Pages

Tuesday, December 25, 2012

ဒီဇင်ဘာလ ၂၅ ရက်နေ့ ညဆယ်နာရီအချိန်ခန့်က ကမ္ဘာအေးဘုရားလမ်းပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွား

ယနေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့ ညဆယ်နာရီအချိန်ခန့်က  ဗဟန်းဘက်မှ ကမ္ဘာအေးဘုရားလမ်းအတိုင်း မောင်းနှင်လာသော တက္ကစီတစ်စီးနှင့် မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသော Toyota Caldina အမျိုးအစား ယာဉ်တစ်စီးတို့ ကန်ဘဲ့လမ်းထောင့်အကွေ့တွင် တိုက်မိခဲ့ကြောင်း သိရသည်။အဆိုပါ ယာဉ်တိုက်မှုတွင် တက္ကစီယာဉ်မောင်း ဒဏ်ရာအနည်းငယ်ရရှိ၍ Toyota Caldina (ယာယီနံပါတ်တပ်ဆင်ထားသော) ယာဉ်မှ ယာဉ်မောင်းမှာ ရှောင်တိမ်းသွားကြောင်း သိရသည်။အဆိုပါ ယာဉ်တိုက်မှုဖြစ်ရာသို့ ရောက်ရှိနေသော ယာဉ်မှုစစ်အား ဖြစ်စဉ်ကို စုံစမ်းမေးမြန်းရာ''ကျွန်တော်လည်း ခုမှသတင်းရလို့ ရောက်လာတာပါ။ဖြစ်စဉ်ကို သေချာမသိသေးပါဘူး။''ဟု ပြောပြခဲ့သည်။

ယနေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့ ညဆယ်နာရီအချိန်ခန့်က ဗဟန်းဘက်မှ ကမ္ဘာအေးဘုရားလမ်းအတိုင်း မောင်းနှင်
လာသော တက္ကစီတစ်စီးနှင့် မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသော Toyota Caldina အမျိုးအစား ယာဉ်တစ်စီးတို့ ကန်ဘဲ့လမ်းထောင့်အကွေ့တွင် တိုက်မိခဲ့ကြောင်း သိရသည်။

အိန္ဒိယ ရုန်းရင်းဆန်ခတ်မှုအတွင်း ဒဏ်ရာရ ရဲတပ်ဖွဲ့ဝင် သေဆုံး

အုပ်စုလိုက် အဓမ္မပြုကျင့်ခံခဲ့ရတဲ့ အသက် ၂၃ နှစ်အရွယ် ကျောင်းသူလေးရဲ့ အမှုနဲ့ ပတ်သက်ပြီး မကျေနပ်ကြတဲ့ လူထုကြီးရဲ့ဆန္ဒပြပွဲအတွင်းအိန္ဒိယရဲတဦးပင်းပြင်းထန်ထန်ဒဏ်ရာရရှိခဲ့ပြီးနောက် နယူးဒေလီဆေးရုံတရုံမှာ သေ
ဆုံးသွားခဲ့ပါတယ်။ ရဲတွေနဲ့ ဆန္ဒပြလူအုပ်အကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအတွင်း ဒဏ်ရာရခဲ့တာဖြစ်ပြီး - ၂ ရက်ကြာ ဒီကနေ့ အင်္ဂါနေ့မှာပဲ အဲ့ဒီ ရဲ သေဆုံးသွားခဲ့တာဖြစ် တယ်လို့ အာဏာပိုင်တွေက ပြောဆိုပါတယ်။

သက်တမ်း ၂၂ နှစ်နီးပါးရှိပြီဖြစ်သော ဖော်ကာ-၁၀၀အမျိုးအစားအဲပုဂံ လေကြောင်းလိုင်း လေယာဉ်ခရီးစဉ်မှ နောက်ဆုံးရ (သတင်း။ဓာတ်ပုံများ)

ဟဲဟိုး၌ဖြစ်ပွားခဲ့သော အဲပုဂံလေယာဉ် မတော်တဆမှုတွင် ကွယ်လွန်ခဲ့သည့် မနွယ်လင်းရှိန်(Tour Guide) ပုံဖြစ်ပါသည်။
ဟဲဟိုး၌ဖြစ်ပွားခဲ့သော အဲပုဂံလေယာဉ် မတော်တဆမှုတွင် ကွယ်လွန်ခဲ့သည့် မနွယ်လင်းရှိန်(Tour Guide) ပုံဖြစ်ပါသည်
Air Baganလေယာဉ် မတော် တဆမှုတွင် ပါဝင်ခဲ့သော ဒဏ်ရာ ရရှိသူများကို ရန်ကုန်ဆေးရုံကြီးသို.ပို.ဆောင်ပး
ရန် ကျန်းမာရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးက ပြောကြား ထားကြောင်း ၀ိတိုရိယဆေးရှုံ Chief Operation Officer ဦးလောရင့်(U Lawrence) ကThe Voice Weekly သို့ပြောကြားသည်။

ကမ္ဘာ့ ပထမဦးဆုံးသော အတန်းတင်စာမေးပွဲ အောင်စာရင်း ထုတ်ပြန်ချက်

ကမ္ဘာ့ ပထမဦးဆုံးသော အတန်းတင်စာမေးပွဲ အောင်စာရင်း ထုတ်ပြန်ချက်။

လိုတိုရှင်း ထိထိရောက်ရောက် အောင်စာရင်း

Credit - Original up-loader ^..^
Copy from ရေးမိရေးရာလေးများ

ကမ္ဘာ့ ပထမဦးဆုံးသော အတန်းတင်စာမေးပွဲ အောင်စာရင်း ထုတ်ပြန်ချက် ကိုမော်လမြိုင်မြို့တွင် တွေ့ရှိခဲ့ရသည်
လိုတိုရှင်း ထိထိရောက်ရောက် အောင်စာရင်းဟုပြောလို့ရပါသည်။သင်ပုန်းတွင်းဖတ်ကြည့်လိုက်ပါ.........

ဖြူးမြို့တွင် သံဃာတော်များမှ မြို့နယ်ဆေးရုံရှိဆိုင်းဘုတ်များအား ဖျက်ဆီး

၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ဖြူးမြို့၊ ဘူတာတောင်ရပ်ကွက်၊ သပြေတန်း ဘုန်းကြီး ကျောင်းမှ အရှင်
ဆန္ဒိမာ ( ၁၆)နှစ်သည် ဖြူးမြို့ နယ်ပြည်သူ့ဆေးရုံတွင် သွေးဝမ်းသွား သွေးအန်သည့်ရောဂါဖြင့် ဆေးကုသမှုခံယူ
နေစဉ် ဒီဇင်ဘာလ ၂၄ ရက်နေ့ နေ့လည် ၁ နာရီခွဲခန့်တွင် ပျံလွန်တော်မူသွားခဲ့ပါသည်။

မြန်မာ စစ်အစိုးရတပ်များနှင့် ကေအိုင်အေတို့ ယနေ့ မွန်းလွဲပိုင်းမှညနေပိုင်းအထိ တိုက်ပွဲများပြင်းထန်နေ

ဒီဇင်ဘာ(၂၅) သတင်းတို 

မြန်မာ စစ်အစိုးရတပ်များ ရဟတ်ယာဉ်အသုံးပြုကာ လိုင်ဇာ အောက်ဘက်ခြမ်းရှိ ဆမ်တိန်းဂျန်ကျေးရွာသို့  လက်နက်ခဲယမ်း ရိက္ခာများ လာရောက်ပို့ ဆောင်သွားကြောင်းသိရသည် ။

 ကေအိုင်အေ တပ်မဟာ(၅) လက်အောက်ခံ တပ်ရင်း(၂၄)နယ်မြေ ဘွမ်ဆောင်ဒေသ တွင် ကေအိုင်အေ တပ်ပေါင်းစု တပ်ဖွဲ့ ဝင်များ နှင့် အစိုးရတပ်များ ညနေ (၅)နာရီ အချိန်ခန့် ထိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကြောင်းသိရသည်။

ထို့ အပြင် ယနေ့ မွန်းလွဲပိုင်း ၂ နာရီမှ ၄ နာရီခန့် အတွင်း မြစ်ကြီးနား - ဆွမ်ပရာဘွမ် လမ်းမကြီးအတိုင်း မြန်မာအစိုးရတပ်မှ စစ်ကား အစီး (၈၀) ခန့် စစ်ကြောင်းထိုး တက်သွားကြောင်း သိရှိရသည်။

မြန်မာ စစ်အစိုးရတပ်များ ရဟတ်ယာဉ်အသုံးပြုကာ လိုင်ဇာ အောက်ဘက်ခြမ်းရှိ ဆမ်တိန်းဂျန်ကျေးရွာသို့  လက်
နက်ခဲယမ်း ရိက္ခာများ လာရောက်ပို့ ဆောင်သွားကြောင်းသိရသည် ။

Air Bagan မှ ထုတ်ပြန်ကြေညာချက် (နောက်ဆုံးရသတင်းများ)

