Pages
Thursday, August 1, 2013
ပြည်သူ၊ သံဃာ၊အတိုက်ခံ အားလုံးရှုံးပြီး အာဏာရှင် အမြတ်ထွက်တဲ့ မွတ်စလင်မ် ဆန့်ကျင်ရေး မစ်ရှင်
RangonNewsDaily:: Aug 1, 2013
လူတစုတဖွဲ့ ဟာ ကိုယ့်အမျိုး ကိုယ့်ဘာသာ ကိုယ့်သာသနာကို စောင့်ထိန်းမယ်၊ ကိုယ့်ဘာသာ သာသနာအ
တွက် ရပ်တည်မယ်ဆိုရင် အဲ့ဒီ ဘာသာ သာသနာနဲ့  ပတ်သက်ပြီး ဂုဏ်ယူမှ၊ အထင်ကြီးမှ၊ လေးစားမှ ရပ်တည်မှာပါ။
အမေရိကန်လူမျိုးတွေက လူဖြူတွေမပြောနဲ့ မြန်မာပြည်ကသွားတဲ့ လူတွေတောင် အမေရိကကို ရောက်ပြီး နှစ်အနည်းငယ်နေလို့  နိုင်ငံသားရပြီးသွားရင် အမေရိကန်ဆိုပြီး ဂုဏ်ယူကြတယ်။ အတော်များများ လက်မထောင်ကြတယ်။
တခြား ချမ်းသာတဲ့ နိုင်ငံတွေ မှာမွေးတဲ့ မြန်မာကလေးတွေတောင် လူမျိုးဘာလဲဆိုရင် အမေရိကန်၊ ကနေဒီယန်၊ သြစီ စသဖြင့်ပြောတယ်။ မြန်မာမဟုတ်ဘူးလားမေးရင် မဟုတ်ဘူးလို့ ဖြေတဲ့ ကလေးတွေ အများကြီး တွေ့ ဖူးတယ်။ သူ့ မွေးတဲ့နိုင်ငံ၊ သူကြီးပြင်းလာတဲ့နိုင်ငံကို အထင်ကြီး ဂုဏ်ယူလို့ ပါ။ မြန်မာ လူမျိုးဖြစ်ရတာ ဂုဏ်မယူချင်တဲ့ (သို့ ) ဂုဏ်မယူနိုင်တဲ့ ကလေးတွေကို အပြစ်တင်လို မရပါဘူး။
တဖက်မှာ သူတို့ ကြီးပြင်းလာတဲ့နိုင်ငံက ကမ္ဘာပေါ်မှာ အကောင်းဆုံးလို့ သတ်မှတ်ခံရတဲ့တိုင်းပြည်။ တဖက်
မှာတော့ သူ့ မိဘကြီးပြင်းလာတဲ့ မြန်မာပြည်ဆိုတာ တီဗွီမှာလာရင်လည်း ဒုက္ခ၊ ကွန်ဖရင့်တွေလုပ်ရင်လည်း ဒုက္ခသည်အကြောင်း၊ ပြဿနာတွေ၊စစ်ပွဲတွေ၊ဒုက္ခတွေ၊ ဆင်းရဲမွဲတေမှုတွေနဲ့ ချည်းဆိုတော့ ကလေး တွေ
က မြန်မာလူမျိုးဆိုပြီး မယူဆသလို မြန်မာလဲမဖြစ်ချင်ပါဘူး။
သူငယ်ချင်းတွေနဲ့  စကားပြောတဲ့အခါငါကအဲ့လိုစုတ်ပြတ်တဲ့ တိုင်းပြည် ကလာတာဆိုပြီး ဂုဏ်ယူမှာ မဟုတ်
