Pages

Sunday, January 20, 2013

လုပ်ငန်းရှင်တစ်ဦးဖျက်လို့ပျက်ခဲ့ရတဲ့ တရားဥပဒေစိုးမိုးရေးသတင်းစာရှင်းလင်းပွဲ မြန်မာဂျာနယ်နက်ဝပ် ခန်းမမှာအောင်မြင်စွာကျင်းပပြီးစီး

လုပ်ငန်းရှင်တစ်ဦးဖျက်လို့ပျက်ခဲ့ရတဲ့ တရားဥပဒေစိုးမိုးရေးသတင်းစာရှင်းလင်းပွဲ မြန်မာဂျာနယ်နက်ဝပ် ခန်းမမှာအောင်မြင်စွာကျင်းပပြီးစီး

January 20, 2013  Home, သတင်း 

၃ ရက်နေ့က တော်ဝင်နှင်းဆီမှာ လုပ်ငန်းရှင်တစ်ဦးရဲ့ နှောက်ယှက်မှုကြောင့်ပွဲပျက်သွား ခဲ့ရတဲ့ “တရားဥပဒေစိုးမိုးရေးအား စိန်ခေါ်နေမှုများ” သတင်းစာရှင်း လင်းပွဲဟာ (၁၅.၁.၂၀၁၃) နေ့  မှာတော့ (၃၆) လမ်းရှိမြန်မာဂျာနယ်နက်ဝပ်မှာ MDCF အဖွဲ့နဲ့ အလုပ်သမားသမဂ္ဂတို့ပူးပေါင်းပြီး အောင်မြင်စွာကျင်းပနိုင်ခဲ့ကြပါ တယ်။
အခမ်းအနားကိုမြန်မာမီဒီယာတစ်ရာကျော်တက်ရောက်သတင်း ယူကြပြီး တိုင်းပြည်မှာတရားဥပဒေ  စိုးမိုးရေးကို စိန်ခေါ်နေတဲ့ကိစ္စ အရပ်ရပ်နဲ့ စိန်ခေါ်နေတဲ့သူတွေ အကြောင်းကို ကိုထင်ကျော်နဲ့ ကိုဇာနည်တို့က ရှင်းလင်းတင်ပြ ကြပါတယ်။ ပုဒ်မ ၁၈ နဲ့ ပုဒ်မ ၅၀၅ (ခ) တို့ဟာ နိုင်ငံမှာ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ် စဉ်ကို နှောက်ယှက်နေတဲ့ သိသာ ထင်ရှားတဲ့အဟန့်အတားဥပဒေ အမိန့်တွေဖြစ်တယ်လို့ကိုဇာနည်  ကပြောကြားလိုက်ပါသည်။
“နိုင်ငံတော်မှာ တရားဥပဒေ စိုးမိုးသွားမှာကိုအကြောက်ဆုံးပုဂ်္ဂိုလ်  တွေကတော့ အခွင့်ထူးခံဗိုလ်ချုပ် တချို့နဲ့ ခရိုနီတွေပါပဲ”လို့ ကုန်ဈေးနှုန်းကျဆင်းရေးကိုထင်ကျော်က ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

ဇော်မြင့်

အေးချမ်းမွန်မှ  The Hot News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

၃ ရက်နေ့က တော်ဝင်နှင်းဆီမှာ လုပ်ငန်းရှင်တစ်ဦးရဲ့ နှောက်ယှက်မှုကြောင့်ပွဲပျက်သွား ခဲ့ရတဲ့ “တရားဥ
ပဒေစိုးမိုးရေးအား စိန်ခေါ်နေမှုများ” သတင်းစာရှင်း လင်းပွဲဟာ (၁၅.၁.၂၀၁၃) နေ့ မှာတော့ (၃၆) လမ်းရှိ
မန်မာဂျာနယ်နက်ဝပ်မှာ MDCF အဖွဲ့နဲ့ အလုပ်သမားသမဂ္ဂတို့ပူးပေါင်းပြီး အောင်မြင်စွာကျင်းပနိုင်ခဲ့ကြပါ တယ်။

ဇန်န၀ါရီ၁၆ရက်နေ့ က ကွယ်လွန်သွားသော အကယ်ဒမီ စိုးသူရဲ့ မိခင်ကို ယနေ့မနက် ၁၁နာရီတွင် ရေဝေးသုသန်သို့ ပို့ ဆောင်ဂူသွင်းသဂြိဟ်


ဇန်န၀ါရီ၁၆ရက်နေ့ က ကွယ်လွန်သွားသော ဒေါ်ခင်သူဇာ (အကယ်ဒမီ စိုးသူရဲ့ မိခင်) အသက်၇၂နှစ် ကို ဇန်န၀ါရီ၂၀ရက်နေ့ မနက်၁၁နာရီတွင် ရေဝေးသုသန်သို့ ပို့ ဆောင်ဂူသွင်းသဂြိဟ်ခဲ့သည်၊

ရန်ကုန် မှ လိုင်ဇာ သို. လမ်းလျှောက်ကြမယ်. လူငယ်အဖွဲ. ရွှေတိဂုံဘုရားမှာ အောင်မြေနင်းပြီး အဓိဌာန်ပြု

ရန်ကုန် မှ လိုင်ဇာ သို. လမ်းလျှောက်ကြမယ်. လူငယ်အဖွဲ.ဟာ ယနေ. နံနက်၁၀း၀၀ နာ၇ီမှာ ရွှေတိဂုံဘုရားမှာ အောင်မြေနင်းပြီး အဓိဌာန်ပြု ကြပါတယ်။
ဇန်န၀ါရီ၂၁ရက်နေ. နံနက် ၇း၀၀ နာရီ မြို.တော်ခန်းမေ၇ှ.မှစတင်ထွက်ခွာမှာပါ။လမ်းလျှောက်မယ် အဖွဲ.မှာ အမာခံ ၁၀ ယောက်ပါမှာဖြစ်ပြီး တစ်နေ.ကို ၁၄နာ၇ီ နီးပါးနဲ. အချိန် တစ်လခွဲ ကျော်ယူပြီးလျှောက်ကြမှာလို. ငြိမ်းချမ်းရေးလိုလားသူလူငယ်များအဖွဲ.ခေါင်းဆောင်ကိုရန်နိုင်ထွန်းကပြောပါတယ်

အေးချမ်းမွန်မှ  Kumudra တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

ရန်ကုန် မှ လိုင်ဇာ သို. လမ်းလျှောက်ကြမယ်. လူငယ်အဖွဲ.ဟာ ယနေ. နံနက်၁၀း၀၀ နာ၇ီမှာ ရွှေတိဂုံဘုရား
မှာ အောင်မြေနင်းပြီး အဓိဌာန်ပြု ကြပါတယ်။ ဇန်န၀ါရီ၂၁ရက်နေ. နံနက် ၇း၀၀နာရီ မြို.တော်ခန်းမေ၇ှ.မှစ
တင်ထွက်ခွာမှာပါ။

KIA ကိုထိုးစစ် ဆင်နေသော မြန်မာတပ်ဖွဲ့များ အရာရှိ ၄ဦးအလောင်းနှင့် အဆင့်လိုက် အရာတမ်းလိုက် တပ်သားများ အစုလိုက်အပြုံလိုက် ကျဆုံး

သေကုန်ပြီဗျို့ (ဖြေးရှင်းကြပါဦး)
၂၀ ရက် ဇန်နာရီလ ၂၀၁၃ ညနေခင် ၃ နာရီ ၂၀ 
ယခု နောက်ဆုံးရသတင်းအရ ခါရာ တောင်ကုန်းနှင့်ဆက်စပ်နေသော ပူခွမ် တပ်စခန်းဘက်သို့ မြန်မာ စစ်ဘက်မှ အင်းအား ၁၀၀ နီပါးဖြင့် အပြင်းထန် ထိုးတက်လာခဲ့ရာ ကေအိုင်အေ တပ်ရင်း ၂၃ မှ စောင့်ကြိုတိုက်ခိုက်လိုက်ရာမှ လက်နက်ငယ် အမ်ဝမ် နှင့် အမ်ဖိုး မြန်မားစစ်တပ်ကိုင် လက်နက်ငယ် ၃၀နှင့် စစ်ပွဲ အတွင်း အတွဲလိုက်ပစ်ခတ်ခြေမုန်းရေး အတွဲလိုက် စစ်သေနပ်တလက်နှင့် လက်ပစ်ဗုံးများ ကျဉ်ဆံများရရှိသည့်အပြင် စစ်အရာရှိ ၄ဦးအလောင်းနှင့် အဆင့်လိုက် အရာတမ်းလိုက် တပ်သားများ၏ အလောင်းများစွာ ပုံကျပြန့်ကျဲနေလျှက်ရှိပါသည်။ ကေအိုင်အေ တပ်ရင်း ၂၃ မှ ဆက်လက်ပြီး ကျဆုံးသွားသော မြန်မာ တပ်မတော်သားများအား မီးသဂြိုနိုင်ရန်ဆောက်ရွက်ပေးနေပြီး မြန်မာ့နေပြည်တော်မှာ သမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ်တို့အား ၄င်းတို့ကြေငြာထားသည့်အတိုင်း စစ်ရပ်ဆိုင်းထားစေလိုကြောင်း ပြောဆိုပါသည်။ စစ်မရပ်စဲပါက မြန်မာ့တပ်မတော် တပ်ရင်းတပ်ဖွဲ့မှ ကျဆုံးမှုများဆက်လက်တိုးပွားလာနိုင်ပြီး မြန်မာ့တပ်မတော်မိသားစုများအနေဖြင့်ရော ကချင်ဒေသ ကျေးရွာသူရွာသားများအနေဖြင့်ရော ဖြေဆယ်မရနိုင်သော ဆုံးရှုံးမှုရလဒ်မှုများကိုသာ နှစ်ဦးနှစ်ဖက်စလုံး ဆက်လက်ရင်ဆိုင်ရဖွယ်သာ ရှိသည်ဟု တင်ပြသတင်းပေးလိုက်ရပါသည်။
ဂိုလ်ရှယ်လေး
သတင်းရေးချိန် ( ၃နာရီ ၂၀ နှင့် ၃နာရီ၃၀ ပြီးသည်)

