Pages

Friday, January 25, 2013

စာပေစိစစ်ရေး ဖျက်သိမ်း၍ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲအသစ် ဖွဲ့စည်းမည်

သာကြာနေ့၊ ဇန်နဝါရီလ ၂၅ ရက်

မူပိုင်ခွင့် မှတ်ပုံတင်ပြုလုပ်ခြင်း လုပ်ငန်းများ၊ ပုံနှိပ်လုပ်ငန်းနှင့် ထုတ်ဝေခွင့် မှတ်ပုံတင် လုပ်ငန်းများကို ဒီမိုကရေစီစနစ်နှင့်အညီ ဆောင်ရွက်နိုင်ရန်အတွက် မူပိုင်ခွင့်နှင့် မှတ်ပုံတင် ဌာနခွဲအသစ်ကို ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေး ဦးစီးဌာန လက်အောက်တွင် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၂ ခုနှစ်၊ သြဂုတ် ၂၀ ရက်မှ စပြီး ထုတ်ဝေစာတွေ ကြိုတင်စီစစ်တဲ့စနစ်ကို ဖျက်သိမ်းခဲ့ပြီး စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနခွဲကိုလည်း ဖျက်သိမ်းနိုင်ရန်အတွက် ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးက ခွင့်ပြုခဲ့ပြီး ဖြစ်သည်။

(ဇန်နဝါရီ ၂၄ ရက်) ညက လက်စ်ဗီးဂက်စ်တွင် ပြုလုပ်သော Parker ရုပ်ရှင်ဇာတ်ကားသစ် အထူးပွဲပြသသည့်အခမ်းအနားသို့တက်ရောက်လာသောဂျနီဖာလိုပက်ဇ်

© WireImage

ကြာဿပတေး (ဇန်နဝါရီ ၂၄ ရက်) ညက လက်စ်ဗီးဂက်စ်တွင် ပြုလုပ်သော Parker ရုပ်ရှင်ဇာတ်ကားသစ် အထူးပွဲပြသသည့်အခမ်းအနားသို့တက်ရောက်လာသောဂျနီဖာလိုပက်ဇ်၏ ကောဇောနီဖက်ရှင်ဖစ်ပါတယ်။

ခုနစ်နှစ်တာ ထောင်ကျနေစဉ် အတွင်း ဘွဲ့ ၃၁ ခု စံချိန်တင် ယူနိုင်ခဲ့သည့် အိန္ဒိယ ဆရာဝန်

ခုနစ်နှစ်တာ ထောင်ကျနေစဉ် အတွင်း ဘွဲ့ ၃၁ ခု စံချိန်တင် ယူနိုင်ခဲ့သည့် အိန္ဒိယ ဆရာဝန်

ဒေါက်တာ အဘာနူးပတ်တယ် အမည်ရှိ အိန္ဒိယမှ ဆရာဝန် တစ်ဦးသည် အကျဉ်းထောင် အတွင်း ခုနစ်နှစ် ကြာ အကျဉ်းချခံ ခဲ့ရသော်လည်း ၂ဝ၁၁ ခုနှစ်တွင် ထောင်ဒဏ်မှ မလွတ်မီ ဘွဲ့ဒီဂရီ ၃၁ ခုကို စံချိန်တင် ရယူ နိုင်ခဲ့ကြောင်း သိရသည်။

ဒေါက်တာ  အဘာနူးပတ်တယ်သည် ယခုအခါ အသက် ၅၇ နှစ်ပင် ရှိနေပြီ ဖြစ်သည်။ ၎င်းသည် ၂ဝဝ၅ ခုနှစ် အစောပိုင်းတွင် နိုင်ငံခြား ငွေကြေးလဲနှုန်း အက်ဥပဒေကို ချိုးဖောက်မှုကြောင့် ထောင်ဒဏ် ၁ဝ နှစ် ပြစ်ဒဏ် ချမှတ်ခံ ခဲ့ရပြီး အဆင့်မြင့် လုံခြုံရေး အကျဉ်းထောင်တွင် အကျဉ်းချခံ ခဲ့ရခြင်း ဖြစ်သည်။

၎င်းသည် ၁၉၈၄ ခုနှစ်တွင် ဆေးပညာဘွဲ့ ပြီးကတည်းက အင်္ဂလိပ်စာ ကျွမ်းကျင်သူ တစ်ဦး ဖြစ်ခဲ့ပြီး အကျဉ်းထောင် စာကြည့်တိုက် အတွင်း ၎င်းအား နေရာချထား ပေးခြင်း ခံရသောအခါ ၎င်းအတွက် ဘာသာရပ် အမျိုးမျိုးကို ဖတ်ရှုလေ့လာရန် အခွင့်အရေး တစ်ရပ် ရရှိခဲ့သည်။

စင်စစ်တွင် တစ်နှစ်ပြီး တစ်နှစ် ကုန်ဆုံးသွားသည် နှင့်အမျှ ဒေါက်တာအဘာနူး ပတ်တယ်သည် Indira Gandhi Na-tional Open တက္ကသိုလ်၊ Dr.Babasaheb Ambedkar Open တက္ကသိုလ်နှင့် Annamalai တက္ကသိုလ် တို့နှင့် ဆက်သွယ်ကာ စာပေးစာယူ ဆက်တက် ခဲ့သည်။

အကျဉ်းထောင် အတွင်း ၎င်းနေထိုင် ခဲ့သော ၂ဝဝ၅ ခုနှစ် ဇန်နဝါရီမှ ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ အတွင်း ပညာသင်ဆု များစွာကို ရရှိခဲ့ပြီး ဘွဲ့ ဒီဂရီပေါင်း ၃၁ ခုကို ရယူ နိုင်ခဲ့သလို လူ့အခွင့်အရေး ဆိုင်ရာ၊ ပရလောက ဆိုင်ရာ၊ အစားအစာနှင့် အာဟာရ ဆိုင်ရာ ဘာသာရပ် အသီးသီးတွင် ဒီပလိုမာ များလည်း ရယူ နိုင်ခဲ့သည့် အပြင် သိပ္ပံနှင့် စီးပွားရေး ဆိုင်ရာ ဘာသာရပ်များ တွင်လည်း မဟာဘွဲ့များ ရရှိခဲ့ကြောင်း သိရ သည်။ 

http://www.myawady.net.mm/allnews/global/item/5297-2013-01-25-09-12-46#.UQKQ3p28B8E

ဒေါက်တာ အဘာနူးပတ်တယ် အမည်ရှိ အိန္ဒိယမှ ဆရာဝန် တစ်ဦးသည် အကျဉ်းထောင် အတွင်း ခုနစ်နှစ် ကြာ အကျဉ်းချခံ ခဲ့ရသော်လည်း ၂ဝ၁၁ ခုနှစ်တွင် ထောင်ဒဏ်မှ မလွတ်မီ ဘွဲ့ဒီဂရီ ၃၁ ခုကို စံချိန်တင် ရယူ နိုင်ခဲ့ကြောင်း သိရသည်။

ကညန ရုံးကလည်းပွင့်လင်းမြင်သာတဲ့ခေတ်ရောက်ပါပြီဟုဆို

ကညန ရုံးကလည်းပွင့်လင်းမြင်သာတဲ့ခေတ်ရောက်ပါပြီဟုဆို

January 25, 2013Home, သတင်း

ရထားပို့ဆောင်ရေးဝန်ကြီး ဌာန၊ကုန်းလမ်းပို့ဆောင်ရေး ဦးစီး  ဌာနလက်ထောက်ရှိ က.ည.န  ရုံးမှဝန်ထမ်းများသည် လာဘ်ပေး  လာဘ်ယခြင်းများပြုလုပ်သည်ကို   တွေ့ရှိသိမြင့်ပါက တိုင်ကြားနိုင် ကြောင်းသိရသည်။
အဆိုပါကဲ့သို့တိုင်ကြားပါက အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊တိုင်ကြားသူထံကို လည်း မည်ကဲ့သို့အရေးယူဆောင်  ရွက်ထားသည်ကိုအကြောင်းပြန် ကြားမည်ဖြစ်ကြောင်း၊ကုန်းလမ်း ပို့ဆောင်ရေးဦးစီးဌာန က.ည.န  ရုံးမှညွှန်ကြားရေးမှူးဦးသောင်းလွင်   ကပြောကြားသည်။
““ပွင့်လင်းမြင်သာတဲ့ခေတ်ကို  ရောက်ပါပြီ တကယ်ကိုနစ်နာ တယ်ဆိုရင် ဘယ်သူကိုမဆို ခွင့်  ပေးထားပါတယ်။ကိုယ်အနေနဲ့ တကယ်နစ်နာတယ်ဆိုရင်တိုင်ပါ ကျွန်တော်အနေနဲ့မတိုင်ပါနဲ့လို့ ဘယ်သူကိုမှမတားထားပါဘူး။ မှန်ကန်တယ်ထင်တယ်ဆိုရင် တိုင်ပါ။ ကျွန်တော်တို့အနေနဲ့ဌာန   ဆိုင်ရာလုပ်ထုံးလုပ်နည်း စည်းမျဉ်း စည်းကမ်းနဲ့အညီဆောင်ရွက်ပေး ပါမယ်။ပထမတစ်ချက်ကတော့ အကြံပေးစာပုံးတွေကိုထည့်ထား ပါတယ်။နောက်တစ်ချက်ကတော့   သက်ဆိုင်ရာရုံးအလိုက်ဦးစီးမှူးတွေ   ရှိပါတယ်။ သူတို့ကို ဒီကိစ္စက ဒီလိုဖြစ်ပါတယ်လို့တင်ပြပါ အဲဒါ  ကို ဦးစီးကလိုအပ်သလိုအရေးယူ ဆောင်ရွက်ပေးပါမယ်။ အဲလို  တိုင်ကြားတာကိုလည်း ဘယ်လို အရေးယူဆောင်ရွက်မလဲဆိုတာ ကို အထက်အဆင့်ဆင့်ကိုတင်ပြ သွားပါလိမ့်မယ်ပြီးရင် အဲလိုတိုင်း ကြားထားတာကို ဘယ်လိုအရေး  ယူဆောင်ရွက်ထားတယ်ဆိုတာ  ကိုတိုင်ကြားမှုထံကို ပြန်ကြားပေး သွားမှာပါ။ ကျွန်တော်ကိုယ်တိုင် လည်း အဲကိစ္စတွေကိုဖြေရှင်းပေး ပါတယ်။ ဟိုတစ်လောက ကျွန်တော်    ကိုယ်တိုင်ပဲတိုင်စာတစ်စောင်ဆင်း   စစ်တယ်။စာအုပ်ကြန့်ကြာတဲ့ကိစ္စ ပတ်သက်ပြီး အဲလိုတိုင်ကြားတဲ့ သူကိုလည်း ဘယ်လိုအရေးယူ ဆောင်ရွက်ထားတယ်ဆိုတာကို ပြန်ကြားပေးခဲ့ပါတယ်””ဟု ပြော ကြားခဲ့သည်။
က.ည.နရုံးအနေဖြင့် နောင်   တွင်လည်း လုပ်ငန်းများပိုမိုမြန် ဆန်အဆင်ပြေချောမွေ့သွား အောင် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း လက်မမကောင်းလက်မ၊    ဖြတ်၍ခြေမမကောင်းခြေမဖြတ်  မည်ဖြစ်ကြောင်း မီဒီယာများရှေ့ တွင် အတိအလင်းပြောကြားခဲ့ပြီး  လာဘ်ပေးလာဘ်ယူမှုများသည်   ပြည်သူများကပါဝင်၍တိုင်ကြား   မှသာပပျောက်မည်ဖြစ်ကြောင်း   သိရှိရသည်။

 
   ဖြိုးအောင်

အေးချမ်းမွန်မှ  The Hot News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

ရထားပို့ဆောင်ရေးဝန်ကြီး ဌာန၊ကုန်းလမ်းပို့ဆောင်ရေး ဦးစီး ဌာနလက်ထောက်ရှိ က.ည.န ရုံးမှဝန်ထမ်း
များသည် လာဘ်ပေး လာဘ်ယခြင်းများပြုလုပ်သည်ကို တွေ့ရှိသိမြင့်ပါက တိုင်ကြားနိုင် ကြောင်းသိရသည်။

ဗုဒ္ဓဘာသာမြန်မာအမျိုးသမီးလေးများအတုအယောင် ကမ္ဘာမှာ ဆင်ခြင်စရာ

ဗုဒ္ဓဘာသာမြန်မာအမျိုးသမီးလေးများအတုအယောင် ကမ္ဘာမှာ ဆင်ခြင်စရာ
-=====================================-----


