Pages
Wednesday, March 27, 2013
ဥက္ကံတွင် ဗလီနှင့် မွတ်စလင်မ်အိမ်များကို အကြမ်းဖက် ဖျက်ဆီးမည် ဆိုသောကြောင့် စိုးရိမ်ထိတ်လန့်နေ
ဥက္ကံတွင် ဗလီနှင့် မွတ်စလင်မ်အိမ်များကို အကြမ်းဖက် ဖျက်ဆီးမည် ဆိုသောကြောင့် စိုးရိမ်ထိတ်လန့်နေကြ
============
မတ်လ ၂၇၊ ၂၀၁၃
M-Media
ထွန်းတောက်
ဥက္ကံမြို့ ။ ။ ရန်ကုန်မြောက်ပိုင်း အုတ်ကံမြို့တွင် ဗလီနှင့် မွတ်စလင်မ်အိမ်များကို အကြမ်းဖက်ဖျက်ဆီးမည်ဆိုသောကြောင့် မွတ်စလင်မ်များ စိုးရိမ်ထိတ်လန့်နေကြကြောင်းသတင်းရရှိသည်။
"ဥက္ကံမှာ မွတ်စလင်မ်တွေကို အကြမ်းဖက်ဖျက်ဆီးမယ်လို့ သတင်းတွေထွက်ပေါ်နေတာကြောင့် အားလုံးလည်း စိုးရိမ်ထိတ်လန့်နေကြပါတယ်။ အုတ်ကံမြို့ပေါ်မှာ ဒီနေ့ (၂၇)ရက်ကနေ (၂၉)ရက်ထိ ညစဉ် (၃)ရက်တိုင်တိုင် ၉၆၉ တရားပွဲ ရှိနေပါတယ်။ ဒီတရားပွဲပြီးမယ့်ရက် ၂၉-ရက်နေ့ကို အထူးစိုးရိမ်နေကြပါတယ်။ ဥက္ကံမြို့မှာက ဗလီ(၂)လုံးပဲရှိတာပါ။ ဥက္ကံအနီးက မွတ်စလင်မ်တွေချည်းပဲနေတဲ့ ပနီပင်ရွာကိုလည်း မီးရှို့မယ်၊ မီးကွင်းပစ်မယ်ဆိုပြီးခြိမ်းခြောက်စာတွေ ပစ်ခံနေရပါတယ်။ အဲဒီအတွက် အားလုံးမှာ စိုးရိမ်နေကြတယ်။ ဥက္ကံမြို့ပေါ်က မွတ်စလင်မ် ကလေး၊ လူကြီးနဲ့ အမျိုးသမီးတွေကို ဘေးလွတ်ကင်းရာဘက်ကို ပို့ထားကြပြီး အမျိုးသားအများစုသာ ရှိနေကြပါတော့တယ်။ တရားပွဲပြီးမယ့် ၂၉-ရက်နေ့ကို အထူးစိုးရိမ်ပါတယ်"ဟု ဥက္ကံမြို့ခံမှ M-Media ကို ပြောပြလာပါတယ်။
မတ်လ ၂၇၊ ၂၀၁၃
ဥက္ကံမြို့ ။ ။ ရန်ကုန်မြောက်ပိုင်း အုတ်ကံမြို့တွင် ဗလီနှင့် မွတ်စလင်မ်အိမ်များကိုအကြမ်းဖက်ဖျက်ဆီးမည်
ဆိုသောကြောင့် မွတ်စလင်မ်များ စိုးရိမ်ထိတ်လန့်နေကြကြောင်းသတင်းရရှိသည်။
တိုင်းပြည် တည်ငြိမ်အေးချမ်းရေးအတွက် အားလုံးလက်တွဲဖို့ လိုအပ်ကြောင်း မတ်လ ၂၇ ရက်နေ့မှာကျရောက်တဲ့ တော်လှန်ရေးနေ့ မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ကြေညာချက်ထုတ်ပြန်
တိုင်းပြည် တည်ငြိမ်အေးချမ်းရေးအတွက် အားလုံးလက်တွဲဖို့ လိုအပ်
တိုင်းပြည် တည်ငြိမ်အေးချမ်းရေးအတွက် ပြည်သူတွေ၊ ပါတီတွေနဲ့ အဖွဲ့အစည်းအားလုံးက စိတ်ရှည်သီးခံပြီး ၀ိုင်းဝန်းဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း ဒီနေ့မတ်လ ၂၇ ရက်နေ့မှာကျရောက်တဲ့ တော်လှန်ရေးနေ
့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ကြေညာချက်ထုတ်ပြန်
ပြောဆိုလိုက်ပါတယ်။
၆၈ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားကို ဗဟန်းမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရုံးခန်းမှာ ကျင်းပခဲ့တာဖြစ်ပြီး
ဒေါ်အောင်ဆန်းစုကြည်က သ၀ဏ်လွှာပေးပို့ခဲ့ပါတယ်။
တပ်မတော်နဲ့ ပြည်သူတွေ သဟဇာတဖြစ်ရေးဟာ အရေးကြီးကြောင်းနဲ့ ဗိုလ်ချုပ်အောင်ဆန်း လမ်းညွှန်ချက်အတိုင်း အားလုံးကလိုက်နာကြဖို့
ကိုလည်း ဦးတင်ဦးက အခုလိုတိုက်တွန်းထားပါတယ်။
"တပ်မတော်နဲ့ ပတ်သက်တဲ့ အခန်းကဏ္ဍမှာလည်း ဗိုလ်ချုပ်ရဲ့ ရှေးတုန်းက
ချမှတ်ခဲ့တဲ့ မူတွေအတိုင်းပေါ့၊ တပ်မတော်ဟာ ပြည်သူပြည်သားတွေရဲ့ သားသမီးဖြစ်တဲ့အားလျော်စွာ ပြည်သူပြည်သားတွေနဲ့ သဟဇာတဖြစ်ဖို့ကိစ္စ အကြောင်းအရာတွေ၊ နောက်တပ်မတော်ဟာ သီးခြားလူတန်းစားတရပ် မဟုတ်ဘူးပေါ့နော်၊ ပြည်သူပြည်သားတွေထဲက ပေါ်ပေါက်လာတဲ့ တပ်မတော်သာဖြစ်တဲ့အတွက် ပြည်သူပြည်သားတွေနဲ့ တသားတည်းဖြစ်
အောင် ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့ ကျနော်တို့ဗိုလ်သင်တန်းကျောင်းဆင်း
မိန့်ခွန်းတွေပေါ့နော်၊ အဲဒီဟာတွေကိုပဲ ကျနော်တို့ကိုးကားပြီးတော့
ပြောတာပါ"
ဒါ့အပြင် လက်ရှိဖြစ်နေတဲ့ မတ္တီလာမြို့ အဓိကရုဏ်းအပါအ၀င် မငြိမ်သက်
မှုဖြစ်အောင် ဖန်တီးနေတာတွေကိုတားဆီးနိုင်ဖို့အတွက် နိုင်ငံတော်ရဲ့
အေးချမ်းသာယာရေးကိုရှေ့ရှုပြီး တာဝန်ရှိသူတွေက ထိထိရောက်ရောက် အရေးယူဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ဦးတင်ဦးက ပြောပါတယ်။
Re-Post By ACM 27-3-2013
အေးချမ်းမွန် Credit & Copy From >>RFA Burmese<< Thank
တိုင်းပြည် တည်ငြိမ်အေးချမ်းရေးအတွက် ပြည်သူတွေ၊ ပါတီတွေနဲ့ အဖွဲ့အစည်းအားလုံးက စိတ်ရှည်သီးခံပြီး ၀ိုင်းဝန်းဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း ဒီနေ့မတ်လ ၂၇ ရက်နေ့မှာကျရောက်တဲ့ တော်လှန်ရေးနေ့မှာ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ကြေညာချက်ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်ငါးမြို့နယ်၌ ပုဒ်မ ၁၄၄ တားမြစ်မိန့် ထုတ်ပြန်ထားပြီး မသကာင်္သူများအား သက်ဆိုင်ရာမှ ထိန်းသိမ်းစစ်ဆေးလျက်ရှိကြောင်း နိုင်ငံပိုင်မီဒီယာများမှ သတင်းထုတ်ပြန်
အုတ်ဖိုမြို့ မှ နောက်ဆုံးရ အပျက်အစီး ဓာတ်ပုံများ
ဓာတ်ပုံများကို အကြမ်းဖက်မှူအား မလိုလားပဲ အမှန်တရားကို အမြန်ဆုံးပေါ်ပေါက်စေချင်ပြီး တည်ငြိမ်အေးချမ်းမှူကိုလိုလားသော မြန်မာလူမျိုး ဗုဒ္ဓဘာသာ ဝင် စစ်စစ် ဒေသခံတစ်ဦးမှ ပေးပို့လားခြင်းဖြစ်ပါသည်။
အမြို့မြို့ အနယ်နယ်ရှိမိတ်ဆွေများအနေဖြင့် အမှန်တရားကို လိုလားပြီး ဖြစ်စဉ်အမှန် များကိုပေါ်ပေါက်စေလိုသော် ကျွန်တော်အား မက်စေ့ဘောက်မှ သော်လည်းကောင်း၊ mgatee87@gmail.com သို့ သတင်းများ၊ ဓာတ်ပုံများကို အချိန်၊ နေရာ အားဖော်ပြ၍ ပေးပို့နိုင်ပါသည်။
ကျွန်တော်တို့ ၏ မြန်မာနိုင်ငံအတွင်း ဖြစ်ပွါးနေသော ဝမ်းနည်းဖွယ် ဖြစ်ရပ်များအား အမြန်ဆုံး ရပ်တန့်စေလိုပြီးအမှန်တရားကို ချစ်မြတ်နိုးသော မိတ်ဆွေများ ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်အပ်ပါတယ်ခင်မျာ။
အုတ်ဖိုမြို့ မှ နောက်ဆုံးရ အပျက်အစီး ဓာတ်ပုံများ
ဓာတ်ပုံများကို အကြမ်းဖက်မှူအား မလိုလားပဲ အမှန်တရားကို အမြန်ဆုံးပေါ်ပေါက်စေချင်ပြီး တည်ငြိမ်အေး
ချမ်းမှူကိုလိုလားသော မြန်မာလူမျိုး ဗုဒ္ဓဘာသာ ဝင် စစ်စစ် ဒေသခံတစ်ဦးမှ ပေးပို့လားခြင်းဖြစ်ပါသည်။ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်ငါးမြို့နယ်၌ ပုဒ်မ ၁၄၄ တားမြစ်မိန့် ထုတ်ပြန်ထားပြီး မသင်္ကာသူများအား သက်ဆိုင်ရာမှ ထိန်းသိမ်းစစ်ဆေးလျက်ရှိကြောင်း မတ်လ ၂၇ ရက် ည ၈ နာရီ၌ နိုင်ငံပိုင် မီဒီယာများမှ သတင်းထုတ်ပြန် ကြေညာခဲ့သည်။
ပဲခူးတိုင်း အနောက်ဘက်ခြမ်း မိုးညိုမြို့မှ ဗလီတစ်လုံးကို အကြမ်းဖက်သမားများဖြိုဖျက်(ည ၉ နာရီ ၂၀ မိနစ် )
မတ်လ ၂၇ ရက်နေ့ ည ၉ နာရီ ၂၀ မိနစ်
ယနေ့ မတ်လ ၂၇ ရက်နေ့ ည ၇ နာရီ ၁၀ မိနစ်ခန့်က ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း၊မိုးညိုမြို့ ဇောတိက ရပ်ကွက်၊ပန်းသပြေလမ်းရှိ ဗလီတစ်လုံးအား အင်အား ၃၀၀ ခန့်ရှိ လူအစုအဖွဲ့မှ ဖျက်ဆီးခဲ့ကြကြောင်း သိရ
သည်။ ထို့ကြောင့် မိုးညိုမြို့ကို ယနေ့ည ၇ နာရီခွဲမှ စတင်ကာ ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ကြောင်း၊
ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့ည ၆ နာရီ ၄၀ အခြေအနေ
ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့ မှာဖြစ်နေတယ် လို့သိရပါတယ်။လူအင်အား ၅၀၀လောက်ရှိတဲ့လူအုပ် ကနေပြီးအစ္စလမ်ဘာသာဝင်များရဲ့အိမ်နှင့်ဗလီများကို ဖျက်ဆီးနေတယ်လို့သိရပါတယ် ဒေသဆိုင်ရာရဲတပ်ဖွဲ့အနေနဲ့လူအင်အားအလွန်များသောကြောင့်လုံခြုံရေးအပြည့်အ၀မပေးနိုင်ကြောင်းသိရပါတယ်။ ပဲခူးတိုင်းဒေသကြီး စစ်ဖက်ရေးရာ လုံခြုံရေးဝန်ကြီး ဗိုလ်မှုးကြီးသက်ထွန်း မှယခုလက်တလောအကြမ်းဖက်မှုများတွင် ပစ္စည်းဥစ္စာများအား တာဝန်မယူနိုင်ပါကြောင်းနှင့်
969 Sermons in the North of Yangon, Residents are Worried of Riots
969 Sermons in the North of Yangon, Residents are Worried of Riots
Oak Kan
March 27, 2013
Tun Tauk
Muslims in the town of Oak Kan, north of Yangon, are living in fear due to information that they will be attacked.
A muslim resident in Oak Kan told M-Media, "Everyone is worried now because of the news that the Buddhists will attack Muslims. Here, there are religious sermons by 969 Buddhist monks everyday from March 27 to 29. We are especially worried for March 29 when the sermons end. There are two mosques here. There are threats and black mails that Muslim areas known as Panipin village will be burnt. We transported woman, children and elders to other safe places and only men are left in town. We are especially worried for March 29".
March 27, 2013
Muslims in the town of Oak Kan, north of Yangon, are living in fear due to information that they will be attacked. A muslim resident in Oak Kan told M-Media, "Everyone is worried now because of the news that the Buddhists will attack Muslims.
