Pages

Saturday, May 25, 2013

၂၀၁၃ ရဲ့ မုတ်သုံအ၀င် မြန်မာနိုင်ငံရာသီဥတုအခြေအနေ


၂၀၁၃ ရဲ့ မုတ်သုံအ၀င် ၂၅-၅-၂၀၁၃ ရက်။
ည ၇း၂၅ နာရီ။ ခေတ္တ စင်္ကာပူ။

(၂၅-၅-၂၀၁၃)ရက်နေ့မှာတော့ ဘင်္ဂလားပင်လယ်အော်ထဲမှာ မုတ်သုံလေအခြေအနေ ဟာ ပြန်တက် လာ
ပါတယ်။ ဘင်္ဂလားပင်လယ်အော်ထဲမှာ လေတိုက်နှုန်းက တစ်နာရီ မိုင်(၄၀)လောက်ရှိနေပါတယ်။ နာဆာ
(NASA)ကောင်းကင်ဂြိုဟ်တုကတိုင်းတဲ့ဘင်္ဂလားပင်လယ်အော်ထဲက ရေလှိုင်းအမြင့်တွေက (၁၀)ပေ
လောက်အထိ ရှိနေပါတယ်။ လှို်င်းကြီးနေပါတယ်။ အထူးသဖြင့် ရခိုင်ကမ်းလွန်ဒေသ မှာ ပိုဆိုးနေပါတယ်။

တေးသံရှင်ကြီး အကော်ဒီယံ ဦးအုန်းကျော် ယနေ့နေ့လည်အချိန်က နှလုံးရောဂါဖြင့်ဆုံးပါးပြီ

မြန်မာနိုင်ငံ ဂီတအစည်းအရုံး၏ ဥက္ကဌဟောင်းတစ်ဦးဖြစ်သော တေးသံရှင်ကြီး အကော်ဒီယံ ဦးအုန်းကျော်သည် ယနေ့ မေလ ၂၅ ရက် နေ့လယ် ၂ နာရီ ၂၀ မိနစ်အချိန်က အာရှတော်ဝင်ဆေးရုံ၌ နှလုံးရောဂါဖြင့်သေဆုံးသွားခဲ့သည်။ 

ရဲရဲ

မြန်မာနိုင်ငံ ဂီတအစည်းအရုံး၏ ဥက္ကဌဟောင်းတစ်ဦးဖြစ်သော တေးသံရှင်ကြီး အကော်ဒီယံ ဦးအုန်းကျော်
သည် ယနေ့ မေလ ၂၅ ရက် နေ့လယ် ၂ နာရီ ၂၀ မိနစ်အချိန်က အာရှတော်ဝင်ဆေးရုံ၌ နှလုံးရောဂါဖြင့်
သေဆုံးသွားခဲ့သည်။

ပန်းဆိုးတန်းသဘောင်္ဆိပ်အနီး ယာဉ်တိုက်မှု ပွဲချင်းပြီးသေဆုံး


ရန်ကုန်၊ မေ ၂၅။
ယနေ့ နေ့လည် (၁၂း၅၀) နာရီခန့်တွင် ယာဉ်မောင်း ကိုခင်မျိုးဝင်း (၂၅) နှစ်မောင်းနှင်လာသော ယာဉ်အ
မှတ် (၇ခ/၈၇၇၇) အစိမ်းရောင် ခြောက်ဘီးကားသည်ကမ်းနားလမ်းမှပန်းဆိုးတန်းသဘောင်္ဆိပ်သို့ လမ်းဖြတ်
ကူးလာသူမညိုကြီး (၂၄) နှစ်အား တိုက်မိရာမှ မညိုကြီးသည်ယာဉ်တိုက်မှုဖြစ်ပွါးရာနေရာတွင်ပွဲချင်းပြီးသေ
ဆုံးသွားကြောင်း သိရသည်။

မွန်ပြည်နယ်တွင် “၅၂ နှစ်မြောက် နိုင်ငံတော်ဘာသာနေ့” အမည်ဖြင့် လှုပ်ရှားမှု ၉၆၉ အဖွဲ့ပြုလုပ်လာ

မွန်ပြည်နယ်တွင် “၅၂ နှစ်မြောက် နိုင်ငံတော်ဘာသာနေ့” အမည်ဖြင့် လှုပ်ရှားမှု ၉၆၉ အဖွဲ့ပြုလုပ်လာ
============
မေ-၂၄-၂၀၁၃
M-Media
အောင်ကျော်

မွန်ပြည်နယ်တွင် 969 အဖွဲ့မှ ၂၅-၈-၂၀၁၃ နေ့ နံနက်ပိုင်းတွင် နိုင်ငံတော်ဘာသာနေ့ အမည်ဖြစ် သာသနာအလံများ လွှင့်ထူရန် နှိုးဆော်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

မွန်ပြည်နယ် တွင် မော်လမြိုင် မြို့မှအစ ပြည်နယ်တစ်ခုလုံးနှင့် မြန်မာနိုင်ငံအချို့မြို့ကြီးများတွင် ဗုဒ္ခဘာသာကို နိုင်ငံတော်ဘာသာအဖြစ် အတည်ပြု သတ်မှတ်ခဲ့သည် ဟူသော ၅၂ နှစ်မြောက် နိုင်ငံတော်ဘာသာနေ့   အထိမ်းအမှတ် အခမ်းအနားများ ကျင်းပရန်နှင့် ဗုဒ္ခဘာသာဝင် အိမ်တိုင်းတွင် သာသနာအလံတော်များ လွှင့်ထူရန်  နှိုးဆော်လျက်ရှိကြောင်း သိရသည်။

ထိုသို့နှိုးဆော်မှုတွင် မွန်ပြည်နယ်ပေါင်မြို့နယ်မုတ္တမမြို့ မြစေတီနန်းဦး စာသင်တိုက်တွင် ၂၄-၅-၂၀၁၃  နေ့နံနက်အချိန်းမှ စပြီး မြစေတီ နန်းဦးစာသင်တိုက်တွင် ( ဘာသာသွေးနွေး ခေါင်စဉ်ဖြစ် ) ခေတ်မှီတီးဝိုင်းကြီးများဖြစ်  အစ္စလာမ်သာသနာနှင့် ဘာသာဝင် များကို ထိခိုက်စော်ကားထားသော သီချင်းများကို  သီဆိုခဲ့ကြပြီး လူငယ်များကို ဘာသာ သွေးနွေးပေသည်ဟု ခေါင်စဉ်ဖြစ်  လှုံဆော်ပေးလျှက် ရှိကြောင်းသိရသည်။ ။ မြစေတီနန်းဦး စာသင်တိုက်သို့ မော်လမြိုင်၊ပေါင်၊ သထုံ၊ ဘီးလင်း၊ ကျိုက်ထို၊ ဇင်းကျိုက် ၊ အစရှိသည် မြို့များမှ ၉၆၉ အဖွဲ့အင်အား ၅၀၀၀ ခန့် စုရုံးပြီး ယခုကဲ့သို့ပြုလုပ်ခြင်းဖြစ်ပါသည် ။

ထိုအခမ်းအနားတွင် အစ္စလာမ်ဆန့်ကျင်ရေး တရာခွေများ စာရွက်များကိုဝေငှပေးပြီ  ဗုဒ္ခဘာသာဝင်များ ၏ နိုင်ငံတော် ဘာသာနေ့ ကိုကြိုဆိုရန် ဗုဒ္ခဘာသာဝင်များ အိမ်တိုင်းတွင် သာသနာ အလံတော်များ တင်ရမည်ဖြစ်ကြောင်းကို  မြစေတီနန်းဦ စာသင်တိုက်ဆရာတော်မှ ညွန်ကြားခဲ့ကြောင်းသိရှိပါသည်။

Read More =>http://www.m-mediagroup.com/news/13960

မေ-၂၄-၂၀၁၃
မွန်ပြည်နယ်တွင် 969 အဖွဲ့မှ ၂၅-၈-၂၀၁၃ နေ့ နံနက်ပိုင်းတွင် နိုင်ငံတော်ဘာသာနေ့ အမည်ဖြစ် သာသနာအလံများ လွှင့်ထူရန် နှိုးဆော်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

ကဆုန်လပြည့်နေ့၌ အမျိုးသားတစ်ဦး မန္တလေး ဆီဒိုးနားဟိုတယ်ရှေ့ ကျုံးထဲဆင်း၍ သက်သေ


ကဆုန်လပြည့်နေ့၌ အမျိုးသားတစ်ဦး မန္တလေး ဆီဒိုးနားဟိုတယ်ရှေ့ ကျုံးထဲဆင်း၍ သက်သေမှုဖြစ်ပွားခဲ့
ကြောင်းသတင်းရရှိသည်။