လူမှုကွန်ယက်စာမျက်နှာတွေဟာ မျက်မှောက်ခေတ်ရဲ့ လူမှုဘဝထဲကို ထည်ထည်ဝင်ဝင် ဝင်ရောက် လို့လာနေ ပါတယ်။ သတင်း၊ အချက်အလက်တွေ မြန်ဆန်စွာ ဖလှယ်နိုင်မှုဆိုတဲ့ အားသာချက်ကြာင့် သတင်းခေတ် လူသားတွေအတွက် အွန်လိုင်းစာမျက်နှာတွေကို ချိတ်ဆက်အသုံးပြုမှုဟာ နေ့စဉ် ဘဝရဲ့ နိစ္စဓူဝ အလုပ်ဖြစ်လာပါတယ်။ သတင်းဌာနတွေကလည်း အွန်လိုင်းကို အသုံးပြုပြီး သတင်းတွေကို သတင်းဖတ်သူထံ အမြန်ဆုံးပို့ဆောင်ခြင်းဖြင့် သတင်းစီးဆင်းမှုကို ပိုမိုမြန်စေတယ်။ စီးပွားရေး လုပ်ငန်းတွေ ကလည်း လူမှုကွန်ယက်စာမျက်နှာတွေမှတဆင့် ကြော်ငြာတာ၊ ဈေးကွက်မြှင့်တင်တာ တွေ ပိုလုပ်လာနိုင်တယ်။


လူငယ် မိန်းခလေး၊ ယောင်္ကျားလေးတွေကို အမြဲတမ်း ခြေရာကောက်၊ လိုက်ရှာနေတတ်တဲ့ ကာမမုဆိုးတွေ (Sexual Predators) ဟာ အွန်လိုင်းရဲ့ နေရာတိုင်းမှာ၊ ပုံသဏ္ဍာန်မျိုးစုံနဲ့ တည်ရှိနေတတ်ပါတယ်။ သိမြင်လွယ်တဲ့၊ ချက်ချင်း သတိထားမိနိုင်တဲ့ ပုံစံတွေကတော့ အွန်လိုင်းမှာ လိင် (သို့) လူမျိုး၊ ဘာသာ စတဲ့ ကွဲပြားခြားနားမှု အတွက် အနိုင်ကျင့် ပြောဆို၊ ပြုမှုဆက်ဆံမှု (Online Bullying)၊ အွန်လိုင်း (သို့) လူမှုကွန်ယက်စာမျက်နှာ ကို အသုံးပြုပြီး စိတ်ပိုင်းဆိုင်ရာ ဖိနှိပ် ပြောဆို၊ ဆက်ဆံ၊ စော်ကားမှု (Online Trolling)၊ လိင်ပိုင်းဆိုင်ရာ အရှက်တကွဲ အကျိုးနည်းဖြစ်အောင် ပြုမူပြောဆိုမှု (Sexual Harassment)၊ အွန်လိုင်းမှ တဆင့် ဆက်သွယ်ပြီး လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှု (Sexual Abuse) စတာတွေ ဖြစ်ပါတယ်။ ဒါတွေဟာ လူကြီး တင်မက လူငယ်တွေလည်း ချက်ချင်း မဟုတ်တောင် အဖြစ်အပျက်တစ်ခု၊ နှစ်ခု ကြည့်ပြီး၊ ကြုံတွေ့ပြီးရင် ကာကွယ်၊ ဆင်ခြင်သွားနိုင်လို့ ရပါသေးတယ်။

ဒါတွေထက်ပိုကြီးမားတဲ့ အန္တရာယ်ကတော့ ချက်ချင်း သတိမမူနိုင်တဲ့ အပေါ်ယံမှာ ဟန်ဆောင်ကောင်း တတ်တဲ့ ပုဂ္ဂိုလ်မျိုးတွေပါ။ သူတို့ဟာ သူတို့ ကျွမ်းကျင်တဲ့ အတတ်ပညာ တစ်ခုခု၊ ကျွမ်းကျင်မှု တစ်ခုခုကို အသုံးချပြီး လူတွ စိတ်ဝင်းစားလာအောင် လုပ်မယ်၊ လူမှုဆက်ဆံရေးကျွမ်းကျင်မှုတွေ (Social Engineering Skills) ကိုသုံးပြီး လူတွေကို ယုံကြည်လာအောင်လုပ်မယ်၊ ဒါတွေအားလုံး အခြေခိုင်ပြီဆိုရင် စိတ်ဝင်းစားမှု၊ ယုံကြည်မှုကို တလွဲ အသုံးချတတ်ကြတဲ့ သဘောပါ။ လူမှုဆက်ဆံရေးကျွမ်းကျင်မှုပညာ (Social Engineering Skills) ကို သတင်း၊ နည်းပညာ ဘာသာရပ် (IT) မှာ ဖြစ်ပေါ်လာနိုင်တဲ့ လုံခြုံမှု အန္တရာယ် (Potential Threat / Risk) ထဲမှာ ထည့်လေ့ရှိပါတယ်။


လူမှုကွန်ယက်စာမျက်နှာတွေကတဆင့် စသိ၊ ပြီးတော့ အွန်လိုင်းမှာ စည်းရုံးခံရ၊ နောက် လူချင်းတွေ့ပြီး ကာမ လုယူခံရ၊ တခါတလေ အသတ်ပါခံရတတ်တဲ့ မိန်းခလေးငယ်၊ ယောင်္ကျားလေးငယ်တွေ ရင့်နင့်ဖွယ် အဖြစ်အပျက်တွေဟာ နိုင်ငံတကာ သတင်းတွေမှာလည်း မကြာခဏ တွေ့ရလေ့ရှိပါတယ်။ ဗမာပြည် မှာတောင် သိပ်မကြာခင်က အွန်လိုင်းမှာ ခင်မင်ရာက တဆင့် ရင်းနှီးပြီး မိန်းခလေးငယ် က ယောင်္ကျား လူကြီးဆီ မိဘမသိအောင် ခိုးလိုက်လာတဲ့ သတင်းတွေ့ရပါသေးတယ်။ ဒီဖြစ်ရပ်မှာတော့ ယောင်္ကျားဖြစ်သူ လူကြီးက အကျင့်သီလ ပြည့်စုံသူဖြစ်တော့ မိဘကို အကြောင်းကြားပြီး ပြန်ပို့နိုင်ခဲ့ပါတယ်။ ဒီလို မဟုတ်ဘဲ လိင်ပိုင်ဆိုင်ရာ အနိုင်ကျင့်၊ ဖျက်စီးခံရတဲ့ ယောင်္ကျား၊ မိန်းမ ကလေးသူငယ်တွေရဲ့ အဖြစ်ဆိုးတွေ ဗမာပြည်မှာလည်း ရှိနေနိုင်ပါတယ်။ နိုင်ငံတကာ လေ့လာမှု စစ်တမ်းများရဲ့ သုံးသပ်ချက်အရတော့ ကာမမုဆိုးတွေ ဟာ အွန်လိုင်းမှာ သောင်းနဲ့ချီတဲ့ ပမဏနဲ့ အချိန်တိုင်း ရှိနေတယ်လို့ ဆိုပါတယ်။

အထက်မှာ တင်ပြခဲ့တဲ့ အကြောင်းအရာတွေဟာ ကမ္ဘာနဲ့ အဝှမ်း ဖြစ်လေ့ရှိတဲ့ သဘောနဲ့ အန္တရာယ် တွေပါ။ ကောင်းမွန်တဲ့ ပညာရေးစနစ်၊ တွေးခေါ်၊ ဆင်ခြင်၊ စဉ်းစားမှုကို အားပေးတဲ့ အလေ့ အကျင့်ရှိ တဲ့ လူ့အဖွဲ့အစည်းတွေ ရှင်သန်တဲ့ တိုးတက်ခေတ်မီတဲ့ တိုင်းပြည်ကြီးတွေမှာလည်း ကြုံတွေ့နေရတဲ့ ပြဿနာတွေပါ။ ဒီတော့ ဗမာပြည်လို အတွေးအခေါ်၊ စဉ်းစာမှု ပေးတာကို အားနည်းတဲ့ ပညာရေးစနစ် ရှိတဲ့၊ ပိတ်ဆို့ထားတဲ့ လူ့အဖွဲ့အစည်းတွေရှင်သန်တဲ့၊ အသိ၊ အမြင်နည်းတဲ့ တိုင်းပြည် အတွက် ဒီလို အန္တရာယ် တွေဟာ မဖြစ်မနေ အလေးဂရုပြုပြီး ပညာပေးတာ၊ ကာကွယ်တာ လုပ်ဖို့ လိုပါ တယ်။

 နောက်တစ်ခုတင်ပြချင်တာကတော့ လူမှုကွန်ယက်စာမျက်နှာတွေရဲ့ နည်းပညာ သဘောပါ။ ဒီလို အွန်လိုင်းဆက်သွယ်ရတဲ့ စာမျက်နှာတွေဟာ အနောက်တိုင်းက အစပြုတာပါ။ အနောက်တိုင်းဓလေ့က ကိုယ်ပိုင် လွတ်လပ်မှု၊ ကိုယ်ပိုင်ဘဝ (Private Life) လုံခြုံမှုကို အင်မတန်အလေးထားပါတယ်။ ဒီသဘောကို သူတို့ရဲ့ နည်းပညာတွေမှာလည်း အပြည့်အဝ ထည့်ပေးထားပါတယ်။

လူမှုကွန်ယက်စာမျက်နှာတွေမှာလည်း သုံးစွဲသူတွေရဲ့ လုံခြုံမှုကို အလုံးစုံ အပြည့်အဝမဟုတ်တောင် အထိုက်အလျောက် ကာကွယ်နိုင်တဲ့ အရာ (Features) တွေထည့်ပေးထားပါတယ်။ ဒါတွေကို လူကြီး၊ လူငယ်အားလုံး သုံးတတ်အောင်၊ ကာကွယ်နိုင်အောင် သိနားလည်ထားပြီး တကယ်လည်း ကာကွယ် အသုံးချရပါမယ်။ မသိသေးရင်လည်း နေ့စဉ် ထမင်းစားတာ၊ ရေသောက်တာလို ဖြစ်နေပြီဖြစ်တဲ့ အလေ့ အကျင့်တစ်ခုရဲ့ လုံခြုံရေးအတွက် အချိန်ပေးပြီး လေ့လာရပါမယ်။

 နောက်ဆုံးအနေနဲ့ တင်ပြချင်တာကတော့ မှန်ကန်တဲ့ ပညာပေးမှုပါ။ ဗမာ့လူ့အဖွဲ့အစည်းမှာ ရှက်လို့၊ ကြောက်လို့၊ ဒါမှ မဟုတ် လူကြီးနဲ့ လူငယ် မပြောကောင်းလို့၊ ယဉ်ကျေးမှုကြောင့်၊ ရိုးရာကြောင့် အစရှိလို့ မပြောမဆို၊ မဆွေးမနွေး၊ ပညာမပေးတဲ့ အကြောင်းအရာတွေ အများကြီး ရှိပါတယ်။ ၁၉၉၀ ခုနှစ်များတုန်းကဆို လိင်ဆက်ဆံရာကနေ ကူးစက်နိုင်တဲ့ အေအိုင်ဒီအက်စ်ရောဂါ အကြောင်းကို အထက်မှာ တင်ပြခဲ့တဲ့ လွဲမှားတဲ့ အကြောင်းပြချက်တွေကြောင့် လူငယ်တွေအပေါ် လိင်ဆက်ဆံရာမှာ အကာအကွယ် သုံးဖို့ လှုံ့ဆော်တာမျိုး၊ ထိရောက်တဲ့ ပညာပေးမှုမျိုး မပြုလုပ်နိုင်ဘူး။

 ဒီလို ရှေးဆန်တဲ့၊ ကျဉ်းမြောင်းတဲ့ အယူအဆတွေကြောင့် တိုင်းပြည်ရဲ့ အဖိုးတန် ရတနာတွေကို အချိန်မတိုင်ခင် ဆုံးရှုံးကုန်ရပါတယ်။ ခု အချိန်ထိလည်း လိင်ပညာပေး အစီအစဉ်၊ ကိုယ်ဝန်ဖြစ်ပေါ်လာပုံ၊ လိင်ဆက်ဆံမှုမှာ ဆောင်ရန်၊ ရှောင်ရန် စတာတွေကို ကျောင်းပညာရေးမှာ စနစ်တကျ သင်ပေးခြင်း မရှိသေးပါဘူး။ လူမှုရေးရှုထောင့်၊ ဒါမှမဟုတ် ဘာသာရေးရှုထောင့်ကနေ ပြောဆိုဆွေးနွေးထောက်ပြစရာ အကြောင်းတွေ ရှိကောင်း ရှိနိုင်တဲ့ အိမ်ထောင်မပြုခင် လိင်ဆက်ဆံခြင်းဟာ ပျိုရွယ်တဲ့၊ သွေးနဲ့သားနဲ့ တည်ဆောက်ထားတဲ့ ပုထုဇဉ် လူသာ၊ အထူးသဖြင့် လူငယ်၊ လူရွယ် အတွက် သဘာဝပါ ဆိုတာကိုလည်း လက်ခံထားရပါမယ်။ လိင်ပညာဟာ လူဘဝတလျောက်လုံးမှာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာပါ မှာဖြစ်တဲ့ အတွက် ကလေးသာသာ အလယ်တန်းကျောင်းသား အရွယ်မှာကတည်းစပြီး ကျောင်းသန်ခန်းစာတွေမှာ စနစ်တကျ ထည့်သွင်းပြီး သင်ကြားပေးရမယ့် ပညာဖြစ်ပါတယ်။ ထိုနည်းတူ အခြား လူငယ်တွေ လက်တည့်စမ်း နိုင်တဲ့ ဆေးလိပ်၊ အရက်၊ မူးရစ်ဆေးဝါး စတာတွေ၊ လူငယ်ကြားရေပန်းစားတဲ့၊ အထက်မှာ အဓိက တင်ပြခဲ့တဲ့ လူမှုကွန်ယက်စာမျက်နှာတွေလို လူငယ်ရေပန်းစားယဉ်ကျေးမှုရဲ့ အကောင်းအဆိုးတွေ ကိုလည်း စနစ်တကျ မှန်ကန်တဲ့ ပညာပေးမှုတွေ လုပ်ကို လုပ်ရမှာပါ။