ယနေ့ မနက်ပိုင်းခရီးစဉ် အဖြစ် ရန်ကုန် - ပုဂံညောင်ဦး - မန္တလေး - ဟဲဟိုး - ရန်ကုန် ပျံသန်းပြေးဆွဲ သော Air Bagan  W9-011 လေယာဉ်၇ နာရီ ၃၀ အချိန်ခန့်တွင်၊ ဟဲဟိုး လေဆိပ် အဆင်း၌  မီးလောင်မှုသတင်းဓာတ်ပုံ

လေယာဉ်မှားယွင်းဆင်းသက်စဉ် ကားလမ်းပေါ်က ဆိုင်ကယ်စီးနေသူနှစ်ဦးကို တိုက်မိတဲ့အတွက် တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရခဲ့ါပတယ်။ ဒါက အတိုက်ခံခဲ့ရတဲ့ ဆိုင်ကယ်ရဲ့ အပိုင်းအစတွေဖြစ်ပါတယ်။

____________________________________
Reference and Credit to -သတင်းဓာတ်ပုံ-ထူးအိမ်သင်(ဟဲဟိုး)
Posted By Admin Team[NOM]
(email:newsofburma.myanmar@gmail.com)
လေယာဉ်မှားယွင်းဆင်းသက်စဉ်အတိုက်ခံခဲ့ရတဲ့ ဆိုင်ကယ်ရဲ့ အပိုင်းအစတွေ
အဲပုဂံလေယာဉ် ပျက်ကျရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးရန်အတွက် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဥက္ကဋ္ဌအဖြစ် ဦးဆောင်သော စုံစမ်းရေးကော်မတီကို ချက်ချင်းဖွဲ့စည်းကာ စစ်ဆေးနေပြီဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

ယနေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့သည် အင်္ဂလိပ်လူမျိုး ရူပဗေဒ ပညာရှင် ဆိုက်ဆက်နယူတန်ရဲ့  မွေးနေ့ ဖြစ်သည်

Happ Birthday နယူတန် !!

ယနေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့ဟာ ဆိုက်ဆက်နယူတန်ရဲ့  မွေးနေ့ ဖြစ် ပါတယ်။ ၁၆၄၂ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ မွေးဖွားပြီး ၁၇၂၇ ခုနှစ် မတ်လ ၂၀ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။ 

သူသက်ရှိစဉ် ကာလအတွင်း ကမ္ဘာအတွက် အကြီးမားဆုံး ပြောင်းလဲမှု များ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် ယနေ့တိုင်ပဲ သူဟာ ကမ္ဘာ့သမိုင်း အတွင်း သြစာ လွမ်းမိုးမှု ကြီးမားသူ တစ်ဦး အဖြစ် သတ်မှတ် ထားပါတယ်။ အင်္ဂလိပ်လူမျိုး ရူပဗေဒ ပညာရှင်၊ သင်္ချာပညာရှင်၊ နက္ခတ္တဗေဒ ပညာရှင်၊ အတွေးအခေါ် ပညာရှင်၊ ဒဂဿဂိရတ် ပညာရှင် အစရှိသဖြင့် ဂုဏ်ပုဒ်ပေါင်း မျိုးစုံ ကြွယ်ဝပြီး စွယ်စုံ ထူးချွန်သူ တစ်ဦး ဖြစ်ပါတယ်။ 

ကမ္ဘာ့ပထမဦးဆုံး အဝေးကြည့် မှန်ပြောင်း (တယ်လီစကုပ်) ကိုလည်း သူပဲတီထွင်ခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာမြေဆွဲငင်အား နိယာမ ( universal gravitation ), လှုပ်ရှားမှု ဆိုင်ရာ နယူတန် နိယာမ ၃ ရပ် ( the three laws of motion), သုံးမြောင့် ဖန်တုံးကို အခြေခံသော အရောင် သီအိုရီ၊ အေး ခဲခြင်း နိယာမ၊ အသံ၏ အရှိန်နှုန်း အစရှိသဖြင့် ပြောမကုန်နိုင်အောင် များပြားလှသော သီအိုရီနဲ့ အယူအဆ၊ ပညာရပ်များကို နယူတန်က ထုတ်ဖော်နိုင်ခဲ့ ပါတယ်။

ယနေ့ သိပ္ပံပညာရပ်ရဲ့  အားအကြီးဆုံး အထောက်အပံ့လို့ လက်ခံထားပြီး နယူတန် မရှိလျှင် သိပ္ပံပညာ မရှိ လို့တောင် ဂုဏ်တင်ပြောဆိုခဲ့ပါတယ်။ 

ယနေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့ဟာ နယူတန် (Sir Isaac Newton)  မွေးဖွား ခဲ့တဲ့ နေ့ရက်လေးမို့ အမှတ်ရစေရန် ရေးသား ဂုဏ်ပြု မျှဝေလိုက်ရပါတယ်။ 

Happy Birthday Sir Isaac Newton!!!!!
--
Ref: wiki
International news for myanmar

http://www.innewsmyanmar.com/2012/12/happ-birthday.html

--

ယနေ့ ဒီဇင်ဘာလ၂၅ ရက်နေ့ဟာ ဆိုက်ဆက်နယူတန်ရဲ့  မွေးနေ့ ဖြစ် ပါတယ်။ ၁၆၄၂ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်
န့မှာ မွေးဖွားပြီး ၁၇၂၇ ခုနှစ် မတ်လ ၂၀ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။ သူသက်ရှိစဉ် ကာလအတွင်း ကမ္ဘာအ
တွက် အကြီးမားဆုံး ပြောင်းလဲမှု များ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် ယနေ့တိုင်ပဲသူဟာကမ္ဘာ့သမိုင်း အတွင်း
 သြစာ လွမ်းမိုးမှု ကြီးမားသူ တစ်ဦး အဖြစ် သတ်မှတ် ထားပါတယ်။

အဲပုဂံ ဟဲဟိုးလေယာဉ်ခရီးစဉ် မတော်တဆမှုတွင် ကွယ်လွန်ခဲ့သော ခရီးသည်မှာ ပျောက်ဆုံးနေသည့် မနွဲ့လင်းရှိန်(Tour Guide) ဖြစ်ကြောင်း သက်ဆိုင်ရာမှ အတည်ပြုပေး

(ပျောက်ဆုံးသူနှင့် ဆိုင်ကယ်ပေါ်မှာ သေဆုံးသူ Air Bagan ထုတ်ပြန်ချက်)

ဟဲဟိုးမတော်တဆမှုတွင်ကွယ်လွန်ခဲ့သောခရီးသည်မှာ ပျောက်ဆုံးနေသည့်မနွဲ့လင်းရှိန်(TourGuide) ဖြစ်ကြောင်း
သက်ဆိုင်ရာမှ အတည်ပြုပေးကြောင်း သိရှိရပါသည်။ ခရီးသည်မဟုတ်ဘဲလမ်းပေါ်မှဆိုင်ကယ်စီးနေရင်း ထိခိုက်
သဆုံးသွားသူမှာ ဦးပြားဟု သိရှိရပါသည်။အဲပုဂံမိသားစုအနေဖြင့် ကျန်ရစ်သူမိသားစုများနှင့်အတူ ထပ်တူထပ်
မျှ ဝမ်းနည်းမိပါသည်။ ကောင်းရာမွန်ရာသို့ ရောက်ရှိပါစေကြောင်းကိုလည်း ဆုတောင်းမေတ္တာပို့သလျက် ရှိပါ
သည်။