၂၀ ရက် ဇန်နာရီလ ၂၀၁၃ ညနေခင် ၃ နာရီ ၂၀ယခု နောက်ဆုံးရသတင်းအရခါရာ တောင်ကုန်းနှင့်ဆက်
စပ်နေသော ပူခွမ် တပ်စခန်းဘက်သို့ မြန်မာ စစ်ဘက်မှ အင်းအား ၁၀၀ နီပါးဖြင့် အပြင်းထန် ထိုးတက်လာ
ခဲ့ရာ ကေအိုင်အေ တပ်ရင်း ၂၃ မှ စောင့်ကြိုတိုက်ခိုက်လိုက်ရာမှ လက်နက်ငယ် အမ်ဝမ် နှင့် အမ်ဖိုး မြန်မာ
စစ်တပ်ကိုင် လက်နက်ငယ် ၃၀နှင့် စစ်ပွဲ အတွင်း အတွဲလိုက်ပစ်ခတ်ခြေမုန်းရေး အတွဲလိုက် စစ်သေနပ်တ
လက်နှင့် လက်ပစ်ဗုံးများ ကျဉ်ဆံများရရှိသည့်အပြင် စစ်အရာရှိ ၄ဦးအလောင်းနှင့် အဆင့်လိုက် အရာတမ်း
လိုက် တပ်သားများ၏ အလောင်းများစွာ ပုံကျပြန့်ကျဲနေလျှက်ရှိပါသည်။

တစ်မိနစ် ၇၀ ကျပ်လောက်အထိ ကောက်ခံနေတဲ့ ၅၀၀၀ တန်ငွေဖြည့်ကတ်

တစ်မိနစ် ၇၀ ကျပ်လောက်အထိ ကောက်ခံနေတဲ့ ၅၀၀၀ တန်ငွေဖြည့်ကတ်

၅၀၀၀ တန်ငွေဖြည့်ကတ်များမှာ စက္ကန့်စွန်းများအတွက် မိနစ်စနစ်ဖြင့် ကောက်ခံတဲ့အတွက် ဖုန်းသုံးစွဲသူတွေဟာ တစ်မိနစ်လျှင် ၇၀ ကျပ်ခန့်ထိ ဖြတ်ခံနေရခြင်းဖြစ်တယ်လို့ မုံရွာမြို့ ဖုန်းရောင်းချတဲ့ ကိုယ်စားလှယ်တွေဆီက ကြားသိရပါတယ်။

ဆက်သွယ်ရေးက အသုံးပြုခကောက်ခံတဲ့နှုန်းထားမှာ တစ်မိနစ် ၅၀ ကျပ်ဖြစ်ပေမယ့် ၅၀၀၀ တန် ငွေဖြည့်ကတ်တွေမှာ စက္ကန့်ပိုင်းစွန်းတာတွေအတွက်လည်း တစ်မိနစ်နှုန်းနဲ့ ကောက်ခံနေပါတယ်။ အသုံးပြုမှုကြာချိန်ကို အသေးစိတ်တွက်ချက်မှု မပြုဘဲ မိနစ်မပြည့်လည်း တစ်မိနစ်သတ်မှတ်ပြီး ကောက်ခံတာဖြစ်တယ်။ ဖုန်းခေါ်ဆိုမှုက ၂ မိနစ်နဲ့ ၁၅ စက္ကန့်ကြာတယ်ဆိုရင် ၃ မိနစ်စာ ကောက်ခံသွားမှာဖြစ်တယ်။ ဒီအတွက် အသုံးပြုသူများဖက်က နစ်နာမှုတွေ ဖြစ်နေရတယ်။

ရပ်ကွက်ထဲပြောဆိုနေကြတဲ့ ၅၀၀၀ တန်ငွေဖြည့်ကတ်တွေက ခဏလေးနဲ့ ကုန်တယ်ဆိုတာ ခုလို တိကျမှုမရှိတဲ့ အသုံးပြုခနှုန်းထား ကောက်ခံမှုကြောင့် ဖြစ်ကြောင်း သိရှိရပါတယ်။ သို့ပေမယ့် ပြည်သူအများစုကတော့ ၅၀၀၀ တန်လောက်ပဲ လက်လှမ်းမီတာကြောင့် ထိုကတ်များ အ၀ယ်လိုက်နေဆဲ ဖြစ်ပါတယ်။

အေးချမ်းမွန်မှ  Monywa Times တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

၅၀၀၀ တန်ငွေဖြည့်ကတ်များမှာ စက္ကန့်စွန်းများအတွက် မိနစ်စနစ်ဖြင့် ကောက်ခံတဲ့အတွက် ဖုန်းသုံးစွဲသူ
တွဟာ တစ်မိနစ်လျှင် ၇၀ ကျပ်ခန့်ထိ ဖြတ်ခံနေရခြင်းဖြစ်တယ်လို့ မုံရွာမြို့ ဖုန်းရောင်းချတဲ့ ကိုယ်စားလှယ်
တွေဆီက ကြားသိရပါတယ်။

မိဘပိုင် အိမ်ဝန်းမှ မတရားနှင်ထုတ်ခြင်းခံနေရသဖြင့် ၀ိုင်းသန်းကူညီပေးကြပါရန် ကလေးမြို့နှစ်ဦးမှ ဆန္ဒဖော်ထုတ်

ကလေးမြို့ ပင်လုံ ရပ်ကွက် ပင်လုံလမ်း ကားလေးဝင်းအနီးက အိမ်က မသီတာစိုးနှင့် မရင်ရင်စိုး တို့ညီအစ်မ ၂ ယောက်ပါ။ သူတို့ ရဲ့ ဘဝ ပေးလောကဓံ တရားကတော့ ညီအစ်မ  ၂ ယောက်လူမမယ်အရွယ်မှာ မိခင်အရင်းဟာသူတို့ကိုရော လောကကြီးကို ကျောခိုင်းထွက်ခွါသွားခဲ့ပါတယ်။ တစ်ပင်လဲမူတစ်ပင်ထူဆိုတဲ့ မြန်မာစကားလို သူတို့လေးတွေရဲ့ ဖခင်ဟာ ကျိန်ဇညောင်း ဆိုတဲ့ချင်းအမျိုးသမီးနဲ့ ဂဟေဆက်ခဲ့ပြီး ဒိုးတူဘောင်ဘက် အတူတကွလက်တွဲပြီး မိသား၎ ဦးစီးပွါးရေးရှာဖွေလာခဲ့ကြရာ စံပြရပ်ကွက်မှာ အိမ်တစ်လုံးနှင့်ဓါတ်ဆီဆိုင် ကားတစ်စီး ယခုပင်လုံးလမ်းမတော်မှာအိမ်တစ်လုံး ဖြစ်တည်လာခဲ့ပါတယ်။ အဲဒီနောက်မှာ ဖခင်လုပ်သူဟာလည်း နှုတ်မဆက်ပဲသမီးတို့ကောခိုင်းသွားခဲ့ပြန်ပါတယ်။ နောက်မကြာပါဘူး မိထွေးဖြစ်တဲဒေါ်ကျိန်ဇညောင်းက လည်းအမေအရင်းလိုပဲ လောကကြီးက ထွက်သွားခဲ့ပြန်ပါတယ်။ အဲဒီမှာပဲ သူတို့လေးတွေရဲ့ ဘဝကံကြမ္မာမုန်းတိုင်းကြီးစတင်တိုက်ခိုက်လာပါတော့တယ်။ ဒေါ်ကျိန်ဇညောင်း ရဲ့ မောင် ဖြစ်သူ ကမ်မွန်းမန် မှ အစ်ဖြစ်သူ၏ အမွေများ သူသာရထိုက်ပါတယ် ဟု ဆိုကာ တရားရုံးဖြင့်ခြိမ်းခြောက်လာတဲ့အခါ ကလေးမလေးတွေမှာ အမှုကိုမရင်ဆိုင်တတ်  မဖြေရှင်းတတ် အားကိုးရာ ဘယ်မမြင်ပဲ နားအေးရင်ပြီးရော အမှုရင်မဆိုင်ရရင်ပြီးရောဆိုကာ စံပြ ရပ်ကွက်မှ အိမ်နှင့် ဆီဆိုင် ကားလေးကို ပေးထားခဲ့ပြီး ကားလေးဝင်းအနီးကနယ်မြေ(6) အိမ်အမှတ်(71)အိမ်ကိုရွှေ့ပြောင်းနေထိုင်ကြပါတယ်။ ဒီလိုရွှေ့ပြောင်းနေထိုင်တဲ့အခါ ပြဿနာက ပြီးသွားရော့လားဆိုတော့ ဦးကမ်မွန်းမန် ကသူကိုယ်တိုင်က မလေးရှားမှာသွားနေပြီး ဟိုနိုင်ငံသားအဖြစ်ခံယူပြီး ဒီမှာကျန်နေတဲ့ အမှုပွဲစား  နန်ဇထောင်းအားကျန်နေတဲ့ အိမ်ကိုရအောင်လုပ်ပါ ဟု စေခိုင်းထားခဲ့ပါတယ်။ သူတို့လေးတွေမှာ တစ်ဖက်က စီးပွါးရှာရင်း အိမ်အောက်ထပ်ကိုလည်း ကိုစန်းဝင်းနှင့် ကိုဆန်းဝင်းတို့မိသားစုများအားအိမ်ငှားထားပါတယ်။ အဲဒီတော့ ဘာတွေဆက်ဖြစ်သလဲဆိုတော့ နန်ဇထောင်း ဆိုတဲ့အမှုပွဲစားက ရှေ့နေတွေငှား တရားသူကြီးများနှင့်ပီအောင်ပေါင်းပြီးတရားစွဲပါတယ်။ဒီလိုတရားစွဲတော့ အိမ်ငှားကိုဆန်းဝင်းတို့ ကဒါ မတရားသက်သက် လူပါးဝတာပဲ ဟုဆိုကာ သူတို့လေးတွေဘက်က ရပ်တည်ကူညီဖြေရှင်းပေးပါတယ်။ အဲဒီလို ကူညီဖြေရှင်းပေးတာကို တာဝန်ဝတ္တရားနှောင့်ယှက်မှုဖြင့်ယခု တရားသူကြီးမှ တရားလိုပြုလုပ်ကာ ထောင် ၂လ ချလိုက်ပါတယ်။ကိုဆန်းဝင်း တို့အားထောင်ချပြီး၃ ရက်မြောက်တဲ့နေ့ဒီကလေးမလေးတွေကို အိမ်ပေါ်က နှင်ထုတ်ဖို့ကြိုးပမ်းအားထုတ်တဲ့အခါမှာဘေးကအိမ်နီးချင်းတွေဝိုင်း၍ မအောင်မြင်ပဲ ရှိခဲ့ပါတယ်။ အခုဆိုရင်သူတို့လေးတွေဟာ မိဘပိုင်အိမ် ကိုယ့်အိမ်ကိုပင်ကျီးလန့်စာစားဖြစ်နေကြရရှာလို့ယခုလို့  ကယ်တော်မူကြပါ လို့ ဟစ်အော်တမ်းတာအကူအညီတောင်းခံနေခြင်းဖြစ်ပါတယ်ခင်ဗျား