လူမှုကွန်ယက်စာမျက်နှာအကြောင်းကို နောက်ဆုံးနိဂုံးချုပ်ရရင် အွန်လိုင်းဆက်သွယ်ပြောဆိုဆက်ဆံနိုင်တဲ့ သဘောရဲ့ အကျိုးကျေးဇူးကြီးပုံတွေကို လူကြီး၊ လူငယ်အားလုံးသိကြပါတယ်။ ထို့အတူ တပါတည်း ပါလာ တဲ့ မြင်သာတဲ့ အဆိုးတွေ၊ မမြင်သာတဲ့ အပြစ်တွေကိုလည်း လူကြီး၊ လူငယ်အားလုံး သိအောင် ပြောဆို ၊ ဆွေးနွေး၊ ထောက်ပြ ရပါမယ်။ ကလေးသူငယ်၊ လူငယ်တွေအတွက် ထိခိုက်မှုက ပိုကြီးမားလွန်းတော့ သူတို့အတွက် ကောင်းမွန်၊ မှန်ကန်၊ အကျိုး၊ အကြောင်းညီတဲ့ ပညာပေးမှုတွေ လုပ်ကိုလုပ်ရပါမယ်။

ယဉ်ကျေးမှု ထိခိုက်လို့ ကိုရီးယားကားတွေ မပြနဲ့ကွာဆိုတဲ့ လွဲမှား၊ ကျဉ်းမြောင်းတဲ့ အယူအဆ လို လူငယ်တွေ ဒါတွေ၊ ဒါတွေ မသုံးစေနဲ့လို့ တားမြစ်လို့မရပါ။ အထက်ကတင်ပြခဲ့သလို ဒါတွေ ဒါတွေမှာ ဒီလို၊ ဒီလို ကောင်းကျိုး၊ ဆိုးကျိုးတွေ ရှိတယ်၊ ဒီတော့ ကောင်းမွန်မှန်ကန်စွာ အသုံးချတတ်ရမယ် ဆိုပြီး အကျိုး၊ အကြောင်းညီ၊ တော်တည့်မှန်ကန်တဲ့ လမ်းညွှန်မှုမျိုး၊ ပညာပေးမှုမျိုး လုပ်ရပါမယ်။ ဒီလို အကြောင်း အရာတွေကို လူကြီးတွေ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်ဖို့ ဝေငှပါ၊ နှိုးဆော်ပါ၊ လူငယ်တွေကိုလည်း မှန်ကန်တဲ့ ဗဟုသုတပေးပါ။ ဒီလိုနဲ့ ပိုမိုကောင်းမွန်တဲ့ လက်တွေ့ ကမ္ဘာ လူအဖွဲ့အစည်းနဲ့ အတူ ပိုမိုကောင်းမွန်တဲ့၊ ကလေး၊ လူကြီးမရွေး လုံခြုံစိတ်ချရတဲ့ အတုအယောင်ကမ္ဘာငယ်လေးကိုလည်း တွဲလျက် ဖန်တီးလာနိုင်မှာ ဖြစ်ပါတယ်။


ပေးပို့လာသည့်အတိုင်းဖော်ပြလိုက်ပါသည်။ အဆိုပါ နည်းပညာသမား အယောင်ဆောင် ကာမမုဆို ဘလော့ဂါသမား ညီနေမင်းဆိုတဲ့ကောင်ရဲ့ အကြောင်းကို(အသံဖိုင်းတွေပါ) မနက်ဖြန်ဆက်ပို့မယ်လို့ပြောပါတယ်။

ဗုဒ္ဓဘာသာမြန်မာအမျိုးသမီးလေးများ အတုအယောင် ကမ္ဘာမှာ ဆင်ခြင်ကြစေရန် လက်ဆင့်ကမ်မျှဝေပေးကြပါ..။

ပေးပို့လာသည့်အတိုင်း ဖော်ပြလိုက်ပါသည်။ အဆိုပါ နည်းပညာသမား အယောင်ဆောင် ကာမမုဆိုး ဘလော့ဂါသမား ညီနေမင်းဆိုတဲ့ကောင်ရဲ့ အကြောင်းကို(အသံဖိုင်တွေပါ) မနက်ဖြန် က်ပို့မယ်လို့ ပြောပါတယ်။လူမှုကွန်ယက်စာမျက်နှာတွေဟာ မျက်မှောက်ခေတ်ရဲ့ လူမှုဘဝထဲကို ထည်ထည်ဝင်ဝင် ဝင်ရောက် လို့လာနေ ပါတယ်။ သတင်း၊ အချက်အလက်တွေ မြန်ဆန်စွာ ဖလှယ်နိုင်မှုဆိုတဲ့ အားသာချက်ကြာင့် သတင်းခေတ် လူသားတွေအတွက် အွန်လိုင်းစာမျက်နှာတွေကို ချိတ်ဆက်အသုံးပြုမှုဟာ နေ့စဉ် ဘဝရဲ့ နိစ္စဓူဝ အလုပ်ဖြစ်လာပါတယ်။

လူဆိုးဓားပြဂိုဏ်းအကြီးစားသာသာ ဉာဏ်နီဉာဏ်နက်တွေနဲ့ ...တိုင်းပြည်ကို ဆက်အုပ်ချုပ်နေဆဲ

ဦးနေ၀င်းရဲ့ မဆလစစ်အစိုးရ တက်ခါစမှာ နိုင်ငံတကာနဲ့ ပြည်တွင်းဖိအားတွေက ပြောပလောက်အောင် ကျရောက်မနေခဲ့လို့ အပြောင်းအလဲလုပ် မျက်လှည့်ပြမှုအတွက် ဦးနေ၀င်းရဲ့ မဆလအစိုးရအပေါ်မှာ ၀န်ထုပ်ဝန်ပိုး သိပ်ကြီးကြီးမားမား မရှိခဲ့ပေမယ့် အခု ဦးသန်းရွှေတို့ရဲ့ ရုပ်သေးကြံ့ဖွံ့အစိုးရ ပြောင်းလဲအုပ်စိုးမှု စတင်ချိန်မှာတော့ နိုင်ငံတကာနဲ့ ပြည်တွင်းဖိအားတွေက အထွဋ်အထိပ်မှာ ရှိနေတာမို့ တော်တော့်ကို ကျဉ်းထဲကျပ်ထဲ ရောက်နေချိန်လို့ ပြောရမှာပါ။

ဗမာအစိုးရ စစ်တပ်မှ နန်ဆန်ယန်ကျေးရွာကို မီးရှို့ဖျက်ဆီး

ဗမာအစိုးရ စစ်တပ်မှ နန်ဆန်ယန်ကျေးရွာကို မီးရှို့ဖျက်ဆီး

ဇန်ဝါရီ (၂၅) သောကြာ by Jinghpaw kasa 

ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ တပ်မဟာ (၅) အုပ်ချုပ်နယ် မြေဖြစ်သော မြစ်ကြီးနား - ဗန်းမော်လမ်း ပေါ်ရှိ နန်ဆန်ယန်  ကျေးရွားကို ဗမာအစိုးရ စစ်တပ်မှ မီးရှို့ဖျက်ဆီးလျက်ကြောင်း သတင်းရရှိပါသည်။

 ဗမာစစ်တပ်များသည် နန်ဆန်ယန်ကျေးရွာရှိ ပြည်သူများ၏ နေအိမ်များကို တစ်ဖြေးဖြေး မီးရှို့ဖျက်ဆီးလာရာ ယနေ့ နန်ဆန်ယန် တစ်ရွာလုံး မီးလောင်ပြာကျသွားပြီဖြစ်ကြောင်း သိရှိရပါသည်။

 နန်ဆန်ယန်ကျေးရွာသည် အိမ်ခြေ (၁၀၀၀) ကျော်ရှိပြီး မြစ်ကြီးနား - လိုင်ဇာ၊ ဗန်းမော် သွားခရီးသွား ပြည်သူများ လမ်းခရီး တစ်ထောက် စားသောက် နားနေသောရွာကြီး တစ်ရွာဖြစ်ပါသည်။ ယခုအခါ နန်ဆန်ယန်ရွာတွင် ခရစ်ယာန် ဘုရားရှိခိုးကျောင်းနှင့် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း သာ ကျန်ရှိတော့ကြောင်း ဆက်လက်သိရှိရပါသည်။

ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ တပ်မဟာ (၅) အုပ်ချုပ်နယ် မြေဖြစ်သော မြစ်ကြီးနား - ဗန်းမော်လမ်း
 ပေါ်ရှိ နန်ဆန်ယန် ကျေးရွားကို ဗမာအစိုးရ စစ်တပ်မှ မီးရှို့ဖျက်ဆီးလျက်ကြောင်း သတင်းရရှိပါသည်။

နေပြည်တော်လာမည့်သူများ သိထားသင့်သော ၀န်ကြီးရုံးများအခြေအနေ

ဒီနေ့နေပြည်တော် ဖြစ်ရပ်မှန်

နေပြည်တော်လာမည့်သူများ သိထားသင့်သော ၀န်ကြီးရုံးများအခြေအနေ

ဇန်န၀ါရီလ ၂၄.၁.၂၀၁၃

နေပြည်တော်လျှပ်စစ်ဝန်ကြီးရုံး (ယခင် ပြည်သူ့မေတ္တာဖြင့် ပြုတ်သွားသော ၀န်ကြီးဇော်မင်းရုံး) ၀င်ပေါက်တွင် လုပ်ငန်းလုပ်ကိုင်ရန်လာရောက်လုပ် ကိုင်သူများအား မည်သူ့မျှ ပေးမ၀င်တော့ပါ။

လုပ်ငန်းဆောင်ရွက်ချင်သူ၊ လုပ်ငန်းလုပ်ချင်လို့ လာရောက်စုံစမ်းသူများ၊ လုပ်ငန်းဆောင်ရွက်နေသူများအားလုံးကို ၀န်ကြီးရုံးအတွင်းသို့ မည်သူမျှဝင်ခွင့်မပြုတော့ပဲ တွေ့လိုသူအမည်ကို ပြောနိုင်မှသာ အဆိုပါလူအား ဂိတ်မှ Intercom ဖြင့် လှမ်းခေါ်ပေးမှ အပြင်ကို အထဲမှ ၀န်ထမ်းမှ လာတွေ့မှသာ ဂိတ်တွင်တွေ့ခွင့်ရပါသည်။

လုံးခြုံရေးဗိုလ်ကြီးဆိုသူ၏ ပြောကြားချက်အရ ၀န်ကြီးရုံးအတွင်းက ညွှန်ကြားရေးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်အဆင့်က ၀င်ခွင်းပေးပါဆိုတောင် ၀င်ခွင့်မပေးတော့ကြောင်း၊ ညွှန်ကြားချက်ထုတ်ထားကြောင်း ပြောကြားပါသည်။

ပြင်ပမှ လုပ်ငန်းလာရောက်လုပ်ကိုင်သူများမှာ နေပူထဲရပ်စောင့်နေရပြီး လုပ်ငန်းဆောင်ရွက်လို့မရတော့ကြောင်း၊ ၀န်ကြီးရုံးနှင့် ဒီလိုလုပ်လျှင် ၀န်ကြီးဌာနနှင့် မည်သို့မှ အလုပ်လုပ်လို့မရကြောင်း။

အခုလိုလုပ်တာဟာ လာဒ်ပေးလာဒ်ယူလို့ မရအောင်လို့ ဆောင် ရွက်ခြင်းဖြစ်ကြောင်း၊ လုံခြုံရေးတိုးမြင့်သည့် အတွက်ဖြစ်ကြာင်း၊ ထို့ကြောင့် ကုမ္ပဏီများမှ မိမိတို့ လုပ်ငန်းအတွက် ၀န်ကြီးရုံးနှင့် ဆက်ဆံရမည့်သူများအား ညဖက်အိမ်များတွင် သွားတွေ့၊ လက်ဆောင်ပေးပြီး ချိတ်ဆက်လုပ်ကိုင်မှသာ အချင်းချင်းအဆင်ပြေပါသည်။

