Pages
Monday, May 13, 2013
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး NLD စတင်စည်းဝေး
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး NLD စတင်စည်းဝေး 
Monday, May 13, 2013
 အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး အတွက် ဥပဒေဆိုင်ရာ အစည်းအဝေးတရပ်ကို
 ပြုလုပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အစည်းအဝေး တက်ရောက်ခဲ့ကြောင်း အဖွဲ့ချုပ်၏ အတွင်းရေးမှူး ဦးဥာဏ်ဝင်းက
 ပြောသည်။ 
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဥပဒေရေးရာကော်မတီက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ တွင် ပြင်ဆင်ရမည့်ပြဋ္ဌာန်းချက်များကို အသေးစိတ် စတင်ဆွေးနွေးခဲ့ကြပြီး လတ်တလော မည်သည့် အချက်များ ဆွေးနွေး သည်ကို ထုတ်ဖော်ပြောဆို၍ မရသေးကြောင်း၊ မေလ ၂၇ ရက်နောက်ပိုင်း မှသာလျှင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် NLD က ပြင်ဆင်စေလိုသော အချက်အလက်များကို တရားဝင် ထုတ်ဖော်မည်ဖြစ်ကြောင်း ဦးဥာဏ်ဝင်းက ဧရာဝတီသို့ အတည်ပြု ပြောသည်။ 
"ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်ရမယ့်ပြဋ္ဌာန်းချက်တွေကိစ္စ ဒေါ်အောင်ဆန်း စုကြည်အပါအ၀င် စတင်ဆွေးနွေးမှုတွေလုပ်နေပါပြီ။ လက်ရှိမှာတော့ ဘာကိုမှ ထုတ်ဖော်ပြောလို့မရသေးပါဘူး။ အချောကိုင်ပြီးတဲ့ အခါမှာတော့ ထုတ်ဖော်ပြောပါ့မယ်" ဟု ဦးဥာဏ်ဝင်းက ရှင်းပြသည်။ 
 NLDဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကအာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို အမှန်တကယ်ပြင်ဆင်ရန် ဆန္ဒရှိမည်ဆိုပါက ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း တရားဝင် ထုတ်ဖော်ပြောဆိုထားပြီး ဖြစ်သည်။ 
Irrawaddy
Monday, May 13, 2013
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး အတွက် ဥပဒေ
ဆိုင်ရာ အစည်းအဝေးတရပ်ကိုပြုလုပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အစည်းအဝေး တက်ရောက်
ခဲ့ကြောင်း အဖွဲ့ချုပ်၏ အတွင်းရေးမှူး ဦးဥာဏ်ဝင်းကပြောသည်။
ထိုင်းနိုင်ငံကို လူပွဲစားနဲ့ တရားမ၀င်ရောက်လာတဲ့ မြန်မာ ၈၀ ကျော်ကို နေရပ်ပြန်ပို့
ထိုင်းနိုင်ငံကို တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၈၀ ကျော်ကို ထိုင်းအာဏာပိုင်တွေက တာ့ခရိုင်မဲဆောက်မြို့မှာ တနင်္ဂနွေနေ့က ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။ အမျိုးသမီးတွေနဲ့ လူလတ်ပိုင်းအရွယ် မြန်မာနိုင်ငံသား ၈၁ ဦးကို ထိုင်းနယ်ခြားစောင့်တပ်နဲ့ ရဲတပ်ဖွဲ့က မဲဆောက်မြို့မြောက်ဘက် မဲ့ကဆာကျေးရွာက တောင်ယာတွေထဲမှာ ဖမ်းဆီးမိခဲ့တာဖြစ်ကြောင်း မဲဆောက်မြို့အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဌ ဦမိုးကြိုးက ပြောပါတယ်။
ဘိုင်ယန်မြူးနစ် အသင်းက မွတ်စလင်များအတွက် ဗလီဝတ်ကျောင်း ဆောက်ခွင့်ပေး
ဘိုင်ယန်မြူးနစ် အသင်းက မွတ်စလင်များအတွက် ဗလီဝတ်ကျောင်း ဆောက်ခွင့်ပေး
မတ် ၂၃ 
ဂျာမနီမှ အင်အားကြီးဘောလုံး အသင်း ဘိုင်ယန်မြူးနစ်က မိမိ အသင်းမှ ကစားသမားများ ဌင်းတို့၏ဘာသာရေးတာဝန်များကို အပြည့် အ၀ထမ်းဆောင်ရာတွင်အထောက်အပံ့ဖြစ်စေရန် မွတ်စလင်မ် ဘောလုံးသမားများအတွက် ဗလီဝတ်ကျောင်းတော်တစ်လုံးဆောက်လုပ်ပေးရန်ဆုံးဖြတ်လိုက်ပြီဖြစ်သည်။
ဘိုင်ယန်မြူးနစ် အသင်းသည် Allianz Arena ကစားကွင်းတွင် ဗလီဝတ်ကျောင်းတော်တစ်လုံး ကို အသင်းသား အစ္စလာမ်ဘာသာဝင်များနှင့် ပရိတ်သတ်များအတွက် ဆောက်လုပ်ပေးရန် မေတ္တာရပ်ခံမှုကို လက်ခံလိုက်သည်။
အထက်ပါ မေတ္တာရပ်ခံချက်ကို ကလပ်အသင်းမှ မွတ်စလင်မ် ကွင်းလယ်ကစားသမား ဘီလားလ် ဖရန့် ရီဘာရီ ကတောင်းခံခဲ့ခြင်းဖြစ်ပြီး သူသည် ကလပ်အသင်းမှ မွတ်စလင်မ်ကစားသမားများအတွက် သီသန့်ဝတ်ပြုခန်းငယ်တောင်းခံခဲ့သူဖြစ်သည်။
ဘိုင်ယန်မြူးနစ် ဘောလုံးအသင်းမှ ဆောက်လုပ်ပေးမည့် ဗလီဝတ်ကျောင်းတော်သစ်တွင် မွတ်စလင်မ် ဘောလုံးသမားများနှင့် ပရိတ်သတ်များအတွက် အချိန်ပြည့် ရှေ့ဆောင်အီမမ်၊အစ္စလာမ့်စာကြည့်တိုက်၊အစ္စလာမ့်ရေးရာ များဆောင်ရွက်နိင်မည့် အခန်းတို့ပါဝင်မည်ဖြစ်သည်။
ဘောလုံးအသင်းအုပ်ချုပ်ရေးအဖွဲ့မှ ဗလီဝတ်ကျောင်းတော် ဆောက်လုပ်ရေး အတွက် ကုန်ကျစရိတ်၏ ၈၅ ရာခိုင်နှုန်းကို ကျခံပေးမည်ဖြစ်ပြီး ကျန် ၁၅ ရာခိုင်နှုန်းကိုမှု အသင်းမှ မွတ်စလင်မ်ကစားသမားများနှင့် ပရိတ်သတ်များက ကျခံပေးမည်ပာု ဘိုင်ယန်မြူးနစ် အသင်းအုပ်ချုပ်ရေး အဖွဲ့ကကြေညာထားသည်။
ဗလီအသစ်ဆောက်လုပ်မည့် အကြောင်းကို ကလပ်အသင်း အင်တာနက်စာမျက်နှာတွင် အများပြည်သူသို့ တရားဝင်ကြေညာထားသည်။
ဘိုင်ယန်မြူးနစ်အသင်း ကို ၁၉၀၀ ပြည့်နှစ်တွင်စတင်တည်ထောင်ပြီး ဂျာမနီ ဘောလုံးကလပ်သမိုင်းတွင်အအောင်မြင်ဆုံးဖြစ်သည်။