AirBagan လေယာဉ်ပျက်ကျမှု အမျိုးသမီးတစ်ဦး ယခုအချိန်ထိ ပျောက်ဆုံးနေ

AirBagan လေယာဉ်ပျက်ကျမှု အမျိုးသမီးတစ်ဦး ပျောက်ဆုံး

ယနေ့မနက် ဒီဇင်ဘာ ၂၅ ရက်နေ့က ရန်ကုန်-မန္တလေး-ဟဲဟိုးမြို့တွေကို ပြေးဆွဲပျံသန်းတဲ့  အဲယားပုဂံ လေကြောင်းလိုင်း လေယာဉ်အမှတ်(W9-011)လေယာဉ်ဟာ ဟဲဟိုး လေယာဉ်ကွင်းအနီးမှာ ပျက်ကျသွားခဲ့ပါတယ်။
ဟဲဟိုးလေယာဉ်ကွင်းကို လေယာဉ်ဆင်းသက်ရန် ပြင်ဆင်နေချိန်မှာ မြုတွေဆိုင်းနေခြင်းကြောင့် သစ်ပင်ကို အရင်ဝင်တိုက်မိပြီး၊ ဓာတ်တိုင်ကို ဆက်လက် တိုက်မိခဲ့ခြင်းကြောင့် ယင်းဓာတ်တိုင်က ဓာတ်ကြိုးများ ပျက်ကျခဲ့ကြောင်း သိရသည်။
"ဓာတ်တိုင်ကို တိုက်မိတာကြောင့် ဓာတ်တိုင်က ဓာတ်ကြိုးက ဟဲဟိုးကားလမ်းပေါ်ကို သွားနေတဲ့ ဆိုင်ကယ်ပေါ်ကိုပြုတ်ကျတယ်။ဆိုင်ကယ်ပေါ်ပါတဲ့ လူနှစ်ဦးထဲက ယောင်္ကျားတစ်ဦးက ပွဲချင်းပြီး သေတယ်။နောက်တစ်ယောက်ကိုတော့ ဟဲဟိုးဆေးရုံကို ပို့ထားတယ်"ဟု ယင်းနေရာတွင် ရောက်ရှိသတင်းယူနေသည့် RFA သတင်းထောက်က သတင်းပေးပို့ပါတယ်။
 Air Baganရဲ့ ထုတ်ပြန်ချက်အရ ယင်းလေယာဉ်တွင် ခရီးသည် ၆၅ယောက်ပါဝင်ပြီး၊လေယာဉ်ပေါ်တွင် လိုက်ပါခဲ့တဲ့ ခရီးသည် ၇ ယောက်နဲ့လေယာဉ်မှုး နှစ်ဦးတို့ကို တောင်ကြီး၊စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုပေးနေတယ်လို့ သိရပါတယ်။
ပျက်ကျတဲ့ လေယာဉ်ပေါ်ကို မန္တလေးမြို့ကနေ လိုက်ပါသွားတဲ့ စပိန်နဲ့အင်္ဂလိပ် ဧည့်လမ်းညွှန် မနွယ်လင်းရှိန် ကတော့ အခုထိပျောက်ဆုံးနေတယ်လို့ သူ့ရဲ့ သူငယ်ချင်းဖြစ်သူ ဧည့်လမ်းညွှန်  ဒေါ်ချိုတာကတော့ RFA ကို အခုလို ပြောပါတယ်။
"အခုထိ ကျွန်မသူငယ်ချင်း ဘာဖြစ်တယ်ဆိုတာ မသိသေးဘူး။ပျောက်နေတာပဲသိတယ်။Air Bagan ကို ဖုန်းဆက်မေးတော့လဲ ဘာမှအကြောင်းမပြန်ဘူး။သူ့ရဲ့ဖုန်းကိုဆက်တော့လည်း မနက်ထဲကခေါ်လို့ မရဘူး"လို့ ပြောပါတယ်။
နိုင်ငံပိုင်မီဒီယာတွေကတော့ လေယာဉ်ပျက်ကျမှုမှာ အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦး သာသေဆုံးတယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။
အဆိုပါ လေယာဉ်ပျက်ကျတဲ့ နေရာကို ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်တို့က လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး၊ကျန်ရှိနေသေးတဲ့ ဧည့်သည်တွေကို ဟဲဟိုးလေဆိပ်က အထူးဧည့်သည်ဆောင်မှာ လုံခြုံရေး အစောင့်အရှောက်နဲ့ စောင့်ကြပ်နေပါတယ်။
ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်ကအဲယားပုဂံရဲ့ ခရီးသည်တင်လေယာဉ်တစ်စင်းဟာ ပူတာအိုလေဆိပ်မှာ ခါးထက်ပိုင်းကျိုးခဲ့ဖူးပါတယ်။

ယနေ့မနက်ဒီဇင်ဘာ၂၅ ရက်နေ့ကရန်ကုန်-မန္တလေး-ဟဲဟိုးမြို့တွေကို ပြေးဆွဲပျံသန်းတဲ့ အဲယားပုဂံ လေကြောင်း
လိုင်း လေယာဉ်အမှတ်(W9-011)လေယာဉ်ဟာဟဲဟိုး လေယာဉ်ကွင်းအနီးမှာပျက်ကျသွားခဲ့ပါတယ်။ဟဲဟိုး
လယာဉ်ကွင်းကို လေယာဉ်ဆင်းသက်ရန် ပြင်ဆင်နေချိန်မှာ မြုတွေဆိုင်းနေခြင်းကြောင့် သစ်ပင်ကို အရင်ဝင်
တိုက်မိပြီး၊ ဓာတ်တိုင်ကို ဆက်လက် တိုက်မိခဲ့ခြင်းကြောင့် ယင်းဓာတ်တိုင်က ဓာတ်ကြိုးများ ပျက်ကျခဲ့ကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံအတွက် ၂၇ လုံးမြောက် မုန်တိုင်း WUKONG

Photo: ဖိလစ်ပိုင်နိုင်ငံအတွက် ၂၇ လုံးမြောက် မုန်တိုင်း WUKONG
By mmweather.ygn, on December 25th, 2012
http://blog.mmweather.com/2012/12/25/ts-wukong-27w/

ဒီဇင်ဘာလ ၂၅ ရက်၊ မြန်မာစံတော်ချိန် နံနက် ဝ၆၃ဝ နာရီတွင် ရရှိသည့် NRL Data များအရ ဖိလစ်ပိုင်ပင်လယ်တွင် ဖြစ်ပေါ်လျှက်ရှိသည့် လေဖိအားနည်းရပ်ဝန်း 27W သည် ပိုမိုအားကောင်းလာပြီး ဒီဇင်ဘာ ၂၅ ရက် မြန်မာစံတော်ချိန် (၂၄၃ဝ နာရီ)တွင် အပူပိုင်းမုန်တိုင်း အဖြစ်သို့ ရောက်ရှိလာနိုင်မည် ဖြစ်ကြောင်း၊ ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း မင်ဒါနာအို ကျွန်းအား ဖြတ်ကျော်တိုက်ခတ်၍ တောင်တရုတ်ပင်လယ်သို့ ဆက်လက် ရောက်ရှိနိုင်မည်ဖြစ်ကြောင်း သိရပါသည်။

လေဖိအားနည်းရပ်ဝန်း အဆင့်တွင်ရှိနေသည့် WUKONG(27W)သည် ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာ၏ အရှေ့တောင်ဘက် မိုင် ၆ဝဝ ကျော်ခန့် ပင်လယ်ပြင်တွင် ဗဟိုပြုနေပြီး
အနောက်ဘက်သို့ တစ်နာရီ ၁ဝ မိုင်နှုန်းဖြင့် ဆက်လက်ရွေ့လျားနေကြောင်း အနီးဆုံး ဖိလစ်ပိုင်နိုင်ငံ အရှေ့ဘက် ကမ်းခြေမှ ၇၅ မိုင်ခန့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရပါသည်။

27W WUKONG
25 Dec 2012 0000Z
Location: 10.0 128.7
Winds: 30 knots
Central Pressure: 1000 hPa

ဒီဇင်ဘာလ ၂၅ ရက်၊ မြန်မာစံတော်ချိန် နံနက် ဝ၆၃ဝ နာရီတွင် ရရှိသည့် NRL Data များအရ ဖိလစ်ပိုင်ပင်လယ်
တွင် ဖြစ်ပေါ်လျှက်ရှိသည့် လေဖိအားနည်းရပ်ဝန်း 27W သည် ပိုမိုအားကောင်းလာပြီး ဒီဇင်ဘာ ၂၅ ရက် မြန်မာ
စံတော်ချိန် (၂၄၃ဝ နာရီ)တွင်အပူပိုင်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိလာနိုင်မည် ဖြစ်ကြောင်း၊ဖိလစ်ပိုင်နိုင်ငံ တောင်
ပိုင်း မင်ဒါနာအို ကျွန်းအား ဖြတ်ကျော်တိုက်ခတ်၍ တောင်တရုတ်ပင်လယ်သို့ ဆက်လက် ရောက်ရှိနိုင်မည်ဖြစ်
ကြောင်း သိရပါသည်။

မြေငလျှင်သတင်း ( မြန်မာစံတော်ချိန် ၁၁း၅၈ မိနစ်)

Photo: ဒီဇင်ဘာလ ၂၅ ရက်၊ မြန်မာစံတော်ချိန် ၁၁း၅၈ မိနစ်တွင် တောင်ကြီးမြို့ အရှေ့-အရှေ့တောင်ဘက် ၈၅ မိုင်ခန့်၊ နေပြည်တော် အရှေ့-အရှေ့မြောက်ဘက် မိုင် ၁၅ဝ ခန့်၊ လွိုင်ကော်မြို့ အရှေ့မြောက်ဘက် မိုင် ၉ဝ ခန့်တွင် အင်အား ရစ်ခ်ျတာစကေး ၂.၅ ရှိသည့် ငလျင်တစ်ခု လှုပ်သွားကြောင်း ထိုင်းမိုးလေဝသဌာနမှ သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားပါသည်။

ဒီဇင်ဘာလ ၂၅ ရက်၊ မြန်မာစံတော်ချိန် ၁၁း၅၈ မိနစ်တွင် တောင်ကြီးမြို့ အရှေ့-အရှေ့တောင်ဘက် ၈၅ မိုင်ခန့်၊ နေ
ပည်တော် အရှေ့-အရှေ့မြောက်ဘက် မိုင် ၁၅ဝ ခန့်၊ လွိုင်ကော်မြို့ အရှေ့မြောက်ဘက်မိုင် ၉ဝ ခန့်တွင် အင်အား
ရစ်ခ်ျတာစကေး ၂.၅ ရှိသည့် ငလျင်တစ်ခု လှုပ်သွားကြောင်း ထိုင်းမိုးလေဝသဌာနမှ သတင်းထုတ်ပြန်ချက်တွင်
 ဖေါ်ပြထားပါသည်။

