Pages

Thursday, March 14, 2013

ကရင်နီပြည်နယ်တွင် နှုတ်ထွက်သည့် NLD ပါတီဝင် တစ်သောင်းကျော် ပါတီသစ်တည်ထောင်ဖွယ်ရှိ

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD ပါတီအဖွဲ့ဝင် တစ်သောင်းကျော် သည် ပါတီမှ မတ်လ ၈ရက်နေ့တွင် နုတ်ထွက်ကြပြီးနောက် တိုင်းရင်းသားပါတီသစ်တစ်ခု တည်ထောင်သွား ဖွယ်ရှိမည်ဟု စုံစမ်းသိရှိရသည်။

၁၀ တန်းစာမေးပွဲ ရခိုင်နှင့်မွတ်စလင် သီးခြား ဖြေဆိုခိုင်းနေ


ဘူးသီးတောင်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဖွင့်ပွဲတခုတွင် ရိုးရာ တူရိယာများနှင့်အတူ တွေ့ရသော မြို ၊ ခမီး တိုင်းရင်းသား တချို့(ဓာတ်ပုံ – Van Dhammika)


ရခိုင်ပြည်နယ် အတွင်း မလိုလားအပ်သည့် ပြဿနာများ မပေါ်ပေါက်စေရန် အတွက်ဟု ဆိုကာ ၁၀ တန်းစာဖြေးပွဲကို ရခိုင်နှင့် မွတ်စလင် သီးခြားစီ ဖြေဆိုကြရကြောင်း သတင်းရရှိသည်။ယခုကဲ့သို့ သီးခြား
စီ စာမေးပွဲဖြေဆိုခြင်းသည် လုံခြုံစိတ်ချရကြောင်း မောင်တောမြို့နယ် တောင်ပြိုမြို့နယ်ခွဲ တွဲဖက် အထကမှ ကျောင်းဆရာ ဦးသန်းဝင်းက ပြောသည်။

နိုင်ငံရေးအကျဉ်းသား ဖွင့်ဆိုချက် စိစစ်ရေးကော်မတီ အတည်ပြု

နိုင်ငံရေးအကျဉ်းသား ဖွင့်ဆိုချက် စိစစ်ရေးကော်မတီ အတည်ပြု

သမ္မတရုံးက ဖွဲ့စည်းထားတဲ့ လက်ကျန်နိုင်ငံရေး အကျဉ်းသားစိစစ်ရေး ကော်မတီက နိုင်ငံရေး အကျဉ်းသား အဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့ ပတ်သက်ပြီး ဒီကနေ့ အတည်ပြုထုတ်ပြန်လိုက်ပါတယ်။ အဲဒီကော်မတီဟာ ဒီကနေ့မှာ နိုင်ငံရေးအကျဉ်းသား အဓိပ္ပါယ်ဖွင့်ဆိုချက်ဆွေးနွေးပွဲကို ရန်ကုန်မြို့၊ ပြည်သူ့ဥယျာဉ်မှာရှိတဲ့ My Garden စားသောက်ဆိုင်မှာ ကျင်းပခဲ့ပြီး အဲဒီဆွေးနွေးပွဲမှာ အခုလို ဆုံးဖြတ်သတ်မှတ်ခဲ့တာပါ။

ဒီအလုပ်ရုံဆွေးနွေးပွဲကို တတ်ရောက်ခဲ့တဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက RFA ကို ခုလိုပြောပြပါတယ်။

"အကျဉ်းကျ နိုင်ငံရေးအကျဉ်းသား စိစစ်တော့မယ်ဆိုရင် ဘယ်လူဘယ်ပုဂ္ဂိုလ်တွေ ဘယ်ပြစ်မှုမျိုးတွေကို နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်မယ်ဆိုတာ အခြေခံလိုအပ်ချက်ပါ၊ အဲဒါပြီးတော့မှ နိုင်ငံရေးအကျဉ်းသားအရေအတွက် ဘယ်လောက်ရှိလဲ၊ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့အတွက် ဆက်ပြီးတော့ညှိနှိုင်းရမယ်၊ အခြေခံအကျဆုံးကတော့ နိုင်ငံရေးအကျဉ်းသားကို အဓိပ္ပါယ်ဖွင့်ဆိုဖို့လိုတယ်"

အဲဒီဆွေးနွေးပွဲကို ကိုမင်းကိုနိုင်၊ ကိုကိုကြီး အစရှိတဲ့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေးအကျဉ်းသား အသင်းအဖွဲ့တွေက ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေနဲ့ လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

နိုင်ငံသားမည်သူမည်ဝါမဆို နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ အကျိုးဖြစ်ထွန်းစေမှုကို ယုံကြည်လို့ဖြစ်စေ၊ နစ်နာဆုံးရှုံးနေတယ်ဆိုပြီး ယုံကြည်လို့ဖြစ်စေ၊ နိုင်ငံရေးလှုပ်ရှားမှု ပုံသဏ္ဍာန်အမျိုးမျိုးကိုဆောင်ရွက်လို့ ဖမ်းဆီးထိန်းသိမ်းခံရသူတွေ၊ အဲဒီဆောင်ရွက်ချက်တွေနဲ့ ဆက်စပ်ပြီး စွပ်စွဲထိန်းသိမ်း ပြစ်ဒဏ်ချမှတ်ခံရသူတွေ၊ အစိုးရရဲ့အုပ်ချုပ်ရေးအဖွဲ့အစည်းတရပ်ရပ်က နိုင်ငံရေးရည်ရွယ်ချက်နဲ့ ပြစ်မှုကြောင်းအရ အရေးယူခံရသူ မည်သူ့ကိုမဆို နိုင်ငံရေးအကျဉ်းသားလို့ သတ်မှတ်ကြောင်း အဲဒီဆွေးနွေးပွဲအပြီးမှာ အခုလို ထုတ်ပြန်ခဲ့ပါတယ်။

ဒီကနေ့ထုတ်ပြန်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား အဓိပ္ပါယ်သတ်မှတ်ဖွင့်ဆိုချက်ကို နောက်ကျင်းပမယ့် လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီဆွေးနွေးပွဲမှာ တင်ပြသွားမယ်လို့လည်း သိရပါတယ်။

သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ခေါင်းဆောင်ပြီး ၀န်ကြီးဌာနတွေက ကိုယ်စားလှယ်တွေ၊ အရပ်ဘက်လူမှု့အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေနဲ့  နိုင်ငံရေးပါတီအချို့က တာဝန်ရှိသူတွေပါဝင်တဲ့ လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီကို နိုင်ငံတော်သမ္မတရုံးက ဇန်န၀ါရီလ ၆ ရက်နေ့မှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။


သမ္မတရုံးက ဖွဲ့စည်းထားတဲ့ လက်ကျန်နိုင်ငံရေး အကျဉ်းသားစိစစ်ရေး ကော်မတီက နိုင်ငံရေး အကျဉ်းသား အဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့ပတ်သက်ပြီးဒီကနေ့အတည်ပြုထုတ်ပြန်လိုက်ပါတယ်။အဲဒီကော်မတီဟာ ဒီကနေ့မှာ
နိုင်ငံရေးအကျဉ်းသားအဓိပ္ပါယ်ဖွင့်ဆိုချက်ဆွေးနွေးပွဲကိုရန်ကုန်မြို့၊ပည်သူ့ဥယျာဉ်မှာရှိတဲ့MyGarden စား
သာက်ဆိုင်မှာ ကျင်းပခဲ့ပြီး အဲဒီဆွေးနွေးပွဲမှာ အခုလို ဆုံးဖြတ်သတ်မှတ်ခဲ့တာပါ။

လက်ပန်တောင်းတောင် တောင်သူလယ်သမားများသို့ အကြံပြုချက်

ဒေသခံတို့ နှင့် တိုက်ပွဲဝင်သူများသို့ အကြံပြုချက်။

အစီရင်ခံစာကို ကျကျ နန စေ့စေ့ စပ်စပ် ဖတ်ကြည့်စေချင်ပါတယ်။ 

ဒီလိုပြောလို့ ဒေသခံတွေရဲ့ ရင်ထဲက ခံစားချက်တွေ လစ်လျုပြောတာ မဟုတ်ပါဘူး။ ကျေးဇူးပြုပြီး စာကို ဆုံးအောင် ဖတ်စေချင်ပါတယ်။ ကျွန်တော်ကိုယ်တိုင် လက်တွဲတိုက်ပွဲဝင်ခဲ့တဲ့ ဒီတိုက်ပွဲ အပေါ် ရှုမြင်ထားတဲ့ စေတနာအမြင်နဲ့ အကြံပေးကြည့်တာပါ။

ကျွန်တော့်အမြင်တော့ ပညာသားပါတဲ့ အစီရင်ခံစာလို့ မြင်တယ်။ ဖော်ပြချက်တွေကို လိုက်နာ ပြုပြင်နိုင်စွမ်း မရှိရင် ( ရပ် ) လို့ မပြောယုံတမယ်ပဲ။ ကျင်ကြီး စွန့်ချင်စွန့် ကျင်ငယ် မစွန့်ရလို့ ခွင့်ပြုသလို ဖြစ်နေတဲ့ အစီရင်ခံစာမို့ ဝမ်ပေါင် ဦးပိုင် ခေါင်းစားစရာတွေ အများကြီး ပါပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစီရင်ခံစာရဲ့ အကြံပေးချက်တွေကို ဦးပိုင်၊ ၀မ်ပေါင်နဲ့ အခြား အကျိုးအမြတ် ရရှိနေသူများတွေ မလုပ်ချင်တဲ့ အရာတွေ များပါတယ်။ ဒီအချက်တွေ လုပ်မပေးခဲလို့ ခုလို ဒေသခံတွေရဲ့ နစ်နာမှုတွေ ဖြစ်ပေါ်လာတာပါပဲ။ (စီမံကိန်း ဆက်လုပ်သင့် ဆိုတာမျိုး ) လက်မခံနိုင်စရာအချို့ ပါကောင်းပါလည်း ဒေသခံတွေအတွက် ဆောင်ရွက်ပေးရမယ့် လုပ်ငန်းတွေ အပါအဝင် စီမံကိန်း ဆက်လုပ်ရင် လိုအပ်တာတွေရော ဖော်ပြထားပါတယ်။

နမူနာ ဆွဲထုတ်ပြရလျှင် အစီရင်ခံစာတွင် - ပတ်ဝန်းကျင် သိပ္ပံ အဖွဲ့၏ လေ့လာတွေ့ ရှိချက်အဖြစ် -

စာပိုဒ် ၇၀။ အပိုဒ်ခွဲ (က) ဂေဟစနစ် မှာ အထူးသဖြင့် ကံကုန်းကျေးရွာရှိ ရေတွင်းများမှ မြေအောက်ရေသည် နိုင်ငံတကာက သတ်မှတ်ထားသော သောက်သုံးရေ စံနှုန်းထက် နိမ့်ကျသည်ကို တွေ့ရှိရကြောင်း။

အပိုဒ်ခွဲ (ခ) လေထုညစ်ညမ်းမှု အခြေအနေ။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေဝန်းကျင်တွင် ဖုန်မှုန့်ပါဝင်မှုသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ စံချိန်စံညွှန်းများထက် ပိုမိုနေသည်ကို တွေ့ရှိရကြောင်း။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာ၊ အပိုဒ် (၇၃) အပိုဒ်ခွဲ (ခ)။ ဘာသာရပ်နှင့် ကျွမ်းကျင်ပညာရှင်များ၏ တွေ့ရှိအကြံပြုချက်။ ဒီအပိုဒ် (၇၃) အပိုဒ်ခွဲ (ခ) အရ သေချာဖတ်ကြည့်လျှင် ဒီ ကြေးနီစီမံကိန်းသည် နိုင်ငံတော်အဆင့် ဥပဒေနှင့်အညီ လုပ်ဆောင်နေသော စီမံကိန်း မဟုတ်ကြောင်း ပေါ်လွင်နေတယ်။ အားနည်းချက်တွေ အများကြီး ထောက်ပြထားပါတယ်။

ဖော်ပြပါရှိသလို အခြားအချက်များကို တိုက်ပွဲဝင်သူတွေက ဆွဲထုတ်ပြပြီး စီမံကိန်းအပေါ် မေးခွန်းထုတ်ပြီး အချက်ကျကျ တိုက်ပွဲဝင်နိုင်ရန် စီမံသင့်ပါတယ်။ ( အပိုဒ်ခွဲ - ဃ မှာလည်း အားနည်းချက်တွေ တွေ့ရှိရတာကို ဖော်ပြထားပါတယ်။)

သပိတ်စခန်းနှင့် ပတ်သက်၍လည်း -

စီမံကိန်းဆန္ဒပြမှုကို ဖြိုခွဲရာတွင် ရဲတပ်ဖွဲ့သည် ဖော့စဖောရပ်ဓာတ် ပါဝင်သည့် မီးခိုးဗုံးကို အသုံးပြုခဲ့သည်ဟု ပါရှိပါတယ်။ ထိုတင်ပြမှုမျိုးမှာ အရေးယူဆောင်ရွက်ရာတွင် (အရေးယူပေးရန် ဆန္ဒပြတောင်းဆိုသူတွေအတွက်) အကောင်းဆုံး သက်သေ ရလာဒ်လို့ မြင်ပါတယ်။  ဤအချက်ကို ကိုင်ပြီး ဒေါ်အောင်ဆန်းစုကြည် ပြောသလို တိုက်ပွဲဝင်သူများဘက်မှ တရားဥပဒေအရ အရေးယူပေးရန် တရားရုံးကို ဦးတိုက်လျှောက်လျှင် အရေးမယူပဲ နေလို့ မရဘူးလို့ မြင်ပါတယ်။