ဟိန္ဒူရိုးရာ သင်္ကြန်ပွဲတော်တစ်ရပ် မုံရွာမြို့တွင်ကျင်းပ
ဟိန္ဒူရိုးရာ သင်္ကြန်ပွဲတော်တစ်ရပ် မုံရွာမြို့တွင်ကျင်းပ
=============================
မုံရွာ၊ မတ် ၂၇
(၆၈)ကြိမ်မြောက် တော်လှန်ရေးနေ့နှင့်တိုက်ဆိုင်စွာ ကျင်းပပြုလုပ်ခဲ့ကျတဲ့ ဟိန္ဒူရိုးရာ ရောင်စုံရေပတ်ဖြန်းခြင်း ဟိုလ်လီပွဲတစ်ရပ်အား မုံရွာဒေသခံ ဘာသာဝင်များက ယနေ့ကျင်းပပြုခဲ့ကြောင်းသိရပါတယ်..။
အဲ့ဒီ ရိုရာပွဲလမ်းကျင်းပရာ အခြားသောဘာသာဝင်များကလည်း ရင်းနှီးချစ်ကြည်စွာ အတူယှဉ်တွဲ၍ ပျော်ရွှင်စွာပြုလုပ်ခဲ့ပါတယ်..။
Re-Post By ACM 27-3-2013
အေးချမ်းမွန် Credit & Copy From >>Monywa Times<< Thank
မုံရွာ၊ မတ် ၂၇
(၆၈)ကြိမ်မြောက် တော်လှန်ရေးနေ့နှင့်တိုက်ဆိုင်စွာ ကျင်းပပြုလုပ်ခဲ့ကျတဲ့ ဟိန္ဒူရိုးရာ ရောင်စုံရေပတ်ဖြန်း
ခင်း ဟိုလ်လီပွဲတစ်ရပ်အား မုံရွာဒေသခံ ဘာသာဝင်များက ယနေ့ကျင်းပပြုခဲ့ကြောင်းသိရပါတယ်..။
ပဋိပက္ခများသည် ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင်တို့အကြား ဖြစ်ပွားသော ပြဿနာဟု မယူဆဘဲ ကြိုတင် စီစဉ်အကွက်ချပြီး လုပ်ဆောင်သော လူတစ်စု၏ ဆောင်ရွက်ချက် ဖြစ်ကြောင်း မြန်မာနိုင်ငံလုံး ဆိုင်ရာ အစ္စလာမ် ဘာသာရေး အဖွဲ့ကြီးမှ သဘောထားထုတ်ပြန်
Glass fragments lie on the floor of a mosque that was damaged during the riot in Meikhtila March 23, 2013. REUTERS/Soe Zeya Tun
Glass fragments lie on the floor of a mosque that was damaged during the riot in Meikhtila March 23, 2013. REUTERS/Soe Zeya Tun
Wednesday, 27 March 2013
ယခုရက်ပိုင်းများအတွင်း ဖြစ်ပေါ်နေသော ပဋိပက္ခများသည် ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင်တို့အကြား ဖြစ်ပွားသော ပြဿနာဟု မယူဆဘဲ ကြိုတင် စီစဉ်အကွက်ချပြီး လုပ်ဆောင်သော လူတစ်စု၏ ဆောင်ရွက်ချက် ဖြစ်ကြောင်း မြန်မာနိုင်ငံလုံး ဆိုင်ရာ အစ္စလာမ် ဘာသာရေး အဖွဲ့ကြီးမှ မတ်လ ၂၆ ရက်နေ့ ရက်စွဲဖြင့် သဘောထား ကြေညာချက် (၂/၂၀၁၃) ကို ထုတ်ပြန်ခဲ့ပါသည်။
အင်္ဂပူမြို့၊ ကွင်းကောက်ရွာတွင် မြို့နယ် အုပ်ချုပ်ရေးမှူး မှ တည်ငြိမ်မှုများရရန် ကြိုးစားဆောင်ရွက်နေ
အင်္ဂပူမြို့၊ ကွင်းကောက်ရွာတွင်  မြို့နယ် အုပ်ချုပ်ရေးမှူး မှ တည်ငြိမ်မှုများရရန် ကြိုးစားဆောင်ရွက်နေ
-------------------
မတ်လ ၂၇၊ ၂၀၁၃
M-Media
သတင်း- ၀ါးပင်လေး
 အင်္ဂပူမြို့နယ်၊ ကွင်းကောက်ရွာတွင် ယခုလ ၂၂-ရက်နေ့က မတည်ငြိမ်မူများ ဖြစ်ပွားရာ ယခု မတ်လ၂၇ရက်နေ့တွင် အုပ်ချုပ်ရေးမှူးတို့မှ ထိန်းသိမ်း ကာကွယ်ခြင်းများ ပြုလုပ်ဆောင်ရွက် လာကြောင်း သတင်းရရှိသည်။
 အင်္ဂပူမြို့နယ်၊ ကွင်းကောက်ရွာတွင်  မြို့နယ် အုပ်ချုပ်ရေးမှူးတို့မှ အကြမ်းဖက်မူများ မဖြစ်ပွားစေရန် နှင့် တည်ငြိမ်အေးချမ်းစေရန် ကြိုးစား ဆောင်ရွက်ခြင်းကြောင့်  ဒေသခံ ဘာသာပေါင်းစုံ ရွာသူရွာသားအားလုံး စိတ်အေးချမ်းသာစွာ နေထိုင်ရမည်ဟု မျှော်လင့်နေရ ကြောင်း သတင်းရရှိသည်။              
            ထို့သို့ အခြေအနေ အရပ်ရပ် ထိန်းသိမ်းထားနိုင်ခြင်းအပေါ် ဆူပူအကြမ်းဖက်မူကို လိုလားသူများမှ အုပ်ချုပ်ရေးမှူးတို့ အာဏာပိုင်တို့အား ရွာသူရွာသား အချို့မှ လာဘ်ထိုးထားကြောင်း သွားပုပ်လေလွှင့် ပြောဆိုနေကြသူများ ရှိကြောင်း သိရသည်။
 အမှန်တကယ် ငြိမ်းအေးချမ်းသာစွာ နေထိုင်လိုသူများ၊ငြိမ်းချမ်းရေးကို မြတ်နိုးကြသူ ဒေသခံ ရွာသူရွာသားများ၏ စိုးရိမ်ထိတ်လန့်မူကို တာဝန်သိ အုပ်ချုပ်ရေးမှူးများအနေဖြင့် အချိန်မီ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်မူ ပြုလုပ်နေသည်ကို မလိုလား မနှစ်သက်ကြသည့် လူတစ်စုမှ ပြောဆိုကြခြင်း ဖြစ်ကြောင်း စုံစမ်း သိရှိရရသည်။အုပ်ချုပ်ရေးမှူးများ အနေဖြင့်လည်း ထိုစွပ်စွဲပြောဆိုမူများ အဆက်အပြတ် ပေါ်ထွက်လာခြင်းကြောင့် တာဝန်ယူမူကို ပြန်လည် နောက်ဆုတ်သွားမည်ကို ဒေသခံများ အနေဖြင့် စိုးရိမ် နေရကြောင်း စုံစမ်းသိရှိရသည်။
မတ်လ ၂၇၊ ၂၀၁၃
အင်္ဂပူမြို့နယ်၊ ကွင်းကောက်ရွာတွင် ယခုလ ၂၂-ရက်နေ့က မတည်ငြိမ်မူများ ဖြစ်ပွားရာ ယခု မတ်လ၂၇
ရက်နေ့တွင် အုပ်ချုပ်ရေးမှူးတို့မှ ထိန်းသိမ်း ကာကွယ်ခြင်းများ ပြုလုပ်ဆောင်ရွက် လာကြောင်း သတင်းရ
ရှိသည်။
မင်းလှမြို့ အကြမ်းဖက်ဖျက်ဆီးမှု နောက်ဆက်တွဲသတင်း ၂၇.၃.၂၀၁၃ (၆း၃၀ နာရီ)
မင်းလှမြို့ အကြမ်းဖက်ဖျက်ဆီးမှု နောက်ဆက်တွဲသတင်း။
---------------------
၂၇.၃.၂၀၁၃ (၆း၃၀ နာရီ)
M-Media
ဇာဏီ
မင်းလှမြို့ရှိ ဗလီနှင့် မွတ်စလင်မ်အိမ်များအား အကြမ်းဖက်သမားများက ယနေ့ နေ့လည်ပိုင်းမှာ အကြမ်းဖက် ဖျက်ဆီးကြပြီးနောက် နောက်ဆက်တွဲ ရရှိသည့် သတင်းဖြစ်သည်။
စဖြစ်ဖြစ်ချင်းတုန်းက တိုင်ရာကျော်လို့ခေါ်တဲ့ ကျူလီယာဗလီကို စဖျက်တယ်။ မင်းလှမှာ ရှိတဲ့ ဗလီ(၃)လုံးရှိတာ အကုန်လုံးကို ဖျက်ဆီးလိုက်ပြီ။ ဟင်ဒွန္နစတာနီဗလီရယ်၊ ဘင်္ဂါလီဗလီရယ်ရော ဖျက်ဆီးခံလိုက်ရပြီ။ မွတ်စလင်မ်ပိုင်တဲ့ ပွိုင့်ကဖေးဆိုရင်လည်း အကုန်လုံးကို ဖျက်ဆီးသွားတယ်။ ဆိုင်ထဲက ပစ္စည်းတွေရော၊ အိမ်ထဲက ပစ္စည်းတွေရောကို ဖျက်ပစ်တာ။ ပွိုင့်ကဖေးဆိုရင် ၂-ခါပြန်တောင် ပြန်ဖျက်တယ်။ အာရဗီစာသင်ကျောင်းတွေက ဗလီမှာပဲရှိတာဆိုတော့ စာသင်ကျောင်းတွေလည်း မရှိတော့ဘူးပေါ့။ ဗလီကိုဖျက်တော့ သေနတ်ဖောက်တယ်။ ဒါပေမယ့် အကြမ်းဖက်သမားတွေက ရပ်မသွားဘူး။ မင်းလှကို စဖျက်တဲ့အချိန်ကတည်းက ကျွန်တော် အိမ်မှာရှိနေတယ်။ ဒါပေမယ့် ကျွန်တော်အိမ်ကနေ ထွက်မသွားသေးဘူး။ ဒါပေမယ့် ၄-နာရီကျော်ကျော်လောက်မှာတော့ နေလို့မဖြစ်တော့လို့ ကျွန်တော်ထွက်သွားလိုက်တယ်။ ၄-နာရီခွဲလောက်မှာတော့ အိမ်ဖျက်လိုက်တယ်လို့ သိရတယ်။ ကျွန်တော်လည်း ဒီည နေစရာမရှိတော့ဘူး။
ဦးဘသန်းရဲ့အိမ်ကိုလည်းဖျက်တယ်။ သူက စက်ဘီးတွေရောင်းတဲ့ဆိုင်ဆိုတော့ အကြမ်းဖက်သမားတွေက စက်ဘီးတွေယူဖို့လုပ်တယ်။ ဘေးဝန်းကျင်အိမ်ကလူတွေက လုံးဝ ပေးမယူတာကြောင့် မယူသွားကြဘူး။ ကျန်တဲ့ပစ္စည်းတွေတော့ ယူသွားလား မယူသွားဘူးလား မသိပါဘူး။
လာဖျက်တဲ့ အကြမ်းဖက်သမားတွေလက်ထဲမှာ သစ်သားဖြတ်တဲ့ လွှစက်တွေ၊ ရဲတင်းတွေ၊ ကပ်ကြေးတွေလည်း ပါတယ်။ လာဖျက်တဲ့သူတွေက ကုန်းစုလေးရပ်ကွက်၊ ကံဦးရပ်ကွက်၊ ဇီးကုန်းလေးရပ်ကွက်၊ မြို့သစ်က လူတွေရယ်၊ မင်းလှတ၀ိုက်ရွာတွေက လူတွေရယ် စုစုပေါင်း (၅၀၀)၀န်းကျင်လောက်ရှိတယ်။ အခုတော့ သူတို့ဖျက်လို့အားရလို့ ငြိမ်သွားပါပြီ။ ဒါပေမယ့် အခုည ကျွန်တော်တို့တွေ ဘယ်သွားနေရမလဲ။ နေစရာလည်း မရှိတော့ဘူး။ ကလေးတွေ၊ လူကြီးတွေနဲ့ အမျိုးသမီးတွေ ဘေးလွတ်ရာကို ပို့ထားဖို့လည်း ဘယ်လိုလုပ်ရမှန်းကို မသိတော့ပါဘူး"လို့ M-Media ကို ပြောပြလာပါတယ်။
၂၇.၃.၂၀၁၃ (၆း၃၀ နာရီ)
မင်းလှမြို့ရှိ ဗလီနှင့် မွတ်စလင်မ်အိမ်များအား အကြမ်းဖက်သမားများက ယနေ့ နေ့လည်ပိုင်းမှာ အကြမ်း
ဖက် ဖျက်ဆီးကြပြီးနောက် နောက်ဆက်တွဲ ရရှိသည့် သတင်းဖြစ်သည်။ စဖြစ်ဖြစ်ချင်းတုန်းက တိုင်ရာကျော်
လို့ခေါ်တဲ့ ကျူလီယာဗလီကို စဖျက်တယ်။ မင်းလှမှာ ရှိတဲ့ ဗလီ(၃)လုံးရှိတာ အကုန်လုံးကို ဖျက်ဆီးလိုက်ပြီ။ ဟင်ဒွန္နစတာနီဗလီရယ်၊ ဘင်္ဂါလီဗလီရယ်ရော ဖျက်ဆီးခံလိုက်ရပြီ။
တပ်မတော်နေ့ ဂုဏ်ပြု ညစာစားပွဲသို့ တက်ရောက်မည့် အနုပညာရှင်များ
တပ်မတော်နေ့ ဂုဏ်ပြု ညစာစားပွဲသို့ တက်ရောက်မည့် အနုပညာရှင်များ
27.3.2013
မတ်လ ၂၇ ရက်နေ့ နေပြည်တော်တွင် ကျင်းပပြုလုပ်သော တပ်မတော်နေ့ ဂုဏ်ပြု ညစာစားပွဲသို့ တက်ရောက်မည့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနာယက ပန်းချီ စိုးမိုး၊ ဥက္ကဌ ဦးဇင်ဝိုင်း၊ ဒုဥက္ကဌ ဦးလူမင်းတို့နှင့်အတူ သရုပ်ဆောင်များ ဖြစ်ကြသည့် ဝေဠုကျော်၊ စိုးရန်အောင်၊ စိုးမြတ်သူဇာ၊ အိန္ဒြာကျော်ဇင် တို့ကို တွေ့ရစဉ်။