မြန်မာစံတော်ချိန် နေ့လည် ၁၂၃ဝ နာရီတွင် အပူပိုင်းမုန်တိုင်း WOKUNG(27W) သည် ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းကမ်းခြေအား စတင်ဖြတ်ကျော်

မြန်မာစံတော်ချိန် နေ့လည် ၁၂၃ဝ နာရီတွင် အပူပိုင်းမုန်တိုင်း WOKUNG(27W) သည် ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းကမ်းခြေအား စတင်ဖြတ်ကျော်လျှက်ရှိကြောင်း တွေ့ရပါသည်။

မြန်မာစံတော်ချိန် နေ့လည်၁၂၃ဝနာရီတွင်အပူပိုင်းမုန်တိုင်း WOKUNG(27W)သည်ဖိလစ်ပိုင်နိုင်ငံ တောင်
ပိုင်းကမ်းခြေအား စတင်ဖြတ်ကျော်လျှက်ရှိကြောင်းသတင်းရရှိ ပါသည်။

မုံရွာဒေသရှိ အရပ်ရှေ့နေအချို့ တရားခွင်ပြင်ပတွင် ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများရှိနေ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တရားရေးအကျိုးဆောင် အရပ်ရှေ့နေအချို့သည် တရားရေးမဏ္ဍိုင်အား ပြည်သူလူ ထု၏ ယုံကြည်ကိုးစားမှု ရုတ်လျော့စေရန် တမင်ကြံရွယ်၍ တရားခွင်ပြင်ပတွင် ပုဂ္ဂိုလ်ရေး တိုက်ခိုက်ထိုးနှက်မှုများ ပြုလုပ် လျက်ရှိကြောင်း နစ်နာသူများ၏ ပြောပြချက်များအရ သိရသည်။

ကမ္ဘာ့ခြေထောက် အများဆုံး သတ္တဝါ

ကမ္ဘာ့ခြေထောက် အများဆုံး သတ္တဝါ 

မြန်မာခေါ် ကင်းနားသန် (ပိုးနားသန်) အမျိုးနွဲထဲက အသစ်ထပ်ခွဲထွက်တဲ့ Illacme plenipes အမည်ရ ကင်းမျိုး ဖြစ်ပါတယ်။ အမေရိကန်မှာ တွေ့ရှိ ထားတာ ဖြစ်ပါတယ်။ ခြေထောက် ပေါင်း အချောင်း ၇၅၀ ပါဝင်တဲ့အတွက် ကမ္ဘာ့ ခြေထောက်အများဆုံး သက်ရှိ သတ္တဝါအဖြစ် စံချိန်တင်ထားပါတယ်။

တည်နေရာအတိအကျ ကတော့ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ် မြောက်ပိုင်း ဆီလီကွန်တောင်ကြားမှာ ဖြစ် ပါတယ်။ ၁၉၂၈ ခုနှစ်က တစ်ကြိမ်တွေ့ရှိခဲ့ပေမယ့် ကြားမှာ ပြန် လည် တွေ့ရှိမှု လုံးဝ မရှိတော့ပါဘူး။ သက္ကရာဇ် ၂၀၀၅ ခုနှစ် ရောက် မှ နောက်ထပ် ပြန်လည်တွေ့ရှိပြီး သေချာ မှတ်တမ်းတင် စာရင်းပြု စုနိုင်ခဲ့ပါ တယ်။ 

အရွယ်အစားကတော့ ၁.၂ လက်မ ဝန်းကျင်အထိပဲ ရှိပါတယ်။ အမက ခြေထောက်ပိုများပြီးဒ၇၅၀ ဝန်းကျင်အထိကို ရှိပါတယ်။ အထီး ကတော့ ခြေထောက် အချောင်း ၅၅၀ ထက်မနည်းသာ ရှိပါတယ်။ တွေ့ရှိဖူး သမျှ ခြေထောက်အများဆုံး သက်ရှိတောင်မှာ အချောင်း ၁၀၀ ဝန်းကျင်ပဲရှိ တာမို့ Illacme plenipes က စံချိန်ချိုးနိုင်ခဲ့ပါတယ်။ 

ခြေထောက်အားလုံး အသက်ရှိပြီး လမ်းလျှောက်ဖို့၊ အပင်ပေါ်တက်ဖို့၊ သွားလာလှုပ်ရှားဖို့ အတွက် အားလုံးကို အသုံးပြုနိုင်ပါတယ်။ ဒါကြောင့် Illacme plenipes ကို ကမ္ဘာ့ ခြေထောက်အများဆုံး သက်ရှိ သတ္တ၀ါ အဖြစ် စံချိန်တင် အသိအမှတ်ပြုလိုက်ကြောင်း သိရပါတယ်။
-----
Ref: NGC

http://www.innewsmyanmar.com/2012/12/blog-post_5431.html

---


အေးချမ်းမွန်မှ International news for myanmar တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။

မြန်မာခေါ် ကင်းနားသန် (ပိုးနားသန်) အမျိုးနွဲထဲက အသစ်ထပ်ခွဲထွက်တဲ့ Illacme plenipes အမည်ရကင်းမျိုး
ဖစ်ပါတယ်။ အမေရိကန်မှာ တွေ့ရှိ ထားတာ ဖြစ်ပါတယ်။ ခြေထောက် ပေါင်း အချောင်း ၇၅၀ ပါဝင်တဲ့အ
တွက် ကမ္ဘာ့ ခြေထောက်အများဆုံး သက်ရှိ သတ္တဝါအဖြစ် စံချိန်တင်ထားပါတယ်။

အမေရိကန်နိုင်ငံမှ မျက်နှာ နှစ်ခုနှင့် ကြောင်

မျက်နှာ နှစ်ခုနှင့် ကြောင်

မျက်နှာ နှစ်ခုနဲ့ ကြောင် (Two Faced Cat) အပြင်မှာ တကယ် ရှိပါတယ်။ အမေရိကန်နိုင်ငံမှာ ဖြစ်ပြီး အသက် ၃ နှစ်သား ဝန်းကျင် ရှိပါတယ်။ 

ဘယ်ဘက် မျက်နှာက အနက်ရောင်ဖြစ်ပြီး ညာဘက်အနက်ရောင် ကတော့ ရွှေရောင် ဖြစ်ပါတယ်။ ခန္ဓာကိုယ်က အရောင် ကွဲပြားမှုဟာ မသိသာပေမယ့် မျက်နှာကျတော့ တော်တော်လေး သိသာနေပါတယ်။ တစ်ဖက်က အနက်ရောင် တောက်တောက် ဖြစ်နေပြီး မျက်လုံးက အစိမ်းရောင်ဖြစ်ပါတယ်။ ရွှေရောင် မျက်နှာဘက်အခြမ်း ကျတတော့ အပြာရောင် မျက်လုံးနဲ့ ဖြစ်ပါတယ်။

၂၀၁၂ သြဂုတ်လ ကုန်ပိုင်းက ပိုင်ရှင်ထုတ်ဖော်ပြသခဲ့ပြီး အင်တာနက်မှာ လူသိများခဲ့ပါတယ်။ ကယ်လီဖိုးနီးယားတက္ကသိုလ်က ဇီဝေဗေဒပညာရှင်၊ ပရောဖက်ဆာများ ကိုယ်တိုင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ယင်း ကြောင်ဟာ ဇိဝလက္ခဏာဆောင် ဓာတုပစ္စည်း (DNA) နှစ်မျိုးတောင် ပိုင်ဆိုင် ထား ကြောင်း သိရပါတယ်။ သာမန်ကြောင် တစ်ကောင်က ပေါက်ဖွားပေ မယ့် DNA နှစ်ခု ပါဝင်နေခြင်း ဖြစ်ပါတယ်။ ဒီလိုထူးခြားချက်များရှိလို့ သူ့ကို Venus လို့အမည်ပေးထားပြီး ထူးခြားသော အသွင်အပြင်ကို ပိုင်ဆိုင်သူ - Chimera လို့ အမွမ်းတင် ခေါ်ဆို ကြကြောင်း သိရပါတယ်။ 
--
Ref: NGC
International news for myanmar

http://www.innewsmyanmar.com/2012/12/blog-post_25.html

--

မျက်နှာ နှစ်ခုနဲ့ ကြောင် (Two Faced Cat) အပြင်မှာ တကယ် ရှိပါတယ်။ အမေရိကန်နိုင်ငံမှာ ဖြစ်ပြီး အသက် ၃ နှစ်သား ဝန်းကျင် ရှိပါတယ်။

ရန်ကုန်-မန္တလေး-ဟဲဟိုး အဲပုဂံ ခရီးစဉ်အမှတ် (W9-011)၊ လေယာဉ်အမျိုးအစား F-100 ပျက်ကျမှုဖြစ်စဉ်မှ ဆေးရုံသို့ ရောက်ရှိနေသော ခရီးသည်များ အမည်စာရင်း နှင့် (သတင်းဓာတ်ပုံ)

