Pages

Thursday, November 8, 2012

နိုင်ငံခြားရေးဝန်ကြီးအဖြစ်မှ ဟီလာရီ ကလင်တန် နုတ်ထွက်ဖွယ်ရှိ

 
clinton

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးအဖြစ်မှ ဟီလာရီကလင်တန် နုတ်ထွက်ဖွယ်ရှိနေဆဲဟုအမေရိကန်အစိုးရ
တာဝန်ရှိသူတစ်ဦးကထုတ်ဖော် ပြောကြားခဲ့သည်။အမေရိကန်၏ နိုင်ငံတကာ ရေးရာကဏ္ဍများတွင်အဓိက
အကြီးအကဲအဖြစ် ဦးဆောင်နေသော ဟီလာရီသည် ရွေးကောက်ပွဲမတိုင်မီကာလကတည်းကလက်ရှိရာထူး
ကို စွန့်ခွာရန် စဉ်းစားနေကြောင်း သတင်းများ ထွက်ပေါ်ခဲ့သေးသည်။

တော်ဝင်သစ်အချောထည်စက်ရုံအလုပ်သမားများ ဆန္ဒပြတောင်းဆိုမှု ဥပဒေအပြင်ရောက်၍ လိုက်လျောရန်မဖြစ်နိုင်ဟု ဦးကိုကိုထွေးဆို

တော်ဝင်သစ်အချောထည်စက်ရုံအလုပ်သမားများ၏ဆန္ဒပြတောင်းဆိုမှုများသည်ဥပဒေအပြင် ရောက် နေ
ပြီဖြစ် ၍ လိုက်လျောရန်မဖြစ်နိုင်ကြောင်း တော်ဝင်မိသားစုကုပ္မဏီဥက္ကဌဦးကိုကိုထွေးကပြောသည်ဦးဝီစာ
ရလမ်းရှိ တော်ဝင်မိသားစုကုပ္မဏီတွင် ယနေ့ ပြုလုပ်သောစာနယ်ဇင်း ရှင်းလင်းပွဲတွင် ၎င်းက အ ထက် ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ကြွေလွင့်တော့မှာလား ကြိုကြာသံရေ .....

ပြည်သူချစ်သောအဆိုတော်ကိုခင်မောင်တိုးခေါ်ကိုတိုးကြီး၏ကျန်းမာရေးအခြေအနေအလွန်ဆိုးဝါးနေသည်
(သို့)ကွယ်လွန်သွားသည်ဟု သတင်းများထွက်ပေါ်လျှက်ရှိပါသည်။

ထီလက်မှတ်ဈေးဘာကြောင့်ကြီး


နယ်၌ထီရောင်းချသူများ သည် ထီလက်မှတ်များကို တစ် ဆင့်ဝယ်ယူ၍ ရောင်းရာမှာထီလက်မှတ်တစ်စောင်
အနည်းဆုံး  ၂၁၃ကျပ်မှ၂၄၂ကျပ်ထိပေးဝယ်ယူနေ   ကြရသည်ဆို၏။ ထိုကဲ့သို့ နယ်မြို့များက ထီဆိုင်များ
မှာနာမည်ကြီး ထီဆိုင်များမှတစ်ဆင့် ၀ယ်ယူ ရောင်းကြရသဖြင့် ထီတစ်စောင်   (၃၀၀)ကျပ်ဖြစ်နေရခြင်း
ဖြစ်သည် ဆို၏။

လူ ၅၅ ယောက် ၅ နာရီကြာ ငရဲကျ


ရန်ကုန်တိုင်းဒေသကြီး၊ လှိုင် သာယာအဝေးပြေးဂိတ်မှ ပုသိမ်  သို့ပြေးဆွဲလျက်ရှိသော “ချမ်းမြေ့ အေး” အ
ဆင့်မြင့်ခရီးသည် ပို့ဆောင်ရေးကားလက်မှတ်ဝယ် ယူစဉ်တွင် နေ့လယ် ၁၂း၀၀ နာရီ  ထွက်မည်ဖြစ်သော
ကြောင့် AIRCON Experss လားဟုမေး  ရာ လက်မှတ်ရောင်းသောလူငယ်   က AIRCON Experss  ဖြစ်
ကြောင်း ပြော သည်။

လမ်းဖို့ရန်အတွက်မြေတူးစဉ် ဗုံးတစ်လုံးတွေ့ရှိ


၂၀၁၂ခုနှစ်၊ နိုဝင်ဘာလ(၈)ရက် မနက်(၁၀)နာရီခန့်ကကြည့်မြင်တိုင်မြို့နယ်၊ပန်းလှိုင် မီးရထား ၀န်း၊ ကရင် အမျိုးသားရပ်ကွက်တွင် ကလေးငယ်တစ်ဦးမှ လမ်းပြင်ရန်အတွက် မြေတူး စဉ်ဗုံးတစ် လုံးတွေ့ရှိ ခဲ့ကြောင်း သ တင်းရရှိသည်။

