှင် ကျပ်နှစ်သောင်းမှ ငါးသောင်းအထိ ကုန်ကျခံကာ မြေငှားရမ်းပြီး အဆောက်အအုံများ ဆောက်လုပ် နေထိုင်နေသူများလည်း ရှိကြောင်း ရှစ်အိမ်တန်းကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောကြား သည်။
“ကျွန်တော်တို့ တာဝန်ရှိသူတွေကို စာတင်တာလည်း အကြိမ်ပေါင်း မနည်းတော့ပါဘူး။ ရွာကို နေရာအတည်တကျ ဖြစ်စေချင်တယ်။ အခုအနေအထားက အဆောက်အအုံ ဆောက်လိုက်၊ ရေတိုက်စားလိုက် ဆိုတော့ အိမ်တွေလည်း အခိုင်အခံ့ ဆောက်မထားရဲဘူး။ ဖျက်ပြီး ပုံထားရတယ်။ ကိုယ့်အိမ်နဲ့ ကမ်းပြိုတာနဲ့ နီးလာလိုက်၊ ရွှေ့ပြောင်းလိုက် ဒီလိုပဲရွှေ့နေကြရတယ်။ နွားတွေကိုလည်း မြင်တဲ့အတိုင်းပဲ မိုးကာတဲ ထိုးပြီးထားရတယ်” ဟု ရွာခံတစ်ဦးက ပြောကြားသည်။

မြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျသည့် ဖြစ်စဉ်များမှာ ယခုနှစ်အတွင်း ချင်းတွင်းမြစ်နှင့် ဧရာဝတီ မြစ်ကမ်းကျေးရွာ အများစုတွင် ဖြစ်ပွားလျက်ရှိပြီး ရှစ်အိမ်တန်း ကျေးရွာတွင်၂၀၁၂ခုနှစ် ဇွန်လက ကမ်းပြိုမှုကြောင့် အိမ်ခြေပေါင်း ၉၀ ကျော် ရွှေ့ပြောင်းခဲ့ရသည်။

The Voice Weekly

RangonNewsDaily:: September 22, 2013

မကွေးတိုင်းဒေသကြီး ရေစကြို မြို့နယ် ချင်းတွင်း မြစ်ကမ်းနံဘေးမှ ရှစ်အိမ်တန်း ကျေးရွာတွင် ချင်းတွင်းမြစ်ရေ တိုက်စားခံခဲ့ရမှုကြောင့် ယခုနှစ် ဇွန်လမှ စက်တင်ဘာလအထိ လူနေအိမ် ၄၀ ခန့် ထပ်မံရွှေ့ပြောင်း နေထိုင်နေရကြောင်း ယင်းကျေးရွာတွင် နေထိုင်သည့် ရွာခံများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောကြားသည်။

"ကချင်စစ်ဘေးဒုက္ခသည်စခန်းများအမျိုးသားလွှတ်တော် ဥက္ကဋ္ဌ လေ့လာ"

Photo: "ကချင်စစ်ဘေးဒုက္ခသည်စခန်းများအမျိုးသားလွှတ်တော် ဥက္ကဋ္ဌ လေ့လာ"
Sunday, September 22, 2013

ကချင်ပြည်နယ်ကိုရောက်ရှိနေတဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နဲ့အဖွဲ့ဟာ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်က ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ဒီကနေ့ သွားရောက်ပြီး ထောက်ပံ့ရေးပစ္စည်းတွေ လှူဒါန်းခဲ့ပါတယ်။

ကယ်ဆယ်ရေးစခန်းတွေကိုလာရောက်ရတာနဲ့ ပတ်သက်ပြီး မြစ်ကြီးနားမြို့ ဓမ္မရက္ခိတ ဝန်းသိုကျောင်းတိုက်က စစ်ဘေးရှောင် ပြည်သူတွေနဲ့ တွေ့ဆုံချိန်မှာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောပါတယ်။

"ကျွန်တော်တို့ အမျိုးသားလွှတ်တော်မှာ ဖွဲ့စည်းထားတဲ့ ကယ်ဆယ်ရေးနဲ့ ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးကော်မတီက လုံခြုံရေးကြောင့် မိမိတို့ရဲ့နေရင်းဒေသကိုစွန့်ခွာပြီး၊စခန်းတွေမှာ စုစည်းနေရတဲ့ ပုဂ္ဂိုလ်တွေကို စိတ်မကောင်းတဲ့အတွက် ကိုယ်ချင်းစာစိတ်နဲ့ကူညီကယ်ဆယ်စောင့်ရှောက်ဖို့ဆိုပြီး၊ဒီလိုကူညီလို့ စစ်ကြောင့်ဖြစ်တဲ့ အနာတရတွေ သက်သာပါစေဆိုတဲ့ ဆန္ဒနဲ့ဆောင်ရွက်တာဖြစ်ကြောင်း ရှင်းလင်း တင်ပြလိုပါတယ်"

လတ်တလောအခြေအနေတွေအရ မြန်မာနိုင်ငံမှာ သဘာဘေးအန္တရာယ်တွေနဲ့ လူမှုပဋိပက္ခတွေကြောင့် ကယ်ဆယ်ရေးစခန်းတွေမှာခိုလှုံနေကြရတဲ့ ပြည်သူတွေကို ပြည်တွင်းနဲ့နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေနဲ့ပူးပေါင်းပြီး အတတ်နိုင်ဆုံး ကူညီထောက်ပံ့မှုတွေပေးနေတယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေးဝန်ကြီးဋ္ဌာန ဒုတိယဝန်ကြီး ဦးဘုန်းဆွေက ဂျန်မိုင်ကောင်နှစ်ခြင်းအသင်းတော် ကယ်ဆယ်ရေးစခန်းကပြည်သူတွေနဲ့ တွေ့ဆုံချိန်မှာ ပြောပါတယ်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့ဟာ မနက်ဖြန်မှာတော့ ဗန်းမော်မြို့ကိုသွားရောက်မှာဖြစ်တယ်လို့သိရပါတယ်။

RFA Burmese

RangonNewsDaily:: September 22, 2013

ကချင်ပြည်နယ်ကိုရောက်ရှိနေတဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နဲ့အဖွဲ့ဟာ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်က ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ဒီကနေ့ သွားရောက်ပြီး ထောက်ပံ့ရေးပစ္စည်းတွေ လှူဒါန်းခဲ့ပါတယ်။

မိုးအောင်ရင်နှင့် တွေ့ဆုံခြင်း

Photo: မိုးအောင်ရင်နှင့် တွေ့ဆုံခြင်း
Sunday, September 22, 2013

၎င်းပါဝင်သည့် ဇာတ်ကားများ မထွက်ရှိသည်မှာ ကြာပြီ ဖြစ်သည့်အတွက် ပရိသတ်များ မြင်ကွင်းမှ ပျောက်ကွယ်သလို ဖြစ်နေသော သရုပ်ဆောင် မိုးအောင်ရင်နှင့် တွေ့ဆုံပြီး မကြာမီ ရုံတင်တော့မည့် သူ၏ ‘ဟတ်ကော့’ ရုပ်ရှင်ဇာတ်ကားအကြောင်း၊ ဇာတ်ကား အထွက်ကျဲနေရသည့် အကြောင်းအရင်းနှင့် တစ်ကျော့ပြန် အနုပညာ လမ်းခရီးတွင် ဆက်လက် လျှောက်လှမ်းမည့် ပုံစံတို့ကို The Voice က မေးမြန်းထားခြင်း ဖြစ်သည်။

Voice	။	။ ဟတ်ကော့ ရုပ်ရှင်ဇာတ်ကားမှာ မိုးအောင်ရင် သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်စရိုက်ကို ပြောပေးပါဦး။

M.A.Y	။	။ ကျွန်တော်က ဒီကားမှာ တောကနေမြို့ကို တက်လာတဲ့ တောသား တစ်ယောက်ပေါ့။ အဲဒီတောသားက မြို့ကို ရောက်လာတဲ့အခါ တောစရိုက်ကို အတင်းဖျောက်တဲ့ ပုံစံမျိုး သရုပ်ဆောင်ထားပါတယ်။

Voice	။	။ ဒီကားက မိုးအောင်ရင် တစ်ယောက်တည်း ခေါင်းဆောင်အဖြစ် ရိုက်ရတဲ့ကားဆိုတော့ ဒီဇာတ်ကားအပေါ် ရင်ခုန်မှုက ဘယ်လိုရှိလဲ။

M.A.Y	။	။ ကျွန်တော့်ရဲ့ ရင်ခုန်မှုကတော့ စကားလုံးတွေနဲ့တောင် ပြောပြလို့ မရနိုင်ပါဘူး။ အဲဒီဇာတ်ကား ရိုက်နေတုန်းကလည်း အရမ်းစိတ်လှုပ်ရှား ခဲ့ရတယ်။ အခု ပြန်ကြည့်တဲ့ အခါမှာ တချို့ဇာတ်ဝင်ခန်းတွေမှာ ကျွန်တော့်ရဲ့သရုပ်ဆောင်မှုက အိုဗာများ ဖြစ်သွားသလား ခံစားမိတာတွေ ရှိတယ်။ တချို့နေရာတွေမှာဆို ကိုယ့်ကိုယ် ကိုယ် ပေါလိုက်တာဆိုပြီး ခံစားမိတာတွေ ရှိပါတယ်။ 

ဇာတ်ကားထဲမှာပါတဲ့ အိပ်မက်မက်တဲ့ အခန်းတွေမှာဆို သုံးထားတဲ့ ကွန်ပျူတာ ဂရပ်ဖစ်တွေက မကောင်းဘူး။ အဲဒီလို အားနည်းချက်တွေကို ပရိသတ်တွေက သည်းခံခွင့်လွှတ်ပြီး အားပေးကြပါလို့ ပြောချင်ပါတယ်။ ကျွန်တော်လည်း အခုမှားခဲ့တဲ့ အမှားမျိုး နောက်တစ်ကြိမ် ထပ်မမှားအောင် ကြိုးစားမယ်လို့ ပြောချင်ပါတယ်။

Voice	။	။ ဒီဇာတ်ကားက ရိုက်ထားတာ တော်တော်ကြာပြီ ထင်တယ်နော်။

M.A.Y	။	။ ဟုတ်ပါတယ်။ ဒီဇာတ်ကားက ရိုက်ထားတာ လေးနှစ်နီးပါးလောက် ရှိနေပါပြီ။ ကျွန်တော်ကိုယ်တိုင်တောင် ဇာတ်လမ်းကို သိပ်မမှတ်မိတော့ဘူး။ ဒီဇာတ်ကားမှာ ကျွန်တော့်ရဲ့ အဝတ်အစား ဖက်ရှင်ကလည်း Up to Date သိပ်မဖြစ်တော့ဘူး။

Voice	။	။ ဒီဇာတ်ကားကို ရိုက်ကူးစဉ်မှာ ကြုံခဲ့ရတဲ့ အခက်အခဲတွေ၊ အမှတ်တရတွေရှိရင် ပြောပေးပါဦး။ 

M.A.Y	။	။ ရိုက်ကူးရေးမှာတော့ ဘာမှအခက်အခဲ မရှိပါဘူး။ ကျွန်တော် ထင်တာတော့ တည်းဖြတ်တဲ့ အပိုင်းမှာ နည်းနည်း အခက်အခဲရှိမယ် ထင်တယ်။ ဒီဇာတ်ကားကို စရိုက်တုန်းက ဗီဒီယိုကင်မရာနဲ့ ရိုက်တယ်။ ပြီးမှ ဒစ်ဂျစ်တယ်စနစ် ပြောင်းတယ်။ ဒီဂျစ်တယ်ကနေမှ ဖလင်ကို ထပ်ပြောင်းတော့ အဲဒီမှာပဲ အဆင်မပြေမှုတွေ အများကြီး ဖြစ်သွားတယ်။ 

