Pages

Thursday, November 15, 2012

မြန်မာရေလုပ်သားများကို ထိုင်းစစ်တပ် ဝင်ဖမ်း




ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ရေလုပ်ငန်း လုပ်ကိုင်နေသည့် မြန်မာပြည်သား ၁၀၀ ခန့် ယမန်နေ့က ဖမ်းဆီးခံရကြောင်း သိရသည်။ထိုင်းရေတပ် အာဏာပိုင်များက အဆိုပါ မြန်မာပြည်သားများ နေထိုင်လျက်ရှိသည့် ဖန်င ခရိုင် အတွင်းရှိ ထလမုကျေးရွာကို ပိတ်ဆို့ပြီး ဖမ်းဆီးခြင်း ဖြစ်သည်ဟု ထိုင်းနိုင်ငံတောင်ပိုင်း အခြေစိုက် ပညာရေးနှင့် ဖွံ့ ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း ဒါရိုက်တာ ဦး ထူးချစ်က ပြောသည်။

ဆရာမ၃ဦး၏ အကြမ်းဖက်ရိုက်နက်ခြင်းကိုခံရသောသုံးတန်းကျောင်းသားလျော်ကြေးပေးပြီး ပြေငြိမ်းခိုင်း

(သုံးတန်းကျောင်းသား မောင်မျိုးမင်းနိုင်)


ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့နယ်တွင် အသက် ၉ နှစ် အရွယ် မူလတန်း ကျောင်းသား တစ်ဦးအား ဆရာမ ၃ ဦးက အကြမ်းဖက် ရိုက်နက်မူကြောင့် ကျောင်းသား ဖြစ်သူမှာ အကြောက်လွန် သွေး လန့်ပြီး ဆေးရုံတင်ရ
သည့် အနေအထားထိ ရောက်ရှိခဲ့သည် ဟု ကျောင်း သား မိဖများက ပြောသည်။

နယူးဒေလီမြို့ရှိ မြန်မာသံရုံးသို့ ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့ ၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက် ၁၁ နာရီ မိနစ် ၂၀ က လာရောက်လည်ပတ်စဉ်( သတင်းဓာတ်ပုံ)

နယူးဒေလီမြို့ရှိ မြန်မာသံရုံးသို့ ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့ ၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက် ၁၁ နာရီ မိနစ် ၂၀ က လာရောက်လည်ပတ်စဉ်။

နယူးဒေလီရှိ မြန်မာသံရုံးသို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်လည်ပတ်...

ဒေါ်အောင်ဆန်းစုကြည်သည် နယူးဒေလီတွင်ရှိသည့် မြန်မာသံရုံးသို့ ကြာသပတေးနေ့ နံနက် ၁၁ နာရီ မိနစ် ၂ဝ တွင်သွားရောက် လည်ပတ်ခဲ့သည်။သံရုံးမိသားစုများက ကြိုဆိုနှုတ်ဆက်ကြသည်။ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO တွင် တာဝန်ထမ်းဆောင်နေသည့် ရဲဘော်သုံးကျိတ်ဝင် ဗိုလ်ရန်နိုင် ၏ သမီးဖြစ်သူ ဒေါ က်တာအမရာမွန်နိုင် လည်း ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုရာတွင် ပါဝင်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါက်တာအမရာမွန်နိုင်တို့မှာ ကျောင်းနေဘက် ငယ်သူငယ်ချင်းများဖြစ်ကြသည်။

သမ္မတ အိုဘားမား မြန်မာခရီးစဉ် မြောက်ကိုရီးယား အန္တရာယ် ပူပန်

အမေရိကန် သမ္မတ အိုဘားမား၏ မြန်မာနိုင်ငံ ခရီးစဉ်နှင့် ပတ်သက်၍ လုံခြုံရေးစိုးရိမ်မှု မှာ မြောက်ကိုရီး
ယား ဖြစ်ကြောင်း သံတမန် သတင်းရပ်ကွက်တခုက ပြောသည်။ သမ္မတ အိုဘားမား၏ အတွက် လုံခြုံရေးကို
အမေရိကန် Secret Service များက ၎င်းတို့ဘာသာ လုပ်ဆောင်ခွင့်မြန်မာဘက်က ပေးထားပြီးလက်နက်များ
ပါ မိမိအစီအစဉ်ဖြင့် သယ်ယူတင်သွင်းခွင့် ပြုထားကြောင်းလည်းနေပြည်တော် သတင်းရပ်ကွက်တခုက ဆို
သည်။

ဆန္ဒပြမှုများကြောင့် ရင်းနှီးမြှုပ်နှံသူများ နောက်တွန့်မည်ကို စီးပွားရေး လုပ်ငန်းရှင်များ စိုးရိမ်နေ

ယခုနှစ် စက်တင်ဘာ လဆန်းပိုင်းက တွေ့ရသော လှိုင်သာယာ စက်မှုဇုန် ၄ ရှိ SMK အထည်ချုပ်စက်ရုံမှ ဆန္ဒပြ အလုပ်သမားများ (ဓာတ်ပုံ – ခင်သြ / ဧရာဝတီ)
မြန်မာနိုင်ငံကို နိုင်ငံတကာက အာရုံစိုက်မှု များပြားလာချိန်တွင် သဘာ၀၀န်းကျင် ထိန်းသိမ်းရေး တက်ကြွ လှုပ်ရှားသူ များက ဦးဆောင်၍ စီမံကိန်းများနှင့် ပတ်သက်သည့် ဆန္ဒပြမှုများမကြာခဏ ပြုလုပ်နေသည့်
တွက် ဝင်ရောက်လာမည့် ရင်းနှီးမြှုပ်နှံမှုများအပေါ် အဟန့်အတား ဖြစ်လာမည်ကို တချို့သော ပြည်တွင်း စီး
ပွားရေး သမားများက စိုးရိမ်နေကြောင်း သိရသည်။

စင်ကာပူနိုင်ငံတွင် မူးယစ်ဆေးသုံးထားခြင်းရှိ မရှိ ဆံပင်ကိုစမ်းသပ်၍ စစ်ဆေးသွားမည်



စင်ကာပူနိုင်ငံတွင် မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် စပ်လျဉ်း၍ ရုံးတင်တရားစွဲ ဆိုနိုင်ရေး စစ်ဆေးမှုပြုလုပ်ရာတွင် အနာဂတ်ကာလ၌ ဆီးစစ်ခြင်းအပြင် ပိုမိုပြည့်စုံ တိကျစေရန် ဆံပင်ကို စမ်းသပ်စစ်ဆေးခြင်း လည်း ပြုလုပ် သွားမည်ဖြစ်သည်။