(၂၀၀၈ အခြေခံဥပဒေ။ အခန်း (၈) ပုဒ်မ၃၄၇။ ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေး ရရှိစေရမည်။ ထိုအပြင် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူခွင့်ပေးရမည်။) လို့ ပါရှိပါတယ်။

ဒီနေရာမှာ စဉ်းစားသင့်တာက တိုက်ပွဲ ဝင်နေသူတွေ ကိုယ်တိုင်ပါပဲ။

စီမံကိန်းကို မရပ်တန့်တာကို မကျေနပ်တာလား ။

စီမံကိန်းလုပ်နေတဲ့ ဝမ်ပေါင် နဲ့ ဦးပိုင်တို့ကို မကျေနပ်တာလား ။

(၂) ခုလုံးကို မကျေနပ်တာလား ( စီမံကိန်း လုံးဝ ရပ်ဆိုင်းရန်)။

အဘယ်သို့ ဖြစ်စေချင်တယ်ဆိုတဲ့ ဆန္ဒကို ကျကျနန အချက်အလက် ထောင့်စေ့စွာ တင်ပြဖို့ အခွင့်အရေး ရနေတဲ့အချိန် တင်ပြအဖြေရှာနိုင်ရန် အကျိုးရှိစွာ အသုံးချသင့်သည်ဟု ယူဆပါသည်။

နောက်ထပ် ထပ်သွင်း စဉ်းစားသင့်တာက မူလပထမက လက်ပံတောင်းဒေသနှင့် နိုင်ငံအဝန်းမှ ချစ်ခင် ယုံကြည် အားကိုးတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် စပ်လျဉ်းတဲ့ အချက်တွေပါ ။

၁။ ဒေါ်အောင်ဆန်းစုကြည်အပေါ် ကော်မရှင်ဥက္ကဌ ရာထူးပေး၍ စုံစမ်းစစ်ဆေးပါ ဆိုကတည်းက လူထုနှင့် ဆက်ဆံရေး ကို အန္တရာယ်ရှိ လမ်းကြောင်းပေါ်သို့ ပညာသားပါစွာ တင်ပေးခြင်းဆိုတာ လက်ခံပါသလား ။

၂။ အကယ်၍ ၎င်းတို့ မျှော်မှန်းထားသည့် အတိုင်း ဒေသခံလူထုမှ လက်မခံလျှင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေသခံလူထု ဆက်ဆံရေး ထိခိုက်လျက် -

(က) ဒေါ်အောင်ဆန်းစုကြည်မှ အားနည်းချက် တစုံတရာဖြစ်လျှင် လူထုအကြည်ညို ပျက်စေရန်။

(ခ) ဒေါ်အောင်ဆန်းစုကြည် ပါဝင်သော အစီရင်ခံစာအပေါ် မကျေနပ်ဘူး ဆိုသော ဒေသခံတို့အား ဒေါ်အောင်ဆန်းစုကြည်ကို ကြည်ညိုသော နိုင်ငံအဝန်းမှ လူထုက လက်ပံတောင်းလှုပ်ရှားသူတို့၏ တိုက်ပွဲကို ဆက်လက်အားပေးခြင်းမှ ရပ်တန့်သွားစေရန်။

(၃) နိုင်ငံ့အရေးကိစ္စများသည် အလွန်ပရိယာယ်များကြောင်း ခေါင်းဆောင်တိုင်း သိကြမည် ထင်ပါသည်။ အစဉ်အဆက် သပ်လျို သွေးခွဲမှု လမ်းစဉ်ကို နည်းအမျိုးမျိုး နဲ့ သုံးစွဲ၍ ဖြိုခွဲခဲ့ကြသည်ကို သမိုင်းတွင် သာဓကများစွာရှိသည်ကို သတိချပ်စေချင်သည်။ (ယခုလည်း အစီရင်ခံစာ လက်ခံ လက်မခံ နှစ်ဘက် ဝိရောဓိတွေ စနေပြီ မို့လား၊ ဒါ ဘယ်သူ့ အကြိုက်လည်း စဉ်းစားစေချင်၏)

(၄) အရေးကြီးဆုံးက (အားလုံးကို မေးတာပါ) ဒီကနေ့ နိုင်ငံတော်မှာ ဒေါ်အောင်ဆန်းစုကြည်ကို မယုံကြည်ဘူးဆိုလျှင် ယုံကြည်ရတဲ့သူ မည်သူရှိသလဲ။ ရှေ့ဆက်ရမယ့် ကာလများမှာ ဒေါ်အောင်ဆန်းစုကြည် လုံးဝမလိုအပ်ပါဟု မည်သူ အာမခံ တာဝန်ယူမလဲ။

(၅) လတ်တလော ဒီစီမံကိန်းရဲ့ အားနည်းချက်တွေ၊ နောက် ဗုံးကိစ္စတွေကို ပြောကြားရာမှာ ဘယ်သူပြောတာဖြစ်ဖြစ် အရေးစိုက်ခံရခြင်း မရှိခဲ့ဘူး ဆိုတာ အားလုံးအသိပါပဲ။

ဒီအစီရင်ခံစာထဲက စီမံကိန်းအပေါ် အားနည်းချက်တွေ ၊ ဗုံးကိစ္စတွေကတော့ ကျွန်တော်တို့ ပြောချင်တာတွေကို ဦးပိုင်၊ ဝမ်ပေါင် နဲ့ သက်ဆိုင်ရာတွေကို မလှုပ်သာအောင် တရားဝင် ကမ္ဘာသိ ပြောကြားပေးထားတာ ဆိုတာ ထည့်စဉ်းစာရမှာပါ။ (ထိရောက်ဖို့ အရေးကြီးပါတယ်)။

သို့ပါ၍ ကျွန်တော်တို့ အားလုံးဟာ စိတ်ဓါတ်ပြင်းထန်မှုနှင့်အတူ မိမိရင်ထဲ ရှိနေသော အစိုင်အခဲကို ချက်ချင်း ဖြေဖျောက်ရန် မစွမ်းသာသော်လည်း မိမိတို့၏ လိုရာနှင့် အခြေအနေကို ဆောင်ရွက်ရာတွင် ဆင်ခြင်တုံတရား၊ ပိုင်းခြားဝေဖန်ခြင်း၊ နှံ့ စပ်စွာ သိနားလည်ခြင်း၊ ရှေ့ဆက်နိုင်ရန် မျှော်မြင်သုံးသပ်ခြင်းတို့ကို မမေ့မလျောပဲ တိုက်ပွဲသတိဖြင့် ပန်းတိုင်ကို ချီတက်သင့်ပါတယ်။

မဟာဗျုဟာကျကျ နည်းဗျုဟာမှန်မှန် နဲ့ ဆက်လက်တိုက်ပွဲ ဝင်တတ်ရင် ကျေနပ်စရာတွေ ရလာမယ်လို့ မျှော်လင့်ပါတယ်။ တိုက်ပွဲဝင်နေသူတွေ မိမိတို့ အလိုရှိရာကို အစီရင်ခံစာပါ အချက်တွေ ကိုင်စွဲပြီး တောင်းဆိုနိုင်ရင် ကျေနပ်စရာ အောင်ပွဲ ရနိုင်ပါတယ်။ အစီရင်ခံစာ အချက်တွေ ဆောင်ရွက်ပေးနိုင်ရင် ဒီစီမံကိန်းက အသွင်ပြောင်းသွားနိုင်ပါတယ်။

စိတ်ဆန္ဒကို အလိုပြည့်အောင် ဘယ်လို ဖြည့်စည်းရမလဲဆိုတာ မိမိတို့၏ ကံ၊ ဥာဏ်၊ ဝရီယ အပေါ်မှာလည်း မူတည်ပါတယ် ။

ကျွန်တော် လေးစားသော လက်ပံတောင်းတောင် တိုက်ပွဲဝင် ရဲဘော်များသည် ပါးနပ်လိမ္မာ၍ ပညာသားပါပါ မိမိတို့ လိုရာကို ချီတက်နိုင်ရန် ဆောင်ရွက်ရာတွင် ထည့်သွင်း စဉ်းစားပေးနိုင်ရန် အကြံပေးခြင်း ဖြစ်ပါသည်။

ဤစာစုပါ အကြံပေးချက်များသည် ကျွန်တော်တစ်ဦးတည်း၏ အမြင်ဖြစ်ပြီး ဗကသများ အဖွဲ့ချုပ်၏ အာဘော် မဟုတ်ကြောင်း၊ ကိုယ်စားပြုပြောကြားခြင်း မဟုတ်ကြောင်း သိစေအပ်ပါသည်။

ကိုရဲရင့်ကျော်

၁၃-၃-၁၃။
အော် ခံယူချက် ယုံကြည်ချက် အပြည့်နဲ့ တိုင်းပြည်အကျိုးကိုသယ်ပိုးရင်း
ဒေသခံတို့ နှင့် တိုက်ပွဲဝင်သူများသို့ အကြံပြုချက်။ အစီရင်ခံစာကို ကျကျ နန စေ့စေ့ စပ်စပ် ဖတ်ကြည့်စေချင်ပါတယ်။ဒီလိုပြောလို့ ဒေသခံတွေရဲ့ ရင်ထဲက ခံစားချက်တွေ လစ်လျုပြောတာ မဟုတ်ပါဘူး။ ကျေးဇူးပြုပြီး စာကို ဆုံးအောင် ဖတ်စေချင်ပါတယ်။ ကျွန်တော်ကိုယ်တိုင် လက်တွဲတိုက်ပွဲဝင်ခဲ့တဲ့ ဒီတိုက်ပွဲ အပေါ် ရှုမြင်ထားတဲ့ စေတနာအမြင်နဲ့ အကြံပေးကြည့်တာပါ။ ကျွန်တော့်အမြင်တော့ ပညာသားပါတဲ့ အစီရင်ခံစာလို့ မြင်တယ်။ ဖော်ပြချက်တွေကို လိုက်နာ ပြုပြင်နိုင်စွမ်း မရှိရင် ( ရပ် ) လို့ မပြောယုံတမယ်ပဲ။ ကျင်ကြီး စွန့်ချင်စွန့် ကျင်ငယ် မစွန့်ရလို့ ခွင့်ပြုသလို ဖြစ်နေတဲ့ အစီရင်ခံစာမို့ ဝမ်ပေါင် ဦးပိုင် ခေါင်းစားစရာတွေ အများကြီး ပါပါတယ်။

ဇီဂျင်ပင်းအား တရုတ်နိုင်ငံသမ္မတအဖြစ် တရားဝင် အတည်ပြုခန့်အပ်”

တရုတ်နိုင်ငံ၏ ယနေ့ ပြုလုပ်သည့် National People's Congress တွင် အာဏာရပါတီခေါင်းဆောင် ဇီဂျင်ပင်းအား သမ္မတအဖြစ် တရားဝင် အတည်ပြုခန့်အပ်လိုက်ပြီ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်လုပ်ဆောင်ချက်များ ကို မုံရွာမြို့တွင် ဒေသခံတစ်ရာကျော်က ထောက်ခံကြောင်းအော်ဟစ်၏ အားပေး

ဒေါ်အောင်ဆန်းစုကြည် မုံရွာမြို့သို့ပြန်အရောက်တွင် တည်းခိုရာ ၀င်းယူနတီ ဟိုတယ်ရှေ့တွင် ခန့်မှန်းခြေဒေသခံတစ်ရာကျော်ကာစုဝေးစောင့်ဆိုင်းကာသူမ၏လုပ်ရပ်များကိုထောက်ခံကြောင်း အော်
ဟစ်အားပေးခဲ့ကြသည်ဟု ထိုနေရာမှ သတင်းထောက်က သတင်းပေးပို့သည်။

NLD ပါတီမှထုတ်ပယ်ခံထားရသူ ဒေါ်နော်အုံးလှနဲ့ ခွန်ဒီးယမ်း ဘာကွာသလဲ

နော်အုံးလှနဲ့ ခွန်ဒီးယမ်း ဘာကွာသလဲ
Thursday, March 14, 2013

လက်ပံတောင်း ကြေးနီစီမံကိန်း အစီရင်ခံစာနှင့် ပတ်သက်ပြီး ဒေါ်အောင် ဆန်းစုကြည်ကို ကန့်ကွက် ပြော ဆိုမှု များ ရှိလာသည်။ မသိနားမလည်သည့် ရွာသူရွာသားများနှင့် တိုင်းပြည်ဆူပူဖို့သာ ရည်ရွယ်ချက် ရှိေ သာ ၈၈ နှင့် ဗကသတို့ကိုတော့ မပြောလို။ ထိုသို့ ကန့်ကွက် ပြောဆိုကြသည့် အထဲတွင် မှ နော်အုံးလှနှင့် ခွန်ဒီးယမ်း ဆိုသော မိန်းမပျက်တို့အကြောင်းကို သာ ပြောလိုသည်။

( မိန်းမပျက်ဟု အဘယ်ကြောင့် ခေါ်ရ သလဲ ဆိုသော် မိန်းမဟု ပြော လိုက် ၊ ယောက်ျား ဟု ပြောလိုက်၊ Eleven မှ ဝေဖြိုးအပါအ၀င် လူပေါင်း များစွာမှ အတည်ပြု ထားပြီး သိရှိပြီး ဖြစ်သည့် ကိစ္စကိုနာမည်အပျက် ခံပြီး ငြင်းသော ကြောင့် ဖြစ်သည်။)