ပါ ဘူး။ သူဂုဏ်ယူနိုင်ဖို့ ၊ သူဝင်ဆံ့နိုင်ဖို့  သူဟာ ဂုဏ်ယူစရာကောင်းတဲ့၊ ကမ္ဘာပေါ်မှာ အင်အားအကြီး ဆုံး၊ အတော်ဆုံးသိပ္ဗံပညာရှင်တွေထွက်တဲ့၊ အားကစားသမားတွေ ထွက်တဲ့၊ မင်းသားမင်းသမီး အဆိုတော်တွေ
ထွက်တဲ့ တိုင်းပြည်က လူတယောက် ဆိုပြီးမှပဲ သူရပ်တည်မှာပါ။
သူဂုဏ်ယူဝင့်ကြွားလို့ ရမှပဲအဲ့ဒီတိုင်းပြည်၊အဲ့ဒီလူမျိုးအနေနဲ့ ရပ်တည်မှာ၊ ဂုဏ်ယူမှာ၊ တွယ်တာမှာပါပဲ။ သိမ်
ငယ် စရာကောင်းတဲ့၊ စိတ် ပျက်စရာကောင်းတဲ့ကိစ္စနဲ့ ပြည့်နေတဲ့ တိုင်းပြည်ကိုတွယ်ပြီး မရှိတဲ့ဂုဏ်ကို ဖက်
ထားမှာ မဟုတ်ပါဘူး။ သူနဲ့ မဆိုင်ဘူးလို့ သတ်မှတ်တဲ့ တိုင်းပြည်အတွက်လည်း သူရပ်တည်မှာမဟုတ်ပါဘူး။
ဒီကလေးရဲ့ ဥပမာဟာ တို့ နဲ့ မဆိုင်ဘူးလို့ ယူဆတယ်ဆိုရင် နောက်ဥပမာတခု ပေးပါရစေ။ မြန်မာဖြစ်ရတာ ဂုဏ်ယူတယ်လို့ ပြောကြတယ်။ ဘာဖြစ်လို့ ဂုဏ်ယူကြတာလဲ။ ကမ္ဘာပေါ်မှာ အဆိုးဆုံး စစ်အစိုးရရှိလို့ ၊ ဒုက
္ခသည်တွေအများဆုံးထွက်တဲ့ တိုင်းပြည်ဖြစ်လို့ ၊ ကမ္ဘာပေါ်မှာ အဆင်းရဲဆုံးနဲ့  ပြဿနာအများဆုံးဖြစ်နေတဲ့ တိုင်းပြည်ဖြစ်လို ဆိုပြီးဂုဏ်ယူကြတာမဟုတ်ပါဘူး။ မြန်မာတွေဟာယဉ်ကျေးသိမ်မွေ့ တဲ့၊ အကြင်နာတရား
ကြီးမားတဲ့၊ ငြိမ်းချမ်းတဲ့၊ ကြီးသူရိုသေငယ်သူလေးစား၊ဘာသာတရားကိုတန်ဖိုးထားတဲ့လူမျိုးဖြစ်တဲ့အတွက်
 မြန်မာဖြစ်ရတာ ဂုဏ်ယူတယ်လို့ ပြောကြတာပါ။
ဂုဏ်ယူစရာရှိလို့  ဂုဏ်ယူကြသလို ကိုယ်ဂုဏ်ယူတဲ့ တိုင်းပြည်နဲ့  လူမျိုးအတွက် ရပ်တည်ကြတာ၊ ကာကွယ်
ကြ တာပါ။
အခုလုပ်နေကြတဲ့ မျိုးစောင့်ဥပဒေဆိုတာ မြန်မာတွေကိုဂုဏ်ရှိအောင်လုပ်နေတာလား၊ဂုဏ်ကျဆင်းအောင်
လုပ်နေတာလားဆိုတာ မေးခွန်းထုတ်ချင်ပါတယ်။ အခုဖြစ်နေတဲ့ မွတ်စလင်မ်ဆန့် ကျင်ရေးအတွက် မြန်
မာတွေ ဂုဏ်တက်လာသလားဆိုတာ မေးချင်ပါတယ်။
