Pages

Sunday, May 12, 2013

"ရခိုင်ပြည်နယ်မှာ လေဘေးကာကွယ်ရေး အစီအစဉ်တွေ စတင်"

"ရခိုင်ပြည်နယ်မှာ လေဘေးကာကွယ်ရေး အစီအစဉ်တွေ စတင်"

လာမယ့် မေလ ၁၆ ရက်နေ့မှာ ရခိုင်ပြည်နယ်၊ မောင်တောဒေသကို ဝင်ရောက်တိုက်ခတ်မယ်လို့ ခန့်မှန်းထား တဲ့ မဟာဆန် (Mahasen) အမည်ရ အင်အားပြင်း ဆိုင်ကလုန်း မုန်တိုင်း အန္တရာယ်ကြောင့် ဒီကနေ့က စတင်ပြီး မောင်တော မြို့မှာ ကယ်ဆယ်ရေး အစီအစဉ်တွေ စတင်ဆောင်ရွက်နေပါတယ်။ 

အလားတူ စစ်တွေမြို့အပါအ၀င် ပင်လယ်ကမ်းရိုးတန်းတလျှောက်မှာ ရှိတဲ့ မြို့တွေက ဒုက္ခသည်စခန်းတွေကို ဒီကနေ့မနက်ပိုင်းက ကုန်းတွင်းပိုင်းနေရာတွေကို စတင်ရွှေ့ပြောင်းပေးနေပြီလို့ ဒေသဆိုင်ရာအရာရှိတွေက အာအက်ဖ်အေကို ပြောပါတယ်။ 

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ကြိုတင်ပြင်ဆင်မှု အခြေအနေနဲ့ပတ်သက်ပြီး ပြည်နယ်အစိုးရ သတင်းထုတ် ပြန်ရေးနဲ့ မှတ်တမ်းပြုစုရေးဆပ်ကော်မတီအဖွဲ့ဝင် ဦးမျိုးသန်းက RFA ကို အခုလို ပြောပါတယ်။

"တကယ်လို့ မုန်တိုင်းဝင်လာရင် ဘယ်နားကိုရွေ့မယ်။ဘယ်လို လမ်းကြောင်းက သွားမယ်။အဓိကကတော့ စစ်တွေပေါ့လေ။စစ်တွေမှာ ဒုက္ခသည်စခန်း ၁၁ ခုရှိတာပေါ့လေ။၁၁ ခုထဲက ပင်လယ်နဲ့နီးတဲ့ ဒုက္ခသည်စခန်းတွေကို ကုန်းတွင်းပိုင်းကို ဒီကနေ့ စရွှေ့မှာပေါ့လေ"

ပြည်နယ်အစိုးရအနေနဲ့ ရခိုင်ပြည်နယ်ထဲက မြို့တွေအားလုံးမှာ မုန်တိုင်းသတိပေးချက်တွေကို အချိန်နဲ့ တပြေး ညီ အသံချဲ့စက်တွေနဲ့ လိုက်လံကြေညာပေးနေပြီး ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူတွေကိုလည်း မုန်တိုင်း သတိပေးချက်တွေကို အလေးထားလိုက်နာကြဖို့ သတိပေးနှိုးဆော်ထားကြောင်းသိရပါတယ်။ 

ဒီကနေ့မှာပဲ မောင်တောခရိုင်အုပ်ချုပ်ရေးက ကူညီကယ်ဆယ်ရေး၊ ဒဏ်ရာရသူတွေကို ပြုစုကုသရေး၊ ဆက်သွယ်ရေးစတဲ့ ကော်မတီငယ် (၁၁)ခုကို ဒီနေ့ ဖွဲ့စည်းလိုက်ပြီး မောင်တောမြို့အတွင်းက  လေးမိုင် ဘုန်းကြီးကျောင်း၊ နှစ်မိုင် ဘုန်းကြီးကျောင်းနဲ့ အထကကျောင်းတွေကို မုန်တိုင်းဒဏ် ခိုလှုံမယ့်နေရာတွေအဖြစ် ရွေးချယ်ထား ကြောင်း သိရပါတယ်။ 

ကျောက်ဖြူခရိုင်မှာလည်း  မုန်တိုင်းရန်ကာကွယ်ဖို့အတွက် မြို့နယ်နဲ့ ခရိုင်အုပ်ချုပ်ရေးအဖွဲ့တွေ အရေးပေါ် အစည်းအဝေးတစ်ရပ် မနေ့က ကျင်းပခဲ့ပြီး လိုအပ်တဲ့ကြိုတင်ပြင်ဆင်မှုအစီအစဉ်တွေကို ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

လာမယ့် မေလ ၁၆ ရက်နေ့မှာ ရခိုင်ပြည်နယ်၊ မောင်တောဒေသကို ဝင်ရောက်တိုက်ခတ်မယ်လို့ ခန့်မှန်း
ထား တဲ့ မဟာဆန် (Mahasen) အမည်ရ အင်အားပြင်း ဆိုင်ကလုန်း မုန်တိုင်း အန္တရာယ်ကြောင့် ဒီကနေ့က စတင်ပြီး မောင်တော မြို့မှာ ကယ်ဆယ်ရေး အစီအစဉ်တွေ စတင်ဆောင်ရွက်နေပါတယ်။

မန္တလေးမြို့မှာ ကျူးကျော်အိမ်ယာတွေအဖြစ် "နေအိမ်ဖျက်ခံရသူတွေ သမ္မတကို ကြိုဆိုခွင့်မရ"

"နေအိမ်ဖျက်ခံရသူတွေ သမ္မတကို  ကြိုဆိုခွင့်မရ"

မန္တလေးမြို့မှာ ကျူးကျော်အိမ်ယာတွေအဖြစ် ပြီးခဲ့တဲ့နှစ်က ဖျက်ဆီးခံခဲ့ရတဲ့ မြရည်နန္ဒာရပ်ကွက်က ဒေသခံ (၂၀) ကျော် ဟာ ဒီကနေ့ မန္တလေးကို ရောက်ရှိလာတဲ့ သမ္မတ ဦးသိန်းစိန်ကို ကြိုဆိုဖို့ အသွားအာဏာပိုင် တွေက လမ်းတ၀က်မှာ တားမြစ်ခဲ့ပါတယ်။ 

ကြိုဆိုရေးဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး သွားစဉ်မှာ တားမြစ်ခံရတာဖြစ်ကြောင်း ဒေသခံ မသင်းသင်း က RFAကို ပြောပါတယ်။

"သမ္မတကြီး ကျန်းမာပါစေ၊ချမ်းသာပါစေဆိုတဲ့ စာရွက်နဲ့ကြိုဆိုဖို့လာတာကို ရဲတွေက အတင်းနှင်လွှတ်တာပဲ၊ဖုန်းလာတော့ ဖုန်းလာတာကို လမ်းကြောင်းပိတ်တယ် ဖုန်းဆက်ခွင့်မရှိဘူးလို့ ရဲတွေက ပြောတယ်။ပြည်သူတွေက သမ္မတကြီးကိုကြိုဆိုခြင်တာ ကြိုဆိုခွင့်မရှိဘူးလားဆိုတော့ သူတို့က မရှိဘူးတဲ့။ကျွန်မတို့ကလဲ သမ္မတကြီးကို ကြိုခြင်လို့ လာတာပါ။တစ်ခြား ဘာရည်ရွယ်ချက်မှ မရှိပါဘူး"

ကြိုဆိုဖို့ သွားရောက်သူတွေကို တံခွန်တိုင်အဝိုင်းနားအရောက်မှာ ပြည်ကြီးတံခွန်မြို့နယ် အုပ်ချုပ် ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနဲ့ ရဲတပ်ဖွဲ့ဝင်(၂၀)လောက်က လာရောက်တားမြစ်ခဲ့ပြီး၊  ကိုင်ဆောင် ထားတဲ့ ပိုစတာတွေ၊ ဗီနိုင်းတွေကိုလည်း သိမ်းဆည်းသွားခဲ့ပါတယ်။ 