နော်အုံးလှ ဆိုသည်မှာကား အန်အယ်လ်ဒီပါတီမှ ထုတ်ပယ်ထားခြင်း ခံရသူ အမျိုးသမီး ဖြစ်သည်။ ဒေါ်ေ အာင် ဆန်းစုကြည် အကျယ်ချုပ် ကျစဉ်အ တွင်း ရွှေ တိဂုံ တက်ကာ ဒေါ်စု လွတ်မြောက်ရေး ဆုတောင်း ပေး ခဲ့ သူ ဖြစ်သည်။ မည်သည့် အထောက်အပံ့များဖြင့် လုပ်သည်တော့မပြောတတ် ။ ဒေါ်စု လွတ်မြောက်ပြီး နောက် ပိုင်း တွင် ဆန္ဒပြသည့် ပွဲတိုင်းပါသူ ဖြစ် လာသည်။

နောက်ဆုံး ၀မ်ပေါင်ကုမဏီကို ဆန္ဒပြမှုဖြင့် အဖမ်း ခံရစဉ်က အချုပ် ကား ပေါ်တွင် ပြုံးပျော်ရွှင်မြူးပြီး ဆုတံဆိပ် ရလုနီးနီး ဖြစ်ခဲ့သည်။ ထိုမှတစ်ဖန် လုပ် ကွက် ရှားပါးလာမှု၊ သူများတွေကဲ့သို့ ကချင်ပြည် နယ်အထိလည်း လမ်းမလျှောက်နိုင်မှု တို့ကြောင့် တိုက်ခိုက် စရာ မှာ ဒေါ် အောင် ဆန်း စုကြည်သာ ဖြစ်လာလေတော့သည်။

ယခင်က တစ်မေတည်း မေခဲ့ရာမှ အထောက်အပံ့တို့ လမ်းကြောင်း ပြောင်း သည့်အခါ၊ ဘီဘီစီ တို့ အော်သံ ပြောင်း သည့်အခါ နော်အုံးလှလည်း လမ်းကြောင်း ပြောင်းကာ ဒေါ်စုကို ပေါ်ပေါ်ထင်ထင် ဆန့်ကျင်ေ လတော့ သည်။ နော်အုံးလှ ကဲ့သို့ပင် တစ်ချိန်က တစ်မေတည်း မေခဲ့သော ခွန်ဒီး ယမ်း(ခေါ်) The Ladies ဂျာနယ်မှ အယ်ဒီတာချုပ်ကြီးသည်လည်း NLD နိုင်ငံ လုံး ဆိုင်ရာ ညီလာခံ အစမှ ဒေါ်စု ကို တိုက်ခိုက်မှုများ ပြုလာသည်။

ထို့ပြင် ထို မိန်းမပျက်၏ အကောင့်ခွဲတစ်ခုဖြစ်သော ဒီမိုဖက်တီးတွင် လည်း ဒေါ်စုကို ဆန္ဒပြ ဆူပူရန် မြှောက်ပင့် ၏။ ဒေါ်စု၏ ဓာတ်ပုံများကို တယု တယ ဖော်ပြဖူးသည့် သူမအကောင့်တွင် ၅၀၀ တန် ဒေါ်စုပုံ အား ဘော ပင်ဖြင့် ဆွဲကာ မြေပေါ်ချထားသည့် ပုံများတင်ခဲ့သည်။ယခုတော့ အခြေအနေ များ ပြန်လည် ငြိမ်သက်သည့် အခါတွင်တော့ နော်အုံးလှနှင့် ခွန်ဒီးယမ်း တို့ နှစ်ေ ယာက် တစ်မေတည်း ပြန်မေကြလေပြီ။ ရုတ်တရတ် အမေ့ကို ပြန် ချစ်သော သမီးဝက်များ ပြန်ဖြစ် သွား ကြေ လပြီ။ အဘယ်ကြောင့်ဆိုသော် သူမတို့ မျှော်လင့်ထားသကဲ့သို့ ဒေါ်စုကို ဆန့်ကျင်ကန့်ကွက်မှုများ လိုက် ပါ မလာ သည့် အတွက် ဖြစ်ပေတော့၏။
တတ်လည်းတတ်နိုင်သော ဒီမိုဝက်များပေ တကား။

Myanmar Daily Star

လက်ပံတောင်း ကြေးနီစီမံကိန်း အစီရင်ခံစာနှင့် ပတ်သက်ပြီး ဒေါ်အောင် ဆန်းစုကြည်ကို ကန့်ကွက် ပြော ဆိုမှု များ ရှိလာသည်။ မသိနားမလည်သည့် ရွာသူရွာသားများနှင့် တိုင်းပြည်ဆူပူဖို့သာ ရည်ရွယ်ချက် ရှိေ သာ ၈၈ နှင့် ဗကသတို့ကိုတော့ မပြောလို။ ထိုသို့ ကန့်ကွက် ပြောဆိုကြသည့် အထဲတွင် မှ နော်အုံးလှနှင့် ခွန်ဒီးယမ်း ဆိုသော မိန်းမပျက်တို့အကြောင်းကို သာ ပြောလိုသည်။

ဒေါ်အောင်ဆန်းစုကြည် ယနေ့ လက်ပန်တောင်းတောင် အနီးတ၀ိုက်ရွာများမှ ဒေသခံများနှင့် တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည် ယနေ့တစ်ရွာဝင်တစ်ရွာထွက် သွားရောက်ခဲ့သော ရွာများထဲရွာသစ်၊ဒုံးတော၊ကံကုန်း၊ကျော်ရွာ၊မိုးကြိုးပြင်ရွာများတွင် ကော်မရှင်၏အစီရင်ခံစာအကြောင်း ရှင်းလင်းပြောကြားချက်များကို ကျေနပ်လက်ခံခဲ့ကြပြီး ဆည်တဲရွာဟောင်းတစ်ရွာတွင်သာ လက်မခံခဲ့ကြောင်း 7 Day News သတင်းထောက်က သတင်းပေးပို့သည်။

Facebook News Feed ဒီဇိုင်းသစ်ယူမယ်

Facebook News Feed ဒီဇိုင်းသစ်ယူမယ်

Facebook က News Feed ဒီဇိုင်းသစ် ပေးတော့မှာပါ။ ဇူကာဘတ် ကိုယ်တိုင် သတင်းစာရှင်းလင်းပွဲ့ ရှင်းလင်းပြသပြီးပြီ ဖြစ်ပါတယ်။ မကြာမီ ရရှိတော့မှာပါ။ ယင်း ဒီဇိုင်းသစ် Timeline ကို အသုံးပြုချင်တယ် ဆိုရင် အောက်ပါ လခ့်မှာ ဝင်လို့ Waiting List ကို cick နှိပ်ထားနိုင်ပါတယ်။

ဒါဆိုရင် Facebook က News Feed ဗားရှင်း အသစ်ပေးတဲ့အခါ ကိုယ့်ဟာ လည်း အလိုအလျောက်ပြောင်းသွားမှာပါ။ ထူးခြားတာကတော့ ပုံခပ်ကြီးကြီး ခပ်ရှင်းရှင်းမြင်ရတာမျိုး ဖြစ်ပါတယ်။ မိုဘိုင်းဗားရှင်းနဲ့ ကွန်ပြူတာ ဗားရှင်း ကွာခြားမှု သိပ်မရှိတော့ပါဘူး။ စာထက် ပုံ လိုဂို အသုံးပြုမှုများလာမယ့် ဗားရှင်း အသစ်က မိုဘိုင်းနဲ့တောင် နီးစပ်တယ်လို့ ဆိုကြပါတယ်။

Fresh Feed တို့လို UI လည်းပါလာပြီး ကိုယ် Feed လိုချင်တဲ့ Soure တွေဆီကနေပဲ ရအောင် Option ပေးထားလို့လည်းရမယ်လို့ ဆိုပါတယ်။ ဒါကြောင့် News Feed ဗားရှင်း အသစ်ကို လိုချင်ရင် အောက်ပါ လခ့်မှာ ဝင်ရောက်၍ Click လုပ်ထားနိုင်ပါတယ်။

https://www.facebook.com/about/newsfeed

-
ရိုးရာလေး နည်းပညာ

Re-Post By ACM 14-3-2013
အေးချမ်းမွန် Credit to >>YoYarLay<< Thank

Facebook က News Feed ဒီဇိုင်းသစ် ပေးတော့မှာပါ။ ဇူကာဘတ် ကိုယ်တိုင် သတင်းစာရှင်းလင်းပွဲ့ ရှင်းလင်းပြသပြီးပြီ ဖြစ်ပါတယ်။ မကြာမီ ရရှိတော့မှာပါ။ ယင်း ဒီဇိုင်းသစ် Timeline ကို အသုံးပြုချင်တယ် ဆိုရင် အောက်ပါ လခ့်မှာ ဝင်လို့ Waiting List ကို cick နှိပ်ထားနိုင်ပါတယ်။

ယခုနှစ် မန်းသင်္ကြန် ကျုံးပတ်လည် မဏ္ဍပ်အရေအတွက် ကန့်သတ်သွားမည်

ယခုနှစ် မန်းသင်္ကြန် ကျုံးပတ်လည် မဏ္ဍပ်အရေအတွက် 
ကန့်သတ်သွားမည်
Thursday, March 14, 2013

မန်းမြို့တော် စည်ပင်က ယခုနှစ် သင်္ကြန်ပွဲတော်တွင် ကျုံးဘေးပတ်လည် မဏ္ဍပ်ဆောက်လုပ်ခွင့်ချထားပေးမှုအပေါ် ကန့်သတ်သွားရန်ရှိကြောင်း တွဲဘက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက ပြောသည်။

”စည်းရုံးသိမ်းသွင်းပြီးမှ ဒါကို လုပ်သွားမှာပါ” ဟု ၎င်းက ပြော သည်။နှစ်စဉ်နှစ်တိုင်း မန္တလေး မြို့ တွင်း၌ ရေကစား မဏ္ဍပ် ဆောက်လုပ်မှုမှာ လေးခုထက်မပိုခဲ့သော်လည်း ကျုံးပတ်လည်တွင်ရေကစားမဏ္ဍပ် ဆောက်လုပ်မှုများမှာ မဏ္ဍပ် ၄ဝ နီးပါးအထိ ရှိနေကြောင်း မန်းမြို့ တော် စည်ပင်စာရင်းများအရ သိရ သည်။

”ဒီနှစ် မဟာသင်္ကြန်မှာ ကျုံးဘေးအပြင် မြို့ထဲမှာပါ စည်ကားချင်တယ်။ ဒါက ရည်ရွယ်ချက်။ ငယ်ငယ်ကလေးကတည်းက ကျုံးဘေးက စည်းကားမှုကိုလည်း မပယ်ဖျက်သွားဘူး။ အသေးစိတ်တော့ ဆက်ညှိသွားမယ်” ဟု ဦး သက်နိုင်ထွန်းက ဆက်ပြောသည်။

မန်းစည်ပင် အခွန်ဌာနမှူး ဦးအောင်စိုးက နှစ်စဉ်နှစ် တိုင်း ဆောင်ရွက်နေကျ ဖြစ်သော မဏ္ဍပ်များကို မဲစနစ်ဖြင့် နေရာချ ပြီး မတ်လ ၁၅ ရက်နေ့တွင် စတင်ဆောက်လုပ်ခွင့်ပြုမည်ဟု ပြောသည်။ ”မဏ္ဍပ် အရေအတွက်ကတော့ အတိအကျနဲ့ ဒီအချိန်မှာ ပြောဖို့ ခက်ပါတယ်။ ချထားပေးပြီးမှပဲ သိမယ်” ဟု ဦးအောင်စိုး က ဆိုသည်။မန်းမြို့တော်စည်ပင်က ကျုံး ဘေးပတ်လည် မဏ္ဍပ်ချထားပေး မှုကို ၆၆-လမ်း ကျုံးအရှေ့ဘက်၊ ၂၆-လမ်း ကျုံးတောင်ဘက်၊ လမ်း-၈ဝ၊ ကျုံးအနောက်ဘက် နှင့် ၁၂ လမ်းကျုံးမြောက်ဘက်တို့ တွင် ပြုလုပ်ပြီး ယခုနှစ်တွင် ကန့် သတ်သွားမည့် ပမာဏကိုမူ ထုတ်ဖော် မပြောပေ။

မန္တလေး ဒေသခံတစ်ဦးဖြစ် သူ ကိုဇော်မျိုးက ”နေရာစုံ စည် တော့ ကောင်းတာပေါ့။ ကျုံးဘေး ပတ်လည် အစဉ်အလာ ဖျက်တာ လည်း မဟုတ်ဘူးလေ” ဟု သူ့ အမြင်ကို ပြောသည်။ ၂ဝ၁၃ ခုနှစ် မန်းမဟာသင်္ကြန် ပွဲတော်တွင် မဏ္ဍပ်များကို စည်း ကမ်းတကျ ဖြစ်စေရန် စည်းကမ်း ချက်များကို ထုတ်ပြန်ထားပြီး မလိုက်နာပါက စည်ပင်သာယာ တည်ဆဲဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဟု ကြေညာ ထားသည်။

PN-051
Popular Myanmar News Journal

Thursday, March 14, 2013
မန်းမြို့တော် စည်ပင်က ယခုနှစ် သင်္ကြန်ပွဲတော်တွင် ကျုံးဘေးပတ်လည် မဏ္ဍပ်ဆောက်လုပ်ခွင့်ချထားပေးမှုအပေါ် ကန့်သတ်သွားရန်ရှိကြောင်း တွဲဘက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်သို့ ထွက်ခွာသွားပြီ

