Pages

Thursday, June 27, 2013

“နန်းခင်ဇေယျာကအတူတူ အားပေးရအောင်ဖိတ်ခေါ်”

Photo: “နန်းခင်ဇေယျာကအတူတူ အားပေးရအောင်ဖိတ်ခေါ်”
Thursday, June 27, 2013

“ပရိသတ်ကြီးရှင့် .....နန်းခင် သတင်းလေးတစ်ခုပေးရင်း ဖိတ်ခေါ်ပါရစေ။
မနက်ဖြန် (၂၈-၆-၂၀၁၃) သောကြာနေ့ ညနေ(၄)နာရီတွင်
အောင်ဆန်းအားကစားကွင်းမှာ မြန်မာနေရှင်နယ်လိဂ်-၂ (MNL) နှင့် 2New Holland 2013 ပြိုင်ပွဲ ဗိုလ်လုပွဲကို ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။
မြန်မာ့လက်ရွေးစင်အသင်း အနိုင်ရရှိရေးအတွက် နန်းခင် နဲ့အတူ ၁၂ ယောက်မြောက် ကစားသမားအဖြစ် ကွင်းထဲအထိ သွားရောက်အားပေးကြရအောင်နော်။
နန်းခင် နဲ့ အတူတူ အားပေးရအောင် မနက်ဖြန်ညနေ (၄)နာရီ မှာ အောင်ဆန်းကွင်းကို လာခဲ့ကြဖို့ ဖိတ်ခေါ်ပါတယ်ရှင်။”လို့ မြန်မာ
နိုင်ငံဘောလုံးအဖွဲ့ ချုပ်မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းသံတမန်
နန်းခင်ဇေယျာကသူ့ ဖေ့ဘုတ်စာမျက်နာNang Khin Zay Yarကနေ
ပရိသတ်ကိုဖိတ်ခေါ်ထားပါတယ်။

ပွဲစဉ်.......မြန်မာနေရှင်နယ်လိဂ်-၂ (MNL) နှင့် 
2New Holland 2013 ပြိုင်ပွဲ ဗိုလ်လုပွဲ
နေရာ .... အောင်ဆန်းအားကစားကွင်း
နေ့ရက်...(၂၈-၆-၂၀၁၃ )
အချိန် ... ညနေ (၄) နာရီ

Popular Journal

Thursday, June 27, 2013

“ပရိသတ်ကြီးရှင့် ..နန်းခင် သတင်းလေးတစ်ခုပေးရင်း ဖိတ်ခေါ်ပါရစေ။ မနက်ဖြန်(၂၈-၆-၂၀၁၃) သောကြာ
နေ့ ညနေ(၄)နာရီတွင် အောင်ဆန်းအားကစားကွင်းမှာ မြန်မာနေရှင်နယ်လိဂ်-၂ (MNL) နှင့် 2New Holland 2013 ပြိုင်ပွဲ ဗိုလ်လုပွဲကို ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

ဧည့်လမ်းညွှန် မှတ်ပုံတင်ကတ် အရောင် ရှစ်မျိုး သတ်မှတ်

Thursday, June 27, 2013

ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနက ဒေသဆိုင်ရာ ဧည့်လမ်းညွှန်များ အတွက် ဧည့်လမ်းညွှန် လုပ်ကိုင်ခွင့် မှတ်ပုံတင် ကတ်ပြားကို ဒေသအလိုက် အရောင် ရှစ်မျိုး သတ်မှတ်လိုက်ကြောင်း မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များ အသင်း၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

တက္ကသိုလ်ဝင်တန်း အမှတ်စာရင်း စထုတ်သည့်နေ့ လူနှစ်သောင်းကျော် လာရောက် ထုတ်ယူ

Thursday, June 27, 2013

တက္ကသိုလ်ဝင်တန်းအမှတ်စာရင်းစတင်ထုတ်ယူနိုင်သည့်ဇွန်လ၂၅ ရက်နေ့တွင်ရန်ကုန်နှင့် နေပြည်တော်

စာစစ်ဌာန နှစ်ခုပေါင်း၌ လူနှစ်သောင်းကျော် လာရောက်ထုတ်ယူခဲ့ကြောင်း မြန်မာနိုင်ငံ စာစစ် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်က The Voice သို့ ပြောကြားသည်။

သပိတ်ကျဉ်းဒေသခံများ လူမျိုးရေး ဘာသာရေး ပဋိပက္ခ စိုးရိမ်နေ

Photo: သပိတ်ကျဉ်းဒေသခံများ လူမျိုးရေး ဘာသာရေး ပဋိပက္ခ စိုးရိမ်နေ
Thursday, June 27, 2013

မန္တလေး- မိုးကုတ်- သပိတ်ကျဉ်း ကားလမ်းတလျှောက် စဥ့်ကူးနှင့် သပိတ်ကျဉ်းမြို့နယ်များရှိ ကျေးရွာများတွင် လူမျိုးရေး ဘာသာရေး အသွင်ဆောင်သည့် ပဋိပက္ခတချို့ကြောင့် စိုးရိမ်ထိတ်လန့်မှုများ ဖြစ်
ပွားနေကြောင်း သိရသည်။

ရွှေတောဒေသဟု လူသိများသည့် သပိတ်ကျဉ်းမြို့နယ်အတွင်းရှိ နွယ်ရုံ၊ ကျည်တောက်ပေါက်၊ ဇရပ်ကွင်း၊ လက်ပန်လှ၊ ချောင်းကြီး စသည့်
ကျေးရွာများတွင် လူစုလူဝေးဖြင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် အင်္ဂါနေ့ နေ့လယ်ပိုင်းက နွယ်ရုံကျေးရွာသို့ တုတ်၊ဓား ကိုင်ဆောင်ထားသည့် မျက်နှာဖုံးတပ် ဆိုင်ကယ်သမား ၇၀ ခန့်
ရောက်ရှိလာကာ လူမျိုးရေး ပုတ်ခတ် ပြောဆိုခဲ့ကြောင်း၊ မည်သူကမှ မတုံ့ပြန်သည့်အတွက် ပြန်လည်ထွက်ခွာသွားကြောင်း ဒေသခံ များက ဆိုသည်။

“လာတာက ကျောက်ထပ် ရွှေတောက လူမိုက်တွေ သူတို့ အပြုအမူက ဘယ်သူကိုမဆို ခုတ်မယ် သတ်မယ်ဆိုတဲ့ပုံမျိုး၊ ဒါပေမယ့် ရွာက ဆရာတော်ရော အာဏာပိုင်တွေရော ပူးပေါင်းပြီး အလိမ္မာနဲ့ ထိန်းတဲ့
အတွက် ဘာမှတော့ ဖြစ်မသွားဘူး”ဟု ဒေသခံတဦး က ပြောသည်။

ထို့နောက် ၃ မိုင်ခန့်အကွာရှိ ကျည်တောက်ပေါက် ကျေးရွာတွင်လည်း 
ဓား ကိုင်ဆောင်ထားသည့် လူတဦးက ကျောင်း အုတ်နံရံကို ကျော်တက်
သည့်အတွက် အထိတ်တလန့်ဖြစ်ကာ ကျောင်းပိတ်လိုက်ရကြောင်း သိရသည်။

အဆိုပါ ကျည်တောက်ပေါက် ကျေးရွာတွင် အစ္စလာမ်ဘာသာဝင် အိမ်ထောင်စုပေါင်း ၇၅ စုခန့် နေထိုင်လျှက်ရှိပြီး အစ္စလာမ် ဘာသာဝင်အိမ်နှင့် ဆိုင်ခန်းအနည်းငယ် ဖျက်ဆီးခံရမှုရှိခဲ့ကြောင်း 
သိရသည်

အဆိုပါဒေသတွင် ၉၆၉ ဘာသာရေး တရားခွေများ ပျံ့နှံ့လျက်ရှိပြီး အချိန်မရွေး ပဋိပက္ခဖြစ်လာနိုင်သည့် အခြေအနေတွင်ရှိကြောင်း
ဒေသခံများက ဆိုသည်။

ကျည်တောက်ပေါက် ဖြစ်စဉ်နှင့်ပတ်သက်၍ ပြည့်စိုးမင်း ခေါ် ဆင်ခေါင်း အသက် ၂၀ နှစ်၊ ရပ်ကွက် ၄ နေ မိုးဝင်းတို့အား သက်ဆိုင်ရာ က
ခေါ်ယူ ထိန်းသိမ်းထားကြောင်း ဒေသခံအာဏာပိုင်တဦးက ပြောသည်။

စဥ့်ကူးမြို့နယ်နှင့် သပိတ်ကျဉ်းမြို့နယ်ရှိ ကျေးရွာများတွင် သံဃာတော်များ၊ ရပ်မိရပ်ဖများ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သော စုစည်းအဖွဲ့ဝင်များက ညစဉ်လုံခြုံရေးများ စီမံဆောင်ရွက်နေကြောင်း သိရသည်။

ဇွန်လ၂၁ ရက်နေ့ ပြင်ဦးလွင်ခရိုင် တကောင်းမြို့မှ စတင်ခဲ့သည့် ပဋိပက္ခ
သည် ဇွန်လ ၂၂ ရက်နေ့တွင် သပိတ်ကျဉ်းမြို့နယ် ချောင်းကြီး ကျေးရွာသို့ ကူးစက်ကာ တခြားသော ကျေးရွာများသို့ ပျံ့နှံ့ခဲ့ခြင်း ဖြစ်သည်။

သပိတ်ကျဉ်းမြို့နယ်ရှိ ရွှေတောဒေသများသည် မြန်မာပြည်အရပ်ရပ်မှ လာရောက်လုပ်ကိုင်လျက်ရှိပြီး ရာဇ၀တ်မှုများလည်း ထူပြောသည်။