ဒါ့အပြင် ကြိုဆိုသူတွေကို ILOနဲ့ ဆက်သွယ်ဆောင်ရွက်သူများကွန်ရက် (အထက်မြန်မာပြည်) ရုံးခန်းအတွင်း ထိန်းသိမ်းထားခဲ့ရာမှာ သမ္မတ မန္တလေးက ပြန်သွားတဲ့အချိန်ထိ ဖြစ်တယ်လို့ မသင်းသင်း က ပြောပါတယ်။

နိုင်ငံတော် သမ္မတဦးသိန်းစိန်ဟာ မန္တလေးမြို့၊ အမျိုးသားကဇာတ်ရုံမှာ သမ၀ါယမအသင်းအဖွဲ့တွေကို မိန့်ခွန်း ပြောကြားခဲ့ပြီး အမရပူရမြို့မှာရှိတဲ့ ဆောင်းဒါးယက္ကန်းကျောင်းနဲ့ ပြည်ကြီးတံခွန် နို့ချက်စက်ရုံတွေကို သွား ရောက် ကြည့်ရှုခဲ့ပါတယ်။ 

နေအိမ်ဖျက်ဆီးခံရသူတွေကို သမ္မတခရီးစဉ်အပေါ် ကြိုဆိုခွင့်မပြုတာဟာ မလိုလားအပ်တဲ့ ကိစ္စရပ်တွေ ပေါ်ပေါက်မလာအောင် တားဆီးတဲ့အနေနဲ့ ဆောင်ရွက်ရတာဖြစ်တယ်လို့  မြို့နယ်တာဝန်ရှိ သူတွေက ပြောဆိုကြောင်း သိရပါတယ်။

မန္တလေးမြို့မှာ ကျူးကျော်အိမ်ယာတွေအဖြစ် ပြီးခဲ့တဲ့နှစ်က ဖျက်ဆီးခံခဲ့ရတဲ့ မြရည်နန္ဒာရပ်ကွက်က ဒေသခံ (၂၀) ကျော် ဟာ ဒီကနေ့ မန္တလေးကို ရောက်ရှိလာတဲ့ သမ္မတ ဦးသိန်းစိန်ကို ကြိုဆိုဖို့ အသွားအာဏာပိုင်
တွေက လမ်းတ၀က်မှာ တားမြစ်ခဲ့ပါတယ်။

ရဲအရာရှိ၏ ဆိုင်ကယ်ကို ရဲတပ်သားက ခိုးရောင်း

ရန်ကုန်တိုင်းဒေသကြီး သန်လျင် မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးတွင် ရပ်ထားသည့် ရဲအရာရှိတစ်ဦးပိုင် ဆိုင်ကယ်
တစ်စီးကိုသန်လျင်ရဲစခန်းမှရဲတပ်သားတစ်ဦးက ခိုးယူ၍ သာကေတမြို့နယ်၌ ပြန်လည် ရောင်းချခဲ့ရာ လက်
ရ ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ စုံစမ်း သိရှိရသည်။

ဆိုင်ကလုန်းမုန်တိုင်း မဟာစင်( Mahasen) ရခိုင်ပြည်နယ် အနီးသို့ရောက်ရှိတော့မည်ဖြစ်ပါသဖြင့် မြန်မာ့ပင်လယ်ပြင် ငါးလုပ်ငန်း ရေပြင်အတွင်း ငါးဖမ်းလုပ်ငန်း လုပ်ကိုင် ဆောင်ရွက်နေသော ကမ်းနီး ငါးဖမ်းလှေများ၊ ပြည်တွင်းပြည်ပ ကမ်းဝေး ငါးဖမ်းရေယာဉ်များ မုန်တိုင်းလွတ်ရာသို့ရှောင်ရှားသင့်သည့်နေရာများ

မဟာစင် (MAHASEN) ဆိုင်ကလုန်းမုန်တိုင်းအား မြန်မာ့ပင်လယ်ပြင် ငါးလုပ်ငန်း ရေပြင်အတွင်း ငါးဖမ်းလုပ်ငန်း လုပ်ကိုင် ဆောင်ရွက်နေသော ကမ်းနီး ငါးဖမ်းလှေများ၊ ပြည်တွင်းပြည်ပ ကမ်းဝေး ငါးဖမ်းရေယာဉ်များ 
ခိုလုံကြရန်နေရာများ
Sunday, May 12, 2013

မဟာစင် (MAHASEN) ဆိုင်ကလုန်းမုန်တိုင်းသည် ပိုမိုအားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့ ရောက်ရှိ နိုင်ပါကြောင်း၊ ဆိုင်ကလုန်း မုန်တိုင်းသည် လက်ရှိ အ၀ါရောင်အဆင့် သာ ရှိနိုင်သော်လည်း၊ မေလ (၁၃)ရက်နေ့ မွန်းလွဲပိုင်းမှ စတင်ပြီး၊ အရှေ့ မြောက်ဘက် သို့ ကွေ့ လျက် မေလ(၁၆) ရက်နေ့  နံနက်ပိုင်းခန့် တွင် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်း မြောက်ဘက် ကမ်းခြေနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေဒေသများ ဆီသို့ ဖြတ်ကျော် ၀င်ရောက် နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထား ပါသည်။

သို့ ဖြစ်ပါ၍ မြန်မာ့ပင်လယ်ပြင် ငါးလုပ်ငန်း ရေပြင်အတွင်း ငါးဖမ်းလုပ်ငန်း လုပ်ကိုင် ဆောင်ရွက်နေသော ကမ်းနီး ငါးဖမ်းလှေများ၊ ပြည်တွင်းပြည်ပ ကမ်းဝေး ငါးဖမ်းရေယာဉ်များ အနေဖြင့် အဆိုပါ မုန်တိုင်း အန္တရာယ်မှ ရှောင်ရှား ကာကွယ်နိုင်ရန် အတွက် -

ရခိုင်ပြည်နယ် ပေါက်တောမြို့ နယ်၊ ဖရုံကာကျွန်း
(မြောက်လတ္တီတွဒ် ၂၀ ဒီဂရီ ၀၀မိနစ် နှင့် အရှေ့ လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၀၀ မိနစ်) ၊

ရခိုင်ပြည်နယ် သံတွဲမြို့ ၊ သဗြူချိုင်
(မြောက်လတ္တီတွဒ် ၁၈ ဒီဂရီ ၂၀ မိနစ် နှင့် အရှေ့ လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၂၀ မိနစ်)၊

ဧရာဝတီ တိုင်းဒေသကြီး ငပုတောမြို့ နယ်၊ ဟိုင်းကြီးကျွန်း
(မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၅၈ မိနစ် နှင့် အရှေ့ လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၂၀ မိနစ်)၊

ဧရာဝတီ တိုင်းဒေသကြီး ပြင်ခရိုင် ချောင်းဝကျေးရွာ
(မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ၀၀ မိနစ် နှင့် အရှေ့ လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၂၄.၄၀ မိနစ်)၊

ဧရာဝတီ တိုင်းဒေသကြီး ကဒုံကနိကျေးရွာ
(မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၄၈ မိနစ် နှင့် အရှေ့ လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၁၆ မိနစ်)၊

တည်နေရာများတွင် အချိန်မီ ခိုလုံကြပါရန် အသိပေး ကြေငြာအပ်ပါသည်။

ရခိုင်ပြည်နယ်နှင့် ဧရာဝတီ တိုင်းဒေသကြီးရှိ ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်များသည် ငါးဖမ်းဆီး ထွက်ခွာခြင်း မပြုကြရန်နှင့် နီးစပ်ရာ လုံခြုံသည့် ကျွန်းများတွင် ကျွန်းခို ကြရန် မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာနမှ အသိပေး ကြေငြာထားပါသည်။

mmweather
မဟာစင် (MAHASEN) ဆိုင်ကလုန်းမုန်တိုင်းသည် ပိုမိုအားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အဖြစ် သို့ ရောက်ရှိ နိုင်ပါကြောင်း၊ ဆိုင်ကလုန်းမုန်တိုင်းသည် လက်ရှိ အ၀ါရောင်အဆင့် သာ ရှိနိုင်သော် လည်း၊ မေလ (၁၃)ရက်နေ့ မွန်းလွဲပိုင်းမှ စတင်ပြီး၊ အရှေ့ မြောက်ဘက် သို့ ကွေ့ လျက် မေလ(၁၆) ရက်နေ့  နံနက်ပိုင်းခန့် တွင် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်း မြောက်ဘက် ကမ်းခြေနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေဒေသများ ဆီသို့ ဖြတ်ကျော် ၀င်ရောက် နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထား ပါသည်။

