Pages

Saturday, January 19, 2013

တရုတ် နိုင်ငံမှ မီးခိုးမြူများ တောင်ကိုရီးယား နိုင်ငံအတွင်း ဝင်ရောက်

တရုတ် နိုင်ငံမှ မီးခိုးမြူများ တောင်ကိုရီးယား နိုင်ငံအတွင်း ဝင်ရောက်

တရုတ်နိုင်ငံ ပေကျင်းမှ လေထု ညစ်ညမ်းစေသည့် မီးခိုး မြူများသည် တောင်ကိုရီးယား နိုင်ငံ အတွင်းသို့ ဝင်ရောက် လာခဲ့ကြောင်း တောင်ကိုရီးယား အစိုးရ ဌာနများမှ သုတေသီ များက ပြောကြား ခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် ရက်များ အတွင်းက တောင်ကိုရီးယား ရှိအဓိက မြို့ကြီးများ၏ လေထု အတွင်း၌ ပါဝင်သည့် ဆာဖာ အောက်ဆိုက်နှင့် နိုက်ထရိုဂျင် အောက်ဆိုက် ပမာဏသည် လေထု အတွင်းရှိ သင့်သည့် ပမာဏထက် နှစ်ဆပိုမို များပြားလျက် ရှိသောကြောင့် အာဏာပိုင် များက ကျန်းမာရေး ဆိုင်ရာ သတိပေး ချက်များ ထုတ်ပြန် ခဲ့ရကြောင်း သိရသည်။ တောင်ကိုရီးယား နိုင်ငံ အတွင်းသို့ ဝင်ရောက်လာသော မီးခိုး မြူများသည် တရုတ် နိုင်ငံမှ ဖြစ်ပြီး လေထု ညစ်ညမ်းစေသည့် အရာများနှင့် ရေခိုး ရေငွေ့များ ရောယှက်နေကြောင်း အမျိုးသား ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ သုတေသန ဌာနမှ ညွှန်ကြားရေးမှူး ကင်ဂျောင်ချွန်းက ဆိုသည်။

ပေကျင်းမြို့သည် မကြာ သေးမီက မီးခိုးမြူများ ဖုံးလွှမ်း ခဲ့သောကြောင့် မြို့တော်အတွင်း နေထိုင်သူ များသည် လေထု ညစ်ညမ်းမှုနှင့် ကြုံတွေ့ ခဲ့ရပြီး မီတာ ၂ဝဝ အောက်တွင်သာ မြင်ရသည့် အတွက် လိမ္မော်ရောင် အဆင့်ရှိ သတိ ပေးချက်ကို ပထမဆုံး အကြိမ်အဖြစ် ထုတ်ပြန် ခဲ့ရကြောင်း သိရသည်။

၎င်းမီးခိုး မြူထဲတွင် ပါဝင်သည့် ဒြပ်ထုများသည် အသက်ရှူ ကျပ်ခြင်း ဝေဒနာကို ဖြစ်ပွားစေပြီး မြေသားနှင့် ရေများတွင် ပါဝင်နေသော ဒြပ်ပါဝင်မှု ပမာဏ ကိုလည်း စစ်ဆေးသွားရန် လိုအပ်ကြောင်း သုတေသီ တစ်ဦးက ဆိုသည်။

ထို့ပြင် ယခုလက်ရှိ ဖြစ်ပွားနေသော လေထု ညစ်ညမ်းမှု၊ ကျန်းမာရေး ထိခိုက်မှုနှင့် စပ်လျဉ်း၍ တောင်ကိုရီးယား နိုင်ငံ တစ်နိုင်ငံတည်း မဖြေရှင်းဘဲ အိမ်နီးချင်း နိုင်ငံများ ဖြစ်ကြသည့် ဂျပန် နှင့်တရုတ်တို့ ကပါ ပါဝင်၍ သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်သင့်ကြောင်း Friends of the Earth Korea အဖွဲ့မှ ဒါရိုက်တာ ချွိုင်ဂျွန်ဟိုက ဇန်နဝါရီ ၁၆ ရက်က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြား ခဲ့သည်ဟု သိရသည်။

http://www.myawady.net.mm/allnews/global/item/4785-2013-01-19-08-57-17#.UPpGIp28B8E

အေးချမ်းမွန်မှ  မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

တရုတ်နိုင်ငံ ပေကျင်းမှ လေထု ညစ်ညမ်းစေသည့် မီးခိုး မြူများသည် တောင်ကိုရီးယား နိုင်ငံ အတွင်းသို့ ဝင်ရောက် လာခဲ့ကြောင်း တောင်ကိုရီးယား အစိုးရ ဌာနများမှ သုတေသီ များက ပြောကြား ခဲ့သည်ဟု သိရသည်။

တစ်နာရီ မိုင် ၁၀၀၀ ပြေးမည့် Bloodhound SSC

တစ်နာရီ မိုင် ၁၀၀၀ ပြေးမည့် Bloodhound SSC

Bloodhound SSC ကို ၂၀၁၃-၂၀၁၄ မှာ ဂင်းနစ်စံချိန်တင်မယ့် ကား ဖြစ်ပါ တယ်။

ရည်ရွယ်ချက်က ကမ္ဘာ့အမြန်ဆုံး မြေပေါ်သွား စက်တပ်ယာဉ် ဖြစ်ဖို့ ဖြစ်ပါ တယ်။ ၂၀၀၈ ခုနှစ်က စတင်တည်ဆောက်ပြီး ယခု အပြီးသတ်နေပြီလို့ သိရပါတယ်။ အမြန်ဆုံး တစ်နာရီ မိုင် ၁၀၀၀ (တစ်နာရီ ၁၆၀၉ ကီလိုမီတာ) အထိ မောင်းနှင်မှာ ဖြစ်ပါတယ်။ Rolls-Royce ကုမ္မဏီထုတ် ဂျက်လေယာဉ် က တာဘိုလေစက်တပ် EJ200 အင်ဂျင်၊ Falcon ထုတ် HTP ဟိုင်းဘ ရစ် ရော့ကတ်အင်ဂျင်၊ Cosworth ထုတ် ၂၀၁၀ မော်ဒယ် ဖော်မြူ လာဝမ်း အင်ဂျင် V8 APU အစရှိသဖြင့် ဂျက်လေယာဉ် အင်ဂျင်၊ ရော့ကတ် အင်ဂျင် နဲ့ ဖော်မြူလာဝမ်းက အားအပြင်းဆုံး အင်ဂျင် စုစုပေါင်း သုံးခုတောင် တပ်ဆင်ထားပါတယ်။

ဒါကြောင့် တစ်နာရီ မိုင် ၁၀၀၀ ပြေးဖို့ဆိုတာ အကောင်အထည်ဖော် လာ မယ့် စီမံကိန်း ဖြစ်ပါတယ်။ ယင်း စီမံကိန်းကို လုပ်မယ့်သူကတော့ Bloodhound Project အဖွဲ့ဖြစ်ပြီး ၁၉၉၇ ခုနှစ်ကလည်း တစ်နာရီ ၇၆၃ မိုင်ပြေးတဲ့ ThrustSSC နဲ့ စံချိန် တင်ခဲ့ပါ သေးတယ်။ ကမ္ဘာ့ပထမဆုံး Sound barrier (အသံလိုင်းဖြတ်) ကား အဖြစ် စံချိန်တင်ခဲ့ပါသေးတယ်။

ယခုတစ်ခါတော့ မိုင် ၁၀၀၀ ဖြစ်ပြီး ဖော်မြူလာဝမ်း အင်ဂျင်ထက် ၆ ဆပြင်းတဲ့ အားနဲ့ စံချိနင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
---
Ref: Bloodhound
ရိုးရာလေး မော်တော်ယာဉ်

http://www.yoyarlay.com/science-tech/134-inventions/33922-the-world-fastet-car

အေးချမ်းမွန်မှ  YoYarLay တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

Bloodhound SSC ကို ၂၀၁၃-၂၀၁၄ မှာ ဂင်းနစ်စံချိန်တင်မယ့် ကား ဖြစ်ပါ တယ်။
ရည်ရွယ်ချက်က ကမ္ဘာ့အမြန်ဆုံး မြေပေါ်သွား စက်တပ်ယာဉ် ဖြစ်ဖို့ ဖြစ်ပါ တယ်။ ၂၀၀၈ ခုနှစ်က စတင်တည်ဆောက်ပြီး ယခု အပြီးသတ်နေပြီလို့ သိရပါတယ်။

ကားနှင့်ပတ်သတ်သော ဝန်ဆောင်မှုအားလုံး ရရှိမည့် အကြီးဆုံးကားဈေးကွက် ဖြစ်လာမည့် သီရိမင်္ဂလာဈေးဟောင်း

ကားနှင့်ပတ်သတ်သော ဝန်ဆောင်မှုအားလုံး ရရှိမည့် အကြီးဆုံးကားဈေးကွက် ဖြစ်လာမည့် သီရိမင်္ဂလာဈေးဟောင်း

ရန်ကုန်၊ ဇန်န၀ါရီ ၁၉။

ကားအရောင်းပြခန်းများ၊ ကားအလှဆင်နှင့် ကားအပိုပစ္စည်းများ၊
ကားဝပ်ရှော့များ စသော ပတ်သတ်သော ၀န်ဆောင်မှုများ အား
လုံးကို တစ်နေရာတည်းတွင် ရရှိနိုင်မည့် အကြီးဆုံးကားဈေးကွက်
အဖြစ် သီရိမင်္ဂလာဈေးဟောင်းကို ပြုလုပ်တော့မည်ဖြစ်ကြောင်း
သိရသည်။

“ကျွန်တော်တို့ Farmer Auto ကနေပြီးတော့ သီရိမင်္ဂလာ
ဈေးဟာင်း မြေညီထပ်တစ်ခုလုံးကို နှစ်ရှည် ဌားရမ်းထားပါ
တယ်။ ကျွန်တော်တို့ အခု ကား၁၀၀ကျော်လောက်ကို ပြသ
ထားပါတယ်။ ကျွန်တော်တို့ Show room တွေမှာ နေရာ
အခက်အခဲရှိတယ် ဟိုမှာက ကျယ်တော့ ကားတော် တော် များများပြသဖို့ဆန်.တယ်။ နောက်ပိုင်း ကားအစီးရေ ၅၀၀၊ ၁၀၀၀လောက်ထိထားဖို့တော့ရည်ရွယ်ထားတယ်။ တကယ်လို့
ကျွန်တော်တို့ Show room ဆီမှာ လာပြပြီးရောင်းချင်တဲ့သူတွေ ရှိရင်လည်း ကားပြဖို့ ဝန်ဆောင်ခကိုယူပြီး ရောင်းပေးဖို့တော့
ရှိပါတယ်” ဟု Farmer Auto ကားအရောင်းပြခန်းမှ မန်နေဂျာ ကိုအောင်စည်သူက ပြောကြားသည်။

“ဒီသီရိမင်္ဂလာဈေးဟောင်းမြေနေရာမှာ ကားနဲ့ပတ်သတ်တဲ့
ရောင်းတာ ၊ ၀ယ်တာ ၊ ကားအလှဆင်တာ၊ ကားရေဆေးဆီ
ထိုး၊ ကားဝပ်ရှော့ တွေ အကုန်ဖွင့်လို့ရအောင်စီစဉ်နေပါတယ်။ အခုမြေညီထပ်မှာတော့ Farmer က ကားပြခန်းဖွင့်ထားတယ်။
ကျန်တဲ့ ကားနဲ့ ပတ်သတ်တဲ့ ဆိုင်ခန်းတွေလည်း ဖွင့်ဖို့ပြင်ဆင်
နေကြပြီ။ ဒီဈေးကွက်ကြီးတစ်ခုလုံး စပြီးလှုပ်ရှားနိုင်ရင်တော့
မြန်မာနိုင်ငံမှာ ကားနဲ့ပတ်သတ်ရင် တစ်နေရာတည်းမှာ ရရှိနိုင် တဲ့ ဈေးကွက်ကြီးဖြစ်လာမှာပါ” ဟု သီရိမင်္ဂလာဈေးဟောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ သီရိမင်္ဂလာဈေးဟောင်းတွင် ဖြစ်ပေါ်လာမည့် ကား
ဈေး ကွက်နှင့်ပတ်သတ်ပြီး “ ဒီဈေးကွက်ကို အများကြီး မျှော်လင့် ထားပါတယ်။ ကားနဲ့ပတ်သတ်ရင်တစ်နေရာတည်းမှာ အကုန်
လုပ်နိုင်မယ့် Automobile Shopping Centreကြီး တစ်ခု
ဖြစ်လာဖို့မျှော်လင့်ပါတယ်” ဟု Farmer Auto မှ မနနေဂျာ ကိုစည်သူအောင်က ပြောကြားသည်။

