Pages

Tuesday, November 20, 2012

ပထမဆုံး ထောင်တွင်းအတွေ့အကြုံများ ဇာဂနာဝတ္ထုရေး

ရန်ကုန်၊ နိုဝင်ဘာ - ၁၉

နိုင်ငံရေးအကျဉ်းသားဟောင်း၊ လူရွှင်တော် ဇာဂနာ၏ ပထမဆုံး ထောင်တွင်းအတွေ့အကြုံများကို ရေးသား

ထားသည့် “ပထမ”အမည် ရှိ လုံးချင်းဝတ္ထုကိုနိုဝင်ဘာလကုန်တွင်ထုတ်ဝေမည်ဖြစ်ကြောင်း ဇာဂနာကပြော
သည်။၁၉၈၈ ခုနှစ်မှာ ကျွန်တော့်ကိုဘားလမ်းမှာ သေနတ်နဲ့ချိန်ပြီးဖမ်းသွားရာကနေ ပြန်လွှတ်တဲ့အထိအင်း
စိန်ထောင်ထဲမှာ ထောက်လှမ်းရေးတွေ ထောင်ထဲတွင်း အတွေ့အကြုံတွေကို ရေးသားထား ပါတယ်။ကျွန်
တော့်ကိုမေးတာ၊ နှိပ်စက်ညှင်းဆဲတာတွေ အကုန်ပါ ပါတယ်” ဟု ဇာဂနာက ပြောသည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေတွင်ဒုတိယအကြိမ် ကန့်ကွက်ဆန္ဒပြမည်

ရန်ကုန်၊ နိုဝင်ဘာ-၂၀

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေတွင် ယဉ်ကျေးမှုနှင့် မလျော်ညီသည့် လုပ်ရပ်များကို ပုဂံဒေသခံများက

အောက်တိုဘာ ၂၂ ရက်တွင်ပထမအကြိမ် ကန့်ကွက်ဆန္ဒပြခဲ့သော်လည်း ဒေသအာဏာပိုင်များဘက်မှ
လိုက်လျောမှုများ မရှိခဲ့သည့်အတွက် ဒုတိယအကြိမ် ဆန္ဒဖော်ထုတ်ပွဲကို နိုဝင်ဘာ ၁၃ ရက်တွင်ပြုလုပ်
မည်ဖြစ်ကြောင်း ဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင်သည့် ပုဂံဒေသခံ ကိုမင်းနိုင်အောင်က ပြောသည်။

နိုင်ငံပိုင်သတင်းစာများအား ရပ်ဆိုင်းသင့်ကြောင်း သင်္ဃန်းကျွန်းမဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် ဦးသိန်းညွန့်က ပြည်ထောင်စု လွှတ်တော်သို့တင်ပြ

နိုင်ငံပိုင်သတင်းစာများအား ရပ်ဆိုင်းသင့်ကြောင်း သင်္ဃန်းကျွန်းမဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စား  လှယ် ဦးသိန်းညွန့်က ပြည်ထောင်စု လွှတ်တော်သို့တင်ပြ

(၂၀၁၃) ခုမတ်လကုန် နောက်ပိုင်း ပြည်ထောင်စုလွှတ်တော်အား ပြန်ကြား ရေးဝန်ကြီး ဌာနမှ နိုင်ငံပိုင် သတင်း စာများ အခန်းကဏ္ဍနှင့် ပက်သက်၍အစီရင်ခံချိန်တွင် နို
င်ငံပိုင်သတင်း စာများ အား ရပ်ဆိုင်း သင့် ကြောင်း သင်္ဃန်းကျွန်းမဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြည်ထောင်စု လွှတ်တော် သို့တင် ပြခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ(၂၀)ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်ပဉ္စမပုံမှန် အစည်းအဝေး မနက်ပိုင်း အစီအစဉ်တွင် ပြုလုပ်သည့် လွှတ်တော်ကိုယ်စား လှယ်များ နှင့် ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံး ၏ အရေးကြီးသော စစ်ဆေးတွေ့ရှိချက်များ နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် များ၏ ဆွေးနွေးခြင်း အခန်းကဏ္ဍတွင် ဦးသိန်းညွန့်က တင်ပြခဲ့ခြင်းဖြစ်သည်။

ဦးသိန်းညွန့်က တင်ပြရာတွင်'' ကျွန် တော်တို့နိုင်ငံမှာ ယခုဒီမိုကရေစီအသွင်ကူး ပြောင်းဖို့ကြိုးစား နေချိန်မှာ နိုင်ငံပိုင်သတင်း စာတွေရဲ့အခန်းကဏ္ဍကိုမြှင့်တင်နေတာတွေ့ ရပါတယ်။ ဒီနေ့ ဒီမိုကရေစီ နိုင်ငံသွားမယ် ဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့အတိတ်သမိုင်း ကိုပြန့်ကြည့်ရင် ပြန်ကြားရေး ဝန်ကြီးဌာန အနေနဲ့ သတင်းစာထုတ်ဝေမှုမရှိခဲ့ပါဘူး။ ပါတီအသီးသီးကပဲ သတင်းစာထုတ် ဝေခဲ့ တာပဲရှိခဲ့ ပါတယ်။ ဒါကြောင့် နိုင်ငံပိုင် သတင်းစာတွေရဲ့အခန်းကဏ္ဍကို ဒီလွှတ် တော်သက်တမ်း မှာပဲ ရပ်ဆိုင်းသင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် အခုလိုအလွဲသုံးစား မှုတွေကိုဖော်ပြရုံဖြင့် သာမက ဒီနေ့ကျွန် တော်တို့အရေးကြီးတဲ့ လွှတ်တော်ရဲ့ သတင်းတွေကိုတောင် နိုင်ငံပိုင် သတင်းစာ တွေထဲမှာ အနည်းအကျဉ်းလောက်ပဲဖော် ပြတာတွေ့ရပါ တယ်။ ကျွန်တော်တို့ဟာ ဒီနေ့ ပုဂ္ဂလိကကဏ္ဍကိုပြန်လည်မြှင့်တင်ပေး မယ်ဆိုရင် အခုပြန်ကြားရေး ဝန်ကြီးဌာနမှ အများ ပြည်သူ ဝန်ဆောင်မှုမီဒီယာဆိုပြီး တော့ဆောင်ရွက်မဲ့ အစီအစဉ်ကိုလည်း ပြန်လည်သုံးသပ် သင့်ပါတယ်။