အညာက အဘဆီသို့ (ပေးစာ)

သို့ ... အညာက အဘ

သားကြီး အရေးတကြီး စာရေးလိုက်သည်။

ရွာဦးကျောင်း ဆရာတော်၊ သူကြီး ဘစီ၊ ကပ်ပိယ ချက်ကြီး၊ ကာလသား ခေါင်းဆောင် ကိုသာပေါ်၊ ဆရာလေး ကိုလူအေး၊ အိမ်က နွားနီ နွာညို တို့နှင့်တကွ တရွာလုံး ... အဲ ... အောက်နက် ပါမကျန် ကျမ္မာချမ်းသာကြပါစေလို့ သားကြီး ရှင်တော်ဘုရားထံ ဆုမွန်ကောင်း တောင်းလိုက်ပါတယ် အဘ။

မုန်တိုင်းတိုက်ရိုက်ဝင်ရောက်နိုင်ဖွယ်မရှိပေမယ့် မုန်တိုင်းလေပြင်း တိုက်ခတ်ခံရနိုင်ဖွယ်ရှိတဲ့ ဧရိယာထဲမှာ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွေ ပါရှိနေ

မုန်တိုင်းတိုက်ရိုက်ဝင်ရောက်နိုင်ဖွယ်မရှိပေမယ့် မုန်တိုင်းလေပြင်း တိုက်ခတ်ခံရနိုင်ဖွယ်ရှိတဲ့ ဧရိယာထဲမှာ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွေ ပါရှိနေ - JTWC

JTWC (ဟာဝိုင်အီအခြေစိုက် အမေရိကန်ရေတပ်နဲ့ လေတပ် ပူးတွဲ မုန်တိုင်း သတိပေး စင်တာ)ရဲ့ ဒီကနေ့မနက် ထုတ်ပြန်သတိပေးချက်အရ  လာမယ့် ၁၂ နာရီ နောက်ပိုင်းမှာ အရှေ့မြောက်ဘက်ကို ချိုးကွေ့တဲ့အခါ ရွေ့လျားမှုနှုန်း အနည်းငယ် နှေးကွေးသွားပြီး ပိုမိုအားကောင်းတဲ့ ဆိုင်ကလုန်း မုန်တိုင်းအဆင့်ကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။ 

အဲဒိ့နောက် လာမယ့် ၉၆ နာရီနောက်ပိုင်းကျရင် ဆိုင်ကလုန်းမုန်တိုင်း MAHASEN ဟာ အင်အားကောင်း ဆိုင်ကလုန်းမုန်တိုင်း အဆင့်နဲ့  ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့မြောက်ဘက်ကနေ ကုန်းတွင်းကို  ဖြတ်ကျော်ဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။ 

အခုလက်ရှိအချိန်အထိ တိုင်းထွာခန့်မှန်းချက်တွေအရ မုန်တိုင်းဟာ  မြန်မာနိုင်ငံကို တိုက်ရိုက်ဝင်ရောက်တိုက်ခတ်နိုင်ဖွယ် အခြေအနေ မရှိပေမယ့် JTWC သတိပေးချက်ထဲမှာတော့ မုန်တိုင်း လေပြင်းတိုက်ခတ်ခံရနိုင်ဖွယ် ရှိနေတဲ့ ဧရိယာအတွင်း မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွေ (ပုံပါစက်ဝန်းအတိုင်း) ပါဝင်နေဆဲဖြစ်ကြောင်း တွေ့မြင်ရပါတယ်။

Ref: JTWC+mmweather page

JTWC (ဟာဝိုင်အီအခြေစိုက် အမေရိကန်ရေတပ်နဲ့ လေတပ် ပူးတွဲ မုန်တိုင်း သတိပေး စင်တာ)ရဲ့ ဒီကနေ့မ
နက် ထုတ်ပြန်သတိပေးချက်အရ လာမယ့် ၁၂ နာရီ နောက်ပိုင်းမှာ အရှေ့မြောက်ဘက်ကို ချိုးကွေ့တဲ့အခါ
ရွေ့လျားမှုနှုန်း အနည်းငယ် နှေးကွေးသွားပြီး ပိုမိုအားကောင်းတဲ့ ဆိုင်ကလုန်း မုန်တိုင်းအဆင့်ကို ရောက်ရှိ
လာမှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံထဲခိုးဝင်ဖို့ ကြိုးစားတဲ့မြန်မာတွေကိုဖမ်းဆီး

ထိုင်းနိုင်ငံထဲခိုးဝင်ဖို့ ကြိုးစားတဲ့မြန်မာတွေကိုဖမ်းဆီး
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မဲဆောက် မြ၀တီ ထိုင်းမြန်မာ နယ်စပ်လမ်းကြောင်းကနေ ထိုင်းနိုင်ငံထဲခိုးဝင်ဖို့ ကြိုးစားနေတဲ့ မြန်မာနိုင်ငံသား (၈၀)ကျော်ကို မေလ ၁၁ ရက်စနေ နေ့  မဲဆောက်မြို့ ပြင် တောစပ်မှာ ထိုင်းတာဝန်ရှိသူတွေက ဖမ်းဆီးလိုက်ပါတယ်။

ထိုင်းမြန်မာနယ်စပ်မှာ ယာယီ မြန်မာနိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးနေတဲ့တချိန်ထဲမှာ နယ်စပ်ကနေ ထိုင်းနိုင်ငံ အတွင်းပိုင်းကိုခိုးဝင်နေတာတွေ ရှိသေးတယ်ဆိုတဲ့ သတင်းအရ မဲဆောက်မြို့ မြောက်ဖက်  မယ့်ကဆယ်ရွာပြင်တောစပ်မှာ ကင်းပုန်းချ စောင့်ကြည့်နေရာကနေ  ယောက်ျား (၇၅) ယောက်နဲ့ မိန်းကလေး (၆)ယောက် စုစုပေါင်း (၈၁)ယောက် ကိုကားမောင်းသမားနှင့်အတူ ဖမ်းဆီးနိုင်ခဲ့တယ်လို့  မဲဆောက်မြို့ ပိုင်ရုံး ပြည်သူ့ စစ်ဆေးရေး အရာရှိ နိုင်နလိမွန်ဖူဂန် ကပြောပါတယ်။

ဒီလူတွေက ယာယီနိုင်ငံကူးလက်မှတ်နဲ့ မသွားဘဲ ဘာဖြစ်လို့  ငွေအကုန်ခံပြီးတော့ ခိုးကြောင်ခိုးဝှက်သွားနေရလည်းဆိုတာကို ဘီဘီစီက စုံစမ်းမေးမြန်းကြည့်တော့ အဖမ်းခံရတဲ့သူတွေ အထဲမှာ အခုလိုခိုးသွား၇တဲ့အ ခြေ အနေ သုံးရပ်ကို တွေ့ ရပါတယ်

အဲ့ဒီသုံးမျိုးထဲက တစ်မျိုးက ပတ်စ်ပို့ မပါဘဲသွားတာဖြစ်ပါတယ်

ပါတ်စ်ပို့ လုပ်ရင် လေးငါးခြောက်လကြာမှာဖြစ်လို့ အခု လို အလွတ်အနေနဲ့ သွားတာပါ 
အလွတ်သွားတော့ ပွဲစားခ ဘတ်တစ်သောင်းတစ်ထောင်ပေးရတယ်
ပါ့တ်စ်ပို့ လုပ်ရင် ဘတ်သုံးသောင်းရှစ်ထောင်ပေးရတယ် လို့ သိရပါတယ်။