ဧရာဝတီ

Thursday, June 27, 2013

မန္တလေး- မိုးကုတ်- သပိတ်ကျဉ်းကားလမ်းတလျှောက်စဥ့်ကူးနှင့်သပိတ်ကျဉ်းမြို့နယ်များရှိ ကျေးရွာများတွင်
လူမျိုးရေး ဘာသာရေး အသွင်ဆောင်သည့် ပဋိပက္ခတချို့ကြောင့် စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပွားနေကြောင်း 
သိရသည်။

သံဝေဂ ခလုတ် ” (ကဗျာ)

"သံဝေဂ ခလုတ် ” 
ကမ္ဘာက ထုတ်ဖော်လေပြီ
တို့တိုင်းပြည်ထဲက အမည်းစက်
ဘယ်သူလဲ… ကွက်ကွက်ကွင်းခဲ့ပေါ့။

ဗမာဘင်လာဒင်ဆိုသည်မှာ ၀ီရသူ ကိုယ်တိုင်ပြောကြားချက်သာဖြစ်ကြောင်း ရိုက်တာသတင်ထောက် အင်ဒရူးမာရှယ်က နေ့ရက်အတိအကျဖြင့်ထုတ်ဖေါ်

ဇွန် ၂၇၊ ၂၀၁၃
မိမိအား ဗမာဘင်လာဒင်ပာု အနောက်တိုင်းမီဒီယာ များကစွပ်စွဲရေးသားခဲ့ကြောင်း သင်္ကန်းခြုံ ၀ီရသူက ငြင်းဆန်နေခြင်းသည် မိမိပြောကြားခဲ့သည့် ကိုယ်ပြောသည့်စကားကိုယ်ပြန်ငြင်းကွယ်နေခြင်းပင်ဖြစ်သည်ပာု ရိုက်တာသတင်းထောက် အင်ဒရှုးမာရှယ်က အထောက်အထားအတိအကျဖြင့် ထုတ်ဖေါ်ရေးသားလိုက်သည်။

တယ်လီနော်ကုမ္ပဏီက မြန်မာဝန်ထမ်းများကို အများဆုံး ခန့်အပ်မည်

Thursday, June 27, 2013

မြန်မာ့ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်းလုပ်ခွင့် လိုင်စင်ရရှိခဲ့တဲ့
နော်ဝေအခြေစိုက် တယ်လီနော်ကုမ္ပဏီက တယ်လီဖုန်း လုပ်ငန်းတွေကို အမြန်အကောင်ထည်ဖော်ပြီး မြန်မာနိုင်ငံသား ကျွမ်းကျင်သူတွေကို အလုပ်ခန့်အပ်ကာ သက်သာတဲ့ဈေးနှုန်းနဲ့ လုပ်ဆောင်မယ်လို့ ကုမ္ပဏီရဲ့ အာရှဒေသဆိုင်ရာ ဆက်သွယ်ရေး ညွန်ကြားရေးမှူး ဂလန်မန်ဒီလစ်က ဒီဗွီဘီကို ပြောပါတယ်။

သင်္ကန်းဝတ်ဖြင့် အရက်သောက် ရမ်းကားသူအား အရေးယူ

သင်္ကန်းဝတ်ဖြင့် အရက်သောက် ရမ်းကားသူအား အရေးယူ

27.6.2013

ဇွန် ၂၄ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ဘင်္ဂလားကျောင်းတိုက် ကြားတောရလမ်း၊ ကြားတောရရပ်ကွက်၊ ဗဟန်းမြို့နယ်နေ ဦးစန္ဒိမာ (ခ) ထွန်းထွန်းအောင် (၂၉)နှစ်သည် သင်္ကန်းဝတ်ဖြင့် အရက်သေစာ သောက် စားပြီး ကျောင်းတိုက်အတွင်း မူးယစ်ရမ်းကား နေ ခဲ့ကြောင်း သိရသည်။

ထိုသို့ မူးယစ်ရမ်းကား နေသူအား ယင်းရပ်ကွက်ရှိ ဆယ်အိမ်မှူးမှ ရပ်ကွက်သံဃာ့ နာယက ဥက္ကဋ္ဌ ဆရာတော်ရှေ့သို့ ခေါ်ဆောင်လူ ၀တ်လဲစေပြီး အများပြည်သူ ကိုးကွယ်သည့် ဘာသာသာသနာကို ထိခိုက်ညှိုးနွမ်း စေခဲ့သော ၎င်းအား ဗဟန်းမြို့မ ရဲစခန်းသို့ တရားလိုပြု တိုင်တန်းခဲ့ကြောင်း သိရသည်။

ဗဟန်းရဲစခန်းမှ ပြစ်မှုပုဒ်မ၂၉၅ ကဖြင့် အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးလျက် ရှိကြောင်း သိရသည်။

Eleven Media Group ,Shan News

27.6.2013
ဇွန် ၂၄ ရက် မွန်းလွဲ ၁ နာရီခန့်တွင်ဘင်္ဂလားကျောင်းတိုက် ကြားတောရလမ်း၊ ကြားတောရရပ်ကွက်၊ ဗဟန်း
မြို့နယ်နေ ဦးစန္ဒိမာ (ခ) ထွန်းထွန်းအောင် (၂၉)နှစ်သည် သင်္ကန်းဝတ်ဖြင့် အရက်သေစာ သောက် စားပြီး
ကျောင်းတိုက်အတွင်း မူးယစ်ရမ်းကား နေ ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေ မိုးပိုလာနှို်င်တယ်လို့ ခန့်မှန်း

Photo

Thursday, June 27, 2013
(၂၇-၆-၂၀၁၃)ရက်နေ့အတွက် UPDATE NEWS တွေအနေနဲ့ (၁) ဘင်္ဂလားပင်လယ်အော်မှာမုန်တိုင်းဖြစ်
ဖို့ မရှိသေးပါ။ (၂) လွန်ခဲ့တဲ့(၂၄)နာရီအတွင်းက မြန်မာနိုင်ငံမြောက်ပိုင်း(ကချင်ပြည်နယ်နဲ့စစ်ကိုင်းတိုင်းအ
ထက်ပိုင်း)၊ မြစ်ဝကျွန်း ပေါ်ဒေသ(ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း) နဲ့ မြန်မာနိုင်ငံတောင်ပိုင်း (ကရင်
ပြည်နယ်၊ မွန်ပြည်နယ် နဲ့ တနင်္သာရီတိုင်း) တို့မှာ မိုးကောင်းခဲ့တယ်။

အာရပ်နှင့်နော်ဝေကုမ္ပဏီတို့ မြန်မာတွင် ဆက်သွယ်ရေးအော်ပရေတာ လုပ်ပိုင်ခွင့်ရ

၂၀၁၃ ဇွန်လ ၂၇
ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက ဆက်သွယ်ရေးအော်ပရေတာ ရွေးချယ်တင်ဒါအောင်မြင်သော ကုမ္ပဏီနှစ်ခုကို ယနေ့ ကြေညာလိုက်ပါသည်။၎င်းတို့မှာ ကာတာအခြေဆိုက် Qatar Telecom ၏ Ooredoo နှင့် နော်ဝေ အခြေဆိုက် Telenor တို့ ဖြစ်သည်။

"ဟာသ လုပ်နေရရင် ပျော်နေတာပါ ဆိုတဲ့ အေးအေးခိုင်"

Photo: "ဟာသ လုပ်နေရရင် ပျော်နေတာပါ ဆိုတဲ့ အေးအေးခိုင်"
Thursday, June 27, 2013

အေးအေးခိုင်က ပြင်ဦးလွင်မှာ ဒါရိုက်တာ ကျော်ဇောလင်း ရိုက်ကူး နေတဲ့ “အလုအယက်” ဇာတ်ကားမှာ ပြေတီဦး၊ အိချောပို၊ ဝိုင်းစုခိုင်သိန်း တို့နဲ့ အတူ ပါဝင် သရုပ်ဆောင် ခဲ့ပါတယ်။ ဟာသသရုပ်ဆောင်တွေ များလာပေ မယ့်လည်း အမျိုးသား ထက် အမျိုးသမီး ဟာသသရုပ်ဆောင် တွေ ပိုနည်းလာရတဲ့ အကြောင်းနဲ့ ပတ်သက် ပြီး အေးအေးခိုင်က..

“အစ်မတို့ကျတော့ အရင် ကတည်းက ပျော်ပျော်နေတတ်တဲ့သူ တွေဖြစ် တယ်။ တချို့ကျတော့ အနု ပညာလောကထဲကို ဘယ်လို Type နဲ့ လာလဲ ဆိုတာ မသိဘူး။ အစ်မတို့ ကျတော့ အနုပညာနဲ့ ပတ်သက်ရင် ကိုယ်ပျော် တာကို သူများတွေကို လည်း ခံစားစေချင်တယ်။ ကိုယ့် ကြောင့် သူများတွေ ပျော်ရင်လည်း တအား ပီတိဖြစ် တယ်။ အဲဒီလိုမျိုး ခံယူချက်နဲ့ ကျရာ ဇာတ်ရုပ်မှာ သရုပ် ဆောင်တယ်။ ဟာသကို လုပ်တယ် ဆိုတာ တချို့ ကလည်း လုပ်ချင်မှ လုပ်မယ်။ ဟာသက အလှအပ မရှိ ဘူး။ အစ်မ တို့ ကျတော့ ဟာသ လုပ်နေရရင် ပျော်ကိုပျော်တယ်။ ကိုယ့်ရဲ့ လုပ်ကွက်က လှလား၊ မလှ လား ဆိုတာလည်း စိတ်ထဲမှာ မရှိဘူး။ ရုပ်ဆိုးရင် လည်းဆိုး မယ်။ အဲဒါ တွေကို ဂရုမစိုက်ဘူး။ ကိုယ်လုပ် ပေးတာကို သူများပျော်နေ တယ် ဆိုရင် ကိုယ်က ပီတိနဲ့ ခံယူထားတယ်။ တချို့ကျတော့ ဘယ်လို ခံယူလဲဆို တာကို မသိဘူး။ ကိုယ်တွေ ကတော့ ဟာသလုပ်နေရ ရင် ပျော်နေတာ ပါပဲ” လို့ဆိုပါတယ်။