အမေရိကန်သမ္မတအိုဘားမား မြန်မာသို့ လာလည်မည်ဟု အေအက်ဖ်ပီသတင်းဖော်ပြ

ရန်ကုန်၊နိုဝင်ဘာ-၈

ဒုတိယသက်တမ်းအတွက် ပြန်လည်ရွေးကောက်ခံခဲ့ရသောအမေရိကန်သမ္မတအိုဘားမားသည်ယခုလကုန်ပိုင်း

တွင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန်ရှိကြောင်း အမည်မဖော်လိုသူ မြန်မာအစိုးရတာဝန်ရှိသူတစ်ဦး
က အေအက်ဖ်ပီသတင်းသို့ ပြောကြားသည်။

ရခိုင်အရေးကိစ္စနှင့်ပတ်သက်၍ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားကိုယ်စားလှယ်အချို့ကြေငြာချက်ထုတ်ပြန်

Photo: ရခိုင်အရေး တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဌ 
ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များ၏
သဘောထား

ရခိုင်အရေးကိစ္စနှင့်ပတ်သက်၍တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဌဒေါ်အောင်
ဆန်းစုကြည်နှင့် တိုင်းရင်းသားကိုယ်စားလှယ်အချို့က နိုဝင်ဘာ၇ရက် ရက်စွဲဖြင့်သဘောထားကြေငြာချက် 
ထုတ်ပြန်လိုက်ကြောင်းသတင်းရရှိပါသည်။

အသုံးစရိတ်ဖြတ်တောက်ရေး ဂရိပါလီမန်အတည်ပြု


အသုံးစရိတ်ဖြတ်တောက်ရေး ဂရိပါလီမန်အတည်ပြု
Thursday, November 08, 2012

ဂရိအစိုးရက ဥရောပသမဂ္ဂဆီက နောက်ထပ် အထောက်အပံ့တွေ ယူမယ်ဆိုရင် အသုံးစရိတ်တွေ ဖြတ်တောက်ရလိမ့်မယ်ဆိုတဲ့ အယူအဆကို ဂရိပြည်သူတွေက ဒေါသထွက်နေကြပါတယ်။

ဂရိနိုင်ငံမှာ အသုံးစရိတ် အကြီးအကျယ်လျှော့ပေါ့ရေးနဲ့ အကောက်ခွန် တိုးမြှင့်ရေးကိစ္စကို လွှတ်တော်က အတည်ပြုလိုက်ပါပြီ။ အခုလို အသုံးစရိတ် လျှော့ချတဲ့အစီအစဉ်ကို ကန့်ကွက်တဲ့အနေနဲ့ ထောင်သောင်း ချီတဲ့ ဂရိနိုင်ငံသားတွေ မြို့တော် အေသင်ရဲ့ လမ်းမတွေမှာ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

ဒီအသုံးစရိတ် လျှော့ချရေးအစီအစဉ်ကို လွှတ်တော်အမတ်တွေက ဗုဒ္ဓဟူးနေ့ ညသန်းခေါင်ကျော်၊ ကြာသပတေးနေ့ မနက်အစောကြီးမှာ အတည်ပြုလိုက်ကြတာပါ။ ဒီ အစီအစဉ်သစ်မှာ အခွန်တချို့ တိုးမြှင့် ကောက်ခံရေး၊ ပင်စင်လစာနဲ့ အစိုးရထောက်ပံ့ကြေးတွေ အပါအ၀င် အသုံးစရိတ် ကို နောက် ထပ် ဒေါ်လာသန်းပေါင်း ၁၇,၀၀၀ ဖြတ်ရေးတို့ ပါဝင်ပါတယ်။

ဂရိအစိုးရအနေနဲ့ ဥရောပသမဂ္ဂထံက ဒေါ်လာ သန်းထောင်ပေါင်းများစွာ
 နောက်ထပ် အကူအညီ အထောက်အပံ့ရရှိဖို့နဲ့ အစိုးရအနေနဲ့ ငွေပြတ်
တောက်သွားမယ့် အခြေအနေတွေက ရှောင်လွှဲနိုင်ဖို့ ဒီအသုံးစရိတ်
လျှော့ချရေးအစီအစဉ်ဟာ မလုပ်မဖြစ်လုပ်ဆောင်ရမယ့် ကိစ္စဖြစ်တယ်လို့ ဥရောပသမဂ္ဂက ပြောပါတယ်။