ကျွန်တော်အကြံပြုချင်တာကတော့ ကျွန်တော်တို့ ဒီနေ့ အပြည်ပြည်ဆိုင်ရာ သတင်းဖြန့် ဝေခွင့်ကို ထုတ်ပြန်ဖို့လိုပါတယ်။ အခြေခံဥပဒေ ပုဒ်မ(၃၈၄)(က)အရပဲ သတင်း လွတ်လပ် မှုတွေ၊ မီဒီယာလွတ်လပ်မှုတွေ အားကောင်း ဖို့လိုပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်မှာ ရှိတဲ့ မြန်မာ့အလင်း၊ ကြေးမုံဆိုတာ မူလထဲက ပုဂ္ဂလိကပိုင် သတင်းစာတွေပါ။ ဒါကြောင့် ပြန်ကြား ရေးဝန်ကြီးဌာန ရဲ့အလွဲသုံးစားမှုတွေ ကိုတွေ့ ရတဲ့အခါမှာ သတင်းတွေနဲ့ ပက်သက်ပြီး နိုင်ငံပိုင်သတင်းစာဆိုတဲ့ အခန်းကဏ္ဍ ကို ရုပ်သိမ်းသင့်ပါပြီ။ သမ္မတကြီးမိန့်ခွန်းပါ အတိုင်း ပုဂ္ဂလိကအခန်းကဏ္ဍ ကိုပြန်လည် လွှဲအပ်ခြင်းအားဖြင့် သတင်းမီဒီယာလွတ် လပ်မှု အတွက် ပိုပြီးမြှင့်တင်ဆောင်ရွက်နိုင် ပါမယ်။ ဒါကြောင့်(၂၀၁၃) ခုမတ်လကုန် နောက်ပိုင်း ပြည်ထောင်စုလွှတ်တော်ကို ပြန်ကြားရေးဝန်ကြီး ဌာနမှ ပြန်ပြီးအစီရင်ခံ တဲ့အခါမှာ အလွဲသုံးစားမှုတွေ လွှမ်းခြုံနေ တဲ့ နိုင်ငံပိုင်သတင်းစာ အခန်းကဏ္ဍ ကို ရပ် တန့်သင့်ပါကြောင်း'' ပြောကြား ခဲ့သည်။

(၂၀၁၃) ခုမတ်လကုန် နောက်ပိုင်းပြည်ထောင်စုလွှတ်တော် ပြန်ကြား ရေးဝန်ကြီးဌာနမှနိုင်ငံပိုင်သတင်းစာ
များ အခန်းကဏ္ဍနှင့်ပက်သက်၍အစီရင်ခံချိန်တွင်နိုင်ငံပိုင်သတင်းစာများအားရပ်ဆိုင်းသင့် ကြောင်းသင်္ဃန်း
ကျွန်းမဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြည်ထောင်စု လွှတ်တော် သို့တင် ပြခဲ့
ကြောင်း သိရသည်။

ဟောင်ကောင်တက္ကသိုလ်က ဒေါ်အောင်ဆန်းစုကြည်ကို အိမ်တိုင်ရာရောက် PhD ဘွဲ လာရောက် ချီးမြှင့်


ဟောင်ကောင် တက္ကသို လ် (Hongkong University ) မှ Professor Ian Holiday, Professor spinks, Professor Sidirko, Professor Lap-chee Tsui နဲ့အဖွဲ့ဟာ ဒီကနေ့ ညနေ ၄း၃၀ နာရီက နေပြည်တော်ရောက် ရှိနေတဲ့
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သူမ တည်းခိုရာေ နအိမ်မှာ လာရောက်ပြီး PHD (Law) ဘွဲ့ ပေးအပ်ချီးမြင်းခဲ့ပါတယ်။

စစ်တွေမြို့၊ ကမ်းနားလမ်းတွင် လူသေအလောင်တစ်လောင်းတွေ့


နိုဝင်ဘာ ၂၀ ရက်နေ့ နေ့လည် ၂ နာရီခန့်တွင် စစ်တွေမြို့ ကမ်းနား လမ်း အနီးတွင် လူသေအလောင်း တစ်လောင်းတွေ့ရှိခဲ့ရကြောင်းသိရှိရ သည်။အဆိုပါအလောင်းအား စစ်ဆေးခဲ့ရာ မည်သူ မည်ဝါဖြစ်သည်ကို မသိရှိရသေး
ကြောင်း၊ ယင်းအတွက် အမှတ်(၁) ရဲစခန်းမှ ၅၅/၂၀၁၂ သေမှုသေခင်းအဖြစ် အမှုဖွင့်ထားကြောင်းနှင့် ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိကြောင်းလည်း သိရသည်။

ဘုရားသုံးဆူတွင် ပြည်သူ့ စစ်ခေါင်းဆောင်အိမ် ဖောက်ထွင်းခံရပြီး ဖောက်ထွင်းခိုး ယူမှုများ ဆက်တိုက်ဖြစ်ပွားနေ

Add caption


ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့တွင် ဖောက်ထွင်းခိုး ယူမှုများ ဆက်တိုက်ဖြစ်ပွားနေသည်နှင့်အမျှ ယနေ့မ
နက် ၃နာရီခန့်တွင် ဘုရား သုံးဆူမြို့ ရပ်ကွက် (၁)ရှိ ပြည်သူ့ စစ်ခေါင်းဆောင်ဦးမင်းသိန်း၏ နေအိမ် ဖောက်
ထွင်းခံရ သည်ဟု သိရသည်။

လူသစ်၊ မူသစ်နှင့် စောင့်ကြည့်ရမည့် ၂၀၁၁ အကယ်ဒမီ

 လူသစ်၊ မူသစ်နှင့် စောင့်ကြည့်ရမည့် ၂၀၁၁ အကယ်ဒမီ
အစိုးရသစ်သက်တမ်းတစ်နှစ်အကျော်ကာလအစိုးရအုပ်ချုပ်ရေးပိုင်း အပြောင်းအလဲများ ပြုလုပ်မှုအပြီး ပြန်
ကြားရေးဝန်ကြီးအသစ်က်ထက်တွင်ရုပ်ရှင်ဂီတစသည့်အနုပညာလုပ်ငန်းများ အပေါ်တင်းကျပ်ထားသည်
များကို ဖြေလျော့ လိုက်သည့်အပြင်အကယ်ဒမီ ရွေးချယ်ရေး အဖွဲ့ကိုလည်း အနုပညာရှင်များဖြင့် ပြင်ဆင် ဖွဲ့
စည်းလိုက်ရာယခုနှစ်အကယ်ဒမီပေးပွဲမှာလူသစ်များကမူသစ်များနှင့် အကဲဖြတ်မည်ကို စောင့်ကြည့်ရတော့
မည် ဖြစ်သည်။

အိုဘားမား ခရီးစဉ်ကြောင့် မြန်မာကို တရုတ်ထံမှ ယူသွား၍မရကြောင်း တရုတ်နိုင်ငံပိုင်နေ့စဉ်သတင်းစာဖော်ပြ