အဆိုပါ ကားဈေးကွက်တွင် ကားအရောင်းပြခန်းများ၊ ကား အလှဆင်ပစ္စည်းဆိုင်ခန်းမျယား၊ ကားဝပ်ရှော့များ အပါအ၀င် စားသောက်ဆိုင် ခန်းများ၊ ကျန်းမာရေးစင်တာနှင့် အလှပြင်
ဆိုင်များကို ဖွင့်လှစ်ရန်လည်းရှိကြောင်း သိရသည်။

ဆုဝေ

အေးချမ်းမွန်မှ The Myanma Age  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

ရန်ကုန်၊ ဇန်န၀ါရီ ၁၉။
ကားအရောင်းပြခန်းများ၊ ကားအလှဆင်နှင့် ကားအပိုပစ္စည်းများ၊ကားဝပ်ရှော့များ စသောပတ်သတ်သော
ဝန်ဆောင်မှုများ အားလုံးကို တစ်နေရာတည်းတွင် ရရှိနိုင်မည့် အကြီးဆုံးကားဈေးကွက်အဖြစ် သီရိမင်္ဂလာ
ဈးဟောင်းကို ပြုလုပ်တော့မည်ဖြစ်ကြောင်းသိရသည်။

ထိုင်းနိုင်ငံမှ ရေပေါ် ရုပ်ရှင်ရုံ

ထိုင်းနိုင်ငံမှ ရေပေါ် ရုပ်ရှင်ရုံ

ပေါ်မှာ ပြုလုပ်ထားတဲ့ ရုပ်ရှင်ရုံ တကယ် ရှိပါတယ်။ ထိုင်းနိုင်ငံ ဖူးခက် ကျွန်းအနီး Kudu Noi ကျွန်းမှာ ပြုလုပ်ထားတာ ဖြစ်ပါတယ်။

တရုတ်ပြည် ရှန်ဟိုင်းမှာ နေထိုင်တဲ့ ဂျာမနီ လူမျိုး ဒီဇိုင်နာတစ်ဦးက သူ့စိတ်ကူးနဲ့ ဖန်တီးထားခြင်း ဖြစ်ပါတယ်။ ယင်းနေရာမှာ ဖူးခက်ကျွန်း ရုပ်ရှင်ပွဲတော်တွေလည်း နှစ်စဉ် ကျင်းပပေးတယ်လို့ ဆိုပါတယ်။ ရာသီဥတုကြောင့် ရေတက်လာရင်လည်း မြှုပ်မသွားနိုင်အောင်၊ ပုံမှန်အတိုင်း ကြည့်လို့ရအောင် အတိမ်အနက်ကိုလညး တွက်ချက်ထားပါတယ်။ အပေါ်မြင့် ယူလို့ ရသလို၊ အောက်လည်း ချလို့ ရပါတယ်။

 ပင်လယ်ရေပြင်ပေါ်မှာ ရုပ်ရှင်ကြည့်လို့ ရအောင် ဖန်တီးပေးလိုက်နိုင်တဲ့ ဂျာမနီ ဒီဇိုင်နာရဲ့  စိတ်ကူးဟာ ကမ္ဘာကျော်သွားပြီး Kudu Noi ကို အလည် လာ သူအများစုဟာ ရေပေါ်က ရုပ်ရှင်ရုံကို လာရောက် အားပေးလျက် ရှိတယ်လို့ သိရပါတယ်။
--
Ref: huffingtonpost
Aung Kham (TSJ team)

http://blog.techspace.com.mm/2013/01/blog-post_18.html

--

ပေါ်မှာ ပြုလုပ်ထားတဲ့ ရုပ်ရှင်ရုံ တကယ် ရှိပါတယ်။ ထိုင်းနိုင်ငံ ဖူးခက် ကျွန်းအနီး Kudu Noiကျွန်းမှာ ပြုလုပ်
ထားတာ ဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်းရှင် ဦးတေဇ ကျောက်မျက်အသင်း ဥက္ကဌအဖြစ်မှ နှုတ်ထွက်

စီးပွားရေးလုပ်ငန်းရှင် ဦးတေဇ ကျောက်မျက်အသင်း ဥက္ကဌအဖြစ်မှ နှုတ်ထွက်

မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးတေဇဟာ အသင်းကနေ နှုတ်ထွက်ခွင့်ကို မနေ့က တောင်းခံခဲ့ပါတယ်။ 

အမျိုးသားလွှတ်တော်မှာ မြန်မာနိုင်ငံရဲ့ ကျောက်မျက်လုပ်ငန်း တင်ပို့ရောင်းဝယ်ရေးဆိုင်ရာ အဆိုတစ်ရပ် ကို ပြီးခဲ့တဲ့ ရက်ပိုင်းက တင်သွင်းခဲ့အပြီး အခုလို နှုတ်ထွက်ခွင့်တောင်းခံခဲ့တာဖြစ်ပါတယ်။

နှုတ်ထွက်ခွင့်တောင်းခံတဲ့စာကို ဦးတေဇက သမ္မတဆီ ပိုခဲ့ပြီး၊ အဆိုတင်သွင်းခဲ့သူ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့မကွေးတိုင်ဒေသကြီး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒုတိယ ဗိုလ်မှူးကြီးဟောင်း ဦးလှဆွေ ဆီကိုလည်း မိတ္တူတစ်စောင် မနေ့က ပေးပို့ခဲ့တယ်လို့ ဦးလှဆွေက အတည်ပြုပြောကြားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၂ခုနှစ်၊ နိုင်ဝင်ဘာလ အမေရိကန်ပြည်ထောင်စုက နောက်ဆုံးကြေညာခဲ့တဲ့ တားမြစ်ပိတ်ဆို့ခံ ရသူ လူပုဂ္ဂိုလ်စာရင်းထဲမှာ ဦးတေဇ နဲ့ ဦးထွန်းမြင့်နိုင် တို့ပါဝင်နေဆဲဖြစ်ပါတယ်။

ဒါကြောင့် ဦးတေဇ က သူ့အနေနဲ့ ဆက်မလုပ်သင့်ဘူးလို့ ယူဆတဲ့အတွက် မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များအသင်း ဥက္ကဌ ရာထူးကနေ နှုတ်ထွက်ခွင့်တောင်းခံခဲ့တာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံ ကျောက်မျက် တင်ပို့ရောင်းဝယ်ရေးလုပ်ငန်းရဲ့ (၆၀)ရာခိုင်နှုန်းဟာ ခရိုနီ လို့ခေါ်နေကြတဲ့ စစ်တပ် နဲ့ အာဏာပိုင်တွေနဲ့ နီးစပ်သူ စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ လက်ထဲမှာ ရှိနေတယ်လို့ သိရပါတယ်။

ဦးတေဇဟာ မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်းရှင်များအသင်းမှာ ဥက္ကဌ သက်တမ်း ၃ကြိမ် ဆက်တိုက် တာဝန်ယူခဲ့ပါတယ်။

မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးတေဇဟာ အသင်းကနေ နှုတ်ထွက်ခွင့်ကိုမနေ့
က တောင်းခံခဲ့ပါတယ်။

မိန်းကလေးတဦးကို အလိုမတူပဲ ၀န်ကြီးဟောင်း ဦးအောင်သောင်း မယားငယ်ပြုထားခြင်း


မိန်းကလေးတဦးကို အလိုမတူပဲ ၀န်ကြီးဟောင်း ဦးအောင်သောင်း မယားငယ်ပြုထားခြင်း

by Vicky Mandra on Saturday, January 19, 2013 at 10:57am

ဝဲလောင်ရွာသူတဦးကို အလိုမတူပဲ ၀န်ကြီးဟောင်း ဦးအောင်သောင်း မယားငယ်ပြုထားခြင်း

အသက် ၇၀ကျော် ၀န်ကြီးဟောင်း ဦးအောင်သောင်းသည် အသက် ၃၀ကျော်
အညာကျေးလက်သူတဦးကို မယားငယ်အဖြစ် တရားမ၀င် အဓမ္မ ပေါင်းသင်းနေသည်ဟုစုံစမ်းသိရသည်။

တရားဝင်မယားကြီး ဒေါ်ခင်ရီရှိပါလျက် အသက် ၇၀ကျော် ၀န်ကြီးဟောင်း
ဦးအောင်သောင်း တရားမ၀င် အလိုမတူပဲ ပေါင်းသင်းနေသည့် မယားငယ်ဖြစ်သူမှာတောင်သာမြို့နယ် ၀ဲလောင်ရွာနေ အသက် ၃၀ကျော် မအေးမို့မို့လှိုင် ဖြစ်သည်။

မအေးမို့မို့လှိုင်နှင့်အခြား မိန်းကလေများကို ၀န်ကြီး
ဦးအောင်သောင်းအိမ်တွင် အိမ်ဖော်လုပ်ရန်ဆိုသည့် ခေါင်းစဉ်ဖြင့်
ဝဲလောင်ရွာမြောက်ဘက် ခံပင်ကွေ့ရွာနေ ဒေါ်ဒေါင်းသမီးနှင့်အဖွဲ့က
လူကုန်ကုးသည့်ပုံစံမျိုးဖြင့် စုဆောင်းပေးခဲ့ခြင်းဖြစ်သည်။

ဦးအောင်သောင်းသည် မအေးမို့မို့လှိုင်ကို အိမ်ဖော်မလုပ်ခိုင်းပဲ
ဝန်ကြီး၏တယ်လီလီဖုန်းကိုင်သူ ကိုယ်ရေးအရာရှီအဖြစ်ထားရှိပြီးနောက်
ဇနိးမယားအဖြစ် သိမ်းပိုက်ခဲ့သည်ဟု မအေးမို့မို့လှိုင်၏
ဆွေမျိုးတဦးကပြောသည်။

အိမ်ဖော်မိန်းကလေး မည်မျှ ဦးအောင်သောင်း
ဖျက်ဆီးခဲံသည်ကိ တိတိကျကျ မသိရသေးသဖြင့် စုံစမ်းနေဆဲဖြစ်သည်။

အသက် ၇၀ကျော် ၀န်ကြီးဟောင်း ဦးအောင်သောင်းသည် မအေးမို့မို့လှိုင်ကို
တရားဝင်မဟုတ်သည့် မယားငယ်သဘော ပေါင်းသင်းပြီး နေပြည်တော်မှာ
တိုက်ခန်းနှင့်ထားသည်ဟု မရေမရာ သတင်းကြားသော်လည်း ၁၀နှစ်ကျော်
ပျောက်ဆုံးနေသည့် မအေးမို့မို့လှိုင်အတွက် ဆွေမျိုးများကစိတ်ပူပြီး
ပြည်ခိုင်ဖြိုးပါတီဥက္ကဌ သမ္မတ ဦးသိန်းစိန်ထံ စာရေးတိုင်မည်ဟု သိရသည်။

မအေးမို့မို့လှိုင်နှင့် ရသည့်ကလေး (ယောကျားလေး) ကို ဦးအောင်သောင်း၏
ရန်ကုန်အိမ်မှာ ထားရှိသည်။ အသက် ၈၀နီးသည့်တိုင် အညာဒေသမှ
မိန်းကလေးများကို ဖျက်ဆီးနေသည့် ဦးအောင်သောင်းကို တောင်သာ နယ်ခံများအော့နှလုံးနာနေသည်ဟု သိရသည်။

Posted From Vicky Mandra

အေးချမ်းမွန်မှ  Thit Htoo Lwin blog တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