ဘိုင်ယန်မြူးနစ် အသင်းသည် ပြည်တွင်းအမှတ်ပေးချန်ပီယံ ၂၃ ကြိမ် ဖြစ်ခဲ့ပြီး ဆုဖလား ၁၅ လုံးရခဲ့သည်။ပြည်တွင်းအမှတ်ပေးချန်ပီယံ ဘွဲ့ကို ၁၉၃၂ ခုနှစ်တွင် စတင်ရရှိသည်။
ဘိုင်ယန်မြူးနစ်သည် ဂျာမနီနိင်ငံတွင် အင်အားအကြီးဆုံး အားကစားကလပ်အသင်းဖြစ်ပြီး ကမ္ဘာပေါ်တွင် စတုတ္ထမြောက်အင်အား အကြီးဆုံးဖြစ်ပြီး ၂၀၁၂ တွင် ပိုင်ဆိုင်မှု ယူရို ၃၆၈.၄ သန်းအထိတိုးလာခဲ့သည်။
ဘိုင်ယန်မြူးနစ်သည် မိမိကလပ်အသင်းမှ  မွတ်စလင်မ် ကစားသမားများအတွက် ပထမဆုံးဝတ်ပြုရန်နေရာ စီစဉ်ပေးသည့် ကလပ်အသင်းမပာုတ်ဘဲ ယခင်ကတည်းက အင်္ဂလန်ဘောလုံးကလပ်အသင်း တစ်သင်းဖြစ်သည့် နယူးကာဆယ် အသင်း သည် အသင်းတွင် မွတ်စလင်မ်ဘောလုံးသမားများအတွက် သီးသန့်ဝတ်ပြုခန်း ထားရှိပေးထားသည်။
onislam.net မှ Bayern Munich Build Mosque for Muslims ကို
ပိာန်းအောင် (မြန်မာမွတ်စလင်မ်မီဒီယာ) ဘာသာပြန်သည်။
ဂျာမနီမှ အင်အားကြီးဘောလုံး အသင်း ဘိုင်ယန်မြူးနစ်က မိမိ အသင်းမှ ကစားသမားများ ဌင်းတို့၏ဘာသာ
ရေးတာဝန်များကို အပြည့် အ၀ထမ်းဆောင်ရာတွင်အထောက်အပံ့ဖြစ်စေရန် မွတ်စလင်မ် ဘောလုံးသမား
များအတွက် ဗလီဝတ်ကျောင်းတော်တစ်လုံးဆောက်လုပ်ပေးရန်ဆုံးဖြတ်လိုက်ပြီဖြစ်သည်။
ရဲမင်းဦးအား ဖမ်းဆီးမှုကိစ္စ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ပြန်လည်ရှင်းလင်း
အလင်းသစ် မီဒီယာ
ရဲမင်းဦးအား ဖမ်းဆီးမှုကိစ္စ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ပြန်လည်ရှင်းလင်းခြင်း
-------------------------------------------------------
မီဒီယာများအနေဖြင့် လူတစ်ဦးတစ်ယောက်အား နစ်နာစေရန် သိက္ခာကျသည့်အနေအထား မရေးသင့် ကြောင်း၊ မီဒီယာကျင့်ဝတ်သိက္ခာစည်းကမ်းများနှင့်အညီ ရေးသားစေချင်ပါသည်။ ရဲတပ်ဖွဲ့မှ တရားလိုပြုလုပ်၍ တိုင်တန်းသောအမှုများသည် ပြစ်မှုဖြစ်စဉ် ခိုင်လုံ၍သာ အမှုဖွင့်ဆောင်ရွက်ခြင်း၊ ဥပဒေဖောက်ဖျက်ကျူးလွန်၍ သာအရေးယူခြင်းများသာ ဖြစ်ပါသည်။ ဥပဒေကျူးလွန်မှုမရှိသည့် ပြည်သူများအား ရဲတပ်ဖွဲ့အနေဖြင့် ကူညီ ဆောင်ရွက်လျက်ရှိပါသည်။
သာကေတဖြစ်စဉ်တွင် ရဲမင်းဦးမှ စာသင်ကျောင်းများအား ဖျက်ဆီးရန် လူထပ်မံ လွှတ်ပေးရေး၊ ဘုန်းကြီးတစ်ပါးထံသို့ ဖုန်းဖြင့် ဆက်သွယ်ပြောဆိုသည့် အသံဖိုင်အား ရဲတပ်ဖွဲ့မှ သိမ်းဆည်း ဆောင်ရွက်ပြီး ဥပဒေနှင့်ငြိစွန်း၍ အရေးယူခဲ့ခြင်းဖြစ်ပါသည်။ Marn Htan Myo shared facebook အနေ ဖြင့် သတင်းအမှန်ကို လေ့လာသုံးသပ်ပြီးမှ တင်ပြစေချင်ကြောင်း ဖြစ်စဉ်အမှန်ကို ပြည်သူတွေ အထင်မှား အောင် မတင်ပြစေချင်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ပြန်လည်ရှင်းလင်းပြောကြားပါသည်။
Yangon Police
http://www.facebook.com/permalink.php?story_fbid=337416383028473&id=337408739695904
မီဒီယာများအနေဖြင့်လူတစ်ဦးတစ်ယောက်အားနစ်နာစေရန်သိက္ခာကျသည့်အနေအထားမရေးသင့် ကြောင်း
၊မီဒီယာကျင့်ဝတ်သိက္ခာစည်းကမ်းများနှင့်အညီ ရေးသားစေချင်ပါသည်။ရဲတပ်ဖွဲ့မှတရားလိုပြုလုပ်တိုင်တန်း
သောအမှုများသည် ပြစ်မှုဖြစ်စဉ် ခိုင်လုံ၍သာ အမှုဖွင့်ဆောင်ရွက်ခြင်း၊ ဥပဒေဖောက်ဖျက်ကျူးလွန်၍သာအ
ရေးယူခြင်းများသာ ဖြစ်ပါသည်။
နောက်ဆုံးခန့်မှန်းချက်တွေအတိုင်း မြန်မာ့ကမ်းရိုးတန်းရှိရာ မြောက်ဖက်ကိုကွေ့လာတော့မယ့် ဆိုက်ကလုန်းမုန်တိုင်း 01B MAHASEN
01B MAHASEN
Issued at 6:54 pm on May 13, 2013
အားလုံးဟာ အရင်ခန့်မှန်းထားတဲ့ အတိုင်းပါဘဲ။ ကျွန်တော် နောက်ဆုံးထုတ်ပြန်ထားတဲ့ ခန့်မှန်းချက် အပြောင်းအလဲ မရှိသေးပါ။
မေလ (၁၂)ရက်နေ့တစ်နေ့လုံး မဟာဆန်သူဟာ အနောက်မြောက်ဖက်ကိုဘဲ ရွေ့လျှားနေခဲ့တာ (၁၃-၅-၂၀၁၃) ရက်နေ့ မနက်ပိုင်းအထိပါဘဲ။ နောက်တော့ အနောက်မြောက်ဖက် ဦးတည်ရာကနေ မြောက်ဖက်ကို ပြောင်းရွေ့လာခဲ့ပါတယ်။ ဒါဟာ ကွေ့တော့မယ့် အခြေအနေကို ပြသနေတာဘဲဖြစ်ပါတယ်။ (၁၃-၉-၂၀၁၃) ရက် ညသန်းကောင်ယံလောက်မှာတော့ မြောက်အရှေ့ယွန်းယွန်း (NNE) စတင်ရွေ့တော့မယ်လို့ ခန့်မှန်း ထားပါတယ်။ ရွေ့ပြီဆိုတာနဲ့ မြန်မာ့ကမ်းရိုးတန်းဟာ ခြိမ်းခြောက်မှုစတင်ခံရပါပြီ။
အချိန်နဲ့လိုက်ပြီး အမြဲမပြတ်ကြည့်ရတော့မှာပါဘဲ။
နောက်ဆုံးအခြေအနေကို ညပိုင်းမှာ တင်ပေးပါ့မယ်။
ကွေ့တာနဲ့ မြန်မာနိုင်ငံအနောက်ဖက်ကမ်းရိုးတန်းတစ်ခုလုံး ဧရာဝတီတိုင်းအနောက်ခြမ်းနဲ့ ရခိုင်ကမ်းရိုးတန်း တစ်ခုလုံးကို နှိုးဆောင်အဆင့် အနည်းဆုံးထားပြီး၊ ရခိုင်ပြည်နယ်မြောက်ပိုင်းကိုတော့ သီးသန့်သတိပေးအဆင့် ထားရပါလိမ့်မယ်။
လောလောဆယ်အထိတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို စစ်တကောင်းမြို့နားက ဖြတ်မယ်လို့ ခန့်မှန်းထားဆဲ ဖြစ်ပါတယ်။
ဒေါက်တာထွန်းလွင် (MCCW)