ဘေဂျင်း၊နိုဝင်ဘာ-၂၀

အမေရိကန်ပြည်ထောင်စုသည်မန်မာကိုတရုတ်ထံမှထုတ်ယူသွား၍မရကြောင်း တရုတ်နိုင်ငံပိုင်န့စဉ်သတင်းစာဂလိုဘယ်တိုင်းမ်စ်၏ဆာင်းပါးတစ်ပုဒ်၌မန်မာသို့အိုဘားမား တနင်္လာနေ့က လာရောက်ပြီးနောက် ရေးသားဖော်ပြခဲ့သည်။ ဂလိုဘယ်တိုင်းမ်စ်၏ အဆိုပါ Don't read Too Much into Myanmar Visit ဆောင်းပါးတွင် မြန်မာသို့ အိုဘားမား လာရောက်ခြင်းမှာ အချို့ပြောကြသကဲ့သို့ တရုတ်၏ မြန်မာအပေါ် သြဇာလွှမ်းမိုးမှု လျော့နည်းအောင် ဦးတည်ခြင်းဖြစ်သည်ဟူသော အမြင်များကို ဝေဖန်ထားခြင်းဖြစ်သည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဖျက်သိမ်းပေးရန်သံဃာအပါး ၃၅၀ခန့် နှင့် ၁၀၀၀ ကျော်ခန့်သော စီမံကိန်း ဒေသခံများမှတောင်းဆို




အမေရိကန် သမ္မတ အိုဘားမား မြန်မာနိုင်ငံသို့  ရောက်ရှိနေသည့် နိုဝင် ဘာ   လ ၁၉ ရက်နေ့ နံနက်ပိုင်း
တွင် လက်ပံတောင်းတောင်  အနီး၌ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အား ဖျက်သိမ်းပေးရန်သံဃာ
အပါး ၃၅၀ခန့် နှင့် ၁၀၀၀ ကျော်ခန့်သောစီမံကိန်း ဒေသခံများမှ တောင်း ဆိုခဲ့ သည်။

အမေရိကန် သမ္မတ မစ္စတာ ဘားရက်အိုဘားမား ရန်ကုန်တက္ကသိုလ် ဘွဲ့နှင့်သဘင် ခန်းမတွင်းဝယ် မိန့်ခွန်းပြောကြားရာတွင် သူ၏ လက်ဝဲ လက်ယာ နှစ်ဖက်၌ Teleprompter ခေါ် ကိရိယာ နှစ်ခု ကိုတပ်ဆင်ပေးထား

အမေရိကန်သမ္မတမစ္စတာဘာရက်အိုဘားမားရန်ကုန်တက္ကသိုလ်ဘွဲ့နှင့်သဘင်ခန်းမတွင်းဝယ် မိန့်ခွန်းပြော
ကြားရာတွင် သူ၏ လက်ဝဲ လက်ယာ နှစ်ဖက်၌ Teleprompter ခေါ် ကိရိယာ နှစ်ခုကိုတပ်ဆင်ပေးထား
ကြောင်းတွေ့ရသည်

ရောင်းစားခံရသည့် မြန်မာ မိန်းကလေး ၃ ဦးကို ထိုင်းအာဏာပိုင်များ ကယ်တင်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အနှိပ်ခန်းတခုတွင် ရောင်းစားခံရပြီး လိင်ဖျော်ဖြေရေး အလုပ် လုပ်နေရသည့် အသက် ၁၉ နှစ်အရွယ် မြန်မာ မိန်းကလေး ၂ ဦးကို ထိုင်း အာဏာပိုင်များက ကယ်တင်လိုက်သည်။ရောင်းစားခံထားရသူများ၏ တိုင်ကြားချက်အရ ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့ (Anti-Human Trafficking Division – AHTD) က သွားရောက် ကယ်တင်ခဲ့ကြောင်း Krobkruakao
ဝက်ဘ်ဆိုက်တွင် ယမန်နေ့က ထိုင်းဘာသာဖြင့် ဖော်ပြထားသည်။

အမေရိကန်သို့ မြန်မာ့ အဝတ်အထည်နှင့် ရေထွက်ပစ္စည်းများ တင်ပို့မည်

အမေရိကန်သမ္မတအိုဘားမား၏ မြန်မာနိုင်ငံခရီးစဉ်မတိုင်မီ နှစ်ရက်ခန့်အလိုတွင် အမေရိကန်နိုင်ငံ မှ ကျောက် မျက်မှလွဲ၍ ကျန်ပို့ကုန် တင်ပို့မှုအားလုံးကို ခွင့်ပြုပေးခဲ့သည့်အတွက် အမေရိကန်နိုင်ငံ သို့ မြန်မာ့အဝတ်အ ထည်နှင့် ရေထွက်ကုန်ပစ္စည်းများ ဦးစွာတင်ပို့သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ
အသင်းချုပ်(UMFCCI)မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောကြားသည်။

ရန်ကုန်တက္ကသိုလ်ပြန်လည်ဖွင့်လှစ်ရန် ပြည်သူများ မျှော်လင့်


ရန်ကုန်တက္ကသိုလ်ပြန်လည်ဖွင့်လှစ်ခွင့်ရရေးနှင့် ပညာရေးစနစ် တိုးတက်မှုများဖြစ်ပေါ်လာနေိုင်ရန် ပြည်
သူများ မှ မျှော်လင့်လျှက်ရှိကြောင်း  အမေရိကန်သမ္မတဘားရက် အိုဘားမားမိန့်ခွန်းပြောကြား ခဲ့သည့် ရန်
ကုန်တက္ကသိုလ်အနီးမှ  သိရှိရသည်။

မိုးထိမိုးမိရွှေလုပ်သားများ နေပြည်တော်သို့ ခရီးဆက်ရန် (၃) ရက်နားခံရ


ရန်ကုန်မှ နေပြည်တော်သို့ လမ်းလျှောက်ချီတက်ဆန္ဒထုတ်ဖော်နေသည့်မိုးထိမိုးမိရွှေလုပ်သားများအား
 နိုင်ငံခြားဧည့်သည် ခရီးစဉ်ရှိသည့်အတွက်နိုဝင်ဘာ (၁၉) ရက်နေ့ညတွင် တောင်ငူခရိုင်ရဲတပ်ဖွဲ့မှူးမှ (၃) ရက်ဆိုင်းငံ့ ပေးရန်တားဆီး ခဲ့ကြောင်းသိရသည်။

ပြိုင်ကားများတွင် ကားအလှဆင်မှု ပိုမိုတွင်ကျယ်စွာ ပြုလုပ်လာ

ယခုနောက်ပိုင်း တင်သွင်းကားများ များပြားလာသည်နှင့်အမျှကားအလှဆင်ပစ္စည်းဆိုင်များသည်အလုပ်ဖြစ်
လာကြောင်းရန်ကုန် ကားဈေးကွက်အတွင်းမှ သိရှိရသည်။

ကမ်းခြေဆင်းလမ်းပျောက်ပယ်နေသည့် ငွေဆောင်


ငွေဆောင်ကမ်းခြေတွင် ပြုလုပ်ထားသော ကမ်းခြေဆင်းလမ်းများပျောက်ပယ်နေခြင်းကြောင့်အပန်းဖြေသူ
များ အနေဖြင့် ကမ်းခြေ ဆင်း၍  အပန်းဖြေရန်အခက်အခဲများဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံများထံက သိ
ရှိရသည်။