အေးအေးခိုင်က ဇာတ်ကားတွေကို ရိုက်ကူး ဖြစ်နေသလိုပဲ အလှူတွေ ကိုလည်း လုပ်ဖြစ် နေ ပါတယ်။ အနုပညာ မောင်နှမ တွေနဲ့ စုပေါင်းပြီး အလှူတွေလုပ်ဖြစ် နေတဲ့ အေးအေးခိုင်က “အရှင်သော မကျောင်းက မိဘမဲ့ ကိုရင်လေး တွေအတွက် တစ်ပါး ကို နှစ်သောင်း ကျပ် လှူဖို့ အတွက် အနု ပညာ မောင်နှမတွေကို လိုက်ပြီး အလှူခံဖြစ် တယ်။ အစ်မကတော့ ကိုယ် အလှူခံ လို့ရတဲ့ သူတွေ အားလုံးကို လိုက် ပြီးတော့ အလှူငွေ ထည့် ဖို့ပြော ပေး တယ်။ နှိုးဆော်တဲ့ သဘောလေး ပေါ့” လို့ အလှူနဲ့ ပတ်သက်ပြီး ပြောပြပါတယ်။

အေးအေးခိုင်က အပြင်မှာ ပရိ သတ်တွေက သူ့ကိုတွေ့ရင် စကြ၊ နောက် ကြပြီး သူတို့ကို တွေ့တာနဲ့ ပရိသတ်တွေ က ပျော်ရတယ်လို့ ပြော ကြတဲ့ အပေါ်မှာလည်း ပီတိဖြစ်ရ ကြောင်း ဆိုပါတယ်။

နေကွန်းထင်
Popular Journal

Thursday, June 27, 2013

အေးအေးခိုင်က ပြင်ဦးလွင်မှာ ဒါရိုက်တာ ကျော်ဇောလင်း ရိုက်ကူး နေတဲ့ “အလုအယက်” ဇာတ်ကားမှာ
 ပြေတီဦး၊ အိချောပို၊ ဝိုင်းစုခိုင်သိန်း တို့နဲ့ အတူ ပါဝင် သရုပ်ဆောင် ခဲ့ပါတယ်။

ဆက်သွယ်ရေး အော်ပရေတာလိုင်စင်ချထားရေးဆောင်ရွက်မှုသတင်းထုတ်ပြန်ခြင်း

Photo

၂၇.၆.၂၀၁၃
ဆက်သွယ်ရေး အော်ပရေတာလိုင်စင်ချထားရေးဆောင်ရွက်မှုသတင်းထုတ်ပြန်ခြင်း အပြည့်အစုံကိုဖော်ပြ
ပေးလိုက်ပါသည်။

ပျိုမဒီများ အတွက် ကြက်သွန်ဖြူနဲ့ အလှပြင်မယ်

Photo: ပျိုမဒီများ အတွက် ကြက်သွန်ဖြူနဲ့ အလှပြင်မယ် 
Thursday, June 27, 2013

ကြက်သွန်ဖြူဟာ ကြက်သွန်နီထက် ပိုပြီးတော့တောင် အစွမ်းထက် သေးတယ်လို့ အချို့ ဆေးပညာရှင်တွေက ဆိုထားပါတယ်။

မီးဖိုချောင်ရဲ့ ဟင်းအမယ် တစ်ခုဖြစ်တဲ့ ဒီကြက်သွန်ဖြူဟာ ပျိုတို့ရဲ့ အလှအပ ကွက်လပ်မှာ လည်း ထိရောက်စွာ အစွမ်းဖြည့် ပေးပါတယ်။

ဘေးဘယာများ ဝေဖြာစေဖို့အတွက်

အခုတလော နေရာတိုင်းမှာ ကြားနေရတဲ့ အသံ တစ်ခုကတော့ ချောင်းဆိုး သံပဲ ဖြစ်ပါတယ်။ ဘတ်(စ်)ကားပေါ်မှာ ဖြစ်ဖြစ်၊ ရုံးတွင်းမှာပဲ ဖြစ်ဖြစ် အဟွတ်၊ အဟွတ် နဲ့ ကြားနေရတဲ့ ချောင်းဆိုးရောဂါ အတွက် ကြက်သွန်ဖြူကို စားသုံးပေးခြင်းဖြင့် ပျောက်ကင်းနိုင်ပါတယ်။ နာတာရှည် ချောင်းဆိုးရောဂါများ အတွက်တောင် ကြက်သွန်ဖြူကို အရည်လုပ်ပြီး တိုက်ကျွေးပါက ထင်ရှားစွာ သက်သာပျောက်ကင်းမှာ ဖြစ်ပါတယ်။

ကလေးများ ချောင်းဆိုးခြင်းအတွက် ကြက်သွန်ဖြူကို အပ်နှင့်ထိုးပြီး ပြာကျအောင် မီးဖုတ်၊ ပြာကို အမှုန့်ပြုပြီး ကလေး ချောင်ဆိုးရင် တိုက်ကျွေးပါက ပျောက်ကင်းလာပါမယ်။ ခေါင်းကိုက်ခြင်း အတွက်ကတော့ ကြက်သွန်ဖြူကို ဆားနဲ့ရောပြီး သောက်ပါ။ ကြိတ်ပြီးနားထင်ကို လိမ်းပေး နိုင်ပါတယ်။ အကြောကိုက်ခဲခြင်း အတွက် ကြက်သွန်ဖြူ အရည်နဲ့ ပွတ်လိမ်းပေးပါ။ ကြက်သွန်ဖြူဥ တစ်လုံးကို တစ်နေ့ နှစ်လုံး (သို့) သုံးလုံး စားပေးမယ်ဆိုရင် ရုတ်တရက် နှလုံးရိုက်ခြင်းများကို တားဆီးပေးပြီး နှလုံးရောဂါကို ကာကွယ်ပေးပါတယ်။

အရေပြားရောဂါများ ဖြစ်တဲ့ ပွေး၊ ဝဲ၊ ယားနာတို့အတွက် ကြက်သွန်ဖြူ ကိုထောင်းပြီး အုန်းဆီနဲ့ လိမ်းပေးပါ။ ကာကွယ်ပေးနိုင်တဲ့ ရောဂါများကတော့ ကိုလက်စထရောကို သိသာထင်ရှားစွာ လျှော့ချ ပေးနိုင်ပါတယ်။ ဆီးချိုရောဂါနဲ့ နှလုံးရောဂါများကို ကာကွယ်ပေးနိုင်ပါတယ်။ ကျောရိုးမကြီး ရောဂါကို ၃၀ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ပါတယ်။ အအေးမိ ဖျားနာခြင်းကို ကာကွယ် အထောက်အကူ ပေးပါတယ်။

ကြက်သွန်ဖြူဟာ လက်သည်းခွံတွေကို သန်မာကြံ့ခိုင်စေတဲ့ သတ္တိရှိပါတယ်။ အရင်ဆုံး လက်သည်းကို ရေနွေးနွေးနဲ့ ဆေးကြော သန့်စင်ပေးပါ။ ဒုတိယ အဆင့်အနေနဲ့ ကြက်သွန်ဖြူကို လေးစိတ်ပိုင်းလိုက်ပါ။ အဲဒီ့ အစိတ်လေး တွေကို အသုံးပြုပြီး လက်သည်းကို ပွတ်ပေးပါက အရောင်တောက်ပြောင် လာစေပါတယ်။ ပွတ်သပ်တဲ့ အခါမှာ ငါးမိနစ် ပွတ်ပေးပါက လုံလောက် ပါတယ်။ တတိယ အဆင့်အနေနဲ့ လက်ကို ရေနွေးနွေးနဲ့ ထပ်ပြီး စိမ်ပေးပါ။ စိမ်ပေးပြီးပါက ဆပ်ပြာနဲ့ သုံးကြိမ်တိတိ ဆေးကြောပေးပါ။ ကြက်သွန် အနံ့ မထွက်အောင် ဆေးတာဖြစ်ပါတယ်။

White oion နောက်တစ်နည်းကတော့ ကိုယ်ဆိုးမယ့် လက်သည်းနီဆိုးဆေးပုလင်းထဲမှာ ကြက်သွန်ဖြူဥ တစ်လုံးကို လှီးပြီး ထည့်ပေးထားပါ။ ၇-၁၀ ရက်ခန့်ထားပြီး ဆိုးပေးရင် လက်သည်းဟာ ပိုပြီး တောင့်တင်း မာကျောလာမှာ ဖြစ်ပါတယ်။ အလွယ်တကူနဲ့ လက်သည်း ကျိုးတက်တဲ့ သူများ အသုံးပြုနိုင်တဲ့ နည်းလမ်းကောင်း တစ်ခု ဖြစ်ပါတယ်။ ကြက်သွန်ဖြူဟာ ဝက်ခြံကိုလည်း နိုင်ပါတယ်။

