Pages

Saturday, June 22, 2013

လက်ပံမှာ ပရိတ်သတ်တစ်ယောက်အနေနဲ့  ကိုပြေတီဦး ကိုအကယ်ဒမီ ရစေချင်တယ်

လက်ပံမှာ ပရိတ်သတ်တစ်ယောက်အနေနဲ့  ကိုပြေတီဦး ကိုအကယ်ဒမီ ရစေချင်တယ်
Saturday, June 22, 2013

လက်ပံဇာတ်ကားကြီး တစ်ကားလုံးက ကောင်းတယ်။အားလုံး ကပြောစရာ မရှိအောင် လုပ်ထားတဲ့ အတွက် အရမ်းကောင်းပါတယ် ။ကိုပြေတီဦး ကလည်း ဒီဇာတ်ကားကြီးကို ရိုက်ဖို့ အတွက် အကောင်းဆုံးဖြစ်အောင် စိတ်နှစ်လုပ်ထားပါတယ်။ အူဝဲအနေနဲ့  ကြိုက်နှစ်သက်ပါတယ်။ တကယ်လို့ အကယ်ဒမီပေးပါဆိုရင်လည်း ဇာတ်ကားတစ်ကားလုံးမှာ ပါဝင်သူတွေ အားလုံးကို အကယ်ဒမီပေးချင်တယ်။ ကိုပြေတီဦးကို ပရိတ်သတ် တစ်ယောက်အနေနဲ့ကတော့ အူဝဲရစေချင်ပါတယ် ။ အခုက အူဝဲအတွက် ဒုတိယရင်သွေးမယူရသေးပါဘူး ။

ယူဖို့ အစီအစဉ်တော့ရှိပါတယ်။ အနုပညာအလုပ်တွေ ခဏအနားယူလိုက်
တာကလဲ ပြေသုဒြာလေးကို ဂရုစိုက်ချင်လို့ ပါ။ ဇာတ်ကား ၊ ဇာတ်လမ်းကောင်းတွေ့ ရင် ရိုက်ဖြစ်မှာပါ ။ လုံးဝနားလိုက်တာမဟုတ်ပါဘူး အနုပညာအလုပ်တွေ လျှော့လိုက်တာပါပဲ ။

လက်ပံဇာတ်ကားကြီးနဲ့ ပတ်သတ်ပြီး အခက်အခဲတွေ အများကြီးကြုံခဲ့ရလို့  အခုလိုအရမ်းကောင်းသွားတာပါ။ ကိုပြေတီဦးက စိတ်ဓာတ် ကျသွားတာမျိုး မရှိပါဘူး ။ ဒီအရာကို အဆင်မပြေရင် တခြား အဆင်ပြေအောင်လုပ်တယ်။ လက်ပံဇာတ်ကားကြီးက ကိုပြေတီဦးအတွက် ဒုတိယ စိန်ခေါ်မှူပါ။ ဒီဇာတ်ကားမှာ သူက အဖေတစ်ယောက်ကနေ သရုပ်ဆောင်ထားတယ်။ တစ်ချက်ကလည်း ဖွေးဖွေးရဲ့ အဖေနေရာမျိုးကနေ မရိုက်သင့်ဘူးလို့ ထင်
တယ်။ ဒါပေမယ့် သရုပ်ဆောင်တစ်ယောက်က သူသရုပ်ဆောင်မယ့် ကာရိုက်တာကို ကိုယ်တိုင် စိတ်တိုင်းကျမှ အောင်မြင်တာ ဆိုတော့ အူဝဲအနေနဲ့  အကောင်းဆုံးဖြစ်အောင် သူ့ ကို အားပေးခဲ့ပါတယ်။ ကိုယ်ကတော့ ဘေးကနေ စိတ်ပူနေခဲ့ရပါတယ်။ သူကတော့ အကောင်းဆုံး တိုက်ပွဲဝင်ခဲ့ပါတယ်။

8 DAYS A WEEK ENTERTAINMENT

Saturday, June 22, 2013

လက်ပံဇာတ်ကားကြီး တစ်ကားလုံးက ကောင်းတယ်။အားလုံး ကပြောစရာ မရှိအောင် လုပ်ထားတဲ့ အတွက် အရမ်းကောင်းပါတယ် ။ကိုပြေတီဦး ကလည်း ဒီဇာတ်ကားကြီးကို ရိုက်ဖို့ အတွက် အကောင်းဆုံးဖြစ်အောင် စိတ်နှစ်လုပ်ထားပါတယ်။ အူဝဲအနေနဲ့  ကြိုက်နှစ်သက်ပါတယ်။ တကယ်လို့ အကယ်ဒမီပေးပါဆိုရင်လည်း ဇာတ်ကားတစ်ကားလုံးမှာ ပါဝင်သူတွေ အားလုံးကို အကယ်ဒမီပေးချင်တယ်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင် ဝန်ကြီးတွေကို ကြံ့ခိုင်ရေး ထိပ်ပိုင်းရာထူးတွေကနေ ရပ်ဆိုင်း

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီမှာ ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင်အဖြစ် တာဝန်ယူထားတဲ့ ပြည်ထောင်စု ဝန်ကြီးအားလုံးကို အစိုးရအဖွဲ့ဝန်ကြီး တာဝန်ထမ်းဆောင်ချိန်အတွင်း ပါတီရဲ့ ဗဟိုအလုပ် အမှုဆောင် ကော်မတီ အဖြစ်ကနေ ခေတ္တရပ်ဆိုင်းလိုက်တယ်လို့ သိရပါတယ်။

တယ်လီဖုန်း ခေါ်ဆိုခ တစ်စက္ကန့်နှုန်းဖြင့် ကောက်မည်ဟု ပြင်သစ် Orange Telecom ဆို

ရန်ကုန်၊ ဇွန် ၂၂

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းလိုင်စင် ရရှိခဲ့ပါက တယ်လီဖုန်း ခေါ်ဆိုခကို စက္ကန့်နှုန်းဖြင့် တွက်ချက် ကောက်ခံမည် ဖြစ်ပြီး တစ်စက္ကန့်လျှင် ပြားရှစ်ဆယ်သာ ကောက်ခံမည် ဖြစ်ကြောင်း ဆက်သွယ်ရေး လိုင်စင် လျှောက်ထားသည့် စာရင်းတွင် ပါဝင်သည့် ပြင်သစ်ဆက်သွယ်ရေး ကုမ္ပဏီ Organge Telecom မှ အကြီးတန်း အမှုဆောင် ဒုတိယဥက္ကဋ္ဌ Elie Girard က ပြောကြားသည်။

ဆယ်တန်းစာမေးပွဲ ဝင်ဖြေဦးမယ့် ဝါဆိုမိုးဦး

ဆယ်တန်းစာမေးပွဲ ဝင်ဖြေဦးမယ့် ဝါဆိုမိုးဦး 
Saturday, June 22, 2013

ဝါဆိုရတဲ့ အနုပညာကြေးနဲ့ ဇာတ်ကားတွေမှာ သရုပ်ဆောင်တဲ့ အခါဝတ်ရတဲ့ အဝတ်အစားဖိုးတွေ နဲ့က ကာမိရဲ့လားဆိုတော့ မကာမိဘူး။ ကားစရိုက်ကတည်းက အခုထိပဲ။ ဝါဆိုက ဝတ်တယ်။ ဝါဆိုက အဝတ်အစားကို အရမ်းဦးစားပေးတယ်။ ပိုက်ဆံနဲ့ အနုပညာကိုချိန်ကိုက်ပြီး လုပ်တဲ့ အထဲမှာမပါဘူး ။အနုပညာလောကထဲ ဝင်ရောက်နိုင်ဖို့ အတွက် စွန့် လွှတ်ရတဲ့ အရာတွေရှိလားဆိုတော့ အဲဒါကတော့ ဝါဆိုရဲ့ပညာရေးပေါ့။ ဝါဆို ဆယ်တန်းမဖြေခဲ့ဘူး။  အခုပြန်ဖြေဖို့ တော့အစီအစဉ်ရှိတယ်။ ဟိုတစ်နေ့ က ဒဂုံ(၁) ရှေ့ ကဖြတ်တော့ ကားတွေကျပ်တယ်။ ဘာလုပ်တာလဲလို့ ကြည့်လိုက်တော့ ဆယ်တန်းအောင်စာရင်းထွက်တာ ။

အဲဒီအချိန်ကျမှ ကိုယ့်ရဲကျောင်းသူဘဝကို ပြန်သတိရသွားတယ်။ ကိုယ်လည်းလူငယ်တစ်ယောက်ဆိုတော့လေ ။ ဘဝမှာ ဆယ်တန်းအောင်စာရင်းထွက်တဲ့ ဖီလင်ကို တစ်ခါမှမခံစားရသေးဘူး ။ ခံစားကြည့်ချင်တာကြောင့် အိမ်က လူကြီးတွေကို ဆယ်တန်းပြန်ဖြေမယ် လို့ပြောတယ်။ ဒါပေမယ့်ပြောသာ ပြောတယ်။ တစ်နေကုန် ရှူတင်မှာ ဆိုတော့စာကျတ်ချိန်က မရှိဘူး။ ဖြေရင်လည်း အောင်မှကောင်းမှာလေ။ ဖြေဖြစ်မှာပါ ။ တစ်နေ့ နေ့ တစ်ချိန်ချိန်မှာ ဝါဆိုနေရာလေး တစ်နေရာ ခိုင်ခိုင်မာမာလေးဖြစ်ပြီဆို ဝါဆိုဆယ်တန်းစာမေးပွဲပြန်ဖြေဖြစ်မှာပါ။

8 Days

Saturday, June 22, 2013

ဝါဆိုရတဲ့ အနုပညာကြေးနဲ့ ဇာတ်ကားတွေမှာ သရုပ်ဆောင်တဲ့ အခါဝတ်ရတဲ့ အဝတ်အစားဖိုးတွေ နဲ့က ကာ
မိရဲ့လားဆိုတော့ မကာမိဘူး။ ကားစရိုက်ကတည်းက အခုထိပဲ။ ဝါဆိုက ဝတ်တယ်။ ဝါဆိုက အဝတ်အစားကို အရမ်းဦးစားပေးတယ်။ ပိုက်ဆံနဲ့ အနုပညာကိုချိန်ကိုက်ပြီး လုပ်တဲ့ အထဲမှာမပါဘူး ။

ဦးသိန်းစိန် နားရမယ့်အချိန်ကို တရုတ် CPI မျှော်လင့်နေ


သမ္မတဦးသိန်းစိန်က မြစ်ဆုံရေကာတာစီမံကိန်းကို သူ သမ္မတသက်တမ်း ကုန်ချိန်အထိ ရပ်ဖို့ ပြောထားပါ