လုပ်ငန်းအသစ်လုပ်ချင်သူများလာရောက်စုံးစမ်းပါကလည်း အ၀င်မခံ၊ အတွေ့မခံသဖြင့် ၀န်ကြီးဌာနနှင့် လုပ်ငန်းလုပ်ကိုင်လိုသူများ ဘာမှလုပ်လို့မရဖြစ်နေပါသည်။

ကုမ္ပဏီများ၊ အ၀င်အထွက်ရှိသူများမှ လူကြီး၊ ဌာနမှ ဆက်ဆံရမည့်သူများ အား ဖုန်းဆက်၊ အပြင်တွင် တွေ့ဆုံပြီး လုပ်ခိုင်းမှသာ ၀န်ကြီးရုံးနှင့် အလုပ်လုပ်ပြီး အဆင်ပြေလျှက်ရှိပါသည်။

ထို့ကြောင့် အတွေ့ခက်အောင်လုပ်ခြင်းဖြင့် ရုံးတွင်လာဒ်ပေးလို့မရအောင် ၀န်ကြီးရုံးများမှ ဆောင်ရွက်လျှက်ရှိပါသည်။ ထို့ကြောင့် နေပြည်တော်သို့ လာရောက်လုပ်ငန်းလုပ်ကိုင်လိုသူများအနေဖြင့် ဖုန်းသိ၊ ဂွင်သိမှသာ အဆင်ပြေမည်ဖြစ်ပါသည်။

Massage From နေပြည်တော်

ဒီနေ့နေပြည်တော် ဖြစ်ရပ်မှန်

နေပြည်တော်လျှပ်စစ်ဝန်ကြီးရုံး (ယခင် ပြည်သူ့မေတ္တာဖြင့် ပြုတ်သွားသော ၀န်ကြီးဇော်မင်းရုံး) ၀င်ပေါက်

တွင် လုပ်ငန်းလုပ်ကိုင်ရန်လာရောက်လုပ် ကိုင်သူများအား မည်သူ့မျှ ပေးမ၀င်တော့ပါ။ လုပ်ငန်းဆောင်ရွက်
ချင်သူ၊ လုပ်ငန်းလုပ်ချင်လို့ လာရောက်စုံစမ်းသူများ၊ လုပ်ငန်းဆောင်ရွက်နေသူများအားလုံးကို ၀န်ကြီးရုံးအ
တွင်းသို့ မည်သူမျှဝင်ခွင့်မပြုတော့ပဲ တွေ့လိုသူအမည်ကို ပြောနိုင်မှသာ အဆိုပါလူအား ဂိတ်မှ Intercom
 ဖြင့် လှမ်းခေါ်ပေးမှ အပြင်ကို အထဲမှ ၀န်ထမ်းမှ လာတွေ့မှသာ ဂိတ်တွင်တွေ့ခွင့်ရပါသည်။

ထိမ်းမြားလက်ထပ်ခြင်းမရှိဘဲ ကိုယ်ဝန်ရှိလာသည့် မိန်းကလေး ကြိမ်ဒဏ် အချက် ၁၀၀ အရိုက်ခံရ

ထိမ်းမြားလက်ထပ်ခြင်းမရှိဘဲ ကိုယ်ဝန်ရှိလာသည့် မိန်းကလေး ကြိမ်ဒဏ် အချက် ၁၀၀ အရိုက်ခံရ
Thursday, 24 January 2013

အနောက် အာဖရိကနိုင်ငံ မြောက်ပိုင်း သဲကန္တာရအတွင်းရှိ မွတ်ဆလင် စစ်သွေးကြွအဖွဲ့အစည်းတစ်ခုမှ စစ်ခေါင်းဆောင် အန်ဆာ ဒိုင်းသည် လက်ထပ်ထိမ်းမြားခြင်းမရှိဘဲ ကိုယ်ဝန်ရှိလာသည့် အသက် ၁၈ နှစ် အရွယ် မိန်းကလေးတစ်ဦးကို ကြိမ်ဒဏ် အချက် ၁၀၀ ရိုက်ပြီး အပြစ်ပေးရန် ဆုံးဖြတ်စီရင်လိုက်ကြောင်း သတင်းရရှိသည်။

ဒေသဆိုင်ရာ အရာရှိတစ်ဦးဖြစ်သည့် မိုဟာမက် အွန်ဘာဘီကလည်း ထိုကြိမ်ဒဏ်စီရင်သည့်ပွဲကို လာရောက်ကြည့်ရှုရမည်ဟု အမိန့်ထုတ်
ထားသည်။ မိုဟာမက်က ကြိမ်ဒဏ်စီရင်ခြင်းကို ကွက်လပ်တစ်ခုတွင် ကျင်းပမည်ဖြစ်ပြီး လူငယ်တိုင်း လာကြည့်ရန် အမိန့်ထုတ်ထားကြောင်း၊ ပထမဦးဆုံးအကြိမ် အပြစ်ပေးခြင်းဖြစ်သဖြင့် စံပြအဖြစ် လုပ်ဆောင်သွား
မည်ဖြစ်ကြောင်း၊ မိန်းကလေးတွင်ကိုယ်ဝန် ၃ လရှိနေပြီး၊သားတစ်ယောက်
လည်းရှိနေသေးကြောင်း၊ သို့သော် သူနှင့်အတူနေ ယောက်ျားလေး
မိတ်ဆွေမှာ လက်ထပ်ထိမ်းမြားထားခြင်းမရှိသဖြင့် ထိုသို့အပြစ်ပေးရခြင်း
ဖြစ်ကြောင်း ပြောကြားခဲ့သည်။

စစ်ခေါင်းဆောင် အန်ဆာ ဒိုင်းသည် အစ္စလမ်ဥပဒေကို တိကျစွာလိုက်နာပြီး၊ အစ္စလမ်ဥပဒေအရ ကြိမ်ဒဏ် အချက် ၁၀၀ စီရင်ခြင်းဖြစ်သည်ဟုဆိုသည်။ မြို့တော်ရှိ ရဲအရာရှိတစ်ဦးကလည်း လက်ထပ်ထိမ်းမြားခြင်း မရှိဘဲ ကလေးယူထားသည့် အခြား အမျိုးသမီး ၆ ဦးလည်း ရှိသေးကြောင်း၊ ထိုသူများကိုလည်း မကြာမီ အစ္စလမ်ဥပဒေအရ တရားစီရင်သွားမည်
ဖြစ်ကြောင်း ပြောကြားခဲ့သည်။

maukkha

အနောက် အာဖရိကနိုင်ငံ မြောက်ပိုင်း သဲကန္တာရအတွင်းရှိ မွတ်ဆလင် စစ်သွေးကြွအဖွဲ့အစည်းတစ်ခုမှ စစ်ခေါင်းဆောင် အန်ဆာ ဒိုင်းသည် လက်ထပ်ထိမ်းမြားခြင်းမရှိဘဲ ကိုယ်ဝန်ရှိလာသည့် အသက် ၁၈ နှစ် အရွယ် မိန်းကလေးတစ်ဦးကို ကြိမ်ဒဏ် အချက် ၁၀၀ ရိုက်ပြီး အပြစ်ပေးရန် ဆုံးဖြတ်စီရင်လိုက်ကြောင်း သတင်းရရှိသည်။

မန္တလေး-အင်ဖား ဘတ်စ်ကား မတ်လတွင် စတင်ပြေးဆွဲမည်

ဇန်နဝါရီလ ၂၅ ရက်

နယူးဒေလီ (မဇ္ဈိမ)။ ။ အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ် အင်ဖားမြို့မှ မြန်မာနိုင်ငံ မန္တလေးမြို့သို့ ပြေးဆွဲမည့် ဘတ်စ်ကားကို မတ်လမှ စတင်ကာ မိတ်ဆက်ပြေးဆွဲတော့မည်ဟု သိရသည်။

သီတင်း တပတ်လျှင် တကြိမ်စီ ခေါက်ပြန်ပြေးဆွဲမည့် မိုင် ၅၀၀ ကျော်ခရီး ဘတ်စ်ကား ပြေးဆွဲရေး အတွက် ကားလမ်းဖောက်လုပ်ရေး စီမံကိန်းများ အာလုံးနီးနီး ပြီးစီးနေပြီဖြစ်ကြောင်း မဏိပူရ အစိုးရပိုင်းအား ကိုးကား၍ Sangai Express သတင်းစာတွင် ရေးသားပါရှိသည်။

KIA ကိုတိုက်ခိုက်နေသော ပခုက္ကူ အခြေစိုက် အစိုးရတပ် အမှတ် (၁ဝ၁) တပ်မ အထိအခိုက်အကျအဆုံးများစွာဖြင့် တပ်ဖွဲ့စည်း ပုံပျက်ပြီး ဆုတ်ခွာခဲ့ရ

ပခုက္ကူ အခြေစိုက် အစိုးရတပ် အမှတ် (၁ဝ၁) တပ်မဖွဲ့စည်းပုံ ပျက်သွား

ရွှေဟင်္သာသတင်းဌာန၊ ဇန္နာဝါရီလ (၂၅) ရက်နေ့

ယနေ့မနက် (၄) နာရီမှ စတင်ပြီး လဂျားယန်စစ်မျက်နှာမှ ခါယာတောင်ကျောကို စစ်ဆင်ခဲ့သော ပခုက္ကူအခြေစိုက် အ မှတ် (၁၀၁) တပ်မ ဌာနချုပ်တပ်ဖွဲ့များသည် နေ့လည် (၁၀) နာရီခန့်တွင် အထိအခိုက်အကျအဆုံးများစွာဖြင့် တပ်ဖွဲ့စည်း ပုံပျက်ပြီး ဆုတ်ခွာခဲ့ရသည်ဟု လဂျားယန် စစ်မျက်နှာကို ကွပ်ကဲနေသော KIA ရှေ့တန်း တပ်မှူးတဦးက ဆိုပါသည်။

“ ဒီတပ်မ (၁၀၁) ကတော့ပြုတ်ပြီးဗျ။ ဘယ်ခံနိုင်မလဲဗျာ။ တက်လာပုံက အသေခံပြီး တက်လာတာ။ မသေဘဲ နေမ လား။ ပြီးတော့ လက်နက်ကြီး အားကိုးနဲ့ ချေမှုန်းနိုင်တယ်လို့ ယူဆတယ်လေ။ တပ်သားတွေကလည်း တိုက်ပွဲ သ ဘောကိုလည်း သိပ်နားမလည်ဘူး ထင်ပါတယ်ဗျ။ လူသစ်များမယ် လူငယ်မယ် ထင်ပါတယ်။ အဲဒါကြောင့် သေတာ ထိတာပေါ့။ အခုတော့ တပ်ပျက်လို့ တပ်မ (၆၆) တပ်နဲ့ လဲလိုက်ပြီး အဲတာနဲ့ စထိုးပါလေရော ဗျာ။ အခု (၄) နာရီအထိ ထိုးတဲ့အထိထိုး နေတုန်းပါ ဘဲ”ဟု ဆိုပါသည်။

မနက် (၄) နာရီမှစတင်လိုက်သော တိုက်ပွဲကို နေ့လည်ပိုင်း (၁၀) နာရီအချိန်တွင် ခေတ္တအပစ်ရပ်သွားခဲ့သည်ဟုဆိုပါ သည်။ ထမင်းစားချိန်ကြောင့် ခေတ္တရပ်သည်ဟု KIA တပ်များက တွက်ဆထားလိုက်ပါသည်။ သို့သော် တပ်ဖွဲ့စည်းပုံ ပျက်ပြီး တပ်မအပြောင်းအလဲ လုပ်သွားသည်ကို မသိလိုက်ပေ။ နေ့လည် (၁) နာရီအချိန်ကို ရောက်သော အခါ အစိုး ရတပ်များ အသစ်ထပ်မံ စစ်ဆင်တော့မှ တပ်မပြောင်းလဲထားသည်ကို သိလိုက်ရသည်ဟု KIA တပ်မှူးက ဆိုပါသည်။

ဒီဇင်ဘာလ ကုန်ပိုင်းမှ စတင်ခဲ့သော လဂျားယန်ဒေသ ထိုးစစ်တွင် ပခုက္ကူအခြေစိုက် တပ်မ (၁၀၁) လက်အောက်ခံတပ် ရင်းများဖြစ်သည့် ခမရ (၂၅၁)၊ (၂၅၂)၊ (၂၅၃)၊ (၂၅၄)၊ (၂၅၅)၊ (၂၅၆)၊ (၂၅၇)၊ (၂၅၈)၊ (၂၅၉)၊ တပ်ရင်းမျာက ပါ ၀င်ခဲ့ပါသည်။ ဤအထဲ၌ ခမရ (၂၅၂)၊ (၂၅၈) မှ တပ်ရင်းမှူး နှစ်ဦးသည် ပြင်ထန်စွာ ဒဏ်ရာရရှိခဲ့ပြီး၊ ခလရ (၂၅၈) တပ် ရင်းနှင့်အတူ အစောပိုင်းကတည်းက တပ်ပျက်သွားခဲ့သည်ဟု KIA ဖက်က ဆိုပါသည်။