သတင်းကောင်း တစ်ခုကတော့ ကြက်သွန်ဖြူရည်ကို ဆံပင်ကျွတ်တဲ့ နေရာ တစ်ဝိုက် လိမ်းပေးပြီး တစ်ညသိပ်လိုက်ပါ။ မနက်အိပ်ရာထမှ ခေါင်းလျှော် ပေးပါ။ ရက်သတ္တပတ် အနည်းငယ်လောက် လုပ်ပေးလိုက်တာနဲ့ သက်သာ ပျောက်ကင်းလာမှာ ဖြစ်ပါတယ်။ နောက်တစ်နည်းကတော့ ကြက်သွန်ဖြူနဲ့ ဆံသားကို ပေါင်းတင်နည်းပဲ ဖြစ်ပါတယ်။ သံလွင်ဆီ နှစ်ဇွန်း(စားပွဲတင်ဇွန်း)၊ ကြက်ဥတစ်လုံးရဲ့ အနှစ်၊ ကြက်သွန်ဖြူဥ နှစ်လုံး၊ ကြက်ဆူဆီ တစ်ဇွန်း၊ ပျားရည် တစ်ဇွန်းနဲ့ ဗီတာမင်အီးတို့ ပေါင်းစပ်ပြီး ဆံသားကို အမြစ်ကနေ လိမ်းပေးပါ။ လိမ်းပြီး ပဝါနဲ့ မိနစ်သုံးဆယ်ခန့် (သို့) တစ်နာရီခန့် အုပ်ထား ပေးပါ။ ပြီးမှ ရှမ်ပူနဲ့ ခေါင်းလျှော်ပေးလိုက်ပါ။

Yatanarpon Health News
မြ၀တီ

Thursday, June 27, 2013

ကြက်သွန်ဖြူဟာ ကြက်သွန်နီထက် ပိုပြီးတော့တောင် အစွမ်းထက် သေးတယ်လို့ အချို့ ဆေးပညာရှင်တွေ
က ဆိုထားပါတယ်။

Telenor Mobile နဲ့ Ooredoo ကုမ္ပဏီ တို့ ဆက်သွယ်ရေး တင်ဒါအောင်မြင်ပြီ

Photo: တင်ဒါစိစစ်ရွေးချယ်ရေးအဖွဲ့က Telenor Mobile နဲ့ Ooredoo ကုမ္ပဏီ တို့ တင်ဒါအောင်မြင်ကြောင်း သတင်းထုတ်ပြန် ကြေညာချက်ဖြစ်ပါတယ်။

Ye Htut Facebook

တင်ဒါစိစစ်ရွေးချယ်ရေးအဖွဲ့ကTelenor Mobile နဲ့ Ooredoo ကုမ္ပဏီ တို့ တင်ဒါအောင်မြင်ကြောင်း သတင်း
ထုတ်ပြန် ကြေညာချက်ဖြစ်ပါတယ်။

နောင်ချိုမြို့နယ်ရဲစခန်းမှ ဖမ်းဆီးသွားသော တောင်သူ(၄)ဦးပြန်လွှတ် ပေးရေး ဒေသခံတောင်သူများ စုပေါင်း တောင်းဆို

Photo: နောင်ချိုမြို့နယ်ရဲစခန်းမှ ဖမ်းဆီးသွားသော တောင်သူ(၄)ဦးပြန်လွှတ် ပေးရေး ဒေသခံတောင်သူများ စုပေါင်း တောင်းဆို
Thursday, June 27, 2013

နောင်ချိုမြို့နယ်ရဲစခန်းမှ ဖမ်းဆီးသွားသော တောင်သူ (၄)ဦး ပြန်လည်လွတ်မြောက်နိုင်ရေးအတွက် ဒေသခံ တောင်သူများမှ နောင်ချိုရဲစခန်း ရှေ့တွင်  ယမန်နေ့ ဇွန်လ ၂၆ရက်နေ့ညက စုပေါင်းတောင်းဆိုမှု ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါရွာသား (၄)ဦးအား ခွင့်ပြုချက်မရဘဲ သိမ်းဆည်းထားသောလယ်ယာမြေပေါ်တွင် ၀င်ရောက်လုပ်ကိုင်သဖြင့် ခြေချုပ်ခံဝန်ဥပဒေ ပုဒ်မ ၅(၁) (စ) (ဆ)တို့ဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူးမှ တရားစွဲဆိုထားခြင်း ဖြစ်ကြောင်း၊ တောင်သူများဘက်မှ လယ်ယာမြေပြဿနာများအား လိုက်လံ ဖြေရှင်းပေးနေသည့် မမြနှင်းဆီ၏  ပြောကြားချက်အရ သိရသည်။

ကျွန်တော်တို့ ဒီလယ်ယာမြေဧက(သုံးထောင်)ကို ၂၀၀၇ ခုနှစ်မှာ ကော်ဖီစီမံကိန်းအတွက်ဆိုပြီး အစိုးရနဲ့ မိုးထက်ကုမ္ပဏီတို့က ပေါင်းပြီး သိမ်းသွားတာ၊ ပြီးတော့ ဒီနေ့အချိန်ထိ ဘာမှလည်း အကောင်ထည်မဖော်ဘူး၊ အဲဒီမြေတွေပေါ်မှာ ကြံ၊ သရက်၊ ပြောင်းတွေ စိုက်ထားပြီး တော့ ဖြစ်အောင်စိုက်တာလည်း မဟုတ်ဘူး၊ ကျွန်တော်တို့ တောင်သူတွေက ဒါကိုမကျေနပ်လို့ လယ်ယာမြေစုံစမ်းစစ်ဆေးရေးကို တင်ထား တာလည်း ဘာမှအကြောင်းမထူးဘူး။ တချို့ဆိုရင် မတတ်နိုင်တဲ့သူတွေက စားစရာမရှိတော့လို့ ၀င်ပြီး မိမိမူလပိုင်ဆိုင်ခဲ့တဲ့ လယ်တွေမှာ ၀င်လုပ်နေကြတာ၊ ဒါကိုလာပြီး ဖမ်းသွားတာ ဟုဒေသခံတောင်သူ ကိုသန်းဇော်မြင့်က ပြောကြားသည်။

ဖမ်းဆီးခံရသော တောင်သူ (၄)ဦးမှာ နောင်ချိုမြို့နယ်၊ ကံ့ကော်ကျေးရွာမှ ဦးညိုအေးနှင့် ဦးဖိုးချော၊ ရေပင် ကျေးရွာမှ ဦးကျော်ညွန့်၊ ငါးပင် ကျေးရွာမှ ဦးထွန်းအောင်တို့ ဖြစ်ကြောင်း သိရပြီး ဦးညိုအေး၊ ဦးဖိုးချောနှင့် ဦးကျော်ညွန့်တို့ (၃)ဦးအား အစည်းဝေးရှိသည် စခန်းသို့ လိုက်ခဲ့ ပါဟုဆိုပြီး ရဲစခန်းအတွင်း အချုပ်ထဲထည့် ထားပြီး၊ ငါးပင်ကျေးရွာမှ ဦးထွန်းအောင်ကိုမူ ယာတဲတွင်လာရောက်ခေါ်သွားခြင်းဖြစ်ကြောင်း သိရသည်။

ကျမတို့ ယာတဲမှာလာပြီး ထွန်းအောင်ဆိုတာ နင်လားလို့မေးတယ်၊ ပြီးတော့ စခန်းလိုက်ခဲ့လို့ ပြောပြီး လက်ကိုလာဆွဲတာ ကျမက ဘာလို့ လဲမေးတော့ သေနတ်နဲ့ မိသားစုကို ချိန်ထားတာ၊ ကျမယောက်ျားကို လက်ထိပ်ခတ်မယ်လုပ်တော့ ငါလိုက်မယ် လက်ထိတ်မခတ်နဲ့ဆိုတော့ ကားပေါ်ကို အတင်းတင်သွားတာ၊ ရဲ(၆)ယောက် ပါတယ်။ မနက်ပိုင်း (၇း၁၅)မှာ လာခေါ်သွားတာဟု ဖမ်းဆီးခံရသော ငါးပင်ကျေးရွာမှ ဦးထွန်းအောင်၏ ဇနီးဖြစ်သူ ဒေါ်နော်လီက ပြောကြားသည်။

ထိုကဲ့သို့ တောင်သူများအား ဖမ်းဆီးမှုကြောင့် အနီးအနားကျေးရွာ (၃)အုပ်စု ရွာ(၆)ရွာမှ ဒေသခံများမှ မွန်းလွဲ ၂နာရီ ၃၀ မိနစ် အချိန်မှ စတင် စုဝေးပြီး ဖမ်းဆီးခံရသူများ ပြန်လွှတ်ပေးရေး တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

ကျနော်က အုမ္မသီးကပါ၊ အခု ဦးထွန်းအောင်တို့ကို ဖမ်းထားတယ်။ သူတို့က ခေါင်းဆောင်ထင်ပြီး ဖမ်းထားတာထင်တယ်၊ တကယ်ဆို ခေါင်း ဆောင်မဟုတ်ဘူး။ တောင်သူအချင်းချင်းမို့ ၀ိုင်းဝန်းပြီး ကူညီလုပ်ပေးတာကို ဖမ်းသွားတာ၊ သူတို့ကို မလွှတ်မချင်း ကျွန်တော်တို့ မပြန်ဘူး ဟု အုမ္မသီးကျေးရွာမှ ဒေသခံ တစ်ဦးက ပြောကြားသည်။

အဆိုပါ ဖမ်းဆီးခံရသူများ ပြန်လည်လွတ်မြောက်ရေးတောင်းဆိုနေစဉ် ည(၈း၃၀)အချိန်မှာ နောင်ချိုမြို့နယ် ရဲစခန်းမှ ကျေးရွာအုပ်စု (၃)စုမှ
ခေါင်းဆောင်များဖြစ်သော ဦးကျော်မင်း၊ ဦးလှခင်၊ ဦးမင်းမင်းတို့ (၃)ဦးအား ထပ်မံခေါ်ယူပြီး ဆွေးနွေးညှိနှိုင်းကြကြောင်း သိရသည်။

