Pages

Thursday, December 6, 2012

ဇေကမ္ဘာကုမ္ပဏီမှ အထွေထွေမန်နေဂျာနှင့် လယ်သမားများ စကားအချေအတင်ဖြစ်ပွား

မင်္ဂလာဒုံ၊ ဒီဇင်ဘာ ၆
 
ယနေ့မနက် (၉)နာရီခွဲအချိန်ခန့်က မင်္ဂလာဒုံမြို့နယ်၊ ဆင်ဖုံ သင်္ကန်းကျွန်း ကြီး ကျေးရွာအုပ်စုမှ လယ်သမား
(၁၀၀)ကျော်သည် သိမ်းဆည်းခံထားရ သည့် လယ်မြေများတွင် အမှတ်အသားစည်းရိုးတိုင်များလာရောက်
စိုက်ထူ ရာတွင် ဇေကမ္ဘာကုမ္ပဏီမှ အထွေထွေမန်နေဂျာ ဦးမြင့်ဇော်နှင့် စကား အချေအတင်များခဲ့ကြောင်း သိရသည်။

ဖီလစ်ပိုင်နိုင်ငံတွင် အင်အားပြင်းထန်သော တိုင်ဖွန်းမုန်တိုင်း ဘိုဖာ တိုက်ခတ်ခဲ့မှုကြောင့် လူ ၃၅၀ ခန့်သေဆုံးကာ လူပေါင်း ရာနှင့်ချီပျောက်ဆုံး

bopha


ဖီလစ်ပိုင်နိုင်ငံတွင် အင်အားပြင်းထန်သော တိုင်ဖွန်းမုန်တိုင်းဘိုဖာဝင်ရောက်တိုက်ခတ်ခဲ့မှုကြောင့်လူပေါင်း
၃၅ ခန့်သေဆုံးပြီး မြေပြိုမှုနှင့် ရေကြီးမှုအတွင်း အရေအတွက် ဒေသခံ ၄၀၀ နီးပါး ပျောက်ဆုံးနေကြောင်း အာဏာပိုင်များက ယနေ့ (ဒီဇင်ဘာ ၆ ရက်) ထုတ်ဖော်ပြောကြားသည်။

ဆုရွေးချယ်ရေးအဖွဲ့ အပြောင်းအလဲနှင့် အကယ်ဒမီအကြို မြင်ကွင်းများ

 ဆုရွေးချယ်ရေးအဖွဲ့ အပြောင်းအလဲနှင့် အကယ်ဒမီအကြို မြင်ကွင်းများ



မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို ယခုနှစ်ကုန် ဒီဇင်ဘာ ၃၀ ရက်မှာ ရန်ကုန်မြို့မှာ ငါးနှစ်အတွင်း ပထမဆုံး
အကြိမ် ပြန်လည်ကျင်းပတော့မှာ ဖြစ်ပါတယ်။ ကျင်းပနေကျ နေပြည်တော်မဟုတ်ဘဲ ရန်ကုန်မှာ ပြန်ကျင်း
ပမှာဖြစ်လို့ အကယ်ဒမီပေးပွဲ နီးကပ်လာတာနဲ့အမျှ ခရီးသွားဖို့လာဖို့ တည်းဖို့ခိုဖို့ ကြိုတင်ပြင်ဆင်ရတဲ့ အ
လုပ်တွေ သက်သာသွားတယ်လို့ အနုပညာရှင် တော်တော်များများက တညီတညွတ်တည်း ဖြေကြားကြပါ
တယ်။

ငမိုးရိပ်ချောင်းကူး (သံဘောင်တံတား) ကြံ့ခိုင်မှုအားနည ကြံ့ခိုင်မှုအရ ဖြတ်သန်းအသုံးပြုသည့် ယာဉ်များအန္တရာယ်ရှိနိုင်ပါသဖြင့် ယနေ့ (ဒီဇင်ဘာလ ၆ရက်) ည ၁၂ နာရီ အချိန်မှ စတင်၍ ဖြတ်သန်းအသုံးပြုခြင်း မပြုလုပ်ကြအသိပေးကြေငြာ

ငမိုးရိပ်ချောင်းကူး (သံဘောင်တံတား) သာကေသတံတားဟောင်း၏ ကြံ့ခိုင်မှုအရ ဖြတ်သန်းအသုံးပြုသည့် ယာဉ်များအန္တရာယ်ရှိနိုင်ပါသဖြင့် ယနေ့ (ဒီဇင်ဘာလ ၆ရက်) ည ၁၂ နာရီ အချိန်မှ စတင်၍ ဖြတ်သန်းအသုံး
ပုခြင်း မပြုလုပ်ကြပါရန်ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ မေတ္တာရပ်ခံထားကြောင်း နိုင်ငံပိုင်
ရုပ်မြင်သံကြား သတင်းဌာနများမှ ယနေ့ည ၈ နာရီ သတင်းတွင် ထုတ်ပြန်ကြေညာချက်အရ သိရသည်။

ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသမီးကြီး ဘီးစ် ကူးပါး ကွယ်လွန်

ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသမီးကြီး ကွယ်လွန်

အမေရိကန်နိုင်ငံရှိ ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသမီးကြီး ဘီးစ် ကူးပါးသည် ဂျော်ဂျီယာပြည်နယ်၊ အတ္တ
လန္တာမြို့ရှိ သက်ကြီးရွယ်အိုကျန်းမာရေးစောင့်ရှောက်မှုစင်တာတစ်ခု၌အင်္ဂါနေ့ (ဒီဇင်ဘာ ၄ ရက်) ကကွယ်
လွန်သွားခဲ့သည်။

ကုန်တင်သင်္ဘောနှစ်စင်းတိုက်မိသဖြင့် သင်္ဘောသား ၄ သေဆုံးပြီး ၇ ဦးပျောက်ဆုံး

ကုန်တင်သင်္ဘောနှစ်စင်းတိုက်မိသဖြင့် သင်္ဘောသား ၄ သေဆုံးပြီး ၇ ဦးပျောက်ဆုံး

နယ်သာလန်နိုင်ငံ ရိုတာဒမ်မြို့ရှိ ဒတ်ခ်ျဆိပ်ကမ်းမှ မိုင်လေးဆယ်ခန့်ကွာဝေးသော မြောက်ပင်လယ်ပြင်တွင် ဒီဇင်ဘာ ၅ ရက်ကကုန်တင်သင်္ဘောနှစ်စင်းတိုက်မိရာမှသဘောင်္သားလေးဦး သေဆုံးခဲ့ကာ၊ခုနစ်ဦး ပျောက်
ဆုံးလျက်ရှိသည်။

`လက်ပံတောင်းတောင်သပိတ် အကြမ်းဖက်ခံရမှုဖြေရှင်းရေးနှင့် ထိန်းသိမ်းထားသူများ ပြန်လွှတ်ရန် ရန်ကုန်သံဃာတော်အချို့ တောင်းဆို´

Photo: လက်ပံတောင်းတောင်သပိတ် အကြမ်းဖက်ခံရမှုဖြေရှင်းရေးနှင့် ထိန်းသိမ်းထားသူများ ပြန်လွှတ်ရန် ရန်ကုန်သံဃာတော်အချို့ တောင်းဆို´

လယ်တီဆရာတော်ဘုရားကြီး၏ သမိုင်းဝင်သာသနာ့နယ်မြေများ ထိန်းသိမ်းရေး၊လက်ပံတောင်းတောင် အရေး
တွင် အကြမ်းဖက်ခံခဲ့ရသည့် သံဃာတော်များအရေးနှင့် တရားနည်းလမ်းတကျ စုံစမ်းဖော်ထုတ်ရေးတို့အတွက် ယနေ့နေ့လည် ၂နာရီဝန်းကျင်ခန့်က ရန်ကုန်မြို့ ၊ ဆူးလေစေတီတော်အနီးတ၀ိုက်တွင် သံဃာတော် ၁၀ ပါးခန်
့ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့သည်။

"သင်္ဘောကြီးများနှင့် လွတ်အောင် ဆောက်မည့် ဒလတံတား ပုံကြမ်း ထွက်ပြီ"

ပင်လယ်ကူး သင်္ဘောကြီးများ လွတ်လပ်စွာ ဖြတ်သန်း သွားလာနိုင်သော ဒလတံတား တည်ဆောက်ရေးကို ဦး
စားပေး စဉ်းစားရန် တောင်ကိုရီးယား ကုမ္ပဏီ အား ဆောက်လုပ်ရေး ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်က တိုက်
တွန်းလိုက်ကြောင်း သိရသည်။DASAN Consultants ကုမ္ပဏီမှ President and CEO Mr. Jeong Ho Kim ဦး
ဆောင်သော အဖွဲ့ဝင် သုံးဦးတို့ နေပြည်တော်ရှိ ဆောက်လုပ်ရေး ဝန်ကြီး ဌာနသို့ ရန်ကုန်မြို့ပြ စီမံချက်ပါ တံတား
များ ကိစ္စ လာရောက် ဆွေးနွေးစဉ် ထိုသို့ တိုက်တွန်းခဲ့ခြင်း ဖြစ်သည်ဟု သိရှိရ သည်။

"ရယ်ဒီမိတ် နှစ်ထပ်တိုက်အိမ်များ စစ်တွေတွင် တည်ပေးမည်"