ကျွန်တော့်ရဲ့ သရုပ်ဆောင်မှု အတွက်တော့ ဒါရိုက်တာ ကိုမိုက်က ရိုက်ကွင်းပေါ်မှာ သူကိုယ်တိုင် ဒိုင်ယာလော့ခ် ပြောရမယ့် အသံနေအသံထား၊ လုပ်ရမယ့် အိုက်တင်ကို နှစ်ကြိမ်လောက် လုပ်ပြတယ်။ ကျွန်တော်ကလည်း သူသင်ပြပေးတဲ့အတိုင်း လိုက်လုပ်တယ်။ ကိုခင်လှိုင်နဲ့ တွဲပြီး သရုပ်ဆောင်ရမယ့် အခန်းတွေမှာလည်း နှစ်ယောက်တိုင်ပင်ပြီး လုပ်ကြတယ်။ နောက်ပြီး ဒီဇာတ်ကားမှာပါတဲ့ ဦးမော့စ်တို့၊ ဦးမိုးဒီတို့ကလည်း ကျွန်တော့်ကို အကြံဉာဏ်တွေ ပေးကြတယ်။

Voice	။	။ သရုပ်ဆောင် တော်တော်များများက ဟာသကားမှာ သရုပ်ဆောင်ရတာ ပိုခက်တယ်လို့ ပြောကြတယ်။ ပရိသတ်ကို ရယ်အောင် လုပ်နိုင်ဖို့အတွက် ဒိုင်ယာလော့ခ်ပြောတဲ့ အသံနေ အသံထားအပြင် ဘယ်အချက်တွေက အရေးကြီးတယ် ထင်လဲ။ 

M.A.Y	။	။ အဓိကကတော့ အနုပညာရှင် တစ်ယောက်က ငါသိတယ်၊ ငါတတ်တယ်ဆိုပြီး စိတ်ကြီးဝင်နေရင်တော့ ဘယ်တော့မှ တိုးတက်မှာ မဟုတ်ဘူး။ ကျွန်တော်ကတော့ စိတ်ကို ရှင်းရှင်းထားပြီး ကိုယ့်ကိုသင်ပေးတဲ့၊ အကြံဉာဏ်ပေးတဲ့ လူတွေရဲ့စကားကို တလေးတစားနဲ့ နားထောင်တယ်။ ဒီဇာတ်ကားမှာလည်း ကျွန်တော့်ထက် ဝါရင့်တဲ့ ဟာသ သရုပ်ဆောင်ကြီးတွေနဲ့ ဒါရိုက်တာရဲ့ သင်ကြား ပြသတာကို နာခံပြီး လုပ်ခဲ့ပါတယ်။ ဟာသကားမှာက ဒိုင်ယာလော့ခ်ပြောတဲ့ အသံနေ အသံထားအပြင် ဒိုင်ယာလော့ခ်နဲ့ အိုက်တင် တစ်ထပ်တည်း ကျဖို့လည်း လိုပါတယ်။

Voice	။	။ မိုးအောင်ရင်ရဲ့ ဇာတ်ကားတွေ မထွက်တာ တော်တော်လေး ကြာသွားပြီနော်။ ကားရိုက်တွေ ဘာလို့ကျဲသွားတာလဲ။

M.A.Y	။	။ အဲဒါကတော့ Lucky 7 ဗီဒီယို ထုတ်လုပ်ရေးက ထုတ်လုပ်ရေးပိုင်းမှာ Budge ထိတာလည်း ပါသလို ကျွန်တော့် နာမည်ကလည်း ကျသွားတဲ့အတွက် ကားထွက် ကျဲသွားတာပါ။ ရိုက်ကူးရေး ပိုင်းကတော့ ရပ်မသွားပါဘူး။ ကားထွက် နှေးသွားတာပါ။ နောက်ပြီး တချို့ထွက်လာတဲ့ ဇာတ်ကားတွေကို ခွေငှားဆိုင်တွေက မကြိုက်တော့ မဝယ်ကြဘူး။ အဲ့ဒီအတွက် ပရိသတ်တွေက ကျွန်တော့်ခွေတွေကို မကြည့်ရတဲ့အခါ ဇာတ်ကား မထွက်ဘူးဆိုပြီး ထင်သွားတာပါ။

အခုချိန်မှာ ကိုယ့်ရဲ့ထုတ်လုပ်ရေးက ကျွန်တော့်ကို အခွင့်အရေး ပြန်ပေးတဲ့အချိန်မှာ အကောင်းဆုံး ဖြစ်အောင် ပြန်ကြိုးစားမယ်လို့ ဆုံးဖြတ်ထားပါတယ်။ 

Voice	။	။ မိုးအောင်ရင်ရဲ့ မိသားစုတွေက အဝေးမှာ ရှိနေပြီး ကိုယ်ကကျတော့ ဒီမှာ တစ်ယောက်တည်း နေရတာဆိုတော့ အလုပ်ကိစ္စတွေ စဉ်းစားဆုံးဖြတ်တဲ့ နေရာမှာ ဘယ်လိုအခက်အခဲတွေ တွေ့ရလဲ။

M.A.Y	။	။ ကျွန်တော် တစ်ခါတလေ ကိုယ့်ကိုယ်ကိုယ် မိဘမဲ့တစ်ယောက်လို ခံစားရတယ်။ ရေချိုးခန်းထဲမှာ ကြိတ်ပြီး ငိုခဲ့ရတဲ့ အခါတွေလည်း ရှိတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ အမှားတစ်ခု လုပ်မိတဲ့ သားသမီးကို အစစအရာရာ တာဝန်ယူ ဖြေရှင်းပေးတဲ့ မိဘတွေကို တွေ့တဲ့အခါ ကျွန်တော်ဝမ်းနည်းမိတယ်။ 

လူငယ်ဆိုတော့ တစ်ခါတလေ စိတ်ထဲရှိသလို ဆိုးလိုက်ချင်တဲ့ အခါတွေ ရှိတယ်။ ဒါပေမဲ့ ကျွန်တော့်စိတ်ကို ပြန်ထိန်းလိုက်တယ်။ ပြဿနာ တစ်ခုခု ဖြစ်လို့ ရှင်းရပြီဆိုရင် ကျွန်တော်ကဒီမှာ တစ်ယောက်တည်း နေတာဆိုတော့ ကျွန်တော်ပဲ ခံရမှာလေ။ အဲဒီတော့ စိတ်ဓာတ်ကျတဲ့ အခါတွေ၊ မကျေနပ်စရာတွေ ကြုံလာတဲ့ အခါတွေမှာ ကိုယ့်စိတ်ကို ကိုယ်တိုင် ပြန်အားတင်းတယ်။ ကိုယ်တစ်ယောက်တည်း ဖြေရှင်းလို့မရတဲ့ အခါမျိုးတွေမှာတော့ အပေါင်းအသင်း မိတ်ဆွေ၊ သူငယ်ချင်းတွေရဲ့ အကြံဉဏ်ကို ယူတယ်။

မိဘရဲ့အရိပ်အာဝါသက ဘယ်လောက် ကြီးမားတယ်၊ အေးမြတယ်ဆိုတာ လူတိုင်း လက်ခံကြမှာပါ။ အဲ့ဒီအတွက်ကြောင့်မို့ ကျွန်တော် ဒီမှာတစ်ယောက်တည်းနေတဲ့ အခိုက်မှာ ကျွန်တော်အမှားတွေများ လုပ်ခဲ့ရင် ကျွန်တော့်အပေါ် ပရိသတ်တွေအနေနဲ့ မကျေနပ်တာတွေရှိရင် ခွင့်လွှတ်ပေးပါလို့ ပြောချင်ပါတယ်။

Voice	။	။ စိတ်ညစ်စရာတွေ ကြုံလာတဲ့အခါမှာ ကိုယ့်ရဲ့စိတ်ကို ဘယ်လိုထွက် ပေါက်ပေးဖြစ်လဲ။

M.A.Y	။	။ လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က ကျွန်တော့်မိဘတွေကို သွားတွေ့ပြီး ဒီကိုပြန်လာရတဲ့အခါ ဒီမှာကိုယ် တစ်ယောက်တည်း နေနေရတယ်ဆိုတဲ့ ခံစားချက်ကြောင့်ရော၊ သူတို့ကို သတိရတဲ့စိတ်ကြောင့်ရော၊ နောက်ပြီး အဲဒီအချိန်မှာ ကားရိုက်တွေကလည်း မရှိတော့ လူကီ Depression ဝင်လာတယ်။ ကျွန်တော့် သူငယ်ချင်းတွေနဲ့ ခရီးတွေ လျှောက်သွား၊ လုပ်ချင်တာတွေ လျှောက်လုပ်တယ်။ နောက်ဆုံး ကျွန်တော့်ရဲ့စိတ်တွေ တည်ငြိမ်သွားတာက ဘုန်းကြီး ခဏတာ ဝတ်လိုက်တဲ့ အချိန်မှာပေါ့။ ကျွန်တော် တရားတွေ ထိုင်တယ်၊ ပုတီးတွေစိပ်တယ်၊ အဲ့ဒီအချိန်မှာ ကျွန်တော့်ရဲ့စိတ်တွေ အရမ်းတည်ငြိမ်သွားတယ်။ အရင်တုန်းက ကျွန်တော် ပျော်မလားဆိုပြီး လျှောက်လုပ်ခဲ့တာက တစ်ခဏတာ အပျော်တွေပဲဆိုတာ သိလာတယ်။ ကိုယ့်စိတ်ရဲ့ ငြိမ်းချမ်းမှုကိုရဖို့ အတွက် ကိုယ်တိုင်ပဲစိတ်ကို ပြောင်းလဲ ပြုပြင်မှ ရမယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ပြုပြင်ခဲ့ပါတယ်။

Voice	။	။ အရင်တုန်းကလို ပရိသတ်ရဲ့အားပေးမှုကို ပြန်ရဖို့အတွက် မိုးအောင်ရင်ဘက်က ဘာတွေ ပြုပြင်ပြောင်းလဲရမယ် ထင်လဲ။

M.A.Y	။ ။ အမှားတစ်ခုကို နှစ်ခါထပ် မမှားဖို့ ကျွန်တော် ဆုံးဖြတ်ထားပါတယ်။ ခေါင်းထဲမှာလည်း အလုပ်ကလွဲပြီး ကျန်တဲ့အရာတွေကို မထည့်ထားပါဘူး။ အတတ်နိုင်ဆုံးလည်း ကျွန်တော် ကြိုးစားသွားမှာပါ။ ကျွန်တော့်ကို အခုအချိန်အထိ အားပေးနေဆဲ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်ဇာတ်ကားတွေ အများကြီး ရိုက်ထားပါသေးတယ်။ ဆက်ပြီးတော့ လည်း ရိုက်သွားဦးမှာပါ။ ပရိသတ်တွေ အနေနဲ့ မကျေနပ်တာတွေ၊ စိတ်တိုင်း မကျတာတွေ ရှိရင်လည်း ဝေဖန်၊ အကြံပေးကြပါဦးလို့ ပြောချင်ပါတယ်။