Re-Post By ACM 27-3-2013
အေးချမ်းမွန် Credit & Copy From >>Popular Journal<< Thank
27.3.2013
မတ်လ ၂၇ ရက်နေ့ နေပြည်တော်တွင် ကျင်းပပြုလုပ်သော တပ်မတော်နေ့ ဂုဏ်ပြု ညစာစားပွဲသို့ မန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနာယက ပန်းချီ စိုးမိုး၊ ဥက္ကဌ ဦးဇင်ဝိုင်း၊ ဒုဥက္ကဌ ဦးလူမင်းတို့နှင့်အတူ သရုပ်ဆောင်များ ဖြစ်ကြသည့် ဝေဠုကျော်၊ စိုးရန်အောင်၊ စိုးမြတ်သူဇာ၊ အိန္ဒြာကျော်ဇင် တို့တတ်ရောက်ကြ
မည်ဖြစ်ကြောင်းသတင်းရရှိပါသည်။
သံသယဖြစ်စရာကောင်းတဲ့ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များ
ဖြစ်ရပ်တွေကို သုံးသပ်လိုက်ရရင် လူတစ်ရာကနေ ငါးရာလောက်ရှိတဲ့ လူတစ်စုကနေ နယ်ခံအမာခံ အင်အားစုနဲ့ ပူးပေါင်းချက်စီးနေတယ်လို့ ကောက်ချက်ချပါတယ်။ မြေပုံမှာ ကြည့်လိုက်ရင် မန္တလေးတိုင်း မိတထီလာကနေ ရန်ကုန်ပြည်လမ်းဘက်ကို ဆင်းချလာတာကို တွေ့ရမှာပါ။ လုံခြုံရေး တောင့်တင်းတယ် ထင်ရတဲ့ နေပြည်တော် တစ်ဝိုက်သာ အခြေအနေ ကောင်းခဲ့ပြီးတော့။ ပဲခူးတိုင်း အနောက်ခြမ်းကနေ အောက်ဘက်ကို တဖြည်းဖြည်း ဆင်းလာနေပါပြီ။ 
လက်ပတန်း၊ သာယာဝတီ၊ သုံးဆယ်တို့လဲ ခပ်လှုပ်လှုပ်ပါပဲ။ ဒီကနေဆို ရန်ကုန်ကို ရောက်မလာဘူး ဘယ်သူပြောနိုင်မလဲ။ 
ပြည်သူကို ဘယ်လိုအကာအကွယ် ပေးမှာလဲပဲ မေးချင်ပါတော့တယ်။ နေ့လည်က လုပ်ခဲ့တဲ့ စစ်ရေးပြပွဲကြီးမှ အာမနာဗျာ။
Credit to >> ကိုတေဇလှိုင်၊ ဆရာငြိမ်းအေးအိမ်
ဖြစ်ရပ်တွေကို သုံးသပ်လိုက်ရရင် လူတစ်ရာကနေ ငါးရာလောက်ရှိတဲ့ လူတစ်စုကနေ နယ်ခံအမာခံ အင်
အားစုနဲ့ ပူးပေါင်းချက်စီးနေတယ်လို့ ကောက်ချက်ချပါတယ်။ မြေပုံမှာ ကြည့်လိုက်ရင် မန္တလေးတိုင်း မိတ္တီ
လာကနေ ရန်ကုန်ပြည်လမ်းဘက်ကို ဆင်းချလာတာကို တွေ့ရမှာပါ။
အကြမ်း ဖက်သတ်ဖြတ် မှုများအား ၈၈ မျိုးဆက်ကျောင်းသားများမှ လက်မခံနိုင်ကြောင်း သဘောထားကြေငြာချက်ထုတ်ပြန်
မတူညီသည့်ဘာသာဝင်များ အကြား သွေးထိုးလှုံ့ဆော် မှုများ အကြမ်း          ဖက်သတ်ဖြတ်
မှုများအား ၈၈ မျိုးဆက် အနေဖြင့် လုံးဝလက်မခံနိင်ပာူသော  ဘောထားပါရှိသည့်ကြေညာချက်တစ်ရပ်ကို ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့ အစည်း)က ယခုလ ၂၇ ရက်နေ့ နေ့စွဲဖြင့် သဘောထား ကြေညာချက်တစ်ရပ် ထုတ်ပြန်သည်။မြန်မာနိင်ငံတွင် ထင်ရှားသည့် လတ်တလောဖြစ်ရပ်မှာ အစ္စလာမ် ဘာသာဝင်များ အားဘာသာရေးကို အကြောင်းပြုကာ မင်းမဲ့စရိုက် အကြမ်းဖက်တိုက်ခိုက်မှုများ နိင်ငံ အနှံ့တွင်ဖြစ်ပေါ်နေသည်။
မတူညီသည့်ဘာသာဝင်များ အကြား သွေးထိုးလှုံ့ဆော် မှုများ အကြမ်း ဖက်သတ်ဖြတ်မှုများအား ၈၈ မျိုးဆက် အနေဖြင့် လုံးဝလက်မခံနိင်ပာူသော ဘောထားပါရှိသည့်ကြေညာချက်တစ်ရပ်ကို ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့ အစည်း)က ယခုလ ၂၇ ရက်နေ့ နေ့စွဲဖြင့် သဘောထား ကြေညာချက်တစ်ရပ် ထုတ်ပြန်သည်။
မင်းလှတွင် ဆူပူ ဖျက်ဆီးမှု ရဲတပ်ဖွဲ့ မထိန်းနိုင်
ပဲခူးတိုင်း မင်းလှမြို့တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော်လည်း ယနေ့ နေလည်အချိန်တွင် ဗလီ ၃ လုံးနှင့် မွတ်စလင်တို့၏ နေအိမ်များကို လူရာဂဏန်းခန့်က ဖျက်ဆီးနေကြောင်း သတင်းရရှိသည်။ရဲတပ်ဖွဲ့ဝင်များက သေနတ်များဖြင့်မိုးပေါ် ထောင်ဖောက် ခြောက်လှန်သော်လည်း လူစုကွဲခြင်း မရှိကြောင်း သိရသည်။
သမိုင်းတစ်လျှောက် (၄) ဂဏန်းကို တန်ဖိုးထား သုံးစွဲခဲ့သူ
သမိုင်းတစ်လျှောက် (၄) ဂဏန်းကို တန်ဖိုးထား သုံးစွဲခဲ့သူ
-----------------------------------------------------------
ယုံကြည်ရာကို အောင်မြင်မှုတွေ ရသည်အထိ ဆုံးခန်းတိုင်အောင် လျောက်လှမ်းဖို့ လိုအပ်ပါတယ် မိမိယုံကြည်မှုက မှားယွင်းနေသည့် တိုင်အောင် လမ်းမှန် ရောက်သည်အထိ ပြုပြင်လျှောက်လှမ်းသင့်ပါတယ် လမ်းမှားကို ယုံကြည်ထားမိသူအဖို့ လမ်းတစ်ဝက်မှာတင် လက်လျော့ရတယ့် အဖြစ်များစွာကြုံတွေနိုင်မှာပါ ဒီ့တော့ မိမိဘ၀တစ်လျောက်လုံး မိမိဘ၀ တိုးတက်ပြီး အောင်မြင်မှုတွေ ရရှိမယ့် ယုံကြည် ရာကို ဆုံးခန်းတိုင်အောင် လျောက်လှမ်းနိုင်ကြပါစေလို့ ဆုတောင်းရင်း (၄) ဂဏန်းအများဆုံး အသုံးပြုခဲ့သူ တစ်ယောက်အကြောင်း ဗဟုသုတ အဖြစ်ဖော်ပြလိုက်ပါတယ်။
U Know This
-----------------------------------------------------------
မိမိယုံကြည်ရာကို သေဆုံးသည်အထိ တန်ဖိုးထား ခဲ့တဲ့သူတစ်ယောက် အကြောင်း ဖတ်ရှုကြည့်ပါဦး 
၁၃၁၆ခု မေ ၁၄ ရက်နေ့မှာ မွေးဖွားခဲ့တဲ့ ဂျာမန်ဧကရစ် စတုတ္တမြောက် ချားလ်စ် ဘုရင်ဟာ သူ့ရဲ့ အင်ပါယာနိုင်ငံကြီးကို (၄)ပိုင်း ပိုင်းခြားထားတယ်၊ သူ့ရဲ့တပ်မတော်ကို တပ်မကြီး (၄)ခု ခွဲခြားတယ်၊ မြို့စား (၄)ဦး နယ်စား (၄)ဦး အမတ်ကြီး (၄)ဦး စစ်ဗိုလ်ချုပ် (၄)ဦး အကြီးအမှူး (၄)ဦး တို့ကို ခန့်အပ်စီမံတယ်၊ အဆင်မြင့်အရာရှိချုပ် (၄)ဦးကို ဦးစီးဦးဆောင်ပြု အုပ်ချုပ်တယ်၊ 
သူက မြို့တော် (၄)ခုမှာ စံမြန်း နေထိုင်တယ်၊ နန်းတော်ကြီး (၄) ခုမှာ စံမြန်းတော်မူတယ်။ အဲ့ဒီ့နန်းတော်ကြီး တစ်ခုစီမှာ အခန်းကြီး (၄)ခန်းစီနဲ့ ဖွဲ့စည်းထားတယ်၊ အခန်းတစ်ခန်း စီမှာလဲ တံခါး (၄)ပေါက်၊ စားပွဲ(၄)လုံးနဲ့ မီးပန်းဆိုင်း (၄)ခုရှိတယ်။
တစ်နေ့ကို (၄) ကြိမ် ပွဲတော်တည်တယ်။သူစားသောက်တဲ့ အစားအစာမှာ စားဖွယ် အမည် (၄)မျိုးနဲ့ ၀ိုင်အရက် (၄)မျိုးပါတယ်၊ 
သူ့ရဲ့ သရဖူမှာ စွယ် (၄)ခု ခွဲထားသလို ၀တ်ရုံတော်မှာ အရောင် (၄) ရောင် ချယ်ဖြစ်တယ်၊ သူက ဘာသာစကား (၄)မျိုး ပြောတက်တယ်၊ (၄) ကြိမ် လက်ထပ်မင်္ဂလာပြုလုပ်တယ် သူစီးတဲ့ တော်ဝင်ရထားလုံးကို မြင်း (၄) ကောင်ဆွဲစေတယ်၊ 
၁၃၇၈ခု နိုဝင်ဘာ ၂၉ရက်နေ့ (၄)နာရီ (၄)မိနစ်မှာ သူနတ်ရွာစံတော့ သူ့ရဲ့ အိပ်ရာဘေးမှာ သမားတော် ဆရာဝန် (၄)ယောက်ရှိတယ်၊ ဂွတ်ဒ်ဘိုင် လို့နောက်ဆုံးနှုတ်ဆက်စကား (၄)ကြိမ် ဆိုပြီးမှ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
http://en.wikipedia.org/wiki/Charles_IV,_Holy_Roman_Emperor
--------------------------------------------------------------
လူတိုင်းက မိမိယုံကြည်ရာကို တန်ဖိုးထားတက်ကြပါတယ်၊ ယုံကြည်ရာကို လျှောက်လှမ်းရင်း လက်လျော့ခဲ့ကြတဲ့သူတွေရှိသလို ဆုံးခန်းတိုင်အောင် လျောက်လှမ်းခဲ့ကြတဲ့ လူတွေလဲရှိကြပါတယ်၊ လက်လျော့ခဲ့တဲ့ လူတွေ အဖို့ကတော့ အားငယ်မှုတွေနဲ့ ကြုံတွေ့ပေမယ့် ဇွဲမလျော့ပဲ ကြိုးစားသူတွေ အဖို့ အောင်မြင်မှု ကျော်ကြားမှုတွေက စောင့်ကြိုနေပါလိမ့်မယ်၊ မိမိသူငယ်ချင်းတွေလဲ အောင်မြင်မှုတွေရဖို့ ဇွဲမလျော့ပဲ ကြိုးစားဖို့ အားပေးရင်း ဗဟုသုတတွေ မျှဝေကြပါစို့
U Know This
ယုံကြည်ရာကို အောင်မြင်မှုတွေ ရသည်အထိ ဆုံးခန်းတိုင်အောင် လျောက်လှမ်းဖို့ လိုအပ်ပါတယ် မိမိယုံကြည်မှုက မှားယွင်းနေသည့် တိုင်အောင် လမ်းမှန် ရောက်သည်အထိ ပြုပြင်လျှောက်လှမ်းသင့်ပါတယ် လမ်းမှားကို ယုံကြည်ထားမိသူအဖို့ လမ်းတစ်ဝက်မှာတင် လက်လျော့ရတယ့် အဖြစ်များစွာကြုံတွေနိုင်မှာပါ
ရန်ကုန်တိုင်း ဒေသကြီး အလုံမြို့နယ် အတွင်းရှိ ထော်လီကွေ့က ယာဉ်တိုက်မှု စုံစမ်းရ ခက်ခဲနေ
ရန်ကုန်၊ မတ် ၂၇။
ရန်ကုန်တိုင်း ဒေသကြီး အလုံမြို့နယ် အတွင်းရှိထော်လီကွေ့ အနီးတွင်လွန်ခဲ့သော မတ်လ ၁၇ ရက်တွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုနေသည့်ကျောင်းသားနှစ်ဦးအား ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် ယင်းအမှုသည်လက်ရှိတွင်စုံစမ်းရ ခက်ခဲနေကြောင်း ယင်းအမှုကို ကိုင်တွယ်သူ အလုံမြို့တပ်ဖွဲ့စု ၂၄ မှ ဒုရဲအုပ် ကိုအောင်မြင့်ထွန်းထံမှ သိရသည်။
ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ရဲတပ်ဖွဲ့ဝင်များ အဓိကရုန်းနှိမ်နှင်းရေး လေ့ကျင့်