အသက် ၇၀ကျော် ၀န်ကြီးဟောင်း ဦးအောင်သောင်းသည် အသက် ၃၀ကျော်အညာကျေးလက်သူတဦး
ကို မယားငယ်အဖြစ် တရားမ၀င် အဓမ္မ ပေါင်းသင်းနေသည်ဟုစုံစမ်းသိရသည်။တရားဝင်မယားကြီး ဒေါ်ခင်
ရီရှိပါလျက် အသက် ၇၀ကျော် ၀န်ကြီးဟောင်းဦးအောင်သောင်း တရားမ၀င် အလိုမတူပဲ ပေါင်းသင်းနေ
သည့် မယားငယ်ဖြစ်သူမှာတောင်သာမြို့နယ် ၀ဲလောင်ရွာနေ အသက် ၃၀ကျော် မအေးမို့မို့လှိုင် ဖြစ်သည်။

MPT သို့

MPT မှ ဂုတ်သွေးစုပ်ခရိုနီကြီးများခင်ဗျား....။

ဖုန်းကဒ်တွေကိုပဲ မတန်တဆဈေးတွေနဲ့ နင်းကန်ရောင်းမနေပါနဲ့အုံး။ services အတွက် အမှန်တကယ်လိုအပ်နေတဲ့ နည်းပညာပိုင်းဆိုင်ရာ အားနည်းချက်တွေကိုလည်း ၀န်ဆောင်မှုအပြည့်ပေးနိုင်အောင် ကြိုးစားပေးပါအုံး။

၁) ဖုန်းပိတ်ထားတဲ့အချိန် (သို့) ဆက်သွယ်မှုဧရိယာပြင်ပရောက်နေတဲ့အချိန်တွေမှာ ၀င်ထားတဲ့အ၀င်ကော (Incoming call) တွေကို ဖုန်းပြန်ဖွင့်တဲ့အချိန်နဲ့ ဖုန်းလိုင်းမိတဲ့အချိန်တွေမှာ notification အနေနဲ့ ပြန်ကြည့်လို့ရနိုင်တဲ့ ၀န်ဆောင်မှု။ (များသောအားဖြင့် ရန်ကုန်ကျော်ရင် လိုင်းမမိတာက များနေတဲ့အတွက် အမှန်တကယ်လိုအပ်ပါတယ်)

၂) ဖုန်းပြောနေတဲ့အချိန်မှာ ၀င်လာတဲ့ Incoming call တွေကို Second call အနေနဲ့ လက်ခံပြောဆိုလို့ရနိုင်တဲ့ (Call waiting) ၀န်ဆောင်မှု။ ဒါမှမဟုတ် ဖုန်းပြောနေတဲ့အချိန်မှာ ၀င်လာတဲ့ Incoming call တွေကို ဖုန်းပြောပြီးတဲ့အချိန်မှာ miss call အနေနဲ့ notification ပြန်လုပ်ပေးတဲ့ ၀န်ဆောင်မှု။

၃) message ပို့ရင် delivery report ကို on ထားတဲ့အခါမှာ တဖက်လူက လက်ခံရရ/မရရ၊ ဖုန်းပိတ်ထားရင်တောင်မှ ပေးပို့ပြီးပါပြီ (delivered) လို့ လိမ်ညာဖြေကြားမှု။ (နိုင်ငံတကာမှာ အရေးကြီးအကြောင်းအရာတွေကို short message အသုံးပြုပြီးပို့ကြသလို တဖက်လူကကျိန်းသေလက်ခံရရှိတယ်ဆိုတာကို ဖုန်းထဲက delivery report ကိုကြည့်ပြီး အမှတ်အသားပြုကြပါတယ်။ ဖုန်းပိတ်ထားရင်တောင်မှ ဖုန်းဖွင့်ပြီး message ကိုဖတ်တဲ့အချိန်မှ delivered ဆိုတဲ့ delivery report ကို ပြပါတယ်။ )

၎) message ပို့လိုက်တဲ့အခါမှာ ပို့တဲ့ဖုန်းထဲကထွက်သွားပြီး ပိုက်ဆံဖြတ်သွားပေမယ့် တဖက်လက်ခံတဲ့ဖုန်းထဲကို မရောက်ရှိဘဲ လမ်းမှာတင်ပျောက်ပြီး ပိုက်ဆံလိမ်လည်ဖြတ်တောက်မှု။

၅) တခါတရံ မနက်ကပို့တဲ့ message ဟာ ညနေမှ လက်ခံတဲ့ဖုန်းထဲကို ၀င်ရောက်လာမှု။ (အရေးကြီးတဲ့အကြောင်းအရာကို message အနေနဲ့ပို့ရင် ဘယ်အချိန်ကပို့ပါတယ်ဆိုပြီး ပို့တဲ့အချိန်ပါထည့်ထည့်ရေးပေးနေရပါတယ်။)


အထက်ပါဝန်ဆောင်မှုတွေကို နိုင်ငံတကာမှာ ကလေးမုန့်ဖိုးလောက်နဲ့ ၀ယ်လို့ရနိုင်တဲ့ ဖုန်းဆင်းကဒ်တခုဝယ်သုံးရင် ပိုက်ဆံထပ်မပေးရဘဲ ၀န်ဆောင်ပေးနေပါတယ်။ နိုင်ငံတကာစံနှုန်းနှင့်အညီ လို့ တွင်တွင်ဆိုနေကြသူများ ဒါလေးတွေကိုလည်း နိုင်ငံတကာစံနှုန်းညီအောင် ကြိုးစားပေးကြပါအုံး။

အေးချမ်းမွန်မှ  Mg Pala တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

ဖုန်းကဒ်တွေကိုပဲ မတန်တဆဈေးတွေနဲ့ နင်းကန်ရောင်းမနေပါနဲ့အုံး။ services အတွက် အမှန်တကယ်လို
အပ်နေတဲ့ နည်းပညာပိုင်းဆိုင်ရာ အားနည်းချက်တွေကိုလည်း ၀န်ဆောင်မှုအပြည့်ပေးနိုင်အောင် ကြိုးစား
ပးပါအုံး။၁) ဖုန်းပိတ်ထားတဲ့အချိန် (သို့) ဆက်သွယ်မှုဧရိယာပြင်ပရောက်နေတဲ့အချိန်တွေမှာ ၀င်ထားတဲ့
အ၀င်ကော (Incoming call) တွေကို ဖုန်းပြန်ဖွင့်တဲ့အချိန်နဲ့ ဖုန်းလိုင်းမိတဲ့အချိန်တွေမှာ notification အနေ
နဲ့ ပြန်ကြည့်လို့ရနိုင်တဲ့ ၀န်ဆောင်မှု။ (များသောအားဖြင့် ရန်ကုန်ကျော်ရင် လိုင်းမမိတာက များနေတဲ့အ
တွက် အမှန်တကယ်လိုအပ်ပါတယ်)

နိုင်ငံတော် သံဃာမဟာ နာယကအဖွဲ့က မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခအား အရည်အချင်း ပျက်ယွင်းသည်ဟု ဆိုကာ မြို့နယ်သံဃာ နာယက အဖြစ်မှ ထုတ်ပယ်


နိုင်ငံတော် သံဃာမဟာ နာယကအဖွဲ့က မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခအား အရည်အချင်း ပျက်ယွင်းသည်ဟု ဆိုကာ မြို့နယ်သံဃာ နာယက အဖြစ်မှ ထုတ်ပယ် 

Friday, 18 January 2013 16:44

နိုင်ငံတော် သံဃာမဟာ နာယကအဖွဲ့က ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ် အရှေ့ပိုင်း မြို့နယ်ရှိ မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခအား အရည်အချင်း ပျက်ယွင်းသည်ဟု ဆိုကာ မြို့နယ် သံဃနာယက အဖြစ်မှ လည်းကောင်း မြို့နယ် သံဃာ့ဝန်ဆောင် အဖြစ်မှ လည်းကောင်း ထုတ်ပယ်ရေး တိုင်းသံဃနာယက အဖွဲ့သို့ ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း သိရသည်။

သံဃာနာယက အဖွဲ့၏ အကျိုးတော်ဆောင်လည်း ဖြစ်သူ ဆရာတော် ဦးပါမောက္ခအား ထုတ်ပယ်သည့် ဆုံးဖြတ်ချက်အား ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နှင့် ၅ ရက် နေ့တို့တွင် ကျင်းပခဲ့သည့် ဆဋ္ဌအကြိမ် နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့၏ ၄၇ ပါး စုံညီ အဋ္ဌာရသမ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဆရာတော် ဦးပါမောက္ခအား ထုတ်ပယ်ရေး ကိစ္စနှင့် ပတ်သက်ြပီး ဇန်န၀ါရီလ ၁၈ ရက် နေ့လည်ပိုင်းက ဗဟန်းမြို့နယ်ရှိ တိုင်းသံဃာ နာယကအဖွဲ့ရုံးသို့ ဆရာတော် ဦးပါမောက္ခအား ခေါ်ယူခဲ့သော်လည်း မြို့နယ် အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသည့် လူပုဂ္ဂိုလ်များ လာရောက်ခြင်း မရှိခြင်းကြောင့်ဟု ဆိုကာ တိုင်းသံဃာ နာယက ဥက္ကဋ္ဌက ဆရာတော် ဦးပါမောက္ခအား ရက်သတ္တပတ် အကြာတွင် ပြန်လည် လာရောက်ရန် ဆုံးဖြတ်ခဲ့သည်။

နိုင်ငံတော် သံဃာနာယက အဖွဲ့မှ ထုတ်ပယ်ခြင်း ခံရသော ဆရာတော် ဦးပါမောက္ခက “နိုင်ငံတော် သံဃာမဟာ နာယကအဖွဲ့က ပြောတဲ့ အရည်အချင်း ပျက်ယွင်းမှု ဆိုရာမှာ မြို့နယ် သံဃာနာယက အရည်အချင်း ၁၀ ချက်ထဲမှာ ဘုန်းကြီးအနေနဲ့ တစ်ချက်မှ ငြှိစွန်းတာမျိုး မရှိဘူး။ ဘုန်းကြီးက မြန်မာနိုင်ငံမှာ OIC ရုံး မစိုက်ထူရန် ဆန္ဒထုတ်ဖော်ခဲ့တယ်။ အဲဒီတုန်းက နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့က ဆန္ဒမထုတ်ဖော်ဖို့ လက်မှတ် ထိုးခိုင်းတယ်။ အဲဒီအချိန်တုန်းက ဘုန်းကြီးက လက်မှတ် မထိုးခဲ့ဘူး။ အဲဒီတုန်းက သူတို့က ပြောတာက မြို့နယ် သံဃာနာယကသည် တိုင်းသံဃာနာယကရဲ့ စကားကို နားထောင်ရမယ်တဲ့။ ဘုန်းကြီးက ဓမ္မ ၀ိနိယနဲ့ ညီရင် ကိုရင်လေးရဲ့ စကားကိုတောင် နားထောင်မှာပါ” ဟု မိန့်ကြားခဲ့ပါသည်။

“ဘုန်းကြီးအနေနဲ့ အမျိုးဘာသာ သာသနာ ကောင်းစားဖို့ လုပ်သင့် လုပ်ထိုက်တာ လုပ်မှာပါ။ အမျိုးဘာသာ သာသနာ စိတ်ဓာတ်ရှိတယ် ဆိုရင် နိုင်ငံတော် သံဃာမဟာ နာယက အဖွဲ့က ဆရာတော်များက မြန်မာနိုင်ငံမှာ OIC ရုံး မစိုက်ထူရန် သူတို့ ကိုယ်တိုင် တားမြစ်ရမှာပါ။ ဘုန်းကြီး အနေနဲ့ကတော့ ဘာသာ သာသနာ အတွက်ဆိုရင် ရာထူးက ထုတ်ပယ် ခံရရုံတင်မက အသက်ပါ သေပါစေ ဆက်လက် လုပ်ဆောင်သွားမှာပါ” ဟု မကွေးဆရာတော် ဦးပါမောက္ခက ဆက်လက် မိန့်ကြားခဲ့ပါသည်။

မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခသည် မြန်မာနိုင်ငံတွင် OIC ရုံး မစိုက်ထူရန်နှင့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ရဟန်းသံဃာတော်များအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အင်အားသုံး နှိမ်နင်းခဲ့သည့် အပေါ် ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည့် ဦးဆောင် သံဃာတော်တစ်ပါး ဖြစ်သည်။

ဗဟန်းမြို့နယ်ရှိ တိုင်းသံဃာ နာယကအဖွဲ့ရုံးသို့ ဆရာတော် ဦးပါမောက္ခ ဇန်န၀ါရီလ ၁၈ ရက်နေ့က ရောက်ရှိလာစဉ်

အေးချမ်းမွန်မှ  Eleven Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ဗဟန်းမြို့နယ်ရှိ တိုင်းသံဃာ နာယကအဖွဲ့ရုံးသို့ ဆရာတော် ဦးပါမောက္ခ ဇန်န၀ါရီလ ၁၈ ရက်နေ့က ရောက်ရှိလာစဉ်
နိုင်ငံတော် သံဃာမဟာ နာယကအဖွဲ့က ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ် အရှေ့ပိုင်း မြို့နယ်ရှိ မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခအား အရည်အချင်း ပျက်ယွင်းသည်ဟု ဆိုကာ မြို့နယ် သံဃနာယက အဖြစ်မှ လည်းကောင်း မြို့နယ် သံဃာ့ဝန်ဆောင် အဖြစ်မှ လည်းကောင်း ထုတ်ပယ်ရေး တိုင်းသံဃနာယက အဖွဲ့သို့ ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း သိရသည်။

ခန္ဓာကိုယ် ကြီးထွား လွန်မှုကို မထိန်းချုပ် နိုင်သူ အမျိုးသမီး ၁၃ နှစ်ကြာ ဝေဒနာ ခံစားပြီး အသက် ၃၄ နှစ်တွင် ကွယ်လွန်

ခန္ဓာကိုယ် ကြီးထွား လွန်မှုကို မထိန်းချုပ် နိုင်သူ အမျိုးသမီး ၁၃ နှစ်ကြာ ဝေဒနာ ခံစားပြီး အသက် ၃၄ နှစ်တွင် ကွယ်လွန်


ကမ္ဘာ့ အဆိုး ရွားဆုံးနှင့် ကြုံတောင့်ကြုံခဲ ဖြစ်သည့် ခန္ဓာကိုယ် ကြီးထွားလွန်မှု ရောဂါခံစား နေရသည့် အမျိုးသမီး တစ်ဦးသည် ၎င်းဝေဒနာအား ၁၃ နှစ်ကြာ ခံစား ခဲ့ရပြီးနောက် ဇန်နဝါရီ ၁၄ ရက်က သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ရောဂါသည် ဆေးပညာ အတွေ့ အကြုံများ အရ ဖြစ်ခေါင့်ဖြစ်ခဲ ရှားရှားပါးပါး အခြေ အနေ တစ်ရပ်ဖြစ်သည်။ အမေရိကန် ပြည်ထောင်စု လက်စ်ဗီးဂတ်စ် မြို့မှ အသက် ၃၄ နှစ် အရွယ် တန်ယာအန်ဂတ်စ် အမည်ရှိ ၎င်းအမျိုး သမီးသည် ငယ်ရွယ် လှပစဉ် အချိန်က သရုပ်ဆောင် တစ်ဦးဖြစ်လာရန် စိတ်ကူး ယဉ်ခဲ့သူ ဖြစ်သည်။ သို့သော် သူမသည် ဆေးပညာ အရ ရှားပါးသည့် ပုံမှန် မဟုတ်သော ခန္ဓာကိုယ် မရပ်မနား ကြီးထွားမှု ရောဂါ၏ ရိုက်ခတ်မှုကို ခံခဲ့ရသည်။

သူမသည် အသက် ၂၁ နှစ် မတိုင်မီ အရပ်မှာ ပုံမှန် ၅ ပေ ၁၁ လက်မသာ ရှိပြီး ကိုယ်အလေး ချိန် ၁၁၅ ပေါင်ရှိကာ သွယ်လျသော ခန္ဓာကိုယ် ရှိသူဖြစ်သည်။ သူမသည် ဖက်ရှင်အလှ ပြပွဲများတွင် ပါဝင် ခဲ့ဖူးပြီး အကကိုလည်း နှစ်သက် ခုံမင်သူ ဖြစ်ကာ သူမ၌ ချစ်သူတစ်ဦး ရှိခဲ့ ဖူးလေသည်။သို့သော် အသက် ၂၁ နှစ် အရောက်တွင် သူမ၏ လက်များ ကြီးထွား လာသည်ကို စတင် သတိထားမိ လာခဲ့သည်။ထို့နောက်တွင် တန်ယာသည် ၂၂ နှစ်သို့ ရောက်ရှိလာသော အခါ သူမ၏ ကိုယ်ခန္ဓာမှာ သုံးလက်မ ပို၍ကြီးထွား လာခဲ့သည်။တန်ယာ၏ ရောဂါမှာ ကင်ဆာ မဟုတ်သော ဂလင်းအကျိတ် အဖုမှ ခန္ဓာကိုယ် ကြီးထွား စေသည့် ဟော်မုန်းများ အလွန်အမင်း ထွက်စေသည့် acromegaly ရောဂါ ဖြစ်သည်ကို အထူးကု ဆရာဝန် တစ်ဦးက  ဖော်ထုတ် နိုင်ခဲ့သည်။

တန်ယာ၏ ပစ်ကျူ ထရီဂလင်း ဝန်းကျင်တွင် အကျိတ် အဖုများ ဖြစ်ပေါ်လာပြီး ၎င်းအကျိတ် အဖုများက သူမ၏ ခန္ဓာကိုယ် တွင်းသို့ ကြီးထွား ဟော်မုန်းများ အဆမတန် ထုတ်လွှတ် မှုကြောင့် ခန္ဓာကိုယ်မှာ အလွန်အမင်း ကြီးထွား လာခဲ့ခြင်း ဖြစ်ကြောင်း ဗြိတိန် နိုင်ငံထုတ် သတင်းစာကြီး တစ်စောင်တွင် ဖော်ပြထားသည်။သူမ၏ ရောဂါ အခြေ အနေသည် မစ်ချီဂန် ပြည်နယ်၌ Walmart ကုမ္ပဏီ၏ ကြီးကြပ်ရေးမှူး တစ်ဦးအဖြစ် တာဝန် ယူစဉ်နှင့် သူမ ချစ်သူနှင့် လမ်းခွဲခဲ့သည့် အချိန်တွင် ပို၍ ဆိုးရွား လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အေးချမ်းမွန်မှ  မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

ကမ္ဘာ့ အဆိုး ရွားဆုံးနှင့် ကြုံတောင့်ကြုံခဲ ဖြစ်သည့် ခန္ဓာကိုယ် ကြီးထွားလွန်မှု ရောဂါခံစား နေရသည့် အမျိုးသမီး တစ်ဦးသည် ၎င်းဝေဒနာအား ၁၃ နှစ်ကြာ ခံစား ခဲ့ရပြီးနောက် ဇန်နဝါရီ ၁၄ ရက်က သေဆုံးခဲ့ကြောင်း သိရသည်။

ဝက်ဘ်နဲ့ အိုင်တီနည်းပညာတွေကို အဓိကထားဖလှယ်တဲ့ ဘားကမ့် ၂ဝ၁၃ကို ရန်ကုန်မြို့၊ လှိုင်မြို့နယ်ရှိ MICT Park မှာ ဒီနေ့ ဇန်နဝါရီ ၁၉နဲ့ ၂ဝရက်နေ့ နှစ်ရက်တိုင်တိုင် ကျင်းပနေ


ဝက်ဘ်နဲ့ အိုင်တီနည်းပညာတွေကို အဓိကထားဖလှယ်တဲ့ ဘားကမ့် ၂ဝ၁၃ကို ရန်ကုန်မြို့၊ လှိုင်မြို့နယ်ရှိ MICT Park မှာ ဒီနေ့ ဇန်နဝါရီ ၁၉နဲ့ ၂ဝရက်နေ့ နှစ်ရက်တိုင်တိုင် ကျင်းပနေပါတယ်။ ဒီကနေ့ ဘားကမ့်
ဖွင့်ပွဲကို မနက် ဂနာရီခွဲကျော်တွင် ဦးခွန်ဦး၊ ဦးသောင်းစုငြိမ်းနဲ့ ကိုရာဗီ တို့က ဖွင့်လှစ်ပေးခဲ့ပါတယ်။

တရားရုံးတွေနဲ့ ပတ်သက်ပြီး အာရှလူ့အခွင့်အရေးကော်မရှင်အဖွဲ့  အိတ်ဖွင့်စာပေးပို့

တရားရုံးတွေနဲ့ ပတ်သက်ပြီး အာရှလူ့အခွင့်အရေးကော်မရှင်အဖွဲ့ အိတ်ဖွင့်စာပေးပို့

မြန်မာနိုင်ငံက တရားရုံးတွေရဲ့ ချို့ယွင်းချက်များ၊ ရဲစခန်းများမှာ တရားခံများကို ပြုမှုဆောင်ရွက်ပုံတွေ၊၊ ရဲသတင်းတပ်ဖွဲ့ရဲ့ တရားဥပဒေမဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး ပြည်သူ့လွတ်တော် ဆပ်ကော်မတီလေးရပ်နဲ့ နိုင်ငံတကာအဖွဲ့အစည်းများ ကို အာရှလူ့အခွင့်အရေးကော်မရှင်အဖွဲ့က အိတ်ဖွင့်ပေးစာတစ်စောင် ဒီကနေ့ နေ့စွဲနဲ့ ပေးပို့လိုက်ပါတယ်။

ဒီစာကို ပေးပို့ရာမှာ ၂၀၁၀ခုနှစ် ရန်ကုန်သင်္ကြန် X20 မဏ္ဍပ်ဗုံးခွဲမှုနဲ့ စွပ်စွဲပြီး အဖမ်းခံရတဲ့ ကိုဖြိုးဝေအောင်ရဲ့အမှုကို ဥပမာပေးပြီး ပေးပို့တာဖြစ်ပြီး၊အိတ်ဖွင့်ပေးစာနဲ့ ပက်သက်လို့ အာရှလူ့အခွင့်အရေးအဖွဲ့က ရှေ့နေဦးမင်းလွင်ဦးက အခုလိုပြောပါတယ်။

"အိတ်ဖွင့်ပေးစာမှာကတော့ ကျနော်တို့ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ တရားရုံးတွေမှာ အမှုစစ်ဆေးတဲ့အခါ မျှတမှန်ကန်မှုမရှိတာတွေ နောက်ပြီးတော့တစ်ခါ ကိုဖြိုးဝေအောင်အနေနဲ့ အမှန်တရားအတွက် ဖွေရှာတဲ့အခါမှာ ထိုက်သင့်တဲ့တရားမျှတမှုကို ခံစားခွင့်မရှိပဲနဲ့ ဆုံးရှုံးခဲ့တယ်ဆိုတာတွေကို ဖော်ပြပြီးတော့ ကျနော်တို့ လွတ်တော်ဆိုင်ရာ အဖွဲ့အစည်းလေးခုရယ် နောက်ပြီးတော့ နိုင်ငံတကာအဖွဲ့အစည်းအသီးသီးရယ်ကို ကျနော်တို့ပေးပို့ပါတယ်"

ကိုဖြိုးဝေအောင်ရဲ့အမှုကို နိုင်ငံတော်ပုန်ကန်မှု၊ ဗုံးခွဲမှုတွေနဲ့စွပ်စွဲပြီး အပြစ်ဒဏ်ချမှတ်ထားတာဖြစ်ပြီး ဒီအမှုဟာမကျူးလွန်ပါဘဲ အပြစ်ပေးခံရတဲ့အမှုဖြစ်တယ်လို့ဆိုပါတယ်။