၃ နာရီ ၂၀ မိနစ်အချိန်တွင် နယ်မြေခံသတင်းထောက်၏ သတင်းပေးပို့ချက် အရ ဒေါ်အောင်ဆန်းစုကြည်
သည် စီမံကိန်းဧရိယာများကို သွားရောက် စစ်ဆေးပြီး နေပြည်တော်သို့ ထွက်ခွာသွားကြောင်း သိရသည်။

တပ်မတော် နယ်လှည့် ဆေးကုသရေး မြစ်ရေယာဉ် (ရွှေပုစွန်) ပြန်လည် ရောက်ရှိ

တပ်မတော် နယ်လှည့် ဆေးကုသရေး မြစ်ရေယာဉ် (ရွှေပုစွန်) ပြန်လည် ရောက်ရှိ

ဧရာဝတီ ရေတပ်စခန်း ဌာနချုပ်မှ မြစ်ရေယာဉ် (ရွှေပုစွန်)သည် တပ်မတော် နယ်လှည့် ဆေးကုသရေး အဖွဲ့ များအား တင်ဆောင်၍ ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ ဘိုကလေးမြို့၊ မော်လမြိုင် ကျွန်းမြို့၊ မအူပင်မြို့၊ ရွှေလောင်းမြို့၊ ဝါးခယ်မမြို့၊ မြောင်းမြမြို့၊ ပုသိမ်မြို့တို့သို့ ရောက်ရှိပြီး နယ်လှည့် ဆေးကုသရေး အဖွဲ့များက ဒေသခံ ပြည်သူ ၇၃၃၄ ဦးအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးနိုင်ခဲ့သည်။

အဆိုပါ မြစ်ရေယာဉ် (ရွှေပုစွန်)သည် ယမန်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်က ဧရာဝတီ ရေတပ်စခန်း ဌာနချုပ်သို့ ပြန်လည် ရောက်ရှိရာ ဌာနချုပ်မှူးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက ကြိုဆိုခဲ့ ကြကြောင်း သတင်း ရရှိသည်။

မြ၀တီ

ဧရာဝတီ ရေတပ်စခန်း ဌာနချုပ်မှ မြစ်ရေယာဉ် (ရွှေပုစွန်)သည် တပ်မတော် နယ်လှည့် ဆေးကုသရေး အဖွဲ့ များအား တင်ဆောင်၍ ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ ဘိုကလေးမြို့၊ မော်လမြိုင် ကျွန်းမြို့၊ မအူပင်မြို့၊ ရွှေလောင်းမြို့၊ ဝါးခယ်မမြို့၊ မြောင်းမြမြို့၊ ပုသိမ်မြို့တို့သို့ ရောက်ရှိပြီး နယ်လှည့် ဆေးကုသရေး အဖွဲ့များက ဒေသခံ ပြည်သူ ၇၃၃၄ ဦးအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးနိုင်ခဲ့သည်။

ယနေ့ နေ့လည် ၂နာရီ၁၅မိနစ်တွင် ဆည်တဲ ကျေးရွာတွင် ဒေါ်အောင်ဆန်းစုကြည် ဆန္ဒပြခံရ

ဆန္ဒပြနေကြသည့် တုံရွာသပိတ်စခန်းမှ ဒေသခံများ
ဆန္ဒပြနေကြသည့် တုံရွာသပိတ်စခန်းမှ ဒေသခံများ
ဒ်ါအောင်ဆန်းစုကြည်သည် နေ့လည် ၂နာရီ၁၅မိနစ်တွင် ဆည်တဲ ကျေးရွာမှ ပြန်လည်ထွက်ခွာပြီး လိပ်ခွံတောင်ပေါ်မှ သပိတ်စခန်းသို့ သွားရောက်ခဲ့ကြောင်း ဆည်တဲ ကျေးရွာမှ ဒေသခံ တဦးက မဇ္ဈိမသို့ ပြောသည်။အဆိုပါ ဒေသခံက “ လွန်ခဲ့တဲ့ ၁၅မိနစ်က ရွာထဲက ပြန်ထွက်သွားပြီ။ ရွာသားအကုန်လုံး သူ့ကို လမ်းလျှောက်ပြီး ဆန္ဒပြကြတယ်။ သူ့နောက်လိုက်ပြီးတော့ ဆန္ဒပြတာ ” ဟု ဒေါ်အောင်ဆန်းစုကြည်ကို ဆန္ဒပြခဲ့ကြောင်း မဇ္ဈိမကို ပြောခဲ့သည်။

သင်မသိသေးသော စိတ်ဝင်စားဖွယ်ဂီတအကြောင်းအရာများ

သင်မသိသေးသော စိတ်ဝင်စားဖွယ်ဂီတအကြောင်းအရာများ♫ (၂)
===================================
By @[492503617467704:274:International Music Crazies]


အီလက်ထရောနစ်ဂစ်တာကိုစတင်တီထွင်ပြီး ပထမဦးဆုံး အီလက်ထရောနစ်ဂစ်တာကုမ္ပဏီ(Fender)ကို 
တည်ထောင်ခဲ့သောပုဂ္ဂိုလ် လီယိုဖန်ဒါ (Leo Fender) သည် ဂီတာလုံးဝမတီးတတ်ပါ။

အဒဲလ် သည် Day Dreamer သီချင်းကို လိင်နှစ်မျိုးစလုံးကိုစိတ်ဝင်စားသော(Bisexual) 
သူမ၏ရည်းစားဟောင်းအတွက်ရေးစပ်ခဲ့ခြင်းဖြစ်သည်။ 


ကမ္ဘာကျော် ဂီတပညာရှင်များဖြစ်ကြသော Jimi Hendrix, Janis Joplin, Jim Morrison နှင့် @[49436315526:274:Nirvana] အဖွဲ့၏အဆိုတော် Kurt Cobain တို့သည် သူတို့အသက် ၂၇ နှစ်တွင် တူညီစွာသေဆုံးခဲ့ကြသည်။

မိုက်ကယ်ဂျက်ဆင် ကိုနာမည်ကျော်စေခဲ့သော"Beat it"သီချင်းကို ရော့ခ်ကာကြီး Van Halen ကတီးပေးခဲ့ခြင်းဖြစ်သည်။

၁၉၇၈ ခုနှစ်တွင် ဆွီဒင်နိုင်ငံမှ နာမည်ကျော်တီးဝိုင်း ABBA ၏၀င်ငွေသည် Volvo ကားကုမ္ပဏီ၏၀င်ငွေထက်ကျော်လွန်နေခဲ့သည်။

Guns and Roses အဖွဲ့ မှ ဂီတာပညာရှင် Slash ၏ ၀ါသနာမှာ မြွေများကို အိမ်မွေးတိရိစ္ဆာန် အဖြစ်မွေးမြူခြင်းဖြစ်သည်။

led zeppelin အဖွဲ့မှ ဒရမ်မာ သည် အရက်အလွန်အကျွံသောက်ခြင်းကြောင့် သေဆုံးသွားခဲ့သည်။ သူသည် ၀ီစကီ ၁၈ လုံးကို တစ်ယောက်တည်းသောက်ပြီးနောက်နေ့နံနက်တွင်ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

ဂီတနယ်ပယ်မှရရှိသောဝင်ငွေမှာ နှစ်စဉ်(၄) ဘီလီယံခန့်ရှိပြီး
တရားမ၀င်ဒေါင်းလုပ်ချမှုများကြောင့်ဆုံးရှုံးသောပမာဏမှာ ၄၀ ဘီလီယံခန့်ရှိသည်။

အင်တာနက်ပေါ်လာ ပြီးနောက်ပိုင်းတွင် သီချင်းခွေများရောင်းချရမှုပမာဏသည် လေးပုံသုံးပုံကျဆင်းခဲ့သည်။

၁၉၅၂ နှစ်တွင် တေးရေးဆရာ ဂျွန်ကေ့ခ်ျသည် လေးမိနစ်နှင့် ၃၃စက္ကန့်
ကြာသောမည်သည့်အသံမျှမပါသော(တိတ်ဆိတ်သံသက်သက်) သီချင်းတစ်ပုဒ်ကိုဖြန့်ချိခဲ့သည်။

ဖျော်ဖြေပွဲများတွင်သုံးသောစန္ဒရား(Grand piano) တစ်လုံးတွင်ပါရှိသည့်ကြိုးများ၏ စုစုပေါင်းတင်းအားမှာ တန် 
၃၀ ခန့်ရှိသည်။

ကမ္ဘာအငယ်ဆုံး ဂစ်တာသည် ၁၀ မိုက်ခရိုမီတာခန့်သာရှိပြီး 
တပ်ဆင်ထားသောကြိုးတစ်ချောင်းစီ၏အရွယ်အစားမှာ ၅၀ နာနိုမီတာသာရှိကာ Cornell University 
မှာသုတေသနကျောင်းသားများကတီထွင်ထားခြင်းဖြစ်သည်။ 

************************************************

ယခင်ဖော်ပြပြီးသားအကြောင်းအရာများကိုပါတစုတစည်းဖတ်ရှုနိုင်အောင် ပြန်တင်ပေးလိုက်ပါတယ်။

************************************************

သင်မသိသေးသော စိတ်ဝင်စားဖွယ်ဂီတအကြောင်းအရာများ♫ (၁)
===================================
By International Music Crazies


၁။ မြန်မာနိုင်ငံ၏ နိုင်ငံတော်သီချင်းမှာ တို့ဗမာသီချင်းသံစဉ်ကို စာသားပြောင်းထားခြင်းဖြစ်သည်။

၂။ မိုနာကို(Monaco)နိုင်ငံ၏ အမျိုးသားသံစုံတီးဝိုင်းသည် ယင်းနိုင်ငံ၏စစ်တပ်ထက်လူအင်အားကြီးမားသည်။

၃။ ဂျပန်နိုင်ငံ၏နိုင်ငံတော်သီချင်းမှာ စာကြောင်းလေးကြောင်းခန့်သာရှိပြီ ဂရိနိုင်ငံ၏နိုင်ငံတော်သီချင်းမှာ (verse)အပိုဒ်ပေါင်း ၁၅၈ ပိုဒ်ရှိသည်။

၎။ ဘီဘီစီရေဒီယိုမှ ပထမဦးဆုံးထုတ်လွှင့်ခဲ့သောသီချင်းမှာ The Move အဖွဲ့၏ Flower In the rain သီချင်းဖြစ်သည်။

၅။ ရက်ပါကြီး Jay Z သူဆိုမယ့်သီချင်းစာသားကိုတစ်ခါမှချမရးပါဘူး။ ဒီအတိုင်းလက်တန်းဆိုတာပါတဲ့။

၆။ စီဒီချပ်များကို ၁၉၈၀ ခုနှစ်ကတည်းက Sony နှင့် Phillips ကုမ္ပဏီတို့ကထုတ်လုပ်ခဲ့သည်။

၇။ ကမ္ဘာ့ရောင်းအားအကောင်းဆုံးဂီတတူရိယာပစ္စည်းမှာ ဘာဂျာဖြစ်သည်။

၈။ ဂီတပညာရှင်ကြီး မိုးဇက်သည် အသက် ၄နှစ်ကပင် စန္ဒရားနှင့်တီးရသော ပြဇတ်သီချင်းတစ်ပုဒ်ကိုရေးစပ်ခဲ့သည်။

၉။ ဂီတပညာရှင်ကြီး မိုးဇက်၏ရုပ်အလောင်းကို မည့်သည့်နေရာတွင်မြှပ်နှံထားသည်ကို မည်သူမှမသိကြ။

၁၀။ ခြများသည် ဟဲဗီးမက်တယ် သီချင်းများကိုနားထောင်နေချိန်တွင် သစ်သား(အစာ)စားနှုန်းနှစ်ဆပိုမြန်ကြသည်။

၁၁။ ပထမဦးဆုံးဂရမ်မီဆုပေးပွဲကို ၁၉၅၉ မေလ ၄ရက်နေ့မှာကျင်းပခဲ့သည်။

၁၂။ အမေရိကန်သည် ကမ္ဘာ့ဂီတဈေးကွက်၏ ၃၀ % ကျော်ကိုတစ်ဦးတည်းပိုင်ဆိုင်ထားသည်။

၁၃။ ကမ္ဘာအရှည်ဆုံး သီချင်းခေါင်းစဉ် မှာ (Space များပါအပါအ၀င်)စာလုံးရေ ၃၀၅လုံး ရှိပြီး ဆွီဒင်နိုင်ငံမှ Rednex အဖွဲ့၏သီချင်းဖြစ်သည်။ 
"The Sad But True Story Of Ray Mingus, The Lumberjack Of Bulk Rock City, And His Never Slacking Stribe In Exploiting The So Far 
Undiscovered Areas Of The Intention To Bodily Intercourse From The Opposite Species Of His Kind, During Intake Of All The Mental
Condition That Could Be Derived From Fermentation."