ရခိုင်ကစတဲ့ပြဿနာ မိထ္ထီလာ၊ ဥက္ကံနဲ့  လားရှိုး အကြမ်းဖက်မှုတွေ အပြီး မြန်မာနဲ့  ဗုဒ္ဓဘာသာ အဆင့် ဘယ်
ကို ရောက်သွားပြီလဲ။
မြန်မာလူမျိုးဟာ အစိုးရဘယ်လောက်ဆိုးဆိုး သည်းခံတတ်တဲ့၊ ခင်မင်စရာကောင်းတဲ့၊ ကြင်နာတတ်တဲ့ လူ
မျိုးဖြစ်တယ်ဆိုပြီး ကမ္ဘာက အရင်ကသတ်မှတ်ထားခဲ့တယ်၊ ကိုယ်ချင်းစာခဲ့တယ်။ အခု မြန်မာတွေကို ကမ္ဘာ
က ခွဲခြားဆက်ဆံတဲ့ racist တွေလို့  မြင်ကုန်ပြီ။ မိထ္ထီလာ ကိစ္စမှာ ရက်ရက်စက်စက် သတ်သူကသတ်၊ အဲ့ဒါ
ကို အားရ၀မ်းသာ လက်ခုပ်တီးကြတဲ့ မြန်မာတွေကိုကမ္ဘာကအကြင်နာတရားကင်းတဲ့လူတွေလို့  သတ်မှတ်
ကြပြီ။ ချစ်စရာကောင်းတဲ့၊ အေးချမ်းတဲ့ လူမျိုးဆိုတဲ့ ဂုဏ်က တစစီ ဖြစ်သွားပြီ။
ဗုဒ္ဓဘာသာဆိုတာ ဘယ်တုန်းကမှ အဆိုးအပြောမခံခဲ့ရပေမဲ့ ခုတော့ အကြမ်းဖက်၊ အစွန်းရောက်၊ လူသတ်
သမား စတဲ့ စာလုံးတွေနဲ့  ဗုဒ္ဓဘာ သာကို သုံးကုန်ကြပြီ။
ပြည်သူတွေအတွက် အနစ်နာခံတဲ့အတွက် အကြည်ညိုခံထိုက်တယ်လို့  ကမ္ဘာက သတ်မှတ်ထားတဲ့ သံဃာ
ထုတရပ်လုံးကိုလည်း အကြမ်းဖက်သမားတွေ၊ မုန်းတီးရေးသမားတွေကို မြင်ကုန်ကြပြီ။
ဓားတ၀ံ့ဝံ့နဲ့ ဘုန်းကြီးတွေရဲ့ ပုံတွေ၊ မွတ်စလင်မ်တွေ ငိုနေတဲ့ပုံတွေ အသက်လုပြေးနေတဲ့ဓာတ်ပုံတွေထွက်
လာချိန်မှာ အားရ၀မ်း သာ လက်သီးလက် မောင်းတန်းပြီး မွတ်စလင်မ်ဆန့် ကျင်ရေးဆန္ဒပြပွဲဆင်နွဲနေတဲ့ ရာ
ပေါင်းများစွာသော ဘုန်းကြီးတွေရဲ့  ဗီဒီယိုမှတ်တမ်းတွေဟာ ၂၀၀၇ တုန်းက သံဃာထုရခဲ့တဲ့ ကမ္ဘာ့အသိအ
မှတ်ပြုမှုတွေကို တစစီ ချွေမွလိုက်တာပါပဲ။
ဗုဒ္ဓဘာသာနဲ့  မြန်မာလူမျိုးကိုတွဲပြီး လိမ္မာယဉ်ကျေးတဲ့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးလို့ ပြောခဲ့ပေမဲ့ ခုတော့ မြန်