တာဝန်ရှိသူများက လေယာဉ်အပျက်အစီးကို စစ်ဆေးကြည့်ရှု့နေခိုက်
လေယာဉ်ပျက်ရှိရာသို့ လာရောက်ကြည့်ရှု့သူများကို အင်္ဂါနေ့ ဒီဇင်ဘာ ၂၅ ရက်၊ ၂၀၁၂ ခုနှစ်က တွေ့ရစဉ်။ Photo: U Ye Htut Facebook

ဆေးရုံသို့ ရောက်ရှိနေသော ခရီးသည်များထဲမှ သိရှိရသော အမည်စာရင်းကို Air Bagan က အောက်ပါ
အတိုင်း ထုတ်ပြန်လိုက်ပါသည်။

ငွေလိမ်ပြေးသည့် ဈေးခေါင်းအား စည်ပင် မှ ဈေးခေါင်းပြန်ခန့်

ဧရာဝတီတိုင်းဒေသကြီးဟင်္သာတမြို့ ဌေးဝင်းဈေးရှိ ဈေးခေါင်းဦးမြင့်ဦးသည် ဈေးသူဈေး သားများ၏ ဈေးအ
ခွန်ငွေများ၊ အတိုးဖြင့်ချေးယူထားသော ငွေများစွာကို ရှင်းလင်းခြင်းမရှိပဲ အလွဲသုံးစားပြုလုပ်ကာ ထွက်ပြေး
တိမ်းရှောင်နေပြီး စည်ပင်မှ အမှုဖွင့် အရေးယူထားသော်လည်း စည်ပင်ဗိုလ်ကြီးကို မည်သို့ လာပ်ထိုးလိုက်
သည်မသိ၊ ယနေ့တွင်ပင် ဈေးခေါင်း အဖြစ် ပြန်လည်ချထားပေးကြောင်း သတင်းရရှိပါသည်။

ကမ္ဘာကျော် အနမ်း၏ နောက်ကွယ်

ကမ္ဘာကျော် အနမ်း၏ နောက်ကွယ်
Monday, 24 December 2012 

ပုံမှာ မြင်တွေ့ရတဲ့ အနမ်းကတော့ ကမ္ဘာကျော် အနမ်း ဖြစ်ပါတယ်။
၁၉၄၅ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့ ညနေက ဖြစ်ပါတယ်။

ဂျပန်တို့ လက်နက်ချ အညံ့ခံလို့ စစ်ပြီးပြီဖြစ်ကြောင်း ရေဒီယိုက
ကြေညာ လိုက်တဲ့အခါ နယူးယောက်မြို့ ထဲ လမ်းမပေါ်ကို ပြည်သူများ ထွက်လို့ အောင်ပွဲခံကြပါတယ်။ ယင်းအောင်ပွဲခံမှုထဲမှာ သင်္ဘောသား တစ်ဦးက သူနာပြု အမျိုးသမီး တစ်ဦးကို ထွေးပွေ့လို့ ဖက်နမ်းနေတဲ့ 
ပုံကို Alfred Eisenstaedt အမည်ရ ဓာတ်ပုံဆရာက အမိအရ ရိုက်ကူးနိုင်ခဲ့ပါတယ်။

တော်တော်လှပတဲ့ Post လေးမို့ Life မဂ္ဂဇင်းထဲမှာပုံ ကြီးကြီးနဲ့ ဖော်ပြရာ ကမ္ဘာကျော် သွားရပါတယ်။ V-J Day in Times Square, V-Day နဲ့The Kiss ဆိုပြီး အမည်အမျိုးမျိုးနဲ့ ခေါင်းစဉ် တပ်လို့ တစ်ဆင့်ပြန်လည်
ဖော်ပြကြပါတယ်။ ပုံထဲက လူ ၂ ဦးဟာ ဘယ်သူလည်း ဆိုတာ
နှစ်အတော်ကြာ အငြင်းပွားခဲ့ကြပါတယ်။ ဘာလို့လဲဆို ဂျာနယ်၊ မဂ္ဂဇင်းတွေမှာကျ ဘာ Personal အချက်အလက်မှ မဖော်ပြထားလို့
ဖြစ်ပါတယ်။

နောက်ဆုံး သိလိုက်တဲ့ အဖြေကတော့ Edith Shain အမည်ရ အမျိုးသမီးက ဓာတ်ပုံထဲက သူနာပြု ဖြစ်ပြီး ၂၀၁၀ ခုနှစ် အသက် ၉၁ နှစ် အရွယ်မှာ အသဲကင်ဆာနဲ့ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။ သူ ရှိစဉ် ကာလပတ်လုံး
လည်း ထင်ရှား ကျော်ကြားခဲ့ရပါတယ်။ အမျိုးသားကတော့ ရေတပ် သင်္ဘောသား George Mendonça ဖြစ်ပါတယ်။ သူတို့ ၂ ဦးဟာ တစ်ယောက်ကို တစ်ယောက် မသိကြပါဘူး။

ရေတပ်သား George ဟာ နယူးယောက်မြို့ က ရုပ်ရှင်ရုံ တစ်ခုမှာ သူ့ချစ်သူနဲ့ ချိန်းလို့ ရုပ်ရှင်ကြည့်ဖို့လာပြီး နာ့စ်မ Shain ကတော့
ဆေးရုံကို အဖော်တစ်ဦးနဲ့ သွားနေပါတယ်။ ရုပ်ရှင်ရုံထဲမှာ ကြည့်ဖို့ စောင့်ဆိုင်း နေစဉ် ရေဒီယိုမှာ စစ်ပြီးပြီလို့ ကြေညာလိုက်
တာကြောင့် အားလုံး အပြင်ထွက်လို့ အောင်ပွဲ ခံပါတယ်။ သင်္ဘောသားရဲ့  ချစ်သူလည်း အောင်ပွဲခံလို့ လမ်းမှာ ရှာလို့တောင် မတွေ့ပါဘူး။ (နောက်တော့ သူ့ဇနီး ဖြစ်သွား ပါတယ်)။ ဒါနဲ့ လမ်းမမှာ ယူနီဖောင်း အဖြူရောင်နဲ့ နာစ်မ ကို တွေ့တော့ ထွေးပွေ့ဖက်နမ်း လိုက်ပြီး ဓာတ်ပုံ ဘေးမှာ ဓာတ်ပုံရိုက်နေသံ ကိုလည်း ကြားလိုက်ပါတယ်။ နမ်းလို့အပြီးမှာတော့ အားလုံး အောင်ပွဲခံ ပျော်နေကြချိန်ဆိုတော့
ဘယ်သူမှ သတိမထားမိပါဘူး။ သူတို့နှစ်ယောက်လည်း တစ်ဦးကို 
တစ်ဦး သတိမထား မိခဲ့ကြပါတယ်။

အနမ်းပြီးဆုံးသွားတော့ တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက် စကားလေးတောင် မပြောခဲ့ကြပါဘူး။ နောက်မှ သိရတာတော့ သင်္ဘောသား ဖြစ်သူဟာ အရက်နည်းနည်း မူးနေပြီး ယူနီဖောင်းနဲ့ သူနာပြုဆိုတော့ တိုက်ပွဲ တွေကြားမှာ ဆုံဖူးတယ်လို့ မှတ်ယူကာ နမ်းခဲ့ခြင်း ဖြစ်ပါတယ်။ သူနာပြု အမျိုးသမီးကလည်း တိုက်ပွဲကနေ
ပြန်လာတဲ့ စစ်သားမို့လို့ မငြင်းဆန်ပဲ လက်ခံခဲ့တယ်လို့ ဆိုပါတယ်။

ကမ္ဘာကျော်အနမ်း ဖြစ်ခဲ့ပေမယ့် တစ်ယောက်ကို တစ်ယောက် မသိပဲ နမ်းခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကို အနောက်တိုင်းရဲ့  ပွင့်လင်းတဲ့ ယဉ်ကျေးမှုလို့ပဲ ဆိုရတော့ မလို ဖြစ်ပြီး ငိုအားထက် ရယ်အား
သန်စရာ ဖြစ်ရပ် တစ်ခုအဖြစ် သမိုင်းထဲ ကျန်ရှိခဲ့ကြောင်း သိရပါတယ်။
----
Ref: wiki
Intenational news for myanmar
ပုံမှာ မြင်တွေ့ရတဲ့ အနမ်းကတော့ ကမ္ဘာကျော် အနမ်း ဖြစ်ပါတယ်။ ၁၉၄၅ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့ ညနေက ဖြစ်ပါတယ်။ဂျပန်တို့ လက်နက်ချ အညံ့ ခံလို့ စစ်ပြီးပြီဖြစ်ကြောင်း ရေဒီယိုကကြေညာလိုက်တဲ့အခါ နယူးယောက်မြို့  ထဲ လမ်းမပေါ်ကို ပြည်သူများထွက်လို့ အောင်ပွဲခံကြပါတယ်။ ယင်းအောင်ပွဲခံမှုထဲမှာ သင်္ဘောသားတစ်ဦးက သူနာပြုအမျိုးသမီးတစ်ဦးကို ထွေးပွေ့လို့ ဖက်နမ်းနေတဲ့ ပုံကို Alfred Eisenstaedt အမည်ရ ဓာတ်ပုံဆရာက အမိအရ ရိုက်ကူးနိုင်ခဲ့ပါတယ်။