တယ်။ဒါကြောင့် တရုတ် နိုင်ငံ CPI  ကုမ္မဏီကလည်း သမ္မတသက်တမ်း ကုန်အောင် စောင့်နေပါတယ် တဲ့။

" Aroma Zulu Studio မှ မဇာကို အသရေဖျက်မှုနှင့် တရားစွဲမယ် ဟု ချိန်းခြောက် "

" Aroma Zulu Studio မှ မဇာကို အသရေဖျက်မှုနှင့် တရားစွဲမယ် ဟု ချိန်းခြောက် "

=============================================

မဇာ တင်ထားတဲ့ ပို့စ်တွေနဲ့ ပတ်သတ်ပြီး Aroma က ကိုစိန်လင်းနဲ့ အောင်မြတ်သူ တို့က မဇာကို လာမဲ့ တနင်လာနေ့မှာ တရားစွဲမယ်လို့ ရှေ့နေတဦးက ဖုန်းဆက်ခဲ့ပါတယ်။

အဲ့ဒီလို တရားစွဲမယ်ဆိုတော့ရော မဇာကြောက်လိမ့်မယ်ထင်ပါသလား ?
မဇာ ဘက်က တရားရင်ဆိုင်ဖို့ အသင်ပါပဲ။

မဇာ ဘက်မှာ သက်သေ ခိုင်ခိုင်လုံလုံ ရှိပါတယ်...တကယ်လို့သာ တရားစွဲမယ်ဆိုရင် ကိုယ့်ပေါင်ကိုလှန်ထောင်းသလိုဖြစ်ကုန်မယ်လို့ Aroma က တာဝန်ရှိလူကြီးများကိုပြောချင်ပါတယ်။

မဇာ ချစ်တဲ့ ပရိတ်သတ် ၊ မဇာရဲ့ လုပ်ဖော်ကိုင်ဘက်ညီအမများ ကို အတွက် မဇာ ရဲရဲဝံ့ဝံ့ ရင်ဆိုင်သွားမယ်။

အခုလို လူတကာလိမ်လည်နေတဲ့ Aroma Zulu Studio ရဲ့ လိမ်လည်မှုတွေကို မဇာနာမည်နဲ့ ရင်းပြီး ဖော်ထုတ်လိုက်ရတဲ့အတွက် မဇာ ပေးဆပ်လိုက်ရတာ တန်တယ်လို့ပဲ မြင်တယ်။

မဇာရဲ့ ပရိတ်သတ်ကြီးကရော မဇာကို ဘယ်လိုမြင်ပါသလဲ ? မဇာ လုပ်တာမှန်သလား မှားသလား? မဇာ ဘက်က ဘယ်သူတွေ နေပေးနိုင်မလဲ ? မဇာ ဘက်က ဘယ်သူတွေ ရပ်တည်ပေးနိုင်မလဲ?

မဇာ ရဲ့ ဆုံးဖြတ်ချက် အပေါ် မဇာချစ်တဲ့ ပရိတ်သတ်ကြီး အကြံပေးကြပါအုံး....

Actress
Khin Zar Chi Kyaw

မဇာ တင်ထားတဲ့ ပို့စ်တွေနဲ့ ပတ်သတ်ပြီး Aroma က ကိုစိန်လင်းနဲ့ အောင်မြတ်သူ တို့က မဇာကို လာမဲ့ တနင်လာနေ့မှာ တရားစွဲမယ်လို့ ရှေ့နေတဦးက ဖုန်းဆက်ခဲ့ပါတယ်။အဲ့ဒီလို တရားစွဲမယ်ဆိုတော့ရော မဇာကြောက်လိမ့်မယ်ထင်ပါသလား ?မဇာ ဘက်က တရားရင်ဆိုင်ဖို့ အသင်ပါပဲ။

အထက (၃)မန္တလေး နွားနို့ထဲအဆိပ်ခတ်တိုက်သည်ဟု ကောလာဟလထွက်

Saturday, June 22, 2013

ကျောင်းမီးရှို့ခံရမည်ဟု ယခုလ ပထမပတ်အတွင်း ကောလာဟလများ ထွက်ပေါ်ခဲ့ဖူးသည့် မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် စကြာနွယ်စဉ် ရပ်ကွက် ၇၆၊ (၃၅x၃၆) လမ်းကြားရှိ အထက (၃) ကျောင်းတွင်ဇွန်လ၁၉ရက်နေ့ နေ့လယ်၁နာရီအချိန်က ကျောင်းသားများကို နွားနို့ တိုက်ကျွေးရာတွင် အဆိပ်ခတ်တိုက်ကျွေးသည်ဟု ကောလာဟလ သတင်းများထွက်ပေါ်လာခဲ့ကြောင်းမန္တလေးမြို့ ဒေသခံအချို့က ပြောကြား သည်။

အောင်မင်္ဂလာအဝေးပြေး တိုးချဲ့ ယာဉ်ရပ်နားစခန်းသစ်ဆောက်လုပ်နေပြီ

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ဟန်မြင့်မိုရ် ကုမ္ပဏီတို့ ပူးပေါင်း၍ အောင်မင်္ဂလာ အဝေးပြေးယာဉ် ရပ်နားစခန်းတွင် တိုးချဲ့ ယာဉ်ရပ်နားစခန်းသစ်တစ်ခု တည်ဆောက်လျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အခွန်ဌာန ဒုတိယ ဌာနမှူး ဦးဥာဏ်ထွန်းအောင်က ပြောကြားသည်။

မီးခိုးမြူဆိုင်းသည့် ကိစ္စ စင်ကာပူ၏ တုံ့ပြန်ပုံ ကလေးဆန်ကြောင်း အင်ဒိုနီးရှားဝေဖန်

ဂျာကာတာ၊ ဇွန် ၂၂

အင်ဒိုနီးရှားနိုင်ငံ ဆူမတြားကျွန်းတွင် တောမီး လောင်ကျွမ်းခြင်းကြောင့် စင်ကာပူနိုင်ငံတွင် မီးခိုးမြူများ အလွန်အမင်း ဖြစ်ပေါ်နေခြင်းနှင့် ပတ်သက်၍ စင်ကာပူအစိုးရ၏ တုံ့ပြန်ပုံမှာ ကလေးဆန်ကြောင်း အင်ဒိုနီးရှား အစိုးရက ပြစ်တင် ပြောကြားလိုက်သည်ဟု CNA သတင်းတွင် ဖော်ပြထားသည်။

မျက်နှာပြင် ၆.၃ လက်မ ရှိသည့် Samsung Galaxy Mega ပြည်တွင်းသို့ ဝင်ရောက်

Photo: မျက်နှာပြင် ၆.၃ လက်မ ရှိသည့် Samsung Galaxy Mega ပြည်တွင်းသို့ ဝင်ရောက် 
Saturday, June 22, 2013

အမြင့်တွေကို လူအများ စိတ်ဝင်တစား ဝယ်ယူလာကြသည်နှင့်အမျှ အရည်အသွေးမြင့် ဖုန်းများ ပြည်တွင်းဈေးကွက် အတွင်းသို့ ဝင်ရောက်လာကြောင်း သိရှိရသည်။

ယခုအခါ ပြည်တွင်းဈေးကွက် အတွင်းသို့ 4G LTE ကွန်ယက် အသုံးပြု၍ ရသော Samsung Galaxy Mega 6.3 ဝင်ရောက်လာပြီ ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ Samsung Galaxy Mega 6.3 မှာ ၂၀၁၃ ခုနှစ် ဧပြီလက စတင် ကြော်ငြာခဲ့သော ဖုန်းတစ်လုံးဖြစ်ပြီး ယခုအချိန်၌ ပြည်တွင်းသို့ ဝင်ရောက်လာပြီ ဖြစ်သည်။ အဆိုပါဖုန်း၏ Screen မှာ ၆.၃ လက်မ ကျယ်ပြန့်ပြီး အင်တာနက် အသုံးပြုလိုသူများနှင့် Screen Size ကြီးကြီး ကြိုက်သူများအတွက် အဆင်ပြေစေသည့် လူများ ကြိုက်နှစ်သက်မည့် ဖုန်းဖြစ်သည်။ Screen ၏ မှန်အမျိုးအစားကတော့ TFT Capacitive Touchscreen အသုံးပြုထားကြောင်း သိရှိရသည်။

အဆိုပါဖုန်း တင်သွင်းလာသည့် Win Mobile မှ တာဝန်ရှိသူ တစ်ဦးမှ "ဒီဖုန်းကို အရင်တုန်းက ဖုန်းဆက်ပြီး မေးထားတဲ့ သူတွေကော၊ ကြိုမှာထားတဲ့သူတွေ ရှိပါတယ်။ ဈေးကွက်ထဲကို ဝင်ရောက်လာတော့ S4 လိုမျိုး အရောင်းသွက်မည့် ဖုန်းတစ်လုံး ဖြစ်ပါတယ်။ ဈေးနှုန်းကလည်း ငါးသိန်းသုံးထောင်ဆိုတော့ မော် ဒယ်မြင့် ဟန်းဆက်တွေထဲမှာ ဈေးနှုန်းသက်သာတယ်လို့ ပြောလို့ရမယ့်ဖုန်း ဖြစ်ပါတယ်" ဟု ပြောကြားသွားခဲ့သည်။ 

အဆိုပါဖုန်းသည် 1.7GHz ရှိသည့် Dual Core Processor ကို အသုံးပြု ထားပြီး RAM 1.5GB ပါဝင်သည့် ဖုန်းတစ်လုံးဖြစ်သည်။ ထိုဖုန်းကို အသုံးပြုမည် ဆိုပါက Mini Sim Card ဖြင့် အသုံးပြုရမည် ဖြစ်သည်။ ထို့အပြင် Storage ပိုင်းမှာလည်း 8GB နှင့် 16GB နှစ်မျိုး ရရှိမည် ဖြစ်သည်။ အဆိုပါဖုန်းနှင့် ပတ်သက်၍ ဖုန်းဝယ်ယူသူ ကိုင်ဝင်းအောင်မှ "အသစ်ထွက်တဲ့ ဖုန်းတွေထဲမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ ဖုန်းပါ။ 4G ရတယ် ဆိုပေမယ့် မြန်မာနိုင်ငံမှာ 4G သုံးလို့ မရသေးတော့ သိပ်အသုံးမဝင်ပါဘူး။ ဒါပေမယ့် Screen က အရမ်းကြီးတော့ အသုံးပြုသူတွေ စိတ်ကြိုက် ဖြစ်စေပါတယ်။ ကျန်တဲ့ အပိုင်းကတော့ ၂၀၁၃ ထုတ် ဖုန်းတွေနဲ့ သိပ်ကွာခြားမ သွားပါ ဘူး" ဟု ပြောကြားသွားခဲ့သည်။ အဆိုပါ Samsung Galaxy Mega 6.3 ၏ ဈေးနှုန်းမှာ ၅၀၃၀၀၀ ကျပ်ဖြစ်ပြီး ဝယ်ယူလိုပါက Win Mobile အမှတ် (၄၆-၄၈) အေ၊ ရှမ်းကုန်းလမ်း၊ စမ်းချောင်းမြို့ နယ်၊ ရန်ကုန်၊ ဖုန်း- ၀၁ ၅၁၂၆၈၉ တွင် ဝယ်ယူ ရရှိနိုင်ပြီ ဖြစ်သည်။

