Pages

Tuesday, March 12, 2013

ဒီမိုကရေစီဆိုတာ လွတ်လပ်စွာမိုက်ရိုင်းခွင့်၊ ရိုင်းစိုင်းခွင့်မဟုတ်ဘူးဆိုတဲ့ သံသာဝင်း

လူငယ်နှင့် ဒီမိုကရေစီ
ဒီမိုကရေစီဆိုတာ လွတ်လပ်စွာမိုက်ရိုင်းခွင့်၊ ရိုင်းစိုင်းခွင့်မဟုတ်ဘူးဆိုတဲ့ သံသာဝင်း

ကိုယ်လည်း ငယ်ငယ်တုန်းက လွတ်လပ်ချင်တာပဲ။ ကိုယ့်ကို ဖိနှိပ်ထားလို့ရှိရင် ပိုပြီးရုန်းထွက်ချင်တယ်။ ဒါက လူတွေရဲ့ သဘာဝပဲ။ အစ်မတို့တစ်တွေ အားလုံးက ဖိနှိပ်ခြင်းကို နှစ်ရှည်လများစွာခံစားခဲ့ရတော့ တကယ်တမ်း ပွင့်လင်းလာတဲ့အခါကျတော့ ဘောင်တစ်ခုကို လွတ်သွား တာပေါ့။ အမြဲတမ်း ဖိနှိပ်ခံခဲ့ရတာတွေကို လွှတ်လိုက်သလိုဖြစ်သွားတယ်။ အစ်မတို့နိုင်ငံက အခုဆိုရင် ကောင်းသောသွားခြင်းနဲ့ သွားနေတာလို့ မြင်တယ်။ အခုဆိုရင် ဒီမိုကရေစီနိုင်ငံဖြစ်ဖို့အတွက် အစိုးရအဖွဲ့ကရော ကျန်အဖွဲ့အစည်းတွေကပါ ကြိုးစားနေတဲ့အချိန်ဆိုတော့ လူငယ်တွေကလည်း ကိုယ့်ရဲ့နိုင်ငံရေးအသွင်ပြောင်းလဲနေတဲ့အချိန်မှာ ပါဝင်သင့်တယ်လို့ ထင်တယ်။ နိုင်ငံရေးကို တစိုက်မတ်မတ်လုပ် ဖို့ ပြောတာမဟုတ်ဘူး။ ကိုယ့်နိုင်ငံရဲ့အရေးကို စိတ်ဝင်စားသင့်တယ် လို့ ပြောတာ။ အဲဒါမှလည်း ကိုယ့်နိုင်ငံဘယ်ကိုသွားနေတယ်၊ ဘာတွေဖြစ်နေတယ်ဆိုတာကို သိမှာလေ။ 

လူငယ်ဆိုတာက နိုင်ငံတစ်နိုင်ငံရဲ့ အနာဂတ်ပဲ။ အဲဒီမှာလည်း လွတ်လပ်ပြီဆိုပြီး လုပ်ချင်တိုင်းလုပ်ဖို့ မဟုတ်ပါဘူး။ ဒီမိုကရေစီမှာလည်း စည်းနဲ့ကမ်းနဲ့ရှိတယ်။ အခွင့်အရေးတွေ ရမယ်။ အားလုံး တရားမျှမျှတတ နဲ့ ဥပဒေရဲ့အောက်မှာ နေရမယ်။ ဘောင်တစ်ခုရှိပါတယ်။ အဲဒါက ဥပဒေဘောင်ပါ။ ဥပဒေဘောင်က လွတ်ပြီးတော့ လုပ်လို့မရပါဘူး။ ဒီမိုကရေစီဆိုတာ လုပ်ချင်တာလုပ်လို့ရတယ်လို့ တွေးတဲ့သူ က တော်တော်လေးမှားပါတယ်။ အဲဒီအတွေးတွေကို ဖျောက်ပါ။ ပြီးတော့ နိုင်ငံ့အရေးက ကိုယ့်အရေးပါပဲ။ အဲဒီအတွက် လူတိုင်းက ကိုယ့်နိုင်ငံရဲ့ အရေးမှာပါဝင်ဖို့ အစ်မအနေနဲ့ ပြောချင်ပါတယ်။

Eternal Light Magazine
March 2013
Re-Post By ACM 11-3-2013
အေးချမ်းမွန် Credit to >>Eternal Light Magazine << Thank

RND:  :12.3.2013
ကိုယ်လည်း ငယ်ငယ်တုန်းက လွတ်လပ်ချင်တာပဲ။ ကိုယ့်ကို ဖိနှိပ်ထားလို့ရှိရင် ပိုပြီးရုန်းထွက်ချင်တယ်။ ဒါက လူတွေရဲ့ သဘာဝပဲ။ အစ်မတို့တစ်တွေ အားလုံးက ဖိနှိပ်ခြင်းကို နှစ်ရှည်လများစွာခံစားခဲ့ရတော့ တကယ်တမ်း ပွင့်လင်းလာတဲ့အခါကျတော့ ဘောင်တစ်ခုကို လွတ်သွား တာပေါ့။ အမြဲတမ်း ဖိနှိပ်ခံခဲ့ရတာတွေကို လွှတ်လိုက်သလိုဖြစ်သွားတယ်။

လှိုင်မြစ်ကမ်းပေါ်ရှိ PPCL ဆီသိုလှောင်ဖြန့်ဖြူးသောကုမ္ပဏီ၌ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ လူနှစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး ဒီဇယ်ဆီဂါလံ ၂၈၀၀ ဆံ့သည့် ဆီသယ်ယာဉ်နှစ်စီးနှင့် ဆီသိုလှောင်ကန်များ မီးလောင်ပျက်စီး (နောက်ဆက်တွဲသတင်း)

လှိုင်မြစ်ကမ်းပေါ်ရှိ PPCL ဆီသိုလှောင်ဖြန့်ဖြူးသောကုမ္ပဏီ၌ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ လူနှစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး ဒီဇယ်ဆီဂါလံ ၂၈၀၀ ဆံ့သည့် ဆီသယ်ယာဉ်နှစ်စီးနှင့် ဆီသိုလှောင်ကန်များ မီးလောင်ပျက်စီး
Created on Tuesday, 12 March 2013 17:56

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ လှိုင်မြစ်ကမ်းပေါ်ရှိ လှိုင်သာယာစက်မှုဇုန် (၆) နယ်မြေအတွင်းရှိ PPCL(Premium Petrol Co.,Ltd) ဆီသိုလှောင်ဖြန့်ဖြူးသော ကုမ္ပဏီတွင် မတ် ၁၂ ရက် မွန်းလွဲ ၁၂ နာရီခန့်တွင် မီးစတင်လောင် ကျွမ်းမှုဖြစ်ပွားခဲ့ရာ လူနှစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး ဒီဇယ်ဆီဂါလံ ၂၈၀၀ ဆံ့သည့် ဆီသယ်ယာဉ်နှစ်စီးနှင့် ဆီသိုလှောင်ကန်များအပြင် အခြားအဆောက်အအုံနှင့် ပစ္စည်းများ မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။    
အဆိုပါ မီးလောင်မှုဖြစ်စဉ်မှာ ဒီဇယ်ဆီဂါလံ ၂၀၀၀ ခန့်ဆံ့သည့် Tank မှ တစ်ဆင့် ဂါလံ ၂၈၀၀ဆံ့သည့် ဆီသယ်ယာဉ်ကားပေါ်သို့ ဆီသယ်ယူတင်နေစဉ် မီးစတင်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးကြည်ဝင်းက အတည်ပြု ပြောပြသည်။   

မီးလောင်မှုဖြစ်စဉ်ကြောင့် ယင်းကုမ္ပဏီအတွင်းရှိ ဂါလံ ၂၈၀၀ဆံ  ဆီသယ်ယာဉ် ကားနှစ်စီး၊ ဒီဇယ်ဆီ ဂါလံ ၂၀၀၀ ဆံ့ ဆီသိုလှောင်ကန် တစ်ကန်အပြင် ၄ပေ၊ ၈ပေ ဆီသိုလှောင်ကန်ငါးခုနှင့် သွပ်မိုး၊ ပျဉ်ကာ အဆောက်အဦ သုံးလုံး မီးလောင်ပျက်စီးခဲ့သည့်အပြင် ဆီသယ်ရေ ယာဉ်တစ်စီးဖြစ်သည့် မြင့်သက်ဦး အမှတ်(၄၅၁)ရေယာဉ်တစ်စီးကို လည်း မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ လှိုင်သာယာမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးသန်းမြင့်ဦးက ''မီးလောင်မှုမှာ ဆီဖြည့်နေတဲ့ အမျိုးသားဝန်ထမ်းနှစ်ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့တယ်။ အဲဒီလူနှစ်ဦးကို လှိုင်သာယာဆေးရုံမှာ လောလောဆယ် ပို့ဆောင်ထားတယ်။ မီးလောင်မှုနဲ့ ပတ်သက်လို့ကတော့ ဥပဒေအရ အရေးယူဆောင်သွားမှာ ဖြစ်ပါတယ်'' ဟု ပြောသည်။    
                            
အဆိုပါ မီးလောင်မှုကို ရန်ကုန်တိုင်းဒေသကြီးရှိ မီးသတ်ဌာနများမှ မီးသတ်ယာဉ် စုစုပေါင်း ၇၀ ခန့် လာရောက်ငြှိမ်းသတ်ခဲ့ရာ မီးလောင်မှုကို မွန်းလွဲ ၁၂နာရီ ၄၅မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ၁၂နာရီ ၅၅မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း တိုင်းဦးစီးမှူး ဦးကြည်ဝင်းက ပြောသည်။
   
ယင်းမီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ တိုင်းမီးသတ်ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးကြည်ဝင်းက ''ဒီမီးလောင်ကျွမ်းတဲ့နေရာမှာ မီး သတ်ဌာနက သတ်မှတ်ထားတဲ့ မီးအသင့်ငြှိမ်းသတ်နိုင်တဲ့ အထောက်အကူပြု ပစ္စည်းတွေထားရှိရမှာကို မတွေ့မိဘူး။ အသင့်ထားရှိရမယ့် ပစ္စည်းတွေက အားနည်းတယ်'' ဟု ပြောသည်။   

ယခုမီးလောင်ကျွမ်းမှု ဖြစ်စဉ်ကဲ့သို့ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၄ရက်က ဘုရင့်နောင်(အိုဝမ်း)ဆိပ်ကမ်းတွင် မြ၀တီဆီသယ်ရေယာဉ်က ပြင်ပပုဂ္ဂလိက ဆီဝယ်ယူနေသည့် ရေယာဉ်နှစ်စီးအား ဒီဇယ်များထည့်ပေးနေစဉ် ပေါက်ကွဲမှုဖြစ်၍ မီးလောင်ခဲ့ရာ လေးဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရရှိခဲ့သည့်  မီးလောင်မှုဖြစ်စဉ်မျိုးလည်း ဖြစ်ခဲ့ကြောင်း သိရသည်။

Re-Post By ACM 12-3-2013
အေးချမ်းမွန် Credit to >> http://weeklyeleven.com/<< Thank

RND:  :12.3.2013

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ လှိုင်မြစ်ကမ်းပေါ်ရှိ လှိုင်သာယာစက်မှုဇုန် (၆) နယ်မြေအတွင်းရှိ PPCL(Premium Petrol Co.,Ltd) ဆီသိုလှောင်ဖြန့်ဖြူးသော ကုမ္ပဏီတွင် မတ် ၁၂ ရက် မွန်းလွဲ ၁၂ နာရီခန့်တွင် မီးစတင်လောင် ကျွမ်းမှုဖြစ်ပွားခဲ့ရာ လူနှစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး ဒီဇယ်ဆီဂါလံ ၂၈၀၀ ဆံ့သည့် ဆီသယ်ယာဉ်နှစ်စီးနှင့် ဆီသိုလှောင်ကန်များအပြင် အခြားအဆောက်အအုံနှင့် ပစ္စည်းများ မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

NLD သဘာပတိ ဦးဝင်းတင်၏ မတ်လ ၁၂ ရက်နေ့ ၈၃ နှစ်မြောက်မွေးနေ့ မှာပြောကြားခဲ့တဲ့ အမှာစကား

ပြည်သူတွေဟာ အပြောင်းအလဲကို တောင်းဆိုရမယ်၊ မရရအောင် တောင်းဆိုရမယ်။ တောင်းဆိုနေတဲ့ အသံတွေဟာ ကျယ်လောင်နေရမယ်၊ တိုင်းသိ၊ ပြည်သိ ကမ္ဘာသိကို ဖြစ်အောင်လုပ်ရမယ်။ ရဲရဲတောင်းကြပါ။ တောင်းဆိုချက်တွေ လုပ်ကြပါ။ ကိုယ့်ရဲ့နစ်နာချက်တွေ၊ ခံစားချက်တွေ၊ မပြည့်စုံမှုတွေ၊ မပြည့်ဝမှုတွေ အဲ့ဒါတွေအတွက် တောင်းဆိုကြပါ။ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ လူငယ်အဖွဲ့အစည်းတွေ၊ ကျောင်းသားအဖွဲ့အစည်းတွေ ဒါတွေနဲ့ တွဲပြီး လှုပ်ရှားကြပါ။ အဲ့ဒီထဲမှာ NLD လဲပါတယ်။ 

(NLD သဘာပတိ ဦးဝင်းတင်၏ မတ်လ ၁၂ ရက်နေ့ ၈၃ နှစ်မြောက်မွေးနေ့ အမှာစကား)