အမေရိကန် သမ္မတ မစ္စတာ ဘားရက် အိုဘားမား ၂၀၁၁ မေလ တုန်းက အင်္ဂလန်နိုင်ငံ လန်ဒန်က ဘုရင်မနန်းတော်ခရီး လုံခြုံရေးအစီမံတွေချခဲ့ပုံ


ပြီးခဲ့တဲ့ ၂၀၁၁ မေလထဲကလဲ အိုဘားမား ဇနီးမောင်နှံနဲ့အဖွဲ့ အင်္ဂလန်ကို လာလည်တော့လဲ လုံခြုံရေးစနစ် များလွန်းလို့ အင်္ဂလိပ်တွေတောင် ရင်သပ်ရှုမော ဖြစ်ကုန်ပါတယ်။ လူ ၅၀၀ ကျော်လောက်ပါတဲ့ အိုဘားမား
အဖွဲ့ထဲမှာ အိမ်ဖြူတော် အရာရှိတွေ၊ သမ္မတကို အရေးပေါ်ကုသဖို့ဆရာဝန် ဦးပါ ဆေးအဖွဲ့၊သမ္မတအတွက်
စားဖိုမှူးတွေ၊ လက်နက်ကိုင်ဆောင်ထားတဲ့ ၂၀၀ ကျော်ရှိတဲ့ သမ္မတ ကိုယ်ရံတော် စုံထောက်တွေ ပါဝင်ပါ
တယ်။

အိုဘားမား ခရီးစဉ်အတွက် သုံးရန်ကားများ နေပြည်တော်မှ ပို့ဆောင်


နေပြည်တော် ရန်ကုန်အဝေးပြေးလမ်းမတစ်နေရာတွင် နေပြည်တော်မှ သယ်ဆောင်လာသော ရဲလုံခြုံရေး အထူးယဉ်များနှင့် လုံခြုံရေးဆိုင်ကယ်များ တင်ဆောင်လာသော ကားကြီးများ နိုဝင်ဘာ ၁၅ရက်နံနက် ၈နာရီခန့်က ခေတ္တရပ်နားနေသည်ကို တွေ့ရစဉ်။

နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအားဆွေးနွေးမည်

နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းအားအမျိုးသားလွှတ်တော်
ယနေ့ အစည်းအဝေးတွင် အဆိုအဖြစ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမြညိမ်းက တင်သွင်းသွား
မည် ဖြစ်ကြောင်း သိရသည်။

Microsoft Surface က Storage လိမ်လည်မှုဖြင့် တရားစွဲခံရ


Microsoft မှ အောက်တိုဘာလ ၂၆ ရက်နေ့က စတင်ဖြန့်ချိတဲ့ Surface - ကျောက်သင်ပုန်း ကွန်ပျူတာကို အမေရိကန်မှ အသုံးပြုသူ တစ်ဦးက တရားစွဲဆိုလိုက်တာ ဖြစ်ပါတယ်။

မြန်မာ့ဆက်သွယ်ရေးမှ နံပါတ်အပူးအလှများ လေလံတင်ရောင်းချပွဲတွင် WCDMA ဖုန်းနံပါတ် 09-443666666ကို ၂၆သိန်းအထိ ပေးဝယ်

မန်းတွင်ယနေ့ပြုလုပ်သောမန်မာ့ဆက်သွယ်ရေးမှWCDMAအလုံး၂၃လုံးGSM၃၇လုံး နံပါတ်အပူးအလှများ
လေလံတင်ရောင်းချပွဲတွင်WCDMAဖုန်းနံပါတ်09-443666666ကို၂၆သိန်းအထိ ပေးဝယ်ခဲ့ကြောင်းသိရသည်။

အိုဘားမား လူထု မိန့်ခွန်း ပြောကြားမည်ဟု သတင်းထွက်ပေါ်နေသည့် ရန်ကုန်တက္ကသိုလ် ပြင်ဆင်မှုပြုလုပ်နေပုံ (သတင်းဓာတ်ပုံ)

အိုဘားမား လူထု မိန့်ခွန်း ပြောကြားမည်ဟု သတင်းထွက်ပေါ်နေသည့် ရန်ကုန်တက္ကသိုလ် ပြင်ဆင်မှုပြုလုပ်
နေပုံများကို ဖော်ပြပေးလိုက်ပါတယ်။

သတင်းထုတ်ပြန်ရေးအဖွဲ့ ဖွဲ့စည်းခြင်း

သတင်းထုတ်ပြန်ရေးအဖွဲ့ ဖွဲ့စည်းခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုအစိုးရအဖွဲ့

အမိန့်ကြော်ငြာစာ

ကျောက်တော် တောင်ဘွေ ကျေးရွာ အုပ်ချုပ်ရေးမှူး ကြိုးဆွဲချ သေဆုံး

အဆုံးစီရင်သွားသူကျးရွာအုပ်ချုပ်ရေးမှူးမှာဦးမောင်အေးတင်(၄၅)နှစ်ဖြစ်ပြီးရွာဦးရှိသရက်ပင်တွင် အောက်
တိုဘာလ၁၄ရက်နေ့နံနက်ကကြိုးဆွဲချသဆုံးသွားခြင်းဖစ်သည်။ဟုတ်ပါတယ်။မနက်က သူ့အလောင်း
ကို ကျောက်တော် ဆေးရုံကို ယူလာပါတယ်။

"မန်းတွင် မြန်မာ့ဆက်သွယ်ရေးမှ ဖုန်းနံပါတ်အပူးအလှများကို လေလံတင်ရောင်းချနေ"