Facebook ပေါ်ကများပြားလှတဲ့ Page တွေကြားထဲမှာ ကိုယ့် page ကိုအမြဲ အထာကျကျ အဆင့် တစ်ခုရှိတဲ့ page ပုံစံမျိုး ပေါက်နေအောင် ဘယ်လို လုပ်ရမလဲ

Facebook ပေါ်မှာ page တွေမှိုလို ပေါက်လာ နေပါတယ်။ ကိုယ့် page ကိုအမြဲ အထာကျကျ အဆင့် တစ်ခုရှိတဲ့ page ပုံစံမျိုး ပေါက်နေအောင် ဘယ်လို လုပ်ရမလဲ


တစ်ခု ရှိတာက page ဆိုတာက ကိုယ့်ရဲ့ account လိုမဟုတ်ပါဘူး။ Facebook ပေါ်ရောက်လာတယ် ဆိုကတည်းက လူထောင်ပေါင်းများစွာ မြင်ရဖို့ သေချာ နေပါတယ်။ ခုမှ စသုံးတဲ့ သူတွေ အတွက်တော့ အမှားတွေ လုပ်မိကောင်း လုပ်နိုင်ပါတယ်။ ဒီလို ရှက်စရာ ကောင်းတဲ့ အမှား တွေ မကျူးလွန်မိဖို့ ရှောင်ရှား သင့်တဲ့ အချက်တွေကို ဖော်ပြ ပေးလိုက်ပါတယ်။

1.Talking at your customers, not with your customers 
ကိုယ့် page ပဲဆိုပြီး ကိုယ်တင်ချင်ရာတင်၊ လာကြည့်တဲ့ သူတွေဘက်ကို မကြည့်တာဟာ ကောင်းတဲ့ လုပ်ဆောင်ချက် တစ်ခု မဟုတ်ပါဘူး။ 

2.Not responding to comments or questions
စီးပွားရေး လုပ်နေတဲ့ သူတွေ အတွက်တော့ မေးခွန်းတွေကို ပြန်မဖြေ တာ၊ customers တွေနဲ့ ဆက်သွယ်မှု မရှိတာဟာ နောင်ကိုယ့်ရဲ့ fan ဖြစ်လာနိုင်တဲ့ သူတွေ အတွက်တော့ impression ကျစေပါတယ်။

3.Not monitoring the Page
ကိုယ့်ရဲ့ Page ကိုသေချာ မကြည့်ထားတာဟာ မကောင်းပါဘူး။ ကိုယ့် Page ကိုလာလည်တာဟာ spam links တွေကို click လုပ်ဖို့ မဟုတ် ပါဘူး။ ဒီ spam links တွေကို သေချာ ဖယ်ထုတ် သင့်ပါတယ်။

4.Using hashtags on Facebook
hashtags တွေက Facebook အတွက် မဟုတ်ပါဘူး။ Twitter ကနေ cross-post လုပ်တယ် ဆိုရင်တောင် ဒါဟာ Facebook ကကိုယ့်ရဲ့ fan တွေကို ဂရုမစိုက်၊ သူတို့အတွက် အချိန် မပေးတာလို့ မြင်သွားနိုင် ပါတယ်။

5.Writing long posts that get cut off
post အရှည်ကြီးတွေ ရေးချင်ရင် ရေးပါ။ Facebook မှာစာလုံး ၆၀၀၀၀ထိ ရေးလို့ ရပါတယ်။ ဒါပေမယ့် ရှင်းရှင်းလင်းလင်းနဲ့ ကျစ်ကျစ် လျစ်လျစ် ရေးပါ။ 

6.Liking your own post
ကိုယ့် post ကိုကိုယ်ပြန် like ရအောင်ထိ အားပေးမယ့်သူ မရှိဘူးလားလို့ အမေးခံ ရပါလိမ့်မယ်။


7.Not having a custom URL for your Facebook Page. 
Facebook Pages တွေရဲ့ ပထမဆုံး စည်းမျဉ်းက ဘာလဲ ဆိုတာ အရင် ဖတ်ကြည့်ပါဦး။ URL တစ်ခုတော့ သတ်သတ် မှတ်မှတ် ရှိသင့် တာပေါ့။ 

8.Posting one thing right after another
ကိုယ့် fan တွေက ကိုယ့် page ကိုကြိုက်ကြ ပါတယ်။ ဒါပေမယ့် post တွေတစ်ခုပြီး တစ်ခု ဆက်တိုက် newsfeed မှာတက်လာတာ အနှောက်အယှက် ဖြစ်ပါတယ်။ update တွေတင်တဲ့ အခါမှာ တစ်ခုနဲ့ တစ်ခု ကြားမှာ အချိန်နည်းနည်း ခြားတာဟာ post တွေအကုန်လုံးကို ကြည့်သွားဖို့ အခွင့်အရေး ပိုများပြီး ကျော်သွား တာမျိုးတွေ မဖြစ်တော့ ပါဘူး။

9.Talking smack about your competition
ကိုယ့်ရဲ့ ပြိုင်ဘက်ကို သွားပုပ်လေလွင့် မပြောသင့်ပါဘူး။ ကိုယ့်အလုပ်ပဲ ကိုယ်လုပ်ပါ။ 

10.Responding negatively to a negative comment.
ရိုင်းစိုင်းတဲ့၊ မကောင်းပြော ထားတဲ့ comment တွေက သင့်ဘယ်လို တုန့်ပြန်သလဲ ဆိုတဲ့ အပေါ် မူတည်ပါတယ်။ ရိုင်းတာကို ရိုင်းသလို တုံ့ပြန် မယ့်အစား professional ကျကျ တုံ့ပြန်တာဟာ ရန်သူကိုတောင် မိတ်ဆွေ အဖြစ် ပြောင်းလဲ နိုင်ပါတယ်။

11.Not filling out necessary information, location, description, etc.
Facebook ကသင့်ကို စီးပွားရေး ဖြစ်ဖြစ်၊ အဖွဲ့အစည်းပဲ ဖြစ်ဖြစ် အချက်အလက်တွေ ပြည့်ပြည့်စုံစုံ ထည့်ဖို့ အခွင့်အရေး ပေးပြီးသား ဆိုတော့ ထည့်ရမှာ ကိုယ့်တာဝန်ပါ။ ဘာအချက်အလက်မှ မထည့်ထားရင် ကိုယ်ဘာမှန်း သိကြမှာ မဟုတ်ပါဘူး။

12.Not using Facebook Insights
Facebook Insights တွေကနေ တဆင့် သိနိုင်တာ တွေက အများကြီး ပါပဲ။ ကိုယ့် page ကိုဘယ်သူတွေ like ထားလဲ၊ ဘယ်လောက်လာ လည်ကြသလဲ အစရှိ သဖြင့် ကိုယ့် page ကိုဘယ်လို ထိန်းရမလဲ ဆိုတာ သိနိုင်ပါတယ်။

13.Only promoting yourself.
social network ပါ။ လူအချင်းချင်း ဆက်သွယ်ဖို့ ဖြစ်ပြီး ကိုယ့်ကိုကိုယ် ကြေညာဖို့ မဟုတ်ပါဘူး။


14.Spelling errors
စာလုံးပေါင်း အမှားက နည်းနိုင်သလောက် နည်းသင့်ပါတယ်။ ကိုယ့် page ကိုလူအထင်သေး စေနိုင် ပါတယ်။ 

15.USING TOO MANY CAPS OR EXCLAMATION POINTS!!!!!!!!!!!!!!!!!!!!!!!
မလိုအပ်ဘဲ စာလုံးအကြီးတွေ၊ ! တွေမသုံး ပါနဲ့။ 

16.Responding with the same answer from multiple admins
မေးခွန်းတွေကို ပြန်ဖြေပေးတယ် ဆိုတာ ကောင်းပါတယ်။ ဒါပေမယ့် admin တွေအများကြီး ရှိတဲ့ page တွေမှာ admin အချင်းချင်း ချိတ်ဆက် မှုရှိပါစေ။ တစ်ယောက် တစ်ပေါက် မဖြစ်ပါစေနဲ့။ 

17.Not having any posts or comments from customers.
posts တွေ၊ comments တွေတော့ လာပါရဲ့။ အချင်းချင်း အထဲကပဲ ဖြစ်နေရင် မထူးပါဘူး။ တကယ့် customer တွေ၊ fans တွေနဲ့ အဆက် အဆံ ရှိပါစေ။