ဒီအမှုအတွက် အယူခံထားတဲ့ တရားရုံးက ကိုဖြိုးဝေအောင်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးပြီးတဲ့နောက်၊ နိုင်ငံတော်သမ္မတရဲ့အမိန့်ကို မထိခိုက်စေဘဲ အမှုကိုမူလဆုံးဖြတ်ထားတဲ့အတိုင်း အဆုံးအဖြတ် အတည်ဖြစ်တယ်ဆိုပြီး ချမှတ်လိုက်တာကြောင့် အမှုမှန်ပ်ါပေါက်ခြင်းမရှိဘူးလို့ ဆိုပါတယ်။

အာရှလူ့အခွင့်အရေးအဖွဲ့က တရားရုံးများအနေနဲ့ ကွယ်လွန် သွားပြီဖြစ်တဲ့ ကိုဖြိုးဝေအောင်ဟာ မကျူးလွန်တဲ့ပြစ်မှုအတွက် အပြစ်ပေးခံရသူဖြစ်ပြီး သူရဲ့အမည် သန့်သန့် ရှင်းရှင်းဖြစ်အောင် ဆောင်ရွက်ပေးသင့်ကြောင်း ပြန်လည် စီစစ်မူတွေ ပြုလုပ်သင့်ကြောင်းစသဖြင့် တောင်းဆိုထားပါတယ်။

RFA

မြန်မာနိုင်ငံက တရားရုံးတွေရဲ့ ချို့ယွင်းချက်များ၊ ရဲစခန်းများမှာ တရားခံများကို ပြုမှုဆောင်ရွက်ပုံတွေ၊၊ ရဲ
သတင်းတပ်ဖွဲ့ရဲ့ တရားဥပဒေမဲ့ ဆောင်ရွက်ချက်တွေနဲ့ပတ်သက်ပြီး ပြည်သူ့လွတ်တော် ဆပ်ကော်မတီလေး
ရပ်နဲ့ နိုင်ငံတကာအဖွဲ့အစည်းများ ကို အာရှလူ့အခွင့်အရေးကော်မရှင်အဖွဲ့က အိတ်ဖွင့်ပေးစာတစ်စောင် ဒီ
ကနေ့ နေ့စွဲနဲ့ ပေးပို့လိုက်ပါတယ်။

OUR DAWEI LAND သဲပန်းပုပြပွဲ ယနေ နံနက် (၈း၀၀)နာရီ မောင်းမကန်ကမ်းခြေ တွင်ကျင်းပပြုလုပ်

OUR DAWEI LAND သဲပန်းပုပြပွဲ ယနေ နံနက် (၈း၀၀)နာရီ မောင်းမကန်ကမ်းခြေ တွင်ကျင်းပပြုလုပ်ရာ တနင်္သာရီတိုင်း
ဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် နှင့် မြန်မာမှုပန်းပုဆရာကြီး ဦးကြည်စိန်လေး တို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပါသည် ။၎င်းပြပွဲကျင်းပသည့် ၈၈မျိုးဆက် ထားဝယ်ကျောင်းသားအဖွဲ့ မှ ဦးကျော်ကျော်သက် ကပြပွဲကျင်းပရသည့်အကြောင်းရှင်းလင်းတင်ပြခဲပါသည် ။ 
ပြပွဲတွင် ထားဝယ်ဖွံဖြိုးတိုးတက်မူအများပိုင်ကုမ္ပဏီလီမီတက် ကအလှူငွေသိန်း (၂၀)ကျပ်၊ ရွှေဝယ်မြေကုမ္ပဏီ ကကျပ်(၃)သိန်းပေးအပ်ပါသည် ။ (၁၉.၁.၂၀၁၃)

OUR DAWEI LAND သဲပန်းပုပြပွဲ ယနေ နံနက် (၈း၀၀)နာရီ မောင်းမကန်ကမ်းခြေ တွင်ကျင်းပပြုလုပ်ရာ တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် နှင့် မြန်မာမှုပန်းပုဆရာကြီး ဦးကြည်စိန်လေး တို့ကဖဲကြိုး
ဖြတ်ဖွင့်လှစ်ပေးပါသည် ။၎င်းပြပွဲကျင်းပသည့် ၈၈မျိုးဆက် ထားဝယ်ကျောင်းသားအဖွဲ့ မှ ဦးကျော်ကျော်
သက် ကပြပွဲကျင်းပရသည့်အကြောင်းရှင်းလင်းတင်ပြခဲပါသည် ။

မြေနီကုန်းဈေးမှ ဈေးသည်များအား ယာယီဖယ်ခိုင်းပြီးနောက် မြေရောင်းစားသောကိစ္စ တွင် ဦးတေဇပါဝင်နေသောကြောင့် ဦးတေဇ ဂုဏ်သိက္ခာမထိခိုက်ရန် ၈၈မျိုးဆက်ကျောင်းသားများမေတ္တာရ ပ်ခံ

ဦးတေဇ ဂုဏ်သိက္ခာမထိခိုက်ရန် ၈၈မျိုးဆက်ကျောင်းသားများမေတ္တာရပ်ခံ

ရန်ကုန်၊ ဇန်နဝါရီ၊ ၁၈။

ဦးဝိစာရလမ်းပေါ်ရှိ မြေနီကုန်းဈေးမှ ဈေးသည်များအား ယာယီဖယ်ခိုင်းပြီးနောက် မြေရောင်းစားသောကိစ္စတွင်  ဦးတေဇပါဝင်နေသောကြောင့် ယင်းပြဿနာအား မဖြေရှင်းပါက ဂုဏ်သိက္ခာထိခိုက် နိုင်သဖြင့် ဖြေရှင်းပေးရန် ၈၈မျိုးဆက်
 ကျောင်းသားများအဖွဲ့မှ ကိုဥာဏ်လင်းက မေတ္တာရပ်ခံ
 ပြောကြားသည်။

၁၉၉၅ခုနှစ် မတ်လ၂၅ရက်တွင် ရန်ကုန်မြို့တော်စည်ပင် ဈေးများဌာန ၊ဌာနမှူး ဗိုလ်ကြီးကျော်ရှိန်နှင့် ဌာနစုမှူး ဗိုလ်ကြီးခင်ဝင်းတို့က ယင်းမြေနီကုန်းဈေးအား အဆင့်မြင့်ဈေး ပြုလုပ်ပေးမည်ဟုဆိုကာ
 ဈေးသည်များအား ၃ရက်အတွင်း ယာယီဈေးသို့ ရွှေ့ပြောင်းခိုင်းခြင်း
 ဖြစ်ကြောင်း ဈေးမိဈေးဖ ဥက္ကဋ္ဌ ဒေါ်မြမြက ပြောကြားသည်။

၈၈မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုဥာဏ်လင်းက" အသွင်
ကူးပြောင်းရေး ကာလမှာ သူ့ကိုယ်သူ ဂုဏ်သိက္ခာ ပြန်လည် တည်ဆောက်နေတဲ့ လူတစ်ယောက်လို့  ကျွန်တော်တို့ နားလည်ထားပါတယ်။ ဒီကိစ္စမှာလည်း သူ့ဂုဏ်သိက္ခာ ထိခိုက်နိုင်တဲ့
အတွက် ၊ ဒီကိစ္စကိုသူတို့ အနေနဲ့ ကြားဝင်ဆောင်ရွက်ပေးရင်
 ပြေလည်နိုင်တဲ့အနေအထား ရှိပါတယ်။ ဦးတေဇအနေနဲ့ ဒီကိစ္စကို
 ပြန်ပြီးဆောင်ရွက်ပေးဖို့ ကျွန်တော်တို့က တောင်းဆိုချင်ပါတယ်။
 မေတ္တာရပ်ခံချင်ပါတယ်။ ဈေးသူဈေးသားတွေအတွက်ပါ "
 ဟု ပြောကြားသည်။

အဆိုပါမြေကွက်အား ဦးတေဇသည် သိန်းပေါင်း၁၈၆၄၃.၆၈သိန်းဖြင့် (၂၂.၁.၂၀၀၇)ရက်စွဲဖြင့် အမည်မဖော်ပြထားသူများ ထံမှ ဝယ်ယူထားကြောင်းနှင့်(၂၅.၁၁.၂၀၀၈)ရက်စွဲဖြင့် နှစ်(၆၀) မြေငှားဂရန်
အမည်ပေါက် ရထားကြောင်းလည်း စချုပ်စာတမ်းများအရ သိရသည်။

ယခုလက်ရှိ ဈေးရောင်းချ လျက်ရှိသော သံလွင်ဈေး
(ယာယီမြေနီကုန်းဈေး)အား အဆင့်မြင့်ဈေး ဆောက်ပေးမည်ဟုဆိုကာ ရန်ကုန်မြို့တော်စည်ပင် ဈေးများဌာနက ဈေးသူဈေးသားများအား အစည်းဝေးခေါ်ယူ၍ ညှိနှိုင်းပြောဆိုထားကြောင်းလည်း သိရသည်။

ဈေးသည်များသည်လည်း ၁၉၉၅ခုနှစ်ကပင် အဆင့်မြင့်ဈေး လိုချင်သောကြောင့် ဖယ်ပေးခဲ့ကြခြင်ဖြစ်ပြီး ယခုအချိန်ထိ ဦးဝိစာရလမ်းပေါ်ရှိ မူလမြေနီကုန်းဈေးနေရာ၌ပင် အဆင့်မြင့်ဈေးဖြင့် ရောင်းချလိုကြခြင်း ဖြစ်ကြောင်း
 ဈေးသူဈေးသားများက ပြောကြားသည်။

အောင်သိုက်

ဦးဝိစာရလမ်းပေါ်ရှိ မြေနီကုန်းဈေးမှ ဈေးသည်များအား ယာယီဖယ်ခိုင်းပြီးနောက် မြေရောင်းစားသောကိစ္စ
တွင် ဦးတေဇပါဝင်နေသောကြောင့် ယင်းပြဿနာအား မဖြေရှင်းပါက ဂုဏ်သိက္ခာထိခိုက် နိုင်သဖြင့် ဖြေ
ရှင်းပေးရန် ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုဥာဏ်လင်းက မေတ္တာရပ်ခံပြောကြားသည်။

ကြောက်စရာအကောင်းဆုံးဟာ အကြောက်တရား (မောင်သစ်ဆင်း) ဆောင်းပါး

ကြောက်စရာအကောင်းဆုံးဟာ အကြောက်တရား (မောင်သစ်ဆင်း)
----------------------------------------------------------------------------------

ကြိမ်လုံးအကြောင်း စဉ်းစားမိတိုင်း အထက်တန်းကျောင်းသားဘ၀တုန်းက ကြုံခဲ့ရတာလေး တစ်ခုကို အမြဲ သတိရနေမိပါတယ်။ မြန်မာစာအချိန်မှာ ပင်ရင်းစကားပြေ လက်ရွေးစင်ထဲက “မင်းတုန်းမင်းနှင့် ငါးခြောက်ပြား”ဆောင်းပါးကို သင်ပြီးစပေါ့။
 
မင်းတုန်းမင်း ငယ်ရွယ်စဉ် မောင်လွင်ဘ၀က စံကျောင်းဆရာတော် ဆီမှာ ပညာသင်ကြားခဲ့ရတယ်။

တစ်နေ့မှာ အင်းသားကြီး ငကြူက ငါးခြောက်ပြားကြီးတစ်ပြား လာပြီး လှူတယ်။ ဆရာတော်က ငါးခြောက်ကို သိပ်ကြိုက်ပါသတဲ့။ ကျောင်းမှာကလည်း ငါးခြောက် ပြတ်လပ်နေချိန်ဖြစ်တော့ ဆရာတော်က မောင်လွင်ကို ကျက်သရေခန်းထဲမှာ သေသေချာချာ သိမ်းခိုင်းလိုက်ပါတယ်။ နောက်တစ်နေ့ ဆရာတော် ဆွမ်းဘုဉ်းပေးတဲ့အခါ မောင်လွင်ကို ငါးခြောက်ဖုတ်ခိုင်းတော့ ငါးခြောက်က ရှာမတွေ့တော့ဘူး။ ဆရာတော်ကတော့ လက်ဆေးပြီး နှမ်းဆီမွှေးမွှေးနဲ့ ရောက်လာ မယ့် ငါးခြောက်ဖုတ်ကို စောင့်နေတာပေါ့။