မန်းတွင် မြန်မာ့ဆက်သွယ်ရေးမှ ဖုန်းနံပါတ်အပူးအလှများကိုယနေ့စတင်လေလံတင်ရောင်းချနေပြီးဖုန်းနံ
ပါတ်တစ်ခုကို ကြမ်းခင်းဈေး၇သိန်းသတ်မှတ်ပြီး လေလံတစ်ခါတိုးနှုန်းကိုငါးသောင်းသတ်မှတ်ကာရောင်းချ
ပေးနေပြီး အမြင့်ဆုံးဈေး၂၃ သိန်းငါးသောင်းဖြင့်လေလံအောင်မြင်နေပြီး လေလံတင်ရောင်းချမှုဆက်လက်
ပြုလုပ်ပေး နေကြောင်းသိရသည်

“တစ်ကြိမ်လျှင် ကျပ်သုံးသိန်းထိ ထုတ်ယူနိုင်မည့် နိုင်ငံတကာ ငွေထုတ်ကတ် မာစတာ ယန့မှစ CB ဘဏ်တွင် သုံးနိုင်ပြီ”

နိုင်ငံတကာတွင် ငွေထုတ်ယူအသုံးပြုနိုင်သော မာစတာကတ်ကိုCB ဘဏ်တွင်ယနေ့မှစတင်၍ အသုံးပြုနိုင်
ပြီဟု ဘဏ်တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ အဆိုပါကတ်ဖြင့် ငွေထုတ်ယူပါက တစ်ကြိမ်လျှင် ကျပ်ငွေသုံး
သိန်းအထိ ထုတ်ယူခွင့်ပြုထားပြီး တစ်နေ့လျှင်အများဆုံး သုံးကြိမ်ထုတ်ယူနိုင်သည်ဟု သိရသည်။

ရန်ကုန်အပါဝင် ပြည်နယ်နှင့်တိုင်း အသီးသီးမှ အကျဉ်းထောင်များမှ အကျဉ်းသားများလွတ်မြောက်မှုအခြေနေ

ယနေ့ အကျဉ်းသားများလွှတ်ပေးရာတွင် ကလေးအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားတစ်ဦးမှမလွတ်ပဲ၊ တပ်ပြေးမှုဖြင့်ထောင်ကျနေသည့်အကျဉ်းသားတစ်ဦးသာလွတ်ကြောင်းသိရသည်။အင်းစိန်ထောင်မှအကျဉ်း
သား ၃၆ ဦးလွှတ်မည်ဟု သိရပြီး၊ ယင်းတို့အနက် အမျိုးသမီး ၇ ဦးခန့်ပါဝင်ကြောင်း၊ ယခုအချိန်တွင်အမျိုးသ
မီးများကို စတင်လွှတ်ပေးနေပြီဖြစ်ကြောင်း၊အင်းစိန်မှလွှတ်မည့်အကျဉ်းသားများတွင် နိုင်ငံရေးအကျဉ်းသား 
မပါဝင်ဟု သိရကြောင်း အင်းစိန်ထောင်ရှေ့သို့ရောက်နေသည့် သတင်းထောက်က သတင်းပေးပို့ပါသည်။

စတီရီယိုခေတ်ဦး အဆိုတော် တစ်ဦးဖြစ်သည့် အပြင် ကိုယ်ပိုင်သံစဉ်ဖြင့် နာမည်ကျော်ကြားခဲ့သူ အဆိုတော် ခင်မောင်တိုး ကွယ်လွန်

thn-8-11-6

စတီရီယို ခေတ်ဦး အဆိုတော် တစ်ဦး ဖြစ်သည့်အပြင် ကိုယ်ပိုင်သံစဉ်ဖြင့်နာမည်ကျော်ကြားခဲ့သူအဆိုတော်
ခင်မောင်တိုးသည်နိုဝင်ဘာလ (၁၅) ရက်နေ့ နံနက်(စကာင်္ပူစံတော်ချိန်)(၈နာရီ ၂၀မိနစ်)အချိန်ကစင်ကာပူ
၌ ဆေးကုသခံနေရာမှကွယ်လွန်သွားခဲ့ကြောင်း ပန်းရဲ့လမ်းဂီတအဖွဲမှကိုသားထွေးကအတည်ပြုပြောကြားခဲ့
ပါသည်။

၂၀၁၂ ခုနှစ် ဆယ်လတာကာလအတွင်း ဗီဒီယိုဇာတ်ကား ၈၀၀ ကျော် ထွက်ရှိ

ha12-11-2
ဗီဒီယိုဇာတ်ကား ရိုက်ကွင်းတစ်နေရာ
၂၀၁၂ ခုနှစ် ဆယ်လတာကာလအတွင်း ဗီဒီယိုဇာတ်ကား ၈၀၀ ကျော် ထွက်ရှိခဲ့ပြီး တစ်နှစ်တာလုံး အတိုင်းအတာဖြင့် တွက်ဆပါက ဗီဒီယိုဇာတ်ကား တစ်ထောင်ကျော်ထိ ထွက်ရှိနိုင်ပြီး သုံးနှစ်တာကာလအတွင်း ဇာတ်ကားအရေအတွက် အများဆုံးထွက်ရှိသည့် နှစ်တစ်နှစ်ဖြစ်လာနိုင်ကြောင်း သိရှိရသည်။

အိုဘားမား ခရီးစဉ် အကြို လွတ်ငြိမ်းခွင့်ကြေညာ


အမေရိကန် သမ္မတ မစ္စတာ ဘားရက် အိုဘားမား မြန်မာပြည် ခရီးစဉ် မတိုင်မီမှာ မြန်မာနိုင်ငံ အစိုးရက အကျဉ်းသားလွတ်ငြိမ်းချမ်းသာခွင့်ကို ယနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့က နိုင်ငံပိုင် ရုပ်မြင်သံကြားနဲ့ သတင်းစာတွေမှာ  ကြေညာပါတယ်။

လားရှိုးမြို့ တွင် ငွေကျပ် ၁,၆၈၁သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ




၁၃-၁၁-၂ဝ၁၂  ရက်နေ့  ဝ၅း၃ဝ  အချိန်တွင်  ရှမ်းပြည်နယ်  လားရှိုးမူးယစ်အထူးအဖွဲ့မှ ရဲအုပ် နိုင်ထန်းမနား
ဦးစီးအဖွဲ့သည်သက်သေများနှင့်အတူ လားရှိုးမြို့ ရပ်ကွက်(၁)  ဘူတာလမ်းနှင့် မြဝတီလမ်းထောင့်တွင်   သတင်းအရ စောင့်ဆိုင်းနေစဉ် မြဝတီလမ်းဘက်မှ ဘူတာလမ်းဘက်သို့ 
 