18.Not getting any feedback on questions.
ကိုယ့်ရဲ့ fan တွေကို မေးခွန်းတွေ မေးတာ ကောင်းတဲ့ အကြံဥာဏ် တစ်ခုပါ။ နေ့တိုင်း မေးနေပြီး ဘယ်သူမှ မဖြေတာ မျိုးက မကောင်းပါဘူး။

19.Having a blurry avatar.
Avatar ဆိုတာ ကိုယ့်ရဲ့ social media accounts တွေနဲ့ ဆက်စပ်တဲ့ ပုံပါ။ စီးပွားရေး သမားတွေ ကတော့ သူတို့ရဲ့ ဓာတ်ပုံတွေ သုံးကြပြီး ကုမ္ပဏီ တွေကတော့ လိုဂိုတွေ သုံးပါတယ်။ ကိုယ့် page ကိုကိုယ်စားပြုတဲ့ ပုံအသေးစားလေး ဆိုတော့ ကြည့်ကောင်းပြီး မှန်ကန် သင့်တော် တဲ့အရွယ်အစား ဖြစ်သင့် ပါတယ်။

20.Relying on user-generated content
fan တွေကို share ပေးပါ၊ like ပေးပါ ဆိုပြီး တောင်းဆိုတာက အချောင်ခို ရာရောက်ပြီး လူတွေက လုပ်ပေးမယ်၊ ဒါနဲ့ ကိုယ့် page ကိုနာမည် ကြီးအောင် လုပ်မယ်လို့ မမျှော်ထား ပါနဲ့။ လူတွေ ကိုယ်တိုင် ကိုက စိတ်ပါလက်ပါနဲ့ like, share လုပ်ဖို့ ကိုယ့်ဘက်က တစ်ခုခုကို ဖန်တီး ပေးရမှာပါ။ 

21.Trying to make every post for everyone
လူတိုင်းအတွက်၊ လူကြိုက်များတဲ့ post တွေပဲ တင်မယ် ဆိုတာ မဖြစ်သင့် ပါဘူး။ ကိုယ့် fan တွေထဲက အမျိုးအစား တစ်စုလောက် အတွက်ပဲ အသုံးဝင်မယ် ဆိုရင်တောင် ဖော်ပြသင့် ပါတယ်။ ရေများတဲ့ နေရာမှာ မိုးထပ်ရွာပေး စရာ မလိုပါဘူး။   

22.Leaving the shared link in your status.
link တစ်ခုကို status မှာကူးချလိုက် ကတည်းက အဲ့လင့်ရဲ့ preview ကတက်လာပြီး သားပါ။ ဒီ link ကိုထပ်ဖော်ပြ စရာ မလိုတော့ ပါဘူး။ ဖျက်ပစ် လိုက်ပြီး ကိုယ်ပြောချင်တာ အစားထိုး ရေးလိုက်ပါ။

23.Not customizing the headline and abstract when you share a link
link preview မှာ headline ကိုနှိပ်ပြီး text ကို customize လုပ်လို့ ရပါတယ်။ 

24. Leaving a random image in the link preview
link preview မှာသူ့ random ကျလာမယ့် ပုံကို သုံးမယ့်အစား ပိုသင့်တော်တဲ့ ပုံကို ဘယ်၊ညာ ရွေ့ပြီး ရွေးလို့ ရပါတယ်။ 

25. Leaving up a post with a typo
typo error တွေရှိနိုင်တာကြောင့် တင်ပြီးတာနဲ့ ပြန်စစ် သင့်ပါတယ်။

pageဆိုတာကကိုယ့်ရဲ့accountလိုမဟုတ်ပါဘူး။Facebookပေါ်ရောက်လာတယ်ဆိုကတည်းကလူထောင်ပေါင်း
များစွာမြင်ရဖို့သေချာနေပါတယ်။ခုမှစသုံးတဲ့သူတွေအတွက်တော့အမှားတွေလုပ်မိကောင်း လုပ်နိုင်ပါတယ်။ ဒီလိုရှက်စရာကောင်းတဲ့အမှားတွေမကျူးလွန်မိဖို့ရှောင်ရှားသင့်တဲ့ အချက်တွေကို ဖော်ပြ ပေးလိုက်ပါတယ်။

ကျပ် ၁၅၀၀ တန်ဖုန်းကတ်များ ကျပ်ခြောက်သောင်းကျော်ထိ ပေါက်ဈေးရှိနေ

ကျပ် ၁၅၀၀ တန်ဖုန်းကတ်များ ကျပ်ခြောက်သောင်းကျော်ထိ ပေါက်ဈေးရှိနေ
Saturday, May 25, 2013

ကျပ် ၁၅၀၀ တန်ဖုန်းကတ်များ ပြင်ပဈေးကွက်တွင် ကျပ်ခြောက်သောင်းကျော်ထိ ပေါက်ဈေးရှိနေပြီး ၀ယ်ယူရန် လိုက်လံစုံစမ်းသူ များပြားနေကြောင်း သိရသည်။

''CDMA 800 MHz ကတ်တွေက လက်ထဲမှာတော့ မရှိပါဘူး။ မဲပေါက်တဲ့ သူတွေဆီက လိုက်ဝယ်ဖို့ဆိုတာ မလွယ်ဘူးလေ။ လသာလမ်းက ဆိုင်တချို့မှာတော့ ရောင်းတယ်။ နယ်ကတ်ဆိုရင် ကျပ်ငါးသောင်းကျော် ပေါက်ဈေးရှိပြီး ရန်ကုန်ကတ် ဆိုရင်တော့ ကျပ်ခြောက်သောင်းကျော်လောက် ဈေးနှုန်းရှိပါတယ်'' ဟု ဖုန်းပွဲစား တစ်ဦးက ပြောပြသည်။

''ဆိုင်မှာတော့ မရောင်းပါဘူး။ ပေါက်ဈေးက ကျပ်သုံးသောင်း၊ ကျပ်လေးသောင်း၊ ကျပ်ခုနစ်သောင်း အမျိုးမျိုးပဲလို့ ကြားတယ်။ ဟန်းဆက်အနေနဲ့ကတော့ အရောင်းအေးပါတယ်။ အရင်တစ်ခေါက်တုန်းက မဲနှိုက်ပြီးတဲ့ အချိန်မှာ တစ်ရက်ကို အလုံးရေ ရာချီရောင်းရပေမယ့် ဒီတစ်ခေါက်မှာတော့ တစ်ရက်ကို အလုံးရေ ၅၀ ၀န်းကျင်လောက်ပဲ ရောင်းရတယ်'' ဟု BestOne မိုဘိုင်းဖုန်းဆိုင်မှ တာဝန်ရှိသူက ပြောသည်။

''အပြင်ဈေးကွက်ထဲ ကတ်က သိပ်ရောက်မလာပါဘူး။ ၀ယ်ချင်လို့ လာမေးတဲ့ သူတွေတော့ရှိတယ်။ ဟန်းဆက်က သိပ်မရောင်းရသေးဘူး။ မဲနှိုက်တဲ့ ရပ်ကွက်တွေ မစုံသေးလို့ ထင်တယ်။ ကျပ် ၁၅၀၀ တန်ဖုန်းမှာ ဟန်းဆက်ကောင်းကောင်း သုံးကြတဲ့သူတွေလည်း မနည်းပါဘူး။ လူငယ် လူလတ်ပိုင်းတွေက Touchscreen နဲ့ ဟန်းဆက်ကောင်းကောင်း သုံးကြတယ်'' ဟု Do CoMo ဖုန်းဆိုင်မှ တာဝန်ရှိသူက ဆိုသည်။

ယင်းဖုန်းကတ်များမှာ ပြင်ပဈေးကွက်တွင် ဆိုင်တိုင်း၌ မရနိုင်ဘဲ ဆိုင်အချို့သာ ရောင်းချခြင်းဖြစ်ပြီး လာရောက် ၀ယ်ယူကြသူများမှာ မဲမပေါက်သူများ၊ မဲနှိုက်ရန် အချိန်မပေးလိုသူများ ဖြစ်ကြောင်း သိရသည်။ ယင်းဖုန်းကတ်များကို ၀ယ်ယူလို၍ ပြင်ပဖုန်း အရောင်းဆိုင်များတွင် လိုက်လံစုံစမ်းမေးမြန်းသူ များပြားနေကြောင်းလည်း သိရသည်။

Eleven Media Group

Saturday, May 25, 2013
ကျပ် ၁၅၀၀ တန်ဖုန်းကတ်များ ပြင်ပဈေးကွက်တွင် ကျပ်ခြောက်သောင်းကျော်ထိ ပေါက်ဈေးရှိနေပြီး ၀ယ်ယူရန် လိုက်လံစုံစမ်းသူ များပြားနေကြောင်း သိရသည်။