မတ်(၂၇)ရက် နံနက်လင်းအားကြီး ၁ နာရီကျော်ခန့်က ရန်ကုန်မြို့တော်ခန်းမရှေ့တွင်ရဲတပ်ဖွဲ့ဝင်များအဓိက
ရုန်းနှိမ်နင်းရေးအတွက် လေ့ကျင့်ခဲ့ကြကြောင်းသတင်းရရှိပါသည်။(Photo-AFP) 
ပဲခူးတိုင်းတွင်အနောက်ခြမ်း အဓိကရုဏ်းတွေမဖြစ်ခင် ဖုန်းလိုင်းများဖြတ်တောက်ခြင်းခံရ
ပဲခူးတိုင်းတွင်အနောက်ခြမ်း အဓိကရုဏ်းတွေမဖြစ်ခင် ဖုန်းလိုင်းများဖြတ်တောက်ခြင်းခံရ
မတ်လ ၂၅ ရက်နေ့ ည ၁ဝ နာရီ ၃၆ မိနစ်က ပဲခူးတိုင်း အနောက်ဘက် စစ်ကွင်းမြို့တွင် ဗလီတစ်လုံးနှင့် အစ္စလာမ်ဘာသာဝင်ပိုင် နေရာသစ်လက်ဘက်ရည်ဆိုင်တို့ ဖျက်စီးခံခဲ့ရပါတယ်။
ဒီဖြစ်စဉ်မဖြစ်ပွားမီအချိန်က ၄င်းဒေသရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းပိုင် ဆက်သွယ်ရေးကြိုးများ ဖုန်းလိုင်းများ ဖျက်စီးခြင်းခံရကြောင်း ဆက်သွယ်ရေးဝန်ထမ်းတစ်ဦးက RFA ကို အတည်ပြုပြောကြားပါတယ်။
စစ်ကွင်းမြို့ဟာ မတ်လ ၂ဝ ရက်နေ့မှ မတ်လ ၂၇ ရက်မနက်ထိ စတင်ဖြစ်ပွားခဲ့သော အဓိကရုဏ်းဖြစ်စဉ်များတွင် အဓိကရုဏ်းမဖြစ်ပွားခင် ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ခံရသည့် ပထမဆုံးဒေသဖြစ်ပါတယ်၊
Re-Post By ACM 27-3-2013
အေးချမ်းမွန် Credit & Copy From >>RFA Burmese<< Thank
မတ်လ ၂၅ ရက်နေ့ ည ၁ဝ နာရီ ၃၆ မိနစ်က ပဲခူးတိုင်း အနောက်ဘက် စစ်ကွင်းမြို့တွင် ဗလီတစ်လုံးနှင့် အစ္စလာမ်ဘာသာဝင်ပိုင် နေရာသစ်လက်ဘက်ရည်ဆိုင်တို့ ဖျက်စီးခံခဲ့ရပါတယ်။
တရုတ်နယ်စပ် ကားဈေးကွက် မီးသတ်ကားအဝယ်လိုက်
တရုတ်နယ်စပ် ကားဈေးကွက် မီးသတ်ကားအဝယ်လိုက်
27-3-2013
E-mail Printပူပြင်းခြောက်သွေ့သည့် နွေကာလသို့ ရောက်ရှိလာချိန်တွင် မီးဘေးကာကွယ်ရန် အတွက် မြန်မာပြည် ဘက်မှ တရုတ်လုပ် မီးသတ်ကားက အဆွဲများနေသည်ဖြစ်ရာ တရုတ်နယ်စပ်ရွှေလီကားဈေးကွက်တွင် မီးသတ်ကား များ အဝယ်လိုက်နေကြောင်း ကားပွဲစားများ အဆိုအရ သိရသည် ။0101ကချင်ပြည်နယ်နှင့် မန္တလေးတိုင်းအကြား ဧရာဝတီမြစ်ရိုးတစ်လျှောက် မြို့ရွာများမှ ဒေသခံများက ၄င်းတို့ ဒေသအတွင်း အသုံးပြုရန် ကိုယ်ထူကိုယ်ထ ဝယ်ယူခြင်း ဖြစ်ကြောင်း ကားပွဲစားတစ်ဦးက သျှမ်းသံတော် ဆင့်သို့ ပြောသည် ။“ကချင်ပြည်နယ်ဆိုရင် ဗန်းမော် ၊ ရွှေကူနယ်တစ်ဝိုက်ပေါ့။ အဲဒီကနေမြစ်ရိုးတစ်လျှောက် မန္တလေး အထိပေါ့။ အဲဒီနယ်ခံတွေ အဝယ်များတယ်။ အဟောင်းရော အသစ်ရော အဝယ်လိုက်တယ် ” ဟု သူက ဆိုသည် ။မီးသတ်ကားအသစ် တစ်စီးလျှင် တရုတ်ယွမ်ငွေ တစ်သိန်းခွဲဝန်းကျင် (ကျပ်သိန်း ၂၀ဝ ကျော်) နှင့် အဟောင်း တစ်စီးလျှင် ယွမ် ၈ သောင်း ဝန်းကျင် (ကျပ်သိန်း ၁၀ဝ ကျော် ) ပေါက်ဈေး ရှိကြောင်း သိရသည် ။ကိုယ်တိုင် ကားလာဝယ်သူ ဗန်းမော်ဒေသခံ တစ်ဦးက - “ အခုဆို ရပ်ကွက်တိုင်းလိုလို ရပ်ကွက်ပိုင် မီးသတ် ကားတွေဝယ်ထားကြတယ်။ ဋ္ဌဌာနဆိုင်ရာတွေလည်း ကိုယ်ပိုင်ဝယ်တယ်။ မီးလောင်လို့ မီးသတ်ကား အလာ စောင့်နေရတာနဲ့ အကုန်လုံးပြာ ကျတဲ့အထိ ဖြစ်ဖြစ်နေလို့ ရွာတွေကအစပေါ့ဗျာ ကိုယ်ပိုင်မီးသတ်ကားတွေ ဝယ်ထားကြတယ် ” ဟု ဆိုသည် ။ယခုအခါ တရုတ်နယ်စပ် ရွှေလီကားဈေးကွက်တွင် မီးသတ်ကားအပြင် သစ်တင်ရန် တုန်းဖုန်းအမျိုး အစား ကားများ ၊ ၄ လုံးထိုးကားနှင့် ထော်လာဂျီများ အဝယ်လိုက်နေကြောင်း သိရသည် ။
သျှမ်းသံတော်ဆင့်
Re-Post By ACM 27-3-2013
အေးချမ်းမွန် Credit & Copy From >>Shan News<< Thank
27-3-2013
ပူပြင်းခြောက်သွေ့သည့် နွေကာလသို့ ရောက်ရှိလာချိန်တွင် မီးဘေးကာကွယ်ရန် အတွက် မြန်မာပြည် ဘက်မှ တရုတ်လုပ် မီးသတ်ကားက အဆွဲများနေသည်ဖြစ်ရာ တရုတ်နယ်စပ်ရွှေလီကားဈေးကွက်တွ မီးသတ်ကား များ အဝယ်လိုက်နေကြောင်း ကားပွဲစားများ အဆိုအရ သိရသည်။
ကြိုတင်ကြံစည်ခဲ့တဲ့ အကြမ်းဖက်မှုတွေဖြစ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး မစ္စတာနမ်ဘီယားပြော
မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ အစီအစဉ်ရှိရှိနဲ့ စနစ်တကျ ကျွမ်းကျွမ်းကျင်ကျင် ကျူးလွန်
သွားခဲ့တာဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး မစ္စတာ Vijay Nambiar က ပြောလိုက်ပါတယ်။ ထိုင်းနိုင်ငံ ကုလသမဂ္ဂ ဌာနချုပ်မှာ သတင်းထောက်တွေကို ပြောကြားခဲ့
တာပါ။
့မြန်မာနိင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးဆိုင်ရာအဖွဲ့ကြီး ၄ဖွဲ့မှ မြန်မာမွတ်စလင်မ် များ အသက်အိုးအိမ်လုံခြုံမှု ကင်းမဲ့နေမှု အတွက် အကာ အကွယ်ပြုပေးပါရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံသို့ အိတ်ဖွင့်ပေးပို့
့မြန်မာနိင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးဆိုင်ရာအဖွဲ့ကြီးက မြန်မာမွတ်စလင်မ် များ အသက်အိုးအိမ်လုံခြုံမှု ကင်းမဲ့နေမှု အတွက် အကာ အကွယ်ပြုပေးပါရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံသို့ အိတ်ဖွင့်ပေးစာတစ်ရပ်ကို ယခုလ ၂၆ ရက်နေ့နေ့စွဲဖြင့်ပေးပို့သည်။
့
အိတ်ဖွင့်ပေးစာတွင် မြန်မာမွတ်စလင်မ်တို့၏ အသက်အိုးအိမ် စည်းစိမ် နှင့် ဘာသာရေး ၀တ်ကျောင်းတော်များ လုံခြုံရေး အခြေအနေသည် ရန်ကုန်မြို့အထိတိုင် လုံခြုံမူမရှိတော့ကြောင်း၊(အစ္စလာမ်ဘာသာဝင်များအား)အကြမ်းဖက်မှုများမှာ မိမိကိုယ်မိမိ ခုခံကာကွယ်ပိုင်ခွင့် ဥပဒေအရ (အကြမ်းဖက်သူအား)သေစေသည် အထိ ပာန့်တားဆောင်ရွက်နိင်သည့် ပြစ်မှုများ ပါဝင်ခြင်း၊ထိုသို့ အကြမ်းဖက်လုပ်ရပ်များကို ပာန့်တားရမည့် တာဝန်ရှိသူ အာဏာပိုင်များ က ထိရောက်စွာပာန့်တား ကာကွယ်ပေးမူပျက်ကွက်ကြောင်း၊ ထို့ အတွက်ကြောင့် မြန်မာနိင်ငံ တ၀ှမ်းရှိ အစ္စလာမ်ဘာသာဝင်များ၏ အသက် အိုးအိမ် စည်းစိမ်နှင့် သာသနိက အဆောက် အအုံများကို ကာကွယ်ပေးပါရန်နှင့် နိင်ငံတော် သတင်းထုတ်ပြချက် အမှတ် (ရ/၂၀၁၃)ကို အမြန်ဆုံး အကောင် အထည်ဖေါ်ပေးပါရန် ပာုဆိုကာ အစ္စလမ်ဘာရေးအဖွဲ့ ၄ ဖွဲ့က စုပေါင်းလက်မှတ်ရေးထိုး တောင်းဆိုထားသည်။
့မြန်မာနိင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးဆိုင်ရာအဖွဲ့ကြီးက မြန်မာမွတ်စလင်မ် များ အသက်အိုးအိမ်
လုံခြုံမှု ကင်းမဲ့နေမှု အတွက် အကာ အကွယ်ပြုပေးပါရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံသို့ အိတ်ဖွင့်ပေး
စာတစ်ရပ်ကို ယခုလ ၂၆ ရက်နေ့နေ့စွဲဖြင့်ပေးပို့သည်။
နတ်တလင်းမြို့နယ်တွင် ကောလဟာလများကြောင့် ရဲနှင့်တပ်တို့ ရွှေ့လျား လုံခြုံရေးယူနေရ
ဗုဒ္ဓဟူးနေ့၊ မတ်လ ၂၇ ရက် ၂၀၁၃ ခုနှစ် 
နတ်တလင်းမြို့နယ်တွင်အဓိကရုဏ်းဖစ်စေမည့်ကာလဟာလများကြောင့်ရဲလုံခြုံရေးများနှင့် စစ်တပ်တို့မှ ရွှေ့လျား လုံခြုံရေးယူနေရကြောင်း နတ်တလင်းမြို့နယ် ရဲစခန်းမှ သိရသည်။ထိုသို့ လုံခြုံရေးယူရခြင်းမှာ မီးရှု့မည်ဟု သတင်းများ ထွက်ပေါ်နေခြင်းကြောင့် ဖြစ်ကြောင်း နတ်တလင်း မြို့နယ်ရဲစခန်းမှ ဒုရဲအုပ်တဦးက ပြောသည်။
ပဲခူးတိုင်း ဒေသကြီး အနောက်ဘက်ခြမ်းရှိ အုတ်ဖို့မြို့ရှိ အစ္စလာမ် ဘာသာဝင်များ၏ နေအိမ်၊ ဆိုင်ခန်းများ ယနေ့နေ့လည်ပိုင်းကဖျက်ဆီးခံရ( မတ်လ ၂၇ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်)
ပဲခူးတိုင်း ဒေသကြီး အနောက်ဘက်ခြမ်းရှိ အုတ်ဖို့မြို့လယ်တွင် ရှိသော အစ္စလာမ် ဘာသာဝင်များ၏ နေအိမ်၊ ဆိုင်ခန်းများကို အင်အား(၄၀၀) ခန့်ရှိသော လူတစ်စုက ၀င်ရောက် ဖျက်ဆီးခြင်းများ လုပ်ဆောင်ခြင်းကို လုံခြုံရေး တာဝန်ရှိသူများက ပစ်မိန့်ပေး ဖြိုခွင်းခဲ့သောကြောင့် လူစု ကွဲသွားကြောင်း အုတ်ဖိုမြို့သို့ ရောက်ရှိနေသော Eleven Media Group သတင်းထောက်က ပြောပါသည်။ အဆိုပါ လူစု၏ ဖျက်ဆီးမှုကြောင့် ဗလီ တစ်လုံးနှင့် နေအိမ်သုံးလုံး ပျက်စီးသွားကြောင်း သိရသည်။
နတ္တလင်းမြို့ပေါ်သို့တုတ်၊ ဓား လက်နက် ကိုင်ဆောင်ဝင်ရောက်လာသူများကို လုံခြုံရေး အဖွဲ့မှတားဆီးလိုက်ရ