The Voice Weekly

RangonNewsDaily:: September 22, 2013

၎င်းပါဝင်သည့် ဇာတ်ကားများ မထွက်ရှိသည်မှာ ကြာပြီ ဖြစ်သည့်အတွက် ပရိသတ်များ မြင်ကွင်းမှ ပျောက်
ကွယ်သလို ဖြစ်နေသော သရုပ်ဆောင် မိုးအောင်ရင်နှင့် တွေ့ဆုံပြီး မကြာမီ ရုံတင်တော့မည့် သူ၏ ‘ဟတ်
ကော့’ ရုပ်ရှင်ဇာတ်ကားအကြောင်း၊ ဇာတ်ကား အထွက်ကျဲနေရသည့် အကြောင်းအရင်းနှင့် တစ်ကျော့ပြန် အနုပညာ လမ်းခရီးတွင် ဆက်လက် လျှောက်လှမ်းမည့် ပုံစံတို့ကို The Voice က မေးမြန်းထားခြင်း ဖြစ်သည်။

အလုပ်သမားအခွင့်အရေးများ နည်းမျိုးစုံဖြင့်ခေါင်းပုံ ဖြတ်ဖိနှိပ်ခံထားရတဲ့ ဟုန်ရှင်းအလုပ်သမားများ ရန်ကုန်မြို့တော်ခန်းမေ ရှ့၌ သပိတ်စခန်းဖွင့်ပြီ

RangonNewsDaily:: September 22, 2013

ဟုန်ရှင်းအလုပ်သမားတို့သည်အလုပ်သမားအခွင့်အရေးများကိုနည်းမျိုးစုံဖြင့်ခေါင်းပုံဖြတ်ဖိနှိပ်ခံထားရမှုေ
ကြောင့်ငိမ်းချမ်းစွာတောင်းဆိုခဲ့ကြသည်၊အာဏာပိုင်တို့နှင့်သီးခံညိုနိုင်းခဲ့ကြသည်၊

မန်စီးတီး Vs မန်ယူ ပွဲထွက်လူစာရင်း

RangonNewsDaily:: September 22, 2013
မန်စီးတီး Vs မန်ယူ ပွဲထွက်လူစာရင်း 
မန်စီးတီး - Hart, Zabaleta, Kompany, Nastasic, Kolarov, Nasri, Fernandinho, Toure, Navas, Aguero, Negredo. Subs: Pantilimon, Lescott, Richards, Garcia, Milner, Jovetic, Dzeko.

နိုင်ငံတော်အစိုးရမှ မဲစနစ်အရခွင့်ပြုထားသော ဟာဂျီ များ တင်ဒါကိစ္စကြောင့် သံရုံးဗီဇာခွင့်ပြု ချက်မရရှိသေး

RangonNewsDaily:: September 22, 2013
အစိုးရ မဲဟာဂျီ(350) ကတော့အလ္လာဟ်လက်ထဲမှာပဲရှိပါတော့တယ်။လက်ရှိအချိန်မှာ ဟဂ်ျကာလအလွန်နီး
ကပ်နေပါလျှက် ဆော်ဒီသံရုံးမှဗီဇာများကိုထုပ်မပေးသေးပါဟု သတင်းရရှိပါသည်။::စုံစမ်းသိရှိရသလောက်
ကတော့ ဟာဂျီဖိုးလုံးက တင်ဒါရရှိထားခြင်းကိုသဘောမတူခြင်းကအခြေခံကျနေပါတယ်လို့ သိရှိရပါတယ်။

စက်တင်ဘာ ၂၂ ရက် ညပိုင်းနှင့် စက်တင်ဘာ ၂၃ ရက် နံနက်အစောပိုင်းတွင် ယှဉ်ပြိုင်ကစားမည့် ပွဲစဉ်များ

RangonNewsDaily:: September 22, 2013
စက်တင်ဘာ ၂၂ ရက် ညပိုင်းနှင့် စက်တင်ဘာ ၂၃ ရက် နံနက်အစောပိုင်းတွင် ယှဉ်ပြိုင်ကစားမည့် ဥရောပလိဂ် ဘောလုံးပွဲစဉ် တိုက်ရိုက်ကြည့်ရှုနိုင်သည့် လင့်ခ်အချို့နှင့် ယှဉ်ပြိုင်ကစားပြီးသော ပွဲရလဒ်များကို စုစည်းဖော်ပြထားပါသည်။