မာဆိုတာရော ဗုဒ္ဓဘာသာ ဆို တာရော ဂုဏ်သိက္ခာကျသွားပြီ။ ကျသွားတာမှ အဆိုးစွန်ထိကျသွားတာပါ။ ထိုင်းနိုင်ငံကဘုန်းကြီးတွေလို အာဂတိလိုက်စားတဲ့၊ ကိုယ်ကျင့် တရားဖောက်ပျက်တဲ့၊ ၀ိနည်းနဲ့ မညီတဲ့ဘုန်း
ကြီးတွေလောက်ထက်မကပါဘူး။
အကြမ်းဖက်လူသတ်မှုမှာ ကိုယ်တိုင် ပါဝင်တယ်ဆိုတဲ့ အထိ ဂုဏ်သိက္ခာကျဆင်းသွားတာပါ။ သင်္ကန်းဝတ်
ကြီးနဲ့  ပြေးနေတဲ့မွတ်စလင်မ် တယောက်ကို နောက်ကနေ ဓားနဲ့ လွားခနဲခုတ်လိုက်တဲ့ ဗီဒီယိုဟာအဲ့ဒီအခန်း
 ၁၀ စက္ကန့် လောက်ပဲရှိပေမဲ့ တကမ္ဘာလုံးကို မြင်သွားစေပါတယ်။
မျိုးစောင့် ဥပဒေဆိုတာလည်း ဘာသာတခုကို ဆန့် ကျင်တဲ့ ကမ်ပိန်းသာမက အမျိုးသမီးတွေကိုပါ ဖိနှိပ်တဲ့
ဥပဒေဆိုပြီး ဖြစ်ပြန်တယ်။ အမျိုး သမီးတွေကို တုံးအတဲ့လူတွေ၊ ဆင်ခြင်ဥာဏ်အားနည်းတဲ့လူတွေလိုဆိုတာ
ရယ်၊ အမျိုးသမီးတွေရဲ့  ခင်ပွန်း ရွေးချယ်ခွင့်ကို အဓမ္မနည်းနဲ့  ပိတ်ပင်တာတွေဖြစ်လာတော့ မြန်မာတွေဟာ အမျိုးသမီးကိုဖိနှိပ်တဲ့ လူတွေအသွင် ဖြစ်သွားကြပြန်တယ်။
ဘာသာရေးလည်း အစွန်းရောက်၊ တပါးဘာသာကို ရန်လို၊ အကြမ်းကလည်းဖက်၊ အမျိုးသမီးတွေကိုလည်း
ဖိနှိပ်တော့ မျိုးစောင့်လိုင်းတင်တဲ့ မြန်မာဗုဒ္ဓဘာသာ အချို့ ဟာ တာလီဘန်များနဲ့ တထပ်တည်းနီးပါး ဖြစ်နေ
ပါတော့တယ်။
မျိုးစောင့်လှုပ်ရှားမှုဟာ မြန်မာတွေသည်းခံ၊ယဉ်ကျေး၊ ငြိမ်းချမ်း၊ခွင့်လွတ်၊နားလည်မှုရှိပါတယ်ဆိုတဲ့အချက်
တွေကို လုံးဝ ပြောင်းပြန် လှန်ပစ်လိုက်တာပါ။ အခုဆိုရင် မြန်မာတွေကို မသည်းခံ၊ မယဉ်ကျေး၊ မငြိမ်းချမ်း၊ မခွင့်လွတ်၊ နားလည်မှုမရှိ ဆိုတာတွေနဲ့ ပဲ ကမ္ဘာကတွဲမြင်ပါတော့ တယ်။  မြန်မာတွေ ဂုဏ်ယူစရာရှိသမျှကို လုံးဝ ချွေမွလိုက်တာပါပဲလို့  ဆိုရလိမ့်မယ်။
မြန်မာတွေ ဗုဒ္ဓဘာသာပြည်သူတွေရှုံးပေမဲ့ အနိုင်ရသွားတဲ့လူတွေတော့ရှိတယ်။ ပွဲမပြီးပေမဲ့ စစ်အုပ်စုနိုင်
သွားပါပြီ။ ဘာကြောင့်လဲ?