မောင်လွင်မှာ ဘယ်လိုမှ ရှာဖွေမေးမြန်း စုံစမ်းလို့ မရဘဲ ဗျာများနေခိုက် “ဟဲ့.. ငလွင် မရသေးဘူး လား”လို့ မေးလိုက်တော့ ညှိုးညှိုးငယ်ငယ်နဲ့ဘဲ ငါးခြောက်ပြားကြီး ပျောက်ဆုံးသွားတဲ့အကြောင်း တင်လျှောက်ရတော့တယ်။ “ငလွင်.. လာခဲ့”လို့ ထားဝယ်ကြိမ်ကို ဆွဲပြီး ခေါ်လိုက်တဲ့ ဆရာတော့် အသံက ကျောင်းသားအားလုံးရဲ့ နှလုံးသားကို ကန့်လန့်ဖြတ် ၀င်သွားပါသတဲ့။ “ဟဲ့.. ငလွင် နင်ဟာ ဘုရင့်သား၊ အကြောင်းညီညွတ်ရင် နိုင်ငံကို အုပ်ချုပ်မင်းလုပ်ရမယ့်သူ၊ ဒီလိုလူက ငါးခြောက်ပြားလေး တစ်ချပ်ကိုတောင် လုံခြုံအောင် မစောင့်ရှောက်နိုင်ရင် နိုင်ငံကို ဘယ်လို လုံခြုံအောင် လုပ်နိုင်တော့ မလဲ”လို့မိန့်ပြီး အချက်ပေါင်းများစွာ ရိုက်နှက်ဆုံးမပါသတဲ့။

 
ဒီဆောင်းပါးကို သင်ပြီးတော့ ဆရာက သင်ရိုးထဲက မေးခွန်းတွေကို ဖြေခိုင်းပါတယ်။ မေးခွန်းတစ်ခု က စံကျောင်းဆရာတော်၏ ဆုံးမမှုကို သင်လက်ခံပါသလားလို့ အဓိပ္ပာယ်မျိုးပေါက်တဲ့ မေးခွန်းပါ။ နောက်တစ်နေ့ မြန်မာစာအချိန်ရောက်တော့ ဆရာဟာ အတန်းထဲကို ခြေသံပြင်းပြင်းနဲ့ ၀င်လာပါတယ်။ အဖြေလွှာတွေကို စားပွဲပေါ် ဘုန်းခနဲ မြည်အောင် ပစ်ချလိုက်ပါတယ်။ ဆရာ့မျက်နှာက နီပြီး တင်းလို့။ တစ်တန်းလုံးကို ဝေ့၀ဲပြီး ကြည့်တယ်။ တစ်တန်းလုံးကလည်း ငြိမ်လို့။ ဆရာ ဘာဖြစ်လာတာပါလိမ့်လို့ တွေးနေကြပုံဘဲ။

 ဆရာက ကျောင်းသားတစ်ယောက်ရဲ့ နာမည်ကို ခေါ်ပြီး အတန်းရှေ့ထွက်ခိုင်းပါတယ်။ နောက်ဆုံး ခုံက ကျောင်းသားတစ်ယောက် ထွက်လာပါတယ်။ ဆရာက အဖြေလွှာတစ်ရွက်ကို ဆွဲထုတ်ပြီး အဲဒီ့ကျောင်းသားကို ပေးလိုက်တယ်။

 
“ဒါ မင့်အဖြေလား”

 “ဟုတ်ပါတယ် ဆရာ”

 “အေး တစ်တန်းလုံးကြားအောင် ဖတ်စမ်း”

 
    နည်းနည်း အံ့သြနေပုံနဲ့ ကျောင်းသားက သူ့အဖြေကို ဖတ်ပါတယ်။

    မှတ်မိသလောက်ဆိုရင်တော့ စံကျောင်းဆရာတော်ရဲ့ ဆုံးမပုံကို သူ မကြိုက်ကြောင်း၊ ဆုံးမမှု သဘောထားကို သံသယဖြစ်မိကြောင်း၊ ဆရာတော်ရဲ့ အဲဒီအချိန်က စိတ်ခံစားမှုဟာ တပည့်ကို လမ်းညွှန်ချင်စိတ်ထက် မိမိ အလွန်တရာ ကြိုက်နှစ်သက်တဲ့ ငါးခြောက်ဖုတ်ကို ဘုဉ်းမပေးရတဲ့အတွက် ဖြစ်ပေါ်လာတဲ့ ဒေါသစိတ်က ပိုပြီး ကြီးမားနေနိုင်ကြောင်း ပြီးတော့ ဒီကိစ္စဟာ ဒီလောက် ရိုက်နှက်အပြစ်ပေးစရာ မလိုကြောင်း၊ နားဝင်အောင် ဆုံးမလျှင် ရပါလျက်နှင့် သေရာပါ အမာရွတ်ထင်အောင် ရိုက်နှက်ခြင်းဟာ ဒေါသစိတ်ကြောင့်ဟု သံသယဖြစ်စရာ ရှိကြောင်း၊ ဘုရားသားတော်တို့ မည်သည် ရသ တဏှာဖြင့် ဆွမ်းဘုဉ်း မပေးသင့်သည်ကို သတိရသင့်ကြောင်း၊ ဆရာကိုယ်တိုင်က ဤ၀ိနည်းကို မထိန်းသိမ်းနိုင်ပါဘဲ တပည့်ကို ဆုံးမခြင်းမှာ စဉ်းစားဖွယ်ဖြစ်ကြောင်း၊ အသားနာမှ အရိုးစွဲအောင် မှတ်မည်လို့ထင်ပြီး ပြင်းပြင်းထန်ထန် အပြစ်ပေး ဆုံးမခဲ့ပေမယ့် မင်းတုန်းမင်းလက်ထက်မှာ အောက်မြန်မာနိုင်ငံတစ်ခုလုံးကို အင်္ဂလိပ်လက် ထိုးပေး လိုက်ရတဲ့အတွက် ဒီဆုံးမနည်းဟာ မအောင်မြင်ကြောင်း..

အဲဒီလိုတွေ ဖြေထားတာဗျ။

 
တစ်တန်းလုံးကတော့ တခိခိနဲ့ရယ်ကြတယ်။ သူတစ်ကြောင်း ဖတ်လိုက်၊ ခိခနဲ ကျိတ်ရယ်လိုက်ကြနဲ့။ ဆရာကတော့ ကျောင်းသားတွေ ရယ်လေ ဒေါသထွက်နေလေပါဘဲ။ ကျောင်းသားဖတ်ပြီးသွားတော့ ဆရာက သူ့ ကိုမေးတယ်။
 

“မင်း ငါ့ကို နောက်တာလား”

 “ဟာ.. မဟုတ်ဘူးဆရာ။ ကျွန်တော် မေးခွန်းကို ဖြေတာပါ။”


“ကဲ.. အားလုံး သူဖြေတာကို လက်ခံကြသလား၊ တစ်ယောက်ဆီ မေးမယ်၊ ကဲ.. မင်းကစ၊ သူဖြေတာ

 မှန်သလား မှားသလား”

 
ပထမဆုံး အမေးခံလိုက်ရတဲ့ ရှေ့ ဆုံးခုံက ကျောင်းသားဟာ ရုတ်တရက် ဘာဖြေရမှန်း သိပုံ မရဘူး။ အဖြေရှင် ကျောင်းသားကို ကြည့်လိုက်၊ ဆရာ့ကို ကြည့်လိုက်၊ ဘေးဘီကို ကြည့်လိုက်နဲ့။ ကျွန်တော့် စိတ်ထဲမှာတော့ အဲဒီကျောင်းသားရဲ့ အဖြေကို ကြိုက်နေတယ်။ ကျွန်တော်လည်း သူ့လို ခံစားမိတာဘဲ။ ဒါပေမယ့် သူ့ လို မဖြေတတ်ဘူး။ သူ့လို ထောင့်စေ့အောင် မမြင်တတ်ဘူး။ ပြီးတော့ သူ့လို မဖြေရဲဘူး။ တစ်တန်းလုံးလိုလိုလည်း ကျွန်တော့်လိုဘဲလို့ ထင်တယ်။ သူတို့ မျက်နှာတွေကို ကြည့်ရင် သိသာပါတယ်။

 “ဟေ့ကောင် ဖြေလေကွာ”

ရှေ့ ဆုံးက ကျောင်းသားခမျာ တုန်သွားပါတယ်။ အဖြေရှင် ကျောင်းသားကို တစ်ချက် ခိုးကြည့်ပြီး ခေါင်းငုံ့ ချလိုက်တယ်။ တကယ်တော့ ဆရာက မှန်သလား မှားသလားဆိုတဲ့ မေးခွန်းနှစ်ခုကို မေးနေတယ်လို့ဆိုပေမယ့် အမူအရာ၊ လေသံ၊ ဖန်တီးထားတဲ့ ၀န်းကျင် အငွေ့အသက်တွေက “မှားတယ်လို့ဖြေစမ်း၊ မဖြေရင် ကြိမ်လုံး”လို့ပြောပြီးသား ဖြစ်နေပါပြီ။ ဆရာဟာ ကျောင်းသားတွေကို လိမ်နေသလို သူတရားပါတယ်ဖြစ်အောင် သူကိုယ်တိုင်လည်း ပြန်လိမ်နေတာပါဘဲ။ ဒါကို အဲဒီကျောင်းသားလည်း သဘောပေါက်ဟန် တူပါရဲ့။

 
“သူဖြေတာ မှားပါတယ်”

 “ဟုတ်ပြီ၊ နောက်တစ်ယောက်”

 “မှား.. အဲ.. မှားပါတယ်”

 “နောက်တစ်ယောက်”

 “မှားပါတယ်”

တစ်ယောက်ပြီးတစ်ယောက် မေးလာလိုက်တာ ကျွန်တော့်အလှည့် ရောက်လာပါတယ်။ ကျွန်တော် ထရပ်လိုက်တယ်။ အသက်တစ်ချက် ပြင်းပြင်းရှူလိုက်တယ်။

“မှားပါတယ်”

အဖြေရှင် ကျောင်းသားကို မကြည့်ရဲပါဘူး။ ခေါင်းငုံ့ပြီး ခုံပေါ်က စာအုပ်ကို စိုက်ကြည့်နေမိတယ်။ ထူးခြားတာက ကျောင်းသားအားလုံးလည်း အဲဒီလိုဘဲ။ လူကုန်သွားတော့ ဆရာက အဲဒီကျောင်းသားကို နောက်ပြောင်မှုနဲ့ အတန်းရှေ့မှာ ရိုက်ပါတယ်။ ကြိမ်လုံးသံ တစ်ချက်ကြားရတိုင်း ကျွန်တော့်ခန္ဓာကိုယ် တစ်နေရာမှာ နာနာသွားသလိုပါဘဲ။ ကျွန်တော်ကိုယ်တိုင် အရိုက်ခံနေသလိုဘဲ။ တစ်တန်းလုံးလည်း ကျွန်တော့်လိုဘဲ ခံစားနေရမှာပါ။ အဲဒီကျောင်းသားဟာ ကျောင်းပြောင်းသွားပါတယ်။

 
ကိုယ့်ထင်မြင်ချက်ကို ပွင့်ပွင့်လင်းလင်း ပြောရဲတဲ့ သူငယ်ချင်းတစ်ယောက်ကို ကျွန်တော်တို့ ဆုံးရှုံးလိုက်ပါတယ်။ ဆရာ့မှာ ဒီလို တပည့်မျိုး ဆုံးရှုံးလိုက်ပါတယ်။ အဲဒီက ဆန့်တွေးလိုက်ရင်တော့ နိုင်ငံပေါ့ ခင်ဗျာ။ ဒါ ဆုံးရှုံးမှုပါ။ ဘာဖြစ်လို့ ကျွန်တော်ဟာ ခံစားမှုခြင်း တူပါလျက်နဲ့ သူ့ လို မဖြေရဲခဲ့ရတာလဲ။ ဖြေရဲသူ ရှိလာတာတောင် ကျွန်တော်က ဘာဖြစ်လို့ သူမှန်တယ်လို့ မပြောရဲခဲ့ရတာလဲ။