May 13, 2013
အားလုံးဟာအရင်ခန့်မှန်းထားတဲ့အတိုင်းပါဘဲ။ကျွန်တော် နောက်ဆုံးထုတ်ပြန်ထားတဲ့ခန့်မှန်းချက်အပြောင်း
အလဲ မရှိသေးပါ။ မေလ (၁၂)ရက်နေ့တစ်နေ့လုံး မဟာဆန်သူဟာ အနောက်မြောက်ဖက်ကိုဘဲ  ရွေ့လျှား
နေခဲ့တာ (၁၃-၅-၂၀၁၃) ရက်နေ့ မနက်ပိုင်းအထိပါဘဲ။ နောက်တော့ အနောက်မြောက်ဖက် ဦးတည်ရာက
နေ မြောက်ဖက်ကို ပြောင်းရွေ့လာခဲ့ပါတယ်။ ဒါဟာ ကွေ့တော့မယ့် အခြေအနေကို ပြသနေတာဘဲဖြစ်ပါ
တယ်။
Sony ရဲ့ရေစိမ်ခံ နည်းပညာဖြင့်ထုတ်လုပ်ခဲ့တဲ့ Sony Xperia ZR ထပ်မံထွက်ရှိလာပြီ
Sony Xperia ZR(Waterproof & Dust resistant)
Sony ရဲ့ရေစိမ်ခံ နည်းပညာဖြင့်ထုတ်လုပ်ခဲ့တဲ့ Sony Xperia Z
အောင်မြင်မှုရရှိခဲ့ပြီးနောက် ယခုတဖန် Sony Xperia ZR ကို
ထပ်မံထုတ်လုပ်လိုက်ပါပြီ။
Xperia ZR ဟာ Xperia Zထက် ပိုမိုရေစိမ်ခံနိုင်ပြီး ရေအောက်
5ပေ အနက်မှာ Full HD Videoနှင့် ဓာတ်ပုံများကို မိနစ် 30ကြာရိုက်ကူး
နိုင်မှာဖြစ်ပါတယ်
4.6-inch OptiContrast OLED at 1280 x 720
1.5 Ghz Quad-Core Snapdragon S4 Pro
2GB of RAM
8GB with Micro SD Card slot
Android 4.1 Jelly Bean
13MP rear-facing camera with dedicated camera key and 15 fps burst rate
NFC and LTE Support
Battery STAMINA Mode for outstanding battery life
Sony မှ Q2 ,May(or)June အတွင်းရောင်းချပေးသွားမှာဖြစ်ပြီး
ဈေးနှုန်းတော့ပြောကြားခြင်းမရှိသေးပါ။
Lin Htet Win
Myanmar IT Group
Sony ရဲ့ရေစိမ်ခံ နည်းပညာဖြင့်ထုတ်လုပ်ခဲ့တဲ့ Sony Xperia Z အောင်မြင်မှုရရှိခဲ့ပြီးနောက် ယခုတဖန် Sony
Xperia ZR ကို ထပ်မံထုတ်လုပ်လိုက်ပါပြီ။Xperia ZR ဟာ Xperia Zထက်ပိုမိုရေစိမ်ခံနိုင်ပြီး ရေအောက်5ပေ 
အနက်မှာ Full HD Videoနှင့် ဓာတ်ပုံများကို မိနစ် 30ကြာရိုက်ကူးနိုင်မှာဖြစ်ပါတယ်
မန်ချက်စတာ ယူနိုင်တတ်အသင်းနည်းပြ ဆာအဲလစ်ဖာဂူဆန်ရဲ့ အသင်အပေါ်ပေးဆပ်ခဲ့မှုများ
THE IMPOSSIBLE DREAM (ဆြာကြီးကို ဂုဏ်ပြုလိုက်ကြရအောင်)
မဖြစ်နိုင်တဲ့ အိမ်မက်တွေကို အကောင်အထည် ဖော်ပေးခဲ့သော ဆြာအဲလက်စ်အား ဂုဏ်ပြုတဲ့အနေနဲ့ မန်ယူတရားဝင် ၀ဘ်ဆိုဒ်မှ ယခုကဲ့သို့ ပုံဖြင့် ဂုဏ်ပြု မှတ်တမ်းတင်ထားပါတယ်။ ။
ဆြာဘော်ဘီချာလ်တန် >> ဆြာအဲလက်စ်ကို မန်ယူအသင်းမှာ ထာဝရ ခေါ်ထားနိုင်တာဟာ ကျွန်တော်တို့ရဲ့ အကောင်းဆုံး ဆုံးဖြတ်ချက် ဖြစ်ခဲ့ပါတယ်။ ။
ဆြာအဲလက်စ် >> သာမန်ဖြစ်ရိုးဖြစ်စဉ်ထက် ပိုလွန်တဲ့ အထူးအခွင့်အရေးတွေနဲ့ သင်တို့ရဲ့ ကလပ်ဟာ ထိပ်ဆုံးက ဦးဆောင်နေတာကတော့ ဂုဏ်ယူစရာ တစ်ခုဖြစ်ခဲ့ပြီး၊ ဒီမန်ချက်စတာ ယူနိုက်တက် အသင်းမှာ နည်းပြခဲ့ရတဲ့ ကျွန်တော့်ရဲ့ အချိန်တွေကို ကျွန်တော် တန်ဖိုးထားခဲ့ပါတယ်။ ။
49 >> ဆြာအဲလက်စ် အများဆုံး ရင်ဆိုင် တွေ့ဆုံခဲ့တဲ့ နည်းပြက အာဆင်ဝင်းဂါး ဖြစ်ပါတယ်(49ပွဲ)။
144 >> ဆြာအဲလက်စ်ဟာ မန်ယူနည်းပြ ဘ၀တစ်လျောက်မှာ မတူခြားနားတဲ့ အသင်းပေါင်း (၁၄၄)သင်းနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ။
4 >> ဆြာအဲလက်စ်ဟာ စပိန်အသင်းတွေကို စပိန်မြေမှာ ဘယ်တုန်းကမှ အနိုင်မရခဲ့ဘူးပါဘူး။ ပေးဂိုးမရှိတာဆိုလို့ (၀-၀)သရေပွဲ (၄)ပွဲတော့ ရအောင် စွမ်းဆောင် ပေးနိုင်ခဲ့ပါတယ်။
38 >> ဆြာအဲလက်စ်၏ မန်ယူနည်းပြ ဘ၀တစ်လျောက် အနိုင်အများဆုံး ရခဲ့သော အသင်းများက အက်စတွန်ဗီလာ အသင်းနှင့် စပါးအသင်းတို့ ဖြစ်ကြပြီး (၃၈)ပွဲထိ့ အနိုင်ရခဲ့ကာ အခြားသော အသင်းများထက် အနိုင်အများဆုံး ရထားသော အသင်းအဖြစ် မှတ်တမ်း ၀င်ထားသည်။ ။
99 >> ဆြာအဲလက်စ် လက်ထက် အိုးထရက်ဖို့ဒ်မှာ ချန်ပီယံလိဂ် အိမ်ကွင်းပွဲစဉ် စုစုပေါင်း (၉၉)ပွဲ ကိုင်တွယ် နည်းပြခဲ့ရသည်။ ။
မန်ယူအသင်းနှင့်အတူ အောင်မြင်ခဲ့မှူ့များ
(၂၆)နှစ်တာ မန်ယူနည်းပြ သက်တမ်းအတွင်း ဆုဖလားပေါင်း (၃၈)ခု ရယူနိုင်ခဲ့သည်။ ။
အမှတ်ပေးဖလား (၁၃)ကြိမ် >> 1992–93, 1993–94, 1995–96, 1996–97, 1998–99, 1999–2000, 2000–01, 2002–03, 2006–07, 2007–08, 2008–09, 2010–11, 2012–13
ချန်ပီယံလိဂ်ဖလား (၂)ကြိမ် >> 1998–99, 2007–08
အက်ဖ်အေဖလား (၅)ကြိမ် >> 1989–90, 1993–94, 1995–96, 1998–99, 2003–04
League Cups (၄)ကြိမ် >> 1991–92, 2005–06, 2008–09, 2009–10
UEFA Cup Winners’ Cup (၁)ကြိမ် >> 1990–91
UEFA Super Cup (၁)ကြိမ် >>  1991
Charity/Community Shields (၁၀)ကြိမ် >>  1990 (shared), 1993, 1994, 1996, 1997, 2003, 2007, 2008, 2010, 2011
Intercontinental Cup (၁)ကြိမ် >>  1999
FIFA Club World Cup (၁)ကြိမ် >>  2008
Rosenet34
မဖြစ်နိုင်တဲ့ အိမ်မက်တွေကို အကောင်အထည် ဖော်ပေးခဲ့သော ဆာအဲလက်စ်အား ဂုဏ်ပြုတဲ့အနေနဲ့ မန်
