Pages

Sunday, August 11, 2013

ဖုန်းထဲံက system app တွေကို ဖြုတ်ချင်သူတွေအတွက် system app remover (318kb)

RangonNewsDaily:: Aug 11, 2013
ကဲအများစုကတောင်းဆိုနေကြတဲ့ ဖုန်းထဲက နဂိုပါပြီးသား ဆော့ဝဲတွေကိုဖြုတ်ချင်သူတွေအတွက်ပါ။သူ့ကို
အသုံးပြုမယ်ဆို ဖုန်းကို အမြစ်တူးထားဖို့တော့လိုအပ်တယ်။

ဘိုကလေးမြို့မှ ကိုရင်လေးအား ဆွဲယူကိုက်သတ်ခဲ့သည့် မိချောင်းမဲလုံးအား ဖမ်းမိသော်လည်း ပါးဖြူမိချောင်းမှာ ဖမ်းမမိသေးသဖြင့် အန္တရာယ်ရှိဆဲဖြစ်

မိချောင်းမဲလုံးဖမ်းမိ၊ ပါးဖြူးရန်မအေး

ဘိုကလေးမြို့နယ် ဆက်ကျွန်းကျေးရွာ ဘုန်ကြီးကျောင်းတံတာဆိပ်တွင် သြဂုတ်ကလ 4 ရက်က ရေချိုးနေသော ကိုရင်ဝါယမ အသက်(11)နှစ်အား မဲလုံးအမည်ရှိ မိကျောင်းမှ ဆွဲယူကိုက်သက်သဖြင့် ပျံလွန်တော်မူ(သေဆုံး)သွားကြောင်း၊

ဗီယက်နမ်နှင့် အမေရိကန် စစ်ပွဲကြီး ပြီးသွားသည်ကို မသိပဲ တောနက်ထဲမှာ ပုန်းအောင်းနေခဲ့သည့် သားအဖနှစ်ဦး၊ နှစ်ပေါင်း (၄၀)ကြာမှ ရှာဖွေတွေ့ရှိ

RangonNewsDaily:: Aug 11, 2013

အမေရိကန်းများ စစ်ရှုံးပြီး ဗီယက်နမ် စစ်ပွဲနိုင်ခဲ့သည့် သတင်းကို မသိနိုင်လောက်အောင် အပုန်းကောင်းခဲ့သော သားအဖနှစ်ဦး နှစ်ပေါင်း (၄၀) ကြာမှ တော်နက်ထဲမှ ပြန်လည်တွေ့ရှိခဲ့ပါတယ်။

လုံထိန်းများ၏ ပစ်ခတ်မှုကြောင့် သေနတ်ဒဏ်ရာ ရသူများထဲမှ တစ်ဦး သေဆုံး

သြဂုတ်လ (၉) ရက်နေ့က သေဆုံးသွားသူ တစ်ဦး သဂြိုဟ်နေစဉ် (ဓါတ်ပုံ - စစ်တွေ IDP)

RangonNewsDaily:: Aug 11, 2013

စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အုန်းတောကြီး ဒုက္ခသည် စခန်းတွင် သြဂုတ်လ (၇) ရက်နေ့က လုံခြုံရေး တပ်ဖွဲ့ဝင် လုံထိန်း များ၏ ပစ်ခတ်မှုကြောင့် (၄) ဦးပွဲချင်းပြီး သေဆုံးပြီး (၈) ဦးဒဏ်ရာ ရရှိခဲ့သည်။ တစ်ဖန် ညနေပိုင်းတွင် ဘောဒူဖ ဒုက္ခသည် စခန်း၌ ပစ်ခတ်မှုကြောင့် (၄) ဦးဒဏ်ရာ ရခဲ့သည်။

ဆိုင်ကယ်မောင်းလျှင်သတိယှဉ်ကြပါ

RangonNewsDaily:: Aug 11, 2013

ခရီး ဝေး/နီး ဆိုင်ကယ် ရဲ့ကြံခိုင်မှု ကို စစ်ဆေးကြပါ

ငွေဖြည့်ကတ် ကို Scan ဖတ်ပြီး ထည့်ပေးနိုင်တဲ့ EZCharge Apk 9MB

ငွေဖြည်ကတ်ကို ကင်မရာနဲ့ချိန်လိုက်တာနဲ့ နံပတ်တွေကို Scan လုပ်ပြီး ဂဏန်းတွေပေါ်လာမှာဖြစ်ပါတယ်။
သိပ်မသေချာလို့ မှားနိုင်တဲ့ ဂဏန်းတွေကို အနီရောင်နှင့် ပြပေးပါတယ်။