ပြည်သူတွေဟာ အပြောင်းအလဲကို တောင်းဆိုရမယ်၊ မရရအောင် တောင်းဆိုရမယ်။ တောင်းဆိုနေတဲ့ အသံတွေဟာ ကျယ်လောင်နေရမယ်၊ တိုင်းသိ၊ ပြည်သိ ကမ္ဘာသိကို ဖြစ်အောင်လုပ်ရမယ်။ ရဲရဲတောင်းကြပါ။ တောင်းဆိုချက်တွေ လုပ်ကြပါ။

ကမ္ဘာ့စိတ်ပျက်ဖွယ်အကောင်းဆုံး နယ်စပ် (တောင်-မြောက် ကိုရီးယား)

ကမ္ဘာ့စိတ်ပျက်ဖွယ်အကောင်းဆုံး နယ်စပ် (တောင်-မြောက် ကိုရီးယား)
Tuesday, March 12, 2013

ကမ္ဘာ့စိတ်ပျက်ဖွယ် အကောင်းဆုံး နယ်စပ် ကတော့ တောင်ကိုရီးယား နဲ့ မြောက်ကိုရီးယား နယ်စပ် ဖြစ်ပါတယ်။

ပုံမှာပြသထားတာကတော့ Joint Security Area မှာ ဖြစ်ပါတယ်။ တစ်ဖက်နဲ့တစ်ဖက် နယ်စပ်ကိုခွလို့ ငြိမ်းချမ်းရေးဆိုင်ရာဆွေးနွေးဖို့အတွက် တည်ဆောက်ထားတဲ့ အဆောက်အအုံမှာ ဖြစ်ပါတယ်။ အဆောက်အအုံ မှာတော့မှာ သူ့ဘက်ကိုယ့်ဘက် ထပ်ခွဲထားပါသေးတယ်။

တောင်ကိုရီးယားတစ်ဖက်ခြမ်းမှာ တံခါးဖွင့်မယ်ဆိုရင်ပုံမှာ မြင်တွေ့ရ တဲ့အတိုင်း နောက်မှာ တစ်ယောက်က လက်နဲ့ဆွဲထားရပါတယ်။ အကြောင်းကတော့ ဖွင့်တဲ့အခါ ဟိုဘက်က ဆွဲထည့်ပြီး ရန်ပြုမှာစိုးလို့ ဖြစ်ပါတယ်။ တစ်ဖက်နယ်မြေကိုရောက်သွားရင် ဘယ်သူမှ ကယ်လို့မရတော့ပါဘူး။ နယ်မြေကို ခြေတစ်လှမ်းကျွံတာနဲ့ ကျွံတဲ့ ခြေထောက်ကို ဖြတ်ဖို့လောက်ထိတောင် နှစ်ဖက်လုံးက စည်းကမ်းများ တင်းကြပ်ထားပါတယ်။

မြောက်ကိုရီးယားဘက်က တံခါးဖွင့်ရင်လည်း တောင်ကိုရီးယားလိုပဲ တစ်ယောက်လည်း တစ်ယောက်ဆွဲလို့ အဆင့်ဆင့်ခံပါတယ်။ ဒါက အဆောက်အအုံထဲမှာပါ။ အဆောက်အအုံအပြင်မှာဆိုရင်လည်း တစ်ယောက်နဲ့တစ်ယောက် ၁ ပေဝန်းကျင်မှ အကွာလောက်သာ ခြားပြီး ရပ်နေကြပါတယ်။

အတွင်းကော အပြင်မှာပါ ကမ္ဘာမှာ မရှိဖူးသေးတဲ့ နယ်စပ်စည်းမျဉ်း စည်းကမ်း များ ချမှတ်ထားပြီး တစ်ဖက်နဲ့တစ်ဖက် ရန်လိုတဲ့ အကြည့်များနဲ့ ကင်းစောင့်နေကြပါတယ်။ အားလုံးက အသင့် အနေအထားပါပဲ။ တစ်ဖက်ဆီမှာလည်း အနည်းဆုံး စစ်သေားထောင်ချီ ရှိနေပြီး အရေးကြီး အခြေအနေဆိုရင် သောင်းချီ၊ သိန်းချီတောင် ရှိပါတယ်။ တောင်ကိုရီးယား စခန်းဘက်ကမှာ အမေရိကန် စစ်သားများလည်း ရှိနေပါတယ်။

Joint Security Area မှာရှိတဲ့ ဆွေးနွေးခန်းတစ်ခုဆို ရင် တောင် ကော မြောက်ကိုရီးယားပါ ပိုင်ဆိုင် ပါတယ်။ တောင် နဲ့ မြောက်ကြားမှာ ဘေးမဲ့ တော တစ်ခုလည်း ထားရှိပါတယ်။ ယင်းတောထဲမှာလည်း လှုပ်လှုပ်ရှားရှား တစ်ကောင်ကောင် တွေ့ ရင် တောင်ရော၊ မြောက်ဘက်က စစ်သားများက လက်နက်မျိုးစုံနဲ့ ပစ်ခတ်ပါတယ်။

တောင်နဲ့ မြောက်ကိုရီးယားနယ်စပ်က ထူးခြားချက်နဲ့ ဓာတ်ပုံများကို အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

http://www.businessinsider.com/north-and-south-korea-dmz-border-is-a-warzone-2013-2?op=1

--
International news for myanamr
-
http://www.innewsmyanmar.com/2013/03/blog-post_12.html

RND:  :12.3.2013

ကမ္ဘာ့စိတ်ပျက်ဖွယ် အကောင်းဆုံး နယ်စပ် ကတော့ တောင်ကိုရီးယား နဲ့ မြောက်ကိုရီးယား နယ်စပ် ဖြစ်ပါတယ်။ ပုံမှာပြသထားတာကတော့ Joint Security Area မှာ ဖြစ်ပါတယ်။ တစ်ဖက်နဲ့တစ်ဖက် နယ်စပ်ကိုခွလို့ ငြိမ်းချမ်းရေးဆိုင်ရာဆွေးနွေးဖို့အတွက် တည်ဆောက်ထားတဲ့ အဆောက်အအုံမှာ ဖြစ်ပါတယ်။ အဆောက်အအုံ မှာတော့မှာ သူ့ဘက်ကိုယ့်ဘက် ထပ်ခွဲထားပါသေးတယ်။

လက်ပံတောင်း အစီရင်ခံစာကို ဒေသခံများ သဘောမတွေ့ကြ

သတင်း
လက်ပံတောင်း အစီရင်ခံစာကို သဘောမတွေ့ကြ
စနေလင်း

ယနေ့ မတ်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်သော လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အပြီးသတ် အစီရင်ခံစာနှင့် ပတ်သက်ပြီး ဒေသခံများအပါအ၀င် လက်ပံတောင်းအရေး တက်ကြွ လှုပ်ရှားသူများက ကျေနပ်မှု မရှိကြောင်း ပြောဆိုကြသည်။  

လက်ပံတောင်းတောင် အပြီးသတ် အစီရင်ခံစာတွင် စီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်ရန် ဦးတည်ထားပြီး ဒေသခံများ၏ သဘောထားဆန္ဒကို လျစ်လျူရှုထားသည့် အစီရင်ခံစာသာဖြစ်ကြောင်း လက်ပံတောင်းအရေး ကူညီဆောင်ရွက်နေသည့် ကိုဟန်ဝင်းအောင်က ပြောသည်။

“ ဒီအစီရင်ခံစာကို လုံးဝ ကန့်ကွက်တယ်။ ဒီအစီရင်ခံစာက စီမံကိန်းကို ဆက်လုပ်ဖို့ လုပ်တဲ့ အစီရင်ခံစာတစ်ခုပဲ ဖြစ်တယ်" ဟု ပြောဆိုသည်။

အစိုးရပိုင် သတင်းစာများတွင် မြန်မာဘာသာဖြင့် ရေးသားပုံနှိပ်ထားသော အပြီးသတ် အစီရင်ခံစာတွင် လက်ပံတောင်းတောင် စုံစမ်းရေးကော်မရှင်အနေဖြင့် ယခု ကြေးနီစီမံကိန်းကို စီးပွားရေးရှုထောင့်မှ အကျိုးရှိစွာ လုပ်ကိုင်နိုင်သည်ကို ပြတ်သားစွာ သုံးသပ်ထားသည်။ အနာဂတ် မျိုးဆက်များအတွက် အကျိုးရှိစေရန်လည်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုများကို ကျင့်သုံးရန်လိုအပ် ကြောင်း၊ ကြေးနီစီမံကိန်းနှင့်ပက်သက်ပြီး ရွေးချယ်ဆုံးဖြတ်ရာတွင် စီးပွားရေးအတွက် အကျိုးရှိမှု၊ နိုင်ငံတကာဆက်ဆံရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ကို ခြုံငုံ စဉ်းစားရန်လိုအပ်ကြောင်း ရေးသားထားသည်။

 သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားရေးဆိုင်ရာ သက်ရောက်မှု အကဲဖြတ်ဆန်းစစ်ချက်များ စနစ်တကျ ပြုလုပ်ထားခြင်း မရှိကြောင်း၊ ဒေသခံများအတွက် လူမှုစီးပွားရေးဘ၀ တိုးမြှင့်စေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်း ထိရောက်စွာ ဖော်ဆောင်ထားနိုင် ခြင်းမရှိသောကြောင့် လက်ရှိအတိုင်း ကြေးနီစီမံကိန်းကို ဆက်လက် လုပ်ကိုင်ရန် မသင့်ကြောင်း အကြံပြုချက်တွင် ပါဝင်သည်။

သို့သော် စီးပွားရေးလုပ်ငန်းကို ဖျက်သိမ်းပါက မြန်မာနိုင်ငံအနေဖြင့် သဘောတူစာချုပ်ကို လေးစားလိုက်နာခြင်းမရှိသည့် ထင်မြင်မှုများ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအကြား ပေါ်လာနိုင်ပြီး လာရောက်ရင်းနှီးမြုပ်နှံလိုသော နိုင်ငံ ခြား ကုမ္ပဏီများ၏ ရင်းနှီးလိုစိတ်ကို လျော့နည်းသွားနိုင်ကြောင်း၊ ထို့အပြင် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးတွင် ပြေလည်မှု မရှိသည့် အခြေအနေများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ စီမံကိန်း ရပ်ဆိုင်းလိုက်ခြင်းကြောင့် ဒေသခံများ၏ အကျိုးစီးပွားဖြစ်ထွန်းမှု အလားအလာကို ရပ်တန့်ရုံမက ပတ်ဝန်းကျင်ပြန်လည်ပြုပြင်ရေးတွင်လည်း အခက်အခဲများရှိလာနိုင်မည်ဖြစ်ကြောင်း ဆိုပြီး ယင်းနည်းလမ်းကိုလည်း ရွေးချယ်ရန် မသင့်ဟု အကြံပြုသည်။

ထို့ကြောင့် ကြေးနီစီမံကိန်းအပေါ် လေ့လာတွေ့ရှိချက်များအရ အားနည်းချက်များကို ပြုပြင်ကာ နိုင်ငံတော်၊ ဒေသခံပြည်သူများ၏ အကျိုးစီးပွား၊ အနာဂတ်မျိုးဆက်အတွက် အကျိုးရှိစေမည့် အစီအမံများချမှတ်ပြီး စီမံကိန်းကို ဆက်လုပ်လုပ်ဆောင်ရန် နည်းလမ်းများကိုလည်း အကြံပြုထားသည်။ နိုင်ငံတော်အနေဖြင့် ယခုထက် ပိုမိုအကျိုးအမြတ်ရစေရန် မြန်မာ့စီပွားရေးဦးပိုင်လီမိတက်နှင့် ၀မ်ပေါင် ကုမ္ပဏီတို့ ချုပ်ဆိုထားသော စာချုပ်များကို ပြန်လည်ပြင်ဆင်ချုပ်ဆိုပြီး စီမံကိန်းကို ဆက်လက်အကောင်ထည်ဖော်ရန် အကြံပြုထားသည်။


ထို့အပြင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားဆိုင်ရာ သက်ရောက်မှု အကဲဖြတ်ဆန်းစစ်ခြင်း အစီရင်ခံစာ၊ ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှု စီမံချက်၊ လုပ်ငန်းခွင် ကျန်းမာရေး နှင့်ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ စီမံခန့်ခွဲမှု စနစ်တို့ကို စနစ်တကျရေးဆွဲပြီး ဆောင်ရွက်ရန်၊ မြေလျော်ကြေးများကို ကာလတန်ဖို့အတိုင်း ပြင်ဆင်တိုးမြှင့်လျော်ပေးရန်၊ လိုအပ်သည့် ပမာဏကိုသာ သိမ်းဆည်းပြီး ကျန်မြေများကို ကျေးရွာလူထုသို့ ပြန်လည်ခွဲဝေပေးရန်၊ ဒေသခံများအတွက် ကုမ္ပဏီတွင် အလုပ်ခန့်ထားသည့်အပြင် အသေးစား နှင့် အလတ်စား လုပ်ငန်းများထူထောင်ပေးရန်တို့ကိုလည်း အကြံပြုထားသည်။ လယ်တီဆရာတော်ဘုရားကြီး၏ ကျမ်းပြုရာနေရာကိုလည်း ယခုနေရာတွင် ဆက်လက်တည်ရှိနေလျှင် မဖြစ်နိုင်သောကြောင့်  မူလပုံစံအတိုင်း လုံးဝထိခိုက်ပျက်စီးမှုမရှိစေဘဲ တခြား သင့်လျော်သောနေရာသို့ ပြောင်းရွှေပေးသင့်ကြောင်း အကြံပြုထားသည်။