ယူတရားဝင် ၀ဘ်ဆိုဒ်မှ ယခုကဲ့သို့ ပုံဖြင့် ဂုဏ်ပြု မှတ်တမ်းတင်ထားပါတယ်။ ။ ဆာဘော်ဘီချာလ်တန်က ဆာအဲလက်စ်ကို မန်ယူအသင်းမှာ ထာဝရ ခေါ်ထားနိုင်တာဟာ ကျွန်တော်တို့ရဲ့ အကောင်းဆုံး ဆုံးဖြတ်ချက် ဖြစ်ခဲ့ပါတယ်။
ဆိုက်ကလုန်းမုန်တိုင်း (MAHASEN)နှင့် ပတ်သတ်ပြီး ၂၀၁၃ခုနှစ်၊ မေလ(၁၃)ရက်နေ့မြန်မာစံတော်ချိန်(၁၈း၀၀)နာရီ အချိန်သတင်းထုတ်ပြန်ချက်
ယနေ့မြန်မာစံတော်ချိန်(၁၇း၃၀)နာရီအချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့်ယင်းနှင့်ဆက်စပ်လျှက်ရှိသောတွင်ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင်ဖြစ်ပေါ်နေသောဆိုင်ကလုန်းမုန်တိုင်းမဟာစင်(MAHASEN)သည်မြန်မာနိုင်ငံ(ကိုကိုးကျွန်း)၏အနောက်တောင်ဘက်မိုင်(၄၃၀)ခန့်၊ပုသိမ်မြို့၏အနောက်တောင်ဘက်မိုင်(၅၆၀)ခန့်၊ကျောက်ဖြူမြို့၏အနောက်တောင်ဘက်မိုင်(၆၀၀)ခန့်၊အိန္ဒိယနိုင်ငံ(ချင်းနိုင်မြို့)၏အရှေ့တောင်ဘက်မိုင်(၃၆၀)ခန့်အကွာပင်လယ်ပြင်ကှိုဗဟိုပြုနေပါသည်။
စစ်တွေ၌ လိင်ဖျော်ဖြေရေး ပေါ်တင် လုပ်ဆောင်နေ၍ ပိတ်သိမ်းပေးရန် တောင်းဆို
Sunday, 12 May 2013
စစ်တွေ၌ လိင်ဖျော်ဖြေရေး ပေါ်တင် လုပ်ဆောင်နေ၍ ပိတ်သိမ်းပေးရန် တောင်းဆို 
ရခိုင်ပြည်နယ် စစ်တွေမြို့တွင်း စားသောက်ဆိုင် အမည်ခံ အနှိပ်ခန်း၊ ကာရာအိုကေခန်းများ၌ လိင်ဖျော်ဖြေရေး လုပ်ငန်းများကိုပါ လုပ်ကိုင်လာခြင်းကြောင့် ဒေသခံများအနေဖြင့် ပိတ်သိမ်းအရေးယူရန် သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်မှူများထံသို့ တင်ပြတောင်းဆိုမှုများရှိနေသည်ဟု သိရသည်။
"အရင် န.အ.ဖ လက်ထက်မှာတောင် ခိုးကြောင်ခိုးဝှက်နဲ့ နည်းနည်းပဲ ရှိခဲ့တာ။ အခု ထင်ထင်ပေါ်ပေါ်နဲ့ အများ ကြီးဖြစ်နေ တာ အုပ်ချုပ်ရေးပိုင်း အားနည်းလို့လား အရေးမယူလို့လား။ ဒီလိုပေါ် တင်ကြီး တောင် လုပ်နိုင်တဲ့ အခြေအနေရဲ့ နောက်ကွယ်မှာ တစ်ခုခုရှိမယ်လို့ ထင်ပါတယ်"ဟု စစ်တွေဒေ သခံတစ်ဦး က ပြောသည်။
စစ်တွေမြို့တွင် အနှိပ်ခန်း(၆)ခုနှင့် ကာရာအိုကေခန်း(၂)ခုရှိကြောင်း အဆိုပါလုပ်ငန်းများ လုပ်ကိုင် လာခြင်း ကြောင့် လူမျိုးနှင့်မြို့တော်၏ ဂုဏ်သိက္ခာညိုးနွမ်းထိခိုက်ကျဆင်းစေနိုင်သည့်အတွက် အရေး ယူဆောင်    ရွက်ပေးစေလိုခြင်း ဖြစ်သည်ဟု ဒေသခံတို့က ဆိုသည်။
"ကျွန်တော်တို့ဆီမှာ အရင်က ဒီလောက် မရှိခဲ့ဘူး။ ရှိလည်း မရှိခဲ့ဘူး။ အခုမှ ရှိလာတာ။ မိန်းကေ လးတွေ က စားဝတ်နေရေးမပြေလည်တော့ ဟိုအလုပ် ဒီအလုပ်ဆိုပြီး လုပ်ကြရာက ဒီလို အလုပ်တွေမှာဝင် လုပ် လာကြတယ်" ဟု စစ်တွေဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ လုပ်ငန်းများတွင် အလုပ်လုပ်ကိုင်ကြသူအများစုမှာ အသက်ရွယ် (၁၆)နှစ်မှ (၂၂)နှစ် ၀န်းကျင်သာ ရှိ သော မိန်းကလေးငယ်များဖြစ်ပြီး မိသားစုစားဝတ်နေရေးနှင့် ဆင်းရဲကျပ်တည်းမှုကို အခွင့်ကောင်းယူ ၍ ငွေဖြင့်မက် လုံးပေးပြီး ချိတ်ဆက်ခေါ်ဆောင်ကာ လုပ်ကိုင်နေခြင်းဖြစ်ကြောင်းကိုလည်း ဒေသခံတို့က ဆိုသည်။
FROM-MYANMAR DAILY STAR
ရခိုင်ပြည်နယ်စစ်တွေမြို့တွင်းစားသောက်ဆိုင် အမည်ခံ အနှိပ်ခန်း၊ကာရာအိုကေခန်းများ၌ လိင်ဖျော်ဖြေ
ရေး လုပ်ငန်းများကိုပါ လုပ်ကိုင်လာခြင်းကြောင့် ဒေသခံများအနေဖြင့် ပိတ်သိမ်းအရေးယူရန် သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်မှူများထံသို့ တင်ပြတောင်းဆိုမှုများရှိနေသည်ဟု သိရသည်။
ဘောလုံးပိရိသတ်များအတွက် မန်ချက်စတာယူနိုက်တတ်နည်းပြကြီးဆာအဲလက်စ်ရဲ့ နှုတ်ဆက်စကား
ပရိသတ်များအတွက် ဆာအဲလက်စ်ရဲ့ နှုတ်ဆက်စကား
“အားလုံးကို ကျေးဇူးတင်ပါတယ်။ ခင်ဗျားတို့ဟာ ကျွန်တော့်ဘ၀အတွက် အရေးအကြီးဆုံး လူပုဂ္ဂိုလ်တွေပါ။ ကျွန်တော်ဟာ ဒီနိုင်ငံမှာ ရှိတဲ့ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ အကောင်းဆုံး ကစားသမားတွေကို စီမံအုပ်ချုပ်ခွင့် ရခဲ့တာ အရမ်းကံကောင်းခဲ့ပါတယ်။ ဒီကစားသမားတွေ အကုန်လုံးဟာ ဒီပြိုင်ပွဲကြီးကို လှလှပပ အောင်နိုင်ခဲ့ကြဖူးတယ်။ သူတို့တွေ အကောင်းဆုံး လုပ်ဆောင်သွားခဲ့တာပါ။ သူတို့တွေဟာ ကျွန်တော်တို့ အသင်းကို မှန်ကန်တဲ့ လမ်းကြောင်းနဲ့ ကိုယ်စားပြုပေးခဲ့ပါတယ်။ ကျွန်တော် အနားယူတော့မယ်ဆိုတာ ကလပ်နဲ့ကျွန်တော်နဲ့ကြားက ဆက်ဆံရေး ပြီးဆုံးသွားတာမျိုးမဟုတ်ပါဘူး။ ခင်ဗျားတို့နဲ့အတူ ပျော်ရွှင်စရာ ကောင်းတဲ့ပွဲတွေကို ကြည့်နေဦးမှာပါ။ ထိခိုက်နာကျင်စရာ ရှိလည်း အတူတူပေါ့ဗျာ။  တကယ်လို့ ပြန်တွေးမိမယ်ဆိုရင် နောက်ဆုံးမိနစ်ဂိုး၊ ပြန်လည်အနိုင်ယူပြခြင်းနဲ့ ရှုံးနိမ့်မှုတွေဟာ ဒီခမ်းနားကြီးကျယ်တဲ့ ဘောလုံးအသင်းရဲ့ အစိတ်အပိုင်းတွေပါပဲ။ မယုံနိုင်စရာကောင်းတဲ့ အတွေ့အကြုံတွေပေါ့။ 