Click တချက်နှိပ်တာနဲ့ ၀ဘ်ဆိုဒ်တွေအများကြီးဖွင့်ကြည့်လို့ရအောင်ပြုလုပ်နည်း

ကျွန်တော် အင်တာနက်ဖွင့်သုံးပြီဆိုရင် Firefox မှာ သုံးနေကျ ဝက်ဆိုက်တွေအများကြီးကို ဖွင့်နေရတာ
အချိန်ကြာပါတယ်။

ယောက်ျား မိန်းမ ထိုကိစ္စ (ဖတ်ဖြစ်အောင်ဖတ်ကြပါ)

RangonNewsDaily:: Aug 11, 2013

ခုတလော ဖတ်မိသော အင်တာနက်သတင်းတို့တွင် မိမိစိတ်ကို ခိုးလိုးခုလုဖြစ်စေခဲ့သော သတင်းတပုဒ် ပါရှိ

လာ၏ ၊ထိုသတင်းမှာသိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိသန်လျင်GTCကျောင်း၏ စာသင်ခန်း အတွင်း
ကျောင်းသားနှင့်ကျောင်းသူ ချစ်ရည်လူး နေကြသည့် ဗွီဒီယိုဖိုင်ကို မသမာသူများက အင်တာ နက်ပေါ်လွှင့်
တင်လိုက်ရာ ဂျာနယ်စာမျက်နှာများထက်ရောက်လာပြီးနောက် ယခုအခါ ဗွီဒီယိုအခွေများ အဖြစ် ရောက်ရှိ
လာပြီး အင်းလျားမီးပွိုင့်နှင့် ဦးဝိစာရမီးပွိုင့်ကြားတွင် ရောင်းချနေသည် ဆိုသည့်သတင်း ဖြစ်သည် ၊

ငှက်ဖျားနှင့် တီဘီဝေဒနာရှင် အမျိုးသားတစ်ဦး ဆေးဖိုးမတတ်နိုင်၍ ကြိုးဆွဲချသေဆုံး

ဒိုက်ဦး၊ သြဂုတ် ၁၀

ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် အမှတ် (၄) ကျောင်းစုရပ်ကွက် မာလာလမ်းရှိ နေအိမ်တစ်လုံးတွင် သြဂုတ်လ ၈ ရက် နံနက် ၃ နာရီခွဲက အသက် ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးခဲ့ကြောင်း ရပ်ကွက်နေထိုင်သူများထံမှ သိရှိရသည်။

ဒေဝူးနှင့် မြန်မာကုမ္ပဏီနှစ်ခုပေါင်း၍ ရန်ကုန်တွင် ဟိုတယ်သစ် ဆောက်မည်

RangonNewsDaily:: Aug 11, 2013

ပြည်တွင်းကုမ္ပဏီနှစ်ခုနှင့် ဒေဝူးကုမ္ပဏီတို့ ပူးပေါင်း၍ ရန်ကုန်မြို့ ပြည်လမ်းရှိ ဆင်ဖြူရှင်ရိပ်သာ အနီးတွင် ဟိုတယ်အသစ် တည်ဆောက်မည် ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းပေါ် ယာဉ်ရှေ့ဘီးပေါက်ပြီး လမ်းလယ် ကျွန်းပေါ် တက်ရောက် တိမ်းမှောက်သဖြင့် ၂ ဦးသေ၊ ၁ ဦး ဒဏ်ရာရ