ရခိုင်ပဋိပက္ခကြောင့် မီးလောင်ပျက်စီးခဲ့သော အိမ်ရာအစား ကျပ်သိန်း ၄ဝ ကျော်တန်ဖိုးရှိ ရယ်ဒီမိတ်နှစ်ထပ်တိုက်
အိမ်များကို စစ်တွေ၌ တရုတ်အကူအညီဖြင့် ဆောက်လုပ်ပေးရန်ရှိသည်ဟု လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်
လည်နေရာချထားရေးဝန်ကြီးဌာနမှအရာရှိ ဦးသန်းထွဋ် ဆွေက ပြောသည်။

၁၂၇ နှစ်မြောက်ပါတော်မူနေ့အထိမ်းအမှတ် ရန်ကုန်နှင့် မန္တလေးတွင်ကျင်းပ

Photo: ၁၂၇ နှစ်မြောက်ပါတော်မူနေ့အထိမ်းအမှတ် ရန်ကုန်နှင့် မန္တလေးတွင်ကျင်းပ

ရန်ကုန်၊ ဒီဇင်ဘာ-၆

၁၂၇ နှစ်မြောက်ပါတော်မူနေ့အထိမ်းအမှတ်အဖြစ် သီပေါမင်တြားနှင့် မိဘုရားခေါင်ကြီးစုဖုရားလတ်တို့တည်ထားခဲ့သည့် မန္တလေးမြို့ရှိ မာရ်အောင်ရတနာစတီတော်တွင် သံဃာတော် ၁၀ ပါးအား အနွယ်တော်များက ယနေ့ နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။ 

ပါတော်မူနေ့အထိမ်းအမှတ်အခမ်းအနားကို ရန်ကုန်မြို့ ရွှေတိဂုံစေတီတောင်ဘက်မုခ်ရှိ မိဘုရားခေါင်ကြီးစုဖုရားလတ်အုတ်ဂူတွင် အနွယ်တော်များက နှစ်စဉ်ပြုလုပ်ကျင်းပပြီး ယခုနှစ်တွင်လည်း ရန်ကုန်မြို့ရှိ မိဘုရားခေါင်ကြီးအုတ်ဂူတွင် ထုံးဖြူသုတ်ခြင်း ဆီးမီးထွန်းခြင်းများပြုလုပ်နေကြောင်းသိရသည်။ 

ပါတော်မူနေ့ နှစ် ၁၀၀ပြည့်နှစ် အထိမ်းအမှတ်အခမ်းအနားကို ၁၉၈၅ခုနှစ်က မန္တလေးမြို့ မြတောင်ကျောင်းတိုက်တွင် ခမ်းခမ်းနားနားကျင်းပခဲ့ပြီး ယခုနှစ်မှာ ဒုတိယကြိမ်မြောက်ကျင်းပခဲ့ခြင်းဖြစ်ကာ ကြိုတင်ပြင်ဆင်ချိန်နည်းသွားသည့်အတွက် ခမ်းခမ်းနားနားမစီစဉ်နိုင်ခဲ့ကြောင်း သီပေါမင်းမြေးတော် တော်ဘုရားကလေး၏ အကြီးဆုံးမြေးတော် ကိုကျော်ဇေယျက ပြောကြားသည်။

ရန်ကုန်၊ ဒီဇင်ဘာ-၆

၁၂၇ နှစ်မြောက်ပါတော်မူနေ့အထိမ်းအမှတ်အဖြစ် သီပေါမင်တြားနှင့် မိဘုရားခေါင်ကြီးစုဖုရားလတ်တို့တည်ထား
ခဲ့သည့် မန္တလေးမြို့ရှိ မာရ်အောင်ရတနာစတီတော်တွင် သံဃာတော်၁၀ ပါးအား အနွယ်တော်များက ယနေ့ နေ
့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

ကုလသမဂ္ဂ အကြီးအကဲတစ်ဦးရဲ့ ရခိုင်ပြည်က ပြောဆိုချက်

ကုလသမဂ္ဂ အကြီးအကဲတစ်ဦးရဲ့ ရခိုင်ပြည်က ပြောဆိုချက်

ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြတဲ့ မူဆလင် ရိုဟင်ဂျာ မိသားစုတွေရဲ့ အခြေအနေဟာ အလွန်ဆိုးဝါးနေသလို၊ မွတ်ဆလင်နဲ့ ဗုဒ္ဓဘာသာ နှစ်ဖက်စလုံးဟာ အကြောက်တရားနဲ့ နေ့စဉ်ရင်ဆိုင်နေထိုင်ကြရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူညီပေးရေးဆိုင်ရာ အကြီးအကဲ Valerie Amos က ဒီကနေ့ပြောကြားလိုက်ပါတယ်။

မီးရှို့အကြမ်းဖက် ပဋိပက္ခတွေဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်ကို မနေ့က ကိုယ်တိုင်သွားရောက်အပြီး ဒီကနေ့ ဒီဇင်ဘာလ ၆ ရက်နေ့ ပြောဆိုရာမှာ သူ့အနေနဲ့ လက်ရှိ ရခိုင်ပြည်နယ်က အခြေအနေကို အထူးစိုးရိမ်မိကြောင်းလည်း ထည့်သွင်းပြောခဲ့ပါတယ်။

ဇွန်လနဲ့ အောက်တိုဘာလတွေကဖြစ်ပွားခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်မှုတွေကြောင့် လူပေါင်းတစ်သိန်းတစ်သောင်းကျော် အိုးအိမ်မဲ့ ဒုက္ခသည်တွေဖြစ်ခဲ့ရပြီး ဒုက္ခသည်စခန်းတွေရဲ့ အနေအထားဟာလည်း ရေသန့်စနစ်မရှိ၊ စာသင်ကျောင်းမရှိ၊ အပြင်ထွက်အလုပ်လုပ်ခွင့်မရှိတဲ့ဘဝတွေ ဖြစ်နေတယ်လို့ပြောပါတယ်။ မြေပုံမြို့နယ်မှာဆို ထောင်ပေါင်းများစွာရှိတဲ့ ဒုက္ခသည်တွေဟာ တနေရာတည်းမှာ ကြပ်ကြပ်သိပ်သိပ် နေထိုင်နေကြရတယ်လို့ဆိုပါတယ်။

ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ကယ်ဆယ်ရေးဆောင်ရွက်နေသူတွေကို ဒေသဆိုင်ရာ အာဏာပိုင်တွေက လုံခြုံရေးအရ ခြိမ်းခြောက်ဟန့်တားတာတွေဟာ ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတွေဖြစ်ပါတယ်လို့လည်း ထောက်ပြဝေဖန်လိုက်ပါတယ်။

မြန်မာနိုင်ငံကို ခရီးတထောက်ရောက်နေတဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူညီပေးရေးဆိုင်ရာ လက်ထောက်ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Ms. Amos ဟာ အခုခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကိုလည်း သွားရောက်ဖို့ရှိပါတယ်။

အေးချမ်းမွန်မှ  RFA Burmese တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :RFA Burmese

ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြတဲ့ မူဆလင် ရိုဟင်ဂျာ မိသားစုတွေရဲ့ အခြေအနေဟာ အလွန်ဆိုးဝါးနေသလို၊ မွတ်ဆလင်နဲ့ ဗုဒ္ဓဘာသာ နှစ်ဖက်စလုံးဟာ အကြောက်တရားနဲ့ နေ့စဉ်ရင်ဆိုင်နေထိုင်ကြရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူညီပေးရေးဆိုင်ရာ အကြီးအကဲ Valerie Amos က ဒီကနေ့ပြောကြားလိုက်ပါတယ်။

လူရိုင်းဘ၀မှ The Gods Must Be Crazy ရုပ်ရှင်ဇတ်ကားနဲ့ကမ္ဘာ ကျော်သွားတဲ့ မင်းသား N!xau

The Gods Must Be Crazy မှ မင်းသား N!xau

Nixau ( Gcao Tekene Coma ) လို့အမည်ရတဲ့ တော်အာဖရိက လူရိုင်း မင်းသား ကို တော်တော်များများ သိကြပါတယ်။ 

တောင်အာဖရိက- နမီးဘီးယားနိုင်ငံက ဖြစ်ပြီး ၁၉၈၀ ကစလို့ The Gods Must Be Crazy ရုပ်ရှင်နဲ့ ကမ္ဘာကျော်သွားတဲ့ လူရိုင်း ဖြစ်ပါတယ်။ Kalahari သဲကန္တာရမှာနေတဲ့ Bushmen လူရိုင်းမျိုးနွယ်စုက ဖြစ်ပါတယ်။ ဒါရိုက်တာ Jamie Uys က သဘောကျလို့ ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ 

အဲ့တုန်းက ရုပ်ရှင်အတွက် သူရတဲ့ငွေက ဒေါ်လာ ရာဂဏန်းပဲ ရှိပါတယ်။ သို့ပေမယ့် ၁၉၈၉ ခုနှစ်က ဒုတိယမြောက် The Goss Must Be Crazy မှာတော့ ဒေါ်လာ သန်း တစ်ဝက်လောက်ထိ ရရှိခဲ့ပါတယ်။ နောက်ပိုင်းတော့ 
  Kwacca Strikes Back (1990), Crazy Safari (1991), Crazy Hong Kong (1993), The Gods Must be Funny in China (1994), Sekai Ururun Taizaiki (1996) အစရှိသဖြင့် ဟောလိဝုဒ်တင် မကပဲ ဟောင်ကောင် ရုပ်ရှင်များပါ ရိုက်ကူးရန် အခွင့်ကြုံခဲ့သူ ဖြစ်ပါတယ်။ 