အမေရိကန်သမ္မတ ဘားရက်အိုဘားမားနှင့် သူ၏ ဇနီး မီရှယ် ရိုဘင်ဆင် အိုဘားမားတို့၏ ပညာရေးခရီး အကြောင်း

အမေရိကန်သမ္မတ ဘားရက်အိုဘားမားနှင့် သူ၏ ဇနီး မီရှယ် ရိုဘင်ဆင် အိုဘားမားတို့၏ ပညာရေးခရီး အကြောင်း

ဘားရက် အိုဘားမားသည် ငယ်စဉ်တောင်ကျေး ကလေးဘဝက အခြားကလေးများကဲ့သို့ ပျော်ပျော်ရွှင်ရွှင် နေခဲ့ရသည်။ သူ ၂ နှစ် အရွယ်တွင် အမေရိကန်နိုင်ငံ ကင်ဆက်ပြည်နယ် မွေးမိခင် စတင်လီ အန်းဒန်ဟမ် Stanley Ann Dunham နှင့် အာဖရိကတိုက် ကင်ညာနိုင်ငံဖွား ဖခင် ဘားရက်အိုဘားမားစီနီယာ Barack Obama Sr. တို့သည် ကွာရှင်းပြတ်စဲ ခဲ့ကြသည်။ ဘားရက် အသက် ၆ နှစ် အရွယ်တွင် သူ၏ မိခင်သည် အင်ဒိုနီးရှားနိုင်ငံသား တစ်ဦးနှင့် လက်ထပ်ခဲ့ပြန်သည်။ ဘားရက်တို့ မိသားစုသည် အမေရိကန်မှ အင်ဒိုနီးရှားသို့ ပြောင်း ရွှေ့နေထိုင်ခဲ့ကြသည်။ မိခင်သည် ဂျာကာတာမြို့ရှိ အမေရိကန်သံရုံးတွင် အင်္ဂလိပ်ဘာသာ သင်ကြားပေးခဲ့သည်။ မိခင်သည် သူမ၏ သားကလေး ဘားရက်ကို အာဖရိကတိုက်သား ဖခင်၏ အစဉ်အလာ ရိုးရာကို ဂုဏ်ယူရန်နှင့် ပထွေး၏ အင်ဒိုနီးရှား ယဉ်ကျေးမှုကိုပါ လေးစား ထိန်းသိမ်းရန် သင်ပေးခဲ့ သည်။ ထို့ပြင် ဟာဝိုင်ရီတွင် နေထိုင်ကြသော မိခင်ဘက်မှ အဘိုးအဘွားတို့၏ ဇာတိနယ်မြေ ကင်ဆက် ပြည်နယ်ကိုလည်း အစဉ် သတိရရန် မှာကြားခဲ့သည်။ မွေးရပ်မြေ အမေရိကန်နှင့် အစဉ်အမြဲ အဆက်အသွယ် ရှိစေရန် ဘာရက်ကို သူ၏ မိခင်သည် နေ့စဉ်နံနက် ၄ နာရီတွင် ထစေပြီး အဝေးသင် သင်တန်းများမှ အင်္ဂလိပ်စာနှင့် အခြား ဘာသာရပ်များကို သင်ကြားပေးခဲ့သည်။

ဘားရက်သည် စတုတ္ထတန်းတွင် အစိုးရကျောင်းသို့ ပြောင်းရွှေ့ တက်ရောက်ခဲ့သည်။ သူ အသက် ၉ နှစ် အရွယ် သို့ ရောက်ရှိသောအခါ အသားအရောင် ခွဲခြားရေး မဂ္ဂဇင်းတစ်ခုမှ အဖြစ်အပျက် ပုံပြင်ကို ဖတ်ရှုမိရာ စိတ်ထိခိုက်ခြင်းကို ခံစားရသလို သူ၏ စိတ်တွင် ရှုပ်ထွေးမှု ဖြစ်ခဲ့ရသည်။ နောက်ပိုင်းတွင် ဘားရက်သည် ယခုကဲ့သို့ ရေးသားခဲ့သည်။ “ယင်းဆောင်းပါးကို ဖတ်ရှုအပြီး ကျွန်တော်သည် ချုံခို တိုက်ခိုက်ခြင်းကို ခံလိုက်ရသလို စိတ်ဓာတ် ကြမ်းတမ်း ခဲ့ရသည်။” ထိုအချိန်က သူသည် နှုတ်မှ ဘာမှမပြောခဲ့သော်လည်း ယင်းဆောင်းပါးနှင့် တကွ နောက်ဆက်တွဲ စဉ်းစားမိသောမေးခွန်း တို့သည် သူ့အတွက် ဘယ်တော့မှ မေ့မရ နိုင်တော့ပေ။

ဘားရက် ပဉ္စမတန်း ရောက်ရှိသောအခါ သူ၏ မိခင်၏ ဒုတိယ အိမ်ထောင်သည် ပြိုကွဲပြန်သည်။ သူမ၏ ဒုတိယ အိမ်ထောင်နှင့် ပါရဂူဘွဲ့တို့ အင်ဒိုနီးရှားနိုင်ငံတွင် ပြီးဆုံးချိန်တွင် ဘားရက်ကို ဟာဝိုင်ရီရှိ အဘိုး အဘွားများထံသို့ ပို့ခဲ့ရသည်။ အဘိုးအဘွားများသည် ဘားရက်ကို အကောင်းဆုံး ပုဂ္ဂလိကကျောင်းတွင် ထားပေးခဲ့သည်။ အတန်းသူ အတန်းသားများသည် မူကြိုတန်း မှစပြီး အတူကျောင်းနေဘက်၊ ချမ်းသာ သော မိဘများ၏ သားသမီးများ ဖြစ်ကြသည်။ ဘားရက်သည် နောက်ထပ် ယဉ်ကျေးမှု အသိုင်းအဝိုင်း တစ်ခုတွင် သူ့ကိုယ်သူ အံဝင်အောင် ကြိုးပမ်းရပြန်သည်။ သူသည် ပျော်သလိုလို ခံစားရသော်လည်း သတ္တမတန်း အရောက်တွင် “ကလေးဆိုးကလေး” ဖြစ်လာခဲ့ရာ ဆရာ၊ ဆရာမ များက သူ့ကို ဘာလုပ်ရမှန်းမသိလောက် အောင် ဖြစ်လာခဲ့သည်။ အတန်းတူ ကျောင်းသားထဲမှ သူ့ကို အသားရောင် ခွဲခြား ပြောဆိုပါက သူ၏ လက်သီး ဒဏ် ခံကြရသည်။