 သို့သော် လက်ကျန်(၆) ရင်းဖြင့် စစ်ဆင်လာခဲ့ရာ၊ လဂျားယန်တိုက်ပွဲ၊ ပွိုင့် (၇၇၁) တိုက်ပွဲနှင့် ခါယာတောင်ကျောတိုက်ပွဲ များ ဆက်တိုက် တိုက်ခိုက်လာခဲ့ရာမှ ယနေ့ တပ်မတခုလုံး ဖွဲ့စည်းပုံ ပျက်သွားခဲ့ခြင်း ဖြစ်ပါသည်။ တပ်ရင်းတရင်းတွင် တိုက်အားအများဆုံး (၁၃၀) ခန့်သာရှိသည်ဟု KIA ဖက်မှ တွက်ဆ ထားပါသည်။ ဤကဲ့သို့တပ်ရင်း အင်အားနည်းလွန်း သဖြင့် တပ်ရင်းမှူးများက ရှေ့တန်း စစ်မျက်နှာအထိ ဦးစီးနေရသည့်အတွက် ထိခိုက်ကျဆုံးမှု ဖြစ်လာခဲ့ရပါသည်။

ဤစစ်မျက်နှာသို့ အရန်တပ်အဖြစ် စစ်ကူပေးနေသော တပ်မ (၆၆) လက်အောက်ခံ တပ်ရင်းများက အစားထိုးခဲ့ခြင်းဖြစ် ပါသည်။ တပ်မ (၆၆) သည် ကရင်ပြည်နယ်အတွင်း စစ်ဆင်ရေး တာဝန်ထမ်းဆောင်နေသည့် ကြားမှ စစ်ကူရောက်ရှိလာ ခြင်းဖြစ်ပါသည်။ အစိုးရတပ်ဖွဲ့များသည် အရန်တပ်ပြသနာ ဖြစ်လာနေပြီး အရန်တပ်ဖွဲ့များကို ရေတပ်ဌာနချုပ်တပ်ဖွဲ့ များဖြင့် အစားထိုးထားသည်ဟု စစ်ရေးအကဲခတ်များက ဆိုပါသည်။

အစိုးရသည် KIA ဌာနချုပ်ဖြစ်သော လိုင်ဇာကိုစိုးမိုးနိုင်ရန် ခါယာတောင်ကျောကို စစ်မျက်နှာ(၃) ဖြင့် အပြင်းအထန်ထိုး စစ်ဆင်နေပါသည်။ ၁၀၅ မမ၊ ၁၅၅ မမ၊ ၁၂၀ မမလောင်ချာများကို တနာရီလျှင် ကျည်ပေါင်း ထောင်နှင့်ချီ ပစ်ခတ်ပြီး စစ်ဆင်နေသည်မှာ တလပြည့်ပြိး ဖြစ်ပါသည်။ သို့သော် အောင်မြင်မြင်မှု မရသည့်အတွက်  အရှက်သဘော ရနေကြပြီး အစိုးရ၏လွှတ်တော်ကပါ လိုင်ဇာတိုက်ပွဲထဲသို့ ၀င်ရောက်လာပါသည်။

အပစ်အခတ်ရပ်စဲရန် ရွှေလက်ဖြင့် ခေါ်၍မရသော KIA အား ဆက်လက် ချေမှုန်းသွားရန် စစ်အစိုးရ တဖြစ်လဲ လက်ရှိ အစိုးရ အမျိုးသားလွှတ်တော်က ဆုံးဖြတ်ခဲ့ပါသည်။ ဤသည် အစိုးရလွှတ်တော်၌ ၂၀၀၈ အခြေခံဥပဒေ အောင်မြင် ရေးနှင့် တိုင်းရင်းသား များအပေါ် ချိုးနှိမ်ရေး အစီစဉ်မှာ တညီတညွတ်တည်း ရှိနေကြောင်း အထင်အရှား ပြသခြင်းဖြစ် သည်ဟု အကဲခတ်များက ဆိုပါသည်။

ဇန္နာဝါရီလ (၂၅) ရက်နေ့

ယနေ့မနက် (၄) နာရီမှ စတင်ပြီး လဂျားယန်စစ်မျက်နှာမှ ခါယာတောင်ကျောကို စစ်ဆင်ခဲ့သော ပခုက္ကူအခြေစိုက် အ မှတ် (၁၀၁) တပ်မ ဌာနချုပ်တပ်ဖွဲ့များသည် နေ့လည် (၁၀) နာရီခန့်တွင် အထိအခိုက်အကျအဆုံးများစွာဖြင့် တပ်ဖွဲ့စည်း ပုံပျက်ပြီး ဆုတ်ခွာခဲ့ရသည်ဟု လဂျားယန် စစ်မျက်နှာကို ကွပ်ကဲနေသော KIA ရှေ့တန်း တပ်မှူးတဦးက ဆိုပါသည်။

ကမ္ဘာတစ်လွှားက ဆန်းဆန်းပြားပြား ရေချိုးနည်းများ

ကမ္ဘာတစ်လွှားက ဆန်းဆန်းပြားပြား ရေချိုးနည်းများ

ဝိုင်အနီဖြင့်ရေချိုးနေကြသူတွေပေါ့

ဝိုင်နီနဲ့ ချိုးတဲ့နည်းက ဂျပန်နိုင်ငံမှာ ခေတ်စားနေတဲ့ ချိုးနည်းတစ်ခုဖြစ်ပါတယ်။ ဂျပန်နိုင်ငံ Hakone Kowakien က ရေပူစခန်းမှာ ချိုးနိုင်ပါတယ်။ ရေနွေးကန်ထဲမှာ ဝိုင်ဖြင့်ရောစပ်ထားတဲ့ ရေနွေးနွေးကို စိမ်နေရတာဟာ တကယ့်ကို ထူးခြားတဲ့ ခံစားမှုမျိုးကို ပေးနိုင်တယ်လို့ဆိုပါတယ်။ ဝိုင်ကန်ထဲမှာ စိမ်နေရင်း နှစ်သက်သူများက ဝိုင်ကိုသောက်သုံးနိုင်ပါတယ်။ ဝိုင်အနီဟာ အရေပြားကို နုပျိုလှပစေပြီး ဆဲလ်အသစ်များဖြစ်ပေါ်ခြင်းကို အားပေးတယ်လို့ ဆိုပါတယ်။ ဝိုင်နှစ်သက်ကြတဲ့ ကိုကိုမမ၊ မောင်ညီမများ ဝိုင်ဖြင့်ရေချိုးသွားခဲ့ရင် ကန်ထဲက ဝိုင်တွေကို ကုန်အောင်သောက်ခဲ့ကြပါလို့ မှာလိုက်ပါရစေး)

အချို့သော မိန်းမပျိုတို့ကတော့ ရေနွေးနွေးကို စပျစ်ဝိုင်အညိုရောင်ဖြင့်ရောစပ်လို့ ချိုးကြပါတယ်။ ဝိုင်နဲ့ ချိုးပြီးလို့ အပြင်ထွက်တဲ့အခါ ဘယ်လိုရေမွှေးမျိုးကိုမှ သုံးဖို့မလိုအောင် ခန္ဓာကိုယ်ပေါ်မှာ ဝိုင်ရဲ့ ရနံ့က စွဲကျန်နေရစ်ခဲ့တာက သိပ်ကို နှစ်သက်ဖို့ကောင်းတယ်လို့ ပြောကြပြန်ပါတယ်။ ဝိုင်နဲ့စိမ်ပြီးတော့ ရေအေးနဲ့ ပြန်မချိုးဘူးလား မသိနော်း)

ဗဟုသုတအဖြစ်ဖေါ်ပြပေးလိုက်ပါတယ်ခင်ဗျာ

http://on.fb.me/UWRK0Q
လမင်းမောင်

အေးချမ်းမွန်မှ လမင်းမောင်  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

ဝိုင်အနီဖြင့်ရေချိုးနေကြသူတွေပေါ့
ဝိုင်နီနဲ့ ချိုးတဲ့နည်းက ဂျပန်နိုင်ငံမှာ ခေတ်စားနေတဲ့ချိုးနည်းတစ်ခုဖြစ်ပါတယ်။ဂျပန်နိုင်ငံHakone Kowakien
က ရေပူစခန်းမှာ ချိုးနိုင်ပါတယ်။ ရေနွေးကန်ထဲမှာ ဝိုင်ဖြင့်ရောစပ်ထားတဲ့ ရေနွေးနွေးကို စိမ်နေရတာဟာ တကယ့်ကို ထူးခြားတဲ့ ခံစားမှုမျိုးကို ပေးနိုင်တယ်လို့ဆိုပါတယ်။

ကမ္ဘာ့ရှေးဦးကုန်းသတ္တဝါများ ဖျံကဲ့သို့ သွားလာခဲ့ဟု သုတေသီများ မှတ်ချက်ပြု


ကမ္ဘာပေါ်တွင် ပထမဆုံး ရှင်သန် နေထိုင်ခဲ့ကြသော ကုန်းသတ္တဝါများသည် ဖျံများကဲ့သို့ သွားလာခဲ့ကြောင်း သုတေသီများက မှတ်ချက်ပြု ပြောဆိုလိုက်သည်။ နိုင်ငံတကာ ပညာရှင်များ ပါဝင်သည့် သုတေသန အဖွဲ့တစ်ခုသည် ယခုတွေ့ရှိချက်ကို ပထမဆုံးအကြိမ် အတည်ပြု ကြေညာခဲ့ခြင်း ဖြစ်သည်။

စီမံကိန်း အမည်သာရှိပြီး လက်တွေ့အကောင်အထည်ဖော်သည့် လုပ်ငန်းနည်းပါးသည့်အတွက် အုတ်သဲကျောက်များ အရောင်းအ၀ယ်အေးပြီး ဈေးနှုန်းကျဆင်း

စီမံကိန်းအမည်သာရှိပြီးလက်တွေ့အကောင်အထည်ဖော်သည့်လုပ်ငန်းနည်းပါးသည့်အတွက်အုတ်သဲကျောက်
များ အရောင်းအ၀ယ်အေးပြီး ဈေးနှုန်းများပါ ကျဆင်းလျက်ရှိကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရ
သည်။ယခုနှစ်အတွင်း၌ တည်ဆောက်ရေးစီမံကိန်းပေါင်း များစွာကို လျာထားထားနိုင်သော်လည်း အမှန်တ
ကယ်စတင်တည်ဆောက်မည့် ကာလမှာ လိုနေသေးကြောင်း သိရသည်။နှစ်စဉ် ဒီဇင်ဘာလနှင့် ဇန်န၀ါရီလ
တို့မှာ အုတ်ထွက်သည့်အချိန်ဖြစ်ပြီး အရောင်းအ၀ယ် သွက်လေ့ရှိသော်လည်း ယခုနှစ်တွင်မူ အရောင်းအ
ဝယ် ပါးလျက်ရှိကြောင်း၊ သဲနှင့် ကျောက်စရစ် ၀ယ်လိုအားမှာလည်း ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက သိသာ
စွာ လျော့ကျသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သီရိလင်္ကာတွင် အွန်လိုင်းမှတစ်ဆင့် ငွေလိမ်သူ တရုတ်နိုင်ငံသား ၁၀၀ ကျော် အဖမ်းခံရ

သီရိလင်္ကာနိုင်ငံတွင် အင်တာနက်မှတစ်ဆင့် ငွေလိမ်ယူနေသော တရုတ်နိုင်ငံသား ၁၀၀ ကျော်ကို ဒီဇင်
ဘာလ ၂၂ ရက်နေ့တွင် ဖမ်းမိခဲ့ကြောင်း သီရိလင်္ကာရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောကြားခဲ့သည်။
သီရိလင်္ကာ ဗီဇာကိုင်ထားသောယင်းတရုတ်နိုင်ငံသားတို့သည်တရုတ်နိုင်ငံတွင်းရှိကွန်ပျူတာများ၏ အချက်
အလက်များကို ခိုးယူကာ သီရိလင်္ကာရှိ ဘဏ်စာရင်းများထံ ငွေလွှဲပေးရန် လိမ်လည်ခြင်းဖြစ်ကြောင်း ရဲတပ်
ဖွဲ့အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

စစ်တွေမြို့ပေါ်မှ အစားအစာနှင့် ဟင်းသီးဟင်းရွက်အချို့တွင် အဆိပ်များပါဝင်နေကြောင်း သတင်းများ ထွက်ပေါ်နေခြင်းနှင့် ပတ်သက်ပြီး မဟုတ်မှန်ကြောင်း ပြည်နယ်အစိုးရအဖွဲ့မှ ပြောကြား