ဒီအစီအစဉ်အတွက် လွှတ်တော်အတွင်း ဆွေးနွေးနေကြတဲ့အချိန်မှာပဲ ဂရိလူမျိုး ၈၀,၀၀၀ ကျော်က လွှတ်တော်အပြင်မှာ လုံထိန်းရဲတပ်ဖွဲ့တွေနဲ့ ပဋိပက္ခ ဖြစ်ပွားခဲ့ပါတယ်။ ဆန္ဒပြသမားတွေက မီးလောင် ဗုံးတွေနဲ့ ပစ်ခတ်ပြီး ရဲတွေကလည်း မျက်ရည်ယိုဗုံးတွေနဲ့ ပြန်လည် ပစ်ခတ်ခဲ့ပါတယ်။ အစိုးရအနေနဲ့ ဥရောပသမဂ္ဂထံကနေ နောက်ထပ် အထောက်အပံ့တွေ ရယူမယ်ဆိုရင် အသုံးစရိတ်တွေ ဖြတ်တောက်ရလိမ့်မယ်ဆိုတဲ့ အယူ
အဆကို ဂရိပြည်သူတွေက ဒေါသထွက်နေကြတာပါ။

VOA

ဂရိအစိုးရက ဥရောပသမဂ္ဂဆီက နောက်ထပ်အထောက်အပံ့တွေ ယူမယ်ဆိုရင် အသုံးစ ရိတ်ေ တွ ဖြတ်တောက်ရလိမ့်မယ်ဆိုတဲ့ အယူအဆကို ဂရိပြည်သူတွေက ဒေါသထွက်နေကြပါတယ်။ဂရိနိုင်ငံမှာ အသုံးစရိတ် အကြီးအကျယ်လျှော့ပေါ့ရေးနဲ့ အကောက်ခွန်
တိုးမြှင့်ရေးကိစ္စကိုလွှတ်တော်ကအတည်ပြုလိုက်ပါပြီ။အခုလိုအသုံးစရိတ်လျှော့ချတဲ့အစီအစဉ်ကိုကန့်ကွက်တဲ့အနေနဲ့ ထောင်သောင်း
 ချီတဲ့ ဂရိနိုင်ငံသားတွေ မြို့တော် အေသင်ရဲ့ လမ်းမတွေမှာ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

လာဘ်ပေးလာဘ်ယူ ကင်းရှင်းရေး ရန်ကုန်ဆိပ်ကမ်းကို စုံစမ်းစစ်ဆေးမည်


လာဘ်ပေးလာဘ်ယူမှုများ ပပျောက်စေရေးအတွက် ရန်ကုန်ဆိပ်ကမ်းကို စုံစမ်းစစ်ဆေးမှု များ ပြုလုပ်တော့ မည်ဟု စီးပွား/ကူးသန်း ဝန်ကြီးရုံးမှ အရာရှိတစ်ဦးက ပြောကြားသည်။လာဘ်စားသည့်ကိစ္စများ ကြောင့် ပြ
နာတက်နေသည့် ရန်ကုန်ဆိပ်ကမ်းအား လာဘ်ပေး လာဘ်ယူမှု များ ပပျောက်စေပြီး စားသုံးသူများကို ကာကွယ်ပေးနိုင် ရေးအတွက်ကို ရှေးရှုကာ ယခုကဲ့ သို့ စစ်ဆေးရန် စီစဉ်ဆောင်ရွက်ရ ခြင်းဖြစ်သည်ဟု ၄င်းကဆိုသည်။

အဓမ္မပြုကျင့်တဲ့ အာဖဂန် ရဲ ထောင်ချခံရ

Photo: အဓမ္မပြုကျင့်တဲ့ အာဖဂန်ရဲ ထောင်ချခံရ
 
လိင်ပိုင်းဆိုင်ရာ မတရားပြုကျင့်ခံရသူ မိန်ကလေးကိုယ်တိုင် တိုင်တန်း


အာဖဂန်နစ္စတန် နိုင်ငံမှာ အမျိုးသမီး တစ်ယောက်ကို အတင်းအဓမ္မ ပြုကျင့်ခဲ့တဲ့ ရဲဝန်ထမ်းတစ်ယောက်ကို ထောင်ဒဏ် ၁၆ နှစ် အပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။

အခုနှစ် မေလတုန်းက ရဲ ဝန်ထမ်းအုပ်စုတစ်စုက သူ့ကို ဖမ်းဆီးပြီး ၅ ရက်ကြာ ဘယ်လို ရိုက်နှက်၊ အတင်းအဓမ္မပြုကျင့်ခဲ့တယ်ဆိုတာ အသက် ၁၈ နှစ်အရွယ် အမျိုးသမီး လာလ်ဘီဘီ Lal Bibi က တရားရုံးမှာ ငိုကြွေးရင်း ပြောပြခဲ့ပါတယ်။