အထက်တန်းကျောင်းတွင် ဘားရက်သည် ကျောင်းသားတိုင်းနှင့် သင့်မြတ်ခဲ့သည်။ နောက်ပိုင်း သူရေးသားခဲ့ သည်မှာ “ကျွန်တော်သည် လူဖြူနှင့် လူမည်း ကမ္ဘာနှစ်ခုတွင် ကူးချည်သန်းချည် ရေလိုက်ငါးလိုက် နေခဲ့ရင်း တစ်ခုစီတွင် ကိုယ်ပိုင် အပြောအဆို၊ အကျင့်စရိုက်နှင့် ခံယူသော အဓိပ္ပါယ်များ ရှိသည်ကို နားလည်ခဲ့ပြီး ကမ္ဘာနှစ်ခုသည် ကျွန်တော့်အတွက် တဖြည်းဖြည်း စုစည်းပေါင်းဆုံ လာတော့သည်။” သူသည် လူမည်း သူငယ်ချင်း များကို ရှာဖွေခဲ့သည်။ လူမည်း စာပေများ ဖတ်ရှုခဲ့သည်။ သူ၏ အဖြူအမည်း ကပြား အခြေအနေနှင့် ကိုက်ညီလာစေရန် မျှော်လင့်ခဲ့သည်။ သူသည် အဖြူအမည်း သူငယ်ချင်းများနှင့် ဘတ်စကတ်ဘော ကစားခြင်းဖြင့် စိတ်တွင် ပျော်ရွှင်မြူးတူးခဲ့သည်။

တဖြည်းဖြည်း ဘားရက်သည် သူ၏ အတွင်းစိတ်ရှုပ်ထွေးမှုနှင့် မကျေနပ်မှုတို့ တုံ့ပြန်သောအားဖြင့် ဆေးလိပ် သောက်ခြင်း၊ အရက်သေစာ သောက်စားခြင်းအပြင် မူးယစ်ဆေးပါ သုံးစွဲလာတတ်တော့သည်။ အထက်တန်း ကျောင်း နောက်ဆုံး ၂ နှစ်တွင် စာမေးပွဲများတွင် အမှတ်များ ထိုးကျလာခဲ့သည်။ နောက်ပိုင်း သူက ယခုလို ရေးသားခဲ့သည်။ “ကျွန်တော့်ကြောင့် မဟုတ်ဘဲ ခံစားမိသော မိမိကိုယ်မိမိ မကျေနပ်မှုများကို ဖြေဖျောက်ရန် ကျွန်တော်သည်  မူးယစ်ဆေးဝါးဘက်သို့ ဦးတည်လာခဲ့မိသည်။” သူ၏ မိခင်သည် အင်ဒိုနီးရှားမှ သူ့ကို မကြာခဏ လာရောက် တွေ့ဆုံခဲ့သည်။ အထက်တန်းကျောင်း နောက်ဆုံးနှစ်တွင် သူ၏မိခင်သည် သူ့အရင်းနှီး ဆုံး သူငယ်ချင်းထဲမှတစ်ယောက် မူးယစ်ဆေးဝါးမှုဖြင့် အဖမ်းခံရသည်ကို အကြောင်းပြုပြီး သားငယ်ကို အကြီး အကျယ် ဆုံးမစကား ပြောဆိုတော့သည်။

ဘားရက်သည် သူ့အမေကို ခံမပြော။ ကာလီဖိုးနီးယားတွင် ရှိသော ကောလိပ်သို့ သွားရောက် ပညာသင်ကြား ရန် ဆုံးဖြတ်ခဲ့သည်။ သို့သော် ပညာကို ကောင်းစွာမကြိုးစား။  ကျောင်းတွင် လူထုအစည်းအဝေး တစ်ခုကို တက်မိရာက သူ့ကို တောင်အာဖရိက၏ အသားရောင် ခွဲခြားရေး မူဝါဒအကြောင်း ပြောကြားရန် တောင်းဆို သဖြင့် မိန့်ခွန်း ပြောကြား ခဲ့သည်။ ထိုအခါမှစပြီး သူသည် ဘဝသစ်ကို အစပျိုးရန် သန္နိဋ္ဌာန် ချခဲ့သည်။ ဘားရက် သည် အမေရိကန်နိုင်ငံ အနောက်ဘက်မှ အရှေ့ဘက်သို့ ရောက်ရှိလာခဲ့ပြီး နယူးယောက်မြို့ရှိ ကိုလံဘီယာ တက္ကသိုလ် တွင် ကျောင်းနေရန် စာရင်းသွင်းခဲ့သည်။ ဘားရက် အိုဘားမားသည် သူ၏ဘဝတွင် ပထမဆုံး အကြိမ် အဖြစ် ပညာကို ကြိုးကြိုးစားစား သင်ယူခဲ့တော့သည်။

၁၉၈၃ ခုနှစ်တွင် ဘွဲ့ရရှိခဲ့ပြီး စီးပွားရေး လုပ်ငန်းတစ်ခုတွင် လစာမြင့်မားသော အလုပ်ကို ရရှိခဲ့သော်လည်း သူသည် စိတ်ချမ်းမြေ့မှုနှင့် ကျေနပ်မှု မရှိသည်ကို ခံစားမိသည်။ အိုဘားမားသည် သူ့ဘဝတွင် ကွက်လပ် ဖြစ်နေသည့် ဟာကွက် ကို ဖြည့်ဆည်းပေးနိုင်မည့် အလုပ်အကိုင် မျိုးကို ရှာဖွေရန် ဆုံးဖြတ်ခဲ့သည်။ သူသည် အလုပ်အကိုင်ပေါင်း မြောက်များစွာ ထဲမှ သူနှင့် အံဝင်မည့် အလုပ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ ယင်းအလုပ် မှာ ချီကာဂို မြို့တွင် တစ်နှစ်လျှင် ဒေါ်လာ ၁ဝဝဝဝ ရရှိသည့် လူထုစည်းရုံးရေး အလုပ် Community Organizer ပင် ဖြစ်တော့ သည်။ ဘားရက်သည် သူ့မိခင်နှင့် အဘိုးအဘွားများ၏ ဇာတိနယ်မြေ ဖြစ်သော အမေရိကန်နိုင်ငံ အနောက် အလယ်ပိုင်း သို့ ပြောင်းရွှေ့ နေထိုင်ခဲ့သည်။ ဤဒေသတွင် အိုးအိမ်အသစ် ထူထောင်ပြီး သူ့ ဘဝကို အာရုံစူးစိုက်ခဲ့တော့သည်။