နှစ်ပေါင်း ၂၀ လုံးလုံး အစိုးရက နည်းမျိုးစုံနဲ့  သတ်ဖို့ ကြိုးစားပေမဲ့ မသေခဲ့တဲ့ BBC၊ VOA၊ RFA၊ DVB၊ Irraw
addy စတဲ့ ပြည်ပသတင်း ဌာနတွေ အခုတော့ သေသွားပြီ။ ဘင်္ဂလီငွေယူ၊ ဆော်ဒီငွေယူပြီး တိုင်းပြည် ရောင်း
စားတယ်ဆိုပြီး ပြည်သူတွေကိုယ်တိုင်ကယူဆသွားကြပြီ။ဒီသတင်းဌာနတွေဟာမြန်မာစစ်အစိုးရအကြောက်
ဆုံး ဌာနတွေဖြစ်တယ်။ အစိုးရက မျက်စိပိတ် နားပိတ်ပြည်သူတွေကို လိမ်ချင် တိုင်း လိမ်လို့ မရအောင် သ
တင်းတွေထုတ်ပြန်ပေးခဲ့တဲ့အတွက် အစိုးရ အမုန်းဆုံး သတင်းဌာနတွေ။
နိုင်ငံတကာအဖွဲ့ အစည်းတွေဟာလည်းစစ်အစိုးရလက်ထက် စစ်အစိုးရရဲ့  ယုတ်မာမှု၊ အကြမ်းဖက်မှု၊ ညှင်း
ပမ်း နှိပ်စက်မှုတွေကို အမြဲထောက်ပြ ဝေဖန်ပြီး နိုင်ငံတကာမှာ မြန်မာအစိုးရကို အကျပ်အတည်း ရိုက်စေခဲ့
တယ်။ ဒီအဖွဲ့ တွေကို ပြည်သူတွေ အားကိုးခဲ့တယ်။ အဲ့ဒီ ပြည်သူတွေရဲ့  ကျောထောက် နောက်ခံအဖွဲ့ တွေကို
ပြည်သူတွေ ကိုယ်တိုင်က ကုလားဘက်လိုက်တဲ့ အချုပ်အခြာ အာဏာကို ကျူးကျော်တဲ့ အဖွဲ့ တွေအဖြစ် မြင်
သွားကြပြီ။
ဒေါ်အောင်ဆန်းစုကြည်ဆိုတာ စစ်အစိုးရရဲ့  ရန်သူ နံပါတ် ၁။ သူ့ ရဲ့နောက်မှာ တကမ္ဘာလုံးရှိတယ်။ အစိုးရ
တွေ၊ အတိုက်အခံပါတီတွေ၊ လူအခွင့်အရေးအဖွဲ့ ၊ ဘာသာရေးအဖွဲ့ ၊ တက်ကြွလှုပ်ရှားသူ အဖွဲ့ စသဖြင့် အဖွဲ
အခါ သူ့ အကျပ်အတည်းကြောင့် ရှောင်ရှားဖြေရတဲ့ မွတ်စလင်မ်တွေကလည်း သူ့ ကိုမ ယုံတော့သလို၊ ဗုဒ္ဓ
ဘာသာတွေကလည်းသူ့ ကိုမွတ်စလင်မ်ဘက်လိုက်တယ်ဆိုပြီး စွပ်စွဲကြတယ်။ သူပြောလို့ မရတာကို မပြော
ရမလား ဆိုပြီး နိုင်ငံတကာကလည်း ဝေဖန်ကြတယ်။ နောက်ဆုံးတော့ စစ်အစိုးရရဲ့  ရန်သူ နံပါတ် (၁) ဖြစ်တဲ့ တိုင်းပြည်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်တွင်းမှာရော ပြည်ပမှာရော ထောက်ခံမှု ကျဆင်း
သွားတယ်။