နတ္တလင်းမြို့ပေါ်သို့ ကျေးရွာအချို့မှ တက်လာသည့် လူတစ်စုအား မြို့အ၀င်တွင် လုံခြုံရေး အဖွဲ့မှ တားဆီးထားကြောင်း မတ်လ ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီ ၅၀ မိနစ် ၀န်းကျင်က သတင်းရရှိသည်။ နတ္တလင်းမြို့ အနီးအနားရှိ ကျေးရွာအချို့မှ လူစု၍ တုတ်၊ ဓား လက်နက် ကိုင်ဆောင်ကာ နတ္တလင်းမြို့ပေါ်သို့ တက်လာကြောင်း၊ လုံခြုံရေး အဖွဲ့မှ နတ္တလင်း အေးငြိမ်းသာ မြို့သစ်အ၀င်တွင် တားဆီးထားခြင်း ဖြစ်ကြောင်း သိရသည်။
“မြန်မာအစိုးရအဖွဲ့၏ ဆောင်ရွက်မှုအားနည်းချက်ကြောင့် အကြမ်းဖက်မှုများ ဆက်တိုက်ဖြစ်ပွားရကြောင်း (OIC) အထွေထွေအတွင်းရေးမှူး Professor Ekmeleddin Ihsanoglu ပြောကြား”
“မြန်မာအစိုးရအဖွဲ့၏ ဆောင်ရွက်မှုအားနည်းချက်ကြောင့် အကြမ်းဖက်မှုများ ဆက်တိုက်ဖြစ်ပွားရကြောင်း (OIC) အထွေထွေအတွင်းရေးမှူး Professor Ekmeleddin Ihsanoglu ပြောကြား”
ကမ္ဘာ့အစ္စလာမ်ဘာသာဝင်နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(OIC) အထွေထွေအတွင်းရေးမှူး Professor Ekmeleddin Ihsanoglu က ၂ဝ၁၃ခုနှစ် မတ်လ(၂၃)ရက် တနင်္ဂနွေနေ့မှာ အစွန်းရောက်ဗုဒ္ဓဝါဒီတွေရဲ့ ကျယ်ပြန့်လာတဲ့ အကြမ်းဖက်မှုများနှင့်ပတ်သက်၍ လွန်စွာမှစိုးရိမ်သောက
ဖြစ်ရကြောင်း ပြောကြားလိုက်ပါသည်။
မြန်မာနိုင်ငံ အနောက်ဘက်ခြမ်း ရခိုင်ပြည်နယ်က စတင်ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုများဟာ ရပ်တန့်မှုမရှိဘဲ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ အခြားမြို့များကို ပျံ့နှံ့သွားကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့မှာ လူနေအိမ်များ၊ ဈေးဆိုင်ခန်းများ၊ ကျောင်းများနှင့် ဗလီ(၈)လုံး မီးလောင်တိုက်သွင်းခြင်းခံခဲ့ရပြီး ရာပေါင်း
များစွာသောလူများ ထွက်ပြေးနေရကြောင်း၊ မွတ်စ်လင်မ်အမြောက်အမြား သေကြေခဲ့ရကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းသည် လုံးဝလက်ခံနိုင်ဖွယ်
မရှိကြောင်း၊ ပြီးခဲ့တဲ့နွေရာသီကနေ အခုအချိန်အထိ ဖြစ်ပွားနေတဲ့ လူမျိုးရေး ပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်းရာမှာ အားနည်းခြင်းများရှိနေကြောင်း ကမ္ဘာ့ရိုဟင်ဂျာဗဟိုဌာန the Global Rohingya Centre (GRC) ဖွင့်ပွဲအခမ်းအနားတွင် Professor Ekmeleddin Ihsanoglu က ပြောကြားခဲ့ခြင်းဖြစ်ပါသည်။
မြန်မာနိုင်ငံသားများ၏ အသက်အိုးအိမ်စည်းစိမ်များကို ချွင်းချက်မရှိ ကာကွယ်စောင့်ရှောက်မှု ပြုပေးရန်နှင့် နိုင်ငံတော်အစိုးရ အာဏာပိုင်များ
အနေဖြင့် ပဋိပက္ခ၏ ဇစ်မြစ်ကို တာဝန်ယူဖော်ထုတ်ပေးရန်လည်း Professor Ekmeleddin Ihsanoglu က တောင်းဆိုလိုက်သည်။
ကမ္ဘာ့အစ္စလာမ်ဘာသာဝင်နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(OIC) အထွေထွေအတွင်းရေးမှူး Professor Ekmeleddin Ihsanoglu က ၂ဝ၁၃ခုနှစ် မတ်လ(၂၃)ရက် တနင်္ဂနွေနေ့မှာ အစွန်းရောက်ဗုဒ္ဓဝါဒီတွေရဲ့ ကျယ်ပြန့်လာတဲ့ အကြမ်းဖက်မှုများနှင့်ပတ်သက်၍ လွန်စွာမှစိုးရိမ်သောက
ဖြစ်ရကြောင်း ပြောကြားလိုက်ပါသည်။
နေပြည်တော်တွင်ကျင်းပပြုလုပ်သော ၆၈ နှစ်မြောက်တပ်မတော်နေ့အခမ်းအနား မြင့်ကွင်များ (သတင်း/ဓာတ်ပုံ)
လွန်ခဲ့တဲ့ (25) ထဲက၊ ဘာကိုတောင်းဆိုခဲ့ကြတာလဲ? တကယ်ဆို ဒီလိုမြင်ကွင်းမျိုး မြင်ခွင့်ရဖို့ အတွက်၊အသက်တွေ စတေးခဲ့ကြ၊ ထောင်နန်းစံခဲ့ကြ၊  ဘ၀တွေကို ပုံစံအမျိုးမျိုးနဲ့  ရင်းခဲ့ကြရတာ၊၊ ဒီအချိန် အထိ မစည်းလုံးမညီညွတ် နိုင်ကြပဲ၊ တိုင်းပြည်ဖွံ့ ဖြိုးတိုးတက်ဖို့  ဖြောင့်ဖြောင့်မကြိုးစားနိုင်ကြသေးဘူးဆိုရင်တော့ စတေးခဲ့ကြရတာမတန်ဘူးဆိုရမှာပဲ၊၊ ဒီအမယ်အို နောက်ထပ် ဘယ်နှစ်နှစ်အလုပ်လုပ်နိုင်မယ် ထင်ကြလဲ၊၊ ဒီလိုအာဇာနည်အမျိုးသမီးလို သူ့ ခြေရာရနင်းမယ့်သူ ဘယ်နှစ်ယောက်လောက်များ ရှိနိုင်မယ်ထင်ကြလဲ၊၊
နေပြည်တော်တွင်ကျင်းပပြုလုပ်သော ၆၈ နှစ်မြောက်တပ်မတော်နေ့အခမ်းအနား မြင့်ကွင်များကိုစုစည်းဖော်ပြပေးလိုက်ပါတယ်။ မြန်မာ့တပ်မတော် စတင်ဖွဲ့စည်းစဉ်ကထဲက တပ်မတော်သည် နိုင်ငံတော်အတွက် ဖြစ်ရမယ်ဆိုတဲ့ တိုင်းပြည်ချစ်စိတ်၊ နိုင်ငံချစ်စိတ်နဲ့ ဆောင်ရွက်ခဲ့ကြတာဖြစ်တယ်။
" တပေါင်းလပြည့်နှင့် ပက်သက်၍ သိသင့်ဖွယ်များ "
" တပေါင်းလပြည့်နှင့် ပက်သက်၍ သိသင့်ဖွယ်များ "
ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့အနေဖြင့် တပေါင်းလပြည့်နေ့နှင့် ပက်သက်၍ သာသနာသမိုင်းဆိုင်ရာ အဖြစ်အပျက်များ၊ ဗုဒ္ဓ၀င် အကြောင်းအရာများ များပြားစွာ ရှိခဲ့သလို ယနေ့အချိန်အထိလည်း ရှိနေဆဲဟုပင် ဆိုရပါမည်။ အဘယ့်ကြောင့် ဆိုသော် မြန်မာပြည် အထက်ပိုင်း အောက်ပိုင်း အပါအ၀င် တနိုင်ငံလုံးတွင် မအေးလွန်း မပူလွန်းသော တပေါင်းလပြည့် နေ့၌ ဘုရားပွဲ၊ အလှူပွဲ၊ ထီးတော်တင်ပွဲ၊ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ၊ ဓမ္မပူဇာတရားပွဲ၊ ၀ိပဿနာ ဆယ်ရက်တရားစခန်းပွဲ စသည်ဖြင့် အမျိုးပေါင်းစုံလင်သော ကုသိုလ်ကောင်းမှုပွဲတော်များကို ဘိုးဘေးဘီဘင် လက်ထက်များကတည်းက နေရာ အနှံ့ ကျင်းပလေ့ရှိခဲ့ကြပြီး ယနေ့အထိတိုင် ကုသိုလ်ကောင်းမှုများ ကြိုးစားနေကြသည်ကို တွေ့မြင်ရသည်မှာကြည်နူး စရာအတိ ဖြစ်ပါသည်။
ထို့ကြောင့်လည်း ဗုဒ္ဓမြတ်စွာ၏ ဖွားဖက်တော်ဖြစ်သော ကာဠုဒါယီအမတ်သည် ရဟန္တာဖြစ်ပြီး၍ အေးချမ်းစွာ နေလို သော် လည်း ခမည်းတော် သုဒ္ဓေါဒနမင်းကြီးအား ပေးခဲ့သော ကတိစကားဖြင့် တပေါင်းလ၏ သာယာပုံ၊ ရာသီ ဥတု မျှတပုံ၊ သစ်ပင်ပန်းမာန်များ ရွက်ဟောင်းကြွေကာ ရွက်နုရွက်သစ်ဝေနေကြပုံ၊ ကျေးငှက်သာရကာ မျိုးစုံတို့သည် လည်း ပွင့်လင်း ရာသီဖြစ်သောကြောင့် အမြဲမပြတ်တွန်ကြူးသီဆိုနေကြပုံ စသဖြင့် ဂါထာပေါင်း ( ၆၄ ) သီကုံးကာ ရဟန္တာ တပါးပီပီ ဖွဲ့နွဲ့ လျောက်ထားခဲ့သောကြောင့် ဘုရားရှင်သည် မွေးရပ်ဋ္ဌာနီ ကပိလ၀တ်ပြည်သို့ ကြွတော်မူရန် စိတ်ပိုင်းဖြတ် တော်မူခဲ့သည်။
( စကားချပ်= အမှန်မှာ မဟာဗုဒ္ဓ၀င်တွင် ကာဠုဒါယီမထေရ်က ၆၄ ဂါထာတို့ဖြင့် လျောက်ထားသော်လည်း အဋ္ဌကထာ ဋီကာများ၌ အလွယ်မှတ်နိုင်စေရန် ဂါထာ ( ၆၀ ) ဟုသာ ရေတွက်ကြသတတ် )
ထိုသို့ လျောက်ထားသော အချိန်ကား ဗုဒ္ဓမြတ်စွာသည် သဗ္ဗညုတဘုရားစင်စစ် ဧကန်ဖြစ်ပြီး၍ လအနည်းငယ်သာ လွန်ပြီး သော မဟာသက္ကရာဇ် (၁၀၃) ခုနှစ်၏ တပေါင်းလ မပြည့်ခင် ဖြစ်ပါသည်၊ ( မဟာသက္ကရာဇ် (၁၀၃) ခု၊ ကဆုန်လပြည့် တွင် ဘုရားဖြစ်တော်မူပြီး တပိုတွဲလပြည့်နေ့တွင် သြ၀ါဒပါတိမောက်ပြတော်မူကာ အဂ္ဂသာဝကနှစ်ပါးအား လက်ဝဲ လက်ယာ အဂ္ဂသာဝကရာထူး အပ်နှင်းတော်မူခဲ့သည် )
တပေါင်းလပြည့်နှင့် ပက်သက်၍ သိသင့်ဖွယ်များ
၁။ တပေါင်းလပြည့်နေ့ကို ဗုဒ္ဓပြည်တော်ဝင် အခါတော်နေ့အဖြစ် ကျင်းပရခြင်းမှာ ထိုနေ့တွင် ကာဠုဒါယီမထေရ်က ကပိလ၀တ်နေပြည်တော်သို့ ကြွရောက်တော်မူရန် လျှောက်ထားသည်ကို အကြောင်းပြု၍ ကျင်းပရခြင်း ဖြစ်သည်။
၂။ ထိုအချိန်က မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေထိုင်ကာ အင်္ဂတိုင်းသားနှင့် မဂဓတိုင်းသားများကို တရားရေအေး တိုက်ကျွေးလျက်ရှိပြီး ၀ါတွင်းသုံးလအတွင်း ဥရုဝေလကဿပညီနောင် ၃- ယောက် နှင့် နောက်ပါအခြံအရံ ရသေ့ပုရဗိုဇ်ပေါင်း ( ၁၀၀၀ ) ကို ဧဟိဘိက္ခု ရဟန္တာများ ဖြစ်စေကာ သာသနာ့ဘောင်သို့ သွတ်သွင်းပြီးချိန်ဖြစ်သည်။
၃။ ထိုကြည်ညိုဖွယ် ၀မ်းသာဖွယ်သတင်းစကားများကို ခမည်းတော် သုဒ္ဓေါဒနမင်းကြီး ကြားသိရာ ခေါင်းဆောင်အမတ် ၁၀-ဦးတို့ကို နောက်ပါအခြံ အရံ တထောင်စီဖြင့် ၁၀-ကြိမ်ခွဲကာ မြတ်စွာဘုရားကိုပင့်ရန် ရာဇဂြိုဟ်သို့ စေလွှတ်လိုက် သည်။ နောက်ဆုံးအသုတ်ကို ဖွားဖက်တော်ကာဠုဒါယီအမတ်ကြီးကို ခေါင်းဆောင်စေကာ လွှတ်လိုက်ပြီး မြတ်စွာဘုရား နှင့်တွေ့၍ တရားနာရသောအခါ ကပိလ၀တ်သို့ မပြန်ကြတော့ဘဲ ဘုရားပင့်သွားသူအားလုံး တယောက်မကျန် သာသနာ့ ဘောင်သို့ ၀င်ရောက်ပြီးဧဟိဘိက္ခုရဟန္တာတွေချည်းဖြစ်ကုန်ကြသည်။