နောက်တစ်မျိုးကတော့ ငွေမတတ်နိုင်လို့ ပွဲစားစရိတ်နဲ့ သွားရတာပါလို့  ဆိုပါတယ်။ပါ့တ်စ်ပို လုပ်တော့ ပိုက်ဆံလက်ငင်းပေးရတဲ့အတွက်  ငွေမရှိတဲ့အတွက် သူများကအကြွေးခေါ်သွားပေးတာဖြစ်ပါတယ် ဟိုရောက်ရင် သူဌေးကရှင်းပေးပြီး  နောက်မှ အလုပ်ခထဲက ပြန်ဖြတ်တဲ့ နည်းလို့ ရှင်းပြပါတယ် ။

တတိယတစ်မျိုးကတော့ အခုနှစ်လအတွင်းမှာ အစ္စလာမ်ဘာသာဝင်တွေကိုသက်ဆိုင်ရာက ယာယီနိုင်ငံကူးလက်မှတ်လုံးဝလုပ်မပေးတဲ့အတွက် ခိုးပြီးသွား၇တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံမှာတ ရားမ၀င်အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတွေကို တရားဝင်ဖြစ်အောင်ယာယီနိုင်ငံကူးလက်မှတ်တွေကို ထုတ်ပေးနေတယ်လို့ နှစ်ဖက်အစိုးရကပြောနေပေမဲ့ လက်ရှိမှာ အတော်များများက ယာယီနိုင်ငံကူးလက်မှတ်တွေ ရထားပြီးဖြစ်သလို နောက်ထပ် အတော်များများကလည်းအခုလို တရားမ၀င်အလုပ်သများအဖြစ်ကျန်ရှိနေသေးတယ်လို့ သိရပါတယ်.

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
Reference BBC

မဲဆောက် မြ၀တီ ထိုင်းမြန်မာ နယ်စပ်လမ်းကြောင်းကနေ ထိုင်းနိုင်ငံထဲခိုးဝင်ဖို့ ကြိုးစားနေတဲ့ မြန်မာနိုင်ငံ
သား (၈၀)ကျော်ကို မေလ ၁၁ ရက်စနေ နေ့  မဲဆောက်မြို့ ပြင် တောစပ်မှာ ထိုင်းတာဝန်ရှိသူတွေကဖမ်းဆီး
လိုက်ပါတယ်။

အမေရိကန်လေယာဉ်တင် သင်္ဘော တောင်ကိုရီးယား ရောက်

အမေရိကန်လေယာဉ်တင် သင်္ဘော တောင်ကိုရီးယား ရောက်
Sunday, May 12, 2013

တောင်ကိုရီးယားရေတပ်နဲ့ ၃ ရက်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်ဖို့အတွက် အမေရိကန်နျူကလီယားစွမ်းအင်သုံး USS Nimitz လေယာဉ်တင် စစ်သင်္ဘောကြီးဟာ ကိုရီးယားကျွန်းဆွယ် အရှေ့တောင်ပိုင်းက ဘူစန်ဆိပ်ကမ်းကို ဒီနေ့ ဆိုက်ရောက်လာပါတယ်။ ဒါကြောင့် မြောက်ကိုရီးယား အနေနဲ့ ဒီပူးတွဲစစ်ရေးလေ့ကျင့်မှုကို အပြင်းအထန် တုန့်ပြန် နိုင်တယ်လို့ ယူဆရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာလည်း အမေရိကန်ရေတပ်ရဲ့ အဝေးထိန်းလမ်းညွှန်ပါ Missile ဒုံးခွင်းလက်နက်နဲ့ Missile ဒုံးလက်နက်တွေ တင်ဆောင်လာတဲ့ လေယာဉ်တင်သင်္ဘောတွေလည်း 7th. Fleet အမှတ် (၇) ရေတပ်အုပ်စု နယ်မြေကို ဆိုက်ရောက် ခဲ့ကြတယ်လို့ အမေရိကန်ရေတပ်ကပြောပါတယ်။

Indo-Asia-Pacific ဒေသတကြော ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို တိုးမြှင့်ဖို့ အတွက် ရေကြောင်းမဟာမိတ်တွေနဲ့ အတူ စစ်ရေးလေ့ကျင့်ကြမှာဖြစ်တယ်လို့ အမေရိကန်ရေတပ်က သတင်းထုတ်ပြန်ထားပါတယ်။

မြောက်ကိုရီးယားကတော့ ဒီနှစ်စဉ် ပူးတွဲ စစ်ရေးလေ့ကျင့်မှု ဟာ မြောက်ကိုရီးယားရဲ့ ပိုင်နက်နယ်မြေ အချုပ်အခြာ အာဏာကို ထိပါးဖို့နဲ့ ကျူးကျော်ဝင်ရောက်ဖို့ဖြစ်ပြီး ပုံမှန်အကြီးအကျယ်ခြိမ်းချောက်နေတဲ့ တုန့်ပြန်မှုဖြစ်တယ်လို့ စွပ်စွဲနေပါတယ်။

VOA Burmese

Sunday, May 12, 2013

တောင်ကိုရီးယားရေတပ်နဲ့ ၃ ရက်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်ဖို့အတွက်အမေရိကန်နျူကလီယားစွမ်းအင်သုံး
USS Nimitz လေယာဉ်တင် စစ်သင်္ဘောကြီးဟာ ကိုရီးယားကျွန်းဆွယ် အရှေ့တောင်ပိုင်းက ဘူစန်ဆိပ်ကမ်း
ကို ဒီနေ့ ဆိုက်ရောက်လာပါတယ်။ ဒါကြောင့် မြောက်ကိုရီးယား အနေနဲ့ ဒီပူးတွဲစစ်ရေးလေ့ကျင့်မှုကို အပြင်း
အထန် တုန့်ပြန် နိုင်တယ်လို့ ယူဆရပါတယ်။

ဆန္ဒထုတ်ဖော်ခြင်း အပါအ၀င် အခြားအကြောင်း အရာများကြောင့် အလုပ်သမားများ အလုပ်ထုတ်ပယ်ခံရမှုများ ဆက်တိုက်ဖြစ်ပွား

ဆန္ဒထုတ်ဖော်ခြင်း အပါအ၀င် အခြားအကြောင်း အရာများကြောင့် အလုပ်သမားများ အလုပ်ထုတ်ပယ်ခံရမှုများ ဆက်တိုက်ဖြစ်ပွား 

မေလ ၁၂ ရက် ၂၀၁၃ 

စက်ရုံ အလုပ်ရုံများမှ အလုပ်သမားများကို အလုပ်ရှင်များက လုပ်ငန်းခွင်မှ အလုပ်ထုတ်ပယ်မှုများ ၂၀၁၃ ခုနှစ်အတွင်း ဆက်တိုက်ဖြစ်ပွားလျက် ရှိကြောင်း အလုပ်သမား ကိုယ်စားလှယ်များနှင့် အလုပ်သမားအရေး ဆောင်ရွက်သူများက ပြောသည်။

လက်ရှိတွင် စည်တော်ကြီးစက်ရုံ၊ ဖိနပ်စက်ရုံ၊ ထိပ်တန်းမြန်မာစက်ရုံ၊ ဟုတ်စိန်စက်ရုံ၊ ဘဘိုဆန်းစက်ရုံ၊ စံကောင်း ပီနံအိတ်စက်ရုံ၊ ချိုချိုဖြူ အထည်ချုပ်စက်ရုံ၊ ခွန်ခိုင်စက်ရုံ၊ အရုဏ်ဦးစက်ရုံတို့မှ အလုပ်သမား ကိုယ်စားလှယ်များ၊ အဖွဲ့အစည်းများတွင် ဖွဲ့စည်းခြင်း၊ ပါဝင်ပတ်သက်ခြင်း၊ လုပ်ငန်းခွင် အဆင်မပြေမှုများအပေါ် ဆန္ဒထုတ်ဖော်ခြင်း စုပေါင်းတောင်းဆိုမှုများ ပြုလုပ်ခြင်းတို့ကြောင့် အလုပ်မှ ထုတ်ပယ်မှုများ ရှိခဲ့ခြင်း ဖြစ်သည်။