အောင်ပြည့်အောင်

Yatanarpon

Saturday, June 22, 2013

အမြင့်တွေကို လူအများ စိတ်ဝင်တစား ဝယ်ယူလာကြသည်နှင့်အမျှ အရည်အသွေးမြင့် ဖုန်းများ ပြည်တွင်း
ဈေးကွက် အတွင်းသို့ ဝင်ရောက်လာကြောင်း သိရှိရသည်။

ကမ္ဘာ့အကြီးဆုံး နေရောင်ခြည်စွမ်းအင်သုံး သင်္ဘော

Photo: ကမ္ဘာ့အကြီးဆုံး နေရောင်ခြည်စွမ်းအင်သုံး သင်္ဘော
Saturday, June 22, 2013

ဆွစ်ဇာလန်နိုင်ငံမှ သင်္ဘောကျင်းတစ်ခုက တီထွင်ဖန်တီးထားတာ ဖြစ် ပါတယ်။ ဒီအတွက် ဆွစ်ဇာလန် အစိုးရမှလည်း ထောက် ပံ့ငွေ ပေးထား ပါတယ်။ Turanor PlaneSolar လို့ အမည်ရတဲ့ သင်္ဘောပဲ ဖြစ်ပါတယ်။

၁၁၅ ပေဗျက်အကျယ် ...ရှိပါတယ်။ ၂၀၁၂ ခုနှစ် မေလက ရေစချင်ပြီး ပင်လယ်မှာ ခရီးနှင်နေခဲ့တာ ယနေ့အထိပါပဲ။ ကမ္ဘာ့ တောင်ဝင်ရိုး စွန်း၊ မြောက် ဝင်ရိုးစွန်းတွေလည်း သွားမှာ ဖြစ်ပါတယ်။ ဘာလောင်စာ ဆီကိုမှ မသုံးပဲ နေရောင်ခြည် စွမ်းအင်သက် သက် နဲ့ ခရီးသွားနေခဲ့ တာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ က ဆိပ်ကမ်းမှာ ယာယီရပ်နားထားခြင်း ဖြစ်ပါတယ်။

ဆက်လက်ပြီးလည်း ခရီးနှင်အုံးမှာပါ။ ကမ္ဘာပတ်ဖို့ ရည်ရွယ်ထားတဲ့ သင်္ဘောငယ် ဖြစ်ပါတယ်။ သိန်းငှက်တောင်ပံလို ဖြန့်ကားနေတဲ့ ဆိုလာပြား တပ်ဆင်ဖို့အတွက် ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ သန်းနဲ့ချီကြောင်း သိရပါတယ်။
.
Ref: techblog
Aung Kham (TSJ team)

Saturday, June 22, 2013

ဆွစ်ဇာလန်နိုင်ငံမှ သင်္ဘောကျင်းတစ်ခုက တီထွင်ဖန်တီးထားတာ ဖြစ် ပါတယ်။ ဒီအတွက် ဆွစ်ဇာလန် အစိုး
ရမှလည်း ထောက် ပံ့ငွေ ပေးထား ပါတယ်။ Turanor PlaneSolar လို့ အမည်ရတဲ့ သင်္ဘောပဲ ဖြစ်ပါတယ်။

ဟိုင်းဘရစ် ဟွန်ဒါ Accord ကား စတင်ဖြန့်ချိ

Photo: ဟိုင်းဘရစ် ဟွန်ဒါ Accord ကား စတင်ဖြန့်ချိ
Saturday, June 22, 2013

ဂျပန် Honda မှ ပထမဆုံး Honda Accord ဆလွန်းကားကို စတင် ဖြန်ချိ လိုက်ပြီ ဖြစ်ပါတယ်။

ပုံမှာ မြင်တွေ့ရတဲ့အတိုင်း ဒီဇိုင်းအပိုင်းမှာ ဘာမှပြောစရာ မရှိပါဘူး။ ထူးခြား လာတာ တစ်ခုကတော့ ဟိုင်းဘရစ်ကား ဖြစ်လာတာပဲ ဖြစ်ပါတယ်။ ဒီတော့ ဆီစားနှုန်း သက်သာ လာမှာပါ။ တစ်ဂါလံကို ပျှမ်းမျှ ၄၉ မိုင် မောင်းနှင်နိုင် မယ့် ၂၀၀၀ စီစီ DOHC အင်ဂျင်နဲ့ လျှပ်စစ်မော်တာ တစ်လုံး တွဲပေး ထား ပါတယ်။

အခြား ဟိုင်းဘရစ်တွေလောက် ဆီအစား အရမ်းကြီးသက်သာနဲ့ ကားတော့ မဟုတ်ပါဘူး။ သူ့ဟာနဲ့သူကတော့ အဆင်ပြေနေပါတယ်။ လေးဘီးမောင်း စနစ် အသုံးပြုတဲ့ကားပါ။ သာမန်ထုတ်လုပ်နေကျ Honda Accord ကို Green Tech အမျိုးအစားသို့ စတင် ပြောင်းလဲလာခြင်း ဖြစ်ပါတယ်။ ကာလတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃၇၂၆၀ သတ်မှတ်ပြီး ကမ္ဘာအနှံ့ စတင်ဖြန့်ချိရောင်းချတော့မှာ ဖြစ်ကြောင်း သိရပါတယ်။
-
Ref: autoblog
ColayAutomobile.

Saturday, June 22, 2013

ဂျပန် Honda မှ ပထမဆုံး Honda Accord ဆလွန်းကားကို စတင် ဖြန်ချိ လိုက်ပြီ ဖြစ်ပါတယ်။

နိုင်ငံအသီးသီးရဲ့ စာပေမှာ အက္ခရာအရေအတွက်ဘယ်လောက်ရှိသလဲ

Saturday, June 22, 2013

ကမ္ဘာ.နိုင်ငံအသီးသီး၌ မှီတင်းနေထိုင်ကြသည့် နိုင်ငံသူနိုင်ငံသားတွေအဖို. ကိုယ့်နိုင်ငံကစာပေအရေးအ

သားနှင့်စပ်လျဉ်းပြီးအခြေခံထားရှိရသည့် အက္ခရာစကားလုံးများရှိကြပါသည်။တစ်နည်းအားဖြင့် ဗျည်းအက္ခ
ရာများ ဖြစ်ကြပါသည်။ထိုဗျည်းများ၌အသံမရှိပါ။အသံပေါ်ထွက်လာစေရန်အတွက်“အီ၊အေ၊အယ်၊အာ၊အော်၊
အို၊အူ၊အင်၊အန်၊အွန်၊အိတ်၊အုတ်၊အိုက်၊အောက်၊အစ်၊အက်၊အတ်၊အွတ်အစရှိသောအခြေခံသရများနှင့် ပေါင်း
စပ်လိုက်မှသာ အသံများ ထွက်ပေါ်လာပါသည်။

အမေရိကန် သမ္မတ အိုဘားမားအား လုပ်ကြံရန် X-Ray ရောင်ခြည်သုံး လက်နက်များ လျှို့ဝှက် တီထွင်ခဲ့သူအား ဖမ်းဆီး

Photo: အမေရိကန် သမ္မတ အိုဘားမားအား လုပ်ကြံရန် X-Ray ရောင်ခြည်သုံး လက်နက်များ လျှို့ဝှက် တီထွင်ခဲ့သူအား ဖမ်းဆီး 
Saturday, June 22, 2013

အမေရိကန် သမ္မတ ဘားရက် အိုဘားမားအား လုပ်ကြံရန် X-Ray ရောင်ခြည်သုံး လက်နက် များလျှို့ဝှက် တီထွင်ခဲ့သည့် အမေရိကန် နိုင်ငံသား တစ်ဦးကို FBI အဖွဲ့က ဖမ်းဆီးခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။ 

နယူးယောက်မြို့မှ အသက် ၄၉ နှစ် အရွယ်ရှိ ဂလန်ဒန် စကော့တ် ခရောဖို့ဒ်ဆိုသူ အမျိုးသား တစ်ဦးသည်
X-Ray ရောင်ခြည်သုံး လက်နက် များ တီထွင်မှုကို ရှစ်လကြာ အချိန်ယူခဲ့ရပြီး ၄င်းလက်နက်များသည် သေစေနိုင်သော ဓာတ်ရောင်ခြည်များကို ထုတ်လွှတ်နိုင်ပြီး အဝေးမှ လှမ်း၍ ဖောက်ခွဲ ဖျက်ဆီးမှုများ ပြုလုပ်နိုင်ကြောင်း FBI အဖွဲ့က ပြောကြားခဲ့သည်ဟု သိရသည်။

အဆိုပါ လက်နက်များ တီထွင်မှုတွင် နယူးယောက်မြို့ အသက် ၅၄ နှစ်အရွယ်ရှိ အဲရစ်ဂျေ ဖိတ်ဆိုသူ အမျိုးသား တစ်ဦးလည်း ပူးပေါင်း ပါဝင်ခဲ့ပြီး ၄င်းတို့နှစ်ဦးကို ဇွန် ၁၈ ရက်က ဖမ်းဆီး ခဲ့ခြင်း ဖြစ်ကြောင်း FBI အဖွဲ့က ပြောကြားထားသည်။

မြ၀တီ

Saturday, June 22, 2013

အမေရိကန် သမ္မတ ဘားရက် အိုဘားမားအား လုပ်ကြံရန် X-Ray ရောင်ခြည်သုံး လက်နက် များလျှို့ဝှက် တီထွင်ခဲ့သည့် အမေရိကန် နိုင်ငံသား တစ်ဦးကို FBI အဖွဲ့က ဖမ်းဆီးခဲ့ကြောင်း အင်တာနက် သတင်း တစ်
ရပ်အရ သိရသည်။

၂၉ ထပ်တိုက်ဆောက်ဖို့ ပန်းခြံကို သိမ်းပြီ

Photo: ၂၉ ထပ်တိုက်ဆောက်ဖို့ ပန်းခြံကို သိမ်းပြီ 
Saturday, June 22, 201

ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ် (Traders Hotel)ရဲ့ ဘေးမှာ  Traders Square ဆိုတာကြီး ဆောက်နေပါတယ်။