ကမ္ဘာ့သတင်းအချက်အလက် ပမာဏသည် လူသားများ အမည်သတ်မှတ်ထားသော ဘောင်ထက်ပင် ကျော်လွန်တော့မည် ဖြစ် သောကြောင့် ဂဏန်းအမည်သစ် သတ်မှတ်မည်

Photo: ကမ္ဘာ့သတင်းအချက်အလက် ပမာဏသည် လူသားများ အမည်သတ်မှတ်ထားသော ဘောင်ထက်ပင် ကျော်လွန်တော့မည် ဖြစ်
သောကြောင့် ဂဏန်းအမည်သစ် သတ်မှတ်မည်
Monday, 24 December 2012

နည်းပညာလောကတွင် ကွန် ပျူတာများ၏ အချက်အလက် သိမ်း ဆည်းနိုင်မှု ပမာဏကို တစ်ကိုယ် ရည်သုံး ကွန်ပျူတာများတွင် ဂစ်ဂါ ဘိုက်ဖြင့် ဖော်ပြပြီး သိပ္ပံနယ်ပယ် နှင့် နည်းပညာနယ်ပယ် အထူးပြု လုပ်ငန်းများတွင်ကား ဂစ်ဂါဘိုက် အဆတစ်ထောင်နှင့်ညီမျှသော တာ ရာဘိုက်ဖြင့် ခေါ်ဝေါ်သုံးစွဲလျက်ရှိ သည်။ ဂစ်ဂါဘိုက်ဟူသည် ဂဏန်း တစ်လုံးနောက်တွင် သုည ကိုးလုံး ပါသော ကိန်းဖြစ်သည်။ တာရာ ဘိုက်ဟူသည် ဂဏန်းတစ်လုံးနောက် တွင် သုည ဆယ့်နှစ်လုံးပါသော ကိန်းဖြစ်သည်။ ထို့ထက် တစ်ဆင့် မြင့်လျှင် သုညဆယ့်ငါးလုံးပါသော ပီတာဘိုက်၊ သုည ဆယ့်ရှစ်လုံးပါ သော အိပ်ဇာဘိုက်၊ သုည နှစ်ဆယ့် တစ်လုံးပါသောဇက်တာဘိုက်၊ သုည နှစ်ဆယ့်လေးလုံးပါသော ယိုတာ ဘိုက်အဖြစ် အမည်သတ်မှတ်ထား သည်။ ထို့ထက်ပို၍ သတ်မှတ်ထား ခြင်း မရှိသေးသလို၊ ထို့ထက်ပိုသော ကိန်းဂဏန်းဖြင့်ဖော်ပြရန် အကြောင်း အရာလည်း မရှိခဲ့သေး။

သို့သော် ယခုအခါ ဖေ့စ် ဘွတ်ခ်၊ ဂူဂဲလ်စသည့် အင်တာနက် ဝန်ဆောင်မှုကုမ္ပဏီများသည်သတင်း အချက်အလက်များကို တစ်နေ့တစ် ခြား တိုးတက်များပြားပြီး သိမ်း ဆည်းလာရရာဂဏန်း
တစ်လုံးနောက် တွင် သုညနှစ်ဆယ့်လေးလုံးပါသော ယိုတာဘိုက်
ကိန်းဖြင့်ဖော်ပြနိုင်သည့် ပမာဏထက်ပင် ကျော်လွန်တော့ မည်ဖြစ်သောကြောင့် ကိန်းဂဏန်း သစ်သတ်မှတ်ရန် လိုအပ်လာပြီဖြစ် သည်။ 

ယိုတာဘိုက်ကို ၁၉၉၁ ခုနှစ် တွင် ကျင်းပခဲ့သော ၁၉ ကြိမ်မြောက်
နိုင်ငံတကာ အလေးချိန်နှင့် အတိုင်း အတာများကော်မတီ အစည်းအဝေး ပွဲတွင် နောက်ဆုံး သဘောတူအတည် ပြုခဲ့ခြင်း ဖြစ်သည်။

ယခုအခါ ယိုတာဘိုက်ထက် တစ်ဆင့် ပိုကြီးပြီး ဂဏန်းတစ်လုံး နောက်က သုည နှစ်ဆယ့် ခုနစ်လုံး ပါမည့် ကိန်းကို နာမည်ပေးရန် ဆွေးနွေးလျက်ရှိပြီး 'ဟယ်လာ ဘိုက်' ဟု အမည်ပေးရန် ယာယီ သတ်မှတ်ထားပြီ ဖြစ်သည်။

Messenger News Journal
နည်းပညာလောကတွင် ကွန်ပျူတာများ၏ အချက်အလက်သိမ်း ဆည်းနိုင်မှုပမာဏကို တစ်ကိုယ်ရည်သုံး ကွန်ပျူတာများတွင် ဂစ်ဂါ ဘိုက်ဖြင့် ဖော်ပြပြီး သိပ္ပံနယ်ပယ် နှင့် နည်းပညာနယ်ပယ် အထူးပြု လုပ်ငန်းများတွင်ကား ဂစ်ဂါဘိုက် အဆတစ်ထောင်နှင့်ညီမျှသော တာ ရာဘိုက်ဖြင့် ခေါ်ဝေါ်သုံးစွဲလျက်ရှိသည်။ ဂစ်ဂါဘိုက်ဟူသည် ဂဏန်း တစ်လုံးနောက်တွင် သုညကိုးလုံးပါသော ကိန်းဖြစ်သည်။

ရန်ကုန်-မန္တလေး-ဟဲဟိုး လေယာဉ်(w9-011) ရဲ့ နောက်ဆက်တွဲသတင်း

ပျက်စီးသွားသော လေယာဉ်

photo by htoo
ယနေ့ ပျက်ကျခဲ့သော အဲပုဂံလေယာဉ်
W9-011 လေယာဉ် မီးလောင်မှုကြောင့် လူ ၁၁ ဦးကို တောင်ကြီးမြို့ စ၀်စံထွန်းဆေးရုံသို့ ပို့ထားရပြီး၊ ပျောက်
ဆုံးနေသော ခရီးသည်တစ်ဦးမှာ လေယာဉ်ထဲတွင် ကွယ်လွန်ခဲ့ကြောင်း၊ လေယာဉ်ကွင်းမရောက်မီတွင် ၀မ်း
ဗိုက်ဖြင့်ရှပ်၍ လေယာဉ်ကိုဆင်းသက်လိုက်ရခြင်းကြောင့်လမ်းပေါ်တွင်ဆိုင်ကယ်စီးနင်းနေသူတစ်ဦးမှာ  လေ
ယာဉ်နှင့်တိုက်မိပြီးကွယ်လွန်သွားခဲ့ကြောင်းရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်ကPopular News သို့
ဖုန်းဖြင့်ပြောကြားသည်။

"ဧရာဝတီတိုင်း ယာဉ်လိုင်းအချို့ ယာဉ်ထွက်ခွာချိန် မမှန်မကန်ပြောဆိုမှုကြောင့် ခရီးသွားများ အခက်တွေ့"

ရန်ကုန် ၊ ဒီဇင်ဘာ ၂၄

ရန်ကုန်မြို့မှ ဧရာဝတီတိုင်း ဓနုဖြူ၊ ပုသိမ်၊ ဟင်္သာတ အစရှိသည့် မြို့များသို့ ပြေးဆွဲလျှက်ရှိသော အဝေးပြေးယာဉ်လိုင်းအချို့ ယာဉ်ထွက်ခွာချိန် မမှန်မကန်ပြောဆိုမှုကြောင့် ခရီးသွားပြည်သူများ
စိတ်အနှောင့်အယှက်ဖြစ်မှုကြုံတွေ့ရလျှက်ရှိကြောင်းသိရသည်။
“ ကျွန်တော်တို့က ဘာမှ မပြောတာလည်းခက်တာပဲ။ ဒီလိုပဲ တစ်ယောက်မေး အချိန်တစ်မျိုးပြောတာပဲ ။ နောက်ဆုံးဒီအချိန်မှ ပဲထွက်တာပဲ။

နောက်ထပ်ရ Air Bagan သတင်း


အဲပုဂံ ဟဲဟိုးလေယာဉ် အပျက်အစီးကို လာရောက်ကြည့်ရှုနေကြသည့် ပုံ (Credit to Myo Oo)
အဲပုဂံ ဟဲဟိုးလေယာဉ် အပျက်အစီးကို လာရောက်ကြည့်ရှုနေကြသည့် ပုံ (Credit to Myo Oo)