"မနေ့က Esquare ဖိနပ်စက်ရုံမှာ အလုပ်သမား ကိုယ်စားလှယ်တစ်ဦး အပါအ၀င် အလုပ်သမား ငါးဦးကို အလုပ်ထုတ် ပါတယ်။ အကြောင်းရင်းက အလုပ်သမား ၀န်ကြီးဌာနကနေ လွှတ်တော်မှာ တင်ပြဖို့ဆိုပြီး အလုပ်သမားတွေကို မေးခွန်း တွေ ဖြေခိုင်းတယ်။ ဖြေပြီးသွားလို့ အလုပ်သမား ကိုယ်စားလှယ်က သွားပေးတာကို အလုပ်ရှင်က ခွင့်မပြုလို့ မြို့နယ် အလုပ်သမားရုံးကနေ ဖုန်းဆက်ပြီး ပြောပေးတယ်။ ဒါကို ဖြေကြားပေးတဲ့ အလုပ်သမား ကိုယ်စားလှယ် အပါအ၀င် အဖွဲ့ဝင် တွေကို အလုပ်ထုတ်တယ်" ဟု အလုပ်သမားအရေး ဆောင်ရွက်နေသူ ရှေ့နေဦးဌေးက ပြောသည်။

လှိုင်သာယာမြို့နယ်ရှိ စံကောင်း ပီနံအိတ်စက်ရုံတွင် ဧပြီ ၂၇ ရက်က အလုပ်သမား ကိုယ်စားလှယ် လေးဦးအပါအ၀င် အလုပ်သမား ၄၉ ဦးကို စက်ရုံနှင့် စက်ရုံရှေ့ ၀န်းကျင်တွင် တည်ဆဲဥပဒေနှင့် ဆန့်ကျင်သည့် စုဝေးမှုများ ပြုလုပ်ခြင်း၊ စက်ရုံအတွင်း ဆူပူမှု ဖြစ်စေရန်နှင့် စက်ရုံလုပ်ငန်းများကို ပျက်ပြားစေရန်ဟူသော အကြောင်းပြချက်ဖြင့် လုပ်ငန်းခွင်မှ ထုတ်ပယ်ခဲ့သည်။

၂၀၁၃ ခုနှစ်အတွင်း၌ အောင်ငွေဦး (ပလတ်စတစ်စက်ရုံ)၊ ဆုလာဘ်ထက်သာ အထည်ချုပ်စက်ရုံ၊ Globle Electric လျှပ်စစ်ပစ္စည်းစက်ရုံ၊ Esquare ဖိနပ်ချုပ်စက်ရုံ၊ New-way အထည်ချုပ်စက်ရုံ၊ Gallant Ocean အအေးခန်းစက်ရုံ၊ Snergy အထည်ချုပ်စက်ရုံ၊ Costec အထည်ချုပ်စက်ရုံ၊ မြန်မာစိုးစံဝင်း ဖိနပ်စက်ရုံ၊ Bright Jaune အထည်ချုပ် စက်ရုံတို့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

Eleven

မေလ ၁၂ ရက် ၂၀၁၃
စက်ရုံ အလုပ်ရုံများမှ အလုပ်သမားများကို အလုပ်ရှင်များက လုပ်ငန်းခွင်မှ အလုပ်ထုတ်ပယ်မှုများ ၂၀၁၃ ခုနှစ်အတွင်း ဆက်တိုက်ဖြစ်ပွားလျက် ရှိကြောင်း အလုပ်သမား ကိုယ်စားလှယ်များနှင့် အလုပ်သမားအရေး
 ဆောင်ရွက်သူများက ပြောသည်။

ဖာဂူဆန် အနားယူသွားခြင်းအပေါ် ယာယာတိုရေး သုံးသပ်

ဖာဂူဆန် အနားယူသွားခြင်းအပေါ် ယာယာတိုရေး သုံးသပ်

မန်ချက်စတာစီးတီး ကွင်းလယ် ကစားသမား ယာယာတိုရေးက မြို့ခံပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက် အသင်းတွင် သက်တော်ရှည် မန်နေဂျာကြီး ဆာအဲလက်စ် ဖာဂူဆန် အနားယူသွားခြင်းကြောင့် အင်္ဂလန်
 ဘောလုံးလောကတွင် ဩဇာသက်ရောက်မှု အပြောင်းအလဲများ ဖြစ်လာနိုင်ကြောင်း သုံးသပ်ပြောဆိုခဲ့
သည်။

မိုယက်စ်အား မန်နေဂျာသစ်အဖြစ် ခန့်အပ်ကြောင်း မန်ယူ အတည်ပြု

ferguson-moyes

မန်ချက်စတာယူနိုက်တက်သည်အသင်းမန်နေဂျာသစ်အဖြစ် ဒေးဗစ်မိုယက်စ်အားခန့်အပ်ကြောင်း အတည်
ပြု ပြောကြားလိုက်သည်။ မိုယက်စ်သည် မန်ယူအသင်းအား ၂၇ နှစ်ကြာ ကိုင်တွယ်ခဲ့ပြီး အောင်မြင်မှု အများ
အပြား ရယူပေးနိုင်ခဲ့သည့် ဆာအဲလက်စ် ဖာဂူဆန်၏ နေရာကို ဆက်ခံမည်ဖြစ်သည်။

“ရုရှားထောင်မှ အကျဉ်းသားတစ်ဦး ဇွန်းတစ်ချောင်းအသုံးပြုကာ လွတ်မြောက်သွား”

“ရုရှားထောင်မှ အကျဉ်းသားတစ်ဦး ဇွန်းတစ်ချောင်းအသုံးပြုကာ လွတ်မြောက်သွား”
Sunday, May 12, 2013 

ရုရှားနိုင်ငံ၏လုံခြုံရေးအတင်းကျပ်ဆုံး ထောင်တစ်ခုတွင် ဇွန်းလေးတစ်ချောင်း
ကို အသုံးပြုကာ အကျဉ်းသားတစ်ယောက် ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း
သိရှိရသည်။ 

အသက်(၃၃)နှစ်ရှိ အိုလက်ဂ်တိုပါလော့ဗ်သည် ၎င်း၏ အချုပ်ခန်း မျက်နှာကျက်ကို ဇွန်းငယ်လေး တစ်ချောင်းတည်း၏ အကူအညီဖြင့် တူးထုတ်ကာ ဖောက်ထွက်နိုင်ခဲ့ကြောင်း Sky News က ဖော်ပြခဲ့သည်။

မက်ထရိုဆက်ကာယာ တီရှီနာ အကျဉ်းထောင်ကြီးသည် ရုရှားတွင် လုံခြုံရေး အတင်းကျပ်ဆုံး ထောင်ကြီးတစ်ခုအဖြစ် သတ်မှတ် ခံထားရသည်။ ယခုအခါ တိုပါလော့ဗ်သည် ထောင်ကြီးအတွင်း နှစ်ပေါင်း(၂၀) ကာလ၌ (၄)ဦးမြောက် ထွက်ပြေး လွတ်မြောက်သွားသူအဖြစ် မှတ်တမ်းဝင်သွား
သည်။ ရုရှား စုံထောက်များက ယခုဖြစ်စဉ်တွင် အကျဉ်းထောင် ဝန်ထမ်း
များ၏ ပေါ့လျော့မှုကို အဓိက အပြစ်တင်ထားသည်။ 

Planet Myanmar Network

Sunday, May 12, 2013

ရုရှားနိုင်ငံ၏လုံခြုံရေးအတင်းကျပ်ဆုံး ထောင်တစ်ခုတွင် ဇွန်းလေးတစ်ချောင်းကို အသုံးပြုကာ အကျဉ်း
သားတစ်ယောက် ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်းသိရှိရသည်။

ငြိမ်းချမ်းလူ့အဖွဲ့အစည်းဖြစ်ပေါ်ရေး သြဝါဒပေး ဆွေးနွေးပွဲကို မန္တလေးမြို့နှင့် မြစ်ငယ်မြို့တွင် ပြုလုပ်