ဆန္ဒပြ သပိတ်စခန်းဖြိုခွဲခံရမှုနှင့် ပတ်သက်ပြီးလည်း အစီရင်ခံစာတွင် မီးခိုးဗုံးကိုသာ အသုံးပြုပြီး ပိုလီယက်စတာ အ၀တ်စများ၊ တာပေါ်လင်ခေါ် ပလက်စတစ်မိုး ကာစများ နှင့် ထိတွေ့လျှင် မီးလောင်နိုင်ကြောင်း၊ မီးခိုးဗုံး အများအပြားကို အသုံးပြုပါက ပတ်ဝန်းကျင်ရှိ လောင်စာအမျိုးအစားပေါ်မူတည်၍ ပြင်းထန်ကြာမြင့်စွာ လောင်ကျွမ်းနိုင်ကြောင်း ရေးသားထားသည်။

 မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် ယခုလို မီးခိုးဗုံးမျိုးကို ယာယီ အဆောက်အအုံရှိသည့် နေရာမျိုးတွင် စမ်းသပ်ခဲ့ခြင်း မရှိခဲ့သဖြင့် မီးခိုးဗုံး၏ အာနိသင်ကို ­­­­သိရှိခြင်း မရှိကြောင်း၊ မသိပဲ သုံးစွဲမှုကြောင့် မမျှော်မှန်း မလိုလားအပ်သော မီးလောင်ဒဏ်ရာများ ရဟန်းသံဃာနှင့် လူပုဂ္ဂိုလ်အချို့ ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း ရေးသားထားသည်။

ရဲတပ်ဖွဲ့များ နိုင်ငံတကာအဆင့်မီစေရန် ပြုလုပ်သင့်သောအချက်များ ပါဝင်ခဲ့သော်လည်း လက်ရှိ တွေ့ကြုံနေရသော အနေအထားများအရ နည်းပညာပိုင်းများ အဆင့်မီစေရန်သာမက စည်းကမ်းနှင့် စိတ်ဓါတ်ရေးရာများပါ ပြုပြင်ရန်လိုအပ်ကြောင်း လက်ပံတောင်းတောင် ဆန္ဒပြမှုတွင် ဦးဆောင်သံဃာတစ်ပါးဖြစ်သည့် ဥူးဇ၀နက မိန့်ကြားသည်။

“ ရဲတွေမှာ ညစ်ပတ်တဲ့ စိတ်တွေ ရှိနေတာကို ကြုံတွေ့ခဲ့ရတယ်။ ဒီ့အပြင် ဥပဒေဆိုတာကိုလည်း သူတို့က လုပ်ချင်သလို လုပ်လို့ရအောင်လုပ်ထားတာ။ ဒါတွေ အများကြီး ပြုပြင်ရဦးမယ်။ နောက်ပြီး သပိတ်စခန်းဖြိုခွဲတာ ဘယ်သူအမိန့်ဆိုတာ အခုချိန်ထိ မဖော်သေးဘူး။ အောက်ခြေရဲတပ်ဖွဲ့ဝင်တွေက အမိန့်ပေးတဲ့သူရှိမှ လုပ်လို့ရမှာ ” ဟု ဥူးဇ၀နက မိန့်သည်။

ဆန္ဒပြ သပိတ်မှောက်မှုတွင် ဦးဆောင်သံဃာတစ်ပါးဖြစ်သည့် ဥူး ၀ိသိဓ္ထဓမ္မက “ သပိတ်စခန်းဖြိုခွဲတဲ့ ကိစ္စနဲ့ပတ်သက်ပြီး လုံးဝ မကျေနပ်ဘူး။ ဒီအစီရင်ခံစာကို လုံးဝ မကျေနပ်ဘူး။ နောက်ပြီး ဒီအစီရင်ခံစာအရ ဒေသခံတွေ ကျေနပ်မှုမရှိဘူးဆိုရင် နောက်ထပ် ပြသနာတွေ ဖြစ်လာနိုင်တယ်။ နောက်ဆုံး သွေးချောင်းစီးတာတွေပါ ဖြစ်လာနိုင်တယ် ” ဟု မိန့်ကြားသည်။

ရှေ့နေများကွန်ယက်မှ ဦးသိန်းသန်းဦးကလည်း ငြိမ်းငြိမ်းချမ်းချမ်းဖြင့် ဆန္ဒပြခဲ့ကြသော သပိတ်စခန်းများကို ဖြိုခွဲသည့်ကိစ္စနှင့် ပတ်သက်ပြီး ကျူးလွန်သည့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများကိုလည်း အရေးယူမှ တရားမျှတမည်ဖြစ်ကြောင်း ပြောဆိုသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး၊ ဆက်လက် လုပ်ဆောင်ရေးနှင့် ပတ်သက်ပြီး ယခု စုံစမ်းရေးကောင်မရှင်နှင့်ပင် ဆုံးဖြတ်ရန် မသင့် ကြောင်း၊ ယခုကော်မရှင်ကို လွတ်လပ်သည့်ကော်မရှင်ဟု မယူဆကြောင်း၊ ယခုကော်မရှင်တွင် အစိုးရဘက်နှင့် ကင်းလွတ်သူများ နည်းပါးပြီး အစိုးရ၊ ဦးပိုင်ကုမ္ပဏီ၊ ၀မ်ပေါင်ကုမ္ပဏီ၊ လွတ်လပ်သော ထင်ရှားသည့် ဥပဒေပညာရှင်များ၊ သဘာဝပတ်ဝန်း ကျင် ကျွမ်းကျင်သူများ၊ နိုင်ငံရေးသမားများနှင့် ဒေသခံများအားလုံး စုပေါင်းပြီးမှ ဆုံးဖြတ်သင့်ကြောင်း၊ သွေးချောင်းစီးမည့်အရေးကိုတော့ သက်ဆိုင်ရာ အစိုးရအဖွဲ့များရော ဒေသခံများပါ ရှောင်ရှားသင့်ကြောင်း ဦးသိန်းသန်းဦးက ဆိုသည်။ 

စုံစမ်းရေးကော်မရှင်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က အစီရင်ခံစာနှင့် ပတ်သတ်၍ ဒေသခံများ မကျေနပ်ပါက ဥပဒေဘောင်အတွင်းမှ လုပ်ဆောင်ကြရန်ယနေ့ ပြည်ထောင်စုလွှတ်တော် ခေတ္တရပ်နားချိန်တွင် ပြောကြားကြောင်း သိရသည်။ အစီရင်ခံစာ နောက်ဆက်တွဲအနေဖြင့် လက်ပံတောင်းတောင် ဒေသခံများနှင့်တွေ့ဆုံရန် မတ်လ ၁၃ ရက်တွင် နေပြည်တော်မှ မုံရွာမြို့သို့ သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

တက်ကြွလှုပ်ရှားသူ ဒေသခံများကမူ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းသည်အထိ ဆက်လက်လုပ်ဆောင်သွားမည်ဟု ဆိုသည်။

လက်ပံတောင်းကိစ္စနှင့် ပက်သက်ပြီး တောင်းဆိုမှုများအားလုံးသည် လုံးဝဖျက်သိမ်းရေးကိုတညီတညွတ်တောင်းဆိုခဲ့ပြီးဖြစ်ကြောင်း၊ တောင်းဆိုမှုများကို မရမချင်းဆက်လက် လုပ်ဆောင်သွားရန် တိုင်ပင်နေပြီဖြစ်ကြောင်း လက်ပံတောင်းတောင် ကယ်တင်ရေးကော်မတီမှ ဥက္ကဌဖြစ်သူ ဦးချစ်ခင်က ဆိုသည်။

“ ဆက်လုပ်မယ်ဆိုရင် ကန့်ကွက်မှာပဲ။ အခြေအနေပေါ်မူတည်ပြီး တရားဥပဒေမဲ့တော့ မလုပ်ဘူး။ ဒေသကြီးတစ်ခုလုံး ပျက်ဆီးစေမယ့် ဒီစီမံကိန်းကို လုံးဝ လက်မခံဘူး။ အားလုံးနဲ့ တိုင်ပင်ပြီးတော့မှ ဘာတွေဆက်လုပ်မယ်ဆိုတာ ပြောနိုင်မယ် ” ဟု  ဦးချစ်ခင်က ဆိုသည်။

အစီရင်ခံစာနှင့် ပက်သက်ပြီး လူအားလုံး ကျေနပ်သည့်အဖြေကို မည်သည့်ကိစ္စတွင်မှ ရှိနိုင်မည်မဟုတ်ကြောင်း၊ ကော်မရှင်မှ စုံစမ်းမှုများအတွက် ချဉ်းကပ်ပုံများ၊ အသုံးပြုသွားသော ပညာရှင်များကို ကြည့်မည်ဆိုလျှင် နိုင်ငံတကာအဆင့်မီသော ဆုံးဖြတ်ချက်တစ်ခုကို ရှာပေးခဲ့သည်ကို တွေ့ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ဧရာဝတီသို့ ပြောသည်။

“အမေရိကန်နိုင်ငံမှာတောင် ဒီလို ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းတွေလုပ်ရင် ဒီလိုပြသနာမျိုးတွေ ရှိနိုင်ပါတယ်။ ကျနော်တို့လုပ်ရမှာက အကျိုးကိုများများ ရအောင်နဲ့ အပြစ်ကို နည်းနည်းဖြစ်အောင် လုပ်ရမယ်။ ဘာမှမလုပ်တော့ဘူးဆိုတာမျိုးတော့ ဘယ်နိုင်ငံမှာမှ ဒီလိုဖွံ့ဖြိုးတိုးတက်မှုလုပ်တဲ့ စီမံကိန်းတွေကို  လုပ်မှာမဟုတ်ဘူးလေ ” ဟု ဦးရဲထွဋ်က ပြောဆိုသည်။

ထို့အပြင် ၄င်းအစီရင်ခံစာကို ဒေသခံများအနေဖြင့် ကျေနပ်မှု မရှိသောကြောင့် ဆန္ဒထုတ်ဖော်ကြမည်ဆိုလျှင်လည်း ဆန္ဒထုတ်ဖော်ခြင်းနှင့်ဆိုင်သော လုပ်ထုံးလုပ်နည်းများအတိုင်း လုပ်ရန် လိုအပ်ကြောင်း၊ အစီရင်ခံစာတွင်လည်း ထောက်ပြထားပြီးဖြစ်ကြောင်း၊ ဥပဒေအတိုင်း လိုက်နာခြင်းမရှိပဲ အတင်းပြုလုပ်မည်ဆိုပါက လိုအပ်သော ကာကွယ်တားဆီးမှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း ပြောဆိုသည်။

ယနေ့ မတ်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်သော လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အပြီးသတ် အစီရင်ခံစာနှင့် ပတ်သက်ပြီး ဒေသခံများအပါအ၀င် လက်ပံတောင်းအရေး တက်ကြွ လှုပ်ရှားသူများက ကျေနပ်မှု မရှိကြောင်း ပြောဆိုကြသည်။ လက်ပံတောင်းတောင် အပြီးသတ် အစီရင်ခံစာတွင် စီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်ရန် ဦးတည်ထားပြီး ဒေသခံများ၏ သဘောထားဆန္ဒကို လျစ်လျူရှုထားသည့် အစီရင်ခံစာသာဖြစ်ကြောင်း လက်ပံတောင်းအရေး ကူညီဆောင်ရွက်နေသည့် ကိုဟန်ဝင်းအောင်က ပြောသည်။

“SHARP ကုမ္ပဏီရဲ့ ပထမဆုံး Brand Ambassador ဖြစ်သွားတဲ့ မိုးယုစံ”

“SHARP ကုမ္ပဏီရဲ့ ပထမဆုံး Brand Ambassador ဖြစ်သွားတဲ့ မိုးယုစံ”
Tuesday, March 12, 2013

မတ်လ၄ရက်နေ့က မိုးယုစံကို SHARPအီလက်ထရွန်နစ်ကုမ္ပဏီရဲ့ Brand Ambassador အဖြစ် ခန့်အပ်ပွဲကို Park Royal Hotel မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီလို Brand Ambassador ခန့်အပ်ခံရတဲ့အတွက် ဝမ်းသာတယ်လို့ ပြောပြတဲ့ မိုးယုစံက..”ဒီကုမ္ပဏီက နှစ်ပေါင်း ၁ဝဝရှိပြီး မိုးယုကို ဒီ Brand နဲ့ပတ်
သက်ပြီး လှုပ်ရှားမှုတိုင်း၊ ပရိုမိုးရှင်းပွဲပဲဖြစ် ဖြစ် ကိုယ့်ဘက်က ပါဝင်လှုပ်ရှား
မှာပါ။ ကုမ္ပဏီကလည်း Brand Ambassador အနေနဲ့ မိုးယုကို ပထမဆုံး
စပြီးခန့်တာ။ ဒီ Brand နဲ့ ပတ်သက်ပြီး မိုးယုအနေနဲ့ အတတ်နိုင်ဆုံး Customer တွေသိအောင် ကြိုးစားသွားမှာပါ။ မိုးယုကို အခုလို ခန့်အပ်တဲ့
အတွက်လည်း SHARPမှ တာဝန်ရှိတဲ့ သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ မိုးယုအကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမှာပါ။ ဒီ အတွက်လည်း ဝမ်းသာ မိပါတယ်”လို့ ပြောပြ ခဲ့ပါတယ်။