စစ်တွေမြို့ပေါ်မှ အစားအစာနှင့် ဟင်းသီးဟင်းရွက်အချို့တွင် အဆိပ်များပါဝင်နေကြောင်း သတင်းများ ထွက်
ပေါ်နေခြင်းနှင့် ပတ်သက်ပြီး မဟုတ်မှန်ကြောင်း ပြည်နယ်အစိုးရဖွဲ့ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစု
ရေး ဆပ်ကော်မတီမှ တာဝန်ရှိသူ ဦးဝင်းမြိုင်က ပြောပါသည်။"ကျွန်တော်တို့ သက်ဆိုင်ရာ ဆရာဝန်တွေ
နဲ့ စစ်ဆေးပြီးပါပြီ။ ဘာအဆိပ်မှ မတွေ့ပါဘူးလို့ ဆရာဝန်တွေက ထွက်ဆိုပါတယ်။ အခုထွက်ပေါ်နေတဲ့ သ
တင်းက ကောလာဟာလ သတင်းတွေပါ။ ရန်ကုန်ကိုတောင် ပို့စရာမလိုဘူး။ ဒီမှာတင် ဆရာဝန်တွေနဲ့ စစ်
ဆေးခဲ့တာပါ" ဟု ပြောကြားခဲ့ပါသည်။

တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ပုံတူပန်းပု ထုလုပ်ခြင်းပွဲဗိုလ်ဆွန်ပက်လမ်း(အလယ်)၊ အမှတ် (၁၆၁) ရှိ Art Plus Art Gallery တွင် ကျင်းပပြုလုပ်နေပြီ


ဓာတ်ပုံ- အောင်ဇော်မင်း
တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ပုံတူပန်းပု ထုလုပ်ခြင်းပွဲကို ယနေ့ ၂၅.၁.၂၀၁၃ ခုနှစ် နံနက် ၁၀ နာရီမှ နေ့လည် ၂ နာရီအထိ ပန်းဘဲတန်းမြို့နယ်၊ ဗိုလ်ဆွန်ပက်လမ်း(အလယ်)၊ အမှတ် (၁၆၁) ရှိ Art Plus Art Gallery တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ခိုးကူးခွေထိရောက်စွာနှိမ်နင်းရန် ဂီတအစည်းအရုံးတွင် အငြိမ်းစားရဲမှူးနှစ်ဦး ခန့်အပ်

မြန်မာတေးသီချင်း ခိုးကူးခွေများ အား ဖမ်းဆီးခြင်း၊ တရားစွဲဆိုခြင်း များ ထိရောက်စွာပြုလုပ်ရန် အငြိမ်းစား

ရဲမှူးနှစ်ဦးကို ဂီတအ စည်းအရုံးတွင် အချိန်ပြည့်ရုံးထိုင် အဖြစ် ခန့်ထားကြောင်း အဆိုပါ အစည်းအရုံး(ဗဟို)

တွဲဖက်အတွင်း ရေးမှူး ဦးမျိုးနွယ်ဆွေက ပြော သည်။မြန်မာသီချင်းစီဒီ၊ ဗီစီဒီတို့ ကို တရားမ၀င် ခိုးကူးခြင်း

၊ ဖြန့်ချိ ရောင်းချခြင်းတို့ကို တွေ့ရှိပါက မြန်မာနိုင်ငံဂီတအစည်းအရုံးသို့ တိုင်ကြားသတင်းပေးရန် မေတ္တာ

 ရပ်ခံထားခဲ့သည်။

အငြင်းပွားနေတဲ့ လယ်ယာတွေကို ဇေကမ္ဘာ ကုမ္ပဏီက ဝင်ရောက်ဖျက်ဆီး

အငြင်းပွားနေတဲ့ လယ်ယာတွေကို ဇေကမ္ဘာ ကုမ္ပဏီက ဝင်ရောက်ဖျက်ဆီး

ဇေကမ္ဘာကုမ္ပဏီနဲ့ မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာက လယ်သမားတွေအကြား ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ စက်မှုဇုန် ၄ က လယ်ယာမြေ ကန်သင်းတွေကို မနေ့က ဇေကမ္ဘာ ကုမ္ပဏီ ဘက်ကလူတွေ ဝင်ရောက်ဖျက်ဆီး ခဲ့တဲ့အတွက် လယ်သမားတွေနဲ့ ဇေကမ္ဘာကုမ္ပဏီ တာဝန်ရှိသူတွေအကြား ထိပ်တိုက်တွေ့ဆုံ မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရှိရပါတယ်။

လယ်သမားတွေ စိုက်ပျိုးထားတဲ့ လယ်မြေဧက ၅ ဧကလောက်ကို မနေ့က မနက်ပိုင်းမှာ  ဇေကမ္ဘာကုမ္ပဏီ အထွေထွေမန်နေဂျာ ဦးမြင့်ဇော်ဦးဆောင်တဲ့အဖွဲ့ကနေ မြေထိုးစက်တွေနဲ့ ဝင်ရောက်ဖျက်ဆီးခဲ့တာကြောင့် လယ်သမား ၈ဝ ခန့်ဟာ လယ်ကွင်းထဲ တနေကုန်လာရောက် စောင့်ကြပ်နေခဲ့ကြတယ်လို့ ရွှေနံ့သာ ကျေးရွာနေ လယ်သမား ဦးကျော်စိန်က RFA ကို ပြောပါတယ်။

ဒါ့အပြင် ကုမ္ပဏီတာဝန်ရှိသူတွေအနေနဲ့ လယ်သမားတွေ စိုက်ထူထားတဲ့ လယ်ယာမြေ ဥပဒေဆိုင်ရာ ဆိုင်းဘုတ်တွေကိုလည်း ဖျက်ဆီးဖို့ ကြိုးစားခဲ့ကြောင်းနဲ့ အာဏာပိုင်တွေ ရောက်ရှိလာပြီး နောက်ပိုင်း လူစုခွဲသွားကြောင်း သိရပါတယ်။

စုစုပေါင်း ဧက ၈ဝဝ ကျော်ရှိတဲ့ အဲဒီလယ်မြေတွေကို ဇေကမ္ဘာကုမ္ပဏီက မင်္ဂလာဒုံ စက်မှုဇုန်စီမံကိန်း တိုးချဲ့ဖို့ဆိုကာ၂ဝ၁ဝ ခုနစ်က သိမ်းယူခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်ထိ လက်ရှိ လယ်ယာမြေ အမျိုးအစားအဖြစ် တည်ရှိနေဆဲဖြစ်ကာ လယ်သမားတွေကလည်း ထွန်ယက်စိုက်ပျိုးနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။


ဇေကမ္ဘာကုမ္ပဏီနဲ့ မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာက လယ်သမားတွေအကြား ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ စက်မှုဇုန် ၄ က လယ်ယာမြေ ကန်သင်းတွေကို မနေ့က ဇေကမ္ဘာ ကုမ္ပဏီ ဘက်ကလူတွေ ဝင်ရောက်ဖျက်ဆီး ခဲ့တဲ့အတွက် လယ်သမားတွေနဲ့ ဇေကမ္ဘာကုမ္ပဏီ တာဝန်ရှိသူတွေအကြား ထိပ်တိုက်တွေ့ဆုံ မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရှိရပါတယ်။

ကချင် ငြိမ်းချမ်းရေးအတွက် ရန်ကုန်မှ လိုင်ဇာမြို့သို့ ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့ရဲ့ ရှေ့ပြေး အဖွဲ့ဝင် (၆)ဦးအား စစ်တပ်မှတားဆီးထား

လိုင်ဇာသို့သွားရောက်သူ(၆)ဦးအား စစ်တပ်မှတားဆီးထား

လိုင်ဇာ၊ ဇန်နဝါရီ၊ ၂၄။

ကချင်စစ်ပွဲ ရပ်စဲရေးအတွက် လိုင်ဇာသို့ သွားရောက်သူ(၆)ဦးအား
ယနေ့နေ့လည် ၁နာရီအချိန်ခန့်တွင် လိုင်ဇာနှင့် ဆယ့်ငါးမိုင်ခန့်အကွာ
ခါလာတောင်ခြေ ၊ သိန်းဆင့်လမ်းခွဲ၌ အစိုးရစစ်တပ်မှ တားဆီးထားကြောင်း
လိုက်ပါသွားသူတစ်ဦးဖြစ်သော ကိုနေမျိုးဇင်ကပြောကြားသည်။

၎င်းတို့(၆)ဦးသည် ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ရန်ကုန်မှ
လိုင်ဇာမြို့သို့ ငြိမ်းချမ်းရေး အလံသယ်ဆောင်ကာ လမ်းလျောက်သည့်
အဖွဲ့စတင်ထွက်ခွာသည့်နေ့၌ ကားဖြင့်ကြိုတင်ထွက်ခွာသွားကြသူများ
ဖြစ်သည်။

ဗျူဟာမှူး၏အမိန့်အရ ယခုလိုတားဆီးခြင်းဖြစ်ပြီး တရားဝင်အဖွဲ့အစည်း
မဟုတ်၍ ဝင်ခွင့်မပြုနိုင်ကြောင်း၊ ကေအိုင်အေမှ ထောင်ထားသော
မြေမြှပ်မိုင်းများရှိနေသောကြောင့် အသက်အန္တရာယ်ရှိကြောင်းနှင့်
အခြား တရားမဝင်လမ်းများမှ သွားပါကလည်း မှားယွင်းပတ်ခတ်မိက
တာဝန်မယူနိုင်ဟု ဗိုလ်မှူးအဆင့်ရှိသူတစ်ဦးမှ ပြောဆိုကြောင်း
အဆိုပါ ကားတွင် လိုက်ပါသူ ကိုနေမျိုးဇင်က ပြောကြားသည်။

"အခုတော့ လှည့်ပြန်လာခဲ့ပြီး မိုးမောက်မြို့ က ဒေါ့ဖုန်းယန်ရွာကို
ရောက်နေပါပြီ၊ ဒီကရွာသားတွေကလည်း အရမ်းဆင်းရဲတာတွေ့လို့
ပါလာတဲ့ အကူအညီတွေ ဝေငှပေးနေပါတယ်" ဟု ၎င်းက မြန်မာ့ခေတ်သို့
ပြောကြားသည်။
The Myanma Age

ကချင်စစ်ပွဲ ရပ်စဲရေးအတွက် လိုင်ဇာသို့ သွားရောက်သူ(၆)ဦးအားယနေ့နေ့လည် ၁နာရီအချိန်ခန့်တွင် 
လိုင်ဇာနှင့် ဆယ့်ငါးမိုင်ခန့်အကွာခါလာတောင်ခြေ ၊ သိန်းဆင့်လမ်းခွဲ၌အစိုးရစစ်တပ်မှတားဆီးထားကြောင်း
လိုက်ပါသွားသူတစ်ဦးဖြစ်သော ကိုနေမျိုးဇင်ကပြောကြားသည်။

တိုက်တေနီယမ်ရှာဖွေမှုကြောင့် အငူမော်ကမ်းခြေဒေသ၌ ကမ်းပါးပြိုမှုများ ကြုံတွေ့နေ

တိုက်တေနီယမ်ရှာဖွေမှုကြောင့် အငူမော်ကမ်းခြေဒေသ၌ 
ကမ်းပါးပြိုမှုများ ကြုံတွေ့လာ
Thursday, January 24, 2013

ရခိုင်ပြည်၊ မောင်တောမြို့နယ် ကမ်းခြေတစ်လျှောက်တွင် ရှားပါးတိုက်တေနီယမ် သတ္တုပါသည့် သဲများအားတူးဖော်စမ်းသပ်
ခဲ့မှုများကြောင့် ကမ်းခြေဒေသများ၌ ကမ်းစပ်ပြိုမှုများကြုံတွေ့နေရ
ကြောင်း  ဒေသခံတို့က ဆိုသည်။

“ကမ်းခြေက သဲတွေကို တူးပြီးစမ်းသပ်ခဲ့တဲ့အတွက် တစ်ဖက်မှာ ဘာဖြစ်လဲ
ဆိုတော့ ကမ်းစပ်တွေ ပြိုတယ်။  လယ်ကွင်းသို့ ရေကျော်တယ်။  ကမ်းနား
တစ်လျှောက်သဲတွေတူးတော့ကမ်းတွေက ရေတိုက်စားလာတယ်။”
ဟုမောင်တောဒေသခံတစ်ဦးက ပြောသည်။