၁၄။ ကမ္ဘာအရှည်ဆုံး သီချင်းမှာ Bull of Heaven အဖွဲ့၏ The Chosen Priest and Apostle of Infinite Space ဖြစ်ပြီး နှစ်လကျော်ကြာရှည်သည်။

၁၅။ လက်ရှိ American Idol ဒိုင်လူကြီး မာရီယာကာရေးသည် အထက်တန်းတုန်းက လူတောမတိုးတဲ့ကောင်မလေး ဟုနောက်ပြောင်အနိုင်ကျင့်ခံခဲ့ရသည်။

၁၆။ ပထမဦးဆုံး အချပ်ရေ ၁သိန်းရောင်းချရသောအယ်လ်ဘမ်မှာ Harry Belafonte ၏ Calypso အယ်လ်ဘမ်ဖြစ်သည်။

အီလက်ထရောနစ်ဂစ်တာကိုစတင်တီထွင်ပြီး ပထမဦးဆုံး အီလက်ထရောနစ်ဂစ်တာကုမ္ပဏီ(Fender)ကို
တည်ထောင်ခဲ့သောပုဂ္ဂိုလ် လီယိုဖန်ဒါ (Leo Fender) သည် ဂီတာလုံးဝမတီးတတ်ပါ။

အဒဲလ် သည် Day Dreamer သီချင်းကို လိင်နှစ်မျိုးစလုံးကိုစိတ်ဝင်စားသော(Bisexual)
သူမ၏ရည်းစားဟောင်းအတွက်ရေးစပ်ခဲ့ခြင်းဖြစ်သည်။

လှည်းတန်းခုံးကျော်တံတား ဧပြီ ၁ဝ ရက်တွင် စတင်အသုံးပြုခွင့်ရမည်

လှည်းတန်းခုံးကျော်တံတား ဧပြီ ၁ဝ ရက်တွင် စတင်အသုံးပြုခွင့်ရမည်
Thursday, March 14, 2013

ဧပြီလ ၁ဝ ရက်နေ့တွင် လှည်းတန်းခုံးကျော်တံတားပေါ်မှ ကားများ
စတင် ဖြတ်သန်းနိုင်တော့မည်ဟု ရန်ကုန်စည်ပင်မှ သတင်းရရှိသည်။

အဆိုပါ တံတား စတင်အသုံး ပြုနိုင်ပါက ပြည်လမ်းတွင် သွားလာ နေသော ယာဉ်များကြောင့် ယာဉ် ကြောကျပ်မှု ၂ဝ ရာခိုင်နှုန်းမှ ၃ဝ ရာခိုင်နှုန်း အထိ လျော့ကျသွားရန်ရှိ ကြောင်း၊ ယင်းအပြင် နာနတ်တော မီးပွိုင့်ကိုပါ စနစ်ပြောင်းလဲရန်လို ကြောင်း၊ လှည်းတန်းမှ ဆင်းလာ သည့်ကားများ သည် မြေနီကုန်းတွင် သွားရောက်ပိတ်ဆို့နေသည့်အ တွက် မြေနီကုန်း လမ်းဆုံတွင်လည်း ခုံးကျော်တံတား တစ်စင်းတည်ဆောက်ရန် လိုအပ်ကြောင်း အများ ပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်
အဖွဲ့မှ ဥက္ကဋ္ဌ ဦးကြည် သိန်းက ပြောသည်။

အလုံမြို့နယ်နေ အငှားယာဉ် မောင်းတစ်ဦးကလည်း ''လှည်းတန်း တံတားက နာနတ်တောမီးပွိုင့် ကို မကျော်လို့ ပြည်လမ်းမကြီးအတိုင်း မြို့ထဲကို လာတဲ့ကားတွေဆို နာနတ်တောမီးပွိုင့်မှာ ပိတ်ဦးမှာပဲ။ အင်းစိန်ကနေ မြို့ထဲကိုလာတဲ့ကား တွေကတော့ အဆင်ပြေသွားမယ်'' ဟု လှည်းတန်းခုံးကျော်တံတား ပြီး စီးပါက ဖြစ်ပေါ်လာနိုင်သည့် အခြေ အနေကို ပြောသည်။

ဧပြီလတွင် စတင်အသုံးပြုနိုင် မည့် လှည်းတန်းခုံးကျော်တံတား
ပေါ်တွင် ကွန်တိန်နာကားများမောင်း နှင်ခွင့် ပေးမည်မဟုတ်ပေ။
ရန်ကုန်မြို့၏ ယာဉ်ကြောပိတ် ဆို့မှု ပြေလည်စေရန် လှည်းတန်း၊ ဘုရင့်နောင်နှင့် ရွှေဂုံတိုင် လမ်းဆုံ အပြင် မြေနီကုန်းနှင့် တာမွေလမ်း ဆုံတို့တွင်လည်း ခုံးကျော်တံတား များ တည်ဆောက်သင့်သည်ဟု ဦးကြည်သိန်းက ထပ်လောင်းပြော သည်။

လှည်းတန်း ခုံးကျော်တံတား ကို ၂ဝ၁၂ ခုနှစ်ဖေဖော်ဝါရီမှ စတင်ကာ
ရွှေတောင်ကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်ခဲ့ပြီး တည် ဆောက်စရိတ်
၁၄ ဒသမ ၄၈၇ ဘီလျံအကုန်ကျခံ ဆောက်လုပ်နေ ခြင်း ဖြစ်သည်။

အဆိုပါ ငွေကြေးကို ကုမ္ပဏီမှ ဦးစွာ စိုက်ထုတ်ဆောင်ရွက်ပြီး ရန်ကုန် စည်ပင်မှ ပြန်လည်ပေးချေ သွားမည်ဖြစ်ကာ ပြည်သူများထံမှ တံတားဖြတ်သန်းခ ကောက်ခံမည် မဟုတ်ပေ။

ယင်းတံတားသည် ရန်ကုန်မြို့ ၌ ၂ဝ၁၂ ခုနှစ်အတွင်း စတင် တည်ဆောက် ခဲ့သည့် ခုံးကျော် တံတားသုံးစင်းအနက် ပထမဦးစွာ ပြီးစီးမည့် တံတား
ဖြစ်သည်။

ဝေမာထွန်း
Popular Myanmar News Journal

Thursday, March 14, 2013
ဧပြီလ ၁ဝ ရက်နေ့တွင် လှည်းတန်းခုံးကျော်တံတားပေါ်မှ ကားများ စတင် ဖြတ်သန်းနိုင်တော့မည်ဟု ရန်ကုန်စည်ပင်မှ သတင်းရရှိသည်။

ဆိုင်ကယ်စီး ခရီသွားဧည့် များ ပြည်တွင်းသို့ ၀င်ရောက်လာ

ဆိုင်ကယ်စီး ခရီသွားဧည့် များ ပြည်တွင်းသို့ ၀င်ရောက်လာ
Thursday, March 14, 2013

မဲဆောက်မှ တဆင့် ၀င်ရောက်လာသော ဆိုင်ကယ်စီးခရီသွားဧည့်များသည် ခရီး ကီလိုမီတာပေါင်း ၂၀၀၀ ကို ဆိုင်ကယ်ဖြင့် သွားလာ လည်ပတ်ခဲ့
ကြောင်းသိရသည်။

ယင်းခရီးသွားများသည် ယခုလ ၈ ရက်နေ့မှ စ၍မဲဆောက်မြို့ မှ ကျိုက်ထို၊နေပြည်တော် ၊ပုဂံ၊ပြည်၊ပဲခူး၊မော်လမြိုင် အထိထွက်ခွာခဲ့ကြပြီး 
၁၅ ရက်နေ့တွင် ခရီစဉ် အဆုံးသပ်ကာ မဲဆောက်မှပြန်လည်
ထွက်ခွာမည် ဖြစ်ကြောင်း၊ခရီသွားဧည့်များတွင် စင်္ကပူနိုင်ငံသားတစ်ဦး၊
မလေးနိုင်ငံသား ၂ ဦး၊သြစတြေးလျှနိုင်ငံသား ၁ဦး၊ဘော်စနီးယားနိုင်ငံသား
၁ဦးနှင့် ထိုင်းနိုင်ငံသူ တစ်ဦး ပါဝင်ကြောင်းသိရသည်။

၎င်းတို့၏ ခရီးစဉ် ကို ၂ လခန့် ကြိုတင်စီစဉ်ခဲ့ရပြီး ICS ခရီးသွားလုပ်ငန်းနှင့် ချိတ်ဆက် လာရောက်ကြခြင်းဖြစ်သည်။

ဝေယံ
Popular Myanmar News Journal

Thursday, March 14, 2013
မဲဆောက်မှ တဆင့် ၀င်ရောက်လာသော ဆိုင်ကယ်စီးခရီသွားဧည့်များသည် ခရီး ကီလိုမီတာပေါင်း ၂၀၀၀ ကို ဆိုင်ကယ်ဖြင့် သွားလာ လည်ပတ်ခဲ့ ကြောင်းသိရသည်။

ဒေါ်အောင်ဆန်းစုကြည်တုံကျေးရွာသပိတ်စခန်းသို့ ရောက်ရှိနေပြီ

ဒေါ်အောင်ဆန်းစုကြည် သပိတ်စခန်း ရောက်နေ
မေစစ်ပိုင်
Thursday, March 14, 2013

လက်ပန်းတောင်းတောင် ပဋိပက္ခစုံစမ်းရေးကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ မနက် ၉ နာရီခန့်မှ စတင်ကာ တုံကျေးရွာသပိတ်စခန်းသို့ ရောက်ရှိနေပြီး ဒေသခံများနှင့် ညှိနှိုင်းဆွေးနွေးလျက်ရှိကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်က သပိတ်စခန်းအတွင်း ဒေသခံ ၂ဦး တဖွဲ့၊ ၃ဦး တဖွဲ့ ဖြင့် ၎င်းတို့ ခံစားနေရသည့် မကျေနပ်ချက်များ၊ ပြဿနာများကို နားထောင်ဆွေးနွေးပေးလျက် ရှိသော်လည်း ဒေသခံများဘက်မှ ညှိနှိုင်းဆွေးနွေးချက်များကို လုံးဝလက်မခံဘဲ အခြေအနေ တင်းမာလျက်ရှိသည်။

လက်ရှိတွင် သပိတ်စခန်းအတွင်း ညှိနှိုင်းမှုလုပ်နေသည့် ဒေါ်အောင်ဆန်းစုကြည်ကို ရဲလုံခြုံရေးအပြည့်ဖြင့် တာဝန်ယူ စောင့်ရှောက်နေပြီး စုံစမ်းရေးကော်မရှင် အဖွဲ့သားအများစုလည်း ရောက်ရှိနေကြောင်း သိရသည်။ “ လူထက်အရေးကြီးတာ ဘာမှမရှိပါဘူး၊ ရွာသူရွာသားတွေ အားလုံးကောင်းဖို့ ကျွန်မမှာ တာဝန်ရှိပါတယ်၊ လက်ပန်တောင်း တောင် မရှိတော့ပေမဲ့ ထိုနည်းတူ သာယာစိုပြေတဲ့ ပတ်ဝန်းကျင်တခု ရဖို့ ကျွန်မ လုပ်ပေးသွားမှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က တုံကျေးရွာသပိတ်စခန်းမှ ဒေသခံများကို ပြောကြားသည်။

သပိတ်စခန်းရှိ ဒေသခံများက “ အစီရင်ခံစာကို ဖျက်သိမ်းပေး”၊ “လုံးဝ အလိုမရှိဘူး”၊“ ဒါက မဖြစ်သင့်တဲ့ ကိစ္စတွေချည်းပဲ”စသည်ဖြင့် ပြောဆိုလျက်ရှိသည်။ ဒေသခံများက လက်ရှိအချိန်ထိ လက်ပန်တောင်းတောင် အစီရင်ခံစာအပေါ် ရှင်းလင်းရေးနှင့် စီမံကိန်းရပ်ဆိုင်းရေးကိုသာ အလိုရှိနေပြီး ညှိနှိုင်းမှုကို လုံးဝမလက်မခံကြောင်း သပိတ်စခန်းတွင် ကူညီဆောင်ရွက်နေသူ ကိုသောင်းထိုက်က ပြောသည်။

ယမန်နေ့ညက တုံကျေးရွာသပိတ်စခန်းအခြေစိုက်ရာ လိပ်ခွံတောင်အနီးသို့ ရဲများချဉ်းကပ်လာခဲ့သော်လည်း စခန်းအတွင်းဒေသခံများက သစ်ကိုင်းခြောက်များ မီးရှို့ကာခြောက်လှန့်ခြင်း၊ အသံပေးခြင်းများပြုလုပ်ခဲ့ပြီးနော် ရဲများက ပြန်လည် ဆုတ်ခွာသွားကြောင်း၊ အခြေအနေတင်းမာမှု မရှိတော့သော်လည်း သပိတ်စခန်းတွင် ပါဝင်သော မိုးကြိုးပြင် ငါးရွာ၊ တုံ ငါးရွာနှင့် အခြားရွာ ငါးရွာမှ ဒေသခံများက လူအင်အားများထပ်မံဖြည့်တင်းထားပြီး လက်ရှိ သပိတ်စခန်းတွင် ဒေသခံအင်အား ၃၅၀ ကျော်ရှိနေကြောင်း သိရသည်။

Irrwaddy
ဒေါ်အောင်ဆန်းစုကြည် ဆည်တည်း ရွာသစ် ကျေးရွာ ရှိ ရွာသူရွာသား များ နှင့် တွေ့ ဆုံစဉ်
Thursday, March 14, 2013
လက်ပန်းတောင်းတောင် ပဋိပက္ခစုံစမ်းရေးကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ မနက် ၉ နာရီခန့်မှ စတင်ကာ တုံကျေးရွာသပိတ်စခန်းသို့ ရောက်ရှိနေပြီး ဒေသခံများနှင့် ညှိနှိုင်းဆွေးနွေးလျက်ရှိကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်က သပိတ်စခန်းအတွင်း ဒေသခံ ၂ဦး တဖွဲ့၊ ၃ဦး တဖွဲ့ ဖြင့် ၎င်းတို့ ခံစားနေရသည့် မကျေနပ်ချက်များ၊ ပြဿနာများကို နားထောင်ဆွေးနွေးပေးလျက် ရှိသော်လည်း ဒေသခံများဘက်မှ ညှိနှိုင်းဆွေးနွေးချက်များကို လုံးဝလက်မခံဘဲ အခြေအနေ တင်းမာလျက်ရှိသည်။