ဟောင်ကောင်မှာ ရုပ်ရှင်အားလုံးရိုက်ကူးပြီးတော့ နမီးဘီးယားက သူ့ရဲ့ ဇာတိမြေကိုသာ ပြန် သွားပါတယ်။ ငွေကြေးများစွာ ပိုင်ဆိုင်သည့်တိုင် ဘယ်လို သုံးစွဲရမယ်ဆိုတာတောင် မသိပါဘူး။ သင်္ချာဂဏန်းအားဖြင့်လည်း ၂၀ အထိသာ ရေတွက်နိုင်တယ်ဆိုတာကို အံ့သြဖွယ် တွေ့ရှိခဲ့ ပါ တယ်။ ငွေတွေကို စီမံခန့်ခွဲ သုံးစွဲဖို့ဆိုတာ ဝေလာဝေးပဲ ဖြစ်ပါတယ်။ ရုပ်ရှင် မရိုက်ကူးမှီကဆိုရင် လူဖြူ သုံးဦးတိတိသာ မြင်ဖူးသူ ဖြစ်ပါတယ်။ 

၁၉၉၆ ရုပ်ရှင်ရိုက်ကူးပြီး သူ့ဇာတိရွာမှာပဲ လယ်အလုပ်၊ အမဲလိုက် အလုပ် ကို ပြန်လုပ်ပါတယ်။ ငှက်ဖျား ရောဂါ တစ်မျိုးနဲ့ ၂၀၀၃ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။ N!xau ဟာ သူ့အသက်သူတောင် သိတဲ့သူ မဟုတ်ပါဘူး။ ဒေသခံများ ခန့်မှန်းချက်အရတော့ အသက် ၅၉ နှစ်မှာ ကွယ်လွန်တာလို့ ဆိုပါတယ်။ 

နမီးဘီးယားနဲ့ တောင်အာဖရိကရဲ့  လူ့ယဉ်ကျေးမှုနဲ့ အကျင့်စရိုက်ကို ကမ္ဘာ သိအောင် ဖန်တီးပေးနိုင်ခဲ့တဲ့ ဟာသမင်းသား N!xau ဟာ ယနေ့တိုင် ကမ္ဘာ့ ဟာသရုပ်ရှင်အနုပညာသမိုင်းမှာ ကျန်ရှိနေဆဲ ဖြစ်ပါတယ်။ 
--
Ref: wiki

http://www.innewsmyanmar.com/2012/12/the-gods-must-be-crazy-nxau.html

--

Nixau ( Gcao Tekene Coma ) လို့အမည်ရတဲ့ တော်အာဖရိက လူရိုင်း မင်းသား ကို တော်တော်များများ သိ
ကြပါတယ်။ တောင်အာဖရိက- နမီးဘီးယားနိုင်ငံက ဖြစ်ပြီး ၁၉၈၀ ကစလို့ The Gods Must Be Crazy ရုပ်ရှင်
နဲ့ ကမ္ဘာကျာ်သွားတဲ့ လူရိုင်း ဖြစ်ပါတယ်။ Kalahari သဲကန္တာရမှာနေတဲ့ Bushmen လူရိုင်းမျိုးနွယ်စုက ဖြစ်
ပါတယ်။ ဒါရိုက်တာ Jamie Uys က သဘောကျလို့ ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။

ယနေ့ နေ့လည် (၁)နာရီက မန္တလေးမြို့ အိမ်တော်ရာစေတီတွင် အထက်မြန်မာပြည်သံဃာတော်များဦးဆောင်၍ လက်ပန်းတောင်းအရေးနှင့်ပတ်သက်ပြီး တောင်းဆိုချက် (၅)ချက်တောင်းဆိုကာ ထိုင်သပိတ်စတင်

CJMyanmar

ဒီဇင်ဘာ (၆)ရက်၊ ယနေ့ နေ့လည် (၁)နာရီက မန္တလေးမြို့ အိမ်တော်ရာစေတီတွင် အထက်မြန်မာပြည်သံဃာတော်များဦးဆောင်၍ လက်ပန်းတောင်းအရေးနှင့်ပတ်သက်ပြီး တောင်းဆိုချက် (၅)ချက်တောင်းဆိုကာ ထိုင်သပိတ်စတင်ခဲ့ကြောင်း CJ Myanmar မှ သိရှိရသည်။တောင်းဆိုချက်များမှာ...(၁) နိုင်ငံတော်သမ္မတနှင့် အစိုးရအဖွဲ့က ထိခိုက်ဒဏ်ရာရသံဃာများကို အမြန်ဆုံးလာရောက်ဝန်ချတောင်းပန်ရန်။(၂) အကြမ်းဖက်နှိမ်နင်းမှုတွင် တာဝန်ရှိသူများအား ထိရောက်စွာ အရေးယူပေးရန်။(၃) ကြေးနီစီမံကိန်းနှင့်ပတ်သက်ပြီး ဖမ်းဆီးထားသူများကို အမြန်ဆုံးပြန်လွှတ်ပေးရန်။(၄) ကြေးနီစီမံကိန်းကို ဒေသခံများနှင့် ပြည်သူများ ကျေနပ်လက်ခံနိုင်အောင် ဆောင်ရွက်ပေးရန်။(၅) ဒီမိုကရေစီအစိုးရစစ်စစ်တစ်ရပ် ပေါ်ပေါက်လာဖို့နှင့် နောက်နောင်တွင် ယခုကဲ့သို့ အကြမ်းဖက်မှုမျိုးမပေါ်ပေါက်စေရန် လွှတ်တော်များနှင့် အစိုးရအဖွဲ့တွင် ပါဝင်လျှက်ရှိသော တပ်မတော်သားများ အမြန်ဆုံးနှုတ်ထွက်ပေးရန်တို့ ပါရှိကြောင်း သိရှိရသည်။

post by mobile ACM

ဒီဇင်ဘာ (၆)ရက်၊ ယနေ့ နေ့လည် (၁)နာရီက မန္တလေးမြို့ အိမ်တော်ရာစေတီတွင် အထက်မြန်မာပြည်သံ
ဃာတော်များဦးဆောင်၍ လက်ပန်းတောင်းအရေးနှင့်ပတ်သက်ပြီး တောင်းဆိုချက် (၅)ချက်တောင်းဆိုကာ ထိုင်သပိတ်စတင်ခဲ့ကြောင်းသတင်းရရှိရသည်

ယနေ့နံနက် ၈ နာရီကျော်က ၄၈ မီနီဘတ်စ်တစ်စီး လူတိုက်ပြီးမောင်းပြေး

၄၈ မီနီဘတ်စ် လူတိုက်ပြီးမောင်းပြေး

ရန်ကုန်၊ဒီဇင်ဘာ-၆

လှည်းတန်းမီးပွိုင့်အနီး နယ်မြေ(၃) ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးရှေ့ လမ်းလယ်ကျွန်းတွင် ယနေ့နံနက် ၈ နာရီကျော်က ခရီးသည်တင်ယာဉ်တစ်စီးသည် အမျိုးသားတစ်ဦးအားတိုက်၍ မောင်းပြေးသွားကြောင်း သတင်းရရှိသည်။

"တိုက်သွားတဲ့ကားက ၄၈ မီနီဘတ်စ်ပါ။ ယာဉ်မှုစစ်ရုံးက တာဝန်ရှိသူတွေက ပြုတ်ကျကျန်ခဲ့တဲ့ နောက်ကြည့်မှန်ကိုယူပြီး ကားဂိတ်ကို လိုက်သွားကြပါပြီ"ဟု နယ်မြေ(၃) ယာဉ်ထိန်
းတပ်ဖွဲ့မှူးရုံး တာဝန်ကျယာဉ်ထိန်းရဲတစ်ဦးကပြောသည်။

ယာဉ်တိုက်ခံရသူ အမျိုးသားမှာ အသက်(၆၀)ခန့်ရှိပြီး ဦးခေါင်းတွင် ဒဏ်ရာပြင်းထန်စွာ ရရှိထားကာ သွေးထွက်နေသော်လည်း သတိမလစ်ဘဲ မျက်လုံးပွင့်လျက်ရှိနေသည်။ ယာဉ်တိုက်ခံရသူ အမျိုးသားကြီးသည် လှည်းတန်းလမ်းမကြီးအရှေ့ဘက် ယာဉ်ထိန်းရုံးရှေ့မှ လမ်းတစ်ဖက်ခြမ်းသို့ကူးရန် လမ်းလယ်တုံး၌ ရပ်နေစဉ် အရှိန်ဖြင့် ကျော်တက်လာသည့် ၄၈ မီနီဘတ်စ်က တိုက်မိသွားခြင်းဖြစ်နိုင်ကြောင်း မျက်မြင်သက်သေများကပြောသည်။

"အခုလိုက်နေတုန်းဘဲ မမိသေးဘူး"ဟု အဆိုပါအမှုကို တာဝန်ယူထားသော နယ်မြေ(၂)မှ ယာဉ်မှုစစ်အရာရှိ ဒုရဲအုပ်စောဇော်မင်းဦးကပြောသည်။