တခြား ရဲဝန်ထမ်းသုံးယောက်ကိုလည်း ပြစ်ဒဏ်တွေချမှတ်ခဲ့ပါတယ်။

အဲဒီ အမျိုးသမီးက သူ့ကို မတရားပြုကျင့်ခဲ့တာနဲ့ ပတ်သက်လို့ သူကိုယ်တိုင် သွားရောက်တိုင်ကြားခဲ့တာပါ။

အာဖဂန်နစ္စတန် နိုင်ငံမှာက လိင်ပိုင်းဆိုင်ရာ မတရား ပြုကျင့်ခံရတဲ့ အမျိုးသမီးတွေဟာ အခုလို ကိုယ်တိုင် ထုတ်ဖော်တိုင်ကြားတယ်ဆိုတာ ဖြစ်ရိုးဖြစ်စဉ် မဟုတ်တဲ့ကိစ္စပါ။

သူ့ရဲ့ ထွက်ဆိုချက်တွေကို နိုင်ငံတကာ သတင်းမီဒီယာတွေမှာ စိတ်ဝင်တစား ဖော်ပြခဲ့ကြသလို သမ္မတ ကာဇိုင်းကိုယ်တိုင်က ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးဖို့ အမိန့်ပေးခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
အာဖဂန်နစ္စတန် နိုင်ငံမှာ အမျိုးသမီး တစ်ယောက်ကို အတင်းအဓမ္မ ပြုကျင့်ခဲ့တဲ့ ရဲဝန်ထမ်းတစ်ယောက် ကို
 ထောင်ဒဏ် ၁၆ နှစ် အပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။

သိမ်းကြီး ဈေးက ညကလပ် ဘီယာဆိုင်များ ၊ အနှိပ်ခန်းများအား ဖယ်ရှားပေးရန် ဈေးသူ ၊ ဈေးသားများလိုလား

သိမ်းကြီး ဈေးက ညကလပ် ဘီယာဆိုင်များ ၊ အနှိပ်ခန်းများအား ဖယ်ရှားပေးရန် ဈေးသူ ၊ ဈေးသားများလိုလား
Thursday, 08 November 2012

ရန်ကုန်မြို့တော်၏ စီးပွားရေး  အချက်အချာကျသော သိမ်းကြီး ဈေးစီရုံသည် အနယ်နယ်အရပ်ရပ်မှရဟန်းရှင်လူမိဘပြည်သူများ နှင့် ကမ္ဘာလှည့်ခရီးသွား
များဝယ်ယူအားပေးကြသောအဆင့်မြင့် ဈေးကြီးဖြစ်သည်။သို့သော်လည်း   
သိမ်ကြီးဈေးစီရုံ ပထမထပ်စင်္ကြန်  လမ်းတစ်လျှောက်တွင် ဘီယာဆိုင်  များဖွင့်လှစ်ရောင်းချသဖြင့် အများပြည်သူတို့ ခုံကျော်တံတားများမှ ဈေး
အတွင်းသို့ဝင်ထွက်သွားလာရာတွင် စိတ်အနှောက်အယှက်ဖြစ်နေကြကြောင်း
သိရသည်။

အဆိုပါဘီယာဆိုင်များရှိနေခြင်းကြောင့် သိမ်းကြီးဈေးစီးရုံနှင့်  ဒီရုံတို့
အပေါ်ထပ်များရှိ ညကလပ်များ၊ အနှိပ်ခန်း (ပြည်တန်ဆာ ခန်း) များမှ ညဥ့်ငှက်မလေးများသည် သရုပ်ပျက်ဝတ်ဆင်ပြီး လာရောက်စားသောက်
မြူဆွယ် ခြင်း၊ အမျိုးသားများ မကြာခဏဆိုသလို မူးယစ်သောက်စားရန်
 ဖြစ်ခြင်း၊ သာမန်အမျိုးသမီးကောင်းများကို ရိုင်းစိုင်းစွာစနောက်ခြင်းတို့  
 မြင်တွေ့နေသည်။လောလောဆယ်ဖြစ်ရပ်တစ်ခုမှာ(၈.၁၀.၁၂) နေ့ နံနက်(၁၁) နာရီခန့်၌ Lion World ဘီယာဆိုင်တွင် ဖြစ်ပွားခဲ့သော အုပ်စုဖွဲ့ရန်ပွဲသည် ဈေးအတွင်းထဲထိ ဆက်လက်ဖြစ်ပွားခဲ့သည့်အတွက်
 ဈေးသူ/သားများနှင့် အများပြည်သူတို့ အထူးစိုးရိမ် ထိတ်လန့်ခဲ့ရကြောင်း ယခင်က ဈေးစင်္ကြန်လမ်းတစ်လျှောက် ဆိုင်များမရှိခဲ့ကြောင်း ——ဌာန  ၏စီမံခန့်ခွဲရေးညံ့ဖျင်းမှုကြောင့် (သို့မဟုတ်) အဂတိလိုက်စားမှု ကြောင့်
 ပေါ်ပေါက်လာသည်”ဟု ဈေးမိဈေးဖများနှင့် မိဘပြည်သူတို့က ပြောဆို
လျက်ရှိနေကြကြောင်း သို့ဖြစ်၍ ရွှေတိဂုံဘုရားလမ်းမှသိမ်ကြီးဈေးရှိ ဈေးများ
နှင့် လုံးဝမသင့်လျော်ဥပဒေနှင့် မလွတ်ကင်းသော ညကလပ်၊ အနှိပ်ခန်း (ပြည်တန်ဆာခန်း)၊ ဘီယာဆိုင်များအား ဖယ်ရှားပေးရန် ဈေးသူဈေးသား
များကလိုလားလျက်ရှိကြကြောင်း သိရသည်။