၎။ ရဟန္တာဖြစ်ပြီးနောက် ကာဠုဒါယီမထေရ်က ကတိပေးခဲ့သော တာဝန်ကို ကျေပွန်စေရန် တပေါင်းလ၏ သာယာပုံကို ဂါထာပေါင်း ၆၄- ဂါထာသီကုံး၍ ခမည်းတော်၏ကျေးဇူးကို ဆပ်သောအားဖြင့် ဖွားရာဇာတိ ကပိလ၀တ်နေပြည်တော်သို့ ကြွချိန် တန်ြ ပြီ ဖ စ်ေ ကြာင်းလျှောက်ထားခဲ့သည်။
၅။ ကာဠုဒါယီမထေရ်၏ လျှောက်ထားချက်အရ မြတ်စွာဘုရားသည် ( ရသေ့ညီနောင်မှ ရဟန္တာ ၁ သောင်း၊ ကပိလ၀တ်မှ ဘုရားပင့်လာသော ရဟန္တာ ၁ သောင်း အားဖြင့် ) စုစုပေါင်း ရဟန္တာပေါင်း ၂ -သောင်း ) ခြံရံလျက် မဟာသက္ကရာဇ် ၁၀၃-ခု တပေါင်းလပြည့်ကျော် ၁-ရက်နေ့တွင် ရာဇဂြိုဟ်မြို့မှ ယူဇနာ ၆၀-ဝေးကွာသော ကပိလ၀တ်ပြည်တော်သို့ တနေ့လျှင် ၁-ယူဇနာခရီးဖြင့် ရက်ပေါင်း ၆၀- (၂-လကြာ) အတုရိတဒေသစာရီ- မနှေးမမြန်လွန်းသော ကြွချီနည်းဖြင့် ကြွချီတော်မူ ခဲ့ သည်။
ကပိလ၀တ်ရွှေနန်းတော်မှ ဘုရားရှင်ကြိုဆိုပွဲ
၁။ ကပိလ၀တ်မြို့တော်သို့ ရောက်ခါစမှာပင် မာနထောင်လွှားနေကြသော သာကီဝင်ဆွေ မျိုးအပေါင်း တို့အား မာန ကျ စေရန်အလို့ငှါ ဘုရားဆိုသည်မှာ ဘယ်လို ပုံသဏ္ဍာန်ရှိသည်၊ အဘယ်ကဲ့သို့ ကြည်ညိုစရာကောင်းသည်၊ အဘယ်သို့ သော အစွမ်း အစ အရည်အချင်းမျိုး၊ တန်ခိုးမျိုးတို့နှင့် ပြည့်စုံသည်ကို သိရှိစေရန် အထက်အာကာသ ကောင်းကင်ယံတွင် ရတနာ စင်္ကြံတော်ကို ဖန်ဆင်းတော်မူကာ သြဒါတကသိုဏ်းလျင် အာရုံရှိသော စတုတ္ထဈာန်သမာပတ် ကို ၀င်စားတော် မူပြီး တလောကလုံး အဖြူရောင် အလင်းရောင်များ ဖြစ်စေသ တည်း ဟု အဓိဋ္ဌာန်တော် မူကာ ရေမီးအစုံ အစုံသော တန်ခိုးပြာဋိဟာတို့ကို ပြတော်မူသည်။
၂။ စကြာဝဠာ တိုက်အပေါင်းမှ နဂါး ဂဠုန် ဂုမ္ဘာန် ယက္ခ ဂန္ဓဗ္ဗများနှင့်တကွ နတ်ဗြဟ္မာများကလည်း မန္ဒာရ၀ နတ်ပန်း၊ ပဒုမ္မာကြာပန်း၊ ပင်လယ်ကသစ်ပန်း တို့ဖြင့် ပူဇော်ကြကာ“ မြတ်စွာဘုရားသည် တလောကလုံးအတွက် အကျိုးစီးပွား ကို ဆောင် ရွက်တော်မူပါပေသည်၊ အလွန်ကြည်ညိုဖွယ် အံ့သြဖွယ် ကောင်းပါပေစွ ” ဟု သြဘာသံဘ၀ဂ်ညံေ အာင် ကောင်းချီး ထောမနာပြုကြသည်။
၃။ ထိုအချိန်မှာပင် အရှင်သာရိပုတ္တရာ အရှင်မောဂ္ဂလာန်တို့သည်လည်း ကောင်းကင်ယံမှ ကြွချီလာကာ Biography Of The Buddha ဘုရားရှင်တပါး၏ အကြောင်းအတ္ထုပ္ပတ်ကို ဘုရားရှင်ကိုယ်တော်တိုင် ဟောပြမှသာလျင် ပြည့်စုံစွာ သိရှိနိုင် မှာ ဖြစ်ေ သာေ ကြာင့် ဟောကြားတော်မူပါရန် လျောက်ထားသောအခါ သာကီဝင်မင်းမျိုးအားလုံးတို့ ကြည်ညိုနေစဉ် ကပိလ၀တ်ေ နပြည် တော်၏ ကောင်းကင်ယံ၌ပင် ဘုရားဖြစ်တော်စဉ် မဟာဗုဒ္ဓ၀င်အကြောင်းကို ဟောကြားတော်မူ သည်။
၎။ ဗုဒ္ဓ၀င် ဟူသည် ဗုဒ္ဓ၀ံသ ပါဠိစကားဖြစ်ပြီး ( ဗုဒ္ဓ - ဘုရားရှင်တို့၏၊ ၀ံသ - အနွယ်တော်၊ မျိုးရိုး ) ထို့ကြောင့် ဘုရားရှင် တို့၏ ဘ၀၊ အနွယ် တော်အကြောင်း၊ မျိုးရိုးအကြောင်းတို့ကို ဖော်ပြထားခြင်းကို ဗုဒ္ဓ၀င် ဟု ခေါ်ဆိုရသည်။ ဤနေရာ၌ ဂေါတမ ဘုရားရှင်၏ ဘ၀အကြောင်းကို ဂေါတမဗုဒ္ဓ၀င် ဟု ခေါ်ဆိုနိုင်ပါသည်။ ဂါထာပေါင်း ( ၉၅၁ ) ဂါထာတို့ဖြင့် တန်ဆာ ဆင်အပ်သော ( အဋ္ဌကထာဆရာ၊ ဋီကာဆရာ၊ ရဟန္တာမထေရ်တို့ သီကုံးအပ်သော ဂါထာတို့နှင့်ပေါင်းလျင် ဂါထာပေါင်း ( ၁၀၇၀ ) တို့ဖြင့် ဖော်ပြထားသော ဂေါတမဘုရားရှင်၏ အတ္ထုပ္ပတ်ကို ထိုအခါ ဗုဒ္ဓမြတ်စွာကိုယ်တိုင် ဟောကြားတော်မူ ခဲ့သောကြောင့် ယခုအခါ ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော်ကြီး ရေးသားထားသော မဟာဗုဒ္ဓ၀င် စာအုပ်ကြီးများကို ဂေါတမဗုဒ္ဓ၀င် ဟု မှတ်သားရပါမည်။
၅။ ဗုဒ္ဓဖြစ်တော်စဉ် ဗုဒ္ဓ၀င်အကြောင်းကို ဟောကြားတော်မူစဉ်ပင် နတ်ဗြဟ္မာများက ပေါက္ခရ၀ဿမိုး ရွာသွန်းဖြိုးစေ သောကြောင့် သာကီဝင်များမှာ အံ့သြဘနန်းဖြစ်ပြီး မာနများချကာ ရှိခိုး ကန်တော့ကြတော့သည်၊ ( ပေါက္ခရ၀ဿမိုး ဟူသည် ကောင်းကင်ယံတွင် ကြာရွက်ပမာဏ တိမ်တိုက်များ တက်လာပြီး ပရိသတ်တွင်းမှ ရေစိုလိုသူကို စိုစေပြီး မစိုစွတ်လိုသူကို မစိုစေသော ကွက်ကြား ကွက်ကြား ရွာသော မိုး ဖြစ်သည် )
၆။ ထိုမိုးအကြောင်းနှင့် စပ်၍ ယခုအခါသာ မဟုတ်သေး၊ ပါရမီဖြည့်စဉ်ကာလ ဝေဿန္တရာမင်းကြီး ဘ၀ကလည်း ရွာခဲ့ ဖူးကြောင်း ဟောလိုရကား ဂါထာပေါင်း ( ၁၀၀၀ ) တို့ဖြင့် တန်ဆာဆင်အပ်သော ဝေဿန္တရာဇာတ်ေ တ်ာကြီးကို ဟော တော်မူပြန်သည်။ ဤသည်တို့ကား ဘုရားရှင် ကပိလ၀တ်နန်းတော် ကြွရောက်စဉ်က အခြေအနေမြင်ကွင်းများ ဖြစ်ပါ သည်။
ကပိလ၀တ်နှင့် ပက်သက်၍ ဖြစ်ပေါ်လာသော အကျိုးဆက်များ
၁။ နောက်တစ်နေ့တွင် ကပိလ၀တ်မြို့အတွင်း ဆွမ်းခံဝင်တော်မူစဉ် “ဥတ္တိဋ္ဌေ န ပမဇ္ဇေယျ ”စသော ဂါထာကို ကြားနာရ၍ ဖခင် သုဒ္ဓေါဒန မင်းကြီး သောတာပန် တည်ခဲ့သည်။
၂။ နောက်တကြိမ်တွင် “ ဓမ္မံ စရေ သုစရိတံ၊ န နံ ဒုစ္စရိတံ စရေ” စသော ဂါထာတပုဒ်တည်းဖြင့် ဖခင်ဘုရင်ကြီးကို သကဒါဂါမ် ဖြစ်စေပြီး မိထွေးတော် မဟာပဇာပတိဂေါတမီ ကို သောတာပန် တည်စေကာ နိဂြောဓာရုံ ကျောင်းတိုက် ကြီးလဲ ပေါ်ထွန်း လာခဲ့သည်။
၃။ နောင်အခါတွင် မိထွေးတော် ဂေါတမီသည် အမျိုးသမီးထုအားလုံး၏ ရှေ့ဆောင်လမ်းပြ အဖြစ် ဘိက္ခုနီသာသနာကို ခက်ခက်ခဲခဲ ပင်ပင် ပန်းပန်း တည်ထောင်ခဲ့ကာ သာသနာပြုခဲ့သည်။
၎။ “ တရားပြည့်ဝနေပါက ငယ်ငယ်ရွယ်ရွယ်နှင့် သေရိုးထုံးစံ မရှိ” ဟူသော စကားနှင့် စပ်၍ ဖခင်ဘုရင်ကြီးအား မဟာ ဓမ္မပါလဇာတ်တော်ကြီးကို ဟောကြားကာ တတိယမဂ်ဖိုလ်အဆင့် အနာဂါမ်တည်စေခဲ့ပြန်သည်၊ နောက်ပိုင်း လူဝတ် ကြောင် ဖြင့်ပင် ရဟန္တာဖြစ်ကာ (၇) ရက်အတွင်း ပရိနိဗ္ဗာန်စံခဲ့ရသည်။
နောက်တစ်ရက်တွင် ကပိလ၀တ်မြို့တော်အတွင်းသို့ ဆွမ်ခံဝင်လာသော မြတ်စွာဘုရားအား ယသော်ဓရာနှင့် သားတော် ရာဟုလာ နန်းတော်လေသာဆောင်မှ ဖူးမြှော်နေကြပုံ
၅။ ပါရမီဖြည့်ဖက် ယသော်ဓရာသည် ဘုရားရှင်အထံ ဖူးမျှော်ရန် မလာသောကြောင့် အဂ္ဂသာဝကနှစ်ပါးကို နောက်လိုက် အဖြစ်ခေါ်ဆောင်ကာ ကိုယ်တော်တိုင် တိုက်ခန်းအထိ ကြွတော်မူပြီး မယ်ယသော် ၏ မိမိလင်သားအပေါ် သစ္စာစောင့် စည်းပုံနှင့် စပ်၍ စန္ဒကိန္နရီ ဇာတ်တော်ကြီးကို ဟောကြားတော်မူခဲ့သည်။
၆။ နောင်အခါ ဇနပဒကလျာဏီ၊ နန္ဒမင်းသား၊ သားတော်ရာဟုလာ၊ ယသော်ဓရာနှင့် မဟာနာမ်မင်းသား၊ အနုရုဒ္ဓါမင်းသား၊ ကိမိလမင်းသားစသော နန်းညွန့်နန်းလျာအားလုံး သာသနာ့ဘောင် ၀င်ရောက်ကာ ရဟန္တာဖြစ်ကြသည်။
၇။ သာကီဝင်တစ်မျိုးလုံး နန်းတော်တွင် ဆိတ်သုဉ်းခြောက်ကပ်သွားပြီး လူသူကင်းမဲ့သော အခြေအနေထိ ဖြစ်ခဲ့ရသည်၊ ဘုရားရှင်သည် မယ်တော်မာယာဒေ၀ီအပေါ်၌လည်း မွေးကျေးဇူး ပေးဆပ်လိုသောကြောင့် တာဝတိံသာနတ်ပြည် အထိ တက်ကာ အဘိဓမ္မာပဋ္ဌာန်းတရားကို ဟောကြားပြီး မယ်တော်နတ်သားကို သောတာပန်တည်စေခဲ့သောကြောင့် မွေးကျေး ဇူးကျေအောင် ပေးဆပ်ခဲ့သည် ဟု ဆိုရပါမည်။
၈။ ကာဠုဒါယီမထေရ်သည် ရဟန္တာဖြစ်ပြီးနောက်ပိုင်း ဘုရားရှင် တပေါင်းလပြည့်ကျော် ၁ရက်နေ့တွင် ရာဇဂြိုလ်မှထွက် ကာ ကပိလ၀တ်သို့ ကြွနေဆဲ (၂) အတွင်းမှာ ဘုရင်သုဒ္ဓေါဒန မင်းကြီးအား “ ဘုရားရှင် ကပိလ၀တ်ရွှေနန်းတော်သို့ ကြွလာပြီဖြ စ်ကြောင်း၊ ယနေ့ ဘယ်အရပ်ဒေသ၊ ဘယ်တိုင်းပြည်၊ ဘယ်မြို့ရွာ သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သတင်းစကား ပြန်ကြားပေးရန် ဈာန်အဘိညာဉ်တန်ခိုးဖြင့် ကပိလ၀တ်ပြည် သို့ ကြွလာကာ ဆွမ်းဘုန်းပေးတော်မူသည်၊ ပြန်ကြွလျင် လည်း ဘုရားရှင်သုံးေ ဆာင်တော်မူရန် ဆွမ်းသပိတ်ဖြင့် လူအများမြင်စဉ်ပင် ကောင်းကင်ခရီးဖြင့် သယ်ဆောင်ကာ နေ့စဉ်နေ့တိုင်း နှစ်လတိတိ ဆွေတော်မျိုးတော်သာကီဝင်တို့အား ချီးမြှောက်ပေးခဲ့သည်။
ထို့ကြောင့်ပင် နောင်အခါ ဗုဒ္ဓမြတ်စွာသည် ရဟန်းတော်တို့အား ဧတဒဂ်ဘွဲ့ထူး ချီးမြှောက်တော်မူသောအခါ ဆွေမျိုးဒကာ ဒါယိကာမတို့အား ကြည်ညိုစေရန် စည်းရုံးနိုင်သူတို့တွင် ဖွားဖက်တော် ကာဠုဒါယီမထေရ်သည် အမြတ်ဆုံး အသာဆုံး ဖြစ်ပါပေ သည် ဟု ကုလပ္ပသာဒ ( ကုလ - ဆွေမျိုးတို့အား၊ ပသာဒ - ကြည်ညိုစေခြင်း ) အရာတွင် ဧတဒဂ်ဘွဲ့ထူးဖြင့် ချီးမြောက်တော် မူခဲ့သည်။