ဆမ်ခွက်(ကျား) (၅ဝ)နှစ်၊ ယာဉ်မောင်း ရပ်ကွက်(၅) မိုင်းမောမြို့ ဝ ဒေသ မောင်းနှင်ပြီး ရှေ့ခန်းတွင် တစ်ရပ်
ကွက်တည်းနေ အိုက်ရုန်း(ကျား) (၁၉)နှစ် တောင်ယာလုပ် လိုက်ပါ လာသော ၄ခ/၄၅၃၃ ဖိုးဝှီး ဟိုင်းလတ်
ယာဉ်အားရပ်တန့်စစ်ဆေးရာယာဉ်နောက်ခန်းတွင်အဖြူရောင်ဆာလာအိတ်ဖြင့်ထည့်လျက် အိန္ဒိယနိုင်ငံ
ထုတ် အက်ဖီဒရင်း ဆေးပြား (၁ဝဝဝ)ပြားစီပါ ပလပ်စတစ်အထုပ် (၁ဝဝ)ထုပ်၊
 
 ဆေးပြား(၁ဝဝဝဝဝ)ပြား၊ အလေးချိန် ၁၅ ကီလိုဂရမ်ခန့် (စုစုပေါင်းတန်ဖိုး ၁ ကီလိုလျှင် ၄၃ သိန်းနှုန်းဖြင့် ၁၅ ကီလို ငွေကျပ် ၆၄၅ သိန်း) အဝါရောင်ဆာလာအိတ်ဖြင့် ထည့်လျက် ပလပ်စတစ် အိတ်ဖြင့်ထုပ်ထားသော ဆူဒိုအက်ဖီဒရင်းဆေးပား (၁၄ဝဝဝ)ပြားစီပါ အထုပ်(၈)ထုပ်၊ 
 
ဆာလာအိတ် (၄)အိတ် အတွင်းမှ ဆေးပြား(၄၄၈ဝဝဝ)ပြားနှင့် ဆူဒိုအက်ဖီဒရင်း ဆေးပြား ၁၄ဝဝဝ ပြားစီပါ
 အထုပ်(၅)ထုပ်၊ ဆေးပြား ၇ဝဝဝဝ ပြား၊ စုစုပေါင်း ဆူဒိုအက်ဖီဒရင်းဆေးပြား (၅၁၈ဝဝဝ)ပြား(ဆေးပြား ၁ ပြားလျှင် ၂ဝဝ ကျပ်နှုန်းဖြင့် စုစုပေါင်း တန်ဖိုး ငွေကျပ် ၁,ဝ၃၆ သိန်း)
 
ယာဉ်ပေါ်ပါ ဆာလာအိတ်(၂)အိတ်အတွင်းမှ အက်ဖီဒရင်းနှင့် ဆူဒိုအက်ဖီဒရင်း ဆေးပြားစုစုပေါင်း ၆၁၈ဝဝဝ ပြား၊ စုစုပေါင်းတန်ဖိုးငွေကျပ် ၁,၆၈၁သိန်း နှင့် ၄င်းတို့ကိုင်ဆောင်သော လက်ကိုင်ဖုန်း(၂)လုံး တို့အား သိမ်းဆည်း ရမိခဲ့သည်။

၁၄၃ဝ အချိန် မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသူ ဆမ်ခွက်နှင့် အိုက်ရုန်းတို့အား လားရှိုးအမှတ်(၁) ရဲစခန်းမယ(ပ)၂၂၁/၁၂ မူး/စိတ် ပုဒ်မ ၁၅/၁၆(ခ)/၂၁(ဆေးသုံးစွဲမှု/ လက်ဝယ်-သယ်ယူ-ဖြန့်ဖြူး-ရောင်းချမှု/ အားထုတ်ပူးပေါင်းကြံစည်မှု)ဖြင့် တရားခံဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

Myanmar Police Force

ကိုယ်ဝန်ဆောင် အမျိုးသမီးများ မိုဘိုင်းဖုန်းသုံးလျှင် ဓါတ်ရောင်ခြည်လှိုင်းများကြောင့် သန္ဓေသားထိခိုက်စေနိုင်


သိပ္ပံပညာရှင်များ၏ လေ့လာတွေ့ ရှိချက်အရ မိုဘိုင်းဖုန်းများအသုံးပြု ခြင်းကြောင့် အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ် သန္ဓေသားအား ထိခိုက်စေမည်ဖြစ်ကြောင်း ဖော်ပြသည်။ ရေးစ်တက္ကသိုလ်မှ သုတေသီ များ၏ လေ့လာတွေ့ ရှိချက်အရ ကိုယ်ဝန်ဆောင်ထားသည့် ကြွက်များအား မိုဘိုင်းဖုန်းလှိုင်းရောင်ခြည်များ သင့်စေသော နေရာတွင် ထားသော အခါ မွေးဖွားသော သန္ဓေ သားအား ဦးနှောက်ဖွံ့ ဖြိုးမှုများ ထိခိုက် မှုဖြစ်စေနိုင် သည် ။

သေကြောင်းကြံမှု ယခင်နှစ်များထက် ပိုများလာ (အင်တာဗျူး) ဒုရဲမှူးကြီးသက်လွင်

ဒီနှစ်အတွင်းရန်ကုန်မှာမှုခင်းဖစ်ပွားမှုနှုန်းအခြေအနေကဘယ်လိုရှိပါ သလဲ။
အခု ၂ဝ၁၂ ခုနှစ်ရဲ့ လက်ရှိအခြေအနေအရကို ပြောရရင် ၂ဝ၁၁ ခုနှစ်ထက် ကို၂၃၅ မှုလျော့နေ ပါသေးပါတယ်။ ဒါကြောင့် မှုခင်းဖြစ်ပွားမှုနှုန်း ကို ပြောရင် လျော့ နည်းသွားတယ်လို့ ဆိုနိုင်ပါတယ်။

မီးလောင်နိုင်သည့် ပြဿနာ ဖြစ်ပေါ်နိုင်သဖြင့် Toyota မော်တော်ကား ၂ သန်းကျော် ပြန်လည်သိမ်းဆည်းမည်