The Hot News

ရန်ကုန်မြို့တော်၏ စီးပွားရေး အချက်အချာကျသော သိမ်းကြီး ဈေးစီရုံသည် အနယ်နယ် အရပ်ရပ်မှ ရဟန်းရှင် လူမိဘပြည်သူများ နှင့် ကမ္ဘာလှည့်ခရီးသွား များဝယ်ယူအားပေးကြသောအဆင့်မြင့် ဈေး ကြီးဖြစ် သည်။သို့သော်လည်းသိမ်ကြီးဈေးစီရုံ ပထမထပ်စင်္ကြန် လမ်းတစ်လျှောက်တွင် ဘီယာဆိုင် များဖွင့် လှစ်ရောင်းချသဖြင့် အများပြည်သူတို့ ခုံကျော်တံတားများမှ ဈေး အတွင်းသို့ဝင်ထွက်သွားလာရာတွင် စိတ် အနှောက်အယှက်ဖြစ်နေကြကြောင်း သိရသည်။

မြန်မာဘောလုံးအသင်း ကမ္ဘာ့အဆင့်သတ်မှတ်ချက် ၂၈ ဆင့် ခုန်တက် ၊ အာဆီယံတွင် အဆင့် ၄ ၌ ရောက်ရှိကာ ယခုနှစ်ပိုင်းအတွင်း အမြင့်ဆုံးရပ်တည်မှုဖြစ်

မြန်မာဘောလုံးအသင်း ကမ္ဘာ့အဆင့်သတ်မှတ်ချက် ၂၈ ဆင့် ခုန်တက်

အာဆီယံတွင် အဆင့် ၄ ၌ ရောက်ရှိကာ ယခုနှစ်ပိုင်းအတွင်း အမြင့်ဆုံးရပ်တည်မှုဖြစ်

ရန်ကုန်၊နိုဝင်ဘာ-၇

ဆူဇူကီးခြေစစ်ပွဲရလဒ်ကောင်းကြောင့် မြန်မာဘောလုံးအသင်းသည် ဖီဖာ၏ ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် ယခင်လထက် အဆင့် ၂၈ နေရာ ကျော်တက်ကာ ကမ္ဘာ့အဆင့် ၁၅၆ သို့ ရောက်ရှိလာခဲ့သည်။

နိုဝင်ဘာ ၇ ရက်က ထုတ်ပြန်ခဲ့သော ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် မြန်မာအသင်းသည် ရမှတ် ၁၄၉ မှတ်ဖြင့် ယခင်လ အဆင့်ရပ်တည်ချက် ၁၈၄ ထက် အဆင့်နှစ်ဆယ်ကျော် ခုန်တက်ကာ အဆင့် ၁၅၆ သို့ ရောက်ရှိလာသည်။ အရှေ့တောင်အာရှတွင် အဆင့်လေးနေရာ၌ ရပ်တည်လာခဲ့ကာ ယခုနှစ်ပိုင်းအတွင်း အမြင့်ဆုံးရပ်တည်မှုဖြစ်သည်။

ဒေသတွင်းနိုင်ငံများ၌ ဗီယက်နမ်အသင်းက ကမ္ဘာ့အဆင့် ၁၃၈၊ ဖိလစ်ပိုင်အသင်းက ၁၄၃၊ ထိုင်းအသင်းက ၁၄၆၊ မလေးရှားအသင်းက ၁၆၃၊ စင်ကာပူအသင်းက ၁၆၃၊ အင်ဒိုနီးရှားအသင်းက ၁၆၅၊ လာအိုအသင်းက ၁၇၉၊ ဘရူနိုင်းအသင်းက ၁၈၇၊ တီမောအသင်းက ၁၈၇၊ ကမ္ဘောဒီးယားအသင်းက အဆင့် ၁၉၁ တို့တွင် အသီးသီးရပ်တည်လျက်ရှိသည်။