ကျွန်တော်ခင်ဗျားတို့ကို ပြန်ပြီးပြောပြချင်တာ တစ်ချိန်က ကျွန်တော့်မှာ အဆိုးဆုံးကာလတွေ ရှိခဲ့ဖူးတယ်။ ကလပ်အသင်း၊ ၀န်ထမ်းတွေနဲ့ ကစားသမားတွေဟာ အားလုံး ကျွန်တော့်ဘက်က ရပ်တည်ပေးခဲ့ကြတယ်။ အဲ့ဒီလို လုပ်ရပ်မျိုးကို ခင်ဗျားတို့ မန်နေဂျာအသစ်အပေါ်မှာလည်း ဆက်လက်ဖြည့်ဆည်း ပေးကြပါ။ ကျွန်တော်က စိတ်ထဲမှာ ထားတဲ့သူမဟုတ်ဘူး။ ကျွန်တော့်ပါးစပ်က ပွစိပွစိ ပြောတတ်တယ်။ တစ်လက်စတည်း ဒီနေ့မှာ ဘောလုံးကစားခြင်းက အနားယူမယ့် ပေါလ်စခိုးကိုလည်း ကျွန်တော် ဂုဏ်ပြုပါတယ်။ ဒီကလပ်ရဲ့ အကြီးကျယ်ဆုံး ကစားသမားတွေထဲမှာ သူဟာလည်း တစ်ယောက် အပါအ၀င်အဖြစ် အမြဲရှိနေမှာပါ။ သူ့ရဲ့ အနားယူခြင်းအတွက်လည်း ကျွန်တော်ဆုတောင်းပေးပါတယ်။ ဒါ့အပြင် ဒါရင်ဖလက်ချာကိုလည်း ဒဏ်ရာကနေ အမြန်သက်သာလာပါစေလို့ ဆုတောင်းပေးပါတယ်။ အနာဂါတ်မှာ ကစားသမားတွေ အကုန်လုံး ဆက်လက်အောင်မြင်ပါစေလို့လည်း ကျွန်တော်ဆုတောင်းပေးပါတယ်။ သူတို့ ဘယ်လောက်တော်လည်း သူတို့သိရမှာပါ။ ဘာအတွက်နဲ့မှ စိတ်ဓါတ်မကျပါနဲ့။ ဒီမှာ မျှော်လင့်ချက်တွေ အမြဲရှိနေပါတယ်။ ခင်ဗျားတို့ကို ဖာဂူဆင်မိသားစု ကိုယ်စားကျွန်တော်က ကျေးဇူးတင်ကြောင်း ပြောပါရစေ။ ပြီးတော့ ကျွန်တော့်မြေးတွေကိုလည်း ကျွန်တော်ချစ်ပါတယ်။”
“အားလုံးကို ကျေးဇူးတင်ပါတယ်။ ခင်ဗျားတို့ဟာ ကျွန်တော့်ဘ၀အတွက် အရေးအကြီးဆုံး လူပုဂ္ဂိုလ်တွေပါ။ ကျွန်တော်ဟာ ဒီနိုင်ငံမှာ ရှိတဲ့ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ အကောင်းဆုံး ကစားသမားတွေကို စီမံ
အုပ်ချုပ်ခွင့် ရခဲ့တာ အရမ်းကံကောင်းခဲ့ပါတယ်။ ဒီကစားသမားတွေ အကုန်လုံးဟာ ဒီပြိုင်ပွဲကြီးကို လှလှပပ
အောင်နိုင်ခဲ့ကြဖူးတယ်။
အမေရိကန် နယူးအော်လင်းမြို့ အမေနေ့လမ်းလျှောက်ပွဲတွင် ပစ်ခတ်မှုကြောင့် ၁၉ ဦး ဒဏ်ရာရ
အမေရိကန် နယူးအော်လင်းမြို့ အမေနေ့လမ်းလျှောက်ပွဲတွင် ပစ်ခတ်မှုကြောင့် ၁၉ ဦး ဒဏ်ရာရ
အမေရိကန်နိုင်ငံ နယူးအော်လင်းမြို့၌ မေ ၁၃ ရက်နံနက်တွင်ကျင်းပသည့် အမေနေ့အထိမ်းအမှတ်လမ်းလျှောက်ပွဲတွင် အကြမ်းဖက်သမား တစ်ဦး၏ ပစ်ခတ်မှုကြောင့် ၁၉ ဦးဒဏ်ရာရရှိသွားကြောင်း ၀ါရှင်တန်ပို့စ် အွန်လိုင်း
သတင်းတွင်ဖော်ပြထားသည်။
အဆိုပါပစ်ခတ်မှုကြောင့် အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၇ ဦးနှင့် အသက် ၁၀
နှစ်အရွယ် ကလေးငယ် ၂ ဦးတို့ဒဏ်ရာရရှိခဲ့ပြီး ၃ ဦးမှာဒဏ်ရာပြင်းထန်
ကြောင်းသိရသည်။
ပစ်ခတ်မှုနှင့်ပတ်သတ်သည့် တရားခံကိုလိုက်လံစုံစမ်းဆဲဖြစ်ပြီး အခင်းဖြစ်
ပွားရာနေရာရှိ ဗီဒီယိုမှတ်တမးများ၊ ဓာတ်ပုံများ၊ မျကမြင်သက်သေများကို
လိုက်လံစုံစမ်း စုစောင်းလျှက်ရှိကြောင်း ဒေသခံအာဏာပိုင်တို့၏ အဆိုကို
ကိုးကား၍ ၀ါရှင်တန်ပို့စ်က သတင်းဖော်ပြထားသည်။
ဓာတ်ပုံ (အင်တာနက်)
ယနေ့ခေတ်
အမေရိကန်နိုင်ငံ နယူးအော်လင်းမြို့၌ မေ ၁၃ ရက်နံနက်တွင်ကျင်းပသည့် အမေနေ့အထိမ်းအမှတ်လမ်း
လျှောက်ပွဲတွင် အကြမ်းဖက်သမား တစ်ဦး၏ ပစ်ခတ်မှုကြောင့် ၁၉ ဦးဒဏ်ရာရရှိသွားကြောင်း ၀ါရှင်တန်ပို့စ် အွန်လိုင်းသတင်းတွင်ဖော်ပြထားသည်။
မဟာစင် (MAHASEN) ဆိုင်ကလုန်းမုန်တိုင်း ဖြတ်သန်း ဝင်ရောက်နိုင်ဖွယ်ရှိတဲ့ ဒေသတွေကို ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေး အကြုံပြုချက် စာစောင်များ လိုက်လံဖြန့်ဝေ
မဟာစင် (MAHASEN) ဆိုင်ကလုန်းမုန်တိုင်း ဖြတ်သန်း ဝင်ရောက်နိုင်ဖွယ်ရှိတဲ့  ဧရိယာအတွင်း ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ ပါဝင်နေတာကို တိုင်းဒေသကြီး အတွင်းရှိမြို့နယ်များတွေမှာ အသိပေးကြေညာချက်များ ထုတ်ပြန်ကြေငြာ၊ ဟင်္သာတမြို့နယ် မေ(၁၂)ရက်နဲ့ (၁၃)ရက်တွေမှာ ဆက်တိုက် ထုတ်ပြန်၊  မြို့နယ်
ကြက်ခြေနီတပ်ဖွဲ့တွေက မုတ်သုံရာသီ ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေး အကြုံပြုချက် စာစောင်များ အများပြည်သူသို့ လိုက်လံ ဖြန့်ဝေ။
(သတင်းဓါတ်ပုံ - icj ပြည့်ဖြိုး  (ဟသာင်္တ))
(သတင်းဓါတ်ပုံ - icj ပြည့်ဖြိုး (ဟသာင်္တ))
မဟာစင် (MAHASEN) ဆိုင်ကလုန်းမုန်တိုင်း ဖြတ်သန်းဝင်ရောက်နိုင်ဖွယ်ရှိတဲ့ဧရိယာအတွင်း ဧရာဝတီမြစ်
ဝကျွန်းပေါ်ဒေသ ပါဝင်နေတာကို တိုင်းဒေသကြီး အတွင်းရှိမြို့နယ်များတွေမှာ အသိပေးကြေညာချက်များ ထုတ်ပြန်ကြေငြာထားကြောင်းသတင်းရရှိသည်။
မြန်မာ မော်ဒလ် ဘေဘီမောင် ရဲ့စတိုင်လ်
myanmar sexy model girl baby maung
မြန်မာ မော်ဒလ် ဘေဘီမောင် ရဲ့စတိုင်လ်
မြန်မာ မော်ဒလ် မေဖူးမောင်ရဲ့ ဟန်ပန်
myanmar sexy girl
မြန်မာ မော်ဒလ် မေဖူးမောင်ရဲ့ ဟန်ပန်စတိုင်လ်
Update: မေလ ၁၂ ရက်၊ စနေနေ့ ည ၁၁း၂၅ အထိ ယှဉ်ပြိုင်ကစားပြီးသော ဥရောပ လိဂ်ဘောလုံးပွဲရလဒ်များ
မေလ ၁၂ ရက်၊ စနေနေ့ ည ၁၁း၂၅ အထိ ယှဉ်ပြိုင်ကစားပြီးသော ဥရောပ လိဂ်ဘောလုံးပွဲရလဒ်များ
အင်္ဂလန်ပရီးမီးယားလိဂ်
.................................