Air Bagan လေယာဉ်သည် ရန်ကုန်လေဆိပ်မှ နံနက် ၆ နာရီ ၅၀ အချိန်ခန့် တွင် ထွက်ခွာသွားပြီး ဟဲဟိုးလေ
ဆိပ်သို့ ၇ နာရီခွဲခန့် အဆင်းတွင် ပဲ့ထိန်းပိုင်း မီးလောင်ပျက်စီးခဲ့သည်ဟု သိရသည်။ အစောပိုင်းသတင်းများ
အရ လေယာဉ်တွင် ခရီးသည် ၇၂ ဦးပါသည်ဟု ဆိုသော်လည်း အခုနောက်ပိုင်းသတင်းများတွင်မူ ၆၅ ဦးပါ
ဝင်သည်ဟု ဆို သည်။

အဲပုဂံ၏ w9-011 လေယာဉ်ဟဲဟိုးကွင်းသို့ ဆင်းသက်ချိန်တွင် လေယာဉ်ကွင်းနှင့် ၂ မိုင်အလိုခန့်အလို အရေးပေါ်ဆင်းသတ်ခဲ့ရ

အဲပုဂံ၏ w9-011 လေယာဉ်သည် ဟဲဟိုးကွင်းသို့ ဆင်းသက်ချိန်တွင် လေယာဉ်ကွင်းနှင့် ၂ မိုင်အလိုခန့်တွင် အရေးပေါ်ဆင်းသက်သွားခဲ့ရပြီး၊ လေယာဉ်ပေါ်တွင် ခရီးသည် ၆၅ ဦးပါဝင်ပြီး ခရီးသည်အားလုံးနှင့် Captain ၊Crew များအားလုံးလည်း အသေအပျောက်မရှိကြောင်း အဲပုဂံက သတင်းထုတ်ပြန်သည်။

မည်သည့် နိုင်ငံမှ Visa ကတ် ကိုင်ဆောင်သူမဆို ကမ္ဘောဇဘဏ်၏ အလိုအလျောက် ငွေထုတ်စက်များတွင် မြန်မာကျပ်ငွေ ထုတ်ယူနိုင်ပြီ

မည်သည့် နိုင်ငံမှ Visa ကတ် ကိုင်ဆောင်သူမဆို ကမ္ဘောဇဘဏ်၏ အလိုအလျောက် ငွေထုတ်စက်များတွင် မြန်မာကျပ်ငွေ ထုတ်ယူနိုင်ပြီ

မည်သည့်နိုင်ငံမှ Visa ကတ် ကိုင်ဆောင်သူမဆို မြန်မာနိုင်ငံရှိ ကမ္ဘောဇ ဘဏ် အေတီအမ်စက် ရှိသည့်နေရာ တိုင်းတွင် ဒီဇင်ဘာ ၂၁ ရက်မှ စတင် ကာ မြန်မာကျပ်ငွေ ထုတ်ယူနိုင်ပြီဖြစ် ကြောင်း သိရသည်။

ကမ္ဘောဇဘဏ်၏ အလိုအလျောက် ငွေထုတ်စက် အေတီအမ်စက် ရှိသည့် နေရာတိုင်းတွင် Visa ကတ်များဖြင့် မြန်မာကျပ်ငွေ ထုတ်ယူနိုင်ပြီ ဖြစ်ကြောင်း သရုပ်ပြ ရှင်းလင်းပွဲကို ဒီဇင်ဘာ ၂၁ ရက် ညပိုင်းက ရန်ကုန်မြို့ ကျွန်းတောလမ်းရှိ ကမ္ဘောဇဘဏ်ခွဲ၌ ကျင်းပသည်။ မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ကြသော နိုင်ငံခြားသား ခရီးသည်များ၊ ရင်းနှီးမြှုပ်နှံမည့် စီးပွားရေး လုပ်ငန်းရှင်များနှင့် ဧည့်သည်များအတွက် ယင်းသို့ ဝန်ဆောင်မှု ပေးခြင်း ဖြစ်ကြောင်း သိရသည်။

''ဘယ်နိုင်ငံက Visa ကတ်ပဲဖြစ်စေ Visa ကတ် ကိုင်တဲ့သူမှန်သမျှ မြန်မာနိုင်ငံက ကမ္ဘောဇဘဏ်ရဲ့ အေတီအမ်စက်ရှိတဲ့ နေရာတိုင်းမှာ ငွေထုတ်လို့ရပါတယ်။ နိုင်ငံခြားသား ဧည့်သည်တွေ Visa ကတ်နဲ့ မြန်မာကျပ်ငွေ သုံးစွဲနိုင်အောင် ဝန်ဆောင်မှု ပေးခြင်းပဲ ဖြစ်ပါတယ်။ လက်ရှိ အေတီအမ်စက်ပေါင်း ၃၇ လုံးရှိပါ တယ်။ မကြာခင် အလုံး ၅ဝ အထိထပ် ချဲ့သွားပါမယ်။ ၂ဝ၁၃ ခုနှစ်မှာ အလုံး ၁ဝဝ အထိ ချဲ့သွားဖို့ရှိပါတယ်။ အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ၊ အာဆီယံ အစည်းအဝေးပွဲ တွေနဲ့ နိုင်ငံတကာ ဧည့်သည်တွေ လာရောက်တဲ့အခါ အဆင် ပြေပြေနှင့် Visa ကတ်နဲ့ မြန်မာကျပ်ငွေ ထုတ်ယူ သုံးစွဲနိုင်အောင် ကမ္ဘောဇဘဏ်က ချိတ်ဆက် ဝန်ဆောင်မှု ပေးတာပဲဖြစ် ပါတယ်''ဟု ကမ္ဘောဇဘဏ်မှ အကြီးတန်း အထွေထွေ မန်နေဂျာက ရှင်းပြ သည်။

အဆိုပါ Visa ကတ်ဖြင့် ငွေထုတ်ယူ ပါက တစ်ကြိမ် ထုတ်ယူလျှင် မြန်မာငွေကျပ် သုံးသိန်းအထိ ထုတ်ယူနိုင်ပြီး တစ်ရက်လျှင် ငွေကျပ် ၁ဝ သိန်းအထိ ထုတ်ယူနိုင်ကြောင်း၊ တစ်ကြိမ်ဝန်ဆောင် မှုအနေဖြင့် မြန်မာငွေကျပ် ငါးထောင် နှုန်းဖြစ်ကြောင်း သိရသည်။

''တစ်ရက်ကို ငွေကျပ် ၁ဝ သိန်း ထုတ်ယူနိုင်ပါတယ်။ ဒေါ်လာနဲ့တွက် ကြည့်ရင် သူတို့ဆီမှာတောင် တစ်ရက် ကို အဲဒီလောက် ပမာဏ ထုတ်ယူခွင့်ပြု ထားတာမရှိပါဘူး။ ငွေကျပ် ၁ဝ သိန်း ဆိုတော့ ဒေါ်လာ ၁၂ဝဝ ဝန်းကျင် လောက်ပေါ့။ ဝန်ဆောင်ခကိုလည်း သင့်လျော်အောင် ဆောင်ရွက်ပေးထား ပါတယ်'' ဟု အဆိုပါ တာဝန်ရှိသူက ရှင်း ပြသည်။
လက်ရှိတွင် ကမ္ဘောဇဘဏ်ဖြင့် ချိတ်ဆက် ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်း ပုဂ္ဂလိကဘဏ် နှစ်ခုနှင့်လည်း ချိတ်ဆက် ဆောင်ရွက်လျက်ရှိကာ ကျန်ပုဂ္ဂလိက ဘဏ်များနှင့်လည်း Visa ကတ်မှ ဆက်လက် ဆောင်ရွက် သွားနိုင်ရန် ကြိုးစား လျက်ရှိသည်။ Visa ကတ်သည် နိုင်ငံ ပေါင်း (၂ဝဝ) ကျော်တွင် သုံးစွဲနေသော ကတ်တစ်ခု ဖြစ်ပြီး ကတ် ကိုင်ဆောင်သူ ပေါင်း ၁ ဒသမ ၈ ဘီလီယံရှိကာ ကမ္ဘာ့ဈေးကွက် အကြီးဆုံး ကွန်ရက်တစ်ခု ဖြစ်ပြီး ဘဏ်ပေါင်း ၁၆ဝဝဝ ကျော်နှင့် ချိတ် ဆက်ထားကြောင်း သိရသည်။


အေးချမ်းမွန်မှမြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။

မည်သည့်နိုင်ငံမှ Visa ကတ် ကိုင်ဆောင်သူမဆို မြန်မာနိုင်ငံရှိ ကမ္ဘောဇ ဘဏ် အေတီအမ်စက် ရှိသည့်နေ
ရာ တိုင်းတွင် ဒီဇင်ဘာ ၂၁ ရက်မှ စတင် ကာ မြန်မာကျပ်ငွေ ထုတ်ယူနိုင်ပြီဖြစ် ကြောင်း သိရသည်။