ဓာတ်ပုံ-သန်းဌေး — Timeline Photos==== 7DAY NEWS JOURNAL

န်ကုန်၊ဒီဇင်ဘာ-၆

လှည်းတန်းမီးပွိုင့်အနီး နယ်မြေ(၃) ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးရှေ့ လမ်းလယ်ကျွန်းတွင် ယနေ့နံနက် ၈ နာရီကျော်က ခရီးသည်တင်ယာဉ်တစ်စီးသည် အမျိုးသားတစ်ဦးအားတိုက်၍ မောင်းပြေးသွားကြောင်း သတင်းရရှိသည်။တိုက်
သွားတဲ့ကားက ၄၈ မီနီဘတ်စ်ပါ။ ယာဉ်မှုစစ်ရုံးက တာဝန်ရှိသူတွေက ပြုတ်ကျကျန်ခဲ့တဲ့ နောက်ကြည့်မှန်ကိုယူပြီး ကားဂိတ်ကို လိုက်သွားကြပါပြီ"ဟု နယ်မြေ(၃) ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံး တာဝန်ကျယာဉ်ထိန်းရဲတစ်ဦးကပြောသည်။

ကမ္ဘာ ကျော် ကိုရီးယား မင်းသားယိုဂျီတေး နှင့် ၎င်း ၏ ဇနီး ဖြစ်သူ မင်းသမီး ကင် ဟိုဂျင် ရန်ကုန်မြို့သို့ရောက်ရှိ

ကမ္ဘာ ကျော် ကိုရီးယား မင်းသား ရန်ကုန် ရောက် 

ကန်း(စ) ၊ ဗင်းနစ် ၊ ဘာလင် ရုပ်ရှင် ပွဲတော် များ တွင် ဆု ရခဲ့ သည့် 
ကမ္ဘာ ကျော် ကိုရီးယား သရုပ်ဆောင် ယိုဂျီတေး နှင့် ၎င်း ၏ ဇနီး ဖြစ်သူ 
မင်းသမီး ကင် ဟိုဂျင် တို့  သည် အိမ်ထောင် သက် တစ် နှစ် ပြည့် အဖြစ်မြန်မာ နိုင်ငံ သို့ လာရောက် လည်ပတ် ကာ မြန်မာ နိုင်ငံ တွင်း ရှိ မိဘ
မဲ့ ကလေး ကျောင်း များ နှင့် ဂေဟာ များ တွင် လှုဒါန်း ကူညီမှု ပြု ကာ
ယနေ့  ညနေ တွင် ရန်ကုန် မှ ပြန် လည် ထွက် ခွာ မည် ဖြစ်သည်။

ယခင် နှစ် က မင်းသမီး လီယောင် အ (ချန်ဂီ) သည်လည်း မြန်မာ မိဘမဲ့
ိမိန်းကလေး များ အတွက် လှုဒါန်း ကူညီမှု ပြုခဲ့ သည်

အေးချမ်းမွန်မှ  Freedom News Group(Burma) တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Freedom News Group(Burma)

ကန်း(စ) ၊ ဗင်းနစ် ၊ ဘာလင် ရုပ်ရှင် ပွဲတော် များ တွင် ဆု ရခဲ့ သည့် ကမ္ဘာ ကျော် ကိုရီးယား သရုပ်ဆောင် ယိုဂျီ
တး နှင့် ၎င်း ၏ ဇနီး ဖြစ်သူ မင်းသမီး ကင် ဟိုဂျင် တို့  သည် အိမ်ထောင် သက် တစ် နှစ် ပြည့် အဖြစ်မြန်မာ နိုင်ငံ သို့ လာရောက် လည်ပတ် ကာ မြန်မာ နိုင်ငံ တွင်း ရှိ မိဘမဲ့ ကလေး ကျောင်း များ နှင့် ဂေဟာ များ တွင် လှုဒါန်း ကူညီမှု ပြု ကာယနေ့  ညနေ တွင် ရန်ကုန် မှ ပြန် လည် ထွက် ခွာ မည် ဖြစ်သည်။

၂၁၇ယာဉ် အရှိန်လွန်ကျော်တက်စဉ် ဓာတ်တိုင်ကိုဝင်တိုက်

၂၁၇ယာဉ် အရှိန်လွန်ကျော်တက်စဉ် ဓာတ်တိုင်ကိုဝင်တိုက်
===================================
ဇင်သီဟန်
===================================
ယနေ့နံနက် ၇ နာရီ ၂၀ ခန့်က မဟာ ဗန္ဒုလလမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းအနီး တွင်ရန်ကုန်-သန်လျင်ပြေး ဆွဲ သည့် မထသ ၂၁၇ အထူးယာဉ်လိုင်းမှ ၅၁ ယာဉ်ကြီးအား ကျော်တက်စဉ် အရှိန်လွန်ကာ လမ်းလယ်ကျွန်းရှိ ဓာတ်တိုင် အား ၀င်တိုက်ခဲ့မှု ဖြစ်ပွားခဲ့သည်။ 

အဆိုပါ ယာဉ်ဝင်တိုက်မှုကြောင့် လမ်းရှိဓာတ်တိုင်ပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်းသိရသည်။

အေးချမ်းမွန်မှ  Yangon Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Yangon Media Group

ယနေ့နံနက် ၇ နာရီ ၂၀ ခန့်က မဟာ ဗန္ဒုလလမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းအနီး တွင်ရန်ကုန်-သန်လျင်ပြေး ဆွဲ သည့် မထသ ၂၁၇ အထူးယာဉ်လိုင်းမှ ၅၁ ယာဉ်ကြီးအား ကျော်တက်စဉ် အရှိန်လွန်ကာ လမ်းလယ်ကျွန်းရှိ ဓာတ်တိုင် အား ၀င်တိုက်ခဲ့မှု ဖြစ်ပွားခဲ့သည်။

အာဆီယံခေါင်းဆောင် ၁၀၀ တွေ့ဆုံဆွေးနွေးပွဲ (Asean 100 Leadership Forum) ဒုတိယနေ့ အစီအစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောမှု စတင်နေပါပြီ

အာဆီယံခေါင်းဆောင် ၁၀၀ တွေ့ဆုံဆွေးနွေးပွဲ (Asean 100 Leadership Forum) ဒုတိယနေ့ အစီအစဉ်တွင် Resilience in Turbulent Times ခေါင်းစဉ်ဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောမှု စတင်နေပြီ ဖြစ်ပါသည်။

(၉) ကြိမ်မြောက် အာဆီယံ ခေါင်းဆောင် ၁၀၀ တွေ့ဆုံဆွေးနွေးပွဲကို ဒီဇင်ဘာလ ၅ ရက်နေ့နှင့် ၆ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်တွင် ပြုလုပ်နေခြင်း ဖြစ်ပါသည်။

အေးချမ်းမွန်မှ  Eleven Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Eleven Media Group

အာဆီယံခေါင်းဆောင် ၁၀၀ တွေ့ဆုံဆွေးနွေးပွဲ (Asean 100 Leadership Forum) ဒုတိယနေ့ အစီအစဉ်တွင် Resilience in Turbulent Times ခေါင်းစဉ်ဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောမှု စတင်နေပြီ ဖြစ်ပါသည်။

ဂရင်း မီးရထား ရုံးချုပ် အဆောက်အအုံ ဟောင်းကို ရှေးမူမပျက် ပြန်လည် ပြုပြင်၍ ကြယ်ငါးပွင့် အဆင့်ရှိ ဟိုတယ်များ အဖြစ် တည်ဆောက်မည်

ဂရင်း မီးရထား ရုံးချုပ် အဆောက်အအုံ ဟောင်းကို ရှေးမူမပျက် ပြန်လည် ပြုပြင်၍ ကြယ်ငါးပွင့် အဆင့်ရှိ ဟိုတယ်များ အဖြစ် တည်ဆောက်မည်

FMI ကုမ္ပဏီက ဂရင်း မီးရထား ရုံးချုပ် အဆောက်အအုံ ဟောင်းနေရာကို ရှေးမူမပျက် ပြန်လည် ပြုပြင်၍ ကြယ်ငါးပွင့် အဆင့်ရှိ ဟိုတယ်များ အဖြစ် တည်ဆောက်မှု ပြုလုပ်သွားမည် ဖြစ်ကြောင်း FMI ဥက္ကဋ္ဌ ဦးသိမ်းဝေက ပြောကြားခဲ့ သည်။

ယင်းနေရာသည် ရန်ကုန်မြို့လယ် ဗိုလ်ချုပ် အောင်ဆန်းလမ်းနှင့် ဆူးလေ ဘုရားလမ်း ထောင့် တွင် ရှိပြီး ဂရင်း လက်ရှိ တည်ရှိနေသော ဂရင်း Residencesနှင့် FMI စင်တာ နေရာများ တွင်ပါ အဆောက် အအုံ သစ်များ တည်ဆောက် သွားမည် ဖြစ်ကြောင်း၊ တည်ဆောက်မည့် အဆောက် အအုံများမှာ ကြယ်ငါးပွင့် အဆင့်ရှိ ဟိုတယ် နှစ်လုံး၊ ကွန်ဒို မီနီယမ် တစ်လုံး၊ Ser -viced Apartment တစ်လုံး၊ ရုံးခန်း တိုက်နှစ်လုံးနှင့် ရန်ကုန်မြို့၏ အကြီးဆုံး ရှော့ပင်း စင်တာတို့ ပါဝင်မည် ဖြစ်ကြောင်း ယင်းက ဆိုသည်။