ယနေ့ နေ့လည်ပိုင်းက ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့်အဖွဲသီလ၀ါ အပြည်ပြည်ဆိုင်ရာ ကုန်တင်ကုန်ချဆိပ်ကမ်းသို့ သွားရောက်လေ့လာ

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့်အဖွဲ့သည် မေ ၂၅ နေ့လည်ပိုင်းက သီလ၀ါ အပြည်ပြည်ဆိုင်ရာ ကုန်တင်ကုန်ချဆိပ်ကမ်းသို့ သွားရောက်လေ့လာခဲ့သည်။(Photo - AFP)

အေးချမ်းမွန် Credit & Copy From >Popular Myanmar News Journal < Thank For Your Post
သက်ဆိုင်ရာသတင်းဌာန၏ မူရင်းရေးသားချက် သာဖြစ်သည်

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့်အဖွဲ့သည် မေ ၂၅ နေ့လည်ပိုင်းက သီလ၀ါ အပြည်ပြည်ဆိုင်ရာ ကုန်တင်
ကုန်ချဆိပ်ကမ်းသို့ သွားရောက်လေ့လာနေကြောင်းသတင်းရရှိသည်။

““ငါ့နွေဦးဂီတ”” (ကဗျာ)

““ငါ့နွေဦးဂီတ””

အခုမှဆွဲဖွင့်လိုက်တဲ့နွေဦးမှာ
ငါ့လက်မှတ်က အသစ်စက်စက်။

ရှေးမူမပျက်
နွေဦးကိုချစ်ရေးဆိုသူတို့
သုံးဖက်မြင်ညနေခင်းတွေရတယ်
အပြာဆွတ်ဆွတ်ရယ်သံတွေ ရတယ်
၁၃နှစ်သား မိုးတိမ်ကလေး အဆစ်ရတယ်
ငါ့နွေ ပိုပီပြင်လာ
ငါ
ပိုရင်ခုန်လာ။

ဖုန်းကြိုးပေါ်ကစာကလေးတွေ နွေအကြောင်းပြော
လိပ်စာမှားတဲ့ပိတောက်တွေ နွေအကြောင်းပြော
လက်ယက်တွင်းကလေးက နွေအကြောင်းပြော
ချစ်သောနွေဦးယံကောင်းကင်မှာ
သိင်္ဂါရဆိုတာကြီးကို လက်ပူးလက်ကျပ်မိတယ်။

လိပ်ပြာ
စမ်းချောင်း၊ တယောသံ၊ လရောင်
လက်ပံပွင့်၊ တံလျှပ်
မိုးလေ၀သကြေငြာချက်
မျက်လုံးထဲ
မေးခွန်းအပြတ်အစတွေ ပစ်ပစ်ချခဲ့ နွေဦးမှာ
ပြန်မလာသော ပဲ့တင်တို့အတွက်
ငါ့လက်မှတ်က အနှစ်သုံးဆယ်။ ။

လူငြိမ်းခိုင်
၂၄၊ဇွန်၊ ၁၉၉၈။သံတွဲ။

““ငါ့နွေဦးဂီတ””

အခုမှဆွဲဖွင့်လိုက်တဲ့နွေဦးမှာ
ငါ့လက်မှတ်က အသစ်စက်စက်။

အမေရိကန်နိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စစ်ရေယာဉ်တစ်စီး လွှဲပြောင်းပေးအပ်ခြင်း

အမေရိကန်နိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စစ်ရေယာဉ်တစ်စီး လွှဲပြောင်းပေးအပ်ခြင်း
Saturday, May 25, 2013

အမေရိကန် Coast Guard တွင် နှစ်ပေါင်း (၄၀)ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် Decommission ပြုလုပ်ခဲ့သော USCGC Jarvis (WHEC-725) စစ်ရေယာဉ်အား ဘင်္ဂလားဒေ့ရှ်ရေတပ်သို့ တရားဝင် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို အမေရိကန်နိုင်ငံ၊ ကာလီဖိုးနီးယားပြည်နယ် Alameda ရှိ Coast Guard Island တွင် ၂၀၁၃ ခုနှစ် မေလ (၂၃)ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ US Pacific Area Commander ဖြစ်သူ Vice Admiral Paul F Zukunft နှင့် ဘင်္ဂလားဒေ့ရှ်ရေတပ်၏ Chief of Naval Staff ဖြစ်သူ Vice Admiral Muhammad Farid Habib တို့ တက်ရောက်ခဲ့ကြသည်။

USCGC Jarvis (WHEC-725) အား အာရှပစိဖိတ်ဒေသအတွင်း ရေကြောင်းလုံခြုံရေးဆိုင်ရာ တည်ငြိမ်အေးချမ်းရေးအတွက် နှစ်နိုင်ငံ ရေတပ်အချင်းချင်း ဆက်ဆံဆောင်ရွက်မှု ပိုမိုခိုင်မာဖြစ်ထွန်းစေရန် ရည်ရွယ်၍ Excess Defense Articles (EDA) နှင့် Foreign Military Sales (FMS) Programme များအရ လက်ဆောင်အဖြစ် လွှဲပြောင်းပေးအပ်ခြင်း ဖြစ်သည်ဟု ဆိုပါသည်။

စစ်ရေယာဉ်အား လွှဲပြောင်းလက်ခံရန် နှင့် ဘင်္ဂလားဒေ့ရှ်သို့ သယ်ဆောင် မောင်းနှင်ရန်အတွက် ဘင်္ဂလားဒေ့ရှ်ရေတပ်မှ ပထမအသုတ်အဖြစ် Captain Mohammad Nazmul Karim Kislu ဦးဆောင်သော အရာရှိ(၇)ဦး စစ်သည်(၁၃)ဦးသည် ယခုနှစ် မတ်လ(၁၂) ရက်နေ့ကတည်းက အမေရိကန်နိုင်ငံသို့ ရောက်ရှိ၍ လေ့ကျင့်သင်ကြားမှုများ ဆောင်ရွက်နေပြီဖြစ်သည်။ ဒုတိယအသုတ် အနေဖြင့် အရာရှိ၊စစ်သည် အင်အား(၇၀)ဦးခန့်သည် ယခုမေလတွင် ထပ်မံရောက်ရှိမည်ဟု သိရသည်။ဖော်ပြပါ စစ်ရေယာဉ်အား အမေရိကန်ဘက်မှ ဒေါ်လာ(၁၀)သန်းခန့် အကုန်ကျခံ၍ လိုအပ်သောပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိပြီး အောက်တိုဘာလခန့်တွင် ပြီးစီးမည်ဖြစ်သည်။

အဆိုပါစစ်ရေယာဉ်သည် ဘင်္ဂလားဒေ့ရှ်ရေတပ်သို့ ယခုနှစ်ကုန်ပိုင်းတွင် ရောက်ရှိလာပြီး BNS Somudro Joy အမည်ဖြင့် တပ်တော်ဝင်ပြုလုပ်မည် ဖြစ်ကာ Missile Launcher ၊ Fire Control System ၊ Datalink နှင့် အခြားလိုအပ်သည်များအား ဘင်္ဂလားဒေ့ရှ်ရေတပ် အစီအစဉ်ဖြင့် ထပ်မံတည်ဆောက် တပ်ဆင်သွားဖွယ် ရှိသည်ဟု သိရသည်။ ထို့ပြင် BNS Somudro Joy သည် တပ်တော်ဝင်ပြီးပါက ဘင်္ဂလားဒေ့ရှ်ရေတပ်တွင် အကြီးဆုံးစစ်ရေယာဉ် ဖြစ်လာမည် ဖြစ်သည်။


USCGC Jarvis (WHEC-725) ၏ မလွှဲပြောင်းမီ ရေယာဉ်ဆိုင်ရာ အချက်အလက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

Career

Namesake: Captain David H. Jarvis, US Revenue Cutter Service
Builder: Avondale Shipyards
Laid down: 9 September 1970
Launched: 24 April 1971
Commissioned: 4 August 1972
Recommissioned: December 1992
Decommissioned: 2 October 2012
Homeport: Honolulu, Hawaii
Motto: Dedicare ad excellentia (Dedicated to Excellence)
Fate: Alameda, CA, awaiting Transfer Under FAA
Status: Inactive

General characteristics

Displacement: 3,250 tons
Length: 378 ft (115 m)
Beam: 43 ft (13 m)
Draught: 15 ft (4.6 m)
Propulsion: CODOG: 2 × FM diesel engines ၊2 × PW gas turbines
Speed: 29 knots
Range: 16,000 miles
Endurance: 45 days
Complement: 178 personnel (21 officers and 157 enlisted)
Sensors and processing systems: AN/SPS-40 air-search radar, MK 92 FCS
Armament: Otobreda 76 mm, Phalanx CIWS