တပေါင်းလဖွဲ့ နှင့်စပ်၍ ရှင်အုန်းညို ရေးသားခဲ့သော ဂါထာခြောက်ဆယ်ပျို့မှ စာပိုဒ်
လူ့ဘုံသုံးပါး၊ အထွတ်ထား၍၊ တရားရသာ၊ မြိုက်သြဇာဖြင့်၊ သတ္တ၀ါလူ၊ ခမ်းသိမ်းသူကို၊ ဆယ်ယူကယ်နိုင်၊ ရွှေပြည်ခိုင်သို့၊ တိုင်တိုင်ဘေးလွတ်၊ ပို့ပေးတတ်သည်၊ လူနတ်ဆရာ၊ ရတနာဟု၊ မဟာဝီရ၊ လုံ့လအခေါင်၊ ဗောဓိညောင်၌၊ ခြောက်ရောင်လျှံဝါ၊ ဉာဏ်စကြာနှင့်၊ သစ္စာရဲရဲ၊ ပွင့်ဆဲဆဲလျှင်၊ အံ့အဲမနိုင်၊ ဆွယ်ပြိုင်နှိုင်းဖော်၊ တုမမြော်သည်၊ ဘုန်းတော်ထွန်းလစ်၊မြတ်ရှင်ချစ်။
အဖြစ်ကြောင်းလျား၊ မှာစကားကို၊ ဦးဖျားထိပ်ထက်၊ ကြားလျှောက်ဆက်အံ့၊ ဖွားချက်မြှုပ်ထွေ၊ ဇာတိနေသား၊ အောင်မြေပြည်မ၊ ကပိလတွင်၊ မွေးဘသုဒ္ဓေါ်၊ တကာတော်နှင့်၊ ယသော်ဓရာ၊ ဗိမ္ဗာမြောက်သား၊ သည်းချားရာဟု၊ မျှော်ရာရှုလျက်၊ တစုတရုံး၊ ပန်းနှယ်ကုံးမျှ၊ သက်လုံးမေတ္တာ၊ ပြက်ကြင်နာသော်၊
ဖူးပါလှချင်၊ ငါ့သခင်ကို၊ သို့ပင်ဆိုတမ်း၊ နိစ္စလွမ်း၍၊ မျက်ယမ်းထိထိ၊ မြော်ချင်ဘိဟု၊ ကြားသိတုံလို၊ တသောင်းဗိုလ်တွင်၊ ကျွန့်ကို နောက်ဆင့်၊ ချီးပင့်ရရှာ၊ ဤအခါကား၊ ဟေမာချမ်းဆောင်း၊ ကြွလဲပြောင်းသား၊ တပေါင်းနွေလ၊ ဂိမ္မာနဟု၊ သာလှပျော်မှု၊ သည်ရတု၌၊ ညွန့်နုဆဲဆဲ၊ မီးလျှံခဲသို့၊ ရဲရဲပြောင်ပြောင်၊ တောကုန်အောင်လည်း၊ ပွင့်ရောင်တိချည်း၊ ဖြင်ပေါပည်း၏။၊ ခမည်းတော်ကောင်း၊ ပြည်တော်ဟောင်းသို့၊ ဖူးပေါင်းစိမ့်ငှါ၊ တောင်းပန်ထွာသည်။ သွားခါကာလ တန်ပြီဘုရား။
“ သားတော်ဘုရား တပည့်တော်တို့ သာကီဝင်မျိုးရိုးမှာ တောင်းရမ်းစားသူတွေ မရှိခဲ့ပါ၊ ယခု ရဟန်း နှစ်သောင်းကို ခမည်းတော်တသက်လုံး ကျွေးမွေးထားနိုင်ပါတယ်ဘုရား၊ တောင်းရမ်းမစားပါနှင့် ” ဟု လျောက်ထားလာသော ခမည်းတော်အား ဆွမ်းခံခြင်းသည် ဘုရားရှင်တို့၏ ထုံးတမ်းအစဉ်အလာဖြစ်ကြောင်း ရှင်းပြကာ ၄ ပါဒဂါထာတပုဒ် ဟောပြလိုက်သောအခါ လမ်းပေါ်၌ ဤပုံ အခြင်းအရာဖြင့်ပင် ခမည်းတော်ကြီး သောတာပန် တည်ခဲ့ရသည် ... 
နှလုံးသည်းအူ ပြတ်သွားလောက်အောင် စိတ်ရှိသလောက် အားရပါးရ ငိုကြွေးနေသော ပါရမီဖြည့်ဖက် မယ်ယသော် အား ဖြေသိမ့်စကား ဆိုတော်မူပြီး မိမိအပေါ် သစ္စာစောင့်စည်းပုံ နှင့်စပ်ကာ စန္ဒကိန္နရီဇာတ်ေ တ်ာကြီး ကို ဟောေ တာ် မူခဲ့ပြန်သည်...
အချုပ်ဆိုရသော် တပေါင်းလပြည့် တွင် ရဟန္တာမထေရ် ကာဠုဒါယီ၏ ကျေးဇူးဖြင့် စခဲ့သော ကပိလ၀တ်ဇာတ်လမ်းသည် ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးအားလုံးအတွက် အားကျဖွယ်၊ အတုယူဖွယ်၊ ကြည်ညိုဖွယ်၊ ပီတိဖြစ်ဖွယ် တို့ဖြင့် ပြည့်နှက်နေသော နေ့ထူးနေ့မြတ်အခါသမယ ဖြစ်သောကြောင့် ယင်းနေ့ကိုပင် ဗုဒ္ဓမြတ်စွာ၏ ကပိလ၀တ်ရွှေနန်းတော်သို့ ၀င်တော်မူသောနေ့ ဟု သတ်မှတ်ခဲ့ကြပါသည်။
မေတ္တာဖြင့်
အရှင်သုနန္ဒာလင်္ကာရ M.A ( ပန်းကမ္ဘာ )
Date. 6.Mar.2012
( ၁၃၇၃ ခု၊ တပေါင်းလဆန်း ၁၄ ရက် )
မုန်းမြို့ သူ
ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့အနေဖြင့် တပေါင်းလပြည့်နေ့နှင့် ပက်သက်၍ သာသနာသမိုင်းဆိုင်ရာ အဖြစ်အပျက်များ၊ ဗုဒ္ဓ၀င် အကြောင်းအရာများ များပြားစွာ ရှိခဲ့သလို ယနေ့အချိန်အထိလည်း ရှိနေဆဲဟုပင် ဆိုရပါမည်။ အဘယ့်ကြောင့် ဆိုသော် မြန်မာပြည် အထက်ပိုင်း အောက်ပိုင်း အပါအ၀င် တနိုင်ငံလုံးတွင် မအေးလွန်း မပူလွန်းသော တပေါင်းလပြည့် နေ့၌ ဘုရားပွဲ၊ အလှူပွဲ၊ ထီးတော်တင်ပွဲ၊ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ၊ ဓမ္မပူဇာတရားပွဲ၊ ၀ိပဿနာ ဆယ်ရက်တရားစခန်းပွဲ စသည်ဖြင့်
စင်္ကာပူနိုင်ငံရှိ PSB Academy ကျောင်း မြန်မာကျောင်းသား၊ကျောင်းသူ များအတွက် ပညာသင်ဆုအနေဖြင့် စင်္ကာပူဒေါ်လာ(၁၆၀၀၀) ပေးအပ်သွားမည်
PSB Academy ကပညာသင်ဆုအနေဖြင့် စင်္ကာပူဒေါ်လာ(၁၆၀၀၀)
ပေးအပ်သွားမည်
27.3.2013, Wednesday
 စင်္ကာပူနိုင်ငံရှိ PSB Academy ကျောင်းက မြန်မာကျောင်းသား၊ကျောင်းသူ
 များအတွက်(၂၀၁၃)ခုနှစ်၊အင်ဂျင်နီယာဘာသာရပ်ပညာသင်ဆု အနေဖြင့် 
 စင်္ကာပူဒေါ်လာ(၁၆၀၀၀)ကိုပေးအပ်သွားမည် ဖြစ်သည်။
(၂၇)ရက်နေ့၊မနက်(၁၀)နာရီမှ ညနေ(၅)နာရီအထိ၊ရန်ကုန်မြို့၊ရွှေဘုံသာ
 လမ်းရှိ MSI ပညာရေးရုံးခန်းတွင် လာ ရောက်ဆွေးနွေးကြမည်ဖြစ်ပြီး
 လျှောက်ထားလိုသူများသည် ပညာရေးဆိုင်ရာစာရွက်စာတမ်းများနှင့် 
 လူမှုလှုပ်ရှားမှုစာရွက်စာတမ်းအထောက်အထားများပါ တပါတည်းယူဆောင်
 လာခဲ့ရမည် ဖြစ်ကြောင်း သိရသည်။အသေးစိတ်သိရှိလိုပါက 
 ဖုန်းနံပါတ်
(၁၀-၃၈၀၀၁၅ နဲ့ ၀၁-၂၅၀၉၂၉)တို့ကိုဆက် သွယ်စုံစမ်းမေးမြန်းနိုင်
 ကြောင်း သတင်းရရှိသည်
Skynet News
Re-Post By ACM 27-3-2013
အေးချမ်းမွန် Credit & Copy From >> Thit Htoo Lwin blog<< Thank
27.3.2013, Wednesday
စင်္ကာပူနိုင်ငံရှိPSBAcademyကျာင်းကမန်မာကျောင်းသား၊ကျောင်းသူ များအတွက်(၂၀၁၃)ခုနှစ်၊အင်ဂျင်နီ 
ီယာဘာသာရပ်ပညာသင်ဆု အနေဖြင့် စင်္ကာပူဒေါ်လာ(၁၆၀၀၀)ကိုပေးအပ်သွားမည် ဖြစ်သည်။
သီလ၀ါ အထူးစီးပွားရေးဇုန်တွင် ဂျပန်အကူအညီဖြင့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ နှစ်နိုင်ငံ သဘောတူညီမှုဖြင့် ဆိပ်ကမ်းဆောက်လုပ်မည်
သီလ၀ါ အထူးစီးပွားရေးဇုန်တွင် ဂျပန်အကူအညီဖြင့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ နှစ်နိုင်ငံ သဘောတူညီမှုဖြင့် ဆိပ်ကမ်းဆောက်လုပ်မည် 
Created on Wednesday, 27 March 2013 11:08 
သီလ၀ါ အထူးစီးပွားရေးဇုန်တွင် ဂျပန်နိုင်ငံ၏ အကူအညီဖြင့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ဆိပ်ကမ်း ဆောက်လုပ်ရန် နှစ်နိုင်ငံသဘောတူ လက်မှတ်ရေးထိုး သွားမည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးချိုသန်းမောင်က ပြောသည်။
“သီလ၀ါ အထူးစီးပွားရေးဇုန်မှာ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အနေ နဲ့ ဆိပ်ကမ်းတိုးချဲ့ လုပ်ကိုင်ဖို့ ရှိပါတယ်။ ဂျပန်က (ODA) ချေးငွေ ရယူပြီးဆောင်ရွက်ဖို့ အခုလအတွင်း သဘောတူလက်မှတ် ရေးထိုးဖို့ရှိတယ်” ဟု ၎င်းကဆိုသည်။
သီလ၀ါ အထူးစီးပွားရေးဇုန် မြေနေရာတွင် လုပ်ငန်းဖော်ဆောင်ရန် ၃၇ ကွက် အနက် မြေကွက်ငါးကွက်ကို မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ဆိပ်ကမ်းတိုးချဲ့ တည်ဆောက်သွားမည် ဖြစ်သည်။ ဂျပန်နိုင်ငံသည် အထူးစီးပွားရေးဇုန် စီမံကိန်းတစ်ခုလုံးတွင် ပါဝင်သည့် လုပ်ငန်းများအားလုံးကို ကာလရှည် အတိုးနှုန်းနိမ့် (ODA) ချေးငွေဖြင့် ကူညီရန် ကမ်းလှမ်းထားကြောင်း သိရသည်။
သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းအား မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူများမှ ၅၁ ရာခိုင်နှုန်းနှင့် ဂျပန်နိုင်ငံသား ရင်းနှီးမြှုပ်နှံသူများမှ ၄၉ ရာခိုင်နှုန်းစီ အချိုးကျ ပါဝင်ပြီး နှစ်နိုင်ငံ အစိုးရများ ပူးပေါင်းပါဝင် ဆောင်ရွက်မည့် စီမံကိန်းတစ်ခုဖြစ်ကာ လာမည့် ၂၀၁၅ ခုနှစ်အပြီး တည်ဆောက်သွားမည် ဖြစ်သည်။
သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းလုပ်ငန်းများတွင် ဇုန်ပြင်ပရှိ တည်ဆောက်ရေး လုပ်ငန်းများဖြစ်သည့် ဆိပ်ကမ်း၊ လမ်းနှင့်တံတား တည်ဆောက်ရေး လုပ်ငန်းများ ပါဝင်သည့် Off-site Infrastructures၊ ဇုန်အတွင်းရှိ ရေသန့်စနစ်၊ လျှပ်စစ်မီး သွယ်တန်းခြင်း စသည့်စနစ်များ ပါဝင်သည့် On-site Infrastructures များ တည်ဆောက်ရေး လုပ်ငန်းတွင် ကာလရှည် အတိုးနှုန်းနိမ့် (ODA) ချေးငွေဖြင့် ကူညီမှုပေးရန် ကမ်းလှမ်းထားသည်၊၊ သီလ၀ါအထူးစီးပွားရေးဇုန် စီမံကိန်းအတွက် ဂျပန်-မြန်မာ နှစ်နိုင်ငံမှ အစိုးရနှင့် လုပ်ငန်းရှင်များ ပါဝင်သည့် Joint Venture Developer ကုမ္ပဏီတစ်ခုစတင်တည် ထောင်သွားမည်ဖြစ်သည်။