ယင်းနောက် ည (၁၀း၃၀)အချိန်တွင် အဆိုပါဆွေးနွေးညှိနှိုင်းသူ (၃)ဦးနှင့် မြို့မိမြို့ဖများ၊ သဖန်းကိုင်း ဘုန်းတော်ကြီးကျောင်း ဆရာတော်များ မှ တောင်းဆိုမှုပြုနေသော လူထုအား လူစုခွဲပေးပါရန်နှင့် မနက်ဖြန် (၂၇)ရက်နေ့၊ နံနက် (၉)နာရီအချိန်တွင် ထိမ်းသိမ်းထားသူများအား ပြန် လည်လွှတ်ပေးမည်ဟု ကတိပြုသဖြင့် ည ၁၀နာရီ ၄၅မနစ်တွင်အချိန်တွင် လူစုကွဲသွားကြောင်း သိရသည်။

စိုင်းကံသာ (လားရှိုး)
မြန်မာ့ခေတ်

Thursday, June 27, 2013

နောင်ချိုမြို့နယ်ရဲစခန်းမှ ဖမ်းဆီးသွားသော တောင်သူ (၄)ဦး ပြန်လည်လွတ်မြောက်နိုင်ရေးအတွက် ဒေသ
ခံ တောင်သူများမှ နောင်ချိုရဲစခန်း ရှေ့တွင်ယမန်နေ့ ဇွန်လ၂၆ရက်နေ့ညက စုပေါင်းတောင်းဆိုမှု ပြုလုပ်ခဲ့
ကြကြောင်း သိရသည်။

ကွန်ဖရက်ဒရေးရှင်းဖလား ဗိုလ်လုပွဲသို့ တက်ရောက်သွားသည့် ဘရာဇီးလ်

Photo: ကွန်ဖရက်ဒရေးရှင်းဖလား ဗိုလ်လုပွဲသို့ တက်ရောက်သွားသည့် ဘရာဇီးလ်
Thursday, June 27, 2013

ကွန်ဖရက်ဒရေးရှင်းဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်တွင် ဥရုဂွေးအသင်းနှင့်တွေ့ဆုံခဲ့သည့် ဘရာဇီးလ်အသင်းသည် ကွင်းလယ်ကစားသမားပေါ်လင်ဟို ၏နောက်ကျသွင်းဂိုးဖြင့် အနိုင်ရရှိကာ ဗိုလ်လုပွဲစဉ်သို့တက်ရောက်သွားခဲ့ပြီဖြစ်သည်။ ဥရုဂွေးအသင်းသည် ပွဲချိန် ၁၄ မိနစ်တွင် ပင်နယ်တီကန်သွင်းခွင့်ရရှိခဲ့သော်လည်း ဘရာဇီးလ်အသင်း၏၀ါရင့်ဂိုးသမား ဂျူလီယိုဆီဇာ လက် စွမ်းပြကာကွယ်ခဲ့သဖြင့် ဦးဆောင်ဂိုးရရှိမည့်အခွင့်အရေး ဆုံးရှုံးခဲ့ရသည်။ 

ဘရာဇီးလ်အသင်းတွင် ဟော့ခ်၊ နေမာ၊ ပေါ်လင်ဟို၊ ဖရဒ်၊ အော်စကာ၊ ဂူစတာဗို၊ မာဆယ်လို၊ ဒန်နီယယ်အဲလ်ဗက်စ်၊ ဒေးဗစ်လူးဝစ္စ၊ သီယာဂိုဆေးလ်ဗား၊ ဂျူလီယိုဆီဇာ တို့ဖြင့်လူစုံခဲ့ပြီး ဥရုဂွေးအသင်းတွင် ဖော်လန်၊ ဆွာရက်ဇ်၊ ကာဗာနီ တို့၏တိုက်စစ်အတွဲဖြင့် ပွဲထွက်လာ ခဲ့သည်။ အိမ်ကွင်းပရိသတ်ရှေ့မှောက်တွင် ဘရာဇီးလ်အသင်း အကောင်းမွန်ဆုံးပုံစံဖြင့် ပွဲထွက်လာခဲ့သော်လည်း ပွဲချိန် ၁၄ မိနစ်တွင် ဒေးဗစ်လူးဝစ္စ ကြောင့်ဘရာဇီးလ်အသင်း ပင်နယ်တီပေးခဲ့ရသည်။ 

အဆိုပါ ပင်နယ်တီအား ဥရုဂွေး အသင်း၏၀ါရင့်တိုက်စစ်မှူး ဖော်လန် ကန်သွင်းသော်လည်း ဘရာဇီးလ်ဂိုးသမား ဂျူလီယိုဆီဇာ လက်စွမ်းပြပုတ်ထုတ် ကာကွယ်သွားခဲ့သည်။ ဥရုဂွေးအသင်းသည် ယခုပွဲစဉ်တွင် ဘရာဇီးလ်အသင်းအား အကောင်းမွန်ဆုံးဖိအားပေးနိုင်ခဲ့ သော်လည်း ၄၁ မိနစ်အရောက်တွင် ပေါ်လင်ဟို ၏အကောင်းမွန်ဆုံးပေးပို့မှုအား ဘရာဇီးလ်တိုက်စစ်မှူး နေမာ အဆုံး သတ်ရန်ကြိုးစားခဲ့သော်လည်း ဥရုဂွေး ဂိုးသမားနှင့်ထိပြီး ပြန်ထွက်လာသည့်ဘောလုံးအား တိုက်စစ်မှူး ဖရဒ် သွင်းယူ ခဲ့သဖြင့် ဘရာဇီးလ်အသင်းဦးဆောင်ဂိုးရရှိခဲ့သည်။ 

ဦးဆောင်ဂိုးပေးလိုက်ရသည့်အတွက်ပိုမိုကြိုးစားလာသည့် ဥရုဂွေး အသင်းသည် ဒုတိယပိုင်း ၄၈ မိနစ်တွင် ဘရာဇီးလ်နောက်ခံလူ သီယာဂိုဆေးလ်ဗား ၏ဘောလုံးပေးပို့မှုမသေသပ်ပုံမှ တဆင့် တိုက်စစ်မှူး ကာဗာနီ က ချေပဂိုးပြန်လည်သွင်းယူခဲ့သည်။ သို့သော် အိမ်ကွင်းပရိသတ်ရှေ့မှောက်တွင် အထူး ကြိုးစားနေသောဘရာဇီးလ်အသင်းသည်ပွဲချိန် ၈၆ မိနစ်တွင်ရရှိသောဒေါင့်ကန်ဘောမှတဆင့် ပေါ်လင်ဟို ခေါင်းတိုက် သွင်းယူခဲ့သဖြင့် ပွဲပြီးဆုံးချိန်တွင် ၂-၁ ဖြင့် ဘရာဇီးလ်အသင်းအနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်ရောက်သွားခဲ့သည်။

yatanarpon.com.mm

Thursday, June 27, 2013

ကွန်ဖရက်ဒရေးရှင်းဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်တွင် ဥရုဂွေးအသင်းနှင့်တွေ့ဆုံခဲ့သည့် ဘရာဇီးလ်အ
သင်းသည်ကွင်းလယ်ကစားသမားပေါ်လင်ဟို ၏နောက်ကျသွင်းဂိုးဖြင့် အနိုင်ရရှိကာ ဗိုလ်လုပွဲစဉ်သို့တက်
ရောက်သွားခဲ့ပြီဖြစ်သည်။

တောင်အာဖရိကသမ္မတဟောင်း နယ်လ်ဆင် မန်ဒဲလား အသက်ကယ်ကိရိယာ တပ်ဆင်ထားရ”

Photo: “နယ်လ်ဆင် မန်ဒဲလား အသက်ကယ်ကိရိယာ တပ်ဆင်ထားရ”
Thursday, June 27, 2013

တောင်အာဖရိက #South #Africa သမ္မတဟောင်း နယ်လ်ဆင် မန်ဒဲလားသည် #Mandela အသက်ကယ်ကိရိယာ တပ်ဆင်ထားရကြောင်း သိရှိရသည်။ အသက် ၉၅ နှစ်အရွယ် မန်ဒဲလားသည် ၎င်းကိုယ်တိုင် အသက်ရှူနိုင်ခြင်း မရှိတော့သည့်အတွက် အသက်ကယ်ကိရိယာ တပ်ဆင်ထားရကြောင်း ဗုဒ္ဓဟူးနေ့က မန်ဒဲလား၏ဆွေမျိုးများက ပြောကြားသည်။

တောင်အာဖရိက သမ္မတဟောင်း၏ ကျန်းမာရေးမှာ အဆိုးဆုံးအခြေအနေ ဖြစ်လာသော်လည်း နာလန်ပြန်ထူလာနိုင်ရန် တောင်အဖရိကနိုင်ငံသားများက ဆုတောင်းမျှော်လင့်နေကြသည်။ လက်ရှိသမ္မတ ဂျက်ကော့ဘ် ဇူးမားသည်လည်း မန်ဒဲလား၏ ကျန်းမာရေးအခြေအနေကြောင့် အိမ်နီးချင်း မိုဇမ်ဘစ်နိုင်ငံသို့ သွားရောက်မည့် ခရီးစဉ်ကို ဖျက်သိမ်းလိုက်သည်။

Planet.com.mm

Thursday, June 27, 2013

တောင်အာဖရိက #South #Africa သမ္မတဟောင်း နယ်လ်ဆင် မန်ဒဲလားသည် #Mandela အသက်ကယ်ကိရိ
ယာ တပ်ဆင်ထားရကြောင်းသိရှိရသည်။အသက် ၉၅ နှစ်အရွယ် မန်ဒဲလားသည် ၎င်းကိုယ်တိုင် အသက်ရှူ
နိုင်ခြင်း မရှိတော့သည့်အတွက်အသက်ကယ်ကိရိယာတပ်ဆင်ထားရကြောင်းဗုဒ္ဓဟူးနေက မန်ဒဲလား၏ဆွေ
မျိုးများက ပြောကြားသည်။