Myanmar Navy

Saturday, May 25, 2013

အမေရိကန် Coast Guard တွင် နှစ်ပေါင်း (၄၀)ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် Decommission ပြုလုပ်ခဲ့သော USCGC Jarvis (WHEC-725) စစ်ရေယာဉ်အား ဘင်္ဂလားဒေ့ရှ်ရေတပ်သို့ တရားဝင် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို အမေရိကန်နိုင်ငံ၊ ကာလီဖိုးနီးယားပြည်နယ် Alameda ရှိ Coast Guard Island တွင် ၂၀၁၃ ခုနှစ် မေလ (၂၃)ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

Android 4.3 Jelly Bean ထွက်ရှိမည်ဟု သတင်းပေါက်ကြား

Photo

ကမ္ဘာ့လူသုံးအများဆုံးမိုဘိုင်းလ် OS ဖြစ်သော Android OS ၏နောက်ဆုံးထွက်ဗားရှင်းဖြစ်သည့် Android 4.3 ကို လာမည့်ဇွန်လ ၁၀ ရက်နေ့ဝန်းကျင်တွင်ထုတ်ပြန်သွားမည်ဟု Android Developer အသိုင်းအ၀ိုင်း
ဆီမှ သတင်းရရှိသည်။

AGD ဘဏ် ဖုန်းဖြင့် ၂၄ နာရီဝန်ဆောင်မှု ပေးမည်

ရန်ကုန်၊ မေ ၂၄

အများပိုင်ဘဏ်အဖြစ် ပြောင်းလဲရန် ပြင်ဆင်နေသော အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (AGD) က တယ်လီဖုန်းဖြင့် ငွေစာရင်းလက်ကျန်စစ်ခြင်းနှင့် ချက်လက်မှတ် အတည်ပြုခြင်း တို့ကို ၂၄ နာရီ ဝန်ဆောင်မှု ပေးနိုင်ရန် ပြင်ဆင်နေကြောင်း အဆိုပါဘဏ် ဒုတိယအုပ်ချုပ်မှု ဒါရိုက်တာ ဦးသက်လွင်ရွှေ က The Voice သို့ ပြောကြားသည်။

ယနေ့ နံနက်ပိုင်းက နေပြည်တော် ရန်ကုန် အမြန်လမ်း၌ ခရီးသည်တင်ယာဉ်တစ်စီးတိမ်းမှောက် ၊ သံဃာတော် ၁ ပါး အပါအ၀င် ၁၁ ဦးတိမ်းပါး


ရန်ကုန်၊မေ ၂၅
ယနေ့နံနက်ပိုင်းတွင်မန်းရွှေမြို့တော်ခရီးသည်တင်ယာဉ်လိုင်းမှခရီးသည်တင်ကားတစ်စီးသည် ရန်ကုန်
-နေပြည်တော်အမြန်လမ်း ၁၂၅ မိုင် ၄ ဖာလုံတွင် အရှိန်လွန် တိမ်းမှောက်ခဲ့ရာ ခရီးသည် ၁၁ ဦး အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးခဲ့ကြောင်း ၁၁၅ မိုင် ဖြူး ရဲစခန်းမှ ရဲအုပ် ၀င်းထွန်းအောင်ကပြောသည်။

ပြည် န၀ဒေးတံတားအောက် လူသတ်မှုနှင့် စပ်လျဉ်းပြီး စ .ရ .ဖ မှ ခေါ်ယူစစ်ဆေး မေးမြန်းခံရသူ ပြန်လည် လွတ်မြောက်

ဧပြီ ၂၃ ရက်ညက ဖြစ်ပွားခဲ့သော ပြည် န၀ဒေးတံတားအောက် လူသတ်မှုနှင့် စပ်လျဉ်း၍ သံသယရှိသူဟု ယူဆကာ စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ စ.ရ.ဖ မှ ခေါ်ယူစစ်ဆေး မေးမြန်းခြင်း ခံရပြီး မိသားစုနှင့် တစ်ပတ်နီးပါးကြာအောင် အဆက်အသွယ် မရရှိဘဲ ပျောက်ဆုံးနေသူ ပြည်မြို့၊ ရွှေလက်လှ ရပ်နေ ကိုတင်မိုးဇော်မှာ မေ ၂၂ ရက်ည၌ ၎င်း၏နေအိမ်သို့ ပြန်လည်ရောက်ရှိလာပြီ ဖြစ်ကြောင်း သိရသည်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ယနေ့မနက်ပိုင်းက အာဇာနည်ဗိမာန်ကို သွားရောက် ဂါရ၀ပြု


မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ မေလ ၂၅ရက်နေ့ မနက်က ရန်ကုန်မြို့ အာဇာနည်ဗိမာန်ကို သွားရောက် ဂါရ၀ပြုခဲ့ကြောင်းသတင်းရရှိသည်။

မြန်မာနယ် အနီးတွင် တည်ရှိသော ဘင်္ဂလာဒေခ်ျ့မှ နယ်ခြားစောင့်တပ်ရင်းတစ်ရင်း တိုးချ

မြန်မာနယ် အနီးတွင် တည်ရှိသော ဘင်္ဂလာဒေခ်ျ့မှ ရာမူး (ပန်းဝါ) မြို့နယ်တွင် နယ်ခြားစောင့် ဘီဂျီဘီ တပ်ရင်း တစ်ခုကို တိုးချလိုက်သည်ဟု သိရသည်။ ယခု တိုးချဲ့ချလိုက်သော ဘီဂျီဘီ တပ်ရင်းမှာ အမှတ် (၅၀) ဖြစ်ပြီး မေလ ၂၂ ရက်နေ့က တပ်ရင်း ဖွင့်ပွဲ အခမ်းအနားကို ပြုလုပ်ခဲ့သည်။ ဘင်္ဂလာဒေခ်ျ့ ဘီဂျီဘီ အကြီးအကဲ တပ်မှူး ဗိုလ်မှူးချုပ် အာဇစ် အာမတ်က တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ဂျပန်နိုင်ငံ ၀န်ကြီးချုပ် မစ္စတာ ရှင်ဇို အာဘေးနှင့်ဇနီးတို့သည် ၃ ရက်ကြာအလည်အပတ် ခရီးအဖြစ် ရန်ကုန်သို့ရောက်ရှိ

AFP Photo

ရန်ကုန်၊ မေ ၂၄

ဂျပန်နိုင်ငံ ၀န်ကြီးချုပ် မစ္စတာ ရှင်ဇို အာဘေးနှင့်ဇနီးတို့သည် ၃ ရက်ကြာအလည်အပတ် ခရီးအဖြစ် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မေလ ၂၄ ညနေပိုင်းက ရောက်ရှိခဲ့ရာ ပြည်ထောင်စုဝန်ကြီး၊ ဒု-၀န်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်မြို့တော်ဝန်နှင့် သက်ဆိုင်ရာ သံတမန်များက ကြိုဆိုခဲ့ကြသည်။

ကင်တာနား၊ မြန်မာနိုင်ငံနှင့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ (၁) မောင်ကိုနီ (တရားရုံးချုပ်ရှေ့နေ)

ကင်တာနား၊ မြန်မာနိုင်ငံနှင့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ (၁)
မောင်ကိုနီ (တရားရုံးချုပ်ရှေ့နေ)

၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ

ဆိုရှယ်လစ် တစ်ပါတီ အာဏာရှင်စနစ်အောက်တွင် အာဏာပိုင်ဗိုလ်ချုပ်ကြီးနေဝင်း၏ ဆန္ဒနှင့်အညီ ရေးဆွဲပြဋ္ဌာန်းခဲ့သော ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနှင့်စပ်လျဉ်း၍ ဝေဖန်ပြောဆိုမှုအမျိုးမျိုးကို မီဒီယာများမှတစ်ဆင့် ကြားသိနေရသည့်အပြင် ခင်မင်ရင်းနှီးသော မိတ်ဆွေများကလည်း ကျွန်တော်၏ ထင်မြင်ယူဆချက်ကို မကြာခဏ မေးမြန်းခြင်းခံနေရသည့်အတွက် ဤဆောင်းပါးကို ရေးသားရန် လွန်ခဲ့သော ၂ဝ၁၃ ခုနှစ်၊ နှစ်ဆန်းပိုင်းမှစ၍ အကြောင်းဖန်လာပါသည်။
ရှုပ်ထွေးလှသည့်ပြဿနာဖြစ်၍ ထင်မြင်ချက်ပေးရန် ခက်ခဲလှသည့်အပြင် နယ်ပယ်ကဏ္ဍစုံမှ ပုဂ္ဂိုလ်များကလည်း ကွဲပြားခြားနားသည့် ထင်မြင်ချက်အမျိုးမျိုးကို မီဒီယာများမှတစ်ဆင့် တင်ပြပြောဆိုနေကြသည့်အတွက် ကျွန်တော်၏ထင်မြင်ချက်ကို ပြောဆိုတင်ပြရန် ပို၍ မဝံ့မရဲဖြစ်မိပါသည်။