RangonNewsDaily:: Aug 11, 2013

၁၀-၈-၂၀၁၃ ရက်နေ့ ၁၈၁၅ အချိန် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၉/၂-၃)ကြားတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်းသတင်းအရ ဘောနတ်ကြီးအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးရာ မန္တလေးမှရန်ကုန်သို့ မန္တလေးမြို့၊ အောင်မြေသာဇံမြို့နယ်၊ ပုလဲရပ်ကွက်နေ ကျော်စွာ ခင်(၄၃)နှစ် မောင်းနှင်လာသော ၉ဂ/xxxx ပါဂျဲရိုးယာဉ်မှာ ၀ဲဘက်ရှေ့ဘီးပေါက်ပြီး လမ်းလယ်ကျွန်းပေါ်သို့ တက်ရောက် တိမ်းမှောက်နေကြောင်း တွေ့ရှိရသည်။

စာရေးဆရာ၊ သတင်းစာဆရာ ဦးစိုးသိမ်း (မောင်ဝံသ) ကိုယ်ရေး မှတ်တမ်း


RangonNewsDaily:: Aug 11, 2013
အမည်ရင်း ဦးစိုးသိမ်း။ ၁၉၄၅ ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် ပဲခူးတိုင်း၊ ဝေါမြို့နယ်၊မြစ်ကျိုးရွာတွင် အဖ ဦး

မောင်ခင်၊ အမိ ဒေါ်မြစိန်တို့မှ ဖွားမြင်သည်။ မြစ်ကျိုးရွာတွင် မူလတန်း၊ ပဲခူးမြို့ အမျိုးသားတန်းမြင့် ကျောင်း (ယခု အ.ထ.က ၃) တွင် ဆယ်တန်းအထိ၊ ရန်ကုန်တက္ကသိုလ်မှ ၀ိဇ္ဇာဘွဲ့ (မြန်မာ၊ အင်္ဂလိပ်၊ ဘောဂဗေဒ၊ အ
နောက်တိုင်းသမိုင်း၊ ဒဿနိကဗေဒ ဘာသာတွဲဖြင့်) ၁၉၆၇ ၌ အောင်မြင်သည်။

လုံထိန်းများ၏ ပစ်ခတ်မှုကြောင့် သေနတ်ဒဏ်ရာ ရသူများထဲမှ တစ်ဦး သေဆုံး

RangonNewsDaily:: Aug 11, 2013

စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အုန်းတောကြီး ဒုက္ခသည် စခန်းတွင် သြဂုတ်လ (၇) ရက်နေ့က လုံခြုံရေး တပ်ဖွဲ့ဝင် လုံထိန်း များ၏ ပစ်ခတ်မှုကြောင့် (၄) ဦးပွဲချင်းပြီး သေဆုံးပြီး (၈) ဦးဒဏ်ရာ ရရှိခဲ့သည်။ တစ်ဖန် ညနေပိုင်းတွင် ဘောဒူဖ ဒုက္ခသည် စခန်း၌ ပစ်ခတ်မှုကြောင့် (၄) ဦးဒဏ်ရာ ရခဲ့သည်။

ခေါက်ဆွဲခြောက်သုံးထုပ် ပျောက်၍ စွပ်စွဲခံရသူ အိမ်အကူမိန်းကလေး ငါးလွှာပေါ်မှ ခုန်ချရန်ကြံစည်

RangonNewsDaily:: Aug 11, 2013

ယမ်ယမ်ခေါက်ဆွဲခြောက်သုံးထုပ် ပျောက်ဆုံးသည့်အတွက် အသက် ၁၉ နှစ်အရွယ် အိမ်အကူ အမျိုးသမီးကို အိမ်ရှင်က လူအများရှေ့၌ သူခိုးဟု စွပ်စွဲခဲ့သဖြင့် ရှက်၍ သြဂုတ်လ ၁၀ ရက်နေ့ ညနေ ၂ နာရီ မိနစ် ၅၀ ခန့်တွင် ငါးလွှာ (ညာဘက်) ဝရန်တာ အပြင်နေကာ ကွန်ကရစ်ပြားပေါ်မှ ခုန်ချရန် ကြံစည်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

ပြည်သူ့ခေတ်ကြီးရောက်ပြီဆိုတဲ့ အချိန်အထိ လူ့လောကမှာ နေချင်ခဲ့တဲ့ဆရာဆန္ဒတွေမပြည့်ဝ ခဲ့ပါ

ပြည်သူ့ခေတ်ကြီးရောက်ပြီဆိုတဲ့ အချိန်အထိ လူ့လောကမှာ နေချင်ခဲ့တဲ့ဆရာဆန္ဒတွေမပြည့်ဝ
ခဲ့ပါ