ပရီးမီးယားလိဂ်
~~~~~~~~

လျှပ်စစ်မီးသုံးစွဲမှုများပြား၍ အပူလွန်ကဲကာ ပါဝါမီတာ မီးလောင်

လျှပ်စစ်မီးသုံးစွဲမှုများပြား၍ အပူလွန်ကဲကာ ပါဝါမီတာ မီးလောင်

ရန်ကုန်၊ စက်တင်ဘာ ၂၂

၂၂.၉.၂၀၁၃ ရက်နေ့ ၁၆၃၅ အချိန် ရွှေပြည်သာမြို့နယ်၊(၁)ရပ်ကွက်၊ စက်မှုဇုန်(၁)၊ ကနောင်(၆)လမ်းရှိ မြင့်မိုရ်စက္ကူစက်ရုံတွင် စက်ရုံသုံးပါဝါမီတာမှ လျှပ်စစ်မီးသုံးစွဲမှုများပြား၍ အပူလွန်ကဲပြီး မီတာ၊မီတာပုံးခွံ၊လျှပ်စစ်ဝါယာကြိုးတို့အား မီးလောင်မှုဖြစ်ပွါးခဲ့ရာ  စက်ရုံလုပ်သားများမှ မီးသတ်ဆေးဗူးများဖြင့် ၀ိုင်းဝန်းငြိမ်းသတ်ခဲ့သဖြင့် ၁၆၄၂ အချိန်တွင်မီးငြိမ်းသွားခဲ့ပါသည်။

မီးလောင်ရာသို့ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှ
ဦးစီးအရာရှိနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်ဌာနမှ တာဝန်ရှိသူများ ရောက်ရှိစစ်ဆေးခဲ့ကြပါသည်။

မီးလောင်မှုကြောင့် တန်ဘိုးငွေကျပ်(၁၉၆၀၀၀)ဆုံးရှုံးခဲ့သဖြင့် လျှပ်စစ်မီးအားပေါ့ဆစွာသုံးစွဲ၍ မီးလောင်ကျွမ်းမှုဖြစ်ပွါးစေသူ  စက်ရုံမန်နေဂျာ ဒေါ်စန်းစန်းဝေအား ရွှေပြည်သာမြို့မရဲစခန်း
(ပ) ၆၇၈/၂၀၁၃၊ ပုဒ်မ ၂၈၅ ဖြင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

RangonNewsDaily:: September 22, 2013
၂၂.၉.၂၀၁၃ ရက်နေ့ ၁၆၃၅ အချိန် ရွှေပြည်သာမြို့နယ်၊(၁)ရပ်ကွက်၊ စက်မှုဇုန်(၁)၊ ကနောင်(၆)လမ်းရှိ မြင့်
မိုရ်စက္ကူစက်ရုံတွင် စက်ရုံသုံးပါဝါမီတာမှ လျှပ်စစ်မီးသုံးစွဲမှုများပြား၍ အပူလွန်ကဲပြီး မီတာ၊မီတာပုံးခွံ၊လျှပ်စစ်
ဝါယာကြိုးတို့အား မီးလောင်မှုဖြစ်ပွါးခဲ့ရာ စက်ရုံလုပ်သားများမှ မီးသတ်ဆေးဗူးများဖြင့် ၀ိုင်းဝန်းငြိမ်းသတ်ခဲ့
သဖြင့် ၁၆၄၂ အချိန်တွင်မီးငြိမ်းသွားခဲ့ပါသည်။

အလွန်အားကောင်းတဲ့ စူပါတိုင်ဖွန်းမုန်တိုင်းကြီuးsagi ဟောင်ကောင်ကျွန်းကို ဒီကနေ့ ညသန်းကောင်ယံမှာ တိုက်ခတ်ဝင်ရောက်တော့မည်


RangonNewsDaily:: September 22, 2013
ပစိဖိတ်သမုဒ္ဒယာရေပြင်ပေါ်တွင်အားပိုကောင်းလာနေပြီးတစ်နာရီမိုင်(၁၈၀)နှုန်း လေတိုက်နှုန်းတွေရှိနေ
တဲ့ အားအကောင်းဆုံး စူပါတိုင်ဖွန်း usagi ကို ဟောင်ကောက်ကျွန်းတိုက်ခတ်ခံရဖွယ်ရှိနေပါတယ်။

နိုင်ငံရေး အကျဉ်းသားများအား ဖမ်းဆီးနှိပ်စက်ခဲ့မှုများကို ယခင် တပ်မတော်အစိုးရ တောင်းပန်မှ ကျေနပ်မည်

နိုင်ငံရေး အကျဉ်းသားများအား ဖမ်းဆီးနှိပ်စက်ခဲ့မှုများကို ယခင် တပ်မတော်အစိုးရ
တောင်းပန်မှ ကျေနပ်မည်

ရန်ကုန်၊ စက်တင်ဘာ ၂၂
နိုင်ငံရေး အကျဉ်းသားများအား ဖမ်းဆီးနှိပ်စက်ခဲ့မှုများကို ယခင် တပ်မတော်အစိုးရမှ တာဝန်ရှိသူများအနေဖြင့်
တောင်းပန်မှ ကျေနပ်မည်ဟု ၈၈ မျိုးဆက် ကျောင်းသားများသမဂ္ဂ(ထိုင်းနိင်ငံ) အထွေထွေအတွင်းရေးမှူး နိုင်ငံရေးအကျဉ်းသားဟောင်း ကိုထူးထူးဟန်က ပြောသည်။
“သူတို့ကို စစ်ခုံရုံးတင်ဖို့ မဟုတ်ဘူး။ သူတို့ဆီက စည်းစိမ်းဥစ္စာတွေကိုလည်း ယူဖို့ မဟုတ်ဘူး။ အဓိကက ကျောင်းသားငယ်လေးတွေ သက်ကြီးရွယ်အိုတွေကို နှိပ်စက်ဖမ်းဆီးမှုတွေကို မှားယွင်းကြောင်း တောင်းပန်ဖို့အတွက် ဖြစ်တယ်”ဟု ၎င်းက ပြောသည်။
ထို့ပြင် နိုင်ငံတော် သမ္မတကြီးမှ နိုင်ငံရေး ကျောင်းသား ကျောင်းသူများကို မြန်မာနိုင်ငံ ပြန်ဝင်ခွင့် ပေးထားခဲ့သော်လည်း Black List လုပ်ခံထားရသော ကျောင်းသားဦးရေ သိန်းချီ ရှိသေးကြောင်း ၎င်းက ထပ်မံပြောသည်။
“သမ္မတကြီးပြောတာ မမှန်ဘူး ပြန်ဝင်ချင်တဲ့ ကျောင်းသားတွေ အများကြီး ရှိတယ်။ သူတို့တွေမှာ စိတ်ဒဏ်ရာ ရထားတယ်။ ဆေးရှိမှ ရမယ်။ ဘာဆေးလဲဆိုတော့ ယခင်တပ်မတော်အစိုးရမှ တောင်းပန်ဖို့ ဖြစ်တယ်”ဟု ၎င်းက ဆိုသည်။ စိုင်းလမင်း

အေးချမ်းမွန် Credit To >Popular Myanmar News Journal< Thanks
Re-posted By ACM 22-9-2013 
https://www.facebook.com/excellencemedia

RangonNewsDaily:: September 22, 2013
နိုင်ငံရေး အကျဉ်းသားများအား ဖမ်းဆီးနှိပ်စက်ခဲ့မှုများကို ယခင် တပ်မတော်အစိုးရမှ တာဝန်ရှိသူများအနေ
ဖြင့်တောင်းပန်မှ ကျေနပ်မည်ဟု ၈၈ မျိုးဆက် ကျောင်းသားများသမဂ္ဂ(ထိုင်းနိင်ငံ) အထွေထွေအတွင်းရေးမှူး
 နိုင်ငံရေးအကျဉ်းသားဟောင်း ကိုထူးထူးဟန်က ပြောသည်။

ဘန်ကောက်အဲဝေး လေကြောင်းလိုင်း နေပြည်တော်-ဘန်ကောက် ခရီးစဉ် စက်တင်ဘာ ၃၀ ရက်တွင် စတင်ပျံသန်းမည်

RangonNewsDaily:: September 22, 2013

ဘန်ကောက်အဲဝေး လေကြောင်းလိုင်း နေပြည်တော်-ဘန်ကောက် ခရီးစဉ်အား ၂၀၁၃ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် စတင်ပျံသန်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။ နေပြည်တော်လေဆိပ်သို့ ပြည်တွင်းလေ

ကြောင်းလိုင်းများ ပုံမှန်ခရီးစဉ် ပျံသန်းခြင်း မရှိဘဲ ၂၀၁၃ ပွင့်လင်းရာသီ ကာလမှ စတင်ကာ အဲအေးရှနှင့် ဘန်ကောက်အဲဝေး လေကြောင်းလိုင်းတို့မှ ဘန်ကောက်-နေပြည်တော် ခရီးစဉ်အား ပျံသန်းရန် စီစဉ်နေ
ခြင်း ဖြစ်သည်။

တရားဝင် ဆိုင်ကယ်ရောင်းချခွင့် ပြုထားပြီး စီးနင်းခွင့် မရှိသည့်အတွက် ဆိုင်ကယ်စီးနင်းခွင့် ရရှိရေး ဆန္ဒထုတ်ဖော်

Photo: တရားဝင် ဆိုင်ကယ်ရောင်းချခွင့် ပြုထားပြီး စီးနင်းခွင့် မရှိသည့်အတွက် ဆိုင်ကယ်စီးနင်းခွင့် ရရှိရေး ဆန္ဒထုတ်ဖော်
Sunday, September 22, 2013 

ရန်ကုန်တိုင်း ဒေသကြီးအတွင်း တရားဝင် ဆိုင်ကယ်ရောင်းချခွင့် ပြုထားသော်လည်း တရားဝင် ဆိုင်ကယ်စီးနင်းခွင့် မပြုထားသည့်အတွက် စက်တင်ဘာ ၂၁ ရက်က နံနက် ၉ နာရီမှ မွန်းလွှဲတစ်နာရီအထိ လှိုင်သာယာမြို့နယ်တွင် လူဦးရေ ၂၀၀ ခန့်မှ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့သည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုတွင် မြို့နယ်အတွင်း ဆိုင်ကယ်စီးနင်းခွင့် ရရှိရေးကို တောင်းဆိုခဲ့ပြီး အကောက်ခွန်မဲ့ ဆိုင်ကယ်ရောင်းချ သူများအား အရေးယူပေးရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်သူများအား အရေးယူပေးရေး၊ ဆိုင်ကယ်ကယ်ရီ မောင်းနှင်ခွင့် ရရှိရေး၊ ဆိုင်ကယ်တရားဝင် လိုင်စင်ထုတ်ပေးရေး၊ ဆင်ခြင်ဖုန်း မြို့နယ်ဖြစ်သော လှိုင်သာယာ မြို့နယ်အတွင်း  ဆိုင်ကယ်စီးနင်းခွင့် ရရှိရေး၊ တရားဥပဒေ စိုးမိုးရေး၊ ဆိုင်ကယ်စီးနင်း သူများအား အကာအကွယ်ပေးရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့များ ချမှတ်ပေးရေးနှင့် အရေးယူရာတွင် ခွဲခြားမှုမရှိ တန်းတူအရေးယူပေးရေး စသည့်အချက် ၁၀ ချက် ပါဝင်သည့် စာတန်းများ ကိုင်ဆောင်ကာ လမ်းလျှောက်ဆန္ဒ ထုတ်ဖော်တောင်းဆိုခဲ့သည်။

"ဆန္ဒထုတ်ဖော်ဖို့ တရားဝင် ခွင့်ပြုမိန့်တင်တာ လူ ၅၀၀ ပါ။ ဒါပေမဲ့ လူ ၂၅၀ ပဲ ခွင့်ပြုတယ်။ ရည်ရွယ်ချက်ကတော့ ဆိုင်ကယ်မောင်းနှင်ခွင့် တရားဝင်လိုင်စင် ထုတ်ပေးဖို့ပါ ဒါမှသာ တရားဝင် ဆိုင်ကယ်စီးနင်းခွင့်မှာ ဖြစ်ပါတယ်။ လိုင်စင်မရှိရင် ပုဒ်မ ၈/၁ အရ ဖမ်းပြီး ထောင်ဒဏ်သုံးနှစ် ချတဲ့အတွက် ကျွန်တော်တို့ ပြည်သူတွေအပေါ်မှာ အရမ်းနစ်နာပါတယ်" ဟု ဆန္ဒထုတ်ဖော်မှုကို ဦးဆောင်သူ ကိုဆန်းဦးက ဆိုသည်။