ဆန္ဒပြခေါင်းဆောင်သုံးဦးနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

ဆန္ဒပြခေါင်းဆောင်သုံးဦးနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

ရန်ကုန်၊ မတ်-၁၄

ဒေါ်အောင်ဆန်းစုကြည်သည် ဆည်တည်းကျေးရွာသို့ သွားရောက်ရာလမ်းရှိ တုန်ရွာသပိတ်စခန်းတွင် ရှိနေသော ဆန္ဒပြခေါင်းဆောင် သုံးဦးခန့်နှင့် တွေ့ဆုံနေကြောင်း အဆိုပါနေရာသို့ ရောက်ရှိနေသည့် 7Day News သတင်းထောက်က သတင်းပေးပို့သည်။

အဆိုပါ သပိတ်စခန်းသို့အရောက်တွင် သပိတ်ခေါင်းဆောင်များမှ ဒေါ်အောင်ဆန်းစုကြည်အား ကြမ်းတမ်းသော အသုံးအနှုန်းများဖြင့် ပြောဆို၍ တွေ့ဆုံရန် ငြင်းဆိုသည့်ကြားမှ ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံရန်ကြိုးစားပြီး စီမံကိန်းနှင့်ပတ်သက်သည့် အကြောင်းရာများကို ရှင်းပြနေကြောင်း သတင်းပေးပို့သည်။

"ဘာဖြစ်လို့ ဆန္ဒပြနေကြတာလဲ။ မနေ့ကရော ဒီနေ့ရော သူတို့ကိုတွေ့ဖို့ ကျွန်မလိုက်ရှာနေတယ်။ ခုထိကို မတွေ့ရသေဘူး" ဟု ယနေ့နံနက်အစောပိုင်းက ရွာသစ်ကျေးရွာရှိ ဒေသခံများနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ယခုအခါ ဒေါ်အောင်ဆန်းစုကြည်သည် ဆည်တည်းကျေးရွာဟောင်းသို့ သွားရောက်မည်ဖြစ်ပြီး သွားရောက်ရာလမ်းကြောင်းတစ်လျှောက်တွင် လုံခြုံရေးအင်အားများ ထူထပ်စွာချထားကြောင်း သတင်းပေးပို့သည်။


လက်ပံတောင်းတောင်အစီရင်ခံစာနှင့် ပတ်သက်၍ မတ်လ ၁၃ ရက်တွင် ဆန္ဒဖော်ထုတ်နေသူများ။

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
7Day News Journal
လက်ပံတောင်းတောင်အစီရင်ခံစာနှင့် ပတ်သက်၍ မတ်လ ၁၃ ရက်တွင် ဆန္ဒဖော်ထုတ်နေသူများ။
ရန်ကုန်၊ မတ်-၁၄
ဒေါ်အောင်ဆန်းစုကြည်သည် ဆည်တည်းကျေးရွာသို့ သွားရောက်ရာလမ်းရှိ တုန်ရွာသပိတ်စခန်းတွင် ရှိနေသော ဆန္ဒပြခေါင်းဆောင် သုံးဦးခန့်နှင့် တွေ့ဆုံနေကြောင်း အဆိုပါနေရာသို့ ရောက်ရှိနေသည့် 7Day News သတင်းထောက်က သတင်းပေးပို့သည်။

"မြန်မာ့အစားအစာနှင့် ပွဲတော်ရက်များကို ကမ္ဘာကသိစေရန် ဟော်လန်နှင့်ပူးပေါင်း၍ ပြိုင်ပွဲများကျင်းပမည်"

မြန်မာအစားအစာနှင့် ပွဲတော်ရက်များကို ကမ္ဘာကသိစေရန်အတွက် ရည်ရွယ်၍ ဟော်လန်အဖွဲ့နှင့်ပူးပေါင်းမှု စတင်တော့မည်ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။

မြန်မာ့ ပထမဆုံး မိုဘိုင်းဖုန်း-အင်္ဂလိပ်စာ ပို့ချမှု စတင်

မြန်မာ့ ပထမဆုံး မိုဘိုင်းဖုန်း-အင်္ဂလိပ်စာ ပို့ချမှု စတင်
14/3/2013

မြန်မာနိုင်ငံဟာလည်း နည်းပညာပိုင်းမှာ အရင်ကထက် ခေတ်မီတိုး တက်လာနေပါပြီ။ အခုဆိုရင် မြန်မာနိုင်ငံက မိုဘိုင်းဖုန်း အသုံးပြုသူတွေ အင်္ဂလိပ်စာသင်ခန်းစာတွေ ကို မိုဘိုင်းဖုန်းမှတဆင့် သင်ယူနိုင်ပြီလို့ သိရ ပါတယ်။

မိုဘိုင်းဖုန်းကနေ အင်္ဂလိပ်စာ လေ့လာလိုသူတွေအတွက် Urban English ကို Blue Ocean နဲ့ URban Planet Mobile Deucation Service တို့က ပူးပေါင်း ပြီး မတ်လ ၁၂ ရက်နေ့ နေ့လယ်ပိုင်းက ရန်ကုန်ရှိ Park Royal ဟိုတယ်မှာ ၀န်ဆောင်မှုကို အသိပေးပွဲ ကျင်းပခဲ့တာကို ယနေ့ ထုတ် ကြေးမုံသတင်းစာမှာ
ဖော်ပြထားပါတယ်။

Urban English ရဲ့ ၀န်ဆောင်မှုထဲမှာ အခြေခံ အဆင့် ၁၊ ၂၊ ၃ ဆိုပြီး အဆင့် ခွဲထားတယ်လို့ သိရပါတယ်။ စီးပွားရေး၊ လူမှုရေး ဆိုတဲ့ ကဏ္ဍတွေ ခွဲထားပြီး TOEFL ကဏ္ဍကိုလည်း လေ့လာနိုင်အောင်စီစဉ်ထားတယ် လို့ ဆိုပါတယ်။

ကဏ္ဍ တခုစီတိုင်းမှာ သင်ခန်းစာပေါင်း ၆၀ မှ ၉၀ အထိ ပါဝင်ကြောင်းနဲ့ အခြေခံ သင်ခန်းစာ တခု ကျသင့်
ငွေ ကျပ် ၅၀၊ သင်ခန်းစာပေါင်း ၆၀ အတွက် ကျသင့်ငွေ ကျပ် ၃,၀၀၀ ဈေးနှုန်းနဲ့ ၃ လအတွင်း နှစ်သက် သလို လေ့လာနိုင်တဲ့အခွင့်အလမ်း ရှိတယ်လို့ ဆိုပါတယ်။

ဖုန်း- ၀၁-၂၃၉ ၉၈၇၆ ကို ခေါ် ဆိုပြီး Native Speaker များ ပို့ချတဲ့ မိုဘိုင်းဖုန်း အင်္ဂလိပ်စာကို သင်ယူနိုင်ပါပြီတဲ့။

အခုလို မိုဘိုင်းဖုန်းကတဆင့် အချိန်ကုန်သက်သာ၊ ငွေနဲ့ လူ သက်သာစေတဲ့ အင်္ဂလိပ်စာ သင်ယူလေ့လာ နိုင်မှု ဖြစ်စဉ်ဟာ မြန်မာနိုင်ငံမှာ ပထမဆုံး လည်းဖြစ်ပါတယ်။


ဧရာဝတီblog

Re-Post By ACM 13-3-2013
အေးချမ်းမွန် Credit to >>Shan News<< Thank

မြန်မာနိုင်ငံဟာလည်း နည်းပညာပိုင်းမှာ အရင်ကထက် ခေတ်မီတိုး တက်လာနေပါပြီ။ အခုဆိုရင် မြန်မာနိုင်ငံက မိုဘိုင်းဖုန်း အသုံးပြုသူတွေ အင်္ဂလိပ်စာသင်ခန်းစာတွေ ကို မိုဘိုင်းဖုန်းမှတဆင့် သင်ယူနိုင်ပြီလို့ သိရ ပါတယ်။

မန္တလေးမြို့၊မဟာအောင်အောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်များ၏ မဟာနာယကချုပ် မစိုးရိမ်ဆရယတော် ဘဒဒန္တရာဇဓမ္မာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ)မထောရ်မြတ်ကြီးရဲ့ ဘ၀ပုံရိပ်

***သာသနာ့ နေမင်း ကွယ်လေပြီ***
====================
မန္တလေးမြို့၊မဟာအောင်အောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်များ၏ မဟာနာယကချုပ် မစိုးရိမ်ဆရယတော် ဘဒဒန္တရာဇဓမ္မာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ)မထောရ်မြတ်ကြီးသည်၊
ယနေ့ ည ၁၁း ၄၀ခန့် မှာ မစိုးရိမ်းတိုက်သစ်ဆရာတော်ဘုရားကြီး ဘ၀နတ်ထံ ပြန်လွန်တော်မူသွားပါသည်။
ဆရာတော်ကြီးသည်ကား မြန်မာနိုင်ငံ၏ ပရိယတ္တိစာသင်တိုက်များ၏ မီးရှုးတန်ဆောင်ဖြစ်သည်။
ဆရာတော်၏ မစိုးရိမ်တိုက်သည် မြန်မာနိုင်ငံတော်တွင် စာသင်သားသံဃာတော်(၃၀၀၀)ကျော်စာသင်၊စာချ သာသနာပြုရာ စာသင်သံဃာအများဆုံးစာသင်တိုက်ကြီးဖြစ်ပြီး၊ မြန်မာပြည်မက ကမ္ဘာအထိတိုင်အောင် ဆရာတော်ဘုရားကြီးနှင့် မစိုးရိမ်တိုက်၏ ဂုဏ်သတင်းကားမွေးပြန့်လှချေသည်။
  ယခုသော်ကား ပရိယတ္တိ ဦးသျှောင် နေမင်းကြီးသည်ကား ကွယ်တော်မူလေပြီး၊ 
မြန်မာနှင့် သာသနာအတွက် ပြောမပြနိုင်လောက်သော ဆုံးရှုံးမှုကြီးပဲ ဖြစ်ချေတော့၏။
(ဆရာတော်၏ ထေရုပ္ပတ္တိအား ကြည်ညိုပူဇော်ကြရန် အကျဉ်းမှ တင်ပြပေးလိုက်ပါသည်)
=================================================
မစိုးရိမ်ဆရာတော် ဦးရာဇဓမ္မာဘိဝံသ-၏ ထေရုပ္ပတ္ထိအကျဉ်း
မန္တလေးမြို့ မစိုးရိမ်တိုက်သစ် ကျောင်းတိုက်ကြီး (၃)တိုက်တို့၏
အဓိပတိ မဟာနာယက
ဆရာတော် အရှင်ရာဇဓမ္မာဘိဝံသ-၏
ဘဝပုံရိပ်

          ဆရာတော်သည် မြန်မာသက္ကရာဇ် ၁၂၉၅-ခု၊ ၀ါဆိုလပြည့်ကျော် ၁၃-ရက်၊ ခရစ်နှစ် ၁၉၃၃-ခု၊ ဇူလိုင် ၁၉ -ရက်နေ့၌ ဖွားမြင်တော်မူသည်။ ညီအကိုမောင်နှမ ငါးယောက်အနက် တတိယမြောက် သားရတနာဖြစ်သည်။ ၁၃၀၈-ခုနှစ်၊ နှောင်းတန်ခူးလတွင် သာမဏေအဖြစ်သို့ ရောက်ရှိသည်။

       ၁၃၁၅ ခုနှစ်၊ ပထမ၀ါဆိုလဆန်း ၅-ရက်နေ့တွင် ရဟန်းအဖြစ်သို့ ရောက်ရှိသည်။ ဥပဇ္ဈာယ်မှာ ဆရာတော် ဦးကိတ္တိဖြစ်သည်။ အင်တိုင်းရွာ တောင်ကျောင်း ဆရာတော် ဦးရ၀ိန္ဒ၊ ဆရာတော် ဦးကောဝိဒ တို့အထံတွင် သင်ပုန်းကြီးမှ စ၍ စတင်ပညာသင်ခဲ့သည်။

       ၁၃၁၂-ခုနှစ်၊ နယုန်လမှ စ၍ မုံရွာမြို့ မဟာဇောတိကာရာမ စာသင်တိုက်သို့ ရောက်ရှိခဲ့သည်။ ယင်းတိုက်မှ ပထမငယ် ပထမလတ်တန်းများ အောင်မြင်ခဲ့သည်။  ၁၃၁၄-ခုနှစ်၊ နှောင်းတန်ခူးလဆန်း ၁၂-ရက်နေ့တွင် မန္တလေးမြို့၊ တောင်သမန်တိုက် ပုသိမ်ကျောင်းသို့ ရောက်ရှိပြီး ပညာသင်ယူခဲ့သည်။ ၁၃၁၅-ခုနှစ်၊ နတ်တော်လတွင် မစိုးရိမ်တိုက်ကြီးသို့ ပြောင်းရွှေ့၍ ပညာသင်ခဲ့သည်။ 