Apartment တစ်လုံး၊ ရုံးခန်း တိုက်နှစ် လုံးနှင့် ရန်ကုန်မြို့၏ အကြီးဆုံး ရှော့ပင်း စင်တာတို့ ပါဝင် မည်ဖြစ်ကြောင်း၊ အဆိုပါ အဆောက်အအုံ များကို တည်ဆောက်မည့် နေရာသည် အကျယ် ၁ဝ ဧကခန့် ရှိကြောင်း၊ ရှေးမူမပျက် ပြန်လည် ပြုပြင်မည့် မီးရထား ရုံးချုပ် အ ဆောက် အအုံဟောင်း ဟိုတယ်တွင် အခန်းပေါင်း ၈ဝ ပါဝင်မည် ဖြစ်ကြောင်း၊ အဆိုပါ နေရာကို ရန်ကုန်၏ အချက်အချာ နေရာ အထိမ်းအမှတ် ဖြစ်အောင် ဆောင်ရွက်မည် ဖြစ် ကြောင်း ၎င်းက ပြောသည်။ မီးရထား ရုံးချုပ် အဆောက် အအုံဟောင်း ဟိုတယ်တွင် မင်္ဂလာ ခန်းမ အပါအဝင် မြန်မာ့ မီးရထား၏ သမိုင်းဝင် အချက် အလက် များကို ပြတိုက် အဖြစ် ပြသ မည့် အစီ အစဉ်များ၊ ကားစီးရေ ၁၃ဝဝ ရပ်နားနိုင်သော ကားပါကင်တို့ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်း ပထမ အဆင့်ကို မကြာမီ စတင် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း၊ လက်ရှိ FMI စင်တာကို အကြီးစား ပြုပြင်ကာ ရန်ကုန်မြို့တွင် ပထမ ဆုံးသော Money Changer အဖြစ် ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။ 

http://www.myawady.net.mm/allnews/headline/item/840-2012-12-05-11-23-30

အေးချမ်းမွန်မှ  မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :မြ၀တီ


FMI ကုမ္ပဏီက ဂရင်း မီးရထား ရုံးချုပ် အဆောက်အအုံ ဟောင်းနေရာကို ရှေးမူမပျက် ပြန်လည် ပြုပြင်၍ ကြယ်ငါးပွင့် အဆင့်ရှိ ဟိုတယ်များ အဖြစ် တည်ဆောက်မှု ပြုလုပ်သွားမည် ဖြစ်ကြောင်း FMI ဥက္ကဋ္ဌ ဦးသိမ်းဝေက ပြောကြားခဲ့ သည်။

ကမ္ဘာ့ကုလသမဂ္ဂမှ ၂၀၀၆ ခုနှစ်အတွက် အကောင်းဆုံး ကဗျာအဖြစ် ရွေးချယ်ခဲ့သည့် အာဖရိကန် ကလေးငယ်တစ်ဦး ဖွဲ့ဆိုခဲ့သည့် ကဗျာ

ကမ္ဘာ့ကုလသမဂ္ဂမှ ၂၀၀၆ ခုနှစ်အတွက် အကောင်းဆုံး ကဗျာအဖြစ် ရွေးချယ်ခဲ့သည့် အာဖရိကန် ကလေးငယ်တစ်ဦး ဖွဲ့ဆိုခဲ့သည့် ကဗျာအား မျှဝေနိုင်ရန် ဆီလျော်အောင် ဘာသာပြန်ဆို ခံစားပါသည်။

“ ကျွန်ုပ်ဖွားစဉ် ဟိုကတည်းက၊ ကျွန်ုပ်အသားမည်းခဲ့သည်

အသက်ပျိုစဉ် ငယ်ရွယ်ချိန်လဲ၊ ကျွန်ုပ်အသားမည်းနေမြဲပဲ

နေပူပူထဲ လျှောက်လှမ်းခဲ့တော့၊ ကျွန်ုပ်အသားမည်းနေဆဲပေါ့

ကြောက်ရွံ့စိုးထိတ် ကြောက်လန့်ချိန်လဲ ကျွန်ုပ်အသားမည်းဆဲပါပဲ

ကျန်းမာချို့တဲ့ လဲပြိုချိန်ဆက်၊ ကျွန်ုပ်အသား မည်းနက်မှောင်လျက်

ဘ၀အသက် နေ၀င်ချိန်ဆီ၊ ကျွန်ုပ်အသားမည်းနေဦးမည်

အဆွေလူသား ကိုလူဖြူအားကို မေးချင်လိုက်သည်

အသင်မွေးစ ဟိုအစဉ်ထဲက၊ ပန်းရောင်အသားမရှိခဲ့လား

သင်သည်ပျိုရွယ် ထိုအချိန်တွင် ဖြူနုသားရည်ရှိခဲ့သည်ပင်

နေပူကြဲထဲ လျှောက်စဉ်ကလဲ သင်၏သားရည် ရဲခဲ့တာပဲ

ချမ်းတုန်အေးစိမ့် ဆောင်းချိန်လိမ့်တော့၊ ပြာရောင်အသားပြောင်းလဲသွားပေါ့

ထိတ်လန့်စိုးရိမ် နေစဉ်ချိန်ကား၊ သင်ရဲ့အသားအ၀ါရောင်များ

ဖျားနာညောင်းကိုက် ချိန်တုန်းခိုက်က၊ စိမ်းရောင်အသား မမေ့ငြားနှင့်

မီးစာနေ၀င် နောက်ဆုံးချိန်တွင် ဖြူရော်အသားသို့ပြောင်းသွားမည်ပင်

အဘယ်ကြောင့်များ အကျွန်ုပ်အား ခြားနားသားရောင်ဖြစ်သည်ဆောင်၍ ခွဲခြားပြောဆိုရသနည်း။

*******************************************
{ မူရင်းကဗျာ }

Nominated by UN as the best Poem of 2006, written by an African Kid

When I born, I black

When I grow up, I black

When I go in Sun, I black

When I scared, I black

When I sick, I black

And when I die, I still black


And you white fellow:

When you born, you pink

When you grow up, you white

When you go in sun, you red

When you cold, you blue

When you scared, you yellow

When you sick, you green

And when you die, you grey

And you calling me colored?

အေးချမ်းမွန်မှ  Royal Hero Media တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Royal Hero Media

ကမ္ဘာ့ကုလသမဂ္ဂမှ ၂၀၀၆ ခုနှစ်အတွက် အကောင်းဆုံး ကဗျာအဖြစ် ရွေးချယ်ခဲ့သည့် အာဖရိကန် ကလေးငယ်
တစ်ဦး ဖွဲ့ဆိုခဲ့သည့် ကဗျာအား မျှဝေနိုင်ရန် ဆီလျော်အောင် ဘာသာပြန်ဆို ခံစားပါသည်။

မြန်မာမီနီ ဆလွန်းကားများ ၀ယ်လိုအား ကျဆင်း

မြန်မာမီနီ ဆလွန်းကားများ ၀ယ်လိုအား ကျဆင်းလျက်ရှိ 


မြန်မာနိုင်ငံ စက်မှုဝန်ကြီး ဌာနမှ ထုတ်လုပ် လျက်ရှိတဲ့ မြန်မာမီနီ ဆလွန်းကား များဟာ ၀ယ်လိုအား ကျဆင်းလျက် ရှိတယ်လို့ သိရပါတယ်။ အခုလို ကျဆင်းရတာဟာ ပြည်ပမှ တင်သွင်း လာတဲ့ ကားများ ၀င်ရောက် လာပြီးတဲ့ နောက်ပိုင်း မီနီ-ဆလွန်း ကားများမှာ တစ်ရက်ကို ပျမ်းမျှ ၃ စီးမှ ၄ စီးအထိသာ ရောင်းချ နိုင်တယ်လို့ သိရပါတယ်။ ယခင် ကတော့ အဆိုပါ
မြန်မာမီနီ စလွန်းကား တွေကို တစ်ရက် ပျမ်းမျှ စီးရေ ၆ စီးလောက်
ရောင်းချရတာ ဖြစ်ပါတယ်။

အဆိုပါ ကားများကို ကမ္ဘာအေး ဘုရားလမ်းနဲ့ချော်တွင်းကုန်း လမ်းရှိ စက်မှုဝန်ကြီး ဌာန ရွှေမြန်မာ အရောင်းဆိုင်မှာ ဆက်လက်
ရောင်းချပေးလျက် ရှိပါတယ်။ အဆိုပါ မြန်မာ မီနီဆလွန်း ကားများကို ဧပြီလမှ နိုဝင်ဘာ လကုန် အထိ အစီးရေ ၆၅၀ ရောင်းချပြီး ဖြစ်ပါတယ်။ အဆိုပါ ကားများအား ၀ယ်ယူချင် ပါက ၇၅ သိန်း ပေးသွင်းရမှာ ဖြစ်ပြီး ကညန လိုင်စင် ပြုလုပ်ခြင်း၊ အခွန်စည်းကြပ်ခ ပြုလုပ်ခြင်းများ ပါဝင်ပါက 
၈၁ သိန်း ခန့်နဲ့ပိုင်ရှင် အမည်ပေါက် လက်ဝယ် ပိုင်ဆိုင် နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Myanmar mini-salon ကားများဟာ ဆီစား သက်သာခြင်း၊ အင်ဂျင် ပါဝင် နည်းခြင်း၊ Air-Con ကို အချိန်မရွေး/အချိန်ပြည့် သုံးစွဲနိုင်တဲ့ အတွက် မည်သူမဆို လွတ်လပ်စွာ ၀ယ်ယူနိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ မှာတော့ မြန်မာ မီနီစလွန်း ကားတွေ ရောင်းချမှုကို ရပ်နား ထားတာ မရှိဘဲ ၀ယ်ယူလိုသူတွေ အတွက် အချိန်မရွေး ရောင်းချပေး နေတာ ဖြစ်ပါတယ်။ ထပ်မံပြီးတော့လည်း လာမယ့် နှစ်တွေမှာ မြန်မာမီနီစလွန်းကား တွေကို ထပ်မံ ထုတ်ပေးသွား ဖို့လည်း စီစဉ်လျက် ရှိတယ်လို့ သိရပါတယ်။