ရသေ့တောင်မြို့နယ် အငူမော်ကမ်းခြေ  ဒုံးပိုက်အုပ်စုအတွင်းရှိ သဲသောင်ပြင်မှာ ၃မိုင်ရှည်ပြီး  ပင်လယ်ကမ်းခြေရှိ သဲများကို   နေရောင်ခြည်အောက်တွင် ကြည့်လျှင်
ငွေရောင်လင်းလက်နေသဖြင့် သတ္တုများပါဝင်နိုင်သည့်အတွက် စမ်းသပ်မှုများ   ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ရသေ့တောင်မြို့နယ် ဒုံးပိုက်ကျေးရွာ ပင်လယ်ကမ်းခြေ အနီးရှိ 
သဲများကို ၂၀၀၇ ခုနှစ်တွင် တရုတ် ကုမ္ပဏီတစ်ခုမှ  တစ်နှစ်လုံးနီးပါး စမ်းသပ်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းတွင်လည်း တရုတ်ကုမ္ပဏီတစ်ခုမှ အဆိုပါဒေသအတွင်းရှိ သဲများအား စမ်းသပ်မှုများပြုလုပ်ခဲ့ရာ  ရသေ့တောင်မြို့နယ် ဒုံးပိုက်၊ ကိုးတန်ကောက်၊ မောင်တောမြို့နယ် သဝင်ချောင်း၊ ဇော်မတက် စသည့် ဒေသများတွင် တိုက်တေနီယမ်ပါ သဲများ တွေ့ရှိကြောင်းသိရသည်။

ထိုစမ်းသပ်မှုများအရ ယူရေနီယမ်၊ တိုက်တေနီယမ်၊ ဇိုင်ကိုနီယမ်အပါအဝင် အခြားဓာတ်သတ္တုပေါင်း ၂၀ ကျော်ပါဝင်တွေ့ရှိရသည်ဟု   ပြည်ပအခြေစိုက် မီဒီယာမှ ထုတ်လွင့်မှုအရ သိရသည်။

“ စမ်းသပ်ခဲ့တဲ့ သဲတွေကို အငူမော်ကနေ ရေချမ်းပြင်သို့ပို့တာ တွေ့ရတယ်။  ၂၀၀၇ခုနှစ်က  တရုတ်ကုမ္ပဏီတစ်ခုကနေပြီး ပင်လယ်ကမ်းစပ်နဲ့ လယ်ကွင်းကြားမှာ ရှိတဲ့ သဲခုံတွေကို စက်တွေနဲ့ တူးတယ်။  မြေတွေလည်း ကွင်းတွေ ဖြစ်သွားတော့ လှိုင်းတွေက လယ်ကွင်းထိ တက်လာတယ်။ ကမ်းစပ်မှာရှိတဲ့ အပင်တွေလည်း သေတယ်။ ကမ်းတွေလည်း ပြိုတယ်။’’ဟု ဒုံးပိုက်ကျေးရွာ အုပ်ချုပ်ရေးမှူး  ဦးသိန်းကျော်က ဆိုသည်။

သဲတွင်ပါရှိသည့် တိုက်တေနီယမ်သတ္တု ထုတ်လုပ်နိုင်ခွင့်ရရှိနိုင်ရန်
အတွက် ပြည်တွင်း အခြေစိုက် Gold Finder ကုမ္ပဏီမှ
ပြည်ထောင်စုအစိုးရအပြင် ပြည်နယ်အစိုးရအဖွဲ့နှင့်လည်း ညှိနှိုင်းဆွေးနွေးလျှက်ရှိကြောင်း သိရသည်။ 

အမေရိကန်မှ ထုတ်ပြန်သည့် မဟာဗျူဟာမြောက်ပစ္စည်းစာရင်းဝင် တိုက်တေနီယမ်သတ္တုမှာ အထူးသဖြင့် လက်နက်ထုတ်လုပ်သည့်နေရာ၊ တင့်ကား၊ တိုက်လေယာဉ်နှင့် အခြားစက်ပစ္စည်း အမျိုးမျိုးထုတ်လုပ်ရာ၌ အသုံးဝင်သည့်ရှားပါး သတ္တုတစ်မျိုးဖြစ်သည်။

မိုးဝေ - ရခိုင်ပြည်နယ် (မြစ်မခ)
Myit Makha Mediagroup

ရခိုင်ပြည်၊ မောင်တောမြို့နယ် ကမ်းခြေတစ်လျှောက်တွင် ရှားပါး တိုက်တေနီယမ် သတ္တုပါသည့် သဲများအားတူးဖော်စမ်းသပ် ခဲ့မှု များကြောင့် ကမ်းခြေဒေသများ၌ ကမ်းစပ်ပြိုမှု များကြုံတွေ့နေ ကြောင်း ဒေသခံတို့က ဆိုသည်။
“ကမ်းခြေက သဲတွေကို တူးပြီးစမ်းသပ်ခဲ့တဲ့အတွက် တစ်ဖက်မှာ ဘာဖြစ်လဲဆိုတော့ ကမ်းစပ်တွေ ပြိုတယ်။ လယ်ကွင်း သို့ ရေကျော် တယ်။ ကမ်းနား တစ်လျှောက် သဲတွေ တူးတော့ကမ်းတွေက ရေတိုက်စားလာတယ်။” ဟုမောင်တောဒေ သခံ တစ်ဦးက ပြောသည်။

ကရာတေးဒို အဖွဲ့ချုပ် ရန်ပုံငွေဖျော်ဖြေပွဲ Iron Cross တေးဂီတ အဖွဲ့က Kick Rock Show အမည်ဖြင့် မန္တလေးမြို့တွင်ဖျော်ဖြေမည်

Photo: ကရာတေးဒို အဖွဲ့ချုပ် ရန်ပုံငွေဖျော်ဖြေပွဲ Iron Cross တေးဂီတ အဖွဲ့က Kick Rock Show အမည်ဖြင့် မန္တလေးမြို့တွင်ဖျော်ဖြေမည်
Thursday, January 24, 2013

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အကြို
မြန်မာနိုင်ငံကရာတေးဒို အဖွဲ့ချုပ် ရန်ပုံငွေဖျော်ဖြေပွဲ အဖြစ် မန္တလေးမြို့
မြို့တော်ဥယျာဉ် အားကစားကွင်း၌ Iron Cross တေးဂီတ အဖွဲ့က Kick Rock Show အမည်ဖြင့် ဇန်နဝါရီလ ၂၆ ရက်နေ့ ညနေ ၄ နာရီတွင်
ဖျော်ဖြေမည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ကရာတေးဒို ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဇော်နိုင်က ပြောကြားသည်။

The Voice Weekly

၂၇ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲအကြိုမန်မာနိုင်ငံကရာတေးဒိုအဖွဲ့ချုပ်ရန်ပုံငွေဖျော်ြေ
ပွဲအဖြစ် မန္တလေးမြို့ မြို့တော် ဥယျာဉ် အားကစားကွင်း၌ Iron Cross တေးဂီတ အဖွဲ့က Kick Rock Show အမည်ဖြင့် ဇန်နဝါရီလ ၂၆ ရက်နေ့ ညနေ ၄ နာရီတွင်ဖျော်ဖြေမည်ဖြစ်ကြောင်း မန္တလေး တိုင်း ဒေသကြီး ကရာတေးဒို ဆပ်ကော်မတီအတွင်းရေးမှူး ဦးဇော်နိုင်က ပြောကြားသည်။

၁၆ ရက်ကြာပင်လယ်ပြင်ခရီးတွင်ဆန် ၄ နပ်သာစားခဲ့ရသောရိုဟင်ဂျာဒုက္ခသည်များ

ဖူးကတ် ။ ။ ယမန်နေ့က ထိုင်းနိုင်ငံ ဖူးကတ်မြို့သို့ရောက်ရှိ သွားသော ရိုဟင်ဂျာ ဒုက္ခသည် များသည် ၁၆ ရက်ကြာ ပင်လယ်ပြင် ခရီးတွင် ဆန်အစိမ်းကို ၄ နပ်ကို သာစားခဲ့ ရသည်ဟု ဖူးကတ်မြို့သို့ရောက်ပြီး အာဏာပိုင်များ ကိုပြောကြား ခဲ့ကြောင်း ဖူးကတ်မြို့ထုတ် အင်္ဂလိပ် သတင်းစြာ ဖစ်သည့် Phuket Gazette တွင်ရေးသားဖော်ပြထားသည်။

ဘာအံမှာ ဘာသာရေးအဓိကရုဏ်းလုပ်နေတာ အမျိုးဘာသာကို စောင့်ရှောက်ခြင်းလား ၊ အဆင်အခြင်မဲ့ လုပ်ရပ်နဲ့ အရှက်ရစေခြင်းလား

အမျိုးဘာသာကို စောင့်ရှောက်ခြင်းလား ၊ အဆင်အခြင်မဲ့ လုပ်ရပ်နဲ့ အရှက်ရစေခြင်းလား 
===================================================

ဘားအံက မွတ်စလင် ဆိုင်တွေကို မ၀ယ်ဖို့ လုပ်တယ်ဆိုတဲ့ ကိစ္စကို အစက ကောလဟာလ
သတင်း တစ်ခုထင်နေတာ တကယ်ကြီး ဖြစ်နေတော့ စိတ်မကောင်းဖြစ်မိတယ် 
ရခိုင်လို ပဋိပက္ခ ဖြစ်ခဲ့တဲ့ နေရာမှာ လုပ်တဲ့ ကိစ္စဆိုရင် ခံသာသေးတယ် 
ရန်ဖြစ်ထားကြလို့ မခေါ်နိုင် မပြောနိုင် ဖြစ်နေတယ် မ၀ယ်နိုင်ဘူးဆိုတာ သဘာဝ ကျတယ် 
ဘာမှ မဆိုင်တဲ့ ဘားအံလို နေရာမှာ ဒီလို လှုပ်ရှားမူတွေ လုပ်တယ်ဆိုတော့  
ဗုဒ္ဓဘာသာဝင် စစ်စစ်တွေအတွက် တော်တော်တော့ မျက်နှာပျက်စရာ ကိစ္စပဲ 
ဒီကိစ္စမှာ ဦးဆောင်ပါဝင်တဲ့လူတွေကို သက်ဆိုင်ရာက အနည်းနဲ့ အများတော့ ခေါ်ယူ သတိပေးသင့်တယ် သူတို့တွေးတာတော့ လွယ်လွယ်လေး မွတ်စလင် ဆိုင်တွေမှာ မ၀ယ်နဲ့ 
ဒါဆို ပြီးပြီလို့ထင်မယ် ကိုယ့်လည်ပင်း ကိုယ် ကြိုးကွင်းစွပ်သလို ဖြစ်နေတာ သတိမထားမိကြဘူး
တည်တည်ငြိမ်ငြိမ် ရှိနေတဲ့ နေရာတစ်ခုကို ဘာသာရေး အထိကရုန်းတွေ ဖြစ်အောင် လုပ်နေတာနဲ့ တူတူပဲ ၊ ဗုဒ္ဓဘာသာရဲ့ အဆုံးအမတွေထဲမှာ သူများ အကျိုး ပျက်စီးရာ ပျက်စီးကြောင်း လုပ်ဖို့ မပါဘူး ဒီကိစ္စဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် အထင်ကြီး လေးစားစရာ
စံပြ လုပ်ရပ်လို့ လုံးဝ မသတ်မှတ်ပါဘူး အရှက်ရစရာ အဆင်အခြင်မဲ့ လုပ်ရပ်လို့ပဲ  မြင်ပါတယ်
သူတို့ မွှေးနေတဲ့ မီးဟာ အဲ့ဒီဒေသက  ယောင်္ကျား၊ မိန်းမ ၊ ကလေး ၊ လူကြီး ၊ သက်ကြီးရွယ်အို တွေရဲ့ အသက်ကို ချောက်ကမ်းပါးစွန်းရောက် ပို့နေတဲ့ လုပ်ရပ်ပါ.. 
မယောင်ရာ ဆီလူးနေခြင်းပါ 

*အဲ့လိုသာ လုပ်ကြေးဆိုရင် နာမကျန်းဖြစ်ရင်တောင် 
ဆေး ၀ယ် မသောက်ပါနဲ့ ဆေးရုံဆေးခန်း မသွားပါနဲ့
 မြန်မာနိုင်ငံရဲ့ အဓိက ဆေးရုံဆေးခန်း ဆေးပစ္စည်းတွေကို အိန္ဒိယ နိုင်ငံက အဓိက တင်သွင်းပြီး 
ရန်ကုန်ကနေ လက်ကားဖြန့်နေတာ ဘယ်ဘာသာဝင်တွေလည်း မသိရင် စုံစမ်းကြည့်ပါ

* ကားတွေ ဆိုင်ကယ်တွေ မစီးပါနဲ့ ဘာလို့လည်းဆိုတော့ ကမ္ဘာကို ရေနံတင်ပို့ ရောင်းချ နေတဲ့ အဓိက နိုင်ငံကြီး ၁၀ နိုင်ငံမှာ ၅ နိုင်ငံက မွတ်စလင်နိုင်ငံတွေပါ 

အရမ်းကို အမျိုးဘာသာ စောင့်ရှောက်ချင်နေတယ်ဆိုလည်း အသက်ပါ အသေခံပြီး လုပ်မယ်ဆိုလည်း အပြတ်သာလုပ်ပါ 

ဟိုမရောက် ဒီမရောက်နဲ့ ဗုဒ္ဓဘာသာ ရဲ့ ပုံရိပ် ပျက်စီးယုံလောက် လုပ်တာတော့ ဗုဒ္ဓဘာသာဝင် တစ်ဦးအနေနဲ့ ပြင်းပြန်းထန်ထန် ရှုံ့ချပါတယ် 

PS * ကျွန်တော် ဒီလို ဘာသာရေးနဲ့ ပတ်သတ်တဲ့ ပို့စ်တွေ ရေးတိုင်း သူငယ်ချင်းတွေကို ထပ်ခါ ထပ်ခါ remind လုပ်ရလေ့ရှိတဲ့ မက်ဆေ့လေး တစ်ခု ထပ်ပြောပါမယ်...  