အဆိုပါ Developer ကုမ္ပဏီကို အများပိုင် ကုမ္ပဏီတစ်ခု အနေဖြင့် တည်ထောင် လုပ်ကိုင်သွားရန် စီစဉ်ထားပြီး အခြားနိုင်ငံများမှ အစိုးရနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များကိုလည်း အဆိုပါ Developer ကုမ္ပဏီတွင် ပါဝင်နိုင်ရန် ခွင့်ပြုသွားမည်ဟု သိရသည်။ မြေဧက ၅၀၀၀ ခန့်ရှိမည့် သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းအား Class A၊ Class B ဟူ၍ အပိုင်းနှစ်ပိုင်း ခွဲခြားတည်ဆောက်သွားရန် စီစဉ်ထားပြီး Class A တွင် High Technology Industry များကို တည်ဆောက်သွားမည်ဖြစ်ပြီး Class B တွင် Labour Intensive Industry တည်ဆောက်လုပ်ကိုင် သွားမည်ဖြစ်သည်။ 
သီလ၀ါ အထူးစီးပွားရေးဇုန်ရှိ မြန်မာအစိုးရ ဆောက်လုပ်ထားသော သီလ၀ါဆိပ်ကမ်း အနီးဝန်းကျင်ကို တွေ့ရစဉ်
Re-Post By ACM 27-3-2013
အေးချမ်းမွန် Credit & Copy From >> Eleven Media Group<< Thank
သီလ၀ါ အထူးစီးပွားရေးဇုန်ရှိ မြန်မာအစိုးရ ဆောက်လုပ်ထားသော သီလ၀ါဆိပ်ကမ်း အနီးဝန်းကျင်ကို တွေ့ရစဉ်
Wednesday, 27 March 2013
သီလ၀ါအထူးစီးပွားရေးဇုန်တွင်ဂျပန်နိုင်ငံ၏အကူအညီဖြင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှဆိပ်ကမ်း ဆောက်
လုပ်ရန် နှစ်နိုင်ငံသဘောတူလက်မှတ်ရေးထိုး သွားမည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှဦးဆောင်
ညွှန်ကြားရေးမှူး ဦးချိုသန်းမောင်က ပြောသည်။
“အစိုးရ၏ အရန်ဆန် ဝယ်ယူမှု တောင်သူ အကျိုးသက်ရောက်မှု မရှိဟု တောင်သူ လယ်သမားအသင်း ဆို”
“အစိုးရ၏ အရန်ဆန် ဝယ်ယူမှု တောင်သူ အကျိုးသက်ရောက်မှု မရှိဟု တောင်သူ လယ်သမားအသင်း ဆို”
ရန်ကုန်၊ မတ် ၂၆
ဧပြီလအတွင်း အရန်ဆန်ဝယ် ယူပေးရန် နိုင်ငံတော်၏ စီစဉ်မှုမှာ တောင်သူများအတွက် ဈေးနှုန်းရ လာနိုင်မည်မဟုတ်၍ အကျိုးမရှိဟု မြန်မာနိုင်ငံတောင်သူလယ်သမား အသင်းက ထုတ်ပြန် ပြောဆိုသည်။ 
နယ်စပ်မှ တရုတ်၏ ဆန်အ ဝယ်ရပ်မှု၊ နေရာအနှံ့ နွေစပါးများ ပေါ်ထွက်လာနေမှုကြောင့် အတက် ဘက်သို့ ဦးတည်သွားနေသည့် စပါးဈေးမှာ ကျဆင်းနေသည်။  
အသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ''ဒီဧပြီမှာ အရန်ဆန်က တန်ချိန် ငါးသောင်းကနေ တစ်သိန်းအထိ ဝယ်ပေးမယ်လို့ အရန်ဆန် ဝယ်ယူရေးအဖွဲ့က ပြောတယ်။ ဒီပမာဏက ဈေးမတက်လာနိုင်ဘူး၊ နောက်ပြီး ထိရောက်မှုလည်း မရှိ ဘူး''ဟု ပြောသည်။ 
ထို့အပြင် ကော်မတီ၏ ဝယ် ယူမှု၌လည်း တောင်သူများထံမှ တိုက်ရိုက် မဟုတ်ဘဲ ဈေးအနည်း ဆုံးဖြင့် တင်သွင်းနိုင်သည့် သူ ထံမှ တင်ဒါစနစ်ဖြင့်သာ ဆိုသည့် အတွက် တောင်သူများကို အဆင် ပြေစေရန် ဆောင်ရွက်ပေးနိုင်မှု မရှိ ဖြစ်နေသည်ဟု ၄င်းက ဆက်ပြောသည်။
''အခြေခံစပါးဈေးနှုန်းရရှိရေး ဆောင်ရွက်နိုင်ဖို့ အစိုးရ၊ လွှတ် တော်၊ ဆန်စပါးအသင်းချုပ်၊ တောင်သူလယ်သမားအသင်းတို့ ပူးပေါင်းပြီး ဆွေးနွေးပွဲတစ်ခု လုပ် မှပဲ ရတော့မယ်''ဟု ဒေါက်တာ စိုးထွန်းက ထပ်ပြောသည်။ 
ဝါးတန်းကီလီဒိုင်မှ ဆန်ကုန် သည်တစ်ဦးက ဈေးနှုန်းမှာ နေ့စဉ်ကျဆင်းမှု အနည်းငယ်ရှိနေပြီး အရောင်းအဝယ် နှေးနေကြောင်း ပြောသည်။
လက်ရှိတွင် တင်းတစ်ရာလျှင် ကျပ် ၃ သိန်းခွဲကျော်မှ တဖြည်း ဖြည်း ကျဆင်းလာနေကြောင်း စပါးဈေးကွက်မှ သိရသည်။ 
PN 051
ဧပြီလအတွင်း အရန်ဆန်ဝယ် ယူပေးရန် နိုင်ငံတော်၏ စီစဉ်မှုမှာ တောင်သူများအတွက် ဈေးနှုန်းရ လာနိုင်မည်မဟုတ်၍ အကျိုးမရှိဟု မြန်မာနိုင်ငံတောင်သူလယ်သမား အသင်းက ထုတ်ပြန် ပြောဆိုသည်။
ရေနွေးငွေ့ဖြင့်မောင်းနှင်သောလမ်းကြိတ်စက်ကြီးအားရှေးဟောင်း ပစ္စည်းအဖြစ်ထိန်းသိမ်းထားရှိ
ရေနွေးငွေ့ဖြင့်မောင်းနှင်သောလမ်းကြိတ်စက်ကြီးအားရှေးဟောင်း ပစ္စည်းအဖြစ်ထိန်းသိမ်းထားရှိ
================================
မကွေးလှမြင့်
================================
ရေနွေးငွေ့ဖြင့်မောင်းနှင်ရသောလမ်းကြိတ်စက်ကြီးအားရှေးဟောင်းပစ္စည်းအဖြစ်မကွေးမြို့လွတ်လပ်ရေးပန်းခြံအတွင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ကထိန်းသိမ်းထားကြောင်းသိရသည်။
 ယင်းလမ်းကြိတ်စက်သည် နှစ်ပေါင်းတစ်ရာခန့်ရှိပြီးဟုခန့်မှန်းထားပြီးကျောက်မီးသွေးကိုအသုံးပြုကာရေနွေးငွေ့ဖြင့်မောင်းနှင်းရသောစက်ဖြစ်ကြောင်းသိရသည်။အဆိုပါလမ်းကြိတ်စက်ကြီးတွင် john fowler ကုပ္မဏီက ၁၇၈၄ ခုနှစ်ထုတ်လုပ်သည် ဟုဖော်ပြထားသည်။
Re-Post By ACM 27-3-2013
အေးချမ်းမွန် Credit & Copy From >> Yangon Media Group<< Thank
ရေနွေးငွေ့ဖြင့်မောင်းနှင်ရသောလမ်းကြိတ်စက်ကြီးအားရှေးဟောင်းပစ္စည်းအဖြစ်မကွေးမြို့လွတ်လပ်ရေးပန်းခြံအတွင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ကထိန်းသိမ်းထားကြောင်းသိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆူပူမှုဖြစ်စေရန် လှုံ့ဆော်သူများကိုဖမ်းဆီအရေးယူတော့မည်
ရန်ကုန်တိုင်းဒေသကြီးအတွင်းဆူပူမှုဖြစ်စေရန် လှုံ့ဆော်သွေးထိုးသူများနှင့် ကောလဟလ ဖြန့်ချိနေသူများအား ရှာဖွေဖော်ထုတ်မှုဖြင့် ဖမ်းဆီးအရေးယူ မှုကို ပြုလုပ်တော့မည်ဟု တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ “ဟိုနေရာတွေမှာ ဒီနေရာတွေမှာ ဆူပူမှုဖြစ်နေတယ်ဆိုပြီး မဖြစ်ဘဲနဲ့ ၀ါဒဖြန့်ချိသူတွေကို ရှာဖွေဖမ်းဆီးဖော်ထုတ်မှပဲ ဖြစ်တော့မယ်၊
၆၈ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားတွင် မြန်မာ့တပ်မတော်မှ စစ်လက်နက်ပစ္စည်းများကို ပထမဆုံးအကြိမ် ပြသ
၆၈ ကြိမ်မြောက် တပ်မတော်နေ့ အခမ်းအနားတွင် တပ်မတော်(လေ)မှ တိုက်လေယာဉ်များအားတွေ့ရစဉ် (Photo - AFP)
မတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ၆၈ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားကို နေပြည်တော်တွင် ကျင်း
ပပြုလုပ်ခဲ့ပါသည်။ ထိုအခမ်းအနားတွင် စစ်လက်နက်ပစ္စည်းများကို ပထမဆုံးအကြိမ် ပြသခဲ့သည်။ အခမ်း
အနားသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြား
ခဲ့ပြီး အဆိုပါမိန့်ခွန်းတွင် တပ်မတော်အနေဖြင့် ဒို့တာဝန်အရေးသုံးပါးနှင့်
ရန်ကုန်မြို့တွင်လည်း အကြမ်းဖက်အဖွဲ့ နေရာအနှံ လူခွဲပြီး အကြမ်းဖက်မှုများပြုလုပ်ရန် ကြိုးပမ်းနေ
ရန်ကုန် ၂၇ရက် နံနက် ၁း၀၀
Light Truck ၃ စီး နှင့် ၁၄ ပေ ဒိုင် နာ ကား ၂ စီး ဗိုလ် တစ် ထောင် ဘု ရား လမ်း အတိုင်း ဗိုလ် တစ် ထောင် ဘု ရား ဘက် သို့ ဥိး တည် တန်း စီ ပြီး မောင်း နှင် သွား ကြောင်း သတင်း ရ ရှိ ပါ သည် ။
နတ်တလင်းမြို့တွင်ဗလီနှင့် နေအိမ်အချို့ပျက်စီး
နတ်တလင်း၊ မတ် ၂၇။
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့၌ ယခုနံနက် တစ်နာရီထိုးအချိန်ခန့်တွင် မြို့တွင်းစာတိုက် လမ်းမ
ပေါ်ရှိ ဗလီတစ်လုံးနှင့် နေအိမ်၃လုံး ပျက်စီးသွားကြောင်း မြို့ခံတစ်ဦးက မြန်မာ့ခေတ်သို့ ပြောကြားသည်။ 
“လူတွေကတော့ တစ်ယောက်မှ မရှိတော့ဘူး။ နေ့ခင်းကတည်း ထွက်သွားကြတယ်။” ဟု ဆက်လက်ပြော
ကြားသည်။
`သင်္ဃန်းကျွန်းမြို့နယ်တွင် အကြမ်းဖက်မှု လှုံ့ဆော်ရေးသမားအား ရပ်ကွက်အတွင်းနေ မွတ်စလင်မ်များမှ ၀ိုင်းဝန်းဖမ်းဆီး၍ သက်ဆိုင်ရာသို့အပ်´
ယနေ့ည(၁၀)နာရီခွဲလောက်အချိန်ကရန်ကုန်တိုင်းဒေသကြီးသင်္ဃန်းကျွန်းမြို့နယ်အတွင်း၌ ဆူပူမှုဖြစ်စေရန် လူ (၃) ဦးမှ လာရောက်လှုံ့ဆော်သွားကြောင်း သတင်းရရှိပါတယ်။`(၁၀)နာရီခွဲလောက်ကပါ။ သင်္ဃန်းကျွန်း၊ ဇာဝေယာ ဈေးလမ်းကြားမှာ လာအော်ပါတယ်။ ကုလားတွေကို မျိုးဖြုတ်ပစ်မယ်လို့ အော်သံတော့ ကြားလိုက်ပါတယ်။ ကြားကြားချင်း ရပ်ကွက်က မွတ်စလင်မ်တွေက သုံးယောက်ကို တွေ့လို့ ၀ိုင်းဖမ်းကြပါတယ်။ နှစ်ယောက်က လွတ်သွားပါတယ်။ ဖိနပ်တွေဘာတွေတော့ ကျန်ခဲ့ပါတယ်။