ဆူဇူကီးဖလားခြေစစ်ပွဲဝင် အသင်းများထဲမှ ကမ္ဘောဒီးယားအသင်းတစ်သင်းသာ ယခင်လထက် နှစ်ဆင့်လျော့ကျသွားပြီး အရှေ့တောင်အာရှနိုင်ငံများတွင် နောက်ဆုံးအဆင့်သို့ ရောက်ရှိသွားသည်။ လာအို၊ ဘရူနိုင်း၊ တီမောအသင်းများသည်လည်း ယခင်လထက် အဆင့်တစ်ဆယ်ကျော် မြင့်တက်လာခဲ့သည်။ ထို့ကြောင့် မြန်မာအသင်း၏ အဆင့်နှစ်ဆယ်ကျော် မြင့်တက်မှုမှာ ယခုလအတွင်း ဒေသတွင်းနိုင်ငံများထဲ၌ အများဆုံးဖြစ်သည်။

လာမည့် ဆူဇူကီးဖလား နောက်ဆုံးအဆင့်ပြိုင်ပွဲတွင် မြန်မာအသင်းအနေဖြင့် ရလဒ်များကောင်းမွန်ပါက ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ ယခုထက် ပိုမိုမြင့်တက်လာနိုင်ဖွယ်ရှိသည်။ ကမ္ဘာ့နိုင်ငံများတွင်မူ စပိန်အသင်းက ကမ္ဘာ့အဆင့် ၁ နေရာတွင် ဆက်လက်ရပ်တည်နေပြီး ၎င်း၏နောက်တွင် ဂျာမနီ၊ အာဂျင်တီးနား၊ ပေါ်တူဂီ၊ အီတလီ၊ အင်္ဂလန်၊ နယ်သာလန်၊ ကိုလံဘီယာ၊ ရုရှား၊ ခရိုအေးရှားအသင်းများက အစဉ်လိုက် ရပ်တည်နေသည်။

နာမည်ကြီး ဘရာဇီးအသင်းမှာ ကမ္ဘာ့အဆင့် ၁၃ တွင် ရပ်တည်နေပြီး အာရှနိုင်ငံများတွင်မူ ဂျပန်အသင်းက ကမ္ဘာ့အဆင့် ၂၄ ဖြင့် ထိပ်ဆုံးမှ ဦးဆောင်ထားသည်။
ဆူဇူကီးခြေစစ်ပွဲရလဒ်ကောင်းကြောင့်မန်မာဘောလုံးအသင်းသည်ဖီဖာ၏ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင်ယခင်လထက်အဆင့်၂၈
နေရာ ကျော်တက်ကာ ကမ္ဘာ့အဆင့် ၁၅၆ သို့ ရောက်ရှိလာခဲ့သည်။

မလေးသွား ခိုးလှေနစ်၍ ဘင်္ဂလာဒေခ်ျ့တွင် လူပေါင်း ၆၀ သေဆုံး

မလေးသွား ခိုးလှေနစ်၍ ဘင်္ဂလာဒေခ်ျ့တွင် လူပေါင်း ၆၀ သေဆုံး


မလေးရှားကို သွားသည့် ခိုးလှေ တစ်စီး  နစ်သွားသဖြင့် လူပေါင်း ၆၀ နီးပါးခန့် သေဆုံးသွားကြောင်း ဘင်္ဂလာဒေခ်ျ့မှ ထိပ်တန်း သတင်းစာ တစ်စောင် ဖြစ်သော The Daily Star သတင်းစာက ရေးသား ဖေါ်ပြသည်။

စက်လှေသည် လူပေါင်း ၁၁၀ ခန့်ကို တင်ဆောင်ပြီး ဘင်္ဂလာဒေခ်ျ့ ကမ်းခြေမှ မလေးရှားကို ထွက်ခွာစဉ် ယမန်နေ့ (နိုဝင်္ဘာလ ၇ ရက်)  နံနက်က ကမ်းခြေမှ ၂၅ကီလိုမီတာ အကွာ ပင်လယ်ထဲတွင် နစ်မြုပ်သွားသည်ဟ ဆိုသည်။