ကလေးမြို့ ပင်လုံ ရပ်ကွက် ပင်လုံလမ်း ကားလေးဝင်းအနီးက အိမ်က မသီတာစိုးနှင့် မရင်ရင်စိုး တို့ညီအစ်မ ၂ ယောက်ပါ။ သူတို့ ရဲ့ ဘဝ ပေးလောကဓံ တရားကတော့ ညီအစ်မ ၂ ယောက်လူမမယ်အရွယ်မှာ မိခင်အ
ရင်းဟာသူတို့ကိုရော လောကကြီးကို ကျောခိုင်းထွက်ခွါသွားခဲ့ပါတယ်။ တစ်ပင်လဲမူတစ်ပင်ထူဆိုတဲ့ မြန်မာ
စကားလို သူတို့လေးတွေရဲ့ ဖခင်ဟာ ကျိန်ဇညောင်း ဆိုတဲ့ချင်းအမျိုးသမီးနဲ့ ဂဟေဆက်ခဲ့ပြီး ဒိုးတူဘောင်
ဘက် အတူတကွလက်တွဲပြီး မိသား၎ ဦးစီးပွါးရေးရှာဖွေလာခဲ့ကြရာ

စပစ်ဖိုင်းယား လေယာဉ် ရှာဖွေရေးလုပ်ငန်း အရာမထင် ဖြစ်ခဲ့သည်ဟုဆို

စပစ်ဖိုင်းယား လေယာဉ် ရှာဖွေရေးလုပ်ငန်း
အရာမထင် ဖြစ်ခဲ့သည်ဟုဆို

 ရန်ကုန်-ဇန်န၀ါရီ၂၀

မင်္ဂလာဒုံလေယာဉ်ကွင်းတွင် မြှပ်နှံထားခဲ့သည်ဟုယူဆရသော 
ဒုတိယကမ္ဘာစစ်လက်ကျန် စပစ်ဖိုင်းယား လေယာဉ် ရှာဖွေရေးလုပ်ငန်းမှာ
အရာမထင် ဖြစ်ခဲ့သည်ဟုရှာဖွေရေးအဖွဲ့ခေါင်းဆောင် David Cundallကပြောသည်။
ရှာဖွေရေးစတင်စဉ်က လေယာဉ်အစိတ်အပိုင်းထည့်သွင်းထားသည်ဟုယူဆရသော ကုန်သေတ္တာ
တစ်လုံးတူးဖော်ရရှိသော်လည်းမည်သည့်လေယာဉ်အစိတ်အပိုင်းမှမပါရှိဘဲ ထပ်မံတူးဖော်ရာတွင်လည်းသဲလွန်စ တစုံတရာမျှမတွေ့ရကြောင်းသိရသည်။ kyl

ရန်ကုန်-ဇန်န၀ါရီ၂၀

မင်္ဂလာဒုံလေယာဉ်ကွင်းတွင် မြှပ်နှံထားခဲ့သည်ဟုယူဆရသော ဒုတိယကမ္ဘာစစ်လက်ကျန် စပစ်ဖိုင်းယား
လယာဉ် ရှာဖွေရေးလုပ်ငန်းမှာအရာမထင် ဖြစ်ခဲ့သည်ဟုရှာဖွေရေးအဖွဲ့ခေါင်းဆောင် David Cundallက

ပြောသည်။

မြိတ်မြို့ အမှတ်(၄) နယ်မြေရဲစခန်းမှ ခြိမ်းခြောက်ပြီး ငွေညှစ်

(၂.၁.၂၀၁၃) ရက်နေ့ နံနက် ၅း၃၀ အချိန်တွင် မြိတ်တောင် နယ်မြေ
မီးသွေးဖောင်း လမ်းနေ ကိုကျော်ထွန်းမှာ ဆိုင်ကယ်ဖြင့် စက်ဝင်းရင် ဦးမြတ်လေးလမ်းအတိုင်း မောင်းနှင်လာရာ (ဂရင်း) မင်္ဂလာ ခန်းမရှေ့ တွင် မင်းမဲ့ စရိုက် အတိုင်း အမည်မသိ လူ(၃)ယောက် မှ ကိုကျော်ထွန်းအား ဝင်ရောက် ထိုးသတ်သဖြင့် ကိုကျော်ထွန်းမှ ပြန်လည် ခုခံနေချိန်တွင် ရဲ(၃)ယောက် ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာသည့် အချိန်တွင် လူရမ်းကား(၃)ယောက်မှာ ထွက်ပြေး တိမ်းရှောင် သွားပြီး ကျန်ခဲ့သော ကိုကျော်ထွန်းအား အမှတ်(၄) နယ်မြေ ရဲစခန်းသို့  ခေါ်ဆောင်၍ ထိပ်တုံးခတ်ပြီး ဦးခေါင်းကို လက်ဖြင့်(၃)ချက်ရိုက်ပါသည်။ 

ရန်ကုန် တိရစ္ဆာန် ဥယျာဉ်အား ထူးကုမ္ပဏီများ အုပ်စုသို့ ငှားရမ်းလုပ်ကိုင်ခွင့် ပြုပြီးနောက်ပိုင်း တိရစ္ဆာန်အသစ် ထည့်သွင်း ပြသနိုင်ခြင်း မရှိ

ရန်ကုန် တိရစ္ဆာန် ဥယျာဉ်အား ထူးကုမ္ပဏီများ အုပ်စုသို့ ငှားရမ်းလုပ်ကိုင်ခွင့် ပြုပြီးနောက်ပိုင်း တိရစ္ဆာန်အသစ် ထည့်သွင်း ပြသနိုင်ခြင်း မရှိ
.........................................................................................................
ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အတွင်းရှိ ခြင်္သေ့လှောင်အိမ် တစ်ခုအား တွေ့ရစဉ်
နိုင်ငံတော် အစိုးရမှ ရန်ကုန် တိရစ္ဆာန်ဥယျာဉ်အား ထူးကုမ္ပဏီများ အုပ်စုသို့ ငှားရမ်းလုပ်ကိုင်ခွင့် ပြုပြီးနောက်ပိုင်း တိရစ္ဆာန်အသစ်များ ထပ်မံထည့်သွင်း ပြသနိုင်ခြင်း မရှိကြောင်း သိရသည်။
ရန်ကုန် တိရစ္ဆာန် ဥယျာဉ်အား ထူးကုမ္ပဏီများ အုပ်စုမှ ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ငှားရမ်းလုပ်ကိုင်ခဲ့ပြီး ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ၀င်ကြေးနှစ်ဆ တိုးမြှင့်ကောက်ခံခဲ့ရာ လာရောက် လည်ပတ်သူဦးရေ သိသိသာသာ လျော့ကျသွားခဲ့ကြောင်း သိရသည်။
“ရန်ကုန် တိရစ္ဆာန် ဥယျာဉ်ကို ထူးကုမ္ပဏီ ယူပြီးနောက်ပိုင်းမှာ တိရစ္ဆာန်အသစ် ထပ်ထည့်တာမျိုး မရှိပါဘူး။ လောလောဆယ် ထပ်ရောက်ဖို့လည်း အစီအစဉ် မရှိသေးပါဘူး” ဟု သစ်တောဦးစီးဌာန၊ တိရစ္ဆာန် ဥယျာဉ်များ ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပါသည်။
လက်ရှိတွင် ရန်ကုန်တိရစ္ဆာန် ဥယျာဉ်၌ နို့တိုက်သတ္တ၀ါ ၄၅ မျိုး၊ ကျေးငှက် သတ္တ၀ါ ၆၈ မျိုး၊ တွားသွား သတ္တ၀ါ ၁၈ မျိုး စုစုပေါင်း ၁၃၁ မျိုးကို ပြသထားပြီး ပြကွက်ပေါင်း ၄၆ ကွက် ရှိကြောင်း သိရသည်။
ထို့ပြင် ရန်ကုန် တိရစ္ဆာန် ဥယျာဉ်မှ တာဝန်ရှိသူ တစ်ဦးကလည်း “စနေ၊ တနင်္ဂနွေနဲ့ အစိုးရ ရုံးပိတ်ရက်တွေမှာ ဆိုရင်တော့ လူဦးရေ ပျမ်းမျှ ၄၀၀၀ ကျော်လောက် ၀င်တယ်။ ကြားရက် တွေမှာတော့ တစ်ရက်ကို ၁၀၀၀ လောက်ပဲ ၀င်တယ်” ဟု ပြောပါသည်။
ထူးကုမ္ပဏီများ အုပ်စုသည် ရန်ကုန် တိရစ္ဆာန် ဥယျာဉ် အပါအ၀င် လှော်ကားဥယျာဉ် (ရန်ကုန်)၊ ဆာဖာရီ ဥယျာဉ် (နေပြည်တော်)၊ တိရစ္ဆာန် ဥယျာဉ် (နေပြည်တော်)၊ အမျိုးသား ကန်တော်ကြီးဥယျာဉ် (ပြင်ဦးလွင်)၊ အမျိုးသား အထိမ်းအမှတ်ဥယျာဉ် (ပြင်ဦးလွင်)၊ ရတနာပုံ တိရစ္ဆာန်ဥယျာဉ် (မန္တလေး) တို့ကို ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့မှစ၍ BOT စနစ်ဖြင့် ငှားရမ်း လုပ်ကိုင်ခဲ့သည်။
ရန်ကုန် တိရစ္ဆာန် ဥယျာဉ်အား အများပြည်သူများ အပန်းဖြေ အနားယူနိုင်ရန်၊ ဗဟုသုတ ရှာဖွေနိုင်ရန်၊ ကျောင်းသား ကျောင်းသူများ သတ္တဗေဒနှင့် ရုက္ခဗေဒဆိုင်ရာ ပညာရှာမှီးနိုင်ရန်၊ တောရိုင်းတိရစ္ဆာန် ကျေးငှက်များ ထိန်းသိမ်း ကာကွယ်ရေးအတွက် ပြည်သူလူထုအား စည်းရုံးပညာ ပေးနိုင်ရန်၊ သုတေသန လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် ရှားပါးသော တိရစ္ဆာန် ကျေးငှက်များအား မျိုးဆက် ထိန်းသိမ်းရန်အတွက် သားဖောက် မျိုးပွားရန် ရည်ရွယ် ဖွင့်လှစ်ထားခြင်း ဖြစ်ကြောင်းလည်း သိရသည်။
“အစိုးရကနေ ပုဂ္ဂလိကကို လွှဲလိုက်တာ ၀င်ကြေးတက်တာအပြင် ဘာမှထူးခြားမှု မရှိဘူး။ အကောင် တွေကလည်း နေပြည်တော် တိရစ္ဆာန် ဥယျာဉ်လောက်တောင် မစုံဘူး” ဟု ရန်ကုန် တိရစ္ဆာန် ဥယျာဉ်သို့ လာရောက် လည်ပတ်သည့် မြောက်ဒဂုံ မြို့နယ်တွင် နေထိုင်သူ တစ်ဦးက ဆိုပါသည်။
ရန်ကုန် တိရစ္ဆာန် ဥယျာဉ်ကို ၁၉၀၁ ခုနှစ်တွင် ၀ိတိုရိယ ဘုရင်မကြီး၏ နန်းသက် ၂၅ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ပြည်သူလူထုထံမှ ကောက်ခံရရှိသော အလှူငွေများဖြင့် စတင်တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ယခုအခါတွင် နှစ်ပေါင်း ၁၀၇ ရှိပြီဖြစ်ကြောင်း သိရသည်။
EMG