အဲဒါကြီးဆောက်ဖို့ လိုအပ်တဲ့ မြေနေရာကို အဲဒီအနားမှာ ဝယ်ခဲ့ပုံပါပဲ။
ဆိုင်းဘုတ်ပန်းခြံ ဆိုတဲ့ ပန်းခြံလေးလည်း အ၀ယ်ခံရတဲ့ထဲ ပါသွားပါတယ်။
အနော်ရထာလမ်း နဲ့ ဆူးလေဘုရားလမ်းဒေါင့်က အဲဒီ ပန်းခြံဟာ စည်ပင်သာယာလက်အောက်၊ မြို့တော်ဝန်လက်အောက်ကပါ။
ပန်းခြံ ပါသွားတာ မြို့တော်ဝန် မသိဘူးလားဆိုပြီး မေးခွန်းထုတ်လိုသူတွေ ရှိကောင်း ရှိပါလိမ့်မယ်။
အင်း... ၊ မြို့ဝန်မင်း ခွင့်ပြုတော်မူလို့ ပန်းခြံလည်း အထပ်မြင့်အဆောက်အအုံ ဖြစ်တော်မူတော့မှာပေါ့။

ပန်းခြံရှေ့က အုန်းပင်များကို ဖယ် မဖယ် မသိရပါ။
ပန်းခြံထဲက အများသုံး အခပေးအိမ်သာကြီးနဲ့ အဲဒီနောက်က ညောင်ပင်ကြီးကိုတော့ ဖယ်ရှားမယ့်ပုံပါပဲ။

အဆောက်အအုံတွေအတွက် ပန်းခြံ/ကစားကွင်းတို့ကို စတေးနေကြပါပြီ။

ရန်ကုန်မှာ ဒီလို အနိုင်ကျင့်တာတွေနဲ့ ပတ်သက်ပြီး တရားစွဲတာတို့ ဘာတို့ မခံရတဲ့အတွက် စည်ပင်သာယာလူကြီးမင်းတို့၊ မြို့တော်ဝန်တို့ ကံကောင်းတယ်လို့ ဆိုရမယ်။
ပန်းခြံ/ကစားကွင်းတွေကို တန်ဘိုးထားသူ အရေအတွက် များလာရင်တော့ ကံကောင်းတော့မယ် မဟုတ်ပါဘူး။

ရန်ကုန်မှာ ၈ ထပ် ကျော်တဲ့ တိုက်တွေ ဆောက်ခွင့် မရှိ၊ ဆောက်ချင်ရင် အထပ်မြင့်အဆောက်အအုံများကြီးကြပ်မှုကော်မတီရဲ့ ခွင့်ပြုချက် လိုကြောင်း သိရပါတယ်။

အခု  ခွင့်ပြုချက်ရလို့  Traders Square ဆိုတာကြီးကို ဆောက်နေတာဖြစ်ပါလိမ့်မယ်။

ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ရေးထားချက်အရ ဆိုရင် အထပ် ၂၀ အဆောက်အအုံဖြစ်တယ်၊ မြေအောက်မှာ ၃ ထပ် ဆောက်မယ် - ကားရပ်နားဖို့၊
အပေါ်မှာလည်း ကားရပ်ဖို့ နဲ့ လုပ်ငန်းတချို့အတွက် ၆  ထပ်ဆောက်မယ် တဲ့။
ဒီတော့ စုစုပေါင်း ၂၉ ထပ် ရှိမယ် ဆိုပါစို့။

ကားရပ်ဖို့ အထပ်အများကြီး လိုသလား ဆိုတော့ သိပ် ...... လိုတာပေါ့။
ကုန်သည်ကြီးများဟိုတယ် ဆောက်တုန်းက ကားရပ်ဖို့နေရာတွေ ထည့်ခဲ့တာမှ မဟုတ်တာ။
ဒါကြောင့် သူတို့ရဲ့ စီမံကိန်းအသစ်မှာ ကားရပ်ဖို့ နေရာ ပိုပိုသာသာ ထည့်ရမယ်၊ ပြီးတော့ .... ရန်ကုန်မှာလည်း ကားတွေ လျှံထွက်နေပြီလေ။ ဒါကြောင့် အထပ် များများ လိုပြီ။

ဒီ ၂၉ ထပ် အဆောက်အအုံကို စင်္ကာပူ အဖွဲ့များက ဆောက်မယ်လို့ ဆိုတယ်။
ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှေ့ စိုက်ထောင်ထားတဲ့ ဆိုင်းဘုတ်မှာတော့ စင်္ကာပူ ကုမဏီကြီး ၅ ခု နာမည်ကို တွေ့ရမှာပါ။

မနှစ်တုန်းဆီက ဖတ်ခဲ့ရတဲ့ သတင်းတချို့အရ ဆိုရင် ဒီ ဆောက်လုပ်ရေး စီမံကိန်းကို ၂၀၁၅ မှာ အဆုံးသတ်ပါမယ် တဲ့။ 

ရန်ကုန်မှာ ပျော်ပျော်ပါးပါး သွားလည်ဖို့၊ ချိန်းတွေ့ဖို့၊ ဈေးဝယ်ထွက်ဖို့ သင့်တော်မယ့် Traders Square ကြီး ပေါ်လာရေး သိပ်မဝေးတော့ဘူးလို့ ဆိုရပါမယ်။

ခန့်ခန့်ငြားငြားကြီးတွေ ပေါ်လာဖို့ ပန်းခြံတွေ ဖယ်ပေးနေရပေမယ့် စိတ်ဆိုးနေလဲ အပိုပဲ ဖြစ်မယ် ထင်တယ်။
ပန်းခြံတွေ၊ ကစားကွင်းတွေ အသစ် ပေါ်ပေါက်ရေးအတွက် ရန်ကုန်မြို့တော်ဝန်ကြီးက စဉ်းစားကောင်း စဉ်းစားနေမှာပေါ့။
ဘယ်သူပြောနိုင်မလဲ။
မြန်မာနိုင်ငံကြီးက ပြောင်းလဲနေပြီမဟုတ်လား။

ဧရာဝတီ 
ပန်းခြံပိစိလည်း ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲ ရောက်ပါပြီ (ဓာတ်ပုံ - စည်သူလင်း/ဧရာဝတီ)
ပန်းခြံပိစိလည်း ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲ ရောက်ပါပြီ (ဓာတ်ပုံ - စည်သူလင်း/ဧရာဝတီ)
Saturday, June 22, 201

ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ် (Traders Hotel)ရဲ့ ဘေးမှာ Traders Square ဆိုတာကြီး ဆောက်နေပါ
တယ်။အဲဒါကြီးဆောက်ဖို့လိုအပ်တဲ့ မြေနေရာကိုအဲဒီအနားမှာဝယ်ခဲ့ပုံပါပဲ။ဆိုင်းဘုတ်ပန်းခြံဆိုတဲ့ ပန်းခြံလေး
လည်း အ၀ယ်ခံရတဲ့ထဲ ပါသွားပါတယ်။အနော်ရထာလမ်း နဲ့ ဆူးလေဘုရားလမ်းဒေါင့်ကအဲဒီပန်းခြံဟာ စည်
ပင်သာယာလက်အောက်၊ မြို့တော်ဝန်လက်အောက်ကပါ။

ယနေ့ June 22 ဟာ အဆိုတော် လင်းလင်းရဲ့ မွေးနေ့ ဖြစ်

Photo: ဒီနေ့ June 22 ဟာ အဆိုတော် လင်းလင်းရဲ့ မွေးနေ့ ဖြစ်ပါတယ်....

Happy Birthday ပါ .....ကို လင်းလင်း...... ... ...

ပျော်ရွှင်စရာကာင်းသော မွေးနေ့ များကို ပိုင်ဆိုင်ပြီး ဂီတ အနုပညာခရီးလမ်း
တစ်လျှောက် မှာ အောင်မြင်မှုများကို ဆက်လက်သိမ်းပိုက်နိုင်ပါစေလို့  ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်~~~~

Cherry FM

ဒီနေ့ June 22 ဟာ အဆိုတော် လင်းလင်းရဲ့ မွေးနေ့ ဖြစ်ပါတယ်.... Happy Birthday ပါ .....ကို လင်းလင်း......။

မြန်မာအပါအဝင် ပိတ်ဆို့ခံ နိုင်ငံများသို့ ငွေလွှဲသည့် ဂျပန်ဘဏ် ဒဏ်ငွေချမှတ်ခံရ

Photo: မြန်မာအပါအဝင် ပိတ်ဆို့ခံ နိုင်ငံများသို့ ငွေလွှဲသည့် ဂျပန်ဘဏ် ဒဏ်ငွေချမှတ်ခံရ
Saturday, June 22, 201

အမေရိကန်ပြည်ထောင်စု၏ ဘဏ္ဍာရေး ပိတ်ဆို့အရေးယူမှု ခံထားရသော ဆူဒန်၊ အီရန်နှင့် မြန်မာနိုင်ငံတို့ အတွက် ငွေကြေး လွှဲပြောင်းမှုများ
ပြုလုပ်ပေးခဲ့သည့် နယူးယောက် အခြေစိုက် ဂျပန်ဘဏ်လုပ်ငန်းကြီး တစ်ခုအား နယူးယောက်ပြည်နယ်က ဒဏ်ငွေဒေါ်လာ သန်း ၂၅၀ ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း Radio Australia သတင်းဌာနက
ရေးသားဖော်ပြသည်။

ထိုသို့ အီရန်နှင့် မြန်မာနိုင်ငံအတွက် ငွေကြေး လွှဲပြောင်းမှုများ ပြုလုပ်ပေး ခဲ့သည့် ဘဏ်မှာ Tokyo Mitsubishi-UFJ ဖြစ်ပြီး ယင်းဘဏ်သည် အမေရိကန်ပြည်ထောင်စု ၏ ဘဏ္ဍာရေးပိတ်ဆို့ အရေးယူမှု ဆိုင်ရာ ဥပဒေများကို ချိုးဖောက်ခြင်း ကြောင့် ယင်းသို့ ဒဏ်ငွေ ချမှတ်ခံလိုက်ရခြင်း
ဖြစ်သည်။
အမေရိကန် အာဏာပိုင်များ အဆိုအရ အဆိုပါ Mitsubishi ဘဏ်သည် အမေရိကန် ပိတ်ဆို့ အရေးယူမှုများကို ချိုးဖောက်သည့် လုပ်ရပ်များနှင့် ပတ်သက်သော သတင်း အချက်အလက်များကို ဖယ်ရှားပစ်ရန် ဘဏ်ဝန်ထမ်းများကို ညွှန်ကြားခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၀၂ ခုနှစ်မှ ၂၀၀၇ ခု နှစ်အထိ ငါးနှစ်တာ ကာလအတွင်း အီရန်နှင့် မြန်မာနိုင်ငံတို့ အတွက် အဆိုပါဘဏ်က တရားမဝင် ငွေကြေး လွှဲပြောင်းမှု ပြုလုပ်ခဲ့သည့် တန်ဖိုးမှာ ဒေါ်လာ ၁၀၀ ဘီလီယံခန့် ရှိခဲ့သည်။