မြစ်ငယ်ဗလီ၊မြစ်ငယ်မြို့.၊၁၀-၅-၂၀၁၃


Photo Credit မေတ္တာ campaign
https://www.facebook.com/pages/%E1%80%B1%E1%80%99%E1%80%90%E1%81%B1%E1%80%AC-campaign/272019712847273

ငြိမ်းချမ်းလူ့အဖွဲ့အစည်းဖြစ်ပေါ်ရေးအတွက်သြ၀ါဒပေး ဆွေးနွေးပွဲကို မေလ ၁၀ ရက်နေ့က မွန်းလွဲ ၂း၃၀ နာရီ က မြစ်ငယ်မြို့ မြို့မဗလီမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲမှာ မြစ်ငယ်မြို့အတွင်းရှိဗုဒ္ဓဘာ
သာ၊ ဟိန္ဒူ၊ အစ္စလာမ်၊ ခရစ်ယာန် စတဲ့ ဘာသာပေါင်းစုံ မြို့ခံလူထု (၁၀၀)ကျော်တက်ရောက်ခဲ့ပြီး ပဋိပက္ခ
မဖြစ်ပွားအောင် ဘာသာရေး၊ လူမျိုးရေးကို ဦးမတည်ဘဲ ညှိနှိုင်းဆွေးနွေးကာကြိုတင်ကာကွယ်တားဆီးနိုင်ဖို့အတွက်စုပေါင်းလုပ်ဆောင်နိုင်ရေး ဆွေးနွေးခဲ့ပါတယ်။

ရွှေတော ရေကြီး မြေပြိုမှု သေဆုံးသူ ၃၆ ဦး အတည်ပြု၊ တရုတ်နိုင်ငံသားများလည်း ပါဝင်

ရွှေတော ရေကြီး မြေပြိုမှု သေဆုံးသူ ၃၆ ဦး အတည်ပြု၊ တရုတ်နိုင်ငံသားများလည်း ပါဝင်

မေလ ၁၂ ရက် ၂၀၁၃

ကလောမြို့နယ် ရွှေမင်းဖုန်းကျေးရွာအုပ်စု အာရှကမ္ဘာမြေ စက်မှုနှင့် သတ္ထုတူးဖော်ရေး ( Geo Asia ) ကုမ္ပဏီပိုင် ရွှေတော ဒေသတွင် ပြီးခဲ့သည့် မေ၂ ရက် ညတွင် ဖြစ်ပွားခဲ့သော ရေကြီး မြေပြိုရာတွင် သေဆုံး ပျောက်ဆုံးသူများ စာရင်း အတိ အကျ ရရှိနိုင်ရန် ခက်ခဲနေသေးပြီး တရုတ်နိုင်ငံသားများလည်း ပါဝင်နေကြောင်း စုံစမ်းသိရှိရသည်။

ယနေ့အထိ သေဆုံးသူ ၃၆ ဦး၊ ပျောက်ဆုံးသူ ၈ ဦးရှိသည်ဟု ကုမ္ပဏီထံမှ ကန်ထရိုက်ပြန်ယူပြီး ရွှေတူးလုပ်ငန်း ဆောင်ရွက်နေသူ ဗိုလ်မှူးဇော်ဝင်းက ဧရာဝတီသို့ ပြောသည်။ကုမ္ပဏီမှ ဌားရမ်းထားသည့် တရုတ်နိုင်ငံသားတဦး၏ အလောင်းကို ရှာဖွေ တွေ့ပြီး တရုတ်နိုင်ငံသား ၂ ဦး ပျောက်ဆုံးနေသောကြောင့် အပူတပြင်း ရှာဖွေနေကြောင်း ဧရာဝတီ က သိရှိခဲ့သည်။ သေဆုံးသူများထဲ ရွှေတူးဖော်ရေးလုပ်ငန်း တာဝန်ယူနေသော ဗိုလ်မှူးသူရပြုံးချိုလည်း ပါဝင်သည်။ သေဆုံးသူ ၃၆ ဦးတွင် မြေပြိုပြီး မိုင်းတွင်းပိတ်ကာ သေဆုံးသွားသော အလုပ်သမား ၁၆ ဦးမှာ ပြန်လည် တူးဖော်ရန် မလွယ်ကူတော့ကြောင်း သိရသည်။ ပြန်လည်ရှာဖွေတွေ့ရှိသော ရုပ်အလောင်းများမှာ ရေစီးဖြင့် မျောပါခဲ့သူများဖြစ်သည်။	

မေ၂ ရက် ည ၁၁ နာရီခန့် မိုးသည်းထန်စွာရွာသည့်အချိန်တွင် ရွှေတောအတွင်းရှိ အင်း ၅ အင်းတွင် ည အချိန် အလုပ်ဆင်းနေသည့် အလုပ်သမား ၁၀၀ နီးပါး ရှိခဲ့ပြီး အခင်းဖြစ်ချိန်တွင် ဂိုးစတားအင်း တစ်ခုတည်းမှ ညအလုပ်ဆင်းသူ ၁၆ ဦးလုံး ရွှေတွင်းအတွင်း ပိတ်မိပြီး မြုပ်သွားခဲ့ပြီး ရွှေကျင်ရာ မြစ်ကြောင်းတလျှောက် နေထိုင်သူများလည်း ရေစီးနှင့် မျောပါသွားခဲ့သည်။

ယင်း ရွှေလုပ်ကွက်ရှိ အလုပ်သမားအများစုမှာ မြင်းခြံနှင့် သာစည်မြို့နယ်များမှ ဖြစ်ကြောင်း၊ ရာထူးကြီးပိုင်းနှင့် ကုမ္ပဏီမှ တရားဝင်ခေါ်ယူထားသူများသာ ကိုယ်ရေးရာဇဝင်နှင့် အခြားအချက်အလက်များရှိပြီး မှတ်ပုံတင်မရှိဘဲ နားလည်မှုယူကာ ပုဒ်ပြတ်စား သဘောမျိုးဖြင့် လာရောက်လုပ်ကိုင်နေသည့် အလုပ်သမား များပြားကြောင်း၊ အချို့မှာ မိသားစုလိုက် လာရောက်နေထိုင်ကြကြောင်း၊ အာရှကမ္ဘာမြေကုမ္ပဏီက အစိုးရထံမှ ဌားရမ်းလုပ်ကိုင်သည်မှာ ၁ နှစ်ကျော်ခန့်သာ ရှိသေး ကြောင်း ဗိုလ်မှူးဇော်ဝင်းက ရှင်းပြသည်။

“အလုပ်သမားက သောင်းနဲ့ချီရှိတာ၊ အဲဒီကိစ္စပြီးတော့ တဝက်ကျော်လောက်က ပြန်ကုန်တော့ အလုပ်ဆက်လုပ်ဖို့ ခက် ကုန်တယ်။ သေဆုံးနဲ့ ဒဏ်ရာရသွား တဲ့ အလုပ်သမားတွေကိုတော့ သင့်တော်တဲ့နှုန်းတခုနဲ့ လျော်ကြေးပေးတယ်။ ငွေကြေး အတိအကျတော့ မသိဘူး”ဟု ကန်ထရိုက်တာ ဗိုလ်မှူးဇော်ဝင်းက ပြောသည်။ အာရှကမ္ဘာမြေ ကုမ္ပဏီပိုင် ပစ္စည်း တန်ဖိုး ကျပ်သိန်းပေါင်း သောင်းချီ ဆုံးရှုံးခဲ့သည်ဟုလည်း ဆိုသည်။