လက်ရှိတွင် လှိုင်သာယာမြို့နယ်တွင် ဆိုင်ကယ်စီးနင်းမှုများ ရှိသော်လည်း တရားဝင် မဟုတ်သည့်အတွက် စီးနင်းသူ အများပြည်သူများနှင့် ဆိုင်ကယ်ကယ်ရီ မောင်းနှင့်သူများအား ပုဒ်မ ၈/၁ ဖြင့် သက်ဆိုင်ရာမှ ဖမ်းဆီးအရေးယူမှုများ ပြုလုပ်လျက်ရှိကြောင်း ယင်းကဆက်လက် ပြောကြားခဲ့သည်။

လှိုင်သာယာ မြို့နယ်အတွင်း ဆိုင်ကယ်စီးနင်းခွင့် ရရှိရေး ဆန္ဒထုတ်ဖော်မှုကို လှိုင်သာယာ မီးခွက်ဈေးမှ တပင်ရွှေထီး လမ်းတစ်လျှောက်နှင့် ရန်ကုန်-ညောင်တုန်းလမ်းမှတဆင့် အောင်မြေသာ ကျောင်းတိုက်အထိ  ဆိုင်ကယ်ကယ်ရီ သမားများ အပါအ၀င် လူ ၂၀၀ ခန့်မှ စာတန်းများ ကိုင်ဆောင်ကာ လမ်းလျှောက်ဆန္ဒ ထုတ်ဖော်ခဲ့သည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း မြို့နယ်များတွင် အစိုးရ ၀န်ထမ်းများမှလွဲလျှင် တရားဝင် ဆိုင်ကယ်စီးနင်းခွင့် မရှိကြောင်း သိရသည်။

Eleven Media Group


လှိုင်သာယာ မြို့နယ်အတွင်း ဆိုင်ကယ်စီးနင်းခွင့် ရရှိရေး ဆန္ဒထုတ်ဖော် သူများအား တွေ့ရစဉ်
လှိုင်သာယာ မြို့နယ်အတွင်း ဆိုင်ကယ်စီးနင်းခွင့် ရရှိရေး ဆန္ဒထုတ်ဖော် သူများအား တွေ့ရစဉ်
RangonNewsDaily:: September 22, 2013

ရန်ကုန်တိုင်း ဒေသကြီးအတွင်း တရားဝင် ဆိုင်ကယ်ရောင်းချခွင့် ပြုထားသော်လည်း တရားဝင် ဆိုင်ကယ်စီးနင်းခွင့် မပြုထားသည့်အတွက် စက်တင်ဘာ ၂၁ ရက်က နံနက် ၉ နာရီမှ မွန်းလွှဲတစ်နာရီအထိ လှိုင်သာယာမြို့နယ်တွင် လူဦးရေ ၂၀၀ ခန့်မှ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့သည်။

တစ်ပတ်မှာ ၁ ရက် မိတ်ကပ် လိမ်းခြင်းဖြင့် အိုမင်းရင့်ရော်မှု ကို နှေးကွေးစေနိုင်

Photo: တစ်ပတ်မှာ ၁ ရက် မိတ်ကပ် လိမ်းခြင်းဖြင့် အိုမင်းရင့်ရော်မှု ကို နှေးကွေးစေနိုင်
Sunday, September 22, 2013 

အမျိုးသမီး အများစုဟာ အပြင် ထွက်ရင်ကော အိမ်မှာနေရင်းမှာပါ မိတ်ကပ် မလိမ်းဘဲ မနေနိုင်ပါ။ တို့ပတ် လေးတော့ "ဘတ်ဘတ်" ရိုက်သွား ဦးမှဆိုတဲ့ စိတ်ကူးလေး ရှိစမြဲပါ။ ဆိုလို တာက မိတ်ကပ် မရိုက်ဘဲ အပြင် ထွက်ရင် မျက်နှာပြောင်ကြီးနဲ့လို့ အပြော မခံချင်ကြပါ။
သို့သော် တစ်ပတ်လျှင် ၁ ကြိမ်ခန့် မိတ်ကပ်မလိမ်းဘဲ မိတ်ကပ်ကို ရှောင်ကြဉ်လိုက်ခြင်းဖြင့် သင့် အသား အရေကို အိုမင်းစေခြင်းမှ ကာကွယ် သွားနိုင်ကြောင်း အသားအရေပြုစု စောင့်ရှောက်ရေး ကျွမ်းကျင်သူများ က ပြောကြားလိုက်ပါပြီ။
Bio 2 You Organic Seabuckthorn အရေပြားထိန်းသိမ်း ရေး၏ တည်ထောင် Rita Strazinska ရီတာစထရာဇင်စကာ က အမျိုးသမီး များအား တစ်ပတ်မှာ ၁ ရက်တော့ အနည်းဆုံး ၂၄ နာရီ ကြာအောင် မိတ်ကပ် မလိမ်းဘဲ နေလိုက်ကြဖို့ တိုက်တွန်း အားပေး လိုက်ပါတယ်။ သို့မှသာ အသားအရေ ကို ကာကွယ်ပေးရာကျသလို အလှ ကုန်ပစ္စည်းများ လိမ်းကျံထားလို့ လေးလံနေတဲ့ မျက်နှာအသားအရေ အား ပေါ့ပါးသွားစေပြီး အသစ်တစ်ဖန် ပြန်လည်နုပျို ရှင်သန်ဖို့ အချိန်ပေးရန် တိုက်တွန်းခြင်းဖြစ်ပါတယ်။
တစ်ပတ်မှာ ၁ရက်တော့ အရေ ပြားကို အသက်ဝ၀ရှူဖို့ အချိန်ပေး ခြင်းဖြင့် အသားအရေထိန်းသိမ်းရာ လည်းရောက်ပါတယ်။ အမျိုးသမီးများ အနေဖြင့် ထိုသို့ မိတ်ကပ် တစ်ပတ် မှာ တစ်ရက်မလိမ်းဘဲထားခြင်းကြောင့် သူတို့ရဲ့ သဘာဝအသားအရေအခြေ အနေကို သတိပိုပြုမိလာပြီး မိမိကိုယ် မိမိ ယုံကြည်မှု ပိုရှိလာစေတယ်။ ကမ္ဘာကြီးကလည်း သူတို့တွေရဲ့ သဘာဝ အလှကို တန်ဖိုးထား အလေး ပေးဖို့ အခွင့်အရေးပေးမှာပါလို့ ရှင်းပြ လိုက်ပါတယ်။
မိတ်ကပ် တစ်ပတ် မှာ ၁ ရက် မလိမ်းစေချင်ရတဲ့ အဓိကအချက်များ ကတော့
(၁) အသားအရေ ကြည်စင်စေခြင်း
မည်သည့် မိတ်ကပ်ကမှ အမဲ အစက်အပြောက်များ လျော့သွား အောင် မကူညီနိုင်ပါ။ ဝက်ခြံ၊ တင်းတိတ်၊ မှဲ့ခြောက်မပျောက်စေပါ။ မိတ်ကပ်ကြောင့် အသားအရေ နီမြန်းလာခြင်း သို့မဟုတ် ကသိက အောက်တောင်ဖြစ်ကာ ဓာတ်မတည့် ဖြစ်စေနိုင်ပါတယ်။
(၂) ဓာတုပစ္စည်းများ ကင်းစင်ပါစေ
သဘာဝ ပစ္စည်းတွေနဲ့ ဖော်စပ် ထားပါတယ်လို့ ဘယ်လိုပဲပြောပြော အလှကုန်ပစ္စည်း အများစုဟာ ပါရာဘင်းကဲ့သို့သော အ္တရာယ်ပေး နိုင်တဲ့ ဓာတုပစ္စည်းများ ပါဝင်ပါတယ်။ ထိုကဲ့သို့သော ဓာတုပစ္စည်းများနှင့် အကြိမ်များများ ထိတွေ့မှုမှ ရှောင်ကြဉ်၍ အနားယူစေခြင်းဖြင့် သင့်အသား အရေအား ညှာတာရာရောက်သလို ဥာဏ်အမြော်အမြင်ကြီးရာလည်း ရောက်ပါတယ်။
(၃) ထို့ပြင် မိတ်ကပ် မလိမ်းတဲ့ အတွက် အလှပြင်ချိန်လျော့ သွားလို့ မိမိမှာ အချိန်ပိုလာနိုင် ပါတယ်။ အမျိုးသမီး တွေဟာ အလှတစ်ခါပြင်ရင် ပျမ်းမျှ မိနစ် ၂၀ ကြာလေ့ရှိပါတယ်။ မနက်တိုင်း မိနစ် ၂၀ အချိန် ပိုလာတဲ့ အတွက် အိပ်ချိန်ပိုရလာသလို မနက် စာစားဖို့လည်း အချိန်ရစေ ပါသတဲ့။ 

HEALTH DIGEST
ကျန်းမာရေးစာတိုများစုစည်းမှု


RangonNewsDaily:: September 22, 2013

အမျိုးသမီး အများစုဟာ အပြင် ထွက်ရင်ကော အိမ်မှာနေရင်းမှာပါ မိတ်ကပ် မလိမ်းဘဲ မနေနိုင်ပါ။ တို့ပတ် လေးတော့ "ဘတ်ဘတ်" ရိုက်သွား ဦးမှဆိုတဲ့ စိတ်ကူးလေး ရှိစမြဲပါ။ ဆိုလို တာက မိတ်ကပ် မရိုက်ဘဲ အပြင် ထွက်ရင် မျက်နှာပြောင်ကြီးနဲ့လို့ အပြော မခံချင်ကြပါ။

သာစည်မြို့နယ်တွင် လျှပ်စစ်လုပ်သားတစ်ဦး လျှပ်စစ်ထရန်စဖော်မာ အိုးပြုပြင်စဉ် ဓာတ်လိုက်သေဆုံး

kolatt(PBDN): September. 22. 2013

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာ ခရိုင် သာစည်မြို့နယ်တွင် စက်တင်ဘာ ၁၇ ရက်က လျှပ်စစ်ထရန်စဖော်မာအိုး အား မီးပျက်နေသဖြင့် ပြုပြင်ရာမှ လျှပ်စစ်လုပ်သားတစ်ဦး ဓာတ်လိုက် သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း ရထားများပေါ်၌် ခရီးသည်များထံမှ ခိုး၊ ဆိုး၊ နှိုက် ဖြစ်စဉ်များ လစဉ်ဖြစ်ပွားနေ

Photo: မြန်မာနိုင်ငံအတွင်း ရထားများပေါ်၌် ခရီးသည်များထံမှ ခိုး၊ ဆိုး၊ နှိုက် ဖြစ်စဉ်များ လစဉ်ဖြစ်ပွားနေ
Sunday, September 22, 2013

မြန်မာနိုင်ငံအတွင်း ရထားဖြင့် ခရီးသွားလာနေသော ခရီးသွားများထံမှ ခိုး၊ ဆိုး၊ နှိုက်ဖြစ်စဉ်များ လစဉ်ဖြစ်ပွားနေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ် ရထားရဲတပ်ဖွဲ့ရုံးမှ စက်တင်ဘာ ၂၁ ရက်တွင် သိရသည်။

ဖြစ်ပွားခဲ့သည့် မှုခင်းအရေအတွက် များအနက် ထက်ဝက်ခန့်၏ ကျူးလွန်သူများကို ဖမ်းဆီးရမိခြင်း မရှိသေးဘဲ စုံစမ်းစစ်ဆေးဆဲ အဆင့်သာ ရှိနေသေးကြောင်း သိရသည်။

ရထားပေါ်တွင် ၂၀၁၃ ခုနှစ် သြဂုတ် ၁ ရက်မှ ၃၁ ရက်အထိ ခိုး၊ ဆိုး၊ နှိုက် မှုခင်းဖြစ်စဉ် ငါးမှုဖြစ်ပွားခဲ့ပြီး သုံးမှုမှ ကျူးလွန်သူများကို ဖမ်းဆီးဖော်ထုတ် အရေးယူနိုင်ခဲ့ကြောင်း သိရှိရသည်။

ရထားဖြင့် ခရီးသွားလာနေသည့် ခရီးသွားများ ရထားပေါ်တွင် အိပ်ပျော်နေသည့် အချိန်များ၌ အများဆုံး ပစ္စည်းများ ခိုးခံရမှု ဖြစ်ပွားနေကြောင်း ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များအား လေ့လာသုံးသပ်ချက်အရ သိရသည်။

ဖြစ်စဉ်တစ်ခုမှာ ၂၀၁၃ ခုနှစ် သြဂုတ် ၂၅ ရက် နံနက် ၁၁ နာရီတွင် မြစ်ကြီးနား-မန္တလေး အမှတ် ၃၈ အစုန်ရထား မိုးကောင်းဘူတာသို့ ဆိုက်ရောက်စဉ် မလဲ့လဲ့ထွန်း မိုးကောင်းမြို့နေသူနှင့် ၎င်း၏ခင်ပွန်း ကိုမင်းနိုင်ဦးတို့သည် အဆိုပါ ရထားရိုးရိုးတန်း အတွဲ ၂၊ ခုံအမှတ် ၄၅/၄၆ တွင် စီးနင်းလိုက်ပါလာစဉ် မလဲ့လဲ့ထွန်းမှ မိန်းမကိုင် သားရေဘေးလွယ်အိတ် (အနက်ရောင်) ငွေနှင့် ပစ္စည်းကာလတန်ဖိုး ကျပ် ၅၉၄၀၀၀၀ ခန့်အား ခေါင်းအုံးအိပ်ခဲ့ကြောင်း သိရသည်။