ကိုယ့်ဗုဒ္ဓဘာသာ တိုင်းပြည်ကွ ဆိုပြီး ပြည်တွင်းက လူနည်းစုကို အနိုင်ကျင့် သမျှ .. မိသားစု စားဝတ်နေရေးကြောင့် မွတ်စလင် နိုင်ငံတွေမှာ တရားဝင်ရော တရားမ၀င်ရော သွားရောက် အလုပ်လုပ်နေကြတဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ မျက်နှာကို နည်းနည်းလောက် ငှဲ့ကြဖို့ သတိရကြဖို့ လိုပါတယ် "

ညီသစ်

ဘားအံက မွတ်စလင် ဆိုင်တွေကို မ၀ယ်ဖို့ လုပ်တယ်ဆိုတဲ့ ကိစ္စကို အစက ကောလဟာလသတင်း တစ်ခု
ထင်နေတာ တကယ်ကြီး ဖြစ်နေတော့ စိတ်မကောင်းဖြစ်မိတယ် ရခိုင်လို ပဋိပက္ခ ဖြစ်ခဲ့တဲ့ နေရာမှာ လုပ်တဲ့ ကိစ္စဆိုရင် ခံသာသေးတယ် ရန်ဖြစ်ထားကြလို့ မခေါ်နိုင် မပြောနိုင် ဖြစ်နေတယ် မ၀ယ်နိုင်ဘူးဆိုတာ သဘာ
ဝ ကျတယ် ဘာမှ မဆိုင်တဲ့ ဘားအံလို နေရာမှာ ဒီလို လှုပ်ရှားမူတွေ လုပ်တယ်ဆိုတော့ ဗုဒ္ဓဘာသာဝင်စစ်
စစ်တွေအတွက် တော်တော်တော့ မျက်နှာပျက်စရာ ကိစ္စပဲ ဒီကိစ္စမှာ ဦးဆောင်ပါဝင်တဲ့လူတွေကို သက်ဆိုင်
ရာက အနည်းနဲ့ အများတော့ ခေါ်ယူ သတိပေးသင့်တယ်

ပြည်ခိုင်ဖြိုးနဲ့ တပ်ကိုယ်စားလှယ်တွေ ကချင်အရေး အင်အားသုံးဖို့ လိုလား

ပြည်ခိုင်ဖြိုးနဲ့ တပ်ကိုယ်စားလှယ်တွေ ကချင်အရေး အင်အားသုံးဖို့ လိုလား
_____________________________________________________

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတာတွေ အဆုံးသတ်စေရေး ရည်ရွယ်ပြီးတော့ နေပြည်တော်မှာ ကျင်းပတဲ့ လွှတ်တော်တွင်း ဒီကနေ့ ဆွေးနွေးကြပါတယ်။ တိုင်းရင်းသား ကိုယ်စားလှယ်တွေကတော့ မြန်မာအစိုးရတပ်တွေနဲ့ ကချင်တိုင်းရင်းသား လက်နက်ကိုင်တွေကြားမှာ တိုက်ခိုက်မှုတွေကို နိုင်ငံရေးအရ အဖြေရှာကြဖို့ အကြံပြုဆွေးနွေးခဲ့ကြပေမဲ့ အာဏာရပါတီနဲ့ စစ်တပ်ကိုယ်စားလှယ်တွေကတော့ အင်အားသုံး နှိမ်နင်းဖို့ လိုလားနေကြတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။ ဒီကနေ့ လွှတ်တော်ထဲမှာ အချေအတင် ဆွေးနွေးခဲ့တာတွေကိုတော့ ကိုအောင်လွင်ဦး က ပြောပြပေးမှာပါ။
မြန်မာအစိုးရတပ်ဖွဲ့တွေနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တို့ကြား တိုက်ခိုက်မှုတွေ နေ့စဉ်ရက်ဆက်ဆိုသလို ဖြစ်ပွားနေတာတွေ အဆုံးသတ်စေရေး ရည်ရွယ်ပြီး အမျိုးသားလွှတ်တော်မှာ တင်သွင်းတဲ့ အဆိုတရပ်ကို ဆွေးနွေးကြတာပါ။ ကချင်တိုင်းရင်းသား ကိုယ်စားလှယ် ဦးခက်ထိန်နန် တင်သွင်းလာတဲ့ အဆိုကို တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်တွေ ဆွေးနွေးကြရာမှာတော့ မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီးနောက် ကြုံခဲ့ရတဲ့ လက်နက်ကိုင် ပဋိပက္ခတွေဟာ အစိုးရ အဆက်ဆက် လက်ထက် ပြေလည်အောင် မဖြေရှင်းနိုင်ခဲ့တဲ့ နိုင်ငံရေး အကျိုးဆက်အဖြစ် ဆွေးနွေးခဲ့ကြတာပါ။ ကချင်ပြည်နယ်က အခုနောက်ဆုံး ပဋိပက္ခတွေ အဆုံးသတ်ဖို့ ဆိုရင်လည်း တွေ့ဆုံဆွေးနွေးတဲ့ နည်းလမ်းကသာ အဖြေရနိုင်မယ်လို့ တိုင်းရင်းသား ကိုယ်စားလှယ်တွေက ယုံကြည်ကြတဲ့အကြောင်း ကိုယ်တိုင် ၀င်ရောက် ဆွေးနွေးခဲ့တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဌ ဒေါက်တာအေးမောင် က ပြောပါတယ်။

“အဓိကကတော့ ပြည်တွင်းစစ်ကို ရပ်စေချင်တာပေါ့၊ ဒီပြဿနာကို ဖြေရှင်းဖို့ တစ်ခုတည်းသော နည်းလမ်းဟာ တွေ့ဆုံညှိနှိုင်းဖြေရှင်းနည်းပဲ ဆိုတဲ့သဘောကို ဆွေးနွေးကြပါတယ်။ ဒါကျနော်တို့ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးကြတယ်။ တော်တော်များများ အဲ့ဒီ့အမြင်နဲ့ပါ။ နောက်တော့ ပြည်ခိုင်ဖြိုးပါတီဘက်က တချို့၊ တပ်မတော်အငြိမ်းစားပုဂ္ဂိုလ်တွေကတော့ဖြင့် အပြုတ်ချေမှုန်းရေးဆိုတဲ့ ဦးတည်ချက်ဘက်ကို သွားတယ်လို့ယူဆပါတယ်။ ကျနော်တို့ဆွေးနွေးတဲ့အခါမှာကျတော့ ဒီနယ်မြေကို ခဏတာ အောင်လံစိုက်ပြီးခါမှ သိမ်းရုံနဲ့ ထာဝရ ငြိမ်းချမ်းရေးကို မရနိုင်ဘူး။ နယ်မြေစိုးမိုးရေးကို မရနိုင်ဘူးဆိုတာ ကျနော်တို့ ဆွေးနွေးခဲ့ပါတယ်။ ထာဝရ ငြိမ်းချမ်းရေးကို ရဖို့အတွက် ကျနော်တို့ နိုင်ငံရေးအားဖြင့် တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာတဲ့ယဉ်ကျေးမှု တည်ဆောက်ဖို့လိုတယ်ဆိုတဲ့ အဲ့တာလေးနဲ့ ကျနော်တို့ ဆွေးနွေးပါတယ်။”

 ကြာသပတေးနေ့က လွှတ်တော်တွင်း ဆွေးနွေးစဉ်မှာလည်း စစ်တပ် ကိုယ်စားလှယ်တွေနဲ့ စစ်မှုထမ်းဟောင်း ကိုယ်စားလှယ်တွေက အလားတူ စွပ်စွဲချက်တွေနဲ့အတူ ပြဿနာကို အင်အားသုံး ဖြေရှင်းဖို့ ဆွေးနွေးခဲ့ကြတယ်လို့ ဒေါက်တာအေးမောင် ကပြောပါတယ်။
“တပ်မတော်သားတွေဖက်က ဆွေးနွေးတဲ့အခါကျတော့ ပြည်တွင်းဒီစစ်ပွဲနဲ့ပတ်သက်လို့ ကေအိုင်အေ၊ ကေအိုင်အိုတို့ရဲ့ စတင်ပစ်ခတ်မှုတွေ၊ မိုင်းခွဲမှုတွေ၊ အဲ့တာမျိုးတွေကို ချပြပြီးကာမှ ရှင်းတာပေါ့ဗျာ။ တိုင်းရင်းသားတွေဖက်ကတော့ ဟိုဘက်၊ ဒီဘက် အကြောင်းပြနိုင်မှာပဲ စစ်ပွဲဆိုတာ၊ နော် စစ်ပွဲဆိုတာ  အကြောင်းရင်းကို ရှာဖို့လိုတယ်။ အဲ့ဒီ့နည်းဟာ နိုင်ငံရေးအရ ဖြေရှင်းနည်းပဲ။ တကယ်တမ်း ကျနော်တို့ တိုင်းပြည်ကိုသာ စစ်မှန်တဲ့ ပြည်ထောင်စုအဖြစ် တည်ဆောက်မယ်ဆိုရင် နှစ်ပေါင်း ၆၀ကျော် မငြိမ်းချမ်းသေးတာ၊ တိုင်းရင်းသားအချင်းချင်း တိုက်ကြခိုက်ကြ ဖြစ်ကြတာ၊ အမှန်တော့ ကျနော်တို့ပြန်လည်သုံးသပ်ဖို့ လိုပြီ။ ကျနော်တို့ တွေ့ဆုံညှိနှိုင်း အဖြေရှာပြီးကာမှ ပြည်ထောင်စုကို တည်ဆောက်ဖို့ လိုပြီဆိုတာကို ကျနော်တို့ကို ပြန် တပ်လှန့်လိုက်တဲ့ သဘောပါပဲလို့ ဆွေးနွေးကြပါတယ်။ အကုန်လုံး ငြိမ်းချမ်းရေးကို ရစေချင်တယ်။ ဦးခတ်ထိန်နန်အဆိုတင်သွင်းတဲ့ အချက်သုံးချက်လုံးကို တိုင်းရင်းသားလွှတ်တော်အမတ်တွေက ထောက်ခံခဲ့ကြပါတယ်။ ” 

ကချင်ပြည်နယ် ပဋိပက္ခနဲ့ ပတ်သက်လို့ အမျိုးသား လွှတ်တော်မှာ သောကြာနေ့အထိ ဆက်လက် ဆွေးနွေးဦးမှာပါ။-(VOA) (24-1-2013)

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတာတွေ အဆုံးသတ်စေရေး ရည်ရွယ်ပြီးတော့ နေပြည်တော်မှာ ကျင်းပတဲ့ လွှတ်တော်တွင်း ဒီကနေ့ ဆွေးနွေးကြပါတယ်။ တိုင်းရင်းသား ကိုယ်စားလှယ်တွေကတော့ မြန်မာအစိုးရတပ်တွေနဲ့ ကချင်တိုင်းရင်းသား လက်နက်ကိုင်တွေကြားမှာ တိုက်ခိုက်မှုတွေကို နိုင်ငံရေးအရ အဖြေရှာကြဖို့ အကြံပြုဆွေးနွေးခဲ့ကြပေမဲ့ အာဏာရပါတီနဲ့ စစ်တပ်ကိုယ်စားလှယ်တွေကတော့ အင်အားသုံး နှိမ်နင်းဖို့ လိုလားနေကြတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။

တရား သူကြီးများ ကျမ်းသစ္စာ ကျိန်ဆိုရန် တိုက်တွန်း

ရန်ကုန်၊ ဇန်နဝါရီလ ၂၄

ပြည်သူ လူထု၏ ယုံကြည်မှု ရရှိ စေရန်နှင့် တရား စီရင်ရေး တွင် ဖြောင့်မတ် မှန်ကန် စေရန် တရား သူကြီးများ တရားခွင် တက်တိုင်း ကျမ်းသစ္စာ ကျိန်ဆိုရန် တိုက်တွန်း ကြောင်း ပုသိမ် မဲဆန္ဒနယ် မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောကြားသည်။ ယင်း အဆိုကို ဇန်နဝါရီလ ၂၃ ရက်နေ့က ပြုလုပ်သည့် ပထမ အကြိမ် ပြည်သူ့ လွှတ်တော် ဆဌမ အကြိမ် ပုံမှန် အစည်း အဝေး တွင် ၄င်းက အဆို တင်ခဲ့ခြင်း ဖြစ်သည်။