မန်ချက်စတာယူနိုက်တက် ၂ - ၁ ဆွမ်ဆီး
စတုတ်စီးတီး ၁ - ၂ တော့တင်ဟမ်
အဲဗာတန် ၂ - ၀ ဝက်စ်ဟမ်း
မုန်တိုင်းမတိုက်ခတ်ခင် ရခိုင်ပြည်နယ် မောင်တောမြို့အခြေအနေ
ရခိုင်ပြည်နယ်၊ မောင်တောမြို့အခြေအနေကတော့ ရာသီဥတုဟာ အိုက်စပ်စပ်အနေထားမျိုးရှိနေပြီး လေတိုက်ခတ်နှုန်းကတော့ ပုံမှန်ထက်နှေးနေပါသည်..။ ဒါဟာ အလွန်သတိထားရမည့်အနေအထားဖြစ်ပါသည်..။ ဒေသခံပြည်သူအချို့ကတော့ မုန်တိုင်းဒဏ်က လွတ်မယ့်နေရာတွေဆီကို မနေ့ကနေစတင်ပြောင်းရွေ့နေကြတာတွေ့ရပါတယ်..။ မေလ ၁၆ ရက်နေ့ မုန်တိုင်းဖြတ်သန်းစဉ်မှာ မောင်တောဒေသအတွင်း လေတိုက်ခတ်နှုန်းမှာ တစ်နာရီကို မိုင် ၁၀၀ ခန့်အထိရှိနိုင်ပါသည်.။
မန်ချက်စတာယူနိုက်တက် နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန် Old Trafford ပရိသတ်တွေကိုနှုတ်ဆက်
ဖာဂူဆန် Old Trafford ကို နှုတ်ဆက်
Monday, May 13, 2013
အင်္ဂလန်ပရီမီယာလိဂ် ဘောလုံးပွဲတွေမှာတော့ မန်ချက်စတာယူနိုက်တက် နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ဟာ နည်းပြအဖြစ်နဲ့ အိုးလ်ထရက်ဖို့ဒ် ပရိသတ်တွေကို တနင်္ဂနွေနေ့က နှုတ်ဆက်လိုက်ပြီဖြစ်ပါတယ်။
တနင်္ဂနွေနေ့က ဆွမ်စီးနဲ့ ကစားတဲ့ပွဲဟာ ဆာအဲလက်စ် အတွက် အိုးလ်ထရက်ဖို့ဒ် ကွင်းမှာ နောက် ဆုံးပွဲပါ။ အဲဒီပွဲမှာ ၂ သင်းစလုံးက ကစားသမားတွေက အရင် ထွက်လာခဲ့ပြီးတော့ ဖာဂူဆန်ကို Guard of Honour ပေးပြီး ဂုဏ်ပြုခဲ့ကြသလို အိုးလ်ထရက်ဖို့ တကွင်းလုံးမှာရှိတဲ့ ပရိသတ်တွေအားလုံးကလည်း အလံတွေ ဝှေ့ ယမ်းပြီး၊ သီချင်းတွေ သံပြိုင်သီဆိုပြီး ဖာဂူဆန်ကို နောက်ဆုံး နှုတ်ဆက်ခဲ့ကြပါ တယ်။ ဒီပွဲမှာ မန်ယူအသင်းက ဆွမ်စီးအသင်းကို ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရခဲ့ပြီး ဖာဂူဆန်ရဲ့ အိုးလ်ထရက်ဖို့ဒ် နောက်ဆုံးပွဲကို အနိုင်နဲ့ အဆုံးသတ်ပေးနိုင်ခဲ့ပါတယ်။
မန်ယူအတွက် ဂိုးတွေကို တိုက်စစ်မှူး ချီချာရီတို နဲ့ ဖာဒီနန်တို့က သွင်းပေးခဲ့တာပါ။ ဒီပွဲမှာ ဖာဂူဆန်အတွက် အိုးလ်ထရက်ဖို့မှာ နောက်ဆုံးပွဲဖြစ်သလို မန်ယူကွင်းလယ် ကစားသမား ပေါလ်စခိုးလ်အတွက်လည်း နောက်ဆုံးနှုတ်ဆက်ပွဲလည်းဖြစ်ပါတယ်။
ပွဲအပြီးမှာတော့ လွန်ခဲ့တဲ့ နှစ် ၂၀ က ပရီမီယာလိဂ်ဖလားကို ပထမဆုံးအကြိမ် မန်ယူ အသင်းအတွက် ကိုင်မြှောက်ပေးခဲ့တဲ့ အသင်းခေါင်းဆောင်ဟောင်း ၂ ယောက် စတိဗ်ဘရုစ်နဲ့ ဘရိုင်ယန်ရော့်ဘ်ဆင်တို့က ပရီမီယာလိဂ်ဖလားကို ကွင်းထဲကို သယ်လာပေးခဲ့ပါတယ်။ နောက်ဆုံးမှာ လက်ရှိအသင်းခေါင်းဆောင် အဖြစ် တာဝန်ယူထားတဲ့ ဗီဒစ် နဲ့ အယ်ဗရာတို့က ဖာဂူဆန်ကို ဂုဏ်ပြုတဲ့အနေနဲ့ ပရီမီယာလိဂ်ဖလားကို ဆာအဲလက်ဖာဂူဆန် အရင်ဆုံးကိုင်မြောက်စေပြီး ဂုဏ်ပြုပေးခဲ့ပါတယ်။
စနေနေ့က ကစားတဲ့ တခြားပွဲတွေမှာတော့ အဲဗာတန်က ၀က်စ်ဟမ်းကို ၂ ဂိုး ၁ ဂိုးး နဲ့ နိုင်ခဲ့သလို၊ နယူးကာဆယ်ကလည်း QPR ကို ၂ ဂိုး ၁ ဂိုး ၊ တော့တင်ဟမ်က စတုတ်ခ်စီးတီးကို ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရခဲ့ပါတယ်။
VOA Burmese News
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် @[459386844101959:274:Myanmar Online News] ကို like လုပ်ထားပါ
Monday, May 13, 2013
အင်္ဂလန်ပရီမီယာလိဂ် ဘောလုံးပွဲတွေမှာတော့ မန်ချက်စတာယူနိုက်တက် နည်းပြကြီး ဆာအဲလက်စ်ဖာဂူ
ဆန်ဟာ နည်းပြအဖြစ်နဲ့ အိုးလ်ထရက်ဖို့ဒ် ပရိသတ်တွေကို တနင်္ဂနွေနေ့က နှုတ်ဆက်လိုက်ပြီဖြစ်ပါတယ်။
အပူပိုင်းမုန်တိုင်း 01B(MAHASEN) သတိပေးချက်အမှတ် (၁၁) (၁၃-၅-၂၀၁၃)ရက်၊ နံနက် (၃း၃၀) နာရီ သတင်းထုတ်ပြန်ချက်
အပူပိုင်းမုန်တိုင်း 01B(MAHASEN) သတိပေးချက်အမှတ် (၁၁) (၁၃-၅-၂၀၁၃)ရက်၊ နံနက် (၃း၃၀) နာရီ အချိန်ထုတ်ပြန်သည်။ အပူပိုင်းမုန်တိုင်း မဟာဆန်သူဟာ (၁၃-၅-၂၀၁၃) ရက်နေ့ နံနက် (၃)နာရီခွဲအချိန်
မှာ Lat 11.0°N Long 86.6°E အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့ရဲ့တောင်ဖက် (၈၆၅)မိုင်အကွာ ပင်လယ်ရေ
ပြင် အပေါ်မှာ ဗဟိုပြုနေပါတယ်။ မုန်တိုင်းဟာ လွန်ခဲ့တဲ့(၆)နာရီအတွင်း က မြောက်အနောက်ယွန်းယွန်း