ကိုယ်ဝါသနာ ပါတဲ့ အနုပညာကို လုပ်ခွင့်ရတော့ ကိုယ် ဖြစ်ချင်တဲ့ ဆန္ဒနဲ့တစ် ထပ် တည်းကျပေမယ့် လည်း ကိုယ်လိုချင်တဲ့ နေရာတော့ မရောက်သေး
ပါဘူးလို့လည်း အနုပညာနဲ့ ပတ်သက်ပြီးဖြစ်ချင်တဲ့ ဆန္ဒကို မိုးယုစံကဖွင့်ဟ
ခဲ့ပါတယ်။ အခုလက်ရှိမှာလည်း မိုးယုစံက ကားရိုက်မှုတွေ ပုံမှန်ရှိပြီး ဧပြီလထဲမှ ဒါရိုက်တာ ညီညီထွန်းလွင် ရိုက်ကူးမယ့် ရုပ်ရှင်ကားကြီးမှာ
ပြေတီဦးနဲ့အတူ သရုပ်ဆောင်ရမှာဖြစ်ပါတယ်။ “ကျွန်တော်တို့လည်း တာဝန်ရှိ ပါသည်”ဆိုတဲ့ ဇာတ်ကားမှာ မင်းမော်ကွန်း၊ ဖိုးကျော်၊ မိုးပြည့်ပြည့်
မောင်တို့နဲ့အတူ မိုးယုစံကလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။

လူငယ်ပညာပေး ဇာတ်လမ်းလေးဖြစ်ပြီး မိုးယုစံက သူငယ်ချင်းတွေရဲ့အခက်
အခဲကို ကူညီတဲ့ မိဝါအဖြစ် သရုပ်ဆောင်ထားပါတယ်။

“ကျွန်တော်တို့လည်းတာဝန်ရှိပါသည်” ဆိုတဲ့ကားလေးက ရိုက်ကူးထားတာ ၂နှစ်ကျော်လောက်ရှိပြီဖြစ်ပေမယ့်လည်း အခုချိန်ထိ အမှတ်တရရှိကြောင်းကို မိုးယုစံက “ဒီကားလေးက ဇာတ်လမ်း ဇာတ်အိမ်လည်း ကောင်းတယ်။ ပညာပေးတဲ့ ပုံစံမျိုးလည်းပါတယ်။

သရုပ်ဆောင်ရတဲ့ အပိုင်းကလည်း သူငယ်ချင်း တွေအတွက် အနစ်နာခံ
ထားတဲ့ ပုံစံမျိုးလေးပါ။ ဒီကားလေးကို တအားသဘောကျမိပါတယ်။ ဒီကားရိုက်တုန်းကတော့ အမှတ်တရတွေလည်းများတယ်။ အားလုံးပျော်ပျော်
ပါးပါးနဲ့ လူတွေလည်း များတယ်။ ဟာသလေးလည်း ဖြစ်ပါတယ်။ ဒါရိုက်တာက ရိုက်ရင်းနဲ့ ရေတွင်းထဲပြုတ်ကျသွားတယ်။ အဲဒါတော့ အမြဲ
အမှတ်တရပါပဲ” လို့ ပြောပြခဲ့ပါတယ်။

Popular Journal

RND:  :12.3.2013

မတ်လ၄ရက်နေ့က မိုးယုစံကို SHARPအီလက်ထရွန်နစ်ကုမ္ပဏီရဲ့ Brand Ambassador အဖြစ် ခန့်အပ်ပွဲကို Park Royal Hotel မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီလို Brand Ambassador ခန့်အပ်ခံရတဲ့အတွက် ဝမ်းသာတယ်လို့ ပြောပြတဲ့ မိုးယုစံက..”ဒီကုမ္ပဏီက နှစ်ပေါင်း ၁ဝဝရှိပြီး မိုးယုကို ဒီ Brand နဲ့ပတ် သက်ပြီး
 လှုပ်ရှားမှုတိုင်း၊ ပရိုမိုးရှင်းပွဲပဲဖြစ် ဖြစ် ကိုယ့်ဘက်က ပါဝင်လှုပ်ရှား မှာပါ။

တယ်လီဖုန်း SIM card များကိုငွေကျပ်ထောင်ဂဏန်းဖြင့်သာရောင်းချ မည်ဟုဦးစိုးသိန်းဆိုလိုက်ပြန်

တယ်လီဖုန်း SIM card များကိုငွေကျပ်ထောင်ဂဏန်းဖြင့်သာရောင်းချ မည်ဟုဦးစိုးသိန်းဆိုလိုက်ပြန်


တယ်လီဖုန်းဆင်းကတ်များအား ဧပြီ ၁ရက်မှစ၍ ကျပ်ငွေနှစ်သောင်းဖြင့် ရောင်းချမည်ဟုမိမိပြောကြားခဲ့သည်ဟု သတင်းဂျာ နယ်အချို့တွင်ဖော်ပြနေခြင်းများမှာ မဟုတ်မှန်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းကပြောသည်။

ရန်ကုန်မီဒီယာက ပြည်ထောင်စုဝန်ကြီးနှင့်ဆက်သွယ်မေးမြန်းရာတွင် ဦးစိုးသိမ်းက အထက်ပါအတိုင်းငြင်းဆိုလိုက်ခြင်းဖြစ်သည်။

`ကျွန်တော်အဲသလိုလုံးဝပြောကြားခြင်းမရှိပါဘူး။ ဧပြီ ၁ရက်မှာ စတင် ရောင်းချပေးမှာမှန်ပါတယ်။ ဒါပေမယ့် ကျပ်နှစ်သောင်းနဲ့ရောင်း မယ်လို့ ကျွန်တော်မပြောခဲ့ပါဘူး။ဘယ်လောက်နဲ့ရောင်းမယ်ဆိုတာ ကျွန်တော်သိပေမယ့် ပြောခွင့်မရှိပါဘူး။ သက်ဆိုင်ရာဝန်ကြီးဌာနကသာ တရားဝင်ကြေညာထုတ်ပြန်ပေးမှာဖြစ်ပါတယ်`ဟု ဦးစိုးသိမ်းကပြောသည်။
`တကယ်ရောင်းတဲ့အခါ အခုပြောနေကြတဲ့ ကျပ်နှစ်သောင်းဆိုတာထက် အများကြီးလျော့နည်းတဲ့ဈေးနဲ့ရောင်းမှာပါ။ထောင်ဂဏန်းမျှသာဖြစ်ပါ လိမ့်မယ်။အဲသလောက်ပဲ ကျွန်တော်ပြောပြပါရစေ`ဟု ပြည်ထောင်စု ၀န်ကြီးက ဆက်လက်ပြောဆိုသည်။


တယ်လီဖုန်းဆင်းကတ်များအား ဧပြီ ၁ရက်မှစ၍ ကျပ်ငွေနှစ်သောင်းဖြင့် ရောင်းချမည်ဟုမိမိပြောကြားခဲ့သည်ဟု သတင်းဂျာ နယ်အချို့တွင်ဖော်ပြနေခြင်းများမှာ မဟုတ်မှန်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းကပြောသည်။

လာမယ့် ဘဏ္ဍာနှစ် အတွင်း အခမဲ့ ရုပ်သံလိုင်းသစ်များ ထပ်မံတိုးချဲ့ သွားရန်ရှိ

လာမယ့် ဘဏ္ဍာနှစ် အတွင်း အခမဲ့ ရုပ်သံလိုင်းသစ်များ ထပ်မံတိုးချဲ့ သွားရန်ရှိ
Tuesday 12th March 2013
ပြန်ကြားရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ပြောကြားချက် အရ လာမယ့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် အတွင်းမှာ ရုပ်သံလိုင်းများ ထပ်မံ တိုးချဲ့ သွားဖို့
အတွက် စီစဉ်လျက် ရှိတယ်လို့ သိရပါတယ်။ အခုလို ထုတ်လွှင့်ရာ မှာလည်း အခမဲ့ ရုပ်သံ လိုင်းသစ် ၄ လိုင်း ထုတ်လွှင့် သွားမှာ ဖြစ်ပါတယ်။ ဒီလို ထုတ်လွှင့် သွားမယ့် ရုပ်သံလိုင်းတွေ ကတော့ Reader Channel၊ ပြည်ထောင်စု Channel ၊ လွှတ်တော် Channel နဲ့ Farmer Channel တို့ပဲ ဖြစ်ပါတယ်။
 
Reader Channel မှာတော့ ပြည်သူတွေ ဗဟုသုတ ရရှိစေဖို့ အတွက် စာပေ အကြောင်းအရာများ၊ ဖျော်ဖြေမှုများ စတာတွေကို ပြသမှာ ဖြစ်ပြီး ပြည်ထောင်စု Channel မှာတော့ ပြည်နယ် ၇ ခုရဲ့ ယဉ်ကျေးမှု ဓလေ့ရိုးရာများ၊ အစားအသောက်များ၊ ပြည်နယ် အလိုက် သီချင်းများ၊ ရိုးရာပုံပြင်များ အစရှိတာတွေကို သက်ဆိုင်ရာ တိုင်းရင်းသား ဘာသာ အလိုက် ထုတ်လွှင့် သွားမှာ ဖြစ်ပါတယ်။
 
လွှတ်တော် Channel ကတော့ လွှတ်တော် အတွင်း ဆောင်ရွက်နေတဲ့ အကြောင်းအရာ များကို ထုတ်လွှင့်မှာဖြစ်ပြီး Farmer Channel မှာတော့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး စတဲ့ ကဏ္ဍ တွေကို ထုတ်လွှင့် သွားမှာ ဖြစ်ပါတယ်။ အဆိုပါ ရုပ်သံလိုင်း ၄ လိုင်းကိုတော့ Free to air အဖြစ် လာမယ့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် မှာ ထုတ်လွှင့်ပြသ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
 
Re-Post By ACM 12-3-2013
အေးချမ်းမွန် Credit to >> MRTV-4<< Thank


Tuesday 12th March 2013
ပြန်ကြားရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ပြောကြားချက် အရ လာမယ့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် အတွင်းမှာ ရုပ်သံလိုင်းများ ထပ်မံ တိုးချဲ့ သွားဖို့အတွက် စီစဉ်လျက် ရှိတယ်လို့ သိရပါတယ်။ အခုလို ထုတ်လွှင့်ရာ မှာလည်း အခမဲ့ ရုပ်သံ လိုင်းသစ် ၄ လိုင်း ထုတ်လွှင့် သွားမှာ ဖြစ်ပါတယ်။

"ဇာတ်ပို့၊ ဇာတ်ရံတွေကို အဝတ် အစားတွေ ပေးလှူခဲ့တဲ့ အိန္ဒြာကျော်ဇင်"

"ဇာတ်ပို့၊ ဇာတ်ရံတွေကို အဝတ် အစားတွေ ပေးလှူခဲ့တဲ့ အိန္ဒြာကျော်ဇင်"

အိန္ဒြာကျော်ဇင် က အနုပညာ နယ်ပယ်ထဲက လုပ်ဖော်ကိုင်ဖက် တွေကို မတ်လ ၁ရက်နေ့က အဝတ် အစားတွေ ပေးလှူတာ တွေ့ရပါတယ်။ အဝတ် အစားတွေ ပေး လှူဖြစ်ခဲ့ပုံ အကြောင်းကို မေးတော့ အိန္ဒြာကျော်ဇင် က “ဒီတစ်ခေါက်တော့ အဝတ် အစားတွေ အကုန်လုံးကို တစ်ခါ တည်း အကုန်စုပြီး လှူလိုက်တာပေါ့။ အနုပညာ နယ်ပယ်ထဲက ကိုယ့်ရဲ့လုပ်ဖော် ကိုင်ဖက်တွေ ဇာတ်ပို့ ဇာတ်ရံနေရာ မှာလုပ်တဲ့ သူငယ်ချင်းတွေ၊ အစ်မ တွေ ညီမတွေ ကိုခေါ်ပြီး လှူလိုက်တာပါ။ အရင် တုန်းကတော့ ရှုတင်မှာ ကြုံရင်ကြုံသလို ပေးလိုက်တာမျိုးတွေ ရှိတယ်။ ဒီတစ်ခေါက် ကတော့၊ မလှူ ဖြစ်တာလည်း နည်းနည်း ကြာသွားတော့ အင်္ကျီပုံက တအား များ သွားတယ်။ ခွဲပြီးပေးရင်လည်း မလွယ်တော့တဲ့ အခါကျတော့ အကုန်လုံးကို ခေါ်လိုက်ပြီး ကြိုက်တာ ယူကြ ဆိုပြီး ပေးလိုက်တာ၊ သူတို့လည်း ကြိုက်တဲ့ အင်္ကျီ ရကြ တာပေါ့။ ဟိုးအရင်တုန်း ကတော့ မိဘမဲ့ အမျိုးသမီးဂေဟာ တွေမှာ သွားပြီး လှူဖြစ်တယ်”လို့ ပြောပါတယ်။
By Popular Journal :)