၂၆ ရက် နံနက် ၁ နာရီတွင် ကန့်ဘလူမြို့နယ် ထန်းကုန်းဘူတာ အ၀င်တွင် အမည်မသိ အမျိုးသားတစ်ဦးမှာ ဆွဲယူခုန်ဆင်း သွားခဲ့သဖြင့် ကန့်ဘလူ ရဲစခန်း (ပ)၃၀၆/၁၃ ပြစ်မှု ပုဒ်မ-၃၇၉ (နှိက်)ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရှိရသည်။

သြဂုတ်လအတွင်း ရထားပေါ်၌ ဖြစ်ပွားခဲ့သည့် ခိုးဆိုးနှိုက်မှုခင်း ဖြစ်စဉ်များကို ကောလင်းရဲစခန်း၊ ဟသာင်္တ ရထားရဲစခန်း၊ ရန်ကုန် ရထားရဲစခန်း၊ ရွာထောင် ရထားရဲစခန်းနှင့် မန္တလေး ရထားရဲစခန်းတို့က အမှုဖွင့် စစ်ဆေးနေကြောင်း သိသည်။

Eleven Media Group

ရထားပေါ်တွင် လုံခြုံရေးအတွက် စစ်ဆေးနေသည့် ရထားရဲ တပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့် )
ရထားပေါ်တွင် လုံခြုံရေးအတွက် စစ်ဆေးနေသည့် ရထားရဲ တပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့် )
RangonNewsDaily:: September 22, 2013

မြန်မာနိုင်ငံအတွင်း ရထားဖြင့် ခရီးသွားလာနေသော ခရီးသွားများထံမှ ခိုး၊ ဆိုး၊ နှိုက်ဖြစ်စဉ်များ လစဉ်ဖြစ်ပွားနေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ် ရထားရဲတပ်ဖွဲ့ရုံးမှ စက်တင်ဘာ ၂၁ ရက်တွင် သိရသည်။

နေအိမ်ခြံဝင်း အတွင်း ဆော့ကစားရာမှ ကြိုးလည်ပင်းရစ်သေဆုံး

RangonNewsDaily:: September 22, 2013

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက် နယ်မြေ (၁၅) ဝမ်မိုင်ကျေးရွာနေ မောင်ကောင်းမြင့်မြတ် (၁၂ နှစ်)သည် နေအိမ်ခြံဝင်း အတွင်း သစ်ပင်ပေါ် ဆော့ကစားရာမှ ကြိုးဖြင့်ငြိပြီး လည်ပင်းအစ်သေဆုံး ကြောင်းသိရသည်။

ခွဲစိတ်လမ်းကြောင်းမှ အူကျွံထွက်ခြင်းကိုနယ်မြို့များမှ လူနာများတွင် ပိုမိုတွေ့နေရ

RangonNewsDaily:: September 22, 2013

ခွဲစိတ် လမ်းကြောင်းမှ အူကျွံထွက်ခြင်း ကို နယ်မြို့များမှလူနာများတွင် ပိုမိုတွေ့နေရကြောင်း အထွေထွေ ခွဲစိတ်အထူးကုဆရာဝန်ကြီး ပါ မောက္ခ ဒေါက်တာမြသိန်းဟန်က ပြောသည်။အဆိုပါအူကျွံထွက်ခြင်းကို ဆေးအခေါ်အဝေါ်အရ Incisional Hearnia ဟုခေါ်ဆိုကြောင်း သိရပြီး ယင်းကဲ့သို့ဖြစ်လာခြင်း မှာ အနာမကျက်ခြင်းနှင့် Intra abdominal Pressure ဟုခေါ် သည့် ဗိုက်ထဲမှဖိနှိပ်အားကြောင့် ဖြစ်လာခြင်းဖြစ်ကာ ယင်းအူကျွံ ခြင်းမှာ နယ်မြို့များတွင် ပိုမိုဖြစ် ပွားလေ့ရှိကြောင်း သိရသည်။

နေတိုးသရုပ်ဆောင်ထားသည့် “အောင်ပဒင်..အင်ပဒေါင်း” ဇာတ်ကားမှ အသုံးအနှုန်းများအတွက် မတောင်းပန်ပါက ကယန်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ တရားစွဲဆိုမည်

Photo: နေတိုးသရုပ်ဆောင်ထားသည့် “အောင်ပဒင်..အင်ပဒေါင်း” ဇာတ်ကားမှ အသုံးအနှုန်းများအတွက် မတောင်းပန်ပါက ကယန်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ တရားစွဲဆိုမည်
Sunday, September 22, 2013

လွန်ခဲ့သည့် ခြောက်လခန့်ကတည်းက ဖြန့်ချီခဲ့သည့် နေတိုးပါဝင် သရုပ်ဆောင်ထားသော “အောင်ပဒင်...အင်ပဒေါင်း”

ဇာတ်ကားတွင် ပါဝင်သော အသုံးအနှုန်းများ၊ အပြုအမူများနှင့် ပတ်သက်၍ မတောင်းပန်ပါက ကယန်း စာပေနှင့် ယဉ်ကျေးမှု အဖွဲ့ နှင့် ကယန်းအမျိုးသားပါတီတို့မှ တရားစွဲဆိုမည်ဖြစ်ကြောင်း ကယန်းစာပေနှင့် ယဉ်ကျေးမှု အဖွဲ့မှ ကိုခွန်ကလဲ့မင်းက ပြောသည်။

“ အဲဒီဇာတ်ကားထဲမှာ သုံးထားတဲ့ စကားလုံးတွေက တိရစ္ဆာန်တွေနဲ့ နှိုင်းပြီးတော့ ပြောထားတယ်။ အခု ပါတီ လူကြီးတွေ ၀ိုင်းပြီးတော့ ဆွေးနွေးနေကြတယ်။ အခုအချိန်မှာ တစ်ခုခုတော့ လုပ်သင့်နေပြီ။ဘာဖြစ် လို့လဲဆိုတော့ ဒီဇာတ်ကားက ထွက်ထားတာလည်း ကြာပြီ။

လူတိုင်းကြည့်ပြီးသား ဖြစ်နေပြီ။ အဲဒီတော့ သူ့စိတ်ထဲမှာ ကယန်းအမျိုးသားတွေကို ဘယ်လောက်တောင် သိက္ခာကျစေ သလဲ။ ဇာတ်ကားထဲမှာ ပါတာတွေက အလွန်စိတ်ဆိုးဖို့ ကောင်းတယ်” ဟု ယင်းက ထပ်မံ ပြောကြားသည်။

အဆိုပါကိစ္စနဲ့ ပစပ်လျဉ်း၍ ဆွေးနွေးမှုရလဒ်များအပေါ်မူတည်ပြီး ဇာတ်ကားနှင့် ပတ်သက်သည့် ထုတ် လုပ်ဖြန့်ချီသူ၊ ရိုက်ကူးသူနှင့် ဇာတ်ညွန်းရေးသားသူ၊ ဆင်ဆာအဖွဲ့များ အားလုံးတို့အနေဖြင့် တောင်း ပန်ပေး ရန် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးသို့ တောင်းဆိုသွား မည် ဖြစ်ကြောင်း၊ ယင်းတောင်းဆိုချက် များ အား မလိုက်လျောပေးနိုင်ပါက တရားစွဲမည်ဖြစ်ကြောင်း သိရသည်။

Myanmar Forward

RangonNewsDaily:: September 22, 2013

လွန်ခဲ့သည့် ခြောက်လခန့်ကတည်းက ဖြန့်ချီခဲ့သည့် နေတိုးပါဝင် သရုပ်ဆောင်ထားသော “အောင်ပဒင်...အင်ပဒေါင်း” ဇာတ်ကားတွင် ပါဝင်သော အသုံးအနှုန်းများ၊ အပြုအမူများနှင့် ပတ်သက်၍ မတောင်းပန်ပါက ကယန်း စာပေနှင့် ယဉ်ကျေးမှု အဖွဲ့ နှင့် ကယန်းအမျိုးသားပါတီတို့မှ တရားစွဲဆိုမည်ဖြစ်ကြောင်း ကယန်းစာပေနှင့် ယဉ်ကျေးမှု အဖွဲ့မှ ကိုခွန်ကလဲ့မင်းက ပြောသည်။

(၃၁၇)ပွဲ ကစားရာမှာ ပထမဆုံးအကြိမ်အဖြစ် ဘောလုံးပိုင်ဆိုင်မှု အရေးနိမ့်ခဲ့တဲ့ ဘာကာ

Photo: (၃၁၇)ပွဲ ကစားရာမှာ ပထမဆုံးအကြိမ်အဖြစ် ဘောလုံးပိုင်ဆိုင်မှု အရေးနိမ့်ခဲ့တဲ့ ဘာကာ
Sunday, September 22, 2013

ဘာစီလိုနာအတွက် ဗယ်လီကာနိုကို (၄)ဂိုးပြတ် အနိုင်ရခဲ့တာ လာလီဂါ(၅)ပွဲဆက် အနိုင်ရခဲ့တာဖြစ်ပေမယ့် မရှုံးစဖူးသူတို့ဆုံးရှုံး
ခဲ့ရတာကတော့ ဘောလုံးပိုင်ဆိုင်မှုပဲ ဖြစ်ပါတယ်။ ဘာစီလိုနာဟာ ပွဲစဉ်(၃၁၆)ပွဲဆက် ဘောလုံးပိုင်ဆိုင်မှု အသာရခဲ့ပြီး ဗယ်လီကာနိုနဲ့ တွေ့တဲ့ (၃၁၇)ပွဲမြောက်မှာတော့ ဘောလုံးပိုင်ဆိုင်မှု ၄၅ရာခိုင်နှုန်းသာ ရရှိခဲ့တာဖြစ်ပါတယ်။ ပွဲအစပိုင်း(၁၀)မိနစ်အတွင်းမှာပဲ နှစ်သင်းစလုံး အခွင့်အရေးကောင်းတွေ ဖန်တီးနိုင်ခဲ့ပေမယ့် ဂိုးရသွားခဲ့တာကတော့ ဘာကာဖြစ်ပြီး မက်ဆီရဲ့ ထိုးဖောက်မှုကတစ်ဆင့် ပတ်ထရိုက ပြေးဝင်ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဒီဂိုးရခဲ့ပြီးပေမယ့် ဗယ်လီကာနိုဟာ ဘာကာကို အန္တရာယ်ပေးနိုင်နေဆဲဖြစ်ပြီး တာရာရှိုရက်ကို အက်ဒရီယာနို ကြမ်းကြမ်းတမ်းတမ်း ဖျက်ထုတ်ခဲ့တာကြောင့် ဘာကာတို့ ပင်နယ်တီ ပေးခဲ့ရပြီး ဒီပင်နယ်တီကို ဗဲလ်ဒက်စ်က ကာကွယ်နိုင်ခဲ့ပါတယ်။ ဒါဟာ ဗဲလ်ဒက်စ်အတွက် နှစ်ပွဲဆက် ပင်နယ်တီ ကာကွယ်နိုင်ခဲ့တာဖြစ်ပြီး သူ့ရဲ့ကစားသမားဘ၀မှာ ၁၁ကြိမ်မြောက် ပင်နယ်တီ ကာကွယ်မှု ဖြစ်လာခဲ့ပါတယ်။

ဘာကာအတွက် လက်ကျန်ဂိုးတွေကိုတော့ ပတ်ထရိုက (၄၇၊၇၂)မိနစ်နဲ့ ဖာဘရီဂတ်စ်က (၇၉)မိနစ်မှာ သွင်းယူပေးခဲ့တာပါ။ ဘာကာဟာ နည်းပြ ဖရန့်ရစ်ကတ် ကိုင်တွယ်ခဲ့တဲ့ (၂၀၀၈)ခုနှစ်က ရီးရဲလ်ကို ရှုံးနိမ့်တဲ့ပွဲမှာ ဘောလုံးပိုင်ဆိုင်မှုပါ အရေးနိမ့်ခဲ့ပြီးနောက် ပထမဆုံးအနေနဲ့ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု အသာမရခဲ့တာဖြစ်ပါတယ်။

http://yoyarlay.com/sport/football/38044-2013-09-21-23-45-24
ဇော်ထွန်း(ရိုးရာလေး)

RangonNewsDaily:: September 22, 2013