(NNW)ကို တစ်နာရီ(၇)မိုင်နှုန်းနဲ့ ရွေ့လျှားလာခဲ့ပါတယ်။
ဆိုက်ကလုန်းမုန်တိုင်း 01B MAHASEN နဲ့ ဘင်္ဂလားဒေ့ရှ်-မြန်မာခရီးစဉ်
01B MAHASEN ဆိုင်ကလုန်းမုန်တိုင်း(မဟာဆန်သူ)ရဲ့ ဘင်္ဂလားဒေ့ရှ်-မြန်မာခရီးစဉ်	
မေလ ၁၂ ရက် ၂၀၁၃ 
(၁၃-၅-၂၀၁၃)ရက်ဟာ အဆုံးအဖြတ် ဖြစ်ပါလိမ့်မယ်။
အချိန် ည(၁၁း၁၅)နာရီ။ 
ရက် (၁၂-၅-၂၀၁၃)။
မဟာဆန်သူရဲ့ (၁၂-၅-၂၀၁၃)တစ်နေ့လုံး ရွေ့လျှားခဲ့တဲ့ခရီးစဉ်ဟာ ပညာရှင်များ ကြိုတင်တွက်ဆ ခန့်မှန်းထားခဲ့တဲ့ လမ်းကြောင်းအတိုင်းပါဘဲ။ မေလ(၁၂)ရက်နေ့ ညနေ(၃)နာရီခွဲအချိန်မှာ lat 10°N, Longitude 87.3 E မှာတည်ရှိနေပါတယ်။ ဒါဟာ အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့ရဲ့ တောင်ဖက် ၇၆၀ ကီလိုမီတာ (၉၁၀ မိုင်) အကွာ ပင်လယ်ရေပြင်အပေါ်မှာ ဆက်လက် ရှိနေဆဲဖြစ်ပါတယ်။ နေ့လည်ပိုင်းတုံးကတော့ ကာလကတ္တားဘက်က လေပူတွေ တိုးဝင်လာလို့ အားတစ်ချက်လျော့သွား ခဲ့ရပါသေးတယ်။ အခုညပိုင်းမှာတော့ အားတွေပြန်ပျိုးပြီး မူလ ခန့်မှန်းလမ်းကြောင်းအတိုင်း ပြန်လည် ချီတက်နေပြီဖြစ်ပါတယ်။ ညနေပိုင်း(၃)နာရီခွဲ အချိန်တိုင်းတာချက်အရ တစ်နာရီ လေတိုက်နှုန်း တစ်နာရီ (၆၅)မိုင် ရှိနေပါတယ်။
အဆုံးအဖြတ်ကတော့ မနက်ဖန် (၁၃-၅-၂၀၁၃)ရက် ပါ။ နေ့လယ်(၁၂)နာရီခွဲမှာ အနောက်မြောက် ဖက် သွားနေရာကနေ မြောက်ဖက်ကို စလှည့်ပါလိမ့်မယ်။ နောက်တော့ အရှေ့မြောက်ဖက်ကို တဖြည်းဖြည်း ပြောင်းသွားပါလိမ့်မယ်။ အဲဒီနောက်တော့ ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာနိုင်ငံဆီကို စတင် ဦးတည် ရွေ့လျှားတော့မှာဖြစ်ပါတယ်။
ကမ်းကိုဝင်တဲ့အခါ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့အနားက ၀င်မယ်လို့ခန့်မှန်းထား ပါတယ်။ လေတိုက်နှုန်းကတော့ တစ်နာရီကို ၈၅-၁၀၅ မိုင် နှုန်းရှိနိုင်တယ်လို့ ခန့်မှန်းပါတယ်။ လေပြင်းကြောင့် ပင်လယ်ပြင်မှာ ရေလှိုင်းအမြင့် (၁၈)ပေ နဲ့ မုန်တိုင်းဒီရေအမြင့်ကတော့ (၃-၅)ပေခန့် ရှိလိမ့်မယ်လို့ ခန့်မှန်းထားကြောင်းပါဗျာ။
မေလ (၁၅)(၁၆)ရက်များကိုတော့h ရခိုငပြည်နယ် ကမ်းရိုးတန်းဒေသ နဲ့ ကမ်းလွန် ပင်လယ်ပြင် ဒေသတွေကိုတော့ ရေလှိုင်း နဲ့ လေပြင်းအန္တရာယ်ရှိနိုင်တဲ့ဒေသလို့ သတ်မှတ်ထားစေချင်ပါတယ်။ 
ဒေါက်တာထွန်းလွင် (MCCW)
မေလ ၁၃ ရက် ၂၀၁၃
(၁၃-၅-၂၀၁၃)ရက်ဟာ အဆုံးအဖြတ် ဖြစ်ပါလိမ့်မယ်။ မဟာဆန်သူရဲ့ (၁၂-၅-၂၀၁၃)တစ်နေ့လုံး ရွေ့
လျှားခဲ့တဲ့ခရီးစဉ်ဟာ ပညာရှင်များ ကြိုတင်တွက်ဆ ခန့်မှန်းထားခဲ့တဲ့ လမ်းကြောင်းအတိုင်းပါဘဲ။ မေလ
(၁၂)ရက်နေ့ ညနေ(၃)နာရီခွဲအချိန်မှာ lat 10°N, Longitude 87.3 E မှာတည်ရှိနေပါတယ်။ ဒါဟာ အိန္ဒိယနိုင်
ငံ၊ ကာလကတ္တားမြို့ရဲ့ တောင်ဖက် ၇၆၀ ကီလိုမီတာ (၉၁၀ မိုင်) အကွာ ပင်လယ်ရေပြင်အပေါ်မှာ ဆက်
လက် ရှိနေဆဲဖြစ်ပါတယ်။
ဆိုင်ကလုန်းမုန်တိုင်း MAHASEN – track update
ဆိုင်ကလုန်းမုန်တိုင်း MAHASEN – track update
မေလ ၁၂ ရက် ၂၀၁၃ 
By mmweather.ygn, on May 12th, 2013
http://blog.mmweather.com/2013/05/12/track-update/
မေလ ၁၂ ရက် မြန်မာစံတော်ချိန် ည ၉ နာရီတွင် JTWC မှ ရရှိသည့် အချက်အလက်များအား ပုံဖေါ်ရရှိသည့် ဆိုင်ကလုန်းမုန်တိုင်း MAHASEN ၏ လမ်းကြောင်းခန့်မှန်းချက်ဖြစ်ပါသည်။
MMweather Page
မေလ ၁၂ ရက် ၂၀၁၃
မေလ ၁၂ ရက် မြန်မာစံတော်ချိန် ည ၉ နာရီတွင်JTWC မှရရှိသည့်အချက်အလက်များအား ပုံဖေါ်ရရှိသည့်
ဆိုင်ကလုန်းမုန်တိုင်း MAHASEN ၏ လမ်းကြောင်းခန့်မှန်းချက်ဖြစ်ပါသည်။
ပြဿနာဖန်တီးသူ ရခိုင်များအား ကချင်ပြည်နယ်မှ နှင်ထုတ်
ပြဿနာဖန်တီးသူ ရခိုင်များအား ကချင်ပြည်နယ်မှ နှင်ထုတ်
၂၀၁၃ ခုနှစ်၊ မေလ (၉) ရက် | TEOL
ကချင်ပြည်နယ် ဖားကန့်သို့ နည်းလမ်းအမျိုးမျိုးဖြင့် ၀င်ရောက်လာတဲ့ ရခိုင် အချို့ ကို ကချင်ပြည်နယ် ရှိ ဒေသ အာဏာပိုင် များက ဒေသတွင်း၌ နေထိုင်ခွင့် မပြုတော့ဘဲ နေရပ်မှ ထွက်သွားရန် စရိတ် (၂) သောင်းစီနှင့် ထမင်းထုတ်များပေး၍ ပြန်လည် နှင်ထုတ် လိုက်တယ်လို့ အမေရိကန်အသံ သတင်းအရ သိရပါတယ်။