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အတွင်းရှိ ခြင်္သေ့လှောင်အိမ် တစ်ခုအား တွေ့ရစဉ်နိုင်ငံတော် အစိုးရမှ ရန်ကုန်
တိရစ္ဆာန်ဥယျာဉ်အား ထူးကုမ္ပဏီများ အုပ်စုသို့ ငှားရမ်းလုပ်ကိုင်ခွင့် ပြုပြီးနောက်ပိုင်း တိရစ္ဆာန်အသစ်များ ထပ်မံထည့်သွင်း ပြသနိုင်ခြင်း မရှိကြောင်း သိရသည်။

အင်တာနက်လိုင်းများ၏ ကနဦးတပ်ဆင်ခဈေးနှုန်း ကျဆင်းနေသော်လည်း SkyNet အင်တာနက်လိုင်းမှာ ဈေးနှုန်းအပြောင်းအလဲမရှိသေး

အင်တာနက်လိုင်းများ၏ ကနဦးတပ်ဆင်ခဈေးနှုန်း ကျဆင်းနေသော်လည်း SkyNet အင်တာနက်လိုင်းမှာ ဈေးနှုန်းအပြောင်းအလဲမရှိသေး

Saturday, 19 January 2013 17:29

ပြည်တွင်းရှိ အင်တာနက်လိုင်းများအနေဖြင့် ကနဦးတပ်ဆင်ခနှင့် လစဉ်ကြေးနှုန်းထားများကို လျော့ချလျက်ရှိရာ MPT ADSL, ရတနာပုံ ADSL, RedLink ၏ WiMax, ဖိုင်ဘာ အင်တာနက်လိုင်းများမှာ ဈေးနှုန်းလျော့ချမှုများ ရှိနေသော်လည်း SkyNet အင်တာနက်လိုင်းမှာမူ လက်ရှိအချိန်ထိ ဈေးနှုန်းအပြောင်းအလဲ မရှိသေးကြောင်း စုံစမ်းသိရှိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ADSL အင်တာနက်လိုင်းများ၏ ကနဦးတပ်ဆင်ခများနှင့် လစဉ်ကြေးများအား ၂၀၁၂ ခုနှစ်အောက် တိုဘာလလယ်ပိုင်းတွင် စတင်လျော့ချပေးခဲ့ပြီး ရတနာပုံတယ်လီပို့၏ ADSL အင်တာနက်လိုင်း ကနဦးတပ်ဆင်ခများကိုမူ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှစ၍ ကျပ်ငါးသိန်းမှ ကျပ်တစ်သိန်းသို့ လျော့ချခဲ့ခြင်း ဖြစ်သည်။

''လောလောဆယ်တော့ နှုန်းထားတွေက အပြောင်းအလဲ မရှိသေးပါဘူး။ဈေးနှုန်း လျော့ချဖို့အတွက်ကတော့ လူကြီးတွေ ဆွေးနွေးနေတုန်း ဖြစ်ပါတယ်။ ဒါက Satellite စနစ်ဖြစ်လို့ တခြား အင်တာနက်လိုင်းတွေနဲ့တော့ မတူပါဘူး''ဟု SkyNet MPS မှ ၀န်ထမ်းတစ်ဦးက ပြောပြခဲ့သည်။

SkyNet  အင်တာနက်လိုင်းကို စတင်တပ်ဆင်မည်ဆိုပါက ကျပ် ၁၀ သိန်းနီးပါး ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။ Consumer အသုံးပြုခြင်းအတွက် လစဉ်ကြေးမှာ 128 Kbps ကို ကျပ်လေးသောင်း၊ 256 Kbps ကို ကျပ်ငါးသောင်း၊ 512 Kbps ကို ကျပ်ခြောက်သောင်း၊ 1 Mbps ကို ကျပ်တစ်သိန်း၊ 2 Mbps ကို ကျပ် တစ်သိန်းခွဲ ဖြစ်ကြောင်း သိရသည်။

အေးချမ်းမွန်မှ  Eleven Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

ပြည်တွင်းရှိ အင်တာနက်လိုင်းများအနေဖြင့်ကနဦးတပ်ဆင်ခနှင့်လစဉ်ကြေးနှုန်းထားများကို လျော့ချလျက်
ရှိရာ MPT ADSL, ရတနာပုံ ADSL, RedLink ၏ WiMax, ဖိုင်ဘာ အင်တာနက်လိုင်းများမှာ ဈေးနှုန်းလျော့
ချမှုများ ရှိနေသော်လည်း SkyNet အင်တာနက်လိုင်းမှာမူ လက်ရှိအချိန်ထိ ဈေးနှုန်းအပြောင်းအလဲမရှိသေး
ကြာင်း စုံစမ်းသိရှိရသည်။

မွန်ပြည်နယ် သံဖြူဇရပ်မြို့ စက်သစ် ရပ်ကွက်မီးလောင်မှုနောက်ဆက်တွဲသတင်း

ဇန်န၀ါရီလ ၁၉  ရက်နေ့  ည ၁၁ နာရီ ၅၅ မိနစ်အချိန်တွင် သံဖြူဇရပ်မြို့ စက်သစ် ရပ်ကွက်ရှိ အမှတ် (၁) မြို့ မဈေးအတွင်းရှိ ပလပ်စတစ်ပစ္စည်းဆိုင် တစ်ဆိုင်၏ အပေါ်မှ ဖြတ်ကျော်သွယ်တန်းထားသော လျှပ်စစ်ဝါယာကြိုးရှော့ ဖြစ်ပြီး ထုတ်တန်းမှ တဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
          သံဖြူဇရပ်မြို့ ၊ မြို့ မဈေး မီးလောင်ရာသို့  မော်လမြိုင်မြို့နယ်၊ မုဒုံ မြို့နယ်၊ သံဖြူဇရပ်မြို့ နယ်တို့ မှ မီးသတ်ယာဉ် (၁၂) စီး ၊ ရေသယ်ယာဉ်များ ပြည်သူလူထုအားဖြင့် ငြိမ်းသတ်ခဲ့ရာ ဇန်န၀ါရီလ ၂၀ ရက်နေ့  တနင်္ဂနွေနေ့  နံနက် ၁ နာရီ ၄၅ မိနစ်အချိန်တွင် မီးစွယ်ကြိုးသွားခဲ့သည်။
         မီးလောင်မှု ကြောင့် မြို့ မဈေးကြီးအတွင်းရှိ လျှပ်စစ်ပစ္စည်းဆိုင် (၂၇) ဆိုင်၊ ရွှေဆိုင် (၉၅) ဆိုင်၊ ကုန်ခြောက်ဆိုင် (၄၁) ဆိုင် ၊ အထည်ဆိုင် (၂၁၅) ဆိုင်၊ အခြားပစ္စည်းရောင်းဆိုင် (၇၆) ဆိုင်၊ ဆိုင်ခန်းလွတ် (၁၃၈) ခန်း၊ ပြင်ပဆိုင် (၅) ဆိုင်၊ စုစုပေါင်း (၅၉၇) ဆိုင်မှ ရောင်းကုန်ပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ပြီး ဆုံးရှုံးမှု တန်ဖိုး မသိရှိရသေးကြောင်း နှင့် သေဆုံးမှု ၊ ထိခိုက်ဒဏ်ရာရမှု များမရှိကြောင်း သတင်းရရှိပါသည်။

ဇန်န၀ါရီလ ၁၉ ရက်နေ့  ည ၁၁ နာရီ ၅၅ မိနစ်အချိန်တွင် သံဖြူဇရပ်မြို့ စက်သစ် ရပ်ကွက်ရှိ အမှတ် (၁) မြို့ မဈေးအတွင်းရှိ ပလပ်စတစ်ပစ္စည်းဆိုင် တစ်ဆိုင်၏ အပေါ်မှ ဖြတ်ကျော်သွယ်တန်းထားသော လျှပ်စစ်
ဝါယာကြိုးရှော့ ဖြစ်ပြီး ထုတ်တန်းမှ တဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

၁၉.၁.၂၀၁၃ ရက် ည ၁၀း၃၀ ခန့်တွင် မွန်ပြည်နယ် သံဖြူဇရပ် မြို့မဈေး မီးလောင်ကျွမ်းမှုဖြစ်ပွား

•••••••• ဟာသ မဟုတ်ပါ ••••••••

မွန်ပြည်နယ် သံဖြူဇရပ် မြို့မဈေး မီးလောင်ကျွမ်နေမှု မြင်ကွင်း
.
.
.
.
.
.
.
၁၉.၁.၂၀၁၃ ရက် ည ၁၀း၃၀ ခန့်တွင် စတင်လောင်ကျွမ်းခဲ့ပြီး အချိန်အတော်ကြာ မီးညွှတ်မကျိုးပဲ အားပြင်းစွာလောင်ကျွမ်းခဲ့သည်။ နောက်ဆုံးရသော သတင်းမှာ မြို့မဈေးကြီးတစ်ခုလုံး မီးလောင်ပြာကျသွားပြီဖြစ်ကြောင်း..............