လှေပေါ်တွင် လိုက်ပါသွားသူ ၅၁ ဦး ကို နီးစပ်ရာ ငါးဖမ်း ဘုတ်များနှင့် ဘင်္ဂလာဒေခ်ျ့ ကမ်းခြေစောင့်တပ်ဖွဲ့မှ ကယ်တင်ခဲ့ရပြီး ကျန် လူ ၆၀ မှာ ယခုအချိန်ထိ ပျောက်ဆုံးနေကြောင်း သတင်းစာက ရေးသားဖေါ်ပြသည်။

ဘင်္ဂလာဒေခ်ျ့ရေတပ်မှ လူ (၁၁) ဦးကို ကယ်တင်နိုင်ခဲ့ပြီး ယခုအခါ ဖမ်းဆီးထိန်းသိမ်းထားကြောင်း၊ ထိုအထဲတွင် မြန်မာနိုင်ငံမှ မွတ်ဆလင် (သူတို့ အခေါ် ရိုဟင်ဂျာ) ဆိုသူ နှစ်ဦးပါဝင်ပြီး ကျန် ၉ ဦးမှာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသားများ ဖြစ်ကြသည်ဟု ဘင်္ဂလာဒေခ်ျ့ တာဝန်ရှိသူများက ပြောသည်။

အဆိုပါ စက်လှေသည် လူပေါင်း ၆၀ ခန့်ကိုသာ တင်ဆောင်နိုင်သော အရွယ်အစား စက်လှေ ဖြစ်သော်လည်း လူပေါင်း ၁၁၀ ကိုတင်ဆောင်ရာမှ အလေးချိန်များပြီး နစ်မြုပ်သွားခြင်း ဖြစ်သည်ဟု ဆိုသည်။

ဘင်္ဂလာဒေခ်ျ့ ထုတ် New Age သတင်းစာက အသက်မသေဘဲ လွှတ်မြောက်လာသူ ကိုနာပါရာ ကျေးရွာမှ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ဂျာမီယာ ဟူဆိန်ကို ကိုးကားပြီး ဖေါ်ပြရာတွင် စက်လှေပေါ်ရှိ လူပေါင်း ၁၁၀ ပါရှိပြီး  ထိုအထဲတွင် ရိုဟင်ဂျာ ၂၀- ၃၀ ခန့်ပါဝင်ကာ အများစုမှာ ဘင်္ဂလာဒေခ်ျ့နိုင်ငံသားများ ဖြစ်ကြောင်း ဖေါ်ပြသည်။

သို့သော်လည်း ပြည်ပ မြန်မာ သတင်းဌာ တချို့ကမူ အဖြစ်မှန်ထက် ချဲ့ကားပြီး  လှေနစ်ရာတွင် ပါဝင်သူများမှာ များမကြာမှီက ရခိုင် အရေး အခင်းကြောင်း ထွက်ပြေးလာသူ ရိုဟင်ဂျာ ဆိုသူများ ဖြစ်ကြောင်း ဖေါ်ပြကြသည်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် လူဦးရေ ထူထပ်ပြီး အလုပ်အကိုင် ရှားပါးမူဖြင့် မလေးရှားသို့ ခိုးလှေများဖြင့် ပွဲစားများကို ငွေပေး၍ မလေးရှားသို့ နှစ်စဉ် တရားမ၀င် ထွက်ခွာနေကြရာ ယခုလို အဖြစ်ဆိုးများနှင့် မကြာခဏ ကြုံတွေ့နေရသည်ဟု ဆိုသည်။

အသက်မသေဘဲ လွှတ်မြောက်လာသူ ဘင်္ဂလားဒေခ်ျ့ နိုင်ငံသား ဂျာမီယာ ဟူဆိန်က သူအနေဖြင့် ပွဲစားအား တာကာငွေ ၂၂၀၀၀ ပေးပြီး မလေးရှားသို့ အလုပ် လုပ်ရန် သွားရောက်ခြင်း ဖြစ်ကြောင်း ပြောဆိုသည်ဟု ဆိုသည်။

အောက်တိုဘာလ ၂၇  ရက်နေ့ကလည်း ဘင်္ဂလာဒေခ်ျ့ အပိုင် အုန်းကျွန်း (စိန့်မာတင် ကျွန်း) အနီးတွင် မလေးသွား ခိုးလှေ တစ်စီး နစ်မြုပ်ရာ လူပေါင်း ၁၂၈ ဦးတွင် ၆ ဦးသာ အသက်ရှင် ကျန်ရစ်ခဲ့သည်ဟု သိရသည်။


ယမန်နေ့ ခိုးလှေ နစ်ရာမှ အသက်မသေဘဲ လွှတ်မြောက်လာသူများ။ (ဓါတ်ပုံ- စတား)