ပိတ်ဆို့ အရေးယူမှု ခံထားရသောနိုင်ငံ သုံးနိုင်ငံအတွက် တရားမဝင် ငွေကြေး လွှဲပြောင်းပေးမှု စုစုပေါင်း အကြိမ် ၂၈,၀၀၀ နီးပါးခန့် ပြုလုပ်ခဲ့ပြီး ယင်းသို့ လုပ်ဆောင်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်း အချက်အလက်များကို ဘဏ်ဝန်ထမ်းများက စနစ်တကျ ပယ်ဖျက်ပစ်ခဲ့သည်ဟု အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ ကပြောကြားသည်။

အမေရိကန် အစိုးရက စီးပွားရေးပိတ်ဆို့မှုများ ပြူလုပ်ထားသော
နိုင်ငံများသို့ မည့်သည့် နိုင်ငံကမှ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရန်နှင့် လူသား စာနာထောက်ထားမှု ဆိုင်ရာ အကူအညီများ ပေးအပ်ရန် အမေရိကန်ဒေါ်လာ အသုံးပြုခွင့် မရှိကြောင်း ၊ ဂျပန်နိုင်ငံကလည်း
မြန်မာနိုင်ငံ အပါအဝင် ဆူဒန်၊ အီရန်နိုင်ငံတို့သို့ ငွေလွှဲသည် ဆိုသည်မှာ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အရေးပေါ် ထောက်ပံ့သည့်
ငွေများသာ ဖြစ်နိုင်ကြောင်း၊ သို့သော် အမေရိကန်ဒေါ်လာ အသုံးပြု၍ ငွေလွှဲခြင်းကြောင့် ယခုကဲ့သို့ ဒဏ်ငွေ ပေးဆောင်ရန် သတ်မှတ်ခြင်း ဖြစ်မည်ထင်ကြောင်း မြန်မာ့စီးပွားရေး ပညာရှင်တစ်ဦးက သုံးသပ် ပြောကြားသည်။

အလားတူပင် ယခင်နှစ် အတွင်းက ဗြိတိန်နိုင်ငံ အခြေစိုက် Standard Chartered ဘဏ်သည်လည်း အမေရိကန် အစိုးရက ချမှတ်ထားသော ပိတ်ဆို့မှုများကို ချိုးဖောက်၍ အမေရိကန်ဒေါ်လာ ဘီလီယံ ချီ၍ အီရန်၊ လစ်ဗျား၊ ဆူဒန် နှင့် မြန်မာနိုင်ငံသို့ ငွေလွှဲအပ်ခဲ့မှု များကြောင့် အမေရိကန်ဒေါ်လာ သန်း ၃၄၀ ကျော် ဒဏ်ငွေ တပ်ခြင်းခံခဲ့ရသည်။

The Voice Weekly

Saturday, June 22, 201

အမေရိကန်ပြည်ထောင်စု၏ ဘဏ္ဍာရေး ပိတ်ဆို့အရေးယူမှု ခံထားရသော ဆူဒန်၊ အီရန်နှင့် မြန်မာနိုင်ငံတို့ အတွက် ငွေကြေး လွှဲပြောင်းမှုများ ပြုလုပ်ပေးခဲ့သည့် နယူးယောက်အခြေစိုက် ဂျပန်ဘဏ်လုပ်ငန်းကြီးတစ်
ခုအား နယူးယောက်ပြည်နယ်က ဒဏ်ငွေဒေါ်လာ သန်း ၂၅၀ ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း Radio Australia သတင်းဌာနကရေးသားဖော်ပြသည်။

June 22 ဟာ အနုပညာရှင် သရုပ်ဆောင် စမိုင်းလ်ရဲ့ မွေးနေ့ ဖြစ်

Photo: June 22 ဟာ အနုပညာရှင် သရုပ်ဆောင် စမိုင်းလ်ရဲ့ မွေးနေ့ လည်း ဖြစ်ပါတယ်။။။

ံHappy Birthday ပါ စမိုင်းလ်...... ... ......

မွေးနေ့ မှသည်နောင်နှစ်ပေါင်းများစွာတိုင် ချစ်သောမိသားစုနှင့် အတူသာယာ
ချမ်းမြေ့ သော မိသားစုဘ၀လေးကို ပိုင်ဆိုင်နိုင်ပါစေလို့  ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်~~~~~~

Cherry FM

June 22 ဟာ အနုပညာရှင် သရုပ်ဆောင် စမိုင်းလ်ရဲ့ မွေးနေ့ လည်း ဖြစ်ပါတယ်။။။ံHappy Birthday ပါ စမိုင်းလ်...... ... ......

တာဝန်ကျေတဲ့ ကာတွန်းဆရာ

Photo: တာဝန်ကျေတဲ့ ကာတွန်းဆရာ
Saturday, June 22, 2013

၁၉၉၃ ခုနှစ် ဧပြီ ၁၃ ရက်နေ့က ကွယ်လွန်သွားတဲ့ ပန်းချီဆရာ ပေါ်ဦးသက်ဟာ တချိန်က ကာတွန်းဆရာ ဘဝကို ဖြတ်သန်း ခဲ့သူတယောက် ဖြစ်ပါတယ်။ အမေရိကန်ပြည် “Famous Artist School” ရဲ့ စာပေးစာယူ သင်တန်းသား တဦးဖြစ်ခဲ့ဖူးပြီး ဒီသင်တန်းရဲ့ သင်ခန်းစာ တော်တော်များများဟာ “ကာတွန်းပညာ” တွေပဲ ဖြစ်ပါတယ်။

၁၉၅၉ ခုနှစ် နောက်ပိုင်းကျတော့ လူထုသတင်းစာမှာ ကာတွန်းတွေ ဆွဲခဲ့ပါတယ်။ နောက် ကြေးမုံမှာလည်း ရေးခဲ့ပါ သေးတယ်။ လူထုမှာ မရေးခင် မန္တလေးမှာ ကိုတင်ဝင်း (ဒါရိုက်တာဝင်းဖေရဲ့ညီ) တို့နဲ့ တွဲပြီး “ဂလိ” စာစောင် ထုတ်ကြသေး တာပေါ့။

“… အဲဒီတုန်းက ပညာပေးသက်သက်သာ ဖော်ညွှန်းပြီး ဝင်းဖေနဲ့ လုပ်လိုက်ကြတာ အလုပ်ကောင်းလို့ ပြုတ်သွားပြီးမှ လူထု ရောက်သွားကြတာ …” လို့ ဆရာက ပြောပြဖူးပါတယ်။ လူထုသတင်းစာမှာ ကာတွန်းဆွဲတော့ ဆရာကိုယ်နှိုက်က တော်တော် ကြိုးစားခဲ့တယ်လို့လည်း ပြောပြတယ်။ တကယ်တမ်း သတင်းစာ ကာတွန်းသမားဆိုတာ ရောဂါရှိနေမှ …၊ ဒီရောဂါကို ကိုယ်တိုင်ခံစား နေရရုံတင်မက တခြားသူတွေကိုပါ ဝေမျှခံစားစေချင်တာ …၊ ကူးစက်စေချင်တာကိုး …။

ဆရာပေါ်ဦးသက်ဟာ လူထုသတင်းစာမှာ “သူတော်” ဆိုပြီး စာမဲ့ကာတွန်း ရေးပါတယ်။ “အောင်အောင်” ဆိုပြီးတော့လည်း ရှေးပုံစံ ဇာတ်တော်မျိုးလည်း ရေးတာပါပဲ။

သတင်းစာ ကာတွန်းဆိုတာ နေ့စဉ်ထုတ်ဆိုတော့ ကွင်းကွင်းကွက်ကွက် ချက်ချင်းလက်ငင်း ရေးနိုင်ရတယ်။ အကြိတ်အနယ် လုပ်ရတဲ့ နိုင်ငံရေး ကာတွန်းမျိုးတွေပဲ မဟုတ်လား။ မနက် ၁၁ နာရီ၊ ၁ ချက်လောက် သတင်းစာတွေ စုံအောင် ရောက်လာရင် စုပြီး ဖတ်လိုက်ကြတာ ၃ နာရီလောက်ဆို ပြီးပြီတဲ့။ အရေးကြီးတဲ့ သတင်းကို ဟာသနှောပြီး ကာတွန်း ရေးကြတာ။ ဆရာ ပေါ်ဦးသက်ရယ်၊ ဦးဝင်းဖေရယ် တပုံစီပေါ့။

တကယ်တော့ ကာတွန်းကို ဦးစားပေးတဲ့ နေရာမှာ လူထုသတင်းစာဟာ ထိပ်ဆုံးက ပါခဲ့ပါတယ်။ ကာတွန်းရဲ့ အနေအထား၊ တန်ဖိုးကို စေ့စေ့စပ်စပ် အကဲဖြတ်ပြီး နေရာပေးခဲ့ပါတယ်။ လတ်တလော အရေးကြီးတဲ့ ပြည်တွင်းပြည်ပ အခြေအနေကို မီးမောင်းထိုးပြတဲ့ ကာတွန်းမျိုးကို မျက်နှာဖုံးမှာ တလေးတစား သုံးခဲ့ပါတယ်။

ဆရာပေါ်ဦးသက်ဟာ သတင်းစာရဲ့ အာဘော်၊ ရပ်တည်ချက်ကို ထင်းကနဲ ထင်းကနဲ မြင်နိုင်တဲ့ သတင်း ကာတွန်းမျိုး ကိုသာမက ပင်တိုင်ရေးခဲ့တဲ့ “သူတော်” စာမဲ့ ကာတွန်းမှာတောင် လေးလေးနက်နက် ဆွဲခဲ့ပါတယ်။ “သူတော်” ကာတွန်း တွေဟာ ဒီကနေ့အထိ ခေတ်မီ အဆင့်မြင့်တဲ့ “အတွေးအခေါ်ပါ” ကာတွန်းတွေပါ။ သာမန် အတွေးမျိုးမဟုတ်ဘဲ (သီးခြားသဘော) ကာတွန်းဆရာ လိုင်စင်ကို လိမ္မာပါးနပ်စွာ အသုံးချခဲ့တဲ့ ကာတွန်းကွက်တွေပါ။