အေးချမ်းမွန်မှ MRTV - 4 တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From : MRTV - 4

မန်မာနိုင်ငံ စက်မှုဝန်ကြီး ဌာနမှ ထုတ်လုပ် လျက်ရှိတဲ့ မြန်မာမီနီဆလွန်းကား များဟာဝယ်လိုအားကျဆင်းလျက်
ရှိတယ်လို့ သိရပါတယ်။ အခုလို ကျဆင်းရတာဟာ ပြည်ပမှ တင်သွင်း လာတဲ့ ကားများ ၀င်ရောက် လာပြီးတဲ့
နာက်ပိုင်း မီနီ-ဆလွန်း ကားများမှာ တစ်ရက်ကို ပျမ်းမျှ ၃ စီးမှ ၄ စီးအထိသာ ရောင်းချ နိုင်တယ်လို့ သိရပါတယ်။ ယခင် ကတော့ အဆိုပါမြန်မာမီနီ စလွန်းကား တွေကို တစ်ရက် ပျမ်းမျှ စီးရေ ၆ စီးလောက်ရောင်းချရတာ ဖြစ်ပါ
တယ်။

ရန်ကင်း ဈေးကွေ့ နားမှာ ယာဉ်ထိန်းရဲ က တား ပြီး ကား သော့ ကို လုတယ် ၊ ပြီးတော့ ကမ္ဘာ အေး ကို မောင်း သွား တာခံခဲ့ရတဲ့ မကွေးဆရာတော်

ရန်ကင်း ဈေးကွေ့ နားမှာ ယာဉ်ထိန်းရဲ က တား ပြီး ကား သော့ ကို လုတယ် ၊ ပြီးတော့ ကမ္ဘာ အေး ကို မောင်း သွား တာ ၊

နိုင်မွန်အောင်သွင် fb 
(Myanmar Post vol4_no47-5.12.2012)

အေးချမ်းမွန်မှ  Freedom News Group(Burma) တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Freedom News Group(Burma)

 
ရန်ကင်း ဈေးကွေ့ နားမှာ ယာဉ်ထိန်းရဲ က တား ပြီး ကား သော့ ကို လုတယ် ၊ ပြီးတော့ မင်းမဲ့စရိုက်ဆန်ဆန် ကား
ကို ကမ္ဘာ အေး ကို မောင်း သွား တာ ခံခဲ့ရကြောင်း မကွေးဆရာတော်ကပြောပြခဲ့ပါတယ်။သတင်းအပြည့်အစုံမှာ..

ဦးဂမ္ဘီရ ပျောက်ဆုံးနေမှု နဲ့ အမေရိကန်သံရုံး ထုတ်ပြန်ချက်

ဦးဂမ္ဘီရ ပျောက်ဆုံးနေမှု နဲ့ အမေရိကန်သံရုံး ထုတ်ပြန်ချက်
Thursday, December 06, 2012 

ထိန်းသိမ်းခံရတဲ့ဦးဂမ္ဘီရရဲ့ သတင်းတွေကို စောင့်ကြည့်နေတယ်လို့ ရန်ကုန် အမေရိကန်သံရုံးက သံရုံးတွစ်တာ စာမျက်နှာမှာ ရေးသားလိုက်ပါတယ်။

"ဥပဒေကြောင်းအရ လုပ်ဆောင်ရန်၊ ပွင့်လင်းမြင်သာမှုရှိရန် မြန်မာအစိုးရကို ကျွန်ုပ်တို့ တိုက်တွန်းသည်" လို့လည်း ရေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ မိနစ်ပိုင်းအတွင်း တွေ့ရတဲ့ ရေးသားချက်ပါ။
စနေနေ့က ဦးဂမ္ဘီရ အဖမ်းခံရတဲ့အကြောင်း နဲ့ သူ့ရဲ့ နောက်ခံ အချက်အလက်တွေကို
ဦးဂမ္ဘီရကို အစိုးရ ရုတ်တရက် ပြန်ဖမ်း   ဆိုတဲ့ ဧရာဝတီသတင်းတပုဒ်မှာ ဖတ်နိုင်ပါတယ်။

သူ့အမည်ရင်းက ကိုညီညီလွင် ဖြစ်ပါတယ်။ ဦးဂမ္ဘီရ ဆိုတဲ့ အမည်ကိုတော့ ၂၀၀၇ သံဃာ့လှုပ်ရှားမှုမှာ ယူခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်သံရုံး တွစ်တာ စာမျက်နှာက ရေးသားချက်
အစိုးရက သူ့ကို နာမည်ကျော် အင်းစိန်ထောင် ပို့လိုက်ပြီ လို့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း သတင်းတွေ ထွက်ခဲ့ပါတယ်။

သို့သော်လည်း သူ့ကို ဘယ်မှာ ထိန်းသိမ်းထားတယ် ဆိုတာ မိသားစုက အာဏာပိုင်တို့ဆီမှာ စုံစမ်းပေမယ့် ပြီးခဲ့တဲ့အင်္ဂါနေ့အထိတော့ မသိရသေးဘူးလို့ VOA မြန်မာပိုင်း ရုပ်သံ အင်တာဗျူးတခုမှာ ဖော်ပြထားပါတယ်။

ဧရာဝတီ Facebook /

ထိန်းသိမ်းခံရတဲ့ဦးဂမ္ဘီရရဲ့ သတင်းတွေကို စောင့်ကြည့်နေတယ်လို့ ရန်ကုန် အမေရိကန်သံရုံးက သံရုံးတွစ်တာ 
စာမျက်နှာမှာ ရေးသားလိုက်ပါတယ်။

မီဒီယာ သူဌေးကြီး ရူးပတ် မားဒေါ့ ၏ အမေ အသက် ၁၀၃ နှစ် တွင် ကွယ်လွန်

မီဒီယာ သူဌေးကြီး ရူးပတ် မားဒေါ့ ၏ အမေ အသက် ၁၀၃ နှစ် တွင် ကွယ်လွန် 

Fox သတင်းရုပ်သံ အပါ အ၀င် ကမ္ဘာ့ သတင်း မီဒီယာ ၏ ၃၀ ရာခိုင်နှုန်း
ကျော် ကို ထိမ်းချုပ် ထား သူ လည်း ဖြစ် ၊ နှစ်ဆယ် ရာစု မြေခွေး စတူဒီယို
အပါအ၀င် ဖျော် ဖြေရေး မီဒီယာ များ ကို လည်း ပိုင် ဆိုင်သည့် မီဒီယာ သူ
ဌေး ကြီး ရူးပတ် မားဒေါ့ ၏ မိခင် ဖြစ်သူ အသက် ၁၀၃ နှစ် အရွယ် ဒိမ်း အဲလိဇဘက် မား ဒေါ့ သည် ဇာတိ သြစတေးလျှ တွင် ယနေ့  ကွယ်လွန် သည်။

သူမ သည် သားသမီး လေးဦး ဖွားမြင် ခဲ့ရာ ဒုတိယ သား ရူးပတ် မား ဒေါ့ သည် မီဒီယာ သူဌေး ကြီး တစ်ဦး ၈.၅ ဘီလျှံ ချမ်းသာ ကြွယ်ဝ သည်။ 

၎င်း သည့် Wall Street ဂျာနယ် အပါအ၀င် ရုပ် သံ လုပ်ငန်း ၁၈ ခုနှစ် သတင်း စာ တိုက် ၆၀ ကျော် ကို ပိုင် ဆိုင်သည့် သူဌေး News Corporation ၏ 
ဥက္ကဌ လည်း ဖြစ်သည်။


အေးချမ်းမွန်မှ  Freedom News Group(Burma) တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Freedom News Group(Burma)

Fox သတင်းရုပ်သံ အပါ အ၀င် ကမ္ဘာ့ သတင်း မီဒီယာ ၏ ၃၀ ရာခိုင်နှုန်း ကျော် ကို ထိမ်းချုပ် ထားသူ လည်း ဖြစ်
၊ နှစ်ဆယ် ရာစု မြေခွေး စတူဒီယို အပါအ၀င် ဖျော် ဖြေရေး မီဒီယာ များ ကို လည်း ပိုင် ဆိုင်သည့် မီဒီယာ သူ ဌေး
 ကြီး ရူးပတ် မားဒေါ့ ၏ မိခင် ဖြစ်သူ အသက် ၁၀၃ နှစ် အရွယ် ဒိမ်း အဲလိဇဘက် မား ဒေါ့ သည် ဇာတိ သြစတေး
လျှ တွင် ယနေ့  ကွယ်လွန် သည်။

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမို့ နယ်၊ လေးတောင် ရဲစခန်း က စခန်းမှူး ++ နဲ့  နယ်ထိန်းတပ်ဖွဲ့ ဝင်တွေအကြောင်း (ပေးစာ)

ရမ်းဗြဲ လေးတောင်က ရဲအကြောင်း ရေးလာတဲ့စာ ( ပေးစာ)