၈ျပန်မော်တော်ကားထုတ်လုပ်ရေး ကုမ္ပဏီ Toyota က ကမ္ဘာတစ် ဝန်း ရောင်းချထားသော ကားအစီးရေ ၂ ဒသမ ၇၇ သန်းကို စတီယာ ရင်နှင့် ရေပန့်ဆိုင်ရာ ချွို့ယွင်းမှုကြောင့် ပြန်လည် သိမ်းဆည်း သွား မည်ဖြစ်ကြောင်း ယနေ့ ထုတ်ပြန်ကြေညာသည်။

မြန်မာနိုင်ငံ၏ အင်တာနက် အသုံးပြုမှုပုံစံသည် မိုဘိုင်းဖုန်း အင်တာနက်စနစ်သို့ သိသာစွာ ကူးပြောင်းလာ

မိုဘိုင်းဖုန်းဖြင့် အင်တာနက်သုံးစွဲသူ ၄၅၀၀၀၀ ကျော်ရှိ
Wednesday, 14 November 2012

ပြည်တွင်း၌ မိုဘိုင်းဖုန်းဖြင့် အင်တာနက်အသုံးပြုသူ အရေအတွက်မှာ ၂၀၁၁ နှစ်ကုန်ပိုင်းက ငါးသောင်းကျော်သာ ရှိခဲ့ရာမှ နောက်ဆုံး
စာရင်းများအရ လေးသိန်းငါးသောင်းကျော်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းဌာန အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက
ပြောသည်။ 

ထို့ကြောင့် မြန်မာနိုင်ငံ၏ အင်တာနက် အသုံးပြုမှုပုံစံသည် မိုဘိုင်းဖုန်း အင်တာနက်စနစ်သို့ သိသာစွာ ကူးပြောင်းလာနေပြီဖြစ်ကြောင်း ပြည်တွင်း
အခြေစိုက် မိုဘိုင်းဖုန်းလုပ်ငန်းနှင့် ဆက်စပ်ပစ္စည်း အရောင်းဆိုင်မှ တာဝန်ရှိသူများက ပြောကြားသည်။ ယခုလက်ရှိ မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းဖြင့် အင်တာနက် အသုံးပြုသူ ဦးရေ ၄၅၀၀၀၀ ကျော် 
ပမာဏမှာ စီဒီအမ်အေ ၈၀၀ မဂ္ဂါဟက်ဇ်ဖုန်းများနှင့် ဂျီအက်စ်အမ် ဖုန်းလိုင်း နှစ်ခုပေါင်းတွင် အသုံးပြုနေသည့်နှုန်း ဖြစ်သည်။ 

“ယခု နောက်ပိုင်း ဖုန်းကတ်တွေ ဝယ်ရင် အင်တာနက်လိုင်းကိုပါ တစ်ခါတည်း လျှောက်လာကြတယ်။ အရင်လိုလည်း အင်တာနက်
လျှောက်တဲ့စနစ်က သိပ်မကြာတော့တာရယ်၊ အင်တာနက် သုံးလို့ကောင်းတဲ့
စမတ်ဖုန်းတွေ များလာတာရယ်ကြောင့် ဖုန်းလိုင်းလျှောက်တာနဲ့ အင်တာနက်လိုင်းကိုပါ လျှောက်လာကြတယ်။ အခု နှစ်လယ်လောက်မှာ အင်တာနက် အသုံးပြုတဲ့သူတွေ သိသိသာသာ တက်လာတယ်” ဟု လူကြီးမင်း မိုဘိုင်းဖုန်းဆိုင်မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ကိုလင်းလင်းက
ပြောသည်။

ထို့ပြင် အွန်လိုင်းပေါ်မှ ပြည်တွင်းပြည်ပ သတင်းများကို သုံးစွဲသူများက အချိန်နှင့် တစ်ပြေးညီ သိရှိလိုမှုများက မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်း အင်တာနက် အသုံးပြုမှု ရာခိုင်နှုန်းကို မြင့်တက်လာစေသည့် အချက်ဟု
ပြည်တွင်းကွန်ပျူတာ ပညာရှင်အချို့က ဆိုသည်။ 

သို့သော် မြန်မာ့အင်တာနက် မြန်နှုန်းသည် မိုဘိုင်းဖုန်းများအပေါ် အသုံးပြုရာ၌ စီဒီအမ်အေ ဖုန်းလိုင်းပေါ် အသုံးပြုရသော အင်တာနက်
လိုင်းများက ကောင်းမွန်သော်လည်း ဂျီအက်စ်အမ် ဖုန်းလိုင်းပေါ် အသုံးပြုရသော အင်တာနက်လိုင်းများက အလုပ်မဖြစ်ကြောင်း သုံးစွဲသူ
များထံမှ သိရသည်ဟု ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

Khit Lu Nge
ပြည်တွင်း၌မိုဘိုင်းဖုန်းဖြင့်အင်တာနက်အသုံးပြုသူအရေအတွက်မှာ၂၀၁၁နှစ်ကုန်ပိုင်းက ငါးသောင်းကျော်
သာ ရှိခဲ့ရာမှ နောက်ဆုံး စာရင်း များအရ        လေးသိန်းငါးသောင်းကျော်သို့     ရောက်ရှိလာပြီဖြစ်ကြောင်း
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းဌာန အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောသည်။

အိုဘားမား မလာရောက်ခင် အကျဉ်းသား ၄၅၀ လွှတ်ပေးမည်




မြန်မာအစိုးရအနေနဲ့ အကျဉ်းထောင်တွေထဲက အကျဉ်းသား ၄၅၀ ကို အမေရိကန်သမ္မတအိုဘားမားမလာရောက်ခင် ပြန်လွှတ်ပေးမယ်လို့ မြန်မာ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး ကို မြန်မာနိုင်ငံ အခြေစိုက် သတင်းဌာနတွေက ဖော်ပြနေကြပါတယ်။

ထန်းတပင် မြို့နယ်၌ အမျိုးသမီး တစ်ဦး နွားတင်းကုပ် ထုပ်တန်းပေါ်မှ ကြိုးဆွဲချ သေဆုံး