မြို့၏ အဆင်းရဲဆုံးသော ရပ်ကွက်များတွင်သုံးနှစ်ကြာ အလုပ်လုပ်ကိုင်စဉ် အဆင်းရဲဆုံး အတန်းအစား၏ မကျေနပ်မှုများ စိန်ခေါ်မှုများနှင့် ဥပဒေပိုင်းဆိုင်ရာ မတရားမှုများကို သိရှိနားလည် လာခဲ့သည်။ သူသည် တက္ကသိုလ်သို့ ပြန်လည် သွားရောက်ပြီး ဥပဒေဘွဲ့ယူကာ ချီကာဂိုမြို့သို့ ရှေ့နေတစ်ဦးအဖြစ် ပြန်လည် လာခဲ့ရန် ဆုံးဖြတ်ခဲ့သည်။ အိုဘားမားသည် ဟားဗတ်တက္ကသိုလ် ဥပဒေကျောင်း Harvard University’s Law School သို့ ပညာသင်ရန် လျှောက်ထားရာ တက္ကသိုလ် ဝင်ခွင့် ရရှိတော့သည်။ ဥပဒေဘွဲ့ ရရှိပြီး ရှေ့နေအဖြစ် ချီကာဂိုသို့ ပြန်လည် ရောက်လာသောအခါ ဒေသခံ အမျိုးသမီး ကလေး မီရှယ် ရော်ဘင်ဆင်နှင့် တွေ့ဆုံ နှစ်ခြိုက် ခဲ့ပြီး လက်ထပ်ခဲ့သည်။ မီရှယ် ရော်ဘင်ဆင် သည်လည်း ဟားဗတ် ဥပဒေဘွဲ့ ရရှိသူတစ်ဦးပင်။

လက်ထပ်အပြီး ဘားရက်အိုဘားမားသည် နိုင်ငံရေးနှင့် စာပေ သင်ကြားရေး နယ်ပယ်သို့ ဝင်ရောက်ခဲ့သည်။ ချီကာဂို တက္ကသိုလ် ဥပဒေကျောင်း University of Chicago Law School တွင် ၁၂နှစ်ကြာ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ Constitutional Law ကို သင်ကြားပေးခဲ့သည်။ သူသည် စာပေသင်ကြားခြင်းကို ကြိုက်နှစ်သက် သလို စာသင်ကောင်းသော ဆရာလည်း ဖြစ်ပေသည်။ အိုဘားမားသည် သူ၏ အတွေ့အကြုံနှင့် ပတ်သက်၍ ယခုလို ပြောကြား ခဲ့သည်။ “စာပေ သင်ကြားပေးခြင်းသည် လူကို ဖျတ်လတ်စေသည်။ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ သင်ကြားပေးခြင်း၏ ကောင်းသော အချက်တစ်ခုမှာ ခက်ခဲသော မေးခွန်းမှန်သမျှ အမေးခံရ သည်။ ဥပမာ၊ ကိုယ်ဝန်ဖျက်ချမှု၊ လိင်တူ ဆက်ဆံသူများ၏ အခွင့်အရေး အစရှိသော မေးခွန်းများတွင် သင်သည် အပြုသဘောဘက်မှရော ဆန့်ကျင်ဘက်မှရော ပြောဆိုနိုင်ရန် လိုအပ်ပေသည်။”

အိုဘားမားသည် ပြည်နယ် ဆီးနိတ်သို့ ရွေးချယ်ခြင်း ခံရသောအခါ သူစာပေ သင်ကြားပေးသော အတန်းများ ကို တနင်္လာနေ့ နံနက်များနှင့် သောကြာနေ့ ညနေများသို့ မလွှဲမရှောင်သာဘဲ ပြောင်းရွှေ့သင်ကြားပေးရတော့ သည်။ ယင်းကဲ့သို့သော နေ့နှင့်အချိန်များသည် မည်သည့် ဆရာ၊ ဆရာမကမှ ဖြည့်စွက်ယူ ပေးလိုသောနေ့နှင့် အချိန်များ မဟုတ်ပေ။ သို့ရာတွင် ပါမောက္ခ အိုဘားမား၏ အတန်းများသည် ကျောင်းသူ ကျောင်းသားများဖြင့် ပြည့်လျှံနေတတ် သည်။ ကျောင်းသားတစ်ဦးက ယခုကဲ့သို့ သတိတရပြောကြားခဲ့သည်။ “နံနက် မိုးလင်းတာနဲ့ အတန်းဟာ ကျောင်းသား အပြည့် ပါပဲ။” နောက်ထပ် ကျောင်းသား တစ်ဦးကလည်း ဤကဲ့သို့ ပြောပြသည်။ “သူဟာ တကယ် ထူးချွန်တဲ့ဆရာ တစ်ယောက်ပါ။ အလွန်သိမ်မွေ့တဲ့ ခေါင်းစဉ်တွေကို တစ်ဦးတည်း ပိုင်ပိုင် နိုင်နိုင် သင်ကြားပြသ နိုင်တယ်။”

တတိယတစ်ဦးက အိုဘားမား၏ အတန်းများနှင့် ပတ်သက်ပြီး  အောက်ပါအတိုင်းသုံးသပ်ခဲ့သည်။

“သူဟာအတန်းထဲက ကျောင်းသားတိုင်းရဲ့ အသံကို ကြားချင်တတ်တယ်။ အကယ်၍ အထင်အမြင် တစ်ခုခု အပေါ်မှာ ဆွေးနွေး ပြောဆိုကြမှု သိပ်မရှိခဲ့ရင် သူကိုယ်တိုင် ဦးဆောင်ပြီး သူဘက်ကိုယ့်ဘက် အမြင်အမျိုးမျိုးနဲ့ အခြေအတင် ဆွေးနွေးပြတတ်တယ်။ သူဟာ အခြေအတင် ပြောခြင်း၊ စကားနပန်းထိုးခြင်းတို့ကို အားပေးတယ် ။ မိမိရဲ့ ယုံကြည်မှုကို လက်တွေ့ အကောင်အထည် ဖော်ရန် လိုအပ်တယ်။ ဒါမှ မိမိ လိုချင်တဲ့ အပြောင်းအလဲ ဆိုတာ ဖြစ်လာမယ်လို့ ပါမောက္ခ အိုဘားမားက ကျွန်တော့်တို့ကို သတိပေးဖူးပါတယ်။”

ကျောင်းသားများ၏ အတော်ဆုံး ဆရာများစာရင်းတွင် ပါမောက္ခ အိုဘားမားသည် အမြဲတမ်း ပါဝင်လေသည်။ တက္ကသိုလ်များ၏ ဓလေ့ တစ်ခုမှာ အကယ်၍ ဆရာသည် ၁၅ မိနစ်ထက် နောက်ကျလျှင် ကျောင်းသူ ကျောင်းသား များ အတန်းမှ ထွက်သွားခွင့် ရှိသည်။ တစ်ခါတွင် ပါမောက္ခ အိုဘားမားသည် ၄၅ မိနစ် နောက် ကျသည်။ သို့သော် တစ်တန်းလုံးရှိ ကျောင်းသား အားလုံး သူ့ကို စိတ်ရှည်လက်ရှည် စောင့်နေခဲ့ကြသည်။ ဤကဲ့သို့ ဆရာအပေါ်တွင် ယုံကြည်မှု ပြသခံရသော ပါမောက္ခများဟာ အနည်းငယ်သာ ရှိပေသည်။