photo:  unknown

မွန်ပြည်နယ် သံဖြူဇရပ် မြို့မဈေး မီးလောင်ကျွမ်နေမှု မြင်ကွင်းဖြစ်ပါတယ်။. ၁၉.၁.၂၀၁၃ ရက် ည ၁၀း၃၀
ခန့်တွင် စတင်လောင်ကျွမ်းခဲ့ပြီး အချိန်အတော်ကြာ မီးညွှတ်မကျိုးပဲ အားပြင်းစွာလောင်ကျွမ်းခဲ့သည်။
နောက်ဆုံးရသော သတင်းမှာ မြို့မဈေးကြီးတစ်ခုလုံး မီးလောင်ပြာကျသွားပြီဖြစ်ကြောင်း.သတင်းရရှိပါ
သည်။

Myanmar Sexy Model Girls's 2013 (Part 8)

Eaindra kyaw zin with hein wai yan
Eaindra kyaw zin with hein wai yan
Myanmar Sexy Model Girls's 2013 (Part 8)

ဇန်န၀ါရီ ၂၀ ရက် ယနေ့မနက် ၉ နာရီ ၅ မိနစ်တွင် ခါရာ ဒေသတောင်ကြော (လိုင်ဇာနှင့် ၅မိုင်ဝန်းကျင်ခန့်) ဝေးသော နေ၇ာတွင် ကေအိုင်အေ နှင့် အစိုးရတပ်များ မြေပြင်တိုက်ပွဲ အပြင်အထန်းဖြစ်နေ

၂၀ ရက် ၁ လပိုင်း ၂၀၁၃ ခုနှစ် နံနက် ၉ နာရီ ၅ မိနစ်
ယနေ့ နံနက် ၉ နာ ၅ မိနစ်တွင် ခါရာ ဒေသတောင်ကြော (လိုင်ဇာနှင့် ၅မိုင်ဝန်းကျင်ခန့်) ဝေးသော နေ၇ာတွင်နေပြည်တော် လက်အောက်ခံ မြန်မာ စစ်တပ်မှ တပ်မ ၁၀၁ မှတပ်ရင်း ၃ ရင်း တပ်မ ၈၈ မှ တပ်ရင်း ၄ ရင်း မပခ တိုင်းမှ တပ်ရင်း ၃ ရင်း စကခ (၃)မှ တပ်၇င်း ၂ ရင်း စုစုပေါင်း တပ်း၇င်း ၁၁ ခု လူအင်အား၅၀၀မှ ၆၀၀ ထိရှိပြီး ထိုးစစ်ဆင်လာသောကြောင့် ကေအိုင်အေ နယ်မြေစောင့်ကြပ်တားဆီးေ၇း တပ်ဖွဲ့များနှင့် လက်၇ှိ တိုက်ပွဲများမြေပြင်တွင် အကြီးအကျယ်ဖြစ်ပွားလျှက်ရှိပြီး စစ်ရေးအရှိန်အား မြန်မာစစ်တပ်ဘက်မှ ထပ်မံ တိုးမြင့်လာသည်။
ခါရာ တောင်ကြောပေါ်တ၀ိုက်တွင် စစ်တိုက်လေယာဉ်အတွက် ရှေ့ပြေးကင်းထောက်လေယာဉ်က ၉နာ၇ီ မိနစ် ၂၀ တွင် အပေါ်မှ ပျံဝဲနေပြီး မကြာခင် စစ်တိုက်လေယာဉ်များ ရောက်ရှိလာနိုင်ပြီး ဗုံးကျဲမှုများ ဖြစ်ပေါ်လာမည်ဟု လက်ရှိ တိုက်ပွဲအတွင်းရောက်နေသော အေဘီအက်ဒီအက်ဖ်(မြောက်ပိုင်းမှ) တာဝန်ရှိသူ တဦးက ပြောသည်။
ယခုလက်ရှိအခြေနေဖြစ်ပေါ်နေသော တိုက်ပွဲများအရ "နေပြည်တော်မှ သမ္မတ ဦးသိန်းစိန်က ခံစစ် ခံစစ်ဟု နိုင်ငံတကာတွင် ၀ါဒဖြန့်ပြောဆိုနေမှုသည် လက်တွေ့တွင် ခံစစ်မဟုတ်ရပဲ ကြီးမားသော ထိုးစစ်များကိုသာ လုပ်နေပါတယ်" ဟု ရှေ့တန်းတွင် ထိပ်တိုက်ရင်ဆိုင်နေရသော ကေအိုင်အေ ဗိုလ်ကြီး အဆင့်ရှိသူက ပြောကြားပါသည်။
ယခုလက်ရှိ ရင်ဆိုင်တိုက်ပွဲဖြစ်နေသောအနေထားအရ ခါ၇ာ တောင်ကြောမှ လိုင်ဇာသို့ တိုက်ရိုက် ပစ်ခတ် ထိုးဖေါက် ၀င်ရောက်သိမ်းပိုက်ရန် ရှိနေပါကြောင်း တင်ပြပါသည်။
သတင်းရင်းမြစ်
လိုင်ဇာ
ဂိုလ်ရှယ်လေး တင်ပြပေးပို့ပါသည်။
သတင်းရေးချိန် နံနက် ၉နာရီ ၄၀ မိနစ်၊ ၂၀ရက် ဇန်နာဝရီလ ၂၀၁၃

၂၀ ရက် ၁ လပိုင်း ၂၀၁၃ ခုနှစ် နံနက်၉ နာရီ ၅ မိနစ် ယနေ့ နံနက် ၉ နာရီ ၅ မိနစ်တွင် ခါရာ ဒေသတောင်
ကြာ (လိုင်ဇာနှင့် ၅မိုင်ဝန်းကျင်ခန့်) ဝေးသော နေ၇ာတွင်နေပြည်တော် လက်အောက်ခံ မြန်မာ စစ်တပ်မှ တပ်မ ၁၀၁ မှတပ်ရင်း ၃ ရင်း တပ်မ ၈၈ မှ တပ်ရင်း ၄ ရင်း မပခ တိုင်းမှ တပ်ရင်း ၃ ရင်း စကခ (၃)မှ တပ်
၇င်း ၂ ရင်း စုစုပေါင်း တပ်း၇င်း ၁၁ ခု လူအင်အား၅၀၀မှ ၆၀၀ ထိရှိပြီး ထိုးစစ်ဆင်လာသောကြောင့် ကေ
အိုင်အေ နယ်မြေစောင့်ကြပ်တားဆီးေ၇း တပ်ဖွဲ့များနှင့် လက်၇ှိ တိုက်ပွဲများမြေပြင်တွင် အကြီးအကျယ်ဖြစ်
ပွားလျှက်ရှိပြီး စစ်ရေးအရှိန်အား မြန်မာစစ်တပ်ဘက်မှ ထပ်မံ တိုးမြင့်လာသည်။

ဟင်္သာတအပြင်ဆေးရုံတွင် ဆေးမှားထိုးလို့ လူနာအသက်ဆုံးရူံး

ဟင်္သာတ၊ ဇန်န၀ါရီ ၂၀။

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ မြိုလယ်ခေါင်ရပ်ကွက် ဘုရာကြီး(၁)လမ်းအတွင်းတွင် ဟင်္သာတဌာနဆိုင်ရာတွေ က ဘယ်လိုမျက်စိနဲ့ ကြည့်ပြီး ဆောက်လုပ်ခွင့်ပြုလိုက်သည်မသိသော “မြသဇင်” အထူးကုဆေးခန်းးသည် အရင် တစ်နှစ်ကျော်လောက်က ဆရာဝန်မလေး ဆေးထိုးမှားလို့ သေတာကို အထူးကုဆရာဝန်ကြီးကြောင့်လို့ လွှဲချတဲ့အမှု့ မှမပြီးသေး၊ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ ဆကာတန်း ရောင်နီဦးဆိုင် မှ လူနာကို တိုက်ဖွိုက်ဆိုပြီး ပိုးသတ်ဆေးတွေ ထိုးသွင်း၊ အစာမစားခိုင်းဘဲ နောက်ရက်တွေမှာ ဆီးထဲ ပိုးတွေလို့ ဆိုပြီး ဆေးသွင်းရာ ဆေးလွန်သွားပြီး တစ်ကိုယ်လုံးမလှုပ်တော့ဘူး၊