ပဲခူးတိုင်း ဒေသကြီး ထန်းတပင် မြို့နယ် ဇရပ်ကြီး ကျေးရွာ အုပ်စု ရွာကြား ရပ်ကွက်နေ မအိဇာ (ခ) တင်ဇာလှိုင် ၂၅ နှစ် (ဘ) ဦးမြင့်အောင် (မှီခို) သည် နိုဝင်ဘာ ၄ ရက် နံနက် ၇ နာရီခန့်က နေအိမ် နောက် ဘက်ရှိ နွားတင်းကုပ် ထုပ်တန်းတွင် ကြိုးဆွဲချ သေဆုံး နေသည်ကိုတွေ့ရှိခဲ့ရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ Service Phone ဟုခေါင်းစဉ်တပ်ကာ တယ်လီဖုန်းဘေလ်များပေးသွင်းခြင်းမပြုသော ကျပ်ငွေဘီလီယံနှင့်ချီသော အလွဲသုံးစားမှု

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည်လုပ်ငန်းသုံးဟုအမည်တပ်ကာServicePhone များအားမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှတာဝန်ရှိသူ များနှင့် ၄င်းတို့နှင့် နီးစပ်သူများထံသို့ ထုတ်ပေးထားထားရှိခဲံ့ပါသည်၊ ထိုသို့ Service Phone အဖြစ်ထုတ်ယူသုံးစွဲရာတွင် CE အဆင့် များတွင်    ၁၀လုံးခန့် ထုတ်ယူထားရှိပြီး ကျသင့် တယ်လီဖုန်း ဘေလ်များအားပေးသွင်းခြင်းမရှိဘဲ ကိုယ်ကျိုးအတွက်
အသုံးပြုခဲ့ကြောင်းကို နေပြည်တော်ဝန်ကြီးရုံး ရှိ ဆက်သွယ်ရေးဝန်ထမ်းမှတဆင့်သိရှိရပါသည်-

အစ္စရေး၊ ဆီးရီးယား၊ ဂိုလန်ကုန်းမြင့်ဒေသနှင့် တုံ့ပြန်တိုက်ခိုက်မှုများ

အစ္စရေး၊ ဆီးရီးယား၊ ဂိုလန်ကုန်းမြင့်ဒေသနှင့် တုံ့ပြန်တိုက်ခိုက်မှုများ 

(နိုင်ငံတကာ သတင်း သုံးသပ်ချက်)

ဆီးရီးယား နိုင်ငံ အတွင်းမှ ပစ်ခတ် လိုက်သည့် အမြောက်ဆန် များသည် အစ္စရေးတို့ ထိန်းချုပ် ထားသည့် ဂိုလန် ကုန်းမြင့် ဒေသ အတွင်းသို့ ကျရောက် ပေါက်ကွဲ ခဲ့သောကြောင့် အစ္စရေး စစ်တပ်က နိုဝင်ဘာ ၁၂ ရက်တွင် ပြန်လည် ပစ်ခတ်ခဲ့ ပြီးနောက် အစ္စရေး နိုင်ငံ သည် တူရကီ နိုင်ငံ ပြီးလျှင် ဆီးရီးယား စစ်တပ်အားပြန်လည် လက်တုံ့ပြန် ပစ်ခတ် ခဲ့သည့် ဒုတိယမြောက် နိုင်ငံ ဖြစ်လာ သည်ကို တွေ့ ရသည်။

အစ္စရေး စစ်တပ်သည် ၎င်းတို့၏ ပိုင်နက် အတွင်းသို့ လက်နက်များ ကျရောက် ပေါက်ကွဲမှုကြောင့် လွန်ခဲ့သည့် သီတင်းပတ် အကုန်က သတိပေး ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။ သို့ရာတွင် အမြောက်ဆန် များသည် ပိုင်နက် အတွင်း ဆက်လက် ပေါက်ကွဲ လျက် ရှိ သောကြောင့် နိုဝင်ဘာ ၁၂ ရက်က အစ္စရေး တင့်ကား တစ်စီးက  တုံ့ပြန် ပစ်ခတ် တိုက်ခိုက် ခဲ့ရာ ဆီးရီးယား စစ်ကား တစ်စီးကို ထိမှန် ခဲ့သည်။

အစ္စရေး အစိုးရသည် လပေါင်း ၂ဝ နီးပါးကြာ ဖြစ်ပွား လျက်ရှိသည့် ဆီးရီးယား ပြည်တွင်းစစ် အတွင်းသို့ ဆွဲသွင်း မခံရစေရန် အထူး ဂရုစိုက်၍ ရှောင်ရှား ခဲ့သည်။ သို့သော် မကြာမီရက်များ အတွင်းက ဂိုလန် ကုန်းမြင့် ဒေသ အတွင်းသို့ ဆီးရီးယား ဘက်မှ ပစ်ခတ် လိုက်သည့် အမြောက်ဆန်များ ကျရောက် ပေါက်ကွဲ မှုကြောင့် ဒေသခံများ ထိခိုက် ဒဏ်ရာ ရရှိခဲ့ခြင်း မရှိသော်လည်း သီးနှံ စိုက်ခင်းများ ပျက်စီးခဲ့ပြီး ထိတ်လန့်မှုများ ဖြစ်ပွား ခဲ့ရသည်။

တစ်ချိန်တည်း မှာပင် အာဆတ် အစိုးရသည် အစ္စရေးနှင့် လက်နက်ကိုင် ပဋိပက္ခ တစ်ရပ် ဖန်တီးပြီး အစ္စရေး တို့အား တိုက်ခိုက်ရန် အတွက် လက်ဘနွန်မှ ဟစ်ဇဘိုလာ ပြောက်ကျားများနှင့် ဂါဇာ ကမ်းမြောင် ဒေသရှိ ဟားမားစ်  စစ်သွေးကြွများ အတွက် လမ်းဖွင့်ပေးရန် ကြိုးပမ်း နိုင်ဖွယ် ရှိသည် ဟူသော စိုးရိမ်မှု များလည်း ဖြစ်ပေါ်လျက် ရှိသည်။ ထို့အပြင် ဆီးရီးယား အစိုးရသည် ၎င်းတို့၏ ဓာတု လက်နက်များကို အစ္စရေး တို့အား တိုက်ခိုက်ရန် အသုံးပြု လာနိုင်ကြောင်း အစ္စရေး အစိုးရက သတိပေး ထားသည်။ အလားတူပင် ပြည်တွင်း စစ်တွင် အတိုက်အခံ များက အနိုင် ရရှိပြီး အာဆတ် အစိုးရ ပြုတ်ကျ ခဲ့ပါက ဆီးရီးယား နိုင်ငံသည်  အစွန်း ရောက်များ သို့မဟုတ် သဘောထား မတူညီသည့် အုပ်စုများ အကြား တိုက်ခိုက်မှုများ အတွင်းသို့ ကျရောက် သွားမည်ကို  အစ္စရေး တို့က စိုးရိမ်လျက် ရှိသည်။