RND:  :12.3.2013
အိန္ဒြာကျော်ဇင် က အနုပညာ နယ်ပယ်ထဲက လုပ်ဖော်ကိုင်ဖက် တွေကို မတ်လ ၁ရက်နေ့က အဝတ် အစားတွေ ပေးလှူတာ တွေ့ရပါတယ်။ အဝတ် အစားတွေ ပေး လှူဖြစ်ခဲ့ပုံ အကြောင်းကို မေးတော့ အိန္ဒြာကျော်ဇင် က “ဒီတစ်ခေါက်တော့ အဝတ် အစားတွေ အကုန်လုံးကို တစ်ခါ တည်း အကုန်စုပြီး လှူလိုက်တာပေါ့။

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၁၉ လမ်း၊ ၈၆ နဲ့ ၈၇ လမ်းကြားက သက်တံရောင် စက်သုံးဆီအရောင်းဆိုင်မှာ ယနေ့နေ့လည်က မီးလောင်မှုဖြစ်ပွား

၁၉ လမ်းမီးလောင်မှု
လူနာ၂ဦး ကို နိဗ္ဗာန်သုခ အသင်း နှင့် ဈေးချိုမီးသတ်မှ ကယ်တင်နိုင်ခဲ့ပုံ
၁၉ လမ်းမီးလောင်မှု လူနာ၂ဦး ကို နိဗ္ဗာန်သုခ အသင်း နှင့် ဈေးချိုမီးသတ်မှ ကယ်တင်နိုင်ခဲ့ပုံ
မန္တလးမြို့အာင်မြေသာစံမြို့နယ်၁၉လမ်း၊၈၆နဲ့၈၇လမ်းကြားကသက်တံရောင် စက်သုံးဆီအရောင်းဆိုင်မှာ မတ်လ ၁၂ ရက်နေ့ မွန်းလွဲ ၂း၄၅ နာရီခန့်က မီးလောင်မှုဖြစ်ပါတယ်။

ငြိမ်းချမ်းရေး လမ်းလျှောက်တဖွဲ့ မြစ်ကြီးနားမှ ကြိုဆို၊ တဖွဲ့ကို အစိုးရစစ်တပ် တားမြစ်ထား

အင်္ဂါနေ့၊ မတ်လ ၁၂ ရက်၊ ၂၀၁၃ ခုနှစ်
ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ရန်ကုန်မြို့မှ ရက်ရှည် လမ်းလျှောက်လာသူများထဲမှ တဖွဲ့သည် မြစ်ကြီးနားမြို့သို့ အင်္ဂါနေ့ နံနက်ပိုင်းက ရောက်ရှိလာ၍ ပြည်သူလူထုနှင့် ကချင်ငြိမ်းချမ်းရေးအဖွဲ့များ ကချင်မနောကွင်းတွင် ကြိုဆိုခဲ့သည်ဟု လမ်းလျှောက်အဖွဲ့ဝင် ကိုဇင်ကိုကို က ပြောသည်။

Taxi အငှားယာဉ်များ နှင့်ပတ်သတ်သည့် လုပ်ငန်းများကို မထသဆောင်ရွက်တော့မည်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြေးဆွဲလျက်ရှိသော တက္ကစီဆိုင်ရာ လုပ်ငန်းများကို ဧပြီလတစ်ရက်နေ့မှစတင်ကာ မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကြီးကြပ်မှု ဗဟိုကော်မတီ (မထသ) က ဆောင်ရွက်တော့မည်ဖြစ်ကြောင်း မထသ(ဗဟို) မှ အတွင်းရေးမှူး ဦးဘမြင့်ကပြောသည်။ ယခင်က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီလက်အောက်၌ ဆောင်ရွက်ရာမှ ယခုအခါ မထသ(ဗဟို) လက်အောက်ရှိ ခရိုင်လေးခုက လွှဲပြောင်းဆောင်ရွက်တော့မည်ဖြစ်ကြောင်း သိရသည်။

လှိုင်မြစ်ကမ်းပေါ်ရှိ လှိုင်သာယာစက်မှုဇုန် ၆ မှ PPCL ဆီသိုလှောင် ဖြန့်ဖြူးရေး ကုမ္ပဏီတွင်မီးလောင်ကျွမ်းမှုကို ထိန်းချုပ်နိုင်ပြီ

လှိုင်မြစ်ကမ်းပေါ်ရှိ လှိုင်သာယာစက်မှုဇုန် ၆ မှ PPCL ဆီသိုလှောင် ဖြန့်ဖြူးရေး ကုမ္ပဏီတွင် မီးလောင်ကျွမ်းနေမှုအား မီးသတ်ယာဉ် ၅၂ စီးဖြင့် ငြိမ်းသတ်လျက်ရှိပြီး ယခုအချိန်တွင် မီးညွှန့်အား ထိန်းထားနိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါမီးလောင်ကျွမ်းမှုသည် ဆီသိုလှောင်ကန်အတွင်းမှ ဆီထုတ်ယူစဉ် စတင်မီးလောင်ကျွမ်းခြင်း ဖြစ်ကြောင်းလည်း သတင်းရရှိသည်။

လှိုင်မြစ်ကမ်းပေါ်ရှိ လှိုင်သာယာစက်မှုဇုန် ၆ မှ PPCL ဆီသိုလှောင် ဖြန့်ဖြူးရေး ကုမ္ပဏီတွင်မီးလောင်ကျွမ်း
နမှုအား မီးသတ်ယာဉ် ၅၂ စီးဖြင့် ငြိမ်းသတ်လျက်ရှိပြီး ယခုအချိန်တွင် မီးညွှန့်အား ထိန်းထားနိုင်ပြီဖြစ်
ကြာင်း သတင်းရရှိသည်။

လှိုင်သာယာမြို့နယ် ဘုရင့်နောင် တံတားအဆင်းမှာ ယခုနေ့လည် ၁၂နာရီမှာ မီးလောင်ကျွမ်းမှုဖြစ်ပွားနေ

လှိုင်သာယာမြို့နယ် ဘုရင့်နောင် တံတားအဆင်းရှိ သီရိမွန်အိမ်ယာဝင်း အနီးရှိ စက်ရုံတစ်ရုံ၌ ယနေ့ နေ့လယ် ၁၂နာရီ ခန့်တွင် မီးလောင်နေကြောင်း ရန်ကုန်တိုင်း ဒေသကြီး မီးသတ်ဦးစီးဌာန ထံမှ ကနဦး သတင်းရရှိသည်။
(ဓာတ်ပုံ - ဥက္ကာဟန်)
(ဓာတ်ပုံ - ဥက္ကာဟန်)
လှိုင်သာယာမြို့နယ် ဘုရင့်နောင် တံတားအဆင်းရှိ သီရိမွန်အိမ်ယာဝင်း အနီးရှိ စက်ရုံတစ်ရုံ၌ ယနေ့  နေ့
လယ် ၁၂နာရီ ခန့်တွင် မီးလောင်နေကြောင်း ရန်ကုန်တိုင်း ဒေသကြီး မီးသတ်ဦးစီးဌာန ထံမှ ကနဦး သတင်း
ရရှိသည်။

သဘာဝကျကျနဲ့ တကယ့်ဘဝထဲမှာ ဖြစ် နေတဲ့ အကြောင်းတွေ ကိုသာ ရေးချင်နေသူ စာရေးဆရာဗျူး

သဘာဝကျကျနဲ့ တကယ့်ဘဝထဲမှာ ဖြစ် နေတဲ့ အကြောင်းတွေ ကိုသာ ရေးချင်နေသူ စာရေးဆရာဗျူး

ဒါရိုက်တာဥက္ကာဗိုရိုက်ကူးတဲ့ ‘ကျွန်တော်တို့လည်း တာဝန်ရှိပါသည်’ ဆိုတဲ့ ပရိုဂျက်တာနဲ့ ပြသခွင့်ပြုတဲ့ ဗီဒီယိုဇာတ်ကားမှာ မင်းမော်ကွန်း၊ မိုးပြည့်ြ ပည့်မောင်မိုးယုစံတို့နှင့်အတူ အနုပညာရှင်များစွာ ပါဝင်တာကို တွေ့ ရပါတယ်။ဒီကားလေးဟာ လူငယ် ပညာပေးဇာတ်လမ်းအမျိုးအစား ဖြစ်ပါ တယ်။ လူငယ်များတစ်ဦးကို တစ်ဦးရိုင်းပင်းကူညီကြရန်နှင့် လူငယ် တစ်ဦး၏ ဘဝကိုတိုးတက်အောင်မြင် အောင် အကူအညီပေးကြရာတွင် အများ မှာလည်း တာဝန်ရှိကြောင်း၊ ရည်ရွယ်ပြီး ရိုက်ကူးတင်ဆက် ထား ခြင်းဖြစ်ပါတယ်။ငွေကြေးမရှိတဲ့သူ တွေအတွက် ဘဝရုန်းကန်မှုဟာ အင်မတန်မှ ခက်ခဲတယ် ဆိုတာလေး ကို သိစေချင်တဲ့အတွက် ဒီဝတ္ထုကို ရေးသားခြင်းဖြစ်ကြောင်း စာရေး ဆရာဗျူးက ပြောပါတယ်။

 ”ရေးရင်းရေးရင်းနဲ့ ဘာဖြစ် လာလဲဆိုတော့ အဲဒီတုန်းက စာပေစိ စစ်ရေးရှိတော့ ရေးရင်းနဲ့ လက်ကမရဲ တော့ဘူး။ ကိုယ့်ဟာကိုယ် ရေးရင်း နဲ့ ကြောက်လာတယ်။ ကြောက်ရင်းနဲ့ ဇာတ်ကို သူငယ်ချင်းအဖွဲ့လေးနဲ့ ဆက်ရေးတယ်။ ပြောရရင်တော့ ရေးနေကျပုံစံအတိုင်း ပထမပိုင်း အပျော်ေ လးနဲ့သွားတယ်။ နောက် ပိုင်းကျတော့ အလွမ်းလေးနဲ့သိမ်း တယ်။ သို့သော် နာမည်နဲ့ ဇာတ်သွား နဲ့က နည်းနည်းတော့ လမ်းချော်သွား တယ်။ အဓိက Message ကတော့ သဘာဝကျကျလေး ပြောထားတာပါ။ 

တကယ်ငွေကြေးမရှိတဲ့လူတွေ အတွက် ရုန်းကန်ရတာ အင်မတန်ခက်ခဲ နက် နဲတယ်၊ ဘဝတွေကြမ်းတမ်းတယ်။ အဲဒါတွေကို သိစေချင်တယ်။ အဲဒါ အတွက်ကြောင့် ဒီရွာဘက်က ကလေး တွေရဲ့ပညာရေးဟာ ရွာတွေမှာဖြစ်   နေတဲ့ စီးပွားရေး၊ နေထိုင်မှုကိစ္စတွေ အားလုံး ပြေပြေ လည်လည်ဖြစ် အောင် ကျွန်တော်မေးထားတာပါ တယ်။သူ့မှာ တာဝန်ရှိလဲပေါ့။ အဲဒီ သေ ဘာလေးပါပဲ”လို့ပြောပါတယ်။         

သဘာဝကျကျလေးနဲ့ တကယ့် ဘဝထဲမှာ ဖြစ်နေတဲ့အကြောင်း အရာမျိုးတွေကို ရေးချင်နေကြောင်း နဲ့ ရေး တဲ့အခါမှာလည်း ကြုံတွေ့ရတဲ့ ပြဿနာ တချို့ နဲ့ပတ်သက်ပြီးလည်း ပြောပြလာတာကတော့ “တကယ်တမ်း ရေးချင်တာပြောရရင် အသက်အရွယ် သဘာဝကျကျလေးနဲ့ ဘဝဆန်ဆန် လေး၊ တကယ့်ဘဝထဲမှာဖြစ်နေတဲ့ အကြောင်းအရာလေးတွေ ရေးချင် တယ်။ သို့သော်အဲဒါမျိုးလေးရေးပြီး တစ်အုပ်ထုတ်လိုက်သေးတယ်။ ကျွန်တော်ရေးတဲ့ ဖျော်ဖြေရေးဝတ္ထု ထက် သုံးပုံတစ်ပုံလောက်ပဲ ရောင်းရ တယ်။ အဲဒီတော့ ထုတ်ဝေသူတွေ အနေ နဲ့လည်း တွန့်သွားတယ်။ ကျွန်တော့် အနေနဲ့ကလည်း ပြန်ကြည့်လို့ရှိရင် သဘာဝကျကျနဲ့ရသဘက်ကို အား စိုက်ပြီးရေးထားတော့ ပင်ပန်းတယ်။ ခံစားမှုအရ အင်မတန်နည်းတယ်။ ထုတ်ဝေသူမရှိသလောက် ရှားတယ်။ အဲဒီတော့ မရေးချင်တဲ့ ဖျော်ဖြေရေး ရေးရတယ်။ ကျွန်တော်တို့ မရေးရင် လည်း ရိုက်စရာ ဗီဒီယိုဇာတ်တွေကမရှိဘူး။ရှင်းရှင်းပြောရရင် ဒီဘဝတွေ ပဲ သွားလုပ်ပြီး ရုပ်ရှင်ကားကြီးတင် လိုက်ရင် ဝက်ဝက်ကွဲပဲ။ အဲဒီတော့ ဒီဖျော်ဖြေရေးဘက်ကို ဦးစားပေးပြီး ရေးနေရတယ်။ တစ်ခုတော့ရှိပါ တယ်။ ဘဝတွေမွန်းကျပ်နေတဲ့လူတွေ အမောပြေတစ်ခဏကြည့်ရင်တော့
စိတ်ပျော်ရွင်မှာပါ” လို့ သုံးသပ်ပြော ပြသွားခဲ့ပါတယ်။ ဖျော်ဖြေရေးပဲဖြစ်ဖြစ်၊ ရသပဲ ဖြစ်ဖြစ်၊ သုတပဲဖြစ်ဖြစ် စာဖတ်တဲ့ အကျင့်လေးနဲ့ စာဖတ်လို့ ရှိရင် အင် မတန်မှ အသိ ဥာဏ်တိုးပြီး အကျိုးရှိ တဲ့အတွက် ပရိသတ်တွေအကုန်လုံး စာဖတ်ကြပါလို့လည်း အကြံပြုစကား ထပ်မံပြောပြခဲ့ပါတယ်။