Kolatt(PBDN) :: Aug 10, 2013

ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်ငါးဆယ်ကနဲ့စာရင် အခုအချိန်မှာ ဒီမိုကရေစီဘက်တော်သားတွေ ကြုံတွေ့ရဖွယ်ရှိတဲ့ အဲဒီ အဟန့်အတားတွေဟာ မဖြစ်စလောက်ပါလို့ ဘယ်လိုမှမဆိုနိုင်သေးသည့်တိုင်အောင် အပုံကြီးလျော့နည်းသွားခဲ့ပြီလို့တော့ ဆိုနိုင်မှာ ဖြစ်တယ်ဗျ။

 ပြောရရင် ပြီးခဲ့တဲ့ နှစ်ငါးဆယ်လုံးလုံး ကျွန်တော်တို့ ဒီမိုကရေစီဘက်တော်သားတွေဟာ မိမိတို့ ယုံကြည်ချက်အတွက် ဘဝတွေ၊ အသက်တွေအထိ ပေးဆပ်ရနိုင်တယ်ဆိုတဲ့အတွေးက ကျွန်တော်တို့ စိတ်တွေကို အမြဲလွှမ်းမိုးနေခဲ့တာ ဖြစ်တယ်ဗျာ။ 

ညကြီးသန်းခေါင် ကိုယ့်အိမ်နား ဆိုင်ကယ်/ကား ရပ်သံကြားရင် အိပ်ရာက ဖျတ်ခနဲထပြီး အသင့်ပြင်ဆင်ထားတဲ့အထုပ်ကို လက်က အလိုလိုဆွဲမိလျက်သား ဖြစ်နေခဲ့ကြတာဖြစ်တယ်ဗျာ။ 

ဘယ်ဌာနက ဘယ်သူတွေမှန်းမသိတဲ့လူတွေရဲ့ ခေါ်သွားတာခံရပြီဆိုရင်လည်း ကျန်ရစ်တဲ့ မိသားစုဝင်တွေဟာ ငါတို့အဖေ၊ အစ်ကို၊ ခင်ပွန်းကို ဘယ်တော့မှ ပြန်တွေ့ရမှာလဲ၊ ပြန်ရော တွေ့မှတွေ့ရပါဦးတော့မလားဆိုတဲ့ ပူပန်သောကတွေ တစ်ပွေ့တစ်ပိုက်နဲ့ ကျန်ရစ်ခဲ့ကြရတာ ဖြစ်တယ်ဗျ။

အခုတော့ အားလုံးသိကြတဲ့အတိုင်း အခြေအနေတွေဟာ မျက်လှည့်ပြလိုက်သလိုလို့ တင်စားရလောက်အောင် ပြောင်းလဲသွားခဲ့ပြီ ဖြစ်တယ်ဗျာ။ နိုင်ငံရေးဟာ မဝင်ကောင်းတဲ့ နယ်မြေဖြစ်တယ်ဆိုတဲ့ အယူအဆဟာ ကျွန်တော်တို့ ပြည်သူများအကြား အတော်အတန် အားပျော့မှေးမှိန်စပြုလာနေပြီ ဖြစ်တယ်ဗျာ။

 နိုင်ငံတစ်လွှားမှာ နိုင်ငံရေးလှုပ်ရှားမှုတွေဟာ တစ်နေ့တခြား အားကောင်းမောင်းသန် ဖြစ်လာနေပြီ ဖြစ်တယ်ဗျာ။

ဒီအချိန်မှာ မြန်မာပြည်သူတိုင်း (ပြည်သူတိုင်း) ဟာ မိမိတို့ စိတ်သန်ရာ နိုင်ငံရေးလှုပ်ရှားမှုများမှာ ပျော်ပျော်ရွှင်ရွှင်၊ ထက်ထက်သန်သန်၊ တက်တက်ကြွကြွ ပါဝင်ဆင်နွှဲကြရမယ့်အချိန် ဖြစ်တယ်ဗျ။