ကင်တာနား၏ ယူဆချက်

မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂမှ ခန့်အပ်ထားသော လူ့အခွင့်အရေးဆိုင်ရာ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ သောမတ်စ်အိုဟေးကင်တာနားက မြန်မာနိုင်ငံ၏ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ပြင်ဆင်ရေးဆွဲသင့်ကြောင်း အကြံပြုချက်တစ်ရပ်ပေးခဲ့ပါသည်။
ကျွန်တော်မှတ်သားမိသမျှ မစ္စတာကင်တာနားသည် စစ်အစိုးရလက်ထက် လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် ပွင့်ပွင့်လင်းလင်း ဝေဖန်ထောက်ပြခဲ့သည့်အတွက် မြန်မာနိုင်ငံသားအများစု၏ ယုံကြည်လေးစားခြင်းခံရသော ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ်တစ်ဦးဟု ဆိုနိုင်ပါသည်။

ကင်တာနားကို ကန့်ကွက်သူများ

မစ္စတာကင်တာနားက ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေကို ပြင်ဆင်ရေးဆွဲသင့်ကြောင်း အကြံပြုတင်ပြချက်အပေါ် လွှတ်တော်အမတ် အနည်းငယ်နှင့် နိုင်ငံရေးပါတီအချို့မှ ပုဂ္ဂိုလ်များက အပြင်းအထန် ကန့်ကွက်ပြောဆိုခဲ့ကြသည်ကို မီဒီယာများမှတစ်ဆင့် ကြားသိရပါသည်။ အချို့သော ကန့်ကွက်သူများက မစ္စတာကင်တာနားအား မြန်မာနိုင်ငံအတွက် ကိုယ်စားလှယ်အဖြစ်မှ ဖြုတ်ပစ်သင့်သည်ဟုပင် ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချ ပြောဆိုခဲ့သည်ကို ကြားသိရပါသည်။
သို့သော်လည်း ထိုပုဂ္ဂိုလ်များ၏ ပြောဆိုချက်တွင် မစ္စတာကင်တာနားသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကိစ္စနှင့် အချုပ်အခြာအာဏာကို ထိပါးသည်ဟုသာ ဝေဖန်ပြစ်တင် ပြောဆိုကြသည်ကို တွေ့ရပြီး မစ္စတာကင်တာနား၏ ပြောဆိုချက်များ မည်သို့မည်ပုံ မှားယွင်းနေကြောင်း ဝေဖန်ထောက်ပြထားသည်ကို မတွေ့မိခဲ့ပါ။

ဒေါ်အောင်ဆန်းစုကြည်၏ သဘောထား

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေကို ပြင်ဆင်ရန်လိုအပ်ကြောင်း မစ္စတာကင်တာနား၏ မှတ်ချက်ပေးစကားအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားအား သတင်းထောက်တစ်ဦးက မေးမြန်းချက်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ ဖြေဆိုချက်ကို ဂျာနယ်များတွင် ကျွန်တော်ဖတ်ရှုခဲ့ရသည်ကို မှတ်မိသမျှ အနည်းငယ် ပြန်လည်ပြောပြလိုပါသည်။
(အကယ်၍ အမှားအယွင်းရှိလျှင် ဒေါ်အောင်ဆန်းစုကြည် ပြင်ပေးပါလိမ့်မည်။)
ဒေါ်အောင်ဆန်းစုကြည်က အဆိုပါ မေးခွန်းအပေါ် ဖြေကြားရာတွင် -
မစ္စတာကင်တာနားမှာ ဥပဒေပညာရှင်တစ်ဦးဖြစ်ကြောင်း၊ ၄င်း၏ပြောဆိုချက်ကို နားထောင်၍ စဉ်းစားရန်လိုအပ်ကြောင်း၊ မစ္စတာကင်တာနား၏ ပြောဆိုချက်အပေါ် လေ့လာသုံးသပ်ပြီးမှ ဆုံးဖြတ်ရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု မှတ်သားမိပါသည်။
(ဒေါ်အောင်ဆန်းစုကြည်က မေးခွန်းကို ဖြေဆိုရာတွင် မစ္စတာကင်တာနားအား ထောက်ခံသည့်သဘော၊ ကန့်ကွက်သည့်သဘော လုံးဝမရှိဘဲ သူ၏တင်ပြချက်ကို စဉ်းစားသုံးသပ်ရမည်ဟုသာ ပြောဆိုသွားသည်ကို ကျွန်တော်သတိပြုမိပါသည်။)

နိုင်ငံသားဖြစ်ခြင်းဆိုင်ရာ အခြေခံ သဘောတရားများ

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအကြောင်း မဆွေးနွေးမီ ရှေ့ကရှိခဲ့သော နိုင်ငံသားဖြစ်ခြင်းနှင့် သက်ဆိုင်သည့် ဥပဒေများကို တာဝန်ရှိသူများအားလုံး ကျေညက်အောင် ဦးစွာ လေ့လာရန် လိုအပ်သည်ဟု ကျွန်တော်ထင်ပါသည်။
လူတစ်ဦး နိုင်ငံသား ဖြစ်ခြင်း၊ မဖြစ်ခြင်း ဆိုသည်မှာ လူပုဂ္ဂိုလ်တစ်ဦးချင်းအတွက် သေရေးရှင်ရေးတမျှ အရေးကြီးသောကိစ္စဖြစ်၍ အလွယ်တကူ မှတ်ချက်ပေးရန်မသင့်ပါ။ အထူးသဖြင့် လူမျိုးရေးကိုလည်းကောင်း၊ ဘာသာရေးကိုလည်းကောင်း၊ လူအများစု အနေအထားကိုလည်းကောင်း၊ လူနည်းစု အနေအထားကိုလည်းကောင်း အခြေခံ၍ နိုင်ငံသား ဖြစ်ခြင်း၊ မဖြစ်ခြင်းနှင့် စပ်လျဉ်းသည့် ထင်မြင်ချက်ကို ပေးမည်ဆိုလျှင် မှားယွင်းယုံမျှမက ဆိုးဝါးသော နောက်ဆက်တွဲ အကျိုးဆက်များနှင့်သာ ကြုံတွေ့ရမည် ဖြစ်ပါသည်။
ထို့ကြောင့် နိုင်ငံသားဖြစ်ခြင်းဆိုင်ရာ ဥပဒေ သဘောတရားကို ဆွေးနွေးပြောဆိုလိုပါက လူမျိုးရေး၊ ဘာသာရေး၊ လူနည်းစု၊ လူများစု စသည်တို့အပေါ် အခြေမခံဘဲ မြန်မာနိုင်ငံ၏ သမိုင်းဖြစ်ရပ်မှန်နှင့် ခေတ်အဆက်ဆက် အတည်ဖြစ်ခဲ့သည့် ဥပဒေ သဘောတရားများအပေါ် အခြေခံ၍ ဆွေးနွေးပြောဆိုကြခြင်းသာလျှင် အသင့်မြတ်ဆုံးဖြစ်မည်ဟု ထင်မြင်ယူဆပါသည်။