လစ်လပ်နေသော လွှတ်တော်ကိုယ်စားလှယ် နေရာများအတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် အစီအစဉ် မရှိသေး

Photo: လစ်လပ်နေသော လွှတ်တော်ကိုယ်စားလှယ် နေရာများအတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် အစီအစဉ် မရှိသေး
Thursday, June 27, 2013

လွှတ်တော်ကိုယ်စားလှယ် လစ်လပ်လျက်ရှိသော မဲဆန္ဒနယ်အတွက် ကြားဖြတ်ရွေးကောက်ပွဲများ ပြုလုပ်ရန် အစီအစဉ် မရှိသေးကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ဇွန် ၂၆ ရက်တွင် ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ပုသိမ်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်နှင့် မြေပုံမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းတို့၏ လစ်လပ်မဲဆန္ဒ နယ်မြေများအတွက် ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် ပတ်သက်ပြီး မေးမြန်းသော မေးခွန်းများအပေါ် ယခုလို ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ဦးဝင်းမြင့်က "လစ်လပ်လျက်ရှိတဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်၊ ပြည်နယ်လွှတ်တော်များရဲ့ မဲဆန္ဒနယ်များအတွက် ပြည်သူ့ကိုယ်စားလှယ်လည်း မရှိ၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများလည်း ဆောင်ရွက်မည့်သူလည်း မရှိ၊ အုပ်ချုပ်ရေး လူမှုရေး စီးပွားရေးတို့နှင့် စပ်လျဉ်းပြီး ပြည်သူ့ဆန္ဒကို ဖော်ဆောင်ပေးမည့်သူလည်း မရှိ၊ အာဏာပိုင်တို့က အလေးထား တိုင်ပင်အပ်တဲ့ ပုဂ္ဂိုလ်လည်း မရှိဖြစ်ရပါတယ်" ဟု မေးခွန်းမေးမြန်းရာတွင် ထည့်သွင်းပြောကြားသည်။

လက်ရှိတွင် ကိုယ်စားလှယ် လစ်လပ်လျက်ရှိသော မဲဆန္ဒနယ်မြေများမှာ ပြည်သူ့လွှတ်တော်တွင် ခြောက်နေရာ၊ အမျိုးသား လွှတ်တော်တွင် ငါးနေရာ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် အစည်းအဝေးများတွင် ငါးနေရာ လစ်လပ်လျက် ရှိသော်လည်း ရာခိုင်နှုန်းအားဖြင့် နည်းပါးခြင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လစ်လပ်တိုင်း ကျင်းပမည် မဟုတ်ဘဲ သင့်လျော်သော လစ်လပ်မဲဆန္ဒနယ် အရေအတွက် အတိုင်းသာ အခါအားလျော်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ဖြေကြားရာတွင် ထည့်သွင်းပြောကြားသည်။

ထို့အတူ မြေပုံမဲဆန္ဒနယ်မှ ဦးဖေသန်း ၏ ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်နိုင်ရေးအတွက် အချိန်ကာလ အကန့်အသတ်တစ်ခု သတ်မှတ်ပြဋ္ဌာန်းပေးရန် အစီအစဉ် ရှိ/မရှိ နှင့် ပတ်သက်၍ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ သတ်မှတ်နိုင်ခြင်း မရှိပါကြောင်း ဦးတင်အေးက ဆက်လက်ဖြေကြားသည်။

ယင်းနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက "ရွေးကောက်ပွဲ ကော်မရှင်ကလည်း ဥပဒေ၊ နည်းဥပဒေတွေနဲ့ ဆွေးနွေးသွားတယ်။ ဆွေးနွေးသွားတဲ့ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနဲ့ ပတ်သက်ပြီး ပြန်လည်ပြင်ဆင်ဖြည့်စွက် ခြင်းများလည်း ပြုလုပ်နိုင်တယ်။ အဲဒါ မိမိတို့ လွှတ်တော်ရဲ့အဓိက တာဝန်ဖြစ်တယ်။ ပိုမိုကောင်းမွန်တဲ့ ဥပဒေ ဖြစ်ရေးအတွက် လွှတ်တော်ရော၊ ကိုယ်စားလှယ်ရောမှာ တာဝန်ရှိပါတယ်" ဟု ပြောကြားသည်။

EMG

၂၀၁၂ ခုနှစ် ဧပြီလတွင် ပြုလုပ်ခဲ့သော ကြားဖြတ်ရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ အနိုင်ရရှိ၍ NLD ပါတီဝင်များ အောင်ပွဲခံစဉ်
၂၀၁၂ ခုနှစ် ဧပြီလတွင် ပြုလုပ်ခဲ့သော ကြားဖြတ်ရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ အနိုင်ရရှိ၍ NLD ပါတီဝင်များ အောင်ပွဲခံစဉ်
Thursday, June 27, 2013

လွှတ်တော်ကိုယ်စားလှယ်လစ်လပ်လျက်ရှိသောမဲဆန္ဒနယ်အတွက် ကြားဖြတ်ရွေးကောက်ပွဲများ ပြုလုပ်ရန်
အစီအစဉ် မရှိသေးကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ဇွန် ၂၆ ရက်တွင်
ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

စွမ်းအင်ဆိုင်ရာ မူဝါဒ ချမှတ်ပြီးပါက CNG အရောင်းဆိုင်များကို ပုဂ္ဂလိကနှင့် ပူးတွဲလုပ်ကိုင်ခွင့် ပေးဖွယ်ရှိနေ

Photo: စွမ်းအင်ဆိုင်ရာ မူဝါဒ ချမှတ်ပြီးပါက CNG အရောင်းဆိုင်များကို ပုဂ္ဂလိကနှင့် ပူးတွဲလုပ်ကိုင်ခွင့် ပေးဖွယ်ရှိနေ
Thursday, June 27, 2013

မြန်မာနိုင်ငံအတွက် နိုင်ငံတကာ စံနှုန်းနှင့် ကိုက်ညီသော စွမ်းအင်ဆိုင်ရာ မူဝါဒများ ချမှတ်ပြီးစီးပါက CNG အရောင်းဆိုင်များကို ပုဂ္ဂလိကနှင့် ပူးတွဲလုပ်ကိုင်ခွင့်ပေးရန် စီစဉ်ဖွယ် ရှိနေသည်ဟု National Energy Development Committee မှ ဦးသောင်းဝင်းက ပြောကြားသည်။

"CNG က မြန်မာနိုင်ငံရဲ့ အနာဂတ်မှာ အဆပေါင်းများစွာ တိုးချဲ့ထုတ်လုပ်ဖို့ ရှိနေတယ်။ နိုင်ငံတော် မူဝါဒကလည်း ပြည်တွင်း၊ ပြည်ပ ပူးတွဲလုပ်ငန်းတွေကို အကောင်အထည်ဖော်မှာ ဖြစ်တဲ့အတွက် ပုဂ္ဂလိက လုပ်ငန်းတွေကို အားပေးနေတာ ဖြစ်တယ်။ ဒီတော့ ဓာတ်ငွေ့အရောင်းဆိုင် လုပ်ငန်းကိုလည်း သေချာပေါက် အားပေးမှာ ဖြစ်တယ်။ သို့ပေမယ့် ပြည်တွင်းက အရင်းအနှီးရှိတဲ့သူနဲ့ တွဲလုပ်ရမှာဖြစ်လို့ ဖက်စပ် (Joint Venture) လုပ်ဖို့ ဖြစ်နိုင်ခြေ များပါတယ်" ဟု ၎င်းကဆိုသည်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံတွင် CNG ဖြည့်ပေးသည့် Station ၄၅ ခုလုံးသည် အစိုးရပိုင် ဖြစ်သည်။

မြန်မာနိုင်ငံတွင် CNG ကို စီးတီးဘတ်စ်များနှင့် တက္ကစီများအတွက် အများဆုံး ထောက်ပံ့ပေးနေပြီး နောင်တွင် အခြားယာဉ်များကိုပါ တိုးချဲ့ပေးသွားရန် မျှော်မှန်းထားကြောင်း သိရသည်။

"လက်ရှိရေးဆွဲနေတဲ့ စွမ်းအင်မူဝါဒမှာ မြစ်တွင်းသွား သင်္ဘောတွေ အတွက်လည်း ဆောင်ရွက်ရမယ့်ကိစ္စ ဖြစ်ပါတယ်။ ဒါပေမဲ့ CNG က သိုလှောင်ရတဲ့ ပမာဏက အကန့်အသတ် ရှိပါတယ်။ မြစ်တွင်းသွား သင်္ဘောတွေက ခရီးအကွာအဝေးနဲ့ ဓာတ်ငွေ့ဖြည့်ပေးမယ့် Station တွေ အဆင်ပြေရင် တဖြည်းဖြည်း ပေးသွားဖို့ အစီအစဉ် ရှိပါတယ်" ဟု မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းမှ ညွှန်ကြားရေးမှူး ဦးညီညီစိန်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ စွမ်းအင်ထုတ်လုပ်မှု ရည်မှန်းချက်အရ ကာလတို ငါးနှစ်စီမံကိန်းအဖြစ် ၂၀၁၁-၁၂ ခုနှစ်မှ ၂၀၁၅-၁၆ ခုနှစ်အတွင်း ရေနံစိမ်းကို ကုန်းတွင်းကမ်းလွန် နှစ်ရပ်ပေါင်းတွင် ရေနံစိမ်းစည် သန်းပေါင်း (၆ ဒသမ ၆ သန်း) မှ (၆ ဒသမ ၆၁၂ သန်း) အထိ ၀ ဒသမ ၂ ရာခိုင်နှုန်း တိုးမြှင့်ထုတ်လုပ် သွားမည်ဟု သိရသည်။