မင်းကိုနိုင်၊ ကိုကိုကြီးအပါအ၀င် အတိုက်အခံတွေကိုလည်း နိုင်ငံတကာက အယုံအကြည်လျော့သွားတယ်။ သူတို့ ကို နှစ်ပေါင်း ၂၀ ကျောထောက် နောက်ခံပေးခဲ့တဲ့ နိုင်ငံတကာက သူတို့ ကို ဆက်ပြီး ထောက်ခံဖို့ ဆို
တာ တော်တော်စဉ်းစားလိမ့်မယ်။
အရေးအကြီးဆုံးအနေနဲ့  သံဃာထုရဲ့ နိုင်ငံတကာ လက်ခံမှု အသတ်ခံရတယ်။ ၂၀၀၇ တုန်းက သံဃာလှုပ်
ရှားမှု ကြောင့် သံဃာထု အင်အားတောင့်လာသလို နိုင်ငံတကာကလည်း သံဃာထုနောက်မှာ ရှိခဲ့တယ်။
ခုချိန်မှာ သံဃာတော်တချို့ က မဟုတ်တာတွေလုပ်၊ သံဃာတော်ကြီးလို့  မှတ်ယူရသူတွေက ထောက်ခံ၊ ဒါ
မျိုးတွေကြောင့် သံဃာထုကို နိုင်ငံတကာက အယုံအကြည်လျော့လာတာအပြင် အကြမ်းဖက်သမားတွေကို
မြင်လာတယ်။
ဒီအခြေအနေအားလုံးကိုပေါင်းကြည့်လိုက်ပါ။
စစ်အစိုးရရဲ့ ရန်သူတွေမှန်သမျှ အသတ်ခံလိုက်ရပြီ။ ပြည်ပမီဒီယာ၊ ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတကာ အ
ဖွဲ့ အ စည်း၊ ၈၈ နဲ့  အတိုက်အခံအင်အားစု၊ သံဃာထု။ ခုချိန်ခါ ၈၈လိုအရေးတော်ပုံစဖြစ်မယ်ဆိုရင် ဘယ်သူ
က ဘယ်သူ့ ကိုကူပြီး ဘယ်လိုလုပ်မလဲ။ ပြီးခဲ့တဲ့ နှစ်ပေါင်း၂၀ အတွင်းကတည်ဆောက်ထားတဲ့ ပြည်သူ-ပြည်
ပမီဒီယာ- နိုင်ငံတကာ အဖွဲ့ အစည်း-အတိုက်အခံ-သံဃာ ဆိုတဲ့ ဆက်နွယ်မှု တခုလုံးဟာ အခု အသတ်ခံ လိုက်ရပြီဖြစ်တဲ့အတွက် အဲ့ဒီဆက်နွယ်မှုရဲ့  ကြံ့ခိုင်မှုမရှိပဲ အစိုးရကို အံ့တုနိုင်ပါ့မလား။
ပြည်သူတွေအတွက်တော့ ဂုဏ်သိက္ခာနဲ့  ရင်းလိုက်ရတယ်။ အဲ့ဒီအရင်းအနှီးအတွက် အကျိုးရလဒ်ကတော့
ပြည်သူတွေ ဂုဏ်သိက္ခာ ကျဆင်းစေတဲ့ အစိုးရကိုတိုက်ပြီး ပြည်သူတွေရဲ့  ဂုဏ်၊ တိုင်းပြည်ရဲ့  သိက္ခာကို ပြန်
ဆယ်မဲ့ တော်လှန်ရေးအတွက် ဆက်နွယ်မှု ကွန်ယက် ဖျက်ဆီးခံလိုက်ရတာပါပဲ။
ဓါတ်ပုံ Credit => ကာတွန်းဟန်လေး
** ဆောင်းပါးရှင်၏ အမြင်နှင့် အာဘော်သာဖြစ်ပါသည်။
ဆောင်းပါးရှင်-ရန်လင်းဖြိုး
M-Media  , RangonNewsDaily
kolatt (Pabedan): 1.8.2013
0 comments:
Post a Comment