ဒေသခံများ၏ ပြောဆိုချက်များအရမူ ရွှေတွင်းတွင် ပိတ်မိပြီး မတူးဖော်ရသေးသူ ၁၆ ဦး၊ အလောင်းတွေ့၍ သဂြိုင်္လ်ပြီး ၁၀ ဦး၊ အလောင်းတွေ့၍ မိသားစုဝင်များက သာစည်ဘူတာမှ ပြန်သည်သူ ၈ ဦး၊ အလောင်း ထပ်မံတွေ့ရှိ ၄ ဦးဖြစ်သော ကြောင့် သေဆုံးသူ စုစုပေါင်း ၃၈ ဦး ဖြစ်နေသည်။ ရွှေတွင်းအတွင်း ပိတ်မိသွားသော ၁၆ ဦးမှအပ ကျန်သေဆုံးသူများမှာ ဗိုလ်မှူးဇော်ဝင်း ပြောဆိုအတည်ပြုသူများ တူညီခြင်း ရှိ မရှိ ဧရာဝတီမှ အတည်မပြုနိုင်ခဲ့ပါ။

“ကုမ္ပဏီက မြေအောက်မြုပ်သွားတဲ့သူတွေကို မြေတူးစက်ကြီးတွေနဲ့ ရှာနေကြတယ်။ ကြေညာတာကတော့ အပေါ်ယံ ရှာတွေ့ တဲ့သူတွေ စာရင်းပဲ”ဟု ဒေသခံတဦးဖြစ်သူ ကိုမောင်ထိန်က ဧရာဝတီသို့ ပြောသည်။ အဆိုပါ ရွှေတောဒေသ သည် ကလောမြို့မှ ၁၅ မိုင်ခန့်အကွာ ရွှေမင်းဖုန်းကျေးရွာအုပ်စုတွင် တည်ရှိပြီး ဧက ၆၀၀၀ ကျော် ကျယ်ဝန်းပြီး ၁၉၉၄ ခုနှစ်မှ စတင် ရွှေတူးခဲ့ကြသည်ဟု သိရသည်။

ဧရာဝတီ

မေလ ၁၂ ရက် ၂၀၁၃

ကလောမြို့နယ် ရွှေမင်းဖုန်းကျေးရွာအုပ်စု အာရှကမ္ဘာမြေ စက်မှုနှင့်သတ္ထုတူးဖော်ရေး ( Geo Asia ) ကုမ္ပဏီ
ပိုင် ရွှေတော ဒေသတွင် ပြီးခဲ့သည့် မေ၂ ရက်ညတွင် ဖြစ်ပွားခဲ့သော ရေကြီး မြေပြိုရာတွင် သေဆုံး ပျောက်
ဆုံးသူများ စာရင်း အတိ အကျ ရရှိနိုင်ရန် ခက်ခဲနေသေးပြီး တရုတ်နိုင်ငံသားများလည်း ပါဝင်နေကြောင်း စုံ
စမ်းသိရှိရသည်။

မဟာဆန်သl (Mahasen 01B) ရဲ့ ရှေ့ဆက်ရမယ့်ခရီးအမှန် (၁၂-၅-၂၀၁၃)ရက်နေ နံနက် (၈း၄၅) နာရီအချိန်ထုတ်ပြန်ချက်

(၁၂-၅-၂၀၁၃)ရက် နံနက် (၃း၃၀)နာရီအချိန် JTWC (USA) ရဲ့ NWP ခန့်မှန်းချက် အရ မေလ (၁၂)ရက်နေ့ နံနက်အစောပိုင်းကြီးအထိ Mahasen (ခပ်လွယ်လွယ် မဟာဆန်သူ လို့ ခေါ်ကြ ရအောင်ဗျာ) ဟာ မြန်မာနိုင်ငံနဲ့ဝေးရာဖက်ဖြစ်တဲ့ အနောက်မြောက်ဖက်ကို တစ်နာရီ (၁၁) မိုင် နှုန်း နဲ့ သွားနေတုံးပါဘဲ။ အမှန်တော့ ၀ိုက်တော့မယ့်သဘောဘဲ။ မော်တော်ကား စကားပြောရရင် U Turn လုပ်တော့မယ်။

ပြည်သူတိုင်းကသာ မိမိတာဝန်ကို အပြည့်အ၀ နားလည်နေမည် ဆိုပါက အာဏာရှင် စနစ်အောက်ကို ရောက်သွားရန် မရှိနိုင်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ပြည်သူတိုင်းကသာ မိမိတာဝန်ကို အပြည့်အ၀ နားလည်နေမည် ဆိုပါက အာဏာရှင် စနစ်အောက်ကို ရောက်သွားရန် မရှိနိုင်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ပြည်သူတိုင်းကသာ မိမိတာဝန်ကို နားလည်နေမည် ဆိုပါက နိုင်ငံတစ်နိုင်ငံသည် အာဏာရှင် စနစ်အောက်ကို ရောက်သွားရန် မရှိနိုင်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

မေ ၁၁ ရက်က ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ ခန်းမ၌ ပြုလုပ်ခဲ့သည့် NLD ပညာရေးကွန်ရက်၏ ပညာဒါန ကျောင်းဆရာ၊ ဆရာမများ ဂုဏ်ပြုပွဲနှင့် တက်ကြွစွာ သင်ယူခြင်း၊ ဝေဖန်ပိုင်းခြား စဉ်းစားခြင်း အမှတ်စဉ် (၂) သင်တန်းဆင်းပွဲတွင် အဖွင့်မိန့်ခွန်းပြောရာ၌ ၎င်းက ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

"ပြည်သူတစ်ယောက်ချင်း၊ တစ်ယောက်ချင်းဟာ ကိုယ့်ရဲ့တာဝန်ကို သိမယ်ဆိုရင် နိုင်ငံတစ်နိုင်ငံရဲ့ စနစ်ဟာ ဆိုးသွမ်းသွားစရာ ဘာမှမရှိဘူး။ ပြည်သူအားလုံး မဟုတ်ရင်တောင် တကယ့်အများစုကြီးကနေပြီး ကိုယ့်တာဝန်ကို ကိုယ်သိမယ်ဆိုရင် ဘယ်လိုလုပ် အာဏာရှင်စနစ်အောက် ရောက်သွားနိုင်မလဲ။ အာဏာရှင် လုပ်ချင်တဲ့ သူတွေကိုက နည်းသွားမယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ယင်းကဲ့သို့ ပြည်သူများကသာ မိမိတာဝန်ကို သိနေသည်ဆိုပါက အာဏာရှင် လုပ်ချင်သည့် သူများကလည်း ပြည်သူများ၏ စိတ်ကို သိသွားမည်ဖြစ်ကြောင်း၊ အာဏာရှင် လုပ်ချင်သည့်သူများကို လက်ခံမည့်သူ၊ အားပေးမည့် သူများလည်း နည်းသွားမည်ဖြစ်ကြောင်း၊ ပြည်သူတိုင်း၊ ပြည်သူတိုင်းကသာ မိမိတာဝန်ကို နားလည်နေမည် ဆိုပါက အလိုလို နိုင်ငံရေးအရလည်း လုံခြုံသွားမည်ဖြစ်ပြီး လူမျိုးရေး အရလည်း နေလို့ကောင်းသွားမည်ဖြစ်ကြောင်း၊ စီးပွားရေး အရလည်း တိုးတက်သွားမည်ဖြစ်ကြောင်း စသည်ဖြင့်လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

တကယ့်သတ္တိဆိုသည်မှာ အန္တရာယ်ကို သိရက်နှင့် မိမိတာဝန်အရ၊ မိမိယုံကြည်ချက်အရ လုပ်မည်ဆိုသည့် ယုံကြည်ချက်ပင် ဖြစ်ကြောင်း၊ ယင်းသတ္တိကို တာဝန်သိစိတ်နှင့် တွဲသွားမှသာ ခိုင်မာမည်ဖြစ်ကြောင်း၊ ကြောက်စိတ်ရှိသည် ဆိုသည်မှာ ရှက်စရာ မဟုတ်ဘဲ ယင်းကြောက်စိတ်ကို ထိန်းထားနိုင်ရန်နှင့် ကျော်လွှားနိုင်ရန်သာ အရေးကြီးကြောင်းလည်း ၎င်းကဆိုသည်။

ပညာနှင့် ပတ်သက်၍လည်း ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ပိုင်းခြား စဉ်းစားဆင်ခြင်ခြင်းသည်သာ ပညာဖြစ်ကြောင်း၊ မိမိမှာရှိသည့် အချက်အလက်များကို  မိမိဘ၀၊ ပတ်ဝန်းကျင်နှင့် ဆီလျော်အောင် အသုံးချတတ်ခြင်းကသာ အရေးကြီးကြောင်း စသည်ဖြင့် ပြောသည်။