ကာလတို ငါးနှစ်စီမံကိန်းတွင် သဘာဝဓာတ်ငွေ့ကို ကုန်းတွင်းကမ်းလွန် နှစ်ရပ်ပေါင်း ကုဗပေသန်းပေါင်း ၄၆၅၂၈၀ မှ ၇၉၁၈၇၄ သန်း၊ ၇၀ ဒသမ ၂ ရာခိုင်နှုန်းအထိ တိုးမြှင့်ထုတ်လုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

EMG

CNG အသုံးပြုရသော လိုင်းကားအချို့ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
CNG အသုံးပြုရသော လိုင်းကားအချို့ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
Thursday, June 27, 2013

မြန်မာနိုင်ငံအတွက် နိုင်ငံတကာ စံနှုန်းနှင့် ကိုက်ညီသော စွမ်းအင်ဆိုင်ရာ မူဝါဒများ ချမှတ်ပြီးစီးပါက CNG အရောင်းဆိုင်များကို ပုဂ္ဂလိကနှင့် ပူးတွဲလုပ်ကိုင်ခွင့်ပေးရန် စီစဉ်ဖွယ် ရှိနေသည်ဟု National Energy Devel
opment Committee မှ ဦးသောင်းဝင်းက ပြောကြားသည်။

လွှတ်တော်သည် ပိုမိုအားကောင်း လာသည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

Photo: လွှတ်တော်သည် ပိုမိုအားကောင်း လာသည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Thursday, June 27, 2013

လွှတ်တော်သည် ပိုမိုအားကောင်း လာသည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ဇွန် ၂၆ ရက် လွှတ်တော်အစည်းအဝေး မစတင်မီ သတင်းထောက်များကို ပြောကြားသည်။

လွှတ်တော် အစည်းအဝေးများကို ၂၀၁၁ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှစ၍ ကျင်းပခဲ့ပြီး အထူးအစည်းအဝေး တစ်ကြိမ်၊ ပုံမှန်အစည်းအဝေး ခြောက်ကြိမ် ကျင်းပခဲ့ပြီး လက်ရှိတွင် သတ္တမအကြိမ် ပုံမှန်အစည်းအဝေး ကျင်းပလျက် ရှိသည်။
    
လွှတ်တော်အစည်းအဝေး ဒုတိယ သက်တမ်းတွင် ပြည်ထောင်စုလွှတ်တော် နာယကအဖြစ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောင်းလဲတာဝန် ယူမည်ဖြစ်သောကြောင့် လွှတ်တော်သည် ပိုမိုအားကောင်း လာနိုင်သည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။

"နာယက ပြောင်းတာကြောင့်လို့ မပြောလိုပါဘူး။ ဘယ်နာယကကြီးပဲဖြစ်ဖြစ် အကောင်းဆုံး လုပ်ကြမှာပါပဲ။ လွှတ်တော်ရဲ့ ပုံစံကိုက တစ်နေ့ထက်တစ်နေ့ ပိုအားကောင်းလာတာ" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းကလည်း ယခင်က လွှတ်တော်အစည်းအဝေးများကို ငါးမိနစ်လွှတ်တော်ဟု ဝေဖန်ကြကြောင်း၊ နောက်လက်ညှိုးထောင် ခေါင်းညိတ်လွှတ်တော်ဟု ခေါ်ဝေါ်ကြကြောင်း၊ လက်ရှိတွင် အနောက်နိုင်ငံများ အပါအ၀င် နိုင်ငံအများစုမှာ လွှတ်တော်သည် ပိုမိုပီပြင် အသက်ဝင်လာသည်ဟု လက်ခံလာကြကြောင်း ပြီးခဲ့သည့် လွှတ်တော်အစည်းအဝေးများတွင် ပြောကြားသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်သည် ပြည်သူများအပေါ် အကျိုးသက်ရောက်မှု အားနည်းနေသေးကြောင်း ဇွန် ၉ ရက်က ပြင်ဦးလွင်မြို့တွင် လူထုတွေ့ဆုံပွဲ ပြုလုပ်စဉ်က ဝေဖန်ပြောကြားသည်။

EMG

ဇွန် ၂၆ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်
ဇွန် ၂၆ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်
Thursday, June 27, 2013
လွှတ်တော်သည် ပိုမိုအားကောင်း လာသည်ဟုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်
စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ဇွန် ၂၆ ရက် လွှတ်တော်အစည်းအဝေး မစတင်မီသတင်းထောက်များ
ကို ပြောကြားသည်။

တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရုံနှင့် ငြိမ်းချမ်းရေး ရပြီဟု မဆိုနိုင်ဘဲ နိုင်ငံရေးအရ ဆက်လက်ဆွေးနွေးရန် များစွာကျန်ရှိနေသေး

Thursday, June 27, 2013

တိုင်းရင်းသား လက်နက်ကိုင်များနှင့်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရုံနှင့် ငြိမ်းချမ်းရေး ရပြီဟု မဆိုနိုင်ဘဲ နိုင်ငံရေး

အရ ဆက်လက်ဆွေးနွေးရန် များစွာကျန်ရှိနေသေးဟု သမ္မတ ဦးသိန်းစိန်က ဇွန် ၂၅ ရက်က နေပြည်တော်
၌ ပြုလုပ်ခဲ့သည့် စီမံကိန်း ကော်မရှင်အစည်းအဝေးတွင်အစိုးရအဖွဲ့ ခေါင်းဆောင်များအား ပြောကြားသည်။

ဓမ္မနှင့် လုံးဝဆန့်ကျင်ရာ ….

၂၇.၆.၂၀၁၃
အချိန်ကည ၈ နာရီခန့်။ နေရာကမွန်ပြည်နယ်၊ မော်လမြိုင်မြို့ရဲ့အုတ်ကျင်းရပ်ကွက်ဘုန်းကြီးကျောင်းတစ်
ကျောင်းမှာပေါ့။ဒီညဆရာတော်ဦးဝိမလဘိဝံသတရားဟောဖို့ရှိတယ်။ဆရာတော်ဟာအထင်ကရ ဘုန်းကြီး
တစ်ပါးဖြစ်ပေမယ့်ဓမ္မာရုံထဲကတရားပွဲလာပရိသတ်ကတော့၁၀၀ ခန့် မရှိတတ်ရှိတတ်၊ဒါပေမယ့်အပြင်ဘက်
မှာ ကလေးအယောက် ၁၀၀ လောက်တော့ ရှိနေပါသေးတယ်။

Need for Speed ကို ရုပ်ရှင် ရိုက်ကူးပြီ

Need for Speed ကို ရုပ်ရှင် ရိုက်ကူးပြီ

ကမ္ဘာကျော် ပြိုင်ကားမောင်း ဂိမ်း စီးရီး ဖြစ်တဲ့ Need for Speed ကို ရုပ်ရှင် အဖြစ် ရိုက်ကူးနေပြီ ဖြစ်ပါတယ်။ 

၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလလောက်မှာ ရုံတင်ဖိုပအတွက် ယာထားပြီး ရိုက်ကူးနေပြီ ဖြစ်တဲ့ ရုပ်ရှင် ဖြစ်ပါတယ။် ရိုက်ကွင်းကို အမေရိကန်တင် မကပဲ အခြားသော နိုင်ငံများမှာလည်း သွားရောက် ရိုက်ကူးထားတယ်လို့ ဆိုပါတယ်။ Story ကတော့ ဘယ်ဂိမ်းကို အခြေခံသလဲ မသိရသေးပါဘူး။ အများစုကတော့ Story ကောင်းတဲ့ The Run နဲ့ Hot Pursuit နှစ်ခုထဲက တစ်ခုခုကို အခြေခံမယ်လို့ ယုံကြည်ထားကြပါတယ်။ 

ဟောလိဝုဒ် ရုပ်ရှင်မင်းသား Aaron Paul ဦးဆောင်ပါဝင်ပြီး ပြိုင်ကားလောကမှ တကယ့် Racer များလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ ကမ္ဘာ့အကောင်းဆုံး ကားတွေချည်း ဂိမ်းတွေထဲကလို အသုံးပြုထားပါတယ်။ Bugatti, Lamborghini, Ferrari, Porsche တို့အပြင် ကမ္ဘာ့အမြန်ဆုံး၊ ဈေးအကြီးဆုံး ပြိုင်ကားတွေ ချည်း မြင်တွေ့ရမှာပါ။ ကားတွေနဲ့တင် အမေရိကန်ဒေါ်လာ သန်း ရာချီ၊ ထောင်ချီကုန်ကျတဲ့ ရုပ်ရှင်မို့ ကမ္ဘာ့ကုန်ကျစရိတ်အများစု ရုပ်ရှင် ကားစာရင်းထဲမှာလည်း ပါဝင်လာနိုင်ချေ ရှိပါတယ်။ လေယာဉ်ပျံ၊ ရဟတ်ယာဉ် တို့လည်း ပါဝင် အသုံးပြုပါတယ်။

လက်ရှိ ရိုက်ကူးနေမှု တစ်ဝက်ကျော်နေပြီ ဖြစ်ပြီး ၂၀၁၄ ဖေဖော်ဝါရီမှာ ကမ္ဘာအနှံ့ ရုံတင်မယ့် ရုပ်ရှင်ကားကြီး ဖြစ်ကြောင်း သိရပါတယ်။
.
Ref: techblog
Aung Kham (TSJ team)

http://blog.techspace.com.mm/2013/06/need-for-speed.html

.