အေးချမ်းမွန်မှNarinjara  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Narinjara
မလေးရှားကိုသွားသည့်ခိုးလှေတစ်စီးနစ်သွားသဖြင့်လူပေါင်း၆၀နီးပါးခန့်သေဆုံးသွားကြောင်းဘင်္ဂလာဒေခ်ျ့မှထိပ်တန်းသတင်းစာ
တစ်စောင် ဖြစ်သော The Daily Star သတင်းစာ က ရေးသား ဖေါ်ပြ သည်။စက်လှေသည် လူပေါင်း ၁၁၀ ခန့်ကို တင်ဆောင်ပြီး ဘင်္ဂ
လာဒေခ်ျ့ကမ်းခြေမှမလေးရှားကိုထွက်ခွာစဉ်ယမန်နေ့(နိုဝင်္ဘာလ၇ရက်)နံနက်ကကမ်းခြေမှ၂၅ကီလိုမီတာ အကွာ ပင်လယ်ထဲတွင် နစ်မြုပ် သွား သည် ဟ ဆိုသည်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့တော်ဝန်က ထပ်မံတိုက်ခိုက်မည့် Nor'eastern မုန်တိုင်းအတွက် သတိပေးချက် ထုတ်ပြန်

http://ww4.hdnux.com/photos/16/04/31/3688039/8/centerpiecewide.jpg

မကြာခင်တိုက်ခတ်တော့မည့်Nor'easternမုန်တိုင်း၏ဘေးထွက်ဆိုးကျိုးများကိုကြို တင်ကာကွယ်သည့်အ
နေဖြင့်လက်ရှိအချိန်တွင် နူးယောက်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းများနှင့်ပန်းခြံများအားလုံးကို နူးယောက်
မြို့အုပ်ချုပ်ရေးအဖွဲ့ကပိတ်ထားလိုက်ပြီဖြစ်ပြီးညနေ ၅ နာရီနောက်ပိုင်းလမ်းမများပေါ်တွင်ကားမောင်းခြင်း
ရှာင်ရှားရန် နှင့်ကားမောင်းသူများအနေဖြင့်လည်းသတိကြီးစွာထားပြီး မောင်းနှင်ကြရန်တိုက်တွန်းထားပါ
တယ်။

မူဆလင် ၉၀ ကျော်ပါ လှေတစီး ကော့သောင်းမှ ပင်လယ်ပြင်သို့ ပြန်လွှတ်

မလေးရှားသို့ ဦးတည်သည့် ဘင်္ဂလားဒေ့ရှ်နွယ်ဖွား လှေစီးခရီးသည် ၉၀ ကျော်ကို တင်ဆောင်လာသည့် စက်လှေတစီး အင်္ဂါနေ့တွင် ကော့သောင်းမြို့နယ်အတွင်းသို့ ဆိုက်ကပ်လာရာမှ မြန်မာရေတပ် က ဖမ်းဆီး ခဲ့ပြီး ကမ္ဘာ့ရေပိုင်နက်သို့ ပြန်ပို့ကာ လွှတ်ပေးခဲ့ကြောင်း ကော့သောင်းရှိ လူဝင်မှု ကြီးကြပ်ရေး ဌာနမှ အရာ ရှိ တဦးက ပြောသည်။

၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေ ပယ်ဖျက်ရေး အဆို ကန့်ကွက်သူများ


ယမန်နေ့က အမျိုးသား လွှတ်တော် ကျင်းပနေစဉ် (ဓာတ်ပုံ – NLM)

မြန်မာ နိုင်ငံသားဖြစ်မှု ဥပဒေ (၁၉၈၂ ခုနှစ်) ကို ပယ်ဖျက်ပေးရန် အဆိုအား အမျိုးသားလွှတ်တော်၌ တင်
သွင်းရာ ကန့်ကွက် သူ များပြားသည့်အတွက် မှတ်တမ်းအဖြစ်သာ ထားကြောင်း သိရသည်။

သီးလေးသီး အဖွဲ့ဝင် လွတ်လပ်စွာ ဖျော်ဖြေခွင့် မရသေး




“တိုင်းပြည်မှာ အနုပညာကို လွတ်လွတ် လပ်လပ် ဖန်တီးခွင့် ရှိနေပြီလို့ ပြောတဲ့အပေါ်မှာမလွတ်လပ် သေး
ဘူးလို့ ပြန်ပြောချင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အခက်အခဲတွေက များတာကိုး။ ပါမစ် စယူကတည်းက ခက်ခဲတယ်။ သီးလေးသီး ဆိုတဲ့ အသံကြားတာနဲ့ နောက်က ပါဝင်ပြီး လုပ်ပေးချင်ကြတဲ့ စီးပွားရေး လုပ်ငန်း
ရှင်တွေက အစ လန့်နေကြရတယ်လေ။