သမ္မတဖြစ်ရန် မဲဆွယ်ဟောပြောပွဲတစ်ခုတွင် အိုဘားမားသည် အောက်ပါအတိုင်း ပြောခဲ့သည်။

“ကလေးတစ်ဦးရဲ့ အောင်မြင်မှုတွင် မိဘ သို့မဟုတ် ဆရာက အဲဒီကလေးကို တစ်ချိန်ချိန်တွင် မင်းအောင် မြင်မယ်လို့ ကိုယ့်ကိုယ်ကို ယုံကြည်အောင် ပြောကြားပေးမှုဟာ အလွန် အရေးကြီးပါတယ်။ ကလေးတွေ စာသင်ခန်းထဲ ဝင်လာတဲ့ အခါမှာ သူတို့ရဲ့ ဘဝမှာ အောင်မြင်မှု ကို ဘာက အဆုံးအဖြတ်ပေးသလဲ ဆိုရင် သူတို့ရဲ့ အသားအရောင်၊ သူတို့လာခဲ့ တဲ့ဒေသ၊ သူတို့ရဲ့ မိဘနဲ့ သူတို့ရဲ့ ချမ်းသားဆင်းရဲမှုတွေ မဟုတ်ပါဘူး။ သူတို့ရဲ့ ဆရာဟာ ဘယ်သူလဲ ဆိုတာက အဓိက အဆုံးအဖြတ်ပဲ။ ဆရာဆိုတာဟာ လခနည်းနေပါစေ၊ အလွန်ခက်ခဲတဲ့ ကျောင်းဖြစ်ပါစေ၊ ကျောင်း သားတွေဟာ ဘယ်လိုဗီဇမျိုးပဲ ဖြစ်ပါစေ တောက်ပတဲ့ ကြယ်ပွင့် ကလေးတွေ ဖြစ်လာအောင် ကြိုးစားမယ်ဆိုတဲ့ စိတ်ဓာတ်မျိုး မွေး တတ်ကြတယ်”။

မောင်ပြည်အောင်(ဟားဗတ်တက္ကသိုလ်)
ဘားရက် အိုဘားမားသည် ငယ်စဉ်တောင်ကျေးကလေးဘဝကအခြားကလေးများကဲ့သို့ပျော်ပျော်ရွှင်ရွှင် နေ
ခဲ့ရသည်။သူ၂ နှစ်အရွယ်တွင် အမေရိကန်နိုင်ငံ ကင်ဆက်ပြည်နယ် မွေးမိခင် စတင်လီ အန်းဒန်ဟမ် Stanley Ann Dunham နှင့် အာဖရိကတိုက် ကင်ညာနိုင်ငံဖွား ဖခင် ဘားရက်အိုဘားမားစီနီယာ Barack Obama Sr. တို့သည် ကွာရှင်းပြတ်စဲ ခဲ့ကြသည်။

ရာမူး ဘုန်းတော်ကြီးကျောင်းများမှ လုယက်ခံခဲ့ရသော ဗုဒ္ဓဆင်းထုတော်များ ဆက်လက် ဖမ်းဆီး ရရှိ

ရာမူး ရဲစခန်းမှ ပြန်လည် ဖမ်းဆီးရမိခဲ့သော ဆင်းထုတော် တစ်ဆူ။

ဘင်္ဂလာဒေခ်ျ့နိုင်ငံ ရာမူး (ပန်းဝါ) ဘုန်းတော်ကြီးကျောင်းများမှ လုယက် ယူငင်သွားခဲ့သော ဗုဒ္ဓ ဆင်းထုတော်များကို ဆက်လက် ဖမ်းဆီး ရရှိသည်ဟု သတင်း ရရှိသည်။

ဒေါ်မြင့်မြင့်အေး နှင့် ပြည်သူ့ကွန်ရက်အဖွဲ့ဝင်များကို ပုဒ်မ ၃၇၉/၄၂၇ ဖြင့် အမှုဖွင့်အရေးယူ

 
ဝမ်းတွင်းမြို့နယ်၊ညောင်ဦး ဖီးကျေးရွာ ကင်းတားလက်ဝဲ မြောင်းဘေး၌ တရားဝင်ငါးမွေးမြူထားကြသည့် ဦးချစ်ဌေး၊ဦးဥာဏ်ထွန်းအောင်နှင့်ဦးကျော်သိန်းတို့၏ငါးကန်သုံးကန်သို့ မိတ်္ထီလာမြို့မှဒေါ်မြင့်မြင့်အေး ခေါင်း
ဆာင်သော (ပြည်သူ့ကွန် ရက်)အဖွဲ့ဝင် ဖိုးလပြည့်၊ကျော် ဇင်လတ်၊အံ့ကျော်နှင့်ကျော်နိုင်တို့ပါဝင်သော
ငါးဦးအဖွဲ့ နိုဝင်ဘာ  (၃)ရက်က ရောက်ရှိလာကြပြီး   ငါးကန်ပေါ်ရှိ ခြံစည်းရိုးသဖွယ်  ကာရံထားသော သ
ရက်ပင်အပါ အ၀င် သစ်ပင်များအား  ကျေးရွာ  သားတစ်စုနှင့်အတူအတင်းအဓမ္မမင်းမဲ့စရိုက်ဆန်ဆန်လူစု
လူဝေး  ဖြင့်ခုတ်ယူခဲ့ကြသည်။

မြန်မာနိုင်ငံသို့ အမေရိကန်နိုင်ငံသား ၂ဝဝဝ ခန့်လာမည်

လာမည့် ၂ဝ၁၃ ခုနှစ်တွင် မြန်မာ နိုင်ငံခရီးစဉ် အတွက် အမေရိ ကန်နိုင်ငံ သား ၂ဝဝဝ ခန့် လာရောက် စာရင်းပေးသွင်း ထားကြောင်း အမေရိကန် ခရီးသွား ဝန်ဆောင်မှု ကုမ္ပဏီ Grand Circle မှ    ဥက္ကဋ္ဌ မစ္စတာ အလန်လူးဝစ်က ထုတ်ဖော် ပြောကြားကြောင်း သိရသည်။

မပုပ်မသိုး စွန်းလွန်းဆရာတော်ဘုရားကြီး ရုပ်ကလာပ် နိုင်ငံခြားဧည့်သည်များအထူးစိတ်ဝင်စား


ဘ၀နတ်ထံပျံလွန်သွားသည် မှာ နှစ်ပေါင်း (၆၀)ကျော်ခဲ့ ပြီဖြစ် သော်လည်းယနေ့တိုင်မည်သည့်  ဆေးဝါးအ
ကူအညီမျှမပါ မပုပ် မသိုးဘဲ ပကတိအတိုင်းရှိနေသည့်  စွန်းလွန်းဆရာတော်ဘုရားကြီးဦးက၀ိ ရုပ်ကလာပ်
တော်နှင့်ပတ် သက်၍ အနယ်နယ်အရပ်ရပ်မှ  ဘုရားဖူးဧည့်သည်များ အထူးကြည်ညိုစိတ်ဝင်စားကြသကဲ့
သို့   ပြည်ပနိုင်ငံများမှ ဧည့်သည်များ ကလည်း ဆရာတော်ကြီး၏ မပုပ် မသိုးရုပ်ကလပ်တော်အား အထူး စိတ်ဝင်စားကြောင်း စွန်းလွန်းဂူ ကျောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ညပိုင်းမှုခင်းဖြစ်ပွားမှုနှုန်းပေါ် မူတည်၍ နိုက်ကလပ်များနှင့် KTV များကို မူလအချိန်အတိုင်း ပြန်လည်ခွင့်ပြုသွားမည်