မောင်သစ်ဆင်း
---------------------------------------------------------------------------------------------

ကြိမ်လုံးအကြောင်း စဉ်းစားမိတိုင်း အထက်တန်းကျောင်းသားဘ၀တုန်းက ကြုံခဲ့ရတာလေး တစ်ခုကို အမြဲ သတိရနေမိပါတယ်။ မြန်မာစာအချိန်မှာ ပင်ရင်းစကားပြေ လက်ရွေးစင်ထဲက “မင်းတုန်းမင်းနှင့် ငါးခြောက်ပြား”ဆောင်းပါးကို သင်ပြီးစပေါ့။

မင်းတုန်းမင်း ငယ်ရွယ်စဉ် မောင်လွင်ဘ၀က စံကျောင်းဆရာတော် ဆီမှာ ပညာသင်ကြားခဲ့ရတယ်။

လဂျားယန် စစ်မျက်နှာကို လူလှိုင်းဖြင့် စစ်ဆင်

လဂျားယန် စစ်မျက်နှာကို လူလှိုင်းဖြင့် စစ်ဆင်

 ဇန်နာဝါရီလ (၁၈) ရက်နေ့၂၀၁၃ post by ရွှေဟင်္သာသတင်းဌာန

မနက် (၇) နာရီမှ ညနေ (၃) ခန့်အထိ ဗန်းမော်-လိုင်ဇာ လမ်းကြောင်းပေါ်မှ လဂျားယန် စစ်ဆင်ရေးကို လူလှိုင်းဖြင့် အစိုးရတပ်ဖွဲ့မှစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း လဂျားယန်စစ်ဆင်ရေး စစ်မျက်နှာမှ ဦးစီးကွပ်ကဲနေသူ KIA အရာရှိတဦးကဆို ပါသည်။

“ ဒီလိုပါဗျ။ ညကတည်းက သူတို့ဆိုင်ထားတာ။ မနက် (၄) နာရီလည်းရောက်ရော စပြီးတိုက်လိုက်တာ ခေါင်းကို ဘီး ဖီးသလို ခပ်စိပ်စိပ်ပေါ့။ ဘဲအုပ် မောင်းသလိုမျိုး။

လူတွေကို တန်းစီပြီးကို တက်တိုက်လာတာပေါ့။ လက်နက်ကြီးတွေ ရော လေယာဉ်တွေရော တနေ့လုံး မနားတမ်းကို ပစ်တာပါဘဲ။

အဲဒါနဲ့ ညနေ (၃) နာရီလောက်မှ ကျဲသွားတာ။ အဲဒီတော့ တန်းစီပြီးတက်လာ က တည်းကဆိုတော့ သေတာထိတာတွေက အတုံးအရုံး ပါဘဲဗျ။ တွေ့နေရတယ်။ နောက်ဆုံးကျ တော့ ကျနော်လို့လူတွေ က မပစ်နိုင်တော့တဲ့အထိ ဖြစ်လာတယ်ဗျ။

အဲတာကြောင့် ပွိုင့် (၇၇၁) ပတ်ဝန်းကျင်နဲ့ လဂျား ယန်ကို ကျနော်တို့က (၂) ဖါလုံလောက် ဆုတ်ပေးလိုက်တယ်။” ဟုဆိုပါသည်။

ယနေ့ စစ်ဆင်ရေးသည် တောင်ကုန်းအမှတ် (၇၇၁) တဝိုက်ရှိ KIA တပ်ရင်း (၂၃) တပ်ဖွဲ့နှင့် လဂျားယန် ကျောင်းသား စခန်းအား စစ်ဆင်နေခြင်း ဖြစ်ပါသည်။ စစ်ဆင်မှုသည် (၁၀) ဖါလုံသာရှိသည့် စစ်မျက်နှာကို လူအင်အား (၂) ထောင် ခန့်နှင့် တိုက်ခိုက်ခဲ့သဖြင့် ရာနှင့်ချီပြီး ထိခိုက်ဒါဏ်ရာ ရဖွယ်ရှိသည်ဟု KIA ဖက်က ဆိုပါသည်။

မြေပြင်တပ်များ ထိခိုက်မှု များပြားသဖြင့် ညနေပိုင်းတွင် လေယာဉ်ဖြင့် ပြင်းထန်စွာ ဒုံး၊ ဗုံးများတလစပ် တိုက်ခိုက်ခဲ့ ပါ သည်။ ပွိုင့် (၇၇၁) ဖြစ်သည့် KIA တပ်ရင်း (၂၃) စခန်းသည် ဒီဇင်ဘာ (၃၀) ရက်နေ့ကတည်းက အစိုးရတပ်ဖွဲ့များ သိမ်းဆည်းထားသော စခန်းဖြစ်ပါသည်။

သို့သော် သိမ်းဆီးထားသည်ဟု ဆိုသော်လည်း KIA ကနောက်ဆုတ်ပေး ထားတာဖြစ်ပြီး စခန်းပတ်ပတ်လည်ကို ပြန်လည်ဝိုင်းထားသည့် စခန်း ဖြစ်ပါသည်။

ပွိုင့် (၇၇၁)စခန်းပတ်လည်အား လေယာဉ်ဖြင့် အကြိမ်ကြိမ်ပစ်ခတ်ခဲ့
ယနေ့တိုက်ပွဲသည် ဤစခန်း ပတ်ဝန်းကျင်ကို ရှင်းလင်းရန် လူအင်အား (၂၀၀၀) နှင့် ထပ်မံ စစ်ဆင်နေခြင်း ဖြစ်ပါသည်။

ဤနေရာ တဝိုက်သည် ဒီဇင်ဘာလ (၁၄) ရက်နေ့ကတည်းက တိုက်ပွဲဖြစ်လာခဲ့သည့် နေရာ ဖြစ်ပါသည်။ ဒီဇင်ဘာလ (၃၀) ရက်နေ့တွင် လေကြောင်းအကူဖြင့် သိမ်းပိုက်ခဲ့ပါသည်။

ဤတိုက်ပွဲနှင့်အတူ လဂျားယန်ရှိ ကျောင်းသားနှင့် KIA ပူးတွဲစခန်းကိုလည်း ပြင်းထန်စွာ စစ်ဆင်ခဲ့ပါသည်။ ဤစခန်း ရှိ တပ်ဖွဲ့များသည် အစိုးရ၏ စစ်ကူများကို ဖြတ်တိုက်ရာတွင် ထိရောက်သော စခန်းဖြစ်ပါသည်။ ဤသို့ကြောင့် KIA တပ် ရင်း (၂၃) ဖြစ်သော ပွိုင့် (၇၇၁) နှင့် တပါးတည်း စစ်ဆင်ခြင်း ဖြစ်ဖွယ်ရှိပါသည်။

“မနေ့ကလဲ ၇၇၁ အနားမှာရှိတဲ့ KIA တပ်စွဲထားတဲ့ နေရာကိုပြင်းထန်စွာ ဝင်တိုက်တယ်။ ညနေပိုင်လောက်မှာ ကျနော်တို့ဘက်က ဆုတ်ပေးလိုက်ရတယ်။ ညက ဆိုရင် မိုးလဲ သံတတားကို လက်နက်ကြီးနဲ့ သူတို့လှမ်းပြီး ပစ်ခတ်ဖျက်ဆီး လိုက်သေးတယ်။ KIA က ဖျက်တယ်လို့ ပြောအုံးမှာဘဲ။” ဟုဆိုပါသည်။

ဤသို့ကြောင့် ယနေ့တွင်တိုက်ပွဲ
(၃) နေရာဖြစ်ပွားခဲ့ပါသည်။ ဒေါ့ဖုန်းယန်မြို့နယ် ခါ့လာဘွမ်အပါဝင် ပွိုင့် ၇၇၁ နှင့် လဂျားယန်ဟူ၍ (၃) နေရာဖြစ်ပွားခဲ့သည်။

မနက် (၇) နာရီမှ ညနေ (၃) ခန့်အထိ ဗန်းမော်-လိုင်ဇာ လမ်းကြောင်းပေါ်မှ လဂျားယန် စစ်ဆင်ရေးကို လူလှိုင်းဖြင့် အစိုးရတပ်ဖွဲ့မှစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း လဂျားယန်စစ်ဆင်ရေး စစ်မျက်နှာမှ ဦးစီးကွပ်ကဲနေသူ KIA အရာရှိတဦးကဆို ပါသည်။

အမျိုးသားများ စိတ်ဖြေခြင်း (Masturbation) (အမျိုးသားတိုင်းအတွက် အရေးကြီးတဲ့ အရာ)...............

အမျိုးသားများ စိတ်ဖြေခြင်း (Masturbation) 
http://www.myawady.com.mm/health/knowledge/item/4722-2013-01-18-09-52-47#.UPjAaFs4RTA
ပြဿနာ(၁)

ဆရာ ကျွန်တော် သုံးရက် တစ်ခါ လောက်စိတ်ဖြေမှု လုပ်လေ့ ရှိပါတယ်။ ကျွန်တော်တကယ် မလုပ်ချင်ပါဘူး။ ဒါပေမယ့် လုပ်နေမိတယ်။ အခု ကျွန်တော့် မင်္ဂလာဆောင်ပြီး ပါပြီ။

ကျွန်တော့် သတို့သမီးကို မဖြည့် စွမ်းနိုင်မှာ ကြောက်မိပါတယ်။ ကျွန်တော့် သူငယ်ချင်းတွေက ဒီလို စိတ်ဖြေ ခြင်းက ကိုယ်ကို အားနည်းစေပြီး၊ လိင်အင်္ဂါ ထောင်မတ်မှုကို လျော့နည်း စေတယ် လို့ပြောပါတယ်။ ကူညီပါဦး ဆရာ။

ပြဿနာ(၂)

ဆရာ ကျွန်တော် အသက် (၁၅) နှစ်ရှိပါပြီ၊ မိဘတွေ မရှိတိုင်း မိန်းကလေး တွေရဲ့ ဓာတ်ပုံကြည့်ပြီး ကျွန်တော်စိတ် ဖြေလေ့ရှိပါတယ်။ အခု နောက်ပိုင်း ကျွန်တော် အချိန်တိုင်း နုံးနေလေ့ ရှိပါပြီး။ စာသင်တာတောင် စိတ်မဝင် စားနိုင်တော့ ပါဘူး။ ကျွန်တော် ကြားဖူး တာက စိတ်ဖြေတာ များသွားရင် ရူးသွားတာမျိုး၊ မျက်လုံးကန်းသွားတာ မျိုးဖြစ်စေတယ် လို့ဆိုပါ တယ်။ ဟုတ်ပါသလား ဆရာ။

စသည်ဖြင့် စိတ်ဖြေခြင်းနှင့် ပတ်သက်ပြီး အယူအဆ အမျိုးမျိုးရှိ ကြပါတယ်။ သို့ သော်လည်း တစ်ချိန်က အမေရိကန်မှ ခွဲစိတ် ဆရာဝန် တစ်ယောက်က ကျောင်းသင်ရိုး ညွှန်းတန်းနဲ့ စိတ်ဖြေခြင်းက ကျန်းမာရေးနှင့် ညီညွတ်ပြီး စိတ်ချရကြောင်းထည့် သင်သည်ဟု တိုက်တွန်း ခဲ့သည့်အတွက် ရာထူးမှ ထုတ်ပယ်ခံခဲ့ရဖူးလေသည်။ စိတ်ဖြေခြင်းနှင့် ပတ်သက်၍ ကောင်း သည့် အကျိုးများမှာ-

၁။ သုတ်ပိုးများ အသစ်ပြန်ဖြစ်စေခြင်း

လေ့လာမှုအမျိုး မျိုးက သုက်လွှတ် ခြင်းက သုက်ပိုးများ၏ အရေအတွက် နှင့်လှုပ်ရှားမှု အားပို၍ တိုးတက်စေ ကြောင်း အကြံပြုခဲ့သည်။ အကြောင်းမှာ အို ဟောင်းနေသော သုက်ပိုးများ နေရာတွင်သုက်ပိုး အသစ်များက စားထိုးလာသော ကြောင့်ဖြစ်ပြီး၊ ယင်းက သန္ဓေအောင် နိုင်မှုနှုန်းကို မြင့်တက်စေသည်။