      မစိုးရိမ်တိုက်ကြီးမှ ပထမကြီးတန်း၊ စာသင်တန်း၊ အစိုးရစာချတန်း၊ သကျသီဟ စာချတန်းများကို အောင်မြင်သဖြင့် မစိုးရိမ် တိုက်ကြီး၌ ကျောင်းထိုင်နာယက စာချ အဖြစ်သို့ ရောက်ရှိခဲ့သည်။ မစိုးရိမ်တိုက်ကြီး၌ ခြောက်နှစ် တိတိ စာချပြီး ၁၃၂၉-ခု၊ တပို့တွဲလ၌ စိန်းပန်း မစိုးရိမ်တိုက်သစ်သို့ မစိုးရိမ်ဆရာတော်ကြီး၏ အမိန့်အရ ပြောင်းရွှေ့နေထိုင်၍ စာချခဲ့သည်။

       ထိုအချိန်က မစိုးရိမ်တိုက်သစ် တတိုက်လုံး စာသင်သား သံဃာ-၆၃ ပါးမျှ သာရှိသည်။ တဖြေးဖြေး သံဃာ တိုးပွါးလာရာ ၁၃၅၀-ခုနှစ်၌ သံဃာတစ်ထောင်ကျော်အထိ တိုးတက်လာသည်။ ယခု အချိန်၌မူ နှစ်စဉ် သံဃာ ၂၅၀၀-၃၀၀၀ ခန့်အထိ တိုးတက်လာသည်။ စိန်းပန်း မစိုးရိမ်တိုက်သစ်၌ သံဃာများလွန်းသဖြင့် ပြည်ကြီးတံခွန် မြို့နယ်၌ မစိုးရိမ်တိုက်သစ် တတိုက် တည်ထောင်ခဲ့ သည်။

       ပြည်ကြီးတံခွန် မစိုးရိမ်တိုက်သစ်၌ သံဃာ ၃၀၀-ကျာ်ခန့်အထိ နေထိုင်သီတင်းသုံးလျှက်ရှိသည်။ ယင်းတိုက်သစ်၌် စာသင်သားသံဃာများ တဖြေးဖြေး တိုးတက်လာသော်လည်း သောက်သုံးရေမှာ အဆင်မပြေလှချေ အဆင့်မမှီသည့် ရေကိုပင် လျှပ်စစ်စွမ်းအား နည်းပါးသဖြင့် စာသင်သား သံဃာများ သုံးစွဲလောက်အောင် တင်မပေးနိုင်ပေ။ ထိုကြောင့် ဒေးဝန်းမြို့တော်ဝန် ဦးပေစိဘုရား အနောက်ဖက်၌ မစိုးရိမ်တိုက်သစ် အမှတ် ( ၃) ကို တည်ထောင်ပေးခဲ့သည်။

       ယင်းတိုက်၌ စာသင်သားသံဃာ ၁၀၀-ကျော်မျှ သီတင်းသုံး နေထိုင်လျှက်ရှိသည်။ ပြည်ကြီးတံခွန် မစိုးရိမ် တိုက်သစ်၌ ဆရာတော်ဦးရာဇဓမ္မကိုယ်တိုင် နေ့စဉ် စာပေပို့ချ သာသနာပြုလျှက်ရှိသည်။ ဗမာပြည်ပြန်မရောက်မီ သေချင်လျှင်လည်း
သေပါလိမ့်မည်။ မသေခင် သံဝေဂဉာဏ်ပွါးများ၍ တကာ-တကာမများကိုလည်း သံဝေဂဖြစ်အောင် သံဝေဂ တရားသာ ဟောကြားလေ့ရှိသည်။ ဘွဲ့များ ရရှိသော်လည်း ယင်းဘွဲ့များကို အသုံးပြုလေ့မရှိပါ။ ဘွဲ့ရခြင်းကြောင့် ဆက်ကပ်ထားသည့် ဖရီးပတ်စ် လက်မှတ်များကိုလည်း တကြိမ်တခါမျှ အသုံးမပြုခဲ့
     
     ဆရာတော်ဘုရားကြီးသည် ယခင်စစ်အစိုးရလက်ထက်တွင် ၀ိနယ ကိုလေးစားသည့်အလျှောက် ဆရာတော်ဘုရားမှ စစ်အစိုးရအား တရားသဖြင့် ဆိုဆုံးမသည်ကို လက်မခံပဲ ဆရာတော်ဘုရားကြီးအား ထောင်တွင်းအကျဉ်ချခဲ့ကြလေ၏..။

(ဆရာတော်၏ သြ၀ါဒများအား ဖတ်လိုလျှင်)
http://www.facebook.com/masoeyeintaik?fref=ts

မန္တလေးမြို့၊မဟာအောင်အောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်များ၏ မဟာနာယကချုပ် မစိုးရိမ်ဆရယတော် ဘဒဒန္တရာဇဓမ္မာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ)မထောရ်မြတ်ကြီးသည်၊ ယနေ့ ည ၁၁း ၄၀ခန့် မှာ မစိုးရိမ်းတိုက်သစ်ဆရာတော်ဘုရားကြီး ဘ၀နတ်ထံ ပြန်လွန်တော်မူသွားပါသည်။ ဆရာတော်ကြီးသည်ကား မြန်မာနိုင်ငံ၏ ပရိယတ္တိစာသင်တိုက်များ၏ မီးရှုးတန်ဆောင်ဖြစ်သည်။ ဆရာတော်၏ မစိုးရိမ်တိုက်သည် မြန်မာနိုင်ငံတော်တွင် စာသင်သားသံဃာတော်(၃၀၀၀)ကျော်စာသင်၊စာချ သာသနာပြုရာ စာသင်သံဃာအများဆုံးစာသင်တိုက်ကြီးဖြစ်ပြီး၊ မြန်မာပြည်မက ကမ္ဘာအထိတိုင်အောင် ဆရာတော်ဘုရားကြီးနှင့် မစိုးရိမ်တိုက်၏ ဂုဏ်သတင်းကားမွေးပြန့်လှချေသည်။

လူသတ်မှုနှင့် စွဲချက်တင်ခြင်း ခံထားရသော အပြေးသမား အော်စကာ သေကြောင်းကြံသည့်သတင်းအား မိသားစုက ငြင်းဆို

အပြေးသမား အော်စကာ သေကြောင်းကြံသည့်သတင်းအား မိသားစုက ငြင်းဆို
Thursday, March 14, 2013 

လူသတ်မှုနှင့် စွဲချက်တင်ခြင်း ခံထားရသည့် တောင်အာဖရိက မသန်စွမ်း အားကစားသမား အော်စကာ ပစ္စတိုရီးရပ်စ် အနေဖြင့် ထောင်ထဲတွင် မိမိကိုယ်ကိုယ် သေကြောင်းကြံရန် ကြိုးပမ်းခဲ့ကြောင်း သတင်းများအား မိသားစုက ငြင်းဆိုခဲ့သည်။

အော်စကာသည် ၎င်း၏ ချစ်သူ နာမည်ကျော် မော်ဒယ်လ် ရီဗာစတင်းကမ့်ပ်ကို သေနတ်နှင့် ပစ်သတ်မှုအတွက် စွဲချက်တင် ခံထားရသည်။ ဖေဖော်ဝါရီလ (၁၄)ရက်နေ့က ရေချိုးခန်းအတွင်း ရီဗာကို သေနတ်နှင့် ပစ်သတ်ခဲ့ခြင်းမှာ နေအိမ်အတွင်း ကျူးကျော် ဝင်ရောက်လာသူ တစ်ဦးဟု အထင်မှားမိ၍ ဖြစ်ကြောင်း အော်စကာက ထွက်ဆိုထားသည်။

၎င်းသည် ခြေထောက် နှစ်ဖက်လုံး မရှိဘဲ သတ္တုပြား ခြေတုဖြင့် အပြေးပြိုင်ကာ မသန်စွမ်း အိုလံပစ်တွင် ဗိုလ်စွဲခဲ့ပြီး လန်ဒန် အိုလံပစ်ပြိုင်ပွဲတွင် အကြိုဗိုလ်လုပွဲထိ ရောက်ရှိခဲ့သည်။

Planet Myanmar Network

Thursday, March 14, 2013

လူသတ်မှုနှင့် စွဲချက်တင်ခြင်း ခံထားရသည့် တောင်အာဖရိက မသန်စွမ်း အားကစားသမား အော်စကာ ပစ္စတိုရီးရပ်စ် အနေဖြင့် ထောင်ထဲတွင် မိမိကိုယ်ကိုယ် သေကြောင်းကြံရန် ကြိုးပမ်းခဲ့ကြောင်း သတင်းများအား မိသားစုက ငြင်းဆိုခဲ့သည်။

လက်ပန်တောင်းတောင်ကြေးနီစီမံကိန်းလုံးဝဖျက်သိမ်းရေးဆန္ဒဖေါ်ထုတ်နေတဲ့ လိပ်ခွန်တောင် သပိတ်စခန်း လုံထိန်းတွေ ၀ိုင်းရံနေကြပြီ

လိပ်ခွံတောင်သပိတ်စခန်းပေါ်ရှိလယ်သမားတချို့၁၃-၃-၂၀၁၃ည၁း၃၅
လိပ်ခွံတောင်သပိတ်စခန်းပေါ်ရှိလယ
်သမားတချို့၁၃-၃-၂၀၁၃ည၁း၃၅
လက်ပန်တောင်းတောင်ကြေးနီစီမံကိန်းလုံးဝဖျက်သိမ်းရေးဆန္ဒဖေါ်ထုတ်ပွဲကိုပြုလုပ်နေသောကြောင့်လိပ်
ခွံတောင်သပိတ်စခန်း၌လူအင် အားနဲပါလျှက်ရှိပြီးညပိုင်းတွင်လဲစခန်းစောင့်နဲပါးခဲ့ပါသည်၊ည(၉)နာရီ တွင်
တုံရွာသပိတ်စခန်းအနီးဦးပိုင်အလုပ်ဆိုဒ်နှင့်လိပ်ခွံတောင်သပိတ်စ ခန်းရှေ့အလုပ်ဆိုဒ်တို့ကိုအာဏာပိုင်
တို့မှမီးအမှောင်ချလိုက်ပါသည်၊ ၁၅မိနစ်ခန့်ကြာချိန်တွင်လိပ်ခွံတောင်သပိတ်စခန်းပတ်ဝန်းကျင်တွင်ခြေ
သံများကျောက်ခဲလိမ့်ကျသံများကြားရ၍အစောင့်များဓတ်မီးထိုးကြည်ရာလုံထိန်းအင်အား(၂၀၀)ကျော်ခံ
လိပ်ခွံတောင်သပိတ်စခန်းတောင်အပေါ်အဆင့်ထိတက်ရောက်လာသည်ကိုတွေ့လိုက်ရပါတယ်။

ပုပ်ရဟန်းမင်း အသစ် ရွေးချယ် နိုင်ပြီ

ပုပ်ရဟန်းမင်းသစ် Bergoglio ဟာ စိန့်ပီတာ ကျောင်းတော်ပေါ်ကနေ ရင်ပြင်မှာ ရောက်ရှိလာတဲ့ လူပရိသတ်ကို ဆုတောင်းပေးခဲ့တယ်။
ပုပ်ရဟန်းမင်းသစ် Bergoglio
ရဟန်းအမတ်တွေ လျှို့ဝှက်မဲပေး ရွေးချယ်နေတဲ့ စစ်စတင်း ကျောင်းတော် ခေါင်းတိုင်ကနေ မီးခို အဖြူတွေ ထွက်လာပြီ ဖြစ်တဲ့ အတွက် ပုပ်ရဟန်းမင်း အသစ်တပါးကို ရွေးချယ် နိုင်ခဲ့ပြီဆိုတဲ့ သင်္ကေတ ဖြစ်ပါတယ်။ မီးခိုးအဖြူတွေ ထွက်လာတဲ့ တပြိုင်နက် ခေါင်းလောင်း ထိုးသံတွေ ထွက်လာ ချိန်မှာ စိန့်ပီတာ ရင်ပြင်မှာ လာရောက် စုဝေး စောင့်ဆိုင်းနေကြတဲ့ လူထု ပရိသတ်ဟာ ပျော်ရွှင်စွာဖြင့် ၀ိုင်းပြီး ကောင်းချီပေးခဲ့ကြပါ
တယ်။

ယနေ့ ည ၁၁း ၄၀ခန့် မှာ မစိုးရိမ်းတိုက်သစ်ဆရာတော်ဘုရား ကြီး ဘ၀နတ်ထံ ပြန်လွန်တော်မူသွားပြီ (ဈာပနပွဲအတွက် ပြင်ဆင်နေပုံများ)

အရေးပေါ် သီတင်း
ယနေ့ ည ၁၁း ၄၀ခန့် မှာ မစိုးရိမ်းတိုက်သစ်ဆရာတော်ဘုရားကြီး ဘ၀နတ်ထံ ပြန်လွန်တော်မူသွားပါသည်။ ရပ်ဝေးရပ်နီး ပြည်တွင်းပြည်ပ တပည့်သံဃာ ဒါယကာ/ဒါယိကာမတို့အား အသိပေး အကြောင်းကြားအပ်ပါသည်။ 
တပြည့်တွေ ဘ၀ကောင်းအောင် သွင်သင်ခဲ့သော ဆရာတော်ဘုရားကြီး ကောင်းသော ဘ၀ဘုံဌာနတို့မှာ စံမြန်းမှာကိုတော့ တပည့်တို့ ယုံကြည်ပါသည်ဘုရား

ယနေ့ ည ၁၁း ၄၀ခန့် မှာမန္တလေးမြို့မစိုးရိမ်းတိုက်သစ်ဆရာတော်ဘုရားကြီး ဘ၀နတ်ထံ ပြန်လွန်တော်မူ
သွားပါသည်။ ရပ်ဝေးရပ်နီး ပြည်တွင်းပြည်ပတပည့်သံဃာဒါယကာ/ဒါယိကာမတို့အားအသိပေး အကြောင်း
ကြားအပ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်က အလွန်အကျွံသည်းခံနေကြောင်း ဦးဝင်းတင် ဝေဖန်