PDF
ရန်ကုန်တိုင်းဒေသကြီးအတွင်း ညပိုင်းမှုခင်းဖြစ်ပွားမှုနှုန်းပေါ် မူတည်၍ နိုက်ကလပ်များနှင့် KTV များကို မူလအချိန်အတိုင်း ပြန်လည်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှ ရဲချုပ် ကျော်ကျော်ထွန်းက ပြောကြားခဲ့သည်။

ဘရိတ်ပေါက်ကာ ယာဉ် ၈ စီး ဆင့်တိုက်မှု ယနေ့ (နိုဝင်ဘာလ ၂၀ရက်နေ့) ၁၁နာရီ တွင်ဖြစ်ပွား

http://sphotos-a.ak.fbcdn.net/hphotos-ak-snc6/189681_453584738012488_1911506752_n.jpg
ဗန္ဓုလတံတားအဆင်း(သာကေတ)ဒေါပုံသင်္ဘောကျင်းအနီးတွင်ဆီတင်ယာဉ်ဘရိတ်ပေါက်ကာယာဉ်၈စီးဆင့်
တိုက်မှုယနေ့(နိုဝင်ဘာလ၂၀ရက်နေ့)၁၁နာရီဝန်းကျင်တွင်ဖြစ်ပွားခဲ့ကြောင်းသိရသည်။ အဆိုပါယာဉ်တိုက်
မှုကြောင့်ဒဏ်ရာရရှိသူများရှိခဲ့ကြောင်းသိရသည်။လက်ရှိအချိန်တွင် ဒဏ်ရာရရှိသူ အရေအတွက်အား အ
တည်ပြုနိုင်ခြင်း မရှိသေးကြောင်းလည်း သိရသည်။

သမ္မတဦးသိန်းစိန်၏ ၁၉ နိုဝင်ဘာလ အစည်းအဝေးများနှင့် လက်ရှိမြန်မာအေ၇း

အိုဘားမားနှင့်တွေ့ ဆုံမှု

မြန်မာသမ္မတဦးသိန်းစိန်သည် ၁၉ နိုဝင်ဘာလ နံနက် ၁၁ နာရီခန့်တွင် မိနစ် ၃ဝခန့်ကြာအမေရိကန်သမ္မတ
ဖင့် နှစ်နိုင်ငံအရေးကိစ္စများဆွေးနွေးသည်။ အမေရိကန်သမ္မတ၏ အရှိန်အဝါကြီးမှု၊ အနောက်နိုင်ငံများ၏ သြဇာသက်ရောက်မှု (အာရှသားများ အနောက်ကြောက်ရောဂါ) ၊ အာရှ နှင့် အနောက်နိုင်ငံများ၏ ရင်းနှီး
ကွာခြားမှုကြောင့် သမ္မတဦးသိန်းစိန်နှင့် အိုဘားမားတို့ တွေ့ဆုံမှုမှာ ထင်ထားသလောကထက် ရင်နှီးမှု အားနည်းခဲ့ရပါသည်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လျှို့ဝှက်ဥယျာဉ်ထဲမှ ဖြစ်ရပ်ဆန်းများ


ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံထဲကနေ အင်တာနက်ကို ကျနော် ကျိုးစားပမ်းစား သုံးနေရပါတယ်။ အခုရေးနေတဲ့ စာကြောင်းတွေထဲမှာ မယုံနိုင်စရာ အဆန်းတကျယ်ဖြစ်ရပ်တွေအများကြီးပါဝင်နေပါတယ်။
တကယ်ကို ထူးဆန်းတဲ့ ဒီနိုင်ငံထဲမှာ ကျနော်ရောက်နေတာပါ။

"၄ ကြိမ်မြောက် အာဆီယံ-အမေရိကန် ခေါင်းဆောင်များအစည်းအဝေးအိုဘားမားတတ်ရောက်"


၎ ကြိမ်မြောက် အာဆီယံ-အမေရိကန် ခေါင်းဆောင်များအစည်းအဝေးကိုကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ Peace Palace တတိယထပ်ရှိChampeiခန်းမ၌ ကျင်းပခဲ့သည်။

ဦးသုမင်္ဂလ မလေးရှားမှာ တရားပွဲ ကျင်းပမယ်


နာမည်ကြီး ဓမ္မကထိက ဆရာတော် ဦးသုမင်္ဂလ(ဒယ်အိုး) ဟာ လာမယ့် နိုဝင်ဘာလ ၂၀ ရက်နေ့မှာ မလေးရှားနိုင်ငံမှာ တရားဟောပြောမယ့် အစီအစဉ်ရှိပါတယ်။ 

ဆိုင်ကယ်ဖြင့် လုယက်သူအား ရှာဖွေစုံစမ်းလျက်ရှိ


၁၆-၁၁-၂ဝ၁၂ ရက်နေ့ ဝ၇၄ဝ အချိန် မန္တလေး တိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ စိတ္တရမဟီ ရပ်ကွက်၊ လမ်း ၃ဝ (၇၇×၇၈)ကြားနေ မဖြူဖြူဝင်း (၂၅)နှစ်သည် ခင်ပွန်းဖြစ်သူ မင်းသက်နိုင်
နှင့်အတူ အလုပ်သွားရန် စူပါကပ်ဆိုင်ကယ်ဖြင့် ထွက်လာစဉ်

ရန်ကုန်သို့ နေ့ချင်းအရောက်သွားနိုင်မည့် မြ၀တီ-သင်္ဃန်းညီနောင် -ကော့ကရိတ် ဒုတိယလမ်းသစ် စတင်ဖောက်လုပ်

မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်မှုလမ်းကြောင်းအ တွက်အဓိကအရေးပါသော မြ၀တီ-ကော့ကရိတ်ဒုတိယ
မြောက် ဒေါနတောင်ရှောင်ကွင်းလမ်းပိုင်းနှင့် လမ်းဟောင်းပြုပြင်ရေးလုပ်ငန်းများကို ထိုင်းနိုင်ငံ SEE SANG
YOTHA ကုမ္ပဏီလီမိတက် မှနိုဝင်ဘာ လ ၁၅ ရက်နေ့က စတင်လုပ်ဆောင်နေပြီဖြစ်ပြီး အဆိုပါလမ်းသစ်ပြီး
စီးပါက မြ၀တီမှရန်ကုန် သို့ နေ့ချင်း အရောက် သွားလာနိုင်တော့ မည် ဖြစ်ကြောင်း သတင်းရရှိသည်။

လှလှပပ မိန်းမပျိုလေးများ

လှပတဲ့ ကချင်အမျိုးသမီးလေးပါ----------