အဲဒီခေတ်တုန်းက ဆရာပေါ်ဦးသက်တို့ ဦးဝင်းဖေတို့ ပေါ်လစီ ကာတွန်းတွေက ထိမိလွန်းတော့ မြန်မာတပြည်လုံးက စောင့်ကြည့် နေကြတာပါ။ ကြေးမုံကဆို (အဲဒီခေတ်က) လခ တထောင်တောင် ပေးခေါ်သတဲ့။

ကြေးမုံ သတင်းစာက လခ တထောင် ပေးခေါ်ရလောက်အောင် မြန်မာ သတင်းစာတွေကလည်း လေးစားလိုလားမှုရှိ …၊ မနက်လင်းရင် လူထု သတင်းစာတိုက်ကို တယ်လီဖုန်း တဂွမ်ဂွမ် ဆက်ပြီး ဆရာ့ပုံကို မေးကြ မြန်းကြ၊ စာဖတ်ပရိသတ်က အလောင်းအစား လုပ်ကြရအောင် ပရိသတ်က စိတ်ဝင်စားမှု ရှိနေတဲ့ ဆရာပေါ်ဦးသက်လို ကာတွန်းဆရာ တယောက်အဖို့ အဲဒီခေတ်က စာနယ်ဇင်း စာမျက်နှာတိုင်းဟာ လက်ညှိုးညွှန်ရာ ကာတွန်းပုံ ဖြစ်စေနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ဒီအရည်အချင်းဟာ ကာတွန်းဆရာတယောက်ရဲ့ တကယ့်အရည်အချင်း မဟုတ်ပါဘူး။ ကာတွန်းဆရာ တယောက်ရဲ့ တကယ့်သတ္တိ မဟုတ်ပါဘူး။

ယုံကြည်ချက်ကို ဆင်ခြေနဲ့ လဲခဲ့တာ ကာတွန်းဆရာမှ မဟုတ်ဘဲ၊ ထရံခတ်၊ သံကြိုးချိတ်၊ အုပ်စုစိတ်နဲ့ နေတာ ကာတွန်းဆရာမှ မဟုတ်ဘဲ၊ လူတွင်ကျယ်လုပ်၊ နေရာယူ၊ စာဖတ်သူ ဝေဒနာကို ဥပက္ခာပြုနိုင်သူဟာ ကာတွန်းဆရာမှ မဟုတ်ဘဲ …။

ဆရာပေါ်ဦးသက်ကို “တကယ့်ကာတွန်းဆရာ” လို့ ရဲရဲပြောနိုင်တာ ဟောဒီအချက်ကြောင့် ဖြစ်ပါတယ်။

၁၉၆၁ ခု မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ကသောင်းကနင်း ဖြစ်ချိန် ၁၉၆၁ ခု နိုဝင်ဘာလ ၇ ရက်နေ့ထုတ် လူထု သတင်းစာ ဟာ ဆရာပေါ်ဦးသက်ကို ဒါမှ ကာတွန်းဆရာလို့ ရဲရဲဝံ့ဝံ့ ကြေညာ ပေးလိုက်တာ ဖြစ်တယ်။

သတင်းစာရဲ့ ပထမ စာမျက်နှာမှာပဲ ဆရာပေါ်ဦးသက်ဟာ သူ့လက်မှတ်ထိုးပြီး “သတင်းစာ လွတ်လပ်ခွင့် မရှိပါ၍ ယနေ့ ကာတွန်း မရေးတော့ပါ” ဆိုတဲ့ ကြေညာချက်ကို ရိုက်နှိပ်ထားတယ်။

ဟုတ်ကဲ့ …၊ သတင်းစာပင်တိုင် ကာတွန်းဆရာ တယောက်ရဲ့ ကြေညာချက်ကိုပဲ လူထုသတင်းစာဟာ သတင်းစာ ခေါင်းစည်းကြီးရဲ့ အောက်တည့်တည့်မှာ ထိုက်တန်စွာ နေရာ ပေးထားပါကြောင်း …။

ဧရာဝတီ
မန္တလေး လူထု သတင်းစာတိုက်ဆိုင်းဘုတ်နှင့် လူထုသတင်းစာ ပင်တိုင်ကာတွန်းဆရာ ပေါ်ဦးသက်
မန္တလေး လူထု သတင်းစာတိုက်ဆိုင်းဘုတ်နှင့် လူထုသတင်းစာ ပင်တိုင်ကာတွန်းဆရာ ပေါ်ဦးသက်
Saturday, June 22, 2013

၁၉၉၃ ခုနှစ် ဧပြီ ၁၃ ရက်နေ့က ကွယ်လွန်သွားတဲ့ ပန်းချီဆရာ ပေါ်ဦးသက်ဟာ တချိန်က ကာတွန်းဆရာ ဘဝကို ဖြတ်သန်း ခဲ့သူတယောက် ဖြစ်ပါတယ်။ အမေရိကန်ပြည် “Famous Artist School” ရဲ့ စာပေးစာယူ သင်တန်းသား တဦးဖြစ်ခဲ့ဖူးပြီး ဒီသင်တန်းရဲ့ သင်ခန်းစာ တော်တော်များများဟာ “ကာတွန်းပညာ” တွေပဲ
ဖြစ်ပါတယ်။

သီလဝါစီမံကိန်းကြောင့် ကြယ်စင်အိမ်ရာတွင် ဒေါ်လာသန်းတစ်ရာ ပြင်သစ် ကုမ္ပဏီ ရင်းနှီးမြှုပ်နှံ

Photo: သီလဝါစီမံကိန်းကြောင့် ကြယ်စင်အိမ်ရာတွင် ဒေါ်လာသန်းတစ်ရာ ပြင်သစ် ကုမ္ပဏီ ရင်းနှီးမြှုပ်နှံ
Saturday, June 22, 2013

သီလဝါ အထူး စီးပွားရေးဇုန် အလားအလာများကြောင့် သန်လျင်မြို့နယ်တွင် အကောင်အထည် ဖော်နေသည့် ကြယ်စင်အိမ်ရာ စီမံကိန်း (Star City Project) တွင် အမေရိကန်ဒေါ်လာ သန်းတစ်ရာ နီးပါး ရင်းနှီးမြှုပ်နှံ မည်ဖြစ်ကြောင်း အဆိုပါ အိမ်ရာစီမံကိန်းတွင် ဝင်ရောက် ရင်းနှီးမြှုပ်နှံခဲ့ သည့် ပြင်သစ် ဆောက်လုပ်ရေးကုမ္ပဏီ Bouyges မှ တာဝန်ခံ Peter Francis က The Voice သို့ ပြောကြားသည်။

သီလဝါ အထူး စီးပွားရေးဇုန်ကြောင့် ဝယ်လိုသူ များပြားနေသည့် အတွက် ဈေးကွက် အခြေအနေ ကောင်းမွန်ကြောင်း ၎င်းက ပြောဆိုသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲများကလည်း ၎င်းတို့ ကုမ္ပဏီ လာရောက် ရင်းနှီး မြှုပ်နှံရန် ဆွဲဆောင်နိုင်ခဲ့သည်ဟု Mr. Francis ကဆိုသည်။

Bouyges က ကြယ်စင်အိမ်ရာ စီမံကိန်းတွင် ၆၀ ရာခိုင်နှုန်း ပိုင်ဆိုင်မည် ဖြစ် သည်။

လက်ရှိတွင် ကြယ်စင်အိမ်ရာ စီမံကိန်းသည် ဒုတိယအဆင့် စတင်နေပြီဖြစ်ပြီး ယင်းအဆင့် စီမံကိန်း (Zone တွင် ရှစ်ထပ် အဆောက်အအုံ သုံးလုံးနှင့် ၁၂ ထပ် အဆောက်အအုံ နှစ်လုံး ပါဝင်မည် ဖြစ်ကာ အခန်းပေါင်း ၁၀၀၀ ကျော် ပါရှိမည်ဖြစ်ကြောင်း စီမံကိန်း အချက်အလက်များအရ သိရသည်။

အခန်းဖွဲ့စည်းမှု အခြေအနေပေါ် မူတည်၍ တစ်စတုရန်းပေလျှင် အနိမ့်ဆုံး ၁၆၀ ဒေါ်လာမှ ၂၂၀ ဒေါ်လာနှုန်းထား အခန်းများဖြင့် ဖွဲ့စည်းထားသော အဆောက်အအုံ ငါးခုကို ယခုလတွင် စတင် ဆောက်လုပ်မည်ဖြစ်ပြီး အခန်း များ ရောင်းချမှုကိုမူ ဧပြီလကတည်းက စတင် ရောင်းချခဲ့ကြောင်း ယင်းစီမံကိန်း ပြုလုပ်သည့် SPA Project Management Ltd. မှ စီမံကိန်း ဒါရိုက်တာ David Whitting က ပြောကြားသည်။

ဧက ၄၂၀ ကျော် ကျယ်ဝန်းသော မြေနေရာပေါ်တွင် အကောင် အထည်ဖော်နေသော ကြယ်စင် အိမ်ရာ စီမံကိန်း(Star City Project) သည် အဆောက်အအုံ ငါးခု ပါဝင်သော စီမံကိန်း ပထမအဆင့် Zone A ပြီးစီးနေပြီဖြစ်ပြီး အခန်းအားလုံး ရောင်းချပြီးဖြစ်ကြောင်း SPA Project Management Ltd. ထံမှ သိရှိရသည်။

The Voice Weekly


Saturday, June 22, 2013

သီလဝါ အထူးစီးပွားရေးဇုန်အလားအလာများကြောင့်သန်လျင်မြို့နယ်တွင်အကောင်အထည် ဖော်နေသည့်
 ကြယ်စင်အိမ်ရာစီမံကိန်း(Star City Project) တွင် အမေရိကန်ဒေါ်လာ သန်းတစ်ရာ နီးပါး ရင်းနှီးမြှုပ်နှံမည်
ဖြစ်ကြောင်း အဆိုပါ အိမ်ရာစီမံကိန်းတွင် ဝင်ရောက် ရင်းနှီးမြှုပ်နှံခဲ့ သည့် ပြင်သစ် ဆောက်လုပ်ရေးကုမ္ပဏီ
Bouyges မှ တာဝန်ခံ Peter Francis က The Voice သို့ ပြောကြားသည်။

" လူလိမ်လူညာများ ဖွင့်လှစ်ထားသော Aroma Zulu Studio ရဲ့ လိမ်လည်မှုကို ဖော်ထုတ်ခြင်း "

" လူလိမ်လူညာများ ဖွင့်လှစ်ထားသော Aroma Zulu Studio ရဲ့ လိမ်လည်မှုကို ဖော်ထုတ်ခြင်း "