နိုဝင်ဘာလ အစောပိုင်း တွင်လည်း ဆီးရီးယား တင့်ကား သုံးစီးသည် ဂိုလန် ကုန်းမြင့် ဒေသရှိ စစ်မဲ့ဇုန် အတွင်းသို့ ဝင်ရောက်လာ ခဲ့သည်။ ထို့အပြင် အခြား ဖြစ်ရပ် တစ်ခု တွင်လည်း အစ္စရေး ကင်းလှည့်ယာဉ် တစ်စီးအား ဆီးရီးယား နိုင်ငံအတွင်းမှ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အဆိုပါ ပစ်ခတ်မှုသည် မတော်တဆမှု အဖြစ်  အစ္စရေးက မှတ်ယူ ခဲ့သည်။

သို့ရာတွင် အစ္စရေး ထိန်းချုပ် နယ်မြေ အတွင်းသို့ ဆီးရီးယားမှ ပစ်ခတ် လိုက်သည့် အမြောက်ဆန်များ ဆက်တိုက် ကျရောက်မှုသည် အစ္စရေးနှင့် ဆီးရီးယား အကြား တင်းမာမှု များကို မြင့်တက် စေပြီး တုံ့ပြန် ပစ်ခတ်မှု များကို ဖြစ်ပေါ်စေမည် ဖြစ်ကြောင်း သုံးသပ် ရပါ သည်။  ။

http://www.myawady.com.mm/all-news/international/2012-11-14-02-42-04
ဆီးရီးယား နိုင်ငံ အတွင်းမှ ပစ်ခတ် လိုက်သည့် အမြောက်ဆန် များသည် အစ္စရေးတို့ ထိန်းချုပ် ထားသည့် ဂိုလန် ကုန်းမြင့် ဒေသ အတွင်းသို့ ကျရောက် ပေါက်ကွဲ ခဲ့သောကြောင့် အစ္စရေး စစ်တပ်က နိုဝင်ဘာ ၁၂ ရက် တွင် ပြန်လည် ပစ်ခတ်ခဲ့ ပြီးနောက် အစ္စရေး နိုင်ငံ သည် တူရကီ နိုင်ငံ ပြီးလျှင် ဆီးရီးယား စစ်တပ် အားပြန် လည် လက်တုံ့ပြန် ပစ်ခတ် ခဲ့သည့် ဒုတိယမြောက် နိုင်ငံ ဖြစ်လာ သည်ကို တွေ့ ရသည်။

အစ္စရေးလေတပ်က တိုက်ခိုက်မှုတွင် ဟားမတ်စ် စစ်ရေးခေါင်းဆောင် သေဆုံး

ဂါဇာကမ်းမြောက် ဂါဇာစီးတီးတွင် အစ္စရေးလေတပ်က ယနေ့ ပြုလုပ်ခဲ့သော ပစ်မှတ်ထား တိုက်ခိုက်မှုအတွင်း မီးလောင်းပျက်စီးသွားသည့် ဟားမတ်စ် စစ်ရေးခေါင်းဆောင် အာမက် ဂျက်ဘာရီ စီးနင်းလိုက်ပါလာသည့် မော်တော်ကားကို တွေ့ရစဉ်။

ဟားမတ်စ်ပြောက်ကျားအဖွဲ့၏ စစ်ရေးခေါင်းဆောင် အာမက် ဂျက်ဘာရီသည် အစ္စရေး၏ ယနေ့ပြုလုပ်သော လေကြောင်း တိုက်ခိုက်မှုတစ်ခုအတွင်း သေဆုံးသွားကြောင်း ဟားမတ်စ်နှင့် အစ္စရေးအစိုးရက အတည်ပြု ပြောကြားသည်။
Photo: @[262070863837170:274:RT News]
 
 
ဂါဇာကမ်းမြောက်ဂါဇာစီးတီးတွင် အစ္စရေးလေတပ်က ယနေ့ ပြုလုပ်ခဲ့သော ပစ်မှတ်ထား တိုက်ခိုက် မှုအ တွင်း မီးလောင်းပျက်စီးသွားသည့် ဟားမတ်စ် စစ်ရေးခေါင်းဆောင် အာမက် ဂျက်ဘာရီ စီးနင်းလိုက်ပါ လာသည့် မော်တော်ကားကို တွေ့ရစဉ်။

အာဏာပြ ရဲမှူးအား လူငယ်အဖွဲ့မှ လက်မှတ်ထိုးပြီး တိုင်တန်းမည်

အပတ်စဉ် စနေနေ့တိုင်း မင်းတပ် မြို့ပေါ် စည်ပင်သာယာရေးအတွက် သန့်ရှင်းရေး လုပ် အားပေးစေတနာ့ ၀န်ထမ်း ချိုး လူငယ်အဖွဲ့အား အာဏာပြ ဆက်ဆံသည့် မြို့နယ်ရဲမှူး ဦးသိန်းလွင် အား သက်ဆိုင်ရာသို့ တိုင်တန်းရန် ချိုးလူငယ် အ သင်းမှ လက်မှတ်လိုက်ကောက်နေ သည်။

ထိုင်းဘုရင်ကြီးကို အိုဘားမား တွေ့ဆုံ ဂါရဝပြုမည်

ထိုင်းဘုရင်ကြီးကို အိုဘားမား တွေ့ဆုံ ဂါရဝပြုမည်

November 14, 2012

အမေရိကန် သမ္မတ ဘားရက် အိုဘားမား၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း လာမည့် တနင်္ဂနွေနေ့တွင် ထိုင်းဘုရင်မင်းမြတ်အား တွေ့ဆုံ ဂါရ၀ ပြုမည်ဖြစ်သည်ဟု သတင်းရရှိသည်။