ကမ္ဘာကျော် ပြိုင်ကားမောင်း ဂိမ်း စီးရီး ဖြစ်တဲ့ Need for Speed ကို ရုပ်ရှင် အဖြစ် ရိုက်ကူးနေပြီ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလလောက်မှာ ရုံတင်ဖိုပအတွက် ယာထားပြီး ရိုက်ကူးနေပြီ ဖြစ်တဲ့ ရုပ်ရှင် ဖြစ်ပါ
တယ။်

Gothere Myanmar 2013 v1.1.1.1 for Android



Android ဖုန်း/Talet တွေအတွက် နာမည်ကြီး မြန်မာဆော့ဝဲလေးတစ်ခုဖြစ်တဲ့ Gothere Myanmar 2013 v1.1.1.1 for Android ကိုတင်ပေးလိုက်ပါတယ်။ ဒီဆော့ဝဲလေးကလုပ်ဆောင်ပေးနိုင်တဲ့အချက်တွေကတော့-

ဓါတ်ပုံပေါ်မှာစာတွေဖွက်မယ့် Apk

1

“ဓါတ်ပုံပေါ်မှာစာတွေဖွက်မယ်”ညီလေးညီမလေးတွေအသုံးဝင်မယ်ထင်ပါတယ် ဒီဆော့လေးကို ကိုယ့်ဖုန်း
ရယ် ကိုယ့်ရည်းစားဖုန်း ရယ်မှာထည့်ထားရင်ဘယ်လိုလုပ်လို့ရတယ်ဆိုတာပြောပြမယ်နော်။

Samsung မှ Samsung Galaxy S4 LTE A ကိုမိတ်ဆက်ပြသ



ဒီနေ့မှာ ကိုးရီးယား အီလက်ထရောနစ် ဘီလူးကြီး Samsung က နေ ကမ္ဘာ့ internet speed အမြန်ဆုံး ဖုန်းကို တရားဝင် ထုတ်ပြလိုက်ပါတယ် ….အဲ့ဒီ့ ဖုန်းကတော့ Galaxy S4 LTE_Aပဲ ဖြစ်ပြီ: ကိုးရီးယား မှာပဲရအုံးမှာပါ..

Samsung နှင့်ပူးပေါင်းလုပ်ကိုင်လိုကြောင်း Facebook ပြောဆို



Facebook အမှုဆောင် အရာရှိချုပ် Mark Zuckerberg သည်၎င်းတို့ကုမ္ပဏီ၏မိုဘိုင်းကြော်ငြာ ရောင်းအားကို
ပိုမိုမြှင့်တင်ပေးနိုင်မည့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးပွဲတစ်ရပ်ကို Samsungကုမ္ပဏီ၏ ဥက္ကဋ္ဌနှင့်
တွေ့ဆုံပြုလုပ်ခဲ့ကြောင်းသိရသည်။Mark Zuckerberg ၏ အာရှခရီးစဉ်တွင် Samsung ဥက္ကဋ္ဌဖြစ်သူ Shin Jong Kyun နှင့် တွေ့ဆုံခဲ့ပြီး ပဏာမ အကျိုးတူပူးပေါင်းမှု ပြုလုပ်ရန် ဆွေးနွေးခဲ့သည်။

ရန်ကုန်လေဆိပ် စီမံကိန်း စက်တင်ဘာလ စတင်အကောင်အထည်ဖော်မည်

Wednesday, June 27, 2013

ရန်ကုန် (မဇ္ဈိမ)။ ။ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် တိုးချဲ့ပြုပြင်ရေး စီမံကိန်းကို စက်တင်ဘာလ အ

တွင်း စတင်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ
တဆင့် သိရသည်။

သမ္မတ ပြောခွင့်ရအရာရှိ တက်မယ့် စိတ်ဝင်စားစရာ ဆွေးနွေးပွဲ

Photo: သမ္မတ ပြောခွင့်ရအရာရှိ တက်မယ့် စိတ်ဝင်စားစရာ ဆွေးနွေးပွဲ 
Wednesday, June 26, 2013

အမုန်းပွားစေတဲ့ ရေးသားပြောဆိုမှု (hate speech) တွေ မြန်မာပြည်သား အင်တာနက်သုံးသူများကြားထဲကို အလုံးအရင်းနဲ့ ရောက်နေတာ တနှစ်ကျော်သွားပါပြီ။
ဒီလို ရေးသားပြောဆိုမှုတွေ လျော့နည်းစေဖို့ ရေးသားတိုက်တွန်းချက်တွေ အားနည်းနေပါသေးတယ်။

အမေရိကန်သံရုံးရဲ့ တွစ်တာကနေ ပြီးခဲ့တဲ့ မိနစ်ပိုင်းအတွင်း ဖိတ်စာတစောင် တက်လာပါတယ်။

မြန်မာပြည်အတွင်း အမုန်းတရား တိုးပွားစေတဲ့ ရေးသားပြောဆိုမှု တားဆီးရေးဆိုင်ရာ ဆွေးနွေးပွဲကို
ဇွန်လ ၂၈ ရက်နေ့ သောကြာနေ့ မနက် ၉းဝဝ ရန်ကုန်မြို့ Chatrium ဟိုတယ်မှာ  လုပ်မယ် တဲ့။

Open Invite လို့ ဆိုထားတာကြောင့် မည်သူမဆို တက်ရောက်နိုင်သည်ပေါ့။

ပြန်ကြားရေးဒုဝန်ကြီး နဲ့  ဘာသာရေးခေါင်းဆောင်များ ပါဝင်တဲ့ ဆွေးနွေးပွဲ လို့လည်း ဆိုထားပါတယ်။
အင်တာနက် သတင်းများမှာတော့ ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ် တက်ရောက်မယ်လို့ ဆိုကြပါတယ်။
ဦးရဲထွဋ်က အဲဒီ ဆွေးနွေးပွဲသွားပြီး အမုန်းတရားတိုးပွားအောင် ပြောဆိုမှာလားလို့ တချို့က အတည်ပေါက် နောက်ပြောင်နေတာကိုလည်း Facebook မှာ တွေ့ရမှာပါ။
ဒုဝန်ကြီး ဦးရဲထွဋ်က သမ္မတရဲ့ ပြောခွင့်ရအရာရှိလည်း ဖြစ်တာကြောင့် ဒီဆွေးနွေးပွဲမှာ သူ ဘာတွေ ပြောမလဲ ဆိုတာကတော့ အင်မတန် စိတ်ဝင်စားဖို့ ကောင်းမှာပါ။

အဲဒီပွဲကိုတက်ရောက်ပြီးတော့ ဦးဆောင် ဆွေးနွေးဖွယ်ရှိတဲ့ ဘာသာရေးခေါင်းဆောင်များရဲ့ အမြင်ကလည်း သေချာပေါက် စိတ်ဝင်စားဖို့ကောင်းပါလိမ့်မယ်။
ဒီဆွေးနွေးပွဲ (workshop) ကနေ မြန်မာပြည်မှာ အမုန်းပွားစေတဲ့ ရေးသားပြောဆိုမှု  လျော့နည်းစေရေး နည်းနာတွေ၊ အကြံပြုချက်တွေ ထွက်ပေါ်လာမယ်လို့ မျှော်လင့်ရပါတယ်။  

ဧရာဝတီblog

Wednesday, June 27, 2013

အမုန်းပွားစေတဲ့ ရေးသားပြောဆိုမှု (hate speech) တွေ မြန်မာပြည်သား အင်တာနက်သုံးသူများကြားထဲကို အလုံးအရင်းနဲ့ ရောက်နေတာ တနှစ်ကျော်သွားပါပြီ။ ဒီလို ရေးသားပြောဆိုမှုတွေ လျော့နည်းစေဖို့ ရေးသား
တိုက်တွန်းချက်တွေ အားနည်းနေပါသေးတယ်။

ဂျပန်ဆိပ်ကမ်းတွင် မြန်မာအတွက် ကားတွေ မီးလောင်

Golden Fan သင်္ဘောပေါ်က ကားတွေမီးလောင်သွားတယ်လို့ကြားတယ်လောင်တာဂျပန်YokohamaPort
သင်္ဘောတင်ရင်း လောင်သွားပါတဲ့ ..Truck ကားကြီး ကစလောင်တယ်လို့ ပြောတယ် ..သင်္ဘောကတော့ ဘာမှတော့မဖြစ်ပါဘူးသင်္ဘောက ကားပဲလောင်တာ ကား၅ စီးလောက်တော့ ပါသွားတယ်ကြားတယ် ..။

ပန်ဘဲတန်းမြို့နယ် ၂၅လမ်းအလယ်ဘလောက်ရှိ ထရန်စဖော်မာ ယမန့်နေ့ညပိုင်းက မီးလောင်မှုဖြစ်ပွား

၂၆.၆.၂၀၁၃
ရန်ကုန်တိုင်းဒေသကြီး ပန်ဘဲတန်းမြို့နယ် ၂၅လမ်းအလယ်ဘလောက်ရှိ ထရန်စဖော်မာကြီး ယနေ့ ၂၆.၆
၂၀၁၃ညပိုင်းကမီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။"ဗလီအနီးက ထရန်စဖော်မာ မီးဗို့အားမနိုင်
ပဲထပေါက်တာပါ " ပန်ဘဲတန်းရပ်ကွက်နေသူတစ်ဦးကပြောပြပါတယ်။

ဝါဝါဝင်းရွှေကို Fatherland ( ဦးကျော်မြင့် )အသရေဖျက်မှုဖြင့် အမှုဖွင့်

ရုပ်ရှင်မင်းသမီးကြီး ဝါဝါဝင်းရွှေနှင့် Fatherland ဆောက်လုပ်ရေး ကုမ္ပဏီကြား အငြင်းပွားမှုပေါ်ပေါက်နေပြီး သဘောတူစာချုပ်ကို တစ်ဖက်သတ်ဖျက်သိမ်းပါက ပေးအပ်ထားသော စရန်ငွေ ကျပ် သိန်း၉ထောင် ဆုံးရှုံးမည်ဖြစ်သည်ဟု Fatherland ကုမ္ပဏီက ဇွန်လ ၂၆ရက်နေ့ရက်စွဲဖြင့် ကြေညာလိုက်သည်။