ဘာစီလိုနာအတွက် ဗယ်လီကာနိုကို (၄)ဂိုးပြတ် အနိုင်ရခဲ့တာ လာလီဂါ(၅)ပွဲဆက် အနိုင်ရခဲ့တာဖြစ်ပေမယ့် မရှုံးစဖူးသူတို့ဆုံးရှုံး ခဲ့ရတာကတော့ ဘောလုံးပိုင်ဆိုင်မှုပဲ ဖြစ်ပါတယ်။ ဘာစီလိုနာဟာ ပွဲစဉ်(၃၁၆)ပွဲဆက် ဘောလုံးပိုင်ဆိုင်မှု အသာရခဲ့ပြီး ဗယ်လီကာနိုနဲ့ တွေ့တဲ့ (၃၁၇)ပွဲမြောက်မှာတော့ ဘောလုံးပိုင်ဆိုင်မှု ၄၅ရာခိုင်နှုန်းသာ ရရှိခဲ့တာဖြစ်ပါတယ်။

မန္တလေးတွင် နေ့ခင်းအချိန် လုယက်မှုများ ဖြစ်ပွားနေဆဲဖြစ်ပြီး ကျူးလွန်သူများအား ဖမ်းဆီးဖော်ထုတ်နိုင်မှု အားနည်းနေ

RangonNewsDaily:: September 22, 2013

မန္တလေးတွင် နေ့ခင်းအချိန် လုယက်မှုများ ဖြစ်ပွားနေဆဲဖြစ်ပြီး ကျူးလွန်သူများအား ရဲတပ်ဖွဲ့မှ ဖမ်းဆီးဖော်ထုတ်နိုင်မှု အားနည်းနေသေးကြောင်း သိရသည်။နေ့ခင်းအချိန် ဆိုင်ကယ်ဖြင့် ဆွဲကြိုးဖြတ်ပြေးမှု၊ ပိုက်ဆံအိတ် လုယူမှုများတွင် ဆိုင်ကယ်မောင်းနှင် သူများထံမှ လုပြေးခြင်း၊ ခြေလျင်လျှောက်လာသည့် သူထံမှ

မန်ချက်စတာဒါဘီပွဲမတိုင်မီ ထူးခြားချက်များ

Photo: မန်ချက်စတာဒါဘီပွဲမတိုင်မီ ထူးခြားချက်များ 
 Sunday, September 22, 2013

ပရီးမီးယားလိဂ် ပွဲစဉ် ၅ ၏ ပွဲကောင်းတစ်ပွဲ ဖြစ်သည့် မန်ချက်စတာစီးတီးအသင်းနှင့် မန်ချက်စတာယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်မည့် ဒါဘီပွဲမတိုင်မီ ဒါဏ်ရာရ ပွဲပါယ် စာရင်းများ၊ ထူးခြားချက်များကို တင်ပြအပ်ပါသည်။

မန်စီးတီး ကွင်းလယ်ဖန်တီးရှင် ဒေးဗစ် ဆေးလ်ဗားဟာ ပေါင်ဒါဏ်မှာ ပြန်လည် သက်သာလာပြီ ဖြစ်သည့်အတွက် ယခုပွဲစဉ်မှာပါဝင် ကစားနိုင်ဖွယ် ရှိနေသည်။ တံကောက်ကြောဒါဏ်ရာ ရရှိနေခဲ့သည့် မီကာရစ်ချက်ဟာလည်း ဒီနေ့ပွဲစဉ်အတွက် အဆင့်သင့် ဖြစ်နေပြီး ကလစ်ချီကတော့ တံကောက်ကြောဒါဏ်ရာကြောင့် ယခုပွဲစဉ်မှာ လွဲချော်မည် ဖြစ်သည်။

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ဒန်နီ ဝဲလ်ဘတ်ဟာ ဒူးဒါဏ်ရာကြောင့် ယခုပွဲစဉ်မှာ ပါဝင်နိုင်ဖို့ မသေချာသေးပေ။ ဒူးဒါဏ်ရာ ရနေသည့် ဖီးလ်ဂျုန်းနှင့် တံကောက်ကြော ဒါဏ်ရာ ရနေသည့် ရာဖေးလ်တို့ဟာလည်း ယခုပွဲစဉ်မှာ လွဲချော်အုံးမည် ဖြစ်သည်။ ကွင်းလယ်လူ ရှင်ဂျီ ကာဂါဝါ အနေနှင့် ယနေ့ပွဲစဉ်မှာ ပွဲထွက် ကစားသမားအဖြစ် ပါဝင်လာဖွယ် ရှိနေပြီး အက်ရှ်လေယန်းနှင့် နာနီတို့ကတော ပွဲထွက်ခွင့်အတွက် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

☻ ပြီးခဲ့သည့် ရာသီက ထိပ်တိုက် တွေ့ဆုံမှုမှာ နှစ်သင်းစလုံးဟာ အဝေးကွင်းပွဲစဉ်မှာ အနိုင်ရရှိခဲ့ကြသည်။ မန်စီးတီးကွင်းမှာ မန်ယူနိုက်တက်က ၂-၃ ဂိုးဖြင့် အနိုင်ရခဲ့ပြီး အိုးထရက်ဖို့ဒ်မှာ မန်စီးတီးအသင်းက ၀-၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။

☻ နောက်ဆုံးတွေ့ဆုံခဲ့သည့် ပရီးမီးယားလိဂ် ၁၀ ပွဲမှာ ယူနိုက်တက်က ၆ ပွဲ အနိုင်ရခဲ့ပြီး မန်စီးတီးက ၃ ပွဲ အနိုင်ရရှိခဲ့သည်။

☻ စီးတီးကွင်းမှာ ယှဉ်ပြိုင်ခဲ့သည့် နောက်ဆုံး ဒါဘီပွဲ ၁၆ ပွဲမှာ ယူနိုက်တက်အသင်းက ၉ ပွဲ အနိုင်ရခဲ့ပြီး သရေ ၂ ပွဲ၊ မန်စီးတီးအသင်းက ၅ ပွဲ အနိုင်ရခဲ့သည်။

☻ မန်ချက်စတာစီးတီးအသင်းဟာ နောက်ဆုံး ကစားခဲ့သည့် ပရီးမီးယားလိဂ် အိမ်ကွင်း ပွဲပေါင်း ၅၂ ပွဲမှာ ပွဲတိုင်း ဂိုးသွင်းယူနိုင်ခဲ့သည်။ စံချိန်တစ်အရပ်အဖြစ် မန်ယူနိုက်တက်က ၆၆ ပွဲဆက် ဂိုးသွင်းယူခဲ့ဖူးသည်။

☻ ပြီးခဲ့သည့် ပွဲစဉ်မှာ မန်စီးတီး အသင်းဟာ စတုတ်စီးတီး အသင်းကို ဂိုးမသွင်းနိုင်ခဲ့ပဲ ဂိုးပေါက် ခြိမ်းခြောက်မှုမှာလည်း စတုတ်စီးတီးထက် လျော့နည်းခဲ့သည်။ (စတုတ်စီးတီး ၁၁ ကြိမ်၊ မန်စီးတီး ၁၀ ကြိမ်)

☻ မန်စီးတီးအသင်းအနေနှင့် ရာသီဖွင့် အဝေးကွင်း ၂ ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့ခြင်းမှာ ၄ နှစ်အတွင်း တတိယအကြိမ် ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။

☻ ၂၀၁၂-၁၃ ဘောလုံးရာသီ အစ နောက်ပိုင်း မန်စီးတီးအသင်းဟာ ပေးဂိုးမရှိ ကစားနိုင်သည့် ပွဲပေါင်း အများဆုံး အသင်းဖြစ်ပြီး ၂၁ ပွဲအထိ ပေးဂိုးမရှိ ကစားနိုင်ခဲ့သည်။

☻ မန်ချက်စတာယူနိုက်တက်အသင်းဟာ နောက်ဆုံးကစားခဲ့သည့် ပရီးမီးယားလိဂ် အဝေးကွင်း ပွဲစဉ် ၅ ပွဲမှာ ၁ ပွဲသာ အနိုင်ရခဲ့ပြီး ၃ ပွဲသရေ၊ ၁ ပွဲ ရှုံးနိမ့်ထားသည်။

☻ မန်ယူနိုက်တက်တိုက်စစ်မှူး အတွဲဖြစ်သည့် ရော်ဘင် ဗန်ပါစီနှင့် ဝိန်း ရူနီတို့ နှစ်ယောက်အတူ ပွဲထွက် ကစားခဲ့သည့် ပွဲပေါင်း ၂၃ ပွဲရှိခဲ့ပြီး ၂၈ ဂိုး သွင်းယူနိုင်ခဲ့ကြသည်။ (ဗန်ပါစီ ၁၅ ဂိုး၊ ရူနီ ၁၃ ဂိုး)

☻ ဝိန်းရူနီဟာ နောက်ဆုံး ကစားခဲ့သည့် ပွဲပေါင်း ၄၄ ပွဲမှာ ဂိုးသွင်းယူမှုနှင့် ဂိုးဖန်တီးပေးမှု စုစုပေါင်း အကြိမ် ၄၀ အထိ ရှိခဲ့သည်။

☻ ရော်ဘင် ဗန်ပါစီဟာ ပရီးမီးယားလိဂ် ပွဲများမှာ ပယ်နယ်တီ ၁၇ ကြိမ် ကန်သွင်းခဲ့ဖူးပြီး ၁၃ ကြိမ် ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့သည်။

☻ ယူနိုက်တက်အသင်းအတွက် ဗန်ပါစီ ဂိုးသွင်းယူနိုင်သည့် ပရီးမီးယားလိဂ်ပွဲတိုင်းမှာ ရှုံးပွဲ မရှိခဲ့ပေ။

☻ အက်ရှ်လေယန်းဟာ ပရီးမီးယားလိဂ်မှာ သူ စတင် ပါဝင် ကစားခဲ့သည့် ၂၀၀၆ ခုနှစ် သြဂုတ်လ နောက်ပိုင်းမှာ ပယ်နယ်တီပေါင်း ၁၂ ကြိမ်အထိ ရယူနိုင်ခဲ့သည်။ ဗီလာ အသင်းဖော်ဟောင်း အဘွန်လဟော်နှင့်အတူ ၁၂ ကြိမ်စီ တူညီပြီး ပရီးမီးယားလိဂ်မှာ အများဆုံး ပယ်နယ်တီ ရခဲ့ကြသည့်ကစားသမားများ ဖြစ်ကြသည်။

☻ ခရစ္စတယ် ပဲလေ့စ်အသင်းနှင့် ပွဲစဉ်မှာ အန်ဒါဆင်အစား နာရီဝက် လူစားဝင် ကစားခဲ့သည့် ကစားသမားသစ် ဖလေနီဟာ ဘောလုံးပေး ပို့မှုပေါင်း ၄၆ ကြိမ် ရှိခဲ့ပြီး တစ်နာရီကြာ ကစားခဲ့သည့် အန်ဒါဆင်ဟာ ၃၉ ကြိမ်သာ ရှိခဲ့သည်။

Written by အောင်စိုးမိုး(နတ်ရွာ)
http://www.football-cafe.com/

RangonNewsDaily:: September 22, 2013

ပရီးမီးယားလိဂ် ပွဲစဉ် ၅ ၏ ပွဲကောင်းတစ်ပွဲ ဖြစ်သည့် မန်ချက်စတာစီးတီးအသင်းနှင့် မန်ချက်စတာယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်မည့် ဒါဘီပွဲမတိုင်မီ ဒါဏ်ရာရ ပွဲပါယ် စာရင်းများ၊ ထူးခြားချက်များကို တင်ပြအပ်ပါသည်။

ဟင်္သာတတွင် ရေဘေးကယ်ဆယ်ရေးစခန်းများ တိုးချဲ့ဖွင့် ရေဘေးသင့်ပြည်သူ ၉၀ဝကျော်ရှိနေ

Photo: ဟင်္သာတတွင် ရေဘေးကယ်ဆယ်ရေးစခန်းများ တိုးချဲ့ဖွင့် ရေဘေးသင့်ပြည်သူ ၉၀ဝကျော်ရှိနေ
Sunday, September 22, 2013

ဧရာ ဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက် လာမှုကြောင့် ရေဘေးသင့်ခံစား ရသော စစ်ကုန်းကျေးရွာအုပ်စု နှင့် တောင်လုံးစုကျေးရွာ အုပ်စု တို့တွင် စက်တင်ဘာ ၂ဝရက်က ရေဘေးကယ်ဆယ်ရေးစခန်းများ ကို တိုးချဲ့ဖွင့်လှစ်ခဲ့ရပြီး ရေဘေး သင့်ပြည်သူ ၉၀ဝကျော်ရှိနေ ကြောင်း ဒေသအုပ်ချုပ်ရေးအဖွဲ့ များထံမှ သိရသည်။

''ကယ်ဆယ်ရေးစခန်းက ဒီ နေ့နှစ်ခုထပ်ဖွင့်ရပါတယ်။ အား လုံးပေါင်းကယ်ဆယ်ရေးစခန်း ငါးခုပါ။ စစ်ကုန်းမှာ နှစ်ခု၊ ရေတဲ ကြီးမှာတစ်ခုနဲ့ ရေလယ်သောင်မှာ နှစ်ခုဖွင့်ထားရပါတယ်။ လော လောဆယ်က အိမ်ထောင်စု ၁၆၃ စုနဲ့ လူဦးရေ ၅၈၄ဦးရှိပါပြီ။ လို အပ်တဲ့ ကျန်းမာရေးစောင့်ရှောက် မှုတွေဆောင်ရွက်ပေးနေပါတယ်။ ဆန်ကို မြို့နယ်ကလှူပေးတာရှိ သလို အနီးဝန်းကျင်ရွာတွေက ထောက်ပံ့တာ၊ အလှူရှင်တွေ လာတာတော့ရှိပါတယ်။ လူဦး ရေတွေက တိုးတိုးလာတော့ စား ဝတ်နေရေးအတွက် လိုအပ်မှုတွေ ရှိနေပါတယ်''ဟု စစ်ကုန်းကျေး ရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော် သူရက ယင်းနေ့နံနက် ၁၁နာရီ တွင်ပြောသည်။