လွန်ခဲ့တဲ့ ၃ရက် က မဇာကို Aroma မှ ဆိုင်ရှင် ၂ဦးဖြစ်တဲ့ ကိုစိန်လင်း နဲ့ အောင်မြတ်သူ တို့မှ Aromaဆိုင်အတွက် model လုပ်ပေးဖို့ ၉သိန်း ကျပ်တိတိနဲ့ အလုပ်အပ်ခဲ့ပါတယ်။ (စိန်လင်းက အခြောက်ဖြစ်ပြီး အောင်မြတ်သူက သူငယ်တော် ဖြစ်ပါတယ်)

မဇာ ကလဲ အလုပ်ကို အလုပ်နဲ့တူအောင် လုပ်ပေးခဲ့ပါတယ်။

သို့သော် ယခု ၄ရက်မြောက် ရှိသည့်တိုင် မဇာကို ပိုက်ဆံလာရောက်ပေးချေခြင်းမရှိပဲ တိန်းရှောင်နေပါသည်။ မဇာဖုန်းဆက်သည်ကိုလဲ မကိုင်တော့ပါ။

Aroma Zulu Studio ရဲ့ သမိုင်းကိုကြည့်လျှင်လည်း လွန်ခဲ့သည့် နှစ်အနည်းငယ်ခန့်က Falcon Global company အဖြစ် ဖွင့်လှစ်ပြီး ပြည်သူလူထုကို လိမ်ညာသည့်အတွက် company သိမ်းဆည်းခြင်းခံခဲ့ရသည်။ ဒ့ါအပြင် ငှင်းတို့၏ လိမ်ညာမှုကို ခံခဲ့ရသူများမှ တအိမ်တက်တအိမ်ဆင်း ငှင်းတို့ ၂ယောက်၏ လိမ်ညာမှုထပ်မခံရစေရန် သတိပေးစာရွက်များ လိုက်လံဖြန့်ဖြူးခဲ့သည်။ ထို့ကြောင့် Aroma စိန်လင်း အား မိဘဖြစ်သူများမှ အမွေပြတ်စွန့်လွှတ်ခဲ့ပါသည်။ အမွှေပြတ်ဆိုသည်မှာ အကြွေးလာတောင်သူများသဖြင့် မပေးနိုင်ကြောင်း တဖက်လှည့်ဖြင့် ကြေညာခြင်းဖြစ်ပါသည်။ ( သက်သေခံစာရွက်များကို မကြာမီ ပူးတွဲတင်ပြပေးလိုက်ပါမည်)

Aroma Zulu Studio မှာ မင်ဂလာဆောင် သတို့သမီးများ ၀တ်စုံအပ်ခြင်း ဓါတ်ပုံအပ်ခြင်းများ ပြုလုပ်ပါကလဲ ဈေးမှာ အဆမတန် တောင်းပါတယ်။ ဓါတ်ပုံအတွက် တပွဲကို သိန်း ၃၀ ကျော် တောင်းပါတယ်။ Camera မှာလဲ 2007 model Cannon အမျိုးအစားဖြစ်ပြီး Photoshop effect ကိုသာ အဓိကသုံးပြီးရိုက်ကူးပေးခြင်းဖြစ်ပါတယ်။

ထို့ကြောင့် Aroma Zulu Studio အနေဖြင့် မဇာရသင့်သော ငွေကြေးများအား ၇ ရက်အတွင်း လာရောက် ပေးနှံခြင်းမရှိပါက တည်ဆဲဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

မဇာလို အလိမ်အညာမခံရစေဖို့ ဒီသတင်းကို နီးစပ်ရာလက်ဆင့်ကမ်းပေးပါ။

(သတင်းထောက်များ စုံစမ်းမေးမြန်းနိုင်ပါသည် )

ဒါကတော့ Aroma Zulu Studio ရဲ့ fb page ပါ=> https://www.facebook.com/pages/Aroma-Zulu-Studio/153267988078930

ဒါကတော့ Aroma phone ပါ => 95-1-401272, 95-9-8611521

Actress
Khin Zar Chi Kyaw

လွန်ခဲ့တဲ့ ၃ရက် က မဇာကို Aroma မှ ဆိုင်ရှင် ၂ဦးဖြစ်တဲ့ ကိုစိန်လင်း နဲ့ အောင်မြတ်သူ တို့မှ Aromaဆိုင်အ
တွက် model လုပ်ပေးဖို့ ၉သိန်း ကျပ်တိတိနဲ့ အလုပ်အပ်ခဲ့ပါတယ်။ (စိန်လင်းက အခြောက်ဖြစ်ပြီး အောင်
မြတ်သူက သူငယ်တော် ဖြစ်ပါတယ်)မဇာ ကလဲ အလုပ်ကို အလုပ်နဲ့တူအောင် လုပ်ပေးခဲ့ပါတယ်။

Time Magazine, Vol. 182, No. 1, 20 June, 2013 ၏ မျက်နှာဖုံးဆောင်းပါး "The Face of Buddhist Terror" ကို အပြည့်အစုံ ဘာသာပြန်


ဤဘာသာသည် ငြိမ်းချမ်းအေးမြခြင်းနှင့်ခန္တီတရားတို့ဖြင့်ထင်ရှားကျော်ကြားသောဘာသာအယူဝါဒတခု
ဖြစ်ပေသည်။ သို့ရာတွင် ဗုဒ္ဓဘာသာ အများစုဖြစ်သော အာရှနိုင်ငံအများအပြား၌ ဘုန်းတော်ကြီးများသည် အများအားဖြင့် မူဆလင်များ အပေါ်တွင် တယူသန်အကြမ်းဖက်မှုများကို လှုံ့ဆော်နှိုးဆွပေးလျက် ရှိကြပေ
သည်။

ဟားဗတ်တက္ကသိုလ်ရဲ. စာကြည့်တိုက်နံရံပေါ်မှာ ဘ၀အတွက် အရေးကြီးတဲ့အချက် ၂၀ ရေထား

ဟားဗတ်တက္ကသိုလ်ရဲ. စာကြည့်တိုက်နံရံပေါ်က ဆုံးမစာ အချက်(၂၀)
Saturday, June 22, 2013

(၁) ဒီအချိန်မှာ အိပ်ငိုက်နေလျှင် မင်း အိပ်မက်မက်လိမ့်မည်။ ဒီအချိန်မှာ ကြိုးစားလျှင် မင်းအိပ်မက် အကောင်ထည်ဖော်နိုင်မည်။

(၂) ငါ လစ်လျှူခဲ့သောယနေ့သည် မနေ့က နောက်ရက်တွင် ပျက်စီးလိုသောသူ၏ဆုတောင်းခြင်းပင်။

(၃) အချိန်နှောင်းပြီဟု ထင်လိုက်သောအချိန်သည် အစောဆုံး အချိန်ပင်ဖြစ်သည်။

(၄) ယနေ့အလုပ်ကို နောက်နေ့အထိမဆွဲပါနှင့်။

(၅) စာကြိုးစားချိန် ပင်ပန်းတာဟာ တခဏပါ။ မကြိုးစားလိုက်ပါမှ တသက်တာပင်ပန်းမှာ။

(၆) သင်ယူတာဟာ အချိန်မရှိတာမဟုတ်ဘူး။ ကြိုးစားအားထုတ်မှုမရှိတာပါ။

(၇) စိတ်ချမ်းသာမှုဟာ အဆင့် သတ်မှတ်ထားတာရှိချင်မှရှိလိမ့်မည်။
အောင်မြင်မှုမှာတော့ရှိတယ်။

(၈) သင်ယူတာဟာ လူ့ဘ၀ရဲ.အားလုံးမဟုတ်ပါ။
လူ့ဘ၀ရဲ. တစ်စိတ်တစ်ပိုင်းလေးကိုတောင်မှ မအောင်မြင်နိုင်ဘူး ဆိုရင် ဘာလုပ်နိုင်ဦးမှာလဲ။

(၉) မရှောင်ဖယ်နိုင်တဲ့ ပင်ပန်းဆင်းရဲမှုများကို ခံစားပါ။

(၁၀) သူများထက်ပိုစော၊ ပို ကြိုးစားနိုင်မှ အောင်မြင်မှုအရသာကို ခံစားရမှာ။

(၁၁) ဘယ်သူမှ လွယ်လွယ်ကူကူနဲ့မအောင်မြင်နိုင်ဘူး၊ ဒါဟာ ကိုယ့်ရဲ. ပြည့်စုံသော ပင်ကိုယ်ထိန်းနိုင်စွမ်းအားနှင့် မလျှော့သော ဇွဲ လုံ့လတို့မှ ရရှိလာတာ။

(၁၂) အချိန်ဟာအမြဲတမ်းကုန်ဆုံးနေတယ်။

(၁၃) ဒီနေ့ယိုသောသားရည်သည်နောက်နေ့၏မျက်ရည်ဖြစ်လိမ့်မည်။

(၁၄) ခွေးလိုသင် လူကြီးလူကောင်းလို ကစားပါ။

(၁၅) ဒီနေ့ မသွားလျှင် နောက်နေ့ပြေးရလိမ့်မည်။

(၁၆) အနာဂတ်ကို ရင်နှီးမြုပ်နံနေတဲ့သူဟာယခုလက်တွေ့ကိုသစ္စာရှိသူပါ။

(၁၇) ပညာရည်အဆင့်အတန်းဟာ ၀င်ငွေ အဆင့်အတန်း ကို ကိုယ်စားပြုတယ်။

(၁၈) တနေ့တာကုန်ဆုံးသွားလျှင် ပြန်မလာတော့ပါ။

(၁၉) အခုတောင်မှ သင်၏ပြိုင်ဖက်သည် စာရွက်ကို အဆက်မပျက်လှန်နေပြီ။

(၂၀) အကျပ်အတည်းအခက်အခဲမရှိလျှင် အကျိုးအမြတ်မရနိုင်ပါ။

Myanmar News


Saturday, June 22, 2013

(၁) ဒီအချိန်မှာ အိပ်ငိုက်နေလျှင် မင်း အိပ်မက်မက်လိမ့်မည်။ ဒီအချိန်မှာ ကြိုးစားလျှင် မင်းအိပ်မက် အကောင်ထည်ဖော်နိုင်မည်။

(၂) ငါ လစ်လျှူခဲ့သောယနေ့သည် မနေ့က နောက်ရက်တွင် ပျက်စီးလိုသောသူ၏ဆုတောင်းခြင်းပင်။

"စွယ်စုံရအနုပညာရှင် ဦးသုခရဲ့ ပရဟိတလမ်းပြမှုအတိုင်း တစ်သွေ မတိမ်း လျှောက်လှမ်းနေတဲ့ ဦးကျော်သူအပေါ် ရုပ်ရှင်ဥက္ကဋ္ဌ ဦးလူမင်း သဘောထား"