တက်ကြွစွာ သင်ယူခြင်း၊ ဝေဖန်ပိုင်းခြား စဉ်းစားခြင်း သင်တန်းမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက် လက်အောက်ရှိ ဆရာ၊ ဆရာမများကို သင်ယူမှု ဗဟိုပြုစနစ်ကို လေ့ကျင့်ပေးသည့် သင်တန်းဖြစ်ပြီး အမှတ်စဉ် (၂) သင်တန်းတွင် ဆရာ၊ ဆရာမ ၈၀ ကျော် ပါဝင်ခဲ့သည်။

(အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးနှင့် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့အား တွေ့ရစဉ်)
(ဓာတ်ပုံ-ဇင်ဘိုလွင်)
(အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးနှင့် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့အား တွေ့ရစဉ်)
(ဓာတ်ပုံ-ဇင်ဘိုလွင်)
ပြည်သူတိုင်းကသာ မိမိတာဝန်ကို နားလည်နေမည် ဆိုပါက နိုင်ငံတစ်နိုင်ငံသည် အာဏာရှင် စနစ်အောက်
ကို ရောက်သွားရန် မရှိနိုင်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

မောင်တောဒေသမှ တိုင်းရင်းသား ဒုက္ခသည် အများစုမှာ ရွက်ဖျင်တဲထဲတွင် နေထိုင်ရဆဲဖြစ်ပြီး မုန်တိုင်း ကျရောက်မည်ကို စိုးရိမ်နေကြ

မောင်တောဒေသမှ တိုင်းရင်းသား ဒုက္ခသည် အများစုမှာ ရွက်ဖျင်တဲထဲတွင် နေထိုင်ရဆဲဖြစ်ပြီး မုန်တိုင်း ကျရောက်မည်ကို စိုးရိမ်နေကြ

မောင်တောဒေသမှ တိုင်းရင်းသား ဒုက္ခသည် အများစုမှာ ရွက်ဖျင်တဲထဲတွင် နေထိုင်နေရဆဲဖြစ်ပြီး ကယ်ဆယ်ရေး စခန်းများရှိ ဒုက္ခသည်များမှာ လေမုန်တိုင်း ကျရောက်မည်ကို အထူးစိုးရိမ်နေကြကြောင်း သတင်းရရှိသည်။

"အခု နေအိမ်တစ်လုံးမှ ဆောက်လို့ မပြီးသေးဘူး။ အခု တောင်မိုးတွေရွာရင် မိုးမလုံတာနဲ့ လေတိုက်ရင် ရွက်ဖျင်တဲတွေ ပြဲသွားတာနဲ့ တစ်ညလုံး မအိပ်ရပြန်ဘူး။ ကလေးတွေနဲ့ ဘုန်းတော်ကြီးကျောင်းအောက်မှာ သွားနေသူနေနဲ့၊ ဒီလိုပဲ ရွက်ဖျင်တဲထဲမှာ နေရတာပါပဲ။ နေပူတဲ့နေ့တွေဆို ရွက်ဖျင်တဲထဲမှာ မနေနိုင်ကြဘူး။ အခု မုန်တိုင်းလာမယ်ဆိုပြီး သတင်းကြားတယ်။ မုန်တိုင်းလာမယ်ဆိုရင် ကျွန်မတို့ ဘယ်သွားနေရမယ် ဆိုတာ မသိဘူး" ဟု ကင်းချောင်းကျေးရွာ ကယ်ဆယ်ရေး စခန်းမှ ဒေါ်လှသိန်းက ပြောသည်။

"ကျွန်မတို့ရွာမှာက နေအိမ်ဆယ်လုံးလောက်ပဲ ဆောက်ပြီးသေးတယ်။ အားလုံးတော့ ဒီလို ရွက်ဖျင်တဲတွေမှာ နေနေရဆဲပါပဲ။ နေပူရင် ရွက်ဖျင်တဲထဲ မနေနိုင်ဘူး။ မိုးရွာပြန်ရင်လည်း တဲထဲမိုးယိုလို့ ရေပက်ထုတ်နေရတယ်။ အ၀တ်တွေ ရေစို၊ အိပ်ဖို့နေရာကမရှိ ဒုက္ခရောက်ပါတယ်။ အခု နွေမိုးလေးရွာရင် လေတိုက်ရင် တဲတွေ စုတ်ပြဲသွားတယ်။ ဟိုတလောက လေတိုက်တော့ တဲအိမ်ဆယ်လုံးလောက် ပျက်စီးသွားလို့ မိသားစုတွေ ဘုန်းကြီးကျောင်းမှာ သွားနေရတယ်။ အိမ်တွေကလည်း မိုးကျတော့မယ် အခုထိ ဆောက်မပြီးသေးဘူး။ ဒီလိုနဲ့ မိုးရောက်တော့မယ်။ တဲထဲမှာ နေရတာ ခုနစ်လလောက် ရှိပါပြီ။ မုန်တိုင်းလာမယ်လို့လည်း ကြားတယ်။ ဘယ်ကိုပြေးရမယ်မှန်းကို မသိပါဘူး" ဟု သရေကုန်းဘောင် ကယ်ဆယ်ရေးစခန်းမှ မသန်းနုက ပြောသည်။

မောင်တောမြို့နယ်အတွင်း မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ကျေးရွာများမှာ လက်ရှိအချိန်ထိ နေအိမ်တည်ဆောက် မပြီးသေးသဖြင့် ရွက်ဖျင်တဲထဲတွင် နေထိုင်နေရဆဲ ဖြစ်ကြောင်းလည်း သိရသည်။ မောရ၀တီကျေးရွာတွင် နေအိမ် ၁၁၆ လုံးတွင် အားလုံးနီးပါး ဆောက်လုပ်ပြီးစီးခဲ့သဖြင့် မိသားစုများအား နေထိုင်ခွင့် ပေးပြီးဖြစ်သော်လည်း နေအိမ်လေးလုံးမှာ  လက်ရှိအချိန်ထိ တည်ဆောက်မပြီးသေးသဖြင့် ရွက်ဖျင်တဲထဲတွင် နေထိုင်နေရဆဲ ဖြစ်သည်။

ထို့အပြင် သရေကုန်းဘောင် ကျေးရွာတွင်လည်း ၁၆ လုံး၊ ဗောဓိကုန်း ကျေးရွာတွင် ၁၀ လုံးသာ ဆောက်လုပ်ပြီးသေးကြောင်း၊ ကင်းချောင်းကျေးရွာမှ အိမ်ထောင်စု ၂၆ စုမှာ ရွက်ဖျင်တဲထဲတွင် နေထိုင်နေရဆဲဖြစ်ကြောင်း သိရသည်။

(ရခိုင်ပြည်နယ်၊ မောင်တောရှိ ကင်းချောင်းဒုက္ခသည် စခန်းတွင် နေထိုင်သူတစ်ဦးအား မေ ၁၁ ရက်က တွေ့ရစဉ်)
ဓာတ်ပုံ-၀င်းမောင်(မောင်တော)
(ရခိုင်ပြည်နယ်၊ မောင်တောရှိ ကင်းချောင်းဒုက္ခသည် စခန်းတွင် နေထိုင်သူတစ်ဦးအား မေ ၁၁ ရက်က တွေ့ရစဉ်)
ဓာတ်ပုံ-၀င်းမောင်(မောင်တော)
မောင်တောဒေသမှ တိုင်းရင်းသား ဒုက္ခသည် အများစုမှာ ရွက်ဖျင်တဲထဲတွင် နေထိုင်နေရဆဲဖြစ်ပြီး ကယ်
ဆယ်ရေး စခန်းများရှိ ဒုက္ခသည်များမှာ လေမုန်တိုင်း ကျရောက်မည်ကို အထူးစိုးရိမ်နေကြကြောင်း သတင်း
ရရှိသည်။