ကချင်ရှေ့ တန်းရောက် မြန်မာ့တပ်မတော်သားများရဲ့ သရုပ်အမှန်

သည်ဓါတ်ပုံတွေနဲ့ ပါတ်သက်ပြီး ကျွန်တော် ကိုယ်တိုင်ရိုက်ထားတာမဟုတ်ဘူး ကျောင်းနေဖက်သူငယ်ချင်း ကချင်ပြည်နယ်စစ်ဆင်ရေးကနေ တပ်ပြောင်းပါလို့ မန္တလေးမှာ ပေးခဲ့တာပါ
ဓါတ်ပုံနဲ့ ကြုံခဲ့တဲ့ အဖြစ်အပျက်လေးကို ပြောပြထားတဲ့ အချက်အလက်တွေကို ပြန် share တာပါ ဓါတ်ပုံရိုက်ခဲ့တဲ့ နေရာက မိုးကောင်းကနေ မိုင် ၂၀ ဝေးတယ် မိုးကောင်း-ကာမိုင်း-ဖာကန့် သွားတဲ့လမ်းမှာ ကာမိုင်းတံတား မိုင်းခွဲမယ်လို့ သတင်းရလို့ အရေးပေါ် ချီတက်ရတယ်ဆိုပဲ ည ၈နာရီလောက်ကျတော့ ဒီရွာလေးကိုရောက်တယ် ခဏနားကြတာပေါ့ ချီတက်သွားလာနေရတာဆိုတော့ ညစာသီးသန့်မချက်ဘူးတဲ့ နေ့လည်စာနဲ့ တစ်ခါတည်းတွဲချက်တယ် ညစာကို ဟန်းကောထဲထည့်ပြီးတော့ အဆင်ပြေတဲ့အချိန်စားရတာပေါ့။ ရွာအထွက်နားလေးမှာ ကင်းပတ်ပတ်လည်ချပြီးတော့ နားကြတာ။ ခဏနေတော့ လူလေးယောက်လမ်းလျောက်လာနေတာ ကင်းသားတစ်ယောက်က ဘယ်သူလဲရပ် လို့ အော်လိုက်တာ တစ်ဖွဲ့လုံး သေနတ်နဲ့ ချိန်ပြီးသွားပြီ အဲဒီက အန်တီတစ်ယောက်က သူ့မျက်နှာကို ဓါတ်မီးနဲ့ထိုးပြပြီးတော့ ကျွန်မတို့ပါ ရေလာပို့တာပါ ဒါနဲ့ ဗိုလ်ကြီးတစ်ယောက်က လာလာ အန်တီတို့ လာခဲ့ပါ လို့ လှမ်းခေါ်လိုက်တယ် ရောက်လာတော့ ရေပုံးနှစ်ပုံး အဖွားကတစ်ပုံး အန်တီကတစ်ပုံး ကလေးနှစ်ယောက်ပါလာတယ် ၁၂နှစ်အရွယ် သားလေးတစ်ယောက်နဲ့ ၁၀ နှစ်အရွယ် သမီးလေးတစ်ယောက် ကျွန်မတို့က သည်ရွာကပါ.. ရေဆာလောက်မယ်ထင်လို့ ယူလာတာပါ။ ဒီလိုအချိန်မျိုးမှာ ပင်းပန်းတာနဲ့ တွင်းရေအေးအေးလေး သောက်လိုက်ရရင် ဆိုပြီး အာသီသ ရှိနေကြတာပါ။ ရေလည်းတွေ့ရော သောက်ရတာ အရသာ ရှိလိုက်တာ ဘယ်လိုပြောရမှန်းတောင်မသိဘူး။ သောက်လဲသောက်ပြီးရော အဖွားက မေးတယ် တူလေး ထမင်းစားပြီးပြီလားတဲ့ ကျွန်တော်ကခေါင်းခါလိုက်တယ် ဒါနဲ့ သူ့မြေလေးကို ကချင်စကား တစ်ခွန်းပြောလိုက်တယ် သားလေးက ချက်ခြင်း အိမ်ပြန်သွားရော ဒါနဲ့ ကျွန်တော်က အဖွားကို မေးလိုက်တယ် ဘာဖြစ်လို့လဲ အဖွား အိမ်မှာ ကျန်တဲ့ ထမင်းတွေ ဟင်းတွေယူခိုင်းလိုက်တာ။ ကျွန်တော့်မှာလေ ရင်ထဲမှာ ဆို့နင့်နေအောင် ခံစားလိုက်ရတယ်။ ချက်ခြင်းပဲ ထိုင်ရှိခိုးလိုက်တယ် ပင်ပန်းပြီးတော့ ရေလဲဆာ ဗိုက်လဲဆာ နေတဲ့အချိန်မှာ တအားခံစားရတယ် ကျွန်တော့်မှာ ပြန်ပြီး ဂါရဝပြုစရာ ဘာမှမပါဘူး ဒီအတိုင်းထိုင်ရှိခိုးလိုက်တာ လေးစားလွန်းလို့။ ခဏနေတော့ ရွာဘက်ကနေ သားလေးအပြင် ၁၁ ယောက်လောက် ပါလာတယ် ထမင်းအိုးတွေ ဟင်းခွက်တွေရော ရေပုံးတွေရော ထပ်ရောက် လာတယ် ဒီမှာတင်ပဲ ထိုင်စားလိုက်တာ အားရလိုက်တာ။ ရဲဘော်တွေလဲ ပြုံးစိစိနဲ့ အချင်းချင်းကြည့်နေကြတာ ခဏက ချီတက်ခဲ့ရလို့ မောတာတွေ ဘယ်ရောက်ကုန်လဲ မသိတော့ဘူး။ သိကြတဲ့အတိုင်း အိမ်ထမင်းအိမ်ဟင်း မစားရတာကြာပြီလေ။ ဟန်းကောထဲကထမင်းလဲ ချွေးတရွဲရွဲနဲ့ သိုးနေလောက်ရောပေါ့။ ခရီးဆက်ထွက်မယ်ဆိုတော့ ရဲဘော်တွေက မိသားစုတွေကို ကျေးဇူးတင်တဲ့အကြောင်း ပြောလို့ကို မဝဘူး။ ကျွန်တော်ကလဲ အဖွားကိုကျေးဇူးတင်တဲ့ အကြောင်း ပြောတာပေါ့ အဖွားကလည်း ဘေးကင်းပါစေ၊ ကျန်းမာပါစေ၊ အောင်မြင်ကြီးပွားပါစေ လို့ဆုတွေပေးလို့။ ဒီနေရာမှာ အဖွားလည်း မျက်ရည်ဝဲတယ် ကျွန်တော်လဲ မျက်ရည်ဝဲတယ်ဗျ။ ဒီကြားထဲမှာ အဖွားမေးခဲ့တဲ့ စကားတခွန်းကို အခုထက်ထိမေ့မရဘူး။ “စစ်ပွဲ ဘယ်တော့ပြီးမလဲ” တဲ့ ။

ဒီဓါတ်ပုံနဲ့ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာကို ကျွန်တော့်သူငယ်ချင်း မန္တလေးရောက်တုန်းပြောပြခဲ့တာပါ 
စစ်ဖြစ်ရင် အဖွဲ့ အစည်းတိုင်းက သူ့ဆင်ခြေသူပေးနေကြမှာပဲ နိုင်ငံရဲ့စစ်တပ်က စစ်အသုံးစရိတ်တက်သလို KIA ကပြန်တိုက်ဖို့ ကျည်ဆံတွေ လက်နက်တွေ ရိက္ခာတွေက ကချင်ပြည်နယ်ရဲ့ သယံဇာတတွေပါ။ နောက်ဆုံးတော့ ဒေသခံတိုင်းရင်းသား ပြည်သူတွေပဲနစ်နာတာပါ။

လက်ရှိအခြေအနေနဲ့ မြန်မာ့တပ်မတော်ကလည်း အပစ်အခတ်ရပ်စဲထားပါပြီ KIA အနေနဲ့ ငြိမ်းချမ်းရေး စားပွဲဝိုင်းမှာ ဝင်လာအောင် ကျွန်တော်တို့ပြည်သူတွေ တိုက်တွန်းလိုက်ကြရအောင်။
Photo taken by my friends
Written by Myanmar Flashs 

Phay Sit Gyi

သည်ဓါတ်ပုံတွေနဲ့ ပါတ်သက်ပြီး ကျွန်တော် ကိုယ်တိုင်ရိုက်ထားတာမဟုတ်ဘူး ကျောင်းနေဖက်သူငယ်ချင်း ကချင်ပြည်နယ်စစ်ဆင်ရေးကနေတပ်ပြောင်းပါလို့ မန္တလေးမှာ ပေးခဲ့တာပါဓါတ်ပုံနဲ့ ကြုံခဲ့တဲ့ အဖြစ်အပျက်
လေးကို ပြောပြထားတဲ့ အချက်အလက်တွေပါ ဓါတ်ပုံရိုက်ခဲ့တဲ့ နေရာက မိုးကောင်းကနေ မိုင် ၂၀ ဝေးတယ် မိုးကောင်း-ကာမိုင်း-ဖာကန့် သွားတဲ့လမ်းမှာ ကာမိုင်းတံတား မိုင်းခွဲမယ်လို့ သတင်းရလို့ အရေးပေါ် ချီတက်
ရတယ်ဆိုပဲ ည ၈နာရီလောက်ကျတော့ ဒီရွာလေးကိုရောက်တယ် ခဏနားကြတာပေါ့ ချီတက်သွားလာနေ
ရတာဆိုတော့ ညစာသီးသန့်မချက်ဘူးတဲ့ နေ့လည်စာနဲ့ တစ်ခါတည်းတွဲချက်တယ် ညစာကို ဟန်းကောထဲ 
ထည့်ပြီးတော့ အဆင်ပြေတဲ့အချိန်စားရတာပေါ့။ 

စစ် မှန် သော (ကဗျာ) မောင်တင်မောင် (တောင်ကြီး)

စစ် မှန် သော 
                ..................

မင်း ငါ နေ့ စဉ်

ကြည့်ရှု မြင်သည့်

မှန်ပြင်ဖန်သား  ဘယ် ညာ မှား။

မင်း ရဲ့ ယူ ဆ

ငါ့ တွေး စ ဟာ

မည် မျှ မှန်ထား သိ သ လား။

မှား မှန် မ သိ

လျင် မညှိ ဘဲ

တိုက်မည့် အကြောင်း မရှိ ကောင်း ။

လက် နက် ရှေ့ တင်

တိုက် ပွဲ ဝင်

ပြည်ခွင် ပြည်သား ဒုက္ခ ပွား။

လက် နက် ဘေး ချ

ဆွေးနွေး မှ

ရ ရှိ ငြိမ်းချမ်း  စစ် မဲ့ ပန်း ။

....

မြန်မာနိုင်ငံကြီး စစ်မှန်သော သာယာမှု

များ အမြန်ရရှိပါစေ။

...

မောင်တင်မောင် (တောင်ကြီး)


စစ် မှန် သော
..................

မင်း ငါ နေ့ စဉ်

ကြည့်ရှု မြင်သည့်

မှန်ပြင်ဖန်သား ဘယ် ညာ မှား။

မင်း ရဲ့ ယူ ဆ

ငါ့ တွေး စ ဟာ

မည် မျှ မှန်ထား သိ သ လား။

အမေရိကမှာ Facebook ကနေ ဖုန်းအခမဲ့ပြောနိုင်ပြီ

အမေရိကမှာ Facebook ကနေ ဖုန်းအခမဲ့ပြောနိုင်ပြီ 

လူမှုရေးဆိုရှယ် ၀က်ဆိုဒ် Facebook က ၂၀၁၃ မှာ ခြေလှမ်းသစ်တွေ တခုပြီး တခု စတင်နေတာကို တွေ့ ရပါတယ်။ 

“Graph Search” လို့ ခေါ်တဲ့ ကိုယ်လိုချင်တဲ့ သတင်းအချက်အလက် ကို Facebook အတွင်း အလွယ်တကူ ရှာဖွေနိုင်အောင် မိတ်ဆက်အပြီး ၂ ရက် အကြာမှာပဲ  ခြေလှမ်းတခု လှမ်းလိုက်ပါပြီ။
အဲဒါကတော့ ..  အမေရိကမှာရှိတဲ့  iPhones အသုံးပြုသူများအတွက်  အခမဲ့ ဖုန်းခေါ်ဆိုနိုင်တဲ့စနစ်ကို  Facebook Messenger နဲ့ စတင်အသုံးပြုနိုင်ပြီ ဆိုတာပါပဲ။