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမို့ နယ်၊ လေးတောင် ရဲစခန်း က စခန်းမှူး ++ နဲ့  နယ်ထိန်းတပ်ဖွဲ့ ဝင် တွေဟာ ရဲစခန်းအပိုင် ကျေးရွာတွေ အတွင်း အကြောင်းအမျိုးမျိုးပြ ပြီး ဆက်ကြေး အကောက်တွေ ကောက်ခံ နေကြတာကြောင့် နာမည်ဆိုးနဲ့ တစ်နေ့ ထက်တစ်နေ့ ကျော်ကြား လာနေပါတယ်။ ပြည်သူတွေရဲ့ အားနည်းချက်ကို ဖေးမကူညီရမယ့် အစား ဖိအားပေး ခြိမ်းခြောက်ပြီး ငွေညှစ် ညစ်ပတ်ဖို့ လောက်ဘဲ သိပါတယ်၊

၈.၁၁.၂၀၁၂ နေ့ က ကညင်ကောက်ရွာ သား ကိုသိန်းထွန်း ဟာ မိမိဖါသာ တစ်ယောက်တည်း စီးလာတဲ့ မော်တော်ဆိုင်ကယ် မတော်တဆ တိမ်းမှောက်လို့ အနည်းငယ်ဒဏ်ရ ရခဲ့ပါတယ်။ မိမိ ဆိုင်ကယ်ကို ဆက်လက် စီးနင်းပြီး ရဲစခန်း အနီးမှာရှိတဲ့ ပြည်သူ့ ဆေးရုံ မှာ ဆေးလာထည့် စဉ် ရဲစခန်းမှူး ရောက်ရှိလာပြီး ဥပဒေ ပုဒ်မ အမျိုးမျိုးတွေနဲ့ ခြိမ်းခြောက်ပြီး ငွေညှစ်ပါတော့တယ်။ ငွေ တစ်သိန်း တောင်းခံခဲ့ရာ  ခုနှစ်သောင်းကျပ်နဲ့ အသနားခံ ဈေးပြတ်သွားကြောင်းသိရပါတယ်။
အလားတူဘဲ ကျေးရွာတွေမှာ အလှူမင်္ဂလာပွဲတွေအတွက် ၀က်ပေါ်ရင်လည်းတစ်ကောင်ကို (၁၀၀၀၀)ကျပ် တောင်းယူ ကောက်ခံခြင်း၊ တံငါ ပိုက်ဆိပ်တွေ အတွင်း ဧည့်စာရင်း စရိတ်၊ စက်လှေ အ၀င်အထွက် စရိတ်စတဲ့ မတော်မလျော်  ကိစ္စကြီးငယ် အမျိုးမျိုးတောင်းခံ နေကြတာကဖြင့် ပြည်သူတွေ အတွက် ၀န်ထုပ်ကြီး တစ်ခုဖြစ်လာနေပါတယ်။ ဒီရဲစခန်းအပိုင် မှာရှိကြတဲ့ ရွာပေါင်း သုံးဆယ် လောက်ဟာ ဒီဒဏ်တွေကို အလူးအလိမ့် ခံနေကြရပါတယ်။

နောက်တစ်ခုက သူတို့ တွေ ကိုယ်တိုင် အရက်ဆိုင်တွေဖွင့် လှစ်ရောင်းချနေတာကလည်း ဒလဟော ပါဘဲ။  ပြောပြချင်တာကတော့  ပြည်သူတွေ ယုံကြည် အားကိုးရမဲ့ ပြည်သူ့ ဝန်ထမ်း ရဲတပ်ဖွဲ့ဝင်တွေ ဟာ နိုင်ငံ ၀န်ထမ်းတွေဖြစ်နေပြီး စည်းကမ်း ကျင့်ဝတ်တွေ အမျိုးမျိုးဖောက်ဖျက် နေကြတဲ့အတွက် ခုလို ခေတ်မီ ဖွံ့ ဖြိုးတဲ့ ဒီမိုကရေစီ နိုင်ငံကို ချီတက်နေတဲ့ သမ္မတကြီးရဲ့ အလုပ်ကို နှောင့်ယှက် နေတာကြောင့် ထိထိရောက်ရောက် အရေးယူသင့်ပြီဖြစ်ကြောင်း  ပြည်သူ တစ်ရပ်လုံး သိစေ အပ်ပါတယ်။

ရဲ ဒဏ်ခံရကျေးရွာသားတစ်ဦး

အေးချမ်းမွန်မှ  Narinjara News  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Narinjara News

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမို့ နယ်၊ လေးတောင် ရဲစခန်း က စခန်းမှူး ++ နဲ့  နယ်ထိန်းတပ်ဖွဲ့ ဝင် တွေဟာ ရဲစခန်းအပိုင်
ကျေးရွာတွေ အတွင်း အကြောင်းအမျိုးမျိုးပြ ပြီးဆက်ကြေးအကောက်တွေ ကောက်ခံ နေကြတာကြောင့်နာမည်
ဆိုးနဲ့ တစ်နေ့ ထက်တစ်နေ့ ကျော်ကြားလာနေပါတယ်။ ပြည်သူတွေရဲ့အားနည်းချက်ကို ဖေးမကူညီရမယ့် အစား
 ဖိအားပေး ခြိမ်းခြောက်ပြီး ငွေညှစ် ညစ်ပတ်ဖို့ လောက်ဘဲ သိပါတယ်၊

ရေး မြို့ရဲစခန်း လူ့အခွင့်အရေးချိုးဖောက်

ရေး ရဲစခန်း လူ့အခွင့်အရေးချိုးဖောက်

Thursday, December 06, 2012  အိမ့်သံစဉ်  

ရေး မြို့နယ်ရှိ ရဲများသည် အပြစ် မရှိသောလူများကို လိုက်လံဖမ်းဆီးပြီး နည်းမျိုးစုံဖြင့်ရိုက်နှက် စစ်ဆေး ကာ တရားခံ အဖြစ်အတင်းအကျပ် ၀န်ခံခိုင်းခဲ့မှုများ အများအပြားရှိခဲ့ကြောင်းသိရသည်။ 

မနွယ်နီနှင့် အလုပ်သမား စိန်ပန်းဆိုသူတို့အား ချဲရောင်းသည်ဟုစွပ်စွဲပြီး ယမန်နေ့ ဒီဇင်ဘာလ ၅ ရက်နေ့ က မတရားဖမ်းဆီးခဲ့မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ရေးမြို့နယ်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ သူခိုး ဓားပြမှုများ၊ မူးယစ်ဆေးဝါးမှုများ၊ လာဘ်ပေး လာဘ်ယူမှုများ၊ တရားမ၀င် လုပ်ငန်းကြီးများ များစွာပေါ်ပေါ်ထင်ထင်လုပ်ကိုင်နေမှုများရှိသော်လည်း အရေးယူဆောင်ရွက်ခြင်းမရှိဘဲ အခြေအမြစ်မရှိသော နောက်ခံ background မရှိသောသူများကိုသာ တရားခံအဖြစ် မတရားရိုက်နှက် စွပ်စွဲပြီး ဖမ်းဆီးမှုများရှိနေကြောင်း သိရသည်။ 

အေးချမ်းမွန်မှ ဧရာဝတီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :ဧရာဝတီ

ရေး မြို့နယ်ရှိ ရဲများသည် အပြစ် မရှိသောလူများကို လိုက်လံဖမ်းဆီးပြီး နည်းမျိုးစုံဖြင့်ရိုက်နှက်စစ်ဆေးကာ တရား
ခံ အဖြစ်အတင်းအကျပ် ၀န်ခံခိုင်းခဲ့မှုများ အများအပြားရှိခဲ့ကြောင်းသိရသည်။

နမ်းရမည့် ဇာတ်ဝင်ခန်း ရိုက်ကူးရန် ငြင်းဆန်မှုကြောင့် ရုပ်ရှင်တကားကို လက်လွှတ်လိုက်လိုက်ရတော့မည့် သက်မွန်မြင့်

  • ရေး ရဲစခန်း နမ်းရမည့် ဇာတ်ဝင်ခန်း ရိုက်ကူးရန် သက်မွန်မြင့် ငြင်းဆန်

Wednesday, December 05, 2012  

နာမည်ကျော်မင်းသမီး သက်မွန်မြင့်က နမ်းရမည့် ဇာတ်ဝင်ခန်းကို ရိုက်ကူးရန် ငြင်းဆန်သောကြောင့် ဇာတ်လမ်းကောင်းသည့် ရုပ်ရှင်တကားကို လက်လွှတ်လိုက်လိုက်ရမည့် အခြေအနေဖြစ်နေသည် ဟု အလင်းတန်းဂျာနယ်သို့ ပြောပြသည်။

ကျွန်မကနှင်းဆီပါမောင် အမည်ရှိ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးမည့် ဒါရိုက်တာဝိုင်းက အဆိုပါ ဇာတ်ဝင်ခန်းက အရေးကြီးသည့် ဇာတ်ဝင်ခန်းဖြစ်သောကြောင့် "မဖြုတ်ပေးနိုင်ဘူး" ဟု မှတ်ချက်ပြုထားကြောင်း သက်မွန်မြင့်က ပြောသည်။

တနင်္လာနေ့ထုတ် အလင်းတန်းဂျာနယ်တွင် ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