သမ္မတ အိုဘားမားသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ သီရိရတ် ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေသည့် ထိုင်းနိုင်ငံ ဘုရင်မင်းမြတ် ဘူမိဘော အဒူယာဒက်အား နိုဝင်ဘာလ ၁၈ ရက်နေ့ ညနေ ၅ နာရီခန့်တွင် သွားရောက် ဂါရ၀ပြုရန် အစီအစဉ်ဆွဲထားပြီး အဆိုပါ အထူးတွေ့ဆုံမည့် အစီအစဉ်ကိုလည်း ထိုင်းဘုရင်ကြီးက ခွင့်ပြုခဲ့ကြောင်း ယနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။

ထိုင်းဘုရင်ကြီးနှင့် တွေ့ဆုံဂါရဝပြုပြီးနောက် သမ္မတ အိုဘားမားသည် ထိုနေ့၌ပင် ထိုင်း ၀န်ကြီးချုပ် မစ္စ ယင်လတ် ရှင်နာဝပ်နှင့် တွေ့ဆုံကြမည်ဖြစ်ကြောင်း လန်ဒန်ရောက် ထိုင်းနိုင်ငံခြားရေး ၀န်ကြီး ဆူရာပေါင် တိုဝိချချိုက်ကူလ်၏ ပြောဆိုချက်ကို ဘန်ကောက်ပို့စ်က ကိုးကားဖော်ပြသည်။ ထိုင်း နိုင်ငံခြားရေး ၀န်ကြီးသည် ထိုင်း ၀န်ကြီးချုပ်နှင့် အတူ ဗြိတိန်နိုင်ငံသို့ တရားဝင်ခရီး အတူသွားနေသည်။

သမ္မတ ဒုတိယ သက်တမ်း ပြန်လည်အရွေးခံထားရသော သမ္မတ အိုဘားမား၏ ခရီးစဉ်သည် ယခုနှစ် ကျရောက်သည့် ထိုင်း-အမေရိကန် ၂ နိုင်ငံ ဆက်ဆံရေး နှစ်ပေါင်း ၁၈၀ ပြည့် အထိမ်းအမှတ် အဖြစ်လည်း နွေးထွေး နီးကပ်မှုရှိကြောင်း ပြသမှုလည်း ဖြစ်ကြောင်း သိရသည်။
သမ္မတ အိုဘားမားသည် ထိုင်း ၀န်ကြီးချုပ်နှင့် ပူးတွဲ ကြေညာချက် တစောင် ထုတ်ရန်ရှိကြောင်း၊ အဆိုပါ ပူးတွဲ ကြေညာချက်သည့် အငြင်းပွားဖွယ် ဖြစ်နေသော အမေရိကန် ဦးဆောင်သည့် ဒေသဆိုင်ရာ ကုန်သွယ်ရေး သဘောတူ ညီချက်နှင့် ပတ်သက်ကြောင်း သိရသည်။

အဆိုပါ သဘောတူညီချက်ကို Trans Pacific Partnership ဟုလည်း လူသိများပြီး ထိုင်းနိုင်ငံက ပူးပေါင်းမည်ဟု သဘောတူထားခဲ့ပြီး ဖြစ်သည်။ သမ္မတ အိုဘားမားသည် ထိုင်းနိုင်ငံမှ တဆင့် မြန်မာနိုင်ငံသို့ လာမည့် တနင်္လာနေ့တွင် ဆက်လက်ထွက်ခွာမည်ဖြစ် သည်။ သမ္မတ အိုဘားမား၏ မြန်မာနိုင်ငံ ခရီးစဉ်အတွက် ရန်ကုန်မြို့တွင် လုံခြုံရေး ကြိုတင်ပြင်ဆင်မှုများ တိုးမြှင့် လုပ်ဆောင်လျှက်ရှိသည်။

irrawaddy

အမေရိကန် သမ္မတ ဘားရက် အိုဘားမား၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း လာမည့် တနင်္ဂနွေနေ့တွင် ထိုင်းဘုရင်မင်းမြတ်အား တွေ့ဆုံ ဂါရ၀ ပြုမည်ဖြစ်သည်ဟု သတင်းရရှိသည်။

ဘုန်းကြီးအမှု အရပ်လက်မခံ ဆန္ဒပြမည်ဟုဆို

ပဲခူးတိုင်း ပြည်မြို့ မူရာပင်ရပ် ဗိုလ်ချုပ်လမ်းမှာ ရှိတဲ့ သာသနာ့ဒီ ပါရုံေ ကျာင်း တိုက်ကြီးမှာ နှစ်ပေါင်းများစွာ ချိတ်ပိတ်ထားရာက ၀ါတွင်းကာလ အချိန်နှင့်မသင့်လျော်ခြင်း၊ ဘုန်းတော်ကြီးကျောင်း ဒကာ၊ ဒကာမတို့ အား မည်သို့မျှ အသိမပေးခြင်းတို့နဲ့ အတူ မည်သည့် အရပ်ဒေသကမှန်း မသိရတဲ့ ရဟန်းသစ်တပါး ကို ကျောင်းအပ်ပွဲ ကျင်းပပြုလုပ်ခဲ့တာတွေနဲ့
ပတ်သက် လို့

ဘင်္ဂလီ ၂၄၁ ဦး မြန်မာအကျဉ်းထောင်အတွင်းရှိဟု နစက ဆို

Prison



မြန်မာနိုင်ငံ အကျဉ်းထောင်အတွင်း ဘင်္ဂလာဒေ့ခ်ျနိုင်ငံ အကျဉ်းကျထောင် သား ၂၄၁ ဦး ရှိနေပြီးဖြစ်ကြောင်း နစကမှ BGBသို့ တရားဝင် အကြောင်း ကြားစာ ပေးပို့ချက်အရ သိရှိရသည်။

ဗြိတိန်တွင် သွေးစုပ်ဖုတ်ကောင် အရိုးစု တူးဖော်တွေ့ရှိ

သွေးစုပ် ဖုတ်ကောင် တကယ်ရှိ၊ မရှိဆိုတဲ့ မေးခွန်းဟာ အခုမှ မဟုတ်ပါဘူး။ ဟိုးယခင် ကတည်းက ပဟေဠိဆန်နေတဲ့ မေးခွန်းတစ်ခုဖြစ် ပါတယ်။