သိမ့်သိမ့်

ဒါရိုက်တာဥက္ကာဗိုရိုက်ကူးတဲ့ ‘ကျွန်တော်တို့လည်း တာဝန်ရှိပါသည်’ ဆိုတဲ့ ပရိုဂျက်တာနဲ့ ပြသခွင့်ပြုတဲ့ ဗီဒီယိုဇာတ်ကားမှာ မင်းမော်ကွန်း၊ မိုးပြည့်ြ ပည့်မောင်မိုးယုစံတို့နှင့်အတူ အနုပညာရှင်များစွာ ပါဝင်တာကို တွေ့ ရပါတယ်။ဒီကားလေးဟာ လူငယ် ပညာပေးဇာတ်လမ်းအမျိုးအစား ဖြစ်ပါ တယ်။ လူငယ်များတစ်ဦးကို တစ်ဦးရိုင်းပင်းကူညီကြရန်နှင့် လူငယ် တစ်ဦး၏ ဘဝကိုတိုးတက်အောင်မြင် အောင် အကူအညီပေးကြရာတွင် အများ မှာလည်း တာဝန်ရှိကြောင်း၊ ရည်ရွယ်ပြီး ရိုက်ကူးတင်ဆက် ထား ခြင်းဖြစ်ပါတယ်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းများအား ဖြိုခွင်းရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ဖော့စ်ဖရပ်ဓာတ် ပါဝင်သည့် မီးခိုးဗုံးကို အသုံးပြုခဲ့ကြောင်း စုံစမ်းစစ်ဆေးရေး အပြီးသတ်အစီရင်ခံစာတွင် ဖော်ပြထား

ယေဘုယျအားဖြင့် မီးခိုးမှိုင်းကာ (Smoke Screen)အဖြစ် အသုံးပြုလေ့ရှိသော ယင်းဗုံးကို ကွင်းပြင်တွင် အသုံးပြုပါက မီးမလောင်နိုင်သော်လည်း ဗုံးပေါက်ကွဲရာ၈ မီတာအတွင်း ပိုလီယက်စတာ အ၀တ်စများ၊ တာပေါ်လင်ခေါ် ပလတ်စတစ်မိုးကာစများ၊ မြွေရေခွံအိတ်များကဲ့သို့ လောင်ကျွမ်းလွယ်သော အရာများ ရှိပါက ရေစိုသည်ဖြစ်စေ၊ ရေမစိုသည်ဖြစ်စေ မီးစုန်းစများ ထိမှန်ပါက မီးလောင်နိုင်ကြောင်း ကော်မရှင်၏ စမ်းသပ်လေ့လာမှုများအရ တွေ့ရှိရသည်ဟု ဖော်ပြထားသည်။

"နှစ်နိုင်ငံကြား ကိစ္စရပ်တွေ ကိုင်တွယ်ဖို့ အာရှရေးရာ ကိုယ်စားလှယ် တရုတ်အစိုးရ ခန့်အပ်"

"နှစ်နိုင်ငံကြား ကိစ္စရပ်တွေ ကိုင်တွယ်ဖို့ အာရှရေးရာ ကိုယ်စားလှယ် တရုတ်အစိုးရ ခန့်အပ်"

တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံကြားက ကိစ္စကြီးငယ်တွေကို အထူးဦးစားပေးဆောင်ရွက်ဖို့အတွက် တရုတ်နိုင်ငံရဲ့ ပထမဦးဆုံး အာရှရေးရာ ကိုယ်စားလှယ်အဖြစ် အကြီးတန်းအရာရှိဟောင်းတစ်ဦးကို တရုတ်အစိုးရက တနင်္လာနေ့က အတည်ပြုခန့်အပ်လိုက်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဟောင်း ၀မ်ယင်ဖန်ကို တရုတ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့  အာရှရေးရာ အထူးကိုယ်စားလှယ်အဖြစ်ခန့်အပ်လိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန
 ပြောခွင့်ရပုဂ္ဂိုလ်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

အသက် (၇၁) နှစ်အရွယ် ၀မ် ဟာ ဂါနာ၊ ဗြိတိန်နဲ့ ဖိလစ်ပိုင်နိုင်ငံတွေမှာ သံအမတ်ဖြစ်ခဲ့ပြီး၊ ၁၉၉၅ ခုနှစ်မှာ ဒုတိယနိုင်ငံခြားရေးဝန်ကြီးအဖြစ် (၅) နှစ် ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီနောက် တရုတ်နိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးအဖြစ်ခန့်အပ်ခံခဲ့ရပါတယ်။

တရုတ်ပြည် အာရှရေးရာအထူးကိုယ်စားလှယ် ၀မ်ဟာ အထူးသဖြင့် တရုတ်နဲ့ မြန်မာကြား ကိစ္စရပ်တွေကို တာဝန်ယူ ကိုင်တွယ်ဖြေရှင်းရမှာဖြစ်ပါတယ်။

အခုလို တရုတ်အစိုးရက ပထမဆုံး အာရှရေးရာကိုယ်စားလှယ်ရာထူး ခန့်အပ်လိုက်တာဟာ တရုတ်နဲ့ မြန်မာကြားဆက်ဆံရေးတွေ ရှုတ်ထွေးလာလို့ဖြစ်ကြောင်း ထိုင်ဝမ် ရှီယာမင် တက္ကသိုလ်က မြန်မာ့အရေး လေ့လာသူ ပါမောက္ခ ဖန်ဟောင်ဝေက ပြောပါတယ်။

မြန်မာကနေ တရုတ်ကို သွယ်တန်းနေတဲ့ ရေနံနဲ့ ဓါတ်ငွေ့ပိုက်လိုင်းတွေဟာ လာမယ့်မေလမှာ စတင်အသက်ဝင်တော့မှာဖြစ်ပေမယ့်၊ ၂၀၁၁ ခုနှစ်ကစပြီး ပေါ်ပေါက်လာတဲ့ မြန်မာ့နိုင်ငံရေး စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ၊ အနောက်နိုင်ငံတွေနဲ့ လမ်းပွင့်လာတာတွေ၊ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းခံလိုက်ရပြီး၊ လက်ပန်းတောင်းကြေးနီမိုင်းမှာ ပြဿနာတွေ ပေါ်ပေါက်လာတာတွေ၊ ကချင်ပြည်နယ်က တိုက်ပွဲတွေ စတာတွေကြောင့် တရုတ်အစိုးရအနေနဲ့ မြန်မာပြည်တွင်းက သူ့ရဲ့အကျိုးစီးပွားတွေကို ကာကွယ်ဖို့လိုလာတယ်လို့ ပါမောက္ခဖန်က ပြောပါတယ်။

ဒါ့ပြင် မြန်မာပြည်က လူမျိုးစုပြဿနာနဲ့ မြန်မာအနေနဲ့ အနောက်အုပ်စုဘက် ပိုယိမ်းသွားမလား ဆိုတာတွေဟာ တရုတ်က မထိန်းချုပ်နိုင်တဲ့ကိစ္စတွေ ဖြစ်တယ်လို့လည်းဆိုပါတယ်။
ဆက်နွယ်သောသတင်းများ

RND:  :12.3.2013
တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံကြားက ကိစ္စကြီးငယ်တွေကို အထူးဦးစားပေးဆောင်ရွက်ဖို့အတွက် တရုတ်နိုင်ငံရဲ့ ပထမဦးဆုံး အာရှရေးရာ ကိုယ်စားလှယ်အဖြစ် အကြီးတန်းအရာရှိဟောင်းတစ်ဦးကို တရုတ်အစိုးရက တနင်္လာနေ့က အတည်ပြုခန့်အပ်လိုက်ပါတယ်။

သီလေးသီးနှင့် ထပ်ဆင့် အကယ်ဒမီ မေသန်းနုတို့ တပ်မတော်နေ့တွင် အငြိမ့်ကမည်

သီလေးသီးနှင့် ထပ်ဆင့် အကယ်ဒမီ မေသန်းနုတို့ 
တပ်မတော်နေ့တွင် အငြိမ့်ကမည်

ရန်ကုန်၊ မတ် ၁၁။

မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည်ဖြစ်သော တပ်မ
aတ်ာနေ့၌ ကပြဖျော်ဖြေမည့် သီလေးသီး အငြိမ့်တွင် 
ဇာဂနာ အပါအဝင် မင်းသမီးအဖြစ် သရုပ်ဆောင် ထပ်ဆင့် အကယ်ဒမီ မေသန်းနုက ပူးပေါင်းကပြ ဖျော်ဖြေမည် ဖြစ်
ကြောင်း မေသန်းနု ထံမှ သိရသည်။

အဆိုပါ အငြိမ့်ပွဲအား သီးလေးသီးနှင့် မြပုဏ္ဍမာဟု အမည်ပေး
ထားကြောင်းသိရပြီး အငြိမ့်ကို ရွှေတိဂုံ ဘုရားအနောက်ဘက်မုဒ်ရှိ
ပြည်သူ့ရင်ပြင်တွင် ကပြမည် ဖြစ်ကြောင်း သိရသည်။

“သူတို့နဲ့ အတူကဖို့ စဉ်းစားပြီးပါပြီ။ ပျော်စရာကောင်းတာပေါ့။ အနုပညာ မောင်နှမတွေ အပေါင်းအသင်းတွေနဲ့ ပြန်ကရတော့
လဲ အဓိကက ကိုဇာဂနာ ပေါ့။ အရင်တုန်းကလည်း ကဖူးတယ်လေ။ အခုပြန်ကရမယ် ဆိုတော့ ပိုပျော်တာပေါ့”ဟု မေသန်းနုက
ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး သီးလေးသီးအငြိမ့်၏ ခေါင်းဆောင်
မင်းသမီး မချောစုမျိုးက“အခုဟာက နှစ်ဖွဲ့ပေါင်းပြီးတော့ ကမှာ။ မဝတ်သိဂီင်္ရယ်၊ သစ်သစ်လွင် ပါမယ်၊ လက်ဆင့်ကမ်းလေး ဖြစ်တဲ့ ဦးရိုင်းသမီး ပါမယ်။ အခု ဒီပွဲက ခမ်းခမ်းနားနားကြီးကို လုပ်တာလေ။ တစ်ခါမှ ဒီလိုမျိုး မလုပ်ဖူးဘူး။ ပရိသတ် တွေ ကြိုက်နှစ်သက်လိမ့်
မယ်လို့တော့ ထင်တယ်။ ဦးသူရ(ဇာဂနာ)ကိုယ်တိုင် အရမ်းတတ်တတ်
ကြွကြွနဲ့ လုပ်ထားတယ်။ လူအင်အားလည်း သုံးထားတယ်။ ယိမ်းကတာလည်း လူများတယ်။ ဇာတ်စင်လည်း ကြီးတယ်” ဟု 
ဆိုသည်။

ဆက်လက်ပြီး မြန်မာ့ ဇာတ်သဘင်လောကနှင့် ပတ်သက်၍ “အခုဇာတ်သဘင်ဆိုရင် အကုန်လုံး တိုးတတ်လာပြီး။ ခေတ်နဲ့ အညီတိုးတတ်လာတယ်။ ကတာတွေကလည်း အရမ်းဆန်း
သစ်တယ်။ အခုဆို ဖိုးချစ်တို့၊ ဟန်ဇာမိုးဝင်း၊ တင်မောင်ဆန်း
မင်းဝင်းတို့ ကိုယ့်ညီကို မောင်နှမတွေဆိုတော့ ကိုယ်တွေက
လည်း ဒီအနုပညာလော ကထဲကဆိုတော့ သူတို့တွေ ကပြတာ
ခေတ်နဲ့ အညီ လိုက်ကပြတဲ့အတွက် အရမ်းကို ကျေနပ်တယ်။ 
သူများနိုင်ငံနဲ့ ယှဉ်ရင် ကိုယ့်ဗမာဆိုတာ ဒါပါလားဆိုတာ ပြနိုင်
လာပြီ” ဟု ဇာတ်သဘင်၏ တိုးတတ်လာပုံကို ပြောသည်။

သီးလေးသီး၏ ခေါင်းဆောင်မင်းသမီး ချောစုမျိုးသည် ဇာတ်သဘင်လောကထဲသို့ ဝင်ရောက်လာခဲ့သည်မှာ 
(၂၄)နှစ်ရှိပြီး သီးလေးသီး အဖွဲ့နှင့် (၂၀၀၄)ခုနှစ်တွင် 
စတင် လက်တွဲလာခဲ့ခြင်း ဖြစ်ကြောင်းနှင့် ချင်းမိုင်တွင် ၄ နှစ်တာကာလအထိ နေထိုင်ခဲ့ရကြောင်း သိရသည်။