"သက်မွန်ရဲ့ ပရိသတ်တွေကလည်း အဲဒါမျိုးတော့ လက်မခံဘူး ထင်ပါတယ်။ နောက် ထားသခင်ရဲ့ စရိုက်ကလည်း ဒါမျိုး မဟုတ်ဘူး ထင်ပါတယ်" ဟု သက်မွန်မြင့်က အလင်းတန်းဂျာနယ်ကို ရှင်းပြသည်။

ယခင်ကလည်း ဒါရိုက်တာဝိုင်း ရိုက်ကူးခဲ့သည့် ဇာတ်ကားတခုနှင့် ပတ်သက်ပြီး သူ၏ ပရိသတ်က ငြိုငြင်ခဲ့ဖူးသည်ဟု မင်းသမီးက ဆိုသည်။

"Sexy Dance ကခိုင်းတာ။ မလုပ်လို့ မရဘူး ဆိုလို့ ရိုက်ခဲ့တယ်။ ပရိသတ်တွေက သူ့ကို မပြောဘူး။ သက်မွန်ကိုပဲ ၀ိုင်းပြီး ပြောကြတာလေ" ဟု မင်းသမီးက ပြောသည်။

ဒါရိုက်တာဝိုင်းနှင့် ရိုက်ကူးသည့် ဇာတ်ကားတိုင်း အောင်မြင်ခဲ့ကြောင်း၊ ပုဂ္ဂိုလ်ရေးအရ ပြဿနာ မရှိကြောင်း၊ ဒါရိုက်တာကို ဆရာလုပ်ခြင်းလည်း မဟုတ်ကြောင်း မင်းသမီးသက်မွန်မြင့်က ပြောသည်။

ချင်းတိုင်းရင်းသူတဦးဖြစ်သည့် မင်းသမီးချောသက်မွန်မြင့်သည် ဒါရိုက်တာဝိုင်း ရိုက်ကူးသည့်  “အာဒမ်ရယ်၊ ဧ၀ရယ်၊ ဒသရယ်” နာမည်ကျော် ဇာတ်ကားဖြင့် အကယ်ဒမီသက်မွန်မြင့် ဖြစ်လာခဲ့သည်။
မိုးမခအွန်လိုင်း http://moemaka.com/ ကနေ ကူးယူ ဖော်ပြပါတယ်။
 

အေးချမ်းမွန်မှ ဧရာဝတီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :ဧရာဝတီ

     
    နာမည်ကျော်မင်းသမီးသက်မွန်မြင့်ကနမ်းရမည့် ဇာတ်ဝင်ခန်းကို ရိုက်ကူးရန် ငြင်းဆန်သောကြောင့် ဇာတ်
    လမ်းကောင်းသည့် ရုပ်ရှင်တကားကို လက်လွှတ်လိုက်လိုက်ရမည့် အခြေအနေဖြစ်နေသည် ဟု အလင်းတန်းဂျာနယ်သို့ ပြောပြသည်။

KIA အား ရှရှားလုပ် စစ်ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်

KIA အား ရှရှားလုပ် စစ်ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်

05 December 2012 Written by ရွှေဟင်္သာသတင်းဌာန

ကချင်ပြည်နယ် အရှေ့ဖက် ပန်းဝါမြို့နယ် နယ်ခြား မှတ်တိုင် (၆) အနီး တ၀ိုက်က ကချင်ပြည် လွတ်လပ်ရေး တပ်မ တော် (KIA) အခြေစိုက်သည့် စခန်းများကို ယမန်နေ့၌ စစ်ရဟပ်ယာဉ်ဖြင့် အစိုးရ တပ်ဖွဲ့က တိုက်ခိုက် ခဲ့သည်ဟု ပြောရေး ဆိုခွင့်ရှိသူ ဦးလာနန်းက ဆိုပါသည်။ 

“မနေ့က ရဟတ်ယာဉ် (၇) စင်းနဲ့ တက်လာတယ်။ ကျန်တဲ့ (၅) စင်းက စစ်ပစ္စည်း လက်နက်နဲ့ ရိက္ခာတွေ တပ်အင် အားတွေ ပို့ကြတယ်။ အဆင်းကျတော့ လူနာတွေကို ပြန်ပြီးတော့ သယ်သွားကြပါတယ်။ ကျန်တဲ့ စစ်ရဟပ်ယာဉ် (၂) စင်းကတော့ KIA တပ်စခန်းတွေကို လိုက်ပတ်ရှာ ပြီးတော့ အပေါ်ကနေ လိုက်လံ ပစ်ခတ် တိုက်ခိုက်ခဲ့တာတွေ လုပ် တယ်။ (၂) ပတ် တိတိပတ်ပြီး ပစ်တာပေါ့ဗျာ။” ဟုဆိုပါသည်။

KIA တပ်မဟာ (၁) ပန်ဝါဒေသသည် ပြီးခဲ့သည့် ဒီဇင်ဘာလ (၁) ရက်နေ့မှ စပြီး တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ရာ ယမာန်နေ့ တွင်တိုက်ပွဲ အပြင်းထန်ဆုံး ဖြစ်ပွားခဲ့သည်ဟု ဆိုပါသည်။ ဤသို့ကြောင့် လေကြောင်း အကူအညီဖြင့် ယမာန်နေ့ ညနေ (၃) နာရီခွဲ အချိန်၌ ဝေဟင်မှ မြေ ပြင်ပစ်ဒုံးနှင့် (၂) ကြိမ် ၀င်ရောက် ပစ်ခတ်ခဲ့ခြင်း ဖြစ်ပါသည်။ ပစ်ခတ်ရာတွင် ဒုံးကျည် တချို့သည် တရုတ်ပြည် နယ်စပ်ဖက်၌ ကျရောက် ခဲ့ပါသည်။

ဒီဇင်ဘာ (၃) ရက်နေ့ ပစ်ခတ်မှု၌လည်း ခလရ (၇၄) နှင့် ခလရ (၇၇) တပ်ဖွဲ့တို့၏ ၈၄ မမ စိန်ပြောင်း ကျည်ဆံအ ချို့ သည် တရုတ်နိုင်ငံဘက် ကျရောက် ပေါက်ကွဲခဲ့ကာ တောမီးလောင်မှု ဖြစ်ပွားခဲ့ပြီး ယင်းကိစ္စနှင့် ပတ်သက်၍ တရုတ်အ စိုးရက မြန်မာ အစိုးရအား ဆန့်ကျင်ကန့်ကွက်ထားကြောင်း KIA ဖက်မှ ကြားသိရပါသည်။

ယနေ့နေ့လယ်ပိုင်း၌လည်း အဆိုပါ ရဟတ်ယာဉ် (၅) စင်းသည် ပန်းဝါဖက်သို့ (၅) ကြိမ်မျှ ပြန်တက်သွား ခဲ့ကြောင်း ပြောခွင့်ရသူက ဆိုပါသည်။

KIA တပ်မဟာ (၁) ဆွမ်ပရာဘွမ်ဘက်၌ တပ်မ (၃၃) အင်အား (၅၀၀) ခန့်သည် ဆွမ်ပရာဘွမ်နဲ့ ပူတာအို လမ်းကြောင်း အတိုင်း တက်ပြီး စစ်ဆင်ရေးများ ဆင်နွှဲနေပါသည်။

KIA တပ်မဟာ (၅) တပ်ရင်း (၃) ဒေသ၌လည်း ခလရ (၁၃)၊ ခမရ (၄၁၆) တို့မှ ဝိုင်းမော်မြို့နယ်ဘက်၌ တိုက်ပွဲပြင်းထန် လျှက်ရှိပါသည်။ လက်နက်ကြီး ပစ်အားများကို သုံးပြီး ရှေ့ကင်းစခန်း (၂) ခု ဆုတ်ပေးလိုက်ရကြောင်း KIA မှဆိုပါ သည်။

“သူတို့ဘက်က ထိုးစစ်ဆင်လာတိုင်း ကျနော်တို့ဘက်က ရှိတဲ့အားနဲ့ ပြန်တိုက်ရမှာဘဲ။ အဓိကကတော့ စိတ်ဓါတ်ပါပဲ။ စိတ်ဓါတ်ကို အခြေခံပြီး ခံစစ် ဆင်နွှဲသွားမှာပါ” ဟု ဦးလာနန်းက ဆိုပါသည်။

ဤစစ်ဆင်ရေးသည် ပွင့်လင်း ရာသီဖြစ်သည့် ဒီဇင်ဘာလမှ မတ်လအထိ မိုးမဝင်မှီ အချိန်တွင် တိုက်ပွဲများ ပြင်းပြင်း ထန်ထန် ဖြစ်ပွားလေ့ ရှိပါသည်။ ဤသို့ကြောင့် တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်လာခြင်း ဖြစ်ပါသည်။ အစိုးရသည် KIA နှင့် နိုင်ငံရေး ဆွေးနွေးရန် တရားဝင် ကမ်းလှမ်းထားခြင်း မရှိဟု ဆိုပါသည်။

ကချင်ပြည်နယ် အရှေ့ဖက် ပန်းဝါမြို့နယ် နယ်ခြား မှတ်တိုင် (၆) အနီး တ၀ိုက်က ကချင်ပြည် လွတ်လပ်ရေး တပ်မ တော် (KIA) အခြေစိုက်သည့် စခန်းများကို ယမန်နေ့၌ စစ်ရဟပ်ယာဉ်ဖြင့် အစိုးရ တပ်ဖွဲ့က တိုက်ခိုက် ခဲ့သည်ဟု ပြောရေး ဆိုခွင့်ရှိသူ ဦးလာနန်းက ဆိုပါသည်။