အသုံးပြုလိုသူတွေအနေနဲ့  iPhone  အတွင်းမှာ  Facebook Messenger ကို ထည့်သွင်းထားရပါမယ်၊ ပြီးတော့ ၀ိုင်ဖိုင် ( Wifi ) သို့ မဟုတ်  ဆယ်လူလာ ဒေတာ ကွန်နက်ရှင် (cellular-data connection)လိုအပ်ပါတယ်။

Facebook  တာဝန်ရှိသူတွေကတော့ ဒီလို အခမဲ့ခေါ်ဆိုတာတွေကို  Andriod နဲ့  BlackBerry ဖုန်း အမျိုးအစားတွေမှာလည်း အသုံးပြုနိုင်အောင်လည်း
ပြင်ဆင်နေပါပြီ။  မကြာခင်မှာ Facebook Messenger နဲ့ ပဲ ဖရီး ဖုန်းခေါ်ဆိုမှုတွေကို ပြုလုပ်နိုင်တော့မှာပါ တဲ့။

iPhone သမားတွေက  Facebook Messenger နဲ့ ဖုန်းခေါ်မယ် ဆိုရင်
- ကိုယ်စကားပြောချင်တဲ့သူရဲ့  နာမည်ကို နှိပ်။
- အပေါ်ဆုံး နဲ့  ညာဘက်ထောင့်က “i “ ဆိုတဲ့ ဟာလေးကို နှိပ်ပြီး “Free Call” ကို ရွေးချယ်လိုက်ရုံပါပဲ။
ဒါဆို  ကိုယ်ဖုန်းပြောလိုသူနဲ့ ကြိုက်သလောက် အခမဲ့ပြောပေတော့။
 ခြွင်းချက်အနေနဲ့ တော့ ဖုန်းခေါ်ဆိုသူအနေနဲ့  သူကိုယ်တိုင်လည်း iPhone အသုံးပြုပြီး ဖုန်းခေါ်ဆိုရမှာ ဖြစ်သလို တဖက်ကလည်း လက်ခံစကားပြောဖို့  iPhone အတွင်းမှာ Facebook Messenger ထည့်သွင်းထားဖို့ လိုအပ်ပါတယ်။

အမေရိကမှာရှိတဲ့ Facebook အသုံးပြုသူများအတွက်တော့ ဒါဟာ သတင်းကောင်းပါပဲ။  သူတို့ဆီက Facebook က မိတ်ဆွေသူငယ်ချင်းများ အခမဲ့ ဖုန်းပြောနိုင်ဖို့ အခွင့်အရေးရပါပြီ။

အာရှဒေသ အပါအ၀င် တခြားနိုင်ငံများမှာတော့ ဒီ ဖရီးဖုန်းခေါ်ဆိုတာမျိုး ဘယ်တော့ ဖြစ်လာမယ် ဆိုတာကို Facebook ကပြောကြားခဲ့ခြင်း မရှိပါဘူး။

အမေရိကရောက် မြန်မာတွေအနေနဲ့ အသုံးပြုချင်တယ်ဆိုရင်တော့ Facebook Messenger ကို အောက်ပါ လင့် မှာ သွားရောက် ဒေါင်းယူနိုင်ပါတယ်။

> https://itunes.apple.com/en/app/facebook-messenger/id454638411?mt=8 <

ဧရာဝတီ

လူမှုရေးဆိုရှယ် ၀က်ဆိုဒ် Facebook က ၂၀၁၃ မှာ ခြေလှမ်းသစ်တွေ တခုပြီး တခု စတင်နေတာကို တွေ့ ရ
ပါတယ်။ “Graph Search” လို့ ခေါ်တဲ့ ကိုယ်လိုချင်တဲ့ သတင်းအချက်အလက် ကို Facebook အတွင်း အလွယ်တကူ ရှာဖွေနိုင်အောင် မိတ်ဆက်အပြီး ၂ ရက် အကြာမှာပဲ ခြေလှမ်းတခု လှမ်းလိုက်ပါပြီ။
အဲဒါကတော့ .. အမေရိကမှာရှိတဲ့ iPhones အသုံးပြုသူများအတွက် အခမဲ့ ဖုန်းခေါ်ဆိုနိုင်တဲ့စနစ်ကို Facebook Messenger နဲ့ စတင်အသုံးပြုနိုင်ပြီ ဆိုတာပါပဲ။

ဖေဖဝါရီ(၁၅)ရက် အမျိုးသားကဇာတ်ရုံတွင် ထပ်မံဖျာ်ဖြေရန် စီစဉ်နေတယ်ဟု ဆိုလာသူ မာမာအေးနှင့် တွေ့ဆုံမေးမြန်းခြင်း

ဖေဖဝါရီ(၁၅)ရက် အမျိုးသားကဇာတ်ရုံတွင် ထပ်မံဖျာ်ဖြေရန် စီစဉ်နေတယ်ဟု ဆိုလာသူ မာမာအေးနှင့် တွေ့ဆုံမေးမြန်းခြင်း

ရန်ကုန်၊ ဇန်နဝါရီ ၁၉။
မေး ။ ။ အခုလက်ရှိ ဒီရသနှလုံးသားပေးဆပ်ပွဲပြီးတော့ ဘာတွေ ဆက်လုပ်ဖြစ်အုံးမလဲဆိုတာကို ပြောပြပေးပါအုံး။
ဖြေ ။ ။ နောက်လ ဖေဖဝါရီ (၁၅)ရက်နေ့ တစ်ပွဲထပ်လုပ်အုံးမယ်။ နာမည်တောင်းထားတုန်း ရှိသေးတယ်။ ကိုယ်ကမစဉ်းစားရသေးဘူး။ နာမည်ကတော့ ပေးရမှာပေါ့။ အမျိုးသားကဇာတ်ရုံမှာ လုပ်ဖြစ်မယ်။

မေး ။ ။ အရင်က ဘယ်လိုပုံစံမျိုးတွေကြောင့် အမေရိကားကို 
ထွက်ခွာ သွားရတယ်ဆိုတာကို သိချင်ပါတယ်။
ဖြေ ။ ။ အန်တီက ဒီကသွားတာက ဘုရားထီးတင်ပွဲ ကိစ္စနဲ့ 
သွားတာပါ။ အင်္ဂလန်က ဘမ်မင်ဂံမှာ ဆရာတော် ဦးရေဝသက ဓမ္မသန္တကဘွဲ့ အမည် ရှိတဲ့ စေတီတစ်ဆူ တည်ပါတယ်။ အဲဒီ
စေတီတော် ဖွင့်ပွဲကို သွားတာ။ ကိုယ့်ရိုးရာ တေးထပ်တေးရတု
တွေ ရွက်ပေးရအောင်သွားတာပါ။ တခြား ဘာအကြောင်းမှမရှိပါဘူး။ 

မေး ။ ။ ထွက်ခွာသွားနောက် အခု ပြန်လည်ရောက်ရှိလာတဲ့
အခါမှာ ဘာတွေကွာခြားတာတွေ တွေ့ရှိရလဲ။
ဖြေ ။ ။ သွားတုန်းကလည်း ဘာမှပြသနာမရှိဘူး။ အဲဒီကနေ
အမေရိကန်ကို သွားလည်ရင်းနဲ့ မပြန်ဖြစ်ဘူးပေါ့။ အခု ပြန် လာတော့ တော်တော်များများတော့ ပြောင်းလဲလာပါတယ်။ အဆောက်အဦးတွေက ပိုများလာတယ်။ ကားတွေပိုပြီတော့ 
ကျပ်လာတယ်။ အဲဒါတော့ မျက်မြင်ပဲပေါ့။ ကျန်တာတွေကတော့ ကိုယ်လည်း အပြင်သိပ်မထွက်ဖြစ်ဘူးဆိုတော့ ဘာပြောရမလဲ 
မသိဘူး။ အနုပညာဘက်ပိုင်းဆို လူငယ်တွေ လွမ်းမိုးသွားတာပေါ့။ လူငယ်လို့ ပြောတာထက် နိုင်ငံတကာရဲ့ ပုံစံတွေက မြန်မာသီချင်း
တွေကို လွှမ်းမိုးသွားပြီလို့ တွေ့ရပါတယ်။ အဲဒါ ထူးရှားတာပါပဲ။

မေး ။ ။ ထွက်ခွာသွားတဲ့ အခါမှာ ဘယ်လိုခံစားမှုတွေ ရှိခဲ့သလဲ။
ဖြေ ။ ။ ထူးပြီး မခံစားရပါဘူး။ ကိုယ်က ဒီလိုပဲ နယ်ခဏခဏ ထွက်တတ်တဲ့ အကျင့်ရှိတာပဲ။ ဗမာပြည်မှာလဲ ဒီကနေဟို၊ ဟိုကနေဒီကို သွားနေတာပဲ။ အခု ဒီအင်္ဂလန်ခရီးကလည်း ခဏတဖြုတ် ကိုယ်ကိစ္စရှိရာ ကိုယ်သွားလုပ်တာပဲ အဲဒီသဘော ပါပဲ။

မေး ။ ။ ဒီအတွက် အခုအချိန် ဒီပြောင်းလဲလာတဲ့ အပေါ် ဘာတွေဆက်လုပ်ဖြစ်မလဲ။
ဖြေ ။ ။ အခုက သီချင်းဆိုတဲ့ သူတစ်ယောက်အနေနဲ့ ဘာမှ
ပြောင်းလဲစရာ မလိုပါဘူး။ ကိုယ့်ရိုးရာကိုယ် တတ်နိုင်သလောက် ထိန်းသိမ်းနိုင်ပြီးတော့ တတ်နိုင်သလောက် ပြန်ပြီးတော့ မတင်
ဖို့ပဲရှိတာပဲ။ ကျန်တဲ့ ခေတ်ပေါ်ပိုင်းကသူကလည်း သူ့ဘာသာသူ ကမ္ဗာကြိုက်တယ်ဆိုပြီးတော့ လုပ်နေကြတာပဲလေ။ ဒီအတွက်လည်း ဒီမိုကရေစီ ကြိုက်ရင်လည်း သူ့ကိုသွား ပြီး တော့ ပြောစရာမလိုပါဘူး။ သို့သော် ကလေးတွေက ကိုယ့်ရဲ့တိုင်းပြည်ရဲ့ ကိုယ့်ရဲ့ ယဉ်ကျေးမှု
ကိုတော့ သိပ်ပြီးတော့ မထိခိုက်ရင် ကောင်းတာပေါ့။ ကိုယ့်ပစ္စည်း
ကိုယ် တန်ဖိုးမထားသလို ဖြစ်သွားမှာကို မဖြစ်စေချင်ပါဘူး။ ဒါပါပဲ။