ဝေဘန်ရေး
xxxxxxxxx

ဒေါ်အောင်ဆန်းစုကြည်က အလွန်အကျွံသည်းခံနေကြောင်း ဦးဝင်းတင် ဝေဖန် – Veteran Burmese activist Win Tin says democracy icon is too conciliatory

မိုးမခအထောက်တော် အမှတ် ဝဝ၂
မတ်လ ၁၃၊ ၂ဝ၁၃ MoeMaKa Burmese News & Media

ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်ဟောင်းများနှင့် ပတ်သက်ပြီး အလွန်အကျွံသည်းခံသူဖြစ်ကြောင်း NLD ၀ါရင့်ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးဝင်းတင်က ဝေဖန်ပြောဆိုလိုက်သည်။ဝါရှင်တန်ပို့စ် သတင်းစာ အင်တာနက်စာမျက်နှာ Veteran Burmese activist Win Tin says democracy icon Suu Kyi is too conciliatory ခေါင်းစဉ်တပ် ဆောင်းပါး တစ်ပုဒ်တွင် ယမန်နေ့ရက်စွဲဖြင့် ယင်းသို့ ရေးသားထားခြင်း ဖြစ်သည်။”ကျွန်တော်တို့ထဲကတချို့ကတော့ ဒီစစ်ဗိုလ်ချုပ်တွေကို ဘင်္ဂလားပင်လယ်အော်ထဲ ပို့လိုက်ချင်တာ။ သူကတော့ (ရန်ကုန်မြို့)ကန်တော်ကြီးထဲ တွန်းချလိုက်တာမျိုးလောက်ပဲ လုပ်ချင်တာ” ဟု ဦးဝင်းတင်က ပြုံးပြီး ပြောသည်ဟု ရေးထားသည်။

ဆောင်းပါးတွင် ဦးဝင်းတင် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အကြောင်းကို အသားပေး ရေးထားသည်ကို ဖတ်ရမည်ဖြစ်သည်။

ဒေါ်စုက တချိန်ချိန်တွင် သမ္မတဖြစ်လာရေးအတွက် စစ်ခေါင်းဆောင်များနှင့် ညှိနှိုင်းစေ့စပ်ပြီး အခြေခံဥပဒေကို ပြင်ဆင်လိုဟန်ရှိသည်ဟု ယုံကြည်ရကြောင်း၊
ဦးဝင်းတင်က အခြေခံဥပဒေကို ဖျက်သိမ်းလိုသူဖြစ်ကြောင်း ဆောင်းပါးတွင် ရေးထားသည်။

စစ်အုပ်စုက အပြောင်းအလဲ အနည်းငယ် လုပ်ပြရုံဖြင့် သွေးအေးမသွားကြရန် သူ၏ လုပ်ဖော်ကိုင်ဘက်များကို သတိပေးနေရသည်ဟု ဆိုသည်။

“စာနယ်ဇင်းသမား တော်တော်များများ၊ နိုင်ငံရေးသမား တော်တော်များများက အခြေအနေ ကောင်းနေပြီလို့ ထင်ကောင်း ထင်ကြလိမ့်မယ်။ သိပ် ကျေနပ်နေကြတယ်။ ပွင့်ပွင့်လင်းလင်း မပြောချင်ကြဘူး။ သူတို့က အစိုးရကို မဝေဖန် မတိုက်ခိုက်ချင်ကြဘူး။ အဲဒါ ပြဿနာပဲ” ဟု ဦးဝင်းတင်က ၀ါရှင်တန်ပို့စ်ကို ပြောလိုက်သည်။

သံတမန်တချို့ကမူ အသက် ၈၃ နှစ်အရွယ် ရှိပြီဖြစ်သော ဦးဝင်းတင်သည် သဘောထားတင်းမာသူ၊ လက်ရှိ အပြောင်းအလဲနှင့် အံဝင်ခွင်ကျခြင်းမရှိသောသူတစ်ဦးဟု မြင်ကြသည်ဟု ယင်းဆောင်းပါးက ဆိုသည်။

NLD မှ ခွဲထွက်သွားသူများနှင့် ဖွဲ့စည်းထားသည့် NDF ပါတီ ဌာနချုပ်တွင်လည်း ဦးဝင်းတင်က နာမည်ကောင်းမရကြောင်း ဆောင်းပါးတွင် ဆက်လက် ဖော်ပြထားသည်။

ထောင်သက်ရှည်နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့သူ NDF ပါတီ ခေါင်းဆောင် ဦးခင်မောင်ဆွေက ဦးဝင်းတင်ကို ပြင်းပြင်းထန်ထန် ဝေဖန်ထားပုံကိုလည်း ၀ါရှင်တန်ပို့စ် ဆောင်းပါးတွင် ရေးထားသည်။

“သူက ရူးနေတဲ့လူပဲ။ ထောင်ထဲမှာပဲ အာဇာနည်အဖြစ် သေသွားချင်တဲ့သူပဲ” ဟူသော အသက် ၇၁ နှစ်အရွယ် ဦးခင်မောင်ဆွေ၏ စကားကို ကိုးကား ဖော်ပြထားသည်။

ဦးဝင်းတင်သည် အကျဉ်းသားယူနီဖောင်းဖြစ်သည့် အပြာရောင်ကို အမြဲ ဝတ်ဆင်လေ့ ရှိကြောင်း၊ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်လာသည်အထိ ထိုကဲ့သို့ ၀တ်ဆင်မည်ဖြစ်ကြောင်း ဆောင်းပါးတွင် ရေးထားသည်။

ဒေါ်အောင်ဆန်းစုကြည်က အလွန်အကျွံသည်းခံနေကြောင်း ဦးဝင်းတင် ဝေဖန်ချက်ကို ဖော်ပြထားသည့် ဤဆောင်းပါး ထွက်ပေါ်လာချိန်သည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် ပြုစုသည့် လက်ပံတောင်းဒေသအစီရင်ခံစာအပေါ် အများအပြားက မကျေမနပ် ဖြစ်နေချိန်နှင့် တိုက်ဆိုင်နေသည်ကို တွေ့ရှိရသည်။

http://moemaka.com/?p=33056

ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်ဟောင်းများနှင့် ပတ်သက်ပြီး အလွန်အကျွံသည်းခံသူဖြစ်ကြောင်း NLD ၀ါရင့်ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးဝင်းတင်က ဝေဖန်ပြောဆိုလိုက်သည်။ဝါရှင်တန်ပို့စ် သတင်းစာ အင်တာနက်စာမျက်နှာ Veteran Burmese activist Win Tin says democracy icon Suu Kyi is too conciliatory ခေါင်းစဉ်တပ် ဆောင်းပါး တစ်ပုဒ်တွင် ယမန်နေ့ရက်စွဲဖြင့် ယင်းသို့ ရေးသားထားခြင်း ဖြစ်သည်။”ကျွန်တော်တို့ထဲကတချို့ကတော့ ဒီစစ်ဗိုလ်ချုပ်တွေကို ဘင်္ဂလားပင်လယ်အော်ထဲ ပို့လိုက်ချင်တာ။ သူကတော့ (ရန်ကုန်မြို့)ကန်တော်ကြီးထဲ တွန်းချလိုက်တာမျိုးလောက်ပဲ လုပ်ချင်တာ” ဟု ဦးဝင်းတင်က ပြုံးပြီး ပြောသည်ဟု ရေးထားသည်။

လက်ပန်တောင်းတောင် အရေးနှင့်ပတ်သတ်ပြီး “ရှေ့ နေကြီး ဦးအောင်သိန်းရဲ့  ဝေဖန်သုံးသပ်ချက်”

“ရှေ့ နေကြီး ဦးအောင်သိန်းရဲ့  ဝေဖန်သုံးသပ်ချက်”

ဒေသခံတွေရဲ့ ဆန္ဒသဘောထားကတော့ ရှင်းနေတာပါဘဲ။ ကော်မရှင်ရဲ့ 
အစီရင်ခံစာဟာ မည်သို့ ပင်ပြောစေကာမူ သူတို့ ကတော့ သူတို့ ရဲ့ 
ဒေသတွင်းကနေ ၀မ်ပေါင်ရော ဦးပိုင်ပါ ထွက်သွားစေချင်တယ်။ 
ဒီကြေးနီစီမံကိန်းက သဘာဝပတ်ဝန်းကျင်ထိခိုက်စေတယ်ဆိုတာ ငြင်းလို့ မရတဲ့
အချက်ပါ။ မြစ်ချောင်းတွေအနီးမှာ တူးဖော်နေတဲ့အတွက်ကြောင့် မြစ်ရေတွေပါ
ညစ်ညမ်းပြီး ဟိုးဧရာဝတီမြစ်အဆုံးထိ ပတ်ဝန်းကျင်ကိုထိခိုက်လာနိုင်ပါတယ်။
မြန်မာနိုင်ငံသူနိုင်ငံသားတွေရဲ့ ရေရှည်အကျိုးကိုမျှော်ကိုးပြီး ဒီစီမံကိန်းကြီးဟာ
ရပ်သင့်လား မရပ်သင့်ဘူးလားဆိုတာ ထိထိရောက်ရောက်ထပ်ပြီးသုံးသပ်
သင့်ပါတယ်။ ထွက်ပေါ်လာတဲ့အစီရင်ခံစာအပေါ်မှာ ပြန်သုံးသပ်ပြီး ပြုပြင်
လုပ်ဆောင်သင့်တယ်။ စာချုပ်တစ်စောင်ဆိုတာကလည်း ဘယ်လောက်ဘဲ
သဘောတူညီချက်တွေပေးပေး၊ ဘက်နှစ်ဖက် မညီမျှဘူး တစ်ဖက်သတ်
ကျတယ်ဆိုရင် ကျွန်တော်တို့ ပြည်တွင်းဥပဒေအရတောင် ပယ်ဖျက်နိုင်တဲ့
အနေအထားတွေရှိပါတယ်။ အဲဒီစာချုပ်က နိုင်ငံတကာစံညွှန်းနဲ့ ညီတဲ့စာချုပ်
ဖြစ်မဖြစ်ဆိုတာကို နိုင်ငံတကာကဥပဒေခုံရုံးကိုလည်း တင်ပြသင့်တယ်။

အခုဟာက ဒီစီမံကိန်းကြီးကို အဲဒီမှာနေတဲ့ ပြည်သူတွေကိုယ်တိုင်က
လက်မခံနိုင်တာပါ။ အရင်ကတော့ သူတို့ ဟာ နားမလည်ခဲ့ဘူး။ အခုမှ
အတွေးအမြင် ဗဟုသုတတွေရှိလာတော့ ဒါကြီးက အန္တရာယ်ဘယ်လောက်
ကြီးမားသလဲဆိုတာ သူတို့ သိလာပြီ။ ဒီကြေးနီတူးဖော်ရေးလုပ်ငန်းကြီးကို
ရပ်ဆိုင်းသင့်တယ်လို့ ဒေသခံတွေ တင်ပြတာဟာ မမှားပါဘူး။ ဒေသခံလူထုက
ထိုက်သင့်တဲ့လျော်ကြေးငွေ မရရှိလို့ ၊ ထိုက်သင့်တဲ့ အလုပ်အကိုင်
အခွင့်အလမ်းတွေ မရရှိလို့  မကျေမနပ်ဖြစ်ပြီး ဆန္ဒပြမှုများပေါ်ပေါက်လာတယ်
လို့ ဘဲ ကော်မရှင်ရဲ့ အစီရင်ခံစာမှာဖော်ပြထားတာကလည်း ကော်မရှင်က
ဘယ်သူတွေဘယ်နှဦးလောက်ကို ဘယ်လိုမေးမြန်းလဲမှ မသိဘဲ။ အခုဟာက
အုံနဲ့ ကျင်းနဲ့ ဗျာ၊ သပိတ်စခန်းတွေဖွင့်ပြီးတော့ ဆန္ဒထုတ်ဖော်ပြီးပြောနေတာ။
အဲဒီတော့ အခုထွက်ပေါ်လာတဲ့အစီရင်ခံစာက လက်ပံတောင်းတောင်မှာရှိတဲ့
ဒေသခံတွေရဲ့ သဘောဆန္ဒနဲ့ ဆန့် ကျင်နေပါတယ်။

ဦးအောင်သိန်း
(မြန်မာနိုင်ငံရှေ့ နေများကွန်ရက်၊ တရားလွှတ်တော်ရှေ့ နေ)

ဒေသခံတွေရဲ့ ဆန္ဒသဘောထားကတော့ ရှင်းနေတာပါဘဲ။ ကော်မရှင်ရဲ့  အစီရင်ခံစာဟာ မည်သို့ ပင်ပြောစေကာမူ သူတို့ ကတော့ သူတို့ ရဲ့  ဒေသတွင်းကနေ ၀မ်ပေါင်ရော ဦးပိုင်ပါ ထွက်သွားစေချင်တယ်။ ဒီကြေးနီစီမံကိန်းက သဘာဝပတ်ဝန်းကျင်ထိခိုက်စေတယ်ဆိုတာ ငြင်းလို့ မရတဲ့
အချက်ပါ။ မြစ်ချောင်းတွေအနီးမှာ တူးဖော်နေတဲ့အတွက်ကြောင့် မြစ်ရေတွေပါ ညစ်ညမ်းပြီး ဟိုးဧရာဝတီမြစ်အဆုံးထိ ပတ်ဝန်းကျင်ကိုထိခိုက်လာနိုင်ပါတယ်။