အိအိ

မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည်ဖြစ်သော တပ်မ aတ်ာနေ့၌ ကပြဖျော်ဖြေမည့် သီလေးသီး အငြိမ့်တွင် ဇာဂနာ အပါအဝင် မင်းသမီးအဖြစ် သရုပ်ဆောင် ထပ်ဆင့် အကယ်ဒမီ မေသန်းနုက ပူးပေါင်းကပြ ဖျော်ဖြေမည် ဖြစ် ကြောင်း မေသန်းနု ထံမှ သိရသည်။

“သင်္ကြန်ကို အိမ်မှာ ကမ္မဋ္ဌာန်းထိုင်မယ့် နေတိုး”

“သင်္ကြန်ကို အိမ်မှာ ကမ္မဋ္ဌာန်းထိုင်မယ့် နေတိုး”

ဒါရိုက်တာညွန့်မြန်မာညီညီအောင်ရိုက်ကူးတဲ့ ‘အုတ် ကြားမြက်ပေါက်’ ရုပ်ရှင်ကားကြီးကို နေတိုးက နေမင်း၊ ထွန်းထွန်း၊ သက်မွန်မြင့်၊ စိုးပြည့်သဇင်တို့နဲ့ အတူရိုက်ကူးနေ ပါတယ်။ နေတိုးကသင်္ကြန်ကို အိမ်မှာတရားစခန်းဝင်တာ ၄နှစ်လောက်ရှိပြီ ဖြစ်ကြောင်း၊ အခုနှစ် သင်္ကြန်မှာ တရားစခန်း မဝင်ဖြစ်ပေမယ့်အိမ်မှာပဲ ကမ္မဋ္ဌာန်းလုပ်ဖို့ ရှိကြောင်းကို နေတိုးက ”တရားစခန်းဝင်တယ်ဆိုတဲ့ သဘောက ကမ္မဋ္ဌာန်းလုပ်တာပါ။ ကျွန်တော်ဒီနှစ်ကိုတော့ အိမ်မှာပဲ ကမ္မဋ္ဌာန်းလုပ်တော့မယ်။ ကမ္မဋ္ဌာန်းလုပ်တယ် ဆိုတာက အဓိကကတော့ အင်္ကျီဟောင်းတစ်ထည်ကို လျှော်လိုက်တဲ့သဘောပါ။ လျှော်ပြီးရင် အညစ်အကြေးတွေက သန့်စင်သွားပြီးတော့ အသစ်တစ်ခု လို ပြန်ဝတ်လို့ ရသွားတယ်။ ကမ္မဋ္ဌာန်းဆိုတာက စိတ်ရဲ့အညစ်အကြေးတွေကို ဆေးကြောလိုက်တဲ့ ပညာအားထုတ်တဲ့ အလုပ်တစ်ခုပါ။ အဓိကကတော့ဆေးကြော လိုက်တဲ့သဘောပါ။ 

တရားစခန်းကို တစ်နှစ်မှာ ဘယ်နှစ်ကြိမ်ဝင်ရမယ်ဆိုတာတော့ သတ် မှတ်ထားတာမရှိပါဘူး။ ဘယ်အချိန်ဝင်ရ မယ်ဆိုတာလည်းမရှိဘူး။ ဘာသာ ရေးနဲ့ပတ်သက်ပြီး ဘာမှသတ်မှတ် ချက်မရှိပါဘူး။ အမြဲတမ်းသတိ လေးနဲ့ လုပ်နေမယ်ဆိုရင်တော့ ပိုပြီးကိုယ့်ရဲ့ စိတ်ကို ထိန်းချုပ်နိုင်မယ်။ စိတ်ရဲ့ကြည်လင်မှုကိုလည်း ခံစားရမယ်”လို့ ပြောပါတယ်။
နိုင်ငံတစ်နိုင်ငံမှာအဓိက အရေး ကြီးတာအနုပညာနဲ့ယဉ်ကျေးမှု ထိန်းသိမ်းနိုင်မှသာ သိက္ခာတရား ဆိုတာရှိလာမှာဖြစ်ကြောင်း နေတိုးက… ”အနုပညာနဲ့ ယဉ်ကျေးမှုကို မထိန်းသိမ်းနိုင်ရင်တော့ ကိုယ့် နိုင်ငံကိုယ့်လူမျိုးရဲ့အနုပညာ အမွေ အနှစ်ကနောင်တက်လာမယ့် လူငယ်တွေကို ပြယုဂ်တစ်ခုအဖြစ် ကျန်ခဲ့ဖို့ဆိုတာ မလွယ်ဘူး။ ဟိုး အရင် ၁၉၈၅ခုနှစ်၊ ၁၉၈၆ ခုနှစ် အချိန်တုန်းက ဝတ်စားဆင်ယင်မှု၊ ယဉ်ကျေးမှုကဘယ်လို ရှိလဲဆိုတာ သိချင်ရင် You tube မှာ ရှိတဲ့movie တွေပဲ ပြန်ကြည့်ရ တယ်။တကယ်လို့သာ အဲဒီအချိန်တုန်းက အနုပညာတွေ၊ ရိုက်ကူးမှုတွေ မရှိခဲ့ဘူးဆိုရင် ကျွန်တော်တို့အတွက် ဟိုးအရင်ကဟာတွေကို လေ့လာ ချင်ရင်ဘယ်လိုမှ ပြန်ရှာလို့ မရဘူး။ ရုပ်ရှင်ဟာ မရှိမဖြစ်တဲ့ အရာတစ်ခုဖြစ်တယ်။ရုပ်ရှင်နဲ့ပဲ ယဉ်ကျေးမှုကို ထိန်းသိမ်းရတယ်။ သမိုင်းမှာ ကျန်ခဲ့အောင် စာပေနဲ့ ရုပ်ရှင်ဟာ အဓိကကျတယ်။ ထိန်းသိမ်းနိုင်ဖို့ က တကယ့်ကိုအရေးကြီးတဲ့ အလုပ် ပါ” လို့ ပြောပါတယ်။

၂ဝ၁၃ ခုနှစ်မှာတော့ ကာရိုက်တာပိုင်းကို ပြောင်းလဲမှုတွေ လုပ်ထားတဲ့အတွက်ကြောင့် ပရိသတ်တွေအနေနဲ့ အားပေးဝေဖန် အကြံပေးကြပါဦးလို့လည်း နေတိုးက ပြောပါတယ်။

တွယ်တာ

ဒါရိုက်တာညွန့်မြန်မာညီညီအောင်ရိုက်ကူးတဲ့ ‘အုတ် ကြားမြက်ပေါက်’ ရုပ်ရှင်ကားကြီးကို နေတိုးက နေမင်း၊ ထွန်းထွန်း၊ သက်မွန်မြင့်၊ စိုးပြည့်သဇင်တို့နဲ့ အတူရိုက်ကူးနေ ပါတယ်။ နေတိုးကသင်္ကြန်ကို အိမ်မှာတရားစခန်းဝင်တာ ၄နှစ်လောက်ရှိပြီ ဖြစ်ကြောင်း၊ အခုနှစ် သင်္ကြန်မှာ တရားစခန်း မဝင်ဖြစ်ပေမယ့်အိမ်မှာပဲ ကမ္မဋ္ဌာန်းလုပ်ဖို့ ရှိကြောင်းကို နေတိုးက ”တရားစခန်းဝင်တယ်ဆိုတဲ့ သဘောက ကမ္မဋ္ဌာန်းလုပ်တာပါ။

ဘယ်လိုမှ လက်မခံနိုင်စရာ (ကဗျာ)

တောင်တစ်လုံးတစ်လုံးနဲ့
မြေအနှံ့ကတုံးဖြစ်တော့မယ်.....
မြေတစ်ကွက်တစ်ကွက်နဲ့
ပြည်အနှံ့ရင်ဘတ်ဟောင်းလောင်းဖြစ်တော့မယ်.....
ဘဝတွေ ငြိမ်းချမ်းဖို့ဆို
အသက်နဲ့ချိန်စက်ပြီးဆန့်ကျင်ကြ.....
လက်ပန်တောင်းကစပြီး
ငါတို့ချစ်သောတောတောင်ကိုကာကွယ်ကြ...
ဆည်တည်း ကံတော ဝက်မှေးကစပြီး
ငါတို့ချစ်သောပြည်သူကိုဖေးကူကြ.....
ပြည်သူ့ဒုက္ခကိုသယ်ယူလာသော
သမိုင်းပြည့်တန်ဆာနှင့်လက်ဝေခံသူခိုးဓားပြများ
ပြည်သူ့မျက်ရည်ဒလဟောမှာ မျောပါနှစ်မြုပ်ပါစေ....
ပြည်သူ့ဒေါသလောင်မီးအကျမှာ မျိုးဆွေအဆက်ဆက် ငတ်ပြတ်ပါစေ.....
ပြည်သူတို့ဘဝအပြိုအလဲမှာ ငရဲသစ်ငုတ်ဖြစ်ပါစေ.....
ပြည်သူ့ဘုရားဖြစ်အံ့သော အရိမေတ္တေယျရှေ့တော်မရောက်
အကျွတ်အလွတ်ခွင့်မရသံသရာအဆက်ဆက်၌ဆူလှိုက်ငိုကြွေးရပါစေသတည်း......./

တောင်တစ်လုံးတစ်လုံးနဲ့
မြေအနှံ့ကတုံးဖြစ်တော့မယ်.....
မြေတစ်ကွက်တစ်ကွက်နဲ့
ပြည်အနှံ့ရင်ဘတ်ဟောင်းလောင်းဖြစ်တော့မယ်.....

လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မတီ အပြီးသတ် အစီရင်ခံစာ အပြည့်အစုံ

ဖုန်းဆင်းကဒ်ကို နှစ်သောင်းကျပ်ဖြင့် ရောင်းချပေးမည်မပြောကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းငြင်းဆို (ပြည်သူတွေ ဧပရယ်ဖူုးလ်အလုပ်ခံရပြီလား)

ဒင်းတို့ပါးစပ်မှာဆိုတော့ ငုံထားလို့လဲရတယ် မြိုချလိုလဲရတယ်
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဖုန်းဆင်းကဒ်ကို နှစ်သောင်းကျပ်ဖြင့် ရောင်းချပေးမည်မပြောကြောင်း
ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းငြင်းဆို

ရန်ကုန်-မတ်၁၂
သတင်းဂျာနယ်အချို့တွင် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဟု ပြောကြောင်း ရေးသားထားမှုကို မဟုတ်မှန်ကြောင်းး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက
ယနေ့နံန့က်တွင်တရားဝင်ငြင်းဆိုလိုက်သည်
"တခါမှ ဈေးနှုန်းကိုထည့်မပြောခဲ့ဘူး။.အလွန်နည်းပါးတဲ့ဈေးနဲ့ပဲရောင်းပေးမယ်လို့ပြောခဲ့တာပါ"ဟု ၄င်းကဆိုသည်။
ဝန်ကြီးဦးစိုးသိန်းက့ဆင်းကဒ်များကို ဧပြီလ ၁ ရက်နေ့ တွင် ပိုမိုသက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးမည်သာ ဖြစ်ကြောင်းထပ်မံအသိပေးပြောသည်။၀၅၁

ရန်ကုန်-မတ်၁၂
သတင်းဂျာနယ်အချို့တွင် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဟု ပြောကြောင်း ရေးသားထားမှုကို မဟုတ်မှန်ကြောင်းး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကယနေ့နံန့က်တွင်တရားဝင်ငြင်းဆိုလိုက်သည်။

လက်ပန်တောင်းတောင် အစီရင်ခံစာထွက်ရှိလာပြီနောက် သပိတ်စခန်းများ ဖြိုးခွင်တော့မည့်သတင်းကြောင့် ဒေသခံများကာကွယ်ရန်စုဝေးနေကြပြီ

မနက်ဖြန် (၁၂-၃-၂၀၁၃)ရက်တွင်ဦးပိုင်ကုမ္ပဏီသို့ဒေါ်အောင်ဆန်းစုကြည်လာမည်ဟုသတင်းများထွက်
ပေါ်နေချိန်မှာလိပ်ခွံတောင်သပိတ်စခန်းနှင့်တုံရွာသပိတ်စခန်းများကိုယနေ့ညတွင်ဖြိုခွဲမည်ဟုသတင်းရရှိ
ထားသောကြောင့်ဒေသခံများသပိတ်စခန်းများကိုကာကွယ်ရန်စုဝေးနေကြပြီဖြစ်ကြောင်း သတင်းရရှိသည်။
လိပ်ခွန်တောင် တုံရွာသပိတ်စခန်းများကို တရားဥပဒေအရဖြေရှင်းခြင်းမရှိဘဲအကြမ်းဖက်ဖြေရှင်းမည်ဆိုပါ
က မြန်မာနိုင်ငံသားများစုပေါင်းပြီး တကမ္ဘာလုံးသို့  တိုက်တွန်းနှိုးဆော်တင်ပြဖြန့် ချီသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါတယ်။

ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ်အဖွဲ့နှင့် KIO/KIA ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့ ည၁၂နာရီခွဲမှာ ဆွေးနွေးပွဲအောင်မြင်စွာပြီးဆုံး

ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ်အဖွဲ့နှင့် KIO/KIA ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မတ်လ ၁၁ ရက်နေ့ ည ၁၂ နာရီ ၄၅ မိနစ်အချိန်တွင် ပြီးဆုံး 

ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ်အဖွဲ့နှင့် KIO/KIA ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသည် မတ်လ ၁၁ ရက်နေ့ တရုတ် စံတော်ချိန် ည ၁၂ နာရီ ၄၅ မိနစ်အချိန်တွင် ပြီးဆုံးခဲ့ပါသည်။ 

ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ်အဖွဲ့နှင့် KIO/KIA ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မတ်လ ၁၁ရက်နေ့ နံနက်ပိုင်းတွင် စတင်ပြုလုပ်ခဲ့ပြီး နေ့လည် ထမင်းစားပြီးချိန်မှ စတင်ပြီး ဆွေးနွေးပွဲကို ခေတ္တ ရပ်နားခဲ့ကာ ည ၉ နာရီအချိန်တွင် ဆက်လက် ကျင်းပခဲ့ပြီး ည ၁၂ နာရီ ၄၅ မိနစ် အချိန်တွင် ပြီးဆုံးခဲ့ခြင်း ဖြစ်ပါသည်။ (သတင်းအပြည့်အစုံကို ဆက်လက် ဖော်ပြပါမည်)

ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ်အဖွဲ့နှင့် KIO/KIA ငြိမ်းချမ်းရေး ကိုယ်
စားလှယ် အဖွဲ့တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မတ်လ ၁၁ ရက်နေ့ ည ၁၂ နာရီ ၄၅ မိနစ်အချိန်တွင် ပြီးဆုံး
ပည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ်အဖွဲ့နှင့် KIO/KIA ငြိမ်းချမ်းရေး ကိုယ်
စားလှယ် အဖွဲ့တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသည် မတ်လ ၁၁ ရက်နေ့ တရုတ် စံတော်ချိန် ည ၁၂ နာရီ ၄၅ မိနစ်အချိန်တွင် ပြီးဆုံးခဲ့ပါသည်။

မတ်လ ၁၁ရက်နေ့ မြန်မာစံတော်ချိန် ည၁၁နာရီခွဲတွင် ကေအိုင်အေနှင့် အစိုးရ တပ်ဖွဲ့ဝင်တို့သည် ခိုင်မာသော အပစ်ခတ်ရပ်ဆဲရေး သဘောတူညီမှု ရပြီ

မတ်လ ၁၁ရက်နေ့ မြန်မာစံတော်ချိန် ည၁၁နာရီခွဲတွင် နှစ်ဖက် သဘောတူညီမှု ရရှိပြီးချိန် တွေ့မြင်ရစဉ်။ ဓာတ်ပုံ - မန်းသားလေး/ ဧရာဝတီ

ကေအိုင်အေနှင့် အစိုးရ တပ်ဖွဲ့ဝင်တို့သည် ခိုင်မာသော အပစ်ခတ်ရပ်ဆဲရေးအတွက် မတ်လ ၁၁ရက်နေ့ည မြန်မာစံတော်ချိန် ၁၁နာရီခွဲတွင် နှစ်ဖက်သဘောတူညီမှု အခိုင်မာ ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။ ယခုဆွေးနွေးပွဲ၏ ရလာဒ်အဖြေကို နှစ်ဖက်လုံး အားရကျေနပ်မှုရှိပြီး အပစ်ခတ်လုံးဝရပ်ဆိုင်းရေးအတွက် နှစ်ဖက်တပ်များ၏ အောက်ခြေတပ်ဖွဲ့ဝင်များအထိ ရောက်ရှိအောင် ညွှန်ကြားသွားမည် ဖြစ်ပြီး စစ်မှန်သော ငြိမ်းချမ်းရေးဆွေးနွေးမှုများကို တစ်နိုင်ငံလုံး အတိုင်းတာ ကျင်းပနိုင်ရန်အတွက် လိုအပ်သည်များကို တစ်ဆင့်ပြီး တစ်ဆင့် ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားကြမည် ဖြစ်ကြောင်း သိရသည်။ 
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းဦးဆောင်ပြီး ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး အပါဝင် ကိုယ်စားလှယ်အဖွဲ့များနှင့် KIO အမြဲတမ်းဗဟိုကော်မတီဝင် ဦးဆွမ်လွတ်ဂမ် ဦးဆောင်သော KIO ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် အပါဝင် ကိုယ်စားလှယ်အဖွဲ့တို့သည် စစ်ဘက်ဆိုင်ရာများကို အဓိကထားဆွေးနွေးခဲ့ကြသည်။
နှစ်ဖက်ကိုယ်စားလှယ်များသည် ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးခဲ့ကြပြီး အောက်ဖော်ပြပါ အချက်များကို သဘောတူညီမှု ရရှိခဲ့ကြသည်။ 
၁။ စစ်မှန်သော နိုင်ငံရေးဆွေးနွေးပွဲများကို စတင်နိုင်ရေးအတွက် အပြန်လှန်နားလည်မှု၊ လေးစားမှု၊ ယုံကြည်မှုများကို အခြေခံပြီး ခိုင်မာသော အပစ်ခတ် ရပ်ဆိုင်းရေး ရရှိသည်အထိ ဆောင်ရွက်ရန် သဘောတူညီသည်။
၂။ ၂၀၁၃ခုနှစ်၊ ဖေဖော်ဝါရီလ (၄)ရက်နေ့ တွေ့ဆုံပွဲ ရလာဒ်အဖြစ် တိုက်ပွဲများကို လျော့ချနိုင်ခဲ့သည်ဖြစ်ရာ ဆက်လက်ပြီး ပြသနာဖြစ်ပွားနိုင်သော ဒေသများရှိ နှစ်ဖက်တပ်ဖွဲ့များဆိုင်ရာ ကိစ္စများကို ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားမည်။ လိုအပ်သည့် ညွှန်ကြားချက်အမိန့်များကို နှစ်ဖက်တပ်များ သက်ဆိုင်ရာ အောက်ခြေတပ်ဖွဲ့များအထိ ရောက်ရှိအောင် ညွှန်ကြားသွားရန် သဘောတူသည်။ 
၃။ ပဋိပက္ခဖြစ်ပွားသော ရှေ့တန်းစစ်မြေပြင်များကို ကွင်းဆင်းလေ့လာ စောင့်ကြည့်နိုင်ရေး အတွက်နှင့် နှစ်ဖက်ပိုမိုနီးကပ်စွာ ညှိနှိုင်းဆောင်ရွက်နိုင်ရန်အတွက် ညှိနှိုင်းစောင့်ကြည့်ရေး ရုံးများကို နှစ်ဖက်ညှိနှိုင်းပြီး လိုအပ်သလို ထားရှိသွားရန် သဘောတူသည်။
၎။ ၂၀၁၃ခုနှစ်၊ ဖေဖော်ဝါရီလ (၄)ရက်နေ့ အစည်းဝေးတွင် သဘောတူညီခဲ့ကြသည်များနှင့် ၂၀၁၃ခုနှစ် မတ်လ (၁၁၊ ၁၂)ရက်နေ့ အစည်းဝေးတွင် သဘောတူညီခဲ့ကြသည်များကို ဆက်လက် အကောင်ထည်ဖော် ဆောင်ရွက်သွားရန် သဘောတူသည်။ 
၅။ နောက်တစ်ကြိမ်ဆွေးနွေးမှုကို ၂၀၁၃ခုနှစ်၊ ဧပြီလ (၁၀)ရက်နေ့ မတိုင်မီ ကျင်းပသွားရန် သဘောတူသည်။
မတ်လ ၁၁ရက်နေ့ မြန်မာစံတော်ချိန် ည၁၁နာရီခွဲတွင် နှစ်ဖက် သဘောတူညီမှု ရရှိပြီးချိန် တွေ့မြင်ရစဉ်။ ဓာတ်ပုံ - မန်းသားလေး/ ဧရာဝတီ
ကေအိုင်အေနှင့် အစိုးရ တပ်ဖွဲ့ဝင်တို့သည် ခိုင်မာသော အပစ်ခတ်ရပ်ဆဲရေးအတွက် မတ်လ ၁၁ရက်နေ့ည မြန်မာစံတော်ချိန် ၁၁နာရီခွဲတွင် နှစ်ဖက်သဘောတူညီမှု အခိုင်မာ ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။ ယခုဆွေးနွေးပွဲ၏ ရလာဒ်အဖြေကို နှစ်ဖက်လုံး အားရကျေနပ်မှုရှိပြီး အပစ်ခတ်လုံးဝရပ်ဆိုင်းရေးအတွက် နှစ်ဖက်တပ်များ၏ အောက်ခြေတပ်ဖွဲ့ဝင်များအထိ ရောက်ရှိအောင် ညွှန်ကြားသွားမည် ဖြစ်ပြီး

နာဂလူမျိုးများသည် ချင်းမျိုးနွယ်စု (၅၃) စုတွင်မပါဝင်ကြောင်း အတိအလင်းပြောပြီ

ချင်းမျိုးနွယ်စု မဟုတ်ဟု နာဂလူမျိုးများ တုန့်ပြန်

မြန်မာနိုင်ငံရဲ့ ချင်းမျိုးနွယ်စု (၅၃) စုမှာ နာဂမျိုးနွယ်စု မပါဝင်ကြောင်း နာဂလူမျိုးများက ဒီကနေ့ မတ်လ ၁၁ ရက်နေ့မှာ ရန်ကုန်မြို့ ရွှေဂုံတိုင်လမ်း ယုဇနဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး ပြောဆိုလိုက်ပါတယ်။

ရွာငံမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းရဲ့ တိုင်းရင်းသားမျိုးနွယ်စု (၁၃၅) မျိုးနဲ့ပတ်သက်ပြီး မည်သည့်အစိုးရလက်ထက်က စာရင်းပြုစုရရှိလာခဲ့သည်ကို သိရှိလိုကြောင်း မေးမြန်းချက်အပေါ် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမြင့်ရဲ့ ပြန်လည်ဖြေကြားချက်ဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဆန့်ကျင်နေတယ်လို့ နာဂကျောင်းသားလူငယ်များအဖွဲ့ချုပ်(ရန်ကုန်) ဥက္ကဌ ဦးနော်အောင်ဆန်းက ဒီကနေ့ ပြောကြားခဲ့ပါတယ်။

“နာဂလူမျိုးဟာ သီးခြားလူမျိုး ဖြစ်တယ်ဆိုတဲ့ဟာသိလို့ပဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒမှာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုပြီးတော့ ထည့်သွင်းပေးခဲ့တာဖြစ်တယ်၊ ဒီလိုမျိုးပြောတဲ့နေရာက ကျနော်တို့ဘက်ကတော့ ရည်ရွယ်ချက်ရှိရှိနဲ့ ပြောတာပဲဖြစ်ဖြစ်  ရည်ရွယ်ချက်မရှိပဲ ပြောတာပဲဖြစ်ဖြစ် နိုင်ငံတော်အကြီးအကဲတစ်ယောက်က ဒီလိုပြောလိုက်တာဟာ ခုနကပြောတဲ့ ချင်းမျိုးနွယ်စုထဲမှာ နာဂလူမျိုးဟာ မျိုးနွယ်စုတစ်ခု အပါအဝင်ဖြစ်တဲ့အတွက်ကြောင့်မို့ ဘာဖြစ်လို့လဲဆိုတော့ နာဂလူမျိုးတွေကိုယ်တိုင် အထဲထဲမှာ စိတ်အနာတရဖြစ်စေပါတယ်”

စစ်ကိုင်းတိုင်းဒေသကြီး လေရှီး၊ လဟယ်နဲ့ နန်းယွန်းမြို့နယ်တို့ကို စုစည်းပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၆(က)မှာ အတည်ပြုသတ်မှတ်ပေးပြီးဖြစ်တဲ့အတွက် နာဂမျိုးနွယ်စုဟာ ချင်းတိုင်းရင်းသား မျိုးနွယ်စုကြီးမှာ ပါဝင်ခြင်းမရှိကြောင်းကိုလည်း  ရှင်းပြခဲ့ပါတယ်။

RND:  :12.3.2013 
မြန်မာနိုင်ငံရဲ့ ချင်းမျိုးနွယ်စု (၅၃) စုမှာ နာဂမျိုးနွယ်စု မပါဝင်ကြောင်း နာဂလူမျိုးများက ဒီကနေ့ မတ်လ ၁၁ ရက်နေ့မှာ ရန်ကုန်မြို့ ရွှေဂုံတိုင်လမ်း ယုဇနဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး ပြောဆိုလိုက်ပါတယ်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနှင့် ပတ်သတ်သည့် စုံစမ်းစစ်ဆေးရေးအစီရင်ခံစာအပေါ်အကောင်အထည်ဖော်ဆောင်ရွက်မည့် ကော်မတီတစ်ရပ်အား ထပ်မံဖွဲ့စည်းလိုက်ပြီ

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနှင့် ပတ်သတ်သည့် စုံစမ်းစစ်ဆေးရေးအစီရင်ခံစာအပေါ်အကောင်အထည်ဖော်ဆောင်ရွက်မည့် ကော်မတီတစ်ရပ်အား အဖွဲ့ဝင်၁၅ဦးဖြင့်မတ်လ ၁၁ ရက်က ဖွဲ့စည်းလိုက်ကြောင်း သတင်းရရှိသည်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနှင့် ပတ်သတ်သည့် စုံစမ်းစစ်ဆေးရေးအစီရင်ခံစာအပေါ်အကောင်အထည်ဖော်ဆောင်ရွက်မည့် ကော်မတီတစ်ရပ်အား အဖွဲ့ဝင်၁၅ဦးဖြင့်မတ်လ ၁၁ ရက်က ဖွဲ့စည်းလိုက်ကြောင်း သတင်းရရှိသည်။