 နိုင်ငံရေးပါတီဝင်လိုသူများက ပါတီတွေ ဝင်ကြ၊ ပွင့်လင်းလူ့အဖွဲ့အစည်း ပေါ်ပေါက်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ လူသားချင်း စာနာရေး စတဲ့ လူသားအကျိုးပြုလုပ်ငန်းလုပ်ဖို့ စိတ်ဝင်စားသူတွေ ကိုယ် ပါဝင်လိုတဲ့ လှုပ်ရှားမှုမှာ ပါဝင်ကြ၊ ကျောင်းသားတွေ၊ အလုပ်သမားတွေ၊ လယ်သမားတွေလည်း သက်ဆိုင်ရာ အသင်းအပင်း အစည်းအရုံးတွေ ဖွဲ့စည်းထူထောင် ပါဝင် လှုပ်ရှားကြ။

အဲသလို ပြည်သူအားလုံး မြိုင်မြိုင်ဆိုင်ဆိုင် သိုင်းသိုင်းဝိုင်းဝိုင်း ပါဝင်ဆင်နွှဲလှုပ်ရှား ကြရမယ့်အချိန် ဖြစ်တယ်ဗျ။ အဲသလိုလုပ်ကြဖို့ လိုအပ်တဲ့အကြောင်းရင်းကတော့ နိုင်ငံရေးမှာ ပြည်သူတွေ ပိုပြီးများများပါဝင်လေ ပြည်သူ့ခေတ်သို့ ပိုပြီးမြန်မြန် ရောက်လေဖြစ်မှာကြောင့် ဖြစ်တယ်ဗျာ။

 ပြည်သူ့ခေတ်ကြီးရောက်ပါပြီလို့ ပြောနိုင်တဲ့အချိန်အထိတော့ ကျွန်တော် လူ့ဘဝမှာ နေချင်ပါသေးတယ်ဗျ။

၂၁၊ ၁၀၊ ၂၀၁၂
maungwuntha@gmail.com

Helen Ayekyaw

RangonNewsDaily:: Aug 10, 2013
ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်ငါးဆယ်ကနဲ့စာရင် အခုအချိန်မှာ ဒီမိုကရေစီဘက်တော်သားတွေ ကြုံတွေ့ရဖွယ်ရှိတဲ့ အဲဒီ အဟန့်အတားတွေဟာ မဖြစ်စလောက်ပါလို့ ဘယ်လိုမှမဆိုနိုင်သေးသည့်တိုင်အောင် အပုံကြီးလျော့နည်းသွားခဲ့ပြီလို့တော့ ဆိုနိုင်မှာ ဖြစ်တယ်ဗျ။

စာရေးဆရာ သတင်းစာဆရာမောင်ဝံသ ကွယ်လွန်

စာရေးဆရာ သတင်းစာဆရာမောင်ဝံသ ကွယ်လွန်

Kolatt(PBDN) :: Aug 11, 2013

ဒီနေ့ မနက် ၆နာရီ ၁၅မိနစ်အချိန်မှာ ဝိတိုရိယဆေးရုံမှာဆေးကုသမှုခံယူနေတဲ့ စာရေးဆရာ သတင်းစာဆရာမောင်ဝံသ ကွယ်လွန်သွားပါတယ်။

နာမည်ရင်းက ဦးစိုးသိန်းဖြစ်ပြီး နိုင်ငံရေးဆောင်းပါးတွေ အစဉ်တစိုက်ရေးခဲ့တဲ့ာရေးဆရာတဦးဖြစ်ပါတယ်။

မိသားစုနဲ့ အတူ စိတ်ထိခိုက်ကြေကွဲဝမ်းနည်းရပါကြောင်း။ စိတ်သဘောထားဖြူစင်စွာ ကူညီခဲ့မှုများအတွက် အမြဲ အမှတိရ ကျေးဇူးတင်နေမှာဖြစ်ပါတယ်

မြန်မာသတင်းစာဆရာလောကအတွက် ဆုံးရှုံးမှုတခုလည်းဖြစ်ပါတယ်။

RangonNewsDaily:: Aug 10, 2013
ဒီနေ့ မနက် ၆နာရီ ၁၅မိနစ်အချိန်မှာ ဝိတိုရိယဆေးရုံမှာဆေးကုသမှုခံယူ
နေတဲ့ စာရေးဆရာ သတင်းစာဆရာမောင်ဝံသ ကွယ်လွန်သွားပါတယ်။