တောင်လုံးစုကျေးရွာ၏ ရေ ဘေးအခြေအနေနှင့် ကယ်ဆယ် ရေးလုပ်ဆောင်နေပုံကို ''တောင် လုံးစုမှာက နှစ်ခုဖွင့်ထားရတယ်။ ရေက တအားတက်လာတာဖြစ် တော့ ဖောင်ကျောင်းနဲ့ အောက် ရွာကလေးတို့က ဘုန်းတော်ကြီး ကျောင်းတွေမှာ ဖွင့်ပေးထားတယ်။ ရေကများလာတော့ လူနေလို့မရ တော့ဘူး။ အိမ်ရဲ့အနေအထားက မြေနိမ့်တဲ့နေရာမှာဆိုရင် သုံးပုံ တစ်ပုံလောက်ပဲ ပေါ်တော့တယ်။ ရေက ခုနစ်ပေ၊ ရှစ်ပေလောက်ရှိ နေတာ။ ကြီးကြီးမားမားအထောက် အပံ့မရရှိသေးပါဘူး။ အနီးကဒေ သခံအချင်းချင်းကူညီမှုပဲရှိပြီး ဘုန်း တော်ကြီးကျောင်းတွေက တတ် အားသရွေ့တော့ ကူညီပံ့ပိုးပေး တယ်။ ဘေးပတ်ဝန်းကျင်က လှူ တာမရှိသေးပါဘူး။ အလှူရှင် တွေလိုအပ်နေပါတယ်''ဟု တောင် လုံးစုကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်မောင်နိုင်က နံနက် ၁၁ နာရီ ၁၅မိနစ်တွင်ပြောသည်။

ယင်းကဲ့သို့ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ဟင်္သာတ မြို့နယ် မြစ်ကမ်းဘေး တာပြင် ကျေးရွာများဖြစ်သည့် စစ်ကုန်း ကျေးရွာအုပ်စုနှင့် တောင်လုံးစု ကျေးရွာတို့တွင် ရေဘေးသင့်ခံ စားနေရကာ စစ်ကုန်းကျေးရွာ အုပ်စုရှိ ကယ်ဆယ်ရေးစခန်းငါးခု တွင် အိမ်ထောင်စု ၁၆၃ စု၊ လူဦး ရေ ၅၈၄ ဦးနှင့် တောင်လုံးစုကျေး ရွာအုပ်စုရှိ ကယ်ဆယ်ရေးစခန်း နှစ်ခုတွင် အိမ်ထောင်စု ၆၂စု၊ လူ ဦးရေ ၂၁ရဦးတို့အား ကူညီစောင့် ရှောက်ပေးလျက်ရှိကြောင်း ဒေသ ခံအုပ်ချုပ်ရေးအဖွဲ့များ၏ ကနဦး စာရင်းအရ သိရသည်။

ဧရာဝတီမြစ်ရေ အခြေအ နေနှင့်ပတ်သက်၍ ဟင်္သာတမြို့ နယ်အနေဖြင့် စိုးရိမ်ဖွယ်အား မေး မြန်းရာ ''ဟင်္သာတမှာက ဒီနေ့ နံနက် ၆နာရီခွဲတိုင်းတာချက်အရ ၁၄၁၂စင်တီမီတာရှိတယ်။ စိုးရိမ် ရေအမှတ်က ၁၃၄၂ စင်တီမီတာ ပါ။ စိုးရိမ်ရေအမှတ်အထက်ကို အန္တရာယ်လို့ သတ်မှတ်ပါတယ်။ ဟင်္သာတအနေနဲ့က တာကြီးတွေ သာမရှိရင် ရေတွေဝင်လို့ရပါပြီ။ ကယ်ဆယ်ရေးတွေဖွင့်တယ်ဆို တာက တာအတွင်းပိုင်းက အန္တ ရာယ်မရှိပါဘူး။ မြစ်ထဲမှာနေတဲ့ သူတွေသာ ဆောက်ထားတဲ့အိမ် အမြင့်နဲ့ တက်လာတဲ့ရေအမြင့်၊ အိမ်အဆင့်နိမ့်နေလို့ပါ။

အခုမြစ် ရေက ၄ရပေတောင်မရောက် သေးပါဘူး။ အရင်က ၁၅၀၀ စင် တီမီတာကျော်အထိ ရောက်ခဲ့ဖူး ပါတယ်။ ဘာမှမဖြစ်ခဲ့ဖူးပါဘူး။ အထက်မှာ ရေကြီးတဲ့နှစ်တွေမှာ ဖြစ်လေ့ဖြစ်ထရှိတာပါ''ဟု မိုးလေ ဝသနှင့် ဇလဗေဒေဦးစီးဌာနမှဦး စီးအရာရှိ ဦးအောင်ဆန်းက ဖြေ ကြားသည်။
လက်ရှိတွင် ဟင်္သာတမြို့ နယ်အနေဖြင့် စိုးရိမ်ရေအမှတ် ၄၄ပေအထက်ကျော်လွန်ကာ စက်တင်ဘာ ၂ဝရက် မွန်းလွဲ ၁ နာရီအထိတိုင်းတာချက်အရ ၄၆ ဒသမ ၅၀ ပေသို့ ရောက်ရှိနေပြီး မြစ်ရေအမှတ် ၄၉ဒသမ ၃၁ပေ သည် အန္တရာယ်ရေအမှတ်ဖြစ် ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးမှ သိရသည်။

အောင်ကိုခန့် 
Yangon Media Group

RangonNewsDaily:: September 22, 2013

ဧရာ ဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက် လာမှုကြောင့် ရေဘေးသင့်ခံစား ရသော စစ်ကုန်းကျေးရွာအုပ်စု နှင့် တောင်လုံးစုကျေးရွာ အုပ်စု တို့တွင် စက်တင်ဘာ ၂ဝရက်က ရေဘေးကယ်ဆယ်ရေးစခန်းများ ကို တိုးချဲ့ဖွင့်လှစ်ခဲ့ရပြီး ရေဘေး သင့်ပြည်သူ ၉၀ဝကျော်ရှိနေ ကြောင်း ဒေသအုပ်ချုပ်ရေးအဖွဲ့ များထံမှ သိရသည်။

ဆင်းမ်ကတ်ခွဲတမ်းများမရောင်းဘဲချန်လှပ်ပါကသက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများအား အရေးယူမည်

RangonNewsDaily:: September 22, 2013

ရန် ကုန်တိုင်းဒေသကြီးအတွင်း ကျပ် ၁၅၀ဝတန်ဖုန်းကတ်များ ရောင်း ချရာတွင် ခွဲတမ်းအားလုံးကိုရောင်း ချခြင်းမပြုဘဲ ချန်လှပ်သောပြု မူဆောင်ရွက်မှုမျိုးရှိပါက သက် ဆိုင်ရာအုပ်ချုပ်ရေးမှူးအား အ ရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်း လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ခင်က ပြော ကြားလိုက်သည်။

ဝဲကြီးပဋိပက္ခ ရဲတပ်ဖွဲ့ဝင်များကို အနာတရ ပြုလုပ်မှု ထပ်မံဖမ်းဆီးမည်

RangonNewsDaily:: September 22, 2013

နေပြည်တော် ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် ဝဲကြီးကျေးရွာ ပဋိပက္ခတွင် ရဲတပ်ဖွဲ့ဝင်များ အနာတရဖြစ်ခြင်း၊ ဖမ်းဆီး ချုပ်နှောင်ခံရခြင်း တို့ကြောင့် ကျေးရွာ နေထိုင်သူ ၁၀ ဦးကို အမှုဖွင့် စစ်ဆေးလျက်ရှိပြီး ဒဏ်ရာရ ရဲတပ်ဖွဲ့ဝင်များနှင့် ဖမ်းဆီးစဉ် ပါဝင်သည့် မျက်မြင်တွေ့ရှိသူများ၏ ထွက်ဆိုချက်အရ ထပ်မံပေါ်ပေါက်လာလျှင် ကျေးရွာနေထိုင်သူများကို ထပ်မံဖမ်းဆီးမည် ဖြစ်ကြောင်း ကျည်တောင်ကန်နယ်မြေ ရဲတပ်ဖွဲ့မှ စခန်းမှူး ရဲအုပ်စိန်သောင်းက ပြောကြားသည်။

ကယားပြည်နယ် ကျေးရွာ ၅၀ နီးပါး မီးလင်းရေး စီမံကိန်းစတင်

Photo: ကယားပြည်နယ် ကျေးရွာ ၅၀ နီးပါး မီးလင်းရေး စီမံကိန်းစတင်
Saturday, September 21, 2013

ကယားပြည်နယ်က ကျေးရွာပေါင်း ၄၇ ရွာကို ၂၀၁၃/၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်မီးရအောင်ဆောင်ရွက်ပေးဖို့ ကယားပြည်နယ် လျှပ်စစ်ဝန်ကြီးဌာနက ခွင့်ပြုထားပြီဖြစ်ကြောင်း ကယားပြည်နယ် ဝန်ကြီးချုပ် ဦးခင်မောင်ဦးက ပြောပါတယ်။

မနေ့က လွိုင်ကော်မြို့ မြို့တော်ခန်းမမှာကျင်းပတဲ့ လယ်ယာမြေ စီမံခန့်ခွဲအသုံးချမှု၊ ကျေးရွာမီးလင်းရေးနဲ့ သောက်သုံးရေရရှိနိုင်ရေး တွေ့ဆုံပွဲမှာ ဝန်ကြီးချုပ် ဦးခင်မောင်ဦးက ပြောကြားခဲ့တာပါ။

ကယားပြည်နယ် လွိုင်ကော်မြို့ နယ်က ၁၄ ရွာ ၊ ဒီမောဆိုမြို့ နယ်က ရွာပေါင်း ၂၀ နဲ့ ဖရူဆိုမြို့နယ်က ၁၃ ရွာမှာ လျပ်စစ်မီးရဖို့အတွက် ၁၁ KV ကေဗွီ ဓါတ်အားလိုင်း တပ်ဆင်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီကျေးရွာတွေအတွက် မီးပေးရေးအစီအစဉ်ကို မဟာငွေတောင်ကုမ္ပဏီ၊ ကောင်းဝင့်စံကုမ္ပဏီနဲ့  ဦးကြည်သိန်းကုမ္ပဏီတို့က ဆောက်လုပ်ခွင့်ခွင့်ပြုချက် ရရှိထားတယ်လို့ သိရပါတယ်။

ကယားပြည်နယ်မှာ ကျေးရွာပေါင်း ၅၁၁ ရွာရှိပြီး လက်ရှိအချိန်မှာ ကျေးရွာ ၁၀၈ ရွာမှာ လျှပ်စစ်မီးရရှိနေပြီး ရွာပေါင်း ၄၀၀ အထိ မီးလင်းရေးစီမံကိန်းတွေ ပြင်ဆင်နေပြီလို့ ကယားပြည်နယ်အစိုးရက ပြောပါတယ်။

ကယားပြည်နယ်မှာ လောပိတ ရေအားလျှပ်စစ်ဓါတ်အားထုတ်လုပ်ရေး စီမံကိန်းကြီးရှိပေမယ့် ဒေသခံပြည်သူတွေအတွက် လျှပ်စစ်ဓါတ်အား မရရှိတာကြောင့် KNPP ကရင်နီအမျိုးသားလွတ်မြောက်ရေးပါတီ အပါအ၀င် အဖွဲ့အစည်းအတော်များများက ယခင်စစ်အစိုးရအဆက်ဆက်ကို ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်

RFA

RangonNewsDaily:: September 21, 2013

ကယားပြည်နယ်က ကျေးရွာပေါင်း ၄၇ ရွာကို ၂၀၁၃/၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်မီးရအောင်ဆောင်ရွက်ပေးဖို့ ကယားပြည်နယ် လျှပ်စစ်ဝန်ကြီးဌာနက ခွင့်ပြုထားပြီဖြစ်ကြောင်း ကယားပြည်နယ် ဝန်ကြီးချုပ် ဦးခင်မောင်ဦးက ပြောပါတယ်။