မေး ။ ။ အခု ဂီတလောကကိုရော ဘယ်လိုမြင်မိလဲ။
ဖြေ ။ ။ ဗမာဆိုတာ ကိုယ့်ရဲ့ရိုးရာပဲပေါ့။ ကိုယ့်ဗမာပုံစံထက် စာရင် နိုင်ငံတကာ ပုံစံတွေက လွှမ်းမိုးသွားတာ တွေ့မြင်မှာပါ။ ဒါကိုပြောတာပေါ့။ နိုင်ငံခြားက ကိစ္စတွေကို မလုပ်ရဘူးလို့ မဆို
ပါဘူး။ တိုးတတ်နေတဲ့ ကာလကြီးမှာ ဘယ်သူမှလည်း မတားဆီး
ချင်ပါဘူး။ သို့သော်လည်း လုပ်သင့်လုပ်ထိုက်တာထက် ပိုလုပ်
လို့ရင် ကိုယ့်အမျိုးသားစိတ်ဓာတ် ပျောက်သွားမှာပေါ့။ အဲဒါတော့ 
ဆင်ခြင်ဖို့ လိုအပ်တယ်လို့ ပြောချင်တာပါ။

မေး ။ ။ အန်တီအေး ဟိုမှာဆို အသံလွှင့်ဌာနမှာ လုပ်တယ်လို့ 
သိရပါတယ်။ အဲဒီက အတွေ့ကြုံကိုလည်း ပြောပြပေးပါအုံး။
ဖြေ ။ ။ ဟိုမှာ အလုပ်လုပ်တယ်ဆိုတာက အမေရိကန်မှာ 
ကိုယ်နေပြီးတော့ ယူကေက ယူလုပ်တဲ့သဘောပါပဲ။ သူတို့
ဆီက အသံလွှင့်တာပိုကောင်းတော့ ရုံးထိုင်ရတာ မဟုတ်ပါဘူး။ အိမ်မှာနေပြီးတော့ ကွန်ပြူတာနဲ့ အသံသွင်းပြီးတော့ Eailနဲ့ ပို့
လိုက်တာပါ။ အဲလိုမျိုး လုပ်လိုက်တာပါ။ ကျန်တဲ့ အလုပ်တွေကို သိစရာလည်း မလိုဘူးလေ။ ကိုယ့်မချိန် ကိုယ့်ကာလလည်း 
မဟုတ်ဘူးလေ။ 

မေး ။ ။ ကိုယ့်တိုင်းပြည်ကို ပြန်လာရတော့မယ်လို့ သိရတဲ့
အချိန်မှာ ဘယ်လိုမျိုး ဝမ်းသာပီတိ ဖြစ်ရလဲ။
ဖြေ ။ ။ ပြန်လာမယ် ဆိုတာကလည်း အစကတည်းက သူများ
ဆီမှာ နေဖို့သွားတာမှ မဟုတ်တာ။ သွားတာကိုက တိုင်းပြည်က
ကျေနပ်လို့ လွှတ်လို့ သွားတာပဲ။ ဘုရားကိစ္စ၊ ကျောင်းကိစ္စ
ဆိုတော့ သူများတွေနဲ့ လွှတ်လို့ ဘယ်ရမလဲ။ ကံအားလျှော်စွာ ကိုယ်ကလည်း ဆရာတော်ကြီးနဲ့ ပထမတစ်ခေါက် အမေရိကကို သွားပြီးလည်ပြီးတော့ ဘုန်းကြီးကျောင်း ကိစ္စတွေ ရန်ပုံငွေ
ကိစ္စတွေ လုပ်ရင်းနဲ့ ကြုံတာကိုး ဆရာတော်ကြီးက သူ ဘုရား
တည်မယ်တဲ့ ပြီးရင် တကာမကြီး အသံလှုမလားဆိုပြီး ပြော
ထားလို့ အဲဒီအဆက်နဲ့ သွားတာပါ။ သက်သက် တခြား
သွားလည်စရာမရှိဘူး။ နေဖို့ဆိုတာလည်း မစဉ်းစားခဲ့ပါဘူး။ 
ဟိုကျမှ ဘုရားပွဲကိစ္စပြီးတဲ့ အခါကျတော့ ဦးလှထွဠ်တို့၊ ဒေါ်ချိုဝေ
လွင်တို့ လိုက်ပြီးတော့လည်တယ်လေ။ ပြန်ဖို့ လုပ်တဲ့အခါကျတော့မှ အမေရိကန်က ပထမ တစ်ခေါက်သွားလည်တဲ့ အခါတုန်းက ခင်ခဲ့တဲ့ မိတ်ဆွေတစ်ယောက်က အလုပ်ထဲမှာ ခုံကျိုးကျလို ခြေထောက် ကျိုးသွားတယ်။ လူမမာကို ဝင်မေးပြီးတော့မှ ဒီဘက်ကနေ လှည့်ပြန်ပါလို့ ပြောတာနဲ့ ကိုယ်ကဝင်လည်လိုက်တာ။ ဒါပဲ။

မေး ။ ။ ပြောင်းလဲလာတဲ့ ဂီတအစည်းအရုံးဘက်ကိုရော
အန်တီအေး ဘယ်လိုမြင်မိလဲ။
ဖြေ ။ ။ ဂီတ အစည်းအရုံးကိစ္စကို ခေါင်းထဲမှာ မရှိသေးပါဘူး။ 
ဆယ်နှစ်မက ဒီဂီတကိစ္စတွေက ပြတ်သွားတာလေ။ သွားခါနီး
မှာလည်း စိတ်ထဲမှာ မချမ်းသာတဲ့ အတွက်ကြောင့် voice 
coard ယူထားတယ်လေ။ ဒါပေမယ် ခုပြန်လုပ်ပေး မယ်လို့ ဆိုထားတာဆိုတော့ သူငယ်ချင်းတွေနဲ့လည်း ပြန်တွေ့ပါတယ်။ ဟိုတလောကလည်း ကန်တော့ပွဲလုပ်တဲ့ဆီကိုလည်း သွားခဲ့
ပါတယ်။ အားလုံးနဲ့ ပြန်တွေ့တဲ့ အခါကျတော့ ဖြစ်နိုင်သမျှ 
အားလုံးကို အကောင်းဆုံးဖြစ်အောင် ကူညီဖို့ စဉ်းစားထား
တာပဲရှိပါတယ်။ တခြား တော့မရှိပါဘူး။

မေး ။ ။ အန်တီအေးအနေနဲ့ ဘယ်တော့လောက်ပြန်ဖို့ 
စိတ်ကူးထားလဲ။
ဖြေ ။ ။ လောလောဆယ်တော့ မတ်လထဲမှာ ပြန်ဖို့ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဆရာတော်ကြီး ဦးဥာဏ်သရတ္တိက သဲအုန်းဆရာတော်ဘုရားက အမေရိကန်က တတ်ဆက်စ်မှာ
ရွှေစည်းခုံဘုရားတစ်ဆူတည်မှာ အဲဒီဘုရားပွဲကို သွားပြီးတော့ ကူညီပါမယ်လို့ ကတိပေးထားတယ်။ 

မေး ။ ။ ဒီနိုင်ငံရေး အမြင်လေးကိုရော ပြောပြပေးလို့ရမလား။
ဖြေ ။ ။ အန်တီအေးက နိုင်ငံရေးမှ မလုပ်တာ မပြောတော့ပါဘူး။ အားလုံးငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြီးဆုံးပါစေလို့ ဆုတောင်းပါတယ်။
 ငြိမ်းချမ်းမှပဲ အစစအရာရာ တိုးတတ်မှာလေ။ မငြိမ်းချမ်းရင် ဘာမှလုပ်လို့မရပါဘူး။ လူမျိုးခြားပဲဖြစ်ဖြစ်၊ နိုင်ငံသားပဲ ဖြစ်ဖြစ်၊ တိုင်းရင်းသားပဲဖြစ်ဖြစ် အားလုံးက တညီတညွှတ်နဲ့ ကိုယ့်နိုင်ငံ ကို ကောင်းအောင်ဝိုင်းလုပ်ကြရင် များများပိုပြီးတော့ အစဉ်ပြေ
မှာပေါ့။ ဒီလိုပဲ မြင်ပါတယ်။ 

မေး ။ ။ အန်တီအေးရဲ့ ကျန်းမာရေးအခြေအနေကို
ပြောပြပါအုံး။
ဖြေ ။ ။ နှလုံးကို ဘိုင်ဘတ်လုပ်ထားရတာပေါ့နော်။ နောက်ပြီး
တော့ ကိုယ်တစ်ခြမ်းလည်း လေဖြတ်ထားတာဆိုတော့
ခြေထောက်အဆစ်လေးတွေမှာ ဂေါက်ရောဂါဖြစ်ချင်တာပေါ့။
ဆေးသောက်နေရတယ်။ 

မေး ။ ။ ပရိသတ်ကို စကားလက်ဆောင် ပြောပါအုံး။
ဖြေ ။ ။ သောတရှင်တွေကိုတော့ ဘာမှပြောနေစရာ မလိုပါဘူး။
သူတို့က ကိုယ့်ကိုမျှော်လင့်နေတယ် ဆိုတာကိုပဲ ဝမ်းသာ စွာနဲ့ပဲ သူတို့ကို ဖျော်ဖြေပေးမယ့် သဘောပဲရှိပါတယ်။ တမ်းတနေတဲ့ ကိစ္စလေးတစ်ခုကို ပြန်လည်ဖြည့်ဆည်း ပေးရတာပဲ ကိုယ်က
ဝမ်းသာပါပြီ။

ရန်ကုန်၊ ဇန်နဝါရီ ၁၉။
မေး ။ ။ အခုလက်ရှိ ဒီရသနှလုံးသားပေးဆပ်ပွဲပြီးတော့ ဘာတွေ ဆက်လုပ်ဖြစ်အုံးမလဲဆိုတာကို ပြောပြပေးပါအုံး။
ဖြေ ။ ။ နောက်လ ဖေဖဝါရီ (၁၅)ရက်နေ့ တစ်ပွဲထပ်လုပ်အုံးမယ်။ နာမည်တောင်းထားတုန်း ရှိသေးတယ်။ ကိုယ်ကမစဉ်းစားရသေးဘူး။ နာမည်ကတော့ ပေးရမှာပေါ့။ အမျိုးသားကဇာတ်ရုံမှာ လုပ်ဖြစ်မယ်။