"စွယ်စုံရအနုပညာရှင် ဦးသုခရဲ့ ပရဟိတလမ်းပြမှုအတိုင်း တစ်သွေ မတိမ်း လျှောက်လှမ်းနေတဲ့ ဦးကျော်သူအပေါ် ရုပ်ရှင်ဥက္ကဋ္ဌ ဦးလူမင်း သဘောထား"

ဇွန် ၁၆ ရက်နေ့ ကျိုက်လတ် မြို့မှာ ကျင်းပမယ့် ဘဘ ဦးသုခရဲ့ ရုပ်တု ဖွင့်ပွဲကို ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်း နဲ့တကွ နာယက များ၊ အနုပညာရှင် များ နှင့် အတတ် ပညာရှင်များက သွားရောက် ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ ဘဘဦးသုခ ရုပ်တု ဖွင့်ပွဲ အကြောင်းနဲ့ ပတ်သက်ပြီး သွားရောက်မယ့် ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းက..
“ကျိုက်လတ် ဆိုတာ ဘဘဦးသုခ ရဲ့ ဇာတိဖြစ်တယ်။ ဘဘရဲ့ဇာတိမှာ ဘဘရဲ့ ရုပ်တုဖွင့်ပွဲ လုပ်ဖို့ရှိတော့ ကျွန်တော်တို့ ရုပ်ရှင် အစည်းအရုံးက နာယက ဘဘ ဗိုလ်ကလေး တင့်အောင်လည်း လိုက်ပါမယ်။ ဘဘကို ဂုဏ်ပြုတဲ့ အနေနဲ့ ရုပ်တုဖွင့်ပွဲကို ဖဲကြိုးဖြတ် ဖွင့်လှစ်ဖို့ အတွက် အနုပညာရှင် များဖြစ်တဲ့ ဆုပန်ထွာ၊ သင်ဇာဝင့် ကျော် ၊ စိုးပြည့်သဇင်၊ ချမ်းမီမီကိုတို့ လည်းလိုက်ပါမယ်” လို့ ပြောပြခဲ့ပါ တယ်။ 

အနုပညာ လောကမှာ ဘဘ ဦးသုခကို အနုပညာရှင် များသာမက ပရိသတ် များက စွယ်စုံရ အနုပညာ ရှင်ကြီးလို့ တင်စားခေါ် ခဲ့သလိုပဲ ဘဘ ဦးသုခ နဲ့ ပတ်သက်ပြီး ဦးလူမင်း အားကျ အတုယူတဲ့ အချက်ကို မေးကြည့်တော့ “ဘဘ ဦးသုခက စွယ်စုံရ အနုပညာရှင် ဖြစ်တယ်။ သီချင်း ဘက်မှာလည်း အဆို ကောင်းသလို၊ စာပေဘက် မှာလည်း အရေး အသား တအားကောင်းတယ်။ ဘဘ ရဲ့ ဘာသာတရား စာတွေ ဖတ်ရတာ ကျွန်တော့် အတွက် တကယ် မှတ်သားစရာ ကောင်းတွေပဲ။ သရုပ်ဆောင် ဒါရိုက်တာ အတတ်ပညာ ဘက်မှာလည်း တော်ပြီးသားပါ။ သူဖန်တီးတဲ့ အနုပညာ မှာတော် တော်ပြောင်မြောက်လို့ အခု အချိန်ထိ အနုပညာ လောကမှာရော၊ ပရိသတ် တွေရင်ထဲမှာပါ ရှိနေတာလေ။ 

ပြီးတော့ ပရဟိတ ဘက်မှာလည်း ဘယ်လောက် အမြော်အမြင် ရှိလဲ ဆိုတာ အခု နာရေး ကူညီမှုအသင်း ဆိုရင် ဘယ်သူမှ မတွေးထားတဲ့ အတွေး ၊သူတွေး တာကိုက အကြား အမြင် ရပြီးကြို လုပ် ခဲ့ သလား ခံစားရ တယ်” လို့ ပြောပြခဲ့ ပါတယ်။ ပရဟိတ လူမှု အကျိုးကို ဦးကျော်သူအား လမ်းပြ လက်ဆင့် ကမ်းပေးတဲ့ ဘဘ ဦးသုခ ရဲ့ပရဟိတ စိတ်၊ အခုဘဘ ဦးသုခရဲ့လမ်းပြမှုနဲ့ ကိုယ်ကျိုးစွန့် လုပ်ဆောင်နေတဲ့ ဦးကျော်သူ ကို အနုပညာလောက သား တစ်ယောက် အနေနဲ့ ဘယ်လိုမြင် ပါသလဲ လို့မေးကြည့်တော့

 “ဦးကျော် သူက ဘဘ ဦးသုခ ရဲ့လမ်းပြမှု နဲ့အတူ လုပ်တာ။ တအား ကိုလေးစားပါတယ်။ ပရဟိတ ဆိုတာခေါ်ရတာ လွယ်ပြီး လက်တွေ့ လုပ်ဆောင်တော့ တအား ခက်ခဲ တာတွေ အများကြီး ရင်ဆိုင် နေရတာ ကိုယ်တို့သိတယ်။ ဒီလို ကိုယ်ကျိုးစွန့် လုပ်နိုင်တဲ့လူ အင်မတန် ရှားပါတယ်။ ကိုယ့်အကျိုး လုပ် တာတောင် ဒီလောက် ခက်ခဲတာ၊ အများ အကျိုး ဆိုရင် ပြောစရာ မလိုတော့ပါဘူး” လို့ ပြောပြခဲ့ ပါတယ်။

ထူးထူး

ဇွန် ၁၆ ရက်နေ့ ကျိုက်လတ် မြို့မှာ ကျင်းပမယ့် ဘဘ ဦးသုခရဲ့ ရုပ်တု ဖွင့်ပွဲကို ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်း နဲ့တကွ နာယကများ၊အနုပညာရှင် များ နှင့် အတတ် ပညာရှင်များက သွားရောက် ဖွင့်လှစ်မှာ ဖြစ်
ပါတယ်။ ဘဘဦးသုခ ရုပ်တု ဖွင့်ပွဲ အကြောင်းနဲ့ ပတ်သက်ပြီး သွားရောက်မယ့် ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းက..“ကျိုက်လတ် ဆိုတာ ဘဘဦးသုခ ရဲ့ ဇာတိဖြစ်တယ်။

နတ်မောက်မြို့ နယ် ထုံးပေါက်ချိုင်းကျေးရွာ၌ အရပ်ရှစ်ပေလေးလက်မရှိ လူတစ်ဦးကို ထူးခြားအံ့ဘွယ်တွေ့ ရ

Friday, June 21, 2013

မကွေးတိုင်း ဒေသကြီး နတ်မောက်မြို့နယ် ထုံးပေါက်ချိုင်း ကျေးရွာတွင် အရပ်အမြင့် ရှစ်ပေလေးလက်မရှိ လူ
ငယ်တစ်ဦး ကို ထူးဆန်းစွာ တွေ့  မြင်ခဲ့ရသည်ဟု တဆင့် စကား တဆင့်ကြားမိရာမှအဖြစ်အပျက်အကြောင်း
စုံများအား အမှန်အတိုင်း တင်ပြ နိုင်ရေး အတွက် ကျောက်ခဲ လျိုမျှောင် သဲတောများကြားမှ ခက်ခဲပင်ပန်းစွာ သွားရောက်လေ့လာ မေးမြန်းမှုများ ပြုလုပ်ခဲ့ကြသည်။

င်္File တွေ ဆော့ဝဲတွေ ဓာတ်ပုံဗီဒိုယိုတွေ အချင်းချင်း မျှဝေနိုင်ဖို့ Zapya 1.7 (UPDATE) နောက်ဆုံးထွက်လေးပါ

Zapya 1.7 အသစ်ပါ

အောက်သို့ မကျခြင်းဖြင့် မန့်ခြင်းဖြင့် ကူညီကြပါ

:-P

comment box မှာ link ပေးပါ့မယ်

File တွေ ဆော့ဝဲတွေ ဓာတ်ပုံဗီဒိုယိုတွေ အချင်းချင်း မျှဝေနိုင်ဖို့ Zapya 1.7 (UPDATE) နောက်ဆုံးထွက်
လေးကိုတင်ပေးလိုက်ပါတ.်။ Zapya ဆိုရင်တော့ မသိတဲ့သူရှားပါတယ်။

Android ဖုန်းတွေနဲ့ပတ်သတ်ပြီး နောက်ဆုံးပေါ်နည်းပညာတွေဂိမ်းတွေ ကြည့်နိုင်ဖို့ Drippler App For Android

ယခုမိတ်ဆက်ပေးတဲ့ဆော့ဝဲလေးကတော့ Android နဲ့ ပက်သက်တဲ့ ကောလဟာလသတင်းများ , နည်း
ပညာသတင်များ , ဖုန်းအကြောင်းများ , ဆော့ဝဲနှင့် ဂိမ်း Review များကို အချိန်နှင့်တပြေးညီ Update to Date ကြည့်နိုင်မယ့်Drippler ဆော့ဝဲလေးပါ။

Android ဖုန်းတွေကို CCTV CAMERA အဖြစ်အသုံးပြုမယ်

နည်းပညာတွေတိုးတတ်လာတာနဲ့အမျှ ကျွန်တော်တို့ရဲ့ Android ဖုန်းတွေကို CCTV CAMERA အဖြစ်
အသုံးချလို့ရနေပါပြီ။ဥပမာ သူငယ်ချင်းတစ်ယောက်ယောက်က တစ်နေရာရာကိုရောက်နေတယ်ဆိုပါဆို့ သူရောက်နေတဲ့ နေရာကို ကျွန်တော်တို့ဆီကို Live video အနေနဲ့ပေးကြည့်လို့ရပါတယ်။လက်ရှိသူမြင်
နေရတဲ့ မြင်ကွင်းကို အဝေးကြီးမှာရှိနေတဲ့ တစ်ခြားသူငယ်ချင်းတွေရော မြင်ရမယ်ဆိုရင် အရမ်းအဆင်ပြေ
တာပေါ့။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီ အကြိုအစည်းအဝေးသို့ ပြည်ထောင်စု ၀န်ကြီးအချို့ တက်ရောက်ခဲ့သည်ဟု သတင်းထွက်ပေါ်

ဇွန်လ ၂၂ ရက် ၂၀၁၃

အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုကော်မတီ အကြို အစည်းအဝေးကို ဇွန် ၂၁ ရက်တွင် နေပြည်တော်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရုံးချုပ်တွင် ပြုလုပ်ခဲ့သည်။နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ဗဟိုကော်မတီ အကြိုအစည်းအဝေးသို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း တက်ရောက်ခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဒုတိယဥက္ကဋ္ဌများ၊ ဗဟိုအလုပ် အမှုဆောင်များ တက်ရောက်ခဲ့ကြသည်။