နိုင်ငံသားဖြစ်ခြင်းနှင့် သက်ဆိုင်သည့် သမိုင်းနောက်ခံ

မြန်မာနိုင်ငံ၏ သမိုင်းနောက်ခံကို အကျဉ်းချုပ်တင်ပြရပါက ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် အခြေခံ လူမျိုးကြီး(၈)မျိုး အခြေစိုက်နေထိုင်ခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ၁၈၂၄ ခုနှစ်တွင် တနသာင်္ရီနှင့် ရခိုင်တို့ အင်္ဂလိပ်လက်အောက်ကျခဲ့ပြီး၊ ၁၈၅၅ ခုနှစ်တွင် ရန်ကုန်၊ ပဲခူး အပါအဝင် မြန်မာပြည်အောက်ပိုင်း အင်္ဂလိပ်လက်အောက် ကျရောက်ခဲ့ပါသည်။ ၁၈၈၅ ခုနှစ်တွင် မန္တလေးမြို့တော် အပါအဝင် မြန်မာတစ်နိုင်ငံလုံး အင်္ဂလိပ်လက်အောက်ကျရောက်၍ သီပေါမင်း ပါတော်မူခဲ့ပါသည်။
ထိုအချိန်က မြန်မာနိုင်ငံကို မတရားသိမ်းပိုက်ထားသော အင်္ဂလိပ်အစိုးရက ၄င်းတို့ ဦးစွာ သိမ်းပိုက်ထားပြီးဖြစ်သော အိန္ဒိယနိုင်ငံ၏ ပြည်နယ်တစ်ခုအဖြစ် မြန်မာနိုင်ငံအား သတ်မှတ်ကာ အုပ်ချုပ်ခဲ့ကြပါသည်။ ၁၉၃၄ ခုနှစ်အထိ မြန်မာနိုင်ငံကို အိန္ဒိယ၏ ပြည်နယ်တစ်ခုအဖြစ် အင်္ဂလိပ်တို့က အုပ်ချုပ်ခဲ့ပြီး ခွဲရေးတွဲရေး ပြဿနာတစ်ရပ် ပေါ်ပေါက်လာကာ ၁၉၃၄ ခုနှစ်တွင် ကျွန်တော်တို့ မြန်မာနိုင်ငံကို အိန္ဒိယပြည်နယ်တစ်ခုအဖြစ်မှ ခွဲထွက်၍ အင်္ဂလိပ်၏ သီးခြားကိုလိုနီနိုင်ငံတစ်ခုအဖြစ် သတ်မှတ်ပေးခဲ့ပါသည်။
အိန္ဒိယ၏ ပြည်နယ်အဖြစ်မှ ခွဲထုတ်ပေးခဲ့သော်လည်း ကျွန်တော်တို့မြန်မာနိုင်ငံသည် အင်္ဂလိပ်၏ ကိုလိုနီနိုင်ငံအဖြစ်ပင် ရှိမြဲရှိနေပါသည်။ 
ထိုသို့ အင်္ဂလိပ်၏ ကိုလိုနီအဖြစ် နှစ်ပေါင်းရာချီ၍ နေထိုင်ခဲ့ကြရပြီးနောက်မှ ကျွန်တော်တို့ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့သည့်အတွက် မြန်မာနိုင်ငံ၏ နိုင်ငံသားဖြစ်ရေးကိစ္စ ဥပဒေရေးဆွဲရာတွင် အလေးအနက် စဉ်းစားရမည့် အကြောင်းအရာများ များစွာရှိခဲ့ပါသည်။

(ဆက်လက်ဖော်ပြပါမည်။)
{ ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ(၃)၊ အမှတ်(၁၄၆) မှ ကူးယူဖော်ပြပါသည်။ }

၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ

ဆိုရှယ်လစ် တစ်ပါတီ အာဏာရှင်စနစ်အောက်တွင် အာဏာပိုင်ဗိုလ်ချုပ်ကြီးနေဝင်း၏ ဆန္ဒနှင့်အညီ ရေး
ဆွဲပြဋ္ဌာန်းခဲ့သော ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနှင့်စပ်လျဉ်း၍ ဝေဖန်ပြောဆိုမှုအမျိုးမျိုးကို မီဒီယာများ
မှတစ်ဆင့် ကြားသိနေရသည့်အပြင် ခင်မင်ရင်းနှီးသော မိတ်ဆွေများကလည်း ကျွန်တော်၏ ထင်မြင်ယူဆချ
က်ကို မကြာခဏ မေးမြန်းခြင်းခံနေရသည့်အတွက် ဤဆောင်းပါးကို ရေးသားရန် လွန်ခဲ့သော ၂ဝ၁၃ ခုနှစ်
၊ နှစ်ဆန်းပိုင်းမှစ၍ အကြောင်းဖန်လာပါသည်။

မြန်မာနိုင်ငံ အလယ်ပိုင်းသို့ မုတ်သုံလေ အ၀င်နောက်ကျပြီး မိုးဦးကာလ မိုးနည်းနိုင်သောကြောင့် တောင်သူများ သတိပြုရန်လို

မြန်မာနိုင်ငံ အလယ်ပိုင်းသို့ မုတ်သုံလေ အ၀င်နောက်ကျပြီး မိုးဦးကာလ မိုးနည်းနိုင်သောကြောင့် တောင်သူများ သတိပြုရန်လို

မေလ ၂၅ ရက် ၂၀၁၃

အနောက်တောင် မုတ်သုံလေသည် မြန်မာနိုင်ငံ တောင်ပိုင်းဒေသများသို့ နှစ်စဉ် မေ ၁ ရက်မှ ၁၀ ရက်အတွင်း၊ မြစ်ဝကျွန်းပေါ်ဒေသသို့ မေ ၁၅ ရက်ဝန်းကျင်၊ အလယ်ပိုင်းဒေသသို့ မေလ ၂၀ ရက်ဝန်းကျင်၊ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသသို့ မေ ၂၅ ရက်ဝန်းကျင်တွင် နှစ်စဉ်ဝင်ရောက်သော ပုံမှန်အချိန် ဖြစ်သည်ဟု သိရှိရသည်။

ယခုနှစ် အနောက်တောင် မုတ်သုံလေ ၀င်ရောက်မှုသည် မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွင် ၁၀ ရက်ခန့်နှင့် မြစ်ဝကျွန်းပေါ်ဒေသတွင် ခုနစ်ရက်ခန့် နောက်ကျခဲ့သည်။ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသသို့ ၀င်ရောက်ရမည့် အချိန်တွင်လည်း ၀င်ရောက်ခြင်း မရှိသေးကြောင်း သိရသည်။

မုတ်သုံဝင်ရောက်သည် ဆိုသည်မှာ မိုးရေချိန် နှစ်မီလီမီတာဝန်းကျင်၊ သို့မဟုတ် နေ့စဉ်တူညီမှုရှိသော မိုးရေချိန်ဖြင့် ငါးရက်ဆက်တိုက် မိုးစတင် ရွာသွန်းခြင်းကို ခေါ်ဆိုခြင်းဖြစ်သည်။

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသသည် အနောက်တောင် မုတ်သုံလေ ၀င်ရောက်ရန် အခြေအနေ မရှိသေးသည့်အပြင် မိုးဦးမိုး နည်းပါးမည့် သဘောကို တွေ့နေရကြောင်း Myanmar Climate Change Watch မှ ခန့်မှန်းထားသည်။
မိုးရွာသွန်းရက် ၁၄၄ ရက်ဝန်းကျင် ရရှိနေခဲ့ရာမှ ၁၉၉၇ ခုနှစ်တွင် ၁၀၃ ရက်အထိ ကျဆင်းခဲ့သည်။ ရာသီဥတု ဖောက်ပြန်သောကြောင့် အဓိက သက်ရောက်မှု ကြုံတွေ့ရသည့် နယ်ပယ်မှာ ကျန်းမာရေးနှင့်...

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွင် စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတို့ ပါဝင်နေသည်။

အဆိုပါ ဒေသများတွင် လယ်ယာစိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ကြကာ ယခုနှစ်များအတွင်း မိုးနည်းပါးခြင်း၊ မိုးခေါင်ခြင်းတို့သည် တောင်သူများအပေါ် သက်ရောက်မှုများ ရှိခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်ကလည်း အလယ်ပိုင်းဒေသတွင် မိုးနည်းပါးခဲ့သဖြင့် တောင်သူများသည် ပျိုးပင်များ ပျိုးအချိန်မီ မထောင်နိုင်သဖြင့် ပျိုးပုပ်ခြင်း စသည့်ဆုံးရှုံးမှုများကို ကြုံတွေ့ခဲ့ရသည်။

အနောက်တောင် မုတ်သုံလေ တစ်နိုင်ငံလုံးသို့ လွှမ်းခြုံဝင်ရောက်ပြီးသော ကာလဖြစ်သည့် ဇွန်လဆန်းသည် မိုးဦးရာသီဖြစ်ပြီး ယခုနှစ် မိုးဦးရာသီ၏ မိုးရွာသွန်းမှု အခြေအနေမှာ တနင်္သာရီတိုင်း ဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက် ပိုမို၍ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် ရွာသွန်းမြဲ မိုးရေချိန်အောက် လျော့နည်းနိုင်သည်ဟု မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ၏ နှစ်စဉ်မုတ်သုံ ၀င်ရောက်မှုသည် ၁၉၇၇ ခုနှစ် နောက်ပိုင်းတွင် နောက်ကျလာခဲ့ပြီး မုတ်သုံဆုတ်ခွာမှုမှာမူ စောလာခဲ့သည်ဟု သိရသည်။ မိုးရွာသွန်းသည့် ကာလမှာလည်း တိုတောင်းလာခဲ့သည်။ မိုးရွာသွန်းရက် ၁၄၄ ရက်ဝန်းကျင် ရရှိနေခဲ့ရာမှ ၁၉၉၇ ခုနှစ်တွင် ၁၀၃ ရက်အထိ ကျဆင်းခဲ့သည်။ ရာသီဥတု ဖောက်ပြန်သောကြောင့် အဓိက သက်ရောက်မှု ကြုံတွေ့ရသည့် နယ်ပယ်မှာ ကျန်းမာရေးနှင့် စိုက်ပျိုးရေး နယ်ပယ်တို့ဖြစ်သည်။