တန်ဖိုးနည်း အိမ်ရာစီမံကိန်း အတွင်းရှိ ကျူး ကျော်အိမ် များကို ဥပဒေအရ ဖယ်ရှားမည်

တန်ဖိုးနည်း အိမ်ရာစီမံကိန်း အတွင်းရှိ ကျူး ကျော်အိမ် များကို ဥပဒေအရ ဖယ်ရှားမည်

    24 December 2012  | 
   

တန်ဖိုးနည်း အိမ်ရာစီမံကိန်း အတွင်းရှိ ကျူး ကျော်အိမ် များကို ဥပဒေအရ ဖယ်ရှားမည်အစိုးရ ဝန်ထမ်းများနှင့် ကုမ္ပဏီ ဝန်ထမ်းများ အတွက် နှစ် ၂၀ အရစ်ကျ စနစ်ဖြင့် တန်ဖိုး ပေးချေရမည့် ဧရာဝဏ်နှင့် ရတနာ တန်ဖိုးနည်း အိမ်ရာ စီမံကိန်း နေရာများ အတွင်း ဆောက်လုပ် ထားသော ကျူးကျော်နေအိမ် များကို တရား ဥပဒေ အရ ဖယ်ရှား သွားမည် ဖြစ်ကြောင်း သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်းက ပြောကြားသည်။

 

“အလုပ်လုပ်တဲ့ လူတွေ အတွက် ကျော တစ်ခင်းစာ တစ်နေရာစာ စီစဉ် ပေးတာကို အလုပ် မလုပ်တဲ့ ကျူးကျော်တွေ ဝင်ရောက် နှောင့်ယှက်လို့ မဖြစ်ပါဘူး” ဟုဝန်ကြီးက ဆိုသည်။ အဆိုပါ စီမံကိန်းကို ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွင် ၂၀၁၃ခုနှစ်မှ ၂၀၁၅ ခုနှစ် အတွင်း အပြီး တည်ဆောက် သွားရန် စီစဉ်လျက် ရှိရာ ယခုကဲ့သို့ ကျူးကျော်များ ဝင်ရောက် လာမှုကြောင့် အမှန်တကယ် အလုပ် လုပ်သူများ အတွက် နစ်နာ စေသောကြောင့် ယင်းကျူးကျော် များကို ဖယ်ရှား ရှင်းလင်း သွားမည် ဖြစ်ကြောင်း ကျူးကျော်များ ဝင်ရောက် နေထိုင်မှုနှင့် ပတ်သက်၍ ဝန်ကြီးက ရှင်းပြသည်။

အဆိုပါ ဧရာဝဏ် အိမ်ရာ စီမံကိန်းကို အကျယ်အဝန်း ဧက (၁၂၀) ခန့်တွင် အခန်းပေါင်း (၅၄၀၀) ခန်းနှင့် ရတနာ အိမ်ရာ စီမံကိန်းကို ဧက(၁၀၀)ခန့်တွင် အခန်းပေါင်း (၄၆၅၆)ခန်း၊ အခန်းပေါင်း (၁၀၀၅၆)ခန်း ပါဝင်ပြီး လူဦးရေ ငါးသောင်းခန့် နေထိုင်နိုင်ရန် ဖော်ထုတ် တည်ဆောက် သွားမည် ဖြစ်သည်။


အေးချမ်းမွန်မှ The Voice Journal  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။

တန်ဖိုးနည်း အိမ်ရာစီမံကိန်း အတွင်းရှိကျူး ကျော်အိမ်များကိုဥပဒေအရဖယ်ရှားမည်အစိုးရ ဝန်ထမ်းများနှင့်
ကုမ္ပဏီ ဝန်ထမ်းများ အတွက် နှစ် ၂၀ အရစ်ကျ စနစ်ဖြင့် တန်ဖိုး ပေးချေရမည့် ဧရာဝဏ်နှင့် ရတနာ တန်ဖိုး
နည်း အိမ်ရာ စီမံကိန်း နေရာများ အတွင်း ဆောက်လုပ် ထားသော ကျူးကျော်နေအိမ် များကို တရား ဥပဒေ အရ ဖယ်ရှား သွားမည် ဖြစ်ကြောင်း သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်းက ပြောကြားသည်။

ကမ္ဘာပေါ်ရှိ ကိုက်အားအကောင်းဆုံးသတ္တဝါ ပရန်းညား အနက်ရောင်ငါး

ကမ္ဘာပေါ်ရှိ ကိုက်အားအကောင်းဆုံးသတ္တဝါ ပရန်းညား အနက်ရောင်ငါး

Posted on Dec 24 12 

ကမ္ဘာ့သမိုင်း တစ်လျှောက်တွင် ကိုက်အား အကောင်းဆုံးသော သတ္တဝါများအနက် ထိပ်ဆုံးနေရာ၌ ရှိနေသည်မှာ ပရန်းညား အနက်ရောင် ငါးများဖြစ်ကြောင်း သိရှိရသည်။ အမေဇုန်မြစ်အတွင်း ရှင်သန်ကျက်စားသော သားစား ပရန်းညား မျိုးစိတ်များအနက်မှ အဆိုပါ အနက်ရောင် ပရန်းညားများသည် ကိုက်အား အပြင်းထန်ဆုံး ဖြစ်သည်။ ကမ္ဘာဦး ကာလက ရှင်သန် ကျက်စားခဲ့သော T-Rex ဒိုင်နိုဆောကြီးများမှအစ၊ ငါးမန်းဖြူကြီးများထိ အလွန်ကြီးမားသော ကိုက်အားကို ပိုင်ဆိုင်ထားသော်လည်း အစွယ်ငေါငေါ သွားများ ရှိနေသည့် အနက်ရောင် ပရန်းညားများလောက် ကိုက်အား မပြင်းဟု ဆိုသည်။ အနက်ရောင် ပရန်းညားများသည် (၁၅)လက်မမျှထိ အရှည်ရှိတတ်ကြပြီး ၎င်းတို့၏ ကိုက်အားသည် ခန္ဓာကိုယ် အလေးချိန်၏ အဆ(၃၀) ရှိနေကြောင်း ပညာရှင်များက တွေ့ရှိခဲ့သည်။

ပါးရိုးအနီး တွယ်စပ်နေသော ကြွက်သားများက ယင်းငါးများ၏ ကိုက်ခဲမှု အားအင်ကို မြှင့်တင်ပေးခဲ့သည်။ တောခွေးများ၊ မိကျောင်းကြီးများ၊ ငါးမန်းဖြူကြီးများသည် ခွန်အား အနေဖြင့် အနက်ရောင် ပရန်းညားများထက် ပိုမို အားကြီးသော်လည်း ခန္ဓာကိုယ် အလေးချိန်နှင့် ကိုက်အားတို့ နှိုင်းယှဉ်ပါကမူ အဆိုပါ ငါးငယ်များကို မည်သို့မျှ မတုပနိုင်ဟု သုတေသီများက ပြောကြားခဲ့သည်။ သမိုင်းမတင်မီ ခေတ်က မင်းမူခဲ့သော T-Rex ဒိုင်နိုဆောကြီးများသည်လည်း ခန္ဓာကိုယ် အရွယ်အစားနှင့် ကိုက်အား အချိုးချကြည့်ပါက အနက်ရောင် ပရန်းညားများ၏ တပည့်အဆင့်သာ ရှိမည်ဖြစ်သည်။

ဘရာဇီးလ်ရှိ အမေဇုန် မြစ်အတွင်းမှ အနက်ရောင် ပရန်းညား (၁၅)ကောင်ကို ဖမ်းဆီးပြီး သုတေသန ပြုလုပ်ခဲ့ပြီးနောက် ယခုတွေ့ရှိချက်ကို ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ယင်းငါးများသည် (၈)လက်မနှင့် (၁၅)လက်မကြား အရွယ်အစား ရှိပြီး တစ်ကောင်ချင်းစီ၏ ကိုက်ခဲနိုင်သည့် ခွန်အားကို ပညာရှင်များက တွက်ချက်ကြည့်ခဲ့သည်။ ထို့ကြောင့် အဆိုပါ အနက်ရောင် ပရန်းညားများသည် ရေချိုမြစ်များတွင် အန္တရာယ် အကြီးဆုံး၊ ခန့်မှန်းရန် အခက်ခဲဆုံးနှင့် ရှားပါးသည့် သေမင်းတမန်များဟု သုတေသီများက ကောက်ချက်ချခဲ့သည်။ ယင်းတို့သည် အုံလိုက်ကျင်းလိုက် ရှိနေချိန်တွင် သားကောင် တစ်ကောင်ကို အချိန်ပိုင်းအတွင်း အရိုးကျသွားသည်အထိ ခိုက်ခဲ ဝါးမြိုနိုင်ကြောင်းလည်း သိရှိရသည်။


အေးချမ်းမွန်မှ Planet Myanmar Network တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။

ကမ္ဘာ့သမိုင်း တစ်လျှောက်တွင် ကိုက်အား အကောင်းဆုံးသော သတ္တဝါများအနက် ထိပ်ဆုံးနေရာ၌ ရှိနေသည်မှာ ပရန်းညား အနက်ရောင် ငါးများဖြစ်ကြောင်း သိရှိရသည်။ အမေဇုန်မြစ်အတွင်း ရှင်သန်ကျက်စားသော သားစား ပရန်းညား မျိုးစိတ်များအနက်မှ အဆိုပါ အနက်ရောင် ပရန်းညားများသည် ကိုက်အား အပြင်းထန်ဆုံး ဖြစ်သည်။