၂။ စိတ်ဖိစီးမှု လျော့နည်းစေခြင်း

စိတ်ဖြေခြင်းက စိတ်ဖိစီးမှုကို ပြေပျောက် စေသော နည်းကောင်း တစ်ခု ဖြစ်သည်။ စိတ်ဖြေစဉ်တွင် စိတ်ညစ်ခြင်းကို သက်သာစေသော နိုပါမင်းနှင့် အောက်ဆီတို စင်ကဲ့သို့သော ဟော်မုန်းများ ထွက်စေသည်။ ထို့ပြင် စိတ်ဖြေ ခြင်းထက် ပိုကောင်း သောအိပ်ဆေး မရှိသေး ပေ။

၃။ လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါကို လျော့နည်းစေခြင်း

စိတ်ဖြေခြင်းကို အကောင်းဖက်မှ တွေးလျှင် အခြားသော သူများနှင့် လိင်ဆက်ဆံမှု လျော့နည်း စေသည့် အတွက် လိင်မှတစ်ဆင့် ကူးစက်သော ရောဂါများ ပျံ့ပွားခြင်းကို လျော့နည်း စေသည်။

၎။ ဆီးကျိတ် ကင်ဆာ ဖြစ်ပွားမှုနှုန်း လျော့နည်းစေခြင်း

၂၀ဝ၃ခုနှစ် ဩစတေးလျ လေ့လာမှု တစ်ခုအရ တစ်ပတ်လျှင် ငါးကြိမ်နှင့် အထက် သုက်လွှတ် သူများသည် ဆီးကျိတ် ကင်ဆာ ဖြစ်ပွားမှုကို လျော့နည်း စေသည်ဟုဆိုသည်။ ထို့ပြင် စိတ်ဖြေခြင်းက ခန္ဓာကိုယ်ထဲ ရှိသွေးများကို ပျံ့နှံ့သွားစေ၍ ကင်ဆာ ဆဲလ်များ စုပုံခြင်းအား ကာကွယ်ပေး လေသည်။ အများစုက ကာလရှည်ကြာ စိတ်ဖြေ ခဲ့သော လူနာများတွင် ...

ပဿနာ(၁)

ဆရာ ကျွန်တော် သုံးရက် တစ်ခါ လောက်စိတ်ဖြေမှု လုပ်လေ့ ရှိပါတယ်။ ကျွန်တော်တကယ် မလုပ်ချင်ပါဘူး။ ဒါပေမယ့် လုပ်နေမိတယ်။ အခု ကျွန်တော့် မင်္ဂလာဆောင်ပြီး ပါပြီ။

ဟစ်တလာသာ အချစ်ရေး ကံကောင်းခဲ့လျှင်

ဟစ်တလာသာ အချစ်ရေး ကံကောင်းခဲ့လျှင်

ဟစ်တလာသာ အချစ်ရေး ကံကောင်းခဲ့ရင် ဒုတိယ ကမ္ဘာစစ်မဖြစ်နိုင် ဘူးလို့တောင် ယုံကြည်ကြပါတယ်။ ဘာလို့လဲဆို သူချစ်ခဲ့တဲ့ အမျိုးသမီးက ဂျူးလူမျိုး ဖြစ်နေလို့ ဖြစ်ပါတယ်။ 

အသက် ၁၆ နှစ်သားအရွယ်က အဒေါ့ဖ် ဟစ်တလာဟာ  Stephy အမည်ရ ဂျူးလူမျိုး အမျိုးသမီးကို တစ်ဖက်သက် ချစ်ပါတယ်။ ချစ်တာမှ တမ်းတမ်းစွဲ ပြီး လေးနှစ်လုံးလုံး ဖွင့်မပြောပဲ တိတ်တခိုး ချစ်တာ ဖြစ်ပါတယ်။ ရှားရှားပါးပါးပဲ ဆိုင်တစ်ခုမှာ ဖွင့်ပြောဖို့ အခွင့်ကြုံခဲ့ပါတယ်။ သို့ပေမယ့် ဖွင့်မပြောပါဘူး။ နောက်ထပ် အခွင့်အရေးရှိအုံးမယ်လို့ သူယုံကြည်နေလို့ ဖြစ်ပါတယ်။ 

ဟစ်တလာမှာ စိတ်ကူး တစ်ခုရှိပြီး ယင်းစိတ်ကူးက လက်ထက်ပြီးရင် ပါရှန်းမှာ သာမန် ကျောင်းဆရာတစ်ဦးအဖြစ် ဘဝရပ်တည်ဖို့ ဖြစ်ပါတယ်။ တစ်နေ့တော့ သူ့အတွက် ဝမ်းနည်းစရာ သတင်းတစ်ခု ကြားခဲ့ရပါတယ်။ ဒါကတော့ သူတစ်ဖက်သက် စွဲလမ်းနေတဲ့ Stephy ဂျူးမလေးဟာ အခြား ဂျူးလူမျိုးအမျိုးသား တစ်ဦးနဲ့ လက်ထက်သွားခြင်း ဖြစ်ပါတယ်။ 

ဟစ်တလာသာ သူ တစ်ဖက်သက်ချစ်ခဲ့တဲ့ ဂျူးမလေးနဲ့သာ လက်ထက်ဖြစ်ခဲ့ မယ်ဆိုရင်၊ ဖွင့်ပြောခဲ့မယ်ဆိုရင် ဂျူးလူမျိုးတွေလည်း အစုလိုက် အပြုံလိုက် မသေနိုင်ပဲ ကမ္ဘာစစ်ဆိုတာလည်း ဖြစ်မလာဘူးလို့ ဆိုပါတယ်။

Love Could Have Changed Histroy ဆိုပြီးတော့တောင် ဟစ်တလာရဲ့  တစ်ဖက်သက် အချစ်ဇာတ်လမ်းကို ယနေ့တိုင် ပြောစမတ်ပြုဆဲ ဖြစ်ကြောင်း သိရပါတယ်။ 
--
Ref: rarefacts
International news for myanmar

http://www.innewsmyanmar.com/2013/01/blog-post_18.html

--

ဟစ်တလာသာ အချစ်ရေး ကံကောင်းခဲ့ရင် ဒုတိယ ကမ္ဘာစစ်မဖြစ်နိုင် ဘူးလို့တောင် ယုံကြည်ကြပါတယ်။ ဘာလို့လဲဆို သူချစ်ခဲ့တဲ့ အမျိုးသမီးက ဂျူးလူမျိုး ဖြစ်နေလို့ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးဖော်ဆောင်မှုကို လေ့လာရန် ဖိလစ်ပိုင်နိုင်ငံသို့သွားရောက်ခဲ့သော ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့ ယနေ့ညပိုင်းက ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိ

၈၈မျိုးဆက် ကျောင်းသားများအဖွဲ့၏ ဖိလစ်ပိုင်နိုင်ငံ ငြိမ်းချမ်းရေးဖော်ဆောင်မှုကို လေ့လာရန်အတွက် ဇန်န၀ါရီလ ၁၄ ရက်နေ့ကသွားရောက်ခဲ့ရာ ယနေ့ (ဇန်န၀ါရီလ၊ ၁၈ ရက်) ည ၈နာရီ ၁၅ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည် ရောက်ရှိခဲ့ကြသည်။ အဆိုပါ ခရီးစဉ်နှင့်ပတ်သတ်ပြီး ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က " ကျွန်တော်တို့အနေနဲ့ ဖိလစ်ပိုင်နိုင်ငံ ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ခဲ့ပါတယ်။တစ်ဖက်ကလည်း MILF လို့ခေါ်တဲ့ တော်လှန်ရေးအဖွဲ့တွေနဲ့လည်း တွေ့ခဲ့ပါတယ်၊နောက်ပြီးတော့..ငြိမ်းချမ်းရေးနဲ့ စေ့စပ်ညှိနှိုင်းရေး အဖွဲ့တွေနဲ့လည်း တွေ့ခဲ့ပါတယ်။ သူတို့ဆီမှာတော့ တွေ့ဆုံဆွေးနွေးရေး ယဉ်ကျေးမှုက တော်တော် အားကောင်းနေပါတယ်။ ဖိလစ်ပိုင် ကာကွယ်ရေးဦးစီးချုပ်က ကျွန်တော်တို့ကို ပြောပြခဲ့တယ်။ သူတို့ရဲ့တပ်မတော်မှာ အတွေးအခေါ် အယူအဆသစ်တွေ ပြောင်းလဲလာတယ် ဘာလဲဆိုတော့ တိုက်ပွဲမှာ ရန်သူကို အမြစ်ပြတ်ဘယ်လောက်ချေမှုန်းနိုင်လဲဆိုတဲ့ စံနှုန်းတွေထက် ငြိမ်းချမ်းရေးကို ဘယ်လောက် စွမ်းဆောင်နိုင်လဲဆိုတာကိုပဲ ကြည့်တဲ့ အပြောင်းအလဲမျိုးတွေ ရှိလာပြီ၊တစ်ဖက် လက်နှက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေဘက်ကလည်း စေ့စပ်ဆွေးနွေးရေးဟာ မရှိမဖြစ်လိုအပ်တယ်။ စစ်တွေချည်းတိုက်နေလို့ကတော့ နှစ်ဖက်လုံးနစ်နာတယ် တိုင်းပြည်လည်းနစ်နာတယ်ဆိုတဲ့ အသိမျိုး သူတို့ဆီမှာရှိတယ်။တွေ့ဆုံဆွေးနွေးကြမယ်ဆိုရင် အပေးအယူ အလျော့အတင်းတွေရှိမယ် ကိုယ်လိုချင်တာကိုချည်းပဲ ရာနှုန်းပြည့်မရဘူးဆိုတာ သိလာတယ်။သူတို့ဆီက မှတ်သားစရာကောင်းတဲ့ စကားတစ်ခွန်းကတော့ အချုပ်အခြာအာဏာနဲ့ လွတ်လပ်ခြင်းဆိုတဲ့ ကြားထဲမှာ ရအောင် ထိန်းယူရတာကလည်း အတတ်ပညာတစ်မျိုးပါတဲ့။သူတို့အဲဒီလိုပဲ သွားနေကြတယ်။ အဲဒီမှာဆိုရင် ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို နှစ်ဖက်လုံးပူးပေါင်းပြီး ဆောင်ရွက်လာနိုင်တာကိုလည်း တွေ့ရပါတယ်။ ကျွန်တော်တို့ သူတို့ဆီက ရလာတဲ့ အတွေ့အကြုံတွေက တကယ်ကို အဖိုးတန်ပါတယ်" ဟု ပြောကြားခဲ့ပါသည်။
ဖိလစ်ပိုင်နိုင်ငံ ခရီးစဉ်မှ ပြန်လည်ရောက်ရှိလာသည့် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုမင်းကိုနိုင်နှင့် ကိုဂျင်မီတို့သည် ဇန်န၀ါရီလ ၁၉ ရက်နေ့တွင် စင်္ကာပူနိုင်ငံသို့ စာပေဟောပြောရန် သွားရောက်မည်ဖြစ်ကြောင်းနှင့် ဖိလစ်ပိုင်နိုင်ငံ ခရီးစဉ်နှင့်ပတ်သတ်ပြီး သတင်းစာရှင်းလင်းပွဲကို ၎င်းတို့ စင်္ကာပူနိုင်ငံမှ ပြန်လည်ရောက်ရှိလာပါက  ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။


၈၈မျိုးဆက် ကျောင်းသားများအဖွဲ့၏ ဖိလစ်ပိုင်နိုင်ငံ ငြိမ်းချမ်းရေးဖော်ဆောင်မှုကို လေ့လာရန်အတွက် ဇန်
န၀ါရီလ ၁၄ ရက်နေ့ကသွားရောက်ခဲ့ရာ ယနေ့ (ဇန်န၀ါရီလ၊ ၁၈ ရက်) ည ၈နာရီ ၁၅ မိနစ်တွင် ရန်ကုန်
အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည် ရောက်ရှိခဲ့ကြသည်။ အဆိုပါ ခရီးစဉ်နှင့်ပတ်သတ်ပြီး