မေ ၂၅ ရက် ခန့်မှန်းအပူချိန်
မြို့အမည်    အမြင့်ဆုံးအပူချိန် (ဒီဂရီစင်တီဂရိတ်) 
 မြင်းခြံ   ၃၇
 မန္တလေး
  ၃၆
 မုံရွာ
  ၃၆
 ပခုက္ကူ   ၃၅
 ပြည်
  ၃၅
 နေပြည်တော်   ၃၄
 ပုသိမ်
  ၃၃
 ရန်ကုန်   ၃၂
 ပဲခူး
  ၃၂
 မော်လမြိုင်
  ၃၁
 စစ်တွေ   ၃၁
 တောင်ကြီး
  ၂၆

Eleven

မေလ ၂၅ ရက် ၂၀၁၃

အနောက်တောင် မုတ်သုံလေသည် မြန်မာနိုင်ငံ တောင်ပိုင်းဒေသများသို့ နှစ်စဉ် မေ ၁ ရက်မှ ၁၀ ရက်အတွင်း၊ မြစ်ဝကျွန်းပေါ်ဒေသသို့ မေ ၁၅ ရက်ဝန်းကျင်၊ အလယ်ပိုင်းဒေသသို့ မေလ ၂၀ ရက်ဝန်းကျင်၊ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသသို့ မေ ၂၅ ရက်ဝန်းကျင်တွင် နှစ်စဉ်ဝင်ရောက်သော ပုံမှန်အချိန် ဖြစ်သည်ဟု သိရှိရသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက်အရ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး မြန်မာနိုင်ငံ သို့ရောက်ရှိ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးစွာတွေ့ဆုံမည်

Saturday, 25 May 2013
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက်အရ ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် ဇနီးသည် မေ ၂၄ ရက်၊ ညနေ ၆ နာရီ ၄၅ မိနစ်တွင် အထူးလေယာဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်

ရှိလာခဲ့သည်။

မီးဖွားခွင့်မပြု၍ ရခိုင်တွင် မွတ်စလင် အမျိုးသမီး တဦးအသက်ဆုံးရူံး

မီးဖွားခွင့်မပြု၍ ရခိုင်တွင်
မွတ်စလင် အမျိုးသမီး တဦးအသက်ဆုံးရူံး
=================
ရခိုင်ပြည်နယ်၊ မင်းပြား မြို့နယ်၊ စမ္ဘာလေကျေးရွာမှ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးအား ဆေးရုံမှ မီးဖွားခွင့် မပေး၍ အသက် ဆုံးရှုံးခဲ့ရကြောင်း သတင်း ရရှိပါသည်။

ဖြစ်ပွားပုံမှာ မင်းပြားမြို့နယ်၊ စမ္ဘာလေကျေးရွာမှ ကိုယ်ဝန်ဆောင် ရိုဟင်ဂျာ အမျိုးသမီး တစ်ဦးဖြစ်သူ မဇူးရ်ဘာနူး (ဘ) ဦးမိုဟာမတ် စဖူရ် (အသက် ၂၅ နှစ်) သည် မေလ (၁၂) ရက်နေ့ နေ့လည် ၃ နာရီ ခန့်တွင် ကလေး မွေးဖွားရန် မြောင်းဘွေး တိုက်နယ် ဆေးရုံသို့ သွားရောက် ခဲ့သည်။ ဆေးရုံသို့ အချိန်မှီ ရောက်ရှိ သော်လည်း တာဝန်ကျ ဆရာဝန်မကြီးမှ မီးဖွား မပေးနိုင်ဟု ငြင်းလိုက် ကြောင်း သိရသည်။

“တာဝန်ကျတဲ့ ဆရာဝန်မကြီးက ဒေါက်တာ ခင်ဆန်းဆန်းကျော်ပါ။ ဆေးမကု ပေးနိုင်ဘူး ပြန်တော့ ဆိုပြီး နှင်ထုတ်ပါတယ်။ ပြီးတော့ ရခိုင် မျိုးချစ် ကွန်ယက် အဖွဲ့က မွတ်စလင် တွေကို လုံးဝ ဆေးကု မပေးဖို့ ညွန်ကြား ထားတယ်လို့ ပြောပါတယ်။ ဆရာဝန် ဆိုတာ လူနာရဲ့ အသက်ကယ်ဖို့ အဓိကပါ။ ဒါပေမယ့် အခုလို ငြင်းလိုက်လို့ ကိုယ်ဝန်ဆောင် အမျိုးသမီး ခမျာ ဘာမှ မတတ်နိုင်ဘဲ
အိမ်ပြန် ခဲ့ရတယ်” ဟု ရွာသား တစ်ဦးမှ RB News သို့ပြောပါသည်။

မီးဖွားခွင့် ငြင်း ပယ်ခံရေသာ မဇူးရ်ဘာနူးသည် အားကိုးရာမဲ့ မိမိ၏ အိမ်သို့ ပြန်လာပြီးနောက် အရပ် လက်သည်ဖြင့် ကလေး မွေးဖွားရန် တစ်ညလုံး ကြိုးစားခဲ့ သော်လည်း မအောင်မြင် ခဲ့ဘဲ မေလ (၁၃) ရက်နေ့ တွင် သေဆုံး သွားခဲ့ကြောင်း သိရသည်။

“ဆရာဝန်မကြီးက မီးဖွား မေပးနိုင်ဘူး ပြန်တော့လို့ မောင်းထုတ် လိုက်တော့ အိမ်ပြန်လာပြီး အရပ် လက်သည်နဲ့ မွေးဖို့ တစ်ညလုံး ကြိုးစားတယ်။ နောက်ဆုံးတော့ မဇူးရ်ဘာနူး ကေလး မမွေးနိုင်ဘဲ အသက်ပါ ဆုံးရှုံး သွားရတယ်။” ဟု ၎င်းက ၀မ်းနည်းစွာဖြင့် ပြောပါသည်။

ယမန်နေ့က ဗြိတိန် ပါလီမန်တွင် ကျင်းပခဲ့သော ပါလီမန် Ms. Rushanara Ali ၏ ရခိုင် ခရီးစဉ် အတွေ့အကြုံ ရှင်းလင်းပွဲ တွင်လည်း ယခုကဲ့သို့ ဆေးကုသခွင့်၊ မီးဖွားခွင့် ငြင်းပယ် ခံရခွင့် တို့ကြောင့် သေဆုံးခဲ့ ရသည့် ရိုဟင်ဂျာ အမျိုးသမီး များအကြောင်း ကိုလည်း ထည့်သွင်း ပြောကြား ခဲ့သည်။

ယခုကဲ့သို့ လူမျိုးရေး၊ ဘာသာရေး ခွဲခြားပြီး အစိုးရ ဆေးရုံမှ ဆေးကုသခွင့်၊ မီးဖွားခွင့် ငြင်းပယ် လျက်ရှိ သော်လည်း ပြည်နယ် အစိုးရ၊ ပြည်ထောင်စု
အစိုးရမှ အရေးယူမှု တစ်စုံတစ်ရာ မပြုလုပ်ဘဲ၊ သမ္မတ ဦးသိန်းစိန်မှ ကမ္ဘာ အ၀န်းသို့ လည်ပတ်၍ လူမျိုးရေး၊ ဘာသာရေး ခွဲခြားမှု မရှိကြောင်း လိမ်ညာ လျက်ရှိသည်။

RB

Posted 19 hours ago by ခေဋီဈက်အို Labels: သတင်း, မြန်မာ့သတင်း

ရခိုင်ပြည်နယ်၊ မင်းပြား မြို့နယ်၊ စမ္ဘာလေကျေးရွာမှ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးအား ဆေးရုံမှ မီးဖွားခွင့် မပေး၍ အသက် ဆုံးရှုံးခဲ့ရကြောင်း သတင်း ရရှိပါသည်။