ဒီလို ပြန်လည် နှင်ထုတ် နေရတဲ့ အကြောင်းရင်းကတော့ ကချင်ပြည်နယ် ဖားကန့်ဒေသရှိ မွတ်စလင်မ် များ ပိုင်ဆိုင် တဲ့ ဈေးဆိုင် များကို အကြမ်းဖက် ဖျက်ဆီး လုယက်မှုများ ဖြစ်ခဲ့ပြီး အဆိုပါ အကြမ်းဖက်မှုတွေအား ရခိုင် လူမျိုးများ ဦးဆောင်နေတယ်ဆိုတဲ့သတင်းများအရ အာဏာပိုင် များက ဒေသတွင်း တည်ငြိမ်ရေး၊ ဒီမိုကရေစီ စနစ်ခိုက်မာ ရေးအတွက် ယခုလို နှင်ထုတ်လိုက်ရခြင်း ဖြစ်တယ် လို့ လေ့လာသူများက သုံးသပ်ပါတယ်။
ယမန်နှစ်မစ၍ မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်ဒေသများတွင် အစ္စလာမ်ဘာသာအား စော်ကားမှု၊ ကိုးကွယ်သူ မွတ်စလင်မ် များအား ရန်လိုမုန်းတီးမှုများဖြစ်ပေါ်ခဲ့ပြီး အကြမ်းဖက်မှုများ ပေါ်ပေါက်ခဲ့ကာ ကမ္ဘာ့အသိုင်းအ၀ိုင်းမှ သတိထား စောင့်ကြည့်ရသည့် အခြေအနေအထိပင် ရှိခဲ့ပါတယ်။
အဆိုပါ အကြမ်းဖက်မှုများတွင် ဒေသခံ မွတ်စလင်မ် များအား တစ်ဖက်သက် အပြစ်ပုံချနေခဲ့ကြသော်လည်း ကမ္ဘာ့အသိုင်းအ၀ိုင်းကမူ ဤသည်ကို လက်မခံခဲ့ဘဲ အဖြစ်မှန်များအား နည်းလမ်းမျိုးစုံဖြင့် ဖော်ထုတ်လေ့လာခဲ့ပြီးနောက် ပကတိအခြေအနေမှန်များအား တင်ပြရာ၌ ရခိုင် လူမျိုးအများစုမှ ချုပ်ကိုင် စိုးမိုး ထားသည့် ပြည်တွင်းမီဒီယာများနှင့် ပြည်ပအခြေစိုက် ကမ္ဘာ့လူထုရဲ့ လက်ခံယုံကြည်ထားရတဲ့ မီဒီယာကြီးများပင် သတင်းအားပြိုင်မူ့ များ ဖြစ်ပေါ်ခဲ့ရပါတယ်။
ယင်းနောက်ပိုင်းတွင်လည်း မြန်မာပြည်တွင်း နေရာအနှံ့အပြား၌ အဆိုပါ အမုန်းမီးများမှာ နေ့ချင်းညချင်းလိုလို ကူးစက်ပျံ့နှံ့သွားခဲ့ပြီး မွတ်စလင်မ် များအား ရက်စက်စွာ သတ်ဖြတ် အစဖျောက်မှုများအထိပင် ပေါ်ပေါက်ခဲ့ပြီး အဆိုပါ အကြမ်းဖက်မှုများအား ရခိုင် လူမျိုးများ ပါဝပင်ပတ်သက်နေသည်ဆိုသော စွတ်စွဲချက်များ ထွက်ပေါ်ခဲ့ပါတယ်။
ယင်းသို့သော စွတ်စွဲချက်များနှင့်ပတ်သက်၍ ရန်ကုန်မြို့နေထိုင်သူ
ကုမ္ပဏီဝန်ထမ်းတစ်ဦးက အလင်းမျက်ဝန်းသို့ ယခုလို ပြောပြပါတယ်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ကချင်ပြည်နယ်၊ ဖားကန့်မြို့အနီး ကျေးရွာတစ်ခုတွင် အလုပ်လုပ်ကိုင်နေသူ တစ်ဦးကို ဆက်သွယ်မေးမြန်းရာမှာတော့ သူက `ကြားမိတယ်။ အတိအကျတော့ မသိဘူး။ ရခိုင်တွေ ပုန်းနေတာတော့ မြင်မိတယ်။ သူတို့က အဆက်အသွယ်ကောင်းတယ်။ တစ်ခုခုဆို ဘုန်းကြီးတွေကို အသုံးချချင်တယ် အခုလဲ ဘုန်းကြီးကျောင်းတွေမှာ ၀င်ပုန်း နေတာတွေရှိတယ်။ ဘာရယ် မပြောဘူး။ ဘုန်းကြီးကျောင်းသွားမယ်ဆိုပြီး အထုပ်တွေ အပိုးတွေနဲ့ လစ်ကြတာပဲ။ တချို့က ဘုန်းကြီးဝတ်လိုက်တာလဲ ရှိတယ်လို့ ကြားတယ်။ ဒီမှာ ဘာပြဿနာမှ မရှိဘူး။ အခု ပြဿနာတွေဖြစ်တာက တစ်နှစ်လောက်ပဲ ရှိသေးမယ်။ ဒီမှာက ခရစ်ယာန်များတယ်။ အခုလို အကြမ်းဖက်တာတွေကို ကချင် ကလဲ လက်မခံဘူး။ သူတို့နယ်မြေမှာ ဖြစ်လာရင် ဘယ်သူ့မျက်နှာမှ မထောက်ဘူးလို့တော့ ကေအိုင်အေက ပြောထားပြီးသားပဲ။ ထင်တာကတော့ သူတို့ကို မောင်းထုတ်တာ ဒါတွေလဲ ပါမယ်ထင်တယ်´ လို့ ပြောပြသွားပါတယ်။
လေ့လာသူများရဲ့အဆိုအရ သိန်းနဲ့ချီတဲ့ ရခိုင် လူမျိုးတွေဟာ မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာ ရှိနေနိုင်ပြီး အိမ်နီးချင်းနိုင်ငံများဖြစ်တဲ့ ထိုင်း၊ မလေးရှား၊ စင်္ကာပူ၊ တရုတ်၊ ဘင်္ဂလားဒေရှ့်နဲ့ အိန္ဒိယနိုင်ငံ တွေမှာလည်း ရခိုင်လူမျိုးများစွာဟာ နည်းလမ်းအမျိုးမျိုးဖြင့် သွားရောက်၍ အလုပ်လုပ်ကိုင်နေကြရတယ်လို့ သိရပြီး ရခိုင် လူမျိုးများတွင် မြန်မာပြည်တွင်း မွေးဖွားသည့် ရခိုင်လူမျိုးများနှင့် ဘင်္ဂလားဒေရှ့်နိုင်ငံ မှ ပြောင်းရွှေ့အခြေချ နေထိုင်ရန်ရောက်ရှိလာသည့် ဘင်္ဂလီလူမျိုးများ ရောနှောနေတယ်လို့ သိရပါတယ်။
teol.media@gmail.com
အလင်းမျက်ဝန်းမီဒီယာသို့ ဆက်သ်ွရယန်
ကချင်ပြည်နယ် ဖားကန့်သို့ နည်းလမ်းအမျိုးမျိုးဖြင့် ၀င်ရောက်လာတဲ့ ရခိုင် အချို့ ကို ကချင်ပြည်နယ် ရှိ ဒေ
သ အာဏာပိုင် များက ဒေသတွင်း၌ နေထိုင်ခွင့် မပြုတော့ဘဲ နေရပ်မှ ထွက်သွားရန် စရိတ် (၂) သောင်းစီ
နှင့် ထမင်းထုတ်များပေး၍ ပြန်လည် နှင်ထုတ် လိုက်တယ်လို့ အမေရိကန်အသံ